Friday, April 30, 2010

နအဖကဆေးကုသခွင့်ကိုပိတ်ပင်တာ..

ကိုမြအေးကဆေးကုသမှုခံယူဖို့ငြင်းဆန်တာမဟုတ်ပဲနအဖကဆေးကုသခွင့်ကိုပိတ်ပင်တာဟုသမီးဖြစ်သူ ဝေနှင်းပွင့်သုန်ကရဲရင့်ငယ်ကိုဖြေကြားခဲ့ပါသည်။

Waihnin Pwint Thon
There is a language misunderstanding between "denied and being denied". Ko Mya Aye urgently need medical treatment to live, he never denied the medical treatment. Most of all, the regime has no sympathy to offer medical treatment to any political prisoners such as Ko Mya Aye.


ကျောင်းသားခေါင်းဆောင် ကိုမြအေး ဆေးကုသမှုခံယူဖို့ ငြင်းဆန်


2010-04-29

နှလုံးရောဂါ ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက အာဏာပိုင်တွေ ကမ်းလှမ်းတဲ့ ဆေးကုသမှုခံယူဖို့ ငြင်းဆန်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ သတင်းတွေအရ သိရပါတယ်။

(Photo: AFP)

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်အချို့၏ ယခင် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (ဝဲမှယာ) ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု၊ အမည်မသိ၊ ကိုမြအေးနှင့် ကိုအံ့ဘွယ်ကျော်။ (Photo: AFP)

ဘာ့ကြောင့် ငြင်းဆိုလိုက်သလဲဆိုတာကို အတိအကျ မသိရသေးပေမဲ့ အခုလိုဆေးကုသမှုခံယူဖို့ ကိုမြအေးဖက်က ငြင်းဆန်လိုက်တာဟာ သူ့ကို ကယားပြည်နယ် လွိုင်ကော် အကျဉ်းထောင်ကနေ မိသားစုနဲ့ ပိုမိုဝေးလံတဲ့ ရှမ်းပြည်နယ် တောင်ကြီးထောင်ကို ပြောင်းရွှေ့လိုက်တဲ့ကိစ္စနဲ့
ဆက်နွှယ်နိုင်ကြောင်း ထိုင်းမြန်မာနယ်စပ်အခြေစိုက် AAPPခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ် ။

'အဓိကကတော့ သူ့ နှလုံးရောဂါရှိတယ်။ သူ အခြေအနေဆိုးလာတယ်။ သူက ရန်ကုန်မှာ အဲလို ရောဂါဖြစ်ပြီးတဲ့ အချိန်မှာ ဘယ်လောက် ဆိုးလာတယ်ဆိုတာတောင် က္ဆွန်တော်တို့က အတိအကျတော့ ပြောလို့ မရဘူး။ အခုလိုမျိုး အာဏာပိုင်တွေဆီကနေတဆင့် တောင်းခံတဲ့အခါကျတော့ သူတို့က ထောင်ပြောင်းပေးလိုက်တယ်။ တောင်းတဲ့အခါမှာ မိသားစုနဲ့ နီးတဲ့ အင်းစိန်ထောင်မျိုး ပြောင်းတာ မဟုတ်ပဲနဲ့ ဒီ တောင်ကြီးထောင်ကို သူတို့က ပြောင်းပေးလိုက်တယ်ဆိုတော့ မိသားစုနဲ့ ပိုလို့တောင် ဝေးသွားတဲ့ အနေအထားမျိုး ရှိပါတယ်။ ဆိုတော့ အဲဒီအပေါ်မှာ ကိုမြအေးအနေနဲ့ ငြင်းဆန်တာမျိုး ဖြစ်ပါလိမ့်မယ်။'

ကိုမြအေးခံစားနေရတဲ့ နှလုံးရောဂါကို သေသေချာချာ ကုသခွင့်တောင်းထားတဲ့ အတောအတွင်းမှာပဲ ထောင်အာဏာပိုင်တွေက ဧပြီလ ၉ ရက်နေ့မှာ လွိုင်ကော်ထောင်ကနေ တောင်ကြီးထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။http://www.rfa.org/burmese

0 အကြံပြုခြင်း: