Thursday, December 17, 2009

လားရာ ( ကျောင်းသားခေါင်းဆောင်ကိုကိုကြီး )

မြတ်လေးငုံ http://myatlayngon.blogspot.com/ …. မှတဆင့်ဖေါ်ပြပါသည်။
http://ifile.it/c9qw6sd laryar_kokogyi_

17 DEC ဒိုင်ယာရီ

http://ifile.it/ysprdvuhttp://www.scribd.com/doc/24247964/17-Dec-2009-Diary17 Dec 2009 Diary

၂၀၁၀ရွေးကောက်ပွဲ သုံးသပ်ချက် ( မိုးသီးဇွန် )



မိုးသီးဇွန်
Thursday, December 17, 2009

နိဒါန်း
၂၀၁၀ ရွေးကောက်ပွဲက မြန်မာပြည်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုတွေကို ဦးတည်နေပြီလို့ ကျနော် မယုံကြည်ပါဘူး။ ဒါဟာ အဆိုး မြင်နဲ့ ပြောနေတာမဟုတ်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲက ဒီမိုကရေစီ အင်အင်အားစုများအတွက် ထွက်ပေါက်မဟုတ်သလို တပ်မတော်အ တွက်ရော တိုင်းရင်သားလူမျိုးစုတွေအတွက်ပါ ထွက်ပေါက် မဟုတ် ဘူး ဆိုတာပါပဲ။ ဒါဖြင့်ရင်ဘယ်သူအတွက် လည်းဆိုတဲ့အမေးအ တွက်အဖြေကတော့....
တစ်- သန်းရွှေအတွက်
နှစ်- သန်းရွှေအတွက်
သုံး-သန်းရွှေအတွက် လို့ပဲပြောပါရစေတော့။
၂၀၁၀ ရွေးကောက်ပွဲထက်ပိုပြီးအလေးထား ဆောင်ရွက်ရမှာကတော့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီပြုပြောင်းလဲမှုတွေဖြစ်ပါ တယ်။

၂၀၁၀ ဝေစု

၂၀၁၀ မှာစစ်တပ်က ရွေးကောက်ပွဲပြုလုပ်ပေးမယ်။ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲစည်းတော့မယ်ဆိုတဲ့ သတင်းထွက်နေတယ်။ ဒီမိုက ရေစီအင်အားစုများ ကြားမှာစိုးရိမ်ပူပန်မှုတွေ တိုးပွားနေတယ်။ တချို့ကတော့ ဒါကိုထွက်ပေါက်တခုလို့ တိုးတိုးတမျိုးကျယ်ကျယ်တမျိုး ဆိုသလိုပြောနေကြတယ်။ ရွေးကောက်ပွဲကိုထွက်ပေါက်လို့ပြောပြီး ၀င်ဖို့တာစူနေကြတယ်။ ဒီလူတွေထဲမှာ အပစ်အခတ်ရပ်စဲရေးလုပ် ထားတဲ့တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ ကိုယ်ကျိုးရှာသူတွေလည်းပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ ငကြင်းငါးလိုဆူဖြိုးနေတဲ့ မြန်မာပြည်ကို စားပွဲတင်ပြီးမြေးခွေးက ဝေခွဲပေးမှာဖြစ်ပါတယ်။ ဒီတော့ ဝေစုအကြီးအသေးကိုကြည့်ရင် သန်းရွှေက ဗိုက်သားကိုယူ မယ်။ တခြားကိုယ်ကျိုးရှာ အဖွဲ့တွေကိုဝေစုခွဲပေးမယ်။ ကုန်သည်ပွဲစားတွေနဲ့ လုပ်စားနိင်ငံရေးသမားတချို့က အတွက်ဝေစုတစုရမယ်။ သူများမြောက်ပေးလို့ ရွေးကောက်ပွဲဝင်မိတဲ့ ခပ်အအနိင်ငံရေးသမားတွေကတော့ ထောင်မကျရင် ကံကောင်းလို့ မှတ်ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့  ၂၀၁၀ ရွေးကောက်ပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက်ကတော့ကနေ့အထိ ၂၀၁၀ ရွေးကောက်ပွဲကိုဘယ်လို သဘောထားမလဲဆိုတာ ရှင်းရှင်းလင်း လင်းပြောနိုင်တဲ့ အနေထားမှာမရှိသေးဘူး။ တကယ့်ကိုပေါ်လစီ အကြပ်အတည်း (Policy Dilemma ) ဖြစ်နေပုံရတယ်။ အခြေခံဥပဒေ ကိုပြန်လည်ပြင်ဆင်ပေးပါလို့ပါလို့ လေသံခပ်လျောလျောပြောနိင်တဲ့ အနေထားကိုရောက်နေတယ်။၂၀၁၀ ရွေးကောက်ပွဲကို ၀င်မိရင် တော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပုလင်းထဲထည့်ပြီး ရေစုံမျှောပေးလိုက်ရသလို ဖြစ်သွားမယ်။ ၂၀၁၀ ကို မ၀င်ဘူးဆိုရင်တော့ ဘေးကတတ်ယောင်ကား နိုင်ငံရေးသုတေသီတွေပြောနေတဲ့ "နိုင်ငံရေးဘေးရောက်မှု'' ဆိုတာကို စိုးရိမ်နေပုံရတယ်။ ဒီတော့ ၁၉၉၀ တုန်းက ဦးနုလုပ်သလိုများ လုပ်လာနိင်တယ်လို့လဲ ယူဆနိင်တယ်။ (ဦးနုက သူကိုယ်တိုင် ရွေးကောက်ပွဲမ၀င်တော့ပဲ သူလူများကို ဒီငြိမ်းနာမည်နဲ့ ၀င်စေခဲ့တယ်။ )

ခုလည်း ဒီချုပ်အနေနဲ့မဟုတ်ဘူး။ ဒီချုပ်ထဲကခေါင်းဆောင်တချို့ကို ခွဲထုတ်ပြီးရွေးကောက်ပွဲ ကံစမ်းမဲထိုးသလို ထိုးလာနိင်ခြင်းဖြစ် ပါတယ်။ ဒါကြောင့် ဒီချုပ်အနေနဲ့ကတော့ လက်ရှိအနေထား အတိုင်းရပ်ခံသွားတော့မဲ့ အခြေအနေမှာရှိပါတယ်။ ဒါတွေကတော့ ၉၀ ရွေးကောက်ပွဲကို ဆုတ်ကိုင်ရုံဆုတ်ကိုင် အသက်သွင်းနိင်အောင်မကြိုးစား၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိုတောင်းဆို အနေထားတက် ပိုမိုတိုးတက်တဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်လာမဲ့ အနေထားမရှိတော့ဘူးလို့ ဆိုချင်ပါတယ်။ ဒီအခြေအနေကိုကျရောက် စေတာကတော့.....
• ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးက အထိန်းသိမ်းခံနေရတယ်။
• လက်ရှိအဖွဲ့ ချုပ် အလုပ်အမှုဆောင်တွေက အသက်အရွယ်ကြီးရင့်မှု ၊ သူတို့ နေရာကို လူငယ်ခေါင်းဆောင်တွေနဲ့ အစားမထိုးကြတာ။
• နအဖ က အောက်တန်းကျကျ ဖိနှိပ်ထားတာတွေကြောင့် ဖြစ်ပါတယ်။

အပစ်ရပ်အဖွဲ့များနဲ့  ၂၀၁၀ ရွေးကောက်ပွဲ

အပစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသားခေါင်ဆောင်တချို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်ကျင့်သုံးတဲ့ ပေါ်လစီကတော့ ရေလိုက် ငါးလိုက် ပေါ်လစီ ဖြစ်လာလိမ့်မယ်။
• သူတို့ ဟာ ရွေးကောက်ပွဲပေါ်ယုံကြည်မှုမရှိဘူး။
• ရွေးကောက်ပွဲမှာ မဖြစ်မနေပါရမယ်လို့ နအဖ က ဖိအားပေးလာရင် ရွေးကောက်ပွဲကိုတချို့က ၀င်ကြလိမ့်မယ်။ ပါတီနာမည်တွေအ သစ်နဲ့ဝင်တာမျိုးတွေလည်း ရှိလာနိင်တယ်။
• သူတို့ကို လက်နက်လမ်းစဉ်ကို အပြီးတိုင်စွန့်လွှတ်ဖို့ ဖိအားပေးလာနိင်တယ်။
အဖွဲ့ငယ်တွေက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်သွားလိမ့်မယ်။ အဖွဲ့ကြီးတွေအတွက်တော့ ဘေးကြပ်နံကြပ်စတင်ဖြစ်လာလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာတော့ အပစ်ရပ်အဖွဲ့ တွေအတွင်းမှာ ဆက်တိုက်သူ၊ ရာသက်ပန်လက်နက်ချမဲ့သူ၊ အနားယူသွားမဲ့သူတွေ နဲ့ရှုပ်ရှက်ခတ်နေအောင်ရှိမှာပါ။ ပြန်လည်တိုက်ပွဲ ဆင်လာမဲ့အနေထားကတော့ အနည်းတက အနည်းဆုံးပဲဖြစ်လာလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ပေါ်မှာ တိုင်းရင်းသားလူမျိုးစု ဒေသတွေရဲ့ဖွံ့ဖြိုးရေးကိုရော လုံခြုံရေးကိုပါဘာမှ သိသာတဲ့ပြောင်းလဲတိုးတက်မှု တွေဖြစ်လာမှာမဟုတ်ပါဘူးလို့ ကျနော်ပြောချင်ပါ တယ်။

၂၀၁၀ မျက်နာသစ်များ

၁၉၉၀ ရွေးကောက်ပွဲတုန်းကတော့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေရှိတယ်။ ၀င်မယ့်ခါင်းဆောင်တွေရှိတယ်။ သူတို့မှာ Transparency and Accountability တွေရှိခဲ့တယ်။ ဆိုလိုတာကတော့ သူတို့ကဘယ်သူတွေလည်း ဘာတွေလုပ်ခဲ့လဲဆိုတာကို လူထုကသိခွင့်မြင်ခွင့် ရှိခဲ့တယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေဝင်မှာလဲ၊ သူတို့ကဘယ်သူတွေလဲ၊ သူတို့ပေါ်လစီတွေက ဘာလဲဆိုတာကိုခု ထိလူထုက မသိရသေးဘူးဖြစ်ပါတယ်။ ဒါကလဲ နအဖရဲ့ အကွက်ဖြစ်ပါတယ်။ ပါတီနဲ့ခေါင်းဆောင်တွေကို လူထု ရင်းနှီးမိတ်ဆက်ခွင့်ကို ကြာကြာမပေးလေ ကောင်းလေဆိုတာကို၊ ပူတင်လက်ထက် ရုရှားရွေးကောက်ပွဲများ၊ မဟာသီယာလက်ထက်မလေးရှား ရွေးကောက် ပွဲများ၊ ထိုင်းနိင်ငံ တပ်ဆင်လက်ထက် ကြားဖြတ်ရွေးကောက်ပွဲ သင်ခန်းစာတွေက ရှိထားပါတယ်။

ရွေးကောက်ပွဲတွေဆိုတာကလည်း လူသစ်တွေထွက်ပေါ်လာတတ်တဲ့ အစဉ်အလာကလဲ ရှိထားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာထူး ခြားတာတခုကတော့ ကိုလိုနီခေတ် နိုင်ငံရေးလှုပ်ရှားမှု တွေမှာပါဝင်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီးတွေနေရာမှာ လူသစ်တွေအစား ထိုးရွေးချယ်ခံခဲ့ရပါတယ်။ ဒါကတော့မဟာ ၈၈ လှုပ်ရှားမှုကြီးရဲ့အရှိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်တို့ကြောင့်ဖြစ်တယ်။ လူထုက ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးလိုက်တယ်။ ဒါပေမယ့် ကိုယ်စားလှယ်တွေက လူထုကိုငရဲနဲ့နိဗ္ဗာန်မှာ ဘယ်လမ်းကိုသွားရမယ်ဆို တာကို မရွေးချယ်ပေးနိင်ခဲ့ပါဘူး။ ဒီတော့လူထုက ၂၀၁၀ ရွေးကောက်ပွဲကို ထွက်ပေါက်တခုဖြစ်လာနိင်မလားဆိုတဲ့ မျှော်လင့်ချက်က တော့ ၉၀ တုန်းကလို အားကောင်းကောင်းရှိမှာ မဟုတ်တော့တာသေချာနေပြီ။ ၂၀၁၀ မှာတော့ ရွေးကောက်ပွဲဝင်မဲ့သူတွေဟာ မျက်နာ သစ်တွေဖြစ်လာနိင်ပါတယ်။ သူတို့က ၁၉၉၀ တုန်းကမျက်နာသစ်တွေလို မဟုတ်တော့ပါဘူး။ သူတို့ကတော့ပြည်တွင်းရှိ ပညာတတ် လူငယ်တချို့နဲ့  ကုန်သည်အသိုင်းဝိုင်း တချို့ ဖြစ်တယ်။ သူတို့တွေရွေးကောက်ပွဲကိုဝင်မယ်။ လက်ရှိအခြေအနေပေါ်မှာသူတို့ ရူမြင်ပုံက

• သူတို့ကလက်ရှိမြန်မာပြည်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ သန်းရွေစစ်အုပ်စုရဲ့ အုပ်ချုပ်ရေးညံဖျင်းမှုကြောင့်လို့မြင်တယ်။
• လက်ရှိနိင်ငံရေးပြဿနာကို အကောင်းဆုံးဖြေရှင်းနိင်တာက အာဏာကိုစစ်တပ်ကကိုင်ထား၊ အုပ်ချုပ်ရေးနဲ့စီးပွားရေးကို ငါတို့ကိုပေး ကိုင်မယ်။
• ဒီမိုကရေစီ တဖြည်းဖြည်းတော့ ဖြစ်လာမယ်ဆိုတဲ့ပေါ်လစီ။

ဒီလူတွေက လူတွေနဲ့တွေ့ရင် သန်းရွေမကောင်းဘူး၊ ဒီချုပ်ကလည်း အရည်အချင်းမရှိဘူးလို့ ပြောလေ့ရှိကြတယ်။ သန်းရွေနဲ့တွေ့ရင် တော့ရနိင်သမျှ အခွင့်အရေးတွေကိုတောင်းယူလေ့ရှိကြသူတွေပါ။ ဒေါ်စုကိုတော့တခါမှ တွေ့ဖို့မကြိုးစား၊ လွှတ်ပေးပါလို့မတောင်းဆို၊ နအဖရဲ့ လူအခွင့်အရေးချိုးဖေါက်မှုနဲ့ လာဘ်စားမှုတွေအပေါ်မှာ တုံနိဘာဝေ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ လေသံတောင်မဟဘူး သူတွေပါ။ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ဖင်တကြွကြွအဖြစ်ဆုံးကသူတို့ ဖြစ်နေတာတော့ ဆိုးတာပဲ။

သန်းရွှေခေါင်းမာဂိုဏ်းရဲ့အကြံ

သန်းရွှေခေါင်မာဂိုဏ်းရဲ့ အမြင်က ဒီနေ့ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းဟာ တရားဝင်မှု ( Legitimate Crisis ) လို့ယူဆကြတယ်။ စစ်တပ်အနေနဲ့ နိုင်ငံတော်အာဏာကို တရားဝင်ရယူနိင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အခြေခံဥပဒေကိုအသက်သွင်းတယ်။ နောက်ဆုံးအဆင့် ကတော့ တရားဝင်ရွေးကောက်ပွဲနဲ့ အာဏာရတဲ့ပုံစံကို ဖန်တီးဖို့လိုလာပါတယ်။ စစ်တပ်ကို ကြိုးကိုင်ခြယ်လှယ်နေတာ သန်းရွှေ ဖြစ်ပါ တယ်။ ဒီနေ့ နအဖပြောနေတဲ့  လမ်းပြမြေပုံ ၇ ဆင့်ဆိုတာတွေဟာ သန်းရွှေရဲ့အကြံတွေသာဖြစ်တယ်။ ဒီနေ့ရွေးကောက်ပွဲနဲ့ပတ်သက် ပြီး သန်းရွှေ လုပ်မှာကတော့.....
၁- သူဟာ တပ်ထဲမှာတပ်ချုပ်ကြီးရာထူးကိုဆက်ယူထားမယ်။
၂- ၂၀၁၀ ရွေးကောက်ပွဲကိုလုပ်ပေးမယ်။ ( သူကိုယ်တိုင်ကတော့  ယူနီဖေါင်းချွတ်ပြီး ရွေးကောက်ပွဲကိုဝင်မှာ မဟုတ်ဘူး။ )
၃- စစ်တပ်က ပါတီတခုကိုဖွဲ့ပေးမယ်။ ဒီပါတီကိုယ်စားလှယ်တွေအဖြစ် လက်ရှိအစိုးရထဲက ၀န်ကြီးတချို့နဲ့ စစ်တပ်ထဲကတချို့ကိုရွေး ကောက်ပွဲဝင်စေမယ်၊ ( ပါတီနာမည်တောင်မှန်းလို့ရသေးရဲ့။ ဖွံ့ဖြိုးရေးတို့၊ တိုင်းရင်းသားညီညွတ်ရေး စတဲ့စာလုံးတွေပါတဲ့ နာမည်မျိုး တွေပါပါလိမ့်မယ်။ )
၎- အရပ်သားတွေထဲ ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ရွေးကောက်ပွဲပေးဝင်မယ်။
၅- စစ်ဗိုလ်ထဲကထောင်နဲ့ချီပြီး အထက်အမိန့်နဲ့ ယူနီဖေါင်းချွတ်ခိုင်းပြီး ပုလိပ်ဖက်၊ မ၀တ ဖက်တွေစတဲ့အရေးမပါတဲ့ နေရာတွေကိုအ စားထိုးမယ်။ သူတို့ က ရွေးကောက်ပွဲအတွက် မဲဆွယ်တာတွေ လုပ်ပေးရဦးမယ်။
၆- အပစ်အခပ်ရပ်စဲထားတဲ့ တိုင်းရင်းသားပါတီတွေကို လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင်စွန့် ခိုင်းမယ်။ လူမျိုးစုတွေထဲက တချို့ ခါင်းဆောင်တွေက ဘာညာကွီကွ နာမည်တွေနဲ့ ရွေးကောက်ပွဲကိုဝင်လာကြလိမ့်မယ်။
၇-ရွေးကောက်ပွဲမှာ စစ်တပ်က ကျောထောက်နောက်ခံပြုတဲ့ပါတီကို အနိင်ရစေမယ်။
၈- ယူနီဖေါင်းချွတ်များ၊ နိင်ငံရေးလူပြက်များတွေနဲ့ ညောင်စေးကျအောင် ရောသမမွေပြီးတဲ့အခါမှာ အတုအယောင်လွှတ်တော်ခေါ် ရုပ် သေးအစိုးရကိုဖွဲ့ စည်းစေမယ်။
၉- ပြီးတဲ့အခါမှာ တော့ သူက ၂၀၀၉ ခုနစ်အခြေခံဥပဒေအရ နိင်ငံတော်သမ္မတဟာ တပ်မတော်အကြီးအကဲ ဖြစ်ရမယ်ဆိုတဲ့မူနဲ့ သူဟာ ရုပ်သေးဆရာကြီးအဖြစ် နဲ့  အစိုးရအဖွဲ့ ရော စစ်တပ်ကိုပါ ကြိုးကိုင်နိင်ဖို့ ကြိုးပမ်းမှုမျှသာတည်း။

၂၀၁၀ နဲ့  ဒီမိုကရေစီမရနိင်

ဆရာကြီး ဦးဝင်းတင်ပြောသလို ၂၀၁၀ လမ်းကိုလိုက်ရင် ငရဲပဲရောက်မယ်ဆိုသလိုပဲ ၂၀၁၀ ရွေးကောက်ပွဲမှာ ကိုယ့်ဖက်က နိုင်ခြေမရှိ ပါ။ ဘာဖြစ်လို့လဲ ဆိုတာကတော့ရှင်းတယ်။ ခေါင်းဆောင်တွေထောင်ထဲမှာ၊ အောက်ခြေကလှုပ်လို့မရဘူးဖြစ်နေတယ်။ ဒီတော့စစ်တပ် က လက်ကိုင်ဒုတ်ပါတီ နိုင်မယ်။ ဒီတော့သူတို့ဟာ တရားဝင်မှုရသွားပြီ။ ငါတို့တော့သွားပါပြီလို့ ယူဆချင်သူတွေရှိတယ်။ ဒါဆိုမှားမယ်။ အဖြေက စစ်တပ်က ခုလည်းနိုင်နေတာပဲမဟုတ်လား။ ခုလည်းနိင်ငံတော်အာဏာ သုံးရပ်စလုံးကို ချုပ်ကိုင်ထားတာပဲမဟုတ်လား။ သူတို့ကနိုင်လိုက်လို့ ဥုံဖွဆိုပြီး အရာခပ်သိမ်း တိုးတက်ပြောင်းလဲမှုတွေဖြစ်မလာပါဘူး။ နိုင်ငံတကာက ထောက်ခံမှုတွေရလာဖို့ကတော့ အတွက်စံနှုန်းတွေရှိပါတယ်။
• ရွေးကောက်ပွဲဟာ တရားမျှတမှုရှိရဲ့ လား
• လူအခွင့်အရေး ချိုးဖေါက်ခံရမှုတွေဘယ်လောက် တိုးတက်လာသလဲ။
• နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီလား
• စီးပွားရေးတိုးတက်မှုတွေဘယ်လောက်အထိရှိလာသလဲ
စတဲ့စံနှုန်းတွေကို ပြည့်မီအောင် ၂၀၁၀ မှာဘာမှမပါလာဘူး။ ၂၀၀၈ အခြေခံဥပဒေမှာ ဘာမှပြဋ္ဌာန်းမထားဘူး။ စစ်တပ်ကနိုင်ပြီလို့ နိုင်ငံ တကာကထောက်ခံလိုက်ပြီလို့ ကျနော်လုံးဝမယုံပါဘူး။

ကျနော်တို့ ဘာလုပ်ကြမလဲ

ကျနော်တို့လုပ်ရမှာကတော့ ၂၀၁၀ ရွေးကောက်ပွဲကိုပြတ်ပြတ်သားသား သပိတ်မှောက်ဖို့ဖြစ်ပါတယ်။ စီးပွားရေးမှာတင်မမြင်ရတဲ့ လက် ရှိနေတာမဟုတ်ဘူး။ နိုင်ငံရေးမှာလည်း မမြင်ရတဲ့ လှိုင်းလုံးကြီးရှိနေတတ်ပါတယ်။ မင်းကိုနိုင်နဲ့ ၈၈ ကျောင်းသားတွေ ဓါတ်ဆီဈေးကျဖို့ ချီတက်ဆန္ဒပြကြတော့ သံဃာလှုပ်ရှားမှုကြီးဖြစ်လာမယ်လို့ မတွက်ခဲ့ကြပါဘူး။ သံဃာလှုပ်ရှားမှုကြီးကို နအဖက နှိမ်နင်းလိုက်တော့ နာဂစ် မုန်တိုင်းကြီးဖြစ်လာမယ်လို့ ဘယ်သူကမှ မစဉ်းစားမိခဲ့ကြဘူး။ နအဖကို ပွဲသိမ်းစေတဲ့လှိုင်းလုံးကြီးတွေပါ။ ကျနော်တို့လက်ဦးမှု ကင်းမဲ့ခဲ့တယ်။

ဒီတခါလည်း ဧရာမလှိုင်းလုံးကြီးကလာနေပါပြီ။ လှိုင်းလုံးကြီးကတော့ စီးပွားရေးပျက်ကပ်လှိုင်းလုံးကြီးဖြစ်ပါတယ်။ အမေရိကန်နယူး ယောက်မြို့က စတော့ရှယ်ရှာဈေးကွက် ပျက်ရာကစလိုက်တဲ့ ငွေကြေးအကြပ်ရိုက်မှုကတကမ္ဘာလုံးကို အပြင်းထန်ရိုက်ခတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီလှိုင်းကအမေရိကန်ကိုလည်း မညှာသလို တရုတ်ကိုလည်းအလွတ်မပေးပါဘူး။ အမေရိကန်ဈေးကွက်ကိုရော၊ တရုတ် ဈေးကွက်ကိုလည်း မညှာပါဘူး။ အမေရိကန်ဈေးကွက်ဝယ်လိုအား ကျဆင်းမယ်။ တရုတ်ပြည်မှာစက်ရုံတွေ ထုတ်လုပ်မှုကျဆင်းလာ နိုင်တယ်။ မြန်မာပြည်လို ကုန်ကြမ်းပို့စားနေတဲ့ နိုင်ငံတွေရဲ့ကုန်ကြမ်းတွေ (သစ်၊ဆန်၊ ပဲ၊ ရေနံ၊ သဘာဝဓါတ်ငွေ့) ဒလဟောဈေးကျ ဆင်းလာတာတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ရလဒ်ကတော့အာရှမှာ အလုပ်လက်မဲ့ပြသာနာက နိင်ငံရေးမတည်မငြိမ်မှုတွေ အဆက်မ ပြတ်ဖြစ်လာမှာပဲဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ်ကနိင်ခြင်းမနိင်ခြင်းကို ကျနော်စိတ်မ၀င်စားပါဘူး။ စိတ်ဝင်စားတာကတော့ မဟာစီးပွားပျက်ကပ် အတွက် နအဖ မှာ ဘာအစီစဉ်မှာ မရှိဘူးဖြစ်နေခြင်းဖြစ်ပါတယ်။ နပိုလီယံပြောခဲ့သလိုပဲ စစ်တပ်က အစာအိမ်နဲ့ချီတက်တာဆိုတာကို ဒီနေ့ဗိုလ်ချုပ်တွေမေ့နေပါတယ်။ နအဖ ၀န်ကြီးချုပ်သိန်းစိန်ကတော့ မြန်မာပြည်မှာအလုပ်အကိုင်တွေ အများကြီးရှိတယ်။ အလုပ်သ မားတွေပြန်လာနိင်တယ်လို့ ဆိုပါတယ်။ အလုပ်တွေပေါတာသေချာတယ်။ ဒါပေမဲ့အလုပ်ထက်ပိုပေါတာကတော့ လုပ်အားခဖြစ်နေခြင်း ဖြစ်ပါတယ်။ တနေကုန်လုပ်လို့ ထမင်းတနပ်ဖိုး မရတဲ့လုပ်ခဖြစ်နေပါတယ်။ ဒီတော့ သိန်းစိန်ပြောသလို့ အလုပ်သမားတွေပြန်လာမှာပါ။ ရိုးရိုးလာမှာတော့မဟုတ်ဘူး။ သူခေါင်းကိုရိုက်ခွဲဖို့ ပေါက်တူးတွေ၊ တူးရွင်းတွေကိုင်ပြီးပြန်လာခဲ့တော့မှာ မဝေးတော့ဘူးလို့ဆိုပါရစေ တော့။

မမြင်ရတဲ့ လှိုင်းကြီးလုံးကြီးက ပစိဖတ်သမုဒ္ဒရာကိုဖြတ်ပြီး မြန်မာပြည်ကိုဦးတည်နေပါပြီ။ ဒီလှိုင်းကြီးကြွလာမယ်။ ဒီလှိုင်းကြီးကိုပစ် မှတ်ကိုထိအောင် ကျနော်တို့ ဦးတည်ပေးရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝမဲမပေးကြနဲ့အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့ ကျနော်တို့ လှုံ့ဆော်ရမှာဖြစ်ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ထွက်ပေါက်မဟုတ်။ ထွက်ပေါက်အမှန်ကတော့ စစ်အာဏာရှင်စနစ် ကိုဖြိုချပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဆိုတဲ့ လူထုလှုပ်ရှားမှုအတွက် ကျနော်တို့ အစွမ်းကုန် ကြိုးပမ်းကြရမယ်။

မိုးသီးဇွန်

(ဒီဇင်ဘာ၊ ၂၀၀၈)
လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြစို့ E Book မှ
http://www.naytthit.com/articals/Dec09/ko%20Mothee.html

“အမြီးအမောက်တည့်ဖို့လိုပါသည်”---ဦးဖိုးသာအောင်-


“အမြီးအမောက်တည့်ဖို့လိုပါသည်”---ဦးဖိုးသာအောင်-

နိုင်ငံရေးဘောဂဗေဒလေ့လာရေး မျိုးဆက်သစ်ကျောင်းတော်သားစု ကြေညာချက်အမှတ် (၆/၂၀၀၉)ကို ၂၀.၁၁.၂၀၀၉ နေ့စွဲနဲ့ ထုတ်ပြန်တဲ့စာကို ကြေးမုံ အွန်လိုင်းသတင်းစာမှာ ၁၃.၁၂.၂၀၀၉ နေ့က တွေ့ရပါတယ်။ ဒါနဲ့ပါတ်သက်ပြီး ဗွီအိုအေမှလည်း သ တင်းစကား ကြားရ ပါတယ်၊ ရဲဘော်ဖိုးသံချောင်းတို့၊ ဦးဘိုဘိုကျော်ငြိမ်းတို့ရဲ့ ထင်မြင်ချက်တွေကိုလည်း တပါတည်း နားထောင် ရပါတယ်။ ကြေညာချက်ထုတ်တဲ့အဖွဲ့က သူတို့ကိုယ်သူတို့ တတိယအုပ်စုလို့လည်း ဆိုထားပါတယ်။


ကြေညာချက်မှာ အချက် (၆) ချက်ပါပါတယ်။

အချက်နံပါတ် (၁)မှာ သူတို့သည် သ္ခင်စိုး၏ အကြွင်းမဲ့ငြိမ်းချမ်းရေး အနုသုခုမလမ်း စဉ်ကို အမွေဆက်ခံခဲ့တဲ့ မျိုးဆက်သစ် ကျောင်းတော်သား စုဖြစ်သည်လို့ဆိုထားပါတယ်။ ကြေညာချက်စလျှင်စခြင်းပင် မှားနေ ပါတယ်၊

သခင်စိုး၏ အကြွင်းမဲ့ ငြိမ်းချမ်းရေး အနုသုခုမလမ်းစဉ်ဆိုတာကိုက အမှားကြီးပါ။ လူကြားကောင်း တရားနာ စကားလုံးကို သုံးပြီး စည်းရုံးတဲ့ လိမ့်လုံးတခုပဲဖြစ်ခဲ့ပါတယ်၊ အကြွင်းမဲ့ငြိမ်းချမ်းရေးဆိုတာ ပုထုစဉ် လောကမှာ ရော သုံးဆယ့်တစ်ဘုံမှာပါ ဘယ်အ ခါကမျှမရှိပါ၊ နောင်လည်းရှိမည်မဟုတ်ပါ၊ ဒါကို သ္ခင်စိုးလည်း သိပြီးသားပါ၊ လူသားတို့ရဲ့ သတ္တလောကမှာ လောကနဲ့ လိုက် လျှောညီထွေ ဖြစ်အောင် ကျင့်ကြံ နေထိုင်ကြဖို့ပဲဖြစ်ပါတယ်၊ အနိစ္စတရားကြောင့် ထာဝရ ဝိရောဓိ၊ ထာဝရ ပဋိပက္ခ တွေရှိနေ ကြမှာပါ (Absolute Peace) အကြွင်းမဲ့ ငြိမ်းချမ်းရေးဆိုတာ နိဗ္ဗာန်ကလွဲပြီး အခြားဘယ်နေရာမှာမှ မရှိပါ ဘူး။ သ္ခင်စိုးက လူ ကြားကောင်းတရားနာ ပြောခဲ့တာကို ဗျာဓိတ်လို့ ခံယူကြတဲ့ တတိယအုပ်စုကို စဉ်းစားနှိုင်စေရန်ရည်သန်ပါတယ်။ လောကုတ္တရာ ရှု့ဒေါင့်မှ မြင်တဲ့ အမြင်သက်သက် မဟုတ် ပါဘူး၊ လောကီမှာလည်း “အကြွင်းမဲ့ ငြိမ်းချမ်းရေး အနုသုခုမလမ်းစဉ်” ဆိုတာ သ္ခင်စိုးရဲ့ စိတ်ကူး ယဉ်မှု့တခုသာဖြစ်ပါသည်။ သ္ခင်စိုးကိုယ်တိုင်လည်း ဒါကိုသဘောပေါက်ခဲ့ ပါသည်။


ကြေညာချက်နံပါတ် (၂) မှာလည်း ဆရာကြီး သ္ခင်စိုးလမ်းညွှန်ခဲ့သော “အထက်ကလာတဲ့ တော်လှန်ရေး” (Revolution from Above) တည်ဆဲအစိုးရမှ ဦးဆောင်သော ဒီမိုကရေစီအသွင် ကူးပြောင်းရေး သဘောထားကို တစိုက်မတ်မတ်ထောက်ခံခဲ့သည်။ မောင်စူးစမ်းက (Sponsored by the Government) ဟူ၍ ထပ်လောင်းထောက်ခံခဲ့ပါသည် ဟူ၍ပါရှိနေပြန်ပါသည်။ တတိယ အုပ်စုဆိုသူတွေ သေသေချာချာစဉ်းစားဖို့နဲ့ လေ့လာဖို့ လိုအပ်နေပါသည်၊ သ္ခင်စိုးက တည်ဆဲ အစိုးရ မှ ဦးဆောင်သောဒီမို ကရေ စီ အသွင်ကူးပြောင်းရေးကို လမ်းညွှန်ခဲ့သည်ဟုဆိုလျှင် ဖ.ဆ.ပ.လ အစိုးရ၏ ဦးဆောင်ပြီး ဒီမိုကရေစီဖေါ်ဆောင်မှု့ကိုတော့ လက်မခံဘဲ၊ ဗိုလ်နေဝင်းရဲ့ မ.ဆ.လ အစိုးရက ဦးဆောင်ပြီး ဒီမိုကရေစီဖေါ်ဆောင်မယ်ဆိုတာကိုတော့ သ္ခင်စိုးက လက်ခံ သတဲ့ လား။ သေသေချာချာစဉ်းစားပါ တတိယအုပ်စုခေါ် မျိုးဆက်သစ်ကျောင်းတော်သားစုတို့၊ သ္ခင်စိုးက ယုံကြည်လက်ခံခဲ့တဲ့ မ.ဆ.လ အစိုးရက ဒီမိုကရေစီဖေါ်ပေးခဲ့တာ တွေ့ဖူးကြပါသလား၊ မြန်မာပြည် ဟာ ဒီမိုကရေစီရှိခဲ့ကြလို့လား။ ရှစ်ဆယ့်ရှစ်အရေးတော်ပုံ ဘာကြောင့်ပေါ်ပေါက်ခဲ့ကြ တာလည်း၊ မျိုးဆက်သစ်တွေရိုးရိုးသားသား စဉ်းစားတွေးခေါ်ကြပါ။

မောင်စူးစမ်းကလည်း ဒီမိုကရေစီသည် အပေါ်ကလာသည်ဟု ပြောလာပြန်ပါတယ်၊ ဘယ်ခေတ်ဘယ်အခါကမဆို ဒီမိုကရေစီ ဆိုတာ ဒီမိုကရေစီရှိတဲ့နေရာကနေ လာတယ်ဆိုတာ မောင်စူးစမ်းသဘောမပေါက်လို့ပါ။ အသာစီးရနေတဲ့ အာဏာရှင်စံနစ် နိုင် ငံတခုရဲ့ အချိန်ကာလတခုကို ကြည့်ပြီးပြောတာပဲဖြစ်ပါလိမ့် မယ်၊ ဒါကို ထာဝရလမ်း ညွှန်ချက်လို့ခံယူတယ် ဆိုရင်တော့လည်း အံသြစရာဖြစ်ပါလိမ့်မယ်။


အချက်နံပါတ် (၃) ကတော့ တည်ဆဲအစိုးရက အမျိုးသားအကျိုးစီးပွါးကို အမျိုးသားနိုင်ငံ ရေးအင်အားစုများက စုပေါင်းလုံးလ ပြုသည့် (National Multi Party System) ပုံစံ “၂၀၀၈”ခုနှစ် အခြေခံဥပဒေနှင့်အညီ အုပ်ချုပ်မည့် အစိုးရသစ်ပေါ်ထွန်းရေးကို ဦးဆောင်ပုံဖေါ်နေပါသည်တဲ့၊ မျိုးဆက်သစ်ကျောင်တော်သားစုက မသိလို့ နားမလည်လို့ ပြောတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ မြန်မာပြည်မှာ ယ္ခင်ဗိုလ်နေဝင်း မ.ဆ.လ အစိုးရသည် အမျိုးသားအကျိုးစီးပွါးဆိုတာကို နည်းနည်း လေးလောက်များ ထည့် တွက်ခဲ့ရင် ပြုတ်ကျဖွယ်မရှိပါဘူး။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး နိုင်ငံအဆင့်မှ လံကွတ်တီအဆင့်သို့ကျရောက်သွားလို့ သာ လူထုအုံကြွမှုဖြစ်ပြီး ပြုတ်ကျခဲ့တယ် ဆိုတာ တကမ္ဘာလုံးအသိပါ။ အခုလည်း ဗိုလ်သန်းရွှေရဲ့ အမျိုးသားအကျိုးစီးပွါးဆို တာကို ယုံကြည် နေကြတယ်ဆိုရင်ဖြင့် မျိုးဆက်သစ်ကျောင်းတော်သားစုဆိုသူ တစုကို ဘာမျှ မအံသြတော့ပါ။ သမိုင်းမှတ်စုထဲက အမဲရောင်စာတမ်းလေးတခုလောက်ပါပဲ။


အချက်နံပါတ် (၄)မှာ ဒေါ်အောင်ဆန်းစုကြည်က စက်မှု့ဖွံဖြိုးပြီး အနောက်နိုင်ငံကြီးများတွင် ကျင့်သုံးနေသော “လူတဦးချင်းစီ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် (Liberal Democracy)” ပုံစံကို ပုံဖေါ်ရန်ကြိုးပမ်းနေသည်၊ တဲ့… ဒီနေရာလေးကို ပင် ပထမ ရှင်းပြချင်ပါ တယ်၊ တတိယအုပ်စုဆိုသူ အနည်းငယ်တို့သည် ဒီမိုကရေစီကို ရေရေလည်လည် သဘောမ ပေါက်ကြပါ လို့ ယူဆပါသည်၊ ဒီမိုကရေစီဆိုတာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ၊ ဖွံ့ဖြိုးသည်ဖြစ်စေ မဖွံ့ဖြိုးမတိုးတက်သည်ဖြစ်စေ၊ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို အသိ အမှတ်ပြုရမည်၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ၊ အများအကျိုးကို ထိခိုက်သည် ဖြစ်စေ မထိခိုက် သည်ဖြစ်စေ၊ တဦးချင်းသော်၎င်း အများစုသော်၎င်း သူတို့၏ ဆန္ဒသဘောထားများကို ထုတ်ဖေါ် ပြောဆိုခွင့် ရှိကိုရှိရမည်။ လိုက်နာကျင့်သုံးခြင်း၊ ပယ်ချကန့်ကွက်ခြင်း အပိုင်းကိုတော့ အများ ဆန္ဒနှင့် ဆုံးဖြတ်ခြင်းကိုပင် ဒီမိုကရေစီစံနစ်လို့ နားလည်ရပါမည်။ ဒါကြောင့် ဒီမိုကရေစီစံနစ်၏ အခြေခံ အနှစ်သာရသည် ကမ္ဘာပေါ်ရှိလူသားအားလုံးအပေါ်သို့ သက်ရောက်မှု့ ရှိရပါမည်၊ ဘယ်နိုင်ငံက မတိုးတက်သေးလို့၊ မယဉ်ကျေးသေးလို့ ဒီမိုကရေစီနှင့် မထိုက်တန်ဟူသော အယူအဆသည် ဒီမိုကရေ စီကို နားမလည်ခြင်းပင်ဖြစ်ပါသည်၊ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ၏ အနှစ်သာရကို ဆုတ်ကိုင်ပြီး တိုက်ပွဲဝင်နေသူ ခေါင်းဆောင်ပင်ဖြစ်ပါသည်။ ဒီမိုကရေစီကို ကြောက်နေ သူများကသာ မြန်မာနိုင်ငံကို ဒီမိုကရေစီချက်ချင်းပေးလိုက်လျှင် ပျက်သွားနိုင်သည်၊ ဒုက္ခရောက်သွားနှိုင်သည်ဟု ဆိုကာ ဝါဒဖြန့်နေကြပြီး စစ်အာဏာရှင်အုပ်ချုပ် ရေးကို ဆွဲဆန့်ဖို့ ကြိုးစား နေကြတာသာဖြစ်ပါသည်။


ကြေညာချက်နံပါတ် (၄) မှာ ဆက်ပြီးဖေါ်ပြတာက (Liberal Democracy) ပုံစံကို အချို့သော အရှေ့ဥရောပနိုင်ငံများနှင့် အီရတ်၊ အာဖဂန်တို့၌ ဇွတ်အတင်းပုံဖေါ်ခဲ့ရာ မအောင်မြင်ဘဲ ယနေ့တိုင် ၎င်းနိုင်ငံမှ ပြည်သူများ ဒုက္ခပင်လယ်ဝေနေဆဲဖြစ်သည်တဲ့။ သေသေချာချာလည်း လေ့လာပါအုံး တတိယအုပ်စုတို့၊ အီရတ်နဲ့ အာဖဂန် ပြဿနာက ဒီမိုကရေစီတင်ပို့မှု့ အဓိက မဟုတ်ဘူးဆို တာလောက်တော့ သိဖို့ကောင်းပါတယ်၊ အစွန်းရောက်အယူအဆနဲ့ အစွန်းမရောက် အယူအဆတို့ရဲ့ ပဋိပက္ခကြီးထွားလာခြင်း ကြောင့် ဖြေရှင်းနေကြရတဲ့ ပုံသဏ္ဍန်တခုပါ၊ အချို့သော အရှေ့ဥရောပ နိုင်ငံအချို့မှာလည်း သူတို့ လူထုရဲ့ ဆန္ဒသဘောထားကို လွတ်လပ်စွာ ဖေါ်ထုတ်ခွင့် ရရှိရေးအတွက် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေက ကူညီနေရတဲ့ အခြေအနေတွေပါ။ ဒါကြောင့် ဖြစ်ပေါ်နေတဲ့ အခြေအနေတို့ရဲ့ အတွင်း ပဋိပက္ခကို ဆုတ်မိကိုင်မိအောင် ကြိုးစားဖို့ လိုအပ်ပါ တယ်။ ရမ်းပြီး ထောက်ပြကာ ကြေညာချက်မရေးသင့်ပါဘူး။


နံပါတ် (၅)မှာ ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှု့သည် အမေရိကန် အလိုကျ သဘောဆောင်ပြီး “မဟာဗျူဟာ မပြောင်း နည်းဗျူဟာပြောင်း” ကစားခြင်း သာ ဖြစ်သည်ဟုခံယူပါသည်လို့ ရေးထားပြန်ပါတယ်။ ဒီအချက်သည် တတိယအုပ်စုဆိုသူတစုက ၎င်းတို့ဖါသာခံယူရင်လည်း ခံယူနှိုင်ပါတယ်။ သို့သော် ဒီလိုမိမိတို့ရဲ့ မစ္ဇျေရသဘောကို ခံယူချက် အဖြစ် ကြေညာချက်ထုတ်တာကတော့ နိမ့်လွန်းတယ်လို့ထင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုတဲ့ ကိစ္စဟာ နိုင်ငံရေးအရပဲကြည့်ကြည့် လူမှုရေးအရပဲ ကြည့်ကြည့် လူသာဓုခေါ် နတ်သာဓုခေါ် ကိစ္စပါ၊ ဒါကြောင့် လည်း မြန်မာပြည်သူလူထုနဲ့ နိုင်ငံပေါင်း များစွာကပါ ထောက်ခံနေကြတာမဟုတ်ပါလား၊ ဒီမိုကရေစီကို အသေကြောက်နေသူ များနဲ့ ၎င်းတို့ ၏ အလိုတော်ရှိတစုကသာ တွေ့ဆုံဆွေးနွေးရေးဆိုတာကို ဆန့်ကျင်ပြီး အဆိုးမြင်နေကြတာပါ၊ တွေ့ဆုံဆွေးနွေး ရေးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အလိုကျလုပ်နေတာ မဟုတ်ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံရေး တောင်းဆိုချက်ကိုသာ အမေရိကန်နှင့်တကွ နိုင်ငံပေါင်းများစွာ၊ မြန်မာလူထုကြီးကပါ လိုလားတောင့်တနေကြတာ တတိယ အင်အားစုကလွဲလို့ အားလုံးသိကြပါတယ်။ မြန်မာနိုင်ငံရေးကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းလို့ ပြေလည်သွား ရင်လည်း မကောင်းဘူးလား။ တတိယအုပ်စု ဆိုသူလေးတွေက တိုက်ကြ ခိုက်ကြ ဖမ်းကြဆိုတဲ့ နည်းကို ကြိုက်နေကြသလားလို့ မေးရမလို ဖြစ်နေပြီ၊ ဒေါ်အောင်ဆန်းစုကြည်သည် အစက တည်းက တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို အစဉ်တစိုက် ကိုင်စွဲပြီးတောင်း ဆို ခဲ့တာပါ၊ မဟာဗျူဟာ မပြောင်း နည်းဗျူဟာပြောင်းတာတွေလည်း မရှိခဲ့ပါဘူး၊ တတိယတို့က ဘယ်လိုအချက်တွေကို ကြည့်ပြီး ကြေညာချက်ထုတ်ကြတာလည်း၊ ကမောက်ကမ ကြေညာချက်ထုတ်တဲ့ လူကထုတ် ထည့်ပေးတဲ့သူက ထည့်ပေးနဲ့၊ သူတော်ချင်း ချင်း သတင်း လွှေ့လွှေ့ပေါင်းဖက်တွေ့နေကြတော့တာ ပါပဲ။


နောက်ဆုံး နံပါတ် (၆) အချက်မှာတော့ မြန်မာနိုင်ငံ၏ ပကတိအရှိတရား (Reality) “လမ်းစဉ် (၇)ရပ် အောင်မြင်ရေး”ကို အခြေ မခံဘဲ အနောက်ဒီမိုကရေစီ ပုံစံကို ဇွတ်အတင်း ပုံဖေါ်လျှင် မမျှော်လင့်သော နောက်ဆက်တွဲ ဒုက္ခဆိုးကျိုးများ ပေါ်ပေါက်လာ မည့် အနေအထား၊ အမေရိကန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရည်ရွယ်ချက်သဘောထား အဖုံဖုံကို ပြည်သူများ သိရှိအောင် ကျွန်ုပ်တို့မှ ရှင်းလင်းစွာ ဆွေးနွေးသွားမည် ဖြစ်ပါသည်တဲ့။…။


တတိယတို့ရေ…လမ်းစဉ် (၇)ရပ် အောင်မြင်ရေးဆိုတာကို မြန်မာနိုင်ငံ၏ ပကတိအရှိတရား (Reality)လို့ ဘယ်လို အီဒီယိုလိုဂျီနဲ့ များပြောလိုက်ပါလိမ့်။ ကိုလိုနီခေတ် မြန်မာ့သမိုင်းမှာလည်း ဒိုင်အာခီအုပ်ချုပ်ရေးတို့ ကိုးဆယ့်တစ်ဌာနအုပ်ချုပ်ရေးတို့ စသည် ဖြင့် ပေါ်ပေါက်ခဲ့ကြဘူးတာပါပဲ၊ လူထုကမကြေနပ်ရင် တဒင်္ဂ အရှိတရားသာဖြစ်ပြီး လူထုကြေနပ်မှ ပကတိ ထာဝရ အရှိတရားလို့ ခေါ်နိုင်ပါတယ်၊ တဒင်္ဂအရှိတရားနဲ့ ရေရှည်အရှိတရားဆိုတာလောက်တော့ ခွဲခြားနားလည်သင့်ပါ တယ်၊ ဖါးချင်အားကြီးပြီး ကြေ ညာချက်ဆိုတာကို ကမန်းကတမ်းမထုတ်သင့်ပါဘူး။


ကြေညာချက်မှာ အဆိုးဆုံးဖေါ်ပြထားတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် သည် အနောက်ဒီမိုကရေစီ ပုံစံကို ဇွတ်အတင်းပုံဖေါ်နေတယ်ဆိုတဲ့ အချက်ပါ၊ မမျှော်လင့်သော နောက်ဆက်တွဲဆိုးကျိုးများပေါ်ပေါက်လာမည့် အနေအထားလို့ လည်း ဆိုလိုက်ပါသေးတယ်၊ ဒါဟာ ဒီမိုကရေစီဆိုတာကို ကြေကြေညက်ညက် နားမလည်တာသာဖြစ်တယ်။ ဒီမိုကရေစီစံနစ်ရဲ့ အခြေခံမှာ အနောက်ပုံစံ အရှေ့ပုံစံဆိုတာမရှိဘူး၊ ယဉ်ကျေးမှု့ တိုးတက်ဖွံ့ဖြိုးမှု့အလိုက် ညီညွတ် အောင် ပြုပြင်မွန်းမံပြီး ကျင့်သုံး ရတာပဲရှိတယ်၊ အနှစ်သာရကို ပြောင်းလဲပြစ်လို့မရဘူး၊ တဖက်သား ရဲ့ အယူအဆကို တဖက်သားက လေးစားစွာ အသိ အမှတ် ပြုခြင်းဆိုတာ ဒီမိုကရေစီရဲ့ အနှစ်ပဲ။ အများစုကို ချပြအတည်ပြုခြင်းက နောက်တဆင့်ပါ။ ဒီအခြေခံအပေါ်မှာ မှန်ကန်စွာ ကျင့်သုံး မှု့ သည် ဒီမိုကရေစီပါပဲ၊ ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့ အခြေခံအတွေးအခေါ်ရှိသူများကတော့ ဒီမိုကရေစီ ဆိုတာကို သူတို့အလိုကျ ပုံဖေါ်ဖျက်ဆီး နေတာတွေလည်း တွေ့နေရပါတယ်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီကို အမျိုးမျိုးသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ ရှိကြ ပါသည်၊ သို့သော် အခြေခံအနှစ်သာရ ကိုတော့ မဖျက်ဆီးသင့်ကြပါ။


ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ ပုံပေါ်ရေးကို ကြိုးပန်းနေသည်ဆိုသည်မှာ မှန်ပါ သည်၊ သို့သော် အခြေခံအားဖြင့် အနောက်ပုံစံ အရှေ့ပုံစံဆိုတာမျိုးတော့ မဟုတ်ပါ၊ အမေရိကန် လူ့အဖွဲ့အစည်းကလည်း မြန်မာပြည်ကို ဒီမိုကရေစီရရှိစေလိုတဲ့ ဆန္ဒရှိကြပါသည်၊ စိတ်ရင်းစေတနာ ကောင်းတဲ့ လူသားတိုင်းကတော့ ဒီမိုကရေစီကိုရရှိစေချင်ကြတာပါပဲ။ အမေရိကန်ပဲဖြစ်ဖြစ် အင်္ဂလိပ်ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ပါစေ ဒီမိုကရေစီပုံပေါ်အောင် ကြိုးစားကူညီတဲ့ အပေါ်မှာ တတိယ တို့အနေနဲ့ ဘာများ ဝန်တို စရာရှိကြလို့လဲ။ ကြိုဆိုလက္ခံကြမယ့် အစား န.အ.ဖ နဲ့အတူလိုက်ပြီး ကန့်ကွက်သလို လုပ်နေတာကတော့ လက်ကိုင်ဒုတ်တခုလို ဖြစ်နေပါတော့တယ်။


ဒေါ်အောင်ဆန်းစုကြည်သည် အနောက်ဒီမိုကရေစီပုံစံကို ဇွတ်အတင်းပုံဖေါ်နေတယ်လို့ ပြောရအောင် ဒေါ်စုက ဘာများလွတ် လပ်စွာ ပြောဆို လှုပ်ရှားခွင့် ရနေလို့လဲ၊ မတရား အချုပ်ခံ နေရတာလည်း ကမ္ဘာက အသိပါ။
ဒါကြောင့် တတိယတို့ရဲ့ ဒီကြေညာချက် ၆/၂၀၀၉ ဆိုတာ သဘောတရားရော အချက်အလက်ပိုင်းပါ အပေါက်အလမ်းမတည့် အောက်နှုတ်ခမ်းပဲ့ ဆိုတဲ့ အောက်တန်းကျကျ စစ်ဗိုလ်အလိုကျ စာပိုဒ်ခြောက်ပိုဒ်သာ ဖြစ်နေပါကြောင်း။…။

ဦးဖိုးသာအောင်---၁၇၊၁၂၊၂၀၀၉
http://www.hittai.org/main.htm

အိန္ဒိယအစိုးရနှင့် နအဖစစ်အုပ်စု


NEJ / ၁၇ ဒီဇင်ဘာ ၂၀၀၉


လာမည့် (၂) နှစ် သို့မဟုတ် (၃) နှစ်အတွင်း မြန်မာ့သဘာဝဓာတ်ငွေ့ အိန္ဒိယသို့ တင်ပို့နိုင်ဖွယ်ရှိကြောင်း ဒီဇင်ဘာလ (၁) ရက်နေ့၌ အိန္ဒိယနေ နအဖသံအမတ် ဦးကြည်သိန်းပြောသည်ဟု အိန္ဒိယသတင်းဌာနက ဒီဇင်ဘာလဆန်းပိုင်းက ဖော်ပြသည်။ အိန္ဒိယအစိုးရကျေနပ်အောင် မျှော်လင့်ချက်ပေးလိုက်ခြင်းဖြစ်၏။ ရွှေဓာတ်ငွေ့ထုတ်လုပ်မှုတွင် အိန္ဒိယအစိုးရကုမ္ပဏီများ ပါဝင်နေပြီး အိန္ဒိယအစိုးရက ဈေးပိုပေးသော်လည်း နအဖစစ်အစိုးရက တရုတ်ကိုဦးစားပေးပြီး ဓာတ်ငွေ့ရောင်းရန် သဘောတူ လိုက်သည်ကို ကြည့်ခြင်းအားဖြင့် ဗမာစစ်အုပ်စုနှင့် ဆက်ဆံရာတွင် အိန္ဒိယသည် တရုတ်ကို မမီသည်မှာ ထင်ရှား၏။ အိန္ဒိယရှိ သူပုန်အနည်းငယ်ကို တိုက်ခိုက်ပေးရန် လူမိုက်ငှားသည့်အနေဖြင့် ဗမာစစ်အုပ်စုကို အိန္ဒိယအစိုးရက လက်နက်ရောင်းသည်။ အာဏာရှင်နှင့် လက်တွဲနိုင်အောင် အိန္ဒိယအစိုးရ ကြိုးစားနေသော်လည်း လိုချင်သည်များကို မရနိုင်သေးပါ။

ဒီဇင်ဘာ (၁၁) ရက်နေ့ ကြပ်ပြေးနေပြည်တော်တွင် ကျင်းပသည့် ဘင်္ဂလားပင်လယ်ကွေ့ဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Bimstec) (၁၂) ကြိမ်မြောက် နိုင်ငံခြားဝန်ကြီးများအစည်းအဝေး၌ အကြမ်းဖက်သမားနှင့် သူပုန် တိုက်ဖျက်ရေးကို အဖွဲ့ဝင် (၇) နိုင်ငံဖြစ်သော အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ်-ဘူတန်-နီပေါ-သီရိလင်္ကာနှင့် ထိုင်းအစိုးရတို့က သဘောတူကြသည်။ Bimstec အဖွဲ့တွင် မြန်မာသည် အချက်အချာနေရာကို ရယူထားသဖြင့် နအဖအစိုးရ အရေးပါနေသည်။ ၂၀၀၁ ခုနှစ်၌တကြိမ်၊ ၂၀၀၉ ခုနှစ်၌တကြိမ် နအဖသည် Bimstec အဖွဲ့ဥက္ကဋ္ဌဖြစ်လာသည်။ အာဆီယံအဖွဲ့တွင်မူ ဥက္ကဋ္ဌ လုပ်နိုင်ရန် အခွင့်အလမ်းမရသေး (သို့မဟုတ်) အရည်အချင်းမရှိသေးပါ။

လွန်ခဲ့သော နိုဝင်ဘာလ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကြီး၌ နအဖ၏ လူ့အခွင့်အရေးချိုးဖျက်မှုများကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို မဲခွဲရာ၌ အိန္ဒိယအစိုးရက ဆန့်ကျင်မဲပေးခဲ့သည်။ အိန္ဒိယဒီမိုကရေစီအစိုးရ၏ ရပ်တည်ချက်သည် တရုတ်-မြောက်ကိုရီးယား-ဆူဒန်-ဇင်ဘာဘွေ-အီရန်-လစ်ဗျား စသည်တို့နှင့် တထပ်တည်းဖြစ်နေသည်မှာ အလွန်ရှက်ဖွယ် ကောင်းသော လုပ်ရပ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်၍ နအဖစစ်အုပ်စုကို စစ်လက်နက် ထောက်ပံ့သည်မှာ အိန္ဒိယအစိုးရ၏ မြန်မာပြည်ဆိုင်ရာ လမ်းစဉ်ဖြစ်သည်။

အိန္ဒိယဒီမိုကရေစီအစိုးရနှင့် တရုတ်ကွန်မြူနစ်အစိုးရတို့သည် မြန်မာပြည်ဆိုင်ရာ သဘောထား၌ တူညီနေသည်ကို တွေ့ရသည်။ နှစ်ဦးစလုံး ဗမာစစ်အစိုးရနှင့် ဆက်ဆံရေးပြေလည်ရန် အဓိကထားကြ၏။ လောင်စာစွမ်းအင်မလုံလောက်သော တရုတ်နှင့် အိန္ဒိယအတွက် မြန်မာ့သဘာဝဓာတ်ငွေ့သည် အဓိကအခန်းမှာ ပါဝင်လာ၏။ အထူးသဖြင့် ရခိုင်ပြည်နယ်ကမ်းလွန်၌ သဘာဝ ဓာတ်ငွေ့တွင်း ထပ်မံတွေ့ရှိလာသည့်အတွက် ဗမာစစ်အစိုးရ မငြိုငြင်ရေးကိုသာ အဓိကထားလာကြပုံရသည်။ လွန်ခဲ့သော အောက်တိုဘာက အိန္ဒိယစစ်ဦးစီးချုပ် ဒီပက်ကပူးရ် ကြပ်ပြေးနေပြည်တော်ကိုသွားပြီး ကြပ်ပြေးသန်းရွှေနဲ့ရော ကြပ်ပြေး မောင်အေးနဲ့ပါ တွေ့ဆုံခဲ့သည်။ မြန်မာ့အိမ်နီးချင်းနိုင်ငံအားလုံးသည် နအဖအစိုးရနှင့် ဆက်ဆံရေးအဆင်ပြေရန် အဓိကထား ကြသဖြင့် အနောက်တိုင်း၏ ဒဏ်ခတ်မှုကို နအဖဂရုမစိုက်ခြင်းဖြစ်၏။

နအဖစစ်အစိုးရသည် အိန္ဒိယနှင့်တရုတ်ကို မျှမျှတတဆက်ဆံကြောင်းပြသရန် ကြိုးပမ်းနေပုံရသည်။ နအဖသည် နှစ်နိုင်ငံစလုံးနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေသည်။ မြန်မာပြည်သည် အိန္ဒိယနှင့်တရုတ်၏ လုံခြုံရေးကို အန္တရာယ်မပေးနိုင်ကြောင်း ပြသနိုင်ရန် ကြိုးစားနေပုံရ၏။ အိန္ဒိယနှင့် တရုတ်သည်လည်း မြန်မာပြည်၌ ပြိုင်ဆိုင်မှုမလုပ်ဘဲ ပူးတွဲဆောင်ရွက်ကြရန်သာ မူအားဖြင့် သဘောတူထားကြသည်။ သို့သော်လည်း လက်တွေ့မှာမူ မြန်မာ့သဘာဝဓာတ်ငွေ့ ရရှိရန်နှင့် မြန်မာပြည်ကို အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနှင့်တရုတ်သည် အပြိုင်အဆိုင် ကြိုးပမ်းနေကြ၏။ ဒီအချက်ကို နအဖအစိုးရသည် အခွင့်ကောင်းယူနေပုံရ၏။

ရွှေသဘာဝဓာတ်ငွေ့ ၀ယ်ယူခွင့်ရထားသော တရုတ်သည် ကျောက်ဖြူ၌ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်း ဆောက်လုပ်ရေးကိုပါ တာဝန်ယူထားသည်။ အိန္ဒိယသည် ရခိုင်ပြည်နယ်၌ ၀င်ခွင့်ရသည်မှာ မကြာသေးပါ။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာဦးဆောင်သော ဆန္ဒပြပွဲ ရန်ကုန်မှာဖြစ်ပွားနေစဉ် အိန္ဒိယရေနံဝန်ကြီး ကြပ်ပြေးနေပြည်တော်သို့သွား၍ ဒေါ်လာသန်း (၁၀၀) ကျော် ကုန်ကျမည့် ‘ကုလားတန်’ မြစ်ကြောင်း ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရန် သဘောတူချက် ရယူနိုင်ခဲ့သည်။

စစ်တွေ၌ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်း တည်ဆောက်၍ ကုလားတန်မြစ်ကြောင်းမှ အိန္ဒိယအရှေ့မြောက်ဒေသကို ဆက်သွယ်ရေးနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးကို အိန္ဒိယက တာဝန်ယူ အကောင်အထည်ဖော်ရန် သဘောတူခဲ့ကြ၏။ မီဇိုရမ်-အာသံ-မဏိပူ-နာဂ နဲ့ အရူးနားချဲပရာဒရှ စသည့်ပြည်နယ်များကို ဆက်သွယ်ရာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ခွင့်မရ၍ ရခိုင်ပြည်နယ်မှတဆင့် ဆက်သွယ်ရန် အိန္ဒိယအစိုးရက ‘ကုလားတန်’ စီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ ဤဒေသနေ အိန္ဒိယတိုင်းရင်းသားများသည် မျိုးနွယ်အရ တရုတ်-မြန်မာနှင့် ပို၍နီးစပ်ပေသည်။

၎င်းတို့အထဲတွင် အိန္ဒိယလက်အောက်မှခွဲထွက်ရန် လက်နက်ကိုင်ပုန်ကန်နေသူများလည်းရှိ၏။ အိန္ဒိယ-မြန်မာနယ်စပ်နေ သူပုန်အုပ်စုအချို့သည် မြန်မာဘက်၌ အခြေစိုက်စခန်းဖွင့်၍ အိန္ဒိယဘက်သို့ ၀င်ရောက်တိုက်ခိုက်လေ့ရှိသောကြောင့် အိန္ဒိယနှင့်နအဖစစ်တပ် မကြာခဏပူးတွဲစစ်ဆင်ရေးလုပ်၍ နယ်စပ်သူပုန်ကို တိုက်နေရသည်။ ဒီအချက်ကို အကြောင်းပြကာ အိန္ဒိယအစိုးရသည် နအဖအစိုးရကို စစ်လက်နက်ပစ္စည်းရောင်းချနေခြင်းဖြစ်၏။

အိန္ဒိယလိုချင်သော လောင်စာစွမ်းအင် မြန်မာပြည်၌ရှိမှု၊ အိန္ဒိယသူပုန်ကို မြန်မာစစ်တပ်က တိုက်ပေးမှု၊ မြန်မာပြည်ကိုဖြတ်၍ တရုတ်၊ အရှေ့တောင်အာရှနှင့် ကုန်သွယ်လိုမှု စသည့်အကြောင်း (၃) ခုကြောင့် အိန္ဒိယအစိုးရသည် မြန်မာ့ဒီမိုကရေစီအရေးကို အားမပေးရန် ဆုံးဖြတ်ဟန်တူသည်။ မြန်မာ့ဒီမိုကရေစီအရေးသည် မြန်မာပြည်သားများ၏ ကိစ္စဖြစ်၍ သူတို့ဘာသာ ကြိုးပမ်းရလိမ့်မယ်ဟူ၍ အိန္ဒိယ၀န်ကြီးများ မကြာခဏ ပြော၏။ အိန္ဒိယထက်တပန်းသာသည့်ကိစ္စမှာ တရုတ်သည် နအဖကို ကုလသမဂ္ဂ၌ အကာအကွယ်ပေးနိုင်ခြင်းဖြစ်၏။ လုံခြုံရေးကောင်စီ၌ နအဖအစိုးရကို အရေးယူရန်စီစဉ်တိုင်း တရုတ်က ဗီတိုအာဏာဖြင့် ပယ်ချသည်။ အိန္ဒိယသည် လုံခြုံရေးကောင်စီ၌ အမြဲတမ်းအဖွဲ့ဝင်ဖြစ်အောင် ကြိုးစားနေ၏။

အိန္ဒိယနှင့် ပူးတွဲဆောင်ရွက်မှုများလာလေလေ တရုတ်ကို မှီခိုမှု နည်းပါးလာလေလေဟု ပြောကြသော်လည်း တရုတ်-မြန်မာစီးပွားရေးသည် အိန္ဒိယ-မြန်မာစီးပွားရေးထက် အဆပေါင်းများစွာ ကြီးမားသည့်အတွက် တရုတ်ကို တန်ပြန်နိုင်မည် မဟုတ်ပေ။ မြန်မာပြည်၌ တရုတ်ဦးရေ တိုးပွားသကဲ့သို့ အိန္ဒိယဦးရေလည်း တိုးပွားလာနိုင်သည်။ အိန္ဒိယလူဦးရေသည် သန်း (၁,၁၀၀) ကျော်နေပြီး နောက်အနှစ် (၃၀) တွင် တရုတ်ထက် များလိမ့်မည်ဟု ခန့်မှန်းကြသည်။ နအဖသည် သဘာဝဓာတ်ငွေ့ အားကိုးသော အစိုးရဖြစ်လာသည်။ သဘာဝဓာတ်ငွေ့မှ ၀င်ငွေမရနိုင်တော့သည့် အခြေအနေကို ရင်ဆိုင်လာရမှသာ မြန်မာစစ် အစိုးရသည် ပြည်ပဖိအားပေးမှုကို ဂရုစိုက်လာလိမ့်မည်ဟု ယူဆသူများရှိသည်။

မိမိအကျိုးစီးပွားတခုတည်းကိုသာကြည့်၍ မြန်မာစစ်တပ်ကိုပေးသော လက်နက်ခဲယမ်းများ အိန္ဒိယသူပုန်လက်ထဲမရောက်ဟု မပြောနိုင်ပါ။ အိန္ဒိယ-မြန်မာနယ်စပ်သည် လက်နက်မှောင်ခိုရောင်းဝယ်ရာ နေရာဖြစ်သည်။ အိန္ဒိယအစိုးရက နအဖကို လက်နက်တင်ပို့နေစဉ် မြန်မာပြည်မှလက်နက်များ အိန္ဒိယသူပုန်လက်ထဲကို ရောက်သွားသည်မှာ ကိုယ့်ရူးကိုယ်ပတ်သော ဇာတ်လမ်းပင်ဖြစ်သည်။ အိန္ဒိယပြည်၏ အရှေ့မြောက်ပိုင်းဒေသတွင် ပြည်နယ် (၈) နယ်ရှိပြီး စုစုပေါင်း လူဦးရေ သန်း (၄၀) နီးပါးရှိသည်။

ဤဒေသနှင့် ထိတွေ့သော နိုင်ငံများသည် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ တရုတ်နှင့် မြန်မာဖြစ်၏။ ဤဒေသနှင့် အိန္ဒိယပြည်မ ဆက်သွယ်သည့် ကုန်းလမ်းသည် (၁၄) မိုင်သာ ကျယ်ဝန်းသည်။ ဤအထဲတွင် ပြည်နယ် (၄) ပြည်နယ်သည် မြန်မာပြည်နှင့် ဆက်နေသည်။ အရူးနားချဲပရာဒရှ်၊ နာဂ၊ မဏိပူနှင့် မီဇိုရမ်ပြည်နယ်များသည် မြန်မာနှင့် နယ်စပ်ချင်း ဆက်နေ၏။ မဏိပူ၌ လူဦးရေ (၂) သန်းနီးပါးရှိပြီး နာဂ၊ မီဇိုရမ်နဲ့ အရူးနားချဲပရာဒရှ်၌ တသန်းစီရှိ၍ ပြည်နယ် (၄) ခုပေါင်း လူဦးရေ (၅) သန်းခန့်ရှိပြီး အာသံပြည်နယ်၌ (၂၂) သန်းရှိသည်။

နာဂပြည်နယ်၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှိသည်။ သို့သော် လက်နက်ကိုင်လှုပ်ရှားမှုကြောင့် ရေနံစီမံကိန်း ရွှေ့ဆိုင်းထားရသည်။ ရေနံစီမံကိန်းပြန်စနိုင်ရန် အိန္ဒိယအစိုးရက စစ်ဆင်နေပုံရသည်။ နာဂပြည်သူများ၏ သဘောတူချက်မပါဘဲ ရေနံထုတ်ယူခွင့် မရှိဟု နဂသူပုန်က ကြေညာထားသည်။ အာသံပြည်နယ်၌လည်း ရေနံနဲ့ဓာတ်ငွေပိုက်လိုင်းကို သူပုန်က မကြာခဏ ဖျက်ဆီးသည်။ ထို့ကြောင့် ဗမာစစ်အစိုးရကို အားကိုးနေပုံရသည်။ သို့သော်လည်း အာသံလွတ်မြောက်ရေးတပ်ဦး (ULFA) ၏ တပ်ရင်းတရင်း မြန်မာပြည်တွင် နှစ်ပေါင်းများစွာ ခိုလှုံနေကြောင်း အာသံသူပုန် (၂) ဦးက ထွက်ဆိုသည်ဟု အိန္ဒိယသတင်းစာ တစောင်က ဒီဇင်ဘာလအစောပိုင်း၌ ဖော်ပြသည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် မြန်မာစစ်အုပ်စုနှင့် လက်တွဲစစ်ဆင်ရုံဖြင့် သူပုန်နိဂုံးချုပ်မည်ဟု အိန္ဒိယအစိုးရက ယုံကြည်နေခြင်းသည် ယုတ္တိမရှိသော အယူအဆပင်ဖြစ်ပေသည်။
http://www.khitpyaing.org/editorial/Dec09/171209.php

ရွှေခမောက် စာစောင် အမှတ်စဉ် (၁၀၆)

http://ifile.it/qxn0s12Shwekhamauk 106