Monday, October 5, 2009

“သခင်မျိုးဟေ့ ဒို့ဗမာ”

တစ်ခါက အင်္ဂလန်မှာ နိုင်ငံထိပ်သီး လျှို့ဝှက်အစည်းအဝေးတစ်ခုပြုလုပ်ကြတယ်....
အဲဒီတုန်းက မြန်မာပြည်က ဘုရင်စနစ်အုပ်စိုးတဲ့အချိန်ဆိုတော့
မြန်မာပြည်ကလည်း စစ်သူကြီးတစ်ဦးတက်ရောက်တယ် ။ စစ်သူကြီးက

နန်းဝတ်နန်းစားနဲ့ နှုတ်ခမ်းမွေးနဲ့ ခန့်ချော်ကြီး

အစည်းဝေးပြီးတော့ အပြန်မှာပေါ့ လေယာဉ်နဲ့ပြန်ကြရတယ်။ လေယာဉ်ပေါ်မှာက
မြန်မာလူမျိုး ၊ ဂျာမန်လူမျိုး ၊
ကုလားလူမျိုးနဲ့ တရုတ်လူမျိုးပါတယ် ။ အဲဒီမှာ လေယာဉ်က ချို့ယွင်းမှုဖြစ်ပါလေရော

လေယာဉ်မှုးကပြောတယ်
“ လေယာဉ်က မရတော့ဘူး ကျွန်တော်နဲ့ အတူ တစ်ယောက်ပဲနေခဲ့လို့ရမယ် အလေးချိန်
မမျှတော့ဘူး ”
အဲဒီမှာ အားလုံးတဘောတူ လေယာဉ်မှုးတစ်ယောက်ထဲကိုပဲ ချန်ခဲ့ပြီး ၎
ယောက်လုံးအတူတူခုန်ချပြီး အသေခံမယ်ပေါ့။ဒီလိုနဲ့.........
ဂျာမန်ကစပြီး
“ ဟစ်တလာမျီုး သွေးနီတယ်ကွ”လို့အော်ပြီး ခုန်ချသွားတယ်
ကုလားက ဗန်ချာကုလား ။ သူကလည်း
“ ဆံပင်ရှည်ပေမယ့် မိန်းမ မဟုတ်ဘူး”လို့အော်ပြီး ခုန်ချသွားပြန်တယ်
တရုတ်နဲ့ မြန်မာ နှစ်ယောက်ပဲကျန်တော့တယ်
တရုတ်က အပေါက်ဝမှာ ဒူးတုန်နေတယ် မခုန်ချရဲဘူး
စိတ်ထဲမှာလဲ မြန်မာအရင်အော်ပြီး ခုန်ဆင်းပါစေပေါ့
မြန်မာ ခုန်ချပြီးရင် သူနေခဲ့တော့မယ်ပေါ့
အဲဒီအချိန်မှာပဲ သူ့အနောက်က မြန်မာက
“သခင်မျိုးဟေ့ ဒို့ဗမာ”လို့အော်လိုက်တော့ တရုတ်ပျော်သွားတယ်
ဒါပေမယ့်သူထင်တာလွဲသွားတယ် မြန်မာက

“သခင်မျိုးဟေ့ ဒို့ဗမာ”လို့အော်ပြီးနောက်ကနေ သူ့ကို ကန်ချလိုက်တယ်လေ

email ထဲရောက် လာလို့ ပြန် share လိုက်ပါတယ် .

ဘာလေးတွေပါလိမ့် ......




လူပြောသူပြော မဟားဒယား ပေါနေသော ၅၀၀၀ တန်ဆင်ရုပ်ကြီးမှာ .. ဒေါင်းလုပ်လိုလို လိပ်ရုပ်လိုလို ဘာလိုလို ဂလိုလို တွေ ဘယ်က ပါလာမှန်း မသိ ..ပါလာသတဲ့ .........

ကနေဒါမြန်မာကွန်မြူနတီအထွေထွေအစည်းအဝေး

နေရာ ။ ။ Northwood Community Center
( Jane & Finch )
15 Clubhouse Ct, Toronto, ON M3L
နေ့ ရက်။ ။ October 24 , 2009 ( စနေနေ့ )
အချိန် ။ ။ နေ့ လည် ၁း၃၀ မှ ၅း၀၀

ရဲစခန်း အထွေထွေ ဗဟုသုတ(ကဲ … ယုံချင်ယုံ၊ မယုံချင်နေ) အပိုင်း - ၁



မင်းလွင်ဦး
တနင်္လာနေ့၊ အောက်တိုဘာလ 05 ရက် 2009 ခုနှစ် 15 နာရီ 05 မိနစ်

MinLwins

မြန်မာနိုင်ငံအတွင်းရှိ တရားစွဲ အဖွဲ့အစည်းများ အနက် ထင်ရှားသည့် အဖွဲ့အစည်းမှာ ဖမ်းဆီးမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထူးသတင်းတပ်ဖွဲ့နှင့် သာမန်မြို့နယ် ရဲတပ်ဖွဲ့ စခန်းများဟူ၍ တွေ့ရှိ နိုင်သည်။

တရားစွဲ အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံတော် ပြည်ထဲရေး ဝန်ကြီးဌာန၏ လက်အောက်ခံ အဖွဲ့အစည်း ဖြစ်ပြီး၊ နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် တပ်မတော်၏ ဒုတိယ အရံအင်အားဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခွင့်သင့်တိုင်း မြှောက်ပင့် ပြောဆိုနေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

နိုင်ငံတော်၏ ပြည်တွင်း လုံခြုံရေးကို ဆောင်ရွက်နေရသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံတော်၏ ပံပိုးကူညီမှုကို အပြည့်အဝ ရရှိပါသလား၊ လိုအပ်သည့် ဘဏ္ဍာငွေကြေးကို စဉ်ဆက်မပြတ် ထောက်ပံ့ ကူညီပေးမှုများ ရှိသလား? ဆိုသည်မှာ စဉ်းစားရမည့် အချက်များ ဖြစ်လာသည်။

မိမိတို့နှင့် လက်လှမ်းမှီသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လူတဦးတယောက် ဖမ်းဆီး ချုပ်နှောင်ပြီးပါက မည်ကဲ့သို့များ နိုင်ငံတော် ဘဏ္ဍာကို ခွဲဝေ သုံးစွဲပါသလဲ၊ အမှန်တကယ် ကျခံသုံးစွဲမှုများကော ရှိပါသလား ……။

သာမန် လူတဦးတယောက်ကို ရဲက ဖမ်းဆီးပြီးသည်နှင့် တပြိုင်နက်တည်း ဖမ်းဆီးခံရသူမှာ ဦးခေါင်းကို ဆင်နင်းသည်နှင့်မခြား ရှောင်လွှဲမရနိုင် သည့် အောက်ပါ ဒုက္ခများကို ရင်ဆိုင် ရပေတော့သည်။

ပထမဦးစွာ ရဲစခန်းတွင်းသို့ ဝင်ရောက်ပြီ ဆိုသည်နှင့် အများပြည်သူ မြင်သာအောင် ရေးဆွဲထားသည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နောက်ဆက် တွဲစာတိုင် ၂ ပါ ရဲက အာမခံ ပေးနိုင်သည့်အမှုများ ဇယားတွင် မည်သို့ပင် ပါရှိစေကာမူ ရဲစခန်း အာမခံရဖို့အတွက် သက်ဆိုင်သည့် ရဲဝန်ထမ်းများ ကို အာမခံပေးရန်နှင့် မနှေးလျင်မြန်စွာ ဆောင်ရွက်ပေးရန် အတွက် လာဘ်ငွေပေးရသည်က ပထမဆုံး ရင်ဆိုင်ရမည်ဖြစ်သည်။ ထောင်ဒဏ် ၃ နှစ် အထက် ကျနိုင်သည့်အမှု ဖြစ်ပြီး ရဲက အာမခံ မပေးနိုင်သည့် အမှုဖြစ်သည်ဆိုပါက ဖမ်းဆီးခံရသူမှာ မလွဲမရှောင်သာ ရဲစခန်းရှိ အချုပ်ခန်းသို့ မြန်းရတော့မည် ဖြစ်သည်။

ရဲအချုပ်သို့ ရောက်ပြီ ဆိုသည်နှင့် ပထမဦးဆုံး ထိုသူ ရင်ဆိုင်ရမည့် ပြဿနာမှာ အချုပ်ခန်းအတွင်း မည်ကဲ့သို့ နေထိုင်ရမည်၊ မည်သည့် နေရာတွင် လှဲလျောင်းရမည် ဆိုသည့် အချက်ပင် ဖြစ်သည်။ အချုပ်ခန်းအတွင်း မိမိနေလိုသည့် နေရာတွင် မိမိရွေးချယ်၍ စိတ်ညစ်ပိုင်ခွင့် မရှိသည်မှာလည်း မြန်မာနိုင်ငံ အတွင်းရှိ ရဲစခန်းများ၏ ဓလေ့ ထုံးတမ်းတခု ဖြစ်သည်။

မြန်မာနိုင်ငံ အတွင်းရှိ ရဲအချုပ်ခန်းများတွင် နှစ်ရှည် အမှုရင်ဆိုင်နေရသည့် သူများ၊ သို့မဟုတ် ရဲစခန်းကို မိမိအိမ်ကဲ့သို့ သဘောထားပြီး ပြစ်မှုကျူးလွန်တတ်သည့် သူများကို ရဲများက စည်းရုံးပြီး အချုပ်ခန်း လူကြီးအဖြစ် ခန့်ထားကာ အချုပ်ခန်းကို စီမံခန့်ခွဲစေသည်။ အချုပ်ခန်း လူကြီး၏ တာဝန်မှာ တနည်းအားဖြင့် ပြောရမည်ဆိုပါက ရဲစခန်းအတွက် နေ့စဉ် ကုန်ကျစရိတ်ကို ရှာဖွေပေး၊ စီမံဆောင်ရွက် ပေးရသည်။ ထိုကြောင့်လည်း ရံဖန်ရံခါ အခန်းလူကြီးများ၏ အနိုင်ကျင့်မှုကို ခံရသည့်သူများက တာဝန်ကျ ရဲအရာရှိကို တိုင်တန်းသည့်အခါ အရေးမယူဘဲ လျစ်လျူရှု ထားသည်ကို လည်း တွေ့ရမည်ဖြစ်သည်။

အခန်းလူကြီးအဖြစ် ခန့်ထားတာဝန်ပေးခြင်း ခံရသူအနေဖြင့် လူသစ်များ ဝင်လာပါက အခန်းဝင်ကြေးအဖြစ် ဖမ်းဆီးခြင်းခံရသည့် လူအပေါ် မူတည်ကာ ကောက်ခံသည်ကို တွေ့ရသည်။ ငွေများများ ပေးနိုင်ပါက အချုပ်ခန်း အတွင်း လဲလှောင်းရန် နေရာကောင်းကောင်းရမည် ဖြစ်သည်။ ငွေမပေးနိုင်ပါက အချုပ်ခန်း သန့်ရှင်းရေးနှင့် လူအများသုံးနေသည့် အိမ်သာသန့်ရှင်းရေးတို့ကို လုပ်ဆောင်ရမည် ဖြစ်သည်။ အခန်းဝင်ကြေး အဖြစ် ပေးရသည့် ငွေများအနက်မှ နေ့စဉ် အချုပ်ခန်းအတွင်းရှိ လူများ မျက်နှာသစ်ရန်နှင့် အိမ်သာသန့်ရှင်းရေး ပြုလုပ်ရန်အတွက် လိုအပ်သည့် ရေ ပုံမှန်ရရှိစေရန် အခန်းလူကြီးက စီမံဆောင်ရွက်ရသည်။

ရဲစခန်းအများစုသည် အချုပ်ခန်းအတွင်း သုံးစွဲရန် ရေပိုက်များရှိသော်လည်း ရေမလာပါ။ ထို့ကြောင့် ရဲစခန်းမှ ရေသယ်ပေးသည့် ရဲတပ်သားကို အကျဉ်းသားများက ငွေပေးရသည့် သဘောပင် ဖြစ်သည်။ ထိုကဲ့သို့ ပေးရသည့် အခန်းဝင်ကြေးထဲမှ မီးမလာသည့်အခါ ရဲစခန်းတာဝန်ကျသူများ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဖယောင်းတိုင်နှင့် ခြင်ဆေးခွေတို့ ဝယ်ယူရန် အကျဉ်းသားများထံမှ ရရှိသည့်ငွေများအနက်မှ အကုန်အကျခံရ သည်၊ စုပေါင်းထုတ်ပေးရသေးသည်။

ရဲအချုပ်နှင့် ရှိနေစဉ်အတွင်း နေစရာအတွက် အဆင်ပြေသွားပြီဆိုက နေ့စဉ်စားသုံးရန်အတွက် ပြဿနာကို ထပ်မံဖြေရှင်းရမည် ဖြစ်သည်။ ရဲက ဖမ်းဆီးထားသဖြင့် ရဲစခန်းက အချိန်တန်လျှင် ထမင်းကျွေးလိမ့်မည်ဟု ယူဆလျှင် မှားပေလိမ့်မည်။ အမေကမွေး၊ ထောင်ကကျွေးဟူသည့် ဆိုရိုး စကားမှာ ကိုလိုနီခေတ်က လက်သုံးစကားသာ ဖြစ်သည်။ ယနေ့ မျက်မှောက်ခေတ်နှင့် အံဝင်ဂွင်ကျမဖြစ်တော့။

ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံနေရစဉ်အတွင်း နေ့စဉ် အသက်ရှင်နေထိုင်ရန် စားသောက်မှုအတွက် မိမိ အစီအစဉ်ဖြင့်သာ ဖန်တီးဆောင်ရွက် ရသည်။ ရဲစခန်းတွင် ချုပ်နှောင်ခံရသူများအတွက် စားသောက်စရိတ်ကို နိုင်ငံတော်က ကျခံသည့်ငွေမှာ မြို့နယ်မှူး၊ စခန်းမှူး၊ အရာရှိ၊ အရာခံနှင့် အချုပ်ခန်း ထမင်းချက်ကျွေးရန် ကန်ထရိုက်ရထားသည့်သူများက ဝေခွဲရယူပြီးဖြစ်သည့်အတွက် နေ့စဉ်ရရှိသည့် ထမင်းနှင့် ဟင်းလျာများက အချုပ်ခန်းအတွင်းရှိ သူများ၏ အရည်အတွက်နှင့်အညီ လောက်ငပြည့်စုံမှု မရှိ။ ထို့ကြောင့် ဖမ်းဆီးခံရသူများ၏ နေအိမ်များမှ နေ့စဉ် ထမင်းပို့ခြင်း ဖြင့် ဖြေရှင်းရသည်။

ရဲစခန်း၏ လိုအပ်သည့် ဆောင်ရွက်ချက်ကို ကူညီဖြည့်ဆည်းပေးသဖြင့် ထမင်းပို့သည့်အခါ အလွယ်တကူ ဆောင်ရွက်၍ ရမည်ဟုထင်ပါက မှားပေလိမ့်မည်။ အချုပ်ခန်းစောင့် တာဝန်ကျရဲကို သဒ္ဒါကြေး သို့မဟုတ် စေတနာကြေး ပေးမှသာ မိမိပို့ပေးသည့် စားစရာထမင်းနှင့် သောက်စရာ ရေတို့ အဟန့်အတားမရှိ ရှောရှောရှူရှူ ရောက်မည် ဖြစ်သည်။ ထိုသို့ ပေးကမ်းခြင်းမပြုပါက မိမိပေးပို့သည့် စားစရာထမင်းကို စားလိုစိတ်မရှိသည့် အခြေအနေထိရောက်အောင် မွှေနှောက်ရှာဖွေခြင်း၊ အချိန်မတော်သည့် အချိန်မှ အချုပ်ခန်းအတွင်းသို့ ရောက်ခြင်း စသည့် ပြဿနာများကို ရင်ဆိုင်ရမည် ဖြစ်သည်။ ရဲစခန်းအုပ်ချုပ်သည့် နယ်မြေအတွင်း နေထိုင်သူဖြစ်ပါက အနည်းဆုံး တခေါက်လျှင် ငွေကျပ် ၅၀၀ စေတနာကြေးပေး ရမည်ဖြစ်ပြီး ရပ်ဝေးမှ တခါတရံ လာတွေ့သူများ ဖြစ်ပါက ငွေကျပ် ၁၀၀၀ အနည်းဆုံးပေးမှသာ အဆိုပါ စားသောက်သည့်ကိစ္စ ပြီးမြောက်မည် ဖြစ်သည်။

ထို့ကြောင့် တနေ့လျှင် အနည်းဆုံး ထမင်း ၂ ကြိမ် ပို့ရမည် ဖြစ်သည့်အတွက် အချုပ်သား တဦး တကြိမ်လျှင် ၅၀၀၊ တရက်လျှင် ၁၀၀၀ အနည်း ဆုံး ကုန်ကျခံမှသာ စားသောက်သည့်ကိစ္စ ပြီးမြောက်မည် ဖြစ်သည်။ အချုပ်ခန်းအတွင်း လူ ၁၀ ယောက်ရှိပါက တရက်လျှင် အနည်းဆုံး ၁၀၀၀၀ ကျပ်ကို အချုပ်ခန်းစောင့်သည့် ရဲက ရရှိမည် ဖြစ်သည်။ ထိုရရှိသည့်ငွေကို တဦးတည်းရသည်မဟုတ် ရာထူးကြီးစဉ်ငယ်လိုက် ခွဲဝေပေးရ ပြန်သည်။ ရဲတပ်သားများအနေဖြင့် ရရှိသည့် လစာငွေ မလောက်ငသည့်အတွက် လစဉ်စားဝတ်နေရေးကို လာဘ်စားမှုဖြင့် ဖြေရှင်းရန် မှတပါး အခြား နည်းလမ်းမရှိ၊ တနည်းအားဖြင့် ရွေးချယ်စရာမရှိပေ။

အမှုအခင်းဖြစ်လာပြီဆိုပါက အလွယ်တကူနှင့် ပြီးသည်မဟုတ် အနည်းဆုံး ၂ ပတ်မှ မခန့်မှန်းနိုင်သည့် ကာလအထိ ကြာမြင့်တတ်သည်။ အကျဉ်းထောင်ရှိသည့် မြို့နယ်များဖြစ်သည်ဆိုပါက အနည်းငယ် သက်သာသည်မှာ ရဲစခန်းတွင် ၂၄ နာရီ ချုပ်နှောင်ခံရပြီးပါက တရားရုံးသို့ တင်ပို့၊ တရားရုံးက အာမခံ မပေးနိုင်သည့် အမှုဖြစ်က ဆက်လက် ချုပ်နှောင်ထားရန် အကျဉ်းထောင်သို့ပို့၍ ချုပ်နှောင်စေသည့် အတွက် ရဲစခန်းတွင် ကုန်ရမည့် ငွေ သက်သာသည်ဟု ဆိုရမည်။

အကျဉ်းထောင်နှင့် မနီးသည့် အရပ်ဒေသများဖြစ်ပါက အမှုပြီးဆုံးသည်အထိ အထက်ဖော်ပြပါ ရဲစခန်းနှင့်သာ နှစ်ပါးသွား စခန်းသိမ်းရတော့မည် ဖြစ်သည့်အတွက် အထက်ဖော်ပြပါ ငွေကြေးများကို မရမက ရှာဖွေ အကုန်အကျ ခံရတော့မည် ဖြစ်သည်။

စားသောက်မှုကိစ္စ ပြီးသွားသည်နှင့် စိတ်အေးရပြီဟု စိတ်နှလုံး ဒုံးဒုံးမချနိုင်သေးပါ။ အချုပ်ခန်းအတွင်း မိမိ တယောက်တည်း နေထိုင်ရသည် မဟုတ် အများနှင့် နေထိုင်ရသည်ဖြစ်၍ တကိုယ်ရေသန့်ရှင်းရေးသည် အရေးကြီးသည့် နေရာမှ ပါဝင်လာသည်။ တကိုယ်ရည် သန့်ရှင်းမှု မရှိက အမှုပြီးပြတ်၍ ရဲစခန်းမှ ပြန်ထွက်လာသည့် အချိန်တွင် ယားနာ၊ ဝဲနာတို့ဖြင့် ပြန်လည်ထွက်လာရမည် ဖြစ်သည်။ အနည်းဆုံး တပတ် ၇ ရက် တခါ ရေချိုး သန့်ရှင်းရေး လုပ်ရမည် ဖြစ်သည်။

အချုပ်ခန်းအတွင်း အချုပ်သားများ၏ ကျန်းမာရေးအတွက် နိုင်ငံတော်က ဆောင်ရွက်မပေးဟုဆိုပါက မှားပေလိမ့်မည်။ အချုပ်ခန်းအတွင်းရှိသူ များ ရေချိုးသန့်စင်ရန်အတွက် နိုင်ငံတော် ဝန်ထမ်း ရဲတပ်ကြပ်၊ တပ်သားများက ငွေပေးပါက စွမ်းစွမ်းတမံ ချိုးရေအတွက် ရေထမ်းပေးမည် ဖြစ်သည်။ ရေတပုံးကို မည်မျှပေးရမည် ဆိုသည်က ရေရရှိနိုင်သည့် နေရာနှင့် ရဲစခန်းရှိ အချုပ်ခန်း၏ အကွာအဝေးပေါ် မူတည် ပါသည်။ ရေထမ်းပေးသည့် ရဲဝန်ထမ်းများကလည်း လူသားများဖြစ်သည့်အတွက် လိုအပ်သည့် ခွန်အားရရှိရန်အတွက် အခကြေးငွေ တွက်ချက် ဆောင်ရွက် ပေးရခြင်း ဖြစ်သည်ဟု မေတ္တာပွားရုံမှတပါး အခြား ရွေးစရာ လမ်းမရှိပေ၊ ငွေကြေး မတတ်နိုင်သည့် သူများဖြစ်ပါက ရေမချိုးရုံသာ ရှိပေတော့သည်။ သို့မဟုတ်ပါက အချုပ်ခန်းအတွင်းရှိ လူအများ နေ့စဉ်သုံးစွဲနေသည့် အိမ်သာ သန့်ရှင်းရေးနှင့် အခန်း သန့်ရှင်းရေးတို့အတွက် လုပ်ကိုင် ဆောင်ရွက်ပေးမှသာ တကိုယ်ရည် သန့်ရှင်းရေး အတွက် ရေချိုးခွင့်ရမည် ဖြစ်သည်။

အချုပ်ခန်းအတွင်း အထက်ပါကိစ္စများအတွက် ငွေကြေး ကုန်ကျခံပြီးပါက အေးအေးဆေးဆေး အနားယူ၍ မိမိအမှုအားခုခံချေပရန် စဉ်းစားနိုင်ပြီဟု ထင်လျှင် မှားပေလိမ့်မည်။ ထူးဆန်းသည်ဟုပဲထင်ထင် လူအမျိုးမျိုး၊ အမှု အထွေထွေ ကျူးလွန်လာသည့် သူများဖြစ်သည့် အတွက် အချုပ်ခန်းအတွင်း လုံခြုံရေးအတွက် အလှည့်ကျ ကင်းစောင့်ရန်ကိစ္စကိုလည်း ရင်ဆိုင်ရဦးမည် ဖြစ်သည်။ ဖောက်ထွင်းမှုကို ကျွမ်းကျင်သူများက အချုပ်ခန်းဖောက် ထွက်ပြေးပါက မခက်ပါလား၊ ညအိပ်ရေးပျက်မခံနိုင်၊ ကင်းမစောင့်နိုင်သူဖြစ်ပါက အငှားကင်းစောင့်မည့် သူကို ထပ်မံငှားရမ်းဖို့ ငွေလိုပါသေးသည်။ ကင်းသမား၏ တာဝန်မှာ သိပ်ခက်ခဲလှသည်တော့ မဟုတ်၊ ၁၅ မိနစ် တကြိမ်၊ အချို့ရဲစခန်းများတွင် မိနစ် ၃၀ တကြိမ်၊ အချက်ပေး သံချောင်းခေါက်ပါက အခန်းတွင်း အခြေအနေကိုကြည့်ပြီး အချုပ်သား ဘယ်နှဦး၊ အခြေအနေအားလုံး ကောင်းပါသည်ခင်ဗျား ဟု အော်ဟစ်သတင်းပို့ရခြင်းသာ ဖြစ်သည်။ ကင်းစောင့်တာဝန်မှာ ၂ နာရီ ဖြစ်သည်။ အချုပ်ခန်း အတွင်းရှိ လူများပေါ် မူတည်၍ ကင်းတာဝန်ချထားသည့်အတွက် ရဲစခန်း တခုနှင့်တခု စီမံဆောင်ရွက်ပုံ မတူညီ၊ သို့သော် ကင်းတာဝန် ၂ နာရီမှာ တူညီသည်ကိုလည်း တွေ့ရမည် ဖြစ်သည်။

ညတာဝန်ကျ ရဲများ တာဝန်ထမ်းဆောင်နိုင်စေရန်အတွက် မီးမလာပါက ဖယောင်းတိုင်၊ ညအချိန် ဖြစ်သည့်အတွက် အလုပ်လုပ်ရာတွင် အနှောင့်အယှက် မဖြစ်စေရန် အတွက်လည်း လိုအပ်သည့် ခြင်ဆေးခွေ စသည်တို့ကိုလည်း အချုပ်သားများ၏ ထောက်ပံ့မှုများဖြင့် ရဲဝန်ထမ်းများ က တာဝန်ထမ်းဆောင် နေရသည်ကို တွေ့ရမည် ဖြစ်သည်။

နေ့စဉ် စားသောက်ရန်ကိစ္စ၊ တကိုယ်ရည် သန့်ရှင်းရေးကိစ္စနှင့် ကုန်ကျစရိတ် အဝဝအတွက် ရဲစခန်းတွင် အချုပ်ခံ နေရစဉ်အတွင်း ငွေကြေး မတတ်နိုင်သူဖြစ်ပါက အနည်းဆုံး တဦးအတွက် တလလျှင် ငွေ ၅၀၀၀၀ ကျပ် ကုန်ကျမည် ဖြစ်ပါသည်။ ငွေကြေး အသင့်အတင့် တတ်နိုင်သူ ဖြစ်ပါက ထို့ထက်ပို ကုန်မည်ဖြစ်ပြီး၊ မြို့ပေါ် ရဲစခန်းများဖြစ်ပါက အထက်ပါ ငွေထက် ၂ ဆခန့် ကုန်ကျရမည် ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

(အမှုအတွက် ကုန်ကျရမည့် ငွေများကို ဆက်လက်ဖော်ပြပါဦးမည်။)


http://www.mizzimaburmese.com/edop/songpa/3935-2009-10-05-09-01-42.html

The First Burma Ethnic Nationalities Conferene in Canada

the first Burma Ethnic Nationalities Conference in Canada (October 2 - 3, 2009) held at York University, Toronto.

Media Release 2009 en Conference- Toronto

5 Oct ဒိုင်ယာရီ

http://ifile.it/irjp90k


5 Oct news

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစု သတ်မှတ်

ABMA 5.10.09

မိတ်ဆွေကောင်းများ မဖြစ်နိုင်တော့သော ပေကျင်းနှင့် မြန်မာ


လာရီဂျေဂင်
တနင်္လာနေ့၊ အောက်တိုဘာလ 05 ရက် 2009 ခုနှစ် 19 နာရီ 47 မိနစ်


ဘန်ကောက် (မဇ္ဈိမ)။ ။ အချိန်နှင့်အမျှ ကျဆင်းနေသော ဆက်ဆံရေးနှင့်အတူ အလွန်ရင်းနှီးသော အိမ်နီးချင်း မဟာမိတ် တရုတ်နှင့် မြန်မာကြား နယ်စပ် ပြဿာနာများပေါ်တွင် တည်မှီနေသော အကွဲအပြဲသည် တဖြည်းဖြည်း ကြီးထွားလာသည်။ စစ်အစိုးရကို အဓိက အကျိုးပြုသူ တရုတ်သည် သူ၏ မကျေနပ်မှုများကို လူသိရှင်ကြား ပြသလာနေသလို၊ ပြီးခဲ့သည့် သတင်းပတ် အနည်းငယ်က ပေကျင်းသည် လုပ်နေကျမဟုတ်ဘဲ ပိုမို ပွင့်လင်းသော ဝေဖန်မှုများ ပြုလုပ်လာခဲ့သည်။

တရုတ်သည် ပေကျင်း၊ နေပြည်တော်နှင့် နယူးယောက်တွင် များပြားလှသော သံတမန်ကိစ္စများနှင့် တုံ့ပြန်ခဲ့သည်။ တရုတ်သည် သူ၏ ဆက်ဆံရေး ထိုင်းမှိုင်းနေမှုကို စိုးရိမ်ပူပန်လျက် သူတို့၏ အကျွမ်းကျင်ဆုံး ညှိနှိုင်းရေးသမားဖြစ်သူ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီအား လွန်ခဲ့သည့် ၁၀ ရက်အတွင်း မြန်မာနိုင်ငံသို့ လျှို့ဝှက်အဖွဲ့အဖြစ် စေလွှတ်ခဲ့သည်ဟု မြန်မာအဆင့်မြင့် အာဏာပိုင်များ အဆိုအရ သိရသည်။

ပထမဆုံး အကွဲအပြဲကိုပြသော သင်္ကေတမှာ နှစ် ၂၀ လုံးလုံး အပစ်ရပ် ကိုးကန့်လူမျိုးစု တော်လှန်ရေးအဖွဲ့အား စစ်တပ်က ထိုးစစ်ဆင်လိုက်ချိန်တွင် စတင်ခဲ့သည်။ ဒုက္ခသည် ထောင်ပေါင်းများစွာသည် မြန်မာပြည်မြောက်ပိုင်း နယ်စပ်တလျှောက်မှ ပြည်တွင်းစစ်ကို စိုးရိမ်ကာ၊ နယ်စပ်ဖြတ်ကျော်လာသည်ကို တရုတ်အစိုးရ လန့်ဖြန့်သွားခဲ့သည်။ မြန်မာအပေါ် ထားရှိသော ပေကျင်း၏ သဘောထားတွင် မြန်မာနှင့် အမေရိကန်၏ အနာဂတ်ဆက်ဆံရေးအပေါ် ရှိနေသော စိုးရိမ်မှုကိုပါ ပေါင်းစပ်ပါဝင်လာသည်။ ပေကျင်းသည် ဝါရှင်တန်၏ စစ်အစိုးရနှင့် ဆွေးနွေးရန် ကမ်းလှမ်းမှုကို စိုးရိမ်လာခဲ့သည်။

“ပေကျင်းဟာ မြန်မာစစ်အစိုးရရဲ့ မဆင်မခြင် ချဉ်းကပ်မှုတွေကြောင့် သူတို့ရဲ့ ပုံမှန်အားဖြင့် ခိုင်မာတဲ့ ဆက်ဆံရေးကနေ နောက်ကို ပြန်ဆုတ်သွားရတာပါ“ ဟု ချင်းမိုင်တက္ကသိုလ် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက ပြောသည်။ ”ဒါပေမဲ့လည်း ဒါဟာ ဆက်ဆံရေးကို အများကြီး ပြောင်းလဲသွားဖို့ထက်၊ ပြဿာနာနည်းနည်း ရှိနေတယ်ဆိုတာကိုပဲ သက်သေပြနိုင်တာပါ“ ဟု သူက ဆက်ပြောသည်။

တရုတ်တွင် မြန်မာနိုင်ငံအတွင်း ကြီးမားသော စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် စိုးရိမ်မှုများစွာ ရှိနေသည်။ အထူးသဖြင့် ရေနံပိုက်လိုင်းစီမံကိန်း၊ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ခရိုင်သို့ မြန်မာပြည်အနောက်ဘက် ရခိုင်ကမ်းလွန်မှ ရေနံ ပို့ဆောင်ခြင်းတို့ ဖြစ်သည်။ သို့သော် တရုတ်သည် နှစ်နိုင်ငံနယ်စပ်တလျှောက် ဖြစ်ပေါ်နေသော တိုးပွားလာသည့် ပြဿာနာများနှင့် မြန်မာပြည်တွင် နေထိုင်သော တရုတ်လူမျိုးများ၏ လုံခြုံရေးတို့အတွက်ပါ စိုးရိမ်နေရသည်။ တရုတ်လူမျိုး တသန်း၏ လေးပုံတပုံခန့်သည် လွန်ခဲ့သည့် ၁ဝ နှစ်အတွင်းက စီပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရန် မြန်မာပြည်မြောက်ပိုင်းသို့ နယ်စပ်ဖြတ်ကျော်ကာ ဝင်ရောက်လာခဲ့ကြသည်။

နယ်စပ်ဒေသမှ ပျက်စီးနေသော အခြေအနေများနှင့်အတူ လုံခြုံရေးအတွက် စိုးရိမ်မှု တိုးပွားလာနေသည်။ ပြီးခဲ့သည့် အပတ်က ယူနန်ပြည်နယ်မြို့တော် ကူမင်းအခြေစိုက် အစိုးရထိန်းချုပ်သော ခရိုင် ရုပ်မြင်သံကြားက မြန်မာနိုင်ငံအတွင်း ရှိနေသော တရုတ်နိုင်ငံသားများ နေရပ်သို့ အမြန်ဆုံးပြန်လာရန် တရုတ်အစိုးရ၏ ကြေညာချက်ကို ထုတ်လွှင့်ခဲ့သည်။

၎င်း၏ နောက်တွင် လွန်ခဲ့သည့်လက ဖြစ်ပွားခဲ့သော ကိုးကန့်တပ်ဖွဲ့နှင့် စစ်တပ်ကြား စစ်ရေးပဋိပက္ခတွင် နယ်စပ်ဒေသ၌ နေထိုင်သော တရုတ်နိုင်ငံသားများ ဆက်ဆံခံခဲ့ရသည်များကို လွန်ခဲ့သည့် ရက်ပိုင်းကတည်းက တရုတ်က စစ်အစိုးရကို ပုံမှန်ပင် ပြစ်တင်ဝေဖန်လာခဲ့သည်။ ပြီးခဲ့သည့်တပတ်ထုတ် ကြေညာချက်တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးက တရုတ်နှင့် နယ်ချင်းကပ် မြန်မာပြည်အရှေ့မြောက်တွင် ကိုးကန့်နှင့် ဖြစ်ပွားခဲ့သော ပြဿာနာသည် ထိုဒေသရှိ တရုတ်နိုင်ငံသားများ အခွင့်အရေးများနှင့် အကျိုးစီးပွားကို ထိခိုက်စေခဲ့သည်ဟု ပြောခဲ့သည်။ စစ်အစိုးရအနေနှင့် အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် သေချာစွာ လုပ်ဆောင်သင့်သည်ဟု ပြောသေးသည်။

စစ်အစိုးရက ဒေသတွင်း၌ ငြိမ်းချမ်းရေး ပြန်ရနေပြီး တရုတ်နယ်စပ်သို့ ထွက်ပြေးသော ဒုက္ခသည်အများစု ပြန်လာပြီဟု ပြောဆိုခဲ့သည်။ သို့သော် မြန်မာနှင့် ထိစပ်နေသော တရုတ်ပြည်နယ်စပ်ရှိ ဒေသခံများအဆိုအရ ကိုးကန့်ဒေသမှသာ မဟုတ်ဘဲ ထောင်ပေါင်းများစွာတို့သည် နယ်စပ်ကိုဖြတ်ကျော်ကာ ခိုလှုံရာ ရှာဖွေနေဆဲဟု ဆိုသည်။ အများစုမှာ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သည်။ ဒုက္ခသည် ၄ သောင်းနီးပါးသည် တိုက်ပွဲများ ဖြစ်ပွားချိန်တွင် တရုတ်ဘက်သို့ ထွက်ပြေးခဲ့ကြသည်။

သူတို့သည် တရုတ်အာဏာပိုင်များက ဆောက်လုပ်ပေးသော ယာယီဒုက္ခသည်စခန်းများ၌ နေထိုင်ကြသည်။ တရားဝင်ပင် ထိုဒုက္ခသည်များကို ထိုအချိန်ကတည်းက သီးခြားခွဲထားကာ မြန်မာပြည်သို့ ပြန်ပို့ခဲ့သည်။ “ကိုးကန့်မြို့တော် လောက်ကိုင်ဟာ သရဲသဘက်မြို့လို ရှိနေဆဲပါပဲ“ ဟု မကြာသေးခင်က ထိုဒေသကို သွားရောက်ခဲ့သော နိုင်ငံခြားသား ဧည့်သည်တဦးက မဇ္ဈိမကို ပြောသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ အဓိက နယ်စပ်မြို့တော် အပါအဝင် အဓိကမြို့ကြီးများ အများစုမှာလည်း ပြောင်တလင်းခါနေသည်ဟု သူက ဆက်ပြောသည်။

နယ်စပ်တလျှောက် အနောက်ဘက် ကချင်ဒေသမှ အရှေ့ဘက် ရှမ်းဒေသအထိမှ ဒေသခံများသည် အခြား တော်လှန်ရေး အင်အားစုများ အထူးသဖြင့် ကချင်၊ ဝ နှင့် စစ်တပ်ကြား ဖြစ်ပွားလာနိုင်သည့် တိုက်ပွဲများကို စိုးရိမ်ကြောက်ရွံ့သဖြင့် တရုတ်ပြည်တွင်းသို့ ထွက်ပြေးနေသည်ဟု ထိုဒေသသို့ စီးပွားရေးလုပ်ရန် သွားရောက်ခဲ့သော အိန္ဒိယ စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။ “လူတိုင်းက နှစ် ၂ဝ ရှိပြီဖြစ်တဲ့ အပစ်ရပ် သဘောတူညီချက်ကို မြန်မာစစ်ဗိုလ်ချုပ်တွေက ဖျက်ဆီးပစ်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတော့မှာကို စိုးရိမ်နေကြတယ်“ ဟု တရုတ်နယ်စပ်မြို့ ရွှေလီ၌ နေထိုင်သော ကချင် ကျောင်းသားတဦးက ပြောသည်။

“စစ်အစိုးရရဲ့ ရည်ရွယ်ချက်ဟာ နောက်နှစ်မှာလုပ်မယ့် ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသားတော်လှန်ရေး တပ်တွေကို လက်နက်ဖြုတ်သိမ်းပြီး နယ်ခြားစောင့်တပ် ဖြစ်လာစေဖို့ပဲ“ ဟု ဦးဝင်းမင်းက ပြောသည်။

အပစ်ရပ်အဖွဲ့များသည် အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထား၍ မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်၌ နယ်စပ် ရဲလုံခြုံရေးတပ်များအဖြစ် လက်နက်ဖြုတ်သိမ်းပေးရန် စစ်အစိုးရ၏ အမိန့်ကို လိုက်နာရန်နှင့် လာမည့်နှစ်တွင် ပြုလုပ်ရန် စီစဉ်ထားသော ရွေးကောက်ပွဲကို ဝင်ရောက်ရန်ဖြစ်သည်ဟု သူက မဇ္ဈိမကို ဆက်ပြောသည်။

ယခုနှစ်အစောပိုင်းတွင် စစ်အစိုးရသည် ထိုတော်လှန်ရေးအဖွဲ့များ အထူးသဖြင့် ဝ နှင့် ကူညီညှိနှိုင်းပေးရန် ၂ဝဝ၄ ခုနှစ် အောက်တိုဘာအတွင်း ရာထူးမှဖြုတ်ချကာ ရန်ကုန်တွင် နေအိမ်အကျယ်ချုပ် ကျခံထားရသော ဝန်ကြီးချုပ်ဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အကူအညီကို ရယူရန် ကြိုးစားခဲ့သည်။ ဦးခင်ညွန့်သည် လွန်ခဲ့သည့် နှစ် ၂၀ က ယခုအပစ်ရပ်များကို သဘောတူညီချက် စတင်ဦးဆောင်ပြုလုပ်ခဲ့ကာ၊ သူ့ကို တိုင်းရင်းသား ခေါင်းဆောင် အများအပြားက ယုံကြည်ကြဆဲဖြစ်သည်။ သူက ရာထူးချခံရပြီးနောက် ထောင်ချခံခဲ့ရသော သူ၏ စစ်ထောက်လှမ်းရေး အရာရှိ ၃၀၀ ကို ပြန်လွှတ်ပေးလျှင် လုပ်ဆောင်ပေးမည်ဟု သဘောတူခဲ့သည်။ စစ်အစိုးရက သူ၏ တောင်းဆိုမှုကို ငြင်းဆိုခဲ့ကာ၊ နယ်စပ်တလျှောက်ရှိ အဓိက တိုင်းရင်းသား အင်အားစုများဖြစ်သော ကချင်၊ ကိုးကန့်၊ ဝနှင့် အလွန်တရာ နီးကပ်သော ဆက်ဆံရေးရှိသည့် တရုတ်ဘက်သို့ လှည့်လာခဲ့သည်။ တရုတ်၏ အကူအညီပေးရန် တုံ့ဆိုင်းနေမှုက စစ်အစိုးရ ခေါင်းဆောင်များကို ဒေါသထွက်စေခဲ့သည်။

ယခုအခါ ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် စစ်အစိုးရကို စစ်မှန်သည့် နိုင်ငံရေး အပြောင်းအလဲနှင့် မိတ်ဆက်ပေးနိုင်ရန် တွန်းအားပေးရေးအတွက် အပြည်အပြည်ဆိုင်ရာမှ ချဉ်းကပ်မှုများအပေါ် အရေးကြီးသော ရိုက်ခတ်မှု ဖြစ်ပေါ်စေနိုင်သည့် နိုင်ငံနှစ်ခုအကြား တည်ရှိနေသော ထင်ရှားသည့် အက်ကွဲကြောင်းသည် ပိုမို၍ သက်သေပြလာနိုင်သည်။

နယ်စပ်ဒေသရှိ အထူးသဖြင့် ကိုးကန့်နှင့် " ဝ " ကဲ့သို့သော တိုင်းရင်းသား အုပ်စုအများစုသည် စစ်အစိုးရနှင့် အပစ်ရပ် သဘောတူညီမှု ရယူထားသလို၊ အစဉ်အလာအားဖြင့်လည်း တရုတ်အာဏာပိုင်များနှင့် နီးကပ်သော ဆက်သွယ်မှုများ ရှိနေသဖြင့် နှစ်နိုင်ငံအကြား ကြီးထွားလာသော ဆန့်ကျင်ကွဲပြားလာမှုသည် ထိုဒေသကို သိသာစွာ သက်ရောက်နိုင် သည်။ စီးပွားရေးနှင့် ယဉ်ကျေးမှုအရပါ ထိုဒေသသည် မြန်မာထက် တရုတ်နှင့် ပိုမိုနီးစပ်လေသည်။

ထိုတိုင်းရင်းသားခေါင်းဆောင် အများအပြားသည် ကျန်းမာရေး ကုသမှုခံယူရန် နယ်စပ်ဖြတ်ကျော်၍ တရုတ်ဆေးရုံများသို့ သွားရောက်သလို၊ သူတို့၏ သားသမီးများကို တရုတ်ကျောင်းများသို့ ပို့ထားသည်။ တရုတ်ဘာသာစကားနှင့် တရုတ်ငွေ ယွမ်ကိုပင် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်နှင့် ဝ" ဒေသတခုလုံး၌ သုံးစွဲကြသည်။

မြန်မာပြည်တွင်းရှိ သူတို့၏ တိုင်းရင်းသား ညီအကိုများဖြစ်သော ဝ"၊ ကိုးကန့်နှင့် ဗဟိုအစိုးရအကြား ရွေးချယ်ရန် ပေကျင်းကို ဖိအားပေးသည့် မည်သည့်အရာမဆို ပေကျင်းအား ကြီးမားသော ပြဿာနာ ဖြစ်စေသည်။ အဆုံး၌ မြန်မာနှင့် တရုတ်၏ တကယ့် သဘာဝအခြေအနေကို ထင်ရှားစွာ ပြသပေလိမ့်မည်။

ပေကျင်းသည် ယခုအခါ မြန်မာ၏ ပိုမိုရှည်ကြာသော စောင့်သိမှုနှင့်ပတ်သက်၍ ပိုမို စိတ်ပူပန်နေရသည်။ စစ်အစိုးရသည် ပြီးခဲ့သည် နှစ်အနည်းငယ်တွင် တရုတ်၏ အဓိကမဟာမိတ်ဖြစ်ကာ၊ အရှေ့တောင်အာရှမှ နည်းဗျူဟာမြောက် မိတ်ဆွေ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဝါရှင်တန်နှင့် မြန်မာအကြား စတင်ဖွင့်လှစ်လာသော ညှိနှိုင်းမှုသည် တရုတ်ခေါင်းဆောင်များကို စိတ်အနှောင့်အယှက်ဖြစ်စေကာ၊ သူတို့သည် ဒေသတွင်းတွင် အမေရိကန်၏ ဆက်ဆံရေး ပြန်လည်တည်ဆောက်မှုကို သံသယရှိနေဆဲဖြစ်ပြီး၊ အမေရိကန်က တရုတ်ကို ထိန်းချုပ်ရေး နည်းဗျူဟာဟောင်းသို့ ပြန်ရောက်သွားမည်ကိုပါ စိုးရိမ်နေသည်။ ထိုဒေသကို ပေကျင်းက သူ၏ နောက်ဘက်ခြံအဖြစ် သဘောထားကာ လွှမ်းမိုးရန် မည်သည့် ကြိုးပမ်းမှုကိုမဆို ကြိုဆိုမည် မဟုတ်ပေ။

တရုတ်က အရှေတောင်အာရှမှ သူ၏ လွှမ်းမိုးမှု ကျဆင်းလာနေပြီလောဟူ၍ စိုးရိမ်နေသည်။ ဗီယက်နမ်သည် မည်သည့်အခါကမှ ခိုင်မာစွာ ထောက်ခံခဲ့သူ မဟုတ်ခဲ့သလို၊ ပေကျင်းက စိုးရိမ်နေသမျှ ကာလပတ်လုံး တခါတရံတွင် ဟနွိုင်း၏ အဓိက အကျိုးစီးပွားသည် ဝါရှင်တန်နှင့် အဆင်ပြေနေသည်။ မကြာသေးခင်က ကမ္ဘောဒီးယားနှင့် ထိုင်းသည် အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုခိုင်မြဲလိုက်သောအခါ တရုတ်၏ နည်းဗျုဟာဆိုင်ရာ စိုးရိမ်မှုသည် ပိုမိုတိုးပွားလာသည်။

ယခုအခါ သူ၏ ကျောက်သားကဲ့သို့ ခိုင်မြဲခဲ့သော မဟာမိတ်သည် ဝါရှင်တန်နှင့် ဆက်ဆံရေးတိုးမြှင့်၍ ဆွဲဆောင်မှုများ စတင်ပြုလုပ်နေပေပြီ။ “တရုတ်ဟာ မြန်မာပြည်က မကြိုဆိုသင့်တဲ့ ထိုးဖောက်ဝင်ရောက်လာမှုတွေကို ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ တုံ့ပြန်ပါလိမ့်မယ်“ ဟု ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိရေးသူနှင့် မြန်မာ့အရေး ကျွမ်းကျင်သူ ဗြိတိန်နိုင်ငံသား ဂျပ်စတင်ဝင်တယ်က မဇ္ဈိမကို ပြောသည်။

ပေကျင်း၏ လက်ရှိ စိုးရိမ်မှုသည် သူတို့၏ မတည်ငြိမ်သော အခြေခံရှိသည့် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးမှ ထွက်ပေါ်လာခြင်းပင်။ တရုတ်အစိုးရသည် စစ်အစိုးရကို သံသယရှိဆဲပင်။ “ကျနော်တို့ ထိုင်းနဲ့ တွေ့တဲ့အခါ သူတို့က တရုတ်ကိုပဲ ကြည့်တယ်။ တရုတ်နဲ့ပဲ စကားပြောတယ်။ ဒါပေမဲ့ မြန်မာခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ သူတို့က တရုတ်နဲ့ စကားမပြောဘဲ၊ တောင်အာရှကိုပဲ ကြည့်တယ်“ ဟု အဆင့်မြင့် တရုတ်အစိုးရ အရာရှိတဦးက ပြောသည်။

“မြန်မာနဲ့ တရုတ်ဟာဆိုရင် တကယ့်မိတ်ဆွေတွေ မဟုတ်ပါဘူး။ ဥပမာ - ထိုင်းနဲ့လိုပေါ့။ ဒါဟာ မက်ခီယာဗယ်လီရဲ့ ဆက်ဆံရေးမျိုးပါပဲ။ (မက်ခီယာဗယ်လီသည် နိုင်ငံရေးတွင် လှဲ့စားမှုများ တင်ပြခဲ့သူ ဖြစ်သည်) ။ အဲ့ဒါကတော့ ‘ကျနော်တို့ အဓိက လိုချင်တာအတွက် အဲဒီမှာ ရှိနေတာပါ။ သူတို့လည်း သူတို့လိုချင်တာအတွက် အဲဒီမှာ ရှိနေတာပါ’ “ ဟု သူက ပြောသည်။

ထို့ကြောင့် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေးအရဆိုလျှင် ထိုအရာသည် လွယ်ကူစွာ ရွှေ့ပစ်နိုင်သော ဆက်ဆံရေးမျိုး ဖြစ်သည်။ “ဒါပေမဲ့ အဲဒါဟာ မကြာခင်မှာ ပိုပြင်းထန်လာနိုင်မှာတော့ မဟုတ်ပါဘူး“ ဟု ဦးဝင်းမင်းက ပြောသည်။ “မြန်မာဟာ တရုတ်ကို စီးပွားရေးအရ အရမ်းကို မှီခိုနေရပြီး၊ ပေကျင်းကို သူ့ရဲ့ အဓိက မဟာမိတ်အဖြစ်ကနေ စွန့်ပစ်လိုက်ဖို့ တကယ်စဉ်းစားဖို့ဆိုတာ အရမ်းကို ဝေးလွန်းပါတယ်“ ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံရှိ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၉ဝ ရာခိုင်နှုန်းကျော်သည် တရုတ်ပင် ဖြစ်သည်။ အနောက်ကမ္ဘာက ဦးဆောင်သော စီးပွားရေးပိတ်ဆို့မှု ဆက်ရှိနေစဉ် မဝေးသော အနာဂတ်တွင် ပြောင်းလဲနိုင်ရန်မှာ မဖြစ်နိုင်ပေ။

“စီးပွားရေး ပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံကို တိုက်ခိုက်ဖို့ နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေတာဖြစ်ပြီး၊ တရားမျှတမှု မရှိဘူးလို့ ကျနော်တို့ စဉ်းစားပါတယ်“ ဟု ပြီးခဲ့သည့်လက မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကုလသမဂ္ဂ နှစ်ပတ်လည် အထွေအထွေညီလာခံ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ သံသယ ရှိစရာမလိုအောင်ပင် မြန်မာ၏ အမေရိကန်နှင့် ဆွေးနွေးချင်လာသော စိတ်ဝင်စားမှုသည် စစ်အစိုးရ၏ အဓိက စိုးရိမ်မှုဖြစ်သော စီးပွားရေးပိတ်ဆို့မှု ပယ်ဖျက်ပေးရန်၊ အပြည်ပြည်ဆိုင်ရာမှ လူသားချင်း စာနာထောက်ထားသော အကူအညီနှင့် ဖွံ့ဖြိုးရေး အကူအညီများ နိုင်ငံတွင်း လှိမ့်ဝင်လာစေရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို စွဲဆောင်ရန်တို့ကြောင့် ရုန်းထလာရခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်တွေဟာ ထောက်ခံသူနိုင်ငံ တခုထဲပေါ်မှာ အရမ်းမှီခိုရတာကို မကြိုက်ကြမှာ သေချာသလို၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေဖြစ်တဲ့ အာဆီယံလိုမျိုး၊ အိန္ဒိယလိုမျိုးနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးတွေအားဖြင့် တရုတ်ရဲ့ လွှမ်းမိုးမှုကို ချိန်ညှိဖို့ ကြိုးစားကြမှာ ဖြစ်ပေမယ့်လည်း သူတို့ဟာ တရုတ်နဲ့ ဆက်ထားတဲ့ အသက်သွေးကြောကြီးကို မဝေးတော့တဲ့ အချိန်မှာ ဖြတ်ဖို့တော့ စဉ်းစားကြမှာ မဟုတ်ပါဘူး“ ဟု ဦးဝင်းမင်းက ပြောသည်။

သို့သော် စစ်အစိုးရ ခေါင်းဆောင်များသည် ပေကျင်းနှင့်ပတ်သက်ပြီး စိတ်ပျက်နေသည်ဆိုသော အချက်မှ ပြေးထွက်၍ မရပါ။ တရုတ်သံရုံးသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနားအတွက် များပြားလှသော အခမ်းအနားများ ပြုလုပ်ခဲ့သည်။ နောက်တနေ့ မြန်မာ့အလင်း သတင်းစာ မျက်နှာဖုံးတွင် သံမှူး၏ မိန့်ခွန်း သို့မဟုတ် နေရာ၊ ဖြစ်ရပ်၏ အရေးကြီးမှုကို အနည်းငယ်မျှသာ ဖော်ပြခဲ့ကာ၊ ထိုအစား အတွင်းရေးမှူး (၁) ၏ တက်ရောက်မှုကို သိသာစွာ အရေးစိုက်ဖော်ပြခဲ့သည်။ ၎င်းသည် ပြီးခဲ့သည်လက မြန်မာတိုင်းမ်တွင် တိဘက်ခေါင်းဆောင် ဒလိုင်လားမား ထိုင်ဝမ်သို့ ကြွရောက်သွားသော သတင်းဆောင်းပါးကို ဖော်ပြခွင့်ပြုခဲ့ပြီး၊ နောက်ထပ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်များသည် စစ်အစိုးရက တရုတ်အား မကြိုက်နှစ်သက်သော သင်္ကေတကို ရှင်းလင်းစွာ အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် တရုတ်လျှို့ဝှက်အဖွဲ့မှ မကြာသေးခင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား တွေ့ရှိပြီးနောက်တွင် တွေးဆမှုများသည် ပြင်ဆင်မှုများပေါ်တွင် ရောက်ရှိနေပြီး ဖြစ်ကောင်းဖြစ်နေနိုင်သည်။ တရုတ်သည် စစ်အစိုးရနှင့် အကာအရံများကို ပြန်လည်ပြင်ဆင်ရန် ဝရုန်းသုန်းကားပင် ကြိုးစားနေသည်။ ဥပမာတခုအနေနှင့် ယခုလတွင် ကုလလုံခြုံရေးကောင်စီ၌ မြန်မာကို အစည်းအဝေး၌ ဆွေးနွေးရန် ခေါင်းစဉ်အဖြစ် မပါရှိစေရေး သေချာစေရန် တရုတ်မှ သံတမန်ရေးရာအရ စတင်ခဲ့မှုပင် ဖြစ်သည်။

ပေကျင်းသည် တိုးပွားလာသော စိုးရိမ်မှုများနှင့် မည်သည့် မြန်မာနှင့် အမေရိကန်ကြား နောက်ထပ် ညှိနှိုင်းမှုများကိုမဆို စောင့်ကြည့်မည်သာ ဖြစ်သည်။ ယခုအချိန်အထိ ၎င်းသည် နီးကပ်သော လုပ်ဖော်ကိုင်ဘက် နှစ်နိုင်ငံကြား၊ ပေါက်ဖော်များအကြား သို့မဟုတ် ဇနီးမောင်နှံကြားတွင်ပင် ငြင်းခုန်စရာ ပြဿာနာ ဖြစ်နေသည်ဟု ထိုအခြေအနေများကို နီးကပ်စွာ စောင့်ကြည့်နေသော အာရှသံတမန်တဦးက ဆိုသည်။

သို့သော် အဆုံးတွင် အပေါ်စီးရမည့်သူမှာ မြန်မာပင် ဖြစ်နိုင်သည်။ တရုတ်၏ မြန်မာနိုင်ငံတွင် စီးပွားရေး၊ ကုန်သွယ်ရေး၊ စစ်ရေးပတ်သက်မှုများက စစ်အစိုးရအား အပေါ်စီးရမှုကိုသာ ပိုမိုစေသည်။ ယခုကိစ္စမှာ စစ်အစိုးရခေါင်းဆောင်များသည် သူတို့၏ ကြွက်သားများကို မည်မျှအထိ အတိုးအလျော့ ပျော့ပြောင်းနိုင်ကြမည်လည်းဆိုသည်ပင် ဖြစ်သည်။

http://www.mizzimaburmese.com/edop/songpa/3939-2009-10-05-13-32-20.html

ဒဏ်ခတ်အရေးယူမှုနှင့် ဆွေးနွေးဆက်ဆံမှု


NEJ / ၅ အောက်တိုဘာ ၂၀၀၉


ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူနေသည့်အတွက် ဆွေးနွေးဆက်ဆံရန်မသင့်ဟူသော အယူအဆကို အိုဘားမားအစိုးရက လက်မခံဘဲ ဒဏ်ခတ်အရေးယူနေစဉ်အတွင်း ဗိုလ်သန်းရွှေအစိုးရနဲ့ တွေ့ဆုံဆွေးနွေးဆက်ဆံသွားမယ်လို့ မကြာမီက ကြေညာလိုက်ပါသည်။ ဤသို့အမေရိကန်သဘောထား ပြောင်းလဲခြင်းကြောင့် မည်သူအကျိုးခံစားရမည်ဆိုသည်မှာ အငြင်းပွားစရာ ဖြစ်နေသော်လည်း အကျယ်ချုပ်ကျနေသူ ဒေါ်အောင်ဆန်းစုကြည်ကမူ အမေရိကန်လမ်းစဉ်သစ်ကို ကြိုဆိုလိုက်ပြီး အစိုးရကိုရော၊ အတိုက်အခံကိုရော ဆက်ဆံဆွေးနွေးသင့်သည်ဟု သူ့ရှေ့နေမှတဆင့် ကြေညာချက်ထုတ်လိုက်ပါသည်။

အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်၊ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းနှင့် ကုလသမဂ္ဂတိုက်တွန်းချက် စသည်တို့ကို ကဏ္ဍကောစလုပ်နေသော ဗမာစစ်အစိုးရကို အမေရိကန်က ဒဏ်ခတ်အရေးယူနေသည်မှာ (၁၂) နှစ်ရှိပြီဖြစ်၏။ အတိုက်အခံနှင့်တွေ့ဆုံဆွေးနွေး၍ ဒီမိုကရေစီပြုပြင်ရေးမလုပ်ဘဲ တဖက်သတ်ထင်သလို လုပ်နေသည့်အတွက် ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူခြင်းဖြစ်သည်။ သို့သော်လည်း ဗမာစစ်အစိုးရသည် အပြည်ပြည်ဆိုင်ရာ မေတ္တာရပ်ခံမှုကို လျစ်လျူရှုကာ မြန်မာပြည်သူလူထုအပေါ် ယုတ်မာရက်စက်နေသဖြင့် အမေရိကန်ကလည်း ဆတက်ထမ်းပိုးတိုး၍ ဒဏ်ခတ်လာခဲ့ပါသည်။ ပြည်သူများကို မထိခိုက်စေရန်ရည်ရွယ်၍ ဗမာစစ်အုပ်စုအသိုင်းအ၀ိုင်းကိုသာ ရွေး၍ ဒဏ်ခတ်ပါသည်။ ဗိုလ်သန်းရွှေအသိုင်းအ၀ိုင်းကို တဦးချင်းရွေး၍ ဒဏ်ခတ်သဖြင့် အထိနာလာသည့်အတွက် ဒဏ်ခတ်မှုကို ရုပ်သိမ်းရန် နအဖနိုင်ငံခြားရေးဝန်ကြီးက အခွင့်အခါသင့်တိုင်း ပြောပါသည်။

၁၉၈၈ ၌ စစ်အာဏာသိမ်းသော ဗမာစစ်အစိုးရကို အမေရိကန်က ချက်ချင်းဒဏ်ခတ်သည်မဟုတ်ပါ။ အတိုက်အခံအုပ်စုများနှင့် တွေ့ဆုံဆွေးနွေးရန် (၉) နှစ်မျှ ဖျောင်းဖျပြောဆိုတိုက်တွန်းခဲ့သော်လည်း ဗမာစစ်အစိုးရသည် ဘူးနားပင်တွင် ရေမ၀င်ဖြစ်နေသည့်အတွက် ၁၉၉၇ မေလ (၂၁) ရက်နေ့၌ အမေရိကန်အစိုးရက အမိန့်ဥပဒေပြဋ္ဌာန်း၍ စတင်ဒဏ်ခတ်အရေးယူသည်။ အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းမပြုရန် ပိတ်ပင်လိုက်သည်။ သို့သော်လည်း ဒဏ်ခတ်ဥပဒေမပြဋ္ဌာန်းမီက ရင်းနှီးမြှုပ်နှံထားသော UNOCAL ကုမ္ပဏီကိုမူ ရတနာဓာတ်ငွေ့လုပ်ငန်းတွင် လုပ်ခွင့်ပေးသည်။

၁၉၉၇ ဒဏ်ခတ်ဥပဒေပြဋ္ဌာန်းပြီးနောက် (၇) နှစ်ကြာလာသောအခါ ဗိုလ်သန်းရွှေက စစ်ဘီလူးဇာတိပြပြန်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အန်အယ်လ်ဒီ နယ်လှည့်အဖွဲ့ကို ဗိုလ်သန်းရွှေ၏ ကြံ့ဖွံ့အဖွဲ့ဝင်များက ဒီပဲယင်းမြို့နယ်၌ ၀ိုင်းရိုက်သဖြင့် ရာနှင့်ချီသေဆုံးခဲ့ရပြန်ပါသည်။ ဒီပဲယင်းတရားခံ ဗိုလ်သန်းရွှေအစိုးရကို ဒဏ်ခတ်အရေးယူသည့်အနေဖြင့် မြန်မာ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအက်ဥပဒေကို ၂၀၀၃ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့၌ ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းလိုက်၏။ ဤဥပဒေအရ မြန်မာပြည်မှာ ကုန်ပစ္စည်းတင်သွင်းမှုကို တနှစ်ပိတ်ပင်လိုက်သည်။ စစ်အုပ်စုအသိုင်းအ၀ိုင်းကို တဦးချင်းအရေးယူလိုက်သည်။ ကြံ့ဖွံ့အဖွဲ့ကိုလည်း ဒဏ်ခတ်အရေးယူသည်။ သို့သော် တနှစ်သာသက်တမ်းရှိသည့် ဥပဒေဖြစ်သည့်အတွက် ဗမာစစ်အစိုးရ မိုက်တွင်းနက်နေသရွေ့ နှစ်စဉ်သက်တမ်းတိုးနေရ၏။ ဗမာစစ်အစိုးရကို အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများက ငွေမချေးရန် အမေရိကန်က တာဝန်ယူရ၏။ အမေရိကန်အတွက် အကျိုးရှိသည်ဟု အမေရိကန်သမ္မတက ယူဆသော ကုန်ပစ္စည်းကိုမူ မြန်မာပြည်မှ တင်သွင်းခွင့်ရှိသည်ဟု ခြွင်းချက်လုပ်ထားသည်။

၁၉၉၇ နှင့် ၂၀၀၃ ခုနှစ် ဒဏ်ခတ်ဥပဒေများ ပြဋ္ဌာန်းထားသော်လည်း ဗိုလ်သန်းရွှေအစိုးရသည် ယုတ်မာရက်စက်နေတုန်းပင် ဖြစ်သည်။ ၂၀၀၇ စက်တင်ဘာလတွင် သံဃာဦးဆောင်သော လူထုဆန္ဒပြပွဲကို ရက်စက်စွာ နှိမ်နင်းပြန်သဖြင့် ၂၀၀၇ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ဗိုလ်သန်းရွှေအစိုးရအဖွဲ့ဝင်များကို တဦးချင်း ဒဏ်ခတ်အရေးယူရပြန်ပါသည်။ မြန်မာ့ပုလဲလုပ်ငန်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်း စသည့်လုပ်ငန်း (၃) ခုနှင့် စီးပွားရေးလုပ်သော အမေရိကန်ကုမ္ပဏီများကို အရေးယူမည်ဟု ၂၀၀၈ ဧပြီ (၃၀) ရက်နေ့၌ အမိန့်ထုတ်ပြန်သည်။

ထို့နောက် ၂၀၀၈ ဇူလိုင်လ (၂၉) ရက်နေ့၌ Tom Lantos Burma Jade Act ကို ပြဋ္ဌာန်း၍ မြန်မာပြည်ထွက် ကျောက်စိမ်း၊ ပတ္တမြား၊ လက်ဝတ်လက်စားများ အမေရိကန်သို့ မတင်သွင်းရဟု ပိတ်ပင်တားမြစ်လိုက်သည်။ ကွန်ဂရက်လွှတ်တော်၌ ဥပဒေပြဋ္ဌာန်းထားသည့် အရေးယူမှုဖြစ်သည့်အတွက် အမေရိကန်အစိုးရတိုင်း မြန်မာ့အရေးကို မဖြစ်မနေထောက်ခံဖို့သာ ရှိပါသည်။

အမေရိကန်နိုင်ငံခြားရေးလမ်းစဉ်၌ မကြာခဏပဋိပက္ခဖြစ်သည့် ဦးတည်ချက် (၂) မျိုးရှိသည်။ တမျိုးသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး စသည့် မူဝါဒရေးရာကို ဦးစားပေးပြီး နောက်တမျိုးကမူ အမေရိကန်၏ လက်တွေ့အကျိုးစီးပွားကို ဦးစားပေး၏။ နအဖနှင့် တရုတ်အစိုးရ လူ့အခွင့်အရေးချိုးဖျက်မှုချင်း တူသော်လည်း အမေရိကန်အစိုးရသည် နအဖနှင့်ဆက်ဆံရာ၌ မူဝါဒကို ရှေ့တန်းတင်ပြီး တရုတ်နှင့်ဆက်ဆံရာတွင် လက်တွေ့အကျိုးစီးပွားကို ဦးစားပေး၏။

စစ်ဗိုလ်ညံ့ဖျင်း၍ စီးပွားရေးချွတ်ခြုံကျနေစဉ် ဒဏ်ခတ်ပိတ်ဆို့ခံရခြင်းသည် စစ်အစိုးရကို အများကြီးထိခိုက်စေပါသည်။ ဒဏ်ခတ်အရေးယူမှုကို စစ်အစိုးရ ခံနိုင်စွမ်းမရှိပါ။ နအဖခေတ်တွင် သီးခြားလွတ်လပ်သော စီးပွားရေးအင်အားစုမရှိဘဲ စစ်ဗိုလ်၏ လက်ဝေခံအင်အားစုသာရှိပါသည်။ ထို့ကြောင့် ဒဏ်ခတ်အရေးယူမှုသည် အရပ်သားကိုမထိခိုက်ဘဲ စစ်ဗိုလ်ကိုသာ အများဆုံး ထိခိုက်နိုင်သည်ဟု ယုံကြည်သူများလည်း ရှိပါသည်။ မြန်မာ့စီးပွားရေးလုပ်ငန်းကြီးများကို စစ်တပ်ကပိုင်ပြီး သာမန်အရပ်သားသည် လက်လုပ်လက်စား ပုဂ္ဂလိက လုပ်ငန်းလေးများလုပ်၍ ဘ၀ရပ်တည်နေရသည်ဟု နယူးဇီလန်နိုင်ငံ စီးပွားရေးပါမောက္ခ Dr Alfred Oehlers က သုံးသပ်ပါသည်။ ထို့ကြောင့် ဒဏ်ခတ်အရေးယူမှုသည် စစ်ဗိုလ်နှင့်ပတ်သက်သည့် လုပ်ငန်းများကိုသာ ထိခိုက်ပါသည်။

(၂၀) ရာစုနှစ်တွင် ကျင့်သုံးခဲ့သော စီးပွားရေးဒဏ်ခတ်မှု (၁၀၀) ကျော်ကို ၀ါရှင်တန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးသုတေသနဌာနက လေ့လာရာ၌ (၃၄) ရာခိုင်နှုန်းအောင်မြင်သည်ဟု သိရပါသည်။ ဘောလုံးစကားဖြင့် ပြောပါက ဂိုးသွင်းရန် (၁၀) ကြိမ်ကြိုးစားလျှင် (၃) ကြိမ်အောင်မြင်ခြင်းပင်ဖြစ်သည်။ ကုလသမဂ္ဂနှင့် ဒီမိုကရေစီအသိုင်းအ၀ိုင်းကို ကဏ္ဍကောစလုပ်သော ဗိုလ်သန်းရွှေအစိုးရကို နိုင်ငံခြားမှ တိုက်ရိုက်ဝင်ရောက်စွက်ခြင်းမရှိသည့်အတွက် မိမိ၏သေရေးရှင်ရေးကို ထိခိုက်လာမှသာ အပြောင်းအလဲလုပ်လိမ့်မည်ဟု ယူဆသူများလည်း ရှိပါသည်။

မဆလဆိုရှယ်လစ်ခေတ် (၂၅) နှစ်တွင် စစ်အစိုးရကို နိုင်ငံခြားက ဒဏ်ခတ်အရေးမယူဘဲ ကူညီပံ့ပိုးခဲ့ပါသည်။ သို့သော်လည်း ငွေကြေးထောက်ပံ့သော နိုင်ငံများ၏ အကြံဉာဏ်ကို မဆလစစ်အစိုးရက လက်မခံသည့်အတွက် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်သွားပြီး ၁၉၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါသည်။ ဗိုလ်သန်းရွှေအသိုင်းအ၀ိုင်း၏ အကျိုးစီးပွားကို ထိခိုက်လာသဖြင့် ဒဏ်ခတ်အရေးယူမှုကို ရုပ်သိမ်းရန် နအဖက ဆော်သြနေခြင်းဖြစ်သည်။

ကမ္ဘာ့ဓလေ့ထုံးစံကို နားမလည်သော အစိုးရကို ဒဏ်ခတ်အရေးယူရန် လိုအပ်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ယူဆသည်။ ဒဏ်ပေး၍ ပြောင်းလဲလာသော အတိုင်းအတာကိုကြည့်၍ ဆုပေးရမည်ဟူသော ဆုပေး/ဒဏ်ပေးစနစ်ကို သူသဘောကျ၏။ နိုင်ငံခြားကုန်သွယ်မှုတခုလုံးကို ပိတ်ပါက အရပ်သားကို ထိခိုက်နိုင်သည့်အတွက် အစိုးရကိုသာ ထိခိုက်မည့်နည်းမျိုး ကျင့်သုံးရန်ဖြစ်သည်။ ရွေးပြီးဒဏ်ခတ်သောနည်း Smart Sanction ကို ကိုဖီအာနန် ထောက်ခံသည်။

ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူ၍ ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ရန် ကြိုးစားခြင်းသည် နည်းလမ်းကောင်း တခုဖြစ်နိုင်သည်ဟု Nobel ဆုရ ဘောဂဗေဒပညာရှင် Amartya Sen ပြောဖူးသည်။ မြန်မာ့စီးပွားရေးသည် ကမ္ဘာနှင့်ဆက်စပ်နေ၍ စီးပွားရေးဒဏ်ခတ်လျှင် ထိရောက်နိုင်သည်ဟု ဆို၏။ အပြစ်ရှိ၍ ဒဏ်ပေးသည့်သဘောမဖြစ်စေဘဲ တိုင်းပြည်ကောင်းမွန်ရန်သာ ဖြစ်ရမည်ဟု Amartya Sen က ယူဆသည်။ ပြည်တွင်းအားဖြင့် ဒီမိုကရေစီရ ယူရမည်ဖြစ်သော်လည်း နိုင်ငံခြားမှ တက်အားသရွေ့ ကူညီနိုင်ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဗမာစစ်အစိုးရကို အားပေးသကဲ့သို့ ဖြစ်နေသဖြင့် ဒီမိုကရေစီအရေးကို ဆန့်ကျင်ရာရောက်သည်ဟုလည်း Amartya Sen က ယူဆပါသည်။

နိုင်ငံခြားက စွက်ဖက်ရုံနဲ့ မြန်မာပြည်၌ ဒီမိုကရေစီရမည်မဟုတ်ပါ။ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရကသာ တိုင်းပြည်ပြဿနာ ဖြေရှင်းနိုင်မည်ဟု ဗမာဗိုလ်ချုပ်များ ယုံကြည်လာမှသာ ဒီမိုကရေစီပြုပြင်ရေး လုပ်နိုင်ပါလိမ့်မည်။ ဒီမိုကရေစီပြုပြင်ရေး လုပ်သောအခါတွင် နိုင်ငံခြားအကူအညီများ လှိမ့်ဝင်လာပြီး ဒဏ်ခတ်ပိတ်ဆို့မှုလည်း နိဂုံးချုပ်သွားပါလိမ့်မည်။

http://www.khitpyaing.org/editorial/Oct09/050909.php

ကိုယ်ကျိုးအတွက်မြေခိုးစည်ပင်နဲ့ပေါင်းရိုက်

ပေးစာကဏ္ဍ

ရန်ကုန်မြို့တော်ကိုစည်ပင်သာယာအောင်သမာသမတ်ကျကျ လုပ်နေလုပ်နေပါတယ်ဆိုပြီးကြွေးကြော်ခဲ့တဲ့မြို.တော်ဝန်ကိုအောင်သိန်းလင်းလိုလူမျိုးဘယ်လိုလာဘ်စားပြီးစီမံအုပ်ချုပ်မှုတွေတော်တယ်တော့မပြောတတ်ဘူး။ အခုဖြစ်နေတာက ရန်ကုန်တိုင်း၊လှိုင်မြို့နယ်မှာလမ်းပိုင်မြေကိုကိုယ်ကျိုးအတွက်မြေခိုးပြီးစည်ပင်နဲ့ပေါင်းရိုက်စားတဲ့ကိစ္စပါ။

အဲဒီမြေခိုး ကိုယ်ကျိုးအတွက်အသုံးပြုတဲ.ကိစ္စတွေကို နအဖသတင်းစာရဲ့ပြည်သူ့အော်သံကဏ္ဍမှာလည်းအကြိမ်ပေါင်းများစွာပါပြီးပါပြီ။ဘယ်လောက်လာဘ်စားထားလဲတော့မပြောတတ်ပါ။ လုံးဝအရေးယူမှုမရှိခဲ့တာယနေ့တိုင်ပါ။

လှိုင်မြို့နယ်၊သုခလမ်းပေါ်မှာကန်ထရိုက်စနစ်နဲ့ဆောက်ကြတဲ့တိုက်တွေရှိကြပါတယ်။ကိုယ်ပိုင်မြေပုံမှာရှိတဲ့အတိုင်းအတာအတိုင်းမဆောက်ကြ ပဲလမ်းပိုင်မြေတွေကိုမြို့နယ်စည်ပင်ကိုလာဘ်ငွေသိန်းချီပေးပြီးဆောက်လုပ်ကြတော့နဂိုရ်ရှိရင်းစွဲလမ်းဧရိယာတွေပြောက်ကုန်တော့အဓိကမီးဘေးအန္တရာယ်ဖြစ်လာရင်ဘယ်သူတာဝန်ယူမှာပါလဲ? ။ဒီအပြင် ကိုယ်နည်းကိုယ်ဟန်နဲ့ (ဘယ်သူနဲ့ပိုင်သလိုလိုပေါ့) စည်ပင်ကို လာဘ်ပေးပြီး လမ်းမြေခိုးတာတွေကဒုနဲ့ဒေးပါ။ ကိုယ်ပိုင်မြေ အခိုးခံရလို့ မြို့နယ်စည်ပင်ကိုပြောခဲ့ရင်တောင် လာဘ်စားထားလို့တရှောင်ရှောင်နဲ့ပြေးနေကြပါတယ်။

လှိုင်မြို့နယ်စည်ပင်ကအုပ်ချုပ်ရေးမှုး ဟုဆိုသူ ကိုသန်းထွန်းကတော့ငွေရရင်ပြီးရောလုပ်ချင်တာလုပ်လို့ဘယ်သူမှညှိစရာမလိုဘူးလို့ပြောခဲ့တာကိုကြားသိရပါတယ်။ရ၀တတွေနဲ့ဈေးညှိုပြီးလုပ်ချင်တာလုပ်တယ်ဆိုတော့ တကယ်တမ်းနစ်နာတာပြည်သူလူထုပါ။