Saturday, December 5, 2009

ဝက်ဘ်ဆိုက်ပေါ်ရှိ ညစ်ညမ်း ဓာတ်ပုံများသည်....




ဝက်ဘ်ဆိုက်ပေါ်ရှိ ညစ်ညမ်း ဓာတ်ပုံများသည် ပုံပါ မိန်းကလေးများအား အကျပ်ကိုင်နိုင်သည့် အသုံးချခံ ပစ္စည်းသဖွယ် ဖြစ်လာနိုင်၍ ဆယ်ကျော်သက် လူငယ်များ ပိုမို သတိပြုစရာ ဖြစ်လာ
Written by ဟိန်းမင်းလတ်၊ မင်းသီဟဇော်
အင်တာနက် ၀က်ဘ်ဆိုက်များ ပေါ်ရှိ ညစ်ညမ်း ဓာတ်ပုံများသည် ပုံပေါ်ပါ မိန်းကလေးများအား အကျပ်ကိုင်နိုင်သည့် အသုံးချခံ ပစ္စည်းသဖွယ် ဖြစ်လာနိုင်၍ ဆယ်ကျော်သက် လူငယ်များ ပိုမိုသတိပြုစရာ ဖြစ်လာကြောင်း အင်တာနက် ၀က်ဘ်ဆိုက် အသုံးပြုသူ အချို့က သတိပေး ပြောကြားခဲ့ကြသည်။
အင်တာနက် ၀က်ဘ်ဆိုက်များပေါ်ရှိ ညစ်ညမ်း ဓာတ်ပုံများထဲတွင် ဆယ်ကျော်သက် မိန်းကလေး သူငယ်ချင်း အချင်းချင်း အ၀တ်လဲခန်း အတွင်း၌ အ၀တ်လဲနေသည်ကို အပျော် ရိုက်ကူးထားသည့် ပုံများပါဝင်သကဲ့သို့ ဆယ်ကျော်သက် လူငယ်အချို့ လူငယ်သဘာဝ ချစ်ကြိုက်ရာမှ အချစ်နယ်ကျွံ၍ အတူနေထိုင်မိသည့် ညစ်ညမ်းဗီဒီယိုများ၊ ဓာတ်ပုံများလည်း ပါဝင်နေသည်ဟု အင်တာနက် ၀က်ဘ်ဆိုက် နေ့စဉ် အသုံးပြုသူ လူငယ်များထံမှ သိရသည်။
ထို့ပြင် မော်ဒယ်နှင့် သရုပ်ဆောင်အချို့၏ ညစ်ညမ်းဓာတ်ပုံနှင့် ညစ်ညမ်း ဗီဒီယိုဟု ဆိုကာ ၀က်ဘ်ဆိုက်ပေါ် တင်ထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုအချို့လည်း ရှိနေ ကြောင်းနှင့် အချို့မိန်းကလေးများ သည် ၄င်းတို့၏ သာမန်အလှ ဓာတ်ပုံများအား ၀က်ဘ်ဆိုက်ပေါ် တင်မိရာမှ အခြားသော နိုင်ငံတကာမှ ညစ်ညမ်းဓာတ်ပုံ ကိုယ်ထည်များနှင့် ဖြတ်ဆက်ကပ်ညှပ် လုပ်ကာ ညစ်ညမ်းဓာတ်ပုံများ အဖြစ် ဖန်တီးခံ ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။
'' လူငယ်တွေကတော့ ဘာရယ် မဟုတ်ဘူး၊ အပျော်သဘောမျိုး လုပ်ပြီး ၀က်ဘ်ဆိုက်ပေါ် တင်ထားတာလဲ ဖြစ်နိုင်တယ်၊ကိုယ်မသိဘဲ အတင်ခံရတာလဲ ဖြစ်နိုင်တယ်၊ ဘာပဲဖြစ် ဖြစ် သတိထားသင့်တယ်၊ ဖြစ်နိုင်ရင် အလှပုံကိုတောင် ၀က်ဘ်ဆိုက်ပေါ် မတင်တာ အကောင်းဆုံးပဲ၊ မိန်းကလေးတွေဆို ပိုသတိထားသင့်တယ်၊ အလှပုံက ကိုယ့်မျက်နှာကို ယူပြီး အခြားညစ်ညမ်းပုံက ကိုယ်ထည်နဲ့ ဖြတ်ဆက်လိုက်ရင် ကိုယ့်ပုံ လိုလိုဖြစ်သွားရော၊ အဲဒီညစ်ညမ်းပုံ တွေက ကိုယ့်ဘ၀ တစ်လျောက်လုံး အမည်းစက်ကြီး ဖြစ်သွားနိုင်တယ်၊ အဆုံးစွန်ထိတွေးရင် အဲဒီဝက်ဘ်ဆိုက်ပေါ်က ညစ်ညမ်းပုံတွေ၊ ဗီဒီယိုတွေကိုပြပြီး ကိုယ့်ကိုလာ အကျပ် ကိုင်တာတောင် ခံရနိုင်တယ်'' ဟု အင်တာနက် ၀က်ဘ်ဆိုက် နေ့စဉ် အသုံးပြုသူတစ်ဦး သတိပေး ပြောကြားခဲ့သည်။
''တချို့လူငယ်တွေက သမီးရည်းစားဘ၀မှာ နှစ်ဦးသဘောတူ လင်မယားလို အတူနေတယ်၊ ပြီးရင် အပျော်တမ်း ဓာတ်ပုံတို့၊ ဗီဒီယိုတို့ ရိုက်ကြတယ်၊ သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲတဲ့အခါ ယောက်ျားလေးက မကျေနပ်လို့ သူတို့ အတူတူနေတဲ့ ညစ်ညမ်း ဗီဒီယိုကိုဖြစ်စေ၊ ဓာတ်ပုံကိုဖြစ်စေ ၀က်ဘ်ဆိုက်ပေါ် တင်လိုက်ရော၊အဲဒီ မှာ ခွေထဲမှာပါတဲ့ မိန်းကလေးက သူ့အသိုင်းအ၀ိုင်းမှာ အရှက်ရစရာ အဖြစ်နဲ့ ကြုံရတယ်၊ တချို့ မိန်းကလေးဆို အိမ်ထောင်ပြုကာနီးမှ ၀က်ဘ်ဆိုက်ပေါ်က ဓာတ်ပုံကြောင့် ပြဿနာတက်တာ ရှိတယ်လို့တောင် ကြားနေရတယ်'' ဟုဖြစ်စဉ်များနှင့် နီးစပ်ရာ အသိုင်းအ၀ိုင်းမှ လေ့လာသူတစ်ဦးက ဆိုပါသည်။
ဝက်ဘ်ဆိုက်နှင့် ဟန်းဖုန်းများမှ တစ်ဆင့် မော်ဒယ်တစ်ဦး၏ ညစ်ညမ်း ဗီဒီယို လျင်မြန်စွာပျံ့နှံ့ပြီး အဆိုပါဗီဒီယိုအား ဖြန့်ဝေသူ အမျိုးသားမှာလည်း အဆိုပါမော်ဒယ်နှင့် ငြိစွန်းခဲ့ဖူးကြောင်း၊ ငြိစွန်းပြီးနောက် မော်ဒယ်ဖြစ်သူက ၄င်းအားထားခဲ့သောကြောင့် ယခုကဲ့သို့ အရှက်ကွဲစေရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဗီဒီယိုနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့သော ပြင်ပသတင်း များအရ သိရသည်။
အဆိုပါ မော်ဒယ်၏ ညစ်ညမ်းဗီဒီယို ပျံ့နှံ့ပြီးနောက်ပိုင်းတွင် အခြားသောမော်ဒယ်၊ သရုပ်ဆောင် အဆိုတော်များ၏ ညစ်ညမ်းခွေဟု ဆိုကာ ၀က်ဘ်ဆိုက်ပေါ်မှ တစ်ဆင့် ပျံ့နှံ့ခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ ညစ်ညမ်းဗီဒီယို၌ ပါဝင်သူများမှာ အမှန်တကယ် ဟုတ်မဟုတ်ကိုမူ ယနေ့အချိန်ထိ အငြင်းပွားနေကြဆဲ ဖြစ်ကြောင်း နေ့စဉ် အင်တာနက် ၀က်ဘ်ဆိုက် အသုံးပြုသူများထံမှ သိရသည်။
'' မြန်မာ့ယဉ်ကျေးမှုအရဆိုရင် ညစ်ညမ်းတဲ့ဓာတ်ပုံ၊ ဗီဒီယိုတွေကို ကိုယ်တိုင် အပျော်ရိုက်ပြီး ၀က်ဆိုက်ပေါ်တင်ဖို့ မပြောနဲ့ တရားဝင် ထိမ်းမြားလက်ထပ်ခြင်း မပြုခင်မှာတောင် သမီးရည်းစားတွေ အနေနဲ့ လင်မယား အဆင့် မရောက်ရပါဘူး၊ ဒါဟာ ယဉ်ကျေးမှုအရ မသင့်တော်သလို မိန်းကလေးတွေရဲ့ဂုဏ်သိက္ခာနဲ့ အကျင့်စာရိတ္တ ကိုလည်း တစ်သက်လုံး သူများကဲ့ရဲ့ ခံရမယ့် အဖြစ်မျိုးပါ၊ အဲဒီလို လူမျိုးတွေကိုလည်း ယဉ်ကျေးမှုကို တန်ဖိုးထား တဲ့ လူ့ဘောင်လူ့အဖွဲ့အစည်းက ဘယ်သူမဆို ရှုတ်ချကြမှာပဲ။ လုပ်တုန်းကတော့ အပျော်ဆိုပြီး လုပ်ကြ၊ ပြီးမှ အဲဒီနောက်ဆက်တွဲ အနေနဲ့ မသမာတဲ့ သူတွေ လက်ထဲ ကိုယ့်ဓာတ်ပုံတွေ ရောက်သွားရင် ဘယ်လောက် ရင်လေးစရာ ကောင်းလိုက် မလဲ၊ အဲဒီဓာတ်ပုံနဲ့ ပုံပေါ်ပါ မိန်းကလေးတွေကို အကျပ်ကိုင်တာ၊ ခြိမ်းခြောက်တာတွေပါ လုပ်လာနိုင်တယ်၊ ဒါကြောင့် ဆယ်ကျော်သက် လူငယ်တွေ သတိထားသင့်တယ်၊ ဆယ်ကျော်သက်တွေကို ပိုပြီး သတိ ပေးရတာက စဉ်းစားချင့်ချိန် ဉာဏ်ပိုနည်းနိုင်လို့ပါ'' ဟုအငြိမ်းစား ကျောင်းဆရာမကြီး တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
ယခုကဲ့သို့ ညစ်ညမ်းဓာတ်ပုံများ ဗီဒီယိုများ ၀က်ဘ်ဆိုက်ပေါ်သို့ တင်၍ ပျံ့နှံ့စေရန် ဆောင်ရွက်နေမှု များသည် ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ရော ငွေဒဏ်ပါ ချမှတ်ခံရနိုင်ပြီး ညစ်ညမ်းဓာတ်ပုံ၊ ဗီဒီယိုတွင် အရွယ်မရောက်သေးသူ မိန်းကလေးများအား အသုံးချမိပါက ကလေး သူငယ် ဥပဒေအရပါ အရေးယူခံရ နိုင်ကြောင်း LL.B,LL.M,M.Res ဘွဲ့ရ အထက်တန်း ရှေ့နေတစ်ဦးက ဆိုပါသည်။

SOURCE

ဘဏ္ဍာခိုးတဲ့ နအဖ

ဖိုင်ရယူရန်

http://www.niknayman-niknayman.co.cc/2009/12/blog-post_05.html

5 DEC ဒိုင်ယာရီ

http://ifile.it/mudl4kt
http://www.multiupload.com/4MMSZTELQJ
5 Dec 2009 Diary

ကွန်ပြူတာဆရာ အရိုက်ခံရမှု ရဲကို တရားစွဲ (ရုပ်သံသတင်း)
မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဒီဇင်ဘာလ 05 ရက် 2009 ခုနှစ် 21 နာရီ 45 မိနစ်
ဖိုင်ရယူရန် ... http://ifile.it/y59cdfq

မြန်မာကျပ်ငွေ ခိုင်နေမှုအပေါ် ဝေဖန်သုံးသပ်ခြင်း


Saturday, 05 December 2009 15:31 ရဲနည်
E-mail Print
မကြာသေးမီက အမေရိကန် ဒေါ်လာငွေနှင့် လဲလှယ်နှုန်းတွင် မြန်မာငွေ ဈေးတက်လာ ခြင်းကြောင့် ငွေကြေး ရောင်းဝယ်သူ များသာ ခေါင်းစား ကြရသည် မဟုတ်။ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဈေးကွက်အပေါ် စောင့်ကြည့် အကဲဖြတ်နေ ကြသူများပါ အကြောင်းအရင်းကို စောကြောနေကြသည်။ တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၂၀၀ ကျပ်နှုန်း ဈေးပေါက်နေ ရာမှ နိုဝင်ဘာ လလယ်ပိုင်းတွင် ၉၉၀ ကျပ်အထိ မြန်မာကျပ်ငွေက ဈေးခိုင်နေခဲ့သည်။

၂၀၀၅ ခုနှစ်တွင် တဒေါ်လာလျှင် ၈၈၀ ကျပ်နှုန်းရှိရာမှ မြန်မာကျပ်ငွေက တဖြည်းဖြည်း တန်ဖိုးကျဆင်းလာခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလတွင် ၃ နှစ်တာ ကာလအတွင်း အနိမ့်ဆုံး အနေအထား ၁၁၉၀ ကျပ်ဈေး ပေါက်ခဲ့သည်။ ထိုအချိန်မှစ၍ ကျနေ သည့် နှုန်းကနေ တပြောင်းပြန်ဖြစ်ခဲ့ပြီး ယခုအခါ ပြင်ပတွင် မှောင်ခိုလဲလှယ်နေကြသည့် ငွေကြေးဈေးကွက်တွင် တဒေါ် လာလျှင် ၉ရ၀ ကျပ်နှုန်းနှင့် ရောင်းဝယ်နေကြပြန်သည်။

အရေးကြီးသော အချက်မှာ ပုံမှန်အားဖြင့် ပို့ကုန် သွင်းကုန်အပေါ် တင်းကျပ်ကန့်သတ်မှုများ ပြုလိုက်သည့်အခါမျိုးတွင် ငွေဈေး အတက်အကျ ရှိတတ်သည်။ အကယ်၍ သွင်းကုန်များကို တင်းကျပ် လိုက်ပါက ပြင်ပဈေးကွက်တွင် ဒေါ်လာဝယ် လိုအား ကျဆင်းသွားပြီး မြန်မာကျပ်ငွေဈေး တက်လာတတ်သည်။ အကယ်၍ တင်းကျပ်မှုများ ဖြေလျှော့ပေးလိုက်သည့် အခါမျိုးတွင် အမေရိကန်ဒေါ်လာ ၀ယ်လိုအားတက်လာပြီး မြန်မာကျပ်ငွေဈေး ကျသွားတတ်ပြန်သည်။ ယခုမြန်မာငွေ ခိုင် နေပုံမျိုးက သွင်းကုန် ပို့ကုန် တင်းကျပ်ကန့်သတ်မှုများနှင့် မဆိုင်ကြောင်း ငွေကြေးရောင်းဝယ်နေသူများက ဆိုကြသည်။

မြန်မာနိုင်ငံတွင် ငွေကြေး ဈေးကွက် တရားဝင်မရှိသော်လည်း အမေရိကန်ဒေါ်လာအပေါ် အခြေတည်၍ ဈေး ကစား တွက် ချက် ရောင်းဝယ်မှုများ ရှိနေတတ်သည်။ တခါတရံ လက်ကြီးသမားများက အမေရိကန်ဒေါ်လာ သိန်းချီဝယ်၍ ဒေါ်လာဈေး ကို ပြန်မြှင့်တတ်သည်။ ထိုအခါ အခြားရင်းနှီးမြှုပ်နှံသူများကလည်း အမေရိကန်ဒေါ်လာကို အကြီးအကျယ်လိုက်၍ ၀ယ်ကြ ပြန်သည်။ ထိုသို့ ဈေးကွက်မတည်ငြိမ်ဖြစ်လာသည့်အချိန်ကျမှ ယခင် အချီကြီးဝယ်ယူထားသူက အမြတ်ယူ၍ ဒေါ်လာများ ကို ပြန်ထုတ်ရောင်းတတ်ပြန်သည်။

ထိုင်းဘတ်ငွေနှင့် တရုတ်ယွန်ငွေကို အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးကိစ္စများတွင် လက်ခံရောင်းဝယ်ကြသော်လည်း မြန်မာဈေးကွက်တွင် အမေရိကန် ဒေါ်လာက မင်းမူထားသည်။ ယူရိုငွေ၊ ဂျပန်ယန်း နှင့် သြစတြေးလျဒေါ်လာကိုမူ သိပ် လက်မခံလိုကြပေ။

ရန်ကုန်မြို့ဗိုလ်ချုပ်ဈေးရှိ နေ့စဉ်နှင့်အမျှ ဒေါ်လာငွေ အမြောက်အများကို ရောင်းဝယ်နေကြသော ငွေကြေးရောင်းဝယ်နေ ကြသူများက မြန်မာနိုင်ငံ၏ “မှောင်ခို” ဒေါ်လာငွေလဲလှယ်နှုန်းကို သတ်မှတ်နေကြခြင်းဖြစ်သည်။ တကမ္ဘာလုံးတွင် ဒေါ်လာ ငွေ တန်ဖိုး ကျဆင်းသွားရမှုကြောင့် ယခုလို မြန်မာကျပ် ငွေ တန်ဖိုးတက်လာခြင်း ဖြစ်သည်ဟု သူတို့ကဆိုသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည် အများအပြား ပြန်ဝင်လာနေခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုး တက်လာ ခြင်း ဖြစ်နိုင်သည်ဟုလည်း ငွေလဲလှယ်နေသူများက ဆိုသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနပိုင် မြန်မာခရီး သွားလုပ်ငန်းဌာန Myanmar Travels and Tours အရာရှိတဦး၏ အဆိုအရ ခရီးသွားဦးရေ ၃၀ ရာနှုန်း တိုးသည်ဟု ဆို သည်။ ပြီးခဲ့သည့်နှစ်တွင် နိုင်ငံခြားခရီးသွား၂၆၀၀၀၀ ကျော် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပြီး နိုင်ငံတော်အတွက် အမေရိကန် ဒေါ်လာ ၁၆၅ သန်းမျှ ဘဏ္ဍာဝင်ငွေ ရရှိစေခဲ့သည်ဟု ဆိုသည်။

မြန်မာကျပ်ငွေ ခိုင်ရသည့် အခြားအရေးကြီးသော အကြောင်းရင်းမှာ တရုတ်-မြန်မာနယ်စပ်ရှိ ဘိန်းနှင့် စိတ်ကြွဆေးပြား များ ရောင်းရငွေ အလုံးအရင်းနှင့် မြန်မာဈေးကွက်ထဲ လှိမ့်ဝင်လာခြင်းကြောင့် ဖြစ်သည်ဟု ငွေလဲသူများက ဆိုကြပြန် သည်။ ရန်ကုန်ရှိ ငွေလဲလှယ်နေသူတဦးက ပြောပြရာတွင် "အခုဖြစ်တဲ့ ငွေလဲနှုန်းက ရန်ကုန်မှာရှိတဲ့ဈေးကွက်က ဆုံးဖြတ်တာ မဟုတ်ဘူး။ နယ်စပ်က တရုတ်ငွေနဲ့ မြန်မာငွေ လဲလှယ်နှုန်းကနေ ရန်ကုန်ကို ပြန်ပြီးရိုက်ခတ်လာတာ"ဟု ဆိုသည်။

ဤအယူအဆကလည်း ဖြစ်တန်သည့် အထောက်အထားများ ရှိနေသည်။

ယခု ကျပ်ငွေဈေးမြင့်တက်ချိန်က ဆောင်းရာသီ အစပိုင်းနှင့် တိုက်ဆိုင်နေပြီး ဘိန်းစိုက်တောင်သူများ၏ ဘိန်းခြစ်ရာသီ လည်း ဖြစ်သည်။ ပြီးခဲ့သည့် အပတ်က ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇ၀တ်မှုဆိုင်ရာရုံး(UNODC)၏ "အရှေ့နှင့် အရှေ့တောင်အာရှ ဒေသ အတွင်း ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့်လားရာများနှင့် အဖက်တမင်းကဲ့သို့သော စိတ်ကြွ ဆေးပြားများ ထုတ်လုပ်မှု အနေအထား" အစီရင်ခံစာ နှင့် ပတ်သက်၍ UNODC ၏ ကိုယ်စားလှယ် ဂယ်ရီ လူးဝစ္စ (Gary Lewis) က ဘန်ကောက်တွင် သတင်း ထောက်များကို ပြောကြားရာ၌ ရှမ်း၊ ၀ နှင့် ကိုးကန့် ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည် စစ်အစိုးရ၏ နှိမ်နင်းရေးလုပ်လာမည့် အရေးကို ကြိုတွက်၍ ရှိနေသည့် မူးယစ်ဆေးဝါး များကို ငွေဖြစ်အောင် လွယ်လွယ် ထုတ်ရောင်းနေကြကြောင်း ဆိုခဲ့သည်။ စစ်အစိုးရကလည်း လာမည့် ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲမတိုင်မီ ၎င်းတို့အလိုကျ ဖြစ်စေရေးအတွက် တိုင်းရင်းသား အပစ်ရပ်အုပ်စုများကို တိုး၍ ဖိအားပေးလာနေ သည် မဟုတ်ပါလား။

အကယ်၍ ၎င်းသီအိုရီ အယူအဆသာ မှန်ပါက မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်လာမှုသည် နိုင်ငံတော်ဘဏ္ဍာဖြစ်လာမည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝင်ငွေကလွဲ၍ နေပြည်တော် စစ်အစိုးရ ထိန်းချုပ်မှု ပြင်ပတွင်သာ ရှိနေပြီး စီးပွားရေး တိုးတက်မှု အလားအလာများနှင့် လုံးဝ မသက်ဆိုင်လှပါ။

သို့သော်လည်း အမေရိကန်၊ ဗြိတိန်နှင့် ကြီး ၈ ကြီး စက်မှုထိပ်သီး(G-8) နိုင်ငံများက စီးပွားရေး ထိုင်းမှိုင်းကျဆင်းနေမှုမှ ကျော်လွှားစေရေး ငွေကြေးရိုက်ထုတ်နေကြချိန်တွင် စီးပွားရေးစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ နကန်းတလုံး မသိကြသည့် မြန်မာစစ်ဗိုလ်ချုပ်များက အားကျအတုယူ၍ ကျပ်ငွေများ ရိုက်ထုတ်နေသည်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့ဆိုလျှင် ငွေကြေးစနစ် ဖရိုဖရဲနှင့် ပြိုလဲရန်အကြောင်းသာ ထွက်ပေါ်လာဖွယ် ရှိပါသည်။

ရဲနည်ရေးသားသည့် Strengthening Kyat Gets the Experts Thinking ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

SOURCE

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမကျင်းပမီ စစ်မှန်သည့်နိုင်ငံရေးရင်ကြားစေ့ရေးကို တောင်းဆိုခြင်း

http://ifile.it/1bvz54g
CollectiveStatement7Dec09Burmese

Dear friends and colleagues,

Please review the attached statement on call for national reconciliation in our country before 2010 elections.

If your organization agrees with the statement, please confirm your endorsement/signing by replying to me no later than Dec 7. So far more than 40 organizations, alliances and networks from Burma movement and support groups around the world have signed/endorsed.

I look forward to hearing from you soon. Thank you.

In solidarity,

Khin Ohmar
Coordinator, Burma Partnership

We request that you confirm your endorsement to us no later than December 2nd. Please email us at partnership@csloxinfo.com.
Alternative ASEAN Network on Burma
Asia Pacific Solidarity Coalition
Burma Campaign Australia
Burma Campaign Korea
Burma Campaign UK
Burma Centre Delhi
Burma Lawyers Council
Burma Partnership
Canadian Friends of Burma
Free Burma Campaign Singapore
Free Burma Campaign, South Africa
Free Burma Coalition-Philippines
Friends of the Third World
Initiatives for International Dialogue
Solidaritas Indonesia untuk Burma (Indonesian Solidarity for Burma)
Student Federation of Thailand
Shwe Gas Movement
Taiwan Free Burma Network

SYCB monthly Bulletin for November(Vol.3, Issue-34)

Dear all

SYCB monthly Bulletin for November (Vol.3, Issue-34) issued by the Students and Youth Congress of Burma (SYCB) .


Solidarity

Organizing & Information Committee (OIC)

SYCB

http://ifile.it/oit8pw2
SYCB Monthly Bulletin for November(Vol.3, Issue-34)