Tuesday, December 29, 2009

29 DEC ဒိုင်ယာရီ

http://ifile.it/jklma38 29 Dec 2009 Diary

တတိယတန်းစားတို့ရဲအကြံအဖန်


သိန်းတင်အောင်နဲ့ ဖြိုးမင်းသိန်း တို့က မနက်ဖြန် ( 30-12-2009)မှာ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်လိမ့်မယ်။ နေ့လည် ၁ နာရီကနေ ၃ နာရီအတွင်း။ နေရာက အမှတ် ၁၂၃၊ ဘီ (၃)၊ ဦးချစ်မောင်လမ်း၊ ဗဟန်းမြို့နယ်ပါ။ မြန်မာ့အရေးဆွေးနွေးပွဲကော်မတီဆိုပြီး နာမည်ခံထားတယ်။ သူတို့ ရဲ့ backup က ၀န်ကြီး အောင်သောင်းရဲ့ PA ဗိုလ်ကြီး ကိုကိုနိုင်ပါ။ သူတို့ထဲမှာ ကျောင်းသားအမည်ခံပြီး ၈၈ တုန်းက ဗိုလ်ခင်ညွန့်တို့နဲ့ ပူးပေါင်းသွားတဲ့ ဖောက်ပြန်ရေးသမား ဘီဘီစီ ကိုကိုလတ်ရဲ့ အပေါင်းအပါတွေပါတယ်။ ကြားထဲက ပွဲစားလုပ်နေသူက အေးလွင်ရဲ့ အလိုတော်ရိ တင်မောင်အေးပါ။ အစီအစဉ်တွေအားလုံးကို မြို့နယ် မ-ယ-က နဲ့ရော၊ SB သတင်းတပ်ဖွဲ့ရော၊ တာမွေ ကြံ့ဖွတ်နဲ့ရော ညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။ mizzima သတင်းဌာန အပါအ၀င် နိုင်ငံခြားသတင်းဌာနများကို ၈၈ ကျောင်းသားခေါင်းဆောင်တွေက လုပ်သယောင်ယောင် သတင်းလွှင့်ပြီး ဖိတ်ထားပါတယ်။ သူတို့အားလုံးဟာ အေးလွင်နဲ့ မတည့်သယောင်ယောင် ဟန်ပြပြီး အေးလွင် မြောင်းထဲရောက်နေရာကနေ ပြန်ဆယ်တင်ဖို့ စနစ်တကျ ဗျူဟာဆွဲပြီး လှုပ်ရှားနေကြပါတယ်။ အေးလွင်ဟာ စစ်အစိုးရရဲ့ ဗျူဟာမြောက် ၈၈ရဲ့ ဂုဏ်သိက္ခာကို ဖြိုခွဲပေးသူဖြစ်ပါတယ်။ အောက်ပါအချက်တွေကို မှတ်သားပြီး သင့်လျော်သလို propaganda အလုပ်များမှာ သတိထားသင့်ပါတယ်။
(၁) သိန်းတင်အောင်ဟာ အေးလွင်နဲ့အတူတူ ၀န်ကြီးအောင်သောင်းရဲ့ favour ကိုရဖို့ ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်း မဟုတ်တရုတ်တွေ စာထုတ်ပြီး ဖော်ပြခဲ့တယ်။ သူ့ကိုယ်သူ 141 ခေါင်းဆောင်လိုလို ၈၈ ကို အရောင်အသွေးမှိန်အောင် လုပ်ခဲ့ပါတယ်။
(၂) ဘီဘီစီ ကိုကိုလတ်ဟာ ခင်ညွန့်တို့ ထောက်လှမ်းရေး မရှိတော့တဲ့နောက်ပိုင်း စ-အ-ဖ နဲ့ SB တို့နဲ့ အလုပ်လုပ်နိုင်ဖို့ ပြန်ကြိုးစားလာပါတယ်။ သူက အခု သိန်းတင်အောင်တို့နဲ့ ပူးပေါင်းထားပါတယ်။ ( ဒါပေမယ့် အပြမှာတော့ မတူသယောင် လုပ်ထားတယ်။)
(၃) ဖြိုးမင်းသိန်းရဲ့ ကျောထောက်နောက်ခံက ဒေါ်ချိုချိုကျော်ငြိမ်းပါ။ သူက ကိုဌေးကြွယ်နှမကို ရအောင်ချိုင်ပြီး NLD နဲ့လည်း မရအရ ပူးကပ်နေပါတယ်။ သူ့ဆောင်ရွက်ချက်တွေကို သန်လျင် SB က ထောက်ပံ့ပါတယ်။
(၄) တင်မောင်အေးက အမည်မထင်မရှားနေပြီး internet ဆက်သွယ်မှုတွေ ဆောင်ရွက်ပေးပါတယ်။ အေးလွင်နဲ့တုန်းကလည်း ဒီလို အလုပ်လုပ်ပေးလို့ GSM ဖုန်းတစ်လုံး အမြတ်ထွက်ခဲ့ပါတယ်။ နောက်ပိုင်း ဝေစု မတည့်တော့လို့ သိန်းတင်အောင်လိုပဲ အေးလွင်က ဖယ်ထုတ်ထားတာပါ။
(၅) နေမျိုးဝေက ဘလော့ဂ်တစ်ခု ပြုလုပ်ပြီး SB ရဲ့ ၀ါဒဖြန့်ချိရေးယန္တရားမှာ အလုပ်လုပ်နေသူပါ။ သူက ရှမ်းပြည် ခွဲထွက်ရေး စိတ်ကူးယဉ် ဦးရွှေအုန်းကို ချဉ်းကပ်ပြီး အလုပ်လုပ်ဖိုပ ကြိုးစားနေပါတယ်။ သူက အဲဒီသိန်းတင်အောင်တို့ရဲ့ ဒိုင်ခံ ၀ါဒဖြန့်ချိရေးဆောင်ရွက်သူပါပဲ။
(၆) နေမျိုးဝေ၊ တင်မောင်အေးတို့ဟာ UDP အတွင်းရေးမှူး ကျော်မိုးနဲ့ ဆက်သွယ်ပြီး ပြည်တွင်း မှာ ပါတီဖွဲ့စည်းခွင့်ရရင် တစ်နည်းတစ်ဖုံ UDP အဖြစ် ရပ်တည်ဖို့ ဆောင်ရွက်နေပါတယ်။

playsharp

အောင်သောင်း ရဲ့  လောက်ကောင်တွေကို သတိထားကြ
သိန်းတင်အောင်နဲ့ ဖြိုးမင်းသိန်း တို့က မနက်ဖြန် - ၃၀-၁၂-၂၀၀၉ မှာ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်လိမ့်မယ်လို့ စီစဉ်နေပါတယ် ။ နေ့လည် ၁ နာရီကနေ ၃ နာရီအတွင်း ဖြစ်ပါတယ်။ နေရာက အမှတ် ၁၂၃၊ ဘီ (၃)၊ ဦးချစ်မောင်လမ်း၊ ဗဟန်းမြို့နယ်ပါ။ မြန်မာ့အရေးဆွေးနွေးပွဲကော်မတီဆိုပြီး နာမည်ခံထားတယ်။ သူတို့ က ၀န်ကြီး အောင်သောင်း ရဲ့  တိုက်ရိုက့် ညွန် ကြားချက် နဲ့ လှုပ်ရှားဆောင်ရွက်နေသူတွေဖြစ်ပါတယ်။ သူတို့ ကို လိုအပ်တာတွေကို အကူညီပေးဖို့  အောင်သောင်းက သူရဲ့  ပီအေ - ကိုကို နိင် ( ဗက) ကို ထည့် ပေးထားပါတယ်။
ဒီ လူတွေက လူရှုပ်တွေဖြစ်ပါတယ်။ သမိုင်းကြောင်း မကောင်းသူတွေဖြစ်ပါတယ်။ ၈၈ တုံးက ခရစ်စတိုဘာကိုကိုလတ် ရဲ့  တပည့် တွေဖြစ်ဘူးပါတယ်။ သူတို့ ဆရာကြီး ခရစ်စတိုဘာကိုကိုလတ်က
၈၈ တုံးက ထောက်လှမ်းရေးခင်ညွန့် လူဖြစ်သွားပြီး ဖေါ်ကောင်၊ သပိတ်ငွေများကို ဘုန်းသူ၊ မူးယစ်ဆေးဆွဲ နေသူ စသဖြင် နာမည်ပျက် နေတဲ့ သူဖြစ်ပါတယ်။
သူတို့ ကို အောင်သောင်းနဲ့  တွေ့ ပေးလိုက်သူကတော့ တင်မောင်အေး ဖြစ်ပါတယ်။ တင်မောင်အေး က
အေးလွင်ရဲ့ လူဖြစ်ပါတယ်။ သူတို့ ရဲ့  လှုပ်ရှားမှုတွေကို တာမွေမြို့ နယ် မယက နဲ့ ကြံ့ဖွတ်တွေ က စီစဉ်ဆောင်ရွက်ပေးနေပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ သူတို့ ဟာ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံကြဖို့ ၊ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းဖို့  ကြိုးပန်းကြမှာဖြစ်ပါတယ်။ သူတို့ ဟာ ပါတီတခုထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ကြံစည်နေပါတယ်။ ရည်ရွယ်ချက်ကတော့ ၈၈ မျိုးဆက်တွေက ၂၀၁၀ ရွေးကောက်ပွဲကိုလက်ခံတယ်ဆိုတဲ့
အောက်လမ်းဝါဒဖြန့် မှု - Black Propaganda - လုပ်ဖို့  ပြင်ဆင်နေကြခြင်းဖြစ်ပါတယ်။
ဖြိုးမင်းသိန်းဟာ အတော့ကိုအောက်တန်းကျသူလည်းဖြစ်ပါတယ်။ ကိုဌေးကြွယ်ဒုက္ခရောက်နေချိန်မှာ
သူရဲ့ ညီမ ကို ကူညီသလိုလို နဲ့ အရခြိုင်သွားသူလည်းဖြစ်ပါတယ်။ ဖြိုးမင်းသိန်းရဲ့ လုပ်ရပ်တွေကို
>ကို ဌေးကြွယ်က ရှုတ်ချပြီး လက်မခံ ဘူးလို့ သိရပါတယ်။ ဒါကြောင့် အောင်သောင်းရဲ့ လောက်ကောင်တွေဖြစ်တဲ့ သိန်းတင်အောင်၊ ဖြိုးမင်းသိန်း၊ အေးလွင်၊တင်မောင်အေးတို့ ကိုသတိထားကြဖို့  တင်ပြလိုက်ပါတယ်။ သူတို့ ဟာ ကနေဒါက ရောင်နီ နဲ့ ကျော်မိုးတို့ နဲ့ ဆက်သွယ်မှုရှိနေပါတယ်။
ကနေဒါ နိင်ငံသားခံယူထားတဲ့  လူလိမ် ကျော်မြင့် ( ၀-တရုတ်) ရဲ့  ပါတီ ဖြစ်တဲ့ UDP ပါတီနဲ့ ဆက်သွယ်မှုရှိနေပါတယ်။ ကနေဒါဖက်က တာဝန်ခံကတော့ ကျော်မြင့် ရဲ့  လူဖြစ်တဲ့ လူလိမ်ကျော်မိုး က
ဆောင်ရွက်ပေးနေပါတယ်။ အလားတူပဲ သူတို့ ဟာ နိင်ငံတကာမှာ သူတို့ ကိုယ်စားလှယ်အဖြစ် ရောင်နီကို
တာဝန်ပေးထားကြောင်းသိရပါတယ်။ ရောင်နီကိုတော့ နအဖ လူ ဖြစ်သွား ပြီဆိုတာကိုရန်ကုန် ကျောင်းသားလောက က သတိနေပါတယ်။
http://komoethee.blogspot.com/2009/12/blog-post_29.html


တပ်ချုပ်ကြီးရဲ့ “ဖြုတ်၊ ထုတ်၊ သတ်” မူ နဲ့ တပ်မတော်တွင်း ရွက်ပုန်းသီး သူရဲကောင်းများ



တပ်ချုပ်ကြီးရဲ့ “ဖြုတ်၊ ထုတ်၊ သတ်” မူ နဲ့ တပ်မတော်တွင်း ရွက်ပုန်းသီး သူရဲကောင်းများ

E-mail Print
ပြီးခဲ့တဲ့ တလအတွင်းမှာ နအဖစစ်အစိုးရရဲ့ စစ်ဘက် အရပ်ဘက် တာဝန်ထမ်းဆဲနဲ့ အငြိမ်းစား ဝန်ထမ်းတစုဟာ ဖမ်းဆီးနှိပ်စက် ခံခဲ့ရပြီး လောလော ဆယ်မှာတော့ နအဖ တရားရုံးတွေမှာ ရင်ဆိုင် နေကြရပါတယ်။

သူတို့ကို စွပ်စွဲထားတဲ့ အပြစ်ကတော့ နအဖရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို နိုင်ငံခြား သတင်းဌာနတွေနဲ့ ဒီမိုကရေစီ ဘက်တော် သားတွေ လက်ထဲ တိတ်တဆိတ် ထိုးထည့်ပေးခဲ့လို့ဆိုတာ သိရပါတယ်။

တပ်မတော်နဲ့ နအဖအစိုးရထဲက ဒီမျိုးချစ်ဝန်ထမ်းတွေ သက်စွန့်ဆံဖျား ကမ္ဘာကသိအောင် ချပြပေးခဲ့တဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါတွေ တွင်းအောင်းဖို့ကြံတဲ့ မြောက်ကိုးရီးယားဆောက် မြေအောက်လှိုဏ်ဂူတွေရဲ့ ဓာတ်ပုံတွေ၊ ထိပ်တန်းစစ်ခေါင်းဆောင်ကြီးတွေရဲ့ “မဟာလက်နက်ကြီးများ” ဝယ်ယူရေး၊ တည်ဆောက်ရေး အစီအစဉ်တွေ၊ ရုရှား၊ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲ မှတ်တမ်းတွေ၊ စစ်ခေါင်းဆောင်တဦးရဲ့ “မြောက်ကိုးရီးယားလား” ဓာတ်ပုံတွေ၊ မှတ်တမ်း မှတ်ရာတွေ ပါဝင်ပါတယ်။

အခုလို ရာဇသတ်ကြီး ပုဒ်မတွေတပ်ပြီး ရေကြည်အိုင်လို လောကငရဲမှာ နှိပ်စက်ခံခဲ့ရတဲ့အထဲ ပါသူတွေကတော့ အရင် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့တဲ့ နအဖ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး တင်ဦးရဲ့ ကိုယ်ရေးအရာရှိနဲ့ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး ဝင်းနိုင်ကျော် (အငြိမ်းစား)၊ သူနဲ့ မြစ်ဝကျွန်းပေါ် ဇာတိတူ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းတို့ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းဟာ အဖမ်းခံရတဲ့ အချိန်က နအဖ စစ်အစိုးရရုံးမှာ ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်နေတဲ့၊ အရေးပါတဲ့ အရာရှိကြီး တဦးဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာယကဂုဏ် ခြောက်ပါး လုံးဝကင်းမဲ့ပြီး ဆိုင်ကလုန်း ဒုက္ခသည်အရေးမှာ ကိုယ်ချင်းစာတရားမဲ့ ပြုမူခဲ့ပုံတွေကို အော့နှလုံးနာပြီး တိုင်းပြည် ရေတိမ်နစ်စေမယ့် “နျူကလီးယား” စီမံကိန်းတွေကို ဗမာပြည်သူတွေနဲ့ ကမ္ဘာကပါ သိစေလိုတာ တကြောင်းမို့လို့ အခုလို အသက်စွန့်ပြီး သတင်းဖောက်ခွဲ ချခဲ့တာပဲ ဖြစ်မှာပါ။

အခုလို မတရား အစီရင်ခံနေရတဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်နဲ့ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းတို့ဟာ ရေကြည်အိုင်က မြေပေါ်ငရဲအိုးထဲ ကင်ပေတိုင် နည်းမျိုးစုံနဲ့ သေလုမျောပါး ခံရမှာလည်း ကြိမ်းသေပါတယ်။ အဖမ်းဆီးခံခဲ့ရတဲ့ ဝန်ထမ်း ၅၀ လောက်ထဲမှာ တချို့လည်း နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ကြိုးပေးခံရဖို့ အလားအလာ များပါတယ်။ အများစုကိုတော့ နှစ်ရာစုလောက်ထိ ထောင်တန်းချပြီး ပယ်ပယ်နယ်နယ်၊ မှတ်လောက် သားလောက် နှိပ်ကွပ်မယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။

လောလောဆယ်ကာလမှာ အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်လည်း အနှိပ်စက်ခံ၊ အဖမ်းဆီးခံ ထားရတဲ့အတွက် အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက ပြင်းပြင်းထန်ထန် ဝိုင်းကန့်ကွက်ထား၊ သတင်းမီးမောင်း ထိုးထားတာမျိုး တွေ့ရပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။

အလားတူပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တိုင်းဖျက်၊ ပြည်ဖျက် မဟာ လက်နက် စီမံကိန်းကြီးကို ထိထိ ရောက်ရောက် တားဖို့ လုပ်နိုင်စွမ်း ရှိခဲ့တဲ့ ဒီတပ်မတော်နဲ့ အစိုးရဝန်ထမ်းတွေရဲ့ ရွတ်ရွတ်ချွံချွံ လုပ်ဆောင်မှုတွေနဲ့ ရလာတဲ့ ပုဂ္ဂိုလ်ရေး အကျိုးသက်ရောက်မှု၊ အနှိပ်စက်ခံရမှု၊ မတရား စီရင်ခံနေရမှုတွေကိုလည်း အတိုက်အခံတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးတွေနဲ့ ပြည်ပ မီဒီယာတွေက မီးမောင်းထိုးပြီး တတပ်တအား ကူဖို့လိုပါတယ်။

ဘောင်းဘီဝတ်တွေ ခံရတာဆိုပြီး ကိုယ်နဲ့ မဆိုင်သလို ရေငုံနှုတ်ပိတ် နေကြမယ်ဆိုရင်တော့ အလွန်အရုပ်ဆိုးပါလိမ့်မယ်။ တိုင်းပြည်ကိုချစ်တာ၊ ပြည်သူ့အကျိုး တနိုင်ဝန် ထမ်းကြတဲ့နေရာမှာ ဘောင်းဘီဝတ်ဝတ်၊ ပုဆိုးဝတ်ဝတ် မျိုးချစ် တော်လှန်ရေး သမားဆိုတာ တတန်းတည်း ရှိပါတယ်။

ကျုပ်တို့ အမိမြန်မာနိုင်ငံရဲ့ စစ်စနစ်ဆိုး စနစ်ယုတ်ကြီးကို ထောက်လှမ်းရေး ရေဒါအောက်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ တနိုင် ဝင်ဖျက်ကြတဲ့ တပ်မတော်ထဲက တော်လှန်ရေးသမားတွေ၊ ဗြူရိုကရေစီ ယန္တရားထဲက ဒီမိုကရေစီ ထောက်ခံတဲ့ ဝန်ထမ်းတွေကို အားပေးဖို့၊ ထောက်ခံဖို့၊ လက်တွဲဖို့ အလွန်လိုနေတဲ့ အချိန်ကာလ၊ စစ်ခေါင်းဆောင်တွေကြား အစာမကြေမှုတွေ ခိုးလို့ခုလု၊ ဝေစုခွဲ ပြဿနာတွေ၊ အာဏာ မျက်စောင်းထိုးမှုတွေကို စနစ်တကျ လေ့လာ စောင့်ကြည့် သုံးသပ်တဲ့ အချိန်ကာလမှာ လိုင်စင်ရ ပုဆိုးဝတ် တော်လှန်ရေးသမားတွေ၊ လူ့အခွင့်အရေး တိုက်ပွဲဝင်သူတွေနဲ့ အနောက်အုပ်စုနိုင်ငံ အစိုးရတွေနဲ့ လက်ဝေခံ NGO အဖွဲ့အစည်း ကြီးတွေက အလွန်ချာသကိုးဗျ။ ကျုပ်တို့အားလုံးရဲ့ မဟာ အားနည်းချက်ကြီး တခုပါ။

အားမနာတမ်း ပြောရရင် မြန်မာ့အရေး ဂုရုကြီးတွေ၊ ပေါ်လစီ လော်ဘီသမားတွေ၊ လိုင်စင်ရ အတိုက်အခံကြီးတွေ ကြားမှာ သူတလူ၊ ငါတမင်း ဆိုသလို ဖြစ်နေကြတာ တွေ့ရပါတယ်။

“ဒိုင်ယာလော့” ခေါ်တဲ့ တွေ့ဆုံဆွေးနွေးရေး ရေစီးကြောင်းထဲမှာ မျောနေသူတွေက တဖုံ၊ စီးပွားရေး ပိတ်ဆို့မှုကို အမြစ်ထွက်အောင် “တွန်းတိုက်” “ဖျက်ဖို့လုပ်လိုက်” ဆိုတဲ့ “ထောက်ခံ၊ ဆန့်ကျင်” သမားတွေက တမျိုး၊ “သတ္တိမရှိရင် ရွေးကောက်ပွဲဝင်” ဆိုတဲ့ နအဖနဲ့ နီးစပ်သူ ခါတော်မီ နအဖ အကြံပေးနဲ့ ယိမ်းသမားတွေက တလမ်း၊ နိုင်ငံရေး တော်သလင်းပွဲကြီးအလား ယိုသူမရှက် မြင်သူရှက်ရမဲ့ကိန်းပဲ။

တပ်ထဲ၊ စစ်အစိုးရထဲက ကျုပ်တို့ ညီတော် နောင်တော်တွေ အစုလိုက် အပြုံလိုက် ထိပ်တုံးခတ်၊ နားသယ်တွယ်ခံရပြီး ကြိုးစင်ပေါ် တက်ရမယ့် အနေအထားရောက်မှ ကျုပ်တို့တတွေ ဒီမိုကရေစီ အိပ်မက်ကြီးက ဆတ်ခနဲ လန့်နိုးလာခဲ့တာ ဘယ်နှခါများတောင် မသိ၊ ဒါတောင် ကျုပ်တို့ထဲက လိုင်စင်ရ တော်လှန်ရေးသမားကြီးတွေက ကိုယ်နဲ့မဆိုင်သလို ပုဆိုးထဲ ခေါင်းပြန်သွင်းပြီး ဒီမိုကရေစီကွေး ဆက်ကွေးနေတာတော့ အံ့မခန်းပါပဲ။

ဒါတင်ဟုတ်သေးလား၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ထောက်ခံပါတယ်ဆိုတဲ့ အနောက်နိုင်ငံ အစိုးရအသိုင်းဝန်း၊ အဖွဲ့အစည်းပိုင်း၊ မီဒီယာပိုင်း ကျပြန်တော့လဲ တပ်ထဲက တော်လှန်ရေးသမားတွေကို ဖုတ်လေတဲ့ ငပိ ရှိမှန်းတောင် သိဟန်မတူပါဘူး။

တခါတလေတော့ ဒီအနောက်ကမောင်တွေ ကျုပ်တို့နိုင်ငံကြီး တကယ်ပြောင်းသွားမှာများ စိုးရိမ်နေကြသလားလို့တောင် သံသယ ဝင်မိတယ်။ ဆက်ဆံလာတာ အနှစ် ၂၀ ကျော်သွားပြီ၊ ဒီမောင်တွေ ထိထိရောက်ရောက် ကူညီတာ ဘာတခုမှ မရှိ။
ထားပါတော့လေ။ ကျုပ်တို့ ရှင်းရမယ့် တာဝန်ပေပဲ။

စစ်စနစ်ဆိုးကြီးထဲက ခြတွေလို အတွင်းက လှိုက်စားတဲ့ ဘောင်းဘီဝတ် တော်လှန်ရေး သမားတွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေ၊ အတိတ်မှာရှိခဲ့တယ်၊ ခုလဲရှိနေဆဲ။ ဒီစနစ် ဇီဝိန်မချုပ်သရွေ့ နောက်လည်း ရှိနေဦးမယ်ဆိုတာ လက်ရှိ အထောင်းခံ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းနဲ့ အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်တို့ရဲ့ လေးစားလောက်တဲ့ သူရဲကောင်း ဇာတ်ထုပ်ကိုကြည့်ပါ။

ကျုပ်တို့ ပုဆိုးဝတ် အတိုက်အခံတွေ “အမေကမွေး ထောင်က မငတ်တငတ်ကျွေး” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထောင်နဲ့အိမ် ကူးချည် သန်းချည် လုပ်တာ ချီးမွမ်းဖို့၊ ဂုဏ်ယူဖို့ ကောင်းပါတယ်။ တပ်ထဲက နောင်တော် ညီတော်တွေကလည်း အလှည့်ကျတော့ မနွဲ့ကြစတမ်းဆိုတဲ့ မူနဲ့ ဘယ်လောက် နှိပ်ကွပ်နှိပ်ကွပ် အတွင်းစည်း၊ အပြင်စည်းထဲဝင်ပြီး မင်းဆိုးမင်းညစ်တွေရဲ့ စနစ်ကို နည်းမျိုးစုံနဲ့ ဖျက်နေတာ ရာစုနှစ် တဝက်တောင် ကျိုးပြီးပဲ။ ဒါကြောင့်ပဲ စစ်ပလ္လင်ပေါ်က စစ်ဘုရင် ယောင်ယောင် ဦးနေဝင်းက အစ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအဆုံး တပ်ထဲ “ဖြုတ်၊ ထုတ်၊ သတ်” မူနဲ့ ကျင့်သုံးတာ တတိုင်းပြည်လုံး သိကြပါတယ်။

ခက်တာက အပြည်ပြည်ဆိုင်ရာ မြန်မာ့ရေးရာ ပုရောဟိတ်များနဲ့ ဘုရားစူး လူ့အဖွဲ့အစည်း တာဝန်ခံကြီးတွေ ဒီဖြုတ်ထုတ်သတ် မူဝါဒနဲ့ ဖြစ်ပေါ်လာမယ့် တကယ့်ပြောင်းလဲမှု လမ်းကြောင်းကြီးကို အသိခေါက်ခက် အဝင်နက်နေပြန်ကြတယ်။

သမိုင်းတလျှောက်လုံးမှာ ဖိနှိပ်မှုအခြေခံတဲ့ နိုင်ငံရေး စနစ်ဆိုးတွေ၊ ပြည်သူတွေကို ထမင်းနပ်မှန်အောင် မကျွေးနိုင်တဲ့ စီးပွားရေးစနစ်စုတ်တွေ အားလုံးထဲမှာ တော်လှန်ရေး၊ ဆန့်ကျင်ရေး၊ ပြုပြင်ပြောင်းလဲရေး ဗီဇတွေ သန္ဓေတည်ကတည်းက ပါလာပြီးသားပါ။

တကယ်အောင်မြင်တဲ့ တော်လှန်ရေးတွေမှာ ဒီမျိုးစေ့တွေကို မြေသြစာကျွေး၊ ရေလောင်း ပေါင်းသင်ပြီး မြေတောင်မြှောက်ပေးတဲ့ အလုပ်ကို ဇောင်းပေးပြီး လုပ်ကြပါတယ်။

ထုကြီးထည်ကြီးနဲ့ရှိတဲ့ ဘုရားစေတီတွေတောင် ညောင်စေ့ တစေ့ နှစ်စေ့ ရှင်သန်ကြီးထွားတာနဲ့ ပြိုပျက်ပြီး အုတ်ပုံဘဝ စုတေကြတာ အားလုံး မျက်မြင်ကိုယ်တွေ့ပါပဲ။

အသွင်ကူးပြောင်းရေးဆိုတာ ပါရဂူဘွဲ့ရပြီးဖြစ်မှ နားလည်နိုင်တဲ့ ခက်ခဲနက်နဲတဲ့ အကြောင်းအရာ မဟုတ်ပါ။ စကားလုံး ကြီးကြီးကျယ်ကျယ်တွေ လူအထင်ကြီးအောင် ဖောဖောသီသီကြီးသုံးပြီး တော်ကီလုပ်နေတဲ့ ဂုရုတွေ၊ ပုရောဟိတ်တွေကို နားမယောင်ပါနဲ့။ “စေတီနဲ့ ညောင်စေ့” နမူနာလေးသာ အာရုံထဲ အမြဲထည့်ထား။ ညောင်စေ့က အတွင်းကနေ သူ့အလုပ် သူလုပ်၊ ပုဆိန်နဲ့ ပေါက်မယ့်သူကလည်း သူ့အလုပ်သူလုပ်၊ စေတီတွေ အုတ်ပုံဘဝ ကူးသွားတာ ကျုပ်တို့ တနိုင်ငံလုံး လက်ချိုးရေလို့ တောင် မကုန်တာ ကြည့်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဒီနေရာရအောင် ထောက်ခံစာရေးပေး၊ နဝတ ဒုဥက္ကဌ ဆိုတဲ့ နေရာကို ဖန်တီးပေးခဲ့တဲ့ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ တဖွဲ့လုံး တနွယ်ငင် တစင်ပါဆိုသလို အရှင်းခံခဲ့ရတာ ၅ နှစ်တောင် ပြည့်ရုံလေးပဲ ရှိသေးတယ်။

ဗိုလ်မှူး ဝင်းနိုင်ကျော်တို့ တသုတ်က စစ်စနစ်ဆိုးကြီးကို အတွင်းကနေ ဆော်ဖို့ကြံပြန်၊ ဒါကတော့ တညောင်ကျ၊ တညောင်ပေါက် တဗိုလ်ကျ၊ တဗိုလ်တက် သဘောပါပဲ။ ဖိနှိပ်မှုနဲ့ ဆန့်ကျင်မှုရှိတဲ့ သဘာဝကြီးပါ။ ဒီစနစ်ဆိုးကြီး ရှိသမျှ၊ ဆန့်ကျင်မှု တော်လှန်မှု ဆိုတာ ဆက်ရှိနေမှာပါ။ ဗေဒင်မေးရင် မှားနေပါဦးမယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘက်က ကြည့်မယ်ဆိုရင်တော့ တရုတ်ပြေးမင်း ဘဝ မရောက်အောင် တွင်းတွေတူးတာ မဟာဗျူဟာကြီးတခု၊ လက်အောက်ငယ်သားတွေ အမြင်အရတော့ တပ်ချုပ်ကြီးက တပ်ဘိုးအေ၊ သွားလေသူ ဗိုလ်ချုပ်ကြီး နေဝင်းထက် တော်လှဆိုပဲ။ ဒီကြားထဲကမှ ဗိုလ်မှူး ဝင်းနိုင်ကျော်တို့ တသုတ်က သီတင်းကျွတ်ကာလမှာ ပရစ်တွင်း ရေလောင်းသလို သွားကိုင်လိုက်တော့ တပ်ချုပ်ကြီးလည်း အခက်ကြုံ၊ တွင်းအောင်းဖို့ အကြံလည်းပျက်၊ တရုတ်နဲ့ အမေရိကန်ကြား ဗျာများသွားတော့တာပဲ။

ကျုပ်စိတ်မကောင်းတာကတော့ လိုင်စင်ရ အတိုက်အခံများနဲ့ လူ့အခွင့်အရေး ချန်ပီယံ အဖွဲ့ကြီးများ အပါအဝင် သူတို့ရဲ့ နာယက အနောက်အုပ်စု အစိုးရတွေက ကျုပ်တို့တပ်တွင်းက သတ္တိခဲ ရွက်ပုံးသီး နောင်တော်တွေ ညီတော်တွေ ခါးစည်းပြီး မတရား စီရင်ခံနေရတာကို တော်လှန်ရေး အမြင်နဲ့ မြင်မပေး၊ ရဲဘော် ရဲဘက်စိတ်မပြ၊ ကိုယ်ဖြစ်ကိုယ်ခံ ပေယျာလကံလို့များ သဘောထား နေသလား မသိ။

တပ်ထဲက ရွက်ပုန်းသီး တော်လှန်ရေး သမားတွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေ ကျရာနေရာက ဒီစနစ်ဆိုးကြီးကို အုပ်တချပ် သဲတပွင့် ပျက်အောင် ဖျက်နေတာ အားလုံး အသိအမှတ်ပြု၊ တန်ဖိုးထားဖို့ လိုပြီထင်တယ်။ ဒီနောင်တော် ညီတော်တွေ မအောင်မြင်တာ အောင်မြင်တာ အပထား။ ကျုပ်တို့ကရော အောင်မြင်သေးလို့လား။

ပုဆိုးပဲဝတ်ဝတ်၊ ထဘီပဲခြုံခြုံ၊ ဘောင်းဘီပဲ ဝတ်ဝတ်၊ ခရစ်တော်ပဲ ကိုးကွယ်ကိုးကွယ်၊ ဗမာစကားပဲ ဝဲဝဲ ကျုပ်တို့အားလုံးက တမြေတည်းနေ တလှေတည်းစီး တခရီးတည်း သွားနေကြတဲ့ ပြည်သူတွေထဲက လူတွေပဲ။ ဘုံရန်သူက စစ်ဘီလူး ခေါင်းဆောင်တွေ၊ ဖျက်ရမယ့် စနစ်က စစ်စနစ်ဆိုး၊ ရည်ရွယ်ချက် တူကြတယ်လေ။

ဘူဇွာ ပညာတတ်တွေ၊ နိုင်ငံရေး ဗေဒင်ဆရာတွေ ရွှေဥာဏ်တော် စူးရောက်ပြီး ကြီးကြီးကျယ်ကျယ် ပြောဟောနေတဲ့ “မြန်မာ့အရေးဟာ အဖြူအမည်း ခွဲဖို့ခက်တယ်” ဆိုတဲ့ လူလည်စကား သွားနားမယောင်နဲ့။ တိုင်းရင်းသား သာတူညီမျှရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ ဒီမိုကရေစီ ဖော်ဆောင်မှုဆိုတာ နေ့ချင်းညချင်း အောင်မြင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကလေးလည်းသိ၊ ခွေးလည်းသိ၊ တွင်းအောင်းမယ့် တပ်ချုပ်ကြီးတောင်သိ။ ဒီပညာတတ်ဉာဉ်နဲ့ လူတွင်ကျယ်လုပ်ပြီးပြောတဲ့ စကားက စစ်မရောက်ခင် မြှားကုန်တဲ့စကား။

ဒါပေမယ့် လယ်ပြင်မှာ ဆင်သွားသလို ကွင်းကနဲ ကွက်ကနဲ မြင်သာတာက လက်မရွံ့ အာဏာသားတွေကို ပုဆိန်ရိုးလုပ်ထားပြီး တပ်ချုပ်ကြီးက သူ့မိသားစုအတွက် ပြည်သူ့အာဏာကို မောင်ပိုင်စီးထားတာ။ ဒင်းလုပ်လို့ ပြည်သူတွေ ငတ်မွတ်ခေါင်းပါး၊ အရာရှိ အရာခံ အကြပ်တပ်သားတွေ သေနတ်နဲ့ပြပြီး ဓားပြတိုက်စားတဲ့ ဘဝရောက်ရတဲ့ အခြေအနေ။ ဒီနေရာမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်၊ တရားတယ် မတရားဘူးဆိုတာ ပီအိတ်ခ်ျဒီမလို၊ ဒိဗ္ဗစက္ခုဆိုတာဝေး၊ ဗမာတွေ ဒီလောက် ဒုံးမဝေး။ စစ်ဘီလူးကို မဲပြားနဲ့ ကလော်ထုတ်မလား၊ ခြေထောက်ကဆွဲပြီး တရွတ်တိုက် ထုတ်မလား ဆိုတဲ့ မေးခွန်းသာ မေးစရာရှိတာ။

ဒီစစ်စနစ်ဆိုးကြီး ဂိတ်ဆုံးရောက်ပြီး တိုင်းပြည် ပျက်သထက် ပျက်တဲ့ ဇာတ်ထုပ်ကို စနစ်ရဲ့ အတွင်းစည်း၊ အပြင်စည်းထဲမှာ လှုပ်ရှားခဲ့တဲ့ တပ်မတော်ထဲက တော်လှန်ရေးသမားနဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေထက် ဘယ်သူမှ ပိုမသိဘူး။ “စစ်အစိုးရ သူခိုးဓားပြ” ဆိုတာ တိုင်းပြည်ချစ်တဲ့ တပ်မတော်သားတိုင်းအသိ။ ဒါခုမှမဟုတ်၊ တပ်ချုပ်ကြီးရဲ့ သွားလေသူ ကျေးဇူးရှင် “အဘ” ဦးနေဝင်းခေတ်လယ်နဲ့ ခေတ်နှောင်းကတည်းက စခဲ့တဲ့ ဇာတ်ထုပ်လေ။

ဆင်မလိုက် သင်္ဘောကျင်း အလုပ်သမားများ သတ်ပွဲအပြီး ၁၉၇၅ - ၇၆ ကတည်းက စစ်စနစ်ဆိုး အမြစ်တွယ်ပြီး တပ်ချုပ်ကြီးတွေ လူစင်စစ်က အစွယ်ပေါက်ခဲ့တာ။ လူ ဗိုလ်ချုပ်ကြီးတွေ အရှင်းခံရတော့လည်း ဗိုလ်မှူးကြီး ကြည်မောင်တို့၊ ဗိုလ်မှူးကြီးချစ်မြိုင်တို့က အစ၊ အထင်ကရ အဖြစ်ဆုံးကတော့ ဗိုလ်ချုပ်ကြီး တင်ဦး (ခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD) ကို ခေါင်းဆောင် တင်ဖို့ လုပ်တဲ့ တပ်မတော် အတွင်းစည်းထဲက ကိုယ်ရေးအရာရှိ တသုတ်ရဲ့ ၁၉၇၆ ခုနှစ်ကာလက စစ်ဘီလူကြီးများ သုတ်သင်ရေး အစီအမံအလယ်။ ဗိုလ်ကြီး အုန်းကျော်မြင့်ကတော့ ဒီအစီအမံရဲ့ အဓိက ခေါင်းဆောင်ဆိုတော့ အသက်နဲ့ ပေးဆပ်ခဲ့ရတယ်။

အခုလို ခေတ်အဆက်ဆက် ရာစုနှစ်ဝက်ကာလအတွင်း စနစ်ဆိုးကြီးကို ပြောင်းဖို့ကြံခဲ့တဲ့ တပ်ထဲက ညီတော် နောင်တော်များနဲ့ သူတို့ရဲ့ တိုင်းပြုပြည်ပြု လုပ်ရပ်တွေ၊ သူရဲကောင်းဆန်တဲ့ အပြုအမူတွေဟာ ဒီနေ့ နိုဗဲလ်ဆုရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တော်လှန်ရေးနဲ့ တပ်တူထပ်မျှ တန်ဖိုးရှိတယ်၊ အရေးကြီးတယ်၊ သမိုင်းဝင်တယ်ဆိုတာ အသိအမှတ်ပြု လက်ခံဖို့ လိုတယ်။

ကြုံတုန်း ဖောက်သည်ချရဦးမယ်။

ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ထောက်လှမ်းရေးတွေက အတိုက်အခံတွေကို နှိပ်ကွပ်တာ၊ ညှင်းခဲ့တာ အများကြီး လုပ်ခဲ့တာပေါ့။ ဒါပေမယ့် တကယ်အရေးကြီးတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို သူတို့ပဲ ဒီပဲယင်းမှာ ဝင်ကယ်ခဲ့ကြတာပါ။ တပ်ချုပ်ကြီး နဲ့ သူ့လက်မရွံ့ ကြံ့ဖွံ့တွေ အလိုအရဆိုရင် ဒီ NLD ခေါင်းဆောင်ကြီးတွေ ဇိဝိန်ချုပ်ပြီးပြီ။

ရှစ်လေးလုံး ပြည်သူ့အုံကြွမှုကြီး ပြီးကတည်းက အတိုက်အခံတွေ၊ ပုဆိုးဝတ် တော်လှန်ရေးသမားတွေ စနစ်တကျ မလုပ်ခဲ့တဲ့ လုပ်ငန်းတရပ်ကို ထောက်ပြဦးမယ်။ ဒါကတော့ တခြားမဟုတ်ဘူး။ တပ်မတော် နဲ့ ဗျူရိုကရေစီ ယန္တရားထဲက ရွက်ပုန်းသီး ပြုပြင်ပြောင်းလဲရေး သမားတွေ၊ တော်လှန်ရေး ညီနောင်တွေကို ရှာဖွေ၊ ထောက်ခံ၊ ပံ့ပိုးပြီး လက်တွဲလုပ်ဖို့ကြံတဲ့ နှစ်ရှည် စီမံကိန်းတွေ၊ ဗျူဟာတွေ သေသေချာချာ မတည်ဆောက်ခဲ့မှု၊ မဟာအမှားကြီးပါပဲ။ ဒါပေမယ့် ပျက်ရင်အစဉ် ပြင်ရင်ခဏဆိုတဲ့ မူသုံးဖို့ အချိန်ကာလရောက်ပြီ။

တခရီးတည်း သွားနေကြတဲ့ ကျုပ်တို့ပုဆိုးဝတ်တွေနဲ့ ရွက်ပုန်းသီး တပ်တွင်း ပြုပြင်ရေး၊ တော်လှန်ရေးသမားတွေ တန်းညှိစို့၊ သွေးစည်းဖို့ဆိုတာ စစ်စနစ်ဆိုး စနစ်ယုတ်ကြီး ပြိုကွဲဖို့မှာ နံပါတ်တစ် အရေးကြီးဆုံးပါ။ တွင်းအောင်းကြံ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီလို ပြည်သူ့တော်လှန်ရေးသမားတွေနဲ့ တပ်တွင်း ပြောင်းလဲရေးသမား၊ တော်လှန်ရေး ရွက်ပုန်းသီးတွေ ဇာတ်ပေါင်းပြီး က မှာကို သေမလောက် ကြောက်ပါတယ်။

ဒါကြောင့်လည်း နည်းမျိုးစုံ ဉာဏ်နီ ဉာဏ်နက်၊ အလိမ်၊ အဝါ အပြာရောင်စုံသုံးပြီး တပ်မတော်သားတွေနဲ့ ပြည်သူတွေကို သွေးထိုးပေး၊ တိုက်ပေး။ မှူးကြီးနဲ့ အထက်အရာရှိအားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ ခေတ်ရောက်ရင် နုရင်ဘတ်လို ခုံရုံးမှာတင်၊ စင်းနီတုံးပေါ် တောက်တောက်စင်း ခံရမလိုလို။ တပ်ချုပ်ကြီးနဲ့ အလိုတူအလိုပါ ခေတ်ပျက်သူဌေးတွေ ဝက်ဝက် ကွဲအောင် တိုင်းပြည်ဘဏ္ဍာနဲ့ သယံဇာတတွေ ခိုးကြ၊ မျိုကြ၊ ဆို့ကြလို့ တိုင်းပြည် ပြာပုံထဲရောက်၊ သဘာဝ ဘေးဒဏ်တွေကျ၊ ပြည်သူက ကျောမွဲဘဝက မတက်တဲ့ ဘဝရောက်နေတာ ဒေါ်စုနဲ့ အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုကပဲ တာဝန်ရှိ သယောင်ယောင် စောင်ခိုင်းထား။

တပ်ထဲက မောင်တွေကိုတော့ ချော့လိုက် ခြောက်လိုက်၊ လုခွင့်၊ ခိုးခွင့်ပေးလိုက်နဲ့။ တချိန်က ဗမာလူထု အလွန် ကြည်ညိုတဲ့၊ အားထားတဲ့ တပ်မတော်ကို သူခိုး ဓားပြတပ်မတော်ဖြစ်အောင် တပ်ချုပ်ကြီးက ငါ့တာဝန်ကြီး တပါး အနေနဲ့လုပ်တာ တပ်ထဲက မြတ်ကိုကိုများလည်း သိဖို့အချိန်တန်ပါပြီ။

တပ်တွင်းက ပြုပြင်ပြောင်းလဲရေး သမားများနဲ့ ပုဆိုးဝတ် ပြည်သူ့တော်လှန်ရေးသမားများ အပေးအယူ ရှိလာပြီဆိုတာနဲ့ တပ်ချုပ်ကြီးက လက်နဲ့ရေးရင် ခြေနဲ့လိုက်ဖျက်တော့တာပါပဲ။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပေါင်းပြီး တိုင်းပြည် ထူထောင်ရေးလုပ်ဖို့ သဘောတူတန်သလောက် တူထားပြီးသားပါ။ KNU က ဗိုလ်ချုပ်ကြီးမြ တို့နဲ့လည်း ထိုနည်း လည်းကောင်းပါပဲ။

ပြဿနာကြီးတွေ ရှင်းသွားမယ်ဆိုရင် တပ်ချုပ်ကြီးနဲ့ အပေါင်းအပါတစု စားခွက်လွတ်တော့မှာဆိုတော့ အတိုက်အခံနဲ့ ပြေလည် လာတဲ့ တပ်တွင်းပြုပြင်ပြောင်းလဲရေးသမားတွေကို ကျူပင်ခုတ် ကျူငုတ်မကျန် တပ်ချုပ်ကြီးတို့ တသုတ်က ရှင်းတာပါ။ ဒါနဲ့ပဲ တပ်တွင်း ပြောင်းလဲရေး သမားတွေနဲ့ ပြည်သူ့ တော်လှန်ရေးသမားတွေ လက်တွဲဖို့ အရေးဆိုတာ သမင်မွေးရင်း ကျားစားရင်း ဆိုသလိုပဲ လည်နေတော့တာပါပဲ။

မျက်မှောက်ခေတ် ကာလမှာတော့ တွင်းအောင်းဖို့ကြံတဲ့ ကျားငစဉ်းလဲ တပ်ချုပ်ကြီးရဲ့ စစ်စနစ်ဆိုးကြီးကို ဖြုတ်ချဖို့ နေရာမှာ အဓိက အခက်အခဲကြီး နှစ်ရပ်ရှိပါတယ်။

နံပါတ်တစ်က အနောက်နိုင်ငံ ပညာတတ်၊ ပုဆိုးဝတ်တွေကိုပဲ တော်လှန်ရေး လိုင်စင်ပေးထားတဲ့ အနောက်တိုင်းက လစ်ဘရယ် သမားတွေရဲ့ အတွေးအခေါ်ချို့တဲ့မှု၊ ဘက်လိုက်မှု၊ ဗျူဟာမှားမှု။

နံပါတ်နှစ် အခက်အခဲကတော့ တပ်မတော်ထဲက ရွက်ပုန်းသီး တော်လှန်ရေး သမားတွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေ မပါရင်၊ သူတို့တွေကို တော်လှန်ရေး သမားတွေလို့ မမြင်ရင်၊ ကျုပ်တို့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား သာတူညီမျှရေး တော်လှန်ရေးကြီးဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ ဗျူဟာကို အတိုက်အခံတွေထဲမှာ ပီပီပြင်ပြင် လက်ခံကျင့်သုံးမှု မရှိခြင်းဘဲ ဖြစ်ပါတယ်။

ပြုပြင်ရေးသမား၊ တော်လှန်ရေးသမားဆိုတာ ချိုမပါပါဘူး။ ပုဆိုးဝတ်၊ ဘောင်းဘီဝတ်၊ စကတ်ဝတ်၊ သင်္ကန်းရုံ အသွင်အမျိုးမျိုး အဖုံဖုံနဲ့ ရှိနေကြပါတယ်။ ဒါကိုမှ လစ်ဘရယ် သမားတွေက ပုဆိုးဝတ်နဲ့ (၂၀၀၇ နောက်ပိုင်းမှာတော့) သင်္ကန်းရုံ တွေကိုပဲ တော်လှန်ရေး လိုင်စင်ပေးထားတော့ ခက်သားလား။

စကားကြုံလို့ ကိုယ်တွေ့တခု ပြောရဦးမယ်။ ပုဆိုးဝတ် တော်လှန်ရေးသမားတွေ၊ အတိုက်အခံတွေ၊ တပ်ထဲက နောင်တော်တွေနဲ့ ထိတွေ့မယ်မကြံနဲ့။ အနောက်အုပ်စု “ဒိုင်ယာလော့” သမားတွေ၊ လူ့အခွင့်အရေးသမားတွေက ထပြီး တပြုံကြီး အူကြတာ ကျုပ်ကိုယ်တွေ့။ ကိုယ်တိုင်လည်း ဇမရှိ၊ ဇရှိတဲ့ တပ်ထဲက နောင်တော်တွေနဲ့ ဝင်လုံးတော့လည်း ထအူဆိုတော့ ဟိုဘက်ကလည်း ဒီမကူး၊ ဒီဘက်ကလဲ ဟိုဘက်မတိုးရဲနဲ့ တပ်နဲ့ ပြည်သူ လက်တွဲဖို့အရေး အနှစ် ၂၀ ကျော်သွားပြီ။

ဒီနိုင်ငံက ကျုပ်တို့နိုင်ငံ၊ ပြဿနာတွေက ကျုပ်တို့ ပြဿနာတွေ။ အနောက်က လစ်ဘရယ်သမားတွေနောက် နားယောင်ပြီး အမောင် တောင်မှန်း မြောက်မှန်းမသိဆိုတဲ့ ဘဝက ကျုပ်တို့ လွတ်ဖို့လိုပြီ။

တချို့ဆို ဗိုလ်ချုပ်ကြီးဆို ချိုနဲ့လားလို့ မေးယူရလောက်အောင် မတွေ့ဖူး၊ မမြင်ဖူးဘဲ လေဖမ်းဒန်းစီးတဲ့ “ရင်ကြားစေ့ရေး” တွေ၊ တောင်စဉ်ရေမရ စွတ်ပြော၊ လက်တွေ့မပါတဲ့ စာအုပ်ကြီးတွေ ချိုင်းကြားညှပ်ပြီး အသွင်ကူးပြောင်းရေး အော်တဲ့ ဂုရုတွေက တမှောင့်။ သင်ဖူးတာ၊ လုပ်ဖူးတာ တပဲဖိုး၊ ပြောနေ ဟောနေလိုက်ကြတာက တပိဿာခွဲစာ။ အနှစ်မရှိတဲ့ ဒိုင်ယာလော့တော မှာ ခေတ်ပျက် မဟော်သဓာတွေက တမှောင့်။ ဆရာမှိုင်းသာ သက်ရှိထင်ရှား ရှိသေးရင် “လစ်ဘရယ် ဒိုင်ယာလော့သမား” များဋ္ဋီကာဆိုပြီး ပယ်ပယ်နယ်နယ်နဲ့ တီးလိုက်ဦးမယ် ဖြစ်ခြင်း။

စစ်စနစ်ဆိုးကြီးကို ဖျက်နိုင်၊ ပြင်နိုင်တာက ကျုပ်တို့ တပ်ထဲက မြတ်ကိုကိုတွေပါ။ ပြုပြင်ရေး ရွက်ပုန်းသီးတွေပါ။ လစ်ဘရယ် ပရောဂျက်သမားတွေ NGO တွေ စီးပွားရေးနဲ့ အသွင်ကူးပြောင်းရေး ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတွေ မဟုတ်ပါဘူး။

ဒါကြောင့် ဗျူဟာအရရော၊ မူအရရော၊ ကိုယ်ချင်းစာတရား အရရော၊ တော်လှန်ရေး သွေးစည်းစိတ် အရရော တပ်မတော်ထဲက ကျုပ်တို့ ညီတော် နောင်တော်တွေ အနီးကပ်ဆုံး ရန်သူကို နည်းအမျိုးမျိုးနဲ့ တွယ်တာကို အရေးကြီးကဏ္ဍမှာထားပြီး စနစ်တကျ ပံ့ပိုးဖို့၊ ထောက်ခံဖို့၊ အသိအမှတ်ပြု တန်ဖိုးထားဖို့ လိုပါပြီ။

တပ်ထဲက နောင်တော်ကြီးတွေ ညီတော်တွေကတော့ အနောက်တိုင်းကြိုက် ခါတော်မီ လစ်ဘရယ်စကားတွေနဲ့ နိုင်ငံရေးကို ပြီတီတီ လုပ်မယ့် ပုဂ္ဂိုလ်တွေတော့ မဟုတ်တာ သေချာပါတယ်။ ဒီမောင်တွေက လူ့အခွင့်အရေး ဂါထာလည်း ရွတ်မှာမဟုတ်ဘူး။ လူဖြူလစ်ဘရယ်ကြိုက် ငိုပြမှာလည်း မဟုတ်၊ ဒီမိုကရေစီကို သမ္ဗုဒ္ဓေလို ရွက်မယ့်သူတွေလဲ မဟုတ်။ သူတို့ထဲမှာလည်း အနှစ် ၅၀ ကာလမှာ စနစ်ပြောင်းဖို့ အသက်စွန့်၊ စည်းစိမ်စွန့်၊ ရာထူးစွန့်ပြီး လုပ်ခဲ့ကြ၊ လုပ်နေဆဲဆိုတာ ကြည့်ရင်မြင်ပါတယ်။

ကျုပ်တို့နိုင်ငံသမိုင်းမှာ ကမ္ပည်းထိုးရမယ့် ရွက်ပုန်းသီး ဘောင်းဘီဝတ် တော်လှန်ရေး၊ ပြုပြင်ရေးသမားတချို့ကို ဒီနေရာက ထုတ်ဖော်ရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ပါတယ်။

ယခင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ကန်ဖျားရွာသား ဗိုလ်ကြီး အုန်းကျော်မြင့်၊ NLD ဦးတင်ဦးရဲ့ ကိုယ်ရေးအရာရှိများ ဖြစ်ကြတဲ့ ဗိုလ်ကြီးစံကြည် (DSA အပတ်စဉ် ၆) နဲ့ ဗိုလ်ကြီးသန့်ဇင်မြိုင် (DSA အပတ်စဉ် ၁၁) ၊ စစ်ရုံး စစ်ဆင်ရေးဌာန ဂျီသရီး ဗိုလ်ကြီးဝင်းထိန် (DSA အပတ်စဉ် ၅) သူတို့နဲ့အတူ “ဦးနေဝင်း၊ မျက်မှန်ကြီး ဦးတင်ဦး၊ ဦးစန်းယု၊ စစ်အစိုးရ” ကို ဖြုတ်ဖို့ကြံတဲ့ ဗိုလ်ကြီး စိန်သောင်း၊ ဗိုလ်မှူးကြီး လှဖေ (မြောက်ပိုင်းတိုင်မှူး)၊ ရှစ်လေးလုံး အပြီးမှာ ကျောင်းသား တပ်မတော်ကို လေ့ကျင့်ပေးခဲ့တဲ့ ဒုဗိုလ်မှူးကြီး အေးမြင့် (OTS အပတ်စဉ် ၂၆)၊ ဗိုလ်ကြီး စိုင်းဝင်းကျော် (DSA အပတ်စဉ် ၂၃) ၊ ကွယ်လွန်သူ NLD ဦးကြည်မောင် (ဗိုလ်မှူးကြီး ကြည်မောင်) နဲ့ ဗိုလ်ချုပ်ကြီး တင်ဦး (NLD ဦးတင်ဦး)၊ မှူးကြီး ကြည်မောင်နဲ့အတူ အစောကြီး အရှင်းခံခဲ့ရတဲ့ DSA အပတ်စဉ် ၁ က ဗိုလ်ကြီး ခင်မောင်ညွန့်၊ OTS အပတ်စဉ် ၂၅ ဆင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအဝင် နောက်ဆုံး DSA အပတ်စဉ် ၂၀ က ဗိုလ်မှူး အောင်လင်းထွဋ်နဲ့ အခု မတရား စီရင်ခံနေရတဲ့ (အငြိမ်းစား) ဗိုလ်မှူး ဝင်းနိုင်ကျော် (DSA အပတ်စဉ် ၂၀) နဲ့ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း (DSA အပတ်စဉ် ၂၀) တို့ပဲ ဖြစ်ကြပါတယ်။ တခြား ကျုပ်မသိတဲ့ တပ်တွင်းက ရွက်ပုန်းသီး ပြုပြင်ရေးသမား၊ တော်လှန်ရေးသမားတွေ၊ နာမည်တွေ ကျန်ခဲ့ဦးမှာပါ။ ဒီအတွက် ခွင့်လွှတ်ပါ၊ ဒါပါပဲ။ ။

ဒေါက်တာဇာနည်သည် မြန်မာပြည် လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Burma Coalition) ကို စတင် တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ယခုအခါ နိုင်ငံရေးသိပံ္ပနှင့် စီးပွားရေးဆိုင်ရာ လန်ဒန်တက္ကသိုလ်တွင် သုတေသီ ပညာရှင် အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။

http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/2357-2009-12-29-10-17-44


အလုပ်သင်ဗိုလ်



အလုပ်သင်ဗိုလ်



aloke-thin-bo


မိ မြန်မာ၊ ပြည်ကောင်းရာကို
ငါတို့ အစဉ် ရှေးရှုမည်။

လုပ် နည်း လုပ်ဟန်၊ မှန်ကန်ရန်လည်း
ပန်ဆင် အမြဲ နာခံမည်။

သင် ကြားခဲ့လာ၊ နည်းဗျူဟာဖြင့်
တွေ့လာရန်သူ ချေမှုန်းမည်။

ဗိုလ် မင်း တခြား၊ ငယ်သားတထွေ
မရှိစေပြီ၊ မသွေဓိဋ္ဌာန် မြဲမြဲတည်း။

အထက်ပါ ကဗျာတိုလေးဟာ တေဇ ဗိုလ်လောင်းလို့ခေါ်တဲ့ အလုပ်သင်ဗိုလ်၊ ဗိုလ်လောင်းတွေရဲ့ စားရိပ်သာခန်းမ အဝင်မှာ ရေးထားတဲ့ အသည်းစွဲ ကဗျာလေးတပုဒ်ပါ။

နှစ်ကာလတွေ ကြာညောင်းခဲ့ပေမယ့် တေဇတွေရဲ့ ရင်တွင်းမှာ ကဗျာလေးရဲ့ အနက် အဓိပ္ပာယ်တွေက တွေးတောစရာ တခုအဖြစ် လွှမ်းမိုးနေရာယူဆဲပါ။

မြန်မာ့တပ်မတော်မှာ ရန်သူတွေ ပတ်လည်ဝိုင်းနေတဲ့ကာလ တပ်မတော်ရဲ့ အရာရှိ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့၊ သင်တန်းကာလ တိုတိုအတွင်း လိုအပ်တဲ့ အရာရှိတွေကို မွေးထုတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ အလုပ်သင်ဗိုလ်၊ ဗိုလ်လောင်း သင်တန်းကို ဖွင့်လှစ်ခဲ့ပါတယ်။

အလုပ်သင် ဗိုလ်လောင်းတွေဟာ သင်တန်းရဲ့ ပထမနှစ်ကို အမှတ် ၂ စစ်အခြေခံ လေ့ကျင့်ရေးတပ် (ယခင်ပြင်ဦးလွင်) မှာ တက်ရောက်ကြရပြီး၊ တပ်သားအဆင့် တတ်ရမယ့် အခြေခံ စစ်ပညာ၊ ဥပစာတန်း အဆင့်နဲ့ညီတဲ့ စာပေပညာတို့ကို သင်ကြားကြရပါတယ်။ သင်တန်းကာလ ပထမတနှစ် ပြီးဆုံးတဲ့အခါ ဒုတိယ အဆင့်အနေနဲ့ အမှတ် ၁ ရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရပ်စောက်) မှာ အကြပ်နဲ့ အကြပ်ကြီး အဆင့် တတ်ရမယ့် စစ်နည်းဗျူဟာ သင်ခန်းစာ၊ အရာခံအဆင့် တတ်ရမယ့် စစ်နည်းဗျူဟာနဲ့ အုပ်ချုပ်မှု သင်ခန်းစာတွေကို ၆ လတာမျှ သင်ကြားရပါတယ်။ အမှတ် ၁ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်းမှာ ၆ လကြာ စစ်ပညာ ဆည်းပူးပြီးနောက် တတိယအဆင့်အနေနဲ့ အရာရှိငယ်အဆင့် တတ်ရမယ့် စစ်နည်းဗျူဟာတွေ သင်ကြားဖို့ ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းကို ပြောင်းရွှေ့ ကြရပါတယ်။

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းမှာ ၆ လတာမျှ စစ်ပညာသင်ယူပြီး အလုပ်သင် ဗိုလ်ဘဝနဲ့ ခြေလျင်/ခြေမြန် တပ်ရင်းတွေမှာ ၉ လတာမျှ ရှေ့တန်း/နောက်တန်း တာဝန်တွေကို လေ့လာ ဆည်းပူးကြရပါတယ်။ ၎င်း ၉ လဟာ သင်တန်းကာလဖြစ်ပေမယ့် လက်တွေ့ စစ်ဆင်ရေး လိုက်ရတဲ့အတွက် အသေအပျောက် ဆုံးရှုံးမှုတွေ ရှိတတ်ပါတယ်။ အလုပ်သင် ဗိုလ်ဘဝနဲ့ ၉ လပြီးတဲ့အခါ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) မှာ အထူးတပ်စုမှူး သင်တန်း ၄ လတာမျှတက်ပြီးတော့မှ ဒုတိယဗိုလ်အဆင့် ရကြပါတယ်။

တကယ်တော့ အလုပ်သင်ဗိုလ် ကျောင်းဆင်းတွေဟာ အရာရှိ အဆင့်ကို ရောက်ဖို့ အဆင့် ၅ ဆင့် ဖြတ်ကျော်ရပါတယ်။ အဆင့် ၄ ဆင့်လုံးမှာ တခြားအဆင့် ဆရာသမားတွေနဲ့ လက်ပွန်းတတီး နေခဲ့ရပြီး တခြားအဆင့် စစ်သည်တွေရဲ့ မပြည့်စုံတဲ့ လူနေမှုဘဝနဲ့ ဖိနှိပ်ခံတို့ရဲ့ ခံစားချက်တွေကို စည်းဝါးကျကျ ခံစားနားလည်တတ်ခဲ့သူတွေပါ။

ဒါပေမဲ့ တပ်မတော် ပဲ့ကိုင်ရှင်တွေရဲ့ မူဝါဒက စာနာ နားလည်မှုတွေ၊ ထောက်ထား ညှာတာမှုတွေကို လျစ်လျူရှုတဲ့ မူဝါဒဖြစ်တာက တကြောင်း၊ ၁၉၉၇ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အပစ်အခတ် ရပ်စဲလိုက်တာတကြောင်း တပ်မတော်အရာရှိတွေ အရေးတကြီး မလိုအပ်ဘူးလို့ ယူဆတဲ့အတွက် အလုပ်သင်ကို ဖြုတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါ့ကြောင့်ပဲ ၂၀၀၀ခုနှစ်မှာ ၄ နှစ်တက်ရတဲ့ စစ်တက္ကသိုလ်ရဲ့ သင်တန်းကာလတွေကို ၃ နှစ်သို့ လျှော့ချလိုက်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၄၁ နဲ့ ၄၂ ကို တပေါင်းတည်း ဆင်းစေခဲ့ပါတယ်။

အလုပ်သင်ဗိုလ် ဗိုလ်လောင်း သင်တန်းကိုလည်း အပတ်စဉ် ၃၀ မှာ နိဂုံးသတ်စေပြီး မျိုးဆက် ဖြတ်လိုက်ပါတော့တယ်။ ။
http://www.mizzimaburmese.com/edop/songpa/4473-2009-12-29-07-45-25.html


ဗိုလ်မှူးချုပ် ကျော်ဇော



ဗိုလ်မှူးချုပ် ကျော်ဇော



ဗိုလ်မှူးချုပ် ကျော်ဇောကို လူချင်းတွေ့ရတော့ ကွန်မြူနစ်ရယ်၊ ဆိုရှယ်လစ်ရယ် ခွဲမမြင်နိုင်တော့ဘူး။ ကွယ်လွန်သွားတဲ့ ကျေးဇူးရှင် (အဖေ) တို့နဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တဦးအဖြစ်ပဲ မြင်မိတယ်။ အဖေကိုလည်း သတိရတာနဲ့ ကျနော် ရိုသေစွာ ထိုင်ကန်တော့ခဲ့ပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ရိုးသားမှုကို တွေ့ရတော့လည်း ကျနော် လေးစားမိတာအမှန်ပါ။

kz2ဒါပေမဲ့ ကျနော့်ဆီမှာ မပြီးသေးတဲ့ မိသားစုတာဝန်က ကျန်နေသေးတယ်။ အဲဒါကတော့ ဗိုလ်မှူးချုပ်ကျော်ဇော ရေးခဲ့တဲ့ သူရဲ့ ကိုယ်ရေး ရာဇဝင်မှာ ရေးသားထားတဲ့ ဦကျော်ငြိမ်း အကြောင်းပါ။ ကျနော်နဲ့ ခင်တဲ့ မိတ်ဆွေက ဘာကြောင့် ပြန်မရေးတာလဲလို့ အရေးဆိုကြတယ်။ တချို့ကလည်း ထားလိုက်ပါတော့ဗျာလို့ အကြံ ပေးကြတယ်။

အသက်ကြီးပြီဖြစ်တဲ့ တော်လှန်ရေးသမားကြီးကို လေးစားမိတာတကြောင်း၊ ဗိုလ်မှူးချုပ်ကျော်ဇော မိသားစုနဲ့တွေ့ပြီး ခင်မင်မိတာတကြောင်းကြောင့် မရေးဖြစ်ခဲ့ဘူး။ ဗိုလ်မှူးချုပ်မောင်မောင်ဆုံးသွားတဲ့ သတင်းကြားမှ သင်္ခါရကို မကျော်နိုင်ကြတာ တွေးမိတယ်။ အချိန်က လူကို မစောင့်ပါလားဆိုပြီး သတိဝင်လာတယ်။ ဒီ့အပြင် ပြန်လည်ဖြေရှင်းမှုမရှိခဲ့ရင် ရာဇဝင်ကိုရေးရာမှာ အချက်အလက်မှန်ဖို့ အရေးကြီးတယ်ဆိုတာကို နားမလည်နိုင်တဲ့၊ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကိုသာ အခြေခံရင် အမှန်တရားဟာ ဖုံးကွယ်သွားနိုင်တယ် မဟုတ်လား?

ကြယ်တွေ၊ စကြာဝဋ္ဌာအကြောင်း လေ့လာတဲ့ (Astronomy) ဘာသာရပ်အရ ကျနော်တို့ စကြာဝဋ္ဌာ Universe ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.ရ ဘီလျံလောက်က (Big Bang) ဆိုတဲ့ ပေါက်ကွဲမှုကြီးက မွေးဖွားခဲ့တယ်။ ဒီ Big Bang ရဲ့ နောက်ခံ (Background Radiation) ကို မပျောက်မပျက်ရှာတွေ့မှ BigBang ဆိုတာကို လက်ခံခဲ့ကြတယ်။ ဒီလိုပဲ အဖြစ်အပျက်တွေရဲ့ နောက်ခံသမိုင်းဆိုတာ ဖျောက်ဖျက်လို့မရပါဘူး။ ရာဇဝင်ဆိုတာ အရေးကြီးပါတယ်။

ဗိုလ်ချုပ်ကျော်ဇောရေးတဲ့ ကာလမှာ ကျနော့်အဖေဟာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ့ဖြေရှင်းခွင့် မရတော့ရှာပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ကျော်ဇော အသက်ထင်ရှားရှိစဉ်မှာ ဒီဆောင်းပါးကို ရေးရတာပါ။
အဆိုတခုကို သက်သေနဲ့ နှစ်ဖက်ကြည့်တတ်ရပါမယ်။ နောင် - ရာဇဝင်ဆရာတွေ သုံးသပ်နိုင်အောင် တင်ပြရခြင်းပါ။ ကျနော် ပြန်ဖြေရှင်းရမယ် ဆိုတာကိုလည်း ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ မိသားစုကို ကူမင်းမှာ တွေ့စဉ်က အသိပေးခဲ့ပြီးဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ မိသားစု ကျနော့် အမြင်ကို နားလည်နိုင်ပါစေ။

အရေးကြီးတဲ့ တချက်က ကျနော် ယုံကြည်တာက လစ်ဘရယ်ဒီမိုကရေစီပါ။ ကျနော့်အမြင်အရ ဘယ်နိုင်ငံရေး သဘောတရားမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လစ်ဘရယ်ဒီမိုကရေစီမှာလည်း ချို့ယွင်းချက်တွေ ရှိတာပဲ။ ဒါပေမဲ့ ချို့ယွင်းချက်တွေကြားက ဘာကြောင့် အခုထိ လစ်ဘရယ်ဒီမိုကရေစီဟာ ကမ္ဘာကြီးမှာ ရှင်သန်ကြီးထွားလျက်ရှိပြီး ကွန်မြူနစ်ဝါဒဟာ ကျဆုံးခဲ့ရသလဲ?

kzကွန်မြူနစ်ဝါဒရဲ့ ဗဟိုဦးစီးစနစ်မှာ ငါ့ဝါဒသာ အမှန်၊ ဝါဒမတူသူဟာ ရန်သူ၊ တိုက်ထုတ်ထား - ဆိုတဲ့ (တဖက်သတ်) အမှန်တရားကို ဆုပ်ကိုင်ထားတတ်တယ်။ လစ်ဘရယ်ဒီမိုကရေစီမှာတော့ လွတ်လပ်မှုနဲ့အတူ လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိတဲ့ Critical Thinking ဟာ အရေးပါလှပါတယ်။ Critical Thinking အရ အတွေးအခေါ်ဖြစ်စေ၊ အဆိုပြုချက်တခုကိုဖြစ်စေ ဘက်စုံက ငြင်းဆိုခွင့် ရှိတယ်၊ ထောင့်စုံက ကြည့်ပြီးမှ လက်ခံခွင့် ရှိတယ်။ အခု ဂရိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ လူငယ်လေးတွေဟာ တယူသန် မတွေးတော့ဘူး။ မေးခွန်းတွေ မေးမယ်၊ အဖြေရှိမှ လက်ခံကြမယ်။ ဒါကြောင့် ကျနော့်ရဲ့ အမြင်ကို ဘက်စုံကကြည့်ပြီး တင်ပြချင်တာလည်း ပါပါတယ်။ လူငယ်လေးတွေ စဉ်းစားနိုင်အောင်ပါ။

ဗိုလ်မှူးချုပ်ကျော်ဇော်ဟာ တနိုင်ငံလုံးကလေးစားရတဲ့ အထင်ကရပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ အမျိုးသားအဆင့်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်လာရင် စိတ်(နု)၍မရ အပြောအဆိုဖြစ်စေ အရေးအသားဖြစ်စေ စိတ်(နု) ၍ မရပါ၊ ဒေါ်သပါ၍ မရပါ။ ၂ဝဝ၉ သြဂုတ်လဆန်း ကျော်ကျော်က အမေရိကန်သမ္မတလောင်းအဖြစ်အရွေးခံခဲ့တဲ့ ယ္ခုလက်ရှိ နိုင်ငံခြားရေးးဝန်ကြီး ဟင်လရီကလင်တန်ဟာ လူထုနဲ့တွေ့ဆုံပွဲ Town-Hall-Meeting တခုမှာ ကျောင်းသားတယောက်ရဲ့ မေးခွန်းကို စိတ်ဆိုးပြီး ဆတ်ကနဲ ပြန်ဖြေခဲ့တဲ့အတွက် အဲဒီဖြစ်ရပ်ဟာ ကမ္ဘာကျော်ခဲ့ရတယ်။ ပြီးခဲ့တဲ့ ပြင်သစ်သမ္မတ ရွေးကောက်ပွဲအကြို အခြေအတင် စကားပြောပွဲမှာ အမျက်ထွက်လွယ်သူ၊ စိတ်ဆတ်သူလို့ နာမည်ကြီးတဲ့ စာကိုးဇီး (Sarkozy) ကို ပြိုင်ဘက် လွိုင်ရွယ် (Royal) က စိတ်လိုက်မာန်ပါ ပြောဆိုလာပါတယ်။ စာကိုးဇီးက “အိုမဒန်လွိုင်ရွယ်ရယ်၊ သမ္မတပီသပါစေ” လို့ လေအေးအေးနဲ့ ခွန်းတုံ့ပြန်ခဲ့ရာ နိုင်ငံရေး လေ့လာသူတွေနဲ့ ဝေဖန်သူတွေရဲ့ အမြင်အရ ပရိသတ်နဲ့ ပြည်သူတွေက စာကိုးဇီးကို ပိုယုံခဲ့တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ အခြေအတင်ပြောပွဲ (Debate) အပြီးမှာ စာကိုးဇီးကို ထောက်ခံသူတွေ ပိုများလာပြီး သမ္မတအဖြစ် အရွေးခံခဲ့ရတယ်။

မျိုးသားအဆင့် နိုင်ငံရေးခေါင်းဆောင်ဖြစ်လာခဲ့ရင် ကျနော်တို့ အညတရတွေလို စိတ်လိုက်မန်ပါ ဒေါသရှေ့မထားသင့်တော့ပါ

ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ကိုယ်ရေးရာဇဝင်မှာ၎င်း၊ တွေ့ဆုံမေးမြန်းခန်းတွေမှာ၎င်း ဆိုရှယ်လစ်ခေါင်းဆောင်တွေနဲ့ ဆိုရှယ်လစ်စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်စပ်လာရင် ကွန်မြူနစ်ဒေါသကို ဖုံးကွယ်နိုင်ပုံ၊ ကျော်လွှားနိုင်ပုံ မမြင်ရပါ။ ကွန်မြူနစ်ဆိုရင် အကောင်း၊ ဆိုရှယ်လစ်ဆိုရင် အဆိုး၊ တလမ်းသွား အတွေးအခေါ်က ထင်ပေါ်လွန်းတယ်။ လွပ်လပ်ရေးတိုက်ပွဲကာလနဲ့ လွတ်လပ်ရေးရပြီးစ ကာလတွေမှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေအကြား ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြတယ်။ ရန်အငြိုး ကြီးထွားခဲ့ကြတာကိုး။

kz1နောက်တချက် ကျနော်မြင်တာက လွတ်လပ်ရေး ရပြီးကာစ ကာလ တပ်တွင်းပြိုင်ဆိုင်မှုမှာ ဆိုရှယ်လစ် ဗိုလ်မှူးချုပ် ၂ ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ဗိုလ်မှူးချုပ် အောင်ကြီးတို့နဲ့ ဗိုလ်မှူးချုပ် ကျော်ဇောတို့ရဲ့ တိုက်ပွဲဟာ ပြင်းထန်ခဲ့ကြတယ်။ ဗိုလ်မှူးချုပ် ကျော်ဇောတို့ မိသားစုနဲ့ စကားပြောကြည့်တဲ့အခါ ဗိုလ်မှူးချုပ် အောင်ကြီးဟာ မာနနဲ့ အင်္ဂလိပ်လို့ (arrogant) လူပါးဝတယ်။ ဗိုလ်မှူးချုပ် အောင်ကြီးဟာ ဗိုလ်ချုပ် နေဝင်းနဲ့ ခင်ရုံမက ဝန်ကြီးချုပ် ဦးနုနဲ့လည်း နီးတာကြောင့် မာနထောင်ခဲ့တယ်။ Mary Callahan ရေးတဲ့ Making Enemies စာအုပ်မှာ ဦးကျော်ငြိမ်းကိုပါ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုထားတယ်။ (မှတ်ချက်။ စာမျက်နှာ ၁၈ဝ - အခန်း (၇) ကို ကြည့်ပါ။)

ကျနော် မြန်မာနိုင်ငံက မထွက်ခင် ငယ်စဉ်ကျောင်းသားဘဝက ဗိုလ်ချုပ်မောင်မောင်ကို ကြည့်မရခဲ့ပါ။ “ဒီလူကြီး ငါ့အဖေကို အမြဲဆူပူအောင် အော်ပစ်နေတာပဲ” လို့ ကလေးပီပီ တွေးမိခဲ့တယ်။ ကျနော် လူကြီးဖြစ်တော့ ငယ်စဉ်က အတူခင်ခဲ့တဲ့ ကျနော့်အကိုရဲ့ ငယ်ပေါင်း (သွား) ဆရာဝန်တယောက်နဲ့ နယူးယောက်မြို့မှာ ပြန်လည်ဆုံဆည်းခဲ့မိတယ်။ တွေ့တိုင်း အမြဲဆူပူအော်ဟစ်နေတယ်။ ငယ်ပေါင်းလည်းဖြစ် အပေါက်ကလည်း ဆိုးတာကြောင့် အထင်မကြီးမိပါ။ တနေ့ (သွား)နာမှ မပြချင်ပြချင်နဲ့ ပြမိတယ်။ ဒီတော့မှ ကျနော့် မိတ်ဆွေဟာ လူတွေအထင်ကြီးကြတဲ့ အမေရိကန်ပေါက် အဖြူသွားဆရာဝန်တွေထက် များစွာ (သာ) ကြောင်း သိခဲ့ရတယ်။ ကျနော်တွေ့ဖူးတဲ့ သွားဆရာဝန်တွေအထဲမှာ အတော်ဆုံးတယောက်အဖြစ် အသိအမှတ်မပြုချင်ဘဲ အသိမှတ်ပြုခဲ့ရတယ်။ ဒီတော့မှ ကျနော့်ဖခင်ကြီးဟာ ဗိုလ်မှူးချုပ်မောင်မောင်ကို ဘာကြောင့် စိတ်မတိုရကြောင်း နားလည်ခဲ့ရတယ်။ အားကိုးရတဲ့ လူတော် သို့သော် အပေါက်ဆိုးတယ်။ “သြော် သူ့ဝသီ“ ပဲလို့ ပြုံးရင်း နားလည်ခဲ့ရတယ်။

ဒါပေမဲ့ ပဋိပက္ခပြင်းထန်နေတဲ့ အချိန်ကာလမှာ ဒီပြိုင်ဘက် ဗိုလ်မှူးချုပ် ၃ ယောက်ကြားမှာ ခံစားမှုတွေ ရှိခဲ့ရမယ်ဆိုတာကို နားလည်နိုင်ပါတယ်။ တယောက်က အပေါက်ဆိုးတယ်၊ နောက်တယောက်က မောက်မာတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောဟာ ဒီနှစ်ယောက်ကြားမှာ ညပ်နေမယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။

ဗိုလ်ချုပ်နေဝင်းက လူရည်လည်တယ်။ ဗိုလ်မှူးချုပ်ကျော်ဇောကို အသားလွတ် ရန်ရှာပုံ မပေါ်ဘူး။ ဗိုလ်မှူးချုပ် ကျော်ဇော ပင်စင်ယူပြီး ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်နေတဲ့ ကာလမှာ ရဲဘော် သုံးကျိပ်နဲ့ ပတ်သက်ခဲ့တဲ့ ဂျပန် တယောက် ရန်ကုန်ရောက်အလာမှာ ကျင်းပတဲ့ ညစာစားပွဲကိုတက်ဖို့ ဗိုလ်မှူးချုပ်ကျော်ဇောကို ဗိုလ်ချုပ် နေဝင်းက ဖိတ်တယ်။ ဗိုလ်မှူးချုပ်ကျော်ဇောက မတက်ခဲ့ဘူး။ လာဖိတ်တဲ့ ဗိုလ်မှူးကြီးက ဗိုလ်ချုပ်နေဝင်းက စိတ်မကောင်းကြောင်း လာသတင်းပေးရင်း ဗိုလ်မှူးချုပ်ကျော်ဇောကို သွားမလုပ်ကြနဲ့၊ ဗိုလ်မှူးချုပ်ကျော်ဇောက သူ့ကို ဒုက္ခမပေးရင် ဘာမှမလုပ်ဘူးဆိုပြီး ဗိုလ်ချုပ်နေဝင်းက မှာထားကြောင်း ပြောသွားသေးတယ်တဲ့။ ဒါ ဗိုလ်မှူးချုပ်ကျော်ဇောကိုယ်တိုင် ကျနော် ကူမင်းကိုရောက်တုန်းက ပြန်ပြောပြလို့ သိရတာပါ။

ကြားလိုက်ရတော့ ဗိုလ်မှူးချုပ်ကျော်ဇောကို သတင်းပါး၊ message လာထည့်သွားတယ်ဆိုတာကို ချက်ချင်း ရိပ်မိလိုက်တယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ နိုင်ငံရေးအကွက်တွေကိုလည်း သွားသတိရမိတယ်။
ဗိုလ်မှူးချုပ်ကျော်ဇောမှာ ပြောစရာ အားနည်းချက်ဆိုလို့ တကွက်ပဲရှိတယ်လို့ ကျနော်တို့ အဖေတွေဘက်က လူကြီးတွေ ပြောခဲ့ဖူးတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောဟာ နိုင်ငံရေး သိပ်ရိုးလွန်းတယ်တဲ့။ Politically Naïve ဖြစ်တယ်လို့ ဆိုတာပါ။

ဗိုလ်မှူးချုပ်ကျော်ဇောပာာ ကွန်မြူနစ်ပါတီရဲ့ စစ်ဗိုလ်အားလုံး တောခိုရမယ်ဆိုတဲ့ အမိန့်ကို ဖီဆန်ပြီး စစ်တပ်ထဲမှာ ကျန်ခဲ့ကတည်းက ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ် ပြတ်နေခဲ့တယ်။ ၁၉၅၆ ခုလောက်မှာ ပုဒ်မ (၅) နဲ့ ထောင်ထဲရောက်ပြီး ကျန်းမာရေးချို့တဲ့ ဒုက္ခရောက်နေတဲ့ ဂျပန်ခေတ်က ရဲဘော်(ဦး)ကြီးမြင့်ကို ဗိုလ်ချုပ်နေဝင်း အကူအညီနဲ့ ထောင်ထဲက လွတ်အောင်လုပ်ပြီး အိမ်မှာတင်ထား၊ ဆေးကုသပေးခဲ့ပါတယ်တဲ့။ (မှတ်ချက် - သခင်တင်မြ၏ ဘုံဘဝမှာဖြင့် ထက်ချပ်မကွာ၊ စာမျက်နှာ ၂၄၉-၂၅၂ ကို ကြည့်ပါ။)

ဗိုလ်မှူးချုပ် ကျော်ဇော (ရှေ့ဆုံးတန်း၊  လက်ဝဲဘက်မှ ရေတွက်လျှင် ဒုတိယမြောက်)

ဗိုလ်မှူးချုပ် ကျော်ဇော (ရှေ့ဆုံးတန်း၊ လက်ဝဲဘက်မှ ရေတွက်လျှင် ဒုတိယမြောက်)

ဦးကြီးမြင့်ကို ထောင်က လွှတ်ပေးဖို့ ဗိုလ်ချုပ် နေဝင်းကို အကူအညီ တောင်းတော့ နိုင်ငံရေး မြေခွေး ဗိုလ်ချုပ် နေဝင်းက အသာလေး ကြိုးရှည်ရှည်နဲ့ လွှတ်ထား ပေးလိုက်တာပေါ့။ တပ်ထဲမှာ ယှဉ်နိုင်တာ ရဲဘော် သုံးကျိပ်ဝင်ဆိုလို့ ဗိုလ်ချုပ် ကျော်ဇော တယောက်သာ ကျန်တာပဲ။

ဦးကြီးမြင့်ဟာ ကွန်မြူနစ်ပါတီရဲ့ စီစီ (ဗဟိုကော်မတီဝင်) ဦးကြီးမြင့်ကပဲ ဗိုလ်မှူးချုပ် ကျော်ဇောကို ပြန်လည် စည်းရုံးသွားတာပဲ။ ကွန်မြူနစ်ပါတီရဲ့ စီစီ တယောက်ကို ကွန်မြူနစ် ပါတီဝင်ဟောင်း စစ်ဗိုလ်ချုပ် အိမ်မှာ တင်ထားတာ သတိမထားမိဘဲ နေကြပါ့မလား? စစ်တပ်နဲ့ ရင်ဆိုင်တိုက်နေရတာက ကွန်မြူနစ်ပါတီ။ နောက်ဆုံး စီစီ (ဦး)ကြီးမြင့်ကို ထောင်ထဲမှာ ပီဘီ (PB) ဖြစ်လာတဲ့ (ဦး)လှသောင်းက ညွှန်ကြားပြီး စစ်ဗိုလ်ချုပ်ကြီး အိမ်ကနေပြီး ပါတီလုပ်ငန်းကို လျှို့ဝှက်လုပ်နေကြပါတယ်တဲ့။

ဗိုလ်ချုပ်နေဝင်းက အသာလေးအဆင်းတွန်းပေးပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နိုင်ခဲ့တာပါ။

ဒါ့အပြင် ကျနော်ရဲ့ ဖခင်ဟာ ကွန်မြူနစ်တွေနဲ့ အားပြိုင်နေရတာကြောင့် ဗိုလ်ချုပ်နေဝင်းနဲ့ ပေါင်းရပေမယ့် တယောက်နဲ့ တယောက် မျက်စိဒေါက်ထောက် ကြည့်နေရတာပဲ။ ကွန်မြူနစ်တွေ အားသာပြီး ရန်ကုန်အစိုးရဖြစ်တော့ ကျုပ် ကွန်မြူနစ်တွေနဲ့ ပေါင်းတော့မယ်လို့ ဗိုလ်ချုပ်နေဝင်း ပြောခဲ့တာကိုလည်း ဦးကျော်ငြိမ်း မမေ့ဘူး။

လက်ဝဲညီညွတ်ရေး ဖွဲ့စဉ်က ဗိုလ်ချုပ်နေဝင်းက ဥက္ကဋ္ဌ၊ ဦးသိန်းဖေမြင့်က အတွင်းရေးမှူးအနေနဲ့ အာဏာသိမ်းဖို့ ကြံစဉ်က ဗိုလ်ချုပ်နေဝင်းက လေတပ်ကို သုံးရင်သုံးဖို့ ဗိုလ်သိန်းတန်ကို ကိုင်ထားတယ်။ သစ္စွာရှိတဲ့ တပ်ကြပ်တယောက်က သတင်းပေးတာကြောင့် ဗိုလ်ချုပ်နေဝင်းကို ဗြောင်မေးခဲ့တယ်။ ဗိုလ်ချုပ်နေဝင်း မပါတော့ အာဏာသိမ်းဖို့ အစီအစဉ်ပျက်သွားတယ်။ ဗိုလ်ချုပ်နေဝင်းက တခါ ဦးကျော်ငြိမ်းရဲ့ ညီတဝမ်းကွဲ ဦးထွေးမြင့် ကွန်မြူနစ်ဖြစ်နေတာနဲ့ ပြန်ကိုင်တဲ့အတွက် မဖမ်းချင်ဘဲ ဦးထွေးမြင့်ကို ဖမ်းရတယ်။ ဒါတွေက လူမသိသူမသိ (အာဏာ) ရဲ့ အားပြိုင်မှုတွေပဲ။ ဒါကြောင့် ဦးကျော်ငြိမ်းက ဗိုလ်ချုပ်နေဝင်းကို Balance လုပ်ဖို့ ဗိုလ်မှူးချုပ်ကျော်ဇောကို နိုင်ငံခြားမစ်ရှင်မှာ ခေါ်ခဲ့တယ်။

ဗိုလ်ချုပ်ကျော်ဇောက နိုင်ငံရေးရိုးလွန်းတော့ မအောင်မြင်ခဲ့ဘူး။

ဗိုလ်ချုပ်ကျော်ဇော အမြင်က ရန်ရှာတဲ့ ဗိုလ်မှူးချုပ်အောင်ကြီးတို့ကို ရန်မရှာတဲ့ ဗိုလ်ချုပ်နေဝင်းထက် အန္တရာယ်ကြီးတယ်လို့ သတ်မှတ်ခဲ့ပုံရတယ်။

ဗိုလ်ချုပ်နေဝင်းရဲ့အောက်မှာ ဆိုရှယ်လစ်ဗိုလ်မှူးချုပ်တွေနဲ့ ဗိုလ်မှူးကြီးတွေရှိတယ်။ ဒါ့အပြင် ဗိုလ်မှူးကြီး ကြည်ဝင်းက ဦးဗဆွေကြီးရဲ့ မယားညီအကို၊ ဒုဗိုလ်မှူးကြီးကြည်ဟန်က ဦးကျော်ငြိမ်းရဲ့ ယောက်ဖ။ ဗိုလ်မှူးကြီးခင်ညိုက ဗိုလ်ခင်မောင်လေးရဲ့ ညီ။ ဗိုလ်မှူးချုပ်ကျော်ဇောသာ ဦးကျော်ငြိမ်းနဲ့ မဟာမိတ်ဖွဲ့မိရင် ဗိုလ်ချုပ်နေဝင်းကို Check mate လုပ်ဖို့ ကစားကွက်လှနိုင်တာပေါ့။
ဒါပေမဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ် အက်ကြောင်းနဲ့ သံသယတွေကြောင့် မရခဲ့ကြဘူး။ ဝါဒရေး လွှမ်းမိုးမှုက ကြီးမားတာကိုး။

အနေဝေးကြတော့ တယောက်အကြောင်း တယောက်မသိတာလည်း ပါနိုင်ပါတယ်။ ကျနော်တို့ ညီအကို ဦးသန့် အရေးအခင်းမှာ ပါဝင်မှုနဲ့ အဖမ်းခံရတော့ ကျနော့်အဖေက ဗိုလ်ချုပ်နေဝင်းကို သားတွေအတွက် စာရေးပြောလိမ့်မယ်လို့ ဗိုလ်ချုပ်ကျော်ဇော မိသားစုက ထင်ခဲ့ကြတယ်။ တချို့နိုင်ငံရးသမားတွေကလည်း ဗိုလ်ချုပ်နေဝင်းဆီ စာရေးကြတဲ့ သာဓကတွေကလည်း ရှိကြတာကိုး။

ကျနော်တို့ရဲ့ ဖခင်ကြီးက နိုင်ငံရေး ဒူးမထောက်ခဲ့သလို ကျနော်တို့ကလည်း ထောင်ထဲမှာ အလံမလှဲခဲ့ကြဘူး။ လွတ်ရက်စေ့မှ ရင်ကော့ပြီး ထွက်ခဲ့ကြတာပါ။
ကျနော်က ဗိုလ်မှူးချုပ် ကျော်ဇောကို ၃ ပိုင်းခွဲ မြင်မိတယ်။
- (၁) လူသားထဲက လူတယောက်
- (၂) စစ်ဗိုလ်ချုပ်
- (၃) ကွန်မြူနစ်

(၁) ဗိုလ်မှူးချုပ်ကျော်ဇောဟာ ရိုးသားတဲ့ လူသားတယောက်၊ ဖြောင့်မတ်တဲ့ လူသားတယောက်၊ တိုင်းပြည်ချစ်တဲ့ မျိုးချစ်တယောက်။ လေးစားစရာပါ။
(၂) စစ်တိုက်တော်တဲ့၊ ရိုးသားတဲ့၊ ဖြောင့်မတ်တဲ့ စစ်သားတယောက်။ ချီးကျူးစရာပါ။
စစ်တိုက်တော်တဲ့ စစ်ဗိုလ်ချုပ်ကို ကျနော် သိချင်တာမို့ မေးမိတယ်။ အန်ကယ်က Strategy မဟာဗျုဟာမှာ တော်တာလား? logistic တောက်ပံ့ရေးမှာ တော်တာလား? Tactics နည်းဗျူဟာမှာ တော်တာလားလို့? ဗိုလ်မှူးချုပ်ကျော်ဇောက ရိုးရိုးကြီး ဖြေတယ်။ အားလုံးမှာ တော်တာတဲ့။ ဟန်ဆောင်တာ မရှိဘူး။ ကျနော် လက်ခံပြုံး ပြုံးမိတယ်။

(၃) ကွန်မြူနစ်တယောက်အနေနဲ့တော့ ကျနော် အရိုးသားဆုံး ဝန်ခံရရင် စိတ်မကောင်း ဖြစ်မိတယ်။
တကယ့်အတွင်းနက်နက် လေ့လာကြည့်ရင် ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ ကွန်မြူနစ်ပါတီတို့ရဲ့ ဆက်ဆံရေးဟာ အပေါ်ယံ၊ မီဒီယာမှာ မြင်ရထာထက် ရှုပ်ထွေးပါတယ်။ ကျနော့်အမြင်အရ ပြောရရင် ဗိုလ်ချုပ်ကျော်ဇောဟာ အသုံးချခံလိုက်ရတယ်လို့ မြင်မိတယ်။

ကွန်မြူနစ်ပါတီ ဗဟိုက ဗိုလ်မှူးချုပ်ကျော်ဇောမိသားစုကို တော်ဖြောင့်မှန်ကန်စွာ မဆက်ဆံခဲ့ဘူးလို့ မြင်မိတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောဟာ သခင်းစိုးအပြောကောင်းတာနဲ့ ကွန်မြူနစ်ဖြစ်ခဲ့ပုံရတယ်။ ဒုတိယအကြိမ် ပါတီညီလာခံမှာ ဗဟိုကော်မတီဝင် ဖြစ်နေပြီ။ သခင်စိုးက လက်နက်ကိုင် တော်လှန်ရေးသမား။ ဒါကြောင့် စစ်ဗိုလ်ဆိုရင် အလေးပေးဆက်ဆံတယ်။

ဗိုလ်မှူးချုပ်ကျော်ဇော ဘာကြောင့် တောမခိုသလဲ ?

ဗိုလ်မှူးချုပ်ကျော်ဇောက သူ တီဘီ (အဆုတ်) ရောဂါနဲ့ ဆေးကုနေရလို့ တောမခိုခဲ့ဘူးလို့ ရေးခဲ့တယ်။ သခင်တင်မြရဲ့ ဘုံဘဝမှာဖြင့် ထက်ချပ်မကွာ စာမျက်နှာ ၂၅၁ မှာ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုက တောခိုဖို့ ညွှန်ကြားတော့ လက်နက်ကိုင် တောခိုတာ မှားတယ်လို့ မြင်ပြီး ငြင်းလိုက်တယ်။ ဒါနဲ့ သူ့ကို ပါတီဝင်အဖြစ်က ထုတ်ပယ်ခဲ့တယ်လို့ ဆိုတယ်။ မိသားစုတဦးရဲ့ အဆိုအရ သခင်သန်းထွန်းကို မယုံတာကြောင့်လို့ သိရတယ်။

ကျနော် ယူနန်ရောက်မှ သိရတာက ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုစိတ်ကြောင့် သခင်သန်းထွန်းတို့အုပ်စု ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာကို အမြင်မကြည်တာလို့ သိရတယ်။

ဒါကြောင့် ဗိုလ်မှူးချုပ်ကျော်ဇောဟာ ပါတီနဲ့ အဆက်အသွယ်ပြတ်နေရုံမက စိတ်နာပြီး သခင်တင်မြ မြေအောက်လှုပ်ရှားစဉ်က အတွေ့မခံခဲ့ဘူး။ ဦးကြီးမြင့်ကို ကယ်ပြီးမှ ပြန်လည်စည်းရုံးခြင်း ခံခဲ့ရတာပါ။ ထောင်ထဲမှာပဲ ပီဘီ (PB) ပေါ်လစ်ဗျုရိုဝင် ဖြစ်လာတဲ့ ဦးလှသောင်းရဲ့ ညွှန်ကြားချက်နဲ့ ထောင်ထဲမှာ စီစီ (CC) ဖြစ်လာတဲ့ ဦးကြီးမြင့်က ဗိုလ်ချုပ်ကျော်ဇော အိမ်မှာနေပြီး၊ ရတဲ့ သတင်းတွေကို ပို့ခဲ့ပါတယ်တဲ့။ ဗိုလ်ချုပ်ကျော်ဇောနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဘယ်လိုမိသွားသလဲဆိုတာ သခင်တင်မြစာအုပ်မှာ ဖက်ကြည့်ကြပါ။ စိတ်ဝင်စားစရာ ကောင်းသလို၊ သင်္ခန်းစာယူစရာ ကောင်းတာတွေ တွေ့ရပါလိမ့်မယ်။

ဒီစာရွက်စာတမ်းတွေ မိတာသိလျက်နဲ့ သခင်သန်းထွန်းတို့က ဗိုလ်မှူးချုပ်ကျော်ဇောကို အသိမပေးခဲ့ဘူး။ ဗိုလ်မှူးကြီးကြည်ဝင်းက ဗိုလ်မှူးချုပ်ကျော်ဇော ရုံးခန်းအရှေ့ကဖြတ်ပြီး ဒီစာရွက်စာတမ်းတွေကို လာယူသွားခဲ့တာတဲ့။ ကြိုသိရင် IO (Intelligence-Officer) စစ်ဗိုလ်ကို ဗိုလ်မှူးချုပ်ကျော်ဇောအနေနဲ့ တားနိုင်ရင် တားနိုင်မှာပေါ့။ ဒါလည်း ကူမင်းရောက်မှ သိခဲ့ရတာပါ။
ဗိုလ်ချုပ်ကျော်ဇောဟာ သူရဲကောင်း (ဟီရိုး) မို့လို့ ကွန်မြူနစ် ဝါဒဖြန့်ချိရေးအရ Larger Than Life ပုဂ္ဂိုလ်ဖြစ်အောင် မြှင့်တင်ဖန်တီးခဲ့ပေမယ့် တကယ်တမ်း တောခိုလာတော့ ဗဟိုက အပြည့်အဝ မယုံကြည်ခဲ့ဘူးလို့ ထင်တယ်။

တောခိုကျောင်းသားဟောင်းတွေ ရေးတဲ့ ထို့ကြောင့်ဤသို့ (သံပတ်ပေးထားသော စက်ရုပ် သို့မဟုတ် ဗိုလ်မှူးချုပ် ကျော်ဇောရဲ့ စာမျက်နှာ ၅၄၃ အဆိုအရ) ဗိုလ်ချုပ်ကျော်ဇောခမျာ စစ်မြေပြင်၊ ပကတိအခြေအနေတောင် ပေးသိမခံရလို့ ဆိုထားပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အခြေစိုက်ရာ ပန်ဆိုင်းကို စွန့်စွန့်စားစားသွားခဲ့ပြီး ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ အတူနေကာ (လ) နဲ့ချီပြီး ဆွေးနွေးခဲ့တဲ့ ဗာတဲလ်လစ်တနာ Bertil Litner ရေးတဲ့ Land of Jade, The Rise & the fall of CPB, Burma in Revolt တို့ကို ဖတ်ကြည့်ပါ။ ပါတီဗဟိုက ဗိုလ်ချုပ်ကျော်ဇောကို ထိုက်ထိုက်တန်တန် တပ်နီတော်ကြီးကို ဗိုလ်ချုပ်ကျော်ဇောလက်ထဲကို ယုံယုံကြည်ကြည် အပ်နှံပြီး ဦးစီးမှူးတာဝန် မပေးခဲ့တာကို သိရပါလိမ့်မယ်။

ဗိုလ်မှူးချုပ်ကျော်ဇော ကွန်မြူနစ်နယ်မြေကို လွတ်မြောက်လာတာဟာ ဗိုလ်ချုပ်နေဝင်းက တမင်လွှတ်ပေးလိုက်တာလို့ Bertil Litner က သူ့အမြင်ကို စာရေးသူကို ဆွေးနွေးဖူးပါတယ်။
ကွန်မြူနစ် - ပီဖီရဲ့ အမိန့်ကို ဆန့်ကျင်ပြီး ဆိုရှယ်လစ် စစ်ဗိုလ်တွေ ဦးစီးတဲ့ စစ်တပ်မှာ တဦးထဲ ကျန်ခဲ့တဲ့ ကွန်မြူနစ် ဗိုလ်ချုပ်ဟာ ဆိုရှယ်လစ်စစ်တပ်မှာ တပ်ကို ကိုင်ပြီး တိုက်ခွင့်ရသေးတယ်။
ကွန်မြူနစ်တပ်နီတော်မှာ တိုက်ခွင့် မရတော့ပါ။

ရာဇဝင်ကြီးခဲ့တဲ့ နာမည်ကျော် စစ်ဗိုလ်ချုပ်ကြီးကို ဘာကြောင့် ဦးစီးပြီး မတိုက်ခိုင်းတာလဲ?

တိုက်ပွဲအတွေ့အကြုံနုတဲ့ လူက စစ်ဦးစီးချုပ်နေရာယူပြီး စစ်ပွဲအတွေ့အကြုံ ဝါရင့်သဘာရင့် စစ်ဗိုလ်ချုပ်ကိုတော့ ဒုစစ်ဦးစီးချုပ်ဆိုပြီး သုတေသနလုပ်ခိုင်းထားပါတယ်တဲ့။

ကွန်မြူနစ်ဗဟိုကသာ အာဃာတစိတ်ကို ရှေ့တန်းမတင်ဘဲ ဗိုလ်ချုပ်ကျော်ဇောလို ပုဂ္ဂိုလ်မျိုးကို တပ်ကို ယုံယုံကြည်ကြည် ပုံအပ်ပြီး စိတ်တိုင်းကျ တိုက်ခွင့်ပေးခဲ့ရင် ဗမာပြည်ရာဇဝင် ပြောင်းနိုင်တဲ့ အခြေအနေ ရှိခဲ့တာပေါ့။

ကွန်မြူနစ်တွေရဲ့ အနောက်မြောက်က တပ်တွေနဲ့ ပဲခူးရိုးမက တပ်တွေ ချိပ်မိခဲ့ရင် …။

ကွန်မြူနစ်ပါတီအတွင်း သခင်သန်းထွန်းရဲ့ အာဃာတအမျက်ဟာ အတော်ပြင်းထန်တယ်။ အခုထိ အကျိုးသက်ရောက်လျက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။

အမိန့်ဖီဆန်မှုနဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကို ပါတီဝင်အဖြစ်က ထုတ်ပစ်ခဲ့တယ်။ အကျိုးဆက်က ပါတီကို အကျိုးပြုခဲ့တဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကို ဗဟိုက မယုံလို့ တပ်ကိုင်ခွင့် မရခဲ့ရှာဘူး။
xxxxxxxx

အခုထိ ဆိုရှယ်လစ်တွေကို အခဲမကြေနိုင်ကြသေးဘူး။ ဦးကျော်ငြိမ်းကြောင့် အာဏာလက်လွတ်ခဲ့ရတယ်လို့ ခေါင်းထဲ စွဲနေကြတုန်းပဲ။ ဦးကျော်ငြိမ်းကို ပြည်တွင်းစစ် တရားခံဖြစ်အောင် ဝိုင်းတိုက်ကြတုန်း။

ကွန်မြူနစ်တွေနဲ့ ဆိုရှယ်လစ်တွေရဲ့ ပဋိပက္ခက နက်ရှိုင်းခဲ့တာကိုး။ အာဏာပြိင်ပွဲမှာ ရှုံးခဲ့သူတွေက ပိုနာကြည်းမယ်ဆိုတာကို သိပေမယ့်လည်း …။

ဗိုလ်ချုပ်နေဝင်း ၂၆ နှစ် အုပ်ချုပ်ပြီးတော့ နအဖနဲ့ ဗိုလ်ချုပ်သန်းရွှေခေတ်ပဲ အနှစ် ၂ဝ ရှိခဲ့ပြီ။ ကွန်မြူနစ် ဒေါသက မပြယ်နိုင်သေးပါလား။

ကျနော် စိတ်မကောင်း ဖြစ်မိတာက ကျနော်လေးစားတဲ့ ဗိုလ်မှူးချုပ်ကျော်ဇောမှာပါ ဒေါသကျန်နေတာကို တွေ့ရလို့ပါ။

ဗိုလ်ချုပ်ကျော်ဇောက သူရဲ့ ကိုယ်တွေ့မှတ်တမ်းမှာ ---
ဦးကျော်ငြိမ်းဟာ ဂျပန်တော်လှန်ရေးတုန်းက တိုင်း ၆ မှာ တာဝန်ကျတာကို မသွားခဲ့ဘူး၊ သူရဲဘောနည်းတယ်လို့ စွပ်စွဲခဲ့တယ်။
ကျနော် ဘာကြောင့် ပြန်ဖြေရှင်းသင့်သလဲ ?
Critical Thinking ကို လက်ခံတဲ့ လူတယောက်အနေနဲ့ ဖခင်ဖြစ်လို့ မျက်စိမှိတ် ထောက်ခံခြင်း မဖြစ်သင့်ပါ။ အချက်အလက် Facts ပေါ်မှာ အခြေခံရင် ဝေဖန်ရုံမက တိုက်ခိုက်လာရင်တောင် လက်ခံရမှာပဲ။

ကူမင်းမှာ အခြေအတင် ဆွေးနွေးကြရင်း ဒေါက်တာလှကျော်ဇောက ဆိုရှယ်လစ်တွေ သတင်းစာတိုက်တွေကို ဝင်ရိုက်တာကို ဖော်ထုတ်လာတယ်။ ကျနော်က မကာကွယ်ခဲ့ပါ။ ဒီလုပ်ရပ်ဟာ မှားတယ်ဆိုတာကို လက်ခံတယ်။ ဗိုလ်ချုပ်အကို ဦးအောင်သန်းရေးတဲ့ ၁၆ နှစ် နိုင်ငံရေးအတွေ့အကြုံ စာအုပ်မှာ ဦးကျော်ငြိမ်းကိုယ်တိုင် နောင်တရကြောင်း ဖော်ပြခဲ့တာပဲ။ ဒါက အာဏာရဲ့ ကြောက်စရာကောင်းတဲ့ သာဓက တခုပဲ။

ဒီမိုကရေစီအောက်မှာ အာဏာလွန်တော့ သတင်းစာတိုက်တွေ အရိုက်ခံရတယ်။ပစ္စည်းမဲ့ အာဏာရှင်စနစ်အောက်မှာ အာဏာလွန်တော့ ဖြုတ်-ထုတ်-သတ်တွေ ဖြစ်ကုန်ရော မဟုတ်ပါလား?

ကြုံလို့ပြောရရင် - သခင်တင်မြဟာ ဘုံဘဝမှာဖြင့် ထပ်ချပ်မကွာစာအုပ်မှာ ဦးကျော်ငြိမ်းဟာ ရက်စက်လိုက်တာလို့ ထောင်တွင်း အဖြစ်အပျက်ကို ရည်ညွှန်း - ဖော်ပြရင်းစွပ်စွဲခဲ့တယ်။
ဒါက သူ့ရဲ့ သဘောထား ထောင်တွင်းမှာ ကိုယ်တိုင် ခံစားမှုအရ ဖြစ်ပေါ်လာတဲ့ ခံစားမှု တင်ပြခံစားခွင့် ရှိတယ်လို့ မြင်မိတယ်။

တဖက်က ပြန်ကြည့်ရင် အစိုးရနဲ့ သူပုန် အပြန်အလှန် ချေမှုန်းရမယ်။ ဒါ ပကတိ (အာဏာ) ရဲ့ ဖြစ်ရပ်။ အစိုးရဖြစ်ပြီဆိုရင် ငြိမ်ဝပ်ပိပြားရေးနဲ့ လုံခြုံရေးတာဝန် ရှိလာတယ်။ စပ်တပ်ရှိရမယ်။ ပုလိပ်ရှိရမယ်။ ပြည်ထဲရေးဝန်ကြီး တာဝန်ယူရရင် ဖမ်းမိန့်ပေးရမယ်။ ဒီမိုကရေစီပေါ်ထွန်းရုံမက ဒီမိုကရေစီ အခြေတွယ်မှ (ဥပဒေ) အရ ဆိုတာတွေနဲ့ ထိန်းကွပ်နိုင်မယ်။ သူပုန်တွေ ဝိုင်းနေတဲ့ ခေတ်ဦးကာလမှာ (ဥပဒေ) နဲ့ အာဏာရှိသူတို့ကို ထိန်းကွပ်ဖို့ အခြေအနေက မပေးလှ - အသက်ရှင်ရေးက အဓိက ပိုကျလာတယ်။

ဒီမိုကရေစီခေတ်က (ထောင်) အခြေအနေ၊ မဆလခေတ်နဲ့ ယနေ့ နအဖ ခေတ် ထောင်အခြေအနေကို ယှဉ်ကြည့်ပါ၊ သုံးသပ်ကြည့်ပါ၊ သခင်တင်မြရာလို့သာ တင်ပြချင်ပါတယ်။

နဝတ-နအဖ ထောင်တွင်း ငရဲခန်းတွေအကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြပြီး သတ္တိရှိရှိ ဗိုလ်ချုပ်သန်းရွှေ ရက်စက်တယ်ဗျာလို့ ကြွေးကြော်ပေးပါဦးလို့သာ တော်လှန်ရေး ရဲဘော်ဟောင်းကြီး သခင်တင်မြကို တောင်းဆိုချင်ပါတယ်။

ဦးကျော်ငြိမ်းက ပြည်ထဲရေးဝန်ကြီးဖြစ်ဖို့ ကြိုးစားခဲ့တာ မဟုတ်ရပါ။

ဆိုရှယ်လစ် ဥက္ကဋ္ဌကြီး သခင်မြကို ဦးစားပေးခဲ့ပါတယ်။ ကွန်မြူနစ်တွေ ဆူပူမှုကို ကိုင်တွယ်ဖို့ ပြတ်သားတဲ့ အုပ်ချုပ်မှု (နိုင်) တဲ့ လူ လိုတယ်။ ဥက္ကဋ္ဌကြီးသခင်မြက သဘောကောင်းလွန်း၊ (ပျော့) တယ်လို့ ဗိုလ်ချုပ်အောင်ဆန်းက ယူဆတယ်။ ကျော်ငြိမ်း မင်းကိုင်လို့ ဗိုလ်ချုပ်က ဆိုလာတယ်။ ဦကျော်ငြိမ်းက သူ့ဥက္ကဋ္ဌကို မကျော်ချင်။ ဦကျော်ငြိမ်းရဲ့ Latin လို (Modus Operandi)၊ အင်္ဂလိပ်လို Mode of Operation လုပ်နည်းကိုင်နည်းက နောက်ကွယ်ကသာ ကြိုးဆွဲချင်တယ်။ ရှေ့ထွက်နေရာ မလိုချင်။ ဦကျော်ငြိမ်း ဇနီး ဒေါ်နွဲ့နွဲ့ရီက နိုင်ငံရေးနားလည်တယ်။ “ရှင် … ပြည်ထဲရေးဝန်ကြီးနဲ့ စထွက်ရင် နာမည်ပျက်မယ်” လို့ သတိပေးတယ်။ အစည်းအဝေးမှာ ဦးကျော်ငြိမ်းက ငြင်းလိုက်တယ်။

ဗိုလ်အောင်ကြီးက ဒေါ်နွဲ့နွဲ့ရီကို လာဆူပူအပြစ်တင်တယ်။ (မှတ်ချက် - ဒေါ်နွဲ့နွဲ့ရီ၏ ကိုယ်ရေးမှတ်တမ်းမှ)

ဒါ ပါတီက ဆုံးဖြတ်တာလို့ ဆိုတယ်။ နောက်ဆုံး ဖဆပလ အီးစီ (EC) ဆုံးဖြတ်ချက်ကို လက်ခံ လိုက်ရတယ်။ ကွန်မြူနစ်တွေ ဦးစီးတဲ့ ဆန္ဒပြပွဲ ဆန်လုပွဲမှာ အရှေ့က မိန်းမနဲ့ ကလေးတွေကို မပစ်နဲ့၊ နောက်က ကွန်မြူနစ်တွေကို ပစ်လို့ ဗြောင်ကြေညာမှ ရပ်သွားတယ်။

ထင်တဲ့အတိုင်း ပြည်ထဲရေးဝန်ကြီး အလုပ်က နာမည်ပျက်တယ်။ ဦးကျော်ငြိမ်း မသိလို့မဟုတ် တာဝန်ကို မရှောင်နိုင်။

ဗိုလ်ချုပ်အောင်ဆန်းက သတ္တိရှိတယ်။ ဦးကျော်ငြိမ်း ကိစ္စဆိုပြီး မိန့်ခွန်းပေးရင်း အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ဦးကျော်ငြိမ်း လုပ်ရတာလို့ တာဝန်ခံတယ်။ မရတော့ (မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများစာအုပ် (မကျေနပ်ရင် ထွက်ပေးမယ်) မိန့်ခွန်း စာမျက်နှာ ၃၂၁ -၃၂၂ တွင် ကြည့်ပါ။)
ကွန်မြူနစ်တွေရဲ့ ပစ်မှတ် အဖြစ်ခံရပြီ။

အာဏာဆိုတာက ကြောက်စရာကောင်းတယ်။

တိုင်ပြည်အာဏာ မပြောနဲ့ တောထဲမှာပင် လူ လေးရာ ထောင်ဂဏန်းထဲမှာတောင် အာဏာကြောင့် အချင်းချင်း ဖြုတ်ထုတ်သတ်လုပ်ခဲ့ကြတယ် မဟုတ်ပါလော? ရဲဘော်ဋ္ဌေးခမျာ မိမိသားအရင်း လက်ချက်နဲ့ သေခဲ့ရတယ် မဟုတ်ပါလော?

ဗိုလ်မှူးချုပ်ကျော်ဇောသာ ဦးကျော်ငြိမ်းနဲ့ တိုက်ပွဲမှာ အတူရှိလို့ ကိုယ်တွေ့ အတွေ့အကြုံအရ - ဦးကျော်ငြိမ်းကို သတ္တိမရှိလို့ စွပ်စွဲလာရင် ငြင်းဆိုစရာ မရှိပါ။
အခု ဗိုလ်မှူးချုပ်ကျော်ဇောက တိုင်း ၄ ပဲခူး၊ ဦးကျော်ငြိမ်းက ရန်ကုန်မှာ။

ဦးကျော်ငြိမ်း ဘာကြောင့် တိုင်း ၆ ကို မသွားဘဲ ရန်ကုန်မှာ နေရတယ်ဆိုတဲ့ အကြောင်းတွေထဲမှာ အရေးပါတဲ့ အကြောင်းတခုက ရန်ကုန်မှာ လုပ်ဖော်ကိုင်ဖက် ဦးဘဆွေကြီး အဖမ်းခံရတယ်။ ဦးကျော်ငြိမ်းရဲ့ အားနည်းချက်က ရဲဘော်ထိရင်မရ။ ဆိုရှယ်လစ် ရဲဘော်အချင်းချင်း အသေမခံနိုင်။ အထူးသဖြင့် ဦးဗဆွေလို ရောင်းရင်းမျိုး၊ တဖက်မှာ ကွန်မြူနစ်တွေရန်က ရှိသေးတယ် မဟုတ်ပါလား? ဦးနုကို ကပ်ပြောကာ၊ ဒေါက်တာဘမော်ကို အကူအညီ တောင်းရတယ်။ ဝင်လုဖို့ ကြံစည်ရတယ်။ အဲဒီတုန်းက ဇနီးသည်က ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့။ ကိုကို သေခဲ့ရင် ကလေးတွေကို ချစ်ကြောင်း ပြောပေးပါလို့ မှာခဲ့ရှာတယ်။ သေမယ်၊ မသေမယ် မပြောနိုင်။ (မှတ်ချက်။ ဒေါ်နွဲ့နွဲ့ရီ၏ ကိုယ်တွေ့မှတ်တမ်းမှ)

ကင်ပေတိုင်ကလာအဖမ်း နောက်ပေါက်ကနေ ထွက်ပြေးခဲ့ရတယ်။ ဦးနုရဲ့ တာတေစနေသားမှာလည်း ဖော်ပြထားပါတယ်။

ထိုစဉ်က ဖြစ်ရပ်တွေမှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တို့ တဦးကိုတဦး မယုံကြည်မှုများလည်း ပါပါတယ်။ တပ်ကိုကိုင်ထားသူက ပြိုင်ဘက်အဖွဲ့က ဖြစ်နေရင် မိမိလုံခြုံရေးကို စိတ်မချနိုင်။

ဖက်ဆစ်တော်လှန်ရေး စစ်တိုင်းတွေခွဲကြတော့ ပထမ စစ်တိုင်းမှူးတွေကို ရွေးပြီးမှ နိုင်ငံရေးမှူးတွေကို ရွေးပါတယ်။ ဦးကျော်ငြိမ်းရဲ့ ကိုယ်တွေ့မှတ်တမ်းအရ ဗိုလ်မှူးချုပ်ကျော်ဇောက ဦးကျော်ငြိမ်းကို သူ့တိုင်းလာဖို့ ဖိတ်ခေါ်တယ်။ ဦကျော်ငြိမ်းအတွေးက ဗိုလ်ချုပ်ကျော်ဇောက ကွန်မြူနစ် ဗိုလ်ရဲထွဋ်က ကွန်မြူနစ် အပြည့်အဝ မဖြစ်သေး။ ဗိုလ်ရဲထွဋ်က ပိုစိတ်ချရနိုင်တယ်တွေးလို့ ဗိုလ်ရဲထွဋ်တိုင်း သွားမယ်ဆိုပြီး ပြောခဲ့တယ်။ သခင်ချစ်က ဒါဆို ကျုပ် ဗိုလ်ကျော်ဇောဆီ သွားမယ်ဆိုပြီး အဆင်ပြေသွားကြတယ်။ (မှတ်ချက်။ ဦးကျော်ငြိမ်း၏ ကိုယ်တွေ့မှတ်တမ်းမှ)

တိုင်းတွေအတွက် စစ်ရေးတာဝန်ခံ၊ နိုင်ငံရေးတာဝန်ခံတွေ ခွဲပြီးပြီ။ တကယ်တိုက်ကြတော့ အားလုံးစီစဉ်တဲ့အတိုင်း ဖြစ်မလာ။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်း ၁ စစ်ရေးတာဝန်ခံ၊ ကိုဗဟိန်းက တိုင်း ၁ နိုင်ငံရေး တာဝန်ခံ။

လက်တွေ့ကျတောာ့ ဗိုလ်ချုပ်ဟာ တော်လှန်ရေးတခုလုံးကို ခေါင်းဆောင်နေရလို့ ဗိုလ်မောင်မောင် (ဆိုရှယ်လစ်) ကို စစ်တိုင်းတာဝန်ယူစေတယ်။ သခင်ဗဟိန်းက တိုင်း ၁ ကို မသွားတော။့ ဦးကျော်ငြိမ်းကိုယ်တိုင် ရေးသွားတဲ့အတွက် သိခဲ့ရတာပါ။ ဒီအဖြစ်က ရာဇဝင်မှာ သိပ်မထင်ပေါ်ခဲ့။

စာပေသမားအများစုက လက်ဝဲယိမ်းတာမို့ ဖုံးဖိခဲ့ကြသလားမသိ? ကျနော် ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ တွေ့တော့ ဒီဖြစ်ရပ်ကို မေးကြည့်တယ်။
ဒါတော့ သူ နေမကောင်းလို့ သူ့နေရပ် သူပြန်သွားတာဖြစ်မှာပေါ့လို့ ချက်ချင်း ဖြေတယ်။

ကိုကျော်ငြိမ်းက ဦးဗဆွေကြီးကို ကယ်ဖို့ ရန်ကုန်မှာ ကျန်ခဲ့တယ်။ တာဝန်ကျရာ တိုင်း ၆ ကို မသွား။ သခင်ဗဟိန်းက တိုင်း ၁ ကို မသွား။ တယောက်က သတ္တိနည်းသူတဲ့၊ တယောက်ကျတော့ ကျန်းမာရေးကြောင့်တဲ့။

ကျနော်အမြင်အရ ဗိုလ်ချုပ်ကျော်ဇောအနေဖြင့် တယောက်အကြောင်းမှ အတိအကျ မသိနိုင်ပါ။ ကိုယ့်တာဝန်နဲ့ ကိုယ် အလုပ်များနေကြသူတွေ ဖြစ်တယ်။ အန်ကယ် မသိဘူးဆိုရင် ပိုအဖြေမှန်ပါလိမ့်မယ်။

ကျနော့်အမြင်ကို ဖြည့်စွက်ရရင် ဦးကျော်ငြိမ်း ကွန်မြူနစ် စစ်ဗိုလ်တွေကို စိတ်မချသလို ကိုဗဟိန်းက ဆိုရှယ်လစ် စစ်ဗိုလ်ကို စိတ်မချ။ တဖက်နဲ့တဖက် မယုံနိုင်ကြ။ ရာဇဝင်ကို အမှန်အတိုင်း ဖြစ်စေချင်လို့ တင်ပြခြင်းသာ ဖြစ်ပါတယ်။ စောဒက တက်စရာရှိပါသေးသည်။ ဒီကနေ့ အပြင်မှာ အော်နေကြသူတွေနဲ့ အထဲမှာ လှုပ်ရှားနေကြသူတွေမှာ ဘယ်သူတွေက အန္တရာယ်ကြီးမားတယ်လို့ ထင်ပါသလဲ။ သတ္တိရှိသူလို့ ယူဆနိုင်ပါသလဲ။ ဖက်ဆစ် ဂျပန်ကြားမှာ လှုပ်ရှားရခြင်းက အန္တရာယ်မသေးပါ။

(သတ္တိ) ဆိုသည်မှာ ရင်ဆိုင်တိုက်ရတဲ့ စစ်ပွဲတွင်မှမဟုတ်၊ ထောင်ထဲမှာ ရန်သူရဲ့ အညှဉ်းဆဲခံရတော့ (သတ္တိ) ရှိမရှိ ပေါ်လာပြန်ပါတယ်။

တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးစကာလ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်း၊ နိုင်ငံရေးပါတီတွေကို နှိမ်နင်းစဉ်၊ ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ ဦးကျော်ငြိမ်းဟာ အညှဉ်းဆဲ အခံရဆုံး နိုင်ငံရေး ခေါင်းဆောင်တယောက်လို့ ဆိုနိုင်ပါတယ်။ cage လို့ ခေါ်တဲ့ လှောင်အိမ်ထဲမှာထားပြီး အညှဉ်းခံခဲ့ရပါတယ်။

အာဏာသားကတော့ ဗိုလ်မှူးကြီ်းသန်းညွန့်ပါ။ ထိုစဉ်က စစ်တပ်ထဲမှာ သန်းညွန့် ၂ ယောက် ရှိပါတယ်။ အရမ်းသန်းညွန့်နဲ့ ရှီကာဂို သန်းညွန့်။ ဦးကျော်ငြိမ်းကို နှိပ်စက်သူမှာ အရမ်းသန်းညွန့် ဖြစ်ကြောင်း မှတ်တမ်းတင်ပါရစေ။ ဦးတင်မောင်ဝင်းရဲ့ (နိုင်ငံရေးသမားနဲ့ နိုင်ငံရေး) စာအုပ်၊ စာမျက်နှာ ၃၃၁ မှ ၃၃ရ၊ ရေကြည်အိုင်မှ ဇာတ်လမ်းများတွင်လည်း တပိုင်းတစ ဖော်ပြထားပါသည်။)

ဦးကျော်ငြိမ်းရဲ့ သွေးစွန်းနေတဲ့ ကော်လာပြတ် အဖြူရောင် ရှပ်အင်္ကျီကို ယနေ့ထက်တိုင် အမှတ်တရ သိမ်းထားပါတယ်။ ဒါ ကျနော်တို့ မိသားစုအတွက် မမေ့ပျောက်နိုင်တဲ့ သက်သေတခုပါ။

ကျနော်သိသမျှ တင်ပြရပါရင် ဦးကျော်ငြိမ်းနဲ့အတူ ဗိုလ်လကျာ်၊ ဗိုလ်စင်္ကြာ၊ ဗိုလ်မှူးထွန်းတင်နဲ့ UMP တပ်မှူးဟောင်းတွေ၊ အောင်ပင်လယ်ဦးသိန်းဖေ အစရှိတဲ့ စစ်အာဏာရှင် ဆန့်ကျင်ကြသူတွေက စစ်အာဏာရှင် ပြုတ်ကျရေးကို စဉ်းစားခဲ့ကြပါတယ်။

စစ်တပ်က နောင်မလုပ်ရဲအောင် ကျနော့်အဖေကို ရှေ့တန်းတင်ကာ Show Trial လုပ်ပြီး အပြစ်ပေးဖို့ အစီအစဉ် လုပ်လာပါတယ်။ (မှတ်ချက်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို စတေးခဲ့သည့်အတွက် ယနေ့အထိ စစ်တပ်တွင် တန်ပြန်အာဏာသိမ်းမှု မပေါ်ပေါက်တော့ပါ။ ဦးနေဝင်း၏ တွေးနည်းနှင့် လုပ်ကွက်ကို ချင့်ချိန်အောင် တင်ပြခြင်းပါ။)

ဦးကျော်ငြိမ်းအမှုကြီးတာကတော့ တကယ် မှန်ပါတယ်။ ဦးဝင်းကို အပြည့်အစုံ ထုတ်မပြောခဲ့တာက လေးစားမှုကြောင့် အမှုမပတ်သက်စေချင်လို့ပါ။ ဗိုလ်စင်္ကြာ ဝင်တည်းသွားတဲ့အမှုနဲ့ ဗိုလ်မှူးကြီးတင်မောင် (မြတ်ထန်) အဖမ်းခံရပါတယ်။

ကျနော်က အဲဒီတုန်းက ၈ တန်းကျောင်းသား။ အဖေက နောက်ဆုံးကောင်းမှု လုပ်ဖို့ စိတ်ဖြစ်လို့ ထင်ပါတယ်၊ သားတွေကို ရှင်ပြုလိုက်ပါတယ်။ အမေက သာသနာ့ရိပ်သာမှာ ကျနော်တို့ ညီအကိုတွေကို သင်္ကန်းစီးပေးခဲ့ပါတယ်။

ကျနော့်ဖခင်ကြီးခမျာ နောက်ဆုံး သတ်သေဖို့ ကြိုးစားခဲ့ရာ ဗိုလ်ချုပ်နေဝင်း ချက်ချင်း ရောက်လာပြီး ကြမ်းပြင်ပေါ်မှာ ခွေခွေလေး ပုံလျက်လဲနေတဲ့ ကျနော့်အဖေကို တွေ့သွားရာ စိတ်လည်ပြီး အစီအစဉ်အားလုံးကို ဖျက်မိန့်ပေးလိုက်တယ်လို့ သိရပါတယ်။

တချိန်က ဖဆပလ အဖွဲ့ကြီးမှာ အပြိုင်ဖြစ်ခဲ့ကြလို့ ရန်ဆောင်ခဲ့ကြတဲ့ ဦးတင်မောင်ဝင်းရဲ့ ဖခင်ကြီး ဦးဝင်းနဲ့ ဦးကျာ်ငြိမ်းတို့ ထောင်ထဲမှာ ယုံကြည်မှုအပေါ် ရပ်ခဲ့ကြတဲ့ နိုင်ငံရေးသမားအချင်းချင်း ပြန်လည်သင့်မြတ် အပြန်အလှန် လေးစားခဲ့ကြတယ်။

“ဒီကနေ့ နိုင်ငံရေးသမားတွေတွေထဲမှာ ဘယ်သူ့ကို မင်း အလေးစားဆုံးလဲ” လို့ မေးလာရင် “ဦးကျော်ငြိမ်းတယောက် ထိပ်ဆုံးက ပါသည်” လို့ ဖြေပါမယ်လို့ ဦးတင်မောင်ဝင်းက ရေးသွားခဲ့ပါတယ်။

နိုင်ငံရေးသမားတွေ လောကမှာ အတိအကျ မသိကြပေမယ့်လည်း အနည်းနဲ့ အများ ဦးကျော်ငြိမ်း အနှိပ်စက်ခံခဲ့ရတာကို သိကြပါတယ်။ ကွန်မြူနစ်တွေအကြားတော့ မသိပါ? မသိတာလား? မသိချင်တာလား? ဆိုတာကို ခွဲခြားဖို့ ခက်ပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ ကွန်မြူနစ်တွေသာ သံသယနဲ့ အမြင်စောင်းကြတယ်လို့ မဆိုနိုင်ပါ။ ဆိုရှယ်လစ်တွေမှာလည်း အပြစ်မကင်းလို့ ဆိုနိုင်ပါတယ်။ ရန်ကုန်ဗဆွေနဲ့ ဗိုလ်မှူးချုပ် မောင်မောင်တို့ရဲ့ ရေးသားချက်တွေမှာလည်း ကွန်မြူနစ်တွေကို အထင်သေးတာတွေ ရှိပါတယ်။

ဂျပန်တော်လှန်ရေး မစခင်ပင် သခင်သန်းထွန်းနဲ့ ကွန်မြူနစ်တွေ ဂျပန်ရန်က ကင်းလွတ်ဖို့ ရန်ကုန်ကနေ ရှောင်ပြေးကြပြီလို့ ဦးကျော်ငြိမ်းကိုယ်တိုင် သံသယနဲ့ ရေးခဲ့ဖူးပါတယ်။

အမှန်က တော်လှန်ရေးကို ဘယ်ပါတီကမှ (မပိုင်) ပါ။

ပုဂ္ဂိုလ်တဦးတယောက်ထဲကလည်း (မပိုင်) ပါ။

တိုင်းပြည်နဲ့ လူမျိုးကို ချစ်စိတ်နဲ့ အရဲစွန့်၊ အသက်စွန့်ကာ တော်လှန်ရေးကြီးမှာ ကိုယ်နိုင်တဲ့ အခန်းကဏ္ဍ ကနေ ဝင်ပါခဲ့ကြတာပါ။

လွတ်လပ်ရေးကာလ ရာဇဝင်ကို ရေးကြရာမှာ စာရေးသူအများစုက ကိုယ်ပါခဲ့တဲ့ အခန်းကဏ္ဍနဲ့ သိဖူး ကြားဖူးတာလေးတွေပဲ ရေးကြတာပါ။ အပိုင်းအစတွေသာ ဖြစ်ကြပါတယ်။

ရာဇဝင် သုတေသီတွေကမှ စာအုပ်စာတမ်း မြောက်မြားစွာကို ဖတ်ရှုလေ့လာပြီး ဘက်လိုက်မှုမပါဘဲ (Professional ဖြစ်ခဲ့ရင်) မှတ်တမ်းအတွက် တင်ပြကြရပါတယ်။

ကျနော်ဟာ အဖေ့အကြောင်းကို ရေးနိုင်ဖို့ စာအုပ်စာတမ်း မြောက်မြားစွာကို ရှာဖွေဖတ်ရှုရုံမက အချိန်ပေး သုတေသန ပြုခဲ့ရပါတယ်။ အဖေတို့ခေတ်က လူကြီးတွေ ပြန်ပြောကြတာတွေ၊ ဆွေးနွေးကြတာတွေ ကတဆင့် သိခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အများကို မထုတ်ဖြစ်တဲ့ စာတမ်းတွေ (Unpublished documents) ကို ကျနော် စုဆောင်းထားပါတယ်။

လူငယ်တွေကိုလည်း ဘက်စုံအမြင်ကို ယူပြီးမှ Full-Context အနေနဲ့ ကြည့်စေချင်ပါတယ်။

အမှန်က ရဲဘော်သုံးကျိပ်ကို တာဝန်ယူ လွှတ်သူများမှာ ယူဂျီလို့ခေါ်တဲ့ မြေအောက် တော်လှန်ရေးသမား ဖြစ်ပါတယ်။ တကသ ကောလိပ်ကျောင်းသားတွေနဲ့ သခင်မြရဲ့ တို့ဗမာ အစည်းအရုံးဝင်တွေ ဖြစ်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ကိုဗဆွေ၊ ကိုကျော်ငြိမ်း၊ ကိုဗဟိန်း၊ သခင်ချစ်တို့ ပါဝင်ခဲ့ကြတယ်၊ ပြည်သူ့ အရေးတော်ပုံ ပါတီလို့ ခေါ်ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အမြော်အမြင်ကြီးတယ်။ ဂျပန်အတွက် လူလွှတ်တော့ အဖွဲ့စုံအောင်ပါဖို့ သတိပေးတယ်။ ဒေါက်တာဘမော် အဖွဲ့ကိုတောင် လျှို့ဝှက် အစည်းအဝေးကို ဖိတ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဦးကျော်ငြိမ်းနဲ့ သခင်ချစ်တို့ ရန်ကုန်မှာ ခေါင်းဆောင်အဖြစ် ကျန်ခဲ့ကြတယ်။ သခင်ချစ်ဟာ ကွန်မြူနစ်ပါတီမှာ ယူဂျီ ဘိုးအေဖြစ်လာပါတယ်။ သတ္တိမရှိဘဲ၊ဲအသက်မစွန့်ရဲဘဲ ယူဂျီခေါင်းဆောင် မဖြစ်နိုင်ပါ။ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ သားမက် - ၈၈၈၈ အပြီး အဖမ်းခံရတဲ့ ကွန်ုမြူနစ်ပါတီ် (အထက်ဗမာပြည်) ယူဂျီခေါင်းဆောင် ဦးသက်ခိုင် တယောက်ကိုသာ မေးကြည့်ကြပါ။

အသက်ပေး လုပ်ခဲ့ရတဲ့ ရောင်းရင်းတွေဖြစ်လို့ ဦးကျော်ငြိမ်းဟာ သခင်ချစ်ကို သံယောဇဉ်ကြီးရှာတယ်။ အမေကလည်း သခင်ချစ် မိန်းမကို ခင်ရှာတယ်။ မမေ့နိုင်ကြ။ သခင်စိုး၊ သခင်သန်းထွန်းတို့က ဂျပန်နဲ့ ပေါင်းရမှာကို လက်မခံခဲ့ကြ။ ဒါ့ပြင် သူတို့က သခင်နုနဲ့အတူ ထောင်ထဲမှာ ယူဂျီသမားတွေစွန့်ပြီး မြေအောက် တော်လှန်ရေး လုပ်ခဲ့ကြလို့ ရဲဘော်သုံးကျိပ် ဂျပန်ရောက်ခဲ့ကြပါတယ်။

ရဲဘော်သုံးကျိပ်ကြောင့် တော်လှန်ရေးကြီး အစရလို့ အရှိန်ကောင်းခဲ့တယ်။ သခင်သိန်းဖေ အိန္ဒိယပြည်ကို စွန့်သွားခဲ့လို့ Force 136 နဲ့ ချိပ်မိခဲ့တယ်။ ကွန်မြူနစ်၊ စစ်တပ်၊ ပြည်သူ့အရေးတော်ပုံပါတီ စုမိလို့ ဖဆပလ ပေါက်ဖွားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကြောင့်လည်း အားလုံး စုမိကြပါတယ်။ အားလုံး …. အားလုံး ….. အချိပ်အဆက်တွေ ဖြစ်ကြပါတယ်။ လူမသိ သူမသိ ပေးစပ်ခဲ့သူုတွေက အနန္တ။ လူသိ သူတချို့သာ ကျော်ကြားခဲ့ကြပါတယ်။

အစက်တစက်ထဲကို ကွက်မကြည့်နိုင်ပါ၊ မကြည့်သင့်ပါ၊ အစက်အားလုံးကို ဆက်ကာ …. ဆက်ကာ …. ကြည့်ရပါမယ်။

ဒီလို ခြုံကြည့်တတ်ရင် သူတော်တယ်၊ ငါတော်တယ်၊ ငါ့ပါတီက ဦးဆောင်ခဲ့တယ်၊ သူ့ပါတီက ဦးဆောင်ခဲ့တယ်လို့ မဏ္ဌပ်တိုင် တက်ပြနေစရာ မလိုတော့ပါ။ တော်လှန်ရေးဆိုတာက တယောက် အားနဲ့ ယူလို့ မရပါ။ အများအားနဲ့ ယူမှ ရနိုင်ပါတယ်။

ရှစ်လေးလုံး အရေးတော်ကြီး မဖြစ်ခင် နှစ်များမှာ ကွန်မြူနစ်ပါတီက ပြည်တွင်းရှိ နိုင်ငံရေးသမားကြီးတွေကို ဆက်သွယ်ခဲ့ပါတယ်။ ဘယ်သူတွေ ဘယ်နှစ်ယောက် သတ္တိရှိရှိ ပြန်ကြားခဲ့တယ်ဆိုတာကို ထုတ်ဖော် စေချင်ပါတယ်။ ဦးကျော်ငြိမ်းရဲ့ ပြန်စာကိုဖတ်ပြီး သခင်ဗသိန်းတင် မျက်ရည်လည်သွားတယ်လို့ သိရပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံသားတွေမှာ မှားယွင်းတဲ့ အယူအဆ ရှိတယ်လို့ မြင်မိပါတယ်။ သူရဲကောင်း ကိုးကွယ်တဲ့ ဝါဒ အကျင့် ဖြစ်ပါတယ်။ မိမိ အထင်ကြီးသူကိုသော်၎င်း၊ ကိုးကွယ်သူကိုသော်၎င်း အပြစ်မမြင်ကြတော့၊ ပြန်မမေးရဲ ပြိုင်မဆွေးနွေးရဲကြ။ သူရဲကောင်းဆိုသူတွေမှာ ဘုရားရဟန္တာ မဟုတ်ကြပါ။ ပါတီစုံ ဒီမိုကရေစီကို တကယ်ယုံပါရင်၊ Critical-Thinking တကယ်ရှိပါရင် မိမိတို့ ခေါင်းဆောင်တွေကို မေးခွန်းထုတ်ရဲရပါမယ်။

ကျနော့်အမြင်အရ မြန်မာပြည်ကို ဖျက်ဆီးခဲ့တာက ဦးနေဝင်းရဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးနဲ့ စစ်ဗိုလ် ချည်းသက်သက် မဟုတ်ရပါ။

မဆလကို ကျောထောက်နောက်ခံအားပေးခဲ့ကြတဲ့ ကွန်မြူနစ်တွေလည်း ပါကြပါတယ်။ ၎င်းတို့ ထောက်ခံကြရာမှာ ဦးနေဝင်းက ပါတီစုံ ဒီမိုကရေစီအစား ဗဟိုဦးစီးစနစ်ကို ရွေးချယ်ခဲ့လို့ ဖြစ်ပါတယ်။ Marx ဝါဒ Marxism ကို လက်ခံသောကြောင့် ဖြစ်ပါတယ်။

ဒီကနေ့ လူငယ်တွေကို သတိရှိစေချင်ပါတယ်။

ကျနော် ဗိုလ်မှူးချုပ်ကျော်ဇောကို လေးစားမှု လျှော့မသွားပါ။ ဗိုလ်မှူးချုပ်ကျော်ဇောကို သိစေချင်ပါတယ်။ ဗိုလ်ချုပ်ကျော်ဇောသာမက ဒေါက်တာလှကျော်ဇောနဲ့ ဦးအောင်ကျော်ဇောတို့ကိုလည်း လေးစား ခင်မင်မိပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ မိသားစုအနေနဲ့ ကျနော့်အမြင်နဲ့ တင်ပြချက်ကို နားလည် စေချင်တယ်။

ကွန်မြူနစ်၊ ဆိုရှယ်လစ်ရယ်မဟုတ် လွတ်လပ်ရေးအတွက် တိုင်းပြည်ကိုချစ်လို့ အသက်ပေး တိုက်ခဲ့ကြ သူချည်းတွေပဲ ဖြစ်ခဲ့ကြပါတယ်။ ကိုယ်သာတယ်၊ သူသာတယ်လို့ မမြင်ပါ။ ယုံကြည်မှု၊ ပုဂ္ဂိုလ်နဲ့ တာဝန်ကို ခွဲခြားမြင်စေလိုပါတယ်။

နောက်ခေတ် လူငယ်တွေ ပိုနားလည်လို့ ညီညွတ်စေလိုတာက စာရေးသူရဲ့ စေတနာပါ။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။

http://www.mizzimaburmese.com/edop/songpa/4472-2009-12-29-08-08-14.html


တရားမျှတမှု ဆိုသည်မှာ ဥပဒေ မဟုတ်



တရားမျှတမှု ဆိုသည်မှာ ဥပဒေ မဟုတ်

December 29, 2009 By: moe moe kyaw Category: ဆောင်းပါး

အဓိပ္ပါယ်က ရှင်းပါသည်။ ရောသမမွှေ လို့မရပါ၊ ဥပဒေ ကို ဥပဒေပြု အာဏာ ရှိသည့် ဥပဒေပြု လွတ်တော်ကသာ ပြဌာန်းရပါသည်။အစိုးရက ပြဌာန်းလို့မရ။အစိုးရမှာ အုပ်ချုပ်ရေးနှင့်ပတ် သက်သည့် အာဏာသာရှိပါသည်၊။ ဥပဒေပြု အာဏာ။ တရားစီရင်မှုအာဏာ တို့မှာကား အုပ်ချုပ်သူ များနှင့် လားလားမျှ မဆိုင်။ ပြဌာန်း ဥပဒေကို လက်တွေ့အကောင်အထည်ဖော် စီရင်ဆုံးဖြတ် ရသည်မှာ တရားသူကြီး။ တရားစီရင်ရေး ။ တရားမျှတမှု ကိုဖော်ဆောင်ရမည့်သူ မှာ တရားသူကြီး။ မတရားဥပဒေကို စီရင်ဆုံးဖြတ်ရလျှင် မတရားသူကြီးများ ထွက်ပေါ်လာပေမည်။ ဥပဒေကိုယ်၌က မတရားဖြစ်နေလျှင် ၄င်းဥပဒေ အတိုင်းတရားစီရင် ဆုံးဖြတ်ရမည့် တရားသူကြီး ခမျှာ စိတ်ဖောက်ပြန်သွားနိုင်ပါသည်။တရားသူကြီးက အဘယ် ကဲ့သို့သော တရားမျှတမှုကို လုပ်ဆောင်ပေးနိုင်ပါမည်နည်း။လောကပါလ တရားကို မည်သူ စောင့်ရှောက်ပါမည်နည်း။

လူထုတစုံတရာ လေးစားမှုကို ခံခဲ့ရသည့် တရားသူကြီးချုပ် ဦးတင်အောင်ဟိန်း က သခင်ဗဟိန်း နာမည်မှ ဟိန်း တလုံးကယ်ပေလို့သာပေါ့။တင်အောင်ဆိုရင် ဒီလောက်စွမ်း မှာမဟုတ်ဘူး။ဟုပြောဘူးပါသည်။ မဆလခေတ် တရားစီရင်ရေးကို သူညီးတွားခဲ့ပုံကို ကချင်ပြည်နယ်တရားသူကြီးများ ကြားဖူးကြပေသည်၊“အရင် ဘ၀က မကောင်းမှုတွေ ဘယ်လောက်လုပ်ခဲ့မိလို့လဲမသိဘူး၊ ဒါကြောင့် ဒီဘ၀မှာ တရားသူကြီးချုပ် လာဖြစ်နေရတယ်“လို့ လူဘုံအလယ် သူ့ကိုယ်သူ ဝေဖန်သွားခဲ့သည်ကို ကြားဖူးပါသည်။ သူ မတရားတာတွေ လုပ်နေရ။ တွေ့နေရ၍ ဖြစ်ပါသည်။ ယခု စစ်အစိုးရပါဟု ဗြောင်ကြေညာထား သော ဖက်ဆစ် တရားစီရင်ရေး စနစ် အောက်တွင် “ ဟော ဒီမှာကြည့်၊ အထက်က ခိုင်းတဲ့ အတိုင်း ဒို့လုပ်နေရတာ“ဟု တရားသူကြီး အမျိုးသမီးတဦးက ပြောဖော်ရသည်ကို တွေ့ရပါသည်။ တရားသူကြီးများမှာ စစ်အုပ်စု၏ ရုပ်သေးများသာ ဖြစ်နေကြသည်။သို့ဆိုလျှင် လူသတ်ကုန်းက ပါးကွက်အာဏာသားနှင့် ဘာများကွာခြားပါသလဲ။

တရားသူကြီးများကို ဘယ်သူခန့်အပ်ပါသနည်း။ဘယ်သူဖြုတ်ပါသနည်း။န၀တ/နအဖ စစ်အုပ်စု အာဏာပိုင်များက ခန့်တာဖြုတ်တာလုပ်ပါသည်။တရားမ၀င်အစိုးရက ပါးကွက်သား တရားရုံးချုပ် တရားသူကြီးများကို ရုပ်သေးရုပ်လုပ်ခိုင်းပါတော့သည်။ရရိုးထုံးစံ ရှိခဲ့ပါသလား။ တရားမျှတမှုကို ဖော်ဆောင်လိုသည် ဆိုလျှင် တရားသဖြင့်တော့ရှိရပါမည်။ တဦးတယောက် တအုပ်စုက ရေးဆွဲခဲ့ခြင်းမဟုတ်သော၊ တိုင်းပြည်လွတ်လပ်ရေးခေါင်းဆောင်များ ကိုယ်တိုင်ပါ ၀င်ရေးဆွဲပြီး လွတ်လပ်ရေး အရယူခဲ့သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပါ တရားစီရင်ရေး လွတ်လပ်မှုဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာရန်လိုပါသည်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေ အခန်း(၈)၊ ပြည်ထောင်စု၏ တရားစီရင်ရေး၊ ပုဒ်မ-၁၃၃။ ။ ပြည်ထောင်စု နိုင်ငံတ၀န်းလုံး၌ တရားစီရင်ရေးကိစ္စကို ဤအခြေခံဥပဒေ အရသော်၎င်း၊တရား ဥပဒေ အရသော်၎င်း၊ တည်ထောင်ထားသော တရားရုံးများတွင် ဤအခြေခံဥပဒေနှင့်အညီ၊ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံအုပ်ချုပ်ရမည်။

ပုဒ်မ-၁၄၀။ ။(၁)ပါလီမန်ဆိုင်ရာ လွတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘော တူညီချက်ဖြင့် နိုင်ငံတော် တရားဝန်ကြီးချုပ်ကို နိုင်ငံတော်သမတ သည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခတ်နိုပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။

(၂)ပါလီမန်ဆိုင်ရာ လွတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် တရားလွတ်တော်ချုပ်နှင့် တရားလွတ်တော်ဆိုင်ရာ တရားရေးဝန်ကြီး အားလုံးကို နိုင်ငံတော်သမတသည် မိမိကိုယ်တိုင်လက်မှတ်ရေးထိုး တံဆိပ်ခတ်နိုပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။

ပုဒ်မ-၁၄၁။ ။ တရားသူကြီး အားလုံးသည် ဤအခြေခံဥပဒေနှင့် တရားဥပဒေများ ကိုသာ လိုက်နာ၍ မိမိတို့၏ တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင် ရမည်။

-ဟု အတိအလင်း ပြဌာန်းထားသည်ကို စံထားအပ်ပါသည်။

ဥပဒေပြုရေး အာဏာကိုလည်း ၁၉၄၇ ခုနှစ် အခြေခံဥပဒေ အခန်း(၆) ပါလီမန်၊ ပုဒ်မ-၆၅။ ။ ပြည်ထောင်စု နိုင်ငံ၏ ဥပဒေပြု အာဏာသည် ပါလီမန်တွင် တည်ရှိရမည်။ ပါလီမန် တွင် နိုင်ငံတော် သမတ၊ ပြည်သူ့လွတ်တော် နှင့် လူမျိုးစုလွတ်တော် တို့ပါဝင်ရမည်။ ဤအခြေ ခံဥပဒေတွင် ပါလီမန်ကို `ပါလီမန်` သို့မဟုတ် `ပြည်ထောင်စု ပါလီမန်`ဟုခေါ်ရမည်။ -ဟု ပြဌာန်းထားသည်။

ပုဒ်မ-၁၃၇။ ။ တရားဥပဒေ တခုသည် အခြေခံဥပဒေရှိ ပြဌာန်းချက်များအရ ခိုင်လုံသည်။ မခိုင်လုံသည်။ဟူသော ပြဿနာပေါ်ပေါက်နေသည့် အမှုများကို တရားလွတ်တော်ချုပ်၏ အယူခံစီရင်ပိုင်ခွင့် အာဏာဖြင့် မစီရင်၊ မဆုံးဖြတ်ရဟု မည်သည့် တရားဥပဒေမျိုးကိုမျှ မပြုရ။ ဟု ပြဌာန်းထားသည်ကိုတွေ့ရသည်။ ထိုကဲ့သို့သော တရားဥပဒေမျိုးကို ပြဌာန်းသည်ဆိုလျှင် အခြေခံဥပဒေကို ချိုးဖောက်ရာကျပေမည်။တရား လွတ်တော်ချုပ်၏ ထိပ်ဆုံးက တရားစီရင်ရေးအာဏာကို ဖော်ပြထားသည်။

အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ အတိုင်းအတာကြီးမားလွန်းလှတဲ့ အထိန်းအကွပ်မရှိ အကျင့်ပျက် ခြစားမှုတွေ၊ အများပြည်သူ သက်သာဖူလုံရေးကို လုံးဝစိတ်မ၀င်စားဘဲဥပေက္ခာ ပြုမှုတွေ၊ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီတန်ဖိုးစံတွေ နှင့် လူထုအခြေခံ အဆောက်အအုံ၊အဖွဲ့အစည်းတွေကို မလေးစားမှုတွေ ၊ ရာဇ၀တ်မှုတွေထဲ အာဏာပိုင်တွေ ဆိုးဆိုးဝါးဝါးပါဝင် ပတ်သက်ဆက်နွယ်နေမှုတွေ နှင့် ဥပဒေမဲ့ဆိုးဆိုးဝါးဝါးမင်းမဲ့စရိုက် အုပ်ချုပ် မှုတွေကို ဘယ်သူက စစ်ဆေးစီရင်ဆုံးဖြတ်မလဲ။ဖုံးကြုယ္မလား။ ဖော်ထုတ်အရေးယူမလား။ ပြည်သူရှေ့ တရားစီရင်ရေးကို ဘယ်လိုလုပ်ဆောင်မလဲ။ ဥပဒေရှေ့မှာ တရားမျှတမှုကို ဘယ်လိုရှာမလဲ။ အုပ်ချုပ်ရေး အာဏာပိုင် အတွက် ဥပဒေ ဆိုတာ ရှိခဲ့ဖူးလို့လား၊ သမတ စ၀်ရွှေသိုက် သား စ၀်မီမီကို ပစ်သတ်တာ။ ၁၉၆၂ ခုနှစ် ၇-ရက်ဂျူလိုင် ကျောင်းသားတွေကို သတ်တာ။စစ်တွေ ဆန်ပြဿနာမှာ လူမျိုးစုတွေကိုအစုလိုက် အပြုံလိုက်သတ်ဖြတ်တာ၊ ၁၉၇၄ ခုနှစ် အလုပ်သမားတွေကို သတ်တာ။၁၉၈၈ ခုနှစ် ၈-လေးလုံး အရေးတော်ပုံမှာ ပြည်သူတွေကိုသတ်တာ။ ဒီပဲယင်းမှာ လူသတ်တာ။

ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းရှင်လူ၊ပြည်သူအများ ကိုသတ်တာ၊ လူသတ်မှုပေါင်း မြောက်များစွာ အတွက် စစ်အုပ်စုကို ဘယ်တရားရုံးက စစ်ဆေးစီရင်ဆုံးဖြတ်ခဲ့ဖူးလို့လဲ။ ဥပဒေ ဆိုတာ တရားမျှတမှု ဟုတ်ခဲ့ဘူးလို့လား။ဒီတော့ တရားမျှတမှု ဆိုတာ ဥပဒေ မဟုတ်ဘူး။ ထပ်ဆင့် အဓိပ္ပါယ် ထွက်လာသည်က မတရားတာ၊ မညီမျှတာ၊ မဟုတ်တာ တွေလုပ်ဖို့ ဥပဒေတွေ ထုတ်နေသည်ဟု ပြောဖို့ဖြစ်တည်လာသည်။ အနီးကပ်ဆုံး ၂၀၀၈ ခုနှစ် စစ်အာဏာရှင်စနစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစုံးလုံးကို တွေ့နိုင်ပါသည်၊ နိုင်ငံတကာ ဥပဒေပညာရှင် များ အားလုံးနီးပါးက ဂါးဘေ့ခ်ျ (garbage) ။ အမှိုက်ပုံး တဲ့၊ အမှိုက်ပုံးထဲက အမှိုက်စများကို ဆွဲထုတ်ပြမှတော်ကာကျပါမည်၊

အဓိက ဖျက်ပိုး ကိုထုတ်ပြပါဆိုလျှင် နိုင်ငံတခု၏ နိုင်ငံရေးဦးဆောင်မှုကို နိုင်ငံရေးပါတီ များကသာ ဦးဆောင်ကြရပါသည်။ အနိုင်ရပါတီ သို့မဟုတ် အနိုင်ရပါတီနှင့်ပူးတွဲပါတီများ ကသာလျှင် အစိုးရဖွဲ့ကြရပါသည်။ သို့ရာတွင်စစ်တပ်ကသာ အစိုးရကို တသက်လုံးဖွဲ့သွားမည် ဆိုသော အခြေခံဥပဒေမျိုး ကမ္ဘာတွင်မရှိပါ။နိုင်ငံတကာရှိစစ်တပ်များသည် တိုင်းပြည် ကာကွယ်ရေး တာဝန်ကိုသာ သီးသန့်တာဝန်ထမ်းဆောင်ကြသော်လည်း ယခု စစ်အစိုးရ ၊ စစ်အာဏာရှင်စနစ်ဖြင့် ရေးဆွဲ ထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ပုဒ်မ-၆(စ) တွင် အမျိုးသားနိုင်ငံရေးဦးဆောင်မှုတာဝန်ကို ယူရမည်ဟုပြဌာန်းထားသည်မှာ အံ့သြစရာကြီး ဖြစ်နေပါသည်။ နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍကို ချိုးနှိမ်ပြီးသားဖြစ်နေပါသည်။အရေးပေါ် ကာလတွင် နိုင်ငံသားများ၏ လူ့အခွင့်အရေးနှင့် လုံခြုံစိတ်ချစွာ အသက်ရှင်ရပ်တည်ပိုင်ခွင့်ကို ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်စီမံနိုင်ခွင့်ရှိသည်။ဟု ပုဒ်မ-၄၂၀ တွင်ပြဌာန်း ထားသေး သည်။ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကိုပါ ချိုးဖောက်ပြီး ဖြစ်နေသည်။

ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူများထဲတွင် နိုင်ငံဝန်ထမ်းများ ပါဝင်သည်။(ပုဒ် မ-၂၆(က)တွင်ဖော်ပြထားသော်လည်း၊ ခြွင်းချက်အနေဖြင့် ပုဒ်မ-၁၂၁(ည) အရ စစ်ဗိုလ်ချုပ် များသည် အခွင့်ထူးခံအဖြစ် လွတ်တော်ကိုယ်စားလှယ်များဖြစ်နေကြသည်။ ရွေးကောက်ပွဲ မ၀င်ဘဲ၊ လ္မှတ်တော်ကိုယ်စာလှယ် ၂၅ - ရာခိုင်နှုန်းကို ဥပဒေပုဒ်မ-ရ၄(က)(ခ)၊ ပုဒ်မ-၁၀၉၊ ပုဒ်မ-၁၄၀- တို့ပြဌာန်းပြီး ဓါးပြတိုက်သိမ်းယူထားသည်။ ဥပဒေ ရှေ့တွင် လူတိုင်း တူညီမျှတ ရမည်ဆိုသောမူ ပျောက်ဆုံးသွားသည်။ တရားမျှတမှုကို ဖော်ဆောင်ရမည်ဆိုလျှင် ဖွဲ့စည်းပုံ၏ အခြေခံ အောက်ခံမူ တစုံလုံးကို ပြင်ပစ်ရပါမည် ။ ဥပဒေ ဆိုသည်မှာ တရားမျှတမှု ကို အစွမ်း ကုန်ဖော်ဆောင်နိုင်ရပါမည်။ မူပျက်လျှင် မူအပေါ်မှ လူများအလိုလို ပျက်စီးပြီးသား ဖြစ်သွား ပါမည်။ တိုင်းပြည်ကုန်းကောက်စရာ ကျန်ရှိတော့မည်မဟုတ်ပါ။ ထို့ကြောင့် တရားမျှတမှု ဆိုသည်မှာ ဥပဒေ မဟုတ်ဟု ထုတ်ဖော်ပြရခြင်း ဖြစ်ပါသည်။

ဦးမျိုး (ဥပဒေ) ၇ - ၁၂ - ၂၀၀၉


http://arakanreview.22web.net/?p=2362



Voice of Burma Issue No.742,December 27,2009

http://ifile.it/02y1txvVOB742KK