Wednesday, October 7, 2009

ဦးသန်းရွှေစဉ်းစားဖို့(ဦးဌေးဇော် - အင်းဝ)

http://ifile.it/o0ax7et

U T S

တိုရန်တို(ကနေဒါ)မှမြန်မာတိုင်းရင်းသားအရေးဆွေးနွေးပွဲ

http://ifile.it/yjx1ris

Canada
Burma Human Rights Defender for talks in Ottawa

Ottawa (Oct.7, 09) - Kwehsay, Burma’s Karen ethnic human rights activist, is in Canada and will be speaking in Montreal, Ottawa and Vancouver. He works in Bangkok as the Information and Campaign Coordinator with the Burma Issues/Peace Way Foundation.

“I started working with Burma Issues as I believe in its ideology and concept in finding the solution of the conflict in Burma in a peaceful and non-violent way,” Kwehsay said.

The Burma Issues is a non-profit organisation, made up of young people from Eastern Burma who dedicate their lives to educating and empowering the grassroots communities in Eastern Burma.

“I started working as the Human Rights information collector in my own village area and provide basic human rights training to the local villagers. I did take photos and document my own house which has been burned down by the Burmese Army,” he added.

Kwehsay has been working with Burma Issues (http://www.burmaissues.org) since 1994.

Public Presentation

Date: Thursday, October 8 at 7pm

Location: UMI Café (610 Somerset Street West, corner of Somerset and Percy)

Organized by CUSO-VSO



Community Meeting

Date: Saturday, October 10 at 12 noon

Location: Bromley Road Baptist Church (1900 Lauder Drive, Ottawa)

Organized by CFOB and Ottawa Karen Community



For more info, please contact Kristie Kelly (CUSO-VSO) at (613) 829-7445 x237, or Kevin Mcleod/Toe Kyi (CFOB) at 613-366-7958
________________________________________

The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma since 1991. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org

7 Oct ဒိုင်ယာရီ

get file here
7Oct news

Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)က သီချင်း ၇ ပုဒ် ဖြန့်ဝေ



ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှသီချင်း ၇ ပုဒ်ပါခွေတစ်ခွေကိုရေးစပ်သီဆိုပြီးဖြန့်ချိမျှဝေလိုက်ပါသည်။

အချို့သောအခက်အခဲများကြောင့်နောက်ကျပြီးမှဖြန့်ဝေနိုင်ခြင်းကိုခွင့်လွှတ်နားလည်ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
သီချင်းများကိုနားဆင်ရန်အတွက်အောက်ပါလင့်များ၌ download လုပ်၍နားဆင်နိုင်ပါသည်။


Our Generation Wave released one album including 7 songs. We do apologize for the delay caused in distributing. All the songs can be download at from the following links;

1.) http://www.mediafire.com/?4odmz3ttuaa (နိုးထကြလော့)
2.) http://www.mediafire.com/?gzonjmynweo
(တစ်ဆယ်)
3.) http://www.mediafire.com/?dnyyywvnjfd (အမေ ၆၄)
4.) http://www.mediafire.com/?nnmyxz3yei1
(အခြေအနေများ)
5.) http://www.mediafire.com/?4ggimrnkzim
(မာရ်နတ်အိမ်)
6.) http://www.mediafire.com/?gjwthkjgmjm
(တိုက်)
7.) http://www.mediafire.com/?kzndm3j2niu
(ခွင့်ပြုတော့မေမေ)


Best Regards,

Generation Wave
www.generation-wave.blogspot.com

တေလေညရဲ့ မီးလျှံများ



ခင်ငြိမ်းသစ်
post by Wednesday, October 07, 2009


ကျမတို့ တိုင်းပြည်ဟာ သယံဇာတပေါကြွယ်ဝပါတယ်။ သဘာဝဓါတ်ငွေ့၊ ရေနံ၊ ကျောက်မျက် ရတနာ၊ ကျွန်းသစ်၊ ရွှေ စသည်တို့က နိုင်ငံခြားငွေ အမြောက်အများရရှိစေသည့် သယံဇာတများ၊ ရေပိုင်နက်၊ မြေလွတ်မြေရိုင်းများကြောင့် တကယ်ဆိုရင် မြန်မာပြည်ဟာ ဆင်းရဲစရာ အကြောင်းကိုမရှိပါဘူး။ လက်တွေ့မှာ မြန်မာပြည်ဟာ အမှန်တကယ်ကို ဆင်းရဲမွဲတေနေပါတယ်။ ဘာကြောင့်လို့ ထင်ပါ သလဲ။ အလုပ်လက်မဲ့တွေ များပြားနေခြင်းဟာလည်း တိုင်းသူပြည်သားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို အမှန်တကယ် ထိခိုက်စေတယ်ဆိုရင် လက်ခံနိုင်ပါသလား။

ပြည်သူတွေဟာ လုပ်စရာ လုပ်ငန်းကိုင်ငန်းမရှိဘူး၊ ဒီတော့ငွေရဖို့ အတွက် ငွေရှာကြတယ်၊ ဘယ်လောက်ပဲ ခွန်အားစိုက်ထုတ်ပါစေ လိုအပ်တဲ့ငွေကြေးပမာဏ ရဖို့ခက်ခဲတယ်၊ ဒီတော့ ငွေရလွယ်တဲ့ အလုပ်တွေကို လုပ်လာကြတယ်။ နှစ်လုံးထီထိုးတယ်၊ ဘောလုံး လောင်းတယ်၊ နှစ်လုံးထီရောင်းတယ်၊ မူးယစ်ဆေးဝါးရောင်းတယ်၊ အရက်ရောင်းတယ်။ ဒီလိုသမာအာဇီဝမကျတဲ့ လုပ်ငန်းတွေ လုပ် ကိုင်လာတယ်။ အမျိုးသမီးငယ်လေးတွေဆိုရင်လဲ ငွေရလွယ်တဲ့ ပြည်တန်ဆာလုပ်ငန်းတွေထဲမှာ ၀င်ရောက်လုပ်ကိုင်လာကြရတယ်။ ကျမ ထောင်ထဲမှာ နေရစဉ်က တွေ့ခဲ့ရတဲ့ ပြည်တန်ဆာမလေးတွေ ထဲမှာ အတော်များများဟာ ပြည်တန်ဆာဖြစ်ချင်လို့ဖြစ်ခဲ့တာ မဟုတ် ဘဲနဲ့ အကြောင်းအမျိုးမျိုးရဲ့ တွန်းပို့ခြင်းကို ခံခဲ့ရတာပါ။

ဒီလိုမျိုး မိန်းခလေးတွေမှာ အားနည်းချက်တွေရှိနေပါတယ်။ နံပါတ်တစ်က ပညာအရည်အချင်း နိမ့်ကျနေကြပါတယ်၊ အခြေခံပညာ တောင် ကောင်းစွာသင်ကြားခွင့်မရတဲ့ မိန်းခလေးတွေ ဖြစ်နေတတ်ပါတယ်။ နံပါတ်နှစ်က အသိအမြင်နည်းပါးကြပါတယ်၊ AIDS က စပြီး B ပိုး၊ C ပိုး၊ ကာလသားရောဂါတွေရဲ့ အကြောင်းကို သေချာ မသိကြပါဘူး။ ဘယ်လောက်ထိတောင် ကျန်းမာရေးအသိနည်းလဲ ဆိုရင် ကာလသားရောဂါကြောင့်ရတဲ့ အနာကိုဆေးကုရမယ်မှန်း မသိကြဘဲ ပရုတ်လုံးကို အမှုန့်ကြိတ်ပြီး အနာကိုသိပ်ကြပါတယ်၊ ဘယ်လောက်တောင် အန္တရာယ်ကြီးလဲဆိုတာ သူတို့တကယ့်ကို နားမလည်ကြပါဘူး။ အဲဒီဘ၀ကနေ လွတ်မြောက်ဖို့ဆိုတာကလဲ သူ တို့အတွက် အခက်ခဲဆုံးက နေ့စဉ်ဝင်ငွေပါ။ နောက်ပြီး သူတို့ကိုလုံခြုံအောင် အကာအကွယ်ပေးနိုင်မယ့်၊ သူတို့ကို နားလည်စာနာ စောင့်ရှောက်နိုင်တဲ့ လူမှုအဖွဲ့အစည်းတွေ မရှိပါဘူး။

ဘွဲ့ရပညာတတ်တွေတောင် အလုပ်မရှိတဲ့တိုင်းပြည်မှာ အခြေခံပညာတောင် ကောင်းစွာမတတ်တဲ့ မိန်းခလေးတွေ ဘာလုပ်စားရမှာလဲ၊ အဲဒီပြဿနာဟာ တကယ့်ကိုဖြေရှင်းရခက်ခဲတဲ့ ပြဿနာပါ၊ အထည်ချုပ် စက်ရုံတွေရဲ့ တလ ၀င်ငွေဟာလဲ အလွန်တရာမှ နည်းလွန်း ပါတယ်။ တလလုံး အညောင်းထိုင်ထိုင်ပြီး အသေအလဲချုပ်တာတောင် အချိန်ပိုကြေးပါပေါင်းမှ ကျပ်ငွေ ၄၅၀၀၀၀ ဟာ အမြင့်ဆုံး လစာပါ။ အဲဒီ ၀င်ငွေဟာ တမိသားစုမပြောနဲ့ လူတဦးထဲအတွက် လောက်ဖို့တောင်မှ မနည်းချွေတာသုံးရတဲ့ ငွေပမာဏပါ။ ဒါတောင် အလုပ်မြဲဖို့အတွက် အမြဲကြိုးစားအောက်ကျို့နေရတဲ့ ဘ၀တွေပါ။ မိန်ခလေးငယ်တွေ ပြည့်တန်ဆာဘ၀ရောက်အောင် ဘာတွေက တွန်းပို့ခဲ့သလဲဆိုတာကို စာဖတ်သူတို့ သိဖို့အတွက် ကျမကိုယ်တိုင်ကြုံခဲ့ရတဲ့ အမျိုးသမီးလေးအကြောင်း မျှဝေချင်ပါတယ်။

သူမကို ကျမစပြီးသိတဲ့အချိန်မှာ သူမဟာ သင်္ဃန်းကျွန်းမြို့နယ် အဘူဘေကာလမ်းက လင်းထက် အထည်ချုပ်စက်ရုံမှာ လုပ်နေတာ ပါ။ ကျမအမေရဲ့ စာအုပ်ဆိုင်မှာ ကာတွန်း လာလာငှားနေတတ်လို့ ကျမသူ့ကို မြင်ဘူးနေပါတယ်။ သူ့ကို ကျမစိတ်ဝင်စား နေပါတယ်။ ဘာလို့လဲဆိုတော့ သူမဟာ ညိုညိုညက်ညက်လေးနဲ့ အကြည့်ခံသူလေးမို့ပါ။ သူမဟာရိုးသားပါတယ်။ ပြီးတော့အရှက်အကြောက်လဲ ကြီးပုံရပါတယ်။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ၀တ်စားတတ်ပြီး နွမ်းပါးပေမယ့် သန့်ရှင်းတဲ့အ၀တ်အစားကို ၀တ်လေ့ရှိပါတယ်။ သူမဟာ မနက် ၆ နာရီဆိုရင် ဆွဲခြင်းလေးဆွဲပြီး စက်ရုံကိုလာလေ့ရှိပါတယ်။ ညဘက် ၈နာရီလောက် အပြန်မှာ စာအုပ်ငှားလေ့ ရှိပါ တယ်။

တရက် သူတို့စက်ရုံက လခထုတ်ရက်မို့ စောစောဆင်းပေးလိုက်တော့ သူမအချိန်ရတဲ့အတွက် ကျမနဲ့သူမ စကားပြောဖြစ်ပါတယ်။ သူမရဲ့ဖခင်က သူမလေးတန်း ကျောင်းသူဘ၀မှာ ဆုံးသွားခဲ့ပါတယ်၊ ဒါ့ကြောင့် သူမကျောင်းဆက်မတက် ဖြစ်တော့ပါဘူး။ သူမအမေ ကတော့ ကျပန်းဈေး ရောင်းပါတယ်။ တနေ့ကို ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ် အတွင်း အမြတ်ရတတ်ပါတယ်။ သူမရဲ့မောင်လေးနဲ့ ညီမလေးကတော့ ကျောင်းဆက်တက်နေတုန်းပါပဲ။ သူမရဲ့လုပ်ခဟာ အိမ်ငှားခနဲ့ မောင်လေး၊ ညီမလေးတို့ရဲ့ ကျောင်းစရိတ်ပါ။ သူ့ အမေရဲ့ ၀င်ငွေက သူမတို့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးနေပါတယ်။ သူတို့ရဲ့ အိမ်ငှားခက တလကို ၁၅၀၀၀ ပါ။ မိသားစု ချွေချွေတာတာနေရင် အကြွေးမတင်ပါဘူးတဲ့။ သူမဟာ မိသားစုဝန်ကို တဖက်တမ်းက ထမ်းရတဲ့သူဖြစ်လို့ ချစ်သူတောင် မထားဘူး တဲ့။ ကျမ ခဏတာလေးအတွင်းမှာ သူ့ကို ခင်မင်သွားခဲ့ပါတယ်။

သူနဲ့ကျမဟာ မကြာခဏစကားပြောဖြစ်ပါတယ်။ အဲ့ဒီအချိန်က ကျမကိုယ်တိုင်က Beauty မဂ္ဂဇင်းမှာလုပ်နေချိန်မို့ သူမရဲ့ အားမာန်အ ကြောင်းကို လူငယ်အင်တာဗျူးအခန်းမှာ ထည့်ပေးလိုက်ပါသေးတယ်။

ဒီလိုနဲ့ဆောင်းရက်တွေကို ကျော်ပြီး နွေရက်တွေကို ရောက်လာပါတယ်။ နွေရာသီဟာ ပွင့်လင်းရာသီဖြစ်လို့ အထည်ချုပ်တွေဟာ အလုပ်များတပ်ပါတယ်။ လင်းထက်စက်ရုံရဲ့ ပိုင်ရှင်ဟာ ယူနန်တရုတ်မတွေဖြစ်ပြီး၊ ကျမသိထားရသလောက်တော့ ကိုယ်ချင်းစာတ ရား ခေါင်းပါးပါတယ်။ အဲဒီ လင်းထက်စက်ရုံရဲ့ ရှယ်ယာဝင်တွေဟာ ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေလို့သိရပါတယ်။ ဒီလင်းထက် စက်ရုံက ပတ်ပတ်လည်ကို သွပ်ပြားတွေနဲ့ ကာရံထားပါတယ်။ အလုပ်သမလေးတွေရဲ့ ပြောပြချက်အရ စက်ရုံထဲမှာ အရမ်းပူပါတယ်။ နွေရာသီမှာ မီးကလဲမလာတော့ မီးစက်လည်ရတဲ့အတွက် ပိုင်ရှင်က ပန်ကာတွေကို ပိတ်ထားလေ့ရှိပါတယ်။

သူတို့ အထဲမှာ နဂိုအခံကျန်းမာရေးမကောင်းတဲ့ ကောင်မလေးတယောက်ရှိပါတယ်။ သိပ်ပူတဲ့ဒဏ်ကိုမခံနိုင်လို့ ကောင်မလေး မူးမေ့ လဲသွားပါတယ်၊ ပိုင်ရှင်တရုတ်မက ဆေးခန်းခေါ်သွားပြီး သတိရရခြင်း ပြန်ခေါ်လာပြီး တခဏအတွင်းမှာ စက်ပြန်ချုပ်ခိုင်းပါတယ်။ ဒါ ကို ဘ၀တူ အလုပ်သမားတွေက မကျေနပ်ကြပါဘူး၊ ဒီတော့ တရုတ်မကို ၀ိုင်းပြောပါတယ်၊ နေမကောင်းတဲ့ သူ့ကိုအနားပေးဖို့၊ သူ့ရဲ့ အထည်တွေကို ကျန်လူတွေက ၀ိုင်းပြီးချုပ်ပေးမယ်လို့ ပြောကြပါတယ်။ ဒါကို တရုတ်မကလက်မခံပါဘူး အော်ဒါထည်တွေပြီးဖို့က တရုတ်မအတွက် လူ့အသက်ထက် ပိုပြီးအရေးကြီးနေပါတယ်။ နောက်ဆုံးမခံနိုင်တဲ့ အလုပ်သမား ၈၀ ဟာ ဆန္ဒပြကြပါတယ်။ သူတို့ လည်း အလုပ်မဆင်းတော့ဘူး၊ ပြန်ကြမယ်ပေါ့။ တရုတ်မကလဲ အလာကြီးပါ၊ ရှယ်ယာဝင်လူကြီး သားသမီးတွေဆီ ဖုန်းဆက်လိုက်ပါ တယ်။ လူကြီးသားသမီးတွေကလည်း သူတို့အဖေ အပိုင်းစားရထားတဲ့ တပ်ကို စက်ရုံဆီကို လွှတ်လိုက်ပါတယ်။

ဗိုလ်မှူးအဆင့် ဦးစီးလာတဲ့တပ်က ဘီလူးဆိုင်းတီးပြီးတော့ ၀င်လာပါတယ်၊ အင်မတန်ချီးကျူးဖို့ကောင်းတဲ့ ပုံစံနဲ့ ပြဿနာကို ဖြေရှင်းခဲ့ ပါတယ်။ အဲဒါကတော့ ဆန္ဒပြ အလုပ်သမ ၈၀ ဟာတရုတ်မကို တောင်းပန်ရမယ်တဲ့၊ ဒီတော့အလုပ်သမားတွေက မတောင်းပန်နိုင်ဘူး ဆိုတော့ အားလုံးကိုတန်းစီ ထိုင်ခိုင်းပြီး အယုတ်တ အနတ္တတွေဆဲဆို ကြိမ်းမောင်းပါတယ်၊ ပြီးတော့ … “နင်တို့ကို ဆန္ဒပြမှုနဲ့ ထောင် ချပစ်လို့ ရတယ်နားလည်လား၊ ဗမာပြည်မှာ အလုပ်လုပ်ချင်တဲ့ လူတွေပေါလွန်းလို့၊ နင်တို့ကို အလုပ် ထုတ်ပစ်လို့ ဘာမှမဖြစ်ဘူး။ ကျန်တဲ့ လူတွေလည်းကြည့်ထား ဒီကောင်မတွေကို သင်ခန်းစာယူဘို့” ဆိုပြီး ခြိမ်းခြောက်လိုက်ပါတယ်။

အဆုံးသတ်တော့ နေမကောင်းတဲ့ မိန်ခလေးအပါအ၀င်၊ သူမတို့ အယောက် ၈၀ အလုပ်ပြုတ်သွားပါတယ်။ နဲနဲ ကောက်ကျစ်တဲ့ တ ရုတ်မကလဲ အခြားစက်ရုံတွေဆီကို အကြောင်းကြားပြီး အဲဒီအုပ်စုကို အလုပ်မခန့်ဖို့ စာရင်းပေးထားလိုက်ပါတယ်။ သူမတို့အုပ်စု အ လုပ်သွားလျောက်တိုင်း လင်းထက်စက်ရုံမှာ လုပ်ဖူးပါတယ်ဆိုရင် စာရင်းထုတ်ကြည့်ပြီး သူမတို့ကို လက်မခံတော့ပါဘူး။ ဒီလိုနဲ့သူမရဲ့ အလုပ်လက်မဲ့ ဘ၀ဟာလနဲ့ချီ ကြာလာပါတယ်။

သူမ မိခင်တဦးတည်းလုပ်စာနဲ့ သူမတို့မိသားစု ရပ်တည်လို့မရပါဘူး။ အိမ်လခ၊ ကျူရှင်ဘိုး၊ ဆန်၊ ဆီ၊ ငရုပ်၊ ဟင်းအမယ် အတွက်ကုန် ကျစရိတ်။ ဒီစရိတ်တွေအတွက် လိုငွေပြလာတော့ သူမတို့မိသားစုဟာ အတိုးနဲ့ငွေချေးရတဲ့ ဘ၀ကို ရောက်လာပါတယ်။ အရင်းမဆပ် နိုင်တော့ အတိုးကတက်ပြီးရင်းတက်ရင်းနဲ့ ဒီဘက်ကချေး ဟိုဘက်ကိုဆပ်။ ဟိုဘက်ကချေး၊ ဒီဘက်ကို ဆပ်နဲ့ အကြွေးသံသရာလည် လာပါတယ်။

သူမ ယူဇနပလာဇာမှာ အရောင်းစာရေး ၀င်လုပ်ပါသေးတယ်။ တလကိုလခ ၁၂၀၀၀၀ ကျပ်ပဲရတာမို့ အဆင်မပြေပါဘူး။ ဒီကြားထဲ ခရီးစရိတ်ကလဲပါတော့ ရတဲ့လခက သူ့စရိတ်တောင် အနိုင်နိုင်ဖြစ်နေပါတယ်။ ဒီကြားထဲမှာ သူမနဲ့ကျမတွေ့တော့ သူက ကျမကို ရင် ဖွင့်ပါတယ်။ ဒီတော့ကျမက နောင်တရလားလို့မေးတော့၊ နောင်တတော့မရပါဘူးတဲ့ စိတ်တော့ညစ်မိပါတယ်တဲ့။ ပြီးတော့ သူကပြော ပါသေးတယ်၊ တရုတ်ဆို ညီမ အရမ်းမုန်းတာဘဲတဲ့။ ကျမကတော့နှစ်သိမ့်လိုက်ပါတယ်။ တရုတ်တိုင်း မကောင်းသလို၊ တရုတ်တိုင်း လည်း မဆိုးပါဘူးဆိုတော့ သူက ခပ်သဲသဲရယ်နေပါတယ်။

သူမနဲ့ ကျမ မတွေ့ဖြစ်တာ နဲနဲကြာသွားပါတယ်။ တရက်ကျမှ မြို့ထဲသွားရင်း သူမနဲ့ လမ်းမှာဆုံပါတယ်။ ဒီတခါ တွေ့တော့သူမကို ကြည့်ရတာ ပြောင်ပြောင်ရောင်ရောင် ဖြစ်နေပါတယ်၊ အ၀တ်အစားတွေရဲ့ ဒီဇိုင်းက ဆန်းလာပြီး၊ အ၀တ်အစားတွေက သစ်လွင်လာပါ တယ်။ အင်္ကျီရဲ့ပုံစံက နဲနဲဟိုက်နေပြီး ရင်ညွန့်လေး ပေါ်နေပါတယ်။ အရင်တုန်းကလို ရိုးရိုးယဉ်ယဉ်လေး မဟုတ်တော့ဘဲ မိတ်ကပ် တွေ၊ နှုတ်ခမ်းနီတွေနဲ့ပါ။ ကျမကမေးလိုက်ပါတယ်။ အခုဘာလုပ်နေလဲဆိုတော့ သူမက ကာရာအိုကေဆိုင်မှာ လုပ်နေတာတဲ့။ ဒါနဲ့ ကျမက ညီမသီချင်းဆိုတတ်လို့လားမေးတော့ သူမက ကျမကို နားမလည်းဘူးလားဆိုတဲ့ အကြည့်နဲ့ တချက်ကြည့်ပြီး။ ဒီလိုပါဘဲ ရ အောင်ဆိုရတာပေါ့တဲ့။ ပိုင်ရှင်က တည ဘယ်လောက်ပေးလဲဆိုတော့ သူက တချက်ဟက်ခနဲ ရယ်လိုက်ပြီး ရာခိုင်နှုန်းနဲ့ ပေးတာတဲ့၊ ကျမရဲ့ နှုတ်ခမ်းက အော်...တလုံးတည်းကိုဘဲ အချိန်ဆွဲပြီး ရေရွတ်မိပါတယ်။

ဒီလိုနဲ့ တရက်မှာ မထင်မှတ်ဘဲ တောင်ဒဂုံမြို့နယ် အ၀င်ဝက စားသောက်ဆိုင်တဆိုင်ရှေ့မှာ အမှတ်မထင်ဘဲ သူမကိုတွေ့လိုက်ပါ တယ်၊ သူမရဲ့ ဖောက်သည်ကားပေါ်ကို သူမလှမ်းအတက်မှာပါ။ သူမလဲ ကျမကိုမြင်လိုက် ပုံရပါတယ်။ ခေါင်းကိုငုံ့ထားပြီး ကျမ မတွေ့ အောင် ရှောင်ပါတယ်၊ ဒါပေမယ့်ကျမတွေ့တယ် ဆိုတာကိုတော့ သူလည်းသိပုံရပါတယ်။ အဲဒီ စားသောက်ဆိုင်က နာမည်ကြီးပါတယ်။ ဗိုလ်ချုပ်သန်းရွှေရဲ့ တူမပိုင်တဲ့ဆိုင်လို့လဲ အများကပြောကြပါတယ်။ မြို့ထဲက စစ်အုပ်စုနဲ့ မကင်းနိုင်ကြတဲ့ စီးပွားရေးသမားတွေဟာ အဲဒီဆိုင်မှာ ညတိုင်း သောက်စားမူးယစ် ပျော်ပါးနေတဲ့နေရာပါ။ တောင်ဒဂုံက လူတန်းစားတွေ စွေတောင်မကြည့်နိုင်တဲ့ နေရာဖြစ်ပြီး။ ညတိုင်းကား အကောင်းစားကြီးတွေ အမြောက်အများ ပါကင်ထိုးထားတဲ့ ဆိုင်ကြီးပါ။ ဒါလောက်ဆိုရင်တော့ သူမဘာလဲဆိုတာကို ပရိတ်သတ်ကြီး သိနေလောက်ပါပြီ။

တကယ်က သူမဟာ မိန်မကောင်းလေး တဦးပါ။ မိသားစုဘ၀အတွက် ချစ်သူတောင်မထားတဲ့ လိမ္မာရေးခြားရှိတဲ့ ကောင်မလေးပါ။ သူမဘာကြောင့် ဒီဘ၀ကိုရောက်သွားခဲ့တာလဲ၊ သူမလို မိန်းခလေးမျိုးတွေ မြန်မာပြည်မှာ ဘယ်လောက်များနေပြီလဲ၊ သူမအမေက ရော သူ့သမီးအတွက် ဘယ်လောက်များ ရင်နာနေမလဲ... လဲပေါင်းများစွာကို တွေးရင်း။ ဘာဆိုဘာမှ မတတ်နိုင်တဲ့ ကျမမှာ “အင်း....” ကိုသာသံရှည်ဆွဲပြီး သူမ ရောဂါဘယဘေး ကင်းဝေးဖို့ ဆုတောင်းပေးလိုက်ရင်း ......

တေလေဘ၀ရဲ့ ညတွေ ကုန်ဆုံး ကုန်ဆုံးပါစေလို့.....

ခင်ငြိမ်းသစ်

http://www.naytthit.com/essay/October09/essay_oct07.html

ဒီအယူခံကို ပယ်လိုက်တယ်ဆိုတာရဲ့ အဓိပ္ပာယ်



ရဲဘော်ဖိုးသံချောင်း
၇ အောက်တိုဘာ ၂၀၀၉


မျက်မှောက်အချိန်မှာ ဗမာပြည်နိုင်ငံရေးဟာ နိုင်ငံတကာအ၀န်းအ၀ိုင်းကို ရောက်သွားတာနဲ့အတူ ကမ္ဘာအနှံ့ရှိ ဗမာပြည်နဲ့ မကင်းသူတွေဟာ သတင်းတွေကို နားစွင့်ကြ၊ ပြောဆိုဆွေးနွေးကြ၊ ထင်မြင်ချက်ပေးကြ၊ ရှေ့အလားအလာတွေကို တွက်ကြနဲ့ အတော့်ကို လှုပ်ရှားနေကြပါတယ်။ အနည်းဆုံး ဦးနှောက်ပိုင်း လှုပ်ရှားကြတယ်လို့ဆိုရင် မမှားပါဘူး။ သဘာဝကျစွာပဲ တချိန်တည်းမှာ အယူအဆ အမျိုးစုံလည်း ပလူပျံအောင် ပေါ်ပေါက်နေပါတယ်။

ဒီလိုတကမ္ဘာလုံးက အာရုံစိုက်အလေးထားနေတဲ့အကြားမှာပဲ နအဖစစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ပြစ်ဒဏ်တွေကို အယူခံတာ ပယ်ချလိုက်တယ်ဆိုတဲ့ကိစ္စ ပေါ်ထွက်လာပါတယ်။ နအဖရဲ့ ဗီဇနဲ့သဘာဝကို အမှန်အတိုင်းမြင်ထားတဲ့လူတွေအဖို့မှာ ဒီလုပ်ရပ်ဟာ ဘာမှမဆန်းဘူးလို့ ပြောစရာပါပဲ။ ဒါပေမယ့် အမေရိကန်က အမတ်မစ္စတာဝက်ဘ်တို့လို လူတွေအဖို့တော့ နအဖဗိုလ်ချုပ်တွေ “ဖိုးသင်းမျောက်” လို လုပ်လိုက်တဲ့အတွက် အတော်ကို အနေရခက်သွားမှာပါ။ ဒါဖြင့် ဗမာပြည်သားနိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအင်အားစုတွေအတွက်ရော နအဖရဲ့ဒီလုပ်ရပ်ဟာ ဘယ်လိုအဓိပ္ပာယ်ဆောင်ပါသလဲ။

စိတ်ဝင်စားစရာတွေ့ရတဲ့ အချက်တချက်ကတော့ ဒီလုပ်ရပ်ဟာ အခုတလော ဗမာပြည်နိုင်ငံရေးမှာ ပေါ်ပေါက်ပြောဆိုနေကြတဲ့ အယူအဆအသစ်တွေ၊ အကြောင်းပြချက်အသစ်တွေကို တိုက်ရိုက်အဖြေပေးလိုက်သလို ဖြစ်သွားတာပါပဲ။

ဥပမာတခုပြရရင် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဗမာပြည်မှာ နိုင်ငံရေးလုပ်စရာစပေ့စ် (နယ်ပယ်) ရမယ်လို့ ဆိုနေသူတွေ။ သူတို့ ရည်ညွှန်းနေကြတဲ့ စပေ့စ်ဆိုတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခုလို အယူခံခွင့်၊ ပြင်ဆင်မှုတောင်းဆိုခွင့်တွေ ပေးတဲ့ စပေ့စ်မျိုးလားလို့ ပြန်မေးရမလိုဖြစ်နေပါတယ်။ နအဖဟာ နောင်မှာလည်း ဒီလိုလှုပ်ရှားခွင့်တွေ၊ “ကြိုးကိုင်ဒီမိုကရေစီ” တွေ ပေးနေမှာပဲဆိုတာ သေချာပါတယ်။

တချို့ကတော့ “ဘာမှမရှိတာနဲ့စာရင် တခုခုရှိတာက ကောင်းတယ်” လို့ ဆိုကြပါတယ်။ ဒါဖြင့်ရင် အခုလို တရားဥပဒေနဲ့ တရားရုံးကို လိုရာဆွဲသုံး လုပ်နေတာမျိုးတွေ တခုခုအဖြစ် တည်ရှိနေတာမျိုးကရော ကောင်းတယ်လို့ ဆိုမလား။

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြီးနောက် “ဒီမိုကရေစီကို ရာခိုင်နှုန်းတရာ ရချင်မှရမယ်။ ဒါပေမယ့် ဒီမိုကရေစီကို ခြေလှမ်းတလှမ်းတော့ လှမ်းလိုက်နိုင်မယ်” လို့ ဆိုတဲ့လူတွေကိုတော့ ဒီလိုဘိန်းပစ်ဖမ်း၊ မရှိတော့တဲ့ ဖွဲ့စည်းပုံဥပဒေထဲက ပုဒ်မတွေနဲ့ အပြစ်ပေး စတဲ့ခြေလှမ်းမျိုးတွေနဲ့ ဒီမိုကရေစီဆီကို လှမ်းလို့ရမှာတဲ့လားလို့ မမေးသင့်ပေဘူးလား။

ဒီနေ့ဗမာပြည်ရဲ့ နိုင်ငံရေး ရှေ့မတိုးသာနောက်မဆုတ်သာ အကျပ်အတည်းတွေ့နေရတာဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်းမာလို့ဖြစ်တယ်လို့ ဆိုနေတဲ့လူတွေကိုတော့ များများမပြော ကဲ-ဘယ့်နှယ်ရှိစလို့သာ မေးလိုက်ဖို့ လိုမယ်ထင်ပါတယ်။

အထက်ပါအယူအဆကို တင်တဲ့လူတွေက “ဘောလုံးဟာ ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ဘက်မှာ ရောက်နေတယ်လို့လည်း ပြောလေ့ရှိပါတယ်။ ဗိုလ်သန်းရွှေတို့က ဒီလိုအာဏာသုံးပြီး မတရားတဲ့တဖက်သတ်နည်းတွေနဲ့ ဘောလုံးကို တဖက်ကကွင်းထဲ ပို့နေတယ်ဆိုတာကို အခုကိစ္စက ထပ်ပြီး သက်သေပြတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီလိုဆုံးဖြတ်လိုက်တယ်ဆိုတော့မှပဲ တချို့က ဒီ ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖို့ ထုတ်ပြန်ချက်တွေ ထွက်လာကြတာတွေ့ရပါတယ်။ တိုက်ဆိုင်မှုလား၊ တမင်လုပ်တာလားဆိုတာကိုတော့ ကာယကံရှင်တွေမှ သိမှပဲ။ ဒါပေမယ့် ဗမာပြည် ပြည်သူတွေကတော့ ဒီလုပ်ရပ်ကို မျက်မှောက်ကြုတ်မိကြမှာပါပဲ။ အတူသမိုင်းတရားခံဖြစ်ရအောင် နအဖက အငှားဗိုက်နဲ့ ထားထိုးခံဖို့ တရားခံရှာထားတဲ့ ဒီရွေးကောက်ပွဲကို သိန္ဓိတင်ပေးသလို ဖြစ်နေမယ်ဆိုတာ စဉ်းစားကြသင့်ပါတယ်။

ချုပ်ပြောရရင် နအဖရဲ့ဒီလုပ်ရပ်ဟာ ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ဖို့ သေဖော်ညှိသူတွေအားလုံးကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ သူတို့အကြောင်းပြတာတွေအတွက် အားတက်စရာ၊ မျှော်လင့်စရာမရှိကြောင်း ဖြစ်ပေါ်မှုတိုင်းက ဖော်ပြနေပါတယ်။

ဒီကိစ္စမှာ မြင်သင့်တာနောက်တခုက အယူခံပယ်ချတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်သန်းရွှေဆီပေးစာကို အဖြေပေးလိုက်တာ ဖြစ်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အာဏာရှိနေတဲ့လူတွေဟာ သူတို့တိုက်ရိုက်အဖြေပေးလို့ မရတဲ့ကိစ္စတွေကို ဒီလိုပဲ တဖက်လှည့်နဲ့ အဖြေပေးတတ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တကမ္ဘာလုံးမြင်အောင် သံလွင်ခက်ကို ဝှေ့ယမ်းပြနေချိန်မှာ ဗိုလ်သန်းရွှေတို့က ဘီးလူးစွယ်ကို ဖြဲပြလိုက်တာဖြစ်ပါတယ်။

ပိုပြီး ဒေါသထွက်စရာကောင်းတာက နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုအယူခံပယ်ချလိုက်ပြီးတဲ့နောက်မှာ တပတ်မှမကြာဘူး၊ ဆက်ဆံရေးဝန်ကြီး ဗိုလ်အောင်ကြည်နဲ့ တွေ့တယ်ဆိုတာ ဖြစ်လာတာပါပဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာတွေရှေ့မှာ ပြုံးပြခိုင်းပါတယ်။ သူတို့ဟာ အမေရိကန်ကျေနပ်အောင် ဒီလိုတွေ့ခိုင်းတာ၊ ၀ါဒဖြန့်ကောင်းရုံလုပ်တာမှန်း လူတိုင်းသိပါတယ်။ ဒါပေမယ့် မနေ့တနေ့ကမှ မတရားဆုံးဖြတ်ပြီး အချုပ်သက်တမ်းတိုးထားတာ ခံရသူဘက်က စဉ်းစားကြည့်ရင်တော့ ဒီလိုလုပ်တာဟာ အင်မတန်ရိုင်းပြတဲ့ စောကားမှုဖြစ်ပါတယ်။

ပိုထင်ရှားသွားတာကတော့ ဦးဝင်းတင် တနေ့ကပြောသလို နအဖဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဈေးဆစ်စရာ ဓားစာခံလို အသုံးပြုနေတယ်ဆိုတာပါပဲ။ ဗိုလ်အောင်ကြည်ဆွေးနွေးတယ်ဆိုတဲ့ မျက်လှည့်ပြပွဲကို ကာလတခုရပ်ထားပြီးနောက် ယနေ့လို အချိန်ကျမှ ပြန်ပွဲထုတ်လာတာဟာ နအဖရဲ့ မရိုးသားမှုကို ပြသတာဖြစ်ပါတယ်။

တပါတည်းမှာ ထောက်ပြရမှာက ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုဟာ နိုင်ငံရေးအမှု၊ ဒီမိုကရေစီပြဿနာဖြစ်တယ်ဆိုတာကိုလည်း ဒီကိစ္စတွေက ထင်ရှားစေပါတယ်။ ဒါ့အပြင် နအဖဗိုလ်ချုပ်တွေအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရမယ်ဆိုတာကို ငြင်းပယ်ဆဲပဲဆိုတဲ့ သာဓကတခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တနေ့မှာ ဗိုလ်သန်းရွှေတို့တတွေရဲ့ တခြားသမိုင်းတရားခံတွေကို ပြည်သူ့ခုံရုံးတင်ရာမှာတော့ တရားမျှတစေရမယ်ဆိုတာ ပြည်သူတွေက အခုကတည်းက ရိုးရိုးသားသား၊ ရဲရဲတင်းတင်း အာမခံထားပါမယ်။

သူများလို တို့မရိုင်းတယ်၊ တိုင်းသိပါရဲ့ ဖြစ်ရပါစေမယ်။ တရားဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတာလည်း တကယ်မြင်တွေ့ကြရပါစေမယ်။

http://www.khitpyaing.org/articles/Oct09/070909.php

ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး




NEJ / ၇ အောက်တိုဘာ၂၀၀၉



နအဖ စစ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အယူခံမှုအား ပယ်ဖျက်ခဲ့ပြီးနောက်တနေ့တွင် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်အား စိမ်းလဲ့ကန်သာအစိုးရဧည့်ဂေဟာတွင် ခေါ်ယူတွေ့ဆုံခဲ့သည်။ ယင်းသို့ နအဖအာဏာပိုင်များ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ဆံမှုနှင့် နိုင်ငံရေး ရပ်တည်ချက်တို့ကို ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။


မေး။ ။ အမေရိကန်အစိုးရ အရာရှိကြီးတွေက နအဖထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံစကားပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်အကျယ်ချုပ်အယူခံမှုကို နအဖစစ်အစိုးရက အောက်တိုဘာ (၂) ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ အဲဒီကိစ္စအပေါ် သဘောထားအမြင်ကို သိပါရစေ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့မြင်သင့်တာက သိပ်ကိုအဓိကကျတဲ့ ဆုပ်ကိုင်ထားရမယ့်အချက်က ဒါနိုင်ငံရေးမှုဖြစ်တယ်ဆိုတဲ့ ကိစ္စပါ။ နိုင်ငံရေးအပေါ်မှာ အခြေခံတယ်၊ နိုင်ငံရေးကြောင့်မို့ ပေါ်ပေါက်လာတာဖြစ်တယ်၊ နိုင်ငံရေးကြောင့်မို့လို့ပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်တယ်၊ မလွတ်ဘူးဆိုတာ ဖြစ်မှာပါ။ ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး။ နိုင်ငံရေးအပြောင်းအလဲ၊ နိုင်ငံရေးအချိုးအကွေ့အပေါ်မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်လာမှာဖြစ်ပါတယ်။ အခုဟာက နအဖဘက်က ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နံပါတ်တစ်က သူတို့အတွက် အဓိကအကျဆုံး သူတို့ကို ဒုက္ခပေးနိုင်တဲ့သူဖြစ်ပါတယ်။ လောလောဆယ်မှာ အဓိကရန်သူ နံပါတ်တစ်လို့ ပြောရင်ရပါတယ်။ သူတို့အတွက်ဆို ဒါဟာ အင်မတန် အကဲဆပ်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကို သူတို့ နည်းနည်းလေးမှ အတိမ်းအစောင်း မခံနိုင်ဘူး။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ နအဖ သဘောထားတာတခုက ဒေါ်အောင်ဆန်းစုကြည်က သူတို့အတွက် အင်မတန်ကောင်းတဲ့ ဈေးဆစ်လို့ရတဲ့ bargaining chip ပဲ။ အထူးသဖြင့် အမေရိကန်နဲ့စကားပြောဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျန်တဲ့နိုင်ငံရေးသမားတွေအားလုံး လွှတ်ရေးမလိုအပ်ဘူး။ နိုင်ငံရေးကစားဖို့အတွက်၊ နိုင်ငံရေးအရောင်းအ၀ယ်လုပ်ရာမှာ မဲတင်းဖို့အတွက် သေချာကို ချန်ထားတဲ့၊ ယုတ်ယုတ်မာမာ အကြံအစည်နဲ့ချန်ထားတဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။

အဲတော့အခု အမေရိကန် မစ္စတာဝက်ဘ်ကိစ္စနဲ့ပတ်သက်လို့ကတော့ သူပြောတာ မပြောတာ အပထား၊ ဒေါ်အောင်ဆန်းစုကြည်ကို လောလောဆယ်ဆယ် အမေရိကန်နဲ့ မပြတ်မချင်း ထောင်ထဲက ထုတ်လို့ကို မရသေးဘူး။ တနည်းနည်းနဲ့ ထည့်ထားရမှာပဲ။ အဲဒါအရ အခုလို လုပ်လိုက်တာပဲ။

မေး။ ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ်အယူခံမှုကို ပယ်လိုက်တာဟာ နအဖကလုပ်မယ့် ရှေ့နှစ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပေါ်မှာ တစုံတရာသက်ရောက်မှုမျိုး ဖြစ်ပေါ်နိုင်ပါသလား။

ဖြေ။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ရဲ့အခြေခံရပ်တည်ချက်က ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်လိုဟာမှန်းလည်း မသိရသေးဘူး၊ ဘာမှလည်း မပြောသေးဘူး။ အဲဒါကြောင့်မို့ လုပ်ငန်းပိုင်းကို ကျနော်တို့ ထင်မြင်ချက်မပေးချင်ဘူး။ ဒါပေမယ့် အက္ခရာကျတာက ၂၀၁၀ ရွေးကောက်ပွဲရဲ့ အဓိကလုပ်နေတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့၊ အဲဒါကို တရားဝင်သွားအောင် လုပ်ဖို့ဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေဟာ ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်တဲ့ဟာ။ ဗမာပြည်သူလူထုကြီး ဘယ်လိုမှ လက်မခံနိုင်တဲ့ဟာ။ အဲတော့ အဲဒါကြီးကို ဦးတည်ပြီး လုပ်တာမှန်သမျှကို ကျနော်တို့က အားမပေးဘူး။ ၂၀၀၈ ဥပဒေကို အတည်ပြုပြီးသွားရင် ရွေးကောက်ပွဲမှာ ဘယ်သူတက်လာလာ နအဖ က ဂရုမစိုက်တော့ဘူး။ ကျန်တဲ့လူတွေဟာ သူလုပ်တာတွေအားလုံးကို လက်ညှိုးထောင် ခေါင်းညိမ့်ရတဲ့သူတွေပဲ ဖြစ်မှာပဲ။ ပြောချင်တာပြော ဒါပေမယ့် ဘာမှအကောင်အထည်ပေါ်မှာ မဟုတ်တော့ဘူး။ အခုဟာ အချိန်မရွေး တရားဥပဒေနဲ့အညီ အာဏာသိမ်းလို့လည်း ရနေတယ်။ ခန့်လို့ ဖြုတ်လို့လည်း ရနေတယ်။

မေး။ ။ အဓိက အတိုက်အခံပါတီတခုဖြစ်တဲ့ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘဲ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလား။

ဖြေ။ ။ အဲဒါကတော့ စောစောက ကျနော်ပြောသလို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်လို့ရှိရင်လည်း လွှတ်ပြီးတဲ့အခါမှာ သူ့ဘောင်ထဲကနေပဲ နအဖက ရွေးကောက်ပွဲကို လုပ်သွားမှာပဲ။ အဲဒီဖွဲ့စည်းပုံဥပေဒေ အတည်ပြုဖို့အတွက် ဆက်လုပ်သွားမယ် ဆိုရင်တော့လည်း ဒေါ်စုပါရောပြီး သူတို့အသုံးချသွားတဲ့ဟာမျိုး ဖြစ်မှာပဲ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံမှုကိုပယ်ပြီး နောက်တနေ့၊ အောက်တိုဘာ (၃) ရက်နေ့မှာ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်စုကို အစိုးရဧည့်ဂေဟာမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒေါ်စုက စာရေးတဲ့ကိစ္စလို့ သိရပါတယ်။ အဲလို ဦးအောင်ကြည်ရဲ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး နအဖလုပ်ရပ်အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်ကတော့ ဒီဝန်ကြီးနဲ့တွေ့တယ်ဆိုတဲ့ အစီအစဉ်ကိုက၊ အရင်ကတည်းက နအဖဟာ ကမ္ဘာ့အာဘော်ပိုင်းကို လိမ်ညာဖို့အတွက် ထွင်ထားတဲ့ဟာလို့ ယူဆပါတယ်။ ဒေါ်စုကို မဗေဒါ ရေဖြည့်သလို ဖြည့်ခိုင်းထားတာ။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သက်သက် အချိန်ဆွဲခိုင်းထားတာ။ အခုဟာမှာလည်း အဲဒီလိုပဲ၊ အမေရိကန်ကို ပြန်ပြီးတော့ မျက်စိလှည့်နေဖို့၊ သူတို့အလုပ်လုပ်နေပါတယ်ဆိုတာမျိုး ပြချင်တဲ့အတွက် ဒါတမင်ဖန်တီးလာတဲ့ကိစ္စပါ။ နောက်တခုက အခုပဲ သူ့ကို ပြင်းပြင်းထန်ထန် မတရားဆုံးဖြတ်ချက် ချထားပြီးပြီ၊ နောက်တနေ့မှာ ပြုံးပြုံးရယ်ရယ်နဲ့ ထွက်ခိုင်းတယ်ဆိုတာဟာ အင်မတန်ကို မတရားတဲ့ဟာ၊ လူလူချင်း အင်မတန်စော်ကားတဲ့ဟာ ဖြစ်တယ်။ ကျနော်တော့ ဒေါ်စုနေရာကနေ အင်မတန်နာပါတယ်။

မေး။ ။ အခုလို နအဖဆက်ဆံရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တာဟာ တွေ့ဆုံဆွေးနွေးမှု လမ်းပွင့်သွားနိုင်တဲ့ ကောင်းတဲ့အလားအလာလို့ ယူဆသူတွေရှိသလို တဘက်ကလည်း ဒေါ်စုကြောင့် ပိတ်ဆို့တားမြစ်မှုတွေ ဖြစ်လာတာမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုတွေ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စကို နအဖနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း နအဖဥက္ကဋ္ဌထံ ဒေါ်စုက စာပေးပို့တာနဲ့ပတ်သက်ပြီးလည်း မလုပ်တာကို လုပ်ပါတယ်လို့ ၀န်ခံရာကျတဲ့သဘော သက်ရောက်တယ်ဆိုပြီး ဘ၀င်မကျသူတချို့ရဲ့ အသံတွေလည်း ကြားရပါတယ်။
ဒါကြောင့် အခုလို တွေ့ဆုံမှု အလားအလာကို ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တွေ့တာ အခုမှတွေ့တာမဟုတ်ဘူး။ ဒါကြောင့်မို့ ဒါဟာအခုမှ လမ်းပွင့်တယ်လို့ ပြောလို့မရဘူး။ အစောကြီးကတည်းက လုပ်နေတာ၊ ပြီးတော့ သူတို့ဘာလို့ပိတ်ပစ်လိုက်လဲ၊ အကြောင်းမရှိဘဲနဲ့။ သူတို့ဘက်က ရိုးသားမှုတကယ်ရှိတယ်ဆိုလို့ရှိရင် ဒီကိစ္စကို တလျှောက်လုံး ဆက်ပြီးလုပ်နေရမယ်။ နောက်ပြီးတော့ ပိုအဓိကကျတာက အပြင်ကို အသိပေးနေရမှာ၊ ဒီဆွေးနွေးပွဲဟာလည်း အပြင်ကမြင်နိုင်တဲ့ transparency ရှိတဲ့ဆွေးနွေးပွဲ ဖြစ်ရမယ့်ဟာ၊ အဲလိုမဟုတ်ဘဲနဲ့ တံခါးပိတ်ပြီး လက်ဆွဲနှုတ်ဆက်တာလေးတွေ ဓာတ်ပုံရိုက်ရိုက် ပြနေလို့ကတော့ ဒါဟာ ဘယ်လိုမှ ပြည်သူလူထုကို လက်ခံစေနိုင်မှာမဟုတ်ဘူး။ နောက်တခုက ပိတ်ဆို့တားမြစ်မှုနဲ့ ပတ်သက်လို့ ဒေါ်စုက ၀န်ခံလိုက်တဲ့သဘော သက်ရောက်နေတယ်လို့ ပြောကြစတမ်းဆိုရင် နအဖဘက်ကရော ဦးအောင်ကြည်ကို လွှတ်လိုက်တဲ့ဟာက သူတို့အရင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ထားတဲ့ဟာတွေ မှားပါတယ်လို့ ၀န်ခံလိုက်တာလား။ အဲလို သာမန်အရပ်သားချင်းပြောကြတဲ့ logic တွေနဲ့ လုပ်လို့မရဘူးထင်တယ်။ ဒေါ်စုပြောတဲ့ဟာ ရှင်းရှင်းလေး၊ သူက နအဖကို အကူအညီပေးတယ်၊ အဲလိုအဓိပ္ပာယ်ပဲ၊ သူက လက်ကမ်းတာပဲ။ နအဖက ဘာပဲလုပ်လုပ် သူလုပ်တာမှန်သမျှက ဗမာပြည်မှာ အဓိကလိုအပ်နေတဲ့ ရင်ကြားစေ့ရေးဆိုတဲ့ဟာနဲ့ ဝေးသထက်ဝေးအောင်၊ တချို့အာရုံပြတ်သွားအောင် တမင်ကို ဆွဲဆွဲပြီး တနေရာကို လှမ်းခေါ်သွားနေတာဖြစ်တယ်။

မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ပြေလည်လာနိုင်မယ့် အလားအလာရော မြင်ပါသလား။

ဖြေ။ ။ နအဖ အခုလို သွားနေပုံမျိုးနဲ့တော့ မရှိဘူးဗျ။ နအဖက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ဆိုတာကို သူက လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို နိုင်ငံရေးပြဿနာလို့ သူက ထုတ်မပြောဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိစ္စကိုလည်း နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ ဖိနှိပ်တဲ့နည်းနဲ့ ဖြေရှင်းနေတာ။ သေနတ်နဲ့စောင့်နေတဲ့ အစောင့်တွေကြားထဲမှာ ဒေါ်စုကိုထည့်ထားတာဟာ နအဖက လက်နက်နဲ့ ဖြေရှင်းထားတာဖြစ်တယ်။

မေး။ ။ ၂၀၁၀ မှာလုပ်မယ်လို့ နအဖကကြေညာထားတဲ့ ရွေးကောက်ပွဲက နီးလာပေမယ့် ရွှေဂုံတိုင်ကြေညာချက်အပါအ၀င် အန်အယ်လ်ဒီက တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို နအဖက လျစ်လျူရှုထားပါတယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေနဲ့ ဘယ်လို ရပ်တည်မှုမျိုး ရှိသင့်ပါသလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ အန်အယ်လ်ဒီဟာ ပါတီကြီးဗျ။ ဒါကြောင့် ပါတီကြီးကို ကျနော်တို့အနေနဲ့ ဘယ်လိုလုပ်သင့်ပါတယ်ဆိုတာမျိုး မပြောလိုဘူး။ မပြောလည်း မပြောထိုက်ဘူး။ ဒါပေမယ့် ကျနော်တို့ အမြင်ကတော့ အန်အယ်လ်ဒီ ချမှတ်ထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ဟာ ဒီနေ့အခြေအနေနဲ့ ကိုက်ညီတယ်။ ဒါကြောင့်မို့ အန်အယ်လ်ဒီအနေနဲ့ အဲဒီကြေညာချက်အပေါ်မှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်သွားနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဒီရွေးကောက်ပွဲကတော့ တိုင်းပြည်ကို ဘာမှကောင်းကျိုးပေးမယ့်ဟာ မဟုတ်ပါဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံလျှောက်လဲချက် နအဖ ပယ်လိုက်တာဟာ နိုင်ငံရေးရပ်တည်ချက်အသစ်တွေနဲ့ အယူဆသစ်တွေကို အဖြေပေးလိုက်တဲ့သဘောလို့ ဆရာ့ဆောင်းပါးမှာ ပါရှိပါတယ်။ အဲဒါ ဘာကို ဆိုလိုတာပါလဲ။

ဖြေ။ ။ ဗမာပြည်ထဲမှာ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတာနဲ့ တပြိုင်နက်တည်း ထောင့်ပေါင်းစုံကနေပြီး အသံမျိုးစုံထွက်လာတယ်။ အဲဒီဟာတွေထဲမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ဟာတွေကိုတော့ အထူးမပြောတော့ဘူး။ ရွေးကောက်ပွဲဝင်ဖို့ ထောက်ခံနေတဲ့ဟာတွေ၊ ဘာကြောင့် ၀င်သင့်တယ်ဆိုပြီး အမျိုးမျိုးပြောနေတဲ့ဟာတွေကို ဥပမာ တချို့က ရွေးကောက်ပွဲဝင်ခြင်းအားဖြင့် space တခု လှုပ်ရှားစရာနေရာတခု၊ နိုင်ငံရေးလှုပ်ရှားစရာခွင်တခုတော့ ရသွားမှာပဲလို့ ပြောတယ်။ ဒါပေမယ့် အဲဒီခွင်ထဲမှာ ဒီဒေါ်အောင်ဆန်းစုကြည်အမှုလိုဟာမျိုး ဆင်ပြီးဖမ်းတယ်၊ ဘိန်းပစ်ဖမ်းတာမျိုး လုပ်တယ်၊ ဖဲဆင်ပြီး ဖမ်းတာမျိုးလုပ်တယ်။ ထပ်ပြီးတော့ သူတို့ကြိုက်သလိုမျိုးလုပ်နေတာကို ဆက်ပြီးသယ်ဆောင်နေမယ်ဆိုရင်၊ လှုပ်ရှားခွင့်ရတယ်ဆိုတာလည်း အဲဒါတွေ ထောက်ခံနေရမှာပဲ၊ တခြားဘာမှ လုပ်လို့ရမှာမဟုတ်ဘူး။ ဒါ space ဆိုတာနဲ့ပတ်သက်လို့ပါ။ တချို့ကပြောတော့လည်း ရွေးကောက်ပွဲကနေပြီးတော့ ဒီမိုကရေစီကို တလှမ်းချင်းလှမ်းတက်သွားမယ်လို့ပြောတယ်။ ဒါကြောင့် အခုလို ဒေါ်အောင်ဆန်းစုကြည်လို ကိစ္စမျိုးဟာ ဒီမိုကရေစီလား။ အဲဒါမျိုး နောက်မရှိတော့ဘူးလို့ ဘယ်သူက အာမခံထားလဲ။ နအဖလည်း အာမမခံဘူး၊ အခုရွေးကောက်ပွဲဝင်မယ့် လူတွေလည်းပဲ ဘယ်သူကမှ ဒီရွေးကောက်ပွဲလုပ်ရင် ဒီမိုကရေစီ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်လို့ ဘယ်သူမှ မပြောရဲဘူး။

မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုပေမယ့် ရွေးကောက်ပွဲဥပဒေ၊ ပါတီများမှတ်ပုံတင်ခွင့်၊ မီဒီယာလွတ်လပ်ခွင့် စတဲ့ ရွေးကောက်ပွဲဆိုင်ရာ အခင်းအကျင်းတွေ အခုထိမပေးသေးတဲ့အတွက် ဒီရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အဲဒါကလည်း စဉ်းစားစရာတော့ ကောင်းတယ်။ ဘာလို့ သူတို့မထုတ်ပြန်နိုင်သေးလဲဆိုတာ။ သေချာတာကတော့ သူတို့တွင်းမှာ ပြဿနာရှိတယ်။ သူတို့ထဲမှာ မပြတ်လို့ သူတို့အပြင်ကို မထုတ်နိုင်တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတာ အခုလုပ်လိုက်ချင် လုပ်လိုက်လို့ရတယ်၊ အာဏာရထားတဲ့သူ သေနတ်ကိုင်ထားတဲ့သူဆိုတာ။ အဓိကတော့ သူတို့ထဲမှာ အာဏာနဲ့ပတ်သက်တဲ့ ပြဿနာတော့ ရှိမှာပါ။

မေး။ ။ မြန်မာပြည်သူတွေမှာ သူတို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီ မျှော်လင့်ချက် ရှိနိုင်ပါသေးလား။

ဖြေ။ ။ ပြည်သူလူထုကတော့ သူတို့နဲ့မဆိုင်ဘူး။ ပြည်သူလူထုမှာ မျှော်လင့်ချက် ရှိလား မရှိဘူးလားဆိုတာ ကိုယ်ဘယ်လောက် လုပ်နိုင်လဲဆိုတဲ့အပေါ်မှာ တည်တာ။ နအဖက သဘောထားပြောင်းလာတာ၊ စိတ်ကောင်းရှိလာတာ ဆိုတဲ့အပေါ်မှာ မူတည်တာမဟုတ်ဘူး။ ပြည်သူလူထုကို တကယ့်တကယ် မျှော်လင့်ချက်ပေးနိုင်တာက အတိုက်အခံတွေပဲ။ အတိုက်အခံတွေ ဆိုတာ ပြည်တွင်းပြည်ပပေါ့။ အထူးသဖြင့် ပြည်တွင်းကပေါ့။ ပြည်သူလူထုကို ဘယ်လောက်အထိ ဦးဆောင်ပြီးတော့ လုပ်ချင်ကြသလဲ။ အဲဒါ ပိုပြီးအဓိကကျလိမ့်မယ်။

http://www.khitpyaing.org/interviews/Oct09/071009.php