Sunday, December 27, 2009

27 DEC ဒိုင်ယာရီ

http://ifile.it/9lpubr4 27 Dec 2009 Diary

လေယာဉ်ဖောက်ခွဲရန်ကြိုးပမ်းပုံ

http://ifile.it/1klos7a Explosive

မာတာမိခင်၏စွမ်းပကား

သ တိ ၊ ကိုယ် ဝန် ၄ လ အောက် ရှိ သူ အမျိုး သ မီး များ လုံး ဝ မ သောက် ရ



အခုရက်ပိုင်း က အအေးပိုပါတယ် ၊ သတင်းစာ ထဲ ကြည့် လိုက်ရင် ရေ ခဲ မှတ်အောက် ရောက် နေတဲ့ ပင်လုံ တို့ ၊ လွယ်လင် တို့၊ ပင်လောင်း တို့ ဟားခါး တို့ ဆိုရင်လူတွေ ဘယ်လို နေ ကြ မလဲ မသိပါဗျာ ၊

ဒီဇင်ဘာ လ ကုန် ခရစ်စမတ် ကာလ ပြီး ၂ ပါတ်လောက် က အေးနေဦး မှာ ပါ။ အေးတာလေး ကို သီးခံပြီး ၊ နေရတာ ဇိမ် ကျ လှ ပ လို့ သာစိတ် ကို ဖြေသာ အောင် ထား ကြပါ။ နောက် ၁ လ က စ လို့ ကော့ နေ အောင်
နေက်ပိုင်း ရာသီဥတု က ပူပြီ လာရင် ၊ အခု အချိန် လေး ကို ပြန် အမှတ် ရ နိုင် မှာပါ။

အေးမြ တဲ့ ဆောင်း နဲ့ အတူ ဈေး ထဲ မှာ လဲ ၊ ဆောင်း သီး နှံ တွေ စုံ လို့ ပါ ဗျာ။ဒီ ကာ လ က ဟင်းသီး ဟင်း ရွက် တွေ ၊ အလွန် ပေါ လှ သကိုး ဗျ။ ဂေါ်ရခါးသီးပန်းဂေါ်ဘီ ၊ ဂေါ်ဘီထုပ် အကြီးကြီးတွေ ၊ ပဲသီးတောင့်ကြီး တွေ ပေါ မှ ပေါ ဗျာ။မနက် လမ်းလျောက်ရင်း ဈေး ထဲ က မျက်စိ ကျ လာ သမျှ အကုန် ဝယ် လာ ခဲ့ ပါတယ်။

အိမ် ရောက် တော့ သီးစုံ ကုလားဟင်း ချက်စား မလို့ ပြင်ဆင် ရ ပါတယ်။ဂေါ်ဖီထုပ်ကြီး ကို ရေ ဆေး ရင်း ၊ ဟင်းရွက် ဆေး တဲ့ ရေ က ၊ ညို တို တို ဖြစ် နေတာနဲ့ ရွှံ့ တွေ များ ပေ နေ မလား ဆို ပြီး ရေ စိမ် ထား လိုက် ပါတယ်။
အဲတော့ မှ ပို ဆိုး သဗျာ ၊ စိမ် ထား တဲ့ ရေ က အညို ရောင် ပြောင်း သွား လို့ဂေါ်ဖီပွင့် ကြီး ကို ရွက် ဖတ် တွေ တရွက် စီ ခွာ လိုက် မှ ၊ ဇတ်လမ်း က ဒီ လို မျိုး ဗျ

ဒီ ဂေါ်ဖီထုပ်ကြီး စ ဖူး ကတဲ က တောက် လျောက် ဖြန်း လာ တဲ့ ရွက်ဖြန်း မြေသြဇာတို့ ၊ ရွက်ဖြန်း ပိုးသတ်ဆေး တို့ က နဲနဲ နောနော မှ မဟုတ် တာ ပါ လား ဗျာ။နေ့စဉ် နဲ့ အမျှ ဆေး မျိုးစုံ နေ့ တိုင်း ဖြန်း နေ ကြ တာ ကိုး ဗျ။
ရွက်ဖြန်း မြေ သြ ဇာ ဆိုတာ က ၊ အပင် အတွက် ၊ အဟာရ ဖြစ်ပေ မဲ့ ၊ လူ အတွက်အဟာရ ဖြစ် ပ မလား ဗျာ ၊ ပိုးသတ်ဆေး က တော့ သက်ရှိ တခု ကို သေ အောင်လုပ် နိုင် တဲ့ အစွမ်း ရှိ နေ တော့ ၊ လူ အတွက် တော့ ဘယ် လို မှ မသင့် တော်နိုင်ပါ။ ဒီ အရွက် တွေ ပေါ် က ဓါတု ပစ်စည်း တွေ က ၊ ဒါရိုက် အိတ်စပိုရှာဆိုတော့ ၊ ဒီ လို အရွက် တွေ နဲ့ လူ့ ကျန်းမာရေး က တော့ ဆင်ချင် ဘို့ လိုပါပြီ။

မြေသြဇာ တို့ ပိုးသတ်ဆေးတို့ ၊ ရောင်း တဲ့ သူ တို့ ၊ ဝယ် သုံး တဲ့ စိုက်ပျိုးရေးသမား တို့ ၊ ဒီ ဟာ တွေ ကို ဂရုစိုက်ပေး မဲ့ ကျန်းမာရေး ဌာန တို့ စည်ပင် တို့ဈေး ထဲ မှာ ရောင်း နေတဲ့ စား ကုန် သောက် ကုန် တွေ ကိုလူ တွေ အတွက် သင့် တော် တယ် မတော် တယ် ၊ ကြည့် ပေး ကြ ပါဦး၊ ခင်ဗျာ

ခုများတော့ ဗျာ ၊ ဒေါ်ကြီးစိန် တို့ လင်မယား လို ၊ အသန့် အပြန့် ဂရုပြု ရ မလိုပါ။ဒေါ်ကြီးစိန် တို့ လင်မယား ဆိုတာ ၊ ကျွန်တော် တို့ ရပ်ကွက် ထဲ က ပါ။သားထောက် သမီးခံ မရှိတော့ တူမ လေး ၁ ယောက် နဲ့ အဖော်ပြု နေ ရ တဲ့ လင်မယားပါလင်မယား ၂ ယောက် လုံး က အတော်ဇီဇာကြောင် ပြီး ၊ အသန့် အပြန့် က ကြိုက်လွန်းပဗျာသူ တို့ လင် မယား အတွက် ထမင်း အိုး တယ် ရင် ၊ ဆန် ကို အကြိမ်ကြိမ် ဆေး နေ တာတော် တော် နဲ့ မပြီး တော့ ပါဘူး ၊ ဆန်ဆေးရေ က ကြည်ကြည် လင်လင် လေး မဖြစ် မချင်းရေ နဲ့ အကြိမ်ကြိမ် အထပ်ထပ် ဆေးပြီး မှ ထမင်း ချက် ပါတယ် ။
အ သန့် အ ပြန့် အတော် ကြိုက် သကိုး ဗျ။

ဒါ နဲ့ ရပ် ကွက် ထဲ က၊ လူ နောက် တ ယောက် က ၊ အတည် ပေါက် နဲ့ အကြံ ပေး ပါတယ်
ဗျိုး ဒေါ်ကြီးစိန် ၊ ခင်ဗျား တို့ လင်မယား စား ဘို့ ဆန်ဆေး နေ ရတာ ပင် ပမ်း လှ သဗျာ
ဆန်ဆေး တာ ကို ပို သန့် သွား အောင် ၊ ဆန် မဆေး ခင် ၊ ဆပ်ပြာမှုန့် လေး နဲ့
အရင် စိမ်ထား ပါလား လို့ ၊ ရွှန်း သွား တာ ကို ၊ ဒေါ်ကြီးစိန် က သဘော တွေ ကျ ပြီး
ဆန်ဆေးတာ ကို တကယ် ဘဲ ဆပ်ပြာ မှုန့် နဲနဲ ထည့် ဆေး ပါ လေ ရော ဗျာ။

သူ့ ယောက်ကျားကြီး ဝမ်းတွေ သွား ကုန် တော့ ၊ ဘေး အိမ်တွေ က ဝိုင်းတားတော့ မှဆန်ဆေး တာ ကို ဆပ်ပြာ မှုန့် ထည့် မ ဆေး တော့ တာပါ။အင်း အစားအသောက် နဲ့ နွယ် နေတဲ့ ကျန်းမာရေး ကိတ် စ က တော့ အရေးကြီးလှ သကိုး။

ခု အပါတ် သတင်းစာ တွေ ထဲ ရော ဂျာနယ် တွေ မှာ ပါ ၊ ဗမာ တိုင်းရင်းဆေး ၁၄ မျိုး ကိုသောက်သုံးရန် မသင့်တော်ကြောင်း ကြေငြာချက် တွေ ပါလာပါတယ်။ နာမည်ကျော် ဆာဒူးကြီးဆေး အပါအဝင် ဗမာ သွေးဆေးတွေ ၊ အကြောဖြေဆေးတွေ ၊ ဦးနှောက် အားတိုးဆေး တွေပါ။ပန်းပေါင်း တထောင်တို့ ၊ မြဟင်္သာတို့ ၊ ဆာဒူးကြီး တို့ က တော့ အညွှန်းအမျိုးမျိုး တွေ နဲ့အမျိုးသားများ အတွက် အထူး ဆေး တွေပါ။

ဆေး ကြော်ငြာထဲ မှာ အသက်ခပ်ကြီးကြီး မင်းသား ဦးနေအောင်ကြီး ဘေး မှာ ခပ်ချောချောကောင်မလေး ၅ ယောက် လောက် ဝိုင်း နေပြီး ၊ မင်းသားကြီး ဦးနေအောင် ကခပ်ပြုံးပြုံးလေး ဂေါက်ရိုက်တန် ကို ကိုင်ထားပြီး ၊ တတွင်းပြီး တတွင်း ၊ တွင်းစိမ်နေတဲ့ကြော်ငြာ ရိုက်ချက် လေး က တော့ ၊ ဆေး ကို သောက် ဘို့ မလိုသေး ပါဘူး ၊
ဆေး ကြော် ငြာ ကြည့် ရ ယုံ နဲ့ တင် ၊ ဆေး အ စွမ်း က၊ ထ ပြ နေ ပါ ဘီ ခင် ဗျာ ။

ဗမာဆေး တွေ က ဓါတုပစ်စည်းတွေ ကို တိုက် ရိုက် သုံးလေ့ ရှိပါတယ်။ကျန်းမာရေးဌာန က ဓါတ်ခွဲ ကြည့် လိုက် ရင် ပြဒါးဓါတ် တို့ ၊ အာဆင်းနစ် တို့ဆိုင်ယာနိုဒ် တို့ က အနည်း နဲ့ အများ ပါ နေ ကြ ပါတယ်။သေ လောက် တဲ့ ပမာဏ မဟုတ် ရင် ချက် ချင်း လူ ကို မသေ စေ ပေ မဲ့လူ့ ကိုယ် အတွင်း ရောက် သွား ပြီး ရင် ၊ ဒီ ဓါတ် တွေ က အပြင် ကို ပြန် မထွက်တော့ ပါဘူး ၊ တဖြေးဖြေး ပမာဏ များ လာ ရင် ၊ အန် တရယ် ဖြစ် စေ နိုင် တဲ့ပမာဏ လဲ အရောက် ၊ လူ က တော့ ခေါက် က နဲ ၊ ဇီ ဝိန် ကြွေ ရ တာပါ။
ကျန်းမာရေး အတွက် ဆေး ကို သောက် ခါမှ ဆေး အတွက် နဲ့ ဘေး ဖြစ် ရတာ က အဆိုး ဝါး ဆုံး ပေါ့ ဗျာ။

အခု တားမြစ် လိုက် တဲ့ ဆေး စာရင်း ထဲ တော့ မပါသေး ပါဘူး။အချောဆုံး အလှ ဆုံး မင်းသမီးလေးတွေ နဲ့ ကြေ ငြာ တဲ့ ဆေး ရှိ ပါသေးတယ်( မ ဟုတ် ရ ပါ ၊ အကို ကြီး ရာ ၊ကေ သီ ပန် ၊ ကေ သီ ပန် ၊ သွေး ပုပ် ချ ဆေး ၊ အမြဲ သုံး လို့ ပါ ၊ အကို ကြီး ရာ )ဆို တဲ့ကြော်ငြာ သီချင်း လေး နဲ့ သွေးဆေးကြီး ပါ။

သူ့ ကြော်ငြာ ထဲ သတိ ပေး ချက် က လဲ တော် တော် ဆိုး သား ဗျ ၊
သ တိ ၊ ကိုယ် ဝန် ၄ လ အောက် ရှိ သူ အမျိုး သ မီး များ လုံး ဝ မ သောက် ရ တဲ့ ဗျ။
စာလုံး အကြီးကြီး နဲ့ ကို ထင်ထင် ရှား ရှား ရေးထားပါတယ်။

တကယ်တော့ ၊ ဒါ က သတိ ပေးတာ မဟုတ် ပါဘူး ၊ တိုက် တွန်း ထား တာ ပါ။ဆိုလိုတာက ၊ သူ့ ဆေး က တကယ့်  ကို ၊ အ ရမ်း စွမ်း ပါ တယ်။အပျိုလေးများ မရှောင်သာတဲ့ လမ်းမြောင်ကြား သွားခဲ့မိရင် ၊ ၄ လ မ ကျော် သေးရင်
ဒီ သွေးဆေး ကို သောက် လိုက် ၊ အား လုံး ၊ အို ကေ သွား မယ် လို့ ကြော် ငြာ ထား တာပါ။ကောင်မလေး တွေ က သဘော ပေါက်ကြပါတယ်။ပြသနာ ပေါ်နေပီ ၊ စိတ် က ထင်လိုက် တာ နဲ့ ၊ ကေသီပန် ၃ ထုပ် ၊ တခါထဲ ပူးပြီး
သောက် ချ လိုက်ရင် ၊ အား လုံး အဆင် ပြေ သွား ပါဘီ။
( မ ဟုတ် ရ ပါ ၊ အကို ကြီး ရာ ၊ ကေ သီ ပန် ၊ ကေ သီ ပန် ၊ သွေး ပုပ် ချ ဆေး ၊ အမြဲ သုံး လို့ ပါ ၊ အကို ကြီး ရာ )

အင်း ၊ အဆင် မ ပြေ နိုင် တော့ တဲ့ ၊ အချိန် ကျ တော့ လဲ( သာ မီး က ဗိုက် ထဲ က နာ နေ တယ် ၊ ဘာ ဖြစ် မှန်း တော့ မ သိဘူးနာ နေ တာ က တော့ နည်း နည်း ကြာ နေ ပီ ၊ ချ ရာ ဝန် ကြီး ရယ် ၊ )ဆို ပီး ၊ အထူး ကု ဆရာ ဝန် ကြီး တွေ ကို သွား ပြ ကြ ပေါ့ ဗျာ။

မြန်မာ ပြည်သူ ပြည်သားများ အားလုံး ကျန်းမာရေး သုတ အစဉ်ပြည့်ဝ နိုင် ကြ ပါ စေ ဗျား ။

အေဇော်ကြီး

ကာတွန်း ဦးဖေသိန်း


ရှစ်လေးလုံးအရေးတော်ပုံ

စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့သော ကာတွန်းတပုံ

(ကာတွန်း ဦးဖေသိန်း)


(ကာတွန်း ဦးဖေသိန်း၏ ကိုယ်တိုင်ရေး ပုံတူ)

ရှစ်လေးလုံးအရေးတော်ပုံ

(ကာတွန်း ဖေသိန်း တင်ပြသည်။)

ကျွန်တော်သည် ကာတွန်းဆရာဖြစ်လာသည်နှင့် ထူးခြားသောနေ့များ နှစ်သစ်များကို ကာတွန်းဖြင့် သရုပ်ဖေါ်ခဲ့သည်။ ထိုကြောင့် 5.5.55 ငါး လေးလုံး၊ 6.6.66 ခြောက်လေးလုံး၊ 7.7.77 ခုနစ်လေးလုံး နေ့ရက်များကို သတင်းစာများတွင် ကာတွန်းဖြင့် သရုပ်ဖေါ် ရေးဆွဲခဲ့သည်။ သတင်းစာတိုက်များ ပြည်သူပိုင် လုပ်ပြီးသည့် နောက်ပိုင်းတွင် ကျွန်တော်သည် သတင်းစာတွင် ရေးဆွဲခဲ့သော ခေါင်းကြီးကာတွန်း (Editorial Cartoon) များ ရေးဆွဲခြင်းကို တဖြည်းဖြည်း ရပ်ဆိုင်းလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် သတင်းစာများတွင် လွတ်လပ်စွာ ရေးသားခွင့်များ မရှိတော့ဘဲ တဖြည်းဖြည်း တင်းကျပ်လာသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သတင်းစာတွင် ကာတွန်းများ မရေးဆွဲတော့ဘဲ မဂ္ဂဇင်းများတွင်သာ ကျွန်တော် ကာတွန်းရေးဆွဲပါတော့သည်။


(ကာတွန်း ဦးဖေသိန်း)

စာရေးဆရာ မြတ်ထန်(ဗိုလ်မှူးကြီး တင်မောင်) ထုတ်ဝေသော “ချယ်ရီ” မဂ္ဂဇင်းက နှစ်ပတ်လည် အထူးထုတ် (သြဂုတ်လ)အတွက် ကာတွန်းတောင်းရာ ကျွန်တော်သည် ထူးခြားသည့် နေ့များ၊ နှစ်များကို ရေးဆွဲခဲ့သည့်အတိုင်း စိတ်ကူးရထားပြီးသား ဖြစ်ပါသည်။ သြဂုတ်လသည် ၈ လမြောက် ဖြစ်သောကြောင့် ထိုအင်္ဂလိပ် ဂဏန်း နံပါတ် (8) သည် သံကွင်းနှင့် တူ၍ (8) များဆက်လိုက်လျှင် သံကြိုးနှင့်တူပါသည်။ ကျွန်တော့် စိတ်ကူးမှာ အချုပ်အနှောင်ခံနေရသော လူတစ်ယောက် သံကြိုးကို ရုန်းဖြတ်လိုက်ရာ (8) ရှစ်လေးလုံးများ ပြတ်ထွက်ကုန်ပြီး အနှောင်အဖွဲ့မှ လွတ်မြောက်နေပုံဖြစ်သည်။


အကယ်၍ ထိုလူတစ်ယောက်၏ ပုံကို မြန်မာအမျိုးသားပုံ ရေးဆွဲလိုက်ပါက ထိုကာတွန်းပုံမှာ “ဆင်ဆာ” လုပ်ခြင်းခံရမည်မှာ သေချာနေပါသည်။ ထိုကြောင့် ချယ်ရီ မဂ္ဂဇင်းနှင့်လည်း ဆီလျှော်အောင် ချယ်ရီပန်းများပွင့်ရာ ဂျပန်ပြည်မှ ဟီရိုရှီးမား ငြိမ်းချမ်းရေးရုပ်ထုကြီးက 8.8.88 ရှစ်လေးလုံး သံကြိုးများရုန်းကန် ဖြတ်တောက်နေပုံကို ရေးဆွဲလိုက်ပါသည်။ ထိုပြင် ဟီရိုရှီးမား ရုပ်ထုကို ရေးဆွဲခြင်းအားဖြင့် သြဂုတ်လတွင် ဟီရိုရှီးမား အနုမြူဒဏ် ခံရခြင်းကို ပေါ်လွင်စေပါသည်။ ထိုကာတွန်းကို သြဂုတ်လထုတ် ချယ်ရီမဂ္ဂဇင်းတွင်း အချိန်ကိုက် ပါလာစေရန် ဇွန်လကပင် ကြိုတင်ရေးဆွဲ၍ မဂ္ဂဇင်းတိုက် ပို့ထားရပါသည်။

စာပေစီစစ်ရေး (ကာတွန်း ဦးဖေသိန်း)

ထိုနှစ် ထိုအချိန်က ၁၉၈၈ နှစ်ဆန်း လောက်ကပင် ကျောင်းသား ဆူပူမှုများ “စ” နေလေပြီ။ ကျောင်းသား ဆူပူမှုများ တစ တစ ကြီးထွားလာသည်။ သို့နှင့် ဇူလိုင် လကုန် ရောက်လာရာ သြဂုတ်လထုတ် ချယ်ရီ မဂ္ဂဇင်းလည်း ထွက်နေပြီ။ ကျွန်တော့် (8.8.88) ရှစ်လေးလုံး ကာတွန်းလည်း ပါလာပါသည်။ ကျောင်းသားများလည်း ထူးခြားလှသည့် (8.8.88) နေ့မှာပင် ဆန္ဒပြပွဲကြီးကျင်းပရန် ကျေညာကြပြီး ချယ်ရီမှ ကျွန်တော့် ရှစ်လေးလုံး ကာတွန်းကို မိတ္တူများပွား၍ ဖြန့်ဝေပါတော့သည်။ ကာတွန်းပုံတစ်ခုလုံး၏ အနှစ်သာရမှာ “အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း” ဖြစ်၍ ကျောင်းသားများ နှစ်သက်ကြခြင်း ဖြစ်ပါသည်။ ချက်ခြင်းပင် သက်ဆိုင်ရာ စာပေ စီစစ်ရေးရုံးမှ ဆူပူမှုကို လှုံဆော်သော ကာတွန်း အဖြစ် သတ်မှတ်ပြီး မဂ္ဂဇင်းတိုက်နှင့် ကျွန်တော့်ကို အရေးယူကာ ဖြေရှင်းချက် တောင်းပါတော့သည်။ ကျွန်တော်သည် ယခုမှသာ မဟုတ် (5.5.55) ငါးလေးလုံး၊ (6.6.66) ခြောက်လေးလုံး၊ (7.7.77) ခုနစ်လေးလုံး နှစ်တွေတုန်းကလည်း ကာတွန်းရေးခဲ့ကြောင်း၊ ယခုကိစ္စမှာ တိုက်ဆိုင်မှုသာဖြစ်ကြောင်း ဖြေရှင်းချက်ရေးကာ ရုံးသို့ ချယ်ရီ အယ်ဒီတာ အောင်ပြည့်နှင့်အတူ သွားတင်လိုက်ပါသည်။

မီချေးဂေါ်ဗာချော့ဗ်၏ ခေါင်းမှ အမှတ် .. .. ( ကာတွန်း ဦးဖေသိန်း)

နောက်ထပ် တိုက်ဆိုင်မှုဟုပင် ဆိုရမည်။ ကျွန်တော် ရုံးသို့ သွားတင်သောနေ့မှာလည်း 8.8.88 ရက်နေ့ ၁၀ နာရီ ဖြစ်ပါသည်။ ရုံးမှ အရာရှိကြီးများသည် ကျွန်တော့်ကိစ္စကို စစ်မေးမြန်းခြင်းပင် မပြုဘဲ၊ ကျွန်တော့်ဖြေရှင်းချက် စာရွက်စာတမ်းနှင့် အထောက်အထား ပုံများကိုသာ ယူထားလိုက်သည်။ တစ်ရုံးလုံး ခြောက်ခြားနေကြသည်။ “ယနေ့ပဲ တစ်ခုခု ဖြစ်တော့မလိုလို …” စိုးရိမ်နေကြဟန် တူပါသည်။ ဟုတ်ပါသည်။ “ရှစ်လေးလုံး အရေးအခင်း” သည် (8.8.88) နေ့လည်မှာပင် စတင် ပေါက်ကွဲပါတော့သည်။ ကျွန်တော်၏ ရှစ်လေးလုံး ကာတွန်းသည်လည်း အလွန်ကျော်ကြားသွားပါသည်။


အရေးအခင်းတွင် ဆန္ဒပြ ကျောင်းသူကျောင်းသားများပါမက ပြည်သူများပါ အတော်သေကြေကြပါသည်။ နောက်ရက်များတွင် ဆန္ဒပြပွဲများ ပြင်းထန်လာသည်နှင့်အမျှ အပစ်အခတ်များ အသေအပြောက်များ များပြားလာပါသည်။ ကျွန်တော်၏ ရှစ်လေးလုံး ကာတွန်းကြောင့် ကျွန်တော်လည်း အရေးပါ အရာရောက်သူဖြစ်လာသောကြောင့် ဦးဝင်းတင်(အယ်ဒီတာ)က ကျွန်တော့်ဆီ ဖုန်းဆက်ပါသည်။ “ကိုဖေသိန်း ကျွန်တော်တို့ စာပေသမားတွေ တခုခု လုပ်မှ ဖြစ်တော့မယ်၊ လာခဲ့ဗျာ။” ဟု ဦးဝင်းတင် ချိန်းဆိုရာ စပယ်ဦး ဦးတင်စိုး(ဘားလမ်း) အခန်းတွင် လူစုကြပါသည်။ စာပေနှင့် အနုပညာရှင်များက လက်မှတ်ထိုးပြီး စစ် အစိုးရကို အပစ်အခတ်ရပ်စဲရန် မေတ္တာရပ်ခံ တောင်းဆိုရန် ဖြစ်သည်။

မေ ခမောက်များ ( ကာတွန်း ဦးဖေသိန်း)

ကျွန်တော်တို့ ဝိုင်း၍ လက်မှတ် ထိုးပြီး ကျွန်တော်က ပန်းချီ၊ ကာတွန်း ပညာရှင်များ၏ လက်မှတ်များရရှိရန် တာဝန်ယူပါသည်။ တခြား စာရေးဆရာ၊ ကဗျာဆရာ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင် ပညာရှင်များ၏ လက်မှတ်များ ရရန် ကြိုးစားကြပါသည်။ လက်မှတ်ရေးထိုးရာတွင် ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ် အစရှိသောနာမည်ကြီး အနုပညရှင်များ ပါဝင်ကြပါသည်။



အစိုးရအား အပစ်အခက် ရပ်စဲရန် မေတ္တာ ရပ်ခံစာနှင့်အတူ ရသမျှ အနုပညာရှင်များ၏ လက်မှတ်များကို ပူးတွဲ၍ သက်ဆိုင်ရာ အစိုးရ ဌာနများသို့ ပေးပို့လိုက်ပါသည်။ ထိုမေတ္တာရပ်ခံစာကို မိတ္တူများပွား၍ သံရုံး အသီးသီးသို့ အပြင် ဘီဘီစီ၊ ဗွီအိုအေ၊ အေအိုင်အာ စသော ရေဒီယို သတင်းဌာန အသီးသီးသို့လည်း အချိန်မီ ပေးပို့လိုက်ပါသည်။
၁၉၉၀ နိုဗယ်ဆုရှင် (ကာတွန်း ဦးဖေသိန်း)
ထိုနေ့ညနေမှာပင် နိုင်ငံခြား ရေဒီယို သတင်းများတွင် ချက်ခြင်း ပါလာပါသည်။ ထိုအခါ အားကိုးရာမဲ့နေသော ကျောင်းသားများမှာ တတ်ကြွလာပြီး စာပေ အနုပညာရှင်များနှင့် ပူးပေါင်းမိကာ ဒီမိုကရေစီ အင်အားစုကြီး အဖြစ် “သူပစ် ကိုယ်ပစ် နှစ်ဆယ့်တစ်” ကြွေးကြော်နေကြသော သြဂုတ်လ ၂၂ ရက်နေ့တွင် ပထမဦးဆုံး ဒီမိုကရေစီ ဆန္ဒပြပွဲကြီး စတင်ဖြစ်ပေါ်လာပါတော့သည်။
ဆုတွေနဲ့ဝေ ... (ကာတွန်း ဦးဖေသိန်း)

ထိုဆန္ဒပြပွဲကြီးတွင် ပါဝင်သော ထင်ရှားသည့် စာပေနှင့် အနုပညာရှင်များမှာ စာရေးဆရာ မောင်သော်က၊ ရုပ်ရှင် အကယ်ဒမီ ဦးထွန်းဝေ၊ အယ်ဒီတာ ဦးဝင်းတင်၊ ဦးဝင်းခက်၊ ပန်းချီ ဦးဝင်းစိန်၊ စာရေးဆရာ မင်းသိင်္ခ၊ ရုပ်ရှင် ဒါရိုက်တာ ဦးအောင်လွင်၊ စပယ်ဦး ဦးတင်စိုးနှင့် ကျွန်တော် (ကာတွန်းဖေသိန်း) စသည်တို့ဖြစ်သည်။



ကျောင်းသားများ၏ ဆန္ဒပြ စခန်း စုရပ်သည် ရန်ကုန်ဆေးရုံကြီး ဖြစ်ရာ ထိုစခန်း၏ စင်မြင့်ပေါ်မှာပင် စာပေနှင့် အနုပညာရှင်များက ဟောကြ ပြောကြသည်။ ထိုနိုင်ငံရေး တတ်ကြွမှု အရှိန်အဟုန်ကြောင့် ဟောပြောပွဲများ ရန်ကုန်တမြို့လုံးသို့ ကူးစက်ပျံနှံ့သွားပါတော့သည်။ ရန်ကုန်မှ တဆင့် ဒီမိုကရေစီ ဆန္ဒပြပွဲများ တပြည်လုံးသို့ပင် ပျံနှံ့သွားပြန်သည်။
ဆရာကြီး ဦးဖေသိန်း၏ ၈ လေးလုံး ကာလ အတွင်း လက်ရာ (ကာတွန်း ဦးဖေသိန်း )

အရေးအခင်းကာလအတွင်းတွင် စာစောင်များ၊ ဂျာနယ်များ၊ သတင်းစာများ လွတ်လပ်စွာ ထွက်လာရာ ကျွန်တော်သည်လည်း ကာတွန်းများ လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်ခဲ့ပါသည်။
ဤကား ရှစ်လေးလုံး (8.8.88) အရေးအခင်း (သို့မဟုတ်) ဒီမိုကရေစီ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ကျွန်တော်၏ လှုပ်ရှားမှု တပိုင်းတစသာ ဖြစ်ပါသည်။
အစိုးရအား အပစ်အခက် ရပ်စဲရန် မေတ္တာ ရပ်ခံစာနှင့်အတူ ရသမျှ အနုပညာရှင်များ၏ လက်မှတ်များကို ပူးတွဲ၍ သက်ဆိုင်ရာ အစိုးရ ဌာနများသို့ ပေးပို့လိုက်ပါသည်။ ထိုမေတ္တာရပ်ခံစာကို မိတ္တူများပွား၍ သံရုံး အသီးသီးသို့ အပြင် ဘီဘီစီ၊ ဗွီအိုအေ၊ အေအိုင်အာ စသော ရေဒီယို သတင်းဌာန အသီးသီးသို့လည်း အချိန်မီ ပေးပို့လိုက်ပါသည်။ ထိုနေ့ညနေမှာပင် နိုင်ငံခြား ရေဒီယို သတင်းများတွင် ချက်ခြင်း ပါလာပါသည်။ ထိုအခါ အားကိုးရာမဲ့နေသော ကျောင်းသားများမှာ တတ်ကြွလာပြီး စာပေ အနုပညာရှင်များနှင့် ပူးပေါင်းမိကာ ဒီမိုကရေစီ အင်အားစုကြီး အဖြစ် “သူပစ် ကိုယ်ပစ် နှစ်ဆယ့်တစ်” ကြွေးကြော်နေကြသော သြဂုတ်လ ၂၂ ရက်နေ့တွင် ပထမဦးဆုံး ဒီမိုကရေစီ ဆန္ဒပြပွဲကြီး စတင်ဖြစ်ပေါ်လာပါတော့သည်။ ထိုဆန္ဒပြပွဲကြီးတွင် ပါဝင်သော ထင်ရှားသည့် စာပေနှင့် အနုပညာရှင်များမှာ စာရေးဆရာ မောင်သော်က၊ ရုပ်ရှင် အကယ်ဒမီ ဦးထွန်းဝေ၊ အယ်ဒီတာ ဦးဝင်းတင်၊ ဦးဝင်းခက်၊ ပန်းချီ ဦးဝင်းစိန်၊ စာရေးဆရာ မင်းသိင်္ခ၊ ရုပ်ရှင် ဒါရိုက်တာ ဦးအောင်လွင်၊ စပယ်ဦး ဦးတင်စိုးနှင့် ကျွန်တော် (ကာတွန်းဖေသိန်း) စသည်တို့ဖြစ်သည်။
ကျောင်းသားများ၏ ဆန္ဒပြ စခန်း စုရပ်သည် ရန်ကုန်ဆေးရုံကြီး ဖြစ်ရာ ထိုစခန်း၏ စင်မြင့်ပေါ်မှာပင် စာပေနှင့် အနုပညာရှင်များက ဟောကြ ပြောကြသည်။ ထိုနိုင်ငံရေး တတ်ကြွမှု အရှိန်အဟုန်ကြောင့် ဟောပြောပွဲများ ရန်ကုန်တမြို့လုံးသို့ ကူးစက်ပျံနှံ့သွားပါတော့သည်။ ရန်ကုန်မှ တဆင့် ဒီမိုကရေစီ ဆန္ဒပြပွဲများ တပြည်လုံးသို့ပင် ပျံနှံ့သွားပြန်သည်။ အရေးအခင်းကာလအတွင်းတွင် စာစောင်များ၊ ဂျာနယ်များ၊ သတင်းစာများ လွတ်လပ်စွာ ထွက်လာရာ ကျွန်တော်သည်လည်း ကာတွန်းများ လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်ခဲ့ပါသည်။

ဤကား ရှစ်လေးလုံး (8.8.88) အရေးအခင်း (သို့မဟုတ်) ဒီမိုကရေစီ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ကျွန်တော်၏ လှုပ်ရှားမှု တပိုင်းတစသာ ဖြစ်ပါသည်။
၁.၂.၉၈


ကောင်းကင် (မူရင်း) - ဇော်ဝင်း- (နယူးရော့်ခ်) မှ ပေးပို့ပါသည်


http://komoethee.blogspot.com/2009/12/5.html

စတားလုံး

တစ်ကယ်လို့များ တရားရုံးချုပ်က ဒီအမှုနဲ့ပတ်သက်ပြီး ဦးအောင်ဆန်းဦးဖက်ကို အသာပေးဆုံးဖြတ်ခဲ့ရင်.. တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အထောက်အထားပြုပြီး တရားစွဲမယ့် တရုတ်တွေ..ကုလားတွေက အထောက်အထားအပြည့်အစုံနဲ့စောင့်နေကြတယ်ခင်ဗျ...


ဒီအကောင်...ကိုမဆဲကြပါနဲ့  ။ ဆဲလဲနားလည်ရှာမှာမဟုတ်ဘူး ။ အရုးကို...လိင်အဖျော်အဖြေကောင်းတဲ့ ဖါသယ်မ က ( စ ..ခ ) ကောင်းကောင်းေဲကြွးထားတာမိနေရှာတယ် ..( လဲ့လဲ့နွယ်သိန်းကို ရန်ကုန်လာရင် ဗိုလ်ချုပ်တွေနဲ့  ပလူးလွန်းလို့ ..စတားလုံး လို့ ကျနော်တို့ ကနံမည်ပေးထားပါတယ် ..။ စတား ( STARS )-တွေနဲ့ တလုံးလုံးနေတာမို့ လို့  )


ပြသနာအရင်းခံက......ဒေါ်အောင်ဆန်းစုကြည်က...သူ့ အကိုလူရိုးကြိး ကို ဒီဖါသယ်မ..လဲ့လဲ့နွယ်သိန်း ( နစ်လင်ကွာမ..ယောက်ကျားပေါင်းများစွာနဲ့ ...တွဲခဲ့တဲ့ဇရှိတာကြောင့် )...စကပ်ကထဲက...မကျေနပ်လို့  သဘောမတူလို့  ကန့် ကွက်နေခဲ့ရာက စတာပါ ။ ပိုဆိုးတာက လဲ့လဲ့နွယ်သိန်းဟာ စမူဆာ-အောင်ကိးရဲ့ ပါတီ က..ဥိးနန်းနွယ် ( မ.ဆ.လ ဟောင်းပါ ) ရဲ့ သမိးဖြစ်နေတော့....တစ်ဘက်အပြန်အလှန် နိင်ငံရေး အစာမကျေနိုင်ကြသူတွေဖြစ်နေတာ က အရင်းခံပါ ။

ကျနော်တင်ထားတဲ့ဝက်ဆိုဒ် (http://billy-mackezie.freehoastia.com/ ) ထဲမှာကျနော် ရေးထားတာရှိပါတယ် ... ၉၀-ခုနစ်ရွေးကောက်ပွဲ အပြိးမှာ....ခင်ညွန့် ကို NLD ကိုအာဏာမပေးရအောင်.....အခြေခံဥပဒေမရှိဘဲ အာဏာလွဲလို့ မရဘူး....အခြေခံဥပဒေ အရင်ဆွဲရမယ်လို့ ..အကံသွားပေးသူ နိင်ငံရေးသမားကိး နစ်ဥိးရှိတယ် လို့ ကျနော်ရေးထားပြီး...သက်သေမခိုင်မာလို့ နံမည်မဖေါ်ပြတာ....တဥိးက...ဒီဥိးနန်းနွယ် ပါ ။ ( ကျနော်တို့ ကသူ့ ကို နံမည်ပြောင်းပေးထားပါတယ် ..( နန်းနွယ် ကနေ နံနွယ် ) နောက်တဥိးကတော့ တခြားပါတီ တခုရဲ့  နာယကကြိးပါ ။

ဒီလောက်ဆို..ကျောင်းတော်က နိင်ငံရေး..ရန်စ သိလောက်ပါပြီ ။

အောင်ဆန်းဥိးဟာ...သူအနေနဲ့  ဒီအိမ်အမွေပိုင်ဆိုင်မှုမှာ လက်ရှိနိုင်ငံတော်ရဲ့  တည်ဆဲဥပဒေအရ သူမှာတောင်းဆိုပိုင်ခွင့်တောင်မရှိဘူးဆိုတာ သူကောင်းကောင်းသိပါတယ် ။ န အ ဖ အယုတ်တမာကောင်ကြိးတွေလဲကောင်းကောင်းသိပါတယ် ။ သူ့ ရှေ့ နေ ဟန်တိုး ( နံတိုး --လူနံကြိး..သူကိုယ်နံ့ ကတော်တော်ကို ဆိုးဆိုးဝါးဝါး နံတာပါ )..လဲကောင်းကောင်းသိပါတယ် ။ ရှေ့ နေခ ရလို့ ရယ်.. အောင်တိုး ( တရားသူကြိးချုပ်..ဟောင်ခိုး ...ချထားပေးလို့  ) လိုက်ပေးနေတာပါ ။

လဲ့လဲ့နွယ်သိန်း အဖေ နံနွယ် က ဒီအမှုအ့ကွက်ဆင်တိုင်း န အ ဖ နဲ့ ပလူးရပြိး ကန်ထရိုက်တွေ ရနေတာ ကမြတ်..အကြိုက်ဆိုက်နေတာပါ ။ ဒါကြောင့် န အ ဖ ကလဲ...အာဇာနည်နေ့  မှာ အောင်ဆန်းဥိး၏ ယောက်ခမ နံနွယ်ကို လွမ်းသူ့ ပန်းခွေ အချခိုင်းပြိး..ဒေါ်အောင်အောင်ဆန်းစုကြည် အသဲကို..မထိတထိ အပ်နဲ့ွဆွပေးနေတာပါ ။

ဒီအမှုကို ရှေ့ နေ နံတိုးက လိုက်ပေးတယ် ။ နံနွယ် က နံတိုး နဲ့  ပုလင်းထောင်ဆွေးနွေးတယ် ။ ( နံ နစ် နံ ) နံတိုးကလဲ ( အတွင်းစိတ်တော့မသိ ပင်ရင်းစိတ်ကတော့ သာပေါင်းညာစား .....ဆရာစံလမ်း..နဲ့ တက္ကသိုလ်ရိပ်သာလမ်း ဒေါင့်မှာနေပါတယ် ) ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ နဲ့ တွေ့ ရင်...မကောင်းဝေဖန်တယ် ။ နိင်ငံရေးသမားတွေနဲ့ တွေ့ ရင်..အကောင်းဝေဖန်ပါတယ် ။

တဆက်ထဲ ကိုယ်ရည်းသွေး နေတာမဟုတ်ပါ ။ ကျနော် ဟာ သာမာန်နိင်ငံရေးလုပ်သူပါ ။ ဒါပေမဲ့ ကျနော့် မိသားစု ပိုင်အိမ်ခြံမြေ ( မုံရွာမြို့  ) ရှိခြံမြေကို..န.အ.ဖ. မှ ၂၀၀၈ ခုနစ်အကုန်က...ကျနော့်နံမည်ပါနေသဖြင့် ပြည်သူပိုင်သိမ်းမည်အထိ အကျပ်ကိုင်လာပါသဖြင့် မိသားစုတွေ စိတ်ဒုက္ခ ရောက်ရပါသေးသည် ။ ( မိခင်လဲ အသက်ထင်ရှားရှိနေပါသေးလျှက် ) ( တကယ်တော့ ကျနော့် နင့် ညီဖြစ်သူ ( ဒေါက်တာ ဂျိုးဇက်..).တို့ နိင်ငံရေးအမှုဖြင့်ထောင်ကျနေစဉ်ကထည်းက ကျနော်တို့ နစ်ဥိးကို..ထောင်ထဲမှာရှိစဉ်းကထည်းက..အိမ်အမွေ ပိုင်ဆိုင်မှု စွန့် လွတ်ပါကြောင်း လက်မှတ်ထိုးပြိး လျှောက်ထားပြိးသားဖြစ်ပါသည် ။ ( အောင်ဆန်းဥိးကျမှ ..ပိုင်ဆိုင်ခွင့်ပေးနေတာ...ရီစရာကြိး )

ညီမောင်မှာ.....ယခု ချောင်းဥိးမြို့ တွင်နေထိုင်ပါသည် ။ တိုက်နစ်လုံး ပိုင်ဆိုင်ပြိး..ကားနင့် ဆိုင်ကယ်တွေ ပိုင်ဆိုင်သော်လဲ....၅-သိန်းသာသွင်းရသည့် ...ဆင့်ပွားတယ်လီဖုံး..ယခုချိန်အထိ တတ်ဆင်ခွင့်မရရှာပါ ။ သူ့ သမိးနစ်ယောက်နံမည်ဖြင့်ပင်လျှောက်လို့ မရပါ ။

လောလောဆယ်တော့ ဒီလိုအမှုဆင်တိုင်း လဲ့လဲ့နွယ်သိန်း..အဖေ နံနွယ် အမြတ်ထွက်လေဆိုတော့.....နံနွယ်အတွက်...၉၀-ခုနစ်ရွေးကောက်ပွဲမှာ..သောက်သောက်လဲ စောက်ရှက်ကွဲခဲ့ရတာတွေကို ဂလဲ့စားလဲချေရာလဲရောက်တယ် စိးပွားရေးအမြတ်လဲ ရသေးတယ်ဆိုတော့...တချက်ခုတ်..၃-ချက်မက ပြတ်နေတာလေ
။ ( ၉၀-ခုနစ်ရေးကောက်ပွဲမှာ...ဥိးအောင်ကြိး ဟာ ရွှေဘိုမြို့ ( ကျနော်ချက်မြုတ်ဇာတိ ) ..မှာဝင်ပြိုင်တာ....မဲပေးနိင်သူ..၆-သောင်းကျော်ရှိတာမှာ....၃၀၀၀-လောက်ဘဲရပြိး.....မဲရေတွက်တာ..မပြိးသေးခင်..နံနက်မိုးမလင်းခင်ကထဲက..သောက်ရှက်ကွဲပြိး..မျက်ရေကျပြိးပြေးခဲ့ရတာပါ ။ ဒီအာ၈ါတတွေ အတွက် လက်စားချေနေတာလဲ ပါပါတယ် ။

( ၉၂-လောက်တုံးက..ယခု ပုလဲ ကွန်ဒို နေရာမှာ အောင်ကြိးနဲ့  နံနွယ်တို့ အတွက် ဟော်တယ်ဆောက်လုပ်ခွင့် ကန်ထရိုက်ချပေးလို့ ...ဟော်တယ်ကြေငြာ ဆိုင်းဘုတ်ကြိးနစ်ခု ပြူးနေအောင်ထောင်ထားတာမှတ်မိလောက်ကြပါဥိးမည် ) ။ မလေးရှားကုမ္မဏီ တခုနဲ့ နံနွယ်တို့ ကိုချပေးထားတာပါ ။ န. အ..ဖ. က ၉၀-ရွေးကောက်ပွဲ အပြိး..၁-၉၀ အမိန့်  ထုတ်ဘို့ အကြံပေးခဲ့တဲ့အတွက် ကျေးဇူးတုံ့ ပြန်တာပါ ။ နောက်တော့ မလေးကုမ္မဏီ ကအင်ကြိးဖြစ်နေလို့ အောင်ကြိးတို့ အင်ထိပြိး... ကွဲ သွားပါတယ် ။

ဒီလောက်ဆို အောင်ဆန်းဥိး တို့ က...မြန်မာ့.ဒီမိုကရေစီအရေး ကို အပိုင် သတ်ခဲ့တဲ့မိသားစုထဲရောက်နေတာ မြင်လောက်ကြပါပြီ ။ မြန်မာ့ဒီမိုကရေစီရဲ့....ရန်သူ နံပတ်တစ် မိသားစုဆိုတာ သိလောက်ပါပြီ ။

ဗိုလ်ချုပ်ရဲ့  ဇူလိုင်- ၁၃ ရက်- နောက်ဆုံးမိန့် ခွန်းမှာပြောခဲ့တဲ့..... ( .ပြီးခဲ့တဲ့အစိုးရထဲမှာ လတ်စားတဲ့သူတွေရှိတယ် ( ကိုယ်ကျိုးရှာတဲ့သူ..တကိုယ်ကောင်းသမားတွေ ) ယခု ဒီ လတ်စားတဲ့သူတွေကို အာဏာပြန်ရအောင် လုပ်နေတဲ့သူတွေဟာ သဘောရိုးနဲ့ လုပ်သည်ဖြစ်.....မရိုးမသားလုပ်သည်ဖြစ်စေ...တိုင်းပြည်ရဲ့ ရန်သူ နံပါတ်တစ်ဖြစ်တယ် .....ဒီလူတွေကို မဲထဲ့ခဲ့ရင်..ခင်ဗျားတို့ ကိုယ်လည်ပင်းကို ကိုယ်ပြန်ကြိုးကွင်းစွပ်တာဘ

ဲဖြစ်တယ် ။ လို့ မိန့် ကြားခဲ့ပါတယ် ။

ဒီတော့ စစ်ဗိုလ်ချုပ်တွေ..အာဏာ သက်ဆိုးရှည်အောင်လုပ်ခဲ့တဲ့ နံနွယ်နဲ့ မိသားစုဟာ .( .အောင်ဆန်းဥိး အပါအ၀င်. )...တိုင်းပြည်ရဲ့ ရန်သူ နံပါတ်တစ်ဆိုတာ ထင်ရှားလောက်ပါပြီ ။

ေးဒ်ါအောင်ဆန်းစုကြည် ကို စိတ်ဒုက္ခ ပေးရုံမဟုတ်ပါဘူး ။ ပြည်သူတရပ်လုံးကို စစ်ဖိနပ်အောက်က ရုံးမထွက်နိင်အောင် အကောက်ကြံခဲ့လူတွေပါ ။

ကျနော်ထက်ပိုသိသူတွေ ရှိပါမယ် ။

အားလုံးကိုလေးစားလျှက်နင့် ဘာကြောင့်အခုမှ အသိပေးရသလဲတော့ ရန်မမူကြပါနင့် ခင်ဗျာ ။

ဒေါက်တာလှိုင်မြင့်






ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်ကို အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုနဲ့.. ၂ဝဝ၁ ခုနှစ်မှာ စပြီးအမှုစွဲခဲ့တာခင်ဗျ..အဓိက ဦးတည်တာကတော့ အမှတ် ၅၄၊၅၆ တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်ကိုပါ...အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဖက်က အဓိကဦးဆောင်တဲ့ ရှေ့နေကြီးကတော့ ဆရာဦးထွန်းတင်ဖြစ်ပါတယ်..ဒါပေမယ့် ဆရာဦးထွန်းတင်ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ရှေ့နေလိုင်စင်ရုပ်သိမ်းခံလိုက်ရတဲ့အတွက် ဆရာကြီးဟာ အမှုလိုက်ပါခွင့်မရတဲ့အတွက် တရားဝင်အမှုလိုက်ပါခွင့်ရနေတဲ့ ရှေ့နေကြီး ဦးကြည်ဝင်းက အဲဒီအမှုကို လိုက်ပေးနေတာပါ... တရားရုံးချုပ်မှာ ဗိာငျငသည ဆိုတဲ့ အယူခံမှုအတွက် ကနဦးလျှောက်လဲတဲ့အချိန်မှာ ကျနော်မှတ်မိတာက..ဦးကြည်ဝင်း အမှုအတွက် လျှောက်လဲဖတ်ကြားတဲ့အချိန်မှာ ဆရာဦးထွန်းတင်က ဘေးကနေရပ်ပြီးနားထောင်နေတာ မျက်စိထဲကမထွက်ပါဘူး... အဲဒီအမှုဟာဒီနေ့အချိန်အထိမပြီးမပြတ်သေးဘူးလို့လည်း ကျနော်သိရပါတယ်.. တရားရုံးချုပ်မှာ ၂ဝဝ၁ ခုနှစ်တရားစီရင်ရေးဥပဒေအရ ပြင်ဆင်မှု ဒါမှမဟုတ် အထူးအယူခံတင်တဲ့အဆင့်မှာဘဲရှိပါသေးတယ်.. တစ်နေရာမှာ ကိုမောင်ခြိမ့်ပြောထားသလို အမွေမှု..မြေမှုတို့လို တရားမအမှုအခင်းတွေဟာ တစ်ခါတစ်ရံ နှစ်ပေါင်း ဆယ်နဲ့ချီပြီးကြာတတ်တယ်ဆိုတာ အတော်များများသိကြမှာပါခင်ဗျာ...
အဲဒီအမွေမှုဟာ..ကျနော့်အထင် အဲဒီခေတ်က စစ်ထောက်လှမ်းရေးရဲ့ ပယောဂနဲ့ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးတိုက်ကွက်တစ်ခုပါ....ဒါပေမယ့်..ဆရာဦးထွန်းတင်တို့ဖက်က အခိုင်အမာကိုင်စွဲထားတဲ့ မ.ဆ.လ ခေတ်ပြည်သူ့လွှတ်တော်ဥပဒေတစ်ခုဖြစ်တဲ့ ၁၉၈၇ Transfer of property Act အရ နိုင်ငံသားမဟုတ်သူတွေကို အခြေပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ မြေယာပိုင်ဆိုင်ခွင့်မပြုတဲ့အချက်အရ အဲဒီအမှုကို တရားရုံးချုပ်က မဆုံးဖြတ်ရဲဖြစ်နေရတာပါ.....ဘာဖြစ်လို့လည်းဆိုတော့ မြန်မာပြည်တစ်ဝှမ်း ( အထူးသဖြင့် ရန်ကုန်မှာ ) နိုင်ငံခြားသားပိုင်ဖြစ်တယ်ဆိုပြီး စည်ပင်၊ အိုးအိမ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ..တခြားဌာနတွေက အပိုင်သိမ်းထားတဲ့ မြေတွေ..တိုက်ခန်းတွေအများကြီးပါ.. တစ်ကယ်လို့များ တရားရုံးချုပ်က ဒီအမှုနဲ့ပတ်သက်ပြီး ဦးအောင်ဆန်းဦးဖက်ကို အသာပေးဆုံးဖြတ်ခဲ့ရင်.. တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အထောက်အထားပြုပြီး တရားစွဲမယ့် တရုတ်တွေ..ကုလားတွေက အထောက်အထားအပြည့်အစုံနဲ့စောင့်နေကြတယ်ခင်ဗျ....အဲဒါေ ကြာင့် တရားရုံးချုပ်က ပြန်ပြီးလွှဲလိုက်လို့ ရန်ကုန်တိုင်းတရားရုံးကို ပြန်ရောက်နေတဲ့ ဒီအမှုကြီးကို ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ်မှာပြန်ပြီး မတရားထိန်းသိမ်းခံရပြီးနောက်ပိုင်း အချိန်ဆွဲပြီး ဆိုင်းငံ့ထားခဲ့တာပါ...ဒါကလည်း နိုင်ငံရေးရည်ရွယ်ချက်အတွက် အသုံးချနိုင်ဘို့ တစ်ကွက်ချန်ထားတယ်လို့ထင်ပါတယ်...ထင်တဲ့အတိုင်းပါဘဲ. . ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ကို သဘောရိုးနဲ့ပြင်ဆင်ဖို့စီစဉ်နေတဲ့အချိန်မှာ ချိန်သားကိုက် ကန့်ကွက်လာတာခင်ဗျ..
ဦးအောင်ဆန်းဦးရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဦးစိုးဝင်းနိုင်ဆိုသူကတစ်ဆင့် ကန့်ကွက်တာပါတဲ့ ခင်ဗျာ...

ကျနော်သိသလောက်..ရန်ကုန်မြို့တော်စည်ပင်ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ..အင်ဂျင်နီယာဌာန ( အဆောက်အအုံ ) ရဲ့ ဝင်စာဌာနကနေဘဲကန့်ကွက် ကန့်ကွက်..မြို့တော်ဝန်ဆီကို တိုက်ရိုက်လိပ်မူပြီးတော့ဘဲ ကန့်ကွက်ကန့်ကွက်..အဲဒီအိမ်မြေနဲ့ပတ်သက်လို့ ဘယ်လိုအကျိုးခံစားခွင့်ရှိကြောင်းအထောက်အထား..တရားရုံးအမိန့်စာ သို့မဟုတ်အမှုစွဲဆိုထားတဲ့ အထောက်အထားတွေနဲ့အတူ ကန့်ကွက်တဲ့သူ..ကာယကံရှင်ရဲ့ နိုင်ငံသားကတ်မိတ္တူကိုပါ..ပူးတွဲပြီးတင်ပြရတာပါခင်ဗျာ...ဒါပေမယ့် မြို့တော်ဝန်ကြီးဆီကို အထုပ်ကြီးအထုပ်လေးတွေနဲ့ ကိုယ်တိုင်ဝင်တွေ့တာတို့.. အဘဆိုတဲ့ပုဂ္ဂိုလ်တွေကနေတစ်ဆင့် ခိုင်းတာတို့...စရဖ ဆိုလားဘာလား အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်စီစဉ်မှုနဲ့လုပ်တာဆိုရင်တော့ မပြောတတ်ပါဘူးခင်ဗျ..ဥပဒေရဲ့အထက်မှာ ငါတို့ကလြွဲ့ပီး ဘယ်သူမှမရှိရဘူးဆိုတဲ့ တိုင်းပြည်မို့လား...။

juniorms