Thursday, September 17, 2009

ဖောင်စီးရင်း ရေငတ်နေသူများ


မော်ကင်း(၁၇-၉-၂၀၁ဝ )

လျှပ်စစ်မီးနဲ့ မော်ကင်းတို့တိုင်းပြည်ရန်ဖြစ်နေခဲ့တာ ကြာပါပြီ။ အရင် ဟိုးယခင် ရွှေမြို့တော် မဟာရန်ကုန် ဘဝတုန်းကဆိုရင် နိုင်ငံရဲ့ကျန်တဲ့နေရာ လျှပ်စစ်မီးဆိုတာ ဘာမှန်းမသိဖြစ်နေချိန်မှာ ရန်ကုန်မြို့ကြီးကတော့ လောပိတတန်ခိုးနဲ့ အရှိန်ဝါတွေကြီး လျှပ်စစ်မီးရဲ့အောက်မှာ လမင်းကြီးခမျာ မျက်နှာငယ်ရလောက်အောင် ဖြစ်ခဲ့ရဖူးတာပေါ့။ ဒါပေမဲ့ ခေတ်တွေကပြောင်း လူဦးရည်ကလည်းများလာ အိမ်ခြေယာခြေတွေကလည်းပွားလာ ဒါ့အပြင် အသက်ကြီးလို့ ချစ်လင်မနှစ်သက်တော့တဲ့ တဆင့်လျှောမယားကြီးဘဝလည်း ရောက်သွားလေတော့ မြို့ရန်ကုန်ကို လောပိတက မထီမဲ့မြင်ပြုတာလား တကယ်ပဲ လိုအပ်သလောက် မဖြည့်ပေးနိုင်တော့တာလား မသိပါဘူး ရန်ကုန်သူ ရန်ကုန်သားတွေ လိုသလောက် လျှပ်စစ်မီး မရတော့ပါဘူး။

ဒီကြားထဲ ဈေးကွက်စီးပွားစနစ်နဲ့အတူ ဖွံ့ဖြိုးတိုးတက်လာတဲ့ စက်ရုံအလုပ်ရုံတွေကလည်း အရမ်းပေါလာတယ်၊ စက်မှုဇုံကြီးတွေလည်း ရန်ကုန်ဆင်ခြေဖုန်းမှာ အလျှိုလျှိုပေါ်လို့ပေါ့။ ဒီလိုနဲ့ ပထမတော့ ခရမ်းချဉ်မီး နောက်တော့ ပိုးစုန်းကြူးမီး နောက်ဆုံး လမိုက်ညရဲ့ သန်းခေါင်းမှာ ကံဇာတာမထတဲ့ မီးသွေးသည်ဘဝ မြို့ရန်ကုန်ဟာရောက်သွားရှာပါတယ်။

ဟိုယခင်က မိုးကာလဆို မြောင်းပိတ်လို့ရေကြီး လှေတွေစီးနေရပေမဲ့ မိုးရွာရင်လျှပ်စစ်မီးတွေ လောပိတက ပေါပေါသီသီရတော့မယ်ဆိုပြီး ရန်ကုန်သူ ရန်ကုန်သားတို့ ပျော်ခဲ့မျှော်ခဲ့ဖူးပါရဲ့၊ အခုတော့ ရေကြီးလည်းမီးမလာ မမြင်မစမ်းနဲ့ မြောင်းကျွံရေနစ်သေတာပဲ အဖတ်တင်တယ်ဆိုပြီး ပဇ္ဇုန်ရှင် မိုးနတ်သားကို ကလော်ဆဲနေသံတွေ မိုးတွင်းရောက်ရင် ရန်ကုန်မှာညံနေတာကြာပြီခင်ဗျ။

ဒါပေမဲ့ နိုင်ငံတော်က အခုလိုပြည်သူတွေ ဒုက္ခရောက်နေတာကို ကြည့်မနေပါဘူး၊ ရေအားမနိုင် ဓါတ်ငွေ့များနဲ့တာဘိုင်လည်စေ ဆိုပြီး ဓါတ်ငွေ့သုံးတာဘိုင်စက်တွေနဲ့ ပြည်သူ့လိုအပ်ချက် လျှပ်စစ်မီးကိုဖြည့်စွတ်ပေးပြီး တယူနစ်ကို ၅ဝကျပ်လို့ တန်ဖိုးသတ်မှတ်ပေးပါတယ်။ ဒါပေမဲ့လည်း သိကြတဲ့အတိုင်း ခေတ်မှီတိုးတတ်သော နိုင်ငံသားများပီပီ ခေတ်မှီတိုးတတ်စွာနဲ့ လျှပ်စစ်လူသုံးကုန်များကို ရန်ကုန်သူရန်ကုန်သားများရဲ့ အထူးတလည်သုံးစွဲမှုများ များလာလေတော့ နိုင်ငံတော်ရဲ့စေတနာက မလိုက်နိုင်ရှာဘူးခင်ဗျ။

ဒါနဲ့ ငါးပွက်ရာငါးစားချ ဝိသမလောဘသား စီးပွားရေးသမားဆိုသူတွေက အစိုးရထက် ၈ဆပိုတဲ့ဈေး တယူနစ် ၄ဝဝနဲ့ လျှပ်စစ်မီးပေးစားလာကြသတဲ့။ နိုင်ငံတော်ကလည်း ဒီလိုပြည်သူတွေ ဝန်ပိနေတာကို မကြည့်ရက်တာနဲ့ လူနေရပ်ကွက်တွေထက် ပိုအရေးကြီးတယ်လို့ ယူဆထားတဲ့ စက်မှုဇုံတွေကို မနက်၆ ညနေ၄ ဆိုပြီး လျှပ်စစ်မီးတွေ ဖြန့်ဖြူးပေးပါတယ်၊ စက်ရုံပိုင်ရှင်တွေကလည်း ၅ဝနဲ့ ၄ဝဝ အကွာကြီးပဲ၊ ဝိသမလောဘသား မီးစီးပွားရေးသမားတွေကို ဆန့်ကျင်ကြဆိုပြီး အစိုးရမီးကို အားပေးကြတာပေါ့။

ဒါပေမဲ့ ကံဆိုးချင်တော့ နိုင်ငံတော်ရဲ့လျှပ်စစ်အားထုတ်ပေးမဲ့ တာဘိုင်စက်တွေအတွက် ဓါတ်ငွေ့က မလုံလောက်တာလား၊ လည်ဖို့အဆင်မသင့်သေးတာလာ မသိပါဘူး မီးအလုံအလောက် မပေးနိုင်ဘူးဖြစ်ပြန်ရော ဒါနဲ့ကြံရည်ဖန်ရည်ကောင်းတဲ့ မြန်မာတွေပီပီ လျှပ်စစ်မီးကာလ လျှော့ချရေးပေါ်လစီကို ရှာဖွေတွေ့သွားပါတယ်။ ဒါနဲ့ပဲ တနေ့ကို ၅နာရီ လျှပ်စစ်မီးပေးရေး အစီစဉ်လေးချမှတ်ဖြစ်လိုက်ကြတာပေါ့။ နိုင်ငံတော်ရဲ့စေတနာကို နားလည်သဘောပေါက်တဲ့ စက်ရုံ အလုပ်ရုံပိုင်ရှင်တွေကလည်း ဒါကိုဝမ်းမြောက်ဝမ်းသာလိုက်ခံကြပြီး ကျန်လိုအပ်တဲ့လျှပ်စစ်မီးအတွက် တယူနစ်၎ဝဝ လျှပ်စစ်စွမ်းအားရှင်တွေနဲ့ ဆက်လက်လက်တွဲကြပါတယ်။ လျှပ်စစ်စွမ်းအားရှင်တွေအနေနဲ့လည်း ဒီဇယ်တဂါလံ ၁၅ယူနစ် ကနေ ၁၈ယူနစ်အထိ ရတာမို့ အခုလက်ရှိ ဒီဇယ်ဈေးနဲ့ဆို တယူနစ်မှာ ၁ကျပ်ရင်း ၁ကျပ်မြတ်တဲ့ အနေအထားပေါ့ဗျာ။

ဘယ်လိုပဲဖြစ်ဖြစ် ယောနိသောမနသိကာရ အပြည့်ရှိတဲ့ မြန်မာတွေဟာ ဘယ်လိုအကြပ်အတည်းနဲ့တွေ့တွေ့ အမြဲတမ်းအဆင်ပြေအောင် နေနိုင်စွမ်း ရှိကြပါတယ်ခင်ဗျ။

အဲအဲ ...ပြောဖို့မေ့ အဲ ကြွားဖို့မေ့နေတယ် မော်ကင်းတို့နိုင်ငံဟာ သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုမှာ ကမ္ဘာ့အဆင့်ငါးတောင်ရောက်နေပြီတဲ့၊ နောက်ထပ် သဘာဝဓါတ်ငွေ့သိုက်တွေလည်း ထပ်တွေ့နိုင်စရာရှိသေးသတဲ့၊ အခုဆို တရုတ်ကဆို တောင်းတောင်းပန်ပန်နဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ ဆောက်ဖို့လုပ်နေသလို၊ အိန္ဒိယကလည်း မျက်နှာငယ်လေးနဲ့ အသနားခံလို့၊ ထိုင်းတွေကလည်း မော်ကင်းတို့မနပ်ခင်က လူလည်ကျထားတဲ့ ရတနာဓါတ်ငွေ့ကို ပြဿနာလုပ်လေမလား တထိတ်ထိတ်နဲ့ နေနေရတယ်ဆိုပဲ၊ မြန်မာဖြစ်ရတာ အရမ်းဂုဏ်ယူဖို့ကောင်းတယ်နော် သယံဇတတွေ အရမ်းများတဲ့ သုဝဏ္ဏဘူမိ ရွှေမြေကြီးမှာ နေနေရတာနော် ....

သတင်းအရင်းအမြစ်က ဘီဘီစီ မြန်မာပိုင်းအစီစဉ် ၁၇-၉-၁ဝ မနက်ပိုင်းပါ။

၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။ ၂၀၀၉ ခုနှစ်၊စက်တင်ဘာလ ၊အတွဲ ၃၊ အမှတ် ၉

ဖိုင်ရယူရန်


8888+People+Power+Last[1](2)

ပြည်သူ့ပြောက်ကျား တပ်ဦးကဖောက်ခွဲကြောင်း ကြေငြာ

ဖိုင်ရယူရန်


Pgf Statement

ရဟန်းပျိုသမဂ္ဂနှင့်သံဃာ့သာမဂ္ဂီအဖွဲ့မှ လျှောက်ထားချက်

ရဟန်းပျိုသမဂ္ဂနှင့်သံဃာ့သာမဂ္ဂီအဖွဲ့မှ လျှောက်ထားချက် ( ၁၇ . ၉ . ၂၀၀၉ )

၂ဝ၁ဝ ရွေးကောက်ပွဲနှင့် စိတ်ကူးယဉ်ဝါဒီများ


ဖိုင်ရယူရန်

2010+Election+and+Idealists

17September ဒိုင်ယာရီ

ဖိုင်ရယူရန်

17 September News

ဘ၀တပါး

Lu Htwe - Natluu_Bawatapar - Burmese Political Fiction