Saturday, October 17, 2009

ဒေါ်အောင်ဆန်းစုကြည်လတ်တလောတွေ့ဆုံသည့်ဗွီဒီယိုမှတ်တမ်း

ဗွီဒီယိုဖိုင်ရယူရန်


>

House Hearing on Burma, October 21, 2009, 10:00 AM, 2172 RHOB


FULL COMMITTEE HEARING NOTICE
Committee on Foreign Affairs
U.S. House of Representatives
Washington, D.C. 20515-0128

Howard L. Berman (D-CA), Chairman

October 13, 2009

***RESCHEDULED***

TO: MEMBERS OF THE COMMITTEE ON FOREIGN AFFAIRS

You are respectfully requested to attend an OPEN hearing of the Committee on Foreign Affairs, to be held in Room 2172 of the Rayburn House Office Building:

DATE:

Wednesday, October 21, 2009

TIME:

***10:00 a.m.

SUBJECT:

U.S. Policy Toward Burma

WITNESSES:

Panel I

The Honorable Kurt M. Campbell
Assistant Secretary
Bureau of East Asian and Pacific Affairs
U.S. Department of State

Panel II

**Mr. Tom Malinowski
Advocacy Director
Human Rights Watch

**Chris Beyrer, M.D., MPH
Professor of Epidemiology, International Health, and Health, Behavior, and Society, Johns Hopkins Bloomberg School of Public Health

**Mr. Aung Din
Executive Director, U.S. Campaign for Burma

***NOTE: The hearing has been rescheduled from an earlier date of October 6, 2009.
**NOTE: Panels have been created and Witnesses have been added.

By Direction of the Chairman

The Committee on Foreign Affairs seeks to make its facilities accessible to persons with disabilities. If you are in need of special accommodations, please call 202/225-5021 at least four business days in advance of the event, whenever practicable. Questions with regard to special accommodations in general (including availability of Committee materials in alternative formats and assistive listening devices) may be directed to the Committee.

47 years of Min Ko Naing Birthday & Speech

http://ifile.it/thc0q67

MKN 47 yrs BD

17 Oct ဒိုင်ယာရီ

http://ifile.it/xrit5ql

17 Oct news

လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီ ..ပြည်သူများအတွက် ပြည်သူများက အုပ်ချုပ်သော ပြည်သူ့အစိုးရ

http://ifile.it/n8b0ufl

Human Society and Democracy Government of, By, For the People

မြန်မာ့နိုင်ငံရေး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားသွေးစည်း ညီညွတ်ရေး ပြဿနာ



မောင်စိန်သော်
post by Saturday, October 17, 2009


မြန်မာ့နိုင်ငံအရေး၏ အရင်းခံပြဿနာသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး ပြဿနာဟုမြင်သည်။

ဤပြဿနာ (၃) ခုနှင့်ပတ်သက်၍ စစ်အာဏာရှင်အဆက်ဆက် စစ်အုပ်စုနည်း စစ်အုပ်စုဟန်ဖြင့် ဖြေရှင်းခဲ့ကြပုံကို ဝေဖန်ဆန်းစစ် လျှင် တိုးတက်မှုလက္ခဏာ မတွေ့ရဟုဆိုရမည်။ ရာစုနှစ် ထက်ဝက်ရှိတော့မည်။ ပြဿနာမဖြေရှင်းနိုင်ရုံမက ပို၍ပင်ဆိုးဝါးစေခဲ့ ကြောင်း လက်တွေ့ဖြစ်ရပ်များက သက်သေပြနေသည်။


ငြိမ်းချမ်းရေး ပြဿနာ

စစ်အာဏာရှင် စနစ်အောက်မှာ ပြည်တွင်းစစ်အရှိန်မြင့်၍ မတရားအသင်းကြေငြာခံထားရသည့် အဖွဲ့စည်းများ၊ လူမျိုးစုလက်နက်ကိုင် အဖွဲ့စည်းများ တိုးများလာခဲ့သည်။ ပြည်သူလုထုအတွင်း မိကွဲဖကွဲ၊ ဆွေမျိုးသားချင်း ပို၍ ခံစားကြရသည်။ ပြည်တွင်းစစ်မရပ်စဲပဲ အ မှန်တကယ် ပြည်သူလူထု လိုလားတောင့်တနေသည့် ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ပါ။

စစ်အစိုးရ ကြွေးကြော်နေသည့် သောင်းကျန်းသူ အမြစ်ပြတ် ချေမှုန်းရေးဆိုသော မှားယွင်းဖောက်ပြန်သည့် ပေါ်လစီဖြင့် ပြည်တွင်း စစ် ရပ်စဲနိုင်လိမ့်မည်မဟုတ်ပေ။ (နဝတ၊ နအဖ) ခေတ်မှာ ပေါ်ပေါက်ခဲ့သည့် အပစ်ရပ်အဖွဲ့များနှင့် ရယူခဲ့သည့် ငြိမ်းချမ်းရေးဆိုသည် မှာ ရှစ်လေးလုံးအရှိန်ကြောင့် နိုင်ငံရေးအကြပ်ရိုက်နေသည့် စစ်အစိုးရ ယာယီထွက်ပေါက် တခုအနေဖြင့် မလိမ့်တပတ်လုပ်ထား သည့် ငြိမ်းချမ်းရေးသာဖြစ်သည်။

စီးပွားရေးလုပ်ပိုင်ခွင့်များဖြင့် လာဘ်ထိုး၍ အပစ်အခတ် ရပ်စဲခဲ့သည့် စစ်အုပ်စု၏လုပ်ရပ်သည် စိတ်ရင်းစေတနာမှန် မဟုတ်ကြောင်း လူတိုင်းသဘောပေါက်ကြသည်။ ဤလုပ်ရပ်ဖြင့် စစ်အစိုးရက နိုင်ငံရေး အမြတ်ထုတ်သည်။ ဗကပကို ရှေ့တိုးမရအောင် ထိုးနှက် သည်။ NLD နှင့် ပြည်တွင်းဒီမိုကရေစီ အင်အားစုများအပေါ် ဖြိုခွဲဖိနှိပ်ရန် အချိန်ယူသည်။ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များကို ညောင်နှစ်ပင်ညီလာခံ ကိုယ်စားလှယ်အဖြစ် သွေးဆောင်နိုင်ခဲ့သည်။

စစ်အုပ်စုသည် သမိုင်းမှာမရှိစဘူး ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်သူများအဖြစ် သူတို့ကိုယ်သူတို့ ကြွားလုံးထုတ်ခဲ့ကြသည် ယာယီအား ဖြင့် မြွေမသေ တုတ်မကျိုး ငြိမ်းချမ်းရေးမျိုး ရခဲ့ကြသော်လည်း နိုင်ငံရေးအရ တူတူတန်တန် ဆွေးနွေးရယူသည့် ငြိမ်းချမ်းရေး မဟုတ်ချေ။

အကျိုးဆက်တခုမှာ တိုင်းပြည်၏ သဘာဝသယံဇာတများ ပြောင်သလင်းခါသွားအောင် ပြုန်းတီးစေခဲ့သည်။ စစ်အုပ်စုခေတ်မှာ အ ထူးသဖြင့် သဘာဝသစ်တောများ ကုန်သလောက်ဖြစ်သွားသည်။ အစားထိုး ပြန်မရနိုင်သည့် အခြေအနေဖြစ်သည်။ ဘယ်သူတရားခံ လဲ၊ ပြည်သူတွေက သမိုင်းမှတ်တမ်းတင်ကြပေလိမ့်မည်။

နောက်ဒီကာလမှာ အပစ်ရပ် ငြိမ်းအဖွဲ့တဖွဲ့ဖြစ်သည့် မုံဂူဒေသမှ မောက်ဆန်လနှင့် လီနင်မင်တို့အဖွဲ့များအား အဖွဲ့တွင်း အကွဲအပြဲကို အခွင့်ကောင်းယူပြီး နှစ်ဘက်စလုံးကိုခြေမှုန်း သတ်ဖြတ်၍ မုံဂူဒေသတခုလုံး အပြတ်သိမ်းယူလိုက်သည်။ မုံဂူတပ် ၂ဝဝ/၃ဝဝ ခန့်အထိ ရက်ရက်စက်စက် ပစ်သတ်ခံကြရကြောင်း ခိုင်လုံသည့် သတင်းများအရ သိခဲ့ရသည်။

စစ်အုပ်စု၏ လုပ်ဟန်အတိုင်း သဘောထားကောက်ကျစ်မှု သန္ဓေပါ ဇာတိရုပ်ပေါ်လာခြင်း ဖြစ်သည်။ ယခုတော့ အပစ်ရပ်ငြိမ်းအဖွဲ့များ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ်အမည်နှင့် စစ်အစိုးရလက်အောက် သိမ်းသွင်းဖွဲ့စည်းရေးလုပ်လာသည်။

အဖွဲ့ငယ်များ သိမ်းယူဝါးမျိုနိုင်ခြင်းနှင့် ကိုယ့်အမျိုးသားအကျိုးထက် ကိုယ်ကျိုးစီးပွားကို အဓိကထားသည့် ကိုယ်ကျိုးရှာ တိုင်းရင်းသား ခေါင်းဆောင်ဆိုသူ တချို့ကိုနယ်ခြားစောင့်တပ်လုပ်ရေး သိမ်းသွင်းနိုင်သော်လည်း အင်အားတစုံတရာရှိသည့် အဖွဲ့အစည်းများက စစ် အုပ်စုထိန်းချုပ်မှုအောက် နယ်ခြားစောင့်တပ် မလုပ်နိုင်သည့် ပြဿနာပေါ်လာသည်။ ထိုအခါ အားနည်း၍ပျော့ကွက်ရှိသည့် ကိုးကန့် ကိုတိုက်ခိုက် သိမ်းပိုက်ပြလိုက်သည်။ ကိုးကန့်မှာသေနတ်သံပြန်မြည်၍ ထွက်ပြေးခိုလှုံ ဒုက္ခတွေ့ကြရသည်မှာ ဒေသခံပြည်သူများ သာဖြစ်သည်။ စစ်အုပ်စု၏ လုပ်ဟန်အတိုင်း နယ်ခြားစောင့်တပ် မလုပ်နိုင်သည့် ကျန်အဖွဲ့အစည်းများအပေါ် အင်အားပြခြိမ်းခြောက် ခြင်းဖြင့် ဖိအားအမျိုးမျိုးသုံးနေသည်။

အမေရိကန်နှင့် နအဖဆက်ဆံရေးခြေလှမ်း ပြောင်းလှမ်းလာနေပြီ စစ်အစိုးရအနေနှင့် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေး ကောင်းကောင်းအသုံးချလိမ့်မည်။ အပစ်ရပ် ငြိမ်းချမ်းရေး ဆက်ထိန်းနိုင် မထိန်းနိုင် စောင့်ကြည့်ရမည်။ သေချာတ်ာခုမှာ နအဖ စစ် အုပ်စုသက်တမ်းတလျှောက်လုံး ကိုယ့်ပြည်တွင်း အဖွဲ့အစည်းများအပေါ် အလျော့ပေးလိုက်လျောမှု လုံးဝမလုပ်သည့် ဖြစ်စဉ်သာရှိ သည်။ အမျိုးသားပေါင်းစုံပြည်သူများ မိမိ၏ နိုင်ငံရေးရပိုင်ခွင့်နှင့် အသက်အိုးအိမ် ကာကွယ်ပိုင်ခွင့်ရှိသည်။ တပြည်လုံး ငြိမ်းချမ်းရေးအ တွက် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်သောနည်းဖြင့်သာ ရယူနိုင်မည်။


ဒီမိုကရေစီရေးပြဿနာ

ပြည်တွင်းစစ်မီး တောက်လောင်ရခြင်းသည် အရင်းစစ်လျှင် ဒီမိုကရေစီ မရှိမှုကြောင့် တောက်လောင်ခဲ့ခြင်းဖြစ်သည်။ စစ်အာဏာရှင်စ နစ်က မီးလောင်ရာလေပင့် ပေးသည့်နည်း ကျင့်သုံးသည်။ စစ်အစိုးရခေတ် အဆက်ဆက် သဏ္ဌာန်မျိုးစုံဖြင့် ပေါ်ပေါက်ခဲ့သော ဒီမို ကရေစီရေး လှုပ်ရှားမှုများကို သွေးထွက်သံယို အကြမ်းဖက်နှိပ်ကွပ်မှုများဖြင့် တုန့်ပြန်ဖြေရှင်းသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံသည် ပြည်သူ့တိုက်ပွဲ အထွဋ္ဋ်အထိပ်တခုထိ ရောက်ခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံကို ဖြို ခွင်း အာဏာသိမ်းခဲ့သည့် စစ်အုပ်စု ယခုထိ အာဏာဆုပ်ကိုင်ထားသဖြင့် ဒီမိုကရေစီရေး ဝေးနေရဆဲဖြစ်သည်။ ဒီမိုကရေစီရေးရှေ့ရှု နိုင်သည့် (၉ဝ) ခုနှစ် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ်မပြုသည်မှာ ဒီမိုကရေစီကို မလိုလားကြောင်းဖေါ်ပြသည်။

ရွေးကောက်ပွဲအနိုင်ရ NLD ၏ တွေ့ဆုံဆွေးနွေးအဖြေရှာရေး ကမ်းလှမ်းချက်ကို စစ်အစိုးရက ပယ်ချနေခြင်းသည် ဒီမိုကရေစီကို လက်မခံငြင်းဆန်သည့် အဓိပ္ပါယ်ဖြစ်သည်။ ပြည်သူလူထုနှင့် ဒီမိုကရေစီအင်အားစုများ ဆန့်ကျင်ကန့်ကွက်နေသည့်ကြားက စစ်အာ ဏာရှင်စနစ် တရားဝင်ခွင့်ပြုမည့် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ တဖက်သတ်ရေးဆွဲ အဓမ္မနည်းဖြင့် အတည်ပြုထားပြီး (၂ဝ၁ဝ) မှာ ရွေး ကောက်ပွဲလုပ်ရေး ပြင်ဆင်နေကြသည်။

ဤရွေးကောက်ပွဲသည် (၂ဝဝ၈) ဖွဲ့စည်းအုပ်ချုပ်ပုံ မပြုပြင်လျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မဖြစ်နိုင်ပါ။ (၂ဝဝ၈) ဖွဲ့စည်းအုပ်ချုပ်ပုံ ကို စစ်အစိုးရက ပြင်ဆင်နိုင်မည်မဟုတ်ဟု အချို့သောသူများ ရှေ့နေလိုက် ထင်ကြေးပေးနေကြသည်။ မပြုပြင်လျှင် ပြည်သူလူထု တောင်း ဆိုနေသည့် ဒီမိုကရေစီရရှိရေး မဖြစ်နိုင်ကြောင်း တထစ်ချပြောနိုင်သည်။

စစ်အာဏာရှင်စနစ်ကြောင့် နိုင်ငံတကာအလယ်မှာ တိုင်းပြည်ဂုဏ်သိက္ခာမဲ့ပြီး ရစရာမရှိအောင် ချွတ်ခြုံကျနေရသည်။ ယခုတဖန် စစ်တပ်လွှမ်းမိုးရေး စစ်အာဏာရှင်စနစ်ကို တရားဝင်အတည်ပြုရန် (၂ဝဝ၈) ဖွဲ့စည်းပုံ လုပ်လာပြန်သည်။ ၎င်းဖွဲ့စည်းပုံက ဒေါ်အောင် ဆန်းစုကြည်ကိုတော့ နိုင်ငံရေးလုပ်ခွင့်မပေး သူတို့စစ်တပ်ကိုတော့ ရွေးကောက်ခံစရာမလိုဘဲ လွှတ်တော်မှာ (၄) ပုံ (၁) ပုံ နေရာယူ ခွင့် ပြုထားသည်။

သမ္မတအာဏာကိုလည်း ဗိုလ်ချုပ်တွေက ချုပ်ကိုင်ကြဦးမည်။ မကြေနပ်လျှင်လည်း အာဏာသိမ်းခွင့် ပေးထားသည့် ဖွဲ့စည်းပုံဖြစ် သည်။ “တရား မလွန်လွန်းဘူလား” နအဖ စစ်အုပ်စုရယ်လို့သာ အော်ဟစ်ကလော်တုတ် နေဖို့ကောင်းသည်။ ဒါကိုများ ဒီမိုကရေစီအ ရေးတော်ပုံ သစ္စာဖောက်တွေက အာဏာရှင်အကြိုက်လိုက်ရေးနေကြပြီး ဖြစ်နိုင်တာလုပ်ရေးဆိုပြီး ဒူးထောက်ရေးလေသံတွေ ပစ်နေ ကြသည်။

ဒီသစ္စာဖောက်တွေဟာ ဒီမိုကရေစီတိုက်ပွဲ ဒီရေမြင့်ချိန်မှာ ပြည်သူ့ဘက်မှ ရှေ့တန်းအထိတိုးဝင်လာကြပြီး ဒီမိုကရေစီတိုက်ပွဲ အခက် အခဲတွေ့ချိန်မှာ အာဏာရှင်များနှင့် ပူးပေါင်းရေးတဘက်သတ် အလျော့ပေးရေး တရားတွေ ထူထောင်၍ ဒီမိုကရေစီတိုက်ပွဲရှုပ်ထွေး အောင် လုပ်ကြသည်။

စစ်အာဏာရှင်စနစ် မတရားတည်ရှိနေသည်ကိုတော့ မပြာရဲကြဘူး။ ဒါမျိုးဘက်ပြောင်းအော်ကြတာ တချို့က တကြိမ်မကဘူး။ ရပ် တည်ချက် ပြောင်းလွယ်သည့် သူများက ရပ်တည်ချက်မပြောင်းသည့် ဒီမိုကရေစီရေးတိုက်ပွဲ တက်ကြွသူများကို မလိုတမာ သခင်အား ရ အပုတ်ချနေကြသည်မှာ အလွန်စက်ဆုပ်ဖွယ်ကောင်းသည်။

စစ်တပ်ခေါင်းဆောင်မှုဖြင့် ဒီမိုကရေစီ မပြောင်းလဲနိုင်ပါ။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် ဒီမိုကရေစီရေး အဓိက တားဆီးပြုနေသည်မှာ စစ် တပ်ဖြစ်သည်။ ပို၍တိတိကျကျ ပြောရလျှင် စစ်တပ်အားကိုး ပြုထားသည့် အာဏာပိုင် (အာဏာရှင်) စစ်ဗိုလ်ချုပ် တစု၏ ဒီမိုကရေစီ ရေး တားဆီးထားမှု ပြဿနာပင်ဖြစ်သည်။

၎င်းတို့က စစ်ဗျုရိုကရက်ယန္တယားဖြင့် စစ်အစိုးရထူထောင်၍ စစ်အာဏာရှင်စနစ် ကျင့်သုံးနေကြသည်။ ထို့ကြောင့် (၂ဝ၁ဝ) ရွေး ကောက်ပွဲ လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ (၂ဝဝ၈) ဖွဲ့စည်းပုံနှင့် စစ်အာဏာရှင်စနစ် ပြဿနာ မဖြေရှင်းနိုင်လျှင် ဒီမိုကရေစီရေး ဝေးနေ မည်သာ ဖြစ်သည်။

ပြည်သူကို အခြေခံလှုပ်ရှားနေသည့် ဒီမိုကရေစီ တော်လှန်ရေး တိုက်ပွဲများ ဒီမိုကရေစီမရမချင်း သဏ္ဌာန်မျိုးစုံဖြင့် ဖြစ်ပွားနေလိမ့် မည်။ မည်သည့် ဖေါက်ပြန်ရေးအင်အားမှ နှောင့်ယှက် တားဆီးနိုင်မည်မဟုတ်ပေ။ နောက်ဆုံးမှာ ဗမာပြည်၏ ပင်မနိုင်ငံရေးကို ရှေ့ ဆောင်မှု ပေးနိုင်မည့် ဥပဒေတွင်း ဥပဒေပရှိ ပါတီစုံ နိုင်ငံရေးအင်အားများ ပါဝင်လာနိုင်ကြပြီး စစ်အာဏာရှင် အုပ်ချုပ်မှု ပြဿနာကို ဖြေရှင်း နိုင်မှသာ မြန်မာ့ဒီမိုကရေစီရေး ဖော်ဆောင် နိုင်ပေလိမ့်မည်။

အမျိုးသား သွေးစည်းညီညွတ်ရေးပြဿနာ ဦးနုခေါင်းဆောင်ပြီး ပြည်ထောင်စုအရေး ဆွေးနွေးရန် ပြည်နယ်ကိုယ်စားလှယ်များ ရန် ကုန်မှာ စုစည်းထားချိန် ပြည်ထောင်စုပြိုကွဲမည့် အန္တရာယ်မှ ကယ်တင်လိုက်သည်ဆိုသော အကြောင်းပြချက်ကို သုံး၍ ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့ ခေါင်းဆောင်သည့် စစ်တပ်က (၁၉၆၂) မတ်လ (၂) ရက်နေ့မှာ အာဏာသိမ်းယူလိုက်သည့် ဖြစ်ရပ်ကို နိုင်ငံရေး စိတ်ဝင်စားသူတိုင်း သိကြပြီးဖြစ်လိမ့်မည်။

ချီကထဲက ယဉ်သကို ဆိုသလို ဝန်ကြီးချုပ် ဦးနုနှင့် နိုင်ငံတော် သမ္မတ အပါအဝင် ပြည်နယ် ကိုယ်စားလှယ်များ နိုင်ငံရေးသမား အ တော်များများပါ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး စစ်အာဏာဖြင့် တပြည်လုံးကို လွှမ်းမိုးချုပ်ကိုင်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ လူတွေ ပြောင်းသွားသော်လည်း စစ်အာဏာရှင်စနစ်က မပြောင်းပေ။

အမျိုးသားရေး ပြဿနာ အကြောင်းပြု အာဏာသိမ်းခဲ့သည့် စစ်အစိုးရသည် အမျိုးသားရေး ဖိနှိပ်မှုတွေ အချို့ဖမ်းဆီးထောင်ချ အချို့သတ်ပစ်သည်အထိ ပိုကဲလုပ်လာ၍ သူပုန်ထမှုများ အမျိုးသား လက်နက်ကိုင် အဖွဲ့အစည်းများ တိုးပွားလာသည်။ ဗာမာပြည်မှာ လူမျိုးတမျိုး လက်နက်ကိုင်တဖွဲ့ ဆိုရမလို ဖြစ်လာသည်။ တချို့လူမျိုးစုတွေ စစ်အစိုးရ၏ သွေးခွဲသပ်လျှိုမှုကြောင့် လက်နက်ကိုင်တပ် တဖွဲ့မက နှစ်ဖွဲ့ သုံးဖွဲ့အထိ ရှိလာနေကြောင်း ကြားသိနေရသည်။

စစ်အစိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွားကြ၍ စစ်ဘေးစစ်ဒဏ်ခံစားကြရသည်ကတမျိုး တိုးချဲ့ဖွဲ့စည်းထားသည့် စစ်အစိုးရတပ်များ ဖြန့်ကျက် နေရာယူထားမှုဒဏ် ပြည်သူတွေ ရင်ဆိုင်နေကြရသည်က တဖုံဖြစ်လာသည်။ အထက်ဖော်ပြပါ မုံဂူဒေသလူသတ်ပွဲနှင့် နောက်လုပ်ရပ်တခုမှာ အပစ်ရပ်ငြိမ်းအဖွဲ့တခုဖြစ်သည့် ရှမ်းအဖွဲ့မှ ဗိုလ်ချုပ်ဆေထင်နှင့် SNLD ခေါင်းဆောင်များအား နှစ်ရှည်ထောင် ဒဏ် နှစ် (၉ဝ) နှစ် (၁ဝဝ) ကျော်ထိ မတရားချပစ်နေခြင်းသည် အမျိုးသားအဖွဲ့အစည်းများအပေါ် စစ်အုပ်စု၏ အာဃာတစိတ် လွန်ကဲမှုကို ပြ ခြင်းဖြစ်သည်။ သမိုင်းတွင်လောက်ပါပေသည်။

ဤစိတ်ဓာတ် ဤလုပ်ရပ်မျိုးနှင့် အမျိုးသား သွေးစည်းညီညွတ်ရေး မဖြစ်နိုင် စစ်အာဏာပိုင်များသည် ၎င်းတို့ တပ်တွင်းမှာလည်း ဗမာ အမျိုးသားရေးဝါဒ ကျင့်သုံးသည်။ (နဝတ၊ နအဖ) ၏ နှစ် (၂ဝ) ကျော်ကာလအတွင်း စစ်တိုင်းတွေအလိုက် တိုင်းမှူးများ လုပ်ပိုင်ခွင့် ပိုင်စားပေးထားသည်။

တိုင်းမှူး ဗမာဗိုလ်ချုပ်တွေ ပြည်နယ်တွေမှာ မင်းမူခဲ့ကြခြင်းသည်လည်း လူမျိုးရေးဆန်သည့် ရိုက်ခတ်မှုကိုဖြစ်စေသည်။ တန်းတူရေး၊ သွေးစည်းရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမ မခံဘဲ စစ်တပ်ကိုယ်စားလှယ်များ ထည့်သွင်းထားမည့် (၂ဝဝ၈) ဖွဲ့စည်းပုံဖြင့် အမျိုး သား သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်မည် မဟုတ်ပေ။

ဗမာပြည်တွင် ဗမာအမျိုးသား တမျိုးတည်း ငြိမ်းချမ်းတည်ငြိမ်သည့် ဒီမိုကရေစီရေး လွတ်လပ်ခွင့်မရနိုင်သလို ပြည်နယ်များရှိ လူမျိုးစု အသီးသီးသည်လည်း တပြည်နယ် တဒေသချင်း ကွက်၍ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် ဒီမိုကရေစီမရနိုင်။ အမျိုးသားပေါင်းစုံ ပြည်သူတွေ သွေးစည်းညီညွတ်စွာ လက်တွဲ၍ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်နိုင်မှသာ အမျိုးသားပြည်လည် ပေါင်းစည်းရေးဖြစ်၍ တပြည်လုံး ငြိမ်းချမ်းပြီး သွေးစည်းညီညွတ်သော ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်လိမ့်မည်။


မောင်စိန်သော်
၁-၁ဝ-၂ဝဝ၈


(လူ့ဘောင်သစ် ဂျာနယ် အမှတ် ၈၊ အောက်တိုဘာလ ၂၀၀၉)
http://www.naytthit.com/articals/October09/mgseinthaw-arti-oct17.html