Friday, October 9, 2009

British Ambassador meets Aung San Suu Kyi (09/10/2009)



LOCATION BBC Radio 4

SPEAKER British Ambassador for Burma Andrew Heyn

EVENT Aung San Suu Kyi meeting

DATE 09/10/2009

Andrew Heyn, the British Ambassador in Burma, had a meeting with Aung San Suu Kyi on Friday 9 October. They spoke about the issue of sanctions against Burma and the future of the country. He commented on the meeting during an interview on the BBC Radio 4 Today Programme.
Read the transcript

James Naughtie (JN), presenter: The British Ambassador in Burma has had a meeting this morning with the opposition leader Aung San Suu Kyi. She was recently sentenced to 18 months' house arrest for breaching the terms of her detention, which has removed her from the political scene for many years. She asked for meetings with some Western diplomats, and within the last three hours or so, Andrew Heyn, the British Ambassador, has been talking to her with others, and he joins us now. Ambassador, good morning.

Andrew Heyn (AH), British Ambassador in Burma: Good morning.

JN: Tell us how this meeting took place, and how you found her.

AH: The background to the meeting is that on the 25th September, Daw Aung San Suu Kyi wrote to the Senior General Than Shwe here, proposing to co-operate with the regime on the issue of sanctions, and in order to do this, she asked for information about the effects of sanctions on Burma and sought meetings with the US, Australian and the representative of the EU Embassies, which at the moment is the UK, acting on behalf of Sweden, to learn more about the respective policies that we have in place.

And in response to that letter we then submitted a note to the authorities saying that we were ready to meet and would indeed like to meet, and that's how today's meeting happened. In terms of how Daw Aung San Suu Kyi was, she was in remarkable form for somebody who's been through what she has been through. She was very, very engaged in the subject, very interested in going into the detail of what she wanted to talk about, and she seemed, as ever, very eloquent, and very, very engaged.

JN: There have been some suggestions - the French Foreign Minister, for example, was floating the suggestion of holding direct talks with the Burmese authorities - that things are somehow on the move.
What's your own assessment?

AH: It's an interesting approach. And I think, clearly, in the light of the US policy review, a number of Burma's international interlocutors are looking at how we do things. The position for the EU is, under our common position we do not have regular dialogue above a certain level, which is effectively official level.

But actual direct dialogue can happen in certain circumstances, and, for example, the Foreign Office Minister of State, Bill Rammell, met the Burmese foreign ministers in the margin of a meeting in Hanoi in May, so it does happen.

We're going to have to take a look at what's happening now. The position isn't clear yet. There have been some recent developments. The full position won't become clear for a while, but clearly this is an issue that will be discussed in Brussels as a matter of urgency.

JN: Bernard Kouchner, the French Foreign Minister, said - and I quote him - "Sanctions are useless, and everyone recognises that." Is that the view of the British Government?

AH: Well, I think obviously the French Foreign Minister is entirely entitled to his opinion. I mean, I think the British Government's perspective on this is that we believe that sanctions send a strong political message to the Burmese authorities about our real determination to see genuine democratic reform in Burma.

Now, the fact is that the regime make a very public point of complaining about sanctions, which suggests to us that they are having an effect. But what we've also made clear is that we will respond to substantive progress towards democracy and respect for human rights, but we have to see concrete progress on the ground.

JN: Finally, you said she was in good form and deeply interested in all these issues. Of course she's going to be banned from political activity for the foreseeable future. Did you find here in any way optimistic about her country?

AH: She comes across as someone with an immense optimism about her country and the people of her country. And I think the way that she has engaged for so long with her policies and her huge personal commitment, without optimism about the future of Burma I don't really think you can do that. It's an inspirational approach that she takes.

But she didn't specify in terms today her views on the future. But I think you can look at her actions over the last many years and see that she is totally committed to a better future for Burma, and believes that that is achievable.

JN: Ambassador Andrew Heyn, thank you very much.

AH: Thank you.

ကိုရွှေဂျိုး ထောင်တွင်း၌ ကျန်းမာရေး ချို့ယွင်းနေ



နိုင်ငံရေး အကျဉ်းသား မိသားစုများအား ငွေကြေးအကူအညီ အထောက်အပံ့များပေးခဲ့သူ ကိုရွှေဂျိုး ထောင်တွင်း၌ တွေးတိုးရောဂါနှင့် ကျောက်ကပ်ရောဂါ ခံစားနေရကြောင်း ကိုရွှေဂျိုး၏မိသားစုမှ ပြောပြသောကြောင့် သိရှိရသည်။ ကိုရွှေဂျိုးကိုပြီးခဲ့သည့် ၇-၃-၂ဝဝ၉ တွင် ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့က နိုင်ငံရေး အကျဉ်းသား မိသားစုများအား ငွေကြေးအကူအညီပေးခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဖမ်းဆီးခဲ့သည်။ ပြီးခဲ့သည့် စတင်ဘာလ၌ ထောင်တွင်း အထူးတရားရုံးတွင် ပုဒ်မ ၁၇(၁)နှင့် ရုံးတင်စစ်ဆေးနေပြီး ရှေ့နေများနှင့် တိုင်ပင်ဆွေးနွေးခွင့် မရသေးကြောင်းလည်း ကြားသိရသည်။

ကိုရွှေဂျိုး၏ သွေးတိုးဝေဒနာသည် တနေ့နှင့်တနေ့ ပိုမိုခံစားနေရပြီး နှလုံးများကြပ်လာပြီး မကြာခဏ မူးဝေမှုခံစားနေရသည်။ အလားတတူ ကျောက်ကပ်ဝေဒနာပါ ခံစားနေရသဖြင့် ကိုရွှေဂျိုး၏ ကျန်းမာရေး အခြေအနေသည် အထူးစိုးရိမ်ရသည့် အခြေအနေဖြစ်သည်။ ၄င်းမှာ ထောင်တွင်း၌ ဆေးဝါးကုသမှု ညံ့ဖျင်းမှုကြောင့်နှင့် ကိုရွှေဂျိုး အမြဲသောက်နေသော ဆေးဝါးများကိုလည်း ထောင်ကခွင့်မပြုကြောင်းနှင့် ဆေးစာကိုလည်း ထောင်ဆရာဝန်က မရေးပေးကြောင်း ကြားသိရသည်။ ကိုရွှေဂျိုး၏ သမက်ဖြစ်သူ ကိုအောင်လှိုင်ဝင်း ၂ဝဝ၅ မေလ ( ၇ ) ရက်နေ့ကစစ်ကြောရေးစခန်းတွင် ရိုက်သတ်ခံရသည့် အမှုအား သမီးဖြစ်သူမနှင်းစန္ဒာမှ တရားခံများအားဖော် ထုတ်ပေးဖို့ တရားရုံး၌ တိုင်ကြားထားသည်ကို ယခုထိ အမှုမှန်ကို မဖော်ထုတ်ပေးသေးပေ။

မြန်မာ့ဒီမိုကရေစီအလားအလာ

http://ifile.it/zlqx5of
Prospect 4 a Democratic Future

မီးကွင်းပစ်သူများ

http://ifile.it/wr6he7n

The ENC and Fire Ring

9Oct ဒိုင်ယာရီ

http://ifile.it/b5jhlw3

9 Oct news မြန်မာ့ရေးရာ သတင်းပဒေသာ (ရုပ်သံသတင်း)
မဇ္မျိမသတင်းဌာန
သောကြာနေ့၊ အောက်တိုဘာလ 09 ရက် 2009 ခုနှစ် 17 နာရီ 42 မိနစ်

၂၀၁၀ ရွေးကောက်ပွဲ နိဒါန်း ကောင်းနိုင်ပါ့မလား



မောင်သြ

အောက်တိုဘာ ၉၊ ၂၀၀၉

၂၇ ရက် မတ်လ ၂၀၀၉ က နေပြည်တော်မြို့ဂျီးမှာ ကျင်းပခဲ့တဲ့ ၆၄ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားမှာ နအဖ တပ်မတော်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို မဖြစ်မနေ ကျင်းပပေးတော့မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

တကယ်ပဲ ကျင်းပပေးတော့မှာလား။ ကျင်းပဖြစ်သည် ဖြစ်စေ၊ မကျင်းပဖြစ်သည် ဖြစ်စေ၊ နအဖ စစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေကတော့ ပြည်နယ် ကျေးလက်တွေ ဆင်းပြီး မက်လုံးတွေ ပေး၊ စည်းရုံးနေကြတာ သူတို့ရဲ့ သတင်းစာတွေထဲမှာ နေ့စဉ်လိုလို တွေ့နေရပါတယ်။ ၎င်းတို့ ကျင်းပပေးမယ့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ယနေ့တိုင် မထွက်ရှိသေးဘဲ လျက်နဲ့ ကြိုတင်ပြင်ဆင်နေကြတဲ့ ပါတီအဖွဲ့အစည်းတွေ၊ စည်းရုံးရေး လှုပ်ရှားနေကြတာကိုလည်း တွေ့နေရပါတယ်။

တချို့ပါတီတွေဆိုရင် တရားဝင်ပါတီ မှတ်ပုံတင်ခွင့် မရှိပါသေးလျက်နဲ့ ရုံးခန်းဖွင့်ခြင်း၊ ပါတီဆိုင်းဘုတ်ထောင်ခြင်း၊ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားမှုများ ပြုနေခြင်းတွေကို တွေ့နေရပါတယ်။ ဒါဟာ တရားဥပဒေမဲ့ ပြုလုပ်နေခြင်း ဖြစ်တယ် ဆိုတာကို နအဖစစ်အစိုးရမှ တွေ့မြင် သိနေပါရက်နဲ့ ဘာကြောင့် ခွင့်ပြုထားသလဲ ဆိုတာ တရားဥပဒေ ရှုဒေါင့်က ကြည့်လျင် သံသယ၀င်စရာတွေ တွေ့နေရပါတယ်။

အင်န်အယ်ဒီ အဖွဲ့ချုပ်ကတော့ ၉၀ ရွေးကောက်ပွဲ ရလာဒ်ကို အကောင်အထည် မဖော်သေးဘဲနဲ့ လည်းကောင်း၊ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်အလက်များအပေါ် ရလာဒ်တစုံတရာ မရရှိသေးဘဲနှင့် လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို မစဉ်းစားသေးကြောင်း အခိုင်အမာ ရပ်တည်လျက်ရှိပါတယ်။

စစ်အာဏာရှင် နအဖတပ်မတော် အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲက ဖြစ်ပေါ်လာမည့် ရလာဒ်ကရော မြန်မာနိုင်ငံရဲ့ အနာဂတ်ဒီမိုကရေစီ နိုင်ငံသစ်ကို မျှော်မှန်းနိုင်မလား ဆိုတာထက် ရွေးကောက်ပွဲမှာ အနိုင်ရမယ့် အစိုးရအသစ်ကရော ၂၀၁၀ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အံဝင်ဂွင်ကျ ဆောင်ရွက်နိုင်မလား ဆိုတာကိုလည်း စောင့်ကြည့်ရမှာပါ။

ဒါ့အပြင် အနှစ် ၂၀ ကျော် လုံးလုံး စားဝတ်နေရေး ဒုက္ခ၀ဲဂယက်မှာ ကျင်လည်ရုန်းကန်နေခဲ့ကြရတဲ့ မြန်မာပြည်သူတွေရဲ့ဘ၀၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားပြည်သူ၊ ရဟန်းရှင် သံဃာတော်များနှင့် အင်န်အယ်ဒီ အဖွဲ့ဝင်၊ နိုင်ငံရေးအကျဉ်းသားများရဲ့ အကျဉ်းထောင်ထဲမှ ငရဲခန်းဘ၀တွေ၊ ကျန်ရစ်ခဲ့ရသော မိသားစုတွေ၊ အကြောက်တရားနဲ့ ငြိမ်ဝပ်ပိပြားအောင် ခြိမ်းခြောက်ခံထားရတဲ့ အလုပ်သမား၊ လယ်သမား၊ ၀န်ထမ်းဘ၀တွေ၊ အဲဒီဘ၀တွေရဲ့ ဒုက္ခ သောက အပေါင်းတွေကို ချုပ်ငြိမ်းပပျောက်အောင် ကယ်တင်နိုင်မလား ဆိုတာ မဲဆန္ဒရှင် ပြည်သူတွေက လေးလေးနက်နက် စဉ်းစားရပါမယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို မျက်စိစုံမှိတ် လက်ခံလိုက်မယ် ဆိုရင်တော့ ဒီလိုပဲ နအဖတပ်မတော်အစိုးရ (စစ်အာဏာရှင်) တွေရဲ့ ဖိနှိပ်ထားတဲ့ အကြောက်တရားအောက်မှာ နောင် နှစ်ပေါင်းများစွာ ဒူးနဲ့ မျက်ရည် သုတ်နေရဦးမှာ အသေအချာပဲ။

ဘာကြောင့်လဲ ဆိုတော့ နအဖတပ်မတော် အစိုးရ တဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဗိုလ်ချုပ်ကနေ “ဦး …” ၊ ဘောင်းဘီဝတ်မှ ပုဆိုးဝတ် ပြောင်းလဲအုပ်ချုပ်တဲ့ ပုံစံသာ ဖြစ်နေတာက တကြောင်း၊ စစ်အာဏာရှင် နအဖ ကြိုးဆွဲရာ ကရမယ့် ရုပ်သေးရုပ် လက်ကိုင်တုတ် စစ်အစိုးရ ကိုယ်ပွားအစိုးရ ဖြစ်နေမှာက တကြောင်း၊ ရာသက်ပန်တပ်မတော်မှ ဦးဆောင်မှု အခန်းကဏ္ဍများရဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခြေခံဥပဒေများ အသက်သွင်းထားတာ ဖြစ်နေကြောင့် တကြောင်း၊ ဘာမှ ပြောင်းလဲ တိုးတက်လာစရာ မရှိနိုင်ပါဘူး။

၂၀၁၀ ရွေးကောက်ပွဲ နိုင်လည်း နိုင်ရမယ်၊ ရှုံးလည်း နိုင်ရမယ် ဆိုတဲ့ နအဖရုပ်သေးအစိုး/များ တက်လာခဲ့ရင်တော့ အနောက်နိုင်ငံအင်အားစုများနှင့် ဥရောပ အီးယူနိုင်ငံများကလည်း ဆက်လက်ပြီး စီးပွားရေး ပိတ်ဆို့မှုတွေ၊ ဗီဇာပိတ်ဆို့မှုတွေ၊ Sanction တွေကတော့ ရှိနေဦးမှာပဲ။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံဖြိုးရေးဘဏ် (ADB)၊ နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ကလည်း ပိတ်ပင်ထားဦးမှာပါပဲ။

ဒီနေ့ မြန်မာနိုင်ငံမှာ ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ NLD အဖွဲ့ချုပ်ခေါင်းဆောင်များနဲ့ အဖွဲ့ဝင်များ၊ SNLD ရှမ်းအမျိုးသားဒီမိုကရေစီ ခေါင်းဆောင်များ၊ မင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ အင်န်အယ်ဒီကို ၀ိုင်းရံနေကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီးများကို ပြည်သူ အများစုက ချစ်ခင်လေးစား ယုံကြည်မှု အပြည့်ရှိတယ်။

ဘာကြောင့်လဲ ဆိုတော့ အင်န်အယ်ဒီနဲ့ အင်န်အယ်ဒီကို ၀ိုင်းယံနေကြတဲ့ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြသူတွေ အားလုံးဟာ အဖမ်းခံ၊ ထောင်ကျခံ၊ နှစ်ရှည် ထောင်ဒဏ်အပြစ်ပေးခံရပြီး၊ ဝေးလံသီခေါင်တဲ့ နယ်စွန်အဖြား အကျဉ်းထောင်တွေကို အပို့ခံ၊ ဒုက္ခခံ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြလို့ ပါပဲ။ အခြား ဘယ်အဖွဲ့အစည်းက နိုင်ငံရေးသမားများ အဲဒီလို အနစ်နာခံခဲ့ကြပါသလဲ။

စစ်အာဏာရှင် နအဖ တပ်မတော်စစ်အစိုးရကို ၀န်းရံနေတဲ့ လက်ကိုင်တုတ်၊ ဖွံ့ကြံ့များ၊ စွမ်းအားရှင်များ၊ အမျိုးသမီးစွမ်းအားရှင်များကတော့ အာဏာပိုင်တို့ရဲ့ လုပ်ပိုင်ခွင့် အရိုးအရင်းလေးကို ကိုက်နေရတော့ ရပ်ထဲ ရွာထဲ သတင်းပေး၊ စွာကျယ် စွာကျယ်လုပ်နေတာတွေ၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တိုက်ပွဲဝင်နေကြတဲ့ အင်န်အယ်ဒီအဖွဲ့ဝင်များ၊ ကျောင်းသားများ၊ ရဟန်းသံဃာများကို (ရွှေဝါရောင် တော်လှန်ရေးမှာ) အင်အားသုံးပြီး ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးမှု ပြုလုပ်နေတာကြောင့် ပြည်သူအားလုံးက စက်ဆုပ်ရွံရှာ နေပါပြီ။

အဲဒီတော့ နအဖ ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ သူတို့ထင်သလို လွယ်ကူချောမွေ့ အောင်မြင်စွာ ကျင်းပနိုင်ပါ့မလား ဆိုတာ သံသယ ၀င်လာနိုင်စရာ အကြောင်းတွေ ရှိလာနိုင်ပါတယ်။

ဥပမာ …

(က) နယ်စပ်ရှိ ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် သဘောထားကွဲလွဲမှုများ ရှိနေခြင်း

(ခ) ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဆုံးဖြတ်ချက်များ၊ လုံခြုံရေးကောင်စီမှ ညွှန်ကြားချက်များအပေါ် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း

(ဂ) အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဂျပန်၊ အိန္ဒိယ နိုင်ငံများမှ ၂၀၁၀ ရွေးကောက်ပွဲတွင် All Inclusive အားလုံးပါဝင်ရမည် ဟု ပြောဆိုထားခြင်း

(ဃ) ၉၀ ခုနှစ် အနိုင်ရထားသည့် အင်န်အယ်ဒီ အဖွဲ့ချုပ်ရဲ့ အထူးကြေညာချက် ၁၈/၀၉/၀၈ အရ၎င်း၊ ၂၉ ဧပြီ ၂၀၀၉ က ထုတ်ပြန်တဲ့ ရွှေဂုံတိုင်ကြေညာချက်စာတမ်းအရ ၎င်း၊ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲလမ်းကြောင်းဟာ အရွှေ့အပြောင်း ရှိလာနိုင်ပါတယ်။

ယနေ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို လွတ်မြောက်ချင်တယ် ဆိုရင် တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သစ္စာရှိစွာ လက်တွဲခြင်းဖြင့်သာ ထမြောက်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူ သန်း ၅၀ ကျော်ရဲ့ ဘ၀ရပ်တည်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်စပ်နေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နအဖစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကြီးကို စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အောင်မြင်ချင်တယ် ဆိုရင် …

(က) အင်န်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်

(ခ) နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် မျက်နှာချင်းဆိုင် ဆွေးနွေးကြရန်

(ဂ) အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တပ်မတော်၊ အင်န်အယ်ဒီနှင့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ၃ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန်

(ဃ) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေများမှ ဒီမိုကရေစီကျင့်စဉ်နှင့် မညီညွတ်သော အချက်များကို ပြန်လည်သုံးသပ် ပြင်ဆင်ရန် စသည့်အချက်များကို ဆောင်ရွက်သင့်ပါတယ်။

၎င်းအပြင် တပ်မတော်အစိုးရက ၉၀ ခုနှစ် ရွေးကောက်ပွဲကာလနဲ့ နောက်ပိုင်း ထုတ်ပြန်ခဲ့တဲ့ ဥပဒေများ၊ အမိန့်ကြေညာချက်များ (ဥပမာ - ၁/၉၀) ၊ ပြောဆိုထားခဲ့သော ကတိ က၀တ် စကားများကို ၎င်းတို့ကိုယ်တိုင် လိုက်နာခြင်း မရှိဘဲ ချိုးဖောက်ထားသော အမည်းစက်ကြီးဟာ နောင်တပ်မတော်သမိုင်းတွင် ထာဝရ စွန်းထင်းနေတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နောင်မျိုးဆက်သစ် တပ်မတော်၏ အခန်းကဏ္ဍမှာ ၎င်းအမည်းစက်ကြီး စွန်းထင်းပါမသွားစေရန်အတွက် အခုကတည်းက ချေဖျက်သန့်စင်သွားဖို့ လိုအပ်နေပါပြီ။

သို့ပါ၍ တပ်မတော်အစိုးရအနေဖြင့် မိမိတို့ ကတိက၀တ် စကားများဖြင့် ထုတ်ပြန်ထားသော ၁/၉၀ အရ ၉၀ ခုနှစ် အနိုင်ရ အင်န်အယ်ဒီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးခြင်း ဖြင့်သာ အနာဂတ်မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းသာယာဝပြောသော မြန်မာ့ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်သွားနိုင်မှာ ဖြစ်ပါကြောင်း ယုံကြည်ချက် အခိုင်အမာနဲ့ ရေးသားတင်ပြလိုက်ပါတယ်။

ငြိမ်းချမ်းစွာ အတူတကွ လက်တွဲဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှု ပန်းတိုင် ရောက်စေရမည်။ ။


http://moemaka.blogspot.com/

ပြည်သူနဲ့ နိုင်ငံရေး



သက်ထွန်း
post byFriday, October 09, 2009


ဒီကနေ့အချိန်အခါမှာ အတိုက်အခံအင်အားစုတွေဖက်ကနေ ပြည်သူတွေကိုဒီမိုကရေစီရေးအတွက် ပူးပေါင်းပါဝင်ကြဖို့ လက်တွဲတိုက် ပွဲဝင်ကြဖို့သွားပြောရင်၊ ပြည်သူတွေဘက်က ဒီမိုကရေစီိဆိုတာဘာလဲ ဆိုတဲ့မေးခွန်းကို မေးဖို့လိုအပ်လာလိမ့်မယ် ဘာကြောင့်ဆို ပြည်

သူတွေဟာ အတိုက်အခံအင်အားစုတွေဖက်ကကော၊ စစ်အုပ်စုရဲ့ဖက်ကပါ ပစ် ပါယ်ထားခံရတဲ့ အမေ့လျော့ခံတွေဖြစ်နေလို့ပါဘဲ၊ လိုအပ်ချက်ရှိတဲ့အခါ ပြည် သူ ပြည်သူလို့အော်နေကျတဲ့ အတိုက်အခံအင်အားစုတွေရဲ့ အနေအထားနဲ့ ဖိ နှိပ်အုပ်ချုပ်ဖို့နဲ့ ဂုတ်သွေးစုတ်ဖို့ပဲ သတိတရရှိနေတဲ့ စစ်အာဏာရှင်တွေရဲ့ ကြား စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာ ကြာပြီမို့ ဖြစ်ပါတယ်။

ပြည်သူတွေကို လွတ်လပ်ပွင့်လင်းတဲ့ဘဝနဲ့ တိုးတက်တည်ငြိမ်မှုကိုဖြစ်စေချင် တဲ့ အတိုက်အခံအင်အားစုတွေဘက်က ပြည်သူကိုတသားတည်း လက်တွဲ ခေါ်နိုင်ဖို့ရာ အင်မတန်အရေးကြီးတဲ့ဖြစ်စဉ်မို့ အားကောင်းတဲ့အရွေ့တွေကို ပြည်သူပေါ်မှာ တူရူချက်တွေအဖြစ် ဖော်ဆောင်နိုင်ဖို့ လိုအပ်နေတယ်။

ဒီနေရာမှာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံသဘောသဘာဝတွေဟာ ဘာတွေလဲဆိုတာကို ပြည်သူတွေအားလုံး ရှင်းရှင်းလင်းလင်းနား လည်စေအောင် လုပ်ပေးဖို့လိုအပ်သလို ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီစနစ်ကို အခြေခံထားတည်ဆောက်ထားတဲ့ နိုင်ငံတခုက အစိုးရတရပ်ရဲ့အုပ်ချုပ်မူအောက်မှာ အသက်ရှင်နေထိုင်ရတာနဲ့ စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုထားတဲ့ နအဖ စစ်ဖိနပ်အောက်မှာ နေခဲ့ရတဲ့ ပြည်သူတွေရဲ့ဘဝဟာ ဘယ်လိုကွဲပြားခြားနားမှုရှိလိမ့်မယ်ဆိုတာကို ကွဲကွဲပြားပြားသိမြင်လာအောင် လက်ခံလာအောင် လုပ်ပေးဖို့လိုအပ်တယ်။

ဒါကြောင့် ပြည်သူ့အသိဥာဏ် ပွင့်လင်းတိုးတက်ရေး သို့တည်းမဟုတ် အစိုးရတရပ်ရဲ့ အခြေခံရှိသင့်ရှိထိုက်တဲ့အုပ်ချုပ်မှုပုံစံ (ကျင့်သုံး နေတဲ့စနစ်) ဘာလဲဆိုတာ ပြည်သူတွေသိလာအောင် လုပ်ပေးနိုင်မယ်၊ ဒီမိုကရေစီဆိုတာ ကျင့်သုံးရမယ့်ကျင့်ထုံးတွေအဖြစ် သဘော ပေါက်လာတဲ့အခါ ပြည်သူတွေမှာ ဒီမိုကရေစီရဲ့အခြေခံတွေ ရှိလာလိမ့်မယ်။

ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ပြည်သူလူထုကို တကယ့်ထိတွေ့မှုဟာ အလွန်နည်းပါးနေ သေးတယ်၊ မိမိတို့ရဲ့တိုက်ရိုက်နိုင်ငံရေး လိုအပ်ချက်တွေ၊ လုပ်ဆောင်မှုတွေအပေါ်တင်အားထားလုပ်ဆောင်နေမှုနဲ့ (ခပ်ရှင်းရှင်းပြောရရင်တော့ အသုံးချဖို့ စိတ်ထားမျိုးတွေရှိ နေရုံ) အတိုက်အခံအင်အားစုတွေ အတွင်းခန်းထဲမှာတင် (capacity building) လုပ်ငန်းတချို့ လုပ်နေရုံနဲ့တော့ တိုင်းပြည်က ဘယ် လိုမှ ပြောင်းလဲမှာမဟုတ်ဘူး၊ ဒီလုပ်ငန်းတွေကိုမလုပ်ရဘူးလို့ မဆိုလိုပေမဲ့ တိုင်းပြည်တခုရဲ့ စနစ်တခုကနေတခုကို တော်လှန် ပြောင်းလဲတဲ့ဖြစ်စဉ်တခုမှာ အစစ်အမှန်အင်အားဟာ ပြည်သူလူထုရဲ့လက်ထဲမှာပဲရှိနေတယ်။ ပြည်သူပါမှ အောင်မြင်တဲ့ပြောင်းလဲမှု ကို ရနိုင်တယ်ဆိုတဲ့အချက်ဟာ အရေးအကြီးဆုံးဖြစ်သလို အဓိကထားရမယ့် အရေးကိစ္စဖြစ်တယ်။

ဘယ်လိုမဟာဗျူဟာမျိုးကို ရေးဆွဲသည်ဖြစ်စေ ပြည်သူပါဝင်နိုင်မှုမဲ့တဲ့ စဉ်းစားချက်မျိုးကိုအခြေခံပြီး ချဉ်းကပ်နေသမျှတော့ ဘယ် သောအခါမှ လက်တွေ့ကျကျ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်တဲ့ မဟာဗျူဟာမျိုးကို ရမှာမဟုတ်ပါဘူး။

အခုဆိုရင် ပြည်သူလူထုရဲ့အနေအထားဟာ အင်မတန်နက်ရှိုင်းတဲ့ ဆင်းရဲမွဲတေမှုချောက် ကမ်းပါးထဲမှာရောက်နေပေမယ့် စစ်အာ ဏာရှင်တွေနဲ့ သူတို့ရဲ့လက်ပါးစေ လက်မရွံ့တွေကို အင်မတန်မုန်းတီးစက်ဆုပ်နေပေမယ့် သူတို့ဘဝရဲ့ နေ့စဉ်အသက်ရှင် နေထိုင်ရ တဲ့ အခြေအနေတွေဟာ မှားယွင်းမှုတွေနဲ့ပြည့်နှက်နေတယ်ဆိုတာ သိနေပေမယ့် စစ်အာဏာရှင်တွေကို ကြောက်ရွံ့ထိတ်လန့်မှု အရိပ်မည်းကြီးကဖုံးလွမ်းထားသလို တဖက်မှာလည်း ပြည်သူတွေရဲ့ စိတ်ထဲမှာအာရုံထဲမှာဖြစ်နေတာက လက်ရှိဘဝဖြစ်တည်နေတာ နဲ့ ဒီမိုကရေစီရှိတဲ့ဝန်းကျင်တခုမှာ နေရတာနဲ့ဟာ ဘာမှကွဲပြားခြားနားမှုရှိလိမ့်မယ်လို့ မထင်သလို ခံလည်းမခံစားဘူး။

ဒါကြောင့်အခုချိန်မှာ ပြည်သူတွေဘက်က ဆန့်ကျင်ထကြွမယ်ဆိုရင်လည်း စစ်အစိုးရရဲ့ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် စစ်အစိုးရ ဟာ ရက်စက်ယုတ်မာလွန်းတယ်ထင်လို့သာဖြစ်ပြီး ဒီမိုကရေစီကို လိုချင်လွန်းလို့တော့မဟုတ်ပေဘူး။

ဒါကြောင့် ဒီမိုကရေစီတော်လှန်ရေးဆိုတဲ့ စကားလောက်နဲ့ ပြည်သူကိုသွားစည်းရုံးရင် ကျိန်းသေတာကတော့ ပြည်သူတွေ စိတ်မဝင် စား တော့ဘူးဆိုတာပါဘဲ၊ ဒီနေရာမှာ ဒီမိုကရေစီတော်လှန်ရေးဆိုတာဟာ သာမာန်နိုင်ငံရေးစနစ်တခုကနေ တခုကိုပြောင်းလဲဖို့ ဦး တည်ချက် မဟုတ်တော့ဘဲ ပြည်သူတွေအားလုံးရဲ့ လူမူဘဝတခုလုံးရဲ့ အပြောင်းအလဲဖြစ်တည်မှုအတွက် လူမှုတော်လှန်ရေးပါဖြစ် တယ်ဆိုတာကို တင်ပြနိုင်ဖို့လိုအပ်တယ်။

ဘာကြောင့်လည်းဆိုတော့ ပြည်သူလူထုရဲ့ဘဝမျော်လင့်ချက်နဲ့ အနာဂါတ်မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမပေးနိုင်ရင်၊ လမ်းမပြနိုင်ရင် ဘယ်သူကမှ တက်ကြွပါဝင်လာမှာမဟုတ်ဘူး၊ ဒီမိုကရေစီစနစ်ဟာ စစ်အာဏာရှင်စနစ်နဲ့ (ပြည်သူတွေရဲ့ဘဝ တည်ငြိမ်အေးချမ်းဖို့၊ တိုးတက်ဖို့၊ လွတ်လပ်စွာရှင်သန်ခွင့်ရဖို့) ကွာခြားလွန်းတယ်ဆိုတာ ပြည်သူတွေယုံကြည်လာဖို့ရာ အရေးတကြီးလိုအပ်တယ် ပုပ်သိုး ဆွေးမြေ့နေတဲ့ဝန်းကျင်က ထွက်ပေါ်လာတဲ့လေကို ရှူရှိုက်ရတာနဲ့ ရှင်းသန့်ပွင့်လင်းတဲ့ ဝန်းကျင်ကလေကို ရှူရှိုက်ရတာဟာ ဘယ် လောက်ကွာခြားကြောင်းနဲ့ အကျိုးဆက်တွေကိုသိနားလည်လာစေဖို့ လုပ်ဆောင်ရမှာဖြစ်တယ်၊ ဒီနေရာမှာ တော်လှန်ရေး တော်လှန် ရေးဆိုတဲ့ စကားလုံးသက်သက်ကြွေးကြော်မှုတွေကို ရပ်တန့်ကြပြီး၊ ပြည်သူလူထုရဲ့ လက်ရှိအခြေအနေမှန်ပေါ်ကစပြီး ဖြည့်ဆည်းမူ၊ အလေးထား သုံးသပ်မှုကိုလုပ်ကြရမယ်၊ ပြည်သူတွေနဲ့ တသားတည်းခံစားချဉ်းကပ်ရမယ်၊ စည်းရုံးရမယ်၊ တည်ဆောက်ရမယ်၊ ပြည် သူတွေရဲ့ကျမ်းမာရေး၊ ပညာရေး၊ နေ့စဉ်ဘဝနဲ့ပတ်သက်တဲ့ ဗဟုသုတ အစရှိသဖြင့် ပြည်သူတွေရဲ့ဘဝမှာ တိုးတက်လာအောင် လုပ် ပေးရမယ်၊ ပြည်သူတွေ သိသင့်သိထိုက်တာတွေအားလုံးကို နည်းလမ်းမျိုးစုံနဲ့ (ဥပမာ - မီဒီယာတွေကနေ့တဆင့်၊ စာရွက် စာတမ်း၊ စာအုပ်ဖြန့်ဝေတာမျိုး) ဖြန့်ဝေပေးသင့်တယ်၊ သတိပြုသင့်တာကတော့ နိုင်ငံရေး စကားလုံးခန့်ခန့်ကြီးတွေ၊ ကျမ်းကိုးကျမ်းကားစကား တွေ၊ သီအိုရီအဖွဲ့အနွဲ့တွေကို ပြည်သူတွေ မလိုအပ်ဘူးဆိုတာပါဘဲ၊ ရိုးရိုးရှင်းရှင်းနဲ့ သူတို့ရဲ့ လက်ရှိဘဝတွေ ဖြစ်ရပ်တွေကို ပုံဖော်ပေး နိုင်ဖို့ ကိုယ်စားပြုပေးနိုင်ဖို့နဲ့ အားမာန်ရှိရှိ တည်ဆောက်ရဲတဲ့ အသိတွေ၊ စိတ်တွေဖြစ်ပေါ်လာဖို့ကိုပဲ လိုအပ်တာပါ ။

ပြည်သူကို စည်းရုံးတည်ဆောက်တဲ့အခါ လက်တွေ့မပါတဲ့ မျော်လင့်ချက်ပေးစည်းရုံးတာမျိုး၊ လွဲမှားတဲ့အသိပေးပြီး စည်းရုံးတာမျိုး အ သုံးချခံသက်သက်ဖြစ်ဖို့ စည်းရုံးတာမျိုးကို ရှောင်ကျဉ်သင့်တယ်၊ အဓိကအချက်ကတော့ ပြည်သူဆိုတာ ကိုယ့်ရဲ့ အာဏာရမ္မက်မီး တောက်ဖို့ မီးစာမဟုတ်ဘူးဆိုတာ သိထားဖို့လိုတာပါဘဲ၊ ပြည်သူတွေရဲ့ ဖြစ်တည်မှုဟာ မိမိအတွက်အသက်ရှင် နေထိုင်ရခြင်းထက်၊ သူတပါးအတွက် အသက်နေရသလိုမဖြစ်စေဖို့လိုပါတယ်။

ဒီနေရာမှာ ပြည်သူဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုသလဲဆိုတာ ထင်သာမြင်သာရှိဖို့ လိုအပ်ပါတယ်၊ ပြည်သူဆိုတာ အအုပ်ချုပ်ခံ သက်သက်လား၊ အခွန်ပေးသက်သက်လား၊ မဟုတ်ပါဘူး။ အုပ်ချုပ်သူဖြစ်တယ်၊ တိုင်းပြည်ရဲ့အင်အား အစစ်အမှန်ဖြစ်တယ်၊ မူလပိုင် ရှင်ဖြစ်တယ်။

သို့ပေမဲ့ ဒီအခြေအနေမှန်အားလုံးပျောက်ဆုံးနေတာဟာ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေဖြစ်တယ်ဆိုတာ ရှင်းလွန်းနေပြီဖြစ်တယ်၊ ဘာကြောင့်ဆို စစ်အာဏာရှင်စနစ်ရဲ့လက်အောက်မှာတော့ သူတို့ရဲ့ ဒေါက်တိုင်ဖြစ်စေမယ့် အဖွဲ့အစည်းမျိုးတွေကို သူတို့ကိုယ်တိုင် စိတ်တိုင်းကျ ဖော်ဆောင်နိုင်မယ့် ပုံသဏ္ဍာာန်နဲ့ ဖွဲ့စည်းလေ့ရှိတာကလွဲလို့၊ သူတို့ထိန်းချုပ်မှုမပါဘဲ လွတ်လပ်မှုရှိတဲ့ အစိုးရနဲ့မသက် ဆိုင်တဲ့ လူမှုအဖွဲ့အစည်းများကို ဖွဲ့စည်းဆောင်ရွက်မှုမျိုး ဘယ်တော့မှခွင့်ပြုမှုရှိမှာ မဟုတ်လို့ဖြစ်တယ်၊ ပြည်သူတွေအတွက် ဘယ်ဖိ နှိပ်မှုမျိုးမှ မပါရှိဘဲ၊ သူတို့ကိုယ်တိုင်ရဲ့ လွတ်လပ်စွာပူးပေါင်းပါဝင်ခွင့်မရှိတဲ့ အနေအထားမျိုးမှာတော့ လူ့အဖွဲ့အစည်းတရပ်ရဲ့ စစ်မှန် တဲ့ ပွင့်လင်းတိုးတက်မှုဖြစ်စဉ်တွေနဲ့ အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။

တကယ်က ပြည်သူတွေကို ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ပြည်သူတွေက ဘယ်လိုဖြစ်ချင်တယ် ဆိုတာကိုလက်ခံတဲ့ အ တွေးအခေါ်ဟာ ပြည်သူတွေရဲ့ဘဝကို ပုံဖော်တဲ့နေရာမှာ အလွန်ကွာခြားပါတယ်၊ အခြေခံအားဖြင့် အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ အစိုးရတရပ် သို့တည်းမဟုတ် အုပ်ချုပ်သူလူတန်းစားဟာ ပြည်သူကိုသူတို့အလိုကျ လက်ညှိုးထောင် ခေါင်းညိတ်ဘဝမျိုးမှာဘဲ အ သက်သွင်းထားလိုတာကလွဲလို့ တခြားဘာအဓိပ္ပါယ် ဖွင့်ဆိုချက်ကိုမှ လက်မခံတဲ့အတွက် အာဏာရှင်မှန်သမျှဟာ ပြည်သူတွေကို ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ အတွေးအခေါ်ပေါ်မှာပဲ တိမ်းညွှတ်လေ့ရှိကြပြီး၊ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရတရပ် သို့တည်းမဟုတ် ဒီမို ကရေစီအစိုးရမျိုးကတော့ ပြည်သူကိုအခြေခံစဉ်းစားလေ့ရှိတာမို့ ပြည်သူတွေက ဘယ်လိုဖြစ်ချင်တယ်ဆိုတာကို အလေးအနက်ထား လေ့ရှိပါတယ်။ ဒါကြောင့် တည်ငြိမ်တိုးတက်တဲ့ နိုင်ငံတခုဖြစ်ဖို့ရာ (ပြည်သူတွေကိုနိုင်ငံရေးနဲ့ဝေးရာသို့ ပို့ထားခြင်းမျိုး မပြုဘဲ) အခြေခံ ကျတဲ့ နိုင်ငံရေးဖြစ်စဉ်တွေအားလုံးမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို ရယူနိုင်ဖို့လိုအပ်ပါတယ်။

ဒီလိုတူရူချက်မျိုးအတွက် ပြည်သူတွေမှာအသိပညာ ဗဟုသုတနဲ့ခံစားချက်ကို မျှမျှတတပေါင်းစပ်နိုင်ဖို့ အခွင့်အလမ်းတွေရှိဖို့ရာ လို အပ်ပါတယ်၊ ပိတ်ဆို့မဲမှောင်နေတဲ့ ဝန်းကျင်စနစ်မျိုးနဲ့ တော့ လားရာကောင်းကို ဦးတည်နိုင်ဖို့ရာ အခြေအနေပေးမှာမဟုတ်ပါဘူး။

လူ့အဖွဲ့အစည်းတခု သို့တည်းမဟုတ် တိုင်းပြည်တခုမှာ စနစ်တခုကနေစနစ်တခုကို ကူးပြောင်းဖို့ ကျိုးစားတဲ့ဖြစ်စဉ်ဟာ တော်လှန် ရေးတရပ်ဘဲဖြစ်ပါတယ်၊ ဒါကြောင့် အောင်မြင်မှုကိုလိုချင်ရင် အဓိကအင်အားဖြစ်တဲ့ ပြည်သူတွေကို လိုအပ်တဲ့အရာမှန်သမျှ တပ်ဆင် ပေးနိုင်ခြင်း ရှိမရှိဆိုတာဟာ အဖြေဘဲဖြစ်ပါတယ်။

သက်ထွန်း

http://www.naytthit.com/articals/October09/thettun%20oct9.html

ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များတွေ့ဆုံ

091009 Bty Bur Daw Aung San Suu Kyi ..ယနေ့ ဒေါ်အောင်ဆန်းစုကြည် နှင့်အနောက်တိုင်း သံတမာန်(၃)ဦး
စိမ်းလဲ့ကန်သာ ဧည့်ဂေဟာ၌ နံနက်၁၀နာရီမှ ၁၁နာရီအထိ တွေ့ဆုံဆွေနွေးခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ Sanction နဲ့ပတ်သတ်တဲ့ အချက်အလက်
တွေကိုပြုစုပေးမယ်လို့ သံတမန်များက ပြောဆိုပါတယ်။ ဆက်လက်ပြီး
နေ့လည်ပိုင်း (၃)ရီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ CEC (၆)ဥိး
၊ CEC အထောက်အကူအဖွဲ့ဝင် (၁၄)ဦး တို့နဲ့ဆက်လက် တွေ့ဆုံခဲ့ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်
ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

.... ဒီနေ့ နေ့လည် (၁၀)နာရီ ကနေ(၁၁)နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့
အမေရိကန်(သံရုံးတာဝန်ခံ)၊ ဗြိတိန်သံအမတ်၊ သြစတြေးလျသံအမတ်
တို့အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပါတယ်။ ...ဒေါ်အောင်ဆန်းစုကြည်
နဲ့တွေ့ဆုံပြီး အန်ကယ့်ဆီ ဖုန်းလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံတဲ့
ကိစ္စ နေ့လည်(၃)နာရီမှာ အဖွဲ့ချုပ်ရုံးကို လာပြောပြမယ်ဆိုပြီး
ဖုန်းဆက်လာတယ်။ NLD CEC (၆)ဦး နဲ့ အန်ကယ်တို့ CEC အထောက်အကူပြု အဖွဲ့ဝင်
(၁၄)ဦး ပေါင်း (၂၀)ဦးပါ။.... CECက ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊
ဦးလွန်းတင်၊ ဦးစိုးမြင့်နှင့် ဦးခင်မောင်ဆွေတို့ပါ။...
အန်ကယ်ဦးဝင်းတင်က မျက်စိတိမ်ခွဲနေလို့ မလာနိုင်ဘူး.....။

.....ရှင်းပြတာကတော့.. ဒေါ်အောင်ဆန်းစုကြည်
ကဗိုလ်ချုပ်မှုကြီးသန်းရွှေဆီကို ရေးတဲ့စာမှာပါတဲ့ အချက်တွေဖြစ်တဲ့
စီးပွားရေးပိတ်ဆို့မှု ဘယ်လောက်များများရှိလဲ၊ ဘယ်တုန်းကလဲ၊ ပိတ်ဆို့ရတဲ့
အကြောင်းအရင်း၊ ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်မှုစတာတွေကို
ဒေါ်အောင်ဆန်းစုကြည်က အချက်အလက်တွေ တိတိကျကျလိုချင်ကြောင်း မေတ္တာရပ်ခံတယ်။
သံအမတ်တွေကလည်း အချက်အလက်တွေကို ပြုစုပေးမယ်ဆိုပြီး
အကြောင်းပြန်ခဲ့ကြောင်း ပြောဆိုပါတယ်။ ..သံအမတ်တွေက ဘယ်နေ့မှာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်တွေ့ခွင့် ရမယ်ဆိုတာ
မသိရှိကြောင်း ...ထပ်တွေ့ခွင့်ရမယ်လို့ မျှော်လင့်ကြောင်း
ပြောဆိုပါတယ်။...မိနစ်(၄၀)လောက် ပြောဆိုဖြစ်ပါတယ်။..

....အင်းစိန်ထောင်မှာ အဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား ကိုညီညီအောင်
အမှုနဲ့ပတ်သတ်ပြီး ဆက်လက် မေးမြန်းရာမှာ ....ဒီကနေ့စာတင်လိုက်ပါပြီ (၁၂)
ရက်နေ့မှာ တွေ့ခွင့်ရဖို့ တောင်းဆိုထားပါတယ်ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်
ရှေ့နေကြီးဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နအဖဥက္ကဋ္ဌ
ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံသို့ Sanction နဲ့ပါတ်သတ်ပြီး စာရေးသား
ပေးပို့ခဲ့ပြီးချိန်မှ စပြီးဆက်တိုက် ဆိုသလို စစ်အစိုးရမှ
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေကို ပြုလုပ်လာတာကို တွေ့နေရပါတယ်။
လေ့လာ သုံးသပ်သူကတော့ အပြုသဘောဆောင်တဲ့ တိုးတက်မှုဟု ရှုမြင်ကြပြီး
Saction ကိစ္စတခုတည်းအတွက် တွေဆုံဆွေးနွေး တာမျိုးဖြစ်မှာကိုလည်း
စိုးရိမ်နေကြပြီး သတိထားပြီး စောင့်ကြည့်နေကြပါတယ်။...။

သတင်း......ဒီမိုဝေယံ..။.....။