Monday, May 31, 2010

31May 2010 ဒိုင်ယာရီ


31may 2010 yeyintnge Diary.doc 8.894 MB
31 May 2010 Yeyintnge Diary

တိုင်းပြည်လည်း နာလှပြီ


U Tin Oo & Depe'Yinn Interview

မြင့်မောင် | တနင်္လာနေ့၊ မေလ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၃၂ မိနစ်


(ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲယင်း အတွေ့အကြုံ )
နယူးဒေလီ (မဇ္ဈိမ)။ ။ ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် လွန်ခဲ့သည့် ၇ နှစ် မေလ ၃ဝ ရက်နေ့တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် ရန်ကုန်မှနေ၍ ထွက်ခွာလာခဲ့ရာ အထက်မြန်မာပြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊ မန္တလေးတိုင်း မိုးကုတ်နှင့် မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိခဲ့စဉ် ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။

ထို့နောက် မေလ ၃ဝ ရက်နေ့တွင် ဒီပဲယင်း ကျည်ရွာအနီးသို့ ရောက်ရှိစဉ် စစ်အစိုးရဖွဲ့ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ၊ စွမ်းအားရှင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သည်နှင့် တွေ့ကြုံ ခဲ့ကြရသည်။

ထိုဖြစ်ရပ်အတွင်း ပါတီအဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ ၇ဝ ထက်မနည်း သေဆုံးခဲ့ကာ၊ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း အတိုက်အခံများက ပြောသည်။

သို့သော် စစ်အစိုးရက လူ ၄ ဦး သေဆုံးကာ၊ ၅ဝ ခန့် ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်ဆိုးတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြန်လည်ပြောဆိုချက်များ တင်ပြလိုက်ရပါသည်။


ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု

ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ်ကစပြီး စည်းရုံးရေးထွက်တဲ့ အချိန်တုန်းက အတားအဆီး၊ အပိတ်အပင်တွေ လုပ်တာတွေ ရှိတယ်။ နောက်ပိုင်းမှာကျ ပိုပြီးတော့ လုပ်လာတာကို တွေ့ရတယ်။ အထူးသဖြင့် ဘယ်မှာများလဲ ဆိုတော့။ စတာက မြစ်ကြီးနားက စပြီးတော့ စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့၊ ဘာတို့က ကားနောက်ကနေ လိုက်အော်တာတို့၊ ကိုယ်ကို ထိတာပုတ်တာတို့ကတော့ ရှိတာပေါ့။ ဗန်းမော်ဝင်တုန်းကလည်း အဲဒီလိုပဲ။ နောက် မိုးကုတ်ဝင်တော့ကာ သိပ်ပြီး လိုက်လာတာ မတွေ့ရဘူး။ မိုးကုတ်ရောက်တော့ မိုးကုတ်သူ မိုးကုတ်သားတွေက တခဲနက်ကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး ဆုတောင်းကြတယ်။ အဲဒီလို အောင်မြင်ပြီးတော့ လာတာကို တားစီးချင်တဲ့၊ ပိတ်ဆို့ချင်တဲ့ သဘောတွေက ပြင်းထန်လာတဲ့ သဘောတွေ ရှိတယ်။

ဘယ်မှာစဖြစ်လဲဆိုတော့ မိုးကုတ်ကနေ သပိတ်ကျင်းကို ထွက်လာတဲ့အချိန်မှာ နည်းနည်းလေး ညနေပိုင်း စောင်းသွားတော့ ဒေါ်အောင်ဆန်းစုကို လာပြီး ကြိုဆိုတဲ့ လူအုပ်ကြီးကလည်း များတယ်။

သတင်းတွေကတော့ ရတယ်။ စာရွက်တွေနဲ့လည်း ရတယ်၊ လူကိုယ်တိုင်လာပြီး သတင်းပို့တာတွေလည်း ရတယ်။ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ဒုတ်တွေ၊ ဓားတွေ၊ လောက်လေး (ဘတ်ခွ) တွေနဲ့ လာပြီး နှောင့်ယှက်ဖို့ ရှိတယ်။ လမ်းမှာ လာတဲ့ လူတွေကတော့ လောက်လေးတွေနဲ့ ပစ်တာခတ်တွေတော့ စပြီး ဖြစ်နေပြီ။ လာတဲ့ လူတွေက လမ်းမှာ စစ်တာဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ အစည်းအဝေးက ညနေပိုင်းမှာ လူ ၄ဝဝဝ၊ ၅ဝဝဝ လောက်ရှိတယ်။ အောင်မြင်သွားတယ်။

ကျနော်တို့က အဲဒီကနေ ထွက်လာတဲ့ အချိန်ကျတော့ အခြေအနေက တော်တော်ကို ဆိုးတယ်။ ထွက်လာပြီး မကြာခင်မှာ ဒိုင်နာကားကြီးတွေနဲ့ ကျနော်တို့ကားကို ရှေ့နဲ့နောက်နဲ့ ပိတ်ကြီးတော့ အပေါ်မှာရှိတဲ့ အသံချဲ့စက် ၄ ခုလောက် တပ်ထားပြီးတော့၊ အကြီးအကျယ် အော်ပြီးတော့ နယ်ချဲ့အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒ ကန့်ကွက်ကြ၊ ပြည်ဖျက်မ စုကြည် ဆိုတာတွေ ဘာတွေကို အော်တယ်။ အဲဒီမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရဲမှူးကြီး၊ တပွင့်၊ နှစ်ပွင့်၊ အကြပ်တွေလည်း ရှိတယ်။

သူတို့က ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ လုပ်တာကို မပြောရဲဘူး။ သူတို့ ကြောက်တယ်။ ကျနော်တို့ကားတွေကို အတင်းပဲ သွားပါသွားပါ ပြောတယ်။ သူတို့က သွားပါသွားပါ ပြောပေမယ့် ရှေ့ကပိတ်ထားတော့ ဘယ်လိုသွားလို့ ရမလဲ။ အဲဒီနေရာမှာ တော်တော်ကို မှောင်သွားပြီ။ အဲဒီကနေ ထွက်လာတော့ စဥ့်ကူးကို ဝင်သွားပြီ။ အဲဒီကားကြီးတွေကလည်း နောက်ကနေ အော်ရင်း လိုက်တယ်။ စဥ့်ကူး အဖွဲ့ချုပ်ရုံးမှာ စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ အဲဒီမှာ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။ အဲဒီမှာ ည ၈ နာရီလောက် ရောက်သွားပြီ။ အဲဒီအချိန်မှာ ကျနော်တို့တည်းတဲ့ အိမ်ကို လောက်လေးတွေနဲ့ ပစ်တယ်။ ခေါင်မိုးတွေကိုလည်း မှန်တယ်။

ပစ်လိုက်တဲ့ လောက်လေးဆံက ကျနော်တို့နားလည်း ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရဲစခန်းကို အမှုဖွင့်ဖို့ ပြောတဲ့အခါကျတော့ ကျနော်သွားပြီးတော့ အမှုဖွင့်တယ်။ အမှုဖွင့်တာကို ရဲစခန်းက လက်မခံဘူး။ လက်မခံတဲ့ အခါကျတော့ ကျနော်က ပြောတာက ပထမ FIR လာပြီးဖွင့်ရင် တိုင်တဲ့ဟာကို လက်ခံရမယ်၊ လက်မခံရင် တရားစွဲနိုင်တယ်လို့။ အဲဒီတပ်ကြပ်က ကောင်းပြီဆိုပြီး လူကြီးတွေကိုပြောတော့ လက်ခံမယ်ဆိုပြီး ပြောတော့ ရဲစခန်းမှူးတွေက လိုက်လာပြီးတော့ အမှုဖွင့်တယ်။

အမှုဖွင့်နေစဉ်အတွင်းမှာ ကားတစီး ဝင်လာတယ်။ ကားပေါ်မှာ ပတ်တီးစည်းထားတဲ့ လူတယောက်ပါတယ်လို့ ရဲတယောက်က လာပြောတော့ ပြာပြာသလဲ ထသွားတယ်။ ဘာဖြစ်လို့ ပြာပြာသလဲ ထသွားလဲဆိုတော့ ဒဏ်ရာရတဲ့လူက ကြံ့ဖွတ်ထဲတယောက် လောက်လေးခွမှန်လို့ ပတ်တီးစည်းပြီးတော့ လာတိုင်တာ။ ဒီမှာ တိုင်နေတဲ့ တိုင်ချက်က မပြီးသေးဘူး၊ ကမန်းကတန်း ထသွားပြီးတော့ ဟိုဘက်က တိုင်ချက်သွားဖွင့်တာတို့၊ ဘာတို့ လုပ်တယ်။

ဒီဘက်မှာက တိုင်ချက်ဖွင့်တာကိုတော့ ကျန်တဲ့လူနဲ့ ပြီးအောင် လုပ်လိုက်တာပေါ့လေ။ ဆိုလိုတာက ဘာပြောချင်လဲဆိုတော့ အဲဒီအဖွဲ့အစည်းက ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ဆိုရင် ဝန်ထမ်းလောက၊ အထူးသဖြင့် ရဲတို့၊ အုပ်ချုပ်ရေးအပိုင်းက လူတွေက တော်တော်ကို ကြောက်တဲ့သဘော ရှိတယ်။ ဒီကိစ္စကို မေးကြည့်တော့ ဒေါ်အောင်ဆန်စုကြည်ကို ကြိုဆိုတဲ့လူတွေကို သူတို့က ကားနဲ့ ဖြတ်သွားရင်းနဲ့ အပေါ်ကနေပြီးတော့မှ လောက်လေးခွတွေ၊ ခဲတွေနဲ့ ပစ်တယ်။ အောက်ကကောင်တွေက မခံချင်တာနဲ့ နေရာမှာရှိတဲ့ လမ်းဘေးက ကျောက်စရစ်ခဲတွေနဲ့ ပြန်ပစ်လို့ မှန်သွားတယ်လို့ ပြောတာပါ။

အဲဒီညက တော်တော်ကို မှောင်သွားတော့ ဘဘကတော့ တော်တော်ကို စိုးရိမ်တယ်။ စဥ့်ကူးအထွက်နဲ့ ခြေတောက်ပေါက် အသွားမှာ လမ်းမှာ ရိုက်ကြမလားဆိုပြီးတော့ စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်တဲ့ လုပ်ရပ်တွေက ဆိုးဆိုးရွားရွား ဖြစ်နေလို့ပါ။ ဒါပေမဲ့ စဥ့်ကူးမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေရော၊ ယောက်ျားတချို့ကရော၊ သံဃာတော်ကရော ခြေထောက်ပေါက်ကို သန်းခေါင်အချိန်လောက်မှာ လိုက်ပို့ကြတယ်။

ခြေထောက်ပေါက်မှာ တရားပွဲ လုပ်တော့လည်း လူတွေက အုပ်လိုက်လာကြတာပဲ။ အဲဒီလာတဲ့အခါမှာ တားတာဆီးတာ၊ ခရာတွေမှုတ် ဘာတွေမှုတ်နဲ့၊ လူထုက မကျေမနပ်ဖြစ်နေကြတယ်။ အဲဒီမှာ ဘဘတို့ ပြောရတယ်၊ လမ်းနဲ့ ပတ်သက်ပြီးတော့ အကျယ်ကြီး ပေးထားတာပဲ ဘာဖြစ်လို့ ဒီကားတွေက မသွားဘဲ၊ မလာဘဲနဲ့ ဘာဖြစ်လို့ ခရာမှုတ်နေရတာလဲလို့ ပြောလိုက်တော့မှ ခရာသံ တိပ်သွားတယ်။ တရားပွဲတွေဘာတွေ လုပ်ပြီးတော့ ဘဘတို့ မတ္တရာကို ထွက်လာတယ်။ မတ္တရာထွက်လာတဲ့အချိန်မှာ အလားတူပဲ ဖြစ်တယ်။ မတ္တရာ လမ်းမှာတော့ အနှောင့်အယှက် မရှိဘူး။

ဘာဖြစ်လို့လဲဆိုတော့ လူတွေက နောက်ကနေ တပါထဲ ပါလာခဲ့တယ်။ မတ္တရာရောက်တော့ နေလည်စာ စားပြီးတော့ လူအုပ်ကြီးက အဖွဲ့ချုပ်ကြိုဆိုတဲ့ တိုက်ရှေ့မှာ ခြံဝင်းကြီး ရှိတယ်။ ခြံဝင်းထဲမှာ လူတွေက ပြည့်နေတယ်။ ခုနတုန်းက လိုက်လာတဲ့ လူတွေက အဲဒီလူအုပ်ထဲ ဝင်ပြီးတော့ အသံချဲ့စက်တွေ ဖွင့်တယ်၊ သံပုံးတွေ တီးပြီးတော့ ခုနကပြောခဲ့တဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်တယ်။ လူတွေက မကျေနပ်ဘဲ သူတို့နဲ့ ကတောက်ကဆဖြစ်ပြီးတော့ အဲဒီနားမှာရှိတဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေ၊ ဘုန်းကြီးတွေ ဆင်းလာပြီးတော့ သူတို့ကို လိုက်တားတယ်။ ထော်လာချီကားပေါ်က ဘုန်းကြီးတွေကို လောက်လေးခွနဲ့ လိုက်ပစ်တယ်။

အော်တဲ့လူတွေက ဘုန်းကြီးတွေလည်း ရောက်လာတော့ သူတို့လည်း အကုန်လုံး ထွက်ပြေးကြတယ်။ မတ္တရာ ထွက်လာပြီးနောက် တလမ်းလုံးက အနှောင့်အယှက် ဖြစ်တော့တာပါပဲ။ မန္တလေးရာက်တော့ တရက်၊ ၂ ရက်နေတော့ ဘာမှမဖြစ်ဘူး။ မန္တလေးက ထွက်တဲ့အချိန် မေလ ၂၉ ရက်နေ့မှာ မုံရွာဘက်ကို ထွက်တယ်။ မုံရွာဘက်ကို ထွက်တော့ မြင်းမူအရောက်မှာ သတင်းရတယ်။

အဖွဲ့ချုပ်က ဘာပြောလဲဆိုတော့ မုံရွာဘက်မှာ လူတစု စုပြီးတော့ ရိုက်မယ်ပြုမယ်နဲ့ လူစုနေကြတယ်လို့ အဲဒီလို ပြောတယ်။ ပြောတဲ့အခါကျတော့ ရန်ကုန်မှာရှိတဲ့ အဖွဲ့ချုပ်က ခေါင်းဆောင်တွေကလည်း ဒီသတင်းရတယ်။ ဘဘက ဥက္ကဋ္ဌ ဦးအောင်ရွှေကို ခေါ်တယ်၊ ဦးအောင်ရွှေကလည်း ဘဘကို ခေါ်ဖို့ ကြိုးစားရင်းနဲ့ နှစ်ယောက်ဆုံတယ်။ ခုနကပြောသလို သတင်းရတယ်။ သတင်းရတဲ့အတွက် သက်ဆိုင်ရာ အကြီးအကဲတွေကိုတော့ သတင်းပို့ထားပြီးပြီ။ ခင်ဗျာတို့ သွားတဲ့အခါ သတိထားသွားပါ၊ စသဖြင့် အဲဒီလို ပြောတယ်။

ဘဘကလည်း ဒီမှာရှိတဲ့ လုံခြုံရေး အသိုင်းအဝိုင်းကိုလည်း အကြောင်းကြားထားပြီးပြီ။ တတ်နိုင်သလောက် လုံခြုံရေးစောင့်ရှောက်ဖို့ ပြောထားတယ်။ အဲဒီလိုပြောပြီးတော့ မြင်းမူကနေ စထွက်ကြတယ်။ အဲဒီကနေ စထွက်တဲ့ အချိန်ကစပြီး အော်တာတွေ ဘာတွေလည်း ပါတယ်။ မုံရွာမရောက်ခင် မြို့ဝင်မှာကတည်းက လူအုပ်က အများကြီး ဖြစ်နေပြီ။

နေရာတနေရာမှာ ဆန့်ကျင်ဘက် အော်မယ့်သူရော၊ အော်ရုံတင်မကဘူး နှောင့်ယှက်ဖို့ တော်တော် ကြမ်းကြမ်းတမ်းတမ်း နှောင့်ယှက်ဖို့ ပြင်နေတဲ့ လူ ၄-၅-၆ဝ လောက်က လမ်းအကွေ့လေးနားမှာ ဆန့်ကျင်ဖို့၊ ပြုဖို့ နည်းနည်းလေး အကြမ်းဖက်ချင်တဲ့သဘော သူတို့ အမူအရာတွေက မကောင်းဘူး။ ကျနော်တို့ကို ဘယ်သူက စောင့်ရှောက်လဲဆိုတော့ မုံရွာက လူငယ်တွေလည်း ပါတယ်။ မြို့လူထုလည်း ပါတယ်။ နောက် မုံရွာက သံဃာတော်တွေရော၊ မန္တလေးဘက်က လိုက်လာတဲ့ သံဃာတွေလည်း ပါတယ်။ ဆိုတော့ သူတို့ ဝိုင်းဝန်းပြီးတော့ အတားအဆီး အပိတ်အပင်လုပ်လိုက်တဲ့အခါ ဘာမှ မဖြစ်သွားဘူး။ အဲဒီအချိန်မှာ မှောင်စပြုနေပြီ။ အဲဒီကနေ လာလိုက်တာ ဆိုင်းဘုတ်တင်မယ့် နေရာကို ည ၈ နာရီ နီးပါးလောက်မှာ ရောက်တယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လူထုက လာရောက်ထောက်ခံကြိုဆိုတဲ့ အထဲမှာ မိုးကုတ်နဲ့ မုံရွာက အများဆုံး ဖြစ်တယ်။ မုံရွာအဝင်မှာ မှောင်နေတဲ့အတွက် ဖယောင်းတိုင်တွေထွန်းပြီး လိုက်ကြတဲ့သူတွေက အများကြီးပဲ။ အဲဒီမှာ အဖွဲ့ချုပ်ရုံးရောက်တယ်။ အဖွဲ့ချုပ်ရုံးမှာ ဆိုင်းဘုတ်တင်ပြီးတော့ကာ မုံရွာအဖွဲ့ချုပ်က စည်းရုံးရေး ပုဂ္ဂိုလ်တွေကို ဖမ်းချုပ်တယ်။ ခေါ်ပြီးတော့ မေးတယ်။ ဗဟိုကတော့ ကျနော်တို့က အမိန့်ရတယ်။ မြို့နယ်က သက်ဆိုင်ရာ မယကကို ခွင့်မတောင်းဘူးဆိုပြီးတော့ ဖမ်းချုပ်တယ်။

အဲဒီဟာတွေကို ရှင်းရလင်းရတာ လုပ်ပြီးတော့၊ ပြေလည်တော့ သွားတယ်။ ဘဘတို့က ဗဟိုက အမိန့်စာနဲ့ လာတဲ့အတွက် ပြောလည်တော့ သွားပြီ။ ဒါပေမဲ့ အဲဒီမှာစပြီး ပဋိပက္ခလေးတော့ ရှိနေကြပြီ။ တည်းတဲ့ အိမ်ရောက်တော့ ၁၁ နာရီလောက် ရှိပြီ။ အဲဒီမှာ လူငယ်ဖွဲ့စည်းပုံအရ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။
လုပ်တဲ့အချိန်မှာ အောက်မှာက သင်္ကန်းဝတ်တချို့က တကာမကြီး တွေ့ချင်လို့ ဆင်းခဲ့ပါတို့ ဘာတို့ပေါ့လေ။ နောက်ပြီး တရားဟောပါပေါ့လေ။ ဘုန်းကြီးတို့ စောင့်နေပါတယ်ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောတယ်။ ခဏသွားပြီးတော့ ပြေလည်အောင် လုပ်ပေးပါဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ ဘဘဆင်းသွားတယ်။ ဆင်းသွားတဲ့အခါကျတော့ သူတို့ကို တွေ့တယ်။ သူတို့ အမူအရာက မကောင်းဘူး။ ရန်လိုတဲ့ အမူအရာ ဖြစ်နေတယ်။

ဘုန်းကြီးအစစ်တော့ မဟုတ်ဘူး။ သင်္ကန်းဝတ်ထားတဲ့ လူတွေ ဖြစ်တယ်။ သူတို့ရဲ့ အမူအရာက ရန်မူတဲ့ အမူအရာတွေ ဖြစ်နေတော့ ဘဘက တောင်းပန်တယ်၊ ရှစ်ခိုးပြီးတော့ အရှင်ဘုရား ညဥ့်လည်း နက်ပါပြီ၊ တကာမကြီးလည်း အလုပ်က မပြီးသေးပါဘူး။ တနေ့လုံးလည်း ပင်ပန်းနွမ်းနယ်လှပါတယ်။ ဒါပြီးရင်လည်း နည်းနည်းနားဖို့ လိုပါတယ်။ ဆရာတော်အနေနဲ့ မနက် အာရုံဆွမ်းဖိုးပေးပြီးတော့ ပြန်ကြွလာလို့ ရှိရင်လည်း တကာမကြီးကို တွေ့နိုင်ပါတယ်လို့ လျှောက်ထားတယ်။

မတွေ့နိုင်ဘူး၊ မပြန်နိုင်ဘူး။ ဒီနေ့ည ဒီတကာမကြီးကို မတွေ့ရရင် ကျုပ်မပြန်ဘူး။ ခေါ်လာခဲ့၊ ဆင်းပေးပါ။ တပည့်တော်က ခေါ်ပြီး ဆင်းခိုင်းလို့ မရဘူး။ အပေါ်မှာ သူ အလုပ်လုပ်နေတယ်။ ပြီးရင် သူ အနားယူပါမယ်။ အလုပ်လုပ်ရင် ည ၁၂ နာရီ၊ ၁ နာရီထိ ရောက်သွားမယ်။ သူအိပ်ချိန်က ၂ နာရီ၊ ၃ နာရီလောက်ပဲ ရှိမယ်။ ဆရာတော် သံဃာတော်ရှင်မြတ်များအနေနဲ့ ကျောင်းကို ပြန်ပြီး အေးအေးဆေးဆေး ကြွပါ။ ပြီးတော့မှ တရေးတမော အိပ်ပြီးတာ့မှ ပြန်လာပါပြောတာကို မရဘူး။ ပူညံပူညံ လုပ်နေတဲ့အခါမှာ ဘေးနားမှာရှိတဲ့ လူတွေက ရပ်ကြည့်နေကြတာပေါ့။ တခြားတဖက်မှာရှိတဲ့ လူငယ်တွေက ကျောင်းသားတွေ ရောက်လာကြတယ်။ သူတို့ကလည်း အဲဒီလို ဘုန်းကြီးတွေ လုပ်နေတာကို မကြိုက်ဘူး။ မကြိုက်တဲ့ အမူအရာကို လူအုပ်က ပြတဲ့အခါကျမှ သူတို့က ယောင်ချာ၊ယောင်ချာနဲ့ ပြန်သွားကြတယ်။
စိတ်ထဲမှာတော့ သိနေတယ်။ မနက်ဖြန်တော့ တခုတခုတော့ လုပ်မှာပဲဆိုတာ သိနေတယ်လေ။

တကယ်တမ်းကျတော့ ဘေးကနေ လုပ်မယ်ဆိုတဲ့ သတင်းတွေကလည်း ထပ်ထပ်ရနေကြတယ်။ ဒါနဲ့ မုံရွာကနေ ထွက်တော့ လိုက်ပို့တဲ့ လူအုပ်က မနည်းဘူး။ သံဃာတော်တွေရော၊ မုံရွာက ကျောင်းသားတွေရော၊ မန္တလေး စစ်ကိုင်းဘက်က ပါလာတဲ့ အမျိုးသမီးအဖွဲ့တွေရော ကားတန်းတွေက အရှည်ကြီးပေါ့။ အဲဒီမှာ ရှေ့ဆက် တော်တော်လေးသွားတဲ့ အခါကျတော့ ဘုတလင်လောက် ရောက်ခါနီးတော့ ဘာသိလဲဆိုတော့ နောက်က လိုက်လာတဲ့ ကားတွေကို ဖမ်းတယ်၊ ဆီးတယ်၊ တားတယ်၊ ပိတ်တယ်တွေ လုပ်တယ်လို့ ကြားတယ်။

အဲဒီနောက် ကားတွေက ပါမလာဘူး။ ကားတော်တော်များများက ပါလာတယ်။ အမြှီးပိုင်းလေးလောက်တော့ ကျန်ခဲ့တယ်။ ဘုတလင်မှာ အစည်းအဝေးလုပ်တယ်။ လူငယ်တွေ ဖွဲ့စည်းတာတွေ လုပ်တယ်။

ပြီးသွားတဲ့အခါ နောက်အဖွဲ့တွေ မလာသေးတဲ့အတွက်ကြောင့် သွားခေါ်ဖို့ လူလွှတ်လိုက်တဲ့ အခါကျတော့ ဘဘတို့ ရှေ့ဆုံးက လမ်းပြတဲ့ ကားကို ပြန်လွှတ်လိုက်တယ်။ အဲဒီကားလည်း ပြန်မလာဘူး။ အဲဒီမှာ အခြေအနေကတော့ သိပ်မကောင်းတော့ဘူး။ နည်းနည်းတော့ အဖမ်းအဆီး၊ အချုပ်အနှောင်တွေက များနေပြီ။ ဘုတလင်မှာ အားလုံးပြီးသွားတဲ့ အချိန်မှာ ၄ နာရီခွဲ ရောက်ပြီ။

၅ နာရီလောက်မှာ ဘုတလင်က ထွက်လာတယ်။ လမ်းမှာရှိတဲ့ ရွာတွေက ကြိုတာတို့၊ ပန်းကုံးဆွတ်တာတို့ လုပ်တာတွေ ရှိသလို တချို့နေရာတွေက ၁ဝဝ-၁၅ဝ လောက်ရှိတဲ့ လူတွေက တလျှောက်လုံး မပြတ်ဘူး၊ ရှိနေကြတယ်။ တချို့ရွာတွေက တရားဟောခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရားမဟောနိုင်တော့ပါဘူး။ လာကြိုတဲ့ လူတွေကို လက်ကလေးပြပြီး ပြန်နှုတ်ဆက်ပြီးလာခဲ့တဲ့ အချိန်မှာ စိုင်ပြင်ကြီးဆိုတဲ့ နေရာကို ရောက်တယ်။ အဲဒီကို ရောက်တဲ့အချိန်က သိပ်မမှောင်သေးဘူး၊ အလင်းရောင် ရှိတယ်။

ဘယ်အချိန်လောက် ရှိမလဲဆိုတော့ ည ၆ နာရီခွဲလောက် ရှိမယ်။ အလင်းရောင် ကျန်သေးတော့ အဲဒီကို ဝင်လိုက်တယ်။ ဝင်လိုက်ရတဲ့ အကြောင်းအရင်း တခြားမဟုတ်ဘူး။ စိုင်ပြင်ကြီးရွာကို ကိုဝင်းမြင့်အောင် ဒီပဲယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်၊ သူက အဖမ်းခံထားရတယ်။ သူ့မိသားစုတွေကို အားပေးစကားပြောဖို့ ဝင်လိုက်တယ်။ ဝင်လိုက်တဲ့အချိန်မှာ အပြင်မှာ လူအုပ်ကြီးက အများကြီး ရောက်လာတယ်။

လူကတော့ ၄-၅ဝဝဝ လောက် ရှိမယ်။ တချို့ကလည်း သူတို့ကားနဲ့ သူတို့ ဆိုင်ကယ်တွေနဲ့ လိုက်လာကြတယ်။ ပြန်ခါနီးကျတော့ ထွက်လို့ မရဘူး။ ပြောရဟောရ တောင်းပန်ရ လုပ်ရသေးတယ်။ စကားပြောတဲ့အချိန်မှာ အချိန်လေးက ရသွားတော့ ထွက်တဲ့အချိန်က မှောင်စပြုနေပြီ။ စိုင်ပြင်ကြီးက ထွက်လာတဲ့အချိန်က မှောင်စပြုနေပြီ။ ထွက်တဲ့အချိန်မှာ လမ်းပြတဲ့ ကားက မုံရွာဘက် ပြန်သွားတာ ပြန်မလာတော့ ဒေသခံ လမ်းပြ ဂျစ်ကားလေးက ရှေ့က မောင်းပြီးတော့ နောက်ကလိုက်တဲ့ ဘဘကား (တောင်းအေစ့်) က ရှေ့ဖြစ်သွားတယ်။

ဘဘကားနောက်က ဒေါ်အောင်ဆန်းစုကြည်ကား၊ နောက်က မန္တလေး စစ်ကိုင်း မုံရွာတို့က လိုက်ပို့တဲ့ ကားတွေဗျာ။ စိုင်ပြင်ကြီးအထွက်မှာ ကားက တခါရပ်တာ တွေ့လိုက်ရတယ်။ ကျနော်ကလည်း ရပ်စောင့်နေတယ်။ တခါပြန်ထွက်လာတော့ ကျည်ရွာကို ရောက်တယ်။ ကျည်ရွာမှာ တခါရပ်တယ်။ ကျည်ရွာမှာ ရပ်တဲ့ အချိန်မှာ နည်းနည်းလေး ကြာတယ်။ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် ကြာမယ်ထင်တယ်။ ဘဘက ကားကို ရပ်စောင့်တယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်လာပြီး မကြာဘူး သူ့ကားကို ရပ်လိုက်တယ်။ ဘဘတို့ကားလည်း ရပ်လိုက်တယ်၊ သိပ်မကြာဘူး။ ဒေါ်အောင်ဆန်းစုကြည်နောက်က လိုက်လာတဲ့ ကားတွေ ရောက်လာတယ်။

ကလေးတွေက မော်တော်ဆိုင်ကယ်နဲ့ ဘုန်းကြီးတွေ တင်လာတာတွေ အများကြီးပဲ။ သူတို့က အုပ်ကြီးလိုက် ရောက်လာတယ်။ ကျည်ရွာမှာ ရှိနေတဲ့ ကားတွေကို နောက်က လိုက်လာတဲ့ ဒိုင်နာကားပေါ်က လူတွေက ရိုက်ကုန်ပြီ၊ သေတဲ့လူတွေ သေကုန်ပြီ၊ အဘတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ တာဝန်ယူတယ်တဲ့။ ကလေးတွေက ကျနော်တို့ကားနဲ့ ဒေါ်အောင်အောင်ဆန်းစုကြည်ကားကို ဝိုင်းပြီးတော့ လုံခြုံရေး ယူပေးတယ်။

ဘဘကို ကားပေါ်က မဆင်းဖို့ ပြောတယ်။ ဘဘလည်း မဆင်းဘဲ မနေနိုင်ဘူး။ လိုက်သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရဦးမယ်။ အခြေအနေသိအောင် ကားပေါ်ကဆင်းပြီး ဒေါ်အောင်ဆန်းစုကြည် ရှိတဲ့နေရာကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားနဲ့ ဘဘကား ရပ်ထားတဲ့နေရာနဲ့ ကိုက်၂ဝ-၂၅ လောက် ဝေးမယ်။ အဲဒီကို ဘဘသွားလိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကား (Double Cap) ပေါ့။ သူက အလယ်ခန်းမှာ ရှိတယ်။ ဘဘက ကားဘေးရောက်တော့ ကျည်ရွာမှာ ရိုက်ကုန်ပြီးလို့ ပြောတော့ သူ သိတယ်။

ဘဘက အန္တရာယ်ဖြစ်နေတယ်ဆိုတော့ သူ့ကားကို သွားစေချင်တယ်။ ကားကို ဒီပဲယင်းဘက်ကို မောင်းစေချင်တယ်။ ကျနော်က သွားခိုင်းတာကို သူက မသွားဘူးလို့ ပြောတယ်။ နောက်က အရိုက်အနှက်ခံနေရတဲ့သူတွေ၊ သူ့ကို ကြိုဆိုတဲ့ လူတွေကို ရိုက်တာနှက်တာတွေကို သူ လက်မခံဘူး။ ဒါကြောင့်မို့ ဒီလူတွေနဲ့အတူ သူ နေမယ်။ မသွားဘူးဆိုပြီး ပြောတယ်။ စိတ်ထဲမှာတော့ သိပ်စိုးရိမ်သွားတာပေါ့ဗျာ။ မသွားရင်တော့ ဒုက္ခများလိမ့်မယ်ဆိုပြီး၊ နောက်ပိုင်းက အခြေအနေသိအောင် ကြည့်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားနောက်က မန္တလေးကားကို လွန်သွားတဲ့အချိန်မှာ ဘာမြင်လဲဆိုတော့ မီးအနီးရောင်တွေက အပေါ်မှာ အနီရဲရဲတွေ မီးရှို့ထားတဲ့ မီးလောင်တဲ့ပုံ ဖြစ်နေတယ်။ အဲဒီရှေ့က ကားတွေက မီးထိုးထားတာက မီးက အဖြူရောင်ပေါ့။ အဲဒီမှာက လူတွေက ရုတ်ရုတ်သဲသဲ အော်ကြဟစ်ကြနဲ့ ကမ္ဘာပျက်သလိုပါပဲ။ လမ်းဘေးက ဖုံတွေကလည်း ထ၊ မီးအလင်းရောင်အောက်မှာ မြင်ကွင်းတွေက ဆိုးဆိုးရွားရွားတွေ မြင်နေရတယ်။ ဘဘက စိုးရိမ်ပြီးတော့ သိပ်ပြီးတော့ နီးနေပြီဆိုတော့ ပြန်လာတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ကိုသွားဖို့ ပြန်လာတာ။ သူ့ဆီရောက်တော့ အခြေအနေတွေ အားလုံးပြော ပြတယ်။ သူ မသွားဘူးတဲ့။ အဲဒီလို မသွားဘူး ပြောနေတဲ့အချိန်မှာ လှမ်းကြည့်လိုက်တော့ နောက်က ကားတကားကို စပြီး ရိုက်နေနပြီ။ ရိုက်တဲ့ အသံတွေ စပြီး ကြားနေရပြီ။ ဝုန်းဝုန်းနဲ့ ရိုက်သံတွေ ကြားနေရတယ်။ နောက် ဒုတိယကားကိုလည်း ရိုက်နေပြီ။ ဒေါ်အောင်ဆန်စုကြည်ကား (Double Cap) ရဲ့ တံခါးပေါက်ထိပ်နားကို ရောက်လာတော့၊ ကိုတိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တာဝန်ယူတဲ့ လူငယ်က ကားပေါ်မှာပါတဲ့ လူငယ်တွေက ကားအောက်ကို ဆင်းပြီး ကာကွယ်ထားတဲ့ သဘော ရှိတယ်။

အဲဒီအချိန်မှာ ကိုတိုးက အော်လိုက်တယ်။ ဘာ အော်လိုက်လဲဆိုတော့ ဒီကားဟာ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကား၊ ဘဘကလည်း မင်သက်မိနေရာကနေ သတိရလာပြီး ကုန်းအော်တယ်။ ဟေ့ကောင်တွေ မလုပ်နဲ့၊ မရိုက်နဲ့ဆိုပြီး ကုန်းအော်တယ်။ အော်နေတဲ့အချိန်မှာ စက္ကန့်ပိုင်းလေးလောက်တော့ ရပ်သွားတယ်။

သင်္ကန်းဝတ် ရွယ်သူ ၄-၅ ယောက်လောက်က သင်္ကန်းဝတ် ဒုတ်နဲ့ သူတို့က ရှေ့ကဗျာ။ နောက်ကကောင်တွေက ညာသံပေးတဲ့ အကောင်တွေ၊ လူငယ်လူလတ်ပိုင်းတွေ။ သူတို့က ပုဆိုးတိုတိုနဲ့ ခါးစည်းထားတယ်။ နောက် လက်မှာ အမှတ်အသားပါတယ်။ လက်မှာက ဝါးရင်းဒုတ်တွေကို ကိုင်ထားတယ်။ နောက်ကနေ အော်နေတယ်။ ခဲတွေနဲ့ ပစ်တယ်။ ဒီကောင်တွေ ချကွာဆိုပြီး နောက်ကနေ အော်နေတယ်။ ဒုတိယအကြိမ်ရိုက်ဖို့ လုပ်ရာကနေ ရပ်သွားသေးတယ်။ နောက်ကကောင်တွေက ရိုက်ခိုင်းနေတယ်ဆိုတော့ ရိုက်မှာပဲဆိုတာ ဘဘ တွက်ထားတယ်။

ဘဘက ဒုတ်လွတ်တဲ့ နေရာကို နည်းနည်းလေးရှောင်ပြီးတော့ လှည့်လိုက်တဲ့အခါ နောက်က ရိုက်တာပဲဆိုပြီး ရှောင်လိုက်တဲ့အခါ ဘဘ လဲကျသွားတယ်။ ဘဘ ခြေထောက်က ခြေကျင်းဝတ် လည်ပြီးတော့ ထလိုက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားဘောနပ်ရှေ့ရောက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်သွားတယ်။ ကျနော်ကတော့ အဲဒီလို ထွက်သွားတဲ့အချိန်မှာ သိပ်ပြီးတော့ ဝမ်းသာသွားတယ်။ ရိုက်တော့ ရိုက်တယ် မထိဘူးပေါ့။ သူ ဒီသေတွင်းက လွတ်ပြီဆိုပြီး ဝမ်းသာသွားမိတယ်။

ဘဘက ဘဘကားဆီ အပြေးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားကို ရိုက်ရင်းရိုက်ရင်း လိုက်သွားတော့ မမီဘူး။ သူတို့ပါးစပ်က ဆဲတာဆိုတာ၊ ကြိမ်းတာမောင်းတာတွေ လုပ်ရင်းနဲ့ လိုက်သွားတယ်၊ မမီဘူး။ မမီတဲ့ အခါကတော့ ဘဘစီးလာတဲ့ကားကို လှည့်ပြီးတော့ ရိုက်တာပေါ့နော်။

ဘဘကားကလည်း မောင်းထွက်သွားတော့ မမီလိုက်ဘူး။ ဘဘက ကိုက် ၁၅ ကိုက်လောက်မှာ ကျန်ရစ်ခဲ့ပြီးတော့ ဘဘကား ထွက်သွားတယ်။ အဲဒီကောင်တွေက မော်တော်ကားကို မမီတဲ့ အခါကျတော့ ဆဲဆိုပြီးတော့ ပြန်လာကြတယ်။ ရိုက်တဲ့ သင်္ကန်းဝတ်တဲ့ ကောင်တွေနဲ့ နောက်က ညာသံပေးပြီး လုပ်ခိုင်းတဲ့ သူတွေက ပြန်လာကြတယ်။

ကျနော်က လမ်းရဲ့ ညာဘက်ဘေးနားမှာ ငြိမ်ပြီးတော့ နေရတယ်။ သဘောက ညဆိုတော့ မမြင်ဘူး။ လွတ်ရင် ဒီပဲယင်းဆီ ပြေးမယ်ဆိုပြီး ပြင်ထားတယ်။ သူတို့ ဘဘနဲ့ အလှမ်းဝေးတဲ့ နေရာလည်း ရောက်ရော ဒီပဲယင်းဘက်ကို ပြေးတာပဲ။ မောလို့ရှိရင် လမ်းလျှောက်လိုက်၊ အမောလေးဖြေလိုက်၊ ပြေးလိုက်လုပ်တယ်။

ဒီပဲယမ်းဘက်ကို ပြေးလာတဲ့ အချိန်မှာ နောက်ဘက်က အော်သံတွေ ကြားတယ်။ မန်း ၁ ဒီကိုလာစု၊ မန်း ၂ ဟိုဘက်မှာစု ဆိုတဲ့ အသံတွေ ကြားနေရတယ်။ မန်း ၁၊ မန်း ၂ ဆိုတာက မန္တလေးက ခေါ်လာတဲ့ အကောင်တွေပဲလားဆိုပြီး စဉ်စားစရာ ဖြစ်သွားတယ်။ အဲဒီဟာ ကြားပြီးနောက်မှာ ရှေ့မှာ လူတယောက် တွေ့တယ်။ ရှေ့မှာတော့ ဒီကောင်တွေ မရှိသေးဘူးဆိုတာ သိထားတယ်။ ရှေ့မှာ တွေ့ရတဲ့ လူတွေ ငါတို့ဆီဘက်က လွတ်သွားတဲ့ လူတွေ ဖြစ်နိုင်တယ်ဆိုပြီး လှမ်းမေးလိုက်တော့ ခင်ဦးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်နဲ့ တွေ့တယ်။ ကျနော် ခြေကျင်းဝတ် လည်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လွတ်သွားတယ်။ သူတို့ လှမ်းရိုက်တာကို ရှောင်လိုက်တဲ့အတွက် ဒုတ်နဲ့ ထိုးမိတာ ဖြစ်တယ်။ ပါးစပ်မှာ ကွဲသွားတယ်။ သူ့ရင်ဘတ်မှာ သွေးတွေက ရဲနေတာပဲ။

ဒေါက်တာဝင်းအောင် သွားတွေ၊ ဘာတွေ ပျက်စီးသွားတယ်။ ကျနော်မှာ ဖိနပ်မပါတော့ သူ့ဖိနပ်တွေ ဘာတွေ ချွတ်ပေးတယ်။ နှစ်ယောက်အတူတူ သွားတဲ့အခါ ရှေ့နည်းနည်းလေး ရောက်တဲ့အခါမှာ ၉ နာရီ ထိုးသံ ကြားရတယ်။ အဲဒီ နာရီအသံကြားပြီး မကြာခင်မှာ ဒီပဲယင်း တပ်ကနေ ပုဒ်မ ၁၄၄ ထုတ်သံကို ကြားလိုက်ရတယ်။ အဲဒီကနေ ဆက်သွားတဲ့အခါကျ မန္တလေးတိုင်းက လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ကို တွေ့တယ်။

မူလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားပေါ်မှာ ရပ်တုန်းက ကိုတိုးအောင်၊ ညာဘက်က ကျနော်၊ ကျနော်နဲ့ ကပ်ပြီး ရပ်နေတဲ့သူက ဦးတင်အောင်ရဲ့ဘေးက မန္တလေးက ကလေးလေး။ အဲဒီကလေးလေးက သနားစရာ ကောင်းပါတယ်။ သူ့ကို လူကြီးတွေက ရိုက်မယ်လုပ်တော့ အကိုတို့ရယ် ကျနော့်ကို မရိုက်ပါနဲ့ ကျနော်က ကျောင်းသားလေးပါ။ ကျနော်က မိဘကို လုပ်ကျွေးနေတာပါ။ ကလေး သဘာဝအတိုင်းပြောတာ၊ တောင်းပန်နေတာ ကျနော် ကြားယောင်နေမိတယ်။ အဲဒီကနေ ဆက်ပြီးသွားတော့ ဘဘတို့ဘက်က ကားမီးက လင်းလိုက်၊ မှိတ်လိုက်၊ လင်းလိုက်ဆိုတော့၊ ကျနော်တို့ စိတ်ထဲမှာ ထင်တာက ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားပြီးတော့ ကျန်တဲ့လူတွေက သူ့လူကို သူ စောင့်ခေါ်နေတယ် ထင်ပြီးတော့ ဘဘတို့ မြန်မြန်သွားကြတယ်။ ဟိုလည်းရောက်ရော၊ အနားလည်းရောက်ရော၊ ကားတွေက မီးတွေဖွင့်လိုက်တဲ့ အခါကျတော့ ဘဘတို့ကို မီးနဲ့ထိုးထားသလိုဖြစ်ပြီး မီးတွေ လင်းနေတယ်။

ဘဘတို့ကို ရိုက်ဖို့ ဆင်းလာကြတယ်။ ဘဘတို့အနား ရောက်လာတော့ ဘဘက အော်ပြောလိုက်တယ်။ ဟိုက ငါတို့ကို ရိုက်လို့ ငါတို့က အသက်လုပြီးတော့ ထွက်ပြေးလာတယ်။ မင်းတို့က ဒီကနေ ပိတ်ပြီးတော့ လုပ်မယ်ဆိုတော့ကာ မင်းတို့နဲ့ပတ်သက်ပြီး ငါတို့ ဘာလုပ်လို့လဲ။ ငါတို့မှာ ဘာလက်နက်များ ပါလို့လဲ။

မင်းတို့နဲ့ ငါတို့က ဘာဖြစ်လို့လဲလို့ ပြောလိုက်တော့ တန့်သွားတယ်။ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ခဏနေဦး။ သူတို့ကို မေးကြည့်ရဦးးမယ်။ အကောင် နှစ်ကောင် သုံးကောင်လောက်က ပြောတယ်။ ခုနတုန်းက ကားတစီး ဖြတ်သွားတယ်။ အားလုံးပိတ်ဆို့ထားတဲ့ အတားအဆီးကိုလည်း၊ အတင်းတိုက်ပြီးတော့ ထွက်သွားတယ်။ တချို့လူတွေ ထိခိုက်ဒဏ်ရာ ရတယ်။ တချို့ကို ဆေးရုံပို့ရတယ်။

ကျုပ်တို့လူတွေကို သေအောင်လုပ်တဲ့အတွက် ချရမယ်၊ နှက်ရမယ်လို့ အဲဒီလိုပြောတယ်။ ငါတို့က ဟိုက အသက်လုပြေးလာရတယ်။ အခု မင်းတို့က လုပ်မယ်ဆိုရင် ဥပဒေက ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်လို့ ဘဘက ပြောတယ်။ ခေါင်းဆောင် လုပ်တဲ့သူက ခင်ဗျား ဘယ်သွားချင်လဲဆိုတော့ ကျနော်လာရင်းက ဒီပဲယင်း သွားဖို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလာတာ၊ သူဘယ်ရောက်လဲဆိုတာ သိခွင့် ရှိတယ်။ သူနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။

အဲဒီလိုပြောတော့ ဟိုအမှောင်ထဲမှာ ထိုင်နေဆိုပြီးတော့ ပြောတယ်။ အပေါ်က ကောင်တကောင်က ရိုက်မယ်ဆိုပြီး ပြေးဆင်းလာတော့ အပေါ်က ကောင်တွေက ရိုက်ကွာ၊ ထိုးကွာ နိုင်ငံခြားအားကိုးတဲ့ ကောင်တွေ၊ ဘာတွေညာတွေဆိုပြီး အပေါ်ကောင်တွေက ကြွေးကြော်သံတွေ အော်နေကြတဲ့အချိန်မှာ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ပါးစပ်ပိတ်၊ တိတ်စမ်း၊ လုပ်စရာရှိတာ ဒီလူတွေနဲ့ စကားပြောနေတယ်။ မင်းတို့ ပါးစပ်ပိတ်လို့ ပြောတော့ ငြိမ်သွားတယ်။ အဲဒါကိုကြည့်ပြီး ဘဘက စဉ်းစားတာက သူတို့ဟာ အဖွဲ့အစည်းတခုခုက သင်တန်းပေးထားတဲ့ သူတွေလား။ တပ်ထဲက အဝတ်အစား လဲပြီးတော့မှ လုပ်တာလား၊ ရဲထဲကပဲလား ဆိုတာကို စဉ်းစားနေမိတယ်။

ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်တဲ့ ကောင်ရဲ့ အမိန့်ဟာ ကွပ်ကဲမှု အနေအထားအရ လိုက်နာမှု ရှိတယ်။ ချက်ချင်း ပြောတဲ့အခါ ချက်ချင်း ရပ်သွားတာတွေ၊ မသွားနဲ့ဆို မသွားတာတွေ၊ ရပ်ဆို ရပ်တာတွေကို သတိထားကြည့်မိတော့ ဒါဟာ အဖွဲ့အစည်းတခုအနေနဲ့ လာလုပ်တာပဲလို့ အောက်မေ့တယ်။ အဲဒီလို တွေးရင်းနဲ့ ကားသံတွေ ကြားတယ်။

သူတို့ လူတွေထဲက အော်သံတွေ ကြားတယ်။ ရှေ့မှာ လူကြီးတွေ လာတယ်ပြောတဲ့ အချိန်မှာ ကားတွေ ဝင်လာတယ်။ ဘဘတို့ကို မေးနေတဲ့ အကောင်က ပြန်သွားတယ်။ ဟိုမှာပဲ စကားတွေဘာတွေ ပြောနေတော့ ဘဘတို့က ထိုင်နေတယ်။ ခဏနေတော့ ဘဘတို့အထဲက ဦးပေါခင်က အခြေအနေက ဘာမှ မထူးဘူး၊ လူကြီးတွေ လာတယ်လို့လည်း ပြောတယ်။ အဲဒီအချိန်မှာ နည်းနည်းလေးတော့ အခြေအနေ အေးသွားတယ်။ ကျနော့်အနားကနေ အခြေအနေလေး ချောင်းကြည့်လိုက်ဦးမယ်ဆိုပြီး သွားကြည့်တယ်။
သူကြည့်ပြီး ပြန်လာပြောတယ်။ ဟုတ်တယ်။ အခုလာတဲ့ အထဲမှာ ရဲအဖွဲ့က လူကြီးတွေလို့ ထင်ရတယ်။

သူတို့ကို မေးစမ်းနေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ပြန်ပြီး ပို့ပေးဖို့နဲ့ ဒီမှာရောက်တဲ့ လူတွေကိုလည်း လုံခြုံတဲ့ နေရာပို့ဖို့ ပြောတယ်။ အဲဒီလိုပြောနေရင်းနဲ့ နောက်တခေါက် ပြန်သွားတယ်။ ဟိုက လူကြီးတယောက်က လိုက်လာပြီးတော့ ဘဘတို့ကို ဒီပဲယင်းကို ပို့ပေးမယ်။ သူတို့က လုံခြုံရေးကို ထိန်းသိမ်းတဲ့ အဖွဲ့ဝင်တွေ ခင်ဗျားတို့ကို ကျနော်တို့ လိုက်ပို့ပေးမယ်ဆိုပြီးတော့ ကောင်းပြီဆိုပြီး လက်ခံလိုက်တယ်။ နည်းတနည်းတော့ ယုံကြည်မှုလေးတော့ ဖြစ်သွားတာပေါ့။ ကျကျနန စည်းလေးကမ်းလေးနဲ့ ပြောတာလေးတွေ ဖြစ်တဲ့အတွက် ကျုပ်တို့ လိုက်မယ်ဆိုပြီး ပြောလိုက်တယ်။
ဘဘတို့ လုပ်မယ် ပြောတော့ တပ်ကြပ်လေး နှစ်ကောင်ကို ထည့်လိုက်တယ်။ အဲဒီမှာ ကားမောင်းမယ်ဆိုပြီး မီးထွန်းလိုက်တော့ လမ်းဘေးတဘက် တချက်တွေမှာ လူ ၅ဝ အုပ်၊ ၁ဝဝ အုပ်လေးတွေက ဒုတ်တွေနဲ့ ရှိသေးတယ်ဗျာ။ ဟိုဘက်ဒီဘက် ပိတ်ပြီးတော့ ညှပ်ပူးညှပ်ပိတ်လုပ်တဲ့ သဘောတော့ ပေါ်တာပေါ့လေ၊ ဟိုဘက်ဒီဘက်က ၅ဝ စီ - ၁ဝဝ စီ၊ လမ်းတဖက်တချက်မှာ ၂ ဖွဲ့လောက် တွေ့တယ်။

အဲဒါ လွန်သွားတဲ့ အခါကျတော့ လမ်းဘေးတဖက်တချက်မှာ မိန်းမကြီး ၂ဝ လောက် ရှိတယ်။ သူတို့က ထမီတိုတိုနဲ့။ အပေါ်က မျက်နှာပေါ်မှာ တဘက်စတွေ ပေါင်းထားတဲ့ မိန်းမတွေက သူတို့က ဘာအော်လဲဆိုတော့ ပုဆိန်ရိုးတွေ ခွေးတွေ ပြေးပြီ၊ ရှူးရှူးနဲ့ ရယ်ကြမောကြ ဟားတိုက်ကြ လုပ်ကြတယ်ဗျာ။ သဘောကတော့ ခေါ်လာတဲ့ လူတွေကို လုပ်ခိုင်းတာပဲ။ တကယ်တော့ အောက်တမ်းကြတာပေါ့ဗျာ၊ ဘဘ စိတ်ထဲမှာတော့ အဲဒီမိန်းမတွေက တော်တော်အောက်တမ်းကျတဲ့ မိန်းမတွေလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။

အဲဒီလို့နဲ့ ဒီပဲယင်းကို ရောက်တယ်။ ဘဘတို့ကို မယက ရုံးမှာ ထားတယ်။ မယက ရုံးမှာ ထားရင်းနဲ့ ခဏလောက် နေတော့ ဒိုင်နာကားတစီး ဝင်လာတယ်။ ခြံစည်းရိုးမှာ မီးတိုင်တွေ ထွန်းထားတာပေါ့ဗျာ။ ဝင်လာတဲ့ ဒိုင်နာကားက အမှောင်ရိပ်ထဲကို ထိုးပြီးရပ်လိုက်တော့ ကားပေါ်ကလူတွေ ဆင်းလာပြီးတော့ အမှောင်ရိပ်ကနေ အသီးသီး ဝင်သွားကြတယ်၊ အဲဒီ ပုံစံ။ ဘယ်လို့လဲဆိုတော့ သူတို့က အင်္ကျင်္ီ လက်ပြတ်ဝတ်ထားတယ်။ ပုဆိုးတိုတို ဝတ်တယ်။ သူတို့လက်ထဲမှာ ဘာမှတော့ ကိုင်ထားတာ မတွေ့ရဘူး။

ကားပေါ်မှာ ထားခဲ့တာ ဖြစ်နိုင်တယ်။ ၂ ယောက် တတွဲ၊ ၃ ယောက် တတွဲ တွဲပြီးတော့ ရုံးနောက်ထဲကို ဝင်သွားကြတယ်။ သဘောကတော့ဗျာ၊ ဒီနေရာက ည နေရာယူခိုင်းပြီးတော့၊ ဒီနေရာမှာ အသုတ်လိုက် ရောက်လာတဲ့ လူ၊ တာဝန်ခံတဲ့သူ ရောက်လာတဲ့ သဘောပေါ့ဗျာ။ အဲဒီလို လုပ်မယ့်ကိုင်မယ့် သူတွေကို အဲဒီနေရာတင် ထားပြုပြီးတော့ လုပ်ခိုင်းတဲ့ သဘောလို့ ကောက်ချက်ချရတာပေါ့၊ အဲဒီကနေ ဘယ်ပို့လိုက်လဲဆိုတော့ ဒီပဲယင်း ရဲစခန်းကို ပို့လိုက်တယ်။ ရဲစခန်းမှာ ခဏ ထိုင်ခိုင်းပြီးတော့၊ တယောက်က ရဲစခန်းမှူးနဲ့ စကားပြောပြီးတော့ ဘဘတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာပေါ့။

ဘဘကိုကျတော့ အမှုစစ်တဲ့ ရုံးခန်းရှေ့နားက သံဇကာ ကာထားတဲ့ အခန်းမှာ ထားတယ်။ ဘဘနဲ့အတူ ပါလာတဲ့ လွှတ်တော်ကိုယ်စား ၃ ယောက်ကိုတော့ အချုပ်ခန်းထဲ ထည့်တယ်။ သူတို့ကို မလုပ်နဲ့ မလုပ်ပါနဲ့ သူတို့နဲ့ ကျနော်က အတူတူ လာခဲ့တာပါပြောတော့ သူတို့က မလုပ်ပါဘူး။ သူတို့ကို အပြင်မှာပဲ အိပ်ခိုင်းမှာပါ။ သူတို့အတွက် လုံခြုံအောင်လို့ပါဆိုပြီးတော့ ဘဘလည်း ခုနက ပြောခဲ့တဲ့ အခန်းထဲ ရောက်သွားတယ်။ သူတို့ကိုလည်း အချုပ်ခန်းထဲ ထည့်လိုက်တယ်။ မနက်မိုးလင်းတဲ့ အခါကျတော့ ကားတစီး ဝင်လာတယ်။ ဒိုင်နာကား ဖင်ထိုးပြီးတော့ ဝင်လာတော့ ဒဏ်ရာရတဲ့ မန္တလေးက ကိုလှဦး၊ နောက်တယောက်က ကျနော့်ကား မောင်းတဲ့ ကိုအောင်စိုးဗျာ။ ကိုအောင်စိုးက ဘယ်သူ့ကို တွဲချလာလဲဆိုတော့ ကိုတိုးလွင်။ ကိုတိုးလွင်ရဲ့ တကိုယ်လုံးမှာလည်း သွေးတွေ ရဲနေတယ်။ ခေါင်းမှာလည်း သွေးတွေ စီးပြီးတော့ ရဲရဲနီနေတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးယူတဲ့ ကိုတိုးလွင်က အများဆုံး အရိုက်ရတာ ဖြစ်တယ်။ ဆေးဝါး ကုသခွင့်လည်း မပေးပါဘူး။ အကျဉ်းစခန်းထဲ ထည့်တယ်ပေါ့။ မနက်ပိုင်းကျတော့ အဖွဲ့ချုပ်ရုံးတွေကို ချိတ်ပိတ်လိုက်တဲ့အကြောင်း မီရာသတင်းတွေနဲ့ ပြတာပေါ့ဗျာ။ သူတို့က ဘဘတို့ မြင်အောင် ပြတာပေါ့ကွာ။ ဒီလိုမျိုးဖြစ်လို့ အဖွဲ့ချုပ်ရုံးတွေကို ပိတ်လိုက်ရပါတယ်ဆိုပြီးတော့ လုံခြုံရေး အကြောင်းပြပြီး ပိတ်တာပေါ့။ နေ့ခင်းမှာ ဘဘက အိုက်လို့ ရေချိုးချင်တာပေါ့။ မိသားစုတွေနေတဲ့ ဘားတိုက်တွေနောက်က လက်လှုပ်တွင်းမှာ သွားချိုးရတာပေါ့။ သွားချိုးတော့ ဘာကြားလဲဆိုတော့ အိမ်ထောင်လိုင်းမှာနေတဲ့ ဝန်ထမ်းတွေ အချင်းချင်း မနေ့က အဖြစ်အပျက်တွေကို ပြန်ပြောတဲ့ဟာတွေ ကြားတယ်။

ဘယ်လိုကြားလိုက်လဲဆိုတော့ ငါမှာလည်းကွာ ရိုက်ရမယ့်ဟာက အမျိုးသမီးတွေက ငါတို့ ရိုက်မယ်ဆိုတော့ အော်လိုက်တာကွာ၊ အကိုကြီးရယ် မလုပ်ပါနဲ့ဆိုပြီး ဝိုင်းပြီး အော်ကြဟစ်ကြ၊ ငိုကြရယ်ကြနဲ့ကွာ။ ငါ့မှာက ရိုက်ရတော့မလို၊ ရယ်ရတော့မလို ဖြစ်နေတယ်ကွာ။ ဒါပေမဲ့ သူတို့က စပ်စပ်ကလေး လုပ်လွှတ်လိုက်တော့ အော်လိုက်ကြတာများကွာ ဆိုပြီး၊ ပြီးတော့မှ ရယ်မောသံတွေပေါ့ဗျာ၊ ဟားဟား ဟီးဟီးပေါ့ဗျာ။

အော် လက်စတက်တော့ ညက လုပ်တဲ့ အသိုင်းအဝိုင်းက လူတွေက ဒီကကောင်တွေပဲ ထင်တယ်။ ဒီလိုတော့ မှန်းလို့ ရတာပေါ့ဗျာ။ အဲဒီလို သဘောတွေလည်း ရှိတာပေါ့ဗျာ။ ကျနော်လည်း အဲဒီကနေ ပြန်လာပြီးတော့ FIR ဖွင့်ပြီးတော့ တိုင်ချက်တွေဘာတွေ ပေးခဲ့သေးတယ်ဗျာ၊ အဲဒီည အိပ်ပြီး နောက်တနေ့မှာ ကျနော်တို့ အားလုံးကို ခွဲပြီးတော့ ပို့တယ်။ တချို့လည်း ဘယ်ခွဲပို့လဲဆိုတာကတော့ မသိရဘူး ခေါ်သွားတာပဲ။ ကျနော်က သူတို့နဲ့ အတူတူလိုက်မယ်ဆိုပြီး ပစ္စည်းလေးယူပြီး ထွက်တော့ ကျနော် မလိုက်ရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း မလိုက်ရဘူး။

ဘဘတို့ကို တနေရာပို့မယ်ဆိုပြီး ၁ ရက်နေ့ ၃ နာရီမှာ ပို့လိုက်တယ်။ ပို့လိုက်တော့ ဘယ်ရောက်သွားလဲဆိုတော့ ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားတော့တယ်။

ဘဘတို့ ရောက်တော့ ပထမဦးဆုံး တွေ့ရတာက ဆရာဝန်ပေါ့။ ဆရာဝန်က လာပြီး ဘာရောဂါတွေ ရှိသလဲပေါ့ဗျာ၊ မေးတာပေါ့။ ဘဘက ရောဂါရှိသမျှကို ပြောပြတယ်။ ခြေထောက်မှာလည်း သွေးကြောထုံးရောဂါ ရှိတယ်။ သွေးတိုးနည်းနည်း ရှိတယ်။ နောက်ပြီးတော့ ဂေါတ်လည်း ရှိတယ်၊ ဆီးချိုလည်း နည်းနည်း ရှိတယ်။ သူတို့လည်း မှတ်တမ်းတင်ထားတာပေါ့ဗျာ။ ဆေးရုံက ဆရာဝန်က ကလေးမြို့က လာတာဗျာ။ ကလေးမြို့က ဆေးရုံက ကလေးထောင်ကို တယောက်လွှဲထားပေးတယ်။ အဲဒီဆရာဝန်က ဆေးတွေဘာတွေ စစ်ဆေးတယ်။ ကျနော်တို့ ရှိစဉ်ကာလအတွင်းမှာ လာပြီးတော့ စစ်ဆေးတာတွေ လုပ်ပေးပါတယ်။

နောက်ပြီးတော့ သူတို့ လူကြီးတွေက မှာလိုက်ပါတယ်။ ဘဘတို့ အားလုံးအတွက် လိုချင်တာရှိရင်၊ စားချင်တာရှိရင် မှာပါ၊ သူတို့ အကုန်လုပ်ပေးပါမယ်လို့တော့ ပြောတယ်။ သူတို့ဆီက ကြက်သွန်တို့၊ ကြာဇံတို့ လိုအပ်တဲ့ ပစ္စည်းတွေ လာပေးတယ်။ ဘဘအနေနဲ့ တောင်းတာပြုတာ မလုပ်ဘူး။
နေ့ကြီးရက်ကြီး အခါကြီးတွေ ကျပြန်တော့လည်း ကျနော်တို့ အဖွဲ့သားလေးတွေနဲ့လာပြီး လုပ်ကိုင်ပေးတဲ့ ကလေးတွေ စားဖို့ကတော့ စမူဆာလေး ဘာလေးညာလေး ၃ဝဝ ဖိုး၊ ၄ဝဝ ဖိုးလောက်ကတော့ မှာဖူးတယ်။

အဲဒါကိုတာ့ ဘဘက ပိုက်ဆံပေးမယ်လို့ပြောတော့ သူတို့က ပိုက်ဆံမယူဘူး။ တချို့ကိစ္စတွေနဲ့ ပတ်သက်လို့ ဘဘက ပိုက်ဆံပေးတယ်။ ဥပမာ - ထမင်းနဲ့ပတ်သက်တဲ့ ထမင်းချိုင့် သပ်သပ်ရပ်ရပ်လေးဖြစ်ဖို့၊ ရေပုလင်းနဲ့ပတ်သက်လို့ ရေသန့်ဘူးလေး ဘာလေးတွေအတွက် ပိုက်ဆံပေးတယ်။ ဒါပေမဲ့ သူတို့ ပိုက်ဆံပေးတာတွေနဲ့ပတ်သက်လို့ တခုမှ မယူပါဘူး။ လိုချင်တာရှိရင် မှာပါ၊ သူတို့လူကြီးက မှာတယ်ပြုတယ်လို့ ပြောတယ်။

တပတ်နှစ်ပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည်က ပို့လိုက်တဲ့ အားရှိမယ့် အစားအသောက်တွေနဲ့ ဘူးတွေခွက်တွေ ရဖူးပါတယ်။ နှစ်ကြိမ်သုံးကြိမ်လောက် ရဖူးတယ်။ နောက်မှ တော်တော်လေးကြာတဲ့ အခါကျမှ ခြင်ထောင်လေးဘာလေး ပေးတယ်။ အောက်ခင်းဖို့ပြုဖို့ ပေးတယ်။ ကျနော်က ရောက်ရောက်ချင်း တောင်းတာကတော့ ကုတင် အမြင့်လေး တောင်းတယ်။ ဒါတော့ မပေးပါဘူး။ ကျနော်က အခင်းနဲ့ အိပ်ရတယ်။

အဲဒီလိုနေရင်းနဲ့ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ကျတော့ မနက်မနက်တိုင်း နှုတ်ဆက်တော့၊ အသံမကြားရတဲ့ အခါကျတော့ ဘဘမေးကြည့်တော့ သူတို့ ရွှေ့သွားပြီလို့ ပြောတယ်၊ ဘဘ စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်များ ပို့လိုက်သလဲဆိုပြီးတော့ စိတ်ပူတာပေါ့။ ကျနော်နဲ့ ရင်းနှီးတဲ့ ဆရာဝန်ကို မေးကြည့်တော့ သူတို့ကို ကောင်းကောင်းမွန်မွန်၊ ကားနဲ့ လာခေါ်တာတွေ တွေ့လိုက်ရတယ်။ သူတို့ကို ရွှေဘိုထောင်တို့၊ မန္တလေးထောင်တို့ ပို့လိုက်တယ် ထင်တာပေါ့။ နောက်မှာပဲ သိလိုက်ရတယ်၊ လွှတ်လိုက်ပြီဆိုတာ သိလိုက်ရတယ်။

ဘဘကို ဖော်ဖော်ဝါရီလ ၁၃ရက်နေ့ ညတည်းက ပလပ်စတစ်အိပ်တွေ လာပေးတယ်။ မနက်ဖြန်ကျရင် အဘကို တနေရာ ပို့ဖို့ရှိတယ်။ ဘဘကလည်း ဘယ်ကို ပို့မလဲ မေးကြည့်တော့ သူတို့လည်း မသိဘူးလို့ ပြောတယ်။ ဘဘစိတ်ထင် အင်းစိန်ကိုများ ပို့မလား၊ ဘဘ စိတ်ထင်နေမိတယ်။ လေယျာဉ်ပျံက မန္တလေးကနေ ရန်ကုန်ရောက်တော့ မင်္ဂလာဒုံက လူတွေ လာကြိုပြီး၊ ကျနော့်ကို ၁ဝ (က) နဲ့ အိမ်မှာ အကျယ်ချုပ်ကျတယ်။ အဲဒါနဲ့ ၆ နှစ်ပေါ့။ လွတ်လာတာ မကြာသေးဘူးပေါ့ဗျာ။

သင်ပုန်းချေရေး ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်း

ဘဘ အပြင်ရောက်တဲ့အခါ ပထမဆုံးအကြိမ် ကြားတာက အင်းစိန်ထောင်ကို ရောက်သွားတယ်လို့ ကြားတယ်။ နောက်တော့ အိမ်ချုပ်ချထားတယ်လို့ ကြားတယ်။ အဲဒီတုန်း မစ္စတာ အစ္စမေးလ်လာတဲ့ အချိန်နဲ့ ကိုက်နေတယ်။ လူကြီးတွေက တွေ့ဖို့ ခေါ်တယ်ပြောတော့ ဘဘတို့ လိုက်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီအချိန်က ညောင်နှစ်ပင် ညီလာခံကလည်း ခေါ်မယ် လုပ်နေတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်မှူးကြီးသန်းထွန်းတို့၊ ပြည်ထဲရေးဝန်ကြီး ကိုတင်လှိုင်တို့၊ ကိုကျော်ကျော်ဝင်းတို့ လာတွေ့တယ်။

အဓိပ္ပာယ်ကတော့ လာတွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒီပဲယင်းနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို သူ့ကို ဘာမှ မပြောဘူး။ သင်ပုန်းချေတဲ့ သဘောကို ပြောလိုက်တယ်။ တဖက်က ဘာလုပ်ပေးဖို့ လိုလားလဲ ဆိုတော့ကာ၊ ညောင်နှစ်ပင် ညီလာခံတက်ဖို့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသမားတွေကို လွှတ်ပေးဖို့၊ အဖွဲ့ချုပ် မြို့နယ်မှာရှိတဲ့ ရုံးတွေကို ဖွင့်ပေးပြီးတော့ လုပ်ရိုးလုပ်စဉ် စည်းရုံးရေး ကိစ္စတွေကို ငြိမ်းချမ်းစွာနဲ့ လုပ်နိုင်ရန် ခွင့်ပြုဖို့၊ နောက်တခုက အဖွဲ့ချုပ်က ညီလာခံကိုယ်စားလှယ်ကို မိမိအဖွဲ့ချုပ်အနေနဲ့ ရွေးချယ်ခွင့်ပေးဖို့၊ နောက်တခုကတော့ အခုလက်ရှိ ညီလာခံ ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ဖြစ်၊ ညီလာခံ မခေါ်ခင်မှာဖြစ်စေ၊ ခေါ်ပြီးဖြစ်စေ ညှိနှိုင်းဆွေးနွေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ ဟာတွေကို ဘဘတို့က ပြောတယ်။ ခုနက လာပြောတဲ့ သူတွေက ပြန်သွားတယ်။

ဟိုဘက်က လာပြန်ပြောတယ်။ အမတို့ဘက်က ဒီပဲယင်းကိစ္စနဲ့ပတ်သက်လို့ ဘာမှ မပြောတော့ဘူး၊ သင်ပုန်းချေမယ်လို့ ပြောတဲ့အခါ ဟိုဘက်က သူတို့လူကြီးက အရမ်းဝမ်းသာတယ်လို့ ပြောတယ် အမရေဆိုပြီး လာပြောတယ်။ အမတို့ဘက်က စီစဉ်စရာရှိတာ ဆက်ပြီး စီစဉ်ပါလို့ ပြောတယ်။ ဘဘတို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်။ ဘဘတို့ဘက်က ညောင်နှစ်ပင် ညီလာခံကို တက်ရောက်နိုင်တဲ့ အနေအထားဖြစ်တော့ တက်မယ်ဆိုပြီးတော့ အုပ်စုနှစ်ခု ခွဲလိုက်တယ်။ ညီလာခံမှာ ဥက္ကဋ္ဌကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ တက်မယ်။

အရင်တုန်းက တက်ခဲ့တဲ့ အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေက ပြန်လာ၊ လူလတ်ပိုင်းက လူတွေ ပြန်တက်၊ ဥပဒေဆွဲတာတွေကို နားထောင်၊ ရေးစရာ ရှိတာတွေကို ရေးသားမှတ်သားလာ၊ ညီလာခံ ပြီးတဲ့အချိန်က ရုံးချိန်ဆိုရင် ရုံးမှာ တွေ့မယ်။ ရုံးချိန်မဟုတ်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တွေ့မယ်။

တနေ့လုံး လုပ်ခဲ့တဲ့ ညီလာခံ ကိစ္စတွေကို ပြောကြမယ် ဆိုကြမယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး နားထောင်၊ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မလဲဆိုတာ ဆွေးနွေး၊ ဆုံးဖြတ်၊ အတည်ပြုပြီးလို့ရှိရင် အဲဒီညီလာခံတက်တဲ့ လူတွေက ပြောဖို့ဆိုဖို့ အစီအစဉ်တွေလုပ်၊ ဘာညာပေါ့လေ။ နောက် ဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေခဲ့မယ့် ဘဘတို့တတွေက ကျန်ခဲ့မယ်။ လွတ်လာတဲ့ အထဲက ဦးဝင်းတင်၊ ဒေါက်တာသန်းငြိမ်းတို့၊ ဒေါ်မေဝင်းမြင့်တို့ စသဖြင့် လွတ်လာတဲ့ ပုဂ္ဂိုလ်တွေထဲက ညီလာခံ တက်ခိုင်းသင့်သူတွေကို တက်ခိုင်းပြီးတော့ ဦးဝင်းတင်နဲ့ ကျနော်တို့က အတူတကွ ပြောတဲ့ဆိုတဲ့ ဟာတွေကို နားထောင်ပြီးရင် တွေ့ဆုံဆွေးနွေးပြီးတော့ ရေးကြခြစ်ကြဖို့ပေါ့ဗျာ။ လွတ်တဲ့အထဲမှာ ကိုကျော်စန်းတို့၊ ဗိုလ်ဝင်းထိန်တို့ စသည်အားဖြင့် နာမည်တွေကတော့ တော်တော်များများ ပြောပါတယ်။ အဲဒါမျိုး အဖွဲ့ ၂ ဖွဲ့ ခွဲလိုက်တယ်။ ညီလာခံတက်မယ့် အထဲမှာ ဦးအောင်ရွှေ ခေါင်းဆောင်မယ့် အဖွဲ့နဲ့ နောက်မှာ ကျန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်မယ့် အဖွဲ့၊ ၂ ဖွဲ့ လုပ်မယ်လို့ စီမံထားတယ်။

ညီလာခံ ဖွင့်ဖို့ နှစ်ရက်လောက်အလို ထင်တယ်။ ကျနော်တို့ကို ခေါ်လို့သွားတယ်။ သူတို့ဘက်က လာသွားတယ်။ အမရေ ဒါနဲ့ ပတ်သက်တာကတော့ အစီအစဉ်ကတော့ အဲဒီအတိုင်း မဖြစ်ဘူး။ အမတို့ တက်မယ်ဆိုရင် ဒီအတိုင်းပဲ တက်ပါဆိုပြီးတော့ ပြောတယ်။ သဘောကတော့ ပထမဆုံး စီမံတဲ့ ကိစ္စကတော့ သူတို့ လူကြီးတယောက် နေမှာပေါ့။ အဲဒီလို ခွင့်မပြုဘူး၊ သဘောမတူဘူးဆိုတာက တခြားလူကြီးတယောက် ဖြစ်မှာပေါ့။ အဲဒီလိုပဲ ဘဘတို့က အောက်မေ့တာပေါ့နော်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောတာကတော့ ကျမတို့က ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပျက်တဲ့ အားလုံးကို သင်ပုန်းချေထားတယ်။ ပြောလည်း မပြောဘူး၊ ဆိုလည်း မဆိုဘူး။ ကျမတို့ဘက်က ခံထားရတဲ့ အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေ၊ အရိုက်ခံရတဲ့ ပုဂ္ဂိုလ်တွေ၊ အသက်မသေခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ နစ်ဆုံးရှုံးမှုတွေ အားလုံးကို ကျမတို့ဘက်သားတွေကို ပြေလည်အောင် ပြောရမယ့် ကိစ္စ၊ ကျမ အန္တရာယ်ကို စွန့်ပြီးတော့ ပြောရမှာပါ ဆိုပြီးတော့ သူတို့ကို ပြန်ပြီး ပြောလိုက်တယ်။

ညီလာခံကို တက်ဖို့၊ မတက်ရင် အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝဟာ အဖွဲ့ချုပ်ရဲ့ တာဝန်ဖြစ်တယ်။ ဆိုလိုတာကတော့ ခြိမ်းခြောက်တဲ့ သဘောလည်း ပါတယ်ပေါ့ဗျာ။ အဲဒီတော့ မတက်ဘူး။ ဒီနေ့
အတိုင်းအတာက သိတဲ့အတိုင်းပဲ မှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူး။ အခြေအနေ အရပ်ရပ်ဟာ အဲဒီ အချိန်တိုင်း ထိခိုက်ခဲ့တာ အမှန်ပဲ။ အဖွဲ့ချုပ်အနေနဲ့ကတော့ ရှေ့ဆက်ပြီး မိမိတို့အဖွဲ့ချုပ် စိတ်ဓာတ်နဲ့ ရပ်တည်ပြီး ပြည်သူလူထုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကိစ္စတွေကို ဆက်လက်အောင်မြင်သည်အထိ ကြိုးစားသွားမယ်ဆိုတာကို သန္နိဋ္ဌာန် ချထားတယ်။

ဘဘတို့ ဖြစ်ပျက်ခဲ့ကိစ္စ အဝဝကိုလည်း ပြည်သူလူထုတရပ်လုံး တိုင်းရင်းသား အားလုံး၊ အဲဒီထဲမှာ တပ်မတော်သားတွေ အပါအဝင် ပြည်သူသားလျှင် အမိ၊ ပြည်သူသာလျှင် အဖ ဖြစ်တဲ့အတွက် တပ်မတော်သားတွေကလည်း ပြည်သူပြည်သားက မွေးဖွားတဲ့ သားသမီးဖြစ်တဲ့ အားလျော်စွာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကျနော်တို့ဟာလည်း အောင်မြင်သည်အထိ ဆောင်ရွက်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာတဲ့ အဖွဲ့ချုပ်ဖြစ်တဲ့အတွက် အဖွဲ့ချုပ်ဟာ အဲဒီစိတ်ဓာတ်နဲ့ ရှင်သန်နေတာမို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဝင်တွေ အပေါ်မှာ ပြည်သူပြည်သားများ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး၊ တပ်မတော်သားတွေ အားလုံး ဝိုင်းဝန်းပြီးတော့ စာနာထောက်ထားပြီးတော့ နားလည်မှုရှိပြီး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ပြောချင်တော့တယ်။

တွေ့ဆုံဆွေးနွေးမှု

ဒီလို တိုက်တာခိုက်တာတွေတော့ မကောင်းဘူး။ ဘယ်သူလုပ်လုပ် ဘဘအနေနဲ့ကတော့ မကြိုက်ဘူး။ ဒါက အဖြေမှ မဟုတ်ပဲဗျာ။ အဖြေက တယောက်နဲ့ တယောက် ယုံကြည်မှု ရဖို့ရာအတွက် စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးဖို့ပဲဗျာ။ အဲဒီဟာပဲ။ သူတို့ လုံပမ်းနေတာက ပါတီထောင်ကတည်းက အဆင့်လိုက် အဆင့်လိုက် မပြတ် တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့အတွက် လုပ်ခဲ့တယ်။ ဒါတင် မကသေးဘူး။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်နယ်တိုင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားများ စုဝေးပြီးတော့ လွှတ်တော်သဘောနဲ့ သူတို့အစိုးရ ရပ်တည်နေတဲ့ ဒီဖက်တို (တရားမဝင်) အစိုးရကနေ၊ တရားဝင် အစိုးရဖြစ်အောင် လွှတ်တော်ကနေ သဘောတူ ခွင့်ပြုပြီးတော့ တရားဝင် အစိုးရအဖြစ် ကြေညာပေးဖို့ ဒီလို လုပ်ခဲ့တာပဲ။ သူတို့ ဆက်ပြီးတော့ ရွေးကောက်ပွဲပဲ လုပ်လုပ်၊ ဘာပဲလုပ်လုပ် ကျနော်တို့ ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲကို ဂုဏ်ပြုဖို့၊ အသိအမှတ်ပြုဖို့ပဲ။ ဒါပဲ ကျနော်တို့က ပြောနေတာပဲ။ အသိအမှတ်ပြု ဂုဏ်ပြုလိုက်တယ်ဆိုရင် သမိုင်းမှာ အစဉ်အလာကောင်းတွေ ဖြစ်သွားမှာပေါ့။ ၉ဝ ခုနှစ် ရလဒ်ကောင်းတွေ ရှိရဲ့သားနဲ့ ထပ်မံပြီးတော့ ရွေးကောက်ပွဲသစ် လုပ်မယ်၊ ရလဒ်သစ် လုပ်မယ် ဆိုတာကတော့ သမိုင်းမှာ မကောင်းဘူးဗျာ။ အင်မတန် သမိုင်းမှာ အရုပ်ဆိုးတဲ့ ဟာကြီးဗျာ။

အရုပ်ဆိုးတဲ့ ဟာကြီး ဖြစ်တာကို နောင်လာနောက်သားတွ အတွက် မကောင်းသော ပညာပေးမှု၊ မကောင်းသော သင်ခန်းစာလို့ ကျနော်တို့က ယူဆထားတဲ့အတွက် မလုပ်ကောင်းဘူးဗျာ။ နောင်မှာလည်း လုပ်စရာရှိတဲ့ လုပ်ငန်း အဝဝကို ဘာပဲလုပ်လုပ်၊ ဘယ်သူကပဲ လုပ်လုပ်၊ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားတာကိုပဲ အားပေးချင်တယ်။ ကျနော်ပြောသလို ဒီပဲယင်းဟာမျိုး အကြမ်းဖက်မှုတွေက ဒီမှာ နှစ်ပေါင်း ၆ဝ ကျော် ရှိပြီဗျာ။ တယောက်နဲ့တယောက် အပြန်အလှန် စကားစစ်ထိုးမှုတွေက တော်လောက်ပြီဗျာ၊

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေက ချွတ်ချုံကျနေပြီ။ ပြည်သူလူထုနဲ့ ပတ်သက်ပြီးတော့ ကယ်တင်ရမယ့် ကိစ္စမှာ ဟိုဘက်က အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့၊ ဒီမိုကရေစီ အင်အားစုတွေနဲ့၊ ပြည်သူလူထုက ထောက်ခံအားပေးတဲ့ အထောက်အခံ အများဆုံးဖြစ်တဲ့ ကျနော်တို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပွဲဝိုင်းမှာထိုင်ပြီး လျှော့နိုင်သလောက်တွေ လျှော့ပြီးတော့၊ အပေးအယူတွေ လုပ်မယ်ဆိုရင် ဖြစ်ပါတယ်ခင်ဗျာ။ ဘဘကတော့ အဲဒီလိုပဲ မြင်တယ်။

သူတို့မှာ လက်နက်တွေ ရှိလို့၊ ငွေတွေ ရှိလို့၊ ပါးစပ်မှာ အာဏာတွေ ရှိလို့ လုပ်တဲ့ဟာတွေကလည်း အမှန်မဟုတ်ဘူးဗျာ။ အကြမ်းဖက်မှု လုပ်လို့ ပြန်ပြီး တုံ့ပြန်တယ်ဆိုတာလည်း အဖြေမဟုတ်ဘူးဗျာ။ ဘယ်တော့မှ မပြီးဘူးဗျာ။ ပြီးနိုင်တဲ့ ကိစ္စကတော့ ပြည်သူလူထု အကျိုးစီးပွား၊ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း အဘက်ဘက်က ကျရှုံးနုံနဲ့နေတဲ့ဟာကို ပြန်ပြီး မတ်လာအောင် လုပ်ဖို့ဟာကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ကြားလူမပါဘဲ အေးအေးဆေးဆေး တွေ့ပြီးတော့ အပေးအယူ လုပ်လိုက်ပြီးတော့ လျှော့တန်တာတွေ လျှော့လိုက်ရင် ဖြစ်ပါတယ်ဗျာ။ ဘဘအနေနဲ့ အသက်အရွယ် ကြီးလာပြီဆိုတော့ တိုင်းပြည်မှာ တိုးတက်ကောင်းမွန်ပြီးတော့ အေးအေးချမ်းချမ်း ဖြစ်သွားတာကို မြင်ချင်တယ်ဗျာ၊ ဒါပဲ။
http://www.mizzimaburmese.com/edop/songpa/5452-2010-05-31-09-12-23.html

‘’စု-လွှတ်-တွေ့’’



ဦးဝင်းတင်
(ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) ကို ၁၉၃ဝ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အဖ ဦးပုနှင့် အမိ ဒေါ်အမာတို့က ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မွေးဖွားခဲ့သည်။

မွေးချင်း ၂ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ၁၅ နှစ်ခန့် အသက်ငယ်သော ညီမ ဒေါ်တင်တင်မြင့်မှာ အငြိမ်းစား ကျောင်းဆရာမအဖြစ် ရန်ကုန်မြို့တွင် လက်ရှိ နေထိုင်လျက်ရှိသည်။

ကြို့ပင်ကောက်မြို့ အမျိုးသား အထက်တန်းကျောင်းနှင့် ရန်ကုန်မြို့ လမ်းမတော် မြို့မအထက်တန်းကျောင်းတွင် အခြေခံပညာကို ဦးဝင်းတင် သင်ကြားခဲ့သည်။ ထို့အပြင် ၁၉၄ဝ မှ ၁၉၄၄ ခုနှစ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲကာလ၌ ရန်ကုန်တွင် လှည့်ပတ်၍ ကျောင်းတက်ခဲ့ရသည်များလည်း ရှိသည်။

၁၉၄၇-၄၈ ခုနှစ်တွင် ကြို့ပင်ကောက် အမျိုးသား အထက်တန်းကျောင်း၏ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပြီး ၁၉၅၂ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဒဂုံမဂ္ဂဇင်း၌ ကဗျာစတင်ရေးသားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် အကျိုးဆောင် ဂျာနယ်နှင့် သံတော်ဆင့် သတင်းစာတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅ဝ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း (စာပေဗိမာန်) ၌ စာပြုလက်ထောက်အယ်ဒီတာ၊ AFP ပြင်သစ်သတင်းဌာန၌ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။

၁၉၅၅ မှ ၁၉၅၇ ခုနှစ်အထိ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ ဂျမ်ဘာတန် စာအုပ်ကုမ္ပဏီ၌ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၇ မှ ၁၉၅၈ ခုနှစ်အထိ ကြေးမုံသတင်းစာ အယ်ဒီတာ၊ ၁၉၅၈ မှ ၁၉၆ဝ ခုနှစ်အထိ ပြည်သူ့အိုးဝေ သတင်းစာ တာဝန်ခံ အယ်ဒီတာနှင့် ၁၉၆ဝ မှ ၁၉၆၉ ခုနှစ်အထိ ကြေးမုံသတင်းစာ အမှုဆောင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။

၁၉၆၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သတင်းစာဆရာများအဖွဲ့ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ စည်းရုံးရေးမှူး၊ ၁၉၆၂ မှ ၁၉၆၄ ခုနှစ်အထိ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီအတွင်းရေးမှူး၊ ၁၉၆၉ မှ ၁၉၇၉ ခုနှစ်အထိ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။

၁၉၇၈ ခုနှစ်တွင် မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့၏ ဗဟိုစည်းရုံးရေးကော်မတီဝင် ဖြစ်ခဲ့ပြီး ယင်းနှစ်တွင် မန္တလေးတိုင်း အထွေထွေ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဒုဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ် NLD စတင်ဖွဲ့စည်းစဉ် ဦးဆောင်ပါဝင်ခဲ့ပြီး ၁၉၈၈-၁၉၈၉ ခုနှစ်တွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူး ဖြစ်ခဲ့သည်။

အသက် ၆ဝ နှစ်အရွယ် (၁၉၈၉ ခုနှစ်) တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။ နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် အင်းစိန်အကျဉ်းထောင်သို့ ထိုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ပို့ဆောင်ခံခဲ့ရသည်။

၁၉၉၃ ခုနှစ်တွင် အမေရိကန် အောက်လွတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဘီလ်ရစ်ချတ်ဆန်နှင့် အင်းစိန် အကျဉ်းထောင်အတွင်း တွေ့ဆုံခွင့် ရရှိခဲ့သည်။ ထိုစဉ်က ဦးဝင်းတင်သည် သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများ၊ အကျဉ်းထောင်တွင်း အခြေအနေများကို ပြောဆိုခြင်း မရှိဘဲ နိုင်ငံရေးလမ်းစဉ်တရပ်ကို ပြောဆိုခဲ့သည်။ ‘’စု-လွှတ်-တွေ့’’ ဟူသည့် လမ်းစဉ်ဖြစ်သည်။

‘စု’ သည် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ ‘လွှတ်’ သည် ၁၉၉ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်အတိုင်း လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးရန်၊ ‘တွေ့’ သည် အတိုက်အခံ ဒီမိုကရေစီအင်အားစု ပါတီပေါင်း ၁ဝဝ ကျော်က လုပ်ပိုင်ခွင့်အာဏာ (Mandate) ပေးအပ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နဝတ စစ်ကောင်စီတို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ (Dialog) ဖြစ်သည်။

အကျဉ်းထောင်အတွင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးနှင့် တွေ့ဆုံခွင့် ရရှိသော်လည်း ၎င်းနေရာတွင် ဆက်ခံသည့် မစ္စတာ တောမတ်ကွင်တားနားကိုမူ တွေ့ဆုံရန် ငြင်းဆိုခဲ့သေးသည်။ စစ်အစိုးရ၏ ဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် တွေ့ဆုံရမည်ဆိုသဖြင့် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

အကျဉ်းကျပြီး ၆ နှစ်ခန့်အကြာ ၁၉၉၅ ခုနှစ်တွင် ထောင်တွင်း၌ သတင်းစာ၊ နိုင်ငံရေး သတင်းလွှာ၊ ကဗျာများကို လျှို့ဝှက်စွာ ရေးသားထုတ်ဝေခဲ့သည်။ အကျဉ်းထောင်အတွင်း ဖြစ်ပျက်နေသာ အဂတိလိုက်စားမှု၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ အနေအထိုင် ကျပ်တည်းပုံ၊ မဝရေစာ စားသောက်ရပုံများကို ရေးသားပြီး အကျဉ်းသား ၁ဝဝ ကျော်၏ လက်မှတ်များရရှိအောင် ကြိုးစားကာ ကမ္ဘာ့ကုလသမဂ္ဂထံ တိုင်ကြားခဲ့သည်။

၁၉၉ဝ ခုနှစ်ကာလအတွင်း အကျဉ်းထောင်အတွင်းမှနေ၍ ဦးဝင်းတင်ရေးသားခဲ့သော ‘’ကျားရဲ ငါ’’ ဟူသည့် ကဗျာသည် ထောင်ပြင်ပသို့ ရောက်ရှိပြန့်နှံ့ခဲ့သေးသည်။ ထိုကဗျာမှာ …

ကျားရဲ ငါ

နေပြင်းရင် နှင်းမှုန်ရင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။

အခန်းကျဉ်းကျဉ်း
အလင်းမဝင် လေမဝင်
နေမမြင် လမမြင်
လူမမြင် သူမမြင်
ထိုင်ရင်ထိုင် မထိုင်ရင်ငေး
အိပ်ရင်အိပ် မအိပ်ရင်တွေး။

သတင်းမေးဖို့ ဝေးရော
သီချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော
စကားလေးမှ မပြောရ။

အဟောသိက သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းလေး ပတ်လျှောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တပ်တပ် တနေကုန်။

မနေ့ကလဲ တနေကုန်
ဒီနေ့လဲ တနေကုန်
နက်ဖြန်လည်း ကုန်ဦးမယ်။
ကုန်ကုန်ကုန်
ကုန်ချင်သလောက် ကုန်စမ်း
တရက်ကုန်မလား တသက်ကုန်မလား
တလကုန်မလား တဘဝကုန်မလား
တနှစ်ကုန်မလား တခေတ်ကုန်မလား။

အားမလျှော့ဘူး မပျော့ဘူး
ပေဖြစ်တော့ခံမယ် တူဖြစ်တော့နှံမယ်။

အမှန်တရား ဒို့ဘက်မှာရှိတယ်
ပြည်သူအများ ဒို့ဘက်မှာရှိတယ်
ကာလယန္တရား ဒို့ဘက်မှာရှိတယ်
ရှင်တော်ဘုရား ဒို့ဘက်မှာရှိတယ်
သိကြရဲ့လား ဟား ဟား ဟား ဟား။

တိရစ္ဆာရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်သလား။

မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။

မှားထားဟေ့
အဝါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း
အရှင်းသား မလွဲမရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ

ငါလည်း အဲဒီလိုပဲကွဟေ့။ ။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်ဖြစ်သည့် ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားဘဝဖြင့် ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရာမှာ ပြန်လည်လွတ်မြောက်ခဲ့သည်။ လွတ်မြောက်ပြီးနောက် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။

သတင်းစာဆရာကြီး ဦးဝင်းတင်သည် ၂ဝဝ၁ ခုနှစ်တွင် UNESCO မှ ချီးမြှင့်သော Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးဆု (Guillermo Cano World Press Freedom Prize) ဆု၊ ၂ဝဝ၁ ခုနှစ်တွင် ကမ္ဘာ့သတင်းစာများ အသင်း၏ လွတ်လပ်ရေးအတွက် ရွှေကလောင်ဆု (Golden Pen of Freedom Award) ဆု၊ ၂ဝဝ၆ ခုနှစ်တွင် နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF က ချီးမြှင့်သော (Reporters Without Border) ဆုနှင့် ၂ဝဝ၈ ခုနှစ်တွင် ဂျာမဏီနိုင်ငံ Leipzig မြို့မှ ချီးမြှင့်သော (Prize of the freedom and future of the media) ဆုများ ရရှိခဲ့သည်။

၂ဝ၁ဝ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အသက် ၈ဝ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကိုယ်တွေ့ ထောင်တွင်းအတွေ့အကြုံများ ရေးသားထားသည့် “ဘာလဲဟေ့ လူ့ငရဲ” စာအုပ် ထုတ်ဝေဖြန့်ချိခဲ့သည်။
http://www.mizzimaburmese.com/special/research/4622-nld-cec-.html

မေ ( ၃၀ ) ဒီပဲယင်းလူသတ်ပွဲ အထိမ်းအမှတ် နအဖ စစ်သံရုံးရှေ့ ဆန္ဒပြသပွဲ အခမ်းအနား ( ကိုရီးယား )





လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။ 06-2010.

8888 People Powe Jun 1 June 06-2010

Funny burmese Junta


http://www.youtube.com/watch?v=AFuunoQ1qyY&feature=player_embedded#!

Sunday, May 30, 2010

စစ်အစိုးရအကြိုက် ရွေးကောက်ပွဲဝင်ချင်လျှင်.... NLD ကို မစော်ကားမိစေချင်။


စစ်အစိုးရအကြိုက် ရွေးကောက်ပွဲဝင်ချင်လျှင် ကိုယ့်ဘာသာကိုယ်ဝင်ပါလား၊ NLD ကို မစော်ကားမိစေချင်။

ပြီးခဲ့သောအကြောင်းအရာများကို မည်သည့်အတွက် ပြောလာသနည်းတော့မသိ။ နိုင်ငံရေးအမြတ် တခုခုများရမည်လား ဆိုပြီး တွက်ချက်ပြီး ရေးလာခြင်းလို့တော့ ယုံကြည်စရာဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပါတ်သက်၍ ရေးကြဆိုကြပြီဆိုလျှင် လူတွေမျက်စိကျကြသည်ဟု ထင်ထားသည်လားမသိ။ ယခုလည်း သည်လိုရေးလျင် နာမည်များကြီးလာမည်ဟု ထင်ထားပုံရသည်။ သို့သော် လက်တွေ့မှာ နာမည်ကောင်းတော့ ရမည်မထင်။ ငပွကြီးနာမည်ကိုတော့ ဘွဲ့တလုံးအနေနှင့် ရမည်မှာ သေချာပါသည်။ ပါလီမန်ဒီမိုကရေစီပါတီ PDP -စာစောင်ကို ဖတ်ကြည့်မိပါသည်။ ချက်ချင်းအော့နှလုံး နာမိလာပါသည်။ အကြောင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ဆောင်ရွက်ခဲ့ခြင်းများသည် ယနေ့ဆိုလျှင် ၁ လ တင်းတင်းပြည့်ပါပြီ။ သည်တော့ ဘာများပြောစရာရှိပါတော့မည်နည်း။
သုံးသပ်ပုံကလေးများကို ဖတ်ကြည့်သည့်အခါ လက်ရှိပကတိမျက်မှောက် ကာလနှင့် ကင်းကွာနေသည်ကို တွေ့ရှိရသည်။ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို မကြောက်၊ ပြည်သူတွေကိုသာကြောက်သည်ဟု ဆိုပါသည်။ ၈ လေးလုံးကျောင်းသားတွေကို မကြောက်၊ လက်နက်ကိုင်သူပုန်တွေကို မကြောက်ဟု ဆိုပါသည်။
မြန်မာနိုင်ငံရေးလောကမှာ ပြည်သူကိုကြောက်သောစစ်အစိုးရမှာ တကြိမ်တခါမျ မရှိသည်ကို နားမလည်သေးဟု တွေးမိပါသည်။ ပြည်သူမပြောနှင့် ဘုန်းကြီးရဟန်းသင်္ဃာတွေကိုတောင် မရှောင် ၊ ပစ်သတ်လိုက်သည်မှာ ပူပူနွေးနွေးဘဲ ရှိပါသေးတော့သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို မကြောက်လျင် လွှတ်ပေးလိုက်ပါလားဟု ပြောစရာရှိပါတော့သည်။ စစ်အစိုးရက ဘာကြောင့်များ လွှတ်မပေးသလဲဆိုသည်ကို နားလည်ဖို့လိုပါသည်။ အမြင်သေးသိမ်ပြီး ငါ့စကားနွားရပြောလျင် နိုင်ငံရေးအောက်တန်းကျခြင်းဘဲဟု ပြောစရာဖြစ်ပါသည်။ ပြီးတော့ ဆိုပါသေးသည်။
ယူနီဖေါင်းဝတ်စစ်ဗိုလ်က ယူနီဖေါင်းချွတ်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်က ထင်ရှားစေပါသည်ဟု ထောက်ပြထားပါသည်။ သို့ဆိုလျင် ဤမျှသိရှိထားပါလျှက် မည်သည့်အတွက်ကြောင့် ရွေးကောက်ပွဲဝင်ရန် အားသန်နေရပါသနည်း။ အသားလွတ်ကန်ချနေသော စာသားမျိုးဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား မိမိတို့ထုတ်ဝေသောစာစောင်မှ ရေးသားဖြန့်ချီခြင်းမှာ တဖက်သတ်ပွဲဖြစ်နေပါသည်။ ကြည့်ကောင်းသောပွဲ မဟုတ်သောကြောင့် ကျွန်တော်တို့ ပွဲကြည့် ပရိတ်သတ်က ကြားမှ အနိုင်အရှုံး ဆုံးဖြတ်ပေးစေလို၍ ၀င်ရောက်ရေးသားရခြင်းဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးနှင့် ပါတ်သက်၍ မှတ်ပုံမတင်သော အဖွဲ့အစည်းကို ဘာမျှပြောစရာမလိုတော့ဟုထင်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များက ရွေးကောက်ပွဲဝင်သောပုဂ္ဂိုလ်များ၊ ပါတီများကို မည်သို့မျှမဝေဖန်ခြင်းမှာ နိုင်ငံရေးသြဇါနှင့် ဂုဏ်သိက္ခာကြီးမားသူများဖြစ်ကြောင်း လက္ခဏာကို ဖေါ်ပြထားခြင်းဖြစ်ပါသည်။
စစ်အစိုးရ၏အကျင့်စရိုက် လက္ခဏာကို သိထားပါလျှက် ဤရွေးကောက်ပွဲနှင့် ပါတ်သက်၍ ဝေဖန်ရန်လိုပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်ရန်လိုပါသည်။ ယခုရွေးကောက်ပွဲမှာ ၀င်ရောက်မည့်သူများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီးသူများဖြစ်ကြောင်း လက်မှတ်ရေးထိုးထားသူများ ဖြစ်နေပါပြီ။ ရွေးကောက်ပွဲဝင်မည့်သူများအနေဖြင့် သည်တောင်ကို မောင်ဘယ်သို့ကျော်ရပါမည်နည်းဟု စဉ်းစားမိက ရင်လေးစရာများသာ ဖြစ်နေပါတော့မည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယင်းတောင်ကို မြင်ခဲ့ပါသည်။ ယင်းချုံကိုမြင်ခဲ့ပါသည်။ ထို့ကြောင့်သူတို့မှာ ရွှေဂုံတိုင်ကြေညာစာတမ်းကို ထုတ်ပြန်ထားပါသည်။ စစ်အစိုးရသည် မည်သည့်အရာကိုမျှ လိုက်နာခဲ့ခြင်း မရှိ၍ ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံမတင်ကြောင်း ဆုံးဖြတ်ခဲ့ကြပါသည်ဟု ကမ္ဘာသိကြေညာခဲ့ပါပြီ။ ယင်းမှာနိုင်ငံရေးဆုံးဖြတ်ချက်ဖြစ်ပါလျှက်နှင့် မည်သည့်အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်မှာ နိုင်ငံရေးဆုံးဖြတ်ချက်မဟုတ်ဟု အတိအကျပြောလိုသည်ဟု ဆိုထားပါသည်။ ဤစကားမှာ အလွန်ရှက်စရာကောင်းသော နိုင်ငံရေးပါတီ၏ တဖက်သူကိုမလေးစားသော ကြမ်းတမ်းရိုင်းစိုင်းသော စကားလုံးများသာဖြစ်ပါသည်။
ပါလီမန်ဒီမိုကရေစီပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မည်သို့ကြောင့် သဲကြီးမဲကြီးတိုက်ခိုက်သည်ကို မစဉ်းစားတတ်ပါ။ သို့သော် တခုတော့ရှိပါသည်။ ဦးနုပါတီဆိုထားသောကြောင့် လူတကာရွံသော ပုဂ္ဂိုလ်၏ပါတီတခုပါလားဆိုပြီး စိတ်ထဲတွင် ခံစားမိသွားပါသည်။ ဦးနုနှင့် ရခိုင်လူမျိုး၊မွန်လူမျိုးတို့ဆိုလျင် သေရွာပါနာကျဉ်းချက်များ ရှိနေပါသည်။ အကြောင်းမှာ ရခိုင်ပြည်နယ်၊မွန်ပြည်နယ်များကို ဂတိတလုံးပေးကာ နောက်ဆုံးမှာ မပေးခဲ့ဆိုကာ ရခိုင်လူမျိုးနှင့် မွန်လူမျိုးတို့မှာ အသဲနာကျည်းလျက် ရှိနေကြပါသည်။ အကယ်၍ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ဤပါတီကသာ ရွေးကောက်ပွဲဝင်ရန်သွားပါက မဲအနိုင်ရမည် မဟုတ်ကြောင်းကိုတော့ စေတနာကောင်းကောင်းနှင့် ယခုကပင်အသိပေးထားလိုက်ချင်ပါသည်။
မှတ်ပုံတင်ပြီးသည်နှင့် စစ်အစိုးရ၏ ကြောထောက်နောက်ခံပြုထားပေးသော ပါတီများနှင့် လူပုဂ္ဂိုလ်များ၏ မဲဆွယ်စည်းရုံးနိုင်မူနှင့် ပါလီမန်န်ဒိမိုကရေစီပါတီ၏ မဲဆွယ်စည်းရုံးနိုင်မူတို့ကို ယှဉ်ပြီးစဉ်းစားနိုင်ပါသည်။ လွပ်လွပ်မူအတိုင်းအတာအရ လုပ်ပိုင်ခွင့်များ မည်ရွေ့မည်မျ ရရှိနေသည်ကို တွက်ဆနိုင်ပါသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ကြံ့ဖွံ့ပါတီတို့နှင့် တန်းတူအခွင့်အရေးများ ရရှိနိုင်မူများကိုလည်း တွေးကြည့်နိုင်ပါသည်။ ကျွန်တော်ထင်ပါသည်။ ယင်းပါတိများနှင့် တန်းတူအခွင့် အရေးများ မည်သို့နည်းနှင့်မျ မတူညီနိုင်ခြင်းကို စဉ်းစားမိပါသည်။
စင်စစ်အားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ရန် မဲအနိုင်ရရှိရန် ကြိုးစားနေပါက စစ်အစိုးရ၏ မကောင်းကြောင်းနှင့် ဝေဖန်ရေးလုပ်ကာ မဲဆွယ်စည်းရုံးသင့်ပါသည်။ ရွေးကောက်ပွဲံတွင် ၀င်ရောက် မယှဉ်ပြိုင်သော ပါတီ၊လူပုဂ္ဂိုလ်များကို တိုက်ခိုက်ပြီး မဲဆွယ်စည်းရုံးခြင်းမှာ မည်သည့်နိုင်ငံရေးသမိုင်းတွင်မှ မကြုံဖူးသေးပါ။ အမေရိကန် နိုင်ငံ သမတအိုဘားမားအတွက် မဲဆွယ်စည်းရုံးနေသော ရထားပေါ်မှစည်းရုံးရေးသမားများကို ကြုံဖူးပါသည်။ သူတို့၏သွက်လက်သော စကားအသုံးအနှုံး၊ ဟန်ပန်အမူအရာများမှာ မြေအောက်ရထားပေါ်၌ အလုပ်မှပြန်လာသော အလုပ်သမားများကိုပင် ပင်ပမ်းနွမ်းရိစေခြင်းမှ ဖြေပျောက်စေပါသည်။ သမတဂျော့ဘုခ်ျ၏ အစိုးရကိုင်တွယ်နေသော နိုင်ငံရေးစနစ်နှင့် သူ၏နိုင်ငံရေးပါတီကျင့်သုံးမည့် နိုင်ငံရေးစနစ်တို့ကို ပြောဆိုစည်းရုံး ဟောပြောသွားသည်မှာ အလွန်အတုခိုးစရာဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် ၀င်ရောက် မယှဉ်ပြိုင်သော မည်သည့်ပါတီ ပုဂ္ဂိုလ်များကိုမျှ ယောင်လို့ပင် ပြောသွားခြင်းမရှိ။
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ခုပ်သံတဖြောင်းဖြောင်းတီးပြီး နားထောင်အားပေးကြပါသည်။ တံထွေးပစ်ပြီး နှာခေါင်းရှံ့ပြသူများကို မတွေ့မမြင်။
အမှန်မှာ ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးအတွက် အဆုံးအဖြတ် ပေးမည့်ပွဲမျိုးဖြစ်နိုင်ရှိခြင်း မရှိခြင်းကို သုံးသပ်ပြသင့်ပါသည်။ ရွေးကောက်ပွဲဆိုသည်မှာ အဆုံးအဖြတ်တခုကို ချပြသောပွဲဖြစ်ပါသည်။ သို့သော် ယခုပွဲသည် နိုင်ငံရေးသမားရွေးကောက်ပွဲမျိုး မဟုတ်သည်ကို လူတိုင်း နိုင်ငံရေးသမားတိုင်း နားလည်ကြပါသည်။ နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ထဲမှာ ရှိနေကြပါသည် ။ မည်သည့်နိုင်ငံရေးသမားများကို ရွေးကောက်ပွဲဖြင့် ရွေးချယ်ကြပါမည်နည်း။ ယခုရွေးကောက်ပွဲဝင်မည်ဟု တကဲကဲနေသောပါတီများ ပုဂ္ဂိုလ်များတို့မှာ နိုင်ငံရေးနာမည်ပျက်သူများဖြစ်ကြောင်း မြင်တွေ့နေကြရပါသည်။ ထို့ကြောင့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပို၍ပင်နားလည်ကြပါသည်ဟု ထင်ပါသည်။ မိမိတို့ခေါင်းဆောင်ကို ဖြုတ်ပြီး စစ်အစိုးရအကြိုက်လိုက်မည့် နိုင်ငံရေးသမားများရှိနေခဲ့ပါက ယင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကမ္ဘာမှလည်း လေးစားသမှူရှိကြမည်မဟုတ်။ ယခုမူ ကမ္ဘာမှ လာရောက်တွေ့ဆုံနေကြပါသည်။ ဗြိတိန်ဝန်ကြီးချုပ်ဂေါ်ဒွင်ဘရောင်းမှာ ဒေါင်းနင်းလမ်း အမှတ် ၁၀ မှ မထွက်ခွါ်မှီ ၀န်ကြီးချုပ်ဘ၀နှင့် နောက်ဆုံးသတိရစွာနှင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံမတင် ၊ ရွေးကောက်ပွဲမ၀င်သောကြောင့် သူ့အနေနှင့် အမြဲထောက်ခံအားပေးသွားမည်ဟု စာရေးခဲ့ပါသည်။
ဗြိတသျှ ၀န်ကြီးချုပ် မစ္စတာအက်တလီ နှင့် မြန်မာနိုင်ငံဝန်ကြီးချုပ်ဦးနုတို့သည် ဦးနု အက်တလီစာချုပ်ဖြင့် မြန်မာနိုင်ငံလွပ်လွပ်ရေးကို ဆောင်ရွက်ခဲ့ကြပါသည်။ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှသည် အရပ်သားဒီမိုကရေစီအစိုးရ ဖြစ်ပေါ်အောင် ဖန်တီးမည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဦးနု၏သမီးကြီးဒေါ်သန်းသန်းနုကို မည်သည့်အတွက်ကြောင့် ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဂေါ်ဒွင်ဘရောင်းက စာမရေးခဲ့ပါလိမ့်ဟု စဉ်းစားမိပါသည်။ ဦးနုဆိုသည်မှာ လွပ်လွပ်ရေးစာချုပ်ကို ချုပ်ဆိုသော ပုဂ္ဂိုလ်တယောက်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသြဇါ ဂုဏ်အရှိန်နှင့် ရွေးကောက်ပွဲဝင်မည့် ဦးနု၏သမီးဖြစ်သူ အနေအထားအရ မည်သို့မျ နိုင်းဆ၍မရခြင်းကြောင့်သာ စာမရေးခြင်းဖြစ်သည်ဟု ထင်မြင်ရပါတော့သည်။ ဦးနုကွယ်လွန်ခဲ့ဖြစ်သော်လည်း ဤပါတီမှာ ဦးနုနှင့် ဆွေမျိုးမကင်းဆိုလျင်တောင် ပြည်သူတွေက ရွံ့ရှာကြမည်ဖြစ်သည်ဟု ရဲရဲကြီးပြောရဲပါသည်။
ကျွန်တော်ပြောလိုသည်မှာ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်လိုလျှင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းကို မည်သူမျအဆုံးအဖြတ်မပေးကြသေးပါ။ အကယ်၍စစ်အစိုးရမှ ပြုလုပ်လာဖြစ်လျှင်မူ ပြည်သူက အဆုံးအဖြတ်ပေးကြပါလိမ့်မည်။ ယင်းဆုံးဖြတ်ချက်ကို ကြေကြနပ်နပ် လက်ခံယူုရင်း နိုင်ငံရေးသမားဘ၀များကို ကြံ့ကြ့ခံနိုင်ဖို့ကိုသာ အားမွေးးရန်လိုအပ်ပါတော့သည်။ ကျွန်တော်တို့မှာ ပြည်ပတွင်နေကြ၍ အတိုက်အခံသဘောအရ သပိတ်မှောက်သူများဖြစ်ပါသည်။ တအိမ်တက်ဆင်း မဲမပေးကြရန် နိုးဆော်တိုက်တွန်းသူများဖြစ်ကြပါသည်။ ယုတ်စွအဆုံး ၂၀၁၀ ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မဆို ဖျက်ဆီးအောင် ပျက်စီးအောင် ပြုလုပ်လိုကြပါသည်။ တချိန်တည်းမှာပင် ၂၀၁၀ ရွေးကောက်ပွဲက မပျက်စီးဘဲ ဖြစ်ပေါ်လာခဲ့ပါက စစ်အစိုးရ၏ အရပ်သားအစိုးရကို နိုင်ငံတကာမှ လက်မခံ အသိအမှတ် မပြုရအောင် တိုက်တွန်းနေသူများဖြစ်ပါသည်။
တနည်းအားဖြင့် ယခုလည်းစစ်အစိုးရကို အသိအမှတ်မပြုသလို နောင်၂၀၁၀ မှ ဖြစ်လာသည့်အစိုးရကိုလည်း အသိအမှတ်မပြုကြောင်း ရှင်းရှင်းလင်းလင်း သိထားနားလည်စေလိုပါသည်။ ယင်းမှာ ကျွန်တော်တို့၏ အန္တိမရည်မှန်းချက်များဖြစ်ပါသည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲကို ယုံကြည်၍ ရွေးကောက်ပွဲကို ၀င်မည်ဟု ကြိုးစားနေသော ပါလီမန်ဒီမိုကရေစီပါတီအနေဖြင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဂတိကို ဖျက်ဆီးခဲ့သော ဂတိမတည်ခဲ့သော စစ်အစိုးရ၏ ဒုတိယအကြိမ်ရွေးကောက်ပွဲအား ယုံကြည်မူအပြည့်ရှိနေခြင်းမှာ ရက်ရက်စက်စက် ယုံကြည်နေလွန်းပါပြီ။ ဆောင်းပါး၏ ပထမပိုင်းတွင် ယူနီဖေါင်းကို ချွတ်ပြထားသည်ဟု ဆိုထားရာ စစ်အစိုးရ၏ လက္ခဏာကို နားလည်သဘောပေါက်ထားသည်ဟု ယေဘူယျပြော၍ရပါသည်။ သို့သော် ဤပွဲကို မည်သည့်အတွက်ကြောင့် ၀င်ရောက်ရသည်မှာ မေးလျင်လည်း အဖြေတွေက အမျိုးမျိုးဖြေသံကြားနေရပါသည်။
တခုတော့ရှိပါသည်။ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား အသေအလဲ ကြောက်ရံွ့တုန်လှုပ်နေသည်ကို သိစေလိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်တယောက်သည်သာ မြန်မာနိုင်ငံ၏ ကံကြမ္မာကို ပြောင်းလဲနိုင်သူဖြစ်ရာ ရွေးကောက်ပွဲက မည်သို့မျ မပြောင်းလဲကြောင်း သိသာစေလွန်းပါသည်။ မျက်မှောက်ကာလတွင် ကြည့်ရန်လိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဥပက္ခာပြုထားပြီး မြန်မာနိုင်ငံကို ပြောင်းလဲရန်ကြိုးစားရန် ကြိုးစားနေသော စစ်အစိုးရ၏
မည်သည့်လုပ်ဆောင်ချက်များကိုမျှ နိုင်ငံတကာက လက်သင့်မခံကြောင်း ပြောဆိုနေကြပါသည်။ ယင်းမှာ နိုင်ငံရေးအဖြေဖြစ်ပါသည်။ ပဒိုင်းသီးစားပြီးရှူးနေသောသူတို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မထင်၊ ပါလီမန်ဒီမိုကရေစီပါတီမှ သူများသာဖြစ်နိုင်သည်။ အကြောင်းမှာ မည်သူမျ မယုံကြည်သော စစ်အစိုးရကို အမျိုးသားဒီမိုကရေစီအဖွဲချုပ်မရှိတော့၍ သူတို့က မိုးသောက်ကြယ်ပမာ ဟု ပြောဆိုနေသောကြောင့် ဖြစ်သည်။ သို့သော်အပြောတတ်ဖို့လိုပါသည်။ လူရှိုသေ ရှင်သေဖြစ်ဖို့လိုပါသည်။
ထို့ကြောင့် စစ်အစိုးရအလုပ်ဖြစ်အောင် ရွေးကောက်ပွဲကို ၀င်လိုလျှင် ၀င်ပါ။ မ၀င်သောအခြားလူများ၏ ခြေသလုံးကို ကို ဖက်မကိုက်ဖို့လိုပါကြောင်း ။

ခိုင်အောင်ကျော် ( နယူးယာက် )

Saturday, May 29, 2010

Friday, May 28, 2010

28 May 2010 ဒိုင်ယာရီ

28 may 2010 yeyintnge_s diary.pdf 1.654 MB
28may 2010 Yeyintnge's Diary

ပါလီမန်ဒီမိုကရေစီပါတီ သတင်းစာစောင်အတွဲ ၄– အမှတ်စဉ် ၈

Binder 1

မီးသင့်ပြီး မင်္ဂလာဈေးကြီး




Thursday, May 27, 2010

27 May 2010 ဒိုင်ယာရီ

27 may 2010 yeyintnge Diary.pdf 1.757 MB
27 May 2010 Yeyintnge Diary

ရှင်သန်နေဦးမည့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ဒီမိုကရေစီအောင်ပွဲဆီသို့ ချီတက်ကြစို့


NEJ / ၂၇ မေ ၂၀၁၀


၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးအား ပစ်ခတ်ဖြိုခွင်းကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ ထို့နောက် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု ကတိပြုကြေညာကာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်။ နိုင်ငံရေးပါတီများကို တရားဝင် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ လုံလောက်သည့် အချိန်ပေးကာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ပြုခဲ့သည်။ ထို့နောက် အာဏာသိမ်းပြီး (၁) နှစ်နှင့် (၈) လကျော်အကြာ ၁၉၉၀ ပြည့် မေလ (၂၇) ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးမည်ဟု ကြေညာခဲ့သည်။

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးကို ဖြိုခွင်းအာဏာသိမ်းပြီးနောက် (၅) ရက်အကြာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှနေ၍ တိုင်းပြည်သို့ ပြောကြားခဲ့သည့် မိန့်ခွန်း၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်က …

“ကျနော်တို့တတွေဟာ တပ်မတော်သားတွေ ဖြစ်ကြပါတယ်။ တပ်မတော်သားများနဲ့ ဖွဲ့စည်းထားတဲ့ ကျနော်တို့ အဖွဲ့အနေနဲ့လည်း နိုင်ငံ့ကျေးဇူးသစ္စာကို ခံယူထားတဲ့အဖွဲ့ဖြစ်လို့ နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် ၀န်ခံထားရှိပြီးဖြစ်တဲ့ ကတိသစ္စာကို မည်သို့သောအကြောင်းကြောင့်နဲ့မျှ ပယ်ဖျက်၊ ဖောက်ဖျက်မှာ မဟုတ်ကြောင်း ယုံကြည်ထားရှိစေလိုပါတယ်”

“ကျနော်တို့ တပ်မတော်အနေနဲ့ကတော့ ပြည်သူပြည်သားများက မိမိတို့ရဲ့ ဒီမိုကရေစီပိုင်ခွင့်အရ လွတ်လပ် မျှတစွာ ရွေးချယ်တင်မြှောက်ဖွဲ့စည်းလိုက်တဲ့ အစိုးရတရပ်က ပေးအပ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး တာဝန်တွေကိုသာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထပ်မံကတိပေးလိုပါတယ်” … စသည်ဖြင့် ကတိပေးစကား ပြောကြားခဲ့ပေသည်။

ဗိုလ်ချုပ်မှူးကြီး စောမောင်က ထိုသို့ ကတိစကား ပြောကြားသကဲ့သို့ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများကလည်း ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထုရှေ့မှ မားမားမတ်မတ် တိုက်ပွဲဝင်သွားမည့်အကြောင်း ကတိစကားများ အထပ်ထပ်ပြောကြားခဲ့ကြပေသည်။

သို့နှင့် ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်သည့်အခါ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ရွေးချယ်တင်မြှောက်ပွဲ ကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ် (၄၈၅) နယ်တွင် လွှတ်တော်ကိုယ်စားလှယ် (၃၉၂) ဦး ရွေးချယ်တင်မြှောက်ခံရကာ ရာခိုင်နှုန်း (၈၀) ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။

သို့သော် အာဏာသိမ်း စစ်အုပ်စုသည် စစ်သားပီပီ ကတိမတည်ဘဲ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူ့လွှတ်တော်ခေါ်ယူပေးပြီး အစိုးရဖွဲ့စည်းခွင့်ပြုရန် ငြင်းဆန်ခဲ့လေသည်။ ထိုသို့ ငြင်းဆန်ရုံသာမက ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျားသို့ပြန်မည်ဟု ပြည်သူသို့ ကတိပြုပြောကြားခဲ့သည့် န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုပင် ရာထူးမှ ဖယ်ရှားကာ (ယနေ့အချိန်တွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့်) ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဥက္ကဋ္ဌနေရာကို ရယူခဲ့သည်။ ထို့နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု အမည်ပြောင်းကာ ယနေ့အထိတိုင် စစ်အာဏာရှင်စနစ်ဖြင့် ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်ခဲ့လေသည်။

ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ရာထူးမှ ဖယ်ရှားပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် နအဖစစ်အုပ်စုသည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ရေးအတွက် အထောက်အကူဖြစ်စေမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကဲ့သို့ လက်ကိုင်တုတ်အဖွဲ့အစည်းများကို ဖွဲ့စည်းကာ ပြည်သူလူထုအပေါ် အနိုင်ကျင့်သည့် လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ ဒီပဲယင်း အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို လက်ရဲဇက်ရဲကျူးလွန်ခြင်း၊ ၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးတော်ပုံကြီးကို လူမဆန်စွာ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခြင်း၊ တိုင်းရင်းသားလူမျိုးစုများအပေါ် အနိုင်ကျင့်နှိပ်စက်ခြင်း၊ အဓမ္မပြုကျင့်ခြင်း … စသည့် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံနှင့် စစ်ရာဝတ်မှုအဖုံဖုံကို ကျူးလွန်ခဲ့ပေသည်။

အနှစ် (၂၀) ကျော်အတွင်း စစ်အုပ်စုက သူတို့၏ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် သူတို့လုပ်စရာရှိသည့်အလုပ်ကို မည်သူ့ကိုမှ မထောက်ထားမညှာတာဘဲ တစိုက်မတ်မတ် ပြတ်ပြတ်သားသား ရက်ရက်စက်စက် ဖိနှိပ်လုပ်ဆောင်နေချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများက ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းကာ ပြည်သူ့လွှတ်တော်ခေါ်ယူရေးနှင့် တွေ့ဆုံဆွေးနွေးရေးကိုသာ ကြေညာချက်အမျိုးမျိုးထုတ် တောင်းဆိုနေခဲ့သည်ကို တွေ့ရပေသည်။

သို့သော် နအဖစစ်အုပ်စုက မည်သို့မှ လိုက်လျောခြင်းမရှိဘဲ သူတို့စိတ်ကြိုက်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပေဒကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံ၊ ထိုမှတဆင့် ညောင်နှစ်ပင်ညီလာခံကို တက်သုတ်ရိုက်ကျင်းပကာ ၂၀၀၈ အခြေခံဥပေဒကို ထုတ်ပြန်ခဲ့လေသည်။ ထို့နောက် နာဂစ်မုန်တိုင်းကြောင့် ပြည်သူလူထု မျက်ရည်ဝေနေချိန် ၂၀၀၈ ခုနှစ် မေလအတွင်းတွင် ၂၀၀၈ ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ လိမ်လည်အတည်ပြုခဲ့လေသည်။

ယခုအခါတွင် နအဖစစ်အုပ်စုက (၉၀) ရွေးကောက်ပွဲရလဒ်ကို မျက်နှာပြောင်တိုက် လျစ်လျူရှုကာ ၂၀၁၀ ရွေးကောက်ပွဲကျင်းပရန်အတွက် ရွေးကောက်ပွဲဥပေဒများကို ထုတ်ပြန်ပြီး နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခွင့်ပြုနေပေသည်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ခြင်းမရှိဘဲ ကန့်ကွက်မဲမရှိ သပိတ်မှောက်လိုက်သဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုရန် ကြိုးစားနေသည့် နအဖစစ်အုပ်စုအတွက် အရှိုက်ထိသလို ဖြစ်ခဲ့ရလေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမှတ်ပုံမတင်သည့် တိုက်ပွဲဝင်မှုကို ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများနှင့် ပြည်သူလူထုကလည်း တခဲနက် ထောက်ခံခဲ့ကြလေသည်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုက်ပွဲကို ထိုမျှနှင့် ရပ်တန့်မနေဘဲ ပြည်သူလူထု မဖျက်သရွေ့ ပျက်ပြယ်ခြင်းမရှိသည့် ၁၉၉၀ ရွေးကောက်ပွဲရလဒ် အသက်ဝင် အကောင်အထည်ပေါ်လာစေရန် မိမိနည်း မိမိဟန်ဖြင့် နအဖစစ်အုပ်စုကို စိန်ခေါ်တိုက်ပွဲဝင်ရန် လိုအပ်နေကြောင်း၊ ထိုသို့ စွန့်စားတိုက်ပွဲဝင်မှသာ ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုက အပ်နှင်းခဲ့သည့် ပြည်သူ့အာဏာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် ပြည်သူလူထုထံ အမြန်ဆုံး ဆင်းသက်ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း ၁၉၉၀ ပြည့်ရွေးကောက်ပွဲ အနှစ် (၂၀) ပြည့် အထိမ်းအမှတ်နေ့တွင် ခေတ်ပြိုင်က အကြံပြုတိုက်တွန်းလိုက်ရပေသည်။
http://www.khitpyaing.org/

၃ ကြိမ်လွတ်ခဲ့ပြီးမှ ၂ ခါ စီရင်ချက် ချခံရသူ

ဘကောင်း Thursday, May 27, 2010


ကိုကျော်ကိုကိုသည် စစ်အစိုးရလက်မှ ၃ ကြိမ်တိတိ လွတ်မြောက်ရန် ကြိုပမ်းနိုင်ခဲ့ သော်လည်း ၂၀၀၈ ခုနှစ် တွင်တော့ ကံအကြောင်း မလှ ဖြစ်ခဲ့ရသည်။

မြန်မာ အာဏာပိုင်များက ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်မှုဖြင့် သူ့အား ဖမ်းဆီးလိုက်ပြီး တရားမ၀င် ဗီဒီယိုအခွေများ လက်ဝယ်ပိုင်ဆိုင်မှုဖြင့် ထောင်ဒဏ်သုံးနှစ် အပြစ်ပေးခဲ့သည်။

ကိုကျော်ကိုကို

သူ၏ ထောင် သက်တမ်း ကုန်ဆုံးရန် ၁ နှစ်အလို ပြီးခဲ့သည့် သောကြာနေ့၌ တရားမ၀င် အသင်း အပင်း ဖွဲ့စည်းမှု၊ ပုန်ကန်မှု စသည့် စွဲချက်များဖြင့် စစ်အစိုးရက သူ့အား နောက်ထပ် ထောင်ဒဏ် ၅ နှစ် သက်တမ်းတိုး ချမှတ် လိုက်သည်။

အသက် ၂၈ နှစ်အရွယ် ရဟူး ကျော်ကျော်မောင် (ခေါ်) ကိုကျော်ကိုကိုသည် ရန်ကုန်တိုင်း တာမွေ မြို့နယ်တွင် နေထိုင်ပြီး သူ၏ မိဘများမှာ ကျောင်းဆရာများ ဖြစ်ကြသည်။ ၂၀၀၆ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ဟောင်းများက သူ့ကို နိုင်ငံရေး လုပ်ငန်း များတွင် ပါဝင်လာစေရန် စည်းရုံး ခဲ့သည်။ ထိုအချိန်က သူသည် စီးပွားရေး မဟာဝိဇ္ဇာဘွဲ့ အတွက် လေ့လာနေချိန် ဖြစ်သည်။

“သူ့မှာ တခြားသူတွေရဲ့ လွှမ်းမိုးမှု ရှိပေမယ့်လည်း သူကိုယ်တိုင်က စာဖတ်အားကောင်း၊ တည်တည်ငြိမ်ငြိမ်နဲ့ စည်းကမ်းသေသပ်တဲ့ လူငယ်တဦးပါ” ဟု လွန်ခဲ့သော နှစ်အနည်းငယ်က ကိုကျော်ကိုကိုနှင့် တွေ့ခဲ့ဖူးသည့် နိုင်ငံရေး လှုပ်ရှားသူတဦးက ပြောပြသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး၏ တခုသော နှစ်ပတ်လည် အခမ်းအနား ကျင်းပသည့် ဘုန်းကြီးကျောင်း တကျောင်းတွင် ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ကိုကျော်ကိုကို ဆုံတွေ့ခွင့် ရခဲ့သည်။ လောင်စာဆီဈေးနှုန်းများ ရုတ်တရက် တိုးမြှင့်လိုက်ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြသဖြင့် ကိုမင်းကိုနိုင်နှင့် တခြား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပြန်အဖမ်းခံရသည့်အပြင် နိုင်ငံရေး အကျဉ်းသားဟောင်း အတော်များများလည်း မတရား ဖမ်းဆီးခံရမည့်အရေးမှ လွတ်မြောက်ရန် နိုင်ငံမှ တိမ်းရှောင်သွားခဲ့ကြရသည်။ ထိုအချိန်တွင် ကိုကျော်ကိုကိုက လစ်လပ်သွားသော ခေါင်းဆောင်မှုနေရာကို အစားထိုးဝင်ရောက် တာဝန်ယူခဲ့သည်။

၁၉၈၈ ခုနှစ် နိုင်ငံတ၀န်း အစိုးရဆန့်ကျင်သော လူထုအုံကြွမှုနောက်ပိုင်း ထွက်ပေါ်လာသည့် လူငယ် မျိုးဆက်သစ်ကို ကိုယ်စားပြုသူ ကိုကျော်ကိုကိုက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်းက တဖန်ပြန်လည် အားကောင်းခဲ့သော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကို အားသစ်လောင်းရန် ကြိုးပမ်းခဲ့သည်။

မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော ဗကသ သည် မည်သည့်အခါကမျှ မတရား အသင်းအဖြစ် ကြေညာခြင်း မခံခဲ့ရသော်ငြား ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ တရားမ၀င် အသင်းအပင်း တခုကဲ့သို့ ရပ်တည်ခဲ့ရသည်။

“သောကြာနေ့ တရားခွင်မှာတုန်းက ကျမအစ်ကိုက သူ ကျောင်းသားသမဂ္ဂကို ပြန်လည်စုစည်းခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး မငြင်းခဲ့ပါဘူး။ ဒါပေမယ့် အဲဒီအဖွဲ့အစည်းက တရားဝင် အဖွဲ့အစည်းဖြစ်တယ် ဆိုတဲ့ အချက်ကိုတော့ တရားသူကြီးတွေကို သူနောက်မဆုတ်တမ်း ပြောခဲ့ပါတယ်” ဟု ကိုကျော်ကိုကို၏ ညီမဖြစ်သူက ပြောပြခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားခဲ့သော အချိန်တွင် ကျော်ကိုကိုသည် သူ၏ အစိုးရဆန့်ကျင်ရေး ခေါင်းဆောင်မှု အခန်းကဏ္ဍကို ဆက်လက်သယ်ပိုးခဲ့သည်။ သံဃာတော်များ ဖြိုခွင်းခံခဲ့ရပြီးနောက် ကိုကျော်ကိုကိုသည် ရန်ကုန်မြို့တွင်း နှင့် အနီးတ၀ိုက်တွင် ပုန်းအောင်းနေခဲ့သည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ကိုကျော်ကိုကို ခိုအောင်းနေသော တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်ကို အာဏာ ပိုင်များက ၀င်ရောက်စီးနင်းခဲ့သည်။ ၀ရန်တာမှ သူ ခုန်ချ လွတ်မြောက်သွားသော်လည်း သူ့ သူငယ်ချင်းတချို့ အဖမ်းခံခဲ့ရသည်။

နောက်ပိုင်း၌ သူ့အား ခိုလှုံခွင့်ပေးထားသည့် ရန်ကုန် ဘုန်းကြီးကျောင်း တကျောင်းတွင် ရဲက သူ့ကို ရှာတွေ့သွား ခဲ့သည်။ သို့သော် သူလွတ်မြောက်သွားခဲ့ပြန်သည်။ တတိယအကြိမ်တွင်မူ အာဏာပိုင်များက သူငယ်ချင်းများနှင့် စကားပြောနေစဉ် ရန်ကုန် Junction 8 ကုန်တိုက်အတွင်းရှိ မုန့်ဆိုင်တခု၌ သူ့အား ၀င်ဖမ်းခဲ့သည်။ ဤတကြိမ်တွင် လည်း သူလွတ်မြောက်သွားခဲ့ပြီး သူ၏သူငယ်ချင်းအားလုံး အဖမ်းခံခဲ့ရသည်။

ထို့နောက် ကိုကျာ်ကိုကို ပဲခူးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ် အစောပိုင်းတွင် စစ်အစိုးရ၏ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကို ဆန္ဒမဲမပေးရေး လှုပ်ရှားမှုပြုလုပ်ရန် ရန်ကုန်သို့ ပြန်လာခဲ့သည်။ ဆန္ဒခံယူပွဲ မကျင်းပခင် သူအဖမ်းခံခဲ့ရသည်။

ကိုကျော်ကိုကို ပုန်းခိုနေသော နေရာမှ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအကြောင်း မှတ်တမ်းတင် ဗီဒီယိုအခွေများကို အာဏာပိုင်များက ရှာတွေ့ခဲ့သည်။ မိသားစုဝင်များက ထိုအခွေများသည် သူနှင့် လုံးဝပတ်သက်ခြင်း မရှိကြောင်း ပြောဆိုခဲ့ကြသော်လည်း ၂၀၀၉ ခုနှစ်တွင် ဗီဒီယိုအက်ဥပဒေ ချိုးဖောက်မှုဖြင့် ကိုကျော်ကိုကိုအား ထောင်ဒဏ် ၃ နှစ် ကျခံရန် စီရင်ချက်ချမှတ်ခဲ့သည်။

ထင်ရှားကျော်ကြားသည့် ဟာသပညာရှင် ဇာဂနာကို ကြီးလေးသော ထောင်ဒဏ်ချမှတ်ရာတွင် စစ်အစိုးရက အသုံးပြုခဲ့သည့် စွဲချက်များအနက် ဗီဒီယို အက်ဥပဒေချိုးဖောက်မှုလည်း တခုအပါအ၀င်ဖြစ်သည်။ ဇာဂနာသည် ယခုလက်ရှိတွင် လူသူအလှမ်းဝေးသော အကျဉ်းထောင်တခု၌ ပြစ်ဒဏ်ကျခံနေရသည်။

သောကြာနေ့ တရားရုံးကြားနာမှုအပြီးတွင် ကိုကျော်ကိုကိုသည် တရားမ၀င် အသင်းအပင်း ဖွဲ့စည်းမှု၊ ပုန်ကန်မှု များဖြင့် နောက်ထပ်ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသည်။ ယင်းကြားနာမှုအား စစ်အစိုးရ ထိန်းချုပ်သည့် သတင်း ဌာနများတွင် ဖေါ်ပြခဲ့ခြင်း မရှိပေ။ ကိုကျော်ကိုကို၏ ရှေ့နေဖြစ်သူ ဦးအောင်သိန်း၏ အဆိုအရ ၂၀၀၇ ခုနှစ် သံဃာဆန္ဒပြပွဲများအတွင်း ယင်းပြစ်မှုများကို သူ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရခြင်းဖြစ်ကြောင်း သိရသည်။

“သူက ၂၀၀၇ ခုနှစ်တုန်းက ကျောင်းသားထုကို ကိုယ်စားပြုပြီး ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လူထုကို မိန့်ခွန်း ပြောခဲ့တယ်။ အဲဒီလိုလုပ်တာက တရားမ၀င်အသင်းအပင်း ဖွဲ့စည်းခြင်းဆိုတဲ့ ပထမစွဲချက်နဲ့ သွားညိတယ်။ ဒုတိယ စွဲချက်ဖြစ်တဲ့ ပုန်ကုန်မှုဆိုတဲ့စွဲချက်ရဲ့ အခြေခံကလည်း အဲဒီကနေပဲ လာတာပါ” ဟု ဦးအောင်သိန်းက ပြောပြသည်။

“ကျနော်ထင်တာ ကတော့ ဘာမှရေရေရာရာ မဟုတ်ပါဘူး။ သူ့ထောင်သက်တမ်းကို တိုးချင်လို့ လုပ်တာပါ” ဟု ၎င်းက ဆိုသည်။

“ငါစိတ်မပျက်ပါဘူး။ ထောင်ထဲမှာ ငါ အသက်ရှင်အောင် ကြိုးစားပါ့မယ်” ဟု လွန်ခဲ့သော ရက်သတ္တပတ် ရန်ကုန် တရားရုံးထုတ်စဉ်က သူ၏ညီမဖြစ်သူကို ကိုကျော်ကိုကိုက ပြောခဲ့သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း တခြား လူငယ်များလည်း ဖမ်းဆီး၊ ထောင်ချခံခဲ့ရသည်။ သာဓက အားဖြင့် ဘလော့ဂါ နေဘုန်းလတ်၊ ဟစ်ဟော့အဆိုတော် ဇေယျာသော် စသည့်လူငယ်များသည် သူတို့၏ နောင်တော်များနှင့် အတူ နိုင်ငံအ၀န်းရှိ ထောင်များတွင် အကျဉ်းချခံနေရသည်။

၂၀၀၇ ခုနှစ်သည် ၁၉၈၈ ခုနှစ်လူထုအုံကြွမှုနောက်ပိုင်း စစ်အစိုးရက မြန်မာနိုင်ငံရှိ လူငယ်များကို ဖမ်းဆီးအရေးယူ သည့် ပထမဦးဆုံးနှစ်မဟုတ်ပေ။ ၁၉၉၈ ခုနှစ်တွင် အစိုးရဆန့်ကျင်သူ လူငယ်များစွာ ဖမ်းဆီးခံခဲ့ရပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ တချို့လူငယ်များသည် နှစ် ၅၀ အထက်ပင် ကျခံခဲ့ရသည်။ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ၏ အဆိုအရ အဖမ်းခံရသော လူငယ်များ အနက် အတော်များများသည် ထောင်များတွင် ဆက်လက် အကျဉ်းကျခံနေရဆဲ ဖြစ်သည်ဟု သိရသည်။

စစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရွေးကောက်ပွဲတခု ကျင်းပရန် ပြင်ဆင်နေသော လတ်တလောအခြေအနေတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်သည် အကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေကြရသည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေး အကျဉ်းသား အားလုံးသည် မဲပေးခြင်းမှ ကန့်သတ် ခံထားရပြီး နိုင်ငံရေးပါတီ အဖွဲ့ဝင် ဖြစ်ခွင့်လည်း မရှိပေ။

“ကျမအစ်ကိုက ဒီနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ပါတယ်။ အဲဒီရွေးကောက်ပွဲကိုလည်း သူလုံးဝ အယုံအကြည်မရှိပါဘူး” ဟု ကျော်ကိုကို၏ ညီမဖြစ်သူက ပြောပြသည်။
http://www.irrawaddy.org/bur/

မစ္စတာဂျင်ဝပ်မ်အား အကြောင်းကြားစာပေးပို့ရန်


သို့



နိုင်ငံတကာရောက် မြန်မာနိုင်ငံဒီမိုကရေစီရဲဘော်များ။ ။
ဆီးနိတ်လွှတ်တော်အမတ်မစ္စတာဂျင်ဝပ်မ်အား ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း အကြောင်းကြားစာ
ပေးပို့ကြပါရန်။ ။


အမေရိကန်ဆီးနီးလွှတ်တော်အမတ် မစ္စတာဂျင်ဝပ်မ်သည် မေလ ၂၉ ရက်နေ့တွင် အာရှနိုင်ငံများသို့ ခရီးထွက်ခွါသွားမည်ဖြစ်ပါသည်။ ဇွန်လ ၅နှင့် ၆ ရက်နေ့တွင် မြန်မာနို်င်ငံစစ်အစိုးရနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ပါသည်။ ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် စစ်အစိုးရနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးများ၊ ဒီမိုကရေစီအေ၇းအတွက် တွေ့ဆုံဆွေးနွေးချက်များ ရှိမည်လား ဆိုသည်ကို ခန့်မှန်းတွက်ချက် ရန်လိုအပ်လာပါသည်။ လွှတ်တော်အမတ်သည်ဂျင်ဝပ်မ်သည် မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့ထားမူကို ဆန့်ကျင်သောသူတဦး ဖြစ်ပါသည်။ ထို့ကြောင့် ယခုသူ၏ခရီးစဉ်သည် မြန်မာနိုင်ငံဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် ဖြစ်ပေါ်စေမည့် သံခင်းတမန်ခင်းလမ်းကြောင်း မဟုတ်ကြောင်း သိသာနိုင်ပါသည်။
လွန်ခဲ့သော ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းထဲသို့ အင်းယားကန်မှ ရေကူးဝင်ရောက်သူ မစ္စတာဂျွန်ယက်ထောကို အင်းစိန်အကျဉ်းထောင်မှ ရ နှစ်ကျခံစဉ် ခေါ်ဆောင်လာခဲ့သူ ဖြစ်သောမစ္စတာဂျင်မ်ဝပ်မှာ စစ်အစိုးရနှင့် အဆင်ပြေသူ ဖြစ်ပါသည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ၀ါရှင်တန်မြို့ ဆီးနိတ်လွှတ်တော်ခန်းမတွင် မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရမှ ကျင့်သုံးသော ပေါ်လီစီရေးရာနှင့် ပါတ်သက်၍ ကြားနာပွဲတခုကို ပြုလုပ်ခဲ့ပါသည်။ ယင်းကြားနာပွဲတွင် မစ္စတာကပ်ကမ်ဘဲလ်က မြန်မာစစ်အစိုးရအား စီးပွါးရေးပိတ်ဆို့ထားမူကို ဆက်လက်ထားသင့်ကြောင့် ဆွေးနွေးတင်ပြသွားပါသည်။ အထူးသဖြင့် စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးမည်ဆိုသော်လည်း စစ်အစိုးရအလိုကျ ဆက်ဆံသွားမည် မဟုတ်ကြောင်း တင်ပြဆွေးနွေးသွားပါသည်။
မြန်မာနိုင်ငံသားတဦးဖြစ်သူ ကုလသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဟောင်း ( ကွယ်လွန်သူ ) ဦးသန့်၏မြေးဖြစ်သူ ဒေါက်တာသန်းမြင့်ဦးမှာ မြန်မာနိုင်ငံစစ်အစိုးရ၏ တော်တည့်သင့်မြတ်မူများနှင့် စီးပွါးရေးပိတ်ဆို့ထားမူကို ဆန့်ကျင်ပါကြောင်း၊ တင်ပြဆွေးနွေးသွားပါသည်။ ကြားနာသူဖြစ်သော မစ္စတာဂျင်ဝပ်မ်မှာ စစ်အစိုးရအား စီးပွါးရေးပိတ်ဆို့ထားမူကို လက်သင့်မခံနိုင်ကြောင်း ဆိုသောအချက်များထဲမှ အပြန်အလှန်မေးခွန်းများကိုသာ မေးမြန်းကြားနာသွားပါသည်။ယင်းနေ့တွင် မြန်မာနိုင်ငံသည် ဗီယက်နမ်မဟုတ်ကြောင်းစာတမ်းပါ တီရှပ် အင်္ကျီများကို ၀တ်ဆင်ပြီး ဆီးနိတ်လွှတ်တော်ခန်းမထဲတွင် မြန်မာနိုင်ငံသားများနှင့်အမေရိကန်နိုင်ငံသားများကို တက်ရောက်ကြားနာစေခိုင်း ဆန္ဒပြခိုင်းစေပါသည်။ ယင်းကြားနာပွဲကို ကျွန်တော်တို့က နယူးယောက်မှ တက်ရောက်ကြားနာခဲ့ကြပါသည်။ ကျွန်တော်ပြောချင်သည်မှာ မစ္စတာဂျင်ဝပ်မ်၏ ခရီးစဉ်သည် မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်သော်၎င်း၊ ဒီမိုကရေစီအရပ်သားအစိုးရအတွက်သော်၎င်း မည်သို့မျှ မျှော်လင့်ချက် ရရှိနိုင်သော ခရီးစဉ်မဟုတ်ကြောင်း သိစေနိုင်ပါသည်။
တချိန်ထဲမှာပင် အမေရိကန်နိုင်ငံမှာ နေထိုင်သောမြန်မာနိုင်ငံသားများကိုယ်စား ကျွန်တော်တို့မှ၎င်း၊ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများကိုယ်စား၎င်း ၊ မစ္စတာဂျင်ဝပ်မ်အား စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အား၎င်း၊ မြန်မာနိုင်ငံသားတို့အား၎င်း အသိပေးစကားများ ပြောကြားစေရမည့်အချိန်လည်းဖြစ်ပါသည်။ ထို့ကြောင့် ကျွုပ်တို့၏နိုင်ငံရေးရည်မှန်းချက်များကို ထင်သာမြင်သာရှိအောင် စဉ်းစားပြီး အကြောင်းကြားစာပေးပို့စေလိုပါသည်။
( ၁ ) ၂၀၁၀ ရွေးကောက်ပွဲကို အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် အခြားနိုင်ငံရောက် မြန်မာမာနိုင်ငံသားများ အသိအမှတ်မပြုကြောင်းနှင့် သပိတ်မှောက်ထားခြင်း။
( ၂ ) ပြည်တွင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီဝင်ပါတီများနှင့် ပြည်သူများက သပိတ်မှောက်ခြင်။

( ၃ ) ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုသာ လိုလားခြင်း။
( ၄ ) မတရားဖမ်းဆီးခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွပ်မြောက်ရေးကို လိုလားခြင်း။
( ၅ ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံခြင်း။
( ၆ ) မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့ထားမူကို ဆက်လက်ထားရှိစေလိုဖြင်း။
( ၇ ) မြောက်ကိုးရီးယားနှင့် ပြုလုပ်နေသော ညူကလီးယားစက်ရုံတည်ဆောက်ရေးကို ရပ်တန့်စေလိုခြင်း။
( ၈ ) ပြည်သူတရပ်လုံးမသုံးစွဲရသော သဘာဝဓါတ်ငွေ့မှ ထွက်ပေါ်လာသည့် လျှပ်စစ်ရင်းအနှီးကို တရုပ်နိုင်ငံနှင့်၎င်း။ ကိုးရီးယားနိုင်ငံများနှင့် ပြုလုပ်နေခြင်းအားရုပ်သိမ်းစေလိုရေး စသည်တို့ပါရှိသော -------------။
အထက်ပါအကြောင်းအရာအချက်အလက်များအပြင် အခြားဖြည့်စွက်လိုသောအကြောင်းအရာများနှင့် အမြန်ဆုံး မစ္စတာဂျင်ဝပ်ထံသို့အကြောင်းကြားစာ ပေးပို့ရန်လိုအပ်နေပါသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားတို့သည်လည်း ၂၀၁၀ေ၇ွးကောက်ပွဲတွင် ပါဝင်ရေးအတွက် တောင်းဆိုမူမရှိကြောင်းနှင့် လွပ်လွပ်ပြီးတရားမျှတမှူလည်း ရှိမည်မဟုတ်ကြောင်းကို ပီပြင်အောင် တင်ပြရလိုပါသည်။ သို့အတူတွေ့ဆုံဆွေးနွေးရေးကိုလည်း မလိုတော့ကြောင်းကို ထပ်လောင်းပြောကြား ရေးသားကြရန်လည်းလိုအပ်ပါသည်။
ထို့ကြောင့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းအသီးသီး ကော်မီတီအသီးမှ ပုဂ္ဂိုလ်များက အမေရိကန်အစိုးရနှင့် မစ္စတာဂျင်ဝပ်မ်ထံသို့ လိပ်မူပြီး အိပ်ဖွင့်ပေးစာ ရေးသားပေးပို့ကြပါရန် တိုက်တွန်းလိုက်ပါသည်။


ခိုင်အောင်ကျော် ( နယူးယောက် )

နအဖ စစ်သံရုံးရှေ့ တွင်ကျင်းပပြုလုပ်သည့် ဂလိုဘယ်အက်ရှင်နေ့ အခမ်းအနား ( ကိုရီးယား )








လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

ကိုမင်းနိုင်အတွက်ကိုကျော်သူ၏ဖြေရှင်းချက်..

reply by ko kyaw thu.pdf 0.136 MB
Reply by Ko Kyaw Thu


အမေရိကန်နိုင်ငံရောက်မြန်မာမျိုးချစ်များခင်ဗျား.....ကျွန်တော်ရဲ့ ဇနီးဖြစ်သူရွှေဇီးကွက်ထံမှကိုမင်းနိုင်ထံသို့ July/16/2008 နေ့ စွဲ့  ဖြင့်  ဒေါ်လာ..3800 (42.75000) kyats. ကို လက်ခံ ရ ရှိကြောင်း အကြောင်းပြန်ပြီး ပါကြောင်းအသိပေးအပ်ပါသည် ။
ကျွန်တော့်ထံသို့ဆက်သွယ်သည်ဟုဆိုရာတွင်မည်သည့်အချိန်..နေ့ ..ရက်..လ..နှစ်ကနည်း... ? ကျွန်တော်သိလိုပါသည်။ ကျွန်တော်သည်2008,2009 ခုနှစ်များတွင်INTERNET ကိုလုံးဝအသုံးမပြုပါ။ မေတ္တာရှေ့ထားကာဖြေရှင်းကြစေလိုပါသည်.............
လေးစားစွာဖြင့်......ကျော်သူ

https://mail.google.com/mail/?ui=2&ik=ead8f986c4&view=att&th=128d9de17d12bb44&attid=0.1&disp=inline&realattid=f_fiyt31160&zw

Protest the SPDC!

cfob@cfob.org




PRESS RELEASE

JOIN US IN PROTEST OF THE ILLEGITIMATE BURMESE GOVERNMENT:

SATURDAY, MAY 29, 2010

12- 1 pm

85 Range Road, Ottawa, ON

20 years ago today, Daw Aung San Suu Kyi and the National League for Democracy were elected in a landslide by the people of Burma.The military dictatorship never allowed the democratically elected party to take power. They continue to run the country against the will of their people, and perpetrate some of the worst human rights abuses in the world.

Please join us in protest of this criminal regime. We call on them to step down from power, allow democratic elections to take place, and free Daw Aung San Suu Kyi from house arrest.

Burma deserves peace, power, and freedom!

‘Please use your liberty to help promote ours’ –Daw Aung San Suu Kyi

For more info contact Nisha Toomey 613 883 6409

Wednesday, May 26, 2010

26 May 2010 ဒိုင်ယာရီ

26 may 2010 yeyintnge Diary.doc 3.449 MB
26 May 2010 Yeyintnge Diary

နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ

နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ

ရွှေပြည်စိုး

မေ ၂၆၊ ၂၀၁၀

၂၀၁၀၊ ၄ ၊ ၁၅ ရက် သင်္ကြန်အကြတ်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့ ပေါက်ကွဲတဲ့ ဗုံးသုံးလုံးဟာ နအဖလက်ချက်မှတပါး အခြားမရှိကြောင်းကို မေလထုတ် ဒီစာစောင်မှာ သာဓကတွေနဲ့ ဖော်ပြပြီးပါပြီ။ အခုထပ်မံတွေ့ရှိချက် အချို့ဟာ အရင်ဖော်ပြချက်တွေကို ပိုမိုခိုင်လုံအောင် ထပ်လောင်း သက်သေထူပေးမှာ ဖြစ်ပါတယ်။ ထပ်မံတွေ့ရှိချက် အချို့မှာ-

၁။ သံသယရှိတဲ့ ကြိုတင်စီမံမှု

(က) သင်္ကြန်အကျနေ့ကတည်းက ကန်တော်ကြီးပန်းခြံထဲမှာ လုံခြုံရေးယာဉ်တွေ ဆေးရုံ အရေးပေါ်လူနာတင်ကားတွေ အသင့်ထားရှိတယ်။ (ဧရာဝတီ ၂၀၁၀၊ ၄၊ ၁၉)။ ဒါဟာ ဗုံးခွဲမှန်း ကြိုသိလို့ ကြိုတင် ထားရှိတာ ဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ အခြားနေ့နဲ့ အခြားမဏ္ဍပ်တွေမှာ ဒီလိုမထားဘဲ X2O မဏ္ဍပ်တစ်ခုတည်းမှာ လာထားတာကြောင့် ဖြစ်တယ်။

(ခ) ဆေးရုံကြီး အတွင်းလူနာဆောင်ရှိ လူနာတွေကို ကြိုတင် ဖယ်ရှားထားတယ်။ (ခေတ်ပြိုင် ၂၀၁၀ ၊ ၄၊ ၂၂) ဒါလည်း ဗုံးခွဲမယ်မှန်း သိလို့ ကြိုတင် ပြင်ဆင်ထားတာ ဖြစ်ရမယ်။

(ဂ) X2O မဏ္ဍပ်ကို ဗိုလ်ချုပ်သန်းရွှေရဲ့ မြေး ဖိုးလပြည့်လာမယ်ဆိုလို့ ဗိုလ်ချုပ်ရွှေမန်းအမိန့်နဲ့ လုံခြုံရေး အပြည့်ချထားတာ ဖြစ်တယ်။ ဒီမဏ္ဍပ်ဟာ ဗိုလ်သန်းရွှေရဲ့ မြေး ဖိုးလပြည့်ရဲ့ သူငယ်ချင်း ဖိုးအေးရဲ့မဏ္ဍပ် ဖြစ်တယ်။ ဖိုးလပြည့်ဟာ သင်္ကြန်အကျနေ့က ရေလာကစားသွားတယ်။ နောက်နေ့ ထပ်လာမည်လို့ သတင်းထွက်နေတယ်။

(ဃ) မင်္ဂလာတောင်ညွန့်မြို့နယ်ဟာ အရှေ့ပိုင်းခရိုင် စစ်ဒေသမှုးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပေမယ့် ဗိုလ်ရွှေမန်းရဲ့ အမိန့်နဲ့ တောင်ပိုင်းခရိုင် အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို လာရောက် တွဲဖက် တာဝန်ပေးထားတယ်။ အရှေ့ပိုင်းခရိုင် စစ်ဒေသမှူးရှိလျက်နဲ့ ဘာကြောင့် ဗိုလ်ရွှေမန်းက ဗိုလ်အုန်းချိုကို တွဲဖက် တာဝန်ပေးတာလဲ။

(င) X2O မဏ္ဍပ်ဟာ ရေကစားမဏ္ဍပ်သာ ဖြစ်တယ်။ လက်နက်ချင်း ယဉ်ပြိုင်တိုက်ရမယ့် စစ်မြေပြင်မဟုတ်လို့ နောက်ထပ်စစ်ဒေသမှူး တစ်ဦးကို တွဲဖက် တာဝန်ပေးတယ်ဆိုတာ ဘာသဘောလဲ။ သဘောရိုး မဖြစ်နိုင်။

(စ) ဒီလောက် လုံခြုံရေး အင်အားတွေ တိုးချဲ့ ချထားတဲ့နေရာကို ဗုံးခွဲမယ့် အဖျက်သမားတွေ ကပ်နိုင်ဖို့ လုံးဝ မဖြစ်နိုင်။

(ဆ) ဗိုလ်အုန်းချိုနဲ့ အဖွဲ့ မဏ္ဍပ်ရောက်ပြီး မိနစ်သုံးဆယ်ခန့်မှာ ဗုံးကွဲတယ်။ ဗိုလ်အုန်းချိုသားနဲ့ ဖိုးလပြည့်တို့က အညိအစွန်း ရှိခဲ့ဖူးတယ်လို့လည်း သိရတယ်။ (ခေတ်ပြိုင်င် ၂၀၁၀ ၊ ၄ ၊ ၁၉) ဗိုလ်ရွှေမန်းကလည်း ဗိုလ်ချုပ်ကြီး သန်းရွှေရဲ့ ညာလက်ရုံး ဖြစ်နေတဲ့အတွက်ကြောင့် ဒီပေါက်ကွဲတဲ့ ဗုံးတွေကို ဆက်စပ်လိုက်ရင် ဘယ်သူ့လက်ချက်ဖြစ်မလဲ ဆိုတာ တွေးကြည့်ရင် ပြေးကြည့်တာထက် ပိုထင်ရှားနေပါပြီ။

တဖန် ဒီပေါက်ကွဲတဲ့ ဗုံးသုံးလုံးဟာ ရဲချုပ်ခင်ရီ စွပ်စွဲသလို နယ်စပ်ကလူတွေရဲ့ လက်ချက်လို့ ဆိုရအောင် ၂၀၁၀ မေ ၆ ရက်နေ့က ကြေးမုံ သတင်းစာမှာ ဖော်ပြထားတဲ့ ဗုံးခွဲကိရိယာ တန်ဆာပလာ အမျိုးအမည်ပေါင်း ၂၀ လောက်ကို သယ်လာဖို့ မလွယ်သလို စစ်ဆေးရေးဂိတ် အဆင့်ဆင့် လွတ်အောင် ကျော်ဖြတ်ဖို့က ခက်တယ်။ ရတယ်ပဲထားဦး ရန်ကုန်နယ်နိမိတ်အတွင်းရောက်ဖို့ ပိုခက်ပါတယ်။ မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ ရဲ၊ ထောက်လှမ်းရေး၊ ကြံ့ဖွတ်၊ စွမ်းအားရှင် စတဲ့ နအဖ အလိုတော်ရိတွေက ၀င်လာတဲ့ လူစိမ်းမှန်သမျှကို နေ့ည မလွတ်တမ်း စောင့်ဖမ်းနေတာကြောင့် ဟိုလူတွေ ရပ်ကွက်ထဲ ဘယ်လို ရောက်လာနိုင်မှာလဲ။ အဲဒီတော့ ရဲချုပ်စွပ်စွဲတဲ့သူတွေကို အဖျက်သမား ဖြစ် သယောင်ပြောတာဟာ နအဖအတွင်း ပြဿနာကို ဖုံးကွယ်ဖို့ လုပ်ဇာတ်ခင်းတယ်ဆိုတာ ထင်ရှားနေပြန်ပြီ။

၂။ ဗုံးကွဲတဲ့နေ့ အခြေအနေ

(က) အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုဟာ သူ့သားသမီး သုံးယောက်ကို သင်္ကြန်ရက်အတွင်း ဘယ်မှ ထွက်မလည်ဖို့ သူ့ဇနီးကို ကြိုတင်မှာထားကြောင်း သူနေထိုင်ရာ ဝေဠုဝန် အိမ်ရာမှာ ပြန့်နှံ့နေပါတယ်။ (ခေတ်ပြိုင် ၂၀၁၀ ၊ ၄၊ ၂၂)

(ခ) ဗိုလ်အုန်းချိုဟာ သင်္ကြန် အကြိုနေ့ကတည်းက X2O မဏ္ဍပ်လုံခြုံရေးကို အနီးကပ် ကြီးကြပ်ရသူ ဖြစ်တယ်။

(ဂ) ဗိုလ်အုန်းချိုဟာ ဗုံးကွဲတဲ့နေ့ နံနက် ၁၀ နာရီမှာ မဏ္ဍပ်ကိုရောက်တယ်။ နေ့လယ် ၁၂ နာရီ မှာ ထမင်းပြန်စားတယ်။ ညနေ ၃ နာရီမှာ အခြားအဏာပိုင်တွေနဲ့ အတူ ပြန်ရောက်လာပြီး နာရီဝက်ခန့်အကြာမှာ ဗုံးပေါက်ကွဲလို့ လူအတော်များများ သေဆုံးကြတယ်လို့ တာဝန်ကျ တပ်ကြပ်တစ်ဦးက ပြောတယ်။

(ဃ) ဗုံးပေါက်ကွဲ ပြီးပြီးချင်း လူနာတင်ကား ချက်ချင်းရောက်လာတယ်။ ဗုံးကွဲတဲ့နေရာကို ဗုံးကျွမ်းကျင်သူ Bomb experts တွေကို စေလွှတ်ရမည့်အစား ယာဉ်ထိန်းရဲတွေကိုသာ စေလွှတ်ပြီး ပေကြိုးဆွဲ မြေပြင်ရှင်းလင်းရေးတွေကို လုပ်ခိုင်းတယ်။ (ခေတ်ပြိုင် ၂၀၁၀ ၊ ၄၊ ၁၉) အကယ်၍ ဗုံးကျွမ်းကျင်သူတွေကို စေလွှတ် စစ်ဆေးပါက နအဖလူကြီးတွေရဲ့ လှို့ဝှက် လုပ်ကြံမှုတွေကို ပေါ်ကုန်မှာစိုးလို့ ယာဉ်ထိန်းရဲတွေကိုသာ စေလွှတ်တယ်ဆိုတာ ထင်ရှားတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီဗုံးခွဲတဲ့ လက်သည်တရားခံဟာ ဘယ်သူဖြစ်မလဲဆိုတာ တွက်လို့ရပါတယ်။

၃။ ဟောကိန်းတွေထုတ်ပြီ နအဖကို

“ဒီလောက် လက်နက်ကိုင် လုံခြုံရေးတွေ အများကြီး ယူထားတဲ့ကြားက ပေါက်ကွဲမှုဖြစ်တယ်ဆိုတော့ လူထုဆန့်ကျင်တဲ့ အလုပ်ကို နအဖပဲလုပ်တာ၊ သူတို့ပဲခွဲတာဖြစ်မယ်၊ စစ်အစိုးရလက်ချက် ဖြစ်နိုင်ခြေရှိတယ်” လို့ မြန်မာ့စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက ဗုံးကွဲတဲ့နေ့မှာပင် ဟောကိန်းထုတ်လိုက်ပါတယ်။ (DVB ၂၀၁၀၊ ၄၊ ၁၅)

မင်္ဂလာတောင်ညွန့်မြို့နယ် နေထိုင်သူများနဲ့ ရန်ကုန်မြို့နေ လူထုကလည်း ဦးအောင်ကျော်ဇောနည်းတူ နအဖလက်ချက်ဖြစ်နိုင်ကြောင်း ဟောကိန်းထုတ်ကြပါတယ်။

၎။ နအဖက ၀ါးလုံးရှည်နဲ့ ရမ်းပြီ

နအဖအောက်ခြေ အာဏာပိုင်တွေက X2O မဏ္ဍပ်ရှေ့ ပေါက်ကွဲမှုကို အသေအခြာစုံစမ်းစစ်ဆေးခြင်း မပြုဘဲ ထုံးစံအတိုင်း နယ်စပ်အခြေစိုက် ABSDF, NLD-LA, NCUB, NCGUB တို့က ငွေကြေးစိုက်ထုတ် ကြိုးကိုင်ပြုလုပ်တယ်။ ပြည်တွင်းအဖွဲ့ချုပ်နဲ့ ဗုံးခွဲသူတွေကို ပတ်သက် ချိတ်ဆက်ထားသယောင် စွပ်စွဲထားတယ်။ ဒါပေမယ့် အတိုက်အခံ အင်အားစုတွေက “ဗုံးခွဲမှုတိုင်းမှာ နအဖက ဒီမိုကရေစီ အင်အားစုတွေကို စွပ်စွဲလေ့ရှိတယ်။ ဒီလို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို ပြည်သူတွေက လက်မခံသလို နိုင်ငံတကာကလည်း လက်ခံမှာ မဟုတ်ဘူး” လို့ ငြင်းဆိုတယ်။ ဒါ့အပြင် နအဖထဲမှာ တင်းမာမှု၊ အားပြိုင်မှုတွေ ရှိနေတယ်။ နအဖ အနေနဲ့ သူ့ရဲ့ အနီးဆုံးက လက်နက်တွေကို ရန်ကုန်မြို့ထဲ ဘယ်လို သယ်ယူနိုင်တယ်၊ ဘယ်လိုပုံသဏ္ဍန်နဲ့ ဖောက်ခွဲနိုင်တယ်ဆိုတာ နအဖနဲ့ ဒီလူတွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။”လို့ ဆိုပါတယ်။ (DVB ၂၀၁၀ ၊ ၄၊ ၁၈)

အဲဒီလို အတိုက်အခံဘက်က ပြန်နှက်လိုက်ပေမယ့် အရှက်ကင်းမဲ့တဲ့ နအဖကတော့ ရှက်ရမှန်းသိမှာမဟုတ်။

ကြေးမုံသတင်းစာက စွပ်စွဲတဲ့ အထဲမှာ စစ်သည်လက်နက်အင်အားကောင်းပြီး ငွေကိုရေလိုသုံး၊ ဖြုန်း၊ဗုန်းနေတဲ့အဖွဲ့ကို စွပ်စွဲဖို့ ကျန်နေပါတယ်။ အဲဒီအဖွဲ့က မကောင်းမှုဒုစရိုက်နဲ့ ကြော်ကြားပြီး မြန်မာရောကမ္ဘာကပါ အော့ကြောလန်နေတဲ့ နအဖအဖွဲ့ ဖြစ်တယ်။ နောက်တစ်ကြိမ်ပေါက်ကွဲမှုဖြစ်ရင် နအဖကိုပါ ထည့်သွင်းစွပ်စွဲဖို့ မမေ့ပါနဲ့လို့ ပြည်တွင်းရှိ စာနယ်ဇင်းတွေကို သတိပေးလိုက်ပါတယ်။

၅။ ကြေညာပြီ ဆုငွေဆယ်သိန်း

၁၅ရက် အကြတ်နေ့က ပေါက်ကွဲတဲ့ ဗုံးသုံးလုံးကြောင့် လူဆယ်ဦးသေပြီး ၁၇၀ ကျော်ဒဏ်ရာရတဲ့ လူသတ်မှုတရားခံ လက်သည်မပေါ်သေးလို့ ထိရောက်စွာ သတင်းပေးနိုင်သူကို ဆုငွေဆယ်သိန်းချီးမြှင့်မယ်လို့ တယက (ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)က ညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်။ (ခေတ်ပြိုင် ၂၀၁၀၊ ၄၊ ၁၉)

ညွှန်ကြားချက်ထုတ်ပြီးတာ ခုဆို တစ်လကျော်လာပြီ။ လက်သည်အစစ်မပေါ်သေးဘူး။ တစ်လမပြောနဲ့ တစ်နှစ်၊ ဆယ်နှစ်တောင် တရားခံ အစစ်ပေါ်မှာမဟုတ်။ စစ်အာဏာရှင်ကြီးတွေ ၀ိညာဉ်ချုပ်ပြီးမှ သို့မဟုတ် သူတို့အချင်းချင်းဖော်တော့မှ ပေါ်မယ့်အမှုတွေဖြစ်တယ်။ တရားခံအတုတော့ မကြာမီပေါ်လာပါလိမ့်မယ်။ ဟုတ်မဟုတ် စောင့်ကြည့်ကြပါ။

၆။ လွဲနေပြီ တယက ညွှန်ကြားချက်နဲ့ ရဲချုပ်စွပ်စွဲချက်

၂၀၁၀ ၊ ၄ ၊ ၁၉ ရက်နေ့က တယကရဲ့ ညွှန်ကြားချက်ထဲမှာ “၁၅ ရက်နေ့က ဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲမှုတွင် မသင်္ကာဖွယ် အဖျက်သမားနှစ်ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်၍….. လို့ နှစ်ယောက်ကို ဖော်ပြထားပုံနဲ့ ရဲချုပ်ရဲ့ ၂၀၁၀ မေ၊ ၆ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ “လက်ပစ်ဗုံး သုံးလုံးကို VBSW အဖွဲ့ဝင်သုံးဦးက ဖောက်ခွဲသည်။ ဖြိုးဝေအောင်က ပတ်ဝန်းကျင်ကို စောင့်ကြည့်သူဖြစ်ကြောင်း စွပ်စွဲပုံတို့ဟာ ကွဲလွဲကွာဟနေတာ တွေ့ရပါတယ်။ ဘယ်သူကလိမ်လို့ ဘယ်သူက ညာနေလဲဆိုတာ သူတို့သာ သိမှာပါ။

တဖန် ရဲချုပ်ပြောသလို လူသုံးယောက်က ဗုံးသုံးလုံးဖောက်ခွဲတယ်လို့ တပ်အပ်သိနေမှ ဘာကြောင့်ချက်ချင်း မဖမ်းသလဲ။ ဖြိုးဝေအောင်ကိုကော ဘာကြောင့်ချက်ချင်း မဖမ်းတာလဲ။ ဗုံးခွဲသူတွေက နအဖလူကြီးတွေရဲ့ လူတွေဖြစ်နေလို့ မဖမ်းတာလား။ ဖြိုးဝေအောင်ဟာ မဲဆောက်မြို့ VBSW ထံနှစ်ကြိမ် ဖောက်ခွဲရေးသင်တန်းတက်ခဲ့တာ သိလျက်နဲ့ ဘာကြောင့် အရင်ကတည်းက မဖမ်းတာလဲ။ ဘာကြောင့် ခုမှ ဖမ်းတာလဲ၊ မေးပါရစေ။

အဲဒီလို များစွာသော ရဲချုပ်ရဲ့ ရှေ့နောက်မညီတဲ့ မှားယွင်းချက် အပြည့်အစုံကို ၂၀၁၀ ၊ မေ၊ ၁၁ ရက်နေ့ထုတ် ဧရာဝတီနဲ့ ၂၀၁၀ မေ၊ ၁၂ ရက်နေ့ထုတ် ယနေ့မြန်မာ သတင်းဌာနတွေမှာ ဖတ်နိုင်ပါတယ်။

၇။ ယုတ္တိရှိအောင် စွပ်စွဲဖမ်းပြီ

မေလ ၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ကပြောတော့ VBSW နဲ့ နယ်စပ်က ဒီမိုကရေစီအင်အားစု ၊ ဖမ်းတော့ ရန်ကုန်က ဖြိုးဝေအောင်၊ ကျော်သူလင်း။ နောက် ဖမ်းထားဆဲက ဓာတ်ပုံရိုက်တဲ့ စည်သူဇေယျနဲ့ သူ့အဖေ သားကြီးမောင်ဇေယျတို့ ဖြစ်နေပြီ၊ ယုတ္တိရှိအောင် ဖမ်းတဲ့ သဘောပါ။

၈။ မဌေးဌေးက ငြင်းပြီ

၂၀၁၀၊ ၄၊ ၂၃ ရက်မှာ အဖမ်းခံရတဲ့ ဖြိုးဝေအောင်ရဲ့ ဇနီး မဌေးဌေးက သူ့ခင်ပွန်းကို မှားဖမ်းတာပါ။ သင်္ကြန်အတက်နေ့က သူ့ခင်ပွန်းဟာ X2O မဏ္ဍပ်မှာ မရှိကြောင်း မဏ္ဍပ်နဲ့ အလွန်အလှမ်းဝေးပြီး သင်္ကြန်ရက်အတွင်းမှာ အပြီးလုပ်ပေးရမယ့် ရန်ကင်းစင်တာက လုပ်ငန်းမှာ တစ်ချိန်လုံး အလုပ်လုပ်နေကြောင်း သူ့ခင်ပွန်းဟာ အာဏာပိုင်တွေရဲ့ လုပ်ကြံစွပ်စွဲ ဖမ်းဆီးခံရကြောင်း RFA ကိုပြောကြောင်းသိရပါတယ်။ (RFA ၂၀၁၀ ၊ မေ၊ ၈ ရက်)

ကျန်အဖမ်းခံထားရတဲ့ သူများကလည်း ၎င်းဗုံးအမှုနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုကြတယ်။

၉။ နှုတ်ပိတ် ခြိမ်းခြောက်ခံနေရပြီ

လူဆိုး၊ သူခိုး၊ ဓားပြဆိုတာ လူတိတ်ချိန်၊ လူအိပ်ချိန်၊ လူလစ်ချိန်ကို ရွေးပြီး ခိုးတတ်၊ တိုက်တတ်ပါတယ်။ အလားတူ သူခိုးဓားပြနဲ့တူတဲ့ နအဖဟာလည်း လူသူမသိအောင် လူအိပ်ချိန်၊ လူတိတ်ချိန်မှာ ခိုးကြောင်ခိုးဝှက် လုပ်လေ့ရှိပါတယ်။ ၂၀၁၀၊ ၄၊ ၂၃ ရက်နေ့ ဖြိုးဝေအောင်ကို အမှုဆင်ပြီးလာဖမ်းချိန်မှာ ညသန်းကောင်ကျော် အိပ်မောကျချိန် လာနှိုးကာ သန်းကောင်စာရင်းစစ်ဖို့ဆိုပြီးမှ ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းတယ်၊ ဘယ်ကိုခေါ်သွားမယ်မပြော ဘယ်မှာဖမ်းထားတယ် မေးလို့မရ။ ပြန်ပေးဆွဲတာထက်ပိုဆိုးတယ်။ ပြန်ပေးဆွဲတာကမှ ဘယ်မှာလာရွေးဖို့ ပြောသေးတယ်။ ခုသူတို့ဟာ သူခိုးဓားပြတွေ လုပ်တဲ့ လုပ်ရပ်တွေနဲ့ အတူတူပါပဲ။

ဖြိုးဝေအောင်ကို လာဖမ်းတဲ့ညက “ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့၊ ဘယ်ကိုမှ အကြောင်းကြားတာ ပြောတာ မလုပ်နဲ့။ လုပ်ရင် ကျမတို့ကိုပါ ထောင်ထဲထည့်မယ်။ ဘာညာပြောပြီး ခေါ်သွားတာပဲ။” ဒါ့အပြင် ရပ်ကွက်အာဏာပိုင်တွေကို မေးတဲ့အခါ “တရားခံကို မိတော့မယ်။ သံသယရှိ၍ ခေတ္တထိန်းသိမ်းထားခြင်းဖြစ်ကြောင်း၊ မကြာမီ ပြန်လွတ်လာမည်ဖြစ်ကြောင်း၊” တို့ကိုသာပြောပြီး မည်သည့်နေရာသို့ ပို့ထားကြောင်းကိုမူ ဖြေဆိုခြင်းမရှိဟု မဌေးဌေးက ဧရာဝတီကို ပြောသည်။ (ဧရာဝတီ ၂၀၁၀ ၊ မေ၊ ၁၀)

ဒီလောက်ဆို နအဖအာဏာပိုင်တွေဟာ သူခိုးဓားပြ ပြန်ပေးဆွဲတွေရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း လုပ်နေတယ်ဆိုတာ ထင်ရှားနေပါပြီ။

အဲဒီတော့ ၂၀၁၀ ၊ ၄ ၊ ၁၅ ရက်နေ့က X2O မဏ္ဍပ်ရှေ့ ပေါက်ကွဲတဲ့ ဗုံး သုံးလုံးဟာ ဘယ်သူ့လက်ချက် ဖြစ်မယ်ဆိုတာ ပြောစရာပင် လိုမယ်မထင်တော့ပါ။

၁၀။ စစ်အာဏာရှင်စနစ်၏ သွေးစွန်းတဲ့ ခြေရာများ

လက်ရှိနအဖ အာဏာရှင်ကြီးတွေဟာ အာဏာရယူဖို့ အာဏာတည်မြဲဖို့ဆိုရင် ဘယ်ကျေးဇူးရှင် ဘယ်မျက်နှာကိုမှ မထောက်၊ အပြတ်ရှင်းလေ့ရှိသလို တစ်နေ့နေ့ တစ်ချိန်ချိန် သူတို့အာဏာထိပါးလာစရာ ရှိတယ်လို့ ထင်မြင်ယူဆသူများကိုလည်း ရေရှည်မထားပါ။ ဥပမာ ဗိုလ်ချုပ်နေ၀င်းဆိုရင် သူတို့ရဲ့ ကျေးဇူးရှင်ပါ။ ဒါပေမယ့် “ဘုရားပြီး ငြမ်းဖျက်”ဆိုတဲ့အတိုင်း ဗိုလ်နေ၀င်းကို အကျယ်ချုပ် ချထားလိုက်တယ်။ သူ့ရဲ့သမီး၊ သားမတ်၊ မိသားစုကိုလည်း အာဏာလုဖို့ ကြံစည်တယ်ဆိုပြီး မိသားတစုလုံးကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်။

တဖန် ဗိုလ်ချုပ်စောမောင်ကိုလည်း ဖယ်ရှားချင်လို့ စိတ်ဖောက်ပြန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာထူးကဖယ်ရှားခဲ့တယ်။

ဒါ့အပြင်သူတို့အာဏာကို ထိပါးနိုင်တယ်၊ သူတို့ထိုင်ခုံကို ကိုင်လှုပ်နိုင်တယ်လို့ အထင်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ် အကျယ်ချုပ်ချခဲ့တယ်။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ အသေသတ်ဖို့ လှို့ဝှက်ကြံစည်ခဲ့သေးတယ်။ ကံကောင်းထောက်မလို့ အသက်မသေပေမဲ့ ဒီနေ့ထိ အိမ်အကျယ်ချုပ်က မလွတ်မြောက်သေးပါ။

နအဖ အတွင်းရေးမှုး ၂ ဗိုလ်ချုပ်တင်ဦးကို တမျိုးအမြင်လွဲပြီး ကမ္ဘာအေးစေတီအနီးမှာ နှစ်ကြိမ်၊ သူ့နေအိမ်မှာ တစ်ကြိမ် လုပ်ကြံတာ မသေလို့ နောက်ဆုံး မော်လမြိုင်မှ ဖားအံအသွား စစ်ရဟတ်ယာဉ်ပေါ်မှာ လုပ်ကြံ သတ်ဖြတ်ခဲ့တယ်။

နောက်ဆုံး ဗိုလ်ချုပ်ခင်ညွန့်ကိုလည်း မလိုအပ်တော့လို့ အကွက်ဆင်ပြီး မခိုင်လုံတဲ့ အကြောင်းပြချက်တခုနဲ့ သေဒဏ်ပေးရာက ဆိုင်းငံ့အမိန့်နဲ့ အကျယ်ချုပ်ချခံခဲ့ရတာ ဒီနေ့အထိပါ။

အထက်ဖော်ပြပါ လုပ်ကြံစွပ်စွဲချက်များအပြင် အခြားမထင်ရှားတဲ့ လုပ်ကြံစွပ်စွဲပြီး သတ်ဖြတ်ခဲ့တဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ပါ။

ဒါကြောင့် အထက်ဖော်ပြပါ လုပ်ကြံစွပ်စွဲချက်များကို ပြန်လည်ဆန်းစစ်ခြင်းအားဖြင့် ၂၀၁၀ ၊ ၄ ၊ ၁၅ ရက်နေ့က X2O မဏ္ဍပ်ရှေ့ ပေါက်ကွဲမှုကြောင့် နအဖ၀န်ထမ်းအပါအ၀င် ၁၀ ဦးသေပြီး ဗိုလ်မှူးကြီး အုန်းချိုနဲ့ အရာရှိအချို့အပါအ၀င် ၁၇၀ ကျော်ဒဏ်ရာရတဲ့ လုပ်ကြံမှုဟာ နအဖလက်ချက်မှတပါး အခြားမရှိကြောင်း အများသိစေရန် ထပ်လောင်း၍ တင်ပြအပ်ပါတယ်။

လေးစားစွာဖြင့် - ရွှေပြည်စိုး

http://moemaka.com/index.php?option=com_content&task=view&id=6481&Itemid=1