Thursday, November 19, 2009

မော်လမြိုင်မှနိုင်ငံတော်ငွေသိန်း၇၀၀ခန့်လိမ်လည်မှုကြီးမည်သူနဲ့သက်ဆိုင်သလဲ?.




ကျွန်တော်တို့မွန်ပြည်နယ်မော်လမြိုင်မြို့မှာကြားသိနေရတဲ့ သတင်းကတော့ မယက ရုံးအကြီးတန်းစာရေးမ ဒေါ်ခင်မြင့်ဦးကိုလုပ်
်ငန်းရှင်များပေးသွင်းထားသော ယစ်မျိုးလိုင်စင်ကြေးငွေ သိန်း-၇၀၀--ကိုအလွဲသုံးစားပြုလုပ်ထားကြောင်းသိရပါတယ်-
၂၀၀၄ မှ၂၀၀၉ အထိပေးသွင်းထားသောငွေထဲမှအချို့တစ်ဝက်ဖြစ်ပါသည်။၎င်းအကြောင်းအရာနှင့်ဆက်နွယ်ပြီးပက်သက်နေ
သော မယက အကြီးအကဲနှင့်ခယက အကြီးအကဲတွေက ကြိတ်ပြီးညှိုနိုင်းထားပါတယ်။ထို့ကြောင့်ကျန်သိန်း၃၀၀ခန့်ပြန်သွင်းပေး
ပြီး ၂၃စက်တင်ဘာ၂၀၀၉မှာခုံရုံးဖွဲ့ပြီးစစ်ဆေးခဲ့ပါတယ် ကျန်ငွေကိုမပေးသွင်းနိုင်သောကြောင့် ၁.၁၀.၂၀၀၉ တွင်မော်လမြိုင်မြို့ မြို့မရဲစခန်းမှ လိမ်လည်မှုပုဒ်မ၄၀၉ဖြင့် အမှုဖွင့်ထားကြောင်းသိရပါတယ်။
သို့သော်အဆိုးရွားဆုံးမှာ၂၀၀၉ခုနှစ်အတွက်ယစ်မျိုးလိုင်စင်အခွန်ငွေများအားလုံးပေးသွင်းပြီးလိုင်စင်တရားဝင် ထုပ်ထားပြီးသော်
လည်း ၄င်းနှစ်အတွက်လိုင်စင်အခွန်ငွေပေးသွင်းရန်ကျန်နေကြောင်း မယက အကြီးအကဲမှလိုင်စင်ပိုင်ရှင်များအားရုံးစာ အမျိုးမျိုး ထုတ်ပြီးသော၎င်းနှုတ်ဖြင့်၎င်းအမျိုးမျိုးခြိမ်းချောက်မှုများပြုလုပ်ခဲ့ပါတယ်။ထို့နောက်၎င်းတို့၏ဘဏ်ငွေစရင်းသို့သွင်းခိုင်းပါတယ်။
သူတို့၏လက်အောက်ငယ်သားများလုပ်စားနေကြောင်းသိရဲ့နှင့်တဖက်မှရဲစခန်းတွင်အမှုဖွင့်ခိုင်းပြီးလိုင်စင်ပိုင်ရှင်များအားအကြွေး
ကျန်နေတယ်ဆိုပြီးအတင်းငွေပြန်သွင်းခိုင်းနေခြင်းဖြစ်ပါတယ်။ ထို့အပြင်လွန်ခဲ့သော၃နှစ်ခန့်က ကွယ်လွန်သွားပြီးဖြစ်သော
မယကဒုဦးစီးမှူး ဒေါ်တင်မမ အားအပြစ်အားလုံးပုံချထားပါတယ်။ အမှန်တကယ်ပက်သက်နေသူများကိုသေခြာစုံစမ်းစစ်ဆေးမှု
မရှိဘဲ အပြစ်မဲ့တဲ့ပြည်သူ(လိုင်စင်ရှင်)များအားငွေသွင်းခိုင်းနေပါတယ်။
ထို့အပြင်သက်ဆိုင်ရာမှစားသောက်ဆိုင်များသို့ လာရာစားသောက်ရာတွင်လဲ တန်ရာတန်ကြေးပေးမှုမရှိဘဲ လတိုင်းလိုလိုလာ ရောက်စားသောက်သည့်အပြင် လတိုင်းတွင်လဲလက်ဆောင်များပေးရန် ဖိအားပေးပါတယ်။
ထိုအခြင်းအရာများကိုအထက်သို့တိုင်ကြားရာတွင်တိုင်ကြားစာများမှာအထက်သို့ရောက်ရှိမှုမရှိပေ။မော်မြိုင်တိုင်းမှုကိုယ်တိုင်ပါဝင်
ပက်သက်နေမှုများရှိနေပါတယ်။
ထိုသို့အခွန်ပြန်လည်ပေးဆောင်ရန်အကြောင်းကြားသောအခါလုပ်ငန်းရှင်များကလိုင်စင်ပြသောလဲ၎င်းလိုင်စင်မှာတရားမ၀င်
ကြောင်း မယက အကြီးအကဲကပြန်လည်ပြောကြခဲ့ပါတယ်။
ထိုသို့ပြည်သူများအားလည်ပင်ညှစ်ပြီးစားသောက်နေသောအကြီးကဲများမှာမော်လမြိုင်တွင်မဟုတ်ပါဘူးအပြည်နယ်အရပ်ရပ်များ
တွင်ရှိကြောင်း။

မွန်ပြည်သား

http://www.hittai.org/main.htm

ကျောင်းသားနဲ့နိုင်ငံရေးသမားဆိုတာ စွယ်တော်ရွက်ခလေးတွေလိုပဲတဲ့




ရူကီရာ နိုဝင်ဘာ ၁၇ ၊၂၀၀၉။
ရန်ကုန်- ကျမတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးကြိုးပမ်းဆောင်ရွက်နေသူတွေအဖို့ ဖိနှိပ်ချုပ်ချုယ်မှုများ လွန်းတဲ့ လူ့အဖွဲ့အစည်းမှာ အခြေခံလူအခွင့်အရေးအတွက် ရပ်တည်ကြိုးပမ်းဖို့ကိုယ့်ဘ၀ကို ရွေးချယ်ရတာထက်စာယင် သူတပါးရဲ့ အဖိနှိပ်ခံအဖြစ်နဲ့ လုံလုံခြုံခြုံ မပူမပင်ပဲ နေဖို့ရွေးချယ်ချင်ကောင်း ရွေးချယ်မိ ပါလိမ့်မယ်။ ကျမတို့ရဲ့ တော်လှန်ရေးဟာ တရားမျှတမှုနဲ့ စာနာ နားလည်မှုအပေါ်မှာ အရင်းခံတဲ့ ယုံကြည်မှု ရှိမှသာလျှင် ဖြစ်မယ့် အကြမ်း မဖက်လှုပ်ရှားမှုတစ်ရပ်သာဖြစ်ပါတယ်။

လူဆိုတာ မိမိကောင်းစားရေးကိုသာအဓိကထားတဲ့ စီးပွားရေးအကျိုးအမြတ်ကိုသာ ရှေးရှုတတ်သူ သတ္တ၀ါ သာ ဖြစ်တယ်လို့ တချို့က ဆိုကောင်း ဆိုပါလိမ့်မယ်။ ဒါပေမယ့် မိမိယုံကြည်ချက်နဲ့ စိတ်ဓါတ်ခွန်အားတွေကို စွဲကိုင်ပြီး ပြင်းထန်လှတဲ့ အပြစ်ပေးအရေးယူမှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ ပြင်ဆင်ထားတဲ အမျိုးသား၊ အမျိုးသမီးတွေလဲ ဒုနဲဒေး ရှိသေးတယ်ဆိုတာကို ကြည့်ယင် အဲဒီအဆိုဟာ သေးသိမ်ကျဉ်းမြောင်းလှတယ်ဆိုတာ သိပါလိမ့်မယ်။ ဒီလိုအမျိုး ကောင်းသမီး၊ အမျိုးကောင်းသားတွေဟာ ကျမတို့နိုင်ငံမှာ မြောက်များစွားရှိ နေသေးတာကြောင့် ကျမလွန်စွာဂုဏ်ယူ အားတက်မိပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းသား၊ ကျောင်သူတွေရဲ့ တက်တက်ကြွကြွပါဝင်လှုပ်ရှားမှုတွေကြောင့် အပြောင်းအလဲတွေ ရုတ်တရပ်ပေါ်ပေါက်လာတတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ရှိတယ်လို့ အများက လက်ခံထားကြပါတယ်။ ရန်ကုန် တက္ကသိုလ်ကနေ သူတို့ရဲ့ နိုင်ငံရေးဘ၀ ကိုအစပြုခဲ့တဲ့ ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ငယ်ရွယ်နုနယ်တဲ့ ခေါင်ဆောင်များကြောင့် ကျမတို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုပမ်းလှုပ်ရှားမှုဟာ အောင်ပွဲခံခဲ့ရပါတယ်။

ဒီလို ထူးထူးခြားခြား သည်းခြေကြိုက် ဆန့်ကျင်အာခံလိုစိတ်တွေနဲ့တက်ကြွပြီး သြဇာတိက္ကမကြီးမားလှတဲ့ ဘယ်လို အတိုက်အခံအဖွဲ့အစည်းမျိုးကို ဘယ်လိုအာဏာရှင်အစိုးရမဆို ပစ်မှတ်ထား ချေမှုန်းမှာအသေအချာပါပဲ။ ၁၉၆၂ ခုနှစ်ကတည်းက အာဏာရလာတဲ့ မြန်မာစစ်အစိုးကတော့ အာဏာရပြီးသိပ်မကြာခင် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အဦးကိုဖျက်ဆီးခဲ့တဲ့အပြင် ကျောင်းသားတွေ အသင်းအပင်း ဖွဲ့စည်းခွင့်ကို တရားမ၀င်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ အရပ်သားအရေခြုံထားတဲ့ စစ်အစိုးရတပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အုပ်ချုပ်မှုကို မြန်မာပြည်သူတွေ ဆန့်ကျင်အာခံခဲ့ပါတော့တယ်။ တစ်တိုင်းအပြည်လုံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့သူတွေကတော့ ကျောင်းသား၊ ကျောင်းသူတွေဖြစ်ပြီး သူတို့ရဲ့အဓိက တောင်း ဆိုချက်တွေထဲကတစ်ခု ကတော့ ကျောင်းသားသမဂ္ဂတစ်ရပ်ကို ဖွဲ့စည်းခွင့်ပဲဖြစ်ပါတယ်။

ဒီအတွက် စစ်အာဏာရှင်တွေ တုံ့ပြန်လိုက်တဲ့အဖြေကတော့ သူတို့ကို ပစ်သတ်လိုက်ကြတာပါပဲ။ ရှစ်နှစ်ကျော်ကြာ လာတဲ့အထိ မြန်မာပြည်က ကျောင်းသား၊ ကျောင်းသူတွေဟာ သူတို့အကျိုးကို ဖြည့်ဆည်းပေးပြီး သူတို့အတွက် အမှန်တကယ် လိုချင်တောင့်တလှတဲ့ ကျောင်းသားအဖွဲ့အစည်းမျိုး မတည်ထောင်နိုင်သေးပါဘူး။

အခုသိပ်မကြာလှသေးတဲ့ ဒီဇင်ဘာလကတောင်မှ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကိုတောင်းဆိုတဲ့ ကျောင်းသားဆန္ဒပြ ပွဲတစ်ရပ်ပေါ်ပေါက်ခဲ့ပြီး အဲဒီဆန္ဒပြပွဲတောင်းဆိုချက်တွေကို လျစ်လျူရှုခြင်းခံခဲ့ရပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေ ကို အင်အားသုံးဖြိုခွဲခဲ့ပြီး ကျမရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ပါတီဝင်တွေကို အဆိုပါ ဆန္ဒပြပွဲ ကို စီစဉ်ရာမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရပါတယ်။ ကျမကိုလည်းကျောင်းသား တွေနဲတွေ့ဆုံဆွေးနွေး ခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။

နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေ တွေ့ဆုံးဆွေးနွေးတာဟာ အစိုးရကို ပုန်ကန်ခြားနားတယ်လို့ အမှန်တကယ် သာယူဆနေမယ်ဆိုယင် ကျမတို့နိုင်ငံမှာ ၀မ်းနည်းစိတ်မကောင်းစရာတွေ ထပ်ပြီးပေါ်ပေါက်လာ တော့မှာဖြစ်ပါတယ်။ ကျမတို့ဟာ မတူညီတဲ့ မျိုးဆက်တွေအကြား နီးစပ်အောင်ကြိုးပမ်နေခြင်းသာဖြစ်ပြီး ဒီလိုကြိုးပမ်းခြင်းအားဖြင့် ကျမတို့ရဲ့ ရည်ရွယ်ချက်တွေ ဆက်လက်ရှင်သန်နေစေပြီး ကျမတို့ရဲ့ ကြိုးစားအားထုတ် မှုတွေဟာလည်း ကျမတို့ တိုင်းပြည်အတွက် အကောင်အထည်ပေါ်လာပါလိမ့်မယ်။

ကျမတို့ဟာ အစဉ်အလာမဟုတ်တဲ့ဖြစ်ရပ်တွေကို အံတုယင်း၊ စစ်အာဏာနဲ့ အစိုးရဗျူရိုကရက်တွေပေါင်း စည်းထားတဲ့ အားကို ဆန့်ကျင်အာခံယင်း ကျမတို့ဟာ တခါတလေမှာ သံသယ ဖြစ်ခံနေရပါတယ်။ ဘယ်လို သံသယမျိုးလဲဆိုတော့ လက်ရှိ အမိန်အာဏာတွေဟာ အမြဲတမ်းမပျက်မသုဉ်းတည်ရှိမယ့်အရာတွေပဲလို့ ယုံကြည်နေသူတွေရဲ့ သံသယတွေ ပါပဲ။ ဒါကြောင့် လက်ရှိအခြေအနေကိုပဲ လက်ခံလိုက်တာကအသင့်လျှော်ဆုံး ဖြစ်မယ်လို့ နားလည်လက်ခံလိုက်သူတွေ ဘယ်လောက်များများရှိနေလဲဆိုတာ အံ့သြစရာပါပဲ။

ကျမတို့ဟာ ပြောင်းလဲဖို့လိုတဲ့ ကိစ္စတွေအတွက် ပြောင်းလဲဖို့အင်အားရှိတယ်လို့ ယုံကြည်ထားပေမယ့် အာဏာရှင်စနစ် ကနေ လစ်ဘရယ်ဒီမိုကရေစီကို ကူးပြောင်းဖို့သွားတဲ့ ခရီလမ်းဟာ လွယ်ကူလှတယ်၊ ဒါမှမဟုတ် ဒီမိုကရေစီအစိုးရ လက်ထက်မှာ ကျမတို့ရဲ့ ပြဿနာတွေအားလုံ ပြေပျောက်သွားမယ် လို့ ဘယ်တုန်းကမှ မှန်းဆ ခဲ့တာမျိုးမရှိပါဘူး။ ရှေ့မှာ ကျမတို့အတွက် ကြီးမားလှတဲ့ စိန်ခေါ်မှုတွေ စောင့်နေတယ်ဆိုတာ ကျမတို့သိသလို တည်ငြိမ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်တည်ထောင်ဖို့အတွက် ကျမတို့ရဲ့ လှုပ်ရှားရုန်းကန်မှုဟာ ကျမတို့ရဲ့ ဘ၀သက်တမ်းမက ကြာမြင့်ကောင်း ကြာမြင့်လိမ့်မယ်ဆိုတာ ကျမတို့ ကြိုတင်မှန်းဆထားပါတယ်။

ဒါပေမယ့် ဒီလိုလှုပ်ရှားရုန်းကန်မှုဟာ ကျမတို့ချည်းသက်သက်မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ရှာဖွေရာမှာ ကျမတို့ကို ဂရုဏာသက်သူတွေ ကမ္ဘာနဲ့အ၀ှန်းရှိနေတယ်ဆိုတာ သိပါတယ်။ လူမျိုး၊ ဘာသာနဲ့ အသားအရောင်မခွဲခြားပဲ နေရာတိုင်းက လူသားတွေ အနေနဲ့ အဓိပ္ပါယ်ရှိတဲ့ဖြစ် တည်မှုကိုလိုလားတောင့်တာ မှုဟာ ရုပ်ဝတ္ထုပစ္စည်း တပ်မက်မှုသက်သက်ထက် အဆပေါင်းများစွာ သာလွန်ပါတယ်။

နိုင်ငံရေးအခွင့်အရေးတွေအပြည့်အ၀ရှိတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်ခွင့်ရနေတဲ့ ကံကောင်းလှသူတွေ အနေနဲ့ ကျမတို့ရဲ့ ဆင်းရဲ ဒုက္ခတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးရဲ့အခြားတနေရာရှိ ကံမကောင်းအကြောင်းမလှသူတွေကို ကူညီဖို့ အင်မတန်လိုအပ်လှပါတယ်။

ကျမတို့ လှုပ်ရှားရုန်းကန်မှုရဲ့ တစ်စိတ်တစ်ပိုင်းကတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ကျမတို့ ဆင်းရဲမွဲတေနေရ တာဟာ လုံလောက်တဲ့ရင်းမြစ်နဲ့ ရင်းနှီးမြှတ်နှံမှုတွေ ရှားပါးလွန်လို့မဟုတ်ပဲ အုပ်ချုပ်မှုကောင်းကောင်းကို ပေါ်ထွန်းစေ တဲ့ အလေ့အကျင့်နဲ့ အခြေခံအဆောက်အအုံတွေ နည်းပါးလွန်းလို့သာဖြစ်တယ် ဆိုတာ သိမြင်နားလည်စေခြင်းပါပဲ။
ဖိနှိပ်လွန်းတဲ့အစိုးရတွေနဲ့ ဆက်လို့ နောက်တွန့်စိုးရွံ့ခြင်းမရှိတဲ့ နိုင်ငံစုံကျော် စီးပွားရေးလုပ်ငန်းကြီးတွေ အများအပြား ရှိပါတယ်။ သူတို့အနေနဲ့ မြန်မာ့စီးပွားရေးမှာ ပါဝင်ပတ်သက်ဖို့ လာရောက်ရတာဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို အကူ အညီဖြစ်စေဖို့သာဖြစ်တယ်လို့ အကြောင်ပြလေ့ရှိပါတယ်။

ဒါပေမယ့် နိုင်ငံရေးအာဏာနဲ့ စီးပွားရေးကို လက်ဝါးကြီး အုပ်ထားတဲ့ ချမ်းသာပြီးသားလူတစ်စုကိုသာ ပိုမိုချမ်းသာစေ တဲ့ ရင်းနှီးမြှတ်နှံမှုတွေဟာ ဒီမိုကရေစီစနစ်အတွက် အခြေခံအုဌ်မြစ်တွေဖြစ်တဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖေါ်ဆောင်ပေးနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် အတွေးအခေါ်လွတ်လပ်မှုနဲ့ လူသားဆန်တဲ့ကြံဆမှုတွေကို မြှင်တင်ပေးနိုင်မယ့် စွမ်းအားဖြန့်ကျတ်နိုင်သူ ဘယ်သူမဆို မြန်မာစစ်အစိုးရနဲ့ စီးပွားရေးလုပ်ဆောင်နေတဲ့ ကုမ္ပဏီင်္တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြတ်ပြတ် သားသားရပ်တည်ဆန့်ကျင်သွားဖို့ တိုက်တွန်းလိုပါတယ်။ ကျေးဇူးပြုပြီး ကျမတို့ရဲ့ လွတ်မြောက်မှုအတွက် ရှင်တို့ ရဲ့ လွတ်လပ်မှုကို အသုံချပေးပါလို့ တောင်းပန်ပါရစေ။

အထက်ပါစာစုမှာဝါရှင်တန်ရှိ အမေရိကန် တက္ကသိုလ်အတွက်ပေးပိုသော သူမ၏သ၀ဏ်လွှာကိုthe International Herald Tribune သတင်းစာကြီးက ပြန်လည်ဖေါ်ပြထားခြင်းဖြစ်သည်။သူမကိုယ်စားသူမ၏ခင်ပွန်းက ပြီး ခဲ့သည့်အပတ်တွင်လာရောက်ဖတ်ကြားသွားခြင်းဖြစ်သည်။

ရူကီရာ

http://www.kaowao.org/b/art09-nov17.php

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် အပိုင်း(၁)




ဗလ နိုဝင်ဘာ ၁၈ ၊၂၀၀၉။
၁၉၉၉-ခုလောက်က The Asian age သတင်းစာက သိပ္ပံ နဲ့ နည်းပညာ အခန်းမှာ စာတိုလေးတခု ဖတ်မိခဲ့ဘူးပါတယ်။ ဆိုလိုချက်ကတော့ တကမ္ဘာလုံးက တိုင်းပြည်တွေ အမေရိကန်လူနေမှု အဆင့် အတန်း မျိုး ရဖို့ဆိုရင် ဒီကမ္ဘာကြီးဟာ လေးဆလောက် ပိုကြီးဖို့လိုတယ် ဆိုတဲ့ အကြောင်းပါဘဲ။

ဒီနေ့တိုင်းပြည်တွေ အားလုံးကလဲ တိုးတက်ဖွံ့ဖြိုးရေး ချမ်းသာကြွယ်ဝရေး အတွက် အသဲအသန် ပြိုင်ဆိုင်ကြိုးစား နေကြတာလဲ အားလုံးအသိပါဘဲ။ အထက်ပါ သတင်းအရဆိုရင် နည်းပညာ၊ အရင်းအနှီး၊ အပြင် သဘာဝသယံဇာတ အတွက်ကိုလဲ အလုအယက် ပြိုင်ဆိုင်နေကြရအုံးမယ်လို့ နားလည်လို့ ရပါတယ်။ ဒီတော့ ကျနော်တို့ကသာ အားနည်း ချက်ရှိနေရင်တော့ ကျနော်တို့ရဲ့ သယံဇာတတွေကို တခြားသူတွေက ယူငင်သုံးဖွဲဖို့ အခွင့်အလမ်း ပိုများများရကြမှာ ဖြစ်ပါတယ်။

ကျနော်တို့ တိုင်းပြည် မှာ ပြည်တွင်းစစ် ဖြစ်နေတာ၊ တိုင်းပြည်ပြန်လည် တည်ဆောက်ရေး နဲ့ပါတ်သက်လို့ စစ်အာဏာ ပိုင်များနဲ့ ကျန်ပြည်သူလူထု စိတ်ဝမ်းကွဲပြီး ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲဖြစ်နေတာ၊ ဒါတွေကြောင့် တည်ငြိမ်အေး ချမ်းပြီး စုစည်းညီညွတ်တဲ့ အားပြည့်မန်ပြည့် အမျိုးသားနိုင်ငံအဖြစ် မရပ်တည်နိုင်သေးတာဟာ ကျနော်တို့ရဲ့ အားနည်း ချက်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျနော်တို့ရဲ့ သယံဇာတတွေကို ထိုက်ထိုက် တန်တန်ဈေးရအောင် ကျနော်တို့အတွက် ထိုက်ထိုက် တန်တန် အကျိုးရှိအောင် မလုပ်နိုင်ပဲဖြစ်နေကြပါတယ်၊ နောက်ဆုံး ကျနော်တို့ တိုင်းသူပြည်သားများရဲ့ လုပ်အားတွေတောင်မှ သူများနည်းတူ တန်ကြေးမရှိ အကျိုးမရှိဖြစ် နေကြရပါတယ်။ ဒီအပေါ်မှာ အိမ်နားနီးခြင်းများ အပါအဝင် အခြားတိုင်းပြည်တွေက အကျိုးရှိနေကြပါတယ်။

ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာ ကို ဖြေရှင်းဖို့ အမျိုးမျိုး အဖုံဖုံ ကြိုးစားလာခဲ့ကြတာ နှစ် ၂ဝ-ရှိလာပါပြီ၊ ဒါပေမဲ့ မအောင်မြင်သေးပါဘူး။ အခုကျနော် တင်ပြမဲ့ကြံဆချက်ကလဲ ဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားချက်တခု ဖြစ်တယ် ဆိုတာကိုကြိုးကြိုးတင်တင် ဝန်ခံပါတယ်။

အမျိုးသားရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ကျနော်တို့ ပြောနေကြတာက အားလုံးရဲ့ အကျိုးစီးပွါး အတွက်ဖြစ်တယ်၊ ရေရှည် အမျှော်အမြင် ကြောင့်ဖြစ်တယ်။ ယှဉ်ပြိုင်မှုတွေ သဲသန်ပြင်းထန်တဲ့ ဒီကနေ့ ကမ္ဘာကြီးထဲမှာ ကျနော်တို့ တိုင်းပြည်ဟာ အားမန်ပြည့်တဲ့ ယှဉ်ပြိုင်နိုင် စွမ်းကြီးတဲ့ စည်းလုံးညီညွတ်တဲ့ အမျိုးသားနိုင်ငံ ဖြစ်လာစေဖို့ ပြောနေတာဖြစ်ပါတယ်။ ဒါမှသာ ကျနော်တို့ရဲ့ သယံဇာတတွေ၊ ကျနော်တို့ ပြည်သူလူထုရဲ့ အကျိုးစီးပွါးတွေကို ကျနော် တို့ ကာကွယ်နိုင် မှာဖြစ်ပါတယ်။

ဗမာတိုင်းရင်းသားတွေနဲ့ ကျန်တိုင်းရင်းသားတွေကြား နိုင်ငံရေးခြားနားမှု ပြဿနာတွေကို အနာဂါတ် ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်တူညီစေခြင်းဖြင့် ဖြေရှင်းနိုင်မယ်လို့ မျော်လင့်ပါတယ်။ လက်ဝဲ လက်ယာ အုပ်စု ပြဿနာနဲ့  စစ်အုပ်စုနဲ့ ကျန်အင်အားစုများရဲ့ ပြဿနာကတော့ တယောက်ကို တယောက် အသိအမှတ်ပြုရေးနဲ့ နေရာ ပေးရေးနဲ့ ဖြေရှင်းရမယ်လို့ မျော်လင့်ပါတယ်။

တတိုင်းပြည်လုံး ပြည်သူတွေအတွက် အကောင်းဆုံး ဖြစ်အောင်နဲ့ ပြဿနာတွေ (နိုင်ငံရေး ပြဿနာတွေ) ဖြေရှင်းနိုင်ဖို့ အတွက်ကတော့ ဘယ်လိုအနာဂါတ်မျိုး တည်ဆောက်မလဲ ဆိုတဲ့အပေါ် သဘောတူကြဖို့ ဖြစ်ပါတယ်။ ဘယ်လိုပြည် ထောင်စုမျိုး ဘယ်လိုအနာဂါတ်မျိုး တည်ဆောက်မယ် ဆိုတာကို အကျ အန အကျေအလည် သဘောတူနိုင်ကြရင် အခြေအနေတွေ ပြောင်းလဲဖို့အတွက် စလုပ်လို့ ရမယ်လို့ ယုံကြည်ပါတယ်။

တပြည်လုံးမှာရှိတဲ့ ပြည်သူတွေ ၊အင်အားစုတွေ ဆိုပေမဲ့၊စစ်အုပ်စုနဲ့ ကျန်အင်အားစုတွေနဲ့ ကွာခြားပါတယ်၊ စစ်အုပ်စုက နိုင်ငံရေးအာဏာရယူပြီး တိုင်းပြည်ကို လက်တွေ့  အုပ်ချုပ်နေတဲ့ ကြီးမားတဲ့လက်နက်ကိုင် အင်အားစု ကြီးဖြစ်တယ်။ မြန်မာတိုင်းရင်းသားတွေ အပါအဝင် ကျန်အုပ်စုတွေကတော့ လက်နက်အင်အား ၊လူ၊ ငွေကြေး ၊အစစ (ချို့တဲ့) အကန့် အသတ် ရှိတဲ့အာဏာ လက်မဲ့ အတိုက်အခံ များဖြစ်ကြပါတယ်။ စစ်အုပ်စုဟာ တတိုင်းပြည်လုံး ၊ ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားနဲ့ သဘောဆန္ဒတွေကို ဆန့်ကျင်တာ၊ မျက်ကွယ်ပြုတာ၊ အသိအမှတ် မပြုတာကြောင့် ကျနော်တို့အနေနဲ့ စစ်အုပ်စုကို ဆန့်ကျင် တိုက်ခိုက်နေရတာ ဖြစ်ပါတယ်။

ကျနော်တို့က စစ်အုပ်စုကို ၊ အားလုံးအတွက် ကောင်းမွန်တဲ့ အနာဂါတ်အတွက် ညှိနှိုင်း ချင်တယ်။ အားလုံးအတွက် နေပျော်မဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို အတူတကွ သဘောတူ ဝိုင်းလုပ်စေချင်တယ်။ အားလုံးအတွက် တရား မျှတပြီး အာမခံချက်ရှိတဲ့ နိုင်ငံရေးစနစ်မျိုးမှာ နေစေ့ချင်တယ်။ ၂၁ ရာစု မှာ ဗမာပြည်ရဲ့ အဆင့်နေရာ ကောင်းမွန်တိုး တတ်ရေးအတွက် ညီညွတ်စွာ ဝိုင်းလုပ်စေ ချင်တယ်။ ဒါပေမဲ့--

စစ်အုပ်စုဟာ အဏာလက်ရှိ ဖြစ်နေတယ် အကြီးမားဆုံး လက်နက်ကိုင် အင်အားစုဖြစ်တယ်။ တိုင်းပြည်ကို လက်တွေ့ အုပ်ချုပ်နေတယ်ဆိုတဲ့ သူရဲ့အနေအထားပေါ်မှာ မာနကြီးစွာနဲ့ ကျန်တဲ့ အင်အားစုတွေ လူပုဂ္ဂိုလ်တွေကို မထေမှဲ့မြင် လုပ်နေတယ်။ အသိအမှတ် မပြုဘူး ဆန့်ကျင်တယ် အနာဂါတ်ပြည်ထောင်စု အရေးကိုလဲ သူ့အနေအထား ကောင်းရေး နဲ့ ကျန်အင်အားစုများကို နေရာမပေးရေး ဆက်လက်ချိုးနှိမ်ထားရေး သဘောထားနဲ့ ဘဲလုပ်နေတယ်။ ဒါ့ကြောင့်ကျနော် တို့က စစ်အုပ်စုကို တိုက်နေရတာ ဖြစ်တယ်။ စစ်အင်အားအပေါ်မှာ မာနတက်လှတဲ့ စစ်အုပ်စုကို ကျနော်တို့ စစ်ရေးဖိ အားမပေးနိုင်လို့ မဖြစ်ဘူး၊ သူ့ရဲ့ စစ်အင်အား မာနကို ရိုက်ချိုးနိုင်မှသာ သူ့ကိုအမျိုးသား နိုင်ငံရေး လမ်းကြောင်းပေါ် ပြန်ဆွဲခေါ်နိုင်မှာ ဖြစ်တယ်။ ဒီအတွက် ကျနော်စဉ်းစားတဲ့ အဖြေကတော့ ပြည်ထောင်စုတပ် ( Federal Army) ဖြစ် ပါတယ်။

ဒီပြည်ထောင်စုတပ် ( Federal Army) က ကျနော်တို့ရဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းပေးမှာလည်းဆိုတာကို ဒီလို စဉ်းစားကြည့်မိ ပါတယ်။ ◊ ပထမဆုံး ထင်သာမြင်သာရှိတဲ့ စစ်ရေးကိစ္စမှာဆိုရင် တပြည်လုံးကိုဖြန့်ခွဲချထားတဲ့ သူ့တပ် တွေကို သူတို့ရဲ့ စစ်ရုံးချုပ်ကနေ လိုအပ်သလို တပြည်လုံးမှာ စစ်ဆင်ကစားနိုင်တယ်။ တပြည်လုံးမှာ ပြန့်ကြဲတည်ရှိနေ တဲ့ ကျနော်တို့ တော်လှန်ရေးတပ်တွေကတော့ ကိုယ်နယ်မြေရဲ့ အပြင်ကို ထွက်ပြီးစစ်မကစား နိုင်သလို တပြည်လုံးရဲ့ စစ်ရေးလိုအပ်ချက် အတွက်ကိုလည်း ကိုယ့်နယ်မြေထဲကနေ စစ်မကစား ပေးနိုင်ကြဘူး။ တပြည်လုံးအတွက် ကိုယ်စား ပြုမဲ့ ပြည်ထောင်စုတပ်ကတော့ တပြည်လုံးစစ်ရေးလိုအပ်ချက်အတွက် ကျနော်တို့ရဲ့ စစ်ရုံးချုပ်က လိုသလို စစ်ကစား ပေးနိုင်မှာ ဖြစ်တယ်။◊ စစ်အာဏာရှင် အောက်က ပြည်သူ့ဘက်ကို ပြောင်းချင် နေတဲ့ မျိုးချစ်စစ်သည် များအတွက် ပြောင်းလာစရာ နေရာရှိလာမှာ ဖြစ်တယ်။ ဒီလိုနည်းနဲ့ သူ့အတွင်းမှာ ပြဿနာဖြစ်နေတဲ့ စစ်ပြေး တပ်ပြေး ကိစ္စကို ပိုပို ဆိုးလာစေပြီး သူ့ကို တဘက်လှည့်နဲ့ စစ်ရေးဖိအား ပေးလာနိုင်မှာဖြစ်တယ်။ ◊ ပြည်ထောင်စုတပ်ဟာ ကျနော်တို့ကြား တွေထဲမှာရှိနေတဲ့ ပြဿနာများအတွက်ကြားခံပေးထားမဲ့ အရာတခုဖြစ်လာ နိုင်သလို ပြဿနာတွေ ဖြေရှင်းဖို့ ဆုံချက် တခု အဖြစ်လည်း အသုံးကြ နိုင်သလို စည်လုံးညီညွတ်ရေးရ ဖို့အတွက် နားလည်မှုနဲ့ ယုံကြည်မှု တည်ဆောက်ရေး အတွက် ပေါင်းကူး အဖြစ်လည်း အသုံးကြ နိုင်ပါတယ်။


ဒီ ပြည်ထောင်စုတပ်ကို ဘယ်လိုတည်ဆောက် ယူကြမလဲ။ ကျနော်တို့တွေ စစ်ရေးလိုအပ်ချက်အတွက် မဟာမိတ်တွေ တပ်ပေါင်းစုတွေတော့ အမျိုးမျိုးဖွဲ့ဘူးကြတဲ့ အတွေ့အကြုံ ရှိကြပါတယ်၊ တကယ့် လိုအပ်ချက်ကို မြင့်မြင့်မားမား မဖြည့် ဆည်းပေးနိုင်ခဲ့ပါဘူး။ အဲဒီ အရင်နည်း တွေနဲ့တော့ အလုပ်မဖြစ်ဘူးဆိုတာ နားလည်မိပါတယ်။ ကျနော်တို့ လိုအပ်ချက် ကို ဖြည့်ဆည်း နိုင်ဖို့ဆိုရင် အချိုးကြ စစ်သားထည့်ဝင်ကြတဲ့နည်း၊ တံဆိပ်ပြောင်းကပ်တဲ့နည်း၊ တွေ မဟုတ်ဘဲ ပြည်ထောင်စုတပ်အတွက် သီးသန့် သင်တန်းခေါ်ယူတာဖြစ်စေ တပ်သားသစ်ခေါ်ယူတာဖြစ်စေ လုပ်တာကနေ စကြရ ပါမယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် ပြည်ထောင်စုတပ်ရဲ့ ဒီဇိုင်းနဲ့ အခြေခံသဘောကိုကြိုပြီးသဘောတူ ထားကြရပါမယ်။ အဲဒီ သဘောတူညီမှုကို တာဝန်ခံနိုင်ကြဖို့အတွက် အနာဂါတ် ပြည်ထောင်စု တည်ဆောက်မှုအပေါ်မှာကြိုပြီးသဘောတူ ကြရပါမယ်။ အနာဂါတ် ပြည်ထောင်စု ပုံစံကတော့ ဖက်ဒရယ်ပြည်ထောင်စုဘဲ ဖြစ်ပါလိမ္မယ်။ ဒါတွေကို ကျနော့်သဘော ကတော့ တခုပြီးမှ တခု လုပ်ဖို့လဲ မဟုတ်ပါဘူး၊ အားလုံးပါအောင် ညှိပြီး ညီပြီးမှ လုပ်ဖို့လဲ မဟုတ်ပါဘူး၊ ရတဲ့နေရာက စညှိပြီး ညီသလောက်က စလုပ်ကြဖို့ဘဲ ဖြစ်ပါတယ်။ စေတနာမှန်တယ် လုပ်တာမှန်တယ်ဆိုရင် ကျနော်တို့ သေးသေး ကစလ ကြီးလာမှာဘဲ နဲနဲကစလဲ များလာမှာဘဲ ကျနော်တို့က ကျနော်တို့ရဲ့ အင်အားကြီးလာမှာ။ ကျနော်တို့နဲ့ ညီတဲ့ သူတွေ များလာမှာကို မကြောက်ဖို့ဘဲ လိုပါတယ်။

နောက်တခုက ကျနော်တို့ အနေနဲ့  ပြဿနာ အတော်များများကို လက်ငင်းဖြေရှင်းဖို့ လိုတယ်လို့  ယူဆပါတယ်၊ ဘယ်ကိုဦးတည် ပြီးဖြေရှင်းကြရမလဲ ဆိုတော့၊ အနာဂါတ် ပြည် ထောင်စု ဗမာနိုင်ငံတည်ဆောက်ရေးကို ဦးတည်ပြီး လုပ်ကြရပါမယ်။ အလုပ်ဖြစ်အောင်လုပ်နိုင်ဖို့ ကျနော်တို့မှာ တိကျ ရှင်းလင်းတဲ့ ပေါ်လစီ ရှိရပါမယ်၊ ဘုံအခြေခံနဲ့ ဘုံရည်မှန်းချက် ရှိရပါမယ်၊ ဘုံလုပ်ငန်းစဉ် ရှိရပါမယ်။ ဒါက အများပြောနေကြတဲ့အတိုင်း ကျနော်ပြောကြည့်တာပါ၊ တကယ်ပြောချင်တာက ဘာဖြစ်အောင်လုပ်ကြမလဲ၊ ဘယ်လို လုပ်ကြမလဲ ဆိုတာ စဉ်းစားချက်နဲ့ သဘောတူချက်တွေ ရှိထားကြဘို့ပါဘဲ။ လက်လှမ်းမှီတဲ့ အနီးဆုံး အသေးဆုံး တွေကနေ စလုပ်ကြရပါမယ်။ ကိုယ့်ရဲ့ အနာဂါတ်တည်ဆောက် ရေးအတွက် အမျိုးသားရင်ကြားစေ့ရေးကို ကိုယ့်ဘေးနားမှာ ရှိတဲ့လူနဲ့ စလုပ်ကြဖို့ ပါဘဲ။

ကျနော်တို့ရဲ့စစ်ဦးစီးချုပ်ရုံးကို ဖွဲ့စည်းဖို့က ရိုးရိုးရှင်းရှင်းနဲ့  မရနိုင်သေးပါဘူး၊ကြားခံ စစ်ကော်မရှင်လိုဟာမျိုး တခုလိုအပ် နိုင်ပါတယ်။ စစ်ကော်မရှင်ကို မူလကတည်းက ရှိခဲ့တဲ့လူမျိုးစု တော်လှန်ရေး အဖွဲတွေထဲက စစ်ရေးခေါင်းဆောင်တွေ ထဲက သင့်တော်တဲ့ အရေအတွက်ကို သတ်မှတ် သဘောတူပြီး စလုပ်ကြရပါမယ်။ အဲဒီအောက်မှာမှ စစ်ဦးစီးချုပ်ကို ရွေးချယ် ခန့်ထားကြရ လိမ္မယ်ထင်ပါတယ်။ စစ်တပ်ကို အရပ်သား အုပ်ချုပ်မှုက ကွှပ်ကဲ ရမယ်ဆိုတာ အတွက်နဲ့ အမှန် တကယ် စောင့်ကြည့် အကဲဖြတ်နိုင်ရေးအတွက် ထောက်လှမ်းရေး သတင်းတွေကို စစ်ကော်မရှင်ကို တက်ခိုင်းပြီးတပ်မှူး အဆင့်ဆင့် အစီရင်ခံစာကိုတော့ စစ်ဦးချုပ်ဆီ တက်ခိုင်းရပါမယ်၊ ပြီးတော့ သုံးသပ်အကဲဖြတ်ခြင်း၊ စစ်ဆင်ရေးစီမံ ချက်ရေးဆွဲ ခြင်း၊ ဆုံးဖြတ်ချက်ပေးခြင်း၊ စတာတွေကို စစ်ကော်မရှင်နဲ့ စစ်ဦးစီးချုပ်တို့က အတူ ပူးပေါင်းဆောင်ရွက် ကြရပါမယ်။

ဒီလောက် ဆိုရင်တော့ ပါဝင်ပါတ်သက်ကြမဲ့ စစ်ရေးသမားတွေ အဖွဲ့အစည်းတွေ အသီးသီးကို ထိုက်သင့်တဲ့ လေးစားမှု နဲ့ လက်ခံနိုင်လောက်တဲ့ ယုံကြည်စိတ်ချမှု ပေးနိုင်လောက်မယ် ထင်ပါတယ်။ မလုံလောက်သေးရင်လဲ တကယ်လိုလို ချင်ချင်နဲ့ ညှိကြတယ်ဆိုရင် အလုပ်ဖြစ်နိုင်လောက်တဲ့ ဒီဇိုင်းနဲ့ နည်းလမ်းက ရလာမှာပါ။ ရှေ့တန်းက စစ်သားတယောက် ရဲ့သေနပ်က ကျည်ဆံထွက်နေဖို့ နောက်တန်းက လူခုနှစ်ယောက်လောက်က ဝိုင်းလုပ်ပေးနေဖို့ လိုတယ် လို့ကြားဖူးပါ တယ်။ အခုလဲ ကျနော်တို့ရဲ့ ပြည်ထောင်စု တပ်မတော်အတွက် ရိက္ခာ၊ ယူနီဖေါင်း၊ ဆေးဝါး၊ လက်နက်၊ သတင်း၊ စတဲ့ လိုအပ်ချက်တွေကို ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ပြဿနာ ရှိလာပါပြီ။ ဒီလိုအပ်ချက်နဲ့ ကျနော်တို့ရဲ့ ပြည်သူတွေ နိုင်ငံရေး အဖွဲ့ အစည်းတွေကြားမှာ အဆက်အစပ် ပြုဖို့ ( စီမံခန့်ခွဲရေး ယန္တယား တခု ) ဗြူရိုကရေစီ ယန္တယားတခု လိုအပ်လာ ပါတယ်။

ဗြူရိုကရေစီ ယန္တယား တည်ဆောက်ရေးဟာ စစ်အာဏာရှင်စံနစ် ဆန့်ကျင်ရေး လုပ်နေကြတဲ့ ကျနော်တို့ ရဲ့ ဒီမိုကရေ စီရေး လှုပ်ရှားသူများ၊ အဝန်းအဝိုင်း အတွင်းမှာရှိနေတဲ့ ပြဿနာ အတော်များများကို ဖြေရှင်းပြီး ကျနော်တို့ကို ကျနော် တို့ နောက်တဆင့် တိုးတက်အောင် လုပ်ဖို့အခြေအနေ ပေးလာမှာ ဖြစ်ပါတယ်။ ဒီ ဗြူရိုကရက်ယန္တယားတည်ဆောက် ရေးကို အောင်မြင်အောင် လုပ်နိုင်တယ်ဆိုရင် စစ်အာဏာရှင် စံနစ်ရဲ့ အစိုးရ ယန္တယားကို ဒီမိုကရေစီ စံနစ်ရဲ့ အစိုးရ ယန္တယားနဲ့ အစားထိုးပစ် နိုင်မယ်။ ဒီနေ့ ကျနော်တို့ တိုင်းပြည်ရဲ့ အကြပ်အတည်း ပေါ်ကနေ အမြတ်အစွန်း ထုတ်ယူနေ ချင်လို့ စစ်အစိုးရကို ဖယ်ရှားလိုက်ရင် အာဏာဟာ ကွက်ဖြစ်သွားပြီး ဒေသတည်ငြိမ်ရေး ပျက်သွားတော့ မယောင်ပြော နေကြတဲ့ သူတွေရဲ့ စကားကိုလဲ ရိုက်ချိုးနိုင်ပြီးသား ဖြစ်သွားမယ်။ ကျနော်တို့ ဒီမိုကရေစီရေး လှုပ်ရှားသူများ အနေဖြင့် ပြည်သူလူထုနဲ့ဆက်စပ်ပြီး ဒီမိုကရေစီ စတင်ကျင့်သုံး လေ့ကျင့်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ချင်တဲ့ကျနော် တို့တွေ ဖက်ဒရယ်စံနစ် စတင်ကျင့်သုံးလေ့ကျင့်ဖို့ အတွက်တော့၊ ကျနော်တို့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်း တွေရယ်၊ ပြီးတော့ ပြည်သူလူထု၊ ဗြူရိုကရေစီယန္တယားနဲ့၊ ပြည်ထောင်စုတပ်မတော်ကို ဘယ်လိုဆက်စပ်တည်ဆောက် လည်ပါတ်ကြမလဲ ဆိုတာကနေ အဖြေတွေ အများကြီးကို ပေးလိမ္မယ်လို့ ယုံကြည်ပါတယ်။

တိုင်းချစ် ပြည်ချစ် စိတ်ရှိပြီး တက်ကြွတဲ့ ဗြူရိုကရက် တွေကို ဗြူရိုကရက် ကောင်းလို့  ခေါ်ပါမယ်။ သူတို့က ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ တွေကို ထိမ်းသိမ်းပြီး ယန္တယား ကိုပုံမှန် လည်ပတ်စေရပါမယ်။ အပေါ်ကလာရင် အောက် ချပေးလိုက်၊ အောက်ကလာရင် အပေါ်တင်ပေးလိုက် ဆိုတာလောက်ဘဲ လုပ်ချင်တဲ့၊ ဘာကိုမှ မဆုံးဖြတ်တဲ့ ၊ဘာကိုမှ တက်တက်ကြွကြွ တာဝန်ယူမှုမရှိတဲ့၊ ဗြူရိုကရက် မျိုး ကျနော်တို့  ခုချိန်မှာ၊ မလိုသေး ပါဘူး။ ကိုယ့်ရဲ့  ကျွမ်းကျင်မှုနဲ့၊့ အရေးပါမှုကို ရှေ့တန်းတင် မာနတက်ပြီးတော့ အပေါ်က ဖိအားပေးတာလဲ မကြိုက်ဘူး၊ အောက်က ဖိအားပေးတာလဲ မကြိုက်ဘူး၊ ဆိုတဲ့ ဗြူရိုကရက် မျိုးလဲ အလုပ်မဖြစ် သေးပါဘူး။ ထစ်ကနဲ့  ရှိရင် ပညာပြလိုက်မယ် ဆိုတဲ့ ရင့်ကျက်မှု နည်းသူတွေ နဲ့လည်း အလုပ်မဖြစ်နိုင်သေး ပါဘူး။( အဲဒီလိုစဉ်းစား လိုက်ရင် လူကောင်းရဖို့  ဘယ်လောက် ခက်သလဲ၊ ဆိုတာကိုက ကျနော်တို့ လူမျိုး ဘယ်လောက် ငယ်သေးသလဲ၊ ဘယ်လောက်ဆင်းရဲ သေးသလဲ ဆိုတာကို ပြတာဘဲ ပေါ့ဗျာ။)

ဗလ

http://www.kaowao.org/b/art09-nov18.php

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUB)၏ သဘောထားထုတ်ပြန်ကြေညာချက်

Ftub Statement

ဒီမိုကရေစီစနစ်အား ဦးတည်သည့် အခြေခံဥပဒေသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်




ညီညီချမ်း နိုဝင်ဘာ ၁၉ ၊၂၀၀၉။
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၀ ခုနှစ်

န အ ဖ စစ်အစိုးရ၏ လမ်းပြမြေပုံအရ ၂၀၁၀ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ရွေးကေက်ပွဲအား ထောက်ခံစေလိုသောရည်ရွယ်ချက်ဖြင့် “ အခြေခံ ဥပဒေဖြင့်သာ ဒီမိုကရေစီ ရနိုင်သည်” ဟူသော ကြေငြာစာတမ်းကိုစစ်အစိုးရပိုင်ကြေးမုံသတင်းစာတွင် ဝေေ၀ဆာဆာ ဖေါ်ပြထားပါသည်။


ထိုကြေငြာစာတမ်းကို ယနေ့ ကမ္ဘာကြီး၏ ပြောင်းလဲမှု ဖြစ်စဉ်နှင့် နှိုင်းယှဉ်အဖြေရှာ ကြည့်ရာ ဗုဒ္ဒမြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် အကြောင်းနှင့် အကျိုး နိယာမ သဘောတရားနှင့် ဆန့်ကျင် ခြားနား နေသည်ကို မြင်တွေ့ကြရမည် ဖြစ်သည်။ အကြောင်းကား လုပ်ဆောင် အကောင်အထည်ဖေါ်မှုဖြစ်ပြီး၊ အကျိုးကား ထိုလုပ်ဆောင် အကောင်အထည်ဖေါ်မှုနှင့် စပ်လျှဉ်းသည့် ဖြစ်ပေါ် ပြောင်းလဲမှု၏ ရလာဒ် ဖြစ်သည်။

ဒါ့အပြင် သဘာဝအလျှောက် ဖြစ်ပေါ် ပြောင်းလဲလေ့ရှိသည့် ရာသီဥတု ဖေါက်ပြန်မှု ဘေးအန္တရာယ်၊ ရောဂါအငတ်ဘေး ကဒ်ဆိုးများသည်လည်း ချို့ယွင်းချက်အရ ရှိနေတတ်ပါသည်။ သို့ရာတွင် များပြားသော သဘာဝဘေးအန္တရာယ် ကဒ်ဆိုး သည်လည်း လူတို့၏ ပြုမူခြင်းကြောင့် ဖြစ်ပေါ်ပြောင်းလဲ နေသည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့နေကြမှာပါ။

ဥပမာ --- စည်းမဲ့ကမ်းမဲ့ သစ်ပင်ခုတ်လှဲမှုကြောင့် တောပြုံး၍ ရာသီဥတု ဖေါက်ပြန်ပြီး မိုးသည်း ရေကြီးကာ သဘာဝ ဘေးအန္တရာယ်များ (natural disasters) ပျက်စီး လာစေသကဲ့သို့ လူတို့၏ လူမဆန်သည့် နိုင်ထက်စီးနင်းမှု ကြောင့် အပြစ်မဲ့ လူသားအချို့ တိမ်းရှောင်ထွက်ပြေးရကာ အစာရေစာ ငတ်ပြတ် မွဲတေနေရသော လူသားတို့ ဖန်တီး သည့် ဘေးကဒ်ဆိုးကြီး (man made disasters) ကိုလည်း ကမ္ဘာ့နေရာ အနှံ့အပြားတွင် ဖြစ်ပွားနေသည်မှာ လျှစ်လျှူရှုထား၍ မရသည့် အချက်ဖြစ်သည်။ ဤဖြစ်စဉ်ကို သုံးသပ်ကြည့်လျှင် လူသားတို့၏ အဆင်အခြင်မဲ့ လုပ်ရပ် ကြောင့်ဘဲ ဘေးဒုက္ခ ရောက်နေသည်မှာ မဟုတ်ပါလား။

ဟုတ်ပါပြီ ဒါဆိုရင် န အ ဖ ကြွေးကြော် ၀ါဒဖြန့်နေသည့် အခြေခံ ဥပဒေဖြင့်သာ ဒီမိုကရေစီ ရနိုင်သည် ဆိုသော စာတမ်းကို လေ့လာသုံးသပ်ရန် လိုလာသည်။ ထိုကြွေးကြော်သံကို အဖြေရှာကြည့်သည့်အခါ- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဆိုပြီး ပုဒ်မ ၄၀၇ အရ နိုင်ငံရေး ပါတီများ၏ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံရေးပါတီများ ခေါင်းစဉ်တွင် ကန့်သတ် ပိတ်ပင်ထားသည်ကို တွေ့ရှိရမည် ဖြစ်သည်။ ထို့အပြင် အခန်း ၁၁ ပါ အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်များ ပုဒ်မ ၄၁၃ အရ ကာကွယ်ရေး ဦးစီးချုပ်မှ နိုင်ငံသားများအပေါ် မည်သို့မည်ပုံ အရေးယူနိုင်သည့် လုပ်ပိုင်ခွင့် အာဏာများ လည်း ပါရှိနေသေးသည်။

စဉ်စစ်တွင်မူ ဖွဲ့စည်းအုပ်ချုပ်ပုံ၏ ဆိုလိုရင်းအဓိပ္ပါယ်မှာ နိုင်ငံသားတို့၏ လုံခြုံ လွတ်လပ်ခွင့်ကို အာမခံအကာအကွယ်ပေးရမည့် အပြင် အုပ်ချုပ်သူ အစိုးရအား အုပ်ချုပ် ပိုင်ခွင့်ကို အကန့်အသတ် အတိုင်းအတာနှင့် ဘောင်ခတ်ထားသည့် အုပ်ချုပ်သူ အစိုးရနှင့် နိုင်ငံသားများ အကြား သဘောတူညီချက် ရယူထားသည့် စာချုပ်ပင်ဖြစ်သည်။ အထက်စာပိုဒ်ပါ တွေ့ရှိချက်အရ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံသည် အုပ်ချုပ်သူ အစိုးရမှ လုပ်ပိုင် ခွင့် အခွင့်အရေးများ ရယူထားကာ နိုင်ငံသား ပြည်သူလူထုကို ဘောင်ခတ် ထားသည်မှာ အထင်အရှားသည်။ ဤအချင်းအရာ သည် ဖွဲ့စည်းပုံ၏ မူရင်း အဓိပ္ပါယ်နှင့် ဆန့်ကျင်နေပါသည်။

ဖွဲ့စည်းပုံပါ - ပုဒ်မ ၄၁၈ (က) (ခ) နှင့် ၄၁၉ တို့အရ တပ်မတော် ကာကွယ်ရေး ဦးချုပ်အား အုပ်ချုပ်ရေး အာဏာ (Executive Power)၊ ဥပဒေပြုရေး အာဏာ (Legislative Power) နှင့် တရားစီရင်ရေးအာဏာ(JudicialPower) တို့ကို ကျင့်သုံးဆောင်ရွက်ခွင့် ပေးထားသည်။ ဒီမိုကရေစီ နိုင်ငံတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာအလုံးစုံကို မည်သူတဦး တယောက်အား ပေးအပ်ထားခြင်း မရှိပေ။ အာဏာအလွန်အကျွံ မသုံးစွဲနိုင်ရန် စောင့်ကြည့် ထိန်းညှိ (Check and Balance) လုပ်ထားသည်။ န အ ဖ ဖွဲ့စည်းပုံတွင် စစ်တပ် (သို့မဟုတ်) ကာကွယ်ရေး ဦးစီးချုပ်အား အာဏာ (၃) ရပ်စလုံး ပေးထားသည်မှာ ဒီမိုကရေစီစနစ်နှင့် သွေဖီနေကြောင်း ထောက်ပြ လိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံသားများကို မျက်လှည့်ထားပြီး စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို အသက်သွင်းထားခြင်း ဖြစ်ပေသည်။

“ နိုင်ငံတော်၏ အမျိုးသားဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်နိုင် ရေး” ဆိုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၆) အယူအဆသည် - ပုဒ်မ (၇) “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ကျင့်သုံးသည် ” ဟူသော အဆိုကို အတိအလင်း ဆန့်ကျင်နေသည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော မည်သည့်နိုင်ငံတွင်မဆို တပ်မတော်အား အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခွင့်အရေး ပေးထားသည်ကို မတွေ့ရပေ။ သို့ဖြစ်၍ စစ်တပ်အား နိုင်ငံတော်၏ အမျိုးသားဦးဆောင်မှုကို ဖွဲ့စည်းပုံ ဥပဒေတွင် ပေးထားသည်မှာ ဒီမိုကရေစီလမ်း စဉ်ကို ဦးတည်နေခြင်း မဟုတ်ကြောင်း အထင်အရှား ပြနေပါပြီ။ ဤအယူအဆသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ လို့ ကြွေးကြောနေသည့် န အ ဖ သည် ဒီမိုကရေစီကျင့်စဉ် စည်းကမ်းကို ဦးစွာ ချိုးဖေါက်လိုက်ပြီဟု ဆိုရမည်ပင်။

ဒါ့အပြင် န အ ဖ စစ်ခေါင်းဆောင်များ မကြာခဏ ပြောလေ့ရှိသည့် ဒီမိုကရေ စီစနစ် တည်ထောင်ရာတွင် နေ့ချင်း ညချင်း မဖြစ်နိုင်ကြောင်းလည်း ရှိသေးသည်။ ဒီမိုကရေစီသို့ တဖြည်းဖြည်း ချီတက်ရမည်၊ အချိန်ယူပြင်ဆင်ရမည်ဟု ၎င်းတို့ ဆိုလိုခြင်း ဖြစ်သည်။ ဒါဆိုရင် ဒီမိုကရေစီစနစ်၏ အခြေခံဖြစ်သော လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်၊ လွတ်လပ် စွာ ထုတ်ဖေါ်ပြောဆိုခွင့် ရှိစေရန် နိုင်ငံရေးပါတီ အားလည်းကောင်း၊ တဦးချင်းဆီအားလည်းကောင်း အယူချိန်ယူ ပြုစု ပျိုးထောင် ပေးရမည် မဟုတ်ပါလော။ သို့သော် လက်တွေ့တွင် နိုင်ငံရေး ပါတီများ လှုပ်ရှားမှု မရှိစေရန် ၈၈ မျိုးဆက် ကျောင်းသားများ၊ တိုင်းရင်းသား အင်အားစုများနှင့် NLD ကဲ့သို့သော နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များနှင့် အရေး ပါသော ပုဂ္ဂိုလ်များအား ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် န အ ဖ မှ ဒီမိုကရေစီသို့ ဦးတည်သွားမည့် အချိန်ယူ ပြင်ဆင် ခြင်းမှု မရှိကြောင်းကို အခိုင်အမာ ပြနေပေသည်။

ခြုံငုံသုံးသပ် ကြည့်မည်ဆိုလျှင် စစ်အစိုးရ၏ နိုင်ငံရေး ဦးတည်ချက်သည် လည်းကောင်၊ ကာကွယ်ရေး ဦးစီးချုပ်အား အဏာ အလွန်အကျွံပေး ပေးထား သည်ကိုလည်းကောင်း၊ နိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှားသူများ၏ လွတ်လပ် စွာ ထုတ်ဖေါ်ပြောဆို စည်းရုံးခွင့်အားလုံး ပိတ်ပင်ထားသည်မှာ ဒီမိုကရေစီစနစ်ပေါ်ထွန်းရန် အကောင်အထည်ဖေါ်နေ ခြင်း မဟုတ်ကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်လည်း ဒီမိုကရေစီကို ဦးတည်နေသည့် ဘောင်လမ်းကြောင်း မဟုတ်ကြောင်း တွေ့ရသည်။

ဒီမိုကရေစီနိုင်ငံတွင် စစ်တပ်မှ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ မည်မျှ လျှော့ထားသည်ကို မီးမောင်းထိုးပြရမည် ဆိုလျှင် အမေရိကန် နိုင်ငံတွင် စစ်တပ်ကို အာဏာသိမ်းရန် စမ်းသတ်ခဲ့ပါသေးသည်ဟု စာရေးသူ၏ ရင်းနှီးသော မိတ်ဆွေတဦးမှ ပြောပြချက်အရ သိရသည်။ သို့သော် အရပ်သားပြည်သူ အုပ်ချုပ်သည့် စနစ်ကို အမေရိကန် စစ်တပ်က လေးစားလိုက်နာ၍ စစ်အာဏာ မသိမ်းခဲ့ပေ။ ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ဟောင်း တက်ဆင်၏ အာဏာ အလွဲသုံးစား ချယ်လှယ်မှု၊ အကတိလိုက်စားမှု၊ ဥပဒေ ချိုးဖေါက်မှုတို့ကို အဆုံးသတ်ရန် ၂၀၀၆ နှစ်တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်း ခဲ့သည်ကိုပင် နိုင်ငံတကာမှ အထောက်အပံ့များ ရုပ်သိမ်းခြင်းနှင့် ရှုတ်ချမှုများကို ချက်ချင်း ဆိုသလို အလူးအလဲ ခံလိုက် ရသည်။

အချုပ်ဆိုရသော် န အ ဖ ရေးဆွဲ အတည်ပြုထားသည့် နာဂစ်ဖွဲ့စည်းပုံကို နားလည်လွယ်အောင် ပြောရမည်ဆိုလျှင် “နွားမွေးရင် ကျွဲမဖြစ်၊ အရှေ့ဘက် သွားရင် အနောက်အရပ် မရောက်” သကဲ့သို့ပင် စစ်အာဏာရှင်စနစ်ကို ဦးတည်နေသည့် ဖွဲ့စည်းပုံသည် အဘယ်ကဲ့သို့ ဒီမိုကရေစီ ရနိုင်မည်နည်း။ ဒီမိုကရေစီစနစ်ကို တည်ဆောက်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အဖြစ်သို့ သက်ဆိုင်သူအားလုံး ပါဝင် ပြန်လည်ပြင်ဆင် ဖြည့်စွက်မှသာလျှင် ဒီမိုကရေစီနိုင်ငံ တည်ဆောက် နိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

ညီညီချမ်း

http://www.kaowao.org/b/art09-nov19.php

19 Nov ဒိုင်ယာရီ

http://www.multiupload.com/8RVV4CFRCG

nov 19 09 Diary

တော်လှန်ရေးသမား ၃၄ ယောက်အတွက် ဒီမိုကရေစီခေါင်းဆောင်များ ကာကွယ်ထွက်ဆို (ရုပ်သံသတင်း)
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ နိုဝင်ဘာလ 19 ရက် 2009 ခုနှစ် 15 နာရီ 59 မိနစ်

Joint Statement No.7/2009 of ABMA+88G+ABFSU

Joint Statement No.7 2009 Bur

မြန်မာပြည်၏ ငြိမ်းချမ်းရေးမိခင်ကြီး..

ရဲရင့်ငယ်ဘလော့တွင်မသဒ္ဓါ ၏ပထမဆုံးပို့စ်ဖြစ်ပါတယ်။
မကြီး.............။



ဒီဇိုင်း ကိုမျိုး..