Thursday, December 3, 2009

3 DEC ဒိုင်ယာရီ

http://ifile.it/x6na5zy

http://www.scribd.com/doc/23627195/3-Dec-2009-Diary
3 Dec 2009 Diary

မောင်တောမြို့  AIM ရုံးတွင် ဖြစ်ပွားခဲ့သော ပြဿနာနှင့် ပတ်သက်ပြီး ကာယကံရှင်များ၏ တိုင်ကြားစာ

http://ifile.it/fnoig5l
http://www.multiupload.com/76D58H1TF0
http://www.scribd.com/doc/23622594/AIM-Letter
AIM Letter

မန္တလေးပြည်သူတွေခံစားနေရတဲ့ ဆေးရုံကလုပ်ရပ်


`စရိတ်မျှပေး ကျန်းမာရေး´ တဲ့လေ

ကျမရှေ့က အမောဖောက်နေတဲ့ လူနာကို စမ်းသပ်စစ်ဆေးရင်း အပြင်ဆေးခန်းမှာ သူ့နှလုံးကို Echocardiogram ချက်ခြင်းသွားရိုက်ဖို့ လိုအပ်တယ်ဆိုတာပြောရင်း “စရိတ်မျှပေး ကျန်းမာရေး” ဆိုတဲ့ ဆိုင်းဘုတ်ကို စိတ်မသက်မသာ မော့ကြည့်မိတယ်။

ကျမလိုပဲ အဲ့ဒီဆိုင်းဘုတ်ကို စိတ်မသက်မသာ မော့ကြည့်မိတဲ့ လူနာရှင်ဟာလည်း မျက်နှာငယ်လေးနဲ့ “ဆရာမ ဒီမှာပဲ ရိုက်လို့ မရဘူးလား။ အပြင်မှာ သွားရိုက်ရရင် ဘယ်လောက်ကုန်မလဲ” ဆိုပြီး လေသံတိုးတိုးလေးနဲ့ မေးရှာတယ်။ သူမေးတဲ့မေးခွန်းဟာ သူမသိလို့ မေးတာမဟုတ်ပဲ စိတ်ထွက်ပေါက်ရလိုရငြား မေးတယ်ဆိုတာ သိသာနေတယ်။

အမှန်တော့ ကျမ တာဝန်ကျနေတဲ့ ဒီမန္တလေး အထွေထွေ ဆေးရုံကြီး က နှလုံးရောဂါ ဝေဒနာရှင်လူနာတွေကို စမ်းသပ်တဲ့ Echocardiogram စက်က မရှိတာ မဟုတ်။ ရှိနေရက်နဲ့ ပျက်နေတာကို မပြင်တာဆိုတာကို ကျမ လူနာရှင်တွေ၊ လူနာတွေကို ရှက်ရှက်နဲ့ပဲ၊ မျက်နှာပူပူနဲ့ပဲ ရှင်းပြနေရတာ ၃ နှစ်လောက် ရှိပါပကော။

ဒီ Echocardiogram စက်ဆိုတာ နှလုံးထဲမှာ ဖြစ်တတ်တဲ့ နှလုံးသွေးကြောပိတ်တာ၊ နှလုံးသွေးကြောနံရံတွေ ပုံမှန်မဟုတ်တာ၊ နှလုံးကြွက်သားတွေ ပုံမှန် အလုပ် လုပ်မလုပ် စတာတွေကို Ultrasound စနစ်နဲ့ စစ်ဆေးရှာဖွေတဲ့ စက်ပါပဲ။

ဘာအကြောင်းပြချက်ရယ်လို ကျမတို့ သိခွင့်မရပဲ ဒီစက်ကြီး ပျက်နေတာသာ သိရတာပါပဲ။ ပျက်နေတယ်ဆိုတာကို ပြင်ပေးဖို့လည်း စာတွေတင်တာ အကြိမ်ကြိမ် ရှိနေပေမယ့် ဘယ်လိုအကြောင်းကြောင့်ရယ်မသိ အခြေအနေက တိုးတက်မှုရှိမလာပါဘူး။

အရင် ဒီစက် ကောင်းနေတဲ့ အချိန်တုန်းကဆိုရင် ကျမတို့ ဆရာဝန်တွေအတွက်အချိန်ကုန်သက်သာ၊ လူနာတွေအတွက်လည်း ငွေကုန်သက်သာတာကြောင့် အင်မတန် အဆင်ပြေလှပါတယ်။ အခုတော့ ကျမတို့မှာ အပြင်ဆေးခန်းတွေကို အားကိုးနေရသလို လူနာတွေအဖို့လည်း ငွေကြေးကုန်ကျ များလွန်းလှပါတယ်။

လူနာတွေခမျာ ဒီနှလုံး ဓာတ်မှန်ရိုက်တာတခုတည်းအတွက် အပြင်ဆေးခန်းတွေမှာ အနည်းဆုံး ငွေ ၂သောင်းခွဲ နီးပါး ကျခံကြရပါတယ်။ နွမ်းပါးတဲ့ လူနာတွေအတွက်ဆိုရင် အင်မတန်မှ အခက်အခဲတွေ တွေ့ရပါတော့တယ်။

ဒီ Echocardiogram စက်တွေကို ကိုင်တွယ်ပြီး ရောဂါရှာဖွေ ကျွမ်းကျင်တဲ့သူတွေဟာလည်း ဆေးရုံကြီးက နှလုံးအထူးကု ဆရာဝန်ကြီးတွေသာ ဖြစ်နေတာမို့ အရေးကြီးလူနာတွေဆိုရင် ဆရာဝန်ကြီးတွေကိုယ်တိုင် အပြင်ဆေးခန်းကို လူနာတွေနဲ့အတူ ခြေကုန်သုတ်ရတာတွေ ဖြစ်လာပါတယ်။

ကျန်းမာရေးကဏ္ဍ မြှင့်တင်ဖို့အတွက် ခေတ်မီ စက်ကိရိယာတွေ လိုအပ်တာတွေ ဖြည့်ဆည်းပေးနေပါတယ်ဆိုပေမယ့် ရှိပြီးသား စက်ကိရိယာတွေကို ပြုပြင်ထိန်းသိမ်းဖို့တော့ မေ့နေကြဟန်တူပါတယ်။

ပြောရမယ်ဆိုရင် လူနာတွေအတွက် ခေတ်မီရောဂါရှာဖွေရေး စက်တွေဟာ မရှိမဖြစ်လိုအပ်လှပါတယ်။ အဲ့ဒီလိုပဲ စက်ပစ္စည်းတွေ မချို့မယွင်းနဲ့ ပုံမှန် အလုပ်လုပ်နေဖို့လည်း လိုအပ်ပါတယ်။

ကျမ သားဖွားမီးယပ်ဆောင်မှာ တာဝန်ကျချိန်က မိခင်ဝမ်းထဲက သန္ဓေသားလောင်းကို စစ်ဆေးတဲ့ Ultrasound စက်က ချို့ယွင်းချက်ရှိနေလို့ အဖြေမှန် မထွက်လာတာမျိုးတွေလည်း တွေ့ကြုံဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီစက်ချို့ယွင်းနေတာကို ပြန်လည် ပြုပြင်ပေးလို့ အခုအချိန်မှာ အဆင်ပြေပြေ အသုံးပြုနေရပါပြီ။

နောက်ထပ် အရေးကြီးတဲ့ စက်ကတော့ မန္တလေး ဆေးရုံကြီးက တခုတည်းသော CT scan (Computerized Tomography Scanning) စက်ပါပဲ။ ဦးနှောက်၊ အာရုံကြောထိခိုက်တာတွေ၊ ရင်ခေါင်းနဲ့ ၀မ်းဗိုက်တွင်းက ကင်ဆာ၊ အကျိတ်၊ ရောဂါဝေဒနာ စတာ စတာတွေကို ရှာဖွေစစ်ဆေးတဲ့ ဆရာဝန်တွေ အင်မတန် အားထားရတဲ့ စက်ကြီးပါပဲ။

ဒီစက်ကတော့ဖြင့် ဆိုင်ကယ်တွေများလွန်းလို့ မကြာခဏ Accident လူနာတွေ ရောက်လာတတ်တဲ့ မန္တလေး ဆေးရုံကြီးအတွက်ကတော့ တကယ့်ကို အရေးပါလှပါတယ်။

အဲ့ဒီစက်ကြီးကနေ ရောဂါရှာဖွေတွေ့ရှိတဲ့ ရလဒ်တွေကြောင့် အသက်ရှင်ခွင့်ရခဲ့တဲ့ လူပေါင်း မနည်းတော့ပါဘူး။ အခုတော့ အဲ့ဒီစက်ကြီးကလည်း ပျက်နေပြန်တော့ လူနာတွေဒုက္ခရောက်ရသလို ဆရာဝန်တွေအတွက်လည်း အချိန်မှီဆေးကုသနိုင်ဖို့ အခက်အခဲတွေ ရှိလာပါတယ်။

ဒီစက်ကြီး အလုပ်လုပ်နေတုန်းက လူနာတွေအဖို့ scan လုပ်ခ ကျပ် သုံးသောင်းပေးရပါတယ်။ အပြင်မှာဆိုရင်တော့ အနည်းဆုံး ၇ သောင်းပေးရပါတယ်။ အပြင်မှာ scan တခါလုပ်ရင် ငွေကုန်၊ အချိန်ကုန်တာမို့ လူနာတွေဟာ အပြင်ဆေးခန်းတွေကို မသွားချင်ကြပေမယ့် ဘယ်လိုမှ မတတ်နိုင်ကြပါဘူး။

ဒီစက်ကတော့ သူလည်ပတ်ဖို့ သုံးတဲ့ ပစ္စည်းတခု ပျက်သွားလို့လို့ ဆိုပါတယ်။ အဲ့ဒီပစ္စည်းဝယ်ယူဖို့ ပြုပြင်ဖို့နဲ့ ပြင်ဆင်စရိတ် စတာတွေအတွက် အဆင့်ဆင့် စာတင်ထားပြီး စာကျလာမှ နိုင်ငံခြားကို ပစ္စည်းမှာယူရမယ်၊ အဲ့ဒီပစ္စည်းရောက်လာလို့ ပြင်ဆင်ပြီးရင်လည်း အထက်အဆင့်ဆင့်က ခွင့်ပြုချက်တွေ တသီကြီးကျလာမှ စက်ကို ပြန်လည်ပတ်ခွင့်ပေးပြီး အသုံးပြုနိုင်ပါမယ်တဲ့လေ။

နဂိုကမှ တလုံးတည်းသော စက်ဖြစ်တဲ့အတွက်ကြောင့် အရေးပေါ် မဟုတ်တဲ့ လူနာတွေဆိုရင် အလှည့်ကျ တန်းစီပြီး ရက်ချိန်းတွေနဲ့ စောင့်ကြရတာ အခု ဒီစက်က ပျက်လေတော့ ဆေးရုံကို အားကိုးတကြီးလာတဲ့ လူနာတွေခမျာ အပြင်ဆေးခန်းကိုသာ ဈေးကြီးပေး သွားနိုင်ရင်သွား မသွားနိုင်ရင်တော့ စမ်းသပ်ဖို့ လက်လျော့လိုက်ကြတော့တာပါပဲ။

ကျမလေ … တွေးရင်းတွေးရင်း လူနာတွေအတွက် စိတ်မကောင်းဖြစ်မိသလို အနာဂတ် ကျန်းမာရေးကဏ္ဍအတွက်လည်း အင်မတန် ရင်လေးမိပါတယ်။

ဟိုးအရင်အချိန်တွေကဆိုရင် အစိုးရဆေးရုံကြီးတွေမှာ လူနာတွေ စမ်းသပ်ကုသခွင့်တွေ အလကားရတယ်။ ဆေးတွေ ၀ယ်စရာမလိုဘူး။ အခုတော့လေ … တခုခုဆို လူနာတွေကို ပေးစရာဆေးက ဆေးရုံမှာ မရှိ။ လူကြီးလာမယ်ဆိုကာမှ ဆေးစတိုမှာ ဆေးဗူးလေးတွေ စီစီရီရီဖြစ်အောင် ရှာဖွေ ကြံစည်ထည့်ကြရတယ်။

ငွေကြေးတတ်နိုင်သူတွေအဖို့ မထောင်းတာလှပေမယ့် နွမ်းပါးသူတွေအတွက်တော့ နေမကောင်းမဖြစ်နဲ့၊ ဖြစ်လည်း မစမ်းသပ် မစစ်ဆေးရုံ၊ ဆေးမကုပဲ ပေတေနေရုံ အခြေအနေမျိုး ..

ကျမတို့တိုင်းပြည်ဟာ ဆင်းရဲတဲ့တိုင်းပြည်ဖြစ်နေလို့ နိုင်ငံခြားက ဈေးကြီးပေး ၀ယ်ယူထားရတဲ့ ရောဂါရှာဖွေရေးစက်ပစ္စည်းတွေနဲ့ ရောဂါရှာဖွေမှုအတွက် ကုန်ကျစရိတ်ပေးရတာကို နားလည်ပေးနိုင်ပေမယ့်၊ အခြားတန်ဖိုးကြီး ရောဂါကုသရေး ဆေးဝါးတွေကို ၀ယ်ယူရမှာကို နားလည်ပေးနိုင်ပေမယ့် သာမန် ဆေးဝါးလေးလောက်ကိုတောင် လူနာတွေကို အခမဲ့ မပေးဝေနိုင်တာ၊ လူနာတွေခမျာ ၀ယ်ယူနေရတာတွေကိုတော့ ဘယ်လိုမှ နားမလည်ပေးနိုင်ပါဘူး။

မန္တလေးမြို့ပေါ်မှာရှိတဲ့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ World Vision၊ ဂျွန်းဗလီ လူမှုကူညီရေးအသင်း စတာတွေက ချို့ တဲ့လူနာတွေအတွက် ကူငွေ၊ ဆေးအလှူတွေ ပေးနေပေမယ့်လည်း နွမ်းပါးတဲ့ လူနာတွေက များလွန်းလှတော့ ဘယ်လိုလုပ် အပြည့်အ၀ ကူညီနိုင်မလဲရှင် …

“စရိတ်မျှပေး ကျန်းမာရေး” ဆိုတာကို လက်တွေ့အသေအချာ အကောင်အထည် မဖော်နိုင်တာ၊ လူနာတွေကို ဆေးဝါးအခမဲ့မပေးနိုင်တာ စတဲ့ ပြဿနာတွေဟာ မြို့ကြီးတွေပေါ်က ဆေးရုံတွေမှာ ပြဿနာ အကြီးမားဆုံးပဲဆိုတာ နယ်ဆေးရုံလေးက ကျမရဲ့ ဆရာကြီးတဦးက ပြောပြဖူးပါတယ်။

ဆရာကြီးက သူတာဝန်ကျရာ နယ်ဆေးရုံလေးမှာတော့ ဆိုင်းဘုတ်ပေါ်က စရိတ်မျှပေးကို လက်တွေ့ဖြစ်အောင် အကောင်အထည်ဖော်ထားတယ်လို့ ဆိုပါတယ်။

ဆရာကြီးတာဝန်ကျတဲ့ နယ်မြို့လေးက လူနာတွေရဲ့အပြောအရ အဲ့ဒီနယ်မြို့လေးက ဆေးရုံလေးကို သွားရတာ အင်မတန် စိတ်ချမ်းသာတယ်လို့ ဆိုကြလေရဲ့ …

ဒါပေမယ့် ဆရာကြီးလုပ်နေလေတဲ့ စရိတ်မျှပေးဆိုတာ အစိုးရက ထောက်ပံ့ပေးတာမဟုတ်ပဲ ဆရာကြီးက သူပိုင်ငွေလေးနဲ့၊ မြို့လေးက စေတနာရှင်တွေ လှူဒါန်းတာလေးနဲ့ တတ်နိုင်သလောက် လုပ်ပေးနေတာတဲ့လေ …

ကျမတို့ တိုင်းပြည်မှ ဆရာကြီးလို ဆရာဝန်မျိုး ဘယ်နှယောက်များ ရှိလေမလဲ .. ဆရာကြီးကရော ဘယ်လောက်အတိုင်းအတာထိပဲ လုပ်ပေးနိုင်မှာလဲ … စေတနာရှင်တွေကရော ဘယ်လောက်များ လုပ်ပေးနိုင်ကြမှာလဲရှင် …

Dr. မန္တလာ


Erasums Mundus Masters Scholarships for Myanmar Citizens

Dear all,
This is scholarship information for learners.

Yours sincerely,
Thet Khaing


http://ifile.it/8t0lxew

http://www.multiupload.com/STQILS65H6

http://www.scribd.com/doc/23621639/Erasmus-Mundus-Scholarships

Erasmus Mundus Scholarships

ရွှေခမောက်စာစောင်(၁၀၅)

http://ifile.it/maf7v84

http://www.multiupload.com/6L22DZR748

http://www.scribd.com/doc/23621362/Shwekhamauk-105
Shwekhamauk 105