Friday, October 23, 2009

The Voice 24-10-2009 issue

http://ifile.it/2o14n3s

The Voice (5-51)

ထီးဖြူဆောင်းခွင့်မရသောဖါးတပိုင်းငါးတပိုင်း






တခါတလေကောလဟာလထွက်တတ်တာကမောင်အေးကအာဏာသိမ်းတော့မယ်ဆိုတာတွေဟာအခုတော့သဲထဲရေသွန်တာက
မှအရာကျန်မဲ့သဘောပါပဲ...
နေ၀င်းလက်ထက်ကအစည်းအဝေးတွေမှာသူ့ရဲ့ထိုင်ခုံဟာအခြားသူတွေရဲ့ထိုင်ခုံထက်ပိုကြီးသလိုမြင့်လည်းမြင့်ပါတယ်...နေ၀င်းအာ
ဏာထွားချိန်ဖြစ်ခဲ့တော့သူလုပ်သမျှရွှေနဲ့မြပေါ့....သိပ်မကြာပါဖူး၊ဘယ်သူမှမထင်ထားတဲ့အပေါက်ကနေပြုတ်ကျပါလေရောလား...
အခုလည်းလာပြန်ပါပြီ၊ရွှေရွှေ....
ရွှေရွှေနဲ့မောင်အေးဟာတပတ်စဉ်ထဲဆင်းတွေပါ...ရွှေရွှေကိုယ်တိုင်ကမောင်အေးဆောင်းတဲ့ထီးဖြုတ်လိုက်လို့တော့ပြောလောက်မယ်
လို့မယူဆရလောက်ပါဖူး..ဒီလိုလုပ်လိုက်တာတောင်သိချင်မှသိမယ်..နေ၀င်းလက်ထက်မှာလည်းနေ၀င်းမသိပဲဖေါ်လန်ဖားအောက်ဆွဲ တွေအပေါ်ဖားအောက်ထောင်းလုပ်ခဲ့တာမနဲပါဖူး...ဒါဆိုမောင်အေးကိုတောင်ဂရုမစိုက်ပဲလုပ်ရဲတာဘယ်သူလဲ...သေချာတာကတော့ပြန်
ကြားရေးကျော်ဆန်းတယောက်ထဲအမိန့်နဲ့သတင်းစာမှာဆင်ဆာဖြတ်တာတော့မဖြစ်နိုင်ပါဖူးး..အမိန့်ပေးသူရှိရပါမယ်...
ထီးဆောင်းတာကအစဒီလိုသေးသေးဖွဲဖွဲကိစ္စတွေရွှေမန်းတို့လိုလူမျိုးတွေစိတ်မ၀င်စားပါဖူး...ဒါဆိုကျော်ဆန်းကိုအမိန့်ပေးနိုင်တာဘယ်
သူလဲ...ရှင်းပါတယ်...
ကြိုင်ရွှေမနဲ့သမီးများဘုရားဖြိုအဖွဲ့ရဲလုပ်ရပ်ပါပဲ....
ဗေဒင်ယတြာဆရာတွေမြှောက်ပေးလို့ဒီလိုကလေးကလားအသေးအဖွဲကအစလိုက်ပြီးစိုးရိမ်နေတော့တာပါပဲ..
မောင်အေးနဲ့ဘက်တော်သားတွေစိတ်ထဲဘယ်လိုရှိမယ်ဆိုတာဂရုမစိုက်တော့ပါဖူး...ဒီပုံတွေကိုဒီလိုလုပ်တာမောင်အေးတို့သိသင့်တယ်..
အပါတ်စဉ်တခုထဲဆင်းတဲ့သူအချင်းချင်းဒီလိုအချိုးခံရတာစစ်တပ်ထဲမှာမောင်အေးအတွက်အရိုအသေအတော်တန်စေမဲ့ဖြစ်ရပ်ပါ...
ရှေးခေတ်ကထီးဖြူဆောင်းဘုရင်တွေရှိခဲ့ပါတယ်...တချို့မင်းတွေကလည်းရွှေထီးဆောင်းကြတယ်...
ရွှေရွှေနဲ့ကြိုင်ရွှေမအိမ်တော်ကတင်းကုပ်မှာထိုင်ခုံ၂လုံးပဲချထားပါတယ်..လာတွေ့သူတွေအောက်မှထိုင်ရပါတယ်တဲ့...
ဘုရင်ရူးနဲ့မိဖုရားရူးနေကြတာ..၂၁နှစ်ကြာအာဏာသိမ်းထားနိုင်တာသူ့တို့ရဲ့ဘုန်းကံကြောင့်လို့ထင်မှတ်နေကြတာပါ..
သူလင်တော်အသမဲရုပ်ဆိုးဆင်မလိုက်ရုပ်ကိုကျောက်ဆည်ဘုရင်လို့စိတ်ထဲထင်ပြီးနောက်ကွယ်ကနေလုပ်ချင်တာလုပ်နေတာကြိုင်ရွှေမ
ပါပဲ..အောက်ကလူတွေကလည်းလိုချင်တဲ့ပါမစ်ရပြီးရောခိုင်းသမျှလိုက်လုပ်နေကြတာပါပဲ...
ဒါပေမယ့်...
သူလင်တော်မောင်ဟာထီးဖြုဆောင်းခွင့်မရပဲထီးမဲလေးနဲ့ဖါးတပိုင်းငါးတပိုင်းဘုရင်ဖြစ်နေတာကတော့
့မြန်မာ့သမိုင်းနောင်တချိန်ရေးမဲ့သူတွေအဖို့တော်တော့်ကိုညှာညှာတာတာရေးရမဲ့အနေအထားဖြစ်နေကြောင်းပါ



23 Oct ဒိုင်ယာရီ

http://ifile.it/pwve7ma

23 Oct news

စိတ်မချရသော မွန်ဒေသ



မင်းညီချမ်း(ဘဝတက္ကသိုလ်)

အောက်တိုဘာ၂၃၊၂၀၀၉။

လေ့လာသိရှိသမျှ မွန်လက်နက်ကိုင်တပ်ဖွဲ့များ လက်ရှိတွင် အောက်ပါအနေအထားအတိုင်း ရှိနေကြသည်။

၁။ မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA
၂။ နိုင်ချမ်းတိန်း၊ နိုင်အောင် မြိတ်ခရိုင်မွန်ခွဲထွက်၊ချောင်ချိဒေသ(ငြိမ်းချမ်းရေး)
၃။ နိုင်အောင်နိုင် (ဗိုလ်ချုပ်ဟောင်း MNLA) မွန်အမျိုးသားငြိမ်းချမ်းရေးကောင်စီပါတီ MNPCP
၎။နိုင်အောင်းချမ်း(နိုင်အောင်နိုင်-မှ ထပ်မံခွဲထွက်အုပ်စု) မွန်ပြည်သစ်ပါတီမှ နိုင်မင်းနောင်အားလုပ်ကြံသည့်အုပ်စု
၅။ နိုင်စိုက်ချမ်း(ဝါ) အဇန်(မွန်ခွဲထွက်)
၆။ နိုင်ရှောင် (ဗိုလ်မှူးကြီးဟောင်း MNLA) ရာမညတပ်ဖွဲ့
#၇။ ချမ်းတိန်းအုပ်စု
#၈။ နိုင်ဗင်အုပ်စု
#၉။ နိုင်ပန်းညွန့်(ဗိုလ်မှူးကြီးဟောင်း MNLA) ဟံသာဝတီပြန်လည်ထူထောင်ရေးပါတီ
#၁၀။ မွန်အမျိုသားကာကွယ်ရေးတပ်မတော် MNDA(လွန်ခဲ့သည့်လက နောက်ဆုံးအသစ်ဖြစ်ပေါ်လာ)

အမှတ်စဉ် ၁ မှ ၆ အထိတပ်ဖွဲ့များသည် စစ်အစိုးရလက်ခံထားသော မွန်လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည်။ သို့သော် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်ဆံမှုမရှိကြ။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်သူကဲ့သို့လည်း သတ်မှတ်လိုက သတ်မှတ်နိုင်ကြသည်။

ယခုနှစ်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော မြို့ပေါ်လူမြင်ကွင်းနေရာများတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုများတစ်ကြိမ်ထက် မက ပေါ်ပေါက်လာခဲ့သည်။ အတွင်းသိ၊ အကြောင်းသိတွေမို့ သတ္တိပြောင်လှပေသည်။ စစ်အစိုးရအာဏာပိုင်များက ခင်ဗျားတို့မွန်အဖွဲ့ အချင်းချင်းဖြစ်ကြတာ၊ ကျုပ်တို့နှင့် မဆိုင် လေသံပေးကာ ဘေးမှ “ရှူး” တိုက်ပေးနေလေ၏။

အမှတ်စဉ် #၇ မှ #၁၀ အထိတပ်ဖွဲ့များမှာ စစ်အစိုးရအား တိုက်ခိုက်နေသော တပ်ဖွဲ့များဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် ၄င်းတို့လက်ချက်ဖြင့် စစ်အစိုးရတပ်ဖွဲ့ဝင် မည်မျကျဆုံးခဲ့သည်ကို မမှတ်မိသေးပေ။

မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်မရပ်စဲမီ အစပိုင်းတွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တစ်ဖွဲ့တည်းသာ ရှိခဲ့သည်။ ယခုလက်ရှိ ပိုလာသောအဖွဲ့အစည်းများသည် အပစ်အခတ်ရပ်စဲပြီးနောက် ပေါ်ပေါက်လာ သော အဖွဲ့အစည်းများငယ်ပင်တည်း။ MNLA မှ အကြောင်းအမျိုးမျိုးကြောင့် သို့မဟုတ် အမျိုးမျိုးသောအကြောင်းပြ ချက်ဖြင့် ပဲ့ထွက်၊ အာဏာသိမ်း၊ ခွဲထွက်လာကြသော အုပ်စုငယ်များသာ ဖြစ်ကြလေ၏။

စစ်အစိုးရကိုပြန်တိုက်မည်ဟု ကြွေးကြော်နိုင်သူမှာ ပြင်ပထောက်ခံမှု အားကောင်းနေသယောင်ယောင် ထင်မြင်နေကြ သည်။ လက်တွေ့တွင် ဘေးမှပါးစပ်ဆိုင်းတီးပေးပြီး သင်္ကြန်အက ကခိုင်းနေသလိုပင်။ နောက်ဆုံးထင်ထားသည့်အတိုင်း ဖြစ်မလာတော့ စစ်အစိုးရနှင့် ဝင်ပေါင်းလိုက်သည်က ခြံမြေ၊ ကား ငွေကြေးအထောက်အပံ့ရရှိပေမည်။

လက်နက်ကိုင်ခွင့်လည်း ရှိသည်။ သို့သော် တရားဝင်သည်လား၊ မဝင်လားတော့မသိ။ ဥပဒေဆိုတာ ဘာလဲဟင် ဖြစ်နေ ကြသည်။ အဆိုပါ ကွဲပဲ့ခဲ့သည့် အဖွဲ့များကား အရေအတွက်အားဖြင့် ၅ ယောက်တစ်ဖွဲ့မှ ၃၀ ယောက်တစ်ဖွဲ့ကဲ့သို့ တပ်ဖွဲ့ဝင် အရေအတွက်များသာ ရှိကြသည်။

အထက်ပါလက်နက်ကိုင်တပ်ဖွဲ့အားလုံးတို့သည် မွန်မျိုးချစ်များဟု ၄င်းတို့ကိုယ်ကို ဂုဏ်ယူပြောဆိုလေ့ ရှိကြ၏။ မွန်လူ မျိုးတို့ကား ၄င်းတို့အပြောကို မည်သို့မျှ စောဒကမတက်ဝန့်ပါ။ အဘယ်ကြောင့် ဆိုသော်၎င်းတို့လက်ဝယ်တွင် သေနတ် ရှိနေပြီး ပါးစပ်တွင် အမိန့်ရှိသည်ဟု ထင်မြင်နေကြသည်။

အမျိုးစုံလှသော အဆိုပါသေနတ်၊ လက်နက်ကျည်ဆံတို့သည် ၄င်းတို့၏မိဘဆွေမျိုးများထံမှ ရင်းနှီးမြှုပ်နှံအလုပ်လုပ် စားရန် ထောက်ပံ့ခဲ့သောငွေကြေးများဖြင့် ဝယ်ယူခဲ့သည်မဟုတ်ကြောင်း မွန်လူမျိုးတို့ သိနားလည်ကြလေသည်။ ရှည် လျားသော ဆယ်စုနှစ်များကတည်းက မွန်ပြည်သူများထံမှ နည်းအမျိုးမျိုးဖြင့် ကောက်ခံရရှိခဲ့သော ငွေကြေးများဖြင့်သာ ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။

လက်နက်ကိုင်ဆန့်ကျင်နေသောအဖွဲ့များကို စစ်အစိုးရအမိန့်အောက် ရောက်ရှိလာစေရန် ကြိုးပမ်းနေရသည်ကား နအဖ တို့အလုပ်ပင်တည်း။ မွန်အမျိုးသားထုအတွင်း အဖွဲ့တစ်ဖွဲ့တည်း ရှိနေသည်ကို နအဖမမြင်တွေ့လိုသည်ကား ဝေဖန်စရာ မဟုတ်ပါ။ ထို့ကြောင့် အဖွဲ့ငယ်၊ အဖွဲ့စိတ်အမျိုးမျိုး ပေါ်ပေါက်လာစေရန် နအဖတို့ ကြံဆောင်မှုများ လက်တွေ၌အောင် မြင်နေ၏။

မွန်ပြည်သစ်နှင့် နအဖ အပစ်အခတ်ရပ်စဲရေးမူတစ်ရပ်၌ တစ်ဖက်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အခြားတပ်ဖွဲ့သို့ ဘက်ပြောင်း ၍မရ။ သက်ဆိုင်ရာ အဖွဲ့အစည်းကို ပြန်လည်အပ်နှံရမည် ဟူသည့်အချက်တစ်ချက်ပါရှိခဲ့သည်ကို သိရသည်(စာလုံးအ တိအကျကို မမှတ်မိတော့ပါ)။ သို့သော် လက်တွေ့ ၁၄ နှစ်ကျော်ကာလ၌ သတ်မှတ်ချက်များထဲမှ အချက်အလက်များစွာ ပျက်ပြယ်လာခဲ့ပြီ။ အကြောင်းအမျိုးမျိုးကြောင့် မွန်ပြည်သစ်မှ စစ်အစိုးရထံ ဘက်ပြောင်းသွားခဲ့သူအများအပြား မျက်စိ ရှေ့တွင် တွေ့မြင်နေရ၏။ နအဖသည် ကတိတည်သူမဟုတ်သဖြင့် အပြစ်ဖို့စရာမလိုပါ။

ယခုတွင်လည်း မွန်ပြည်သစ်ကို အားစမ်းနိုင်သော စစ်အစိုးရအလိုကျ လက်နက်ကိုင်အုပ်စုတစ်စု ပေါ်ပေါက်လာရန် နအဖတို့အပြင်းအထန် လှုပ်ရှားနေဆဲ။ ၃၀ ခန့်အင်အားစုနိုင်လျှင် လက်နက်တပ်ပေးပြီး ဒေသကာကွယ်ရေးပြည်သူ့စစ် ကဲ့သို့၎င်း၊ အကယ်၍ အင်အားရာဂဏန်ခန့်စုနိုင်လျှင် နယ်ခြားစောင့်လိုတပ်ဖွဲ့မျိုး နအဖတို့ ဖန်တီးချင်သည်။နောက်ဆုံး သောရည်ရွယ်ချက်ကား စစ်အစိုးရစီမံမှုအတိုင်း မွန်ပြည်သစ်ပါတီကို အံတုနိုင်မည့် မွန်အဖွဲ့တစ်ဖွဲ့ ရုပ်ပြထားနိုင်ရန်ပင် ဖြစ်ပေသည်။ ဤသည်ကားစစ်အစိုးရ၏ အလိုဆန္ဒအတိုင်း လက်တွေ့၌ ဖြစ်မလာသေးပေ။။

အပစ်အခတ်ရပ်စဲသည့်ကာလ၌ မွန်လူထုအများစုသည် မိသားစုစားဝတ်နေရေးအတွက် စီးပွားရေးလုပ်ငန်းများတွင်သာ အချိန်ပေးနေကြတော့သည်။ ထို့ကြောင့် မွန်ရွာများတွင်ပြည်သူ့စစ်လုပ်မည့်သူ မရှိသလောက်ဖြစ်နေသည်။ ရပ်ဝေးမှ မွန်မဟုတ်သူများသာ ကျေးရွာများတွင် အလုပ်အကိုင်ရှာဖွေရင်း အနေအစားလည်းသက်သာ၊ သေနတ်တကားကားနှင့် တခါတလေဘုမသိ၊ ဘမသိများကို ခြိမ်းခြောက်နိုင်သည့် ပြည်သူ့စစ်အလုပ်ကို ဝင်လုပ်ကြ၏။

လူငယ်များသည်လည်း ပညာသင်ကြားရေး၊ ပြည်ပတွင် အလုပ်လုပ်ကိုင်နိုင်ရေးတို့၌ အထူးအာရုံပြုလာကြသည်။ ပြည် သူ့စစ်လုပ်သူများကိုလည်း လူရာသွင်းကြသည်မဟုတ်။ အခြေမဲ့၊ အနေမဲ့များလုပ်သောအလုပ်ဟု မှတ်ယူထားကြသည်။ ထိုကြောင့် မွန်ပြည်သူ့စစ်စီမံကိန်းသည် လက်တွေ့တွင် မလွယ်ကူပေ။ ဒီကေဘီအေကဲ့သို့ လူငယ်များစစ်တပ်ထဲအတင်း ဆွဲသွင်းဝန့်မည့် မွန်လူစွမ်းကောင်းများလည်း ပေါ်နိုင်မည်မဟုတ်ပါ။

စစ်မတိုက်ကြသော ကြားကာလတစ်ခု၌ စစ်သားများစွာတို့ စစ်ပမ်းခဲ့သည်ကို အနားယူကြသည်။ ပစ်ခွင့်မရှိသောသေ နတ်တို့သည် သံတုံးကိုထမ်းထားသကဲ့သို့ လေးလံလာသည်။ စစ်ပွဲကာလမဟုတ်သဖြင့် စစ်သားအလုပ်ကို လူတွေအ ထင်အမြင်သေးလာသယောင် စိတ်ထဲမလုံ ဖြစ်လာသည်။ ရန်သူနှင့်မိတ်ဆွေဖြစ်သွားပြီး မိတ်ဆွေအချို့ကို ရန်သူလို သတ်မှတ်လာချင်သည်။ လက်နက်ကိုင်အလုပ်သည် စီးပွားရေးဈေးကွက်တစ်ခုလို ထင်မှတ်နေသူများလည်း ရှိသည်။ လက်နက်ကိုင်ခွင့်အနည်းငယ်ရှိနေသည်ကို ထာဝရအာဏာရှိနေသယောင် မာန်တက်မာန်တက်ကြသူများနှင့်လည်း ကြုံဆုံခဲ့ရသည်။ အာဏာရှိလျှင် ငွေရှာရလွယ်လာသည်။ လူငယ်ဘဝက ကြွေးကြော်ခဲ့သော အမျိုးသားရေးစိတ်ဓါတ် ဘယ်ချောင်ထဲ ဝင်သွားသလဲမသိ။ တော်လှန်ရေးကဗျာတွေလည်း ရွတ်ဆိုဖို့ ဆန္ဒမရှိတော့ပါ။

မိမိအမျိုးသားလွတ်မြောက်ရေးခရီးကား မပြီးဆုံးသေးသည်ကို သိထားကြသည်။ ညီနောင်တိုင်းရင်းသားများနှင့်ဘဝတူ တွေပါ။ အချိန်ကာလတို့၏ တောင်းဆိုချက်အရ တိတ်ဆိတ်နေသော သေနတ်သံများကိုလည်း ပြန်လည်ကြားနိုင်သည့် အခြေအနေများလည်း ရှိနေ၏။ ထိုသို့ဆိုပါလျှင် ယခင်ကာလက အနိဌာရုံဆိုးများထက် ပိုဆိုးသွားနိုင်သည်။ အသင်ပြေ ပုန်းဖို့နေရာလွတ် ရှိရဲ့လား၊ သင့်ကိုသူတို့တတွေ ယုံကြည်စိတ်ချပါ့မလား၊ အသက်ကြီးမှ ထောင်နန်းစံရသည်က မလွယ် လှပေတကား။ မည်သို့ပင်ဆိုစေကာမူ စစ်ခရာမည်သော တစ်နေ့၌ မျိုးချစ်သူများတစ်ဦးတစ်ယောက်မျှ မိမိနေအိမ်တွင် အိပ်စက်အပမ်းဖြေ၍ မရနိုင်သည်ကို နားလည်သိရှိထားဖို့ လိုအပ်ပါကြောင်း။

မင်းညီချမ်း(ဘဝတက္ကသိုလ်)
http://www.kaowao.org/b/art09-oct23.php


မျက်စိလည်ရင် လမ်းပျောက်သွားလိမ့်မယ်



ဘွဲ့ဖြူ
၂၃ အောက်တိုဘာ ၂၀၀၉


အခုတလော မြန်မာ့နိုင်ငံရေး ရေစီးကြောင်းထဲမှာ မူမမှန်တဲ့ ပြောင်းပြန်ရေစီးကြောင်းတခု ပေါ်ထွက်လာတာကို မြင်တွေ့ကြားသိနေရတယ်။ အဲဒီပြောင်းပြန်ရေစီးကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်သန်းရွှေထံ ရေးသားပေးပို့လိုက်တဲ့ စာကို အကြောင်းပြုပြီး ပေါ်ပေါက်လာတာဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့စာ ဗိုလ်သန်းရွှေထံရောက်ပြီး မကြာမီမှာ နအဖရဲ့ ဆက်ဆံရေးဝန်ကြီးဆိုသူ ဗိုလ်အောင်ကြည်က ကြပ်ပြေးနေပြည်တော်ကနေ ရန်ကုန်ကိုလာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ နောက် (၄) ရက်အကြာမှာ တခါထပ်တွေ့တယ်။ နောက်နှစ်ရက်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်အခြေစိုက် အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျသံရုံးတွေက သံရုံးအကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီလို တွေ့ဆုံခဲ့တာဟာ ဗိုလ်သန်းရွှေထံ ပေးပို့လိုက်တဲ့စာမှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကြောင့်ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချုပ်ငြိမ်းစေရေးအတွက် နအဖနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ အဲဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတရပ်အဖြစ် ဒဏ်ခက်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတဲ့ အဆိုပါနိုင်ငံ (၃) ခုက သံတမန်အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ အဲဒီစာထဲမှာ မေတ္တာရပ်ခံတောင်းဆိုခဲ့တဲ့အတွက် နအဖက အခုလို တွေ့ခွင့်ပြုခဲ့တာဖြစ်ကြောင်း နအဖ သတင်းစာတွေထဲမှာ ရေးထားတာကို ဖတ်ရှုခဲ့ကြရတယ်။

ဒီမှာတင် မိုးရွာသွန်းမှုညံ့ဖျင်းတဲ့ မိုးလယ်ကာလတလျှောက် အချိန်အတော်များများ တွင်းထဲအောင်းပြီး ငြိမ်နေကြတဲ့ ဖားတွေဟာ သည်းထန်တဲ့ မုတ်သုန်နှောင်းမိုးနဲ့အပြိုင် တအုံးအုံး တအွမ်းအွမ်းနဲ့ ဆူညံလာကြပြန်တော့တာပဲ။ သူတို့ကိုယ်သူတို့ နိုင်ငံပြုပုဂ္ဂိုလ်ကြီးတွေပမာ အထင်ရောက်နေကြဟန်ရှိတဲ့ လူတစု ဦးစီးထုတ်ဝေ ပါဝင်ရေးသားကြတဲ့ ပြည်တွင်းထုတ် ဂျာနယ်တစောင်ပါ ဆောင်းပါးတပုဒ်ရဲ့ ခေါင်းစဉ်အရဆိုရင်တော့ မြန်မာ့ဒီမိုကရေစီရေး ရုန်းကန်မှုဟာ ရှေ့မှာ ချစ်သူတို့လျှောက်သောလမ်းတခုအဖြစ် ချောမွေ့ညီညာ သာယာဖြောင့်ဖြူးသွားတော့မယ့်ပုံပဲ။

အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး နအဖနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ကုလသမဂ္ဂသံတမန် ဂမ်ဘာရီကတဆင့် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတော့ နိုင်ငံတော်အကြီးအကဲဆိုသူ နအဖခေါင်းဆောင် ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားသစ္စာဖောက် တရားခံတဦးဖြစ်လာအောင် အကွက်ဆင် ၀န်ခံခိုင်းပြီး အဲလိုဝန်ခံမှ တွေ့ဆုံနိုင်မယ်လို့ အကြောင်းပြန်ခဲ့တယ်။ အဲဒီတုန်းက နအဖ ထုတ်သုံးခဲ့တဲ့ ဖဲချပ်က အခုတခါ ထပ်မံပေါ်ထွက်လာပြန်တဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုဆိုတာပဲဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ထောင်ချောက်ထဲမ၀င်ဘဲ အမျိုးသားအကျိုးစီးပွားကိုသာ စေ့စေ့ကြည့်ပြီး ရိုးသားဖြောင့်မတ်သော်လည်း ပါးနပ်လိမ္မာစွာ တုံ့ပြန်လိုက်တဲ့အတွက် နအဖအဖို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးဟာလည်း ထုံးစံအတိုင်း ဆက်ပြီးဇာတ်မျောနေခဲ့တယ်။

အဲဒီနောက် ဂျွန်ယက်တောကိစ္စ ပေါ်လာ၊ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချုပ်ထပ်တိုး၊ အမေရိကန်သမ္မတသစ်က မြန်မာပြည်ဆိုင်ရာမူဝါဒကို ပြောင်းလဲ၊ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချုပ်ငြိမ်းကွယ်ပျောက်ရေးအတွက် နအဖနဲ့ ပူးပေါင်းဆောင်ရွက်လိုပါတယ်။ အရေးယူမှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေရဲ့ သံတမန်အကြီးအကဲတွေနဲ့ တွေ့ဆုံလိုပါတယ်လို့ နအဖထံ စာရေးအကြောင်းကြားလိုက်တော့ နအဖနဲ့ အန်အယ်လ်ဒီအကြား အာဏာပွဲစားလုပ်ဖို့ စိတ်ကူးယဉ်နေကြသူတွေ လက်ခေါက်မှုတ် လက်ခုပ်တီးပြီး အူလှိုက်သည်းလှိုက် ကြိုဆိုခဲ့ကြတာမဆန်းပါဘူး။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တလျှောက်လုံး ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့ကြတဲ့ အောင်ဆန်းစုကြည်ဝါဒီတွေအတွင်းမှာတော့ အနည်းငယ် ဇဝေဇ၀ါ ဖြစ်သွားခဲ့ကြတဲ့ အသံတွေကြားခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုနောက်ဆုံးလုပ်ရပ်ကြောင့် တချိန်က ဗိုလ်သန်းရွှေ ၀န်ခံခိုင်းခဲ့တဲ့ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံလိုက်သလို ဖြစ်မသွားဘူးလားလို့ တချို့က မေးခွန်းထုတ်လာကြတာဟာ အဲဒီအခြေအနေရဲ့ ထင်ဟပ်ချက်တခုဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှုနဲ့ သတ္တိဗျတ္တိတွေကြောင့် သူ့ကို ကျယ်ကျယ်လောင်လောင် ဝေဖန်ဖို့ ဆန္ဒမရှိကြပေမယ့် သူ့ရဲ့ဘက်တော်သားတွေအတွင်း အခုလို (အများကြီးမဟုတ်တောင်) ဇဝေဇ၀ါ ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားခဲ့ရတာကတော့ သူ့ရဲ့ အဲဒီလုပ်ရပ်အတွက် ဒီမိုကရေစီအင်အားစုတွေဘက်က ပထမဆုံးပေးလိုက်ရတဲ့ အရင်းအနှီး (သို့မဟုတ်) နအဖဘက်က ပထမဆုံးရသွားခဲ့တဲ့ အကျိုးအမြတ်ဖြစ်တယ်လို့ ဆိုနိုင်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည်တို့ ဘာတွေပြောဆိုကြသလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနောက်နိုင်ငံ (၃) ခုက သံတမန်တွေ ဘာတွေပြောခဲ့ကြသလဲ ဆိုတာတွေကို မသိရလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တကယ်ရည်ရွယ်ချက် အစစ်အမှန်နဲ့ အဲဒီရည်ရွယ်ချက် အောင်မြင်ပြီးမြောက်နိုင်ခြေ ရှိနိုင်မရှိနိုင်ဆိုတာကို သုံးသပ်ပြောဆိုဖို့ခက်တယ်။

ဒါကြောင့် အဲဒီအချက်တွေကို မသိကိန်းထားလိုက်ပြီး မြန်မာနိုင်ငံရေးသမိုင်းတလျှောက်မှာ အထင်အရှားရှိခဲ့တဲ့ ပေးထားချက်တွေကိုပဲ အခြေတည်ပြီး ရှေ့ဘာဖြစ်လာမလဲဆိုတာကို တွက်ချက်တာက အဖြေမှန်ရဖို့ ပိုမိုနီးစပ်မယ်လို့ ယူဆတယ်။ မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေချမှတ်ဖို့ တောင်းဆိုလှုံ့ဆော်တဲ့ မူဝါဒကို စွန့်လွှတ်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ နအဖ က ပြောခဲ့တယ်။ အဲဒီစကားဟာ နအဖရဲ့ တကယ့်စိတ်ရင်းအမှန်လား။

အင်မတန်နက်တဲ့ တောကြီးတွေထဲကို အကြောင်းတခုခုနဲ့ သွားလေ့ရှိကြသူတွေဟာ အပြန်လမ်းမှာ လမ်းမပျောက်စေဖို့အတွက် တောထဲကို စ၀င်ပြီဆိုတာနဲ့ မိမိသွားရာလမ်းကြောင်းမှာ တွေ့သမျှ သစ်ပင်ကြီးကြီးတွေကို ဓားနဲ့ ထင်ထင်ရှားရှား ထစ်ရာပေးပြီး မှတ်ထားကြရတယ်။ ဒါမှ မိမိကိစ္စပြီးလို့ အပြန်လမ်းမှာ အဲဒီဓားထစ်ရာရှိတဲ့ သစ်ပင်ကြီးတွေကို ကြည့်ပြီး ပြန်လာတဲ့အခါ လမ်းမပျောက်ဘဲ မိမိအိမ်ကို ပြန်ရောက်လာနိုင်မှာဖြစ်တယ်။ တကယ်လို့ အဲဒီဓားထစ်ရာတွေဟာ နောက်ကလိုက်လာသူတွေ လမ်းမပျောက်စေဖို့ ရည်ရွယ်တယ်ဆိုရင်လည်း အဲဒီဓားထစ်ရာတွေက နောက်ကလိုက်လာသူတွေအတွက် လမ်းပြအမှတ်အသားအဖြစ် ဆောင်ရွက်ပေးတယ်လို့ ဖတ်ဖူး မှတ်ဖူး သိဖူးတယ်။

ခေတ်သစ်မြန်မာနိုင်ငံရေးသမိုင်းတလျှောက်မှာလည်း မြန်မာပြည်သူတွေ လမ်းမပျောက်စေဖို့ စစ်အာဏာရှင်စနစ်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီသူရဲကောင်းတွေ ထားရစ်ခဲ့တဲ့ ဓားထစ်ရာတွေ အထင်အရှား အများအပြားရှိခဲ့တာကို လူတိုင်းအသိဖြစ်တယ်။ မြန်မာနိုင်ငံ အာဏာရှင်စနစ်ဟာ စတင်ပေါ်ပေါက်လာကတည်းက ပြဿနာအကျပ်အတည်းတွေကို ပြည်သူတွေနဲ့ လက်တွဲပူးပေါင်းဖြေရှင်းဖို့ တခါမှ ဆန္ဒမရှိခဲ့ဘူးဆိုတဲ့ အချက်တွေဟာ အင်မတန် ထင်ရှားမြင်သာလှတယ်။

ဆဲဗင်းဂျူလိုင်အရေးအခင်းအစ၊ (၇၄၊ ၇၅၊ ၇၆) အရေးအခင်းနဲ့ ၈၈ အရေးအခင်းတွေအလယ် ရွှေဝါရောင်တော်လှန်ရေးအဆုံး ပေါ်ပေါက်ခဲ့သမျှ နိုင်ငံရေးအကျပ်အတည်းတွေမှာ မြန်မာပြည်စစ်အာဏာရှင်တွေဟာ ဘယ်အကျပ်အတည်းကို ပြည်သူလူထုနဲ့ လက်တွဲပူးပေါင်းဖြေရှင်းခဲ့ဖူးတာ ရှိဖူးလို့လဲ။ အင်အားသုံးပြီး အကြမ်းဖက်ပြီး ဖြေရှင်းခဲ့တာချည်းပဲ မဟုတ်လား။ ၁၉၆၃ ခုနှစ်မှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာဟာလည်း တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးမတည်ဘဲ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေးကို ဦးစားပေးခဲ့လို့ တောထဲက လာရောက်ဆွေးနွေးတဲ့ တော်လှန်ရေးအဖွဲ့ပေါင်းများစွာထဲက ကရင်တော်လှန်ရေးကောင်စီတခုတည်းကသာ လက်နက်စွန့်လွှတ်ခဲ့တယ်မဟုတ်လား။

ဒဏ်ခတ်ပိတ်ဆို့အရေးယူရေးပေါ်လစီကို ဆုပ်ကိုင်ထားလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံမဆွေးနွေးနိုင်ဘူးလို့ နအဖက ပြောတယ်။ ဒါဆိုရင် အဲဒီဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ပေါ်မလာခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုချက်တွေကို မလိုက်လျောတာက ဘာကြောင့်လဲ။ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ စတင်ချမှတ်ခဲ့တဲ့ ခုနှစ်မှတ်တမ်းကို ပြန်ကြည့်ရင် အဲဒီအချက်ဟာ သိပ်ကိုထင်ရှားလှတယ်။

တကယ်တော့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချုပ်ငြိမ်းပျောက်ကွယ်ရေးဆိုတာ နအဖ အမှန်တကယ်လိုချင်တဲ့ အရာမဟုတ်ဘူး။ နအဖ အမှန်တကယ်လိုချင်တာက စစ်ဗိုလ်ချုပ်တွေရဲ့ လက်ရှိအကျိုးစီးပွားတွေကို အခိုင်အမာကာကွယ်ပေးမယ့်၊ အနာဂတ်မှာလည်း တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေကို သူတို့ထင်သလို သိမ်းပိုက်ခွင့်အတွက် အာမခံချက်ရှိမယ့်၊ အတိတ်က ကျူးလွန်ခဲ့တဲ့ သူတို့ရဲ့ ရာဇ၀တ်မှုမှန်သမျှအတွက်လည်း စိုးရိမ်ပူပန်နေစရာ နည်းနည်းလေးမှမလိုတဲ့ စစ်အာဏာရှင်စနစ်ဆက်လက် တည်တံ့ခိုင်မြဲရေးသာဖြစ်တယ်။ အဲဒီရည်မှန်းချက်ဆီသွားတဲ့လမ်းမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဆူးငြောင့်ခလုတ်ကန်သင်းမှန်သမျှကို ဖြစ်နိုင်ရင် ကမ္ဘာပေါ်က၊ အဲဒီအထိမှ မဖြစ်နိုင်သေးရင် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က ဖယ်ရှားရှင်းလင်းပစ်ချင်တာ နအဖရဲ့ ဆန္ဒအမှန်ဖြစ်တယ်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုမလုပ်ချင်လို့ တနည်းပြောရရင် မြန်မာနိုင်ငံမှာ အမှန်တကယ်တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာ အကျပ်အတည်းကို ပြည်သူလူထုနဲ့ ရိုးရိုးသားသား လက်တွဲပူးပေါင်း မဖြေရှင်းချင်လို့ အကြောင်းပြနေတဲ့ ဆင်ခြေသက်သက်သာဖြစ်တယ်။ ဒီလိုရှုမြင်တာဟာ အထက်မှာဖော်ပြထားတဲ့ `နိုင်ငံပြုပုဂ္ဂိုလ်ကြီးများ´ ရဲ့ဂျာနယ်မှာ စာဖတ်သူတွေကို သြ၀ါဒပေးထားသလို “Us နဲ့ Them” ဆိုပြီး တွေးလေ့ရှိသူတွေရဲ့ ရှုမြင်ပုံမဟုတ်ဘဲ မြန်မာစစ်အာဏာရှင်ခေတ် သမိုင်းတလျှောက် စစ်အာဏာရှင်တွေလုပ်ခဲ့သမျှ လုပ်ရပ်အားလုံးအပေါ် အသေအချာ ဆင်ခြင်သုံးသပ်ပြီး ကောက်ချက်ချထားတဲ့ ရှုမြင်ပုံသာဖြစ်ကြောင်း ရိုးသားသူတိုင်း မြင်တွေ့နိုင်တယ်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ အခွင့်ကြုံတိုင်း အော်ဟစ်တောင်းဆိုနေတဲ့ စစ်ဗိုလ်ချုပ်တွေ အမြဲပြောလေ့ရှိတဲ့ စကားတခွန်းရှိတယ်။ အဲဒါကတော့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေဟာ အဲဒီအရေးယူမှုတွေကို ချမှတ်တဲ့နိုင်ငံတွေ ရည်ရွယ်သလို မိမိတို့ကို မထိခိုက်ပါဘူး။ အမှန်တကယ် ထိခိုက်တာက ပြည်သူလူထုတွေပါတဲ့။ အဲဒီစကားအမှန်ပဲဖြစ်တယ်။ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားပေမယ့် ကျင့်ဝတ်သိက္ခာမစောင့်စည်းတဲ့ နိုင်ငံတချို့ကြောင့် ဗိုလ်ချုပ်တွေရဲ့ ဘဏ်စာရင်းတွေထဲ ငွေတွေ ဒလဟော ၀င်နေဆဲပဲဆိုတာ အားလုံးအသိဖြစ်တယ်။

အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် မြန်မာပြည်ထဲ ငွေ (၁၀၀) ၀င်မလာဘူးဆိုရင် ပြည်သူတွေ နစ်နာတာက (၅) ကျပ်၊ နအဖ နစ်နာတာက (၉၅) ကျပ်ဆိုတာ မှန်တယ်။ ဒါပေမယ့် နအဖကြောင့် ဆင်းရဲတွင်းနက်နေတဲ့ မြန်မာပြည်သူတွေအတွက် အဲဒီ (၅) ကျပ်က အတော်လေး အထိနာတယ်။ ခေတ်ပျက်သူဌေး စစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေအတွက်တော့ အဲဒီ (၉၅) ကျပ်ဟာ ဘာမှ မပြောပလောက်တာအမှန်ပဲ။ သူတို့မှာက ကျင့်ဝတ်သိက္ခာမရှိတဲ့ နိုင်ငံတွေထံက ရထားတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ ရှိနေတာကြောင့် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေလောက်တော့ `ပျင်းတောင်ပျင်းသေးတယ်´ ဆိုတဲ့သီချင်းကို ကြိတ်ပြီးဆိုနေကြမှာ သေချာတယ်။ MNL ခေါ် ဘောလုံးပြိုင်ပွဲမှာ နအဖရဲ့ ပုလင်းတူဘူးဆို့တွေ သုံးနေကြတဲ့ ငွေပမာဏကို ကြည့်တာတခုတည်းနဲ့တင် အဲဒီအချက်ကို မြင်တွေ့နိုင်တယ်။

ဒါဆိုရင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ ဘာကြောင့် အော်ဟစ်နေကြတာလဲ။ ရည်ရွယ်ချက်အစစ်အမှန်က တခုတည်းဖြစ်တယ်။ အဲဒါကတော့ တွေ့ဆုံဆွေးနွေးရေးကို ရှောင်လွှဲချင်လို့ဖြစ်တယ်။ တွေ့ဆုံးဆွေးနွေးရေးမဖြစ်တာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုပြီး လက်ညှိုးထိုးချင်လို့ဖြစ်တယ်။ နအဖရဲ့ အဲဒီရည်ရွယ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ကောင်းကောင်းသိတယ်။ အဲဒီလိုသိထားလျက်နဲ့ ဗိုလ်သန်းရွှေဆီရေးတဲ့စာမှာ အဲဒီအကြောင်းကို ခေါင်းတပ်ပြီး ဘာကြောင့်မရေးသလဲဆိုတာတော့ ခန့်မှန်းရခက်တယ်။ အဆုံးစွန်အထိ အလျှော့ပေးပြီး တွေ့ဆုံဆွေးနွေးရေးကို ဖြစ်နိုင်တဲ့အပိုင်းကစပြီး လုပ်နိုင်ဖို့ ကြိုးစားတာလား။ ဒါမှမဟုတ် တခြားဘာရည်ရွယ်ချက်ရှိသလဲဆိုတာတော့ တွေးရခက်တယ်။

ဒါပေမယ့် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာမျိုးဟာ နှစ်ဘက်အင်အားစုကြားမှာ အင်အားမျှတဲ့ အခြေအနေ (equilibrium) တခုတည်ရှိနေမှသာ ပေါ်ထွန်းလာတတ်တယ်ဆိုတာ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းဖြစ်ရပ်များမှာ အထင်အရှား သက်သေပြသခဲ့ပြီးဖြစ်တယ်။ လက်ရှိအခြေအနေမှာ နအဖနဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေကြားမှာ အဲဒီအခြေအနေမျိုး မရှိသေးဘူးဆိုတာသေချာတယ်။ အန်အယ်လ်ဒီနဲ့ တွေ့ဆုံဆွေးနွေးပွဲ မဖြစ်မနေလုပ်ရလောက်အောင် နအဖမှာ အကျပ်အတည်းဆိုက်မနေဘူးဆိုတာ သေချာတယ်။ အဲဒီတော့ သမိုင်းရဲ့ပေးထားချက်တွေအရကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်ကနေ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခု ဖြစ်ထွန်းပေါ်ပေါက်လာဖို့ အလားအလာ မရှိသလောက် နည်းပါးတယ်ဆိုတာကို တွေ့ကြရမှာဖြစ်တယ်။ အခုပေါ်ပေါက်နေတဲ့ နိုင်ငံရေးအခြေအနေကို နအဖက သူ့အကျိုးအတွက် အသုံးချမှာဖြစ်သလို ပွဲစားတွေကလည်း သံယောင်လိုက်ပြီး ဖားတွေလို တအုံးအုံး တအွမ်းအွမ်း အော်ကြမှာပဲဖြစ်တယ်။

အရေးကြီးတာက ဒီမိုကရေစီဘက်တော်သားပြည်သူတွေ နားမယောင် မျက်စိမလည်သွားဖို့လိုတယ်။ ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေလုပ်ရမှာက စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းဆီ နအဖ ရောက်လာအောင် နအဖကို ပြည်တွင်းရော ပြည်ပကပါ ဖိအားပေါင်းစုံ၊ အကျပ်အတည်းပေါင်းစုံ ၀ိုင်းပေးကြဖို့ပဲဖြစ်တယ်။ အင်အားမျှခြေမရှိရင် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲဆိုတာ ရှိလာမှာမဟုတ်ဘူး။ အထက်မှာပြောခဲ့တဲ့ ‘နိုင်ငံပြုပုဂ္ဂိုလ်ကြီးတွေ’ ဘယ်လိုပဲ ပွဲစားလုပ်ပြီး `ပွဲ´ ဖြစ်အောင် တည်နေကြသည်ဖြစ်စေ၊ ပြည်သူတွေက ကိုယ့်ပန်းတိုင်ကိုသာ စေ့စေ့ကြည့်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြရမှာ ပဲဖြစ်တယ်။ တခါက နအဖ သတင်းစာတွေမှာ ပါခဲ့ဖူးတဲ့ `သမိုင်းစာမျက်နှာဖွင့်လိုက်ပြီ´ ဆိုတဲ့ စာသားကို အမှတ်ရနေကြသူတိုင်းက နအဖ အခုနောက်ဆုံးမှောက်ထားတဲ့ ဖဲချပ်ရဲ့ အပွင့်အရေအတွက်ကိုလည်း သိထားကြပြီးဖြစ်တာသေချာတယ်။

ပြည်သူတွေရဲ့ ဒီမိုကရေစီရေစီးကြောင်း အားကောင်းမောင်းသန် ဆက်လက်စီးဆင်းနေစဉ်မှာ အခုလို ပြောင်းပြန်စီးတဲ့ မူမမှန်ရေစီးကြောင်းငယ်လေးတွေ မကြာမကြာ ပေါ်ပေါက်လာတတ်တဲ့ ဓမ္မတာပဲဖြစ်တယ်။ ဒါပေမယ့် အဲဒီမူမမှန်ရေစီးကြောင်းငယ်တွေက ပင်မရေစီးကြောင်းကြီးကိုတော့ လမ်းကြောင်းပြောင်းသွားအောင် တတ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် သမိုင်းရဲ့အချိုးအကွေ့တချို့မှာ ဖြစ်ပျက်ခဲ့ဖူးသလို အတွေးအခေါ် မခိုင်မာတဲ့ အချို့သော ဒီမိုကရေစီဘက်တော်သားတွေ မျက်စိမလည် နားမယောင်သွားအောင်တော့ အားလုံးက ၀ိုင်းဝန်ကူညီ တည့်မတ်ပေးကြဖို့ လိုပါတယ်။ တောနက်ထဲမှာ သူယောင်မယ်တွေရဲ့ ဖြားယောင်းသွေးဆောင်မှုအောက်မှာ လမ်းပျောက်မသွားရလေအောင် အထင်အရှားရှိနေတဲ့ သစ်ပင်ကြီးတွေရဲ့ ပင်စည်တွေပေါ်က ဓားထစ်ရာတွေကို ကူညီပြသပေးကြဖို့ လိုအပ်ပါတယ်။


http://www.khitpyaing.org/articles/Oct09/231009.php

Invitation to a meeting with Zoya Phan

Zoya Phan and the Dalai Lama at Forum 2000 in Czech Republic, discussing ethnic and cultural rights.


Invitation to a meeting with Zoya Phan (the author of "Little Daughter" & International Coordinator of the Burma Campaign UK)

Zoya Phan, a leading Burmese human rights activists in Europe and the author of “Little Daughter: A memoir of surviving in Burma and the West”, will be visiting Toronto from October 26 to October 28.

We would like to invite you to join us a meeting with Zoya on Tuesday October 27. This is a community meeting with supporters and activists organized by Canadian Campaign for Free Burma and Burma Ethnic Nationalities Network-Canada.

Location: 340 Gerrard Street East, Toronto

(Half block east of Parliament Street and on the north side. It’s a blue warehouse building set back from the road.)

Time: 6:30pm, October 27 (Tuesday)

Zoya Phan is a Karen refugee from Burma. At age of fourteen, she was forced to flee her country after her village was attacked by the Burmese Army. She now lives in London, UK and works as the International Coordinator of the Burma Campaign UK.

She has met with senior politicians from around the world such as Prime Ministers and Presidents including the British Prime Minster Gordon Brown. In 2006 and 2007, she received standing ovations speaking at the UK Conservative Party conference.

Note: In order for us to have some idea of how much refreshments we will need, we would ask you to RSVP to Kyaw, Zaw Wai at 416 358 2318 or email: zaw.w.kyaw@gmail.com by Sunday October 25.

Asia Pacific Scholarship for 2010


Asia Pacific Scholarship Consortium calls Masters Scholarships for Individuals from Myanmar, Cambodia and Lao PDR.


PURPOSE

To provide opportunities and scholarships for high quality, post-graduate study in fields relevant to development of the Mekong Sub Region, for individuals who demonstrate both academic and professional excellence and potential to become leaders in the following fields:
  • Community Health
  • Development
  • Education
  • Environment
  • Humanities & Social Sciences
  • Media
  • Policy & Administration
  • Social Work
Successful students will study at prestigious international universities in Hong Kong, Thailand, Malaysia or the Philippines. Scholars will undertake masters degrees by coursework. Courses typically take one to two years to complete. Scholars must complete the course within the specified time period on a full time basis.


INTERNSHIPS

Successful students will be eligible to apply for an APSC Graduate Internship. Interns will be placed in organizations and institutions within the Southeast Asian region for a period of three months, so as to further develop skills acquired during formal degree study.


AWARD STRUCTURE

The following costs will be covered under the award at a basic level:
  • Academic tuition and mandatory fees for the duration of the course, including examination and thesis costs.
  • A monthly stipend for room and board, and living expenses sufficient for a single student. There will be no support for students' families.
  • Accident and sickness insurance during the program
  • Support for educational supplies and materials.
  • Transport for the student to travel one time from their home to the campus and to return at the end of the program.
  • All costs related to securing and maintaining a student visa for the duration of study.
  • Professional development fund available to cover support for academic development such as attendance of academic conferences or subscription to journals.
  • A research fund will be available on a competitive basis for students who wish to undertake thesis research in their home country.

ELIGIBILITY REQUIREMENTS

Applicants must:
  • hold an undergraduate degree at the time of application deadline with an excellent academic record;
  • be a resident of Myanmar, Cambodia or Lao PDR;
  • have experience working in at least one of the fields listed above for development in their home country;
  • be proficient in English;
  • be committed to returning to their home country after completion of the program to continue their work.

Applicants must complete the application materials and submit them to APSC by December 1, 2009. The APSC Scholarship Application* and the APSC Reference Forms* should be filled in on your computer and sent to apsconsortium@gmail.com. Your materials will be processed more quickly if completed in this manner, but hand-written or scanned copies of these documents are acceptable only if you have difficulties completing these documents electronically.

The application materials required for this program are as follows:
  1. APSC Scholarship Application*.
  2. One academic letter of reference (using the APSC Reference Form*).
  3. One professional letter of reference (using the APSC Reference Form*).
  4. Scanned copies of all previous educational transcripts (or an explanation as to why these are unavailable).
  5. Scanned copy of your passport page (if available).
  6. Scanned copies of any official English language exams you have taken, such as TOEFL or IELTS (if available).

Shortlisted applicants will be contacted for an interview and selection exam. The exam will be an ITP TOEFL test but will include an additional essay component. Based on an applicant's interest, the shortlisted applications will be recommended for submission to a university from within APSC. This decision will be made by the selection committee. Applicants may be asked to complete a further application, depending on the entrance requirements of the selected university. Applicants do not need to apply to universities directly under this program. Masters courses will start between May and September 2010, depending on the prospective university. Support will be provided for all logistics related to travel and registration at the respective universities.




SOURCE

NLD ၂၂-၁၀-၂၀၀၉ အထူးကြေငြာချက်

http://ifile.it/yd6nqzf

Nld Statement

ညွန့်ပေါင်းသတင်းလွှာ

http://ifile.it/52axnfu

NB