Sunday, September 6, 2009

ကြပ်ပြေးနန်းတွင်း အရှုပ်တော်ပုံ [အမှတ် ၁ မှ ၂၆ အထိ]



ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (Network for Democracy & Development - NDD) ရဲ့ သုတေသနနှင့် မှတ်တမ်းတင် ဌာနက "ကြပ်ပြေးနန်းတွင်း အရှုပ်တော်ပုံ" ခေါင်းစဉ်နဲ့ နဝတ/ နအဖ စစ်အာဏာရှင်တွေ အကြား ဖြစ်ပွားခဲ့တဲ့ အာဏာလွန်ဆွဲပွဲ အရှုပ်အရှင်းတွေနဲ့ စစ်အာဏာရှင် အချင်းချင်း 'ဖြုတ်-ထုတ်-ရှင်း' လုပ်ခဲ့ကြပုံ အတွင်းရေးတွေကို အပတ်စဉ် ရေးသား ဖြန့်ဝေခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်၊ ဇွန်လမှာ NDD ကပဲ အဲဒီ "ကြပ်ပြေးနန်းတွင်း အရှုပ်တော်ပုံ" [အမှတ် ၁ မှနေ ၂၆ အထိ] တွေကို စုစည်းပြီး စာအုပ်အဖြစ် စီစဉ် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။

ဖိုင်ရယူရန်(704.3 kB )

Kyat Pyay Stories

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့

နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်

စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

၂၀၁၀ မတိုင်မီ Opportunity တခုဖြစ်သော တတိယအကြိမ်ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်


မြတ်စွာဘုရားရှင်လက်ထက်တွင် လိစ္ဆ၀ီမင်းသားက သံဃာတော်တွေကိုစော်ကားခဲ့တဲ့
အတွက်ကြောင့် မြတ်စွာဘုရားမှ အချက် (၈) ချက်ထုတ်ပေးထားခဲ့ပါသည်။
ထိုအချက်မှာ

(၁) ရဟန်းသံဃာတော်တို့အား ပစ္စည်းလေးပါးမရစိမ့်သောငှာ လုံ့လပြုခြင်း ။
(၂) ရဟန်းတော်များအား ဘေးအန္တရာယ်ဖြစ်စေရန် မတိုးပွါးစေရန်
လုံ့လပြုခြင်း။
(၃) ရဟန်းတော်တို့အား ဤနေရာ ထိုနေရာတို့၌ မရစိမ့်သောငှာ
လုံ့လပြုခြင်း ။
(၄) ရဟန်းတော်တို့ကို ဆဲရေးခြင်းဆယ်ပါးတို့ဖြင့် ဆဲရေးရေရွတ်ခြင်း။
(၅) ရဟန်းတပါးနှင့်တပါး စိတ်ဝမ်းကွဲပြားအောင်လုံ့ပြုခြင်း။
(၆) ဘုရားရှင်၏ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုပြောဆိုခြင်း။
(၇) တရားတော်၏ ဘုရားရှင်၏ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုပြောဆိုခြင်း
(၈)သံဃာတော်၏ ဘုရားရှင်၏ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုပြောဆိုခြင်း

စသည့် အချက်ရှစ်ချက်ဖြင့် ညီလာခဲ့လျှင် ပတ္တနိက္ကုဇ္ဇနကံ
ကမ္မ၀ါကိုရွတ်ဆိုပြီးတော့ ကျူးလွန်တဲ့သူတွေကို သပိတ်မှောက် ကံဆောင်ရမည်ဟု
မြတ်စွာဘုရားမှ ဟောကြားထားပါသည်။ ထိုကံဆောင် သပိတ်မှောက်ခဲ့ခြင်းကို
ဘုရားရှင်လက်ထက်တော်ကထဲက ရှိခဲ့သလို အခုခေတ် မ၀တ၊ န၀တ၊ နအဖ လက်ထက်မှာ
ဆိုရင် ၁၉၉၀ခုနှစ် မှာ တကြိမ် ၂၀၀၇ ခုနှစ်မှာတကြိမ် ဖြစ်ပေါ်ခဲ့ပြီး၊
နောက်ဆုံး တတိယအကြိမ် အဆုံးသတ်တိုက်ပွဲကို မကြာမီဆင်နွဲ တော့မည်ဖြစ်သည်။

တတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဆိုသည်ကို ၂၀၀၉ခုနှစ်
သြဂုတ်လ၊ ၁၄ရက်၊ သောကြာနေ့ တွင် သံဃာတော်အဖွဲ့အစည်းများမှ
ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ထိုကြေငြာချက်အကျဉ်းမှာ မတရားဖမ်းဆီးထားသော သံဃာတော်များအား
ချက်ချင်းလွတ်ပေးရန်နှင့် သံဃာတော်များအပေါ်
နှိပ်စက်သတ်ဖြတ်စော်ကားမှုများကို အမြန်ဆုံးပြန် လည်တောင်းပန်ရန်
ဖြစ်သည်။ လိုက်နာပါက လာမည့် သီတင်းကျွတ်လဆန်း ၁၄ရက် (၂.၁၀.၂၀၀၉)
သောကြာနေ့ နေ့လည် ၁၂ နာရီကို နောက်ဆုံးထား၍ အမြန်ဆုံးပြန်လွတ်ရန်နှင့်
သာသနာကို စော်ကားမှူအပေါ် န အ ဖ စစ်အစိုးရအနေနဲ့ အမြန်ဆုံး
ဝန်ချတောင်းပန်ရန် ဖြစ်သည်။

ထိုတောင်းဆိုထားသော အချက်နှစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက
လာမည့် သီတင်းကျွတ်လပြည့် (၁၅) ရက် (၃.၁၀.၂၀၀၉) စနေနေ့
သံဃာပ၀ါရဏာပွဲနေ့တွင် မြန်မာတစ်နိုင်ငံလုံး သံဃာတော်များနှင့်တကွ
ပြည်ပနိုင်ငံ အသီးသီးရှိ သံဃာတော်များအားလုံး
ပူးပေါင်း၍သာသနာ့သိမ်တော်အသီးသီးတွင် တပြိုင်နက်တည်း ပတ္တနိက္ကုဇ္ဇနကံဆောင်
သပိတ်မှောက် ကမ္မ၀ါရွတ်ဆိုကာ န အ ဖ စစ်အစိုးရနှင့်တကွ အလိုတော်ရိ ကြံ့ဖွတ်
စွမ်းအားရှင် ၀န်ထမ်းများ အားလုံးကို သပိတ်မှောက်ပါမည် ဟူ၍ ဖြစ်သည်။

ထိုသတင်းထွက်ပေါ်လာသည်နှင့်အမျှ စစ်အစိုးရမှ သံဃာတော်များ စုဝေးနိုင်သည့်
နေရာများနှင့် ကမ္ဘာအေးစေတီလမ်းပေါ်တွင် လုံခြုံရေးများစွာ
ပိုမိုချထားခဲ့ကြောင်းသိရပါသည်။ ကျောင်းတိုက်များ၊ စာသင်တိုက်များတွင်
စစ်တပ်မှ လူများကို သတင်းရရှိရေးအတွက် ဘုန်းကြီးဝတ်ခိုင်းပြီး
ထည့်သွင်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်အဖွဲ့မှ
လှုပ်ရှားဆောင်ရွက်နေသော သံဃာတော်များ၏ မိန့်ကြားချက်အရသိရပါသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သံဃာတော်အပါးရေမှာ (၄) သိန်းကျော်ရှိပြီး၊
ထိုသံဃာတော်များကို စိတ်ဝမ်းကွဲအောင် စစ်အစိုးရမှ
နည်းမျိုးစုံဖြင့်ပြုလုပ်နေကြောင်း သိရသည်။ မကြာသေးမီက နေပြည်တော်တွင်
မဟာန ဆရာတော်ကြီး ၄၇ ပါးအား ပင့်ကာ နိုင်ငံတော်အကြီးအကဲမှ သံဃာတော်များ
အစိုးရဆန့်ကျင်မှုလုပ်ငန်းများ ပါဝင်ဆောင်ရွက်ပါက နှိမ်နင်းရန်
တစ်မြို့နယ်လျှင် ၁၀ ပါးဖြင့် ဖွဲ့စည်းထားသော သာသနာသန့်ရှင်းရေး အမည်ခံ
သံဃစွမ်းအားရှင်အဖွဲ့များ ဖွဲ့စည်းကာ နှိမ်နင်းမှုတွေပြုလုပ်သွားရန်
လျှောက်ထား/ညွှန်ကြား ထားကြောင်းသိရသည်။

ထို သံဃာစွမ်းအားရှင်အဖွဲ့များ ကို ရန်ကုန်ရှိမြို့နယ် အတော်များများတွင်
ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ အခြားပြည်နယ်နှင့်တိုင်းများပါ
ဖွဲ့စည်းဆောင်ရွက်နေကြောင်း မိန့်ကြားသွားသည်။ ၄င်းမှာ သံဃာတော်များကို
အချင်းချင်းရန်တိုက် ပေးခြင်းသက်သက်သာဖြစ်ပေသည်။

ယခုအပတ်အတွင်းမှာပဲ ဘုန်းကြီးကျောင်းများအတွင်း ဝင်ရောက်ရှာဖွေမှုတွေ၊
သံဃာတော်များအားစောင့်ကြည့်မှုတွေနှင့် ဖမ်းဆီးမှုများ
ပြုလုပ်နေကြောင်းသိရပါသည်။၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ
ဦးဆောင်သည့် မေတ္တာပို့ဆုတောင်း လမ်းလျှောက်ဆန္ဒပြပွဲများဖြစ်ပွါးရာ
ပြည်နယ်နှင့် တိုင်း၊ မြို့နယ်အသီးတွင် လုံခြုံရေးအထူးတိုးမြှင့်ကာ
စောင့်ကြည့်နေသည်။ အဆိုပါရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ဖူးသည့်
သံဃာတော်များကို ရှာဖွေဖမ်းဆီးနေကြောင်းသိရသည်။

ယခုသပိတ်မှောက်ကံဆောင်ရာတွင် မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို မလိုက်နာတဲ့
သံဃာတော်တွေ၊ နအဖနဲ့ပေါင်းတဲ့ သံဃာတော်တွေကိုချမှတ်ထားတဲ့ လမ်းစဉ်ကို
မလိုက်နာဘဲနဲ့ စစ်မိစ္ဆာများနဲ့ သွားပေါင်းတဲ့အတွက်ကြောင့်
ထိုသံဃာတော်များကို သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယကံဆောင်မည်ဟု သိရသည်။

တဖက်မှာလည်း ဘာသာခြားများနှင့် သံဃာတော်များကြားတွင်
ဘာသာရေးအထိကရုံးပွဲများ ဖြစ်ပေါ်လာနိုင်ရေးအတွက် စစ်အစိုးရလက်ပါးစေများမှ
သွေးခွဲဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း သိရပါသည်။ မည်သို့ပင်
အခက်ခဲများရှိစေကာမူ သံဃာတော်အဖွဲ့အစည်းများကို ပေါင်းစည်းကာ
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲ့ကြီး အဖြစ်
တစုတစည်းတည်းဖွဲ့စည်းပြီး တတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကံဆောင်
သပိတ်မှောက်မည်ဖြစ်သည်။

အခုချိန်မှာ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာရန်
(Opportunity) အခွင့်အလမ်းသည် မိဘပြည်သူများနှင့် သံဃာတော်များရှေ့သို့
ရောက်ရှိလာပြီဖြစ်ပါသည်။ အမျိုး၊ဘာသာ၊ သာသနာကို ကာကွယ်ဖို့
မြန်မာလူမျိုးတိုင်းတွင် တာဝန်ရှိပါသည်။ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန
ကံဆောင်သပိတ်တွင် မိဘပြည်သူများဘက်မှ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကဲ့သို့
သံဃာတော်များနှင့်အတူ ပူးပေါင်းပါဝင် အားပေးကူညီမှုများ ပြုလုပ်သွားပါက
အောင်မြင်မှုရမှာသေချာနိုင်သည်။ ၂၀၀၇ ခုနှစ်တွင် အတွေ့အကြုံရှိခဲ့ကြသော
သံဃာတော်များနှင့် စစ်အုပ်စုသည် ယခုတိုက်ပွဲတွင် နှစ်ဖက်စလုံးမှ
ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြပြီဖြစ်သည်။ ကမ္ဘာပေါ်တွင်
အထင်ရှားဆုံဗုဒ္ဓဘာသာနိုင်ငံရှိ မြန်မာပြည်သူများ၏ အကြပ်အတည်းကို
ဘာသာရေးရှုဒေါင့်မှ ဝိနည်းတော်နှင့်အညီ ကူညီဖြေရှင်းပေးရန်နှင့်
ဘာသာရေးအရဖိနှိပ်ခံရမှုများအား ဦးဆောင်နိုင်ရန် သံဃာတော်များ၏ တတိယအကြိမ်
ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် ပြည်သူများဘက်မှ သံဃာတော်များနှင့်အတူ
ပူပေါင်းဆောင်ရွက်မှုများ၊ အားပေးကူညီမှုများ အမှန်တကယ်ပင် လိုအပ်နေပါသည်။

နိုင်ငံရေးအဖွဲ့အစည်းများမှလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုပါသည်။
နိုင်ငံရေးဟုဆိုရာဝယ် နိုင်ငံရေးဆိုသည်မှာ
နိုင်ငံနှင့်ဆိုင်သောရေးကိစ္စဟူသမျှကို ဆိုလိုသဖြင့်ကျယ်ပြန့်လှပါသည်။
မတရားသည့်စစ်အုပ်စုကို ဆန့်ကျင်ခြင်းသည်လည်းနိုင်ငံရေးပင်ဖြစ်ပြီး
နိုင်ငံတခုကိုအုပ်ချုပ်ခြင်းသည်လည်း နိုင်ငံရေးပင်ဖြစ်ပါသည်။
စစ်အုပ်စုကို ဆန့်ကျင်ခြင်းဖြစ်သည့် အတွက်ကြောင့်
နိုင်ငံရေးသမားများမှလည်း ပါဝင်ကူညီဆောင်ရွက်ခြင်းများ ပြုလုပ်လာမည်ဟု
မျှော်လင့်မိပါသည်။ ယခုဆိုလျှင် အကောင်းဆုံးမြေသြဇာအဖွဲ့သည်
သံဃာတော်များနှင့် ပူးပေါင်းပါဝင်လှုပ်ရှားနေပြီဖြစ်ကြောင်းသိရသည်။
မိဘပြည်သူများအနေနှင့် ပူးပေါင်းဆောင်ရွက်မှုများကို
မိမိတို့တက်နိုင်သည့်ဘက်မှ ပြုလုပ်ဆောင်ရွက်ပေးကြပါရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဖြိုးဝေ-mmp
ကိုးကား
သံဃာတော်အဖွဲ့အစည်းများမှ ကြေငြာချက်များ
အရှင်ထာဝရ မိန့်ကြားချက်များ
မြန်မာအွန်လိုင်းစွယ်စုံကြမ်း

6September ဒိုင်ယာရီ


ဖိုင်ရယူရန်




ဖုန်ကြားရှင် ထိမ်းချုပ်ခဲ့သည့် နေရာများတွင် ယာဘ ဆေးပြားများနှင့် ဆေးပြားထုတ်စက်များ သိမ်းဆည်းရမိ ဟု မြန်မာ စစ်အစိုးရစွပ်စွဲ


၅ သြဂုတ် ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး

Myanmar seizes some stimulants in Kokang region
ဖေဖေါ်ဝါရီလ က ဗမာပြည်ကွန်မြူနစ်ပါတီ မှခွဲထွက်ခြင်း နှစ်နှစ်ဆယ်ပြည့်မြောက်တွင် ကိုးကန့်  တိုင်းရင်းသား ကလေးငယ်များနှင့် တွေ့ ရသည့် ဖုန်ကြားရှင်

ဖေဖေါ်ဝါရီလ က ဗမာပြည်ကွန်မြူနစ်ပါတီ မှခွဲထွက်ခြင်း နှစ်နှစ်ဆယ်ပြည့်မြောက်တွင် ကိုးကန့်  တိုင်းရင်းသား ကလေးငယ်များနှင့် အတူလောက်ကိုင်တွင်တွေ့ ရသည့် ဖုန်ကြားရှင်(www.kokang.net)

စစ်အစိုးရ နယ်ခြားစပ် တပ်ဖွဲ့ စည်းရန် လက်မခံခဲ့သော ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင် နှင့်နောက်လိုင်များနှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ယခင် ဖုန်ကြားရှင် တို့ ခြေကုပ်ယူထားသည့်
ကိုးကန့် နယ်မြေတွင် စိတ်ကြွမူးယစ် ဆေးပြား တစ်သိန်းငါးသောင်းကျော်နှင့် ဆက်စပ်ပစ္စည်းများ
သိမ်းဆည်းရမိသည်ဟု သောကြာနေထုတ်မြန်မာ့အလင်းသတင်းစာ တွင် ဖေါ်ပြထားသည်။
ဝနယ်မြေထဲ ခိုလှုံသွားသည့် ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်၏ သားဖြစ်သူ ဖုန်တာလီ ၏ နေအိမ်ဝင်းအတွင်းမှ W-Y အမှတ်တံဆိပ် ရိုက်နှိပ်ထားသည့် မီသာဖီတမင်း စိတ်ကြွဆေးပြားတစ်သိန်းငါးသောင်း ခုနှစ်ထောင့်လေးရာ ၊ထိုဆေးပြားများထုတ်လုပ်ရာတွင် အသုံးပြုသော ၂၀ ကီလိုဂရမ်ရှိအပ်ပါဒရိုင်း၊၄၅ ကီလိုဂရမ်ရှိ ဆိုဒီယမ် ဟိုက်ဒရောဆိုက် စသည့် ဓာတုဗေဒ ပစ္စည်းများနှင့် ဆေးပြားများထုတ်လုပ်သည့် စက်တစ်လုံးကို သိမ်းဆည်းရမိသည် ဟု ဖေါ်ပြထားသည်။

စိတ်ကြွမူးယစ်ဆေးဝါးများ ရှာဖွေ သိမ်းဆည်းရမိသည့် နေရာမှာပင် လက်နက် ကြီးနှင့် လက်နက်ငယ်အချို့ ကို သိမ်းဆည်းရမိသည် ဟု ဆိုသည်။ယခင်ကိုးကန့် တပ်ဖွဲ့ (MNDAA) ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင် တို့ စွန့် ခွာသွားသည့် နေရာကို ယာယီဖွဲ့ စည်းထားသည့် ပိုင်စိုးချိန် ဦးဆောင်သည့် ကိုးကန့် ဒေသ ဦးဆောင် ကော်မတီ ၊မြန်မာ နိုင်ငံရဲ တပ်ဖွဲ့  မူးယစ်ဗဟို အဖွဲ့ တို့ က ပူးပေါင်းရှာဖွေ ခဲ့ခြင်းဖြစ်သည် ။

သြဂုတ် လ ၂၇ ရက်နေ့ မှစ၍ စစ်အစိုးရ ၏ ကိုးကန့် နယ်မြေအတွင်းကျူးကျော်ဝင်ရောက်မှု တွင်
ဒေသခံ ကိုးကန့် နှင့် ရှမ်းတိုင်းရင်းသားအိမ်များကို မီးရှို့ခြင်း အပါအ၀င် အ၀တ်အထည် စားစရာနှင့် ပစ္စည်းအသုံးအဆောင် များကို ပါယူငင်မှုရှိသည်။

လွန်ခဲ့သည့် တစ်ပတ်က မြန်မာ နိုင်ငံ အရှေ့မြောက်ဘက်ခြမ်း တွင် ဖြစ်ပွားသော ငါးရက်ကြာစစ်ပွဲအတွင်း ဒေသခံ ကိုးကန့်  လူမျိုး လေးသောင်းကျော်သည် နယ်စပ်ခြင်းထိကပ်နေသည့် တရုတ်နိုင်ငံယူနန် ပြည်နယ်ထဲ့သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။

မြန်မာ စစ်အစိုးရ က ထိုစစ်ပွဲအတွက် ဖုန်ကြားရှင် အပါအ၀င် လူလေးဦးကို အပြစ်ဖို့ ထားပြီးဖုန်ကြားရှင် နှင့် လိုက်ပါသွားသူများ ယာယီ ကိုးကန့်  အုပ်ချုပ်ရေးအဖွဲ့ သို့ ဆက်သွယ်ပါရန် အကြောင်းကြားထားသည်။

ကိုးကန့် ဒေသသည် အရှေ့တောင် အာရှ တွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ အများဆုံးထွက်ရှိသည် ဟု နာမည် ကျော်ကြားသည့် ရွှေတြိဂံဒေသတွင်ရှိသည်။

အကြောင်းရှာ၍ ဖြစ်ပွားသော ကိုးကန့် တိုက်ပွဲများအပြီး မြန်မာ စစ်အစိုးရ မှ ၀ ထိန်းချုပ်
ထားသည့် နယ်မြေများသို့ စစ်အင် အားအလုံးအရင်း တိုး မြှင့်ချထားသည် ဟု သတင်းရရှိသည်။
မြန်မာ စစ်အစိုးရ၏ ကိုးကန့် နယ်မြေတွင်း အင်အားသုံးဝင်ရောက်မှု တွင် အရပ်သား သုံးဆယ်
ကျော်သေဆုံးသည် ဟု တရုတ်-မြန်မာ နယ်စပ် သတင်းရပ်ကွက် တွင်ပြောဆိုနေကြသည်။


ဝ နှင့် ကိုးကန့်ကြောင့် ဘ၀ပျက်ခဲ့ရသည့် မြန်မာ နှင့် ရှမ်းလူမျိုး အချို့စစ်အစိုးရ ထိုးစစ်ကို နှစ်ထောင်းအားရရှိကြ (သတင်းဆောင်းပါး)
September 6, 2009 · Leave a Comment

၆ စက်တင်ဘာ မန္တလေး၊ ၊ညွန့် သက်ထားဦး

Myanmar Have Not Sympathizes Wa and Kokant
ဝ ခေါင်းဆောင်ပေါက်ယိုချန်း၏ သားမက် အိုက်ဟောင် ပိုင်ဆိုင်သော ရန်ကုန်မြို့ ရှိ ဘီအမ်အီး ညကလပ်

ဝ ခေါင်းဆောင်ပေါက်ယိုချန်း၏ သားမက် အိုက်ဟောင် ပိုင်ဆိုင်သော ရန်ကုန်မြို့ ရှိ ဘီအမ်အီး ညကလပ်

“ကျွန်မ သမီး တက္ကသိုလ် ကျောင်းသူလေးလေ ၉၈ ခုနှစ်မှာ ၀ တွေစီးလာတဲ့ကားဝင်
တိုက်မိ လို့ သေသွားတာ မောင်းလာတာက ၀ တပ်ဖွဲ့ က ဗိုလ်မှုး နောက်ကျတော့ ကားတောင် မမောင်းတတ်တဲ့ မြန်မာ တစ်ယောက် နဲ့ အစားထိုးတယ် မျက်မြင်သက်
တွေက ကားမောင်းတာ ဒီလူမဟုတ်ပါဘူးပြောတော့ ၀ တွေက အဲဒီသက်သေတွေကို
ခြိမ်းခြောက်တယ် ။ခင်ညွန့် ရဲ့ စစ်ထောက်လှမ်းရေးက လက်ပိုက်ကြည့်နေတယ်။ဟောအခု ၀ဍ် ပြန်လည်တော့မယ့် ကောင်းတယ်“ ဟု အထူးဒေသ ၂ ဟုခေါ်သည့် ရန်ကုန်ရောက် ၀တပ်ဖွဲ့ ကြောင့် သမီးဖြစ်သူ ဆုံးပါးသွားခဲ့ရသူ အမေအို တစ်ဦးက Freedom News Group သို့ တစ်ချိန်က ကြုံခဲ့ရသည့် သူမ၏ သမီးဖြစ်သူ ဆုံးပါးသွားခဲ့ရပုံကို ဒေါသအပြည့်ဖြင့်ပြောသည်။

သြဂုတ် လ ၂၇ ရက်မှ စတင်၍ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဟုခေါ်သော ကိုးကန့်တပ်အား စစ်အစိုးရ တပ်များက ထိုးစစ်ဆင်မှု နှင့်ပတ်
သက်၍ ပြည်သူများက ဝေဖန်ပြောဆို မှု အလွန်နည်းပါးကြောင်း မန္တလေး အခြေစိုက်
စာနယ်ဇင်း ဆရာမ တစ်ဦးက ပြောသည်။

တစ်ချိန်က ငြိမ်းချမ်းရေး အဖွဲ့ ဆိုသည့် ကိုးကန့်  အချို့ ၏ ရန်ညှိုးထားခြင်းကို ခံခဲ့ရသည့် ရန်ကုန်မှ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက မြေနီကုန်း မှာ ကျွန်တော် ဖွင့်နေတာကြာပြီလေ သူတို့ က ဘေးနားမှာ စားသောက်ဆိုင်အကြီးကြီး လာဖွင့် တယ် ကျွန်တော့် ဆိုင်ကို ဒုက္ခပေးတယ် ဆိုင်ရှေ့မှာ သူတို့ ကားတွေ ပိတ်ရပ်တယ် ။ဆိုင်ကိုလာ
တဲ့ ဖောက်သည်တွေ ကိုတောင် ခြိမ်းခြောက်တယ်ဗျာ။နောက်ဆုံး ကျွန်တော်လည်းဆိုင်
ပိတ် လိုက်ရတယ်။သူ တို့ ကို မြန်မာ တိုင်းရင်းသားတွေ လို့ ကျွန်တော် မထင်ဘူး
တရုတ် ၀ိသမ စီးပွားရေးသမားတွေ အခွင့်အရေးရ တုန်း ဗိုလ်ကျတဲ့ကောင်တွေ “ဟု
သူ ကြုံတွေ့ ခံစားခဲ့ရ သမျှ ကိုပြောပြသည်။

စစ်အစိုးရတပ်များ ၏ ကိုးကန့် ထိုးစစ်သည် မန္တလေးမြို့ ပေါ်တွင်လည်းဂယက် ရိုက်
ခတ်မှုရှိခဲ့ပြီး မန္တလေးတွင် နေထိုင်ကြသည့် ၀ နှင့် ကိုးကန့် များမှာ စီးပွားရေးလုပ်ငန်း
နှင့် နေအိမ် များကို ပြန်လည်ရောင်းချနေသောကြောင့် အိမ်ခြံမြေဈေးများ ကျဆင်းနေ
သည် ဟု သိရသည်။

ကိုးကန့် ဒေသတွင်း သို့ စစ်အစိုးရ တပ်ဖွဲ့ များ အလုံးအရင်းဝင်ရောက်မှုနှင့် ပတ်သက်
၍ ရန်ကုန် နှင့် မန္တလေး တွင် လူပြောများသော သတင်းဖြစ်သော် လည်း မြန်မာ လူမျိုးအများစု က မူ ၎င်းတို့ ကို တိုင်းရင်းသားများအဖြစ် မှတ်ယူထားကြပုံမပေါ်ဟု သိရသည်။

မန္တလေး လမ်း၈၀ တရုတ်တန်း တွင် ကွမ်းယာရောင်းနေသည့် ကိုမောင်မောင်အေး က စစ်အစိုးရ ၏ ကိုးကန့် နှင့် ၀ ထိုးစစ် နှင့် ပတ်သက်၍ ”ကျွန်တော် တို့ နန်းရှေ့ဘက်က အိမ်
ကို သူတို့ ဖွင့်မယ့် ဟိုတယ်နဲ့လွတ်လိုဆိုပြီးစည်ပင်ကိုပိုက်ဆံပေးဖျက်ခိုင်းတယ်။စည်ပင်က နောက်ကျလို့ ဆိုပြီး ၀ တွေက သူတို့ ဘူဒိုဇာတွေ နဲ့ ထိုးဖျက်လိုက်တယ် ။အသက် ၈၀ ကျော် အမေနဲ့ ကျွန်တော် တို့ အထုပ်တွေ နဲ့ လမ်းဘေးမှာ နှစ်ရက်လောက်နေလိုက်ရတယ် ဟု ၀ ဆိုသည့် လက်နက်ကိုင်အဖွဲ့ ကြောင့် သူတို့ ဘ၀ ပျက်ခဲ့ရပုံကို ပြန်ပြောင်းပြောပြသည်။

ယခင် ထောက်လှမ်းရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် ၏ မျက်နှာသာပေးမှု
ကြောင့် မန္တလေးမြို့ ပေါ်တွင် ပစ္စတို ခါးကြားတွင် ချိတ်၍ သွားလာခွင့် ရှိသော ၀ နှင့် ကိုးကန့် အဖွဲ့ များက သူတို့ ၏ မတရားမှုကို စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည့် စခန်းမှုးတစ်
ဦးကို လည်း တာဝန်ချိန် တွင် ပစ်သတ်ခဲ့ဖူးသည်။

ဝ နှင့် ကိုးကန့် ငြိမ်းချမ်းရေးလက်နက်ကိုင် အဖွဲ့ များသည် လားရှိုး၊တောင်ကြီး၊မန္တလေးနှင့်
ရန်ကုန် မြို့ များတွင် စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံထားသည် ။ ကိုးကန့် 
လူမျိုးအများစု မှာ ရန်ကုန်မြို့ တွင် စားသောက်ဆိုင် နှင့် ဟိုတယ်လုပ်ငန်းများ တွင် ရင်းနှီးမြုပ်နှံကြသည်။

ရန်ကုန် ရှိ ကိုးကန့် လူမျိုးတစ်ဦး ဖွင့်လှစ်ထားသော စားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့ဖူးသည့်
အမျိုးသမီး တစ်ဦးက“ နှမ ချင်းစာနာစိတ်မရှိ ဘူး မထင်ရင် မထင်သလို အလုပ်ထုတ်ဖြစ်တယ်”
ဟုပြောသည်။

လားရှိုးအခြေစိုက် ၀ငြိမ်းချမ်းရေးတပ်ဖွဲ့ ၏ လက်ချက်ကြောင့် ခင်ပွန်းဖြစ်သူ ဆုံးပါးသွားခဲ့ရသည့်
ကျောင်းဆရာမ တစ်ဦးက “သူတို့ ရဲ့ စစ်ဆေးရေးဂိတ်မှာ လေ ပါလာတဲ့ အိတ်ကို စစ်တော့ ပမာ
အမျိုးသားက ပမာမခန့် ပြောလို့ ဆိုပြီး တခြားခရီးသည်တွေ ရှေ့မှာပဲ ကားပေါ်က ခေါ်ချပြီးပစ်
သတ်လိုက်တာ ၉၄ လောက်က ”ဟု သူမ ၏ ကြမ္မာငင်ခဲ့ရသည့် ဘ၀ ကို နောက်ကြောင်းပြန်ပြော
ပြသည်။

ဆက်၍ သူမက “ဒါတွေ ဘယ်မေ့လို့ ရမလဲ ”ကြေကွဲ သောမျက်လုံးများဖြင့် ဆို့ နစ်စွာပြောသည်။



တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း KNU ပြောဆို Print E-mail
ကျော်ခ
စနေနေ့၊ စက်တင်ဘာလ 05 ရက် 2009 ခုနှစ် 19 နာရီ 23 မိနစ်

မဇ္ဈိမ (ချင်းမိုင်)။ ။ DKBA တပ်နှင့် နအဖ စစ်အစိုးရတပ်များနေရာချဲ့ထွင်လာပြီး KNU တပ်မဟာ ၆ နယ်မြေ၌ အခိုင်အမာနေရာချရန် စီစဉ်နေခြင်းကြောင့် တိုက်ပွဲများဖြစ်လာနိုင်ကြောင်း KNU အဆိုအရ သိရသည်။

ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းရှိ မဲ့ကသာရွာတွင် ယခုလ ၂ ရက်နေ့က ဗိုလ်အေဝမ်းနှင့် ဗိုလ်စိုးမိုး ခေါင်းဆောင်သည့် အင်အား ၄ဝ ကျော်ရှိ DKBAတပ်များ ဝင်ရောက်နေရာယူခဲ့ကြပြီး ၎င်းတို့ကို ထောက်ကူရန် ဗိုလ်မှူးမြတ်ထွန်းအေး ဦးဆောင်သည့် အင်အား ၅ဝ ခန့်ရှိ ခလရ ၂၈၃ လည်း လိုက်ပါလာကြောင်း သိရခြင်း ဖြစ်သည်။ ဗိုလ်အေဝမ်း ခေါင်းဆောင်သည့် DKBA တပ်ဖွဲ့ဝင်များသည် မဲ့ကသာရွာသို့ ရောက်ရှိလာပြီး ရွာသားများအား လုပ်အားပေး ခေါ်ဆောင်၍ စစ်တိုက်ရာတွင် အသုံးပြုသည့် ခံတုတ်ကျင်းများ တူးခိုင်းနေသည်။

“ဒီတခါတော့ သူတို့ ခံတုတ်ကျင်းတွေ တူးပြီးတော့ အခိုင်အမာတည်မယ့်ပုံ ရှိတယ်။ တကယ်လို့ သူတို့ အဲဒီမှာ အခိုင်အမာယူမယ်။ ရန်သူတပ်ကလည်း နောက်က ပါလာမယ်ဆိုရင်တော့ သူတို့ ထိုးစစ်လုပ်လာတဲ့အပေါ်မှာ ကျနော်တို့ဘက်ကတော့ တန်ပြန်ပြီးတော့ ပြောက်ကျားနဲ့ ခုခံပစ်မယ်။ အခွင့်သာရင် သာသလိုပေါ့ဗျာ။ ချေမှုန်းစစ်လုပ်မှာပေါ့” ဟု KNU အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္ဈိမကို ပြောသည်။

မဲ့ကသာဒေသ တဝိုက်တွင် တန်းဖိုးကြီး သဘာဝဘေးမဲ့ သစ်တောများရှိပြီး စစ်အစိုးရက DKBA တပ်မှူး ဗိုလ်နှုတ်ခမ်းမွှေးအား သစ်တန်ချိန် ၅ဝဝဝ ထုတ်လုပ်ခွင့် ပေးသည့်သတင်း ကြားရကြောင်း သူက ပြောသည်။

KNU တပ်မဟာ ၆ အတွင်း၌ ယင်းကဲ့သို့ စစ်ပြင်နေမှုများ မပြုလုပ်မီ ပြီးခဲ့သည့်လ ၃၁ ရက်နေ့တွင် ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေအတွင်း၌ KNU နှင့် DKBA တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ DKBA ဘက်မှ ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း DKBA တပ်ရင်းမှူး တဦးက ဆိုသည်။

DKBA အနေဖြင့်မူ ထိုးစစ်ဆင်ရန် အထက်အမိန့် မရသေးသော်လည်း KNU ဘက်က စစ်ရေးသိက္ခာ ပြန်ဆယ်လိုသည့်အနေဖြင့် နယ်မြေစိုးမိုးရေး တိုက်ပွဲများ ပြန်ဆင်လာနိုင်ကြောင်းနှင့် လက်ရှိအနေအထားတွင် စစ်ရေးအရ တင်းမာမှုများ ရှိနေကြောင်း သူက ဆက်ပြောသည်။

“သူတို့ ပိုပြီးလှုပ်ရှားနိုင်တယ်လို့ ယူဆတယ်။ သူတို့ကလည်း နယ်မြေ လက်လွှတ်ဆုံးရှုံးရတယ်လေ။ အဲဒီ ဆုံးရှုံးရတဲ့ နယ်မြေကို တနည်းနည်းနဲ့ ပြန်တိုက်ချင်တဲ့သဘော ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ အရင် စပြီးတော့ ပြန်ပြီးလုပ်ဖို့တော့ အထက်ကအမိန့် ဘာမှမလာသေးဘူး” ဟု DKBA တပ်ရင်းမှူးက မဇ္ဈိမကို ပြောသည်။

KNU တပ်မဟာအမှတ် ၇ နှင့် ၆ အား စစ်အစိုးရတပ်က DKBA နှင့် ပူးပေါင်း၍ တိုက်ခိုက်နှိမ်နှင်းနိုင်ရန် ကြိုးစားနေခြင်းသည် နိုင်ငံရေးရည်ရွယ်ချက်လည်း ပါဝင်ကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။

“ဒါက ၂ဝဝ၈ ဖွဲ့စည်းပုံကို အတည်ဖြစ်စေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သူတို့ အပိုင်အနိုင်ရဖို့ဆိုရင် သူတို့ ဖွဲ့စည်းပုံထဲမှာ ရေးထားတဲ့အတိုင်းပေါ့ဗျာ။ သူတို့ကို မနှောင့်ယှက်နဲ့ပေါ့ဗျာ။ အဓိက အင်အားစုတွေကိုတော့ ဆိုက်ဝါး Psy*-*War အရရော၊ လက်တွေ့အရရော ပိုပြီးတော့ မလှုပ်နိုင်အောင် သူတို့က လုပ်မှာပဲ။ ဒါကတော့ နိုင်ငံရေး ရည်ရွယ်ချက်လို့ ပြောရမှာပဲ” ဟု သူက ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU မှ ဦးသာထူးကျော် ခေါင်းဆောင်သည့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် DKBA သည် ၁၉၉၄ ခုတွင် ခွဲထွက်ခဲ့ပြီး လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် အခြေစိုက်ထားသည်။

KNU အတွင်းသို့ လာရောက်ပူးပေါင်းမည့် DKBA တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ ရာထူးတာဝန်များအတိုင်း တာဝန်ထမ်းဆောင်ခွင့် ပေးနိုင်ရေးအတွက် တပ်မဟာ ၆ နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ဒူပလာယာ ခရိုင်အတွင်းရှိ KNU ၏ တပ်မတော် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၁၆ နှင့် ၁၇ ရှိ တပ်မှူးအချို့အကြား ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် KNLA အရာရှိတဦးက မဇ္ဈိမကို ပြောဆိုခဲ့သည်။


ကချင်က အရေးပေါ် လူထုအစည်းအဝေး ကျင်းပမည် Print E-mail
ဖနိဒါ
သောကြာနေ့၊ စက်တင်ဘာလ 04 ရက် 2009 ခုနှစ် 19 နာရီ 07 မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်ပြောင်းရေး ဖိအားပေးခံနေရသော အဖွဲ့တခုဖြစ်သည့် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ - KIO က အရေးပေါ် လူထုအစည်းအဝေးတရပ်ကို နယ်စပ်မြို့ လိုင်ဇာတွင် မနက်ဖြန် ပြုလုပ်မည်။

ကချင်ပြည်သူလူထု၏ ရှေ့လျှောက်ရမည့် လမ်းစဉ်နှင့် ပတ်သက်၍ ဆုံးဖြတ်ရန် မနက်ဖြန်တွင် KIO ဌာနချုပ်ရှိရာ လိုင်ဇာတွင် KIO ခေါင်းဆောင်များနှင့် ကချင်ပြည်နယ်အတွင်းရှိ သာဘာရေး ခေါင်းဆောင်များ၊ ကချင်ယဉ်ကျေးမှု အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်သည်။

“ကချင်ပြည်သူလူထုရဲ့ ရှေ့ရေးအတွက် ပြည်သူတွေရဲ့ ယုံကြည်မှုတွေကို ချပြဖို့ ပြည်သူတွေရဲ့ သဘောထားတွေကို ဆွေးနွေးဖို့ နေရာအနှံ့က ခေါ်လိုက်တယ်။ ဒီနေ့က တချို့ရောက်နေပါပြီ” ဟု KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ကိုယ်စားလှယ် ၃၀၀ ခန့် တက်ရောက်ဖွယ်ရှိနေပြီး၊ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK) လည်း ပါဝင်သည်ဟု အစည်းအဝေး ကျင်းပရေးအဖွဲ့ဝင်တဦးက ပြောသည်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဖားကန့်၊ ကားမိုင်း၊ ဗန်မော်၊ ရွှေဂူ စသည့်မြို့နယ်များ အပါအဝင် နေရာအနှံ့ရှိ ဘာသာရေးခေါင်းဆောင်များ၊ ကချင်အမျိုးသား ကာကွယ်ရေး တပ်မတော် (KDA) ၊ ကိုယ်စားလှယ်များ ရောက်ရှိနေပြီဖြစ်သည်။

ကချင်ခေါင်းဆောင်များအနေဖြင့် မြစ်ကြီးနားမြို့တွင် ယခုလ ၆ ရက်နေ့၌ စစ်ဖက်ရေးရာ လုံခြုံရေးမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မတွေ့ဆုံခင် လူထုအစည်းအဝေးပွဲ ခေါ်ယူခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ကလည်း ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် စစ်တိုင်းဌာနချုပ် တိုင်းမှူးများနှင့် အပစ်ရပ် ၆ ဖွဲ့မှ ခေါင်းဆောင်များကို သက်ဆိုင်ရာ နယ်မြေများအလိုက် သီးခြားစီခွဲ၍ တွေ့ဆုံခဲ့သည်။

အခြားသော အပစ်အခတ်ရပ် ကိုးကန့်အဖွဲ့ကို စစ်အစိုးရတပ်များက ထိုးစစ်ဆင် အနိုင်ယူခဲ့ပြီးနောက် ကချင်ဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဆိုသော စိုးရိမ်မှုများ ရှိနေသည်။

နအဖ က စစ်တပ်များကို ဒေသတွင်း ပိုမိုစေလွှတ်ထားခြင်းကြောင့် လိုင်ဇာဒေသခံအချို့မှာ တရုတ်နိုင်ငံဘက်သို့ ပစ္စည်းများ ပြောင်းရွှေ့ကြသည်။

“ပစ္စည်းတွေကတော့ ပို့နေကြတယ်။ တကယ်လို့ နအဖက တိုက်လာမယ်ဆိုရင် ကြိုပြင်ဆင်တာပဲပေါ့။ တရုတ်ပြည်ဘက် အိမ်တောင်ငှားပြီး ပစ္စည်းတွေ ပို့နေကြတယ်။ ကိုးကန့်ဘက်ကလို တိုက်လာမှာ စိုးလို့ ဒေသခံတွေက ပစ္စည်းတွေ အကုန်သယ်နေကြပြီ” ဟု လိုင်ဇာဒေသခံတဦးက မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောသည်။

စစ်အစိုးရက တောင်းဆိုထားသည့် KIO ၏ စစ်တပ်ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းကာ တပ်မတော်၏ အုပ်ချုပ်ခံပြုလုပ်ရန်ကို ငြင်းဆန်ထားပြီး ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့ (KRGF) အဖြစ်သာ ပြောင်းလဲလိုကြောင်း တုံ့ပြန်ထားသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်နေခဲ့သော KIO သည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။


အငဲ ရဲ့ 'ကိုး' တေးစီးရီး ထွက်မည် Print E-mail
မဇ္ဈိမသတင်းဌာန
စနေနေ့၊ စက်တင်ဘာလ 05 ရက် 2009 ခုနှစ် 19 နာရီ 36 မိနစ်

နယူးဒေလီ ။ ။ နာမည်ကြီး တေးရေးနှင့် တေးဆို အငဲ၏ ၉ ခွေမြောက် တေးစီးရီးကို ယခုလ ၉ ရက်နေ့ (၉.၉.၂ဝဝ၉) တွင် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ရွှေပြည်သာလမ်းရှိ Iron Cross Music Entertainment မှ တပြည်လုံးသို့ စတင်ဖြန့်ချိသွားမည်ဖြစ်သည်။

တေးစီးရီး၏ ခေါင်းစဉ်ကို “ကိုး” ဟု အမည်ပေးထားပြီး အငဲ၏ ပထမဆုံး ကိုယ်ပိုင်သံစဉ် သီချင်းခွေ ဖြစ်လာမည်။

“၉ ရက်နေ့မှာ စဖြန့်မှာပါ။ တိပ်နဲ့ စီဒီ အရင်ဖြန့်ပါမယ်” ဟု I.C Music Entertainment မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ယခုစီးရီးတွင် ကိုယ်ပိုင်သံစဉ် သီချင်း ၁၂ ပုဒ်ပါဝင်ပြီး တေးရေးမှာ မောင်မောင်ဇော်လတ်၊ နော်နော်၊ လင်းလင်း၊ ဖိုးဇော်နှင့် မီဂျူးတို့ ဖြစ်သည်။

သီချင်းခွေ၏ ကာဗာတွင် အငဲ၏ မျက်နှာကို အပြည့်နီးပါး ထည့်သွင်းထားပြီး ဘေးဘက်တွင် စီးရီးခေါင်းစဉ် “ကိုး” ကို ရေးသားထားကာ၊ တိပ်နှင့် စီဒီခွေအကြား ကာဗာဒီဇိုင်း အနည်းငယ် အပြောင်းအလဲရှိသည်။

ဖြန့်ချိရက်မှာ ၉ ဂဏန်းများ (၉.၉.၂ဝဝ၉) ကျရောက်နေသလို၊ စီးရီးခေါင်းစဉ်ကလည်း 'ကိုး' (၉) ကိုပင် အသုံးပြုထားခြင်းနှင့် ပတ်သက်၍ I.C Music Entertainment တာဝန်ရှိသူက “သူ့ရဲ့ ၉ ခွေမြောက်မှာ ထူးထူးခြားခြားလေး ဖြစ်စေလိုတဲ့ စိတ်ကူးနဲ့ ကိုအငဲက အခုလို ၉ ဂဏန်းတွေ အများကြီး သုံးထားတာပါ” ဟု ပြောသည်။

“ကိုး” ကို Iron Cross Music Band က တီးခတ်ပေးထားပြီး PTL studio တွင် အသံဖမ်းယူထားသည်။

အငဲ၏ ပထမဆုံး ကိုယ်ပိုင်သံစဉ်တေးစီးရီး ထွက်ရှိခြင်းအပေါ် တေးရေးဆရာ မောင်သစ်မင်းက “အဆိုတော်တွေဟာ တချိန်က ကော်ပီတွေ လုပ်လာရာကနေ တဖြည်းဖြည်းနဲ့ ကိုယ်ပိုင်သံစဉ်ဘက်ကို သွားနေကြတာပါပဲ။ ကျနော်တို့ကတော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ပိုင်သံစဉ်ခွေ လုပ်တယ်ဆိုရင် တေးရေးဆရာတွေအနေနဲ့ ကြိုဆိုပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

“own tune (ကိုယ်ပိုင်သံစဉ်) က ၁ဝဝ ရာခိုင်နှုန်း အားစိုက်ရတယ်။ သံစဉ်လည်း ရှာရတယ်။ စာသားလည်း ကောင်းအောင် ရေးရတယ်။ ပိုလည်း ခက်ခဲပါတယ်။ ဒါကြောင့် ရေရှည်တည်တံ့ဖို့ဆိုရင်တော့ ကိုယ်ပိုင်ဆိုင်မှု အပြည့်အဝရှိတဲ့ own tune က ပိုကောင်းမယ်လို့ ကျနော် ယူဆပါတယ်” ဟု သူက ဆက်ပြောသည်။

ယခု တေးစီးရီးသည် I.C Music Entertainment ၏ ယခုနှစ်အတွင်း ပထမဆုံး ထွက်ရှိသည့် သီချင်းခွေဖြစ်ပြီး အဆိုတော် အငဲအတွက် ပထမဆုံး ထုတ်လုပ်ဖြန့်ချိပေးမှုလည်း ဖြစ်သည်။

အဆိုတော် အငဲ၏ ယခင်ထွက်ရှိခဲ့သည့် တေးစီးရီးများမှာ (၁) ဝိညာဉ်များနှင့် ကခုန်ခြင်း၊ (၂) ဆာဟာရ၊ (၃) စိတ်ရွက်လှေ၊ (၄) Unplugged၊ (၅) သီချင်းများရဲ့ ဒဏ္ဍာရီ၊ (၆) ဆဋ္ဌမအာရုံ၊ (၇) ခုနှစ်ထွေအကနှင့် (၈) ဇစ်မြစ် တို့ ဖြစ်သည်။ ထို့အပြင် လေးဖြူ၊ မျိုးကြီးတို့နှင့် တွဲဖက်၍ သက္ကရာဇ် ၂ဝဝဝ တွင် ရာစုသစ်၊ ၂ဝဝ၇ ခုနှစ်တွင် LMN ဆိုသည့် တေးစီးရီးများတွင်လည်း ပါဝင်သီဆိုခဲ့သည်။

သူသည် I.C တေးဂီတဝိုင်း၏ ပင်တိုင်အဆိုတော်တဦးဖြစ်ပြီး Live Show ပေါင်းများစွာတွင် ပါဝင်ခဲ့သည်။ ကိုယ်ရေးရာဇဝင်၊ ခါး၊ နူးညံ့တဲ့အမိန့်တော်၊ ဟောင်းသွားပြီလား၊ ဂန္ထဝင်မြောက် အိမ်အပြန်၊ ထပ်မဝေးဘူး အစရှိသည့် သီချင်းများသည် လူငယ်များအကြား အထူးပင် ရေပန်းစားခဲ့သည်။

အငဲသည် နာမည်ကြီး ရော့ခ်အဆိုတော် လေးဖြူ၏ ညီအရင်းလည်း ဖြစ်သည်။


ဖုန်ကြားရှင်ပြန်အပ်ဖို့ တောင်းဆိုချက် ၀တပ်ဖွဲ့ အကြောင်းမပြန်

05 September 2009

MNDAA ကိုးကန့်အဖွဲ့အပေါ် မြန်မာအစိုးရက စစ်ရေးအရ ဖိအားပေးခဲ့ပြီးတဲ့နောက်မှာ ကိုးကန့်နဲ့ ဆက်နေတဲ့ ဝ နယ်ဘက် မှာ ပုန်းခိုနေတယ်လို့ ဆိုတဲ့ အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင် ကို အစိုးရလက်ကို အပ်ပါလို့ မြန်မာစစ်တပ်က UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ကို အကြောင်းကြား တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဝ ဘက်က စစ်အစိုးရရဲ့ တောင်းဆို မှုကို မတုံ့ပြန်ဘဲ၊ သူတို့ရဲ့ အထူးဒေသ (၂) လုံခြုံရေးကို တိုးပြီး ဆောင်ရွက်နေပါတယ်။ အခုလို ကိုးကန့်နဲ့ဝဒေသတွေမှာ ဖြစ်နေတဲ့ နောက်ဆုံးအခြေအနေကို မသင်းသီရိက တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရဟာ ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဦးဖုန်ကြားရှင်ကို ဆက်လက်ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတယ် ဆိုတာကတော့ သံသယရှိစရာ မလိုတဲ့သတင်းတွေပါ။ မြန်မာစစ်အစိုးရ သတင်းစာတွေထဲမှာလည်း ဦးဖုန်ကြားရှင် ဟာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေကို ဆက်တိုက်ဖော်ပြနေပါတယ်။ ဒါပေမဲ့ ဦးဖုန်ကြားရှင် ဘယ်မှာရှိသလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ ဦးဖုန်ကြားရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်ကတော့ ဦးဖုန်ကြားရှင် ဟာ မြန်မာနိုင်ငံအတွင်းက လုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့ပဲ ဆိုပါတယ်။ အဲဒီအချိန်မျိုးမှာ ကိုးကန့်ဒေသဘက်မှာ တာဝန်ယူထားတဲ့ မြန်မာစစ်တပ် အကြီးအကဲတဦးက ၀ တပ်ဖွဲ့တွေကို စာရေးပြီးတော့ ဦးဖုန်ကြားရှင်ကို လွှဲအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သျှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ အယ်ဒီတာ ဦးခွန်ဆိုင်းက အခုလို ရှင်းပြပါတယ်။

"စာပါ အကြောင်းအရာကို ကျနော်တို့ ချုပ်ကြည့်လိုက်မယ်ဆိုရင်တော့ ဦးဖုန်ကြားရှင် အပါအ၀င် သားတွေနဲ့ လေးယောက် ကို လက်ခံထားတာဟာ တာဝန်ကြီးတယ်၊ အပြစ်ကြီးတယ်ဆိုတာ ခင်ဗျားတို့လည်း သိမှာပဲ။ ဒါကြောင့် သူတို့ကို ပို့ပေးပါလို့ ဆိုလိုတယ်ပေါ့ဗျာ။ ဒီ ၃ ရက်နေ့မှာ ၀သပ ခေါင်းဆောင်တွေကလည်း အစည်းအဝေးထိုင်ပြီးတော့မှ ဒီကိစ္စကို ဆွေးနွေး တာမှာ ဒီဥစ္စာက နအဖ ဟာ မြေခွေးကနေ သိုးကို စားချင်လို့ သူက အပြစ်ရှာတဲ့ပုံစံလိုပဲ ဖြစ်တယ်ပေါ့နော်။ ဒီဥစ္စာကို ကျနော်တို့က ရှိတယ်ပြောလည်း မထူးဘူး၊ မရှိဘူးပြောလည်း မထူးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အပြစ်ရှိနေတာပဲ။ ဒီတော့ ကျနော်တို့ ဘာမှမဖြေတာ အကောင်းဆုံးပဲလို့၊ ဒီလို ဆုံးဖြတ်တယ်လို့ ပြောပါတယ်။"

ဒါ့အပြင် UWSA ၀ အဖွဲ့တွေ အနေနဲ့ ဒီကိစ္စဟာ မြန်မာစစ်အစိုးရက သူတို့ကို သက်သက်အပြစ်ရှာနေတယ်လို့ ယူဆတဲ့အတွက် ၀ တပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးတွေ အတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိနေတဲ့အကြောင်းကိုလည်း ဦးခွန်ဆိုင်းက ဆက်ပြောပြပါတယ်။

"အခုလောလောဆယ်ကတော့ ကိုးကန့်နယ်စပ်တလျှောက်မှာရော၊ ကျိုင်းတုံနဲ့ ဆက်တဲ့ နယ်စပ်တလျှောက်မှာရော သူတို့က တကယ်လို့ သူတို့ကို တိုက်ခိုက်လာမယ်ဆိုရင် ခုခံကာကွယ်နိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ ပြောပါတယ်။"

သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးခွန်ဆိုင်း ပြောပြခဲ့တာပါ။

တချိန်တည်းမှာပဲ ၀ ဒေသတွေအတွင်းမှာ အကူအညီတွေ ပေးနေတဲ့ အဲန်ဂျီအို အဖွဲ့အစည်းတွေကိုလည်း အဲဒီ နယ်မြေထဲ ကနေ ထွက်ခွာဖို့ ၀ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံတွေအကြားမှာ စိုးရိမ်မှုနဲ့ နေရာ ပြောင်းရွှေ့မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေလည်း ရှိနေပါတယ်။


ယူရေနီယံသန့်စင်မှု နောက်ဆုံးအဆင့်ရောက်နေပြီလို့ မြောက်ကိုရီယားကြေညာ

04 September 2009


မြောက်ကိုရီးယားက သူတို့ရဲ့ ယူရေနီယံသန့်စင်မှု လုပ်နေတာ နောက်ဆုံးအဆင့်ကို ရောက်နေပြီ၊ အဲဒါပြီးသွားရင် နျူကလီးယားဗုံး လုပ်ဖို့ ဒုတိယနည်းလမ်း ဖြစ်လာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ် ဆန်ဆုံနို က မိမိတို့နိုင်ငံရဲ့ ယူရေနီယံ သန့်စင်မှုအစီအစဉ် အပြီးသတ်အဆင့်ကို အောင်မြင်စွာ ရောက်ရှိနေပြီ၊ လက်နက်လုပ်နိုင်တဲ့ ပလူတိုနီယံကိုလည်း ဆက်လုပ်သွားမယ်လို့လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အကြောင်းကြား လိုက်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ဒဏ်ခတ်အရေးယူမှုကိုရော၊ ဆွေးနွေးပွဲကိုရော ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြောင်း မြောက်ကိုရီးယား ကိုယ်စားလှယ်က လုံခြုံရေးကောင်စီ ဥက္ကဌထံရေးသားတဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်၊ ရုရှား၊ တရုတ် လို ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် အမြဲတမ်းနိုင်ငံများက မြောက်ကိုရီးယားအပေါ် ပိုမိုဒဏ်ခတ် အရေးယူရေးကို လိုလားပြီး မြောက်ကိုရီးယားကတော့ နျူကလီးယား အင်အားကောင်းအောင် အရင်လုပ်ပြီးမှသာ ဆွေးနွေးပွဲ ကို ပြန်ဝင်ဖို့ စဉ်းစားမယ်လို့ ပြောဆိုထားပါတယ်။


ဖုန်ကြားရှင်ပြန်အပ်ဖို့ တောင်းဆိုချက် ၀တပ်ဖွဲ့ အကြောင်းမပြန်

05 September 2009

MNDAA ကိုးကန့်အဖွဲ့အပေါ် မြန်မာအစိုးရက စစ်ရေးအရ ဖိအားပေးခဲ့ပြီးတဲ့နောက်မှာ ကိုးကန့်နဲ့ ဆက်နေတဲ့ ဝ နယ်ဘက် မှာ ပုန်းခိုနေတယ်လို့ ဆိုတဲ့ အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင် ကို အစိုးရလက်ကို အပ်ပါလို့ မြန်မာစစ်တပ်က UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ကို အကြောင်းကြား တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဝ ဘက်က စစ်အစိုးရရဲ့ တောင်းဆို မှုကို မတုံ့ပြန်ဘဲ၊ သူတို့ရဲ့ အထူးဒေသ (၂) လုံခြုံရေးကို တိုးပြီး ဆောင်ရွက်နေပါတယ်။ အခုလို ကိုးကန့်နဲ့ဝဒေသတွေမှာ ဖြစ်နေတဲ့ နောက်ဆုံးအခြေအနေကို မသင်းသီရိက တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရဟာ ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဦးဖုန်ကြားရှင်ကို ဆက်လက်ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတယ် ဆိုတာကတော့ သံသယရှိစရာ မလိုတဲ့သတင်းတွေပါ။ မြန်မာစစ်အစိုးရ သတင်းစာတွေထဲမှာလည်း ဦးဖုန်ကြားရှင် ဟာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေကို ဆက်တိုက်ဖော်ပြနေပါတယ်။ ဒါပေမဲ့ ဦးဖုန်ကြားရှင် ဘယ်မှာရှိသလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ ဦးဖုန်ကြားရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်ကတော့ ဦးဖုန်ကြားရှင် ဟာ မြန်မာနိုင်ငံအတွင်းက လုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့ပဲ ဆိုပါတယ်။ အဲဒီအချိန်မျိုးမှာ ကိုးကန့်ဒေသဘက်မှာ တာဝန်ယူထားတဲ့ မြန်မာစစ်တပ် အကြီးအကဲတဦးက ၀ တပ်ဖွဲ့တွေကို စာရေးပြီးတော့ ဦးဖုန်ကြားရှင်ကို လွှဲအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သျှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ အယ်ဒီတာ ဦးခွန်ဆိုင်းက အခုလို ရှင်းပြပါတယ်။

"စာပါ အကြောင်းအရာကို ကျနော်တို့ ချုပ်ကြည့်လိုက်မယ်ဆိုရင်တော့ ဦးဖုန်ကြားရှင် အပါအ၀င် သားတွေနဲ့ လေးယောက် ကို လက်ခံထားတာဟာ တာဝန်ကြီးတယ်၊ အပြစ်ကြီးတယ်ဆိုတာ ခင်ဗျားတို့လည်း သိမှာပဲ။ ဒါကြောင့် သူတို့ကို ပို့ပေးပါလို့ ဆိုလိုတယ်ပေါ့ဗျာ။ ဒီ ၃ ရက်နေ့မှာ ၀သပ ခေါင်းဆောင်တွေကလည်း အစည်းအဝေးထိုင်ပြီးတော့မှ ဒီကိစ္စကို ဆွေးနွေး တာမှာ ဒီဥစ္စာက နအဖ ဟာ မြေခွေးကနေ သိုးကို စားချင်လို့ သူက အပြစ်ရှာတဲ့ပုံစံလိုပဲ ဖြစ်တယ်ပေါ့နော်။ ဒီဥစ္စာကို ကျနော်တို့က ရှိတယ်ပြောလည်း မထူးဘူး၊ မရှိဘူးပြောလည်း မထူးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အပြစ်ရှိနေတာပဲ။ ဒီတော့ ကျနော်တို့ ဘာမှမဖြေတာ အကောင်းဆုံးပဲလို့၊ ဒီလို ဆုံးဖြတ်တယ်လို့ ပြောပါတယ်။"

ဒါ့အပြင် UWSA ၀ အဖွဲ့တွေ အနေနဲ့ ဒီကိစ္စဟာ မြန်မာစစ်အစိုးရက သူတို့ကို သက်သက်အပြစ်ရှာနေတယ်လို့ ယူဆတဲ့အတွက် ၀ တပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးတွေ အတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိနေတဲ့အကြောင်းကိုလည်း ဦးခွန်ဆိုင်းက ဆက်ပြောပြပါတယ်။

"အခုလောလောဆယ်ကတော့ ကိုးကန့်နယ်စပ်တလျှောက်မှာရော၊ ကျိုင်းတုံနဲ့ ဆက်တဲ့ နယ်စပ်တလျှောက်မှာရော သူတို့က တကယ်လို့ သူတို့ကို တိုက်ခိုက်လာမယ်ဆိုရင် ခုခံကာကွယ်နိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ ပြောပါတယ်။"

သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးခွန်ဆိုင်း ပြောပြခဲ့တာပါ။

တချိန်တည်းမှာပဲ ၀ ဒေသတွေအတွင်းမှာ အကူအညီတွေ ပေးနေတဲ့ အဲန်ဂျီအို အဖွဲ့အစည်းတွေကိုလည်း အဲဒီ နယ်မြေထဲ ကနေ ထွက်ခွာဖို့ ၀ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံတွေအကြားမှာ စိုးရိမ်မှုနဲ့ နေရာ ပြောင်းရွှေ့မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေလည်း ရှိနေပါတယ်။


ကမ္ဘာ့စီးပွားရေးပြန်ကောင်းလာအောင် အင်အားကြီးနိုင်ငံတွေ ကြိုးပမ်း

06 September 2009


ကမ္ဘာ့စီးပွားရေး အားကောင်းလာစေဖို့အတွက် စီးပွားရေးနိုးထစေရေး အစီအမံတွေကို ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ ကမ္ဘာပေါ်က အကြွယ်ဝဆုံး နိုင်ငံတွေက ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးပွဲအတွင်း ကတိပြု ပြောဆိုလိုက်ကြပါတယ်။ တချိန်တည်းမှာပဲ အခုညီလာခံရဲ့ နောက်ခံ အကြောင်းရင်း တခုဖြစ်တဲ့ စီးပွားရေး ပြန်လည်နာလန်ထူလာစေရေး အခြေအနေတွေနဲ့ ပတ်သက်လို့လည်း သတိပေးမှု တွေ ရှိခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Tom Rivers သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ ဂျာမဏီ၊ ပြင်သစ်၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ စီးပွားရေး ကျဆင်းမှု အခြေအနေတွေ တဖြည်းဖြည်း မှေးမှိန်စပြုလာနေပြီလားဆိုတဲ့ လက္ခဏာတချို့ တွေ့မြင်လာနေရပေမယ့်လည်း ဘဏ္ဍာရေး ဆိုင်ရာ အကြီးအကဲတွေ ကတော့ ဆက်ပြီး အကုန်အကျခံ သုံးစွဲဖို့ သန္နိဋ္ဌာန်ချခဲ့ကြတာပါ။ ဒါကို သဘောတူတဲ့ အထဲမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တင်မိုသီ ဂိုက်သ်နာ လည်း တဦးအပါအ၀င် ဖြစ်ပါတယ်။

“ပြန်လည်နာလန်ထူလာဖို့အတွက် ခိုင်မာတဲ့ အခြေခံတွေ နေရာတကျ ဖြစ်တဲ့အချိန်အထိ ဘဏ္ဍာရေးဆိုင်ရာ ပြင်ဆင်မှု တွေ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေအတွက် ရေရှည်ထောက်ပံ့မှုတွေ ကျနော်တို့ လုပ်သွားဖို့ လိုပါတယ်။”

လွန်ခဲ့တဲ့ လတွေမှာ ကမ္ဘာ့စီးပွားရေးထဲကို ဖြည့်ဆည်းပေးခဲ့တဲ့ ဒေါ်လာသန်းပေါင်း သိန်းသန်းချီရှိတဲ့ စီးပွားရေးနိုးထစေရေး အစီအမံတွေကို ပြန်ပြီးရုတ်သိမ်းလိုက်မယ်ဆိုရင် စီးပွားရေး နောက်တကြိမ်ကျဆင်းမှုတွေ၊ နှစ်ဆတိုး ချွတ်ခြုံကျမှုလို့ ဆိုနေ ကြတဲ့ အဖြစ်မျိုး ရောက်သွားလိမ့်မယ်လို့လည်း စီးပွားရေး ပညာရှင်တွေက ထောက်ပြခဲ့ကြတာပါ။ ၀န်ကြီး ဂိုက်သ်နာ ကလည်း စီးပွားရေး ကျဆင်းမှုတွေထဲက ပြန်ပြီးတိုးတက်အောင် လုပ်ရမယ့် ကဏ္ဍတွေထဲက တခုအဖြစ် အလုပ်လက်မဲ့ ပြဿနာကို ရည်ညွှန်း ပြောဆိုခဲ့တာပါ။ အစိုးရတွေ အနေနဲ့ ဒီကဏ္ဍတွေမှာ ဆက်ပြီး ကြိုးပမ်းမှုတွေ လုပ်ဖို့ လိုနေသေးတဲ့ အကြောင်း သူက သတိပေးခဲ့တာ ဖြစ်ပါတယ်။

“ဘဏ္ဍာရေးစနစ်မှာ ပြန်လည်ပြင်ဆင်နေတဲ့ လက္ခဏာတွေကို တွေ့နေရပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရှိလာတော့ မှာပါ။ ဒါပေမဲ့လည်း ရှေ့မှာတော့ စိမ်ခေါ်မှုကြီးတွေကလည်း ရှိနေဆဲပါ။ အလုပ်လက်မဲ့ပြဿနာက လက်မခံနိုင်လောက် အောင် မြင့်မားနေဆဲပါ။ ပုဂ္ဂလိကကဏ္ဍက ၀ယ်လိုအားတွေနဲ့ ရေရှည်တည်တံ့စေမယ့် ပြန်လည်နာလန်ထလာတဲ့ အခြေအနေမျိုးကိုလည်း အခုထိ မရောက်သေးပါဘူး။”

လန်ဒန်မြို့က ဒီရက်သတ္တပတ်ကုန် ဆွေးနွေးပွဲဟာ ဆိုရင်တော့ လာမယ့် သီတင်းပတ် ၃ ပတ်အကြာ အမေရိကန်နိုင်ငံက Pittsburgh မြို့မှာ ကျင်းပဖို့ ရှိနေတဲ့ စက်မှုထိပ်သီး နိုင်ငံ ၂၀ ရဲ့ အစည်းအဝေးပွဲတွေ မတိုင်မီ ဘုံရပ်တည်ချက်တွေ ရှာဖွေ သွားနိုင်ဖို့ နှီးနှောဖလှယ်ကြတာလည်း ဖြစ်ပါတယ်။ ဗဟိုဘဏ်တွေ၊ အစိုးရတွေက ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကနေ ဆွဲထုတ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ကြပေမဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့ဟာ အရေးကြီးတဲ့ ကိစ္စ အဖြစ် ရှိနေဆဲလို့လည်း ၀န်ကြီး ဂိုက်သ်နာ က ဆိုခဲ့တာပါ။

“Pittsburgh ထိပ်သီးညီလာခံအတွက် ကျနော်တို့ မျှော်မှန်းနေချိန်မှာတော့၊ စီးပွားရေး ကြီးထွားမှုနဲ့ ဘဏ္ဍာရေးစနစ်ကို ပြန်လည် ပြင်ဆင်မှုတွေကို စိန်ခေါ်နေတဲ့ အကျပ်တည်းဆုံး အချိန်တုန်းက ကျနော်တို့ ဆောင်ရွက်ခဲ့ကြသလိုပဲ၊ ဘုံ ရည်ရွယ်ချက်တွေ အရေးတကြီး လုပ်ရမယ့် ကိစ္စတွေကို သယ်ဆောင်လာကြဖို့လည်း လိုပါတယ်။ ကျနော်တို့ အနေနဲ့ တိုးတက်မှုတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ အနေနဲ့ ဒီအတိုင်း ဆက်လျှောက်သွားဖို့လိုသလို၊ အကျပ်အတည်းတွေ လျော့ကျလာလို့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ အရှိန်အဟုန်တွေကိုတော့ လျှော့ချပစ်လိုက်လို့ မရနိုင်ပါဘူး။”

ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဘဏ်လုပ်ငန်းရှင်တွေ အနေနဲ့ ဆုကြေးငွေတွေ အလွန်အကျွံရယူမှုတွေအပေါ် ဆက်လက်ပြီး ယေဘုယျအနေနဲ့ ကန့်သတ်ချက်တွေထားဖို့ အတွက်လည်း ကတိပြုခဲ့ကြတာပါ။ ဒီလို ဆုကြေးငွေ အများအပြား ပေးအပ် သုံးစွဲတဲ့ အလေ့အထဟာ လက်ရှိ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေကို ပိုပြီး ကြီးထွားစေတယ် ဆိုပြီး ပြစ်တင် ဝေဖန်မှုတွေလည်း ရှိခဲ့တာပါ။ အနာဂတ်မှာ ငွေကြေးချေးငှားမှုတွေကနေ ဆုံးရှုံးမှုတွေ ပေါ်ပေါက်လာခဲ့ရင် ကာမိဖို့အတွက် ရည်ရွယ်တဲ့ အစီအစဉ်အဖြစ်နဲ့ နိုင်ငံတကာဘဏ်ကြီးတွေအနေနဲ့ အရန်ဘဏ္ဍာငွေကြေးတွေကို ပိုပြီး စုဆောင်းထားဖို့ သတ်မှတ်ချက်တွေ ပြဋ္ဌာန်းဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကိုလည်း အခုဆွေးနွေးပွဲအတွင်း ဘဏ္ဍာရေး ဆိုင်ရာ အကြီးအကဲတွေဟာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


NATO လေကြောင်း တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်မှာ လူ ၉၀ ကျော် သေဆုံး

05 September 2009


အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းမှာ သောကြာနေ့ မနက် အရုဏ်ဦးအချိန်မှာ ဓါတ်ဆီတင်ကားကြီးနှစ်စီးကို NATO အဖွဲ့က လေကြောင်းက ဗုံးကျဲတိုက်ခိုက်လို့ အကြီးအကျယ်ပေါက်ကွဲပြီး လူ ၉၀ အထိ သေဆုံးသွားတဲ့အထဲ အများစုဟာ အရပ်သားတွေ ဖြစ်ကြပါတယ်။ တာလီဘန်သူပုန်တွေ အတင်းအဓမ္မ ဖမ်းဆီးသွားတဲ့ အဲဒီဓါတ်ဆီတင်ကားနှစ်စီး ရှိတဲ့နေရာကို ဂျာမန်တပ်က အရုဏ်မတက်ခင် အမေရိကန် ဂျက်တိုက်လေယာဉ်တွေကို ဗုံးကျဲတိုက်ခိုက်ခိုင်းတဲ့အတွက် အဲဒီလို ဗုံးကျဲတာလို့ ဆိုပါတယ်။

တာလီဘန်သူပုန်တွေက အဲဒီ ဓါတ်ဆီတင်ကားနှစ်စီးကို အမည်မသိနေရာဆီ အတင်းမောင်းခိုင်းသွားပြီးနောက် နိုင်ငံ မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ် (Kunduz) မြစ်ကမ်းပါးမှာ သွားတွေ့ရတယ်လို့ အာဖဂန်နဲ့ NATO အဖွဲ့ တာဝန်ခံများက ပြောကြား ကြပါတယ်။

ပြည်နယ်တာဝန်ခံများက တာလီဘန်သူပုန် ၅၆ ယောက်နဲ့ အရပ်သား အများအပြား သေဆုံးကြောင်း ပြောကြားပြီး အရပ်သား တွေက ကားတွေမှာ ဓါတ်ဆီသွားယူကြတာလို့ ဒေသတာဝန်ခံတချို့က ပြောပါတယ်။

အရပ်သားများ သေဆုံးမှုသတင်းကို အပြည့်အ၀ စုံစမ်းသွားမယ်လို့ NATO အတွင်းရေးမှူးချုပ်က ဆိုပါတယ်။ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း (Hamid Karzai) ကတော့ အရပ်သားတွေ သေဆုံးရတာကို လက်မခံနိုင်ဘူး၊ ဒီအကြောင်း အပြည့်အစုံကို အာဖဂန်အစိုးရက စုံစမ်းသွားမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ဗျူဟာကျကြဖို့ တိုက်တွန်းထားတဲ့ ဝေဖန်ရေးအကြောင်း
ရန်ကုန်မောင်
စက်တင်ဘာ ၆၊ ၂၀၀၉
ဒေါက်တာ ဇာနည်
“အနီးကပ် ဆက်ဆံမှု” ဝါဒအကြောင်း ဝေဖန်ရေး ဆောင်းပါးတပုဒ်ကို ဧရာဝတီ အွန်လိုင်း မဂ္ဂဇင်း မြန်မာပိုင်းတွင် ယမန်နေ့က တွေ့ရသည်။ ဒေါက်တာ ဇာနည် ရေးသားခြင်း ဖြစ်သည်။ ဖတ်လို့ အင်မတန် ကောင်းပါသည်။ “အနီးကပ် ဆက်ဆံမှု” ဟူသော စကားလုံးကို ဆောင်းပါးထဲတွင် ထပ်ခါ တလဲလဲ တွေ့ရသည်။ Engagement ကို ဘာသာပြန်ထားခြင်းဖြစ်သည်။
ဒေါက်တာ ဇာနည်က “ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ အဖွဲ့နဲ့ရော သူတို့အဖွဲ့ကို ဖြုတ်ပစ်လိုက်တဲ့ စစ်ခေါင်းဆောင်များနဲ့ပါ” တွေ့ဆုံဖူးသည်ဟု ဆိုသည်။ ထိုသူတို့နှင့် နားလည်မှု တည်ဆောက်ရေး ကိစ္စများ ၊ အနှစ်သာရပါသည့် လုပ်ငန်းများကို လုပ်ကိုင်ရန် ဆယ်စုနှစ်တခုနီးနီး ကြိုးစားခဲ့သူ ဖြစ်သည်ဟု သူ့ကိုယ်သူ မိတ်ဆက်ထားသည်။


ဝေဖန်ရေး ဆောင်းပါး ဖြစ်သည့်အတိုင်း ပြစ်ပြစ်နှစ်နှစ် ဝေဖန်ထားလေသည်။ ဆောင်းပါးထဲတွင် စစ်အစိုးရကို နှိပ်ကွပ်ပါသည်၊ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ဟန်ဆောင် ကူညီနေသည်ဟု ဆိုသော အနောက်နိုင်ငံများကိုလည်း ဆော်ထားပါသည်။

တနေရာတွင်တော့ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံနေသည့် ပြည်ပ ကုမ္ပဏီကြီးများကိုပါ ဝေဖန်ထားသည်။ “စွမ်းအင် အကျိုး အမြတ်ကို ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီကြီးများက စစ်အစိုးရနဲ့ ဝေစား မျှစား လုပ် - - - နယ်ခံ ပြည်သူများကိုတော့ အရိုး အရင်းလောက်ပဲ ပစ်ပေးတာပေါ့” ဟု ဆိုသည်။

“ဘဏ်တိုက်ဖောက်လာပြီး လမ်းမှာ တွေ့တဲ့ သူတောင်းစား၊ ဆင်းရဲသားတွေကို နှစ်ပြားတပဲ စွန့်ကြဲတဲ့ စေတနာမျိုးပေါ့” ဟု ကုမ္ပဏီကြီးများ၏ စေတနာကို အမွမ်း တင်ထားလေသည်။ (ဒေါက်တာဇာနည် ကိုယ်တိုင်က မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံခြင်း မပြုလုပ်ရန် အကြီးအကျယ် လှုံ့ဆော်ခဲ့သူဖြစ်သည်။ ယခု ထိုနည်းလမ်း အလုပ်မဖြစ်ပါဟု သူက လက်ခံထားသည်။ ထိုသို့ အယူအဆ ပြောင်းလဲသွားသော်လည်း မြန်မာပြည်အရေးအတွက် ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း ပေါ်လွင်စေရန် ကုမ္ပဏီကြီးများကို ထည့်သွင်း ဝေဖန်ခြင်းလည်း ဖြစ်နိုင်သည်။)

ပွင့်လင်းသည့်၊ ရှင်းသည့် ဟောဟောဒိုင်းဒိုင်း ဝေဖန်ချက်များကြောင့် သူ၏ ဆောင်းပါးရှည်ကြီးက ဖတ်လို့ ကောင်းနေသည်။

စေ့စပ်ညှိနှိုင်းရေးဆရာများ သတိပြုစရာ အချက်ကြီး ၆ ချက် ဆိုသည်ကိုလည်း ရှင်းပြထားသည်။

၁။ မြန်မာစစ်အစိုးရဟာ အထီးကျန်ဘဝမှာ ရပ်တည်နေရတယ်လို့ မထင်ကြနဲ့။
၂။ စစ်ဝါဒီလွှမ်းမိုးတဲ့ လက်နက် နိုင်ငံကြီး တည်ထောင်နေတယ်။
၃။ လူထု နဲ့ စစ်အစိုးရ ဆက်ဆံရေးဟာ ပြည်တွင်း ကိုလိုနီ ဆက်ဆံရေး ဖြစ်နေတယ်။
၎။ စစ်အရာရှိများဟာ စစ်သားကလွဲရင် “ဘယ်ခွေးမှ လူမထင်” ဘူးဆိုတဲ့ အမြင်ရှိတယ်။
၅။ စစ်တပ်အရာရှိတွေ အနောက်နိုင်ငံတွေနဲ့ များများ တွေ့ထိ ဆက်ဆံရမယ်၊ ဒါမှ စစ်အစိုးရ ပြောင်းလာမယ်လို့ ယူဆနေသလား၊ ဒါဆိုရင် ခင်ဗျားဟာ အတိတ်မေ့နေတာပဲ။ အရင်ကလည်း သူတို့ဟာ အနောက်နိုင်ငံတွေနဲ့ တွေ့ထိ ဆက်ဆံဖူးတာပဲ။
၆။ မြန်မာပြည်သားတွေဟာ “အတွေးအခေါ် လွတ်လပ်မှု ကို သည်းမခံဘူး။ တန်ဖိုးမထားဘူး - - လူမျိုးရေး အစွန်းရောက်ဝါဒနဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေး ယဉ်ကျေးမှု အမြင်တွေ တော်တော် များများ လူတွေမှာ တွေ့ရတယ် - - ဒါတွေကို ပြတ်ပြတ်သားသား မြင်ဖို့ လိုပါတယ်”

အင်မတန် ပွင့်ပွင့်လင်းလင်း ရေးလိုက်သည့် အချက်များ ဖြစ်သည်။ အငြင်းအခုန်ဖြစ်ဖွယ် အချက်များလည်း ပါဝင်နေသည် အထူးသဖြင့် နံပတ် ၆ အချက် ဖြစ်သည်။ လွတ်လပ် ပွင့်လင်းသည့် ဒေသတွင် အနေကြာသည့်အတွက် ထိုသို့ သုံးသပ်နိုင်ခြင်း ဖြစ်မည်ဟု ယူဆရသည်။ ထိုအချက်ကို အကျယ်တ၀င့် ရေးသားပါက စိတ်ဝင်စားစရာလည်း ကောင်းမည့်အပြင် အပြင်းအထန် ငြင်းခုံမှုများနှင့် ကြုံရနိုင်သည်။

ဆောင်းပါး တနေရာတွင် ကြီးနိုင်ငယ်ညှဉ်း စစ်ဝါဒကိုပဲ စက်ဆုပ်တယ်၊ စစ်သားစစ်ဗိုလ်တွေကို မမုန်းပါ ဟု ဆိုသည်။ “ဗိုလ်ချုပ်အောင်ဆန်းနဲ့ NLD ဦးကြည်မောင်၊ ဦးတင်ဦးတို့ကအစ ဗိုလ်ချုပ်ခင်ညွန့်တို့ ဗိုလ်ကြီးအုန်းကျော်မြင့် တို့လို မျိုးချစ် စစ်သားတွေ အများကြီး ရှိခဲ့ပါတယ်၊ ရှိနေဆဲပါ” ဟု သူက ရေးလိုက်သည်။

ဗိုလ်ချုပ်ခင်ညွန့်ကို မျိုးချစ် စစ်သား စာရင်းထဲ မည်သည့်အတွက်ကြောင့် ထည့်လိုက်ရခြင်း ဖြစ်ကြောင်း တချိန်ချိန်တွင် ရေးသားမည် ဆိုပါက ဖတ်လို့ ကောင်းသည့် အကြောင်းအရာတခု ဖြစ်ပေမည်။

ယခု ဆောင်းပါးသည် အင်္ဂလိပ်ဘာသာဖြင့် လွန်ခဲ့သည့် ၂ ပတ်က ပေါ်လာခြင်း ဖြစ်သည်။ The Virtues of Careful Engagement ခေါင်းစဉ်ဖြင့် ဖြစ်သည်။ မန်မာပြည်မှာ ဖြစ်နေတာတွေကိုတော့ ကျုပ်က ဒီလိုဒီလို သုံးသပ်ပါတယ် ဟု နိုင်ငံခြားသားများကို ပြောလို၍ ဖြစ်မည်။ မြန်မာဘာသာဖြင့်မူ မနေ့ကမှ ပေါ်လာသည်။ ထို့ကြောင့် မြန်မာလိုသာ ဖတ်သည့် ပရိသတ်အတွက် အင်မတန် အဆင်ပြေသွားသည်။

“တရုတ်ရဲ့ သြဇာ ကျယ်ပြန့်လာမှုကို ပိတ်ဆို့ဖို့ ဆိုတဲ့ အမေရိကန်နဲ့ ဗျူဟာအမြင် တခုတည်းနဲ့တော့ အမေရိကန်ရဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဗျူဟာဟာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် အထောက်အမ ဖြစ်ဖို့ အလားအလာ မရှိပါဘူး” ဟု သူက ဆိုသည်။ မန်မာပြည်ဆိုင်ရာ မူဝါဒကို ပြောင်းမည်ဟု ကြေညာထားသော အမေရိကန်အစိုးရကို ရည်ရွယ်ပုံ ရသည်။

ဒေါက်တာဇာနည်က စစ်အစိုးရသည် “ငါးမျှားချိတ်လွတ်အောင် ငါးစာကို လှည့်ပတ် စားနိုင်တဲ့ ငါးလည်တကောင်နဲ့ တူလာတယ်”ဟု သုံးသပ်ထားသလို “ဘယ်အတိုက်အခံ နိုင်ငံရေးအင်အားစု၊ ပါတီနဲ့မှ အဓိပ္ပာယ်ရှိတဲ့ ရင်ကြားစေ့မှု၊ သင်ပုန်းချေမှု လုပ်ဖို့ လုံးဝ ဆန္ဒမရှိဘူး”ဟုလည်း ဆိုပါသည်။ စစ်အစိုးရကို ၁ဝ နှစ်ခန့် “အနီးကပ် ဆက်ဆံမှု” လုပ်ခဲ့သည့် ဒေါက်တာဇာနည်၏ မှတ်ချက်က ရှင်းသည်၊ မြန်မာ့တပ်မတော် ခေါင်းဆောင်နေရာတွင် ယူထားသူများအကြောင်းကို ကွက်ကွက်ကွင်းကွင်း မြင်နေရသည်။ ထိုသူများနှင့် ပတ်သက်သက် သူ၏ အမြင်ကို အငြင်းပွားမည့်သူ နည်းပေလိမ့်မည်။

စစ်အစိုးရက သို့ကလို တင်းမာလွန်းသည်ဟု သူက မှတ်ချက်ပြုထားသော်လည်း ဗျူဟာ ကျကျ လုပ်ကြလျှင် “အနီးကပ် ဆက်ဆံမှု” လမ်းစဉ်က အလုပ်ဖြစ်မည်ဟု ဆိုပါသည်။ “စနစ်တကျ ကြိုးစားမယ်၊ ကြံစည်မယ် ဆိုရင် နိုင်ငံရေး ဗျူဟာတခု အနေနဲ့ အောင်မြင်မှု၊ ထိရောက်မှု အလားအလာတွေ ရှိပါတယ်” ဟု သူက ဆိုသည်။

ဒီလိုကြိုးစားတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်က အတိုက်အခံ လှုပ်ရှားမှု၊ တိုင်းရင်းသားများရဲ့ နိုင်ငံရေး၊ စစ်ရေး ကြံ့ကြံ့ခံ တော်လှန်မှုများကို အားသစ်လောင်းတဲ့ အသွင် ဆောင်သင့်တယ်။ ၎င်းတို့ အင်အားကို ချိနဲ့စေတာ မျိုးတော့ မဖြစ်သင့်ဘူး ဟု နိဒါန်းတွင် ရေးထားလေသည်။ ။




စီးပွားရေးပိတ်ဆို့မှု ဆင်ခြေ နဲ့ ဒါ … ဒို့ ဗမာစစ်အစိုးရ

လမ်းပေါ်က အိုင်တီကိုကို

စက်တင်ဘာ ၆၊ ၂၀၀၉
အခုတလော အမေရိကန်နိုင်ငံက အမတ်မင်း ဂျင်ဝက် မြန်မာပြည်ကိုလာ၊ တပ်ချုပ်ကြီးနဲ့တွေ့၊ ယက်ထောကို ကယ်ထုတ်တာရယ်။ အိုဘားမားအစိုးရက မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ ပေါ်လစီ ကို ပြင်မယ်၊ ပြောင်းမယ်၊ အသံဟစ်တာရယ် နဲ့ ပွဲဆူနေလို့ ဒီဆောင်းပါးလေး ရေးလိုက်မိတာပါ။

အမေရိကန်က ဘာကြောင့် မြန်မာနိုင်ငံ ကို စီးပွားရေး ပိတ်ဆို့သလဲ ဆိုရင် သူစီးပွားရေး လုပ်လို့ မရလို့ပါ။ ၁၉၈၈ စစ်အစိုးရ အာဏာသိမ်းပြီးတော့ ပထမဆုံး ဝင်လာလိုက်တာ အမေရိကန် ကုမ္ပဏီတွေချည်းပါပဲ။ ဂျပန် နဲ့ အင်္ဂလန် ဆိုတာ သူ့နောက်ကမှပါ။ အာဏာသိမ်း စစ်အစိုးရ ကို မထောက်ခံဘူး ဆိုရင် အဲဒီ ကတည်းက လာစရာ အကြောင်း မရှိပါဘူး။

ဝင်လာပြီး ၃ - ၄ နှစ် ကြာတော့ မြန်မာနိုင်ငံရဲ့ ကြိုးနီ စနစ်ပေါ်ကို အခြေခံပြီး လုပ်စားနေတဲ့ ဗိုလ်ချုပ်တွေရဲ့ ဒဏ်ကို မခံနိုင် လို့ သူ့ကုမ္ပဏီတွေ တဖြည်းဖြည်း ထွက်ကုန်တော့ စီးပွားရေးပိတ်ဆို့မှု စ ပါတယ်။

ဘယ်သူ့ကြောင့် တိုင်းပြည် မတိုးတက်ဘူး ဆိုတာ ဦးနေဝင်းလက်ထက် ကတည်းက စ လာခဲ့တဲ့ လက်ညှိုးထိုးမှပါ။ ဦးနေဝင်းလက်ထက် က ဗကပ နဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေ ကို အပြောင်မရှင်းဘဲ၊ သူတို့ကြောင့် တိုင်းပြည် မတိုးတက်ဘူး ဆိုပြီး လက်ညှိုးထိုးတယ်။ ၁၉၈၈ နောက်ပိုင်း ကြတော့ NLD ကို လက်ညှိုးထိုးတယ်။ ၁၉၉၅ - ၉၆ နောက်ပိုင်း အမေရိကန် က စီးပွားရေး ပိတ်ဆို့မှု စ တော့ အမေရိကန်ကို လက်ညှိုးထိုးတယ်။ အမေရိကန်က စီးပွားရေး ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှု လုပ်မှ တိုင်းပြည် ချမ်းသာမယ် ဆိုရင် ဒါဟာ ပြည်ပ အားကိုး တာပါပဲ။

စစ်အစိုးရ လက်ထက်မှာ ပြစရာ နမူနာတွေ အများကြီးပါ။ ၁၉၉၀ ပြည့်လွန်နှစ် တွေ က မြန်မာ့မီးရထားမှာ ဝန်ကြီး ဦးဝင်းစိန် လက်ထက်၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ဆိုပြီး ပုဂ္ဂလိက ကုမ္ပဏီတွေ ကို လုပ်ပိုင်ခွင့်တွေ ပေးခဲ့ပါတယ်။ MFF တို့ ဒဂုံမန်း တို့ပေါ့။ ဦးဝင်းစိန်လဲ ပြုတ်ရော၊ ပုဂ္ဂလိက ကုမ္ပဏီတွေဆီက အကုန်ပြန်သိမ်းပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေ ရှိစဉ်က လက်မှတ်ဝယ်ရတာ၊ တွဲသန့်ရှင်းရေး တော်တော် ကောင်းပါတယ်။ အဲဒါ အမေရိကန် ရဲ့ စီးပွားရေးပိတ်ဆို့ မှုနဲ့ မဆိုင်ပါဘူး။

၁၉၉၅-၂၀၀၃ ခုနှစ် အတွင်းမှာလည်း ပြည်တွင်း ဘဏ်လုပ်ငန်းတွေ အရမ်းကို တိုးတက်လာပါတယ်။ ပြည်တွင်းမှာ ခရက်ဒစ်ကတ် တွေ တော်တော် တွင်ကျယ်နေပါပြီ။ ငွေလွဲဆိုတာလဲ မိနစ်ပိုင်း အတွင်းနဲ့ ပြီးပါတယ်။ ၂၀၀၃ ခုနှစ်မှာ စပြီးတော့ အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ ဘဏ်တစ်ခုပြီး တစ်ခု ရှင်းပစ်ပါတယ်။ စည်းကမ်းမရှိရင် စည်းကမ်း ထိန်းရမှာပါ။ ဘဏ်တွေ ကို ကြည့်ကြပ်ဖို့ ဗဟိုဘဏ်ရှိပါတယ်။ မကြည့်ကြပ်ဘဲနဲ့ ပြဿနာ ဖြစ်လာတော့မှ ဖျက်သိမ်းပစ်တာ ဘာနဲ့ တူသလဲ ဆိုတော့ သားသမီးကို လိမ္မာအောင် မဆုံးမပဲ မိုက်လို့ သတ်ပစ်တာနဲ့ တူပါတယ်။ အဲဒါလဲ အမေရိကန် ရဲ့ စီးပွားရေးပိတ်ဆို့ မှု နဲ့ မဆိုင်ပါဘူး။

၂၀၀၀ ခုနှစ် ဝန်းကျင်က ဂျပန်နိုင်ငံက အာဂျီနိုမိုတို (အချိုမှုန့်) စက်ရုံ လာတည်ဆောက်ပါတယ်။ စက်ရုံ ဆောက်တုန်းက ခွင့်ပြုပြီးတော့ စက်လည်ခါနီးတော့ အချိုမှုန့် က ကျန်းမာရေးနဲ့ မညီညွတ်လို့ဆိုပြီး ခွင့်မပြုပါဘူး။ အဲဒီနောက်ပိုင်း ဂျပန် ကုမ္ပဏီတွေ အချင်းချင်း လက်တို့ပြီး မြန်မာနိုင်ငံမှာ စက်ရုံဆောက်ဖို့ လက်တွန့် ကုန်ပါတယ်။ အဲဒါ အမေရိကန် ရဲ့ စီးပွားရေးပိတ်ဆို့မှု နဲ့ မဆိုင်ပါဘူး။

နမူနာတွေ ရေးရရင် အများကြီးပါ။ မိုးမခ စာမျက်နှာတွေ အကုန် ပြည့်ကုန်ပါလိမ့်မယ်။

အမေရိကန် က သူစီးပွားရေးလုပ်လို့ ရရင် စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းမှာပါ။ ဗီယက်နမ် ကို နမူနာ ကြည့်ပါ။ ဗီယက်နမ်က တံခါးဖွင့် စီးပွားရေး နဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တွေလဲ အလုပ်ဖြစ်ရော အမေရိကန်က ပိတ်ဆို့မှုတွေ ရုတ်သိမ်းပြီး သွားရင်းနှီးမြုပ်နှံတာပါပဲ။

အမေရိကန်က မြန်မာပြည်မှာ စီးပွားရေးလုပ်လို့ မရတဲ့အတူတူ အကြောင်းအမျိုးမျိုးပြပြီး စီးပွားရေးပိတ်ဆို့လိုက်တော့ သူ့မှာ နိုင်ငံရေးအရ အမြတ်ထွက်သွားတာပေါ့။ အဲဒီလိုပဲ စစ်အစိုးရ က လဲ ကိုယ့်ဖာသာကို စီးပွားရေးကောင်းအောင်မလုပ်နိုင်တော့ အမေရိကန်ကို လက်ညှိုးထိုးစရာ ရသွားတာပေါ့။

နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုလုပ်မှ၊ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းမှ မြန်မာပြည် ချမ်းသာမယ် ဆိုတာ ပြည်ပအားကိုး ပုဆိန်ရိုး တွေရဲ့ စကားပါ။ အရူးမ လို အခုတမျိုး တော်ကြာတမျိုး ဖြစ်နေတဲ့ စစ်အစိုးရကို ဘယ်သူကလာပြီး လင်တော်ချင်မှာလဲ။ လင်မရလဲ ကိုယ့်ဟာကို ရပ်တည်နိုင်ကြောင်း မျိုးချစ်စစ်အာဏာရှင်ကြီးတွေနဲ့ သူတို့နောက်လိုက်တွေက သက်သေပြရဲရမှာပေါ့။

မလေးရှား အချုပ်ခန်းများမှ မြန်မာပြည်သား ၄၉ ဦး ရန်ကုန်သို့ရောက်
မိုးမခအထောက်တော် အမှတ် ၀၀၄

မလေးရှား အချုပ်ခန်းများမှ မြန်မာပြည်သား အလုပ်သမား ၄၉ ဦး ပြည်တော်ပြန်နိုင်ပြီ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

သတင်းထဲတွင် မြန်မာပြည်သားများကို ဖမ်းဆီးအကျဉ်းချခံထားရသည်ဟု ဖော်ပြထားခြင်း မရှိပေ။



၎င်းတို့ကို "မလေးရှားနိုင်ငံ၌ ရောက်ရှိနေသော အခက်အခဲများ ရင်ဆိုင်နေရသည့် မြန်မာအလုပ်သမားများ" ဟု ဖော်ပြသည်။

၂နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုအရ ထို ၄၉ ဦးသည် ပထမအသုတ် အဖြစ် ရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒုတိယအသုတ် နှင့် တတိယအသုတ်များ မည်သည့်အချိန်တွင် ရောက်ရှိမည်ကို ခန့်မှန်း ဖော်ပြထားခြင်း မရှိပါ။ ကျန်ရှိသည့် အရေအတွက်၊ မည်သည့်အကြောင်းကြောင့် မလေးရှားတွင် သောင်တင်နေရသည်တို့ကိုလည်း ဖော်ပြမထားပေ။

မလေးရှားသို့ တရားဝင် သွားရောက် လုပ်ကိုင်သော မြန်မာပြည်သားများ ရှိသကဲ့သို့ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး မလေးရှားသို့ တရားမ၀င် ခိုးဝင်သူများလည်း အများအပြား ရှိသည်။

မလေး အာဏာပိုင်များက စစ်ဆေးသည့်အခါ တရားဝင် စာရွက်စာတမ်း၊ လက်မှတ် ပြသနိုင်ခြင်း မရှိပါက ဖမ်းဆီးထိန်းသိမ်း ခံရသည်။ မလေးတွင် ထိုသို့ ထိန်းသိမ်းခံနေရသူ မြန်မာပြည်သား အရေအတွက်မှာ ၃၀၀၀ နီးပါး ရှိသည်။

ထည့်သွင်း ချုပ်နှောင်ထားသည်ဟု သိရသည်။ ရောဂါကူးစက်မှုများ ဖြစ်ပွားပြီး အသေအပျောက် သတင်းများလည်း မကြာခဏ ထွက်ပေါ်နေသည်။

ဤအခြေအနေတွင် မြန်မာပြည်သား ၄၉ ဦး ပြန်လည် လွတ်မြောက်ပြီး ရန်ကုန်သို့ ရောက်သွားသည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။


သတင်းထဲက ဂဏန်းများ၊ လမ်းဖောက် တံတားဆောက်ရန် လှူဒါန်းကြသည့် ဆံပင် အလေးချိန်
စက်တင်ဘာ ၅၊ ၂၀၀၉
၁၂၄၁ ပိဿာ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အနီးရှိ လည်ငေါက်-ချင်ပြစ်လမ်း ဆောက်လုပ်ရန် အလှူခံခဲ့ရာ မန္တလေးမြို့သူမြို့သားများက ကျပ် ၂၈၈ သိန်း၊ လက်ဝတ် ရတနာများ နှင့် ဆံပင် ၁၂၄၁ ပိဿာ လှူဒါန်းကြသည်ဟု မော်ဒန်သတင်းဂျာနယ်တွင် ရေးထားသည်။

ထိုလမ်းသည် ကျေးရွာပေါင်း(၆၀) ကျော်မှ ဒေသခံ လူထု အားကိုးရသည့် လမ်းဖြစ်သည်ဟု www.shwenantthar.com တွင် ဖော်ပြထားသည်။ ပျက်နေသော လမ်းကို အလှူခံပြီး ပြုပြင်ကြရာ ငွေကြေး အခက်အခဲရှိသူများက ဆံပင်ဖြတ်ပြီး လှူကြလေသည်။

လမ်း ပြုပြင်ရေး စီမံကိန်းတွင် တံတား ၈ စီး ဆောက်လုပ် ပြီးစီးသွားပြီဟု ဆိုသည်။ ဆံပင် ရောင်းချပြီး ရလာသည့် ငွေအများအပြားကိုလည်း အသုံးပြုခဲ့သောကြောင့် ထိုတံတားများကို ရွှေဆံနွယ် တံတားများ၊ ရွှေဆံပင် တံတားများဟု ခေါ်ကြသည်။

တခြား မြို့ကြီးများတွင်လည်း ထို လမ်း ပြုပြင်ရေး စီမံကိန်းအတွက် ဆံပင်၊ ငွေသား၊ လက်ဝတ် ရတနာများ လှူဒါန်းမှုများ ရှိခဲ့သည်။

ဆံပင်အတု ပြုလုပ်သည့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပါက ဆံပင် ၁ ပိဿာလျှင် ကျပ်ငွေ ၂ သိန်း ၀န်းကျင် ရရှိနိုင်သည်။


အိမ်ထောင်ဆက် များရခြင်းအကြောင်းကို ထက်ထက်မိုးဦး ထုတ်ပြော
မိုးမခအထောက်တော် ဝဝ၆
စက်တင်ဘာ ၅၊ ၂၀၀၉

အိမ်ထောင်ဆက် များရခြင်းမှာ ထိန်းကျောင်းပဲ့ကိုင်ပေးမည့်သူ မရှိသောကြောင့် ဖြစ်သည်ဟု နာမည်ကျော် သရုပ်ဆောင် ထက်ထက်မိုးဦးက ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ဝေသော အလင်းတန်း ဂျာနယ်မှတဆင့် ပြောကြားလိုက်သည်။

“ထက်ထက်ဘ၀မှာ ထိန်းကျောင်းပဲ့ကိုင်ပေးမယ့်သူ တစ်ယောက်မှ အနီးကပ် မရှိခဲ့တာကြောင့် အမှားတွေ အများကြီး ကျူးလွန်ခဲ့မိတယ်။ အိမ်ထောင်ဆက် များခဲ့တယ်” ဟု ထက်ထက်မိုးဦးက ဆိုသည်။

မင်းသမီးဖြစ်နေသောကြောင့် အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး လူပြောခံရခြင်း ဖြစ်သည်ဟု ထက်ထက်မိုးဦးက ပြောသည်။

“ဂျာနယ်တစ်စောင်က နှိုင်းယှဉ်ပြသလို အိမ်ထောင် ၇ ဆက် ရှိတဲ့ မင်းသမီးကြီးလောက်တော့ မဟုတ်ပါဘူး။ မဖြစ်ချင်ဘဲနဲ့ မျက်နှာများတဲ့ မိန်းမ ဖြစ်ခဲ့ရတယ်။ ထက်ထက်လို အိမ်ထောင်ဆက် များတဲ့ မိန်းမတွေ အပြင်လောကမှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် သူတို့က အရပ်သူ ဆိုတော့ မသိကြဘဲ ထက်ထက်ကသာ ပြည်ပေါ်မှာ ရွှေကြော်ငြာ အထုတ်ခံနေရတဲ့ ဘ၀ပါ” ဟု ဆိုသည်။

ဂျာနယ်တချို့တွင် ရေးသားကြခြင်းကြောင့် ဒေါသထွက်ရသည်ဟုလည်း ပြောလိုက်သည်။

“အမနာပ တစ်တစ်ခွခွ သမီးချင်း မစာမနာ ရေးကြတာကို ဖတ်ရတော့ ပုထုဇဉ်သာဖြစ်တဲ့ ထက်ထက် ဒေါသ ထွက်ခဲ့ပါတယ်” ဟု ပြောသည်။

သြဂုတ်လ ၁ဝ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်တွင် ဗီဒီယို သရုပ်ဆောင် တဦး ဖြစ်သူ ဇူးမြတ်ထက်နှင့် လက်ထပ်သည့် သတင်းကို တွေ့ရသည်။

ထိုသတင်း၌ပင် ထက်ထက်မိုးဦးတွင် ကိုယ်ဝန် ဆောင်ထားပြီဖြစ်ကြောင်း ဖော်ပြထားသည်။

မိုးကုတ်မြို့ဇာတိ အကယ်ဒမီ ထက်ထက်မိုးဦးသည် အသက် ၄၀ ၀န်းကျင်ရှိပြီဖြစ်သည်ဟု ယူဆရသည်။

သူ၏ မွေးနေ့ရောက်တိုင်း အလှူအတန်း ပြုလုပ်လေ့ ရှိသော်လည်း ထက်ထက်မိုးဦးက သူ၏ အသက်ကို ထုတ်ဖော် ပြောလေ့ မရှိပေ။

သူ၏ အိမ်ထောင်ရေးအကြောင်း ဂျာနယ်များက ရေးသားကြရာတွင် သူပြုခဲ့သည့် အလှူအတန်းများအကြောင်း ထည့်သွင်းခြင်း မရှိသည့်အတွက်လည်း မင်းသမီးက ကန့်ကွက်လိုက်သည်။

“သမီးလေ ကျောင်းတွေ၊ သိမ်တွေ၊ ဘုရားတွေ၊ စာသင်ကျောင်းတွေ လှူခဲ့တဲ့အပြင် တစ်သက်တာ ရဟန်းအစ်မ၊ ကျောင်းအစ်မ ခံယူထားတာတွေလည်း အများကြီးပါ။ ဒါပေမယ့် အဲဒါတွေကျတော့ ထည့်မပြောကြတော့ပါလား။ ကောင်းတာကို မမြင်တတ်ကြဘဲ မကောင်းတာကိုချည်း ရွေးမြင်ကြတာက လူ့သဘာဝပဲ လို့ ထက်ထက် ဖြေပါတယ်” ဟု ဆိုသည်။

ထက်ထက်မိုးဦးသည် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်စဉ်က မှုံရွှေရည် ဟူသော အမည်ကို သုံးခဲ့သည်။ နောက်ပိုင်းတွင် ထက်ထက်မိုးဦးဟု အမည်ပြောင်းလဲပြီးနောက်တွင် တရှိန်ထိုး အောင်မြင်ခဲ့သည်။



သံပရာသီခွဆုံမှ လူကြီးများတွေ့ဆုံခွင့်ကို အာဏာပိုင်များက ပိတ်ပင်

9/5/2009

ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ လူသိများသော သံပုရာသီး ခွဆုံ (လမ်းဆုံ)တွင် လူကြီးများ စကားပြောဆို ဆွေးနွေးခြင်းကို အာဏာပိုင်များက ပိတ်ပင်လိုက်သည်။

အမည်မဖေါ်လိုသူ လူကြီး တဦးက “ ကျနော်တို့အထဲက အသက်အရွယ် ကြီးရင့်နေတဲ့ လူကြီး နှစ်ဦးကို အမှတ်(၁) ရဲစခန်းကို ခေါ်ယူပြီး သံပုရာသီး ခွဆုံမှာ လူစု လူဝေး မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။ ဒါ့အပြင် ဦးဥတ္တမ ပန်းခြံထဲမှာလည်း လူတွေ စုပြီး စကားပြောတာတွေ မလုပ်ဖို့ ပြောတယ်လို့ သိရပါတယ် ” ဟု ပြောသည်။

စစ်တွေတွင် သံပုရာသီး ခွဆုံမှာ မင်းကြီးကျောက်တန်း အနီးတွင် တည်ရှိပြီး အသက်အရွယ် ကြီးရင့်နေသူများ၊ အစိုးရ အငြိမ်းစားရ ၀န်ထမ်းများနှင့် အလုပ်အကိုင် မရှိသူ အသက် ၆၀ ထက် အထက် လူကြီးများ စုဝေး စကားပြောဆိုလေ့ရှိသော နေရာဖြစ်သည်။

ကမ်းနားလမ်းက လူငယ် တဦးက “လူကြီးတွေက အမြဲ သံပရာသီး ခွဆုံက လဘက်ရည် ဆိုင်တွေမှာ စုဆုံပြီး နိုင်ငံရေး အကြောင်း၊ အစိုးရ အကြောင်း၊ ဘော်လုံးပွဲ အကြောင်း စတာတွေကို ပြောကြဆိုကြ ငြင်းခုံကြလေ့ရှိပါတယ်။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော် လေးဆယ်ကတည်းက စစ်တွေမှာ တည်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။ ခုတော့ လူကြီးတွေ လွတ်လပ်မူကို စစ်အာဏာပိုင်တွေက ပိတ်ပင်လိုက်တယ်လို့ ကြားရပါတယ် ” ဟု ပြောသည်။

ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းမှာ အဆိုပါ အသက်အရွယ်ကြီးရင့်နေသော လူကြီးများမှ ရေဒီယိုမှ ထုတ်လွင့်သော သတင်းများ အပြင် တခြားမှ ရရှိသော သတင်းများကို သံပရာသီး ခွဆုံတွင် ထိုင်ကာ အချင်းချင်းဖလှယ်ပြီး နိုင်ငံရေး အခြေအနေများကို သုံးသပ် ဝေဖန် ပြောဆိုကြလေ့ရှိသည်ဟု သိရသည်။

“ကျနော်တို့ လူကြီးတွေဆိုတော့ နိုင်ငံရေး လုပ်တာတော့ မဟုတ်ပါဘူး။ ဘီဘီစီ၊ ဗွီအိုအေနဲ့ အာရ်အက်ဖေတို့က မြန်မာ သတင်းတွေပါလာရင် သူအထင် ကိုယ်အထင် ပြောကြ ဆိုကြ ငြင်းခုံကြတာတွေတော့ ရှိပါတယ်။ ဒါကို အာဏာပိုင်တွေက အစိုးရကို ဆန့်ကျင်တဲ့ စကားတွေ ပြောတယ်လို့ ယူဆပြီး ခုလို ပိတ်ပင်တာ ဖြစ်ပါတယ် ” ဟု အဆိုပါ လူကြီးက ပြောသည်။

စစ်တွေတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်မည်ကို အာဏာပိုင်များက စိုးရိမ်မူရှိနေပြီး လုံခြုံရေး တင်းကျပ်ထားစဉ် ထိုကဲ့သို့ သံပရာသီး ခွဆုံနှင့် ဦးဥတ္တမ ပန်းခြံတွင် လူကြီးများ စုဝေး စကားပြောဆိုခွင့်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

စစ်တွေတွင် အဆိုပါ လူကြီးများ အမြဲမပြတ် စုဆုံနေသော ၎င်းနေရာအား သံပရာသီး ခွဆုံ(လမ်းဆုံ)ဟု အမည်ပေးထားခြင်းမှာ အသက်အရွယ် ကြီးရင့်နေသော အဆိုပါ လူကြီးများ အနေဖြင့် နိုင်ငံရေး၊ လူမူရေး အပါအ၀င် အချစ်ရေး၊ ကြိုက်ရေး၊ အိမ်ထောင်ရေးနှင့် အမျိုးသမီး အရေးများကိုပါ အဆိုပါ နေရာတွင် ဆွေးနွေး ငြင်းခုံလေ့ရှိ ကြသဖြင့် စစ်တွေဒေသခံများက အဆိုပါ နေရာရောက် လူကြီးများကို သံပရာသီးဟု အမည်ပေးရာမှ အဆိုပါနေရာကို လူအများက သံပရာသီး ခွဆုံဟု ခေါ်ဆိုကြခြင်း ဖြစ်သည်ဟု သိရသည်။




ဆီဆွမ်းလောင်းအလှူပွဲတွင် အာဏာပိုင်မှ လုံခြုံရေးတင်းကြပ်ထား
Sat 05 Sep 2009, IMNA, မိကျလွန်းထော
စက်တင်ဘာ (၂) ရက်နေ့ မြန်မာအဖိတ်နေ့တွင် ဆံတော်ရှင်ရိုးဂိုးဘုရား၌ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသော သံဃာတော်များအား ဆီဆွမ်းလောင်း အလှူပွဲတော်တွင် မြန်မာအာဏာပိုင်တို့က ဘက်ပေါင်းစုံ အဖွဲ့စည်းမှ လုံခြုံ ရေးများ တင်းကြပ်စွာ ချထားကြောင်း သိရသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာရှိ ဆံတော်ရှင်ရိုးဂိုးဘုရားတွင် ဝတ်စုံအပြည့်အစုံနှင့် စစ်သားများ၊ ကြံ့ဖွတ်၊ မီးတပ်၊ မော်တော်ပီကယ်၊ စုစု ပေါင်း အယောက် ၁၀၀ ခန့်တို့က ဘုရား၏ အရှေ့၊ အနောက် ပတ်ပတ် လည်တွင် စောင့်ကြပ်နေကြပြီး ရွာထဲတွင်လည်း လုံခြုံရေးအများအပြား ချထားသည်ဟု ကိုယ်တိုင်ဆွမ်းခံကြွခဲ့သည့် သံဃာတော်တစ်ပါးက မိန့်ကြားသည်။

မြန်မာအာဏာပိုင်အချို့က ဆီဆွမ်းလှူဒါန်းပွဲတွင် စစ်ဝတ်စုံအပြည့်နှင့် လှူ ဒါန်းနေသဖြင့် အချို့ သံဃာတော်များက ၄င်းတို့လှူဒါန်သော ပစ္စည်းကို လက်မခံပဲ ရှောင်ထွက်သွားသော သံဃာတော်များလည်း ရှိသည်ဟု သိရသည်။

“ဦးဇင်းတို့က ဒကာတွေပေးတဲ့အလှုကို ဒါနမြောက်အောင် ဆွမ်းခံနေတာ ပါ၊ အခုလိုမျိုး စစ်ဝတ်စုံအပြည့်နဲ့ စောင့်နေတာဟာ အလှူပေးတဲ့သူတွေအ တွက် သဒ္ဒါပျက်စေပါတယ်” ဟု မော်လမြိုင်မြို့မှ သံဃာတော်တစ်ပါးက မိန့်သည်။

၎င်းဆီဆွမ်းပွဲတော်တွင် လူဦးရေ ၂ သောင်းနီးပါးတို့ လာရောက်လှုဒါန်း ကြပြီး အာဏာပိုင်တို့က ယခင်နှစ်ထက် လုံခြုံရေးတင်းကြပ်စွာ ချထား ကြောင်း ရွာသူရွာသားများက ပြောသည်။


“ဘုရားမှာလည်း လုံခြုံရေး နေရာအနှံ့ ချထားတယ်၊ ဒါတင်မကဘူး ရွာထဲ မှာလည်း အများကြီးပဲ၊ မနှစ်က ဒီလောက်မရှိဘူး၊ ဒီနှစ်က သေနတ်အပြည့် နဲ့ စောင့်နေတယ်၊ အလှူလုပ်တဲ့ပွဲမှာ ဒီလိုစောင့်နေတာ မဖြစ်သင့်ဘူး” ဟု ၄င်းက ဆက်ပြောသည်။

၎င်းဆီဆွမ်းလောင်းပွဲတော်တွင် ဂိုဏ်းပေါင်းစုံ စာသင်တိုက်ကျောင်း ၁၅၀ ကျောင်း မှ သံဃာတော်အပါး ၂ ထောင် နီးပါးနှင့် သီလရှင်အပါး ၁၀၀ ခန့် ဆွမ်းခံကြွကြသည်။ သံဃာတော်များမှာ မော်လမြိုင်၊ မုဒုံ နှင့် သံဖြူဇရပ်မြို့ မှ သံဃာတော်များဖြစ်သည်။

သံဃာတော်များ စာရွက်ဖြန့်ဝေပြီး စက်တင်ဘာအရေးအခင်းလို လမ်း လျှောက်ဆန္ဒပြမည်ကို မြန်မာစစ်အစိုးရက စိုးရိမ်သောကြောင့် ထိုသို့ လုံခြုံရေးများ နေရာတိုင်း၌ ချထားရသည်ဟု ၄င်းအလှူပွဲသို့ ဆွမ်းခံခဲ့သည့် မုဒုံမြို့မှ သံဃာတော်တစ်ပါးက မိန့်သည်။

ရိုးဂိုးဆံတော်ရှင်ဘုရားရှိ ဆီဆွမ်းလောင်းပွဲတော်သည် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပြီး ၂၀၀၇ စက်တင်ဘာအရေးခင်းနှစ်တွင် တစ်နှစ်ရပ်နား ခဲ့ရသည်။ လုံခြုံရေးများ နှစ်တိုင်းချထားသော်လည်း ယခုနှစ်မှာ ပိုမို တင်းကြပ်ထားသည်ဟု သိရသည်။


မရှိလည်း ကောင်း ရှိမကောင်း သို့မဟုတ် စာပေကင်ပေတိုင်

မိုးမခ အထောက်တော်၊ ရန်ကုန်

စက်တင်ဘာ ၃၊ ၂၀၀၉

ယခုတပတ်ထုတ် လျှပ်တပြက်ဂျာနယ်ပါ ဆောင်းပါးအချို့ကို ဖတ်ရှုပြီးနောက် စာနယ်ဇင်းလောကမှ ဂျာနယ်လစ် အချို့ အမြင်ရှုပ်ထွေးကုန်ကြပါတယ်။ အစဉ်အမြဲ စာပေလွတ်လပ်ခွင့်နဲ့ စာနယ်ဇင်းသမားများ အခွင့်အရေး အတွက် ပြောဆိုရေးသားခဲ့တဲ့ လူထုစိန်ဝင်းက စာပေစိစစ်ရေး ညွှန်မှူး ဗိုလ်မှူး တင့်ဆွေ (ကလောင် အမည် ရဲရင့်တင့်ဆွေ) ရဲ့ဆောင်းပါးများ စုစည်းပြီးထုတ်တဲ့ စာအုပ်မှာ အမှာစာရေးပေးခဲ့ပြီး ဗိုလ်မှူး တင့်ဆွေကို `စာပေကို တန်ဖိုးထားသလို စာရေးဆရာတွေအပေါ်မှာလည်း စာနာစိတ်ရှိတဲ့သူလို့ မှတ်ချက်ချမိတယ်´ `ဒီအဖွဲ့လက်ထက်မှာ ကိုယ်တိုင်ရေး တဲ့စာတွေ အဖြုတ်ခံရတာ သိသိသာသာကြီးကို လျော့နည်းသွားတာ လည်းအမှန်ဖြစ်တယ်´ လို့ရေးသားထားတာတွေ့ရပါတယ်။

ဆရာလူထုစိန်ဝင်း ဘယ်လို ဖြစ်သွားပါလိမ့် ဆိုပြီး စာနယ်ဇင်းလောက ထဲကသတင်းထောက်တွေ မေးကုန်ကြပါတယ်။ စိစစ်ရေးကို ရှုမြင်ပုံတွေ ပြောင်းကုန်ပြီလား၊ တကယ်ပဲ စိစစ်ရေးဟာ ပြောင်းလဲလာသလား ဆိုတဲ့မေးခွန်းတွေ အချင်းချင်း မေးမြန်းကုန်ကြပါတယ်။

ဆရာက စာပေစိစစ်ရေး ရှိတာကို ရှိသင့်တဲ့သဘောမျိုး လက်ခံထားလိုက်ပြီလား၊ လူပုဂ္ဂိုလ်အရ ကောင်းတယ်ဆိုးတယ် ဆိုတာ အငြင်းပွားနိုင်သော်လည်း စိစစ်ရေး ရှိနေတာကိုက စာအုပ်စာပေ လွတ်လပ်စွာ ထုတ်ဝေဖို့၊ သတင်းတွေ မြန်မြန်ဆန်ဆန် စာဖတ်သူဆီရောက်ဖို့ ၊ လူတွေဖတ်ချင်တဲ့ သတင်းအချက် အလက်မှန်တွေ တတ်နိုင်သမျှ မရောက်အောင်နဲ့ အစိုးရရဲ့ ၀ါဒဖြန့်ချက်၊ လူထုရဲ့ ခံစားနေရတဲ့ ခံစားချက်ကို ပြောင်းပြန်လှန်ထားတဲ့ ၀ါဒဖြန့်ချက်တွေ ပုဂ္ဂလိက စာစောင်တွေမှာ အခမဲ့ ထည့်သွင်းစေဖို့အတွက် စာပေ စိစစ်ရေးဆိုတာ ယန္တရား တခုဆိုတာ ဆရာမပြောတော့ဘူးလား စသဖြင့် လူငယ် သတင်းထောက်များအကြား မေးမြန်းလာကြပါတယ်။

သတင်းမီဒီယာ တင်မကပဲ တေးသီချင်းရေးဖွဲ့သူ၊ ဘာသာရေး စာအုပ်စာတန်းတွေ ထုတ်ရာမှာ၊ နိုင်ငံရေး အထုပ္ပတ္တိစာအုပ်စာပေ၊ သမိုင်းစာပေတွေ ထုတ်ဝေရာမှာပါ စာပေစိစစ်ရေးဟာ အတားအဆီးကြီး တခု၊ ထည့်သွင်းမစဉ်းစားလို့ မရတဲ့အရာ တခုပါ။ ၁၉၆၂ တော်လှန်ရေးကောင်စီအာဏာ သိမ်းပြီး စစ်တပ်အာဏာရှင် စနစ်နဲ့ အုပ်ချုပ်လာပြီးနောက် စာပေစိစစ်ရေးယန္တရားကို တည်ထောင်ခဲ့တာပါ။

စာပေလောက၊ သတင်းမီဒီယာလောကမှာ စာပေစိစစ်ရေးဟာ အစဉ်အမြဲ ဆူးညှောင့်ခလုတ်တခု၊ အတားအဆီးကြီး တခုဖြစ်နေတယ်လို့ ဒီလောကကလူတွေ အားလုံးနားလည်ထားကြပါတယ်။ သတင်းမီဒီယာ လောကက အယ်ဒီတာတွေ၊ ပိုင်ရှင်တွေက စာပေစိစစ်ရေးဆိုတာကို အိမ်ဦးခန်းမှာ ဆွဲထားတဲ့နတ်အုန်းသီးလို သဘောထားပြီး ပသနေကြရပါတယ်။ မ ပသတဲ့ဂျာနယ်၊ အယ်ဒီတာတွေကတော့ ကံမကောင်းနိုင်ကြရှာပါ။ ငွေကြေး အကျိုးအမြတ်ပေးသူ၊ လက်ဆောင်ပဏ္ဍာမှန်မှန် ပေးသူ၊ အစိုးရရဲ့ ပေါ်လစီကို ထောက်ခံရေးသားပေးတဲ့ ဂျာနယ်တွေဆို စိစစ်ရေးက အခွင့်အရေးပေးပြီး ၊ လူထုဘက်က ရပ်တည်သူ၊ အစိုးရအပေါ် ဝေဘန်တဲ့အမြင်ရှိတဲ့ အယ်ဒီတာ၊ သတင်းထောက်တွေရဲ့ ဂျာနယ်၊ ဆောင်းပါးတွေကို ဖြတ်တောက် ခုတ်ထစ်၊ အချိန်ဆွဲထား စတဲ့နည်းအမျိုးမျိုးနဲ့ နှောင့်နှေးအောင် ဈေးကွက်မှာ ရပ်တည်ရ ခက်အောင် လုပ်ဆောင်နေတယ်ဆိုတာ ဒီလောက ကအားလုံး သိရှိကြပါတယ်။

ရန်ကုန်မီဒီယာ အသိုင်းအ၀ိုင်းမှာ အလဲဗင်းမီဒီယာက စာပေစိစစ်ရေးကို အိတ်ထဲထည့်ထားတယ်ဆိုတာ အားလုံး လက်ခံထားကြပါတယ်။ သတင်းဂျာနယ် မထုတ်ခင်ကတည်းက ညဘက်သန်းကောင်ကျော် မှာကန်တဲ့ ဘောလုံးပွဲကို First Eleven က မနက်မှာ အချပ်ပိုနဲ့ဖေါ်ပြခွင့်ရှိခဲ့တာပါ။ အခုနောက်ပိုင်း သတင်းဂျာနယ်ထုတ်ဝေ လာတော့လည်း ဘယ်ဂျာနယ်တိုက်နဲ့မှ မတူတဲ့အခွင့်အရေးတွေ ရတာ၊ ညဘက်ဖြစ်ပွားတဲ့ သတင်းတွေ နောက်တရက်မနက်ထွက်တဲ့ အလဲဗင်းဂျာနယ်မှာ ဖေါ်ပြခွင့်ရခဲ့ပါတယ်။ အဲဒီလို ဖေါ်ပြခွင့်ပေးတာကို အခြားဂျာနယ်တိုက်တွေက ဝေဘန်ကြတဲ့အခါမှာ နောက်ပိုင်း အခြားဂျာနယ်တွေလည်း အဲဒီလိုသတင်းမျိုး ညဘက်သွားပြတာ၊ တာဝန်ခံပြီး သတင်းကို ဖေါ်ပြတဲ့ အခွင့်အရေးမျိုးနောက်ပိုင်းမှ ရကြတာပါ။

မကြာမီ သတင်းပတ်မှာတော့ ဆရာလူထု စိန်ဝင်းကို လျှပ်တပြက် အယ်ဒီတာချုပ် မြတ်ခိုင်က ချဉ်းကပ်ကာ အင်တာဗျူးလုပ်ပြီး မီဒီယာနဲ့ အန်ဂျီအိုဆိုပြီး အင်တာဗျူး ဖေါ်ပြခဲ့ပါတယ်။ မြတ်ခိုင်က ဆရာလူထုစိန်ဝင်းကို ခွဲထုတ်ပြီး စိစစ်ရေးနဲ့ ဆရာနဲ့အကြားမှာ ဘာမှ ပြဿနာမရှိတော့ သယောင် ပုံဖေါ်တာလို့ နားလည်သူကနားလည် ကြပေမယ့် အချို့သော မီဒီယာလောကမှ သူတွေကတော့ ဆရာများ ပြောင်းလဲသွားပြီလား ဆိုပြီး ထင်မြင်ကြပါတယ်။

သတင်းထောက်တယောက်က `ဆရာ့ အနားကို မြတ်ခိုင်တို့ ဗိုလ်မှူး တင့်ဆွေတို့ ကပ်လာကြတော့ ဆရာ အနီးမှုန်သွားသလား မပြောတတ်ဘူး၊ အဝေးမှာနေတုန်းကတော့ သူတို့ရဲ့ ပုံသဏ္ဍန်ဟာ ဘာဆိုတာကို ဆရာနားလည်ပေမယ့် အခုလို အနီးကပ်လာတော့ မှုန်ဝါးသွားလားမသိဘူး´ လို့အားမရတဲ့ လေသံနဲ့ ပြောပါတယ်။



ယခုတပတ် လျှပ်တပြက်ဂျာနယ်မှာ ရုပ်ရှင် မင်းသားကြီး ဦးထွန်းဝေ ရဲ့ ဓါတ်ပုံ ဖေါ်ပြခွင့်ရတာ၊ ဆရာတင်မိုးရဲ့ ဆောင်းပါး ယခုသီတင်းပတ်ပိုင်းမှာ ဖေါ်ပြခွင့်ရတာ၊ ဆရာတင်မိုးနာမည် ပြန်ဖေါ်ပြခွင့်ရတာ၊ ဆရာနန်းညွှန့်ဆွေရဲ့ ကလောင်ခွဲ သုခမိန်ကိုလည်း နန်းညွန့်ဆွေမှန်းသိလျက်နဲ့ စိစစ်ရေးက ဖေါ်ပြခွင့်ပြုတာတွေဟာ စိစစ်ရေး မူပြောင်းလဲလာပြီ ဆိုပြီး ရေးသားဖေါ်ပြထားပါတယ်။ ဦးထွန်းဝေ၊ ဆရာတင်မိုးတို့ကို အမည်ဖေါ်ပြခွင့်ပြုတာဟာ စာပေစိစစ်ရေးအနေနဲ့ သဘောထားကြီးတယ်လို့ ဆိုပါတယ်။ သူ့ရဲ့စာတွေ၊ သူတို့ရဲ့ အနုပညာလက်ရာတွေ ပြန်လည်ထုတ်ဝေ၊ ပြသခွင့်ရတာမဟုတ်ပါဘူး။

ယခုအချိန်ထိ ကျင့်သုံးလာတဲ့ အစိုးရနဲ့ သဘောကွဲလွဲတဲ့သူ အမည်ပါရင်တောင် ဖြုတ်ရမယ်ဆိုတဲ့ မူဟာ ဘယ်လောက်ထိ ကလေးကလား ဆန်တယ်ဆိုတာ၊ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေဆိုရင်လည်း ၈၈ ခုနှစ်နောက်ပိုင်းမှ သေဆုံးသည်အထိ ဆယ်လေးငါးနှစ် ကျော်သူ့အနုပညာတွေ ဖေါ်ထုတ်ခွင့်မရတော့တာ၊ အမည်တောင် ဖေါ်ပြခွင့်မရှိခဲ့တာဟာ စစ်အစိုးရ အာဏာရှင်စနစ်ရဲ့ ချုပ်ချယ်လွန်းတဲ့ မူဝါဒတွေဆိုတာ မေ့လို့မရပါဘူး။

အခုလက်ရှိမှာကိုပဲ နာမည်လေးတောင် ဖေါ်ပြခွင့်မရှိသူ စာရေးဆရာ၊ ကဗျာဆရာ သတင်းစာဆရာ တွေဒါဇင်နဲ့ ချီရှိနေပါသေးတယ်။ ကွယ်လွန်ပြီးသူတွေထဲမှာ မောင်သော်ကလို၊ သက်ရှိထင်ရှား ထဲကဆို မောင်စွမ်းရည်၊ ဒါရိုက်တာ ၀င်းဖေ၊ အဆိုတော် မာမာအေး စတဲ့သူတွေလည်း ရှိပါသေးတယ်။ သူတို့ရော အမည်ဖေါ်ပြခွင့်၊ ဓါတ်ပုံ ဖေါ်ပြခွင့်ရဖို့ ကွယ်လွန်ပြီးတဲ့ အထိစောင့်ဆိုင်းရမှာလား ဆိုတဲ့ မေးခွန်းတွေ မေးစရာရှိလာပါတယ်။

ဒီနေ့ သတင်းဂျာနယ် လောကမှာ သတင်းရေးနေတဲ့သူတိုင်း ကိုယ်ရေးတဲ့ အချက်အလက်ခိုင်လုံပြီး စာဖတ်သူဖတ်ရှု ရရင် အကျိုးလည်းရှိမယ့် သတင်းတပုဒ် စိစစ်ရေးမှာ ဖြုတ်တာခံလိုက်ရရင် ဘယ်လိုခံစားရသလဲ ဆိုတာ ခံစားရဖူးသူတိုင်း နားလည်ကြပါတယ်။

ပြီးခဲ့တဲ့နှစ် နာဂစ်ဖြစ်ပြီးခါစမှာ တပတ်သာသာလောက်ပဲ သတင်းတွေ ဓါတ်ပုံတွေ အတိုင်းအတာတခုထိ ဖေါ်ပြခွင့်ရခဲ့ပြီး နောက်မှာတော့ နာဂစ်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေ၊ ဒုက္ခရောက်နေဆဲ နေရာ ဒေသတွေ အကြောင်း၊ ဒုက္ခရောက်သူတွေအတွက် အကျိုးရှိမယ့် သတင်းတွေ၊ ကူညီမယ့်သူတွေအတွက် အထောက်အကူပြုမယ့် သတင်းအချက်အလက်တွေ အများစုဟာ စာပေစိစစ်ရေးကို ဖြတ်ကျော်မလာနိုင်ပဲ အမှိုက်ခြင်းထဲပဲ ရောက်ကုန်ပါတယ်။

နာဂစ် ပတ်သက်ပြီး သတင်းယူခဲ့တဲ့ သတင်းထောက်တချို့ဆိုရင် နှစ်ညအိပ် ၊ သုံးညအိပ် ဒုက္ခခံကာ သွားရောက်ပြီး သတင်းယူခဲ့တဲ့ အဖြစ်အပျက်တွေ စာဖတ်သူ ရှေ့မပို့နိုင်ပဲ စိစစ်ရေးမှာတင် မှင်နီနဲ့ ကြက်ခြေခတ်ခံလိုက်ရလို့ စိတ်ထိခိုက်ကာ မျက်ရည်ကျခဲ့တဲ့ အဖြစ်အပျက်မျိုးတောင် ပတ်ဝန်းကျင်မှာ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ပင်ပင်ပန်းပန်း ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်စေတာဟာ စိစစ်ရေးဆိုတဲ့ စနစ်ကြီးကြောင့်ပါ။

မြန်မာပြည်မှာလို စာပေစိစစ်ရေး ဆိုတာကြီး သူများနိုင်ငံတွေမှာ မရှိကြပါဘူး။ အခြားနိုင်ငံကသူတွေ ကြားတဲ့အခါ စာပေစိစစ်ရေးဆိုတာကြီးကို နားလည်အောင် မနည်းရှင်းလင်းပြရပါတယ်။ ကမ္ဘာမှာ မြန်မာနိုင်ငံလို စာပေစိစစ်ရေး ရှိတဲ့နိုင်ငံ လက်ချိုးရေးရလောက်အောင် နည်းပါးမှာပါ။

ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ မထုတ်နိုင်တာဟာလည်း စာပေစိစစ်ရေးကြောင့်ပါပဲ။ သတင်းတွေ အနည်းဆုံး နှစ်ရက်ကနေ အများဆုံး ၅၊ ၆ရက်ထိ ရက်ခေါက်ပြီးမှ စာဖတ်သူထံရောက် ရတာဟာလည်း စာပေစိစစ်ရေးကြောင့်ပါ။

စာပေစိစစ်ရေး ရှိတာ ဗိုလ်မှူးတင့်ဆွေကြောင့်မဟုတ်သလို ၊ ဗိုလ်မှူးတင့်ဆွေ ရှိနေလို့လည်း စာပေစိစစ်ရေးဆိုတာဟာ လက်ခံစရာ၊ ချီးမွမ်းစရာ ဌါနတခုမဟုတ်တာတော့ သေချာပါတယ်။ စာပေ စိစစ်ရေး ဆိုတာဟာ အမှန်တော့ လွတ်လပ်ပွင့်လင်းမှုလိုလားတဲ့ သတင်းသမားတိုင်း၊ စာပေ အနုပညာ လွတ်လပ်စွာ ဖန်တီးလိုသူတိုင်း အတွက်မလိုလား အပ်တဲ့ အဖွဲ့အစည်းပါပဲ။


ဂုဏ် နှင့် တန်ဘိုးကင်းသော လူများအကြောင်း
E-mail Print PDF

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

မြန်မာပြည် အတွင်းက မိသားစုတွေရဲ့ တကယ့်လက်တွေ့ ဘဝမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဘယ်သူကမှ ခရေစေ့ တွင်းကျ မသိနိုင်။

စင်္ကာပူသားလေး ပီဖင်းဂိုး ကတော့ သူတို့တွေရဲ့ နိစ္စဓူဝ ဘဝတွေ ဒွေရောယှက်တင် ထိစပ်နေရတော့ လူထုဘ၀ အခြေအနေမှန်ကို မပြောမဖြစ် မတီးမမြည် စကားလုံးလို ထောက်ပြ ပြောဆိုရင်း မီးမောင်းထိုးပြနိုင်မယ့် အချက်တွေကို တင်ပြရင်း မြန်မာ့ လူမှုစနစ် ပြုပြင်ပြောင်းလဲရေး အတွက် မဖြစ်မနေ ပြုလုပ်သင့်နေသော မြန်မာနိုင်ငံအတွက် တခုခုတော့ အထောက်အကူ ဖြစ်လိမ့်မည်ဟု ပီဖင်းဂိုးလေး ယုံကြည်မိသည်။

ယနေ့ သြဂုတ်လ၂၉ ရက်မှာ ပီဖင်းဂိုးလေး ရှိရာဆီ လူတယောက် ဖုန်းလာပြောသည်။ သူကတော့ ကြားလူ လူမှန် တဦးဖြစ်ပုံရသည်။ စင်ကာပူက သူ့မိတ်ဆွေ ဆီ သူ့အတွေ့အကြုံများကို ပြောပြနေခြင်း ဖြစ်သည်။ သူက ယနေ့ စစ်တပ်အုပ်ချုပ်သော အစိုးရ လက်ထက်တွင် အခြေအနေ အားလုံးသည် အတိုက်အခံများ ပြောသလို အလွန် ဆိုးဝါး မနေသကဲ့သို့ အစိုးရ ပြောနေသကဲ့သို့ အလုံးစုံ တိုးတက်နေသည် ဆိုသည်မှာလည်း မဟုတ်ကြောင်း ပြောသည်ကို စိတ်ဝင်စားဖွယ် စ ကြားရသည်။ သူသည် မေးရိုး လေးထောင့်စပ်စပ်နှင့် ဖြစ်သည်။ စူးရှတောက်ပသော မျက်ဝန်းအစုံ ရှိသည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်းတို့ ရှိသည်။ အများသူငှာ တို့ ပြောရိုး ပြောစဉ် မဟုတ်သည့် ထိုစကားတို့ကို အများသုံး ဖုန်းဆိုင်တွင် ပြောရဲသည့် သူ့သတ္တိ မသေး ဟုလည်း မှတ်ချက် ချမိသည်။

ဟုတ်သည်လေ။ မြန်မာလူမျိုး အများစုမှာ တလွဲဆံပင် ကောင်းကြသူများ ဖြစ်သည်ကို တွေ့ရဖန် များချေပြီ။ မဟုတ်သည့်နေရာမှာ သတ္တိပြိုင်ကြသည်။ တကယ်တမ်း တိုင်းပြည်နဲ့ လူမျိုးအတွက် ရဲဝံ့စွာ အသက် စတေးကြေး ထောင်နှုတ်ခမ်း နင်းကြေး။ ပေးဆပ်စကြေး ဆိုလျှင် ထွက်လာမည့်သူ နည်းပေလိမ့်မည်။ အရက် တပုလင်းကို တထိုင်တည်း အပြိုင်သောက်ရဲကြသည်။ ကွမ်းယာကို တနေ့အတွင်း နှစ်ထောင်ဖိုး အာပေါက်မတတ် အစားပြိုင်မလား ပြိုင်ရဲကြသည်။ ပိုက်ဆံ တနေ့ နှစ်ထောင်ပေးမည် စွမ်းအားရှင် အငှားလူမိုက်အဖြစ် လုပ်မလား ဆိုလျှင် လုပ်ကြမည်။ လုပ်ရဲကြသည် ။ ဓါးတ၀င့်ဝင့် တုတ် တရမ်းရမ်းဖြင့် ငွေဝယ် ကျွန်ပီသစွာ မိုက်သွေးပြမလား ပြရဲကြသည်။ သို့သော်လည်း အများပြည်သူကို အနှောင့်အယှက်ပြု ဒုက္ခပေးနေသည့် အခြေအနေတခုခုတွင် သူရဲကောင်း စိတ်ဓါတ်ရှိသူ၊ တာဝန်ရှိသူ စိတ်ဓါတ်မျိုးဖြင့် ၀င်ရောက် ကာကွယ် ကယ်တင်ပေးသူ မြန်မာတို့ လွန်စွာ ရှားပါးနေကြောင်းကို အများပြည်သူ အပေါ် တနေ့ထက် တနေ့ ရိုင်းပြစွာ ဆက်ဆံလာနေသော ရန်ကုန်မြို့ လိုင်းကား စပါယ်ယာများ။ မတရား အနိုင်ကျင့် ဖိစီး ငွေတောင်း လက်ရဲတင်း လာကြသော အစိုးရ ၀န်ထမ်းများ လက်ညိုးထိုး မလွဲ ပေါများ လာခြင်းက သက်သေခံ နေပေသည်။

မြန်မာတို့ အထဲတွင် ကြောက်တတ်သူပေါ များ၍သာ အနိုင်ကျင့် ဖိစီးတတ်သူတို့ အင်အားကြီးထွားခွင့် ရလာသည်ဟု ယူဆရသည်။ ခေတ်စနစ်ကလည်း ဖန်တီး ကျူံးသွင်းပေး နေကြောင်းလည်း ထည့်သွင်း တွက်ချက်ရအုန်းမည်။ သို့ပေမယ့် ယနေ့ ပီဖင်းဂိုး တွေ့လိုက်ရသော လူငယ်မျိုး ရဲဝံ့သောမျိုး မြန်မာနိုင်ငံတွင်း ရှိနေပါသေးလားဟု လေးစားအားကျစွာ မှတ်တမ်း တင်မိပေသည်။ သူက ခေတ်အလျင် ဆိုသည်မှာ တသမတ်တည်း အတက်ချည်း မရှိသလို အကျချည်းလည်း မရှိကြောင်း ၊ အဆိုး များများနှင့် အကောင်း များများသာ ကွာကြောင်း ပြောနေသည်။ ဒီတင် ခေါက်ရိုးကျိုးနေသလို ဇာတိပြပြီး မီးက ဆိုင်းမဆင့် ဘုံမဆင့် ပြတ်သွားပြန်သည်။

ပီဖင်းဂိုးလေး တခါပြန်ပေါ်လာ ပြန်ပါပြီ။ အခုတလော မီးတွေ ခနခန ပျက်ပြီး တနေကုန်နေမှ ၄ နာရီလောက်ပဲ မီးရတဲ့ ကာလတုန်းကတော့ ကြုံရ ကြားရသမျှလေးတွေ ဖေါက်သည် ချဖြစ်ပြီး အခုလို တနေကုန်နီးပါး လျှပ်စစ်မီးတွေ မှန်နေတဲ့ မိုးတွင်းအခါကျ ရေငုံနုတ်ပိတ် နေလှချည်ရယ်လား လို့ အပြောမခံချင်ပေါင်ဗျာ။ ပီဖင်းဂိုး လက်ရှိနေတဲ့ မြန်မာပြည် ရန်ကုန်မြို့မှာ အခု လပိုင်းအတွင်း မီးစက်သံတွေ သိပ်မဆူညံတော့ဘူးဗျ။ လုံးဝကြီး ပျောက်သွားတာတော့ မဟုတ်ဘူး။ ရံဖန်ရံခါတော့ ကြားနေရသေးတာပဲ။ ဆိုလိုတာက မီးက မမှန်သေးဘူး ဆိုတာပါ။ နွေအခါကလို ခွဲတမ်း ပုံစံမျိုး မဟုတ်တော့ဘဲ တနေကုန်နီးပါး မီးလင်းနေတယ်လို့ ပြောရမယ် ထင်ပါတယ်။ မောင်မင်းကြီးသား စစ်တပ်အစိုးရကို ချီးကျုးချင်ပါတယ်။ ဒါပေမယ့်လည်း တနှစ်နေလည်း ဒီအတိုင်း နောင်နှစ်ခါလည်း ဒီအတိုင်းပဲ ဖြစ်နေအုံးမှာမို့ မချီးကျူးတော့ပါဘူး … ဟဲ..ဟဲ … နောက်သလိုများ ဖြစ်သွားမလား။ နွေ၊ မိုး၊ ဆောင်း သုံးရာသီ စလုံး မီးမှန်အောင် လုပ်ပေးလာနိုင်တယ် ဆိုရင်တော့ မြန်မာပြည်သူတွေ ကိုယ်စား ချီးကျူးစကား ပြောရမှာပေါ့လေ။ ခုတော့ တိုးတက်မှု မရှိ ဆုတ်ယုတ်မှုသာ ရှိနေလေတော့ ခါတိုင်းလိုပဲ ရှုတ်ချ နေရအုံးမှာပါ။

ဒီနေ့ ပီဖင်းဂိုးလေး ကြားလိုက်ရတဲ့ စကားတချို့ကြောင့် ပီဖင်းဂိုး စိတ်အင်မတန် ညစ်ညူးမိတယ်။ မသက်မသာ ဖြစ်မိတယ်။ ခင်ဗျားတို့ မြန်မာနိုင်ငံသား အခြေခံလူတန်းစားတွေ အကြောင်း အင်မတန် သနားစဖွယ်တွေ ကြားရပြီး လူလို အခွင့်အရေး မရသေးတဲ့ မြန်မာနိုင်ငံသားတွေ အတွက် စိတ်မသက်မသာ ဖြစ်မိလို့ ထပ်မံပြီး ရင်ဖွင့် လိုက်တယ်ဗျို့။

ဒီနေ့ အမျိုးသမီးတယောက် စင်ကာပူက သူ့သား နဲ့ စကားလာပြောတယ် ။ ထွေလီကာလီ စီးပွားရေး တွေ အကြောင်းအပြင် သူ့အိမ်မှာ အကူခေါ်ထားရတဲ့ မြန်မာ အိမ်ဖေါ်နဲ့ ပတ်သက်တဲ့ အကြောင်းပါ။ ပီဖင်းဂိုး မြန်မာပြည်မှာက သိပ်အချမ်းသာကြီး မဟုတ်တဲ့ အိမ်တွေမှာတောင် အိမ်အကူ အိမ်ဖေါ်ဆိုတာ ရှိတတ်ပါတယ်။ အိမ်မှာ ကူဖေါ်ပေါ့ လောင်ဖက်တော့ မဖြစ်စေချင်ကြပါဘူး။ အိမ်သား အတော်များများက နိုင်ငံခြားဖြစ်ဖြစ်။ ပြည်တွင်း နယ်ဝေးမှာ ဖြစ်ဖြစ်။ အလုပ်အကိုင် အတွက် ခရီးသွားနေကြရတော့ အိမ်မှာ အကူဖေါ် ချက်ဖေါ် လုံခြုံရေး စောင့်ဖေါ်လိုတယ်လေ။

ဒါနဲ့ အဲဒီ အဒေါ်ကြီးက သူ့သားကို ပြောတယ်ပေါ့။ အိမ်မှာ အကူခေါ်ထားတဲ့ လူတွေ စိတ်မချရဘူး ဆိုတဲ့ အကြောင်း ။ တလောကတင် အသိအိမ်တအိမ်က အိမ်ဖေါ် နေနေတာက ငါးလလောက် ရှိပြီ။ ယုံကြည်နိုင်လောက်တဲ့ အခြေအနေ ရောက်ပြီဆိုမှ အိမ်တွင်းက အဖိုးတန် လက်ဝတ်လက်စားတွေနဲ့ ဟမ်းဖုန်းပါ မ ပြီး လစ်သွားတဲ့ အကြောင်း။ အိမ်ဖေါ်တွေ ဒီလောက်တောင် အတင့်ရဲသလား ဆိုတော့ ။ အပြင်လူတွေ နဲ့ ချိတ်ဆက်ပြီး ဒီအိမ်ကို ဖေါက်ထွင်းနိုင်အောင်။ အတွင်း သတင်းပေးတောင် လုပ်တယ် ဆိုတဲ့ အကြောင်း တွေ စုံစီနဖာ ဝေေ၀ဆာဆာ ရှင်းပြနေတာပေါ့။ သူတို့ နေတဲ့ ရပ်ကွက်က လူတွေ အကြောင်း ညညဘက် ခွေးဟောင်သံ တအူအူ၊ လူသံ ချိုးချိုးချွတ်ချွတ်နဲ့ ညည လူတွေ မအိပ်ဘဲ ဘာတွေ လုပ်နေကြသလဲ မသိဘူး ဆိုတာတွေပါ ပါသေးရဲ့။

ညဘက်ဆို ကောင်းကောင်း မအိပ်နိုင်ပုံ၊ တရပ်ကွက်ကျော်က အိမ်တချို့ ညဘက် ၉ နာရီလောက်ပဲ ရှိသေးတယ်။ အိမ်ရှင်တွေ ပြန်မရောက်သေးတဲ့ အိမ်တွေ။ ညဘက် လူစောင့် မရှိတဲ့ အိမ်တွေကို အုပ်စုနဲ့ ဖေါက်ထွင်းခိုးယူကြတဲ့ အကြောင်း ၊ သူခိုးအုပ်စုက အကွက်ကျကျ စီမံတတ်တဲ့ အကြောင်း၊ ခိုးနေတဲ့သူ အိမ်တွင်းဝင်နေတဲ့ အချိန် ကျန်တဲ့ သူတွေက အိမ်ရှေ့နားမှာ ငါးမျှားသူ လိုလို ကန်စွန်းရွက်ခူးဖို့ လုပ်နေသလိုလို အပင်ရှာနေသလိုလို လုပ်ပြီး စောင့်နေပုံ၊ သေချာတာကတော့ ပီဖင်းဂိုးလေး နေတဲ့ အိမ်နားလေးမှာလည်း နေ့ခင်း ကြောင်တောင် ၀င်ဖေါက်သွားတာ ပူပူနွေးနွေး ပဲ ရှိပါသေးတယ်။ ဒါကြောင့် ဒီအမျိုးသမီးကြီး ပြောတာ အမှန်တွေဖြစ်မယ်လို့ ယုံမိပါတယ်။ ဘာကြောင့်များ ဒီတိုင်းပြည်မှာ ဒီလို မလုံခြုံမှုတွေ ခိုးဝှက်လစ်သုတ် လိမ်ညာမှုတွေ ဖြစ်နေရသလဲလို့ စဉ်းစားမိတယ်။ အဖြေကတော့ ဆင်းရဲလို့ပေါ့လို့ ထွက်လာတယ်။ ဆင်းရဲတော့ စားစရာ နေစရာ ၀တ်စရာ မရှိ။ အလုပ်အကိုင် ရှားချက်ကလည်း ကမ်းကုန်။ တလ နှစ်သောင်းခွဲ အထက် ရနိုင်မယ့် အလုပ် မျိုးတောင် တော်တန်ယုံ မရနိုင်ဘူး။

ပေါတဲ့ အလုပ်တော့ ရှိတာပေါ့နော်။ ဟိုနေ့က သတင်းပေးလိုလို ဘာလိုလို လူပြောသွားတဲ့ စွမ်းအားရှင် အလုပ်မျိုး ဆိုရင်တော့ တနေ့ကို နှစ်ထောင်လောက် အလကားနေ ရနိုင်တာပဲ။ အဲဒီအလုပ်တွေ လိုက်လုပ်ပါလား လို့ ခင်ဗျားတို့ ပြောချင် ပြောလို့ရပါတယ်။ ဒါပေမယ့် တော်တန်ယုံ လူစိတ်ရှိသူတိုင်းက အဲဒီလို အာဏာပါးကွက်သား လူမိုက် မာဖီးယား ဂိုဏ်းက လူသတ်သမား ဆန်ဆန် မိုက်ပြရတဲ့ အခကြေးစား လူမိုက် အလုပ်မျိုးတော့ မလုပ်ချင်ကြတာ အမှန်ပဲဗျ။ အဲလို သာမန် အခြေအနေ သာမန် အရည်အချင်းလောက် အတွက် သင့်တင့်တဲ့ ၀င်ငွေ ရနိုင်တဲ့အလုပ် အကိုင် တကယ်ကို မရှိသလောက် ရှားတယ်ဆိုတာ အသေအချာပဲဗျာ။

အလုပ်ရှားတော့ လူတွေ ဆင်းရဲ ဆင်းရဲတော့ ရတဲ့ အလုပ်အကိုင်ကို ဖြစ်သလို လုပ်၊ ပိုက်ဆံ နည်းနည်း တတ်နိုင်သူတွေက ပြည်ပကိုထွက် ရတဲ့ အလုပ်လုပ်။ မတတ်နိုင်သူတွေက ပေါင်လို့ရတာ ပေါင်ပြီး နိုင်ငံခြားကို ထွက်လုပ်။ ဘာမှ ပေါင်နှံစရာမရှိ အရင်းမရှိ အဖျင်းအသိနဲ့ နယ်မြို့ကျေးလက်က မြန်မာတွေကျတော့ နီးစပ်ရာ မြို့ပြတွေဆီ အထုပ်လေးတွေ ဆွဲပြီး ကြုံရာ ရရာ အလုပ် လုပ်မယ် ဆိုပြီးတက်လာ။ မြို့ပြရောက်တော့လည်း အလုပ်အကိုင်က ရှား။ ဒါနဲ့ပဲ စောစောက ပြောခဲ့တဲ့ အိမ်အကူ အိမ်ဖေါ် အလုပ်ဆိုတာမျိုး လုပ်ဖို့ ကြိုးစားရတာပဲ။

မြန်မာပြည်မှာက အိမ်ဖေါ်အလုပ် အတွက် သီးသန့် ဥပဒေ သီးသန့်သင်တန်း သီးသန့် အေဂျင်စီလိုမျိုး အလုပ်အကိုင် ရှာဖွေပေးရေး ကုမ္ပဏီမျိုးတွေ မရှိဘူးမို့လား ဒါကြောင့် တိတ်တိတ်လေး ရပ်ကွက် အာဏာပိုင်တချို့နဲ့ နားလည်မှု ယူပြီး လုပ်စားနေတဲ့ အိမ်ဖေါ် ရှာဖွေပေးရေး ပွဲစားတွေကို အခ ပေးပြီး အိမ်ဖေါ် ငှားနေကြရတာပါ။ အဲဒီ အိမ်ဖေါ် အတွက် ပေးမယ့် လခ က ဘယ်လောက်လို့ ထင်ပါသလဲ။ နိုင်ငံခြား ငွေနဲ့တွက်မယ် ဆိုရင် တလကို ဒေါ်လာ၂၀ နဲ့ အထက် ၂၅ လောက်ပဲ ပေါ့။ မြန်မာပြည်က ဆင်းရဲသူတွေ အတွက် သနားစရာပါလား။ ဒါ မြန်မာပြည်က လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေ တချို့ကို ကျုပ်သိသလောက် ပြောပြတာပါ။ ဒီထက် ဆိုးဝါးတာတွေ ကောင်းမွန်တာတွေ ရှိချင် ရှိအုန်းမှာပါ။

ဒါနဲ့ ပီဖင်းဂိုးရဲ့ ထပ်ဆင့် ကြားစကားတွေကို ဖေါက်သည် ချပါရစေအုန်း။ ဖုန်းလာပြောတဲ့ အမျိုးသမီးကြီးက သူတို့အိမ်က ငှားလာတဲ့ အမျိုးသမီးအကြောင်း သူ့သားကို ပြောပြနေတယ်။ ခေါ်လာတာ နှစ်ရက်ပဲ ရှိသေးတယ်တဲ့။ ပန်းဆိုးတန်း နားက အိမ်ဖေါ်ပွဲစားဆီက ဆိုပဲ။ ပွဲစားခ နှစ်သောင်းခွဲ ပေးခဲ့ရတယ်တဲ့။ အိမ်ဖေါ်အမျိုးသမီးရဲ့ တလခ ပေါ့။ အဲဒါ အိမ်ရောက်ပြီး သုံးရက်လောက်ပဲ ရှိသေးတယ် ပြဿနာ က စပေါ်တာပဲတဲ့။ အဲဒီ အိမ်ဖေါ်မလေးက ကိုယ်ဝန် ဖျက်ချထားတာ ရက်ပိုင်းပဲ ရှိသေးတယ်တဲ့။ အတွင်းမှာ ပုပ်ကျန်နေလို့ တတိတိနဲ့ အရည်တွေကျပြီး အနံ့တွေ ထွက်လာတယ် ဆိုရောပဲတဲ့။ အဲဒီအိမ် တအိမ်လုံး အနံ့နံလာတော့မှ ရိပ်မိတယ် ဆိုပဲ။ ဒါနဲ့ပဲ အဲဒီ အိမ်ဖေါ်မလေးကို သူ့ကိုခေါ်လာခဲ့တဲ့ ပွဲစား အိမ်ပြန်လိုက်ပို့ လိုက်ရရောတဲ့။ အဲဒီမှာတင် သူပြောတဲ့ စကားလုံးတွေ ကျူပ် ရင်ထဲ မချိအောင် ထင်ကျန်ရစ်ခဲ့လို့ အခု ရင်ဖွင့်ထုတ်နေတာပေါ့။

အဲဒီ ပွဲစားအိမ်လည်း ရောက်ရော ပွဲစားမ က အဲဒီ အိမ်ဖေါ်မလေးကို သူ့ရှေ့တင်ပဲ မောင်းထုတ် ပစ်လိုက်တယ်တဲ့။ အိမ်ဖေါ်မလေး ခမျာ၊ ပိုက်ဆံမရှိလို့ အလုပ် လာလုပ်ပါတယ်။ အခု ပိုက်ဆံ တပြားမှ မရှိဘဲ မောင်းထုတ် ခံလိုက်ရတယ်တဲ့။ သနားဖို့ ကောင်းလိုက်တာပဲတဲ့ ။ ပြောနေရင်း အမျိုးသမီးချင်း ကိုယ်ချင်းစာတဲ့ ဂရုဏာမျက်ဝန်းနဲ့ စုတ်သတ် နေတာကို ကြားရပါတယ်။ ပီဖင်းဂိုးလည်း စိတ်မကောင်းပါဘူး။ စာဖတ် ပရိတ်သတ်ကတော့ ပြောမှာပေါ့ ။ ကိုယ်ချင်းစာရင် အဲဒီအိမ်ဖေါ်မလေးကို ကယ်တင် စောင့်ရှောက် ထားလိုက်ပေါ့ လို့။ သူတို့ ခမျာလည်း အိမ်မှာ အကူ လိုရလောက်အောင် ဒုက္ခများနေလို့ အကူခေါ်တာ လေ။ ဘယ်လိုလုပ် လူတယောက်ကို တင်ကျွေး တင်ပြီး ဆေးကုလုပ်ပေး နေနိုင်မလဲ။ သေချာတာကတော့ မြန်မာပြည်မှာ လူဆိုတာ တန်ဖိုးမရှိဘူး ဆိုတဲ့ အချက်ပဲ။ ပီဖင်းဂိုးရဲ့ ဇာတိ စင်ကာပူမှာ လူကို တန်ဖိုးထားပါတယ်။ အခု ချိန်ဆို ဘယ်ဆီလွှင့်ပြီး ဘယ်နားမှာ လဲကျ သေဆုံးနေမလဲ မပြောနိုင်တဲ့ အိမ်ဖေါ်မ အညာသူ လေးလို အတိဒုက္ခ ရောက်ရရှာတဲ့ လူမျိုးတော့ ကမ္ဘာမှာ ရှားပေလိမ့်မယ်။

အဲဒီတော့ မြန်မာပြည် နေရာအနှံ့မှာ အခုလို ဒုက္ခအမျိုးမျိုးနဲ့ သောက ပင်လယ်ဝေ နေကြရရှာသူ ဘယ်နှစ်ယောက်များ ရှိနေမလဲ ဘယ်သူမှ မသိနိုင်ဘူး။ နယ်စပ်ဒေသတို့ နိုင်ငံခြားဖြစ်တဲ့ ထိုင်း ၊ မလေး၊ စင်ကာပူ တို့မှာတော့ တခုခု ဖြစ်ရင် လွတ်လပ်တဲ့ မီဒိယာဆိုတာ ရှိတော့ ချက်ချင်း ပေါ်လွင်လာနိုင်တယ် ။ ချက်ချင်း လူသိသွားနိုင်တယ်။ မတရားမှုရော တရားမှုရော ချက်ချင်း ပြန့်နှံ့ သွားနိုင်လေတော့ လိုအပ်သလို ကယ်တင်စောင့်ရှောက် ဖေးမမှုတွေ ပေါ်လာနိုင်တယ်။ မြန်မာပြည်မှာတော့ ဝေးလေစွ ကင်မရာ ကိုင်တာမြင်ရင်ပဲ ချက်ချင်း အဖမ်းခံရတော့ မလို ။ လွတ်လပ်စွာ ပြောခွင့် ရေးခွင့် ဖတ်ခွင့် သတင်း တင်ပြခွင့် ဆိုတာ မရှိတော့ ခုလိုဖြစ်လည်း အဲဒီ ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးထဲ တီးတိုးပြောစရာ အဖြစ်ပျက်လေး သာသာ ထင်ကျန်နေရစ်မှာပေါ့ ဒီတော့ မြန်မာပြည်မှာ လူလာ ဖြစ်ရတာ တန်ဖိုးလည်း မရှိ လူသားဂုဏ် ဆိုတာလည်း မထားနိုင်တော့ဘူးပေါ့။

အဲဒီဖြစ်စဉ်မျိုး အားလုံးရဲ့ သေချာတဲ့ ပင်မ ရေသောက်မြစ် က ဘာကြောင့်လဲ သိကြသလား။ နိုင်ငံရေး စနစ် ယိုယွင်း ပျက်စီး နေလို့ပါပဲ။ လူတန်ဖိုးရှိချင်ရင် လူကို လူလို တန်ဖိုးထားတဲ့ စနစ်တခု တည်ဆောက်နိုင်မှ လူဆိုတဲ့ တန်ဖိုးကို ပိုင်ဆိုင်လာမယ်။ လူသားတွေအားလုံးအတွက် သဘာဝက အလိုအလျောက် ပေးအပ်ထားပြီးဖြစ်တဲ့ လူသားလွတ်လပ်ခွင့် ဆိုင်ရာ အခွင့်အရေးတွေ ပါ ပိုင်ဆိုင်လာမယ်။ လူသားတိုင်း တန်းတူ အခွင့်အရေး ပိုင်ဆိုင်တဲ့ နိုင်ငံသားတွေ ဖြစ်လာပြီဆိုရင် အခု ကျုပ်ပြောခဲ့တဲ့ ၀မ်းနည်းစရာ ဖြစ်စဉ်ထဲကလို သနားစရာအဖြစ်တွေ ဖြစ်မလာဘူး။ မိသားစု ဘ၀တွေ ပျက်စီးမသွားဘူးပေါ့ အခုလို တောနယ်က ဆင်းရဲလွန်းတဲ့ မြန်မာ မလေးတယောက် မယောင်မလည်နဲ့ ဆင်းရဲစွာနဲ့ မြို့ပြဆီတက်လာပြီး ရရာအလုပ် ကြုံရာ အိမ်ဖေါ်ဘ၀မျိုးနဲ့ လူတကာ ခိုင်းဖတ်မျိုး ကို လူမဆန်စွာ အောက်ကျို့ပြီး ရှာဖွေ တောင်းခံစရာ မလိုတော့ဘူး။

ဘာလို့လဲဆို နိုင်ငံသားတိုင်း ဖူလုံလောက်ငှတဲ့ လူနေမှု စနစ် တာဝန်ခံတဲ့ အစိုးရ ရှိနေမှာ ဖြစ်လို့ပဲ။ နိုင်ငံသားတိုင်း အတွက် လိုအပ်မယ့် အလုပ်အကိုင် ၀မ်းစာ ရှာဖွေမှု လောက်ငှအောင် ဖန်တီးပေးမယ့် စနစ်က မို့ပဲ။ ကနေ့လို အသိဥာဏ် ဆင်းရဲ ချို့တဲ့စွာနဲ့ ဘာမှ စားစရာလည်း မရှိ၊ ပြေးစရာလည်း မြေမရှိ။ ပေးစရာလည်း ငွေ မရှိ ကျန်းမာရေး အသိမဲ့စွာနဲ့ ကိုယ်ဝန်ဆိုတာလည်း ဖြစ်သလို ဖျက်ချပြီး သေလုနီးနီး ဝေဒနာ ခံစားရတဲ့ ဒုက္ခမျိုးကိုလည်း အသိဥာဏ် ဆင်ခြင်တုံတရား ရှိတဲ့ လူတဦး အနေနဲ့ ကြုံမလာနိုင်တော့ဘူးပေါ့။ ဘာလို့ဆို လူပီသတဲ့ လူ့အခွင့်အရေး တွေအောက်မှာ လူလို တွေး လူလိုနေ၊ လူကျင့် လူကြံနဲ့ လုံခြုံစိတ်ချရတဲ့ လူ့ဘ၀ကို ကိုယ်စီတည်ဆောက်နိုင်တဲ့ လူ့တန်ဖိုး တွေ ရှိနေလို့ပဲ လို့ ပီဖင်းဂိုး ယုံကြည် နေမိတော့တယ်။ အော် မြန်မာတွေ မြန်မာတွေ။ ဘယ်ခေတ် ဘယ်အခါ ကျမှများ လူလို တန်ဖိုးထားတဲ့ အုပ်ချူပ်သူ အစိုးရနဲ့ ကြုံဆုံခွင့် ရမှာပါလိမ့်။

ဘယ်သော အခါမှများ လူသားတဦး ရပိုင်ခွင့် အခွင့်အရေးတွေ နဲ့ လွတ်လပ်စွာ ပရိယေသန ၀မ်းစာရှာခွင့်၊ ပညာရှာခွင့်၊ လူ့အခွင့်အရေး အတိုင်း လွတ်လပ်စွာ ပြောဆိုရေးသား ဖတ်ရှု ဝေဖန်ဆင်ခြင် ပိုင်ခွင့်တွေ ကြုံလာမှာပါလိမ့်။ … အော် အော် တဆက်တည်း ပြောလိုက်ရအုံးမယ်။ စောစောက တင် ဖုန်းပြောသမား မိန်းမကြီး တခါ ဖုန်းလာဆက်သွားသေးတယ်။ ညတုန်းကတဲ့ သူအိပ်နေတုန်း သူပြန်သွားပို့ခဲ့တဲ့ ရောဂါ အပြင်းအထန်ဖြစ်နေရှာသူ အိမ်ဖေါ် မလေးက အထုပ်တထုပ်ဆွဲပြီး အိမ်ထဲပြန်ဝင်လာတယ်တဲ့ မျက်နှာ မသာမယာနဲ့ တမျိုးကြီးပဲ ဆိုပြီး အိပ်မက်လိုလို တကယ်လိုလို သရဲ ခြောက်ခံရသလိုလိုနဲ့ တညလုံး မအိပ်ဖြစ်ခဲ့တဲ့ အကြောင်း ထပ်ပြောနေပြန်ပါရော။ ဟို အိမ်ဖေါ်မလေး မြန်မာပြည်မှာ လူမဆန်စွာ လူလာဖြစ်ခဲ့ရတဲ့ သူ့ ဘ၀ခန္ဓာကို ဘယ်နားမှာများ စိတ်အားလက်လျော့ ဖျော့တော့စွာနဲ့ ၀ိဥာဉ်ခွါသွား ရှာလေပြီ မသိ။

နောက်ဆက်တွဲ သတင်းလေးလည်း ပြောခွင့်ပြုလိုက်ပါအုံး ---- ဒီရက်ပိုင်းလေး တင်ပဲ တာမွေဘက်က ပြန်လာတဲ့ ဖုန်းပြောသမား တယောက်ပြောနေသံ ကြားလိုက်ရတယ်။ တာမွေ ဈေးဟောင်း မှတ်တိုင်နံဘေး အခွန်လွတ် ဈေးရှေ့က ဓါတ်တိုင် ပလက်ဖေါင်းပေါ်မှာ အမျိုးသမီးငယ်ငယ် တယောက် လဲကျနေတာ တွေ့ခဲ့ရတယ်တဲ့ အသက်မရှိတော့ဘူး ထင်တယ်တဲ့.... ဈေးသွား ဈေးလာတွေက ကွက်ကြည့် ကွက်ကြည့်နဲ့ပေါ့ တဲ့.. ဘယ်သူမှ သွားမကယ်ရဲဘူးတဲ့ တော်ကြာ အမှု ပတ်နေမယ် ရဲက ဖမ်းခေါ်သွားမယ်။ စစ်ချက်တွေ တသီကြီးယူမယ်။ အခန့်မသင့်ရင် အမှုရှာ စီမံချက်ထဲ မအူမလည်နဲ့ ပါသွားပြီး ထောင်ကျမယ် တဲ့ ကဲ မြန်မာနိုင်ငံက လူသားတယောက် သေလုမျောပါနဲ့ အသက်ငင်နေတာကို တောင် ဘယ်သူမှ ၀င်မကယ်ရဲအောင် ဖန်တီးထားတဲ့ စနစ်။

ကောင်းကြသေးရဲ့လားဗျို့ ....... အဲဒီ သေနေတယ် ထင်ရတဲ့ အမျိုးသမီးနဲ့ မလှမ်းမကမ်းမှာ လမ်းလျှောက် စကားပြောစက် ခါးမှာ ချိတ်ထားပြီး အရက်မူးနေတဲ့ စွမ်းအားရှင် အဖွဲ့က ခေါင်းဆောင်ဆိုလား ဘာဆိုလားမသိတဲ့ လူတယောက်ကလည်း လမ်းဘေး ဈေးဆိုင်တွေကနေ ဆက်ကြေးပိုက်ဆံ အတင်း လိုက်ကောက်နေသတဲ့ … ဗျို့ ... ။

ကျုပ်လေ… ကျုပ် ……… ဗျို့ …. ရယ်လို့သာ ဟစ်လို့ အော်လိုက် ချင်တော့တယ်။

ရိုးဖြောင့်စွာဖြင့်

ရွှေဘန်း


ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုသော ကေအိုင်အို ထိပ်သီးများ ရာထူးမှ ဖယ်ရှားခံရ
E-mail Print PDF
alt

၄၇နှစ်မြောက် ကချင် တော်လှန်ရေးနေ့က ယခုရာထူးမှ ဖယ်ရှားခြင်းခံရသော ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာ အမှာစကား ပြောကြားနေစဉ် © ( www.kachinstate.com )

ယခု သတ္တပတ်များ အတွင်း အပစ် အခတ် ရပ်စဲထားသော ကိုးကန့် ဒေသတွင် သေနတ်ပေါက်သံ မြည် လာပြီး နောက် နယ်စပ်ဒေသ များတွင် စစ်အစိုးရ စစ်တပ်များ၊ ငြိမ်းချမ်းရေး

ဒေသများတွင် စစ်ပြင်လာသော စစ်ရေး လှုပ်ရှားမှုများ အထူး တိုးမြှင့် လုပ်ဆောင် လာသည်ကို တွေ့ရှိ ရသည်။

ထို့နောက် စက်တင်ဘာလ (၂)ရက် နေ့ကလည်း ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ၏ ထိပ်သီးအရာရှိ ၆ဦး ရာထူးမှ ဖယ်ရှားခံရကြောင်း သတင်းများ ထပ်မံ ထွက်ပေါ် လာခဲ့သေးသည်။

လိုင်ဇာ အခြေပြု ကေအိုင်အို ထိပ်သီးပိုင်း ရာထူးမှ ဖယ်ရှားခြင်း ခံရသော အရာရှိများမှာ ကေအိုင်အို နံပါတ်၂ ရာထူး ရယူထားသော ဒု-ဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာ၊ ဒုတိယ အထွေထွေ အတွင်းရေးမှူး အင်ဂျာနော်ရစ်၊ ဒူကဘာ မှုန်ခေါင်၊ ဒူကဘာ ပေါင်ရှီဇော်ဖန်း၊ ဒူကဘာ နှုတ်လဲ့ ၊ ဆလန်ကဘာ ဇဘော် ကရန် တို့ ဖြစ်ကြသည်။

ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) မှ ဗိုလ်မှူးချုပ် ဆွန်လွတ် ဂွမ်မော်က Kachin State Progressive Party (KSPP) ကချင်ပြည်နယ် တိုးတက်ရေးပါတီ အနေနဲ့ ၂၀၁၀ မှာ စစ်အစိုးရ ဦးစီး ကျင်းပတဲ့ ရွေးကောက်ပွဲဝင်မှာ ဖြစ်တဲ့အတွက် အခုလို ဒီအဖွဲ့ ရာထူးက နှုတ်ထွက်တာလို့ ပြောဆိုပေမဲ့၊ " မြန်မာ စစ်အစိုးရ အလိုကျ ယိမ်းလွန်းတဲ့ ကေအိုင်အေ ခေါင်းဆောင်ပိုင်းတွေ လုပ်ဆောင်မှုဟာ ပြည်သူတွေကို ကေအိုင်အိုဟာ ကိုယ်စားပြု မလား၊ စစ် အစိုးရဖက်များ ယိမ်းလွန်း သွားမလား၊ စောင့်ကြည့် ရဦးမယ် " လို့ မြစ်ကြီးနား၊ ဒူကထောင် ရပ်ကွက်က အမည် မဖေါ်လိုတဲ့ ကချင် တက္ကသိုလ် ကျောင်းသားတဦးက လူထုအသံအား ယခုလို သုံးသပ် ပြောကြားသွားခဲ့သည်။

လူဖြူ မျိုးနွယ်များ ပေါ်ပေါက်ခဲ့မှု နှစ်ပေါင်း ငါးထောင်ကျော်ပြီဟု ဆို
E-mail Print PDF
alt

လွန်ခဲ့သော နှစ်ပေါင်း (၅၅၀၀)ခန့်မှ စတင် ပေါ်ပေါက်လာသည့် လူဖြူ မျိုးနွယ်စု ခလေးငယ် © ( မေးလ် အွန်လိုင်း - ယူကေ )

ကမ္ဘာပေါ်တွင် လူဖြူ မျိုးနွယ်များ စတင် ပေါ်ပေါက်လာသည်မှာ လွန်ခဲ့သော နှစ်ပေါင်း (၅၅၀၀)ခန့် ကမှ ဖြစ်နိုင်ကြောင်း ပညာရှင် များက ယုံကြည် နေကြသည်။

နော်ဝေးနိုင်ငံ၊ အော်စလို တက္ကသိုလ်မှ ပညာရှင်များသည် လူဖြူ မျိုးနွယ်များ စတင်ပျံ့နှံ့ ပေါ်ပေါက် လာသောဒေသသည် အင်္ဂလန်မှ ဖြစ်နိုင်သည်ဟု ယူဆနေပြီး လယ်ယာ စိုက်ပျိုးခြင်း အတတ် ထွန်းကားလာမှုသည် လူဖြူများ ကမ္ဘာပေါ်တွင် စတင် ပေါက်ဖွားလာခြင်း၏ အဓိကကျသော အကြောင်းရင်းဟု ခန့်မှန်းလျှက် ရှိကြသည်။

လယ်ယာ စိုက်ပျိုးရာမှ ရရှိလာသော အစားအသောက် များသည် ဗီတာမင်D ကို လျော့နည်းစေပြီး အရေပြားရှိ အရောင်ခြယ် ဒြပ်ထုများကို လျှော့ချ ပစ်လိုက်သဖြင့် အစားအသောက် ပုံစံ ပြောင်းလဲသလို အရေပြား အရောင်များပါ ပြောင်းလဲသွားခြင်းဟု မိမိတို့ ယူဆကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ယခု ဖော်ပြချက်အရ ရှေးခေတ် လူသားများသည် နက်မှောင် ညိုမောင်းသော အသားအရောင်များသာ ရှိခဲ့ပြီး စားသောက်ပုံ စနစ် ပြောင်းလဲမှုက လူဖြူများကို ဖြစ်ထွန်း လာစေသည်ဟု သုံးသပ်ရမည် ဖြစ်သည်။ နယူးယောက်ရှိ ရစ်ချတ်စတီလို ဆိုသူ သုတေသီ တဦးကလည်း ထိုအယူအဆကို ထောက်ခံခဲ့ပြီး အေးသော ရာသီဥတုနှင့် လတ္တီကျုဒီဂရီ မြင့်မားသော အခြေအနေက အသားဖြူ လာခြင်းအား ပိုမိုလျှင်မြန်ရန် တွန်းအား ပေးခဲ့ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့်လည်း လွန်ခဲ့သော နှစ်ပေါင်း(၅၂၀၀)မှ (၅၅၀၀)အကြား စိုက်ပျိုးမှုစနစ် စတင် ထွန်းကားခဲ့ချိန်တွင် အင်္ဂလန်နှင့် စကန်ဒီနေးဗီးယန်း ဒေသများအတွင်း လူဖြူများ ပေါက်ဖွားလာသည် ဆိုသော အယူအဆမှာ ယျေဘူယျ ကျကြောင်း ဗြိတိန်နိုင်ငံ၊ ရူပဗေဒဆိုင်ရာ ပညာရေးဌာနများ အကြီးအကဲ ဂျိုဟန်မိုအန်း ကလည်း ပြောကြား သွားသည်။

အင်ဒိုနီးရှား ငလျင်ကြောင့် လူထောင်ပေါင်းများစွာ အိုအိမ်မဲ့ ဖြစ်ကြရ
E-mail Print PDF
alt

ပြင်းအား အဆင့် ရစ်ခ်ျတာ စကေး (၇.၀)ရှိသည့် ငလျင်လှုပ်စဉ် အထိတ်တလန့် ပြေးလွှားကြစဉ် © ( javno.com )

အနောက် ဂျာဗားကျွန်း အနီး လှုပ်ခတ် သွားသော ငလျင်ကြီးသည် အင်ဒိုနီးရှား နိုင်ငံမှ လူပေါင်း ထောင်နှင့်ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ကြောင်း သိရှိ ရသည်။

စက်တင်ဘာလ (၂)ရက် နေ့က လှုပ်ရှား သွားသော ပြင်းအားအဆင့် (၇.၀) ရှိသည့် ငလျင်ကြီးကြောင့် မြေပြို ကျမှုများအတွင်း လူပေါင်း (၅၉)ဦးထက် မနည်း သေဆုံးခဲ့ပြီး ဒါဇင်ပေါင်း များစွာသော ဒေသခံ များမှာလည်း ပျောက်ဆုံး နေဆဲဖြစ်သည်။

ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရသည် ပန်ဂါလန်ဂျန် ဒေသတွင် ငလျင်ဒဏ်ခံ ဒုက္ခသည် စခန်းကို ဘောလုံးကွင်း တခုအတွင်း ဖွင့်လှစ် ပေးထားပြီး လူ(၅၀၀)မှ (၇၀၀)ခန့် အထိကို ခေတ္တ နေရာချ ပေးထားရသည်။

ငလျင်ဒဏ်ခံ ဒေသများတွင် လျှပ်စစ်မီး ပြန်မရသေးသလို စားရေရိက္ခာ မလောက်ငှမှုများလည်း ဖြစ်နေကြောင်း သိရသည်။ ကယ်ဆယ်ရေး လုပ်သားများသည် ဆီကန်ဂါရန် ရှိ ဗီဒီယိုဂိမ်း ဆိုင်တခုအတွင်း ရောက်ရှိနေစဉ် မြေပြိုမှုများကြောင့် ရွှံ့နွံများ အောက်သို့ ရောက်ရှိသွားပြီး ပိတ်မိနေသည့် ကလေးငယ် (၁၃)ဦးအား ကယ်တင်နိုင်ရန် ကြိုးစားလျှက် ရှိသည်။

မိဘများသည် ၎င်းတို့၏ ကလေးများအတွက် မျှော်လင့်ချက် နည်းနေပြီကို သိရှိသည့်တိုင် အလောင်းများကိုမူ ပြန်ရမည် ဟူသော ယုံကြည်မှုဖြင့် လာရောက် စောင့်ဆိုင်းနေသည်။ ကြက်ခြေနီအဖွဲ့၏ ခန့်မှန်းချက်အရ ငလျင်ကြောင့် အနောက် ဂျာဗားတွင် အိမ်ခြေ (၁၀၀၀၀) ကျော် ပျက်စီး သွားဖွယ် ရှိကြောင်းလည်း သိရှိရသည်။

ဗိတိန်မိဘများ သားသမီး အုပ်ထိန်းမှု အညံ့ဆုံး ဖြစ်ဟုဆို
E-mail Print PDF
alt

ဆေးလိပ်၊ အရက် တို့ကို လက်တည့်စမ်းမှု အလွန် များပြားလာသည့် ဗြိတိန် ဆယ်ကျော်သက်များ © ( မေးလ် အွန်လိုင်း - ယူကေ )

ဗြိတိန်မှ မိဘများသည် သားသမီးကို အုပ်ထိန်းရာတွင် အနောက်နိုင်ငံ အသီးသီးရှိ မိဘများအနက် အညံ့ဆုံး ဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာ့ အနောက်ခြမ်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံ (၃၀)အနက် သားသမီး များ၏ ကျန်းမာရေး၊ လူနေမှုစနစ်၊ ကျောင်း ပညာရေး တို့အပေါ် မိဘများ၏ အာရုံစိုက် လွှမ်းမိုးမှုကို လေ့လာ ထားသော စစ်တမ်းတခုတွင် ဗြိတိန်က အခြေအနေ အဆိုးဆုံး အဖြစ် ရပ်တည် နေသည်။

အထူးသဖြင့် ဗြိတိန် ဆယ်ကျော်သက် များသည် ဆေးလိပ်၊ အရက်တို့ကို လက်တည့်စမ်းမှု အလွန်များနေပြီး မိဘ အစုံအလင် မရှိသော လူငယ်များသည် အခြေအနေ ပိုဆိုးကြောင်း သိရှိရသည်။

ဗြိတန်ရှိ အသက် (၁၅)နှစ်မှ (၁၉)နှစ်ကြား လူငယ် (၁၀)ဦးတွင် (၁)ဦးမှာ ကျောင်း မတက်ကြ ကြောင်းလည်း သိရှိရသည်။ ထို့အပြင် ဆယ်ကျော်သက် မိန်းကလေးများ ကိုယ်ဝန် ရှိမှုတွင်လည်း ဗြိတိန်သည် တူရကီနှင့် မက္ကစီကို တို့ထက် အခြေအနေ ပိုဆိုးကာ ထိပ်ဆုံးနေရာမှ ရပ်တည်နေသည်။

ပညာရေး တွင်လည်း ဗြိတိန်သည် အဆိုးဆုံး နံပါတ်(၄) ချိတ်ပြီး ၎င်း၏ အထက်တွင် အီတလီ၊ တူရကီနှင့် မက္ကစီကိုတို့သာ ကျန်တော့သည်။

ယခု ရလဒ်များသည် လူငယ်များကို အခြေပြု စံသတ် မှတ်ထားခြင်း ဖြစ်ပြီး မိဘများ၏ အုပ်ထိန်းမှု ပျော့ညံ့ခြင်းက အထက်ပါ ပြဿနာ များကို ဖြစ်စေခဲ့ကြောင်း ယခု စစ်တမ်းကို ကောက်ခံခဲ့သည့် စီးပွားရေး တိုးတက်မှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကြီးက သတိပေး ပြောဆို သွားခဲ့သည်။


မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက် ကုန်သည်တွေ နေရပ်ပြန်
2009-09-06

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်း တလျှောက်မှာ မြန်မာစစ်အစိုးရ တပ်တွေ ချထားတဲ့အတွက် ကုန်သည်တွေ ပစ္စည်းတွေသိမ်းပြီး နေရပ်ပြန်ကုန်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့မှာ ပြုလုပ်မယ့် စရဖ စစ်ဘက်လုံခြုံရေးရာ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးပွဲ မအောင်မြင်ရင် တိုက်ပွဲဖြစ်ပွားမယ့် အလားအလာ ရှိတယ်လို့  မှန်းဆကြတဲ့အတွက်လည်း လုပ်ငန်းတွေသိမ်းပြီး ပြန်ကုန်ကြတာလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂ဝလောက်တုန်းက မြန်မာစစ်တပ် မသွားနိုင်တဲ့ နေရာတွေမှာ တပ်တွေ ချထားတာလို့ လိုင်ဇာနဲ့ ၉ မိုင်လောက်ဝေးတဲ့ နမ်ဆမ်ယံ ရွာခံတယောက်က ပြောပါတယ်။

နမ်ဆမ်ယံရွာခံ။ ။'တပ်ရင်း လေးရင်း ငါးရင်းလောက်ရှိတယ်။ တလမ်းလုံးပဲ။ ကျနော်တို့ လမ်းမှာတွေရော၊ ရွာမှာတွေရော။ အထဲမှာ ရွှေမှော်တွေ ရှိတယ်။ ဗန်းမော်လမ်းကြောတလျှောက်ပေါ့။ ကန်တော်ယံ၊ နမ်ဆမ်ယံ၊ တိုဖူးယံ၊ ဘန်းယံ၊ လဂျမ်းယံ ဆိုတာ။ အရင်တုန်းကတော့ ကေအိုင်အေရွာလမ်းပေါ့။ လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်ကဆို အဲဒီမှာ စစ်တပ်တောင် သွားလို့မရဘူး။ အခုက အဲဒီမှာ စစ်တပ် အကုန်လုံးချထားတယ်'

လိုင်ဇာမြို့မှာတော့ KIO က လက်နက်အပြည့်အစုံနဲ့ ရှိနေတယ်လို့လည်း ကုန်သည်တယောက်က ပြောပါတယ်။ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို မြစ်ကြီးနားဘက်က လာတဲ့ ကုန်ကားတွေသာမက ဟိုင်းလပ်ကား၊ မှန်လုံခရီးသည်တင်ကား၊ သုံးဘီး၊ ထော်လာဂျီတွေကို စစ်တပ်က အဝင်မခံတော့ဘဲ လှည့်ပြန်ခိုင်းတယ်လို့လည်း ပြောပါတယ်။ ကုန်သည်တွေဟာ လိုင်ဇာမြို့မှာ အရင်က ကုန်တွေ သိုလှောင်ခဲ့ရာက အခုဆိုရင် စိတ်မချရလို့ဆိုပြီး တရုတ်နိုင်ငံဘက်မှာ သွားလှောင်တယ်လို့လည်း သိရပါတယ်။

နမ်ဆမ်ယံ ရွှေမှော်မှာ ဆိုင်ဖွင့်ထားတဲ့ လူတွေလည်း နေရပ်ပြန်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စ-ရ-ဖ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ KIO တို့ ဒီနေ့မြစ်ကြီးနားမြို့မှာ တွေ့ဆုံညှိနှိုင်းလို့ နေ့လည် ၂ နာရီမှာ ဆုံးဖြတ်ချက် မချမှတ်နိုင်ရင် တိုက်ပွဲဖြစ်ပွားနိုင်တယ်လို့လည်း ခန့်မှန်းပြောဆို နေကြပါတယ်။

KIO က နယ်ခြားစောင့်တပ်ဖွဲ့ Border Guard Force -BGF အစား ကချင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ Kachin Regional Guard Force- KRGF အဖြစ် အသွင်ပြောင်းလိုပြီး အနာဂတ် ကချင်ပြည်နယ် အစိုးရအဖွဲ့မှာ ပါဝင်ဖို့ တောင်းဆိုထားပါတယ်။ KIO ဟာ အဖွဲ့အစည်းကြီးတခု ဖြစ်ပြီး ရဲ၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ဌာနတွေလည်း ရှိတဲ့အတွက် ဒါတွေကိုပါ ထည့်သွင်း စဉ်းစားဖို့ တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရတပ်တွေဟာ KIA နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကိုးကန့်ဒေသအခြေစိုက် MNDAA မြန်မာနိုင်ငံ လူမျိုးစု ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစုကို ပြီးခဲ့တဲ့ သြဂုတ်လက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့ အဖွဲ့တွေထဲက တပ်ဖွဲ့ဝင် အင်အား အနည်းဆုံးအဖွဲ့ဖြစ်ပါတယ်။


သံဃာ့အရေးအခင်း အောက်မေ့ဖွယ်အခမ်းအနား အိန္ဒိယမှာပြုလုပ်
2009-09-06

စက်တင်ဘာလ ၅ ရက်နေ့ဟာ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း စတင် မြစ်ဖျားခံရာ ပခုက္ကူမြို့က သံဃာတော်တွေကို စစ်အာဏာပိုင်တွေက ဓာတ်တိုင်မှာ ကြိုးတုတ် ရိုက်နှက်ခဲ့တဲ့ ၂ နှစ်မြောက်နေ့ ဖြစ်ပါတယ်။ ဒီလိုမေတ္တာပို့ ကြွချီတဲ့ ပခုက္ကူသံဃာတော်တွေကို ရိုက်နှက်ဖြိုခွင်းတာကို ပြည်တွင်းပြည်ပက ရဟန်းရှင်လူ ပြည်သူတွေ အောက်မေ့ သတိရနိုင်ဖို့ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး စစ်အစိုးရရဲ့ လိုက်လံဖမ်းဆီးမှုကို တိမ်းရှောင်ခဲ့တဲ့ သံဃာတော်တွေက အောက်မေ့ဖွယ် အခမ်းအနားတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အနောက်ပိုင်းက မြန်မာ့ရိပ်သာခန်းမမှာ မနေ့က ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနား ပြုလုပ်ရတာနဲ့ ပတ်သက်ပြီး ရွှေဝါရောင်လှုပ်ရှားမှုမှာ သံဃာ့ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင်ထာဝရက အခုလို မိန့်ပါတယ်။

အရှင်ထာဝရ။ ။'ပခုက္ကူမှာ ဖြစ်ခဲ့လို့ ဦးဇင်းတို့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ရွှေဝါရောင်တော်လှန်ရေး ဆိုတာ ဖြစ်ခဲ့တာပဲ။ စစ်အာဏာရှင်တွေက ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ ရက်ရက်စက်စက် သေနတ်နဲ့ပစ်၊ ဘက်နက်နဲ့ထိုးပြီး ရဟန်းသံဃာ ကျောင်းသားတွေကို ပြုလုပ်ခဲ့တဲ့အတွက် ၂ နှစ် ပြည့်မြောက်တဲ့အချိန်မှာ သမာဓိတရားနဲ့ သစ္စာတရားကို အဓိဋ္ဌာန် ထားပြီးတော့ ဦးဇင်းတို့အနေနဲ့ ပြုလုပ်ခြင်း ဖြစ်ပါတယ်'

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအပြီး ဖမ်းဆီးခံရတဲ့ သံဃာတော်တွေ အပါအဝင် သီလရှင်တွေကို ၉ ရက် ၉ လ နောက်ဆုံးထားပြီးလွှတ်ပေးဖို့၊ လွှတ်မပေးဘူးဆိုရင် သံဃာတော်တွေ အနေနဲ့ တတိယအကြိမ် ပတ္တနိက္ကုဇန ကံဆောင်သပိတ်ကို ဆက်လက်မှောက်သွားဖို့ သာသနာ့ဥသျှောင် အိန္ဒိယဌာနခွဲရဲ့ ဥက္ကဋ္ဌ ဆရာတော်ဦးပညာဇောတက မိန့်ပါတယ်။

ဦးပညာဇောတ။ ။'အားလုံး တိုင်းသူပြည်သားတွေကို မေတ္တာရှေးရှုတဲ့အနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံဘဲ ငြင်းဆန်နေတဲ့ အချိန်မှာ အတင်းအဓမ္မ မလုပ်ဘဲနဲ့ ပြည်သူတွေအားလုံးလည်း ကိုယ်စားပြုတဲ့၊ တိုင်းရင်းသားတွေ အားလုံးလည်း ကိုယ်စားပြုတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံရေးကျောင်းသားတွေ အားလုံး လွှတ်ပေးပြီးတော့ တွေ့ဆုံဆွေးနွေးရေးတွေကို စစ်စစ်မှန်မှန်နဲ့ လုပ်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံကို ဆက်လက် ဦးဆောင်သွားဖို့ ဦးဇင်းတို့ တိုက်တွန်းပါတယ်။ ပြီးရင် ထောင်တွေအသီးသီးမှာ ရောက်နေတဲ့ သီလရှင်တွေ၊ နောက်ပြီးတော့ သံဃာတွေအားလုံးကို လွတ်ပေးရမယ်၊ ပြီးတော့ ပခုက္ကူသံဃာတွေကို ပင့်ရမယ်၊ တောင်းပန်မှုတွေ လုပ်ရမယ်။ တကယ်လို့မှ မတောင်းပန်ဘူးဆိုရင် ကြေညာချက် ထုတ်ထားတဲ့အတိုင်းပဲ ပြည်ထဲမှာရှိတဲ့ သံဃာထုတွေ အားလုံးက မိမိတို့နေရာ အသီးသီးမှာ၊ သိမ်အသီးသီးမှာ ပတ္တနိက္ကုဇနကံကို ဆောင်ပေးကြဖို့ ဆရာတော်တွေကို လျှောက်ထားချင်ပါတယ်'

ဒီအခမ်းအနားကို အိန္ဒိယရောက် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ တက်ရောက်ခဲ့ကြပါတယ်။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ ပခုက္ကူ သံဃာတော် ငါးရာကျော် မြို့တွင်းလှည့်လည် မေတ္တာပို့ ချီတက်ရာမှာ မြို့နယ် သံဃာ့ မဟာနာယက ဥက္ကဋ္ဌ ဦးတေဇောဘာသ ကိုယ်တိုင် ခိုင်းစေချက်ကြောင့် ပခုက္ကူ တပ်မ ၁ဝ၁ ဗျူဟာမှူး ဦးဆောင်တဲ့အဖွဲ့နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အတွင်းရေးမှူး ဦးလှဝင်းနိုင်တို့အုပ်စုက သံဃာတော်တွေကို ရိုက်နှက် ဖြိုခွင်းခဲ့ပါတယ်။

အဲဒီနေ့က ဗောဓိမဏ္ဍိုင် ကျောင်းတိုက်က အရှင်စန္ဒိမာ၊ သာသနာ့ ဝိပုလာရာမ အနောက်တိုက်က အရှင်ပညာစက္ကနဲ့ အရှင်ပညာနန္ဒတို့ကို ဖမ်းဆီးပြီး ဓာတ်တိုင်မှာ ကြိုးနဲ့တုတ်၊ ဝိုင်းဝန်းရိုက်နှက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆရာတော်ကြီးတွေနဲ့ သဘောတူညီချက်ရပြီး သုံးပါးစလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သံဃာတော်တွေကို စစ်အစိုးရက တောင်းပန်ဖို့ တနိုင်ငံလုံးမှာရှိတဲ့ သံဃာတော်တွေက မေတ္တာရပ်ခံခဲ့တာကို မတောင်းပန်တဲ့အတွက် ၂ဝဝ၇ စက်တင်ဘာလ သံဃာ့အရေးအခင်း ဖြစ်ပွားခဲ့ရတာ ဖြစ်ပါတယ်။


ဖောက်ခွဲယမ်းစက်ရုံ အကြောင်းပြချက်တခုသာ
2009-09-05

တရုတ်မြန်မာနယ်စပ် ကိုးကန့်နယ်မြေထဲမှာ ဖောက်ခွဲဖျက်ဆီးရေးယမ်း ထုတ်လုပ်တဲ့စက်ရုံကို စစ်အစိုးရတပ်တွေက စီးနင်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်အစိုးရ သတင်းစာတွေက ဒီကနေ့ ရေးသားလိုက်တာဟာ အကြောင်းပြချက်တခုသာ ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေက လက်မခံနိုင်တာကြောင့် ကိုးကန့်ဒေသကို စစ်ဝင်တိုက်ခဲ့တဲ့ ကိစ္စအပေါ် အကြောင်းပြချက် တခုခု ပေးချင်တဲ့အတွက်ကြောင့်သာ စစ်အစိုးရက ဒီသတင်းမျိုး ထုတ်ပြန်ရတာဖြစ်ကြောင်း ချင်းမိုင်အခြေစိုက် ရှမ်းသံတော်ဆင့်သတင်းစဉ် အယ်ဒီတာ ဦးစိန်ကြည်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဦးစိန်ကြည်။ ။'သူတို့ ဖြစ်စေချင်တဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲဖို့ကို အထူးသဖြင့် တရုတ်နယ်စပ်တလျှောက် ဌာနချုပ်စိုက်တဲ့ သုံးလေးဖွဲ့က လက်မခံတော့ မရရတဲ့နည်းနဲ့ မြန်မာစစ်အစိုးရက တခုမဟုတ်တခု မူးယစ်ဆေးဝါးနဲ့ ဖြစ်ဖြစ်၊ လက်နက်နဲ့ ဖြစ်ဖြစ် ကိုင်ပေါက်တာပဲ။ ဘာလို့လည်းဆိုတော့ အနှစ် နှစ်ဆယ်ကျော် ခွင့်ပြုထားတဲ့ အပစ်ရပ်ငြိမ်းချမ်းရေးအဖွဲ့တွေကို စဖျက်တာဟာ သူတို့မဟုတ်ဘူး ဆိုတဲ့ဟာကို ဖုံးဖိချင်လို့ လက်နက်မှုတို့ မူးယစ်ဆေးဝါးတို့နဲ့ ကိုင်ပေါက်တာဖြစ်တယ်လို့ ကျနော်ထင်တယ်'

သြဂုတ်လ ၂၉ ရက်နေ့မှာ စစ်ပွဲတွေ ပြီးသွားပြီမို့ ဒေသတွင်းကို ပြန်လာကြဖို့ စစ်အစိုးရက ကြေညာခဲ့ပေမယ့် ကိုးကန့်ဒေသခံ တချို့သာ ပြန်လာကြပြီး ကျန်ဒေသခံတွေကတော့ တရုတ်ပိုင်နက်ထဲမှာ စိုးရိမ်တကြီးနဲ့ ဆက်ပြီး စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

ကိုးကန့်ဒေသတွင်း စစ်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် သုံးသောင်းခွဲကျော် ရှိခဲ့ရာမှာ စက်တင်ဘာ ၅ ရက်နေ့အထိတော့ အိမ်ပြန်လာသူ တသောင်းကျော်လောက်သာ ရှိသေးကြောင်း သိရပါတယ်။


ထောင်ချနိုင်အောင် သန်းခေါင်စာရင်းမှာ အသက်ပြင်
2009-09-05

ပဲခူးတိုင်းအတွင်းက အသက် ၁၆ နှစ် မပြည့်သေးတဲ့ ကျောင်းသူနှစ်ဦးကို နှစ်လုံးချဲထီ ရောင်းချမှုနဲ့ ရဲက ဖမ်းဆီးပြီးနောက် အရွယ်ရောက် သူတွေအဖြစ် ထောင်သွင်းအကျဉ်းချနိုင်အောင် မိဘတွေကို သန်းခေါင်စာရင်းမှာ အသက်ပြင်ပြီး ထောက်ခံစာယူလာဖို့ ရဲက ဖိအားပေး ညွှန်ကြားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်၊၊


ကျောင်းသူတွေရဲ့ မိဘဖြစ်သူတွေဟာ မသိ နားမလည်သူတွေ ဖြစ်တဲ့အပြင် ဆင်းရဲချို့တဲ့လွန်းတဲ့ကြားက သမီးတွေ လွတ်မြောက်ရေးအတွက် ငွေ ခြောက်သောင်းခွဲ ရှာကြံပြီး ဒိုက်ဦးမြို့တရားသူကြီး ဦးအေးမြင့်ကို ပေးအပ်ခဲ့ပေမယ့် တရားသူကြီးက လာဘ်ငွေကိုသာယူပြီး ကျောင်းသူတွေကိုတော့ အလုပ်ကြမ်းနဲ့ ထောင်တနှစ်စီ ချမှတ်လိုက်ပါတယ်၊၊

ထောင်ချခံထားရတဲ့ ကျောင်းသူတွေကို အင်းစိန်ထောင် အာဏာပိုင်တွေက အသက်ငယ်ရွယ်သူတွေ ဖြစ်လို့ လက်မခံတဲ့အတွက် သူတို့ကို လောလောဆယ် ဒိုက်ဦးမြို့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်၊၊ ကလေးငယ်တွေကို အသက် ၁၈ နှစ် ပြည့်ပြီးသူတွေအဖြစ် သန်းခေါင်စာရင်းမှာ ပြင်ဆင်ပြီး အထောက်အထားတွေ ယူလာဖို့ ဒိုက်ဦးရဲစခန်းက ညွန်ကြားထားတဲ့အတွက် မိဘတွေမှာ ဒုက္ခ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်၊၊ ဒီကလေးငယ်တွေရဲ့ အမှုနဲ့ ပတ်သက်လို့ ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်၊၊


ကုန်ဈေးနှုန်းကျဆင်းရေး ဆက်လက်ဆောင်ရွက်မည်
2009-09-05

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က မြစ်ကြီးနား ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုဆန္ဒပြခဲ့သူ ဦးစိုးကြွယ်က သူ့အနေနဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြေရှင်းပေးဖို့ ဆက်လက် ဆောင်ရွက်မယ်လို့ RFA ကို ပြောကြားပါတယ်။


သူထောင်က ပြန်လွတ်မြောက်လာချိန်မှာ လူထုအနေနဲ့ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်တဲ့ဒဏ်ကို အရင်ကထက် ပိုမို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတာ တွေ့ရတယ်လို့ ဦးစိုးကြွယ်က ပြောပါတယ်၊၊

ဦးစိုးကြွယ်။ ။'ကျနော်တို့ထွက်လာမှ ပိုတောင် ဆိုးနေသေးတယ်။ ကျနော်တို့ ဈေးတောင် ဝယ်မစားတတ်၊ ကားတောင် မစီးတတ် ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့ကတော့ ရှေ့ဆက်ပြီးတော့ ကြောက်သွားဖို့တော့ မပြောနဲ့။ ဒီကိစ္စတွေကို ထပ်ပြီးတော့ ရင်ဆိုင်ပြီးတော့ ထပ်ပြီးတော့ တိုက်ပွဲ ဝင်ရအုံးမှာပဲလို့ ကျနော်တို့ကတော့ ခံယူထားတယ်ဗျာ။ ကျနော်တို့ စဉ်းစားထားမိတာကတော့ ဒီ ကုန်ဈေးနှုန်း ကျဆင်းရေးကိုလည်း တဖက်ကနေပြီး ဆက်လက်ပြီး ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်သလို ကျနော်တို့နိုင်ငံမှာ စနစ်တခု ပြောင်းလဲရေးအတွက်ကို ကျနော်တို့ ဆက်လက် လုပ်ဆောင်သွားရမှာပဲ ဆိုတာကို ကျနော်တို့ ယုံကြည်ထားတယ်ဗျာ'

ဆက်လက်တောင်းဆို ဆန္ဒဖော်ထုတ်မှုတွေကြောင့် သူ့အနေနဲ့ ဖမ်းဆီးထောင်ချခံရမှာကို မမှုဘူးလို့လဲ ဦးစိုးကြွယ်က ပြောပါတယ်၊၊

ဦးစိုးကြွယ်။ ။'အဲဒါမျိုးတွေ လုပ်ခဲ့လို့ရှိရင်လည်း ကျနော်တို့ကတော့ လုံးဝ ခံသွားမှာပဲ၊ ခံလည်း ခံရဲတဲ့ သတ္တိတွေ ရှိလာပြီလေ။ ကျနော်တို့က ငါးဖယ်လို ထုလေ မာလေ ဖြစ်သွားပါပြီ။ ပြည်သူတွေရဲ့ ဒုက္ခကို ကျနော် မကြည့်ရက်နိုင်လို့။ နိုင်ငံရေးသမား ဆိုတာ ပြည်သူကို အလုပ်အကွေ္ဆး ပြုရမယ်။ အဲဒီတော့ ပြည်သူတွေရဲ့ အခက်အခဲကို ပြည်သူတွေ ရင်မဖွင့်ရဲရင်၊ မဖွင့်နိုင်ခဲ့ရင် ကျနော်တို့က ရင်ဖွင့်ရမယ်ဆိုတဲ့ အသိနဲ့ ကျနော် ရင်ဖွင့်တာပါပဲ ခင်ဗျာ'

ဦးစိုးကြွယ်ဟာ ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း စစ်အစိုးရက လောင်စာဆီဈေးနှုန်းတွေ ရုတ်တရက် မြှင့်တင်လိုက်တဲ့နောက် အခြေခံ ကုန်ဈေးနှုန်းတွေ မြင့်တက်သွားခဲ့တဲ့ ကိစ္စကို ဆန့်ကျင်ပြီး တောင်ဒဂုံမြို့နယ်အတွင်း လူ ၃ဝ လောက်ကို ဦးဆောင် ကန့်ကွက် ဆန္ဒပြခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရပါတယ်၊၊ ဒီ့နောက် သူ့ကို ထောင်ဒဏ် (၂) နှစ်ခွဲ ချမှတ်ပြီး မြစ်ကြီးနားထောင်ကို ပို့ဆောင်ခံရပါတယ်၊၊ သူဟာ အကျဉ်းကျခံ နေရစဉ်အတွင်း ခြောက်လ အယူခံ ရရှိခဲ့တာကြောင့် (၂) နှစ်အကြာမှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်၊၊

မြစ်ကြီးနားထောင်မှာ ဦးသူရခေါ် လူရွှင်တော် ဇာဂနာအပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား တချို့လည်း ကျခံနေရဆဲ ဖြစ်ပါတယ်၊၊ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုစနစ် ညံ့ဖျင်းပြီး၊ အကျဉ်းသားတချို့ ကျန်းမာရေး ချို့တဲ့နေကြတယ်လို့လည်း ဦးစိုးကြွယ်က ပြောပါတယ်၊၊



NLD ပါတီတွင်းစည်းရုံးရေး ပြန်လည်တည်ဆောက်နေ
2009-09-05

စစ်အစိုးရက ကန့်သတ်တားမြစ်ထားတာတွေ ရှိနေပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ နိုင်ငံရေးပါတီတခုအဖြစ် ပီပီပြင်ပြင် ရပ်တည်နိုင်ဖို့အတွက် ပါတီတွင်း စည်းရုံးရေးလုပ်ငန်းတွေ ပြန်လည် အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။ အထူးသဖြင့် လူငယ်နဲ့ အမျိုးသမီး လုပ်ငန်းအဖွဲ့တွေကို နိုင်ငံအနှံ့ ပြန်လည် ဖွဲ့စည်းနေတယ်လို့ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။


ဦးခင်မောင်ဆွေ။ ။'ရန်ကုန်တိုင်းမှာတော့ ၂၁ မြို့နယ် လူငယ်လုပ်ငန်း ဖော်ဆောင်ရေး လုပ်ပြီးပြီလို့ သိရတယ်လေ။ အားလုံးပေါင်း တပြည်လုံးမှာဆိုရင် မြို့နယ်ပေါင်း ၅၉ မြို့နယ်ကို ပြန်လည်ပြီး လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့တွေ ဖွဲ့ပြီးတော့ မြို့နယ်စည်းတွေနဲ့ တွဲလုပ်ဖို့ ထူထောင်ခဲ့တယ်လို့ သိရတယ်။ နောက်ဆုံး လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတော့ ကချင်ပြည်နယ်က ပြန်လာတယ်လို့ အန်ကယ်တို့ ကြားတယ်လေ။ အဲဒီပြည်နယ်ကို သွားတဲ့ လူငယ်အဖွဲ့ဟာ ကချင်ပြည်နယ် စည်းရုံးရေးအဖွဲ့ကို အကြောင်းကြားပြီးတော့ သက်ဆိုင်ရာမြို့တွေကို အတန်အသင့်ရောက်ခဲ့တယ်လို့ သတင်း ပြန်ရပါတယ်'

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လက်ရှိအခြေအနေအရ ပါတီတွင်း စည်းရုံးရေးကို စနစ်တကျ ပြန်လည် တည်ဆောက်နေရတဲ့အတွက် ပြည်သူတွေ ကြားထဲအထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ အခက်အခဲတွေ ရှိနေသေးတဲ့အကြောင်း ဦးခင်မောင်ဆွေက ပြောပါတယ်။ ၂ဝဝ၃ ခုနှစ် ကတည်းကစပြီး ပြည်နယ်၊ တိုင်းနဲ့ မြို့နယ်တွေမှာ ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးအများအပြားမှာ ပါတီဆိုင်းဘုတ် တင်ခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်ခဲ့တာဟာ အခုချိန်ထိ ဖြစ်ပါတယ်။





အယူခံလွှာမူရင်း

ဖိုင်ရယူရန်


Dassk Case 2