Saturday, December 19, 2009

၂၀၁၀ရွေးကောက်ပွဲ ပြီးသွားပါပြီ

မဝတ ရုံးကနေပြီးတော့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အိမ်ထောင်စု စာရင်းတွေ တောင်းပြီး မဲတစ်ခါတည်း လိုက်တောင်းနေပါတယ်။၂ဝ၁ဝ ကျရင် မဲပေးမှာဘဲ မဟုတ်ဘူးလား။အခု တစ်ခါတည်း မဲပေးလိုက် ပြီးသွားရောပေါ့တဲ့။အိမ်ထောင်စု စာရင်းထဲမှာ ရှိတဲ့ လူနာမည်စာရင်းတွေ အားလုံး ကောက်ခံ သွားပါတယ်။ မဲဆန္ဒနယ်အလိုက်နအဖနေရာချပေးထားတဲ့စစ်တပ်အရာရှိဟောင်းတွေ၊ကုန်သည်တွေနဲ့ပါတီတခုအသွင်
တောင်ဖေါ်ပြစရာမလိုပဲလွှတ်တော်မှာနေရာပြည့်ပြီးနေပါပြီ။မဲတွေလည်းကြိုကောက်နေပြီ။
၂၀၀၇တုန်းကလိုပါပဲ။
၉၂ရာခိုင်နုန်းနဲ့ကြိုနိုင်နေပါတယ်....
NLD ။ကျောင်းသားနဲ့ပြည်သူကလည်းမူလနေရာလေးမှာပဲမရွေ့ပါဖူး။မသမာစွာရွေးကောက်ပွဲရလဒ်ထွက်ပေါ်
လာတာကိုလည်းသိတယ်...ဘာပြောလို့ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတာကတော့ဟိုတကွေ့ဟိုတက်နဲ့လှော်
ဒီတကွေ့ဒီတက်နဲ့လှော်ချင်တဲ့တတိယလိုင်းကလူတွေပါ။မကြာခင်နယ်စပ်ကိုရောက်လာကြပါလိမ့်မယ်..နအဖက
လိန်ကကျစ်ကျယုတ်မာကြောင်းသွင်သွင်ကြီးပြောပြကြပါလိမ့်မယ်...ကြိုက်သလိုကြိုဆိုလိုက်ကြပါ...


.... ၁၉၄၇ အခြေခံဥပဒေ ၁၉၄၈ ခုနှစ်မှစ၍ အာဏာတည်သည်။ ၁၉၆၂ ခုနှစ်တွင် ရပ်စဲသည်။ သက်တမ်း ၁၄ နှစ်။
၁၉၇၄ ခုနှစ် အခြေခံဥပဒေ ၁၉၈၈ ခုနှစ်တွင် ရပ်စဲသည်။ သက်တမ်း ၁၄ နှစ်။

ယနေ. ၂ဝဝ၉ နှစ်ကုန်ပိုင်းကာလ မြန်မာနိုင်ငံ၏ သက်တမ်း ၆၁ နှစ်ဟု သတ်မှတ်ကြသော်လည်း တကယ်တမ်း အင်္ဂါစုံသည့် သက်တမ်းတွက်ကြည့်ကြလျှင် ၁၄ နှစ်သား လူမမယ်ဆယ်ကျော်သက်မျှ သာ ရှိခဲ့သည်။ နှစ်ကြိမ်ဖြစ်တည်ခဲ့သော်လည်း တစ်ကြိမ်မျှ လူလားမြောက်ခွင့်မရခဲ့။ ယခုတစ်ကြိမ် ပြန်လည်ဖြစ်တည်မွေးဖွားရန် တာစူနေပြန်ပြီ။ နိုင်ငံရေးပတ်ဝန်းကျင်တစ်ခုလုံးက ခြုံငုံ၍ အကဲခတ်ကြည့်လျှင် အာဏာအကူးအပြောင်း၊ လက်အကူးအပြောင်း၊ ပုံစံပြောင်းအရေးကိစ္စကသာ လွှမ်းမိုးနေသည့်ပုံပေါ်နေသည်။ မိမိလက်တွင်းသို. အာဏာရောက်ခဲ့သော် အနာဂတ်နိုင်ငံတော်ကို မည်သို. ပုံဖော်မည်၊ မည်သည့်လုပ်ငန်းစဉ်များ၊ မူဝါဒများ ပြဌာန်းမည်၊ ထိုမူဝါဒများအား မည်သို. မည်ပုံမည်သည့် ယန္တရားများဖြင့် အကောင်အထည်ဖော်မည်ဟူသည့် လက်တွေ. ရည်မှန်းချက်များ မမြင်ရမကြားရချေ။ အထူးသဖြင့် အသွင်ကူးပြောင်းရေး ကာလအတွင်း လုပ်ဆောင်ရမည့် အခြေခံ အဆောက်အဦများ ပြုပြင် ပြောင်းလဲရေး ကိစ္စများ အရိပ်အယောင်ပင် မတွေ.မမြင်ရချေ။ ...

.... ဇမ္ဗူဒီပါတောင်ကျွန်းသြဘာနိမိတ်ထွန်းသတဲ့။ ကလေးစကား၊ သဘင်စကား၊ အရူးစကားများ မှန်တတ်သတဲ့။ လူရွှင်တော်တွေ ပြက်လုံးပြက်ခဲ့ကြသည်ကို ကြားဖူးသည်။ မကျေနပ်ရင် တစ်ကပြန်စတာပေါ့တဲ့။ သည်ပြက်လုံးကို ကျွန်တော်ကတော့ မကျေနပ်ပါ။
(ကိုရွှေရိုး)
ကိုးကား - '' နိုင်ငံတော်လူလားမြောက်ခြင်း '' ၊ နိုင်အောင်ဝင်း ၊ The Voice Journal , Vol. 6 / No.7

ဖာပွန်ဗုံးပေါက်ကွဲမှုကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ကြေညာချက်။

http://ifile.it/kghsyo0
KNU

19 DEC ဒိုင်ယာရီ

http://ifile.it/y2gu9ha19 Dec 2009 Diary

ဒီဇင်ဘာလ (၃၀) ရက်နေ့ တွင် နအဖအာဏာရှင် ဆန့် ကျင်ရေး အထွေထွေသပိတ် ဆင်နွဲမည်။

http://ifile.it/6jpfzhu All Burma Monks Alliance Announcement

ရှမ်းပြည်၏ အမှားတော်ပုံ

ရှမ်းပြည်၏ အမှားတော်ပုံ

ရေးသူ။ ။ ခွန်ကြည်၊ သထုံမြို့စား၊ ရှမ်းပြည်တောင်ပိုင်း

အခမဲ့ ဝေငှသည်

"ရှမ်းပြည်၏အမှားတော် ပုံ" ဟူ၍ အမည်ဘွဲ့ပေးသူ
စောရွှေသိုက်၊ ညောင်ရွှေစော်ဘွားကြီး
http://ifile.it/f4roseiErrors of the Shan States source