Thursday, October 22, 2009

Public Speaking Events Schedule of Zoya Phan in Canada




Public Speaking Events Schedule of Zoya Phan in Canada

Dear Friends of Burma:

We are informing you of a series of events for Zoya Phan, a prominent human rights activist from Burma and the author of ‘Little Daughter”, who will be speaking in a number of public events in Ottawa, Toronto and London. Please see in detail about a list of events’ location and time enclosed below.

-Canadian Friends of Burma-

October 24 (Saturday) @ Ottawa’s Writers Festival, Ottawa

Zoya Phan and Karen Connelly in conversation with Kate Heartfield, the Citizen’s editorial writer

Time: at noon, October 24 (Saturday)

Location: Saint Brigid's Centre for the Arts and Humanities, 314 St. Patrick Street (at the corner of Cumberland), Ottawa

Tickets: $15 / $10 Student or Senior (Free for Festival Members and Carleton Students)

October 26 (Monday) @ Ryerson University, Toronto

Penguin Canada, the publisher of “Little Daughter,” presents

Time: 6:30pm, October 26 (Monday)

Location: Room 204, Ryerson University, Rogers Communication Centre, 80 Gould Street (Gould and Church)

Admission: Free

October 27 (Tuesday) @ downtown, Toronto

Meeting with Burma supporters and activists in Toronto

Location: 340 Gerrard St East (half block east of Parliament Street), Toronto

Time: 6:30pm, October 27 (Tuesday)

October 28 (Wednesday) @ York University, Toronto

The Rights and Democracy Delegation at Glendon College presents:

Time: Noon-1:30 pm, October 28 (Wednesday)

Location: Room 219, Glendon Hall, Glendon Campus, York University

2275 Bayview Avenue, Toronto, Ontario

Admission: Free

October 28 (Wednesday) @ University of Western Ontario, London

The Rights and Democracy Network presents

Time: 6:30pm, October 28 (Wednesday)

Location: Student Activities Centre, Huron College, University of Western Ontario, London

Admission: free

October 30(Friday) @ Bromley Road Baptist Church, Ottawa

Karen Community and Ottawa Friends of Burma present:

Community and public event for Zoya Phan

WHEN: from 6:30 p.m. to 8:00 p.m., October 30(Friday)

VENUE: Bromley Road Baptist Church - Sanctuary 1900 Lauder Drive (Lauder Dr & Bromley Rd), Ottawa

________________________________________

The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma . Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org

လစ်ဘရယ် ဒီမိုကရေစီနှင့်နိုင်ငံရေးပါတီများ

http://ifile.it/yhf3lx6

Liberal Democracy

Aung San Suu Kyi - A Political Burma | Human Rights

22 Oct ဒိုင်ယာရီ

http://ifile.it/1ajcwmz

22 Oct news
မြန်မာ နဲ့ အီရန် က လူထုလှုပ်ရှားမှု

21 October 2009


အီရန်နိုင်ငံမှာ ဒီနှစ်အတွင်း ဖြစ်ပွါးခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်း လူထုလှုပ်ရှားမှုဟာ မြန်မာပြည်မှာ၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွါးခဲ့တဲ့ သံဃာ့လှုပ်ရှားမှုကို အမှတ်ရစေပါတယ်။ အကြောင်းကတော့ ဆန္ဒပြသူတွေထဲက သတင်းမီဒီယာ စိတ်ဝင်စားသူတွေဟာ သူတို့ရဲ့  အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဓါတ်ပုံတွေ ဗွီဒီယိုတွေနဲ့ ကမ္ဘာသိအောင် ကြိုးစားခဲ့ကြပါတယ်။ ဘယ်လို တူညီတဲ့ချက်တွေ ရှိတဲ့အကြောင်း ကိုရန်နိုင်က ရှင်းလင်းတင်ပြပေးထားပါတယ်။


မြန်မာသစ်များ တရုတ်ဘက်ကို ခိုးထုတ်နေဆဲ

21 October 2009


ပြီးခဲ့တဲ့ လေးနှစ်အတွင်း တရုတ်-မြန်မာ နယ်ခြားမှာ သစ်ခိုးတင်ပို့မှုတွေ လျော့သွားခဲ့ပေမယ့် ကချင်ပြည်နယ် ဘက်နေ ကုဗမီတာ သိန်းနဲ့ချီတဲ့ သစ်တွေ နှစ်စဉ် တရုတ်ပြည်ထဲကိုပို့နေတယ်ဆိုပြီး သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး နဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မှတ်တမ်းပြုစု နေတဲ့ Global Witness အဖွဲ့ က တောင်းဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့တဲ့ တရုတ်သစ်ကုမ္မဏီတွေရဲ့ သစ်တွေဟာ မြန်မာနိုင်ငံက တရားမဝင် ခိုးသွင်းတဲ့သစ်တွေ ဖြစ်နိုင်တယ်ဆိုပြီး တရုတ်နယ်ခြား သစ်ခုတ်လှဲမှုတွေ အကြောင်း လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မြန်မာထိပ်သီးစစ်ခေါင်းဆောင်က ရူ့မြင်သည့် သခင်နှင့်ကျွန်ဆက်ဆံရေးသည် စစ်ဘုရင်စနစ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်


မြန်မာထိပ်သီးစစ်ခေါင်းဆောင်က ရူ့မြင်သည့် သခင်နှင့်ကျွန်ဆက်ဆံရေးသည် စစ်ဘုရင်စနစ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်
ကြာသပတေးနေ့၊ 22 အောက်တိုဘာလ 2009 သျှမ်းသံတော်ဆင့်

စစ်အုပ်ချုပ်ရေးစနစ် သက်ဆိုးရှည်လျှက်ရှိသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားလူမျိုးစုများ ၏ အခွင့်အရေးများသည် ယနေ့အထိ မျက်ကွယ်ပြုခံနေရဆဲဖြစ်ကြောင်း အတိုက်အခံနိုင်ငံရေး ခေါင်းဆောင် များကမကြာ ခဏထုတ်ဖေါ်ပြောဆိုလေ့ရှိသည်။

အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံးက ပြည်သူလူထု၏ ရပိုင်ခွင့်မှန်သမျှအား နှောက်ယှက်ဖျက်ဆီးပစ်သကဲ့သို့ ရှိနေသည့် အတွက်လည်း အခွင့်အရေးမှန်သမျှသည် ချိုးဖေါက်ခံရရုံမကပဲ ဆိတ်သုန်းလျှက်ပင် ရှိနေသည်။

ထိုအခြေအနေသည် အုပ်ချုပ်သူများနှင့် အုပ်ချုပ်ခံတိုင်းရင်းသားပြည်သူများအကြား သခင်နှင့် ကျွန်ဆက်ဆံ ရေး ကိုဖြစ်ပေါ်စေသည့် အကြောင်းတရားတစ်ခုသာ မဟုတ်တော့ပဲ နောက်ထပ်အကျိုးဆက်များလည်း မြောက်မြားစွာ ပေါ်ထွန်းခဲ့သည်။

သည်အထဲတွင် အဆိုးဆုံးကတော့ အချုပ်အခြာအာဏာနှင့် လွပ်လပ်ရေးဆိုသည်မှာလည်း လက်တစ်ဆုပ်စာ အုပ်စိုးသူများနှင့်သာ သက်ဆိုင်သည့် သီးသန့်အရာတစ်ခုကဲ့သို့ ဖြစ်နေလေသည်။

မြန်မာထိပ်သီးစစ်ခေါင်းဆောင်ကြီးဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွေက စစ်အာဏာရှင်စနစ်တစ်ခုလုံးကို ပုံဖျက် ဖုံးကွယ်ကာ ပြည်သူများအပေါ်ကောင်းမွန်သောဆက်ဆံရေးထားရှိရန် လမ်းညွန်ထားရှိသည်။

ယခုလ (၃) ရက်နေ့က ကျရောက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့(၄၅)နှစ်မြောက် အခမ်းအနားတွင် မြန်မာပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးက ဗိုလ်ချုပ်မှူးကြီး သန်းရွေ၏ ရဲတပ်ဖွဲ့အတွက် ကွက်ကြား လမ်းညွန်ချက်ကို ထုတ် ဖေါ် ပြောကြားခဲ့ရာ ၎င်းတို့ပိုင် သတင်းစာတွင် ဖေါ်ပြခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ လမ်းညွန်ချက်မှာ ယခုလိုပါရှိသည် “ဗိုလ်ချုပ်မှူးကြီးသန်းရွေက ၁၉၉၅ခုနှစ် ပထမ (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရဲတပ်ဖွဲ့သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုတာဝန်ယူ ရမည့် အတွက် ထိုတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန် နိုင်ငံနှင့် တိုင်းသူပြည်သားများ သည်လွပ်လပ် သည့်နိုင်ငံ လွပ်လပ်သည့်ပြည်သူတွေဖြစ်၍ လွပ်လပ်သည့် နိုင်ငံသားအပေါ် တရားဥပဒေနှင့်အညီစောက်ရှောက် ထိန်းသိမ်းရာ၌ လွပ်လပ်သည့်လူမျိုးကို ဆက်ဆံသည့်အသွင်ဖြင့်ဆက်ဆံရန် သခင်နှင့်ကျွန် သဖွယ် မဆက်ဆံကြရန် ” လမ်းညွန်မှာကြားထားကြောင်း ပြောကြားသွားသည်။

မြန်မာပြည်သည် ၁၉၄၈ ဇန်န၀ါရီလ (၄) ရက်နေ့၌ ဗြိတိသျှကိုလိုနီလက်အောက်မှ လွပ်လပ်ရေး ရရှိခဲ့သည်။

ထိုအချိန်မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ ကမ္ဘာပေါ်တွင် အချုပ်အခြာ အာဏာပိုင်စိုးသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် မားမားမတ်မတ် ရပ်တည်ပေါ်ထွန်းလာခဲ့သည်။

သို့သော်လည်း အဆိုပါ လွပ်လပ်ရေးသည် နိုင်ငံနှင့်နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများ အတွက် အတုအယောင်မျှသာဖြစ်ကြောင်း အများကယူဆကြသည်။

ယနေ့အချိန်အထိ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများမှာလွပ်လပ်သော လူမျိုးတစ်မျိုး ၏ ဂုဏ်ဒြပ်နှင့်လျှော်ညီစွာ ရပ်တည်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း လက်ရှိ အခြေအနေက သက်သေပြနေ သည့်ကြားထဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း သခင်နှင့်ကျွန်ဆက်ဆံရေးရှိနေကြောင်း ထပ်မံ အတည်ပြုပေး သလို ဖြစ်နေသည ။

ထိုအရာသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရူ့မြင်သကဲ့သို့ ရဲတပ်ဖွဲ့နှင့်ပြည်သူကြား ဖြစ်ပေါ်နေသည့် ဆက်ဆံရေး ပုံရိပ် တစ်ခုမျှသာ မဟုတ်ပဲ စစ်ဘုရင်စနစ်ကိုတည်ဆောက်နေခြင်း၏ ရလဒ်ဖြစ်ကြောင်း အများက ထောက်ပြကြသည်။

၁၉၆၂ မှစတင်၍ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် အပေါင်းအပါများက ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်း၍ စစ်အာဏာသိမ်းခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အ မည်ခံကာ့ တိုင်းပြည်ကို (၂၆) နှစ်ကြာ လက်နက်ဖြင့် ဓါးမိုးအုပ်ချုပ်ခဲ့သည်။

အဆိုပါ (၂၆) နှစ်တာ မဆလအမည်ခံအုပ်ချုပ်ရေးအား ၁၉ဂဂခုနှစ် တိုင်းရင်းသားပြည်သူလူထုအုံကြွမှုကြီးဖြင့် နိဂုံးချုပ်စေခဲ့သည်။

ပထမမျိုးဆက် စစ်အာဏာသိမ်း ဗိုလ်ချုပ်နေ၀င်းက သူ့အပေါ် မြန်မာစစ်တပ်တစ်ခုလုံး မီးသေနေအောင် ပြုလုပ် ထားနိုင်ခဲ့သည်။

၁၉ဂဂ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ပထမခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်းကဲ့သို့ပင် စစ်တပ်တစ်ခုလုံး မီးသေလာအောင် ကြိုးပမ်းလာသည်သာမက စစ်ဘုရင်စနစ်ကိုပုံဖေါ်ကျင့်သုံးနေသူတစ်ဦး
ဖြစ်ကြောင်း နေပြည်တော်စစ်တပ်အရာရှိ အသိုင်းအ၀ိုင်းက ပြောဆိုခြင်းဖြစ်သည်။

စစ်ဘုရင်စနစ်ကို ပုံဖေါ်ကျင့်သုံးရာတွင် သူနှင့်ပုခုံးခြင်းယှဉ်လာနိုင်မည့် မျိုးဆက်များကိုဖယ်ရှားရှင်းလင်းခြင်းက အထင်ရှားဆုံး သာရက တစ်ခုဖြစ်ကြောင်း နေပြည်တော် စစ်အရာရှိတစ်ဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ စစ်ဘုရင်စနစ်ကို တည်ထောင်နေတာပဲဖြစ်တယ်ဗျ အသိသာဆုံးကတော့ အခုတပ်ထဲမှာ အသက် (၄၀) အရွယ် တပ်မှူးတွေဆိုရင် တပ်ထဲမှာမထားတော့ဘူး အကုန်လုံးကို အရပ်ဘက်ပို့ လိုက်တာတွေလုပ်တယ် တပ်ရင်းမှူးဆိုရင် ဒုဗိုလ်မှူးကြီးက အသက်(၃၅)နဲ့ (၃၇ )နှစ် ဒီကြားထဲမှာပဲရှိတယ် စစ်တပ်က ညစ်ပတ်တယ် အခုဆိုရင် အရာရှိတွေကိုယ်တိုင်က စစ်တပ်ကိုမယုံကြည်ဘူးလေ သူ့ကိုကိုယ်မယုံ ကိုယ့်ကိုသူမယုံ ဒီလိုပုံစံမျိုးနဲ့ စခန်းသွားနေတာ အများမိုးခါးရေသောက်လို့ကိုယ်ကမသောက်ရင်လည်း ကိုယ့် အခွင့် အရေးဆုံးရူံးသွားမယ် ” လို့နေပြည်တော်မှ စစ်အရာရှိ က ပြောသည်။

“တကယ်တန်းက သန်းရွှေခေါင်းတစ်လုံးထဲနဲ့စခန်းသွားနေတာဖြစ်တယ် ဘယ်သူမှမလှန်ရဲသေးဘူး တစ်ဆိုတစ် ပဲ နှစ်ကူးလို့မရဘူး မောင်အေးလည်းဘာမှမတတ်နိုင်ဘူးဗျ အဲလိုအခြေအနေရှိတယ် သူက (သန်းရွှေ) သူ့သမီး တွေ မြေးတွေဆိုရင် သမီးတော်တို့မြေးတော်တို့ခေါ်ရတယ် ” လို့ သူက ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မျိုးဆက်များကို ဖြတ်တောက်ဖယ်ရှားခြင်းသာမက သမိုင်းကြောင်း ဖျောက်ဖျက်ခြင်း ကိုပါ လုပ်ဆောင်လျှက်ရှိသည်ဟု အများစုက သိနားလည်ထားကြသည်။

ဒီအထဲတွင် လွပ်လပ်ရေးကြိုးပမ်းသူများ၏ သမိုင်းကြောင်းကိုဖျောက်ဖျက်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ သူမ၏ဖခင်ဖြစ်သူ လွပ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၏ သမိုင်းကြောင်းကို ဖျောက်ဖျက်ထားခြင်းက အထင်ရှားဆုံးဖြစ်သည်။

အသစ်တည်ဆောက်ထားသည့် နေပြည်တော်မြို့တော်သစ်တွင် ပဒေသရာဇ်စစ်ဘုရင်များ၏ ရုပ်ထုများကိုစိုက်ထူ ကိုးကွယ်နေခြင်းက ဗိုလ်ချုပ်မှူးကြီး၏ စိတ်ထားကို ပေါ်လွင် ထင်ဟတ်စေကြောင်း ပြည်ပရောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။

“ကျနော်တို့ကြားတာကတော့ နေပြည်တော်မှာအနော်ရထာတို့ ဘုရင့်နောင်တို့ အလောင်းဘုရားတို့ ကြေးရုပ် ကြီး(၃)ရုပ်ရှိတယ် နောက်ဆို ရုပ်ထု (၄) ခု တည်ထားမယ်လို့ကြားတယ် ပထမနိုင်ငံ ဒုတိယနိုင်ငံ တတိယနိုင်ငံတည်ထောင်ခဲ့ တယ်ပေါ့ နောက်စတုထ္တနိုင်ငံတော်ကို တည်ထောင်သူအဖြစ် သူ့ရဲ့(သန်းရွှေ) ရုပ်ထုကိုပါ တည် မယ် လို့ သိရတယ် ဗိုလ်နေ၀င်းနဲ့ နိုင်းရင်တော့ သူ့ရဲ့နည်းတွေက ပိုဆန်းသစ်လာတယ်လို့ထင်တယ် ” လို့ သူက ပြောသည်။

တိုင်းရင်းသားပြည်သူများနှင့် အတိုက်အခံနိုင်ငံရေးအုပ်စုများကတော့ စစ်ဗိုလ်တမတ်သားပါဝင်မည့် (၂၀၀၈)ခုနှစ် က အတင်းအဓမ္မ အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ယုံကြည်ထောက်ခံမှုမရှိသည်မှာ တကယ့် လက်တွေ့ပြဿနာဖြစ်နေလေသည် ။

(၂၀၀၈) ဖွဲ့စည်းပုံ ဥပဒေသည် စစ်ဘုရင်စနစ်ကို အသက်သွင်းမည့် အဓိကကျသော အရာတစ်ခုဖြစ်ပေသည် ။

မြန်မာပြည်သူများ လျှောက်လှမ်းလိုသည့် ဒီမိုကရေစီလမ်းနှင့်တော့ ပြဒါးတလမ်း သံတလမ်း ဖြစ်နေသည်ကတော့ အမှန်ပင်ဖြစ်တော့သည်။

http://www.mongloi.org/burmese/

ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်နှင့် အာဏာလွှဲပြောင်းရေး



Monday, 19 October 2009 18:41 ထက်အောင်
ဆယ်စုနှစ် နှစ်ခုကြာ အုပ်စိုးပြီးနောက် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပပြီး အရပ်သားအစိုးရ ပြန်လည် အသက်သွင်းသည့် နည်းဖြင့် ၎င်းတို့၏အာဏာ ဆက်လက် တည်မြဲရေးအတွက် လုပ်ဆောင်လျက်ရှိသည်။

စာဖတ်သူများသို့

၂၀၁၀ ပြည့်နှစ်တွင် စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ၁၅ ခုမြောက် ရွေးကောက်ပွဲ ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး နှစ် ၂၀ ကြာမှ ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်သည်။မြန်မာ့သမိုင်းတွင် ရွေးကောက်ပွဲ အများစုမှာ ဗြိတိသျှအစိုးရနှင့် စစ်အစိုးရများ လက်ထက်တွင် ပေါ်ပေါက်ခဲ့သည်။ နောက်ဆုံး ပြုလုပ်ခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံ၏ မဲပေးပိုင်ခွင့် ရှိသော လူဦးရေ သန်း ၂၀ တွင် ၁၅ သန်းက မဲပေးခဲ့သည်။ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရသော်လည်း စစ်အစိုးရက အာဏာလွှဲပေးခြင်း မပြုခဲ့ပေ။
အနှစ် ၂၀ ကြာပြီးသော အခါတွင် စစ်အစိုးရက ရွေးကောက်ပွဲတခု ထပ်မံ ပြုလုပ်ပြီး တရားဝင် အာဏာရယူရန် စီစဉ်နေပြီဖြစ်သည်။ “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး” ဟူသည့် ဗိုလ်ချုပ်ကြီးများ တရားဝင် ကြေညာထားသည့် ဆောင်ပုဒ် အတိုင်း ဖြစ်မြောက်လာ စေရန် ၂၀၁၀ ရွေးကောက်ပွဲကို စီစဉ်နေခြင်း ဖြစ်သည်ဟု လေ့လာသူ အများစုက ဆိုသည်။
လေ့လာသူများ၊ နိုင်ငံရေး သမားများက ဤရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည် မဟုတ်ဟု ယူဆထား သော်လည်း တချို့ကမူ စစ်အစိုးရက မည်သည့် ဖိအား၊ မည်သည့် ကမ်းလှမ်း ချက်ကိုမျှ ဂရုမစိုက်သည့် အတွက် ဤရွေးကောက်ပွဲ သည်သာ တခုတည်းသော နိုင်ငံရေး ထွက်ပေါက် ဖြစ်နေသည်ဟု သုံးသပ်ကြသည်။
ထို့ကြောင့် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ယခု ရွေးကောက်ပွဲသည် နိုင်ငံရေး ပြောင်းလဲ ဖြစ်ထွန်းမှုတခုဟု ဧရာဝတီက ယူဆသည်။
ထို့ကြောင့် ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးရာများကို အပတ်စဉ် အသေးစိတ် သုံးသပ် တင်ပြသွားရန် ဧရာဝတီက ဤအထူးကဏ္ဍကို ဖွင့်လှစ်လိုက်သည်။
ဧရာဝတီ

မြန်မာနိုင်ငံတွင် နှစ်ရှည်လများ ဖြစ်ပွားလျက်ရှိသော နိုင်ငံရေး အကျပ်အတည်းသည် ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲ၏ ရလဒ်ကို နအဖစစ်အစိုးရက အသိအမှတ် မပြုခဲ့ခြင်းမှ စတင်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အများစုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို မဲပေး ရွေးချယ်ခဲ့ကြသည်။

စစ်အစိုးရက ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲကို လွတ်လပ်၊ တရားမျှတစွာ ကျင်းပပေးပြီး မဲဆန္ဒရှင်တို့၏ ဆန္ဒကို လေးစား လိုက်နာမည်လား ဆိုသည်ကို မြန်မာပြည်သူများက သံသယ ရှိနေကြသည်။

စစ်အစိုးရ လက်သင့်ရာ ရွေးချယ်ထားသော ကိုယ်စားလှယ်များက ရေးဆွဲခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် “အသွင်ကူးပြောင်းရေး ကာလ ပြဌာန်းချက်များ” ဆိုသည့် အရေးကြီးသော အခန်းတခု ပါရှိသည်။ ရွေးကောက်ပွဲပြီးနောက် အာဏာ လွှဲပြောင်းရေးလမ်းညွှန်အဖြစ် ရည်ရွယ်ထားသည့် အခန်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ၁၄ နှစ်ကြာသည့် အမျိုးသား ညီလာခံကြီးက ရေးဆွဲခဲ့သော်လည်း “အသွင် ကူးပြောင်းရေးကာလ ပြဌာန်းချက်များ” ဟူသည့် အခန်း တခုလုံး နီးပါးသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမှ “အထွေထွေပြဌာန်းချက်များ” အခန်းရှိ ဥပဒေ ပုဒ်မ ၁၉၅၊ ၁၉၆၊ ၁၉၉ နှင့် ၂၀၂ တို့ကို ကူးယူထားခြင်းသာ ဖြစ်သည်။ ၎င်းအပြင် ထိုအခန်းတွင် အသစ်ပေါ်ပေါက်လာမည့် အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းရေးနှင့် စပ်လျဉ်းပြီး အရေးကြီးသော အသေးစိတ် အစီအစဉ်များ ပါဝင်ခြင်း မရှိပါ။

သို့ရာတွင် စစ်အစိုးရက မေ့လျော့ခြင်း မရှိသည့် ပြဌာန်းချက် တခုရှိသည်။ ၎င်းတို့အုပ်ချုပ်စဉ် ကာလအတွင်း ဖြစ်ပွားခဲ့သော ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခံရသူတချို့ ပျောက်ဆုံးသွားခြင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၄ ကြိမ်မြောက် ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းထားခြင်း ကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် စစ်အစိုးရကို တရားစွဲမှု မပြုနိုင်စေရန် ပြဌာန်းထားခြင်း ဖြစ်သည်။

“ယင်းအဖွဲ့ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၊ ယခင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ” ဟု အခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင် ဖော်ပြထားသည်။

မရေရာသော ရွေးကောက်ပွဲအလွန် အသွင်ကူးပြောင်းရေး

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီး နောက်ပိုင်း အခြေခံ ဥပဒေသစ်သည် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် နှစ်ရပ် ပေါင်းထားသည့် ပထမဦးဆုံး ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ဥပဒေအဖြစ် စတင် အသက်ဝင်ပါလိမ့်မည်။ သို့ရာတွင် အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များ အခန်း၏ ဥပဒေပုဒ်မ ၄၄၂ အရ စစ်အစိုးရသည် ထိုကဲ့သို့ အသက်ဝင်သည့်အချိန်အထိ အာဏာကို ဆက်လက် ချုပ်ကိုင်ထားပေလိမ့်မည်။

စစ်အစိုးရကို ထောက်ခံသူအဖြစ် လူသိများသော အနောက်တိုင်းမှ ပညာရှင် ပါမောက္ခ ရောဘတ်တေလာ၏ မကြာခင်က ထွက်ရှိလာသော “The State in Myanmar” စာအုပ်တွင် အခြေခံဥပဒေကို လေ့လာ ဆန်းစစ်ထားရာ “အခြေခံဥပဒေအသစ်သည် ပထမဦးဆုံး ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဥပဒေအဖြစ် စတင် သက်ဝင်မည် ဖြစ်ပြီး ထိုအတောအတွင်း စစ်အစိုးရက အာဏာကို ဆက်လက် ချုပ်ကိုင်ထားပါလိမ့်မည်” ဟု သုံးသပ်ထားပါသည်။

ထို့ကြောင့် ဥပဒေ ပုဒ်မ ၄၄၂ အရ စစ်အစိုးရသည် ရွေးကောက်ပွဲအပြီး လအနည်းငယ်အတွင်း အာဏာကို စွန့်လွှတ်လိမ့်မည်ဟု အခြေခံဥပဒေကိုလေ့လာနေသူတချို့က သုံးသပ်ထင်မြင်ကြပေမည်။ အကြောင်းမှာ ဥပဒေ ပုဒ်မ ၇၈ နှင့် ၁၂၃ အရ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော် ခေါ်ယူပြီး ၁၅ ရက်အတွင်း ကျင်းပရန်၊ ပြည်သူ့ လွှတ်တော်ကို အထွေထွေ ရွေးကောက်ပွဲ စတင်သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရန် ပြဌာန်းထားခြင်းကြောင့် ဖြစ်သည်။

သို့ရာတွင် ရောဘတ်တေလာသည် အခြေခံ ဥပဒေကို စစ်အစိုးရ၏ လမ်းပြမြေပုံ အဆင့် ၇ ဆင့် နှင့် နှိုင်းယှဉ်လေ့လာပြီး အာဏာလွှဲပြောင်းရေးကိစ္စကို ထပ်မံလေ့လာဆန်းစစ်မှုများ မပြုလုပ်ခဲ့ပါ။ ထိုလမ်းပြမြေပုံသည် အာဏာလွှဲပြောင်းရေးဆိုင်ရာ သဲလွန်စတချို့ကို မီးမောင်းထိုးပြထားသည်။

ရွေးကောက်ပွဲကျင်းပခြင်းနှင့် လွှတ်တော်အစည်းအဝေးများ ကျင်းပခြင်းသည် လမ်းပြမြေပုံ၏ အဆင့် ၅ နှင့် ၆ တို့ ဖြစ်သည်။ လမ်းပြမြေပုံအဆင့် ၇ မှာ “လွှတ်တော်မှ ရွေးချယ် တင်မြှောက်ထားသော နိုင်ငံ ခေါင်းဆောင်များဖြင့် အစိုးရတရပ်နှင့် ၎င်း၏ အင်္ဂါရပ်များကို ဖွဲ့စည်းပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရန်” ဟူ၍ ဖြစ်သည်။

ထို့အပြင် သတိမပြုမိကြသော အရေးကြီးသည့် အချက်တခုမှာ ဥပဒေပုဒ်မ ၄၄၇ တွင် ဖော်ပြထားသည့်အတိုင်း ဥပဒေ အမိန့် တရပ်ရပ်သည် အခြေခံဥပဒေနှင့် မဆန့်ကျင်လျှင် သို့မဟုတ် ပြည်ထောင်စုအစိုးရက ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုလျှင် ဆက်လက် အတည်ဖြစ်သည့် အတွက် ၁၉၉၀ ပြည့်နှစ်က ၎င်းတို့ ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၁/၉၀ သည် ဆက်လက် အာဏာသက်ရောက်လျက် ရှိပါသေးသည်။

၁/၉၀ တွင် “နိုင်ငံရေးအဖွဲ့အစည်းတရပ်သည် ပြည်သူ့လွှတ်တော်တရပ် ပေါ်ပေါက်လာရုံဖြင့် ဥပဒေပြုမှု အာဏာ၊ စီမံခန့်ခွဲမှု အာဏာနှင့် တရားစီရင်မှု အာဏာ ဟူသော အချုပ်အခြာအာဏာ (၃) ရပ်ကို အလိုအလျောက် မရရှိဘဲ အခြေခံဥပဒေတရပ် အပေါ် အခြေပြု၍သာ ရယူနိုင်ကြောင်း အထူးရှင်းလင်းရန် လိုမည်မဟုတ်ပါ” ဟု ဖော်ပြထားသည်။

ထို့ကြောင့် သမ္မတရွေးကောက်ပွဲ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာ ဖွဲ့စည်းမှု အဆင့်ဆင့်တို့ ပြီးစီးသည် အထိ စစ်အစိုးရက အာဏာကို ဆက်လက် ထိန်းချုပ်ထားမည့်ဟန် ပေါ်နေသည်။

အခြေခံဥပဒေပုဒ်မ ၆၀/စ တွင် သမ္မတ ရွေးကောက်ပွဲ အတွက် လိုအပ်သည့် ဥပဒေများကို ပြဌာန်းမည်ဟု ပြောဆိုထားသည်။ သို့သော်လည်း သမ္မတ ရွေးကောက်ပွဲ ဥပဒေ ရေးဆွဲရန် နှင့် ရွေးကောက်ပွဲ ကျင်းပရန် ပုဒ်မ ၃၉၉ ရှိ ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်း တာဝန်များတွင် ဖော်ပြထားခြင်း မရှိပါ။

ထို့ကြောင့် ပေါ်ထွက်လာမည့် ပြည်သူ့လွှတ်တော်အသစ်၏ ပထမဆုံး လုပ်ငန်းသည် လမ်းပြမြေပုံ၏ အဆင့် ၇ တွင်ဖော်ပြထားသည့်အတိုင်း သမ္မတရွေးကောက်ပွဲဥပဒေကို ရေးဆွဲသည့် လုပ်ငန်း ဖြစ်ရပေမည်။ သို့ရာတွင် ထိုလုပ်ငန်းစဉ်များကို မည်သည့် အချိန်ကာလအတွင်း အကောင်အထည် ဖော်ရမည် ဆိုသည့် အချက်ကို အခြေခံဥပဒေတွင် မတွေ့ရပါ။

“နိုင်ငံတော်အကြီးအကဲ” နှင့် “အုပ်ချုပ်ရေး” အခန်းများတွင် သမ္မတ၏ တာဝန်များကို အသေးစိတ် ဖော်ပြထားသည်။ သို့သော်လည်း အစိုးရသစ် ဖွဲ့စည်းခြင်း၊ တိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ၅ ခု တို့တွင် အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့် အပြီးသတ် ဖွဲ့စည်းရမည့် အချိန်ကာလကိုလည်း အခြေခံဥပဒေတွင် ဖော်ပြထားခြင်း မရှိပါ။

သမ္မတရွေးကောက်ပွဲဥပဒေရေးဆွဲခြင်း၊ သမ္မတကို ရွေးကောက် တင်မြှောက်ခြင်းနှင့် အစိုးရ တရပ် ဖွဲ့စည်းခြင်းအတွက် အချိန်ကာလ သတ်မှတ်ချက်များ ထည့်သွင်းထားမှု မရှိခြင်းမှာ အခြေခံဥပဒေဆိုင်ရာ အားနည်းချက်များ ဖြစ်သည်။ လမ်းပြမြေပုံ အဆင့် ၇ အရ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်နေပါသည် ဆိုပြီး စစ်အစိုးရက အာဏာကို ကာလ ကြာရှည်စွာ ဆက်လက် ဆုပ်ကိုင်ထားနိုင်ပါသေးသည်။

သမိုင်းကိုပြန်ပြောင်းလေ့လာခြင်း

မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲခြင်း၊ ရွေးကောက်ပွဲတရပ် ကျင်းပခြင်းနှင့် အစိုးရသစ်တရပ်ထံ အာဏာလွှဲပြောင်းခြင်း ဟူသည့် ဖြစ်စဉ်ကို သမိုင်းတွင် နှစ်ကြိမ် ကြုံခဲ့ဖူးပါသည်။ ပထမတကြိမ်တွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဗြိတိသျှနယ်ချဲ့ အစိုးရက လွတ်လပ်သော မြန်မာနိုင်ငံကို အာဏာလွှဲပြောင်းခြင်းနှင့် ဒုတိယ တကြိမ်တွင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တော်လှန်ရေးကောင်စီက ဆိုရှယ်လစ်အစိုးရကို အာဏာလွှဲပြောင်းခြင်းတို့ ဖြစ်ပါသည်။

လွတ်လပ်သောမြန်မာနိုင်ငံကို အာဏာလွှဲပြောင်းရန် ဗြိတိသျှအစိုးရသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် သဘောတူ ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ တနှစ်အလိုကတည်းက အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ် အဆင့်များကို ရေးဆွဲခဲ့သည်။ အောင်ဆန်း-အက်တလီစာချုပ်တွင် ပင်လုံညီလာခံ ကျင်းပခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရန် ညီလာခံတရပ် ကျင်းပခြင်း၊ အခြေခံဥပဒေသစ်နှင့်အညီ ရွေးကောက်ပွဲတရပ် ကျင်းပခြင်းနှင့် မြန်မာပြည် လွတ်လပ်ရေးမရမီ တနှစ်အတွင်း အစိုးရသစ်ထံ အာဏာလွှဲပြောင်းခြင်းတို့ ပါဝင်သည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အမျိုးသားခေါင်းဆောင်များနှင့် ဗြိတိသျှအစိုးရအကြား သမိုင်းဝင် စေ့စပ် ဆွေးနွေးမှုပင် ဖြစ်သည်။ စာချုပ်ပါ အချက်များကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး တနှစ်အတွင်း လွတ်လပ်ရေး ရခဲ့သည်။ ဗြိတိသျှအစိုးရသည် ၎င်းတို့ ပေးခဲ့သောကတိကို တည်ခဲ့ပြီး မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကို ပြည်သူများလက်သို့ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း လွှဲပြောင်းခဲ့သည်။

သို့ရာတွင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အာဏာလွှဲပြောင်းခြင်းမှာမူ စစ်အစိုးရတရပ် အဖြစ်မှ အရပ်သား အစိုးရတရပ်အဖြစ်သို့ အသွင်ပြောင်းခဲ့သော လုပ်ဆောင်မှုသာ ဖြစ်သည်။

ထိုအချိန်က တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သော ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၁၉၆၂ ခုနှစ်တွင် ပါလီမန် ဒီမိုကရေစီစနစ်ကို အဆုံးသတ်စေသည့် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည်။ ထို့နောက် တော်လှန်ရေး ကောင်စီ ဖွဲ့စည်းပြီး တိုင်းပြည်ကို ၁၉၇၄ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။

ပါတီစုံ နိုင်ငံရေးစနစ်ကို ဖျက်သိမ်းခဲ့သော ဗိုလ်ချုပ်နေ၀င်းသည် တပါတီစနစ်ကို ကျင့်သုံးပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ထူထောင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဆိုရှယ်လစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ကို ရေးဆွဲခဲ့ပြီး ၎င်း သမ္မတအဖြစ် ဆောင်ရွက်သော ဆိုရှယ်လစ်အစိုးရသစ်ထံ အာဏာလွဲအပ်ခဲ့သည်။

စစ်အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်နေ၀င်းတွင် ရိုးသားသည့် အချက်တခုတော့ ရှိခဲ့ပါသည်။ သူသည် ဆိုရှယ်လစ် စနစ်ကို ယုံကြည်ကြောင်း ကြေညာခဲ့ပြီး တပါတီစနစ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ သို့သော် လက်ရှိစစ်အစိုးရ ဗိုလ်ချုပ်များသည် နိုင်ငံရေး အယူအဆတခုခုကို ဆုပ်ကိုင်ထားကြသူများ မဟုတ်ကြပါ။ ထို့အပြင် သူတို့တွင် မရိုးသားသော သမိုင်းမှတ်တမ်းများ ရှိကြပြီး ဒီမိုကရေစီ၏ အခြေခံမူများဖြစ်သည့် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာကြသူများလည်း မဟုတ်ကြပါ။

စစ်တပ်ကကြီးစိုးနိုင်ရေးအတွက် စစ်အစိုးရ ရေးဆွဲ၊ အတည်ပြုထားသော အခြေခံ ဥပဒေအရ ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်း ဖြစ်ပေါ်လာသော ပြည်သူ့လွှတ်တော်နှင့် အစိုးရက တိုင်းပြည်၏ အနာဂတ်ကို ဖန်တီးပါလိမ့်မည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်နှင့် အာဏာလွှဲပြောင်းရေးဖြစ်စဉ်တွင် အားနည်း ချို့ယွင်းချက်များနှင့် ပြည့်နှက်နေပြီး လေ့လာစောင့်ကြည့်သူများ ဂရုတစိုက် အကဲခတ် စောင့်ကြည့်ရမည့် ဖြစ်စဉ်လည်း ဖြစ်ပါသည်။ ။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2000:2009-10-19-11-45-14&catid=21:2009-10-08-04-58-47&Itemid=253

အဖြေမရှိသေးတဲ့ မေးခွန်းတပုဒ်




ဒီမိုကရေစီ လိုလားသော မြန်မာ့တပ်မတော် အရာရှိစစ်သည်များ
ကြာသပတေးနေ့၊ အောက်တိုဘာလ 22 ရက် 2009 ခုနှစ် 11 နာရီ 40 မိနစ်


သို့ …
လေးစားအပ်တဲ့ အမေရိကန် သမ္မတကြီး၊ ပြင်သစ် သမ္မတကြီး၊ ဗြိတိန် ဝန်ကြီးချုပ်နဲ့ ဂျပန် ဝန်ကြီးချုပ်တို့ ခင်ဗျား။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အနုမြူလက်နက်ကို အဓိက ဘာကြောင့် ပိုင်ဆိုင်ချင်သလဲဆိုတော့ အီရတ်နိုင်ငံကို အမေရိကန်က တိုက်ခိုက်ခဲ့လို့ပဲ ဖြစ်ပါတယ်။ တကယ်လို့သာ အီရတ်မှာ အမှန်တကယ် ဓာတုလက်နက်တွေအပြင် အနုမြူလက်နက် ပိုင်ဆိုင်ခဲ့ရင် တိုက်ရဲမှာ မဟုတ်ဘဲ အမေရိကန်က အီရန်နဲ့ မြောက်ကိုရီးယား နိုင်ငံမျိုးတွေကျတော့ အနုမြူ ပိုင်ဆိုင်နေလို့ သတိထား ကိုင်တွယ်နေတာကို စစ်အာဏာရှင်တွေက သိရှိ “အားကျ” လို့ပဲ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တောင်တန်းတွေ ထူထပ်ပြီး တာလီဘန်တွေ ပုန်းအောင်းနေလို့ အမေရိကန်က မောင်းသူမဲ့ လေယာဉ်တွေနဲ့ စမတ်ဗုံးတွေ (ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်နိုင်သော ဗုံးပဒေသာ) သုံးစွဲကြောင်း သိလာရာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆင်ကြံ ကြံပါတော့တယ်။

၂ဝဝ၆ ခုနှစ် နောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရွှေဂက်စ်တွေနဲ့ ယူရေနီယမ်တွေ ထပ်မံ ထွက်ရှိလာရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အနုမြူအိပ်မက်ဟာလည်း ပိုမိုရူးသွပ်လာပြီး သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ထုတ်လုပ်ရေး အရာရှိချုပ်ရုံး (ကကထုတ်) တို့ကို ပူးပေါင်းခိုင်းကာ အရှိန်အဟုန်မြှင့်ဖို့ တွန်းအားပေးပါတော့တယ်။ ကပစ (၂၀) ကို တာဝန်ပေးကာ အနုမြူစမ်းသပ်ဖို့ မြေနေရာတွေအဖြစ် မကွေးတိုင်း စေတုတ္ထရာဒေသ၊ ပွင့်ဖြူမြို့နယ်၊ နတ်မောက်မြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ သပိတ်ကျင်းမြို့နယ် ကျောက်ပုထိုး ဒေသတွေကို ရွေးချယ်ခဲ့ပါတယ်။ ရုရှားနဲ့ အနုမြူဓာတ်ပေါင်းဖို ရောင်းချပေးဖို့နဲ့ တည်ဆောက်ပေးဖို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ပညာတော်သင်တွေအဖြစ် တပ်မတော်အရာရှိ ၅၀၀၀ ခန့်ကို ရုရှားကို အဆက်မပြတ် စေလွှတ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ရုရှားနဲ့ ဆက်ဆံရေးမှာ အဓိကလူအဖြစ် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုလည်းကောင်း၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးမှာ အဓိကလူအဖြစ် ကကထုတ်နဲ့ ဦးပိုင်ကုမ္ပဏီ အကြီးအကဲ ဗိုလ်ချုပ်တင်အေးကိုလည်းကောင်း၊ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ အဓိကလူအဖြစ် ဗိုလ်ချုပ်ကြီးရွှေမန်းကိုလည်းကောင်း တာဝန်ပေး လှုပ်ရှားခိုင်းပါတယ်။

နောက်ပိုင်း မေမြို့မှာ ဖွင့်လှစ်ထားတဲ့ နျူကလီးယား သုတေသနတပ်ရင်းမှာ တာဝန်ပေးထားတဲ့ အထက်ပါ ရုရှားကျောင်းဆင်း အရာရှိတွေရဲ့ အနုမြူစွမ်းအင် ဘာသာရပ်ဆိုင်ရာ ပညာသင်ယူခဲ့မှု အားနည်းချက်ကြောင့် လက်တွေ့ နယ်ပယ်မှာ သူတို့ကို အသုံးချဖို့ အခက်အခဲတွေ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် နျူကလီးယားကိစ္စကို မြောက်ကိုရီးယားနဲ့ ဆက်လက်ဆွေးနွေးနိုင်ဖို့ လိုအပ်လာတာမို့၊ ပါဝါရှိစေဖို့ ဗိုလ်ချုပ်ကြီးရွှေမန်းကို တရုတ်နိုင်ငံကို အလည်အပတ်ပြရင်း မြောက်ကိုရီးယားနိုင်ငံကို တရုတ်နိုင်ငံကတဆင့် အကာအကွယ်ပြုပြီး၊ လျှို့ဝှက် စေလွှတ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ National Defense Strategy ချမှတ်ပြီး ပြည်သူကို ပြည်သူနဲ့ ထိန်းကွပ်တဲ့ မဟာဗျူဟာကို ၁၉၉၆ ခုနှစ်ကတည်းက မီးသတ်၊ ကြက်ခြေနီတို့နဲ့ စတင် အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ကို တိုးချဲ့ဖွဲ့စည်းပြီး သံဃာတော်တွေကိုတောင် အချင်းချင်း သွေးခွဲလို့ သံဃာစွမ်းအားရှင်ဆိုပြီး ဖွဲ့စည်းခိုင်းထားပါတယ်။ လူထုအုံကြွမှုကို လူထုက လက်မခံတဲ့အသွင် နိုင်ငံတကာ မျက်စိလည်သွားအောင် ဖန်တီးနေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူကို ပြည်သူနဲ့ထိန်းတဲ့ မဟာဗျူဟာကို ချမှတ်ထားတဲ့ စစ်အာဏာရှင်တွေကို တပ်ကို တပ်နဲ့ ထိန်းတဲ့ တန်ပြန်မဟာဗျူဟာ ချမှတ်ပါမှ ဒီမိုကရေစီ လမ်းကြောင်းပေါ် အမြန်ရောက်မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ အခုလို သူ့လူကိုယ့်လူ ခွဲမရဖြစ်နေချိန်မှာ စစ်တပ်ပါမှသာ ဒီမိုကရေစီရမှာ ဖြစ်တယ်လို့ ပညာရှင်တွေနဲ့ ပြည်တွင်းက ပြောလာကြပြီ ဖြစ်ပါတယ်။

ပြည်တွင်းရှိ ပြည်သူ့ဘက် ရပ်တည်ချင်တဲ့ တပ်မတော်သားတွေက အဖြေမရှိသေးတဲ့ မေးခွန်း မေးလာပါတယ်။ အဲဒါကတော့ “တပ်မတော်သားတွေ ပြည်သူ့ဘက်ရပ်တည်ဖို့ ဘာတွေလုပ်ပေးနေလဲ”၊ “တပ်မတော်သားတွေ ပြည်သူ့ဘက် ရပ်တည်ခဲ့ရင် နိုင်ငံတကာက အသိအမှတ်ပြု ထောက်ခံ အားပေးမှာလား” ဆိုတာ ဖြစ်ပါတယ်။

ဆိုလိုတာက တကယ်လို့ တပ်မတော်သားတွေဟာ ပြည်သူ့ဘက် ကူးပြောင်းခဲ့ရင် သွေးထွက်သံယို တော်လှန်ရေး ဖြစ်လာနိုင်ပြီး စစ်အာဏာရှင်တွေက အကြမ်းဖက်လို့ မတရား စွပ်စွဲကာ အချိန်မဆိုင်းဘဲ အင်အားကုန် ဖိနှိပ်ချေမှုန်းလာမှာ ဖြစ်တာမို့ သမ္မတကြီးတို့အနေနဲ့ အခုကတည်းက ရပ်တည်ပြီး ထောက်ခံအားပေးသွားဖို့ အလားအလာရှိတဲ့ အဖြေ (ရှိ/မရှိ) သိချင်နေကြပါတယ်။

လက်နက်ကိုင် တော်လှန်ရေးဟာ အကြမ်းဖက် မဟုတ်သလို ဒီမိုကရေစီရရှိရေးနဲ့ ပြည်သူလူထု လွတ်မြောက်ရေးအတွက် တရားတဲ့ စစ်ကို ဆင်နွဲနေခြင်းသာ ဖြစ်ပါတယ်။ နိုင်ငံတကာက ထောက်ခံအားပေးမှု၊ အသိအမှတ်ပြုမှု မရှိဘဲနဲ့တော့ စစ်တပ်က အရာရှိတွေဟာ အသိဥာဏ်နဲ့ ရှေ့က ခါးသီးတဲ့ အတွေ့အကြုံတွေ မြင်တွေ့ခဲ့ပြီး ဖြစ်တာမို့ အလိုလို ကြွလာမှာတော့ မဟုတ်တာ သေချာလှပါတယ်။ နိုင်ငံတကာရဲ့ စံနှုန်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်၊ ကြားခံနယ်မြေ၊ လူထုနဲ့ ကိုယ်ပိုင်စစ်တပ်၊ လွှတ်တော်နဲ့ ဖက်ဒရယ် အခြေခံဥပဒေ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ အသံလွှင့်ရုံတို့ကို စစ်တပ်က ဖန်တီးပေးနိုင်တာမို့ စစ်တပ်နဲ့ ပြည်သူ ၂ဝ၁ဝ ခုနှစ် မတိုင်ခင် အမြန်ပေါင်းဖို့ လွန်စွာ အရေးကြီးလှပါတယ်။

သမ္မတကြီးတို့ ခံယူချက် လွဲမှားနေတာကို တင်ပြရရင် သမ္မတကြီးတို့ နိုင်ငံတွေရဲ့ ခေတ်မီ IT နည်းပညာ၊ ကိရိယာတန်ဆာပလာ၊ အသုံးအဆောင်ပစ္စည်းနဲ့ ဂြိုဟ်တုဆက်သွယ်ရေး၊ အင်တာနက် ကွန်ပြူတာ အဆင့်မြင့် ပညာတွေကို အားကိုးပြီး မြန်မာနိုင်ငံကို လျှော့တွက်ခဲ့ကြပါတယ်။

ရှေ့ပိုင်းမှာ တင်ပြခဲ့သလို တောင်နဲ့ မြောက်ကိုရီးယား ရန်သူ နှစ်နိုင်ငံကို ကစားသွားခဲ့ပုံတွေ၊ အနုမြူဗုံး ပိုင်ဆိုင်ဖို့ လက်သည်တရားခံ မပေါ်ရေးအတွက် ယူရေနီယံ တူးဖော်ပေးတဲ့ နိုင်ငံက တနိုင်ငံ၊ အနုမြူနည်းပညာ သင်ယူဖို့ သင်ပြပေးတဲ့ နိုင်ငံက တနိုင်ငံ၊ ဗုံးခွဲဖို့ အကူအညီတောင်းတဲ့ နိုင်ငံက တနိုင်ငံ စတဲ့ ၃ နိုင်ငံ လှည့်ကစားကာ စီစဉ်ထားပုံတွေ၊ နိုင်ငံတကာ မျက်စိလည်အောင် လျှပ်စစ်စွမ်းအင်ကဏ္ဍနဲ့ ချိတ်ဆက်ထားပုံ၊ ဗိုလ်သန်းရွှေရဲ့ အနီးကပ် ကျေးဇူးရှင် နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကိုတောင် ချမ်းသာမပေးဘဲ ၁၉၉၅-၁၉၉၆ ခုနှစ်က ထိုင်ဝမ် ထောက်လှမ်းရေးတွေကို မန္တလေးမှာ ဖမ်းဆီးရမိခဲ့စဉ်က နှစ်ထပ်ကွမ်း ထောက်လှမ်းရေး (Double Agents) လုပ်ခိုင်းခဲ့ပုံ၊ သက်ဆင်ရဲ့ ထိုင်းဂြိုဟ်တုကို ဌားရမ်းသုံးစွဲနေရာမှ အမေရိကန်ရဲ့ ထောက်လှမ်းမှုကို စိုးရိမ်တာကြောင့် အိန္ဒိယဂြိုဟ်တုကို ပြောင်းသုံးပြီး တရုတ်ဂြိုဟ်တု ရှိလျက်သားနဲ့ မသုံးဘဲ တရုတ်ကိုပါ တန်ပြန်လိုက်ပုံ၊ အစည်းအဝေးတိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရုတ်ကို ချစ်လို့ နမ်းနေတယ် မထင်နဲ့၊ ရုရှားနဲ့ အိန္ဒိယကို စည်းရုံးချဉ်းကပ်ကာ နိုင်ငံရေး ကစားရမယ်လို့ ပြောပြနေတာတွေကိုလည်း တင်ပြလိုက်ပါတယ်။

သမ္မတကြီးတို့အနေနဲ့ ဒီကနေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စိတ်ထဲမှာ ဘာရှိနေတယ်ဆိုတာကို အနီးကပ် လူတွေတောင် မသိရှိနိုင်သလို သူ့ရဲ့ လူယုံ ဦးတေဇကို လေယာဉ်ထိုးခိုင်းပြီး သူသွားချင်တဲ့ နေရာကို ရုတ်တရက် “ထ” သွားလို့၊ ခရီးဆုံးရောက်မှ ခရီးစဉ်ကို သိခွင့်ရတဲ့ လျှို့ဝှက်ဆန်တဲ့ အခြေအနေမျိုး ဖြစ်နေကြောင်း သိရှိစေလိုပါတယ်။

သမ္မတကြီးတို့ ဂြိုဟ်တု ဘယ်လောက်ပဲ ခေတ်မီနေပါစေ၊ ကောင်းကင်ကနေ ကြည့်နေအုံးတော့၊ လှိုဏ်ခေါင်းထဲ ဝင်နေပြီး ခြေရာဖျောက်နိုင်သလို အများက ကြပ်ပြေးကို ခံစစ်လို့ ထင်နေပေမယ့် တကယ်တမ်း မေမြို့ (ပြင်ဦးလွင်) ကို နောက်ဆုံး သူ့ရဲ့ခံစစ်အဖြစ် တည်ဆောက်ခဲ့တာကို ၂ဝဝ၆ ခုနှစ် အချိန်ကာလတုန်းကတော့ သမ္မတကြီးတို့ မသိသေးဖူးလို့ ထင်ပါတယ်။

ဒီနေရာမှာ အမေရိကန်အနေနဲ့ အကျိုးစီးပွား ယှဉ်တွဲလို့ဖြစ်စေ၊ လုံခြုံရေး ခြိမ်းခြောက်ခံရလို့ဖြစ်စေ စိတ်ပါဝင်စားစွာနဲ့ အလေးအနက်ထားတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ ပတ်သက်ပြီး အကျိုးစီးပွား မရှိသလို လုံခြုံရေး ခြိမ်းခြောက်ခံရမှု မရှိတဲ့အတွက် စိတ်ပါဝင်စားမှု သိပ်မရှိဘူး ဆိုတာကို ဝမ်းနည်းစွာ သိရပါတယ်။ မြန်မာနိုင်ငံဟာ အနုမြူကို ၂ဝ၁၅ ခုနှစ်မှာ ပိုင်ဆိုင်ခဲ့ဖို့ ရည်မှန်းထားရာ ပိုင်ဆိုင်ခဲ့ပြီဆိုပါက မြောက်ကိုရီးယားနိုင်ငံထက် ပိုဆိုးသွားမှာတော့ မလွဲဧကန် ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းဒဏ် ခံရတုန်းက ပြင်သစ် စစ်သင်္ဘောဟာ မြန်မာပြည်ထဲဝင်မယ် တကဲကဲ လုပ်နေပေမဲ့ တရုတ်ကို လန့်နေတဲ့ ချီတုံချတုံနဲ့ အမေရိကန်ကို လူထုက အားမလို အားမရ ဖြစ်ခဲ့ကြပါသေးတယ်။ အဲဒီတုန်းက စစ်တပ်က အောက်ခြေ တပ်မတော်သား အများစုဟာ အမေရိကန် ဝင်လာရင် သိပ်ကောင်းမှာပဲလို့ မျှော်လင့်နေတဲ့သူတွေ ရှိတယ်ဆိုရင် သမ္မတကြီးတို့ ယုံမှာလား?၊ တပ်မတော်သား အများစုဟာ ဗီယက်နမ်လို ခံမချဘဲ သူတို့ရဲ့ သေနတ်တွေကို ဘေးချပြီး ဧရာဝတီတိုင်းမှာ သူတို့မိဘဆွေမျိုးတွေ ဒုက္ခရောက်လို့ လာကယ်တဲ့ အမေရိကန် တပ်တွေနဲ့ နိုင်ငံတကာ သဘောင်္တွေကို လက်ကမ်းကြိုဆိုဖို့ အသင့်ပါပဲဆိုတာ ကျနော်တို့ ပြောချင်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတုန်းက ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အိတ်ဖွင့်ပေးစာနဲ့ အားပေးချီးမြှင့်ခဲ့တဲ့ စာဟာ ပြည်သူတွေကို အားတက်စေခဲ့ပေမယ့် ဂျွန်ယက်တော ကိစ္စမှာ ကိုယ်လွတ်ရုန်း ကယ်ထုတ်ခဲ့တဲ့ အမေရိကန်က အထက်လွှတ်တော် အမတ်ကြောင့် အမေရိကန်ကို မြန်မာလူထုက တော်တော် စိတ်ပျက်သွားသလားဆိုတာ စုံစမ်းကြည့်သင့်ပါတယ်။ ဒီတော့ကာ ကျနော်တို့ တင်ပြသွားခဲ့သလို တွေ့ဆုံ ဆွေးနွေးရေးဟာ တဖက်နဲ့ တဖက် ပါဝါအစွမ်း တန်းတူရည်တူဖြစ်မှ ဆွေးနွေးပွဲ စားပွဲဝိုင်းဟာ နီးစပ်မှာ ဖြစ်သလို စစ်အာဏာရှင်တွေရဲ့ ထိုင်ခုံကုလားထိုင် ယိုင်လဲပြီး အကျဉ်းအကြပ်ဖြစ်မှသာလျှင် သူတို့ဟာ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို ကြွချီလာမှာ ဖြစ်ပါတယ်။

အဲဒီလိုဖြစ်အောင် ပြည်သူ့ဘက် ရပ်တည်ချင်တဲ့ တပ်မတော်သားတွေဟာ လုပ်နိုင်ပေမယ့်၊ လုပ်ချင်ပေမယ့် အဖြေမရှိတဲ့ မေးခွန်းကြောင့် တုံ့ဆိုင်းနေတဲ့အကြောင်း၊ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးစီးဗိုလ်ချုပ်အချို့နဲ့ ပြည်သူ့ဘက် ရပ်တည်ချင်နေတဲ့ စစ်တပ်ကို ခွဲခြားသုံးသပ် မြင်သင့်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေးကို အပေါ်ယံရှပ်ပြီး တာဝန်ကျေ တောင်းဆိုနေသရွေ့ ပြည်သူတွေက နားညည်းပြီး စိတ်ပျက်နေကြပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

လေးစားစွာဖြင့်

ဒီမိုကရေစီ လိုလားသော မြန်မာ့တပ်မတော် အရာရှိစစ်သည်များ
အီးမေးလ် - demosternelson@aol.com

http://www.mizzimaburmese.com/edop/songpa/4050-2009-10-22-05-24-39.html

အမေရိကန်အောက်လွှတ်တော်မှာ မြန်မာ့အရေး ကြားနာပွဲ ပြုလုပ်ခဲ့

http://ifile.it/0l4hsud

091022 Bty Bur Us House

ကနေဒါလွှတ်တော်အမတ် လာရီ ဘက်ဂ်နယ်လ်နဲ့အင်တာဗျူး

http://ifile.it/a7u24th

091020 Mr Larry Bagnell

နအဖ၏ ၂၀၀၈ မူကြမ်းအပေါ် နှိုင်းယှဉ်ချက်များ

http://ifile.it/qundrp9

Constitution Onscreen 2ndedition Corrected

ရွှေသဘာဝဓါတ်ငွေ့၏ ပထဝီနိုင်ငံရေး

http://ifile.it/s3vxz0p

Geo