Thursday, October 8, 2009

“ ခရီးမှာ ”



“ ခရီးမှာ ”
ဘ၀တခုနဲ့မမျှ
ဒုက္ခတွေက ဗလပွ
တချို့သူတွေလည်း
အောင်မြင်ကာမော်ကြွားနိုင်ကြ
တချို့သူတွေလည်း
ရှုံးနိမ့်ကာငြိုးမှိုင်ကြ
တချို့သူတွေလည်း
ထပ်ကာထပ်ကာကြိုးစားနေကြ
တချို့သူတွေလည်း
တွေဝေနေကြ
သေချာတာတခုကတော့

ဒီခရီးမှာတွေဝေနေရင်ရှုံးမှာပဲ့  ။
အပြောင်းအလဲများတဲ့လောက
ယုံကြည်ချက်တခုကို
မယိမ်းမယိုင်ဆုပ်ကိုင်ကာ
လှေခွက်ချည်းကျန်အလံမလဲ
စိတ်ဓါတ်မျိုးနဲ့
အခြေအနေအချိန်အခါအရ
ရှေ့ကိုပဲ ရဲရဲဆက်တိုးနိုင်မှ
ဒုက္ခတွေကတော့
ဘ၀တခုနဲ့မမျှ့  ။
သမိုင်းစဉ်တလျှောက်မှာတော့
ခိုင်မာတဲ့အပြုံး
တည်ကြည်တဲ့နှလုံးပိုင်ရှင်တွေက
ပြည်သူတွေဘ၀တလျှောက်လုံး
နစ်မွန်းအညွန့်ကျိုးစေမယ့်
စည်းမျဉ်းဥပဒေတွေနဲ့
ပြည်သူတွေကို အဆိပ်မခပ်ကြ့  ။
လက်ရှိအချိန်နေ့တဓူဝ
ရင်ဆိုင်ကြုံတွေ့နေကြတဲ့
ပြဿနာတွေအတွက်ကိုတော့
ပြည်သူအများတကာက

ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ပဲဖြေရှင်းချင်ကြ
သို့သော့့် 
့ 
သိရက်နဲ့ဆက်မိုက်နေကြတဲ့
အာဏာရူးစစ်ခေါင်းဆောင်တစုနဲ့
မျက်ကန်းနောက်လိုက်တွေကတော့
ယာယီအခွင့်အရေးတွေအတွက်
မထိန်းနိုင်တဲ့ အတ္တတွေနဲ့
တဇောက်ကန်း ဆက်မိုက်နေကြဆဲ
တကယ်ဆိုရင်
မျက်ကန်းနောက်လိုက်တွေက
ယာယီအခွင့်အရေးအနည်းငယ်ရထားတဲ့အတွက်
သူတို့တွေဟာလည်း
အဖိအနှိပ်ခံတွေပဲဆိုတာကို
မေလျှော့နေကြလေရဲ့  ။
မိုးသံလေသံပြင်းပြင်းကြားရင်တောင်
နောက်ထပ်မုန်တိုင်းတခုများ
ထပ်ဝင်လာမလားရယ်လို့
စိုးတထိတ်ထိတ်နဲ့နေရကာ
ဘာဆိုဘာမှ ကြိုတင်သိရှိခွင့်မရတဲ့ဘဝ
နှစ်ရှည်လများ
နရသိန်စံနေရလည်း
ဘယ်နေ့ဘယ်အချိန်
လွတ်ရက်ဆိုတာအတိအကျမသိပဲ
မျက်လှည့်ဆရာလက်ထဲ
ပေါ်ဆိုရင်ပေါ် ပျောက်ဆိုရင်ပျောက်နဲ့
ပရိဿတ်ရုံစားအောင်
အလှည့်စားခံနေရတဲ့ဘ၀့  ။
ဇတ်လမ်းရဲ့အနေအထားက
စိတ်ဝင်စားစရာအလျဉ်းမရှိ
သူရဲကောင်းတွေကိုဆွဲစိထားပါလို့
ဝံပုလွေလိုအသားစားကြူသူတွေက
လူမြင်ကောင်းတဲ့မျက်နှာဖုံးသစ်တွေကို
ချုပ်နှောင်နေကြကာ
ဝတ်ဖို့ကြိုးစားရင်း
အနာဂတ်မှာလည်းပဲ
ပြည်သူတွေကိုဆက်လှည့်စားဖို့
ကြိုးစားမြဲကြိုးစားနေလေရဲ့  ။
ဒီမှာ့ 
နှစ်ပရိစ္ဆေဒတချို့ကြာခဲ့တဲ့
အတွေးအခေါ်လုပ်ရပ်တွေကိုဖျောက်ပြစ်ကာ
လွတ်လပ်ဖို့ဘ၀တွေဆီကို
ဆက်လျှောက်လှမ်းဖို့အတွက်မှာ

ကိုယ့်လိပ်ပြာကိုယ်မလုံကာကြောက်နေကြလို့
ကြောက်ရမ်း ရမ်းကာဆက်မိုက်နေကြတာ
သေချာပေါက်ပဲဆိုတာကိုတောင်
ကြောက်နေ ရှက်နေလို့
ဝန်မခံရဲ့ဘူမဟုတ်လား
ကဲ့  ကဲ့  ကဲ
ဆွေးမြေ့ဟောင်းနွမ်းတဲအတွေးအခေါ်နဲ့
လုပ်ရပ်တွေကို ထုတ်သုံးနေမယ့်အစား
ပြည်သူတွေဘ၀သစ်မှာ လန်းနေရအောင်
အတွေးအခေါ်သစ်လုပ်ရပ်သစ်တွေကို

ထုတ်သုံးစမ်းကြည့်လိုက်ပါလာ့း့  ။

ဇာနည်မောင်

8 Oct ဒိုင်ယာရီ

get file here

8 Oct news

တောင်ကိုရီးယား အစိုးရမှ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ မြန်မာနိုင်ငံသား ( ၈ ) ဦးအား နိုင်ငံရေး ခိုလှုံခွင့် ပေး



2009/OCT/8/THU/
NLD{LA}KOREANEWS AND INFORMATION

တောင်ကိုရီးယားနိုင်ငံအစိုးရတရားရေးဌာနမှနေ၍ယနေ့ဒေသစံတော်ချိန်နေ့လည်၂နာရီအချိန်တွင်တောင်ကိုရီးယားနိုင်ငံအတွင်းရှိမြန်မာ့ဒီမိုကရေစီအရေးကိုဆောင်ရွက်လှုပ်ရှားနေကြသူမြန်မာနိုင်ငံသား(၈)ဦးအားနိုင်ငံရေးခိုလှုံခွင့်ကိုပေးလိုက်ကြောင်းသိရှိရပါသည်။ထိုကဲ့သို
့နိုင်ငံရေးခိုလှုံခွင့်ရရှိသူမြန်မာနိုင်ငံသား(၈)ဦးမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေကိုရီးယားဌာနခွဲမှအဖွဲဝင်များဖြစ်ကြပါသည်။တောင်ကိုရီးယားနိုင်ငံသည်ကုလသမဂ္ဂဆိုင်ရာအထွေထွေညီလာခံကြီးမှချမှတ်ထားသောဒုက္ခသည်များလက်ခံရေးဆိုင်ရာမူဝါဒများကို၁၉၉၂ခုနှစ်ကတည်းကလက်ခံသဘောတူလက်မှတ်ရေးထိုးထားခဲ့သော်လည်း၂၀၀၁ခုနှစ်ဖေဖော်ဝါရီလတွင်မှအသက်(၂၆)နှစ်အရွယ်ရှိ
အီသီယိုးပီးယားနိုင်ငံသားတဦးကိုတရားဝင်ပထမဆုံးနိုင်ငံရေးဆိုင်ရာခိုလုံခွင့်ပေးခဲ့ပြီး၊၂၀၀၂ခုနှစ်ဒီဇင်ဘာလတွင်ဒုတိယအကြိမ်အနေဖြင့်
အသက်(၅၀)နှစ်အရွယ်ရှိကွန်ဂိုနိုင်ငံသားတဦးအားထပ်မံ၍ခွင့်ပြုခဲ့ကာ၂၀၀၃ခုနှစ်ဇန်န၀ါရီလတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်
မြောက်နယ်မြေကိုရီးယားဌာနခွဲမှမြန်မာနိုင်ငံသား(၃)ဦးကိုတတိယအကြိမ်အနေဖြင့်ခွင့်ပြုခြင်းကိုခံခဲ့ရပြီးနောက်ယနေအထိဆိုလျင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေကိုရီးယားဌာနခွဲမှအဖွဲ့ဝင်(၃၂)ဦးအနက်(၂၂)ဦးမှာနိုင်ငံရေးဆိုင်ရာခိုလုံခွင့်ကိုရရှိထားပြီးဖြစ်ပါသည်။တောင်ကိုရီးယားနိုင်ငံအတွင်းနိုင်ငံတကာမှနေ၍၁၉၉၄ခုနှစ်မှ၂၀၀၉ခုနှစ်မေလအထိဒုက္ခသည်အဖြစ်ခိုလှုံခွင့်ရရှိရန်လျှောက်ထားသူ(၂၃၀၇)ယောက်ရှိခဲ့ပြီးစာရင်းအရနီပေါ(၃၇၇)ဦး၊တရုပ်(၃၃၄)ဦး၊မြန်မာ(၂၁၇)ဦး၊ပါကစ္စတန်(၁၁၈)ဦး၊ဘင်္ဂလားဒေ့(ရှ်(၁၀၆)ဦး၊ယူဂန်
ဒါ(၁၅၃)၊နိုက်ဂျီးရီးယား(၁၇၈)ဦး၊သီရိလင်္ကာ(၁၉၁)ဦးနှင့်အခြား(၆၃၃)ဦးတိုဖြစ်ကြပြီးယနေ့အထိခိုလှုံခွင့်ရှိခဲ့သူစုစုပေါင်း(၁၅၀)
ခန့်ရှိပြီးမြန်မာနိုင်ငံသားခိုလှုံခွင့်ရရှိသူပေါင်း(၇၀)ဦးကျော်ရှိပြီဖြစ်ကြောင်းစုံစမ်းသိရှိရပါသည်။။

ရန်နိုင်ထွန်းသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲ
MOBILE:
+82+11-9723-4773

အသုံးချနိုင်ငံရေး

http://ifile.it/21aofc0
Apply Politic

Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)၏ ၂နှစ်ပြည့် နှစ်ပတ်လည်အစီရင်ခံစာ

http://ifile.it/o4bhq56

GW Annual Report (2yrs)BUR

--
Best Regards,

Generation Wave
www.generation-wave.blogspot.com

မြန်မာနိုင်ငံရှေ့နေများကောင်စီထုတ်ပြန်ကြေငြာချက်

http://ifile.it/lf4tjzc

Statement on Wrongful Confinement