Friday, July 30, 2010

30 July 2010 ဒိုင်ယာရီ


30 July Yeyintnge;sDiary

အာဏာသိမ်းနောက်ဆက်တွဲ...

from.... http://arzarni.blogspot.com/


Nay_PYae_Taw_news_2

အရုဏ်ဦး တွင် ဖူးသည့် ကြာဇာတ်ကားမှ သရုပ်ဆောင် အချို့ ပြည်ဝင်ခွင့် ဗီဇာ ကန့် သတ်ခံရဖွယ်ရှိ


အရုဏ်ဦး တွင် ဖူးသည့် ကြာဇာတ်ကားမှ သရုပ်ဆောင် အချို့ ပြည်ဝင်ခွင့် ဗီဇာ ကန့် သတ်ခံရဖွယ်ရှိ

18
13
မဲပေးပါ
Quantcast

အရုဏ်ဦးတွင် ဖူးသည့် ကြာ အမည်ရှိ ၀ါဒဖြန့် ချိရေးဇာတ်ကားမှ သရုပ်ဆောက် ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်

Updated လွန်ခဲ့သည့် သီတင်း ပတ်များ အတွင်း မြန်မာစစ်အစိုးရထိန်းချုပ် ထားသည့် ရုပ်သံများမှ ထုတ်လွှင့်
ပြသခဲ့သည့် အရုဏ်ဦး တွင် ဖူးသည့် ကြာ ဇာတ်ကားမှာ သရုပ်ဆောင် အချို့ နှင့် ထိုဇာတ်ကား ဖြစ်မြောက်ရေး
ကမ္မည်း မော်ကွန်း တွင် ပါဝင်သူ အချို့ မှ အမေရိကန် နိုင်ငံတွင်း သို့  လာရောက် လည်ပတ် နိုင်မည့် ပြည်ဝင်ခွင့်
ဗီဇာ အတွက် ကန့် သတ် ခံရ နိုင်ဖွယ် ရှိ ကြောင်း ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံးတွင် နှစ်အတန် ကြာတာဝန်
ထမ်းဆောင် ခဲ့ဖူးသည့် သံအမှုထမ်း တစ်ဦး က Freedom News Group သို့ ပြောသည်။

မြန်မာစကား အား ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက် ထားသော ထိုသံအရာရှိ ဟောင်းက ကျွန်တော်လည်း
ကြည့် ပြီးသွား ပြီ ကမ္ဘာ့ သမိုင်း နဲ့  ဆက်စပ် နေတာ တစ်ချို့ ကိုပါ လိမ်ညာ ထားတာ ပါတယ်။ စစ်အေးခောတ်
တုန်းက တော့ ရုရှား ၊ပိုလန် နဲ့ အရှေ့  ဥရောပ က ၀ါဒဖြန့် ဇာတ်ကား ရိုက်တဲ့ သရုပ်ဆောင် အချို့ ကို ပြည်ဝင်ခွင့်
ပိတ်ဖူး တယ်။ အခုတော့ ဒါ ကို အမိမြေ လုံခြုံရေး က ကိုင်တယ် ဟု Freedom News Group သို့ ပြောသည်။

ထိုဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် သူများ ကို အမေရိကန် အခြေစိုက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှား သူများ
ကလည်း ပြည်ဝင် ခွင့် ဗီဇာ ပိတ်ပေး ရန် တောင်း ဆို ထားသည်။လတ်တလော တွင် လည်း အမေရိကန် နိုင်ငံတွင်း
သို့ ပြည်ဝင်ခွင့် ဗီဇာ လျှောက် ထား မည့်  မည်သည့် အနူပညာရှင် မဆို ဖျောဖြေရေး အခွန် ဒေါ်လာ ၃၀၀၀ ထက်မနည်း
ပေးဆောင် ရန် သတ်မှတ်ထား ပြီး ဖြစ်သည်။

ပြေတီဦး က ရွေးကောက်ပွဲ ဥပဒေ ဆို တာ ဒါပဲ ဟု ဆိုကာ သေနတ် ထုတ်ပြပြီး ရွာသားများ ကို ခြမ်းခြောက်နေစဉ်

စစ်အစိုးရ လက်ခုပ်ထဲက ရေ ဖြစ်နေ သည့် မြန်မာ သရုပ် ဆောင်များ အား ထိုကဲ့သို့  ဖိအားပေးပါက သရုပ်ဆောင်
များ အတွက် နစ်နာ နိုင်သည် ဟု နာမည်ကျော် သရုပ်ဆောင် တစ်ဦး က သုံးသပ်သည်။ သူက မရိုက်ချင် ဘူး လို့ 
ငြင်း လို့ မှ မရတာ ရိုက်ရတာ ပဲ ဗီဇာ ပိတ်ရင် တော့ မလွယ် ဘူး သရုပ်ဆောင် တွေ က ပြည်တွင်း ၀င်ငွေက ဘာလောက်
မှ မက်လောက် စရာ ရှိတာ မဟုတ် ဘူး ဟု ဆိုသည်။

ထင်ရှား သည့် လူငယ်စာရေး ဆရာ တစ်ဦးက မူ သူ တို့ ရဲ့  ဒီဇာတ်ကားမှာ သရုပ်ဆောင် အမူအယာ ကိုပဲ ကြည့်ပြီး
ပိတ်သင့် တယ် ပြည့်သူ့ ဘက်တော်သား ကရိုက်တာ ဆိုရင် မပိတ် သင့် ဘူး ဟု ပြောသည်။

ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပချိန် တွင် ပြသသည့် စစ်အစိုး ရ ၀ါဒဖြန့် ချိရေး ဇာတ်ကား မှာ ကြည့်သူ
မရှိ သော ဖြစ်နေ သောကြောင့် ဗီဒီယို ခွေ အငှား ဆိုင်များ တွင် မတင် မနေရ ၀ယ်ယူကြရသည်။

ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးပြီး နာမည် ကျော် သရုပ်ဆောင် များ ပါဝင်သည့် အရုဏ်ဦး တွင် ဖူး
သည့်ကြာ အမည် ရှိ ၀ါဒဖြန့် ချိရေး ဇာတ်ကား သည် လွတ်လပ်ရေး ရပြီး နောက်ပိုင်း မြန်မာ့ သမိုင်းနှင့်
ကျောင်းသား လှုပ်ရှား မှု အချို့ ကို တမင်မှားယွင်း ဖော်ပြထားမှု နှင့် လိမ်ညာ ထား မှု များ ကြောင့်ကြည့်
ရှုသူများ ၏ ဝေဖန် ကန့် ကွက်မှု များ နှင့် ကြုံ တွေ့ နေရသည်။

နာမည် ကျော် ဗီဒီယို ဝေဖန် ရေး ဆရာ တစ်ဦးက ပြောစရာ တွေ က ဇာတ်လမ်း တင် မဟုတ်ဘူး ရိုက်ကူးမှုပိုင်း၊
အိုက်တင် နဲ့  အသံဖမ်း တွေ ကတော်တော်ညံ့ တယ် ။သရုပ်ဆောင် တွေ ကို လည်း ဖိအားပေး ခေါ်ထား တော့
စိတ်ပါ လက်ပါ သရုပ်မဆောင် ထားတာ တွေ့ ရတယ်။ ပြောစရာ ကတော့ အသံဖမ်း စနစ် ပဲ အစိုးရ ကိုယ် တိုင်
အကုန် အကျခံထား တာတောင် မစွံ့ ဘူး ဟု ပြောသည်။ ထိုဗီဒီယို ဇာတ်ကား ရှည်ကြီး အား ဝေဖန် ရေး ဆရာ
မြန်မာ့ သမိုင်းဆိုင်ရာ ဇာတ်လမ်း များ လိမ်ညာထား မှု ကြောင့် ဝေဖန် ရေး သား ခဲ့သော် လည်း စာပေစိစစ် ရေးက
ထို ဇာတ်ကား နှင့် ပတ်သက် လျှင် အကောင်း မရေး သမျှ စာ မူ အား လုံး ကို ဖြုတ်ပယ် သည် ဟု သိရသည်။

အရုဏ်ဦး တွင် ဖူးသည့် ကြာဇာတ်ကား အားယမန် နှစ် စက်တင်ဘာ လက တည်း က စတင် ရိုက်ကူးရာ ထိုဇာတ်ကား
တွင် ပါဝင် သည့် သရုပ်ဆောင် သက်မွန် မြင့် နှင့် အခြား စစ်သား တစ်ဦး မှာ ယမ်းဘီလူး ဖောက်ခွဲ ရေး ပြုလုပ်စဉ်
မျက်နှာ မီးလောင် ဒဏ်ရာ များ ရရှိ ခဲ့သည် ။

ထိုဇာတ်ကား အတွက် မူလ က သရုပ်ဆောင်များ ကို ကမ်းလှမ်းရာ အချို့က ငြင်းပယ် သောကြောင့် နာမည်ကျော် သရုပ်ဆောင်
အား လုံးအား ရုပ်ရှင် အစည်း အရုံးမှ တစ်ဆင့် တွေ့ ဆုံ ကာ ပါဝင် စေခဲ့ခြင်းဖြစ် သည်။ ထိုဇာတ်ကား တွင် ပါဝင် သရုပ်ဆောင်
သူများ မှာ မော်တော်ကား တင်သွင်း ခွင့် ပါမစ် နှင့်အခြား အခွင့် အရေး များ ရရှိကြသည် ဟု အမည် မဖော် လို သည့် ဒါရိုက်
တာ တစ်ဦး က Freedom News Group သို့  ပြောသည်။

စစ်အစိုးရ ၏ ၀ါဒဖြန့် ချိရေး ဇာတ်ကား များ မှာ အခြား သော ဇာတ်ကားများ ထက် ငွေကြေး အင်အား ၊သရုပ်ဆောင်
အင်အား အများအပြား အသုံးပြုထား သော် လည်း ပရိသတ် စိတ်ဝင်စား မှု မရရှိ ဟုသိရသည်။

အရုဏ်ဦး တွင် ဖူးသည့်ကြာ ဇာတ်ကား အား ကာကွယ်ရေး ၀န်ကြီး ဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တိုက်ရိုက်
ကူညီ ထား ပြီး မြန်မာ ပြည် အနှံ ရိုက်ကွင်း များ တွင် သက်ဆိုင်ရာ တိုင်း မှုး များ ကိုယ် တိုင် ကူညီ ရသည် ဟု သိရသည်။

အရုဏ်ဦးတွင် ဖူးသည့်ကြာမှ သရုပ်ဆောင် နေတိုး

ထိုဇာတ်ကား တွင် ကျော်ရဲအောင် ၊လွင်မိုး၊ လူမင်း၊ ခန့် စည်သူ ၊ပြေတီဦး ၊
နေတိုး ၊ ရဝေအောင်၊မိုးယံဇွန် နှင့်အမျိုးသမီး သရုပ်ဆောင်များ ဖြစ်ကြသည်.စိုးမြတ်သူဇာ ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင် ၊မိုးဟေကို ၊ မြတ်ကေသီအောင် ၊ ၀ိုင်းစု ခိုင်သိန်း ၊
မေသက်ခိုင်၊အေးမြတ် သူ ၊ဆုပန် ထွာ တို့  ပါဝင် သည် ။

ထိုဇာတ်ကား ၏ ထုတ်လုပ်မှု စရိတ် သည် ကာလပေါက်ကြေး
သိန်း ရှစ်ထောင် ခန့် ကုန်ကျနိုင်သည် ဟု ကျွမ်း
ကျင်သူ အချို့ က ခန့် မှန်း ကြသည်။ န၀ရတ် ရွှေစင် ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ်ရေး မှ အဆိုပါ ဇာတ်ကား ကို
ထုတ်လုပ် ခြင်းဖြစ်သည်။ထိုဇာတ်ကား အား ပထမပိုင်း ၊ဒုတိယ ပိုင်း
နှင့် ဇာတ်သိမ်း ပိုင်း ဟူ ၍ သုံး ပိုင်း ခွဲ၍ ထုတ်လုပ် ထားသည်။

ဇာတ်ကားအားကြည့်ရှုလိုလျှင် ဤနေရာတွင် ကလစ်နှိပ်ပါ

ဇာတ်ကား အား ကြည့် ရှု ခဲ့သူ များ က သမိုင်း ကြောင်း နောက်ခံ နိုင်ငံရေး ဖြစ်ရပ်မှန် ဇာတ်လမ်း ဟု ဆိုသော်
လည်း ခောတ်ပြိုင် နိုင်ငံရေး သမိုင်း လှုပ်ရှား မှု များ ကို ဖော်ပြထား ခြင်း မရှိ ဟု ဆိုသည်။

ထိုဇာတ်ကား သည် အော်စကာ ဆုလျှာထား ခံရ သည့် Burma VJ ဇာတ်ကား ကို တုံ့ ပြန် နိုင်ရန် စီစဉ် ရိုက်ကူး
ထား ခြင်း ဖြစ်သည်။

ဇာတ်ကား မှ ဇာတ်ဝင် ခန်း တစ်ခု တွင် သရုပ်ဆောင် ခန့် စည်သူ က ခိုင်သင်းကြည် အား မြန်မာ့ သမိုင်းကြောင်း
အချို့ အား ရှင်းလင်းပြ ရာ တွင် ၁၉၇၄ ခုနှစ် ဉ် ဦးသန့် ၏ ရုပ် အလောင်း အား နယူးယောက် မှ ဂူသွင်း လျှင်လဲ
ရလျှက် သား နှင့် ရန်ကုန် သို့ ရှည် ပြီး ပြန် ပို့ သည် ဟု အမေရိကန် အား စောင်းပါးရိပ် ခြည် အပြစ်တင်သွားသည်။

တရုတ်ဖြူ အရေး အား ကုလ တွင် မဲ ခွဲ ရာ တွင် အမေရိကန် က မဲမပေးဘဲ နေ သည် ဟု ပြစ်တင် ပြောသွားသည်။

သရုပ်ဆောင် အောင်ခိုင်

ထိုဇာတ်ကား သည် အခြား ဇာတ်ကား များ မရရှိ သော အခွင့်အရေး များ ကို ရရှိခဲ့ပြီး အခြားဇာတ်ကားများ ရိုက်ကူးခွင့်
မရရှိသော နေရာ များ တွင် ပင် ရိုက်ကူးခွင့် ရရှသော ကြောင့် ဒါရိုက်တာ အချို့ က မကျေနပ် ဟု သိရသည်။

ဗမာပြည် ကွန်မြူနစ် ပါတီဝင် တစ်ဦး အဖြစ် သရုပ်ဆောင် သည့် အကယ်ဒမီ အောင်ခိုင် က မူ လူထု သတင်းစာ
တိုက်အား အစိုးရစစ်တပ်များ မှ ကွန်မြူနစ် ပါတီ သတင်း များ ရိုက် နှိပ်ပေး သည် ဟု ဆိုကာ ဒိုင်းနမိုက်ဖြင့် ခွဲသည်
စွပ်ဆွဲ သည် ဟု ပြောသည့် အခန်း နှင့် ထို ဆွေး နွေး ခန်း တွင် သရုပ် ဆောင် ကောင်း သည် ကို တွေ ရှိရသည်။

ထိုဇာတ်ကား ထဲ မှ ဒိုင်ယာလော့ အချို့ ကို နောက်ဆုံး အဆင့် ဉ် ဆင်ဆာ ပြန်လည် ဖြတ်တောက် ထား သည် ။
ဇာတ်ကား အား ကြည့်ရှု ခဲ့သော သတင်းထောက် တစ်ဦး က ထိုဇာတ်ကား သည် သတင်းထောက် ၊ဂျာနယ်လစ်
နှင့် စာ နယ်ဇင်း သမား များ အား သရော်ရှုံ့ ချ ထားသည် ဟု သိရသည်။

http://freedomnewsgroup.com/

ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကိုရောင်းမယ့် ဒီမိုကရေစီပဲ


ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကိုရောင်းမယ့် ဒီမိုကရေစီပဲ

NEJ / ၃၀ ဇူလိုင် ၂၀၁၀


ဇူလိုင်လ (၉) ရက်နေ့က ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် စာရေးဆရာသန်းဝင်းလှိုင်နှင့် ခေတ်ပြိုင် တွေ့ဆုံမေးမြန်းခန်း။

ဆရာသန်းဝင်းလှိုင်သည် ၁၉၇၇ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀မဂ္ဂဇင်းပါ ‘အနာဂတ် အာကာသလွန်းပျံယာဉ်’ သိပ္ပံဆောင်းပါးဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော ကျောက်မျက်ရတနာ လက်ဆွဲစာအုပ်သည် ပထမဆုံး လုံးချင်းစာအုပ်ဖြစ်ပြီး ဆက်လက်၍ နေမ၀င်သေးသည့် ဘုရင်များ၊ လူတိုင်းအတွက် သုတဗေဒင်၊ ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ၊ နှစ်ဆယ်ရာစု မြန်မာ့သတင်းကို ပြောပြနေသော နေ့ရက်များ၊ အနှစ်ချုပ် မြန်မာ့သတင်းအဘိဓာန်၊ နှစ်ဆယ်ရာစု အကျော်ကြားဆုံး အာရှခေါင်းဆောင်များ၊ နန်းစဉ်ရတနာနှင့် နန်းဓလေ့စာတန်းများ၊ အသုံးချ ရူပသျှတ္တရပညာ၊ နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ စာအုပ်တို့ကို ရေးသားခဲ့သည်။ စာနယ်ဇင်းများတွင် ဆောင်းပါး ပုဒ်ရေ (၁,၀၀၀) ကျော် ရေးသားခဲ့ပြီး သန်းဝင်းလှိုင် ကလောင်အမည်အပြင် သိပ္ပံချစ်သူ၊ စိန်လှိုင်တင်၊ နေရဲစွမ်း၊ မောင်စစ်ပြန်၊ ပြည်ဟိန်း၊ ရွှေပြည်အောင် စသည့် ကလောင်ခွဲများဖြင့် စာနယ်ဇင်းများ၌ ရေးသားခဲ့သည်။



မေး။ ။ ဆရာ လတ်တလောထွက်လာရတဲ့ အကြောင်းအရင်းကို သိပါရစေ။

ဖြေ။ ။ လွန်ခဲ့တဲ့ (၂) နှစ်လောက်ထဲက ကျနော်ရေးခဲ့တဲ့ စာအုပ် (၁၅) အုပ်ပေါ့နော်။ အဲဒီစာအုပ်တွေ အပိတ်ခံရတယ်။ ဆိုင်းငံ့ပေါ့နော်။ ဒါပေမယ့် ကျနော်က စာပေတို့၊ ယဉ်ကျေးမှုတို့ ရေးခွင့်ရတယ်။ အဲဒါနောက်တခါ အန်အယ်လ်ဒီကနေ ထွက်ခိုင်းတယ်။ နောက်ပြီးတော့ ကန့်သတ်ထားတဲ့ နေရာကို ကျနော်တို့ စာပေးစာယူလုပ်တယ်ဆိုတာက တချက်၊ ပြီးတော့ ဒီဗွီဘီတို့ အာအက်ဖ်အေတို့နဲ့ စာပေစိစစ်ရေးနဲ့ ပတ်သက်တာကို အင်တာဗျူးလုပ်တယ်။ သူတို့က ပြည်ပအသံလွှင့်ဌာနတွေနဲ့ ဆက်သွယ်တာ နိုင်ငံတော်ကို အေးချမ်းသာယာရေးကို နှောင့်ယှက်တယ်၊ ဟန့်တားတယ်၊ ပြည်ပသတင်းဌာနတွေနဲ့ ဆက်ပြီးတော့ လက်ရှိစစ်အစိုးရကို အကြည်အညိုပျက်စေအောင် ပြောတယ်လို့ ယူဆတယ်။ အဲဒါကို ၀န်ကြီးအမိန့်နဲ့ အကုန်လုံးပိတ်လိုက်လို့ ပြောတယ်။ ပိတ်ပြီးတော့ တခါ ကုန်သည်ကြီးများ ဟိုတယ်မှာ နိုင်ငံတော်အဆင့် အစည်းအဝေးမှာ အဲဒါတခါ ထပ်တင်ပြတယ်။ အဲဒီမှာ ဒီလောက်တောင်ဖြစ်တာ ပိတ်လိုက်ကွာလို့ ၀န်ကြီးက ပြောတယ်။ ပထမတော့ ကျနော် ကလောင်ခွဲတွေနဲ့ ရေးတယ်။ နောက်တော့ ကလောင်ခွဲလည်း မရတော့။ အမျိုးသမီးနာမည်တွေနဲ့ ရေးရတယ်။ လုံးချင်းစာအုပ်ကျတော့ ထုတ်ခွင့်မရဘူး။ လုံးချင်းကျတော့ အတ္ထုပ္ပတ္တိတင်တာနဲ့ ပေါ်မှာပဲ။ အဲလိုလည်း ကျနော်က မလုပ်ချင်ဘူး။ နောက်တခါ ကျနော့်ကို ဖမ်းဖို့ ပြန်လာလုပ်တယ်။ အဲဒါနဲ့ စာပေစိစစ်ရေးရယ်၊ နောက်တခြားတနေရာကနေ ပြီးတော့ ခင်ဗျားကိုတော့ ဖမ်းတော့မယ်လို့ ပြောတာနဲ့ ဒီဘက်ကို ထွက်လာခဲ့တာပါ။

မေး။ ။ ပထမတကြိမ် အဖမ်းခံရတုန်းက အကြောင်းလေး ပြောပြပါဦး။

ဖြေ။ ။ ၂၀၀၀ ခုနှစ်တုန်းကလည်း အဲလိုပဲ တခါ လာပြောဖူးတယ်။ အက်စ်ဘီနဲ့ ရင်းနှီးတဲ့ ကျနော့်သူငယ်ချင်းက လာပြောတာ။ အမှန်တော့ ကျနော်ကို ဖမ်းစရာ အကြောင်းမရှိဘူး။ “ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ” ဆိုတဲ့စာအုပ်က တရားဝင် ရေးပြီး ထုတ်ထားတာ။ ဒါကို ပတ္တမြားငမောက်စာပေကနေပြီးတော့ ခိုးရိုက်တာ။ ဒါလည်းမရဘူး ခင်ဗျားကို ဖမ်းတော့မယ်။ ခင်ဗျား ပြေးလို့ရပြီ။ ဖမ်းမယ့်နေ့ ဇွန်လ (၁၉) ရက်နေ့ကျတော့ ရာအိမ်မှူးက လာပြောတယ်။ ကျနော်က တရားဥပဒေကို ကျနော်ယုံကြည်တယ်ဆိုပြီး ကျနော် ရင်ဆိုင်လိုက်တယ်။ အဲ့ဒါ စာအုပ်ခိုးရိုက်တဲ့ ပတ္တမြားငမောက်စာပေကို မဖမ်းဘဲနဲ့ ကျနော့်ကို လာဖမ်းပြီးတော့ ထောင် (၇) နှစ် ချလိုက်တယ်။

အဲဒီခိုးရိုက်တဲ့ စာအုပ်က ကျနော် အရင်ထုတ်ထားတဲ့ အတိုင်းပဲ။ အရင်တုန်းက မြန်မာပြည်သားစာပေက ထုတ်တာ။ အဲဒါကို ၏ သည်မရွေး ပြန်ရိုက်တာဖြစ်တယ်။ အဲဒီမှာ ကလျာပုံနှိပ်တိုက်လည်း အချောင်အဖမ်းခံရသေးတယ်။ သူတို့နာမည် တတ်ထားတာကိုး။ မူရင်းအတိုင်း ချွတ်စွပ်ပြန်ရိုက်တာဖြစ်တယ်။ စိစစ်ရေးမတင်ဘဲနဲ့ လုပ်တယ်။ ကျနော်လည်း ပိုက်ဆံရတာ မဟုတ်ဘူး။ သူ့အိမ်ကနေပဲ ပလိပ်ပြားတွေ ဘာတွေ မိတယ်။ အသီးသီးကလည်း လာပြီးထွက်ဆိုတယ်။ ကျနော့်ကို မသိဘူးတဲ့။ ပတ္တမြားငမောက်စာပေကနေပဲ တဆင့်ဖြန့်တာဖြစ်တယ်။ စာအုပ် (၅၀၀) မိတယ်။ ပြီးတော့ ကျနော့်အိမ်ကို ရှာတယ်။ ဘာမှ မတွေ့တော့ ခင်ဗျား မူလရေးတဲ့ စာအုပ်ကိုပဲ ထုတ်ပြပါဆိုတာနဲ့ ကျနော်က ပေးလိုက်တယ်။ အဲဒီနောက် ကျနော့်ကို ဘာမှ အယူခံမလုပ်ဘဲ၊ နောက်တခုက တရားရုံးက အလံတိုင်တွေ ဘာတွေရှိတာလည်း မဟုတ်ဘူး။ အဲဒီအလံတိုင် အဟောင်းတွေထားတဲ့ အခန်းကျဉ်းကျဉ်းလေးထဲ ခေါ်သွားတယ်။ တရားသူကြီးကိုလည်း ခေါ်လာတယ်။ ခုံလည်းမရှိဘူး။ တရားသူကြီးလည်း ထိုင်လို့မရဘူး။ ကျနော်လည်း ထိုင်လို့မရဘူး။ ကျနော့်ကို လက်ထိတ်လည်း မဖြုတ်ဘူး။ ခဏလေးပါပဲ စာပဲဖတ်ပြမယ်ဆိုပြီးတော့ စာဖတ်ပြီး ကျနော့်ကို ထောင် (၇) နှစ်ချလိုက်တယ်။ ခင်ဗျား အယူခံဝင်ချင်ဝင်ပါတဲ့။ သူတို့က ချခိုင်းလို့ ကျနော်က ချလိုက်ရတာလို့ ပြောတယ်။ တရားမျှတလား၊ မမျှတလားဆိုတာကိုတော့ ခင်ဗျားထွက်လာမှ လုပ်ပါတဲ့။ အဲ့ဒါနဲ့ အင်းစိန်မှာ (၁) နှစ်နေရတယ်။ (၅) နှစ်နဲ့ (၈) လကိုတော့ သာယာဝတီထောင်မှာ နေရတယ်။ အားလုံးပေါင်း (၆) နှစ်နဲ့ (၈) လ နေရတယ်။ ၂၀၀၀ ခုနှစ် ဇွန်လမှာ ကျပြီး ၂၀၀၇ ဇန်န၀ါရီလမှာ ပြန်လွှတ်ပေးတယ်။

မေး။ ။ ဆရာ့ကို သူတို့ဖမ်းတာက စာအုပ်ခိုးရိုက်တဲ့ ကိစ္စလား။

ဖြေ။ ။ ပထမဟာက (၅) ညရယ်၊ (၁၇) ၂၀ ရယ်၊ နိုင်ငံရေးအမှုနဲ့ နွယ်ပြီး ဖမ်းတာ။ နိုင်ငံရေးနဲ့ နွယ်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတယ်ပေါ့။ နောက် ကျနော်က ရွေးကောက်ပွဲ ၀င်ဖူးတယ်။ ကျနော်က အမျိုးသားပြန်လည်တည်ဆောက်ရေး ဒီမိုကရေစီတပ်ပေါင်းစုကဖြစ်တယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ တိုင်းစည်းအဖွဲ့ဝင် လုပ်တယ်။ နောက်တခု သူတို့မဲတာက ရတနာဂုဏ်ရည်ကျောင်းမှာ ရွေးကောက်ပွဲဝင်ရွေးတဲ့ လူတွေကို ဘုန်းကြီးက ဆွမ်းကျွေးပြီးတော့ ရွေးကောက်ပွဲပြီး အလွန်ကာလမှာ စစ်အစိုးရက အာဏာမအပ်ဘူး၊ အဲဒါကို စည်းလုံးညီညွတ်စွာနဲ့ ကျနော်တို့က ဘယ်လိုတိုက်ယူမလဲဆိုပြီးတော့ လုပ်တာကို သူတို့က တေးထားတယ်။ အကြောင်းရှာလိုက်တော့ ဒီဟာသွားတွေ့တော့ လုပ်ချလိုက်တာ။ အဲဒီဘုန်းကြီးလည်း လူထွက်လိုက်တယ်။ လူမသိသူမသိနဲ့ဘဲ ဆုံးသွားတယ်။

မေး။ ။ အဲဒါကို အရေးယူချင်တော့ တရားမ၀င် စာအုပ်ခိုးရိုက်မှုနဲ့ ဆွဲလိုက်တာလား။

ဖြေ။ ။ ဟုတ်တယ်။ ရိုက်တာလည်း ကိုယ်ရိုက်တာမဟုတ်ဘူး။ တယောက်က ရိုက်ပြီးတော့ တရားရုံးကျတော့ သူအမိန့်ပေးလို့ ရိုက်ပါတယ်ဆိုပြီးတော့ ဒါဆိုရင် တရားသူကြီးက အဲလိုအမိန့်ပေးလို့ ရိုက်တယ်ဆိုရင် ဘောင်ဝင်လားတဲ့။ ဦးကြည်ဌေးက ခိုးရိုက်တာ၊ ကျနော် အဲဒီအတိုင်းပဲပြောတယ်။ တကယ်လို့ ကျနော်က မမှန်မကန်ပြောရင် သူက ကျနော့်ကို အသရေဖျက်မှုနဲ့ တရားစွဲမှာဖြစ်တယ်။ ဒါပေမယ့် သူ့ပုံနှိပ်တိုက်တွေကိုတော့ ဘာမှမသိမ်းဘူး။ နောက်ပြီး သူက စာအုပ်ထုတ်တာ ဆယ်နှစ်ရှိပြီ။ စာမူတခုကို ခွင့်ပြုချက်မရဘဲနဲ့ ရိုက်ခွင့်မရတာ သူသိတယ်။ နောက်စာအုပ်တွေလည်း တလကို သုံးအုပ်လောက် ထုတ်နေတယ်။ ဒီစာအုပ်ကိုတော့ ခိုးရိုက်ပြီး သတင်းစာမှာ ကြေညာလိုက်တာ။ အဲဒါကို ဗိုလ်မှူးကြီး တင်လှိုင်က အဲဒီစာအုပ်ကို ငါ့ကို ဘာလို့ လက်ဆောင်မပေးတာလဲဆိုပြီးတော့ လိုက်ရှာရင်းနဲ့ ပြဿနာက စတာ။ နောက်တော့ ပြန်ကြားရေးဝန်ကြီး အမိန့်နဲ့ပဲ ကျနော့်ကို ဖမ်းလိုက်တယ်။ သူ့ကိုတော့ လွှတ်လိုက်ပြီး ကျနော့်ကိုကျတော့ (၇) နှစ် ချလိုက်တယ်။

မေး။ ။ ထောင်တွင်းမှာ နေခဲ့ရတဲ့အချိန်မှာ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆရာရဲ့အမြင်ဘယ်လိုရှိလဲ။

ဖြေ။ ။ အဲဒီမှာ ဆိုင်းဘုတ်ကြီးကတော့ ပြည်ထောင်စုစိတ်ဓာတ်ကို မွေး၍ ကိုလိုနီစရိုက်ကို ဖျောက်ဆိုပြီးရေးထားတယ်။ တကယ်ကတော့ ပြောင်းပြန်ပေါ့။ အထဲမှာ အကျဉ်းသားအခွင့်အရေးဆိုတာ ဘာမှမရှိဘူး။ ခွေးလို ၀က်လိုပဲ ကျွေးတယ်၊ ထားတယ်။ ကျနော့်ကို ဖမ်းတုန်းက (၅) ညရယ်၊ (၁၇) ၂၀ ရယ်၊ တရားရုံးကျတော့ အဲဒါတွေကို ဖြုတ်လိုက်တယ်။ ကျနော့်ကို ပုံနှိပ် (၂၀) ဥပဒေနဲ့ ထောင်ချလိုက်တာဖြစ်တယ်။ သာယာဝတီထောင်မှာ (၂) နှစ်ပြည့်တော့ ထောက်လှမ်းရေးက ကျနော့်ကို အချက်သုံးချက် လာမေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်သလဲလို့ မေးတယ်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်အရွယ်နဲ့ ပညာပြည့်စုံတယ်။ နိုင်ငံရေးအတွေ့အကြုံ အားနည်းကောင်းနည်းမယ်။ ဒါပေမယ့် ဘယ်ဟာအကောင်းဆုံးလဲ ဆိုတာကို ရွေးတတ်တယ်။ သူက နိုင်ငံခြားသားကို ယူတယ်မဟုတ်လားလို့ မေးတယ်။ အဲဒါတွေကို ကျနော်မသိဘူး။ အိန္ဒိယက ရာဂျစ်ဂန္ဒီရဲ့ မိန်းမဟာ အီတလီသူ၊ နောက်ပြီး သီဟာနု မိန်းမဟာ ပြင်သစ်သူ၊ ဂျော်ဒန်ဘုရင်ဟူစိန်က အမေရိကန်သူကို ယူထားတာ၊ သူ့ရဲ့ပုဂ္ဂလိက ခံစားချက်နဲ့ သူ့ရဲ့ အိမ်ထောင်ရေးကို မတိုင်းတာနဲ့။ နိုင်ငံနဲ့ လူမျိုးအတွက် ဘယ်လောက်အနစ်နာခံလဲ။ သစ္စာရှိလဲ။ အဲဒါနဲ့ပဲ ကျနော်တို့က တိုင်းတာတယ်။ သူလုပ်သမျှ ကျနော်တို့အတွက် ယူဆပြီးတော့ ထောက်ခံတယ်။ အဲဒါဆို ခင်ဗျားက ဘာရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲဝင်တာလဲလို့ မေးတယ်။ ၀င်တာကတော့ ဒီရွေးကောက်ပွဲဟာ ၈၈ ဒီမိုကရေစီအရေးတော်ပုံရဲ့အဆက် နောက်ဆုံးဇာတ်သိမ်းပိုင်းလို့ ယူဆပြီး ၀င်တာဖြစ်တယ်။

နောက်တခါ တပ်မတော်ကို ဘယ်လိုမြင်လဲလို့ မေးတယ်။ ကျနော်က တပ်မတော်ကို မလိုအပ်တဲ့နေရာမှာ မထားပါဘူး။ ကျနော်ကိုယ်တိုင်ကလည်း တချိန်က တပ်မတော်သားဖြစ်တယ်။ ဒါပေမယ့် တီကောင်ကို ပျားရည်ဖွဲ့ခိုင်းလို့မရဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ရင် အကောင်းဆုံးပဲ။ အဲဒီတော့ တပ်မတော်ရဲ့ မူလမြင့်မြတ်တဲ့ အလုပ်ကတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေ ထမ်းရွက်ဖို့ပဲ။ ကိုယ်နဲ့မဆိုင်တဲ့ဟာကို တိုင်းပြည် ချစ်တယ်ချစ်တယ်နဲ့ လုပ်နေရင် တိုင်းပြည်ငါးပါးမှောက်တာ အခုလည်း လက်တွေ့ပဲလို့ ကျနော် ဖြေလိုက်တယ်။ အဲဒါဆိုရင် ပြန်ထည့်လိုက်ဆိုပြီးတော့ လုပ်တော့ ကျနော် နောက်ထပ် (၄) နှစ် နေလိုက်ရတယ်။

မေး။ ။ ဆရာ ထောင်ကျတာ ဘယ်နှကြိမ်လဲ။

ဖြေ။ ။ နှစ်ခါပေါ့။ ပထမတခေါက်က ၉၀ ခုနှစ် ရွေးကောက်ပွဲကာလမှာ (၁) လခွဲ၊ နောက်ပြန်လွှတ်ပေးလိုက်တယ်။ အင်းစိန်ထောင်မှာ အချုပ်နဲ့နေရတယ်။ နောက်တခေါက်ကျတော့ ၂၀၀၀ ခုနှစ်မှာ ကျနော့်ကို (၇) နှစ်ချတယ်။ (၆) နှစ်နဲ့ (၈) လ နေခဲ့ရတယ်။

မေး။ ။ ထုတ်ဝေပြီးသား ဆရာ့စာအုပ် ဘယ်နှအုပ် ရှိပါသလဲ။

ဖြေ။ ။ ပထမ ကျနော်ထုတ်ထားတာ (၇) အုပ်ရှိတယ်။ နောက် အခု ပြန်ထွက်တဲ့အခါ (၂၃) အုပ်ပေါ့။ ဆိုတော့ (၃၀) ပေါ့နော်။ အခု ထုတ်ခွင့်မရတာ (၁၅) အုပ် ကျန်တယ်ဆိုတော့ အားလုံးပေါင်း (၄၅) အုပ်ပေါ့။ (၃၀) ပဲ ထုတ်ခွင့်ရသေးတယ်။ (၁၅) အုပ်ကို စာပေစိစစ်ရေးက ဆိုင်းငံ့ထားတယ်။ ကျနော်ရေးတဲ့ ဆောင်းပါးကတော့ (၁,၀၀၀) ကျော်ရှိတယ်။

မေး။ ။ ဆရာရေးတဲ့ စာအုပ်တော်တော်များများဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တာ တော်တော်များများ တွေ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး ဒီခေတ်ကြီးထဲမှာ ဘယ်လို စိတ်ခံစားမှုနဲ့ ရေးဖြစ်တာလဲ။

ဖြေ။ ။ ကျနော်တို့ တိုင်းပြည်ဟာ ဒီမိုကရေစီကိုတော့ မလွှဲမသွေသွားရမှာပဲ၊ ပါတီစုံကို သွားရမယ်။ အဲဒီ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ကျောင်းသားလူငယ်တွေ အများဆုံးလေ့လာရမှာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးအတွေးအခေါ်တွေပဲ။ ဗိုလ်ချုပ်ကိုယ်တိုင်က ဒီမိုကရေစီဆိုတာ ဗမာနိုင်ငံနဲ့ ဆီလျော်တယ်။ လူသားစနစ်နဲ့ ဆီလျော်တယ်။ ဒီမိုကရေစီကို အသေးစိတ် လေ့လာချင်ရင် ဗိုလ်ချုပ်မိန့်ခွန်းတွေထဲမှာ ပါပြီးသား၊ ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာမဟုတ်ဘူး။ တချို့ဆိုရင် ဒီမိုကရက်တစ် တပ်ထားတာတွေ အများကြီးပဲ။ တကယ် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေက နည်းနည်းလေးပဲ။ မြောက်ကိုရီးယားလည်း ဒီမိုကရက်တစ်လို့ တပ်ထားတာပဲ။ ဒါပေမယ့် အာဏာရှင်နိုင်ငံဖြစ်တယ်။ ဒီမှာလည်း ဒီလိုပဲ။ ဒီမှာလည်း ဒီမိုကရေစီဟာ ရှင်းရှင်းပြောရရင် ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားရောင်းတာပဲ။ သူတို့လုပ်တဲ့ စည်းကမ်းရှိသော ဒီမိုကရေစီဆိုတာက သူတို့စစ်တပ်က ချမှတ်ထားတဲ့ ပြောတဲ့အတိုင်းနေ၊ ကျွေးတာစား၊ ခံမပြောနဲ့ အဲဒီအတိုင်းပဲ သွားမယ့် ဒီမိုကရေစီဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်တို့လိုချင်တာ ဒီမိုကရေစီစစ်စစ်ပဲ။ ကျနော်ခံယူထားတာက အရွက်မရှိတဲ့ သစ်ပင်ဟာ အရိပ်မပေးနိုင်ဘူး။ အရိပ်မပေးနိုင်တဲ့ သစ်ပင်ကလည်း တန်ဖိုးမရှိဘူး။ ခေတ်မီတိုးတက်တဲ့ နိုင်ငံကြီး၊ ဘာညာဆိုပြီးတော့ စာပေလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရမရှိဘဲနဲ့ ဒီတိုင်းပြည်ဟာ ဘယ်တော့မှ ဒီမိုကရေစီနိုင်ငံ မထူနိုင်ဘူးလို့ ယုံကြည်တယ်။ ဟိုမှာ ကျနော်ရေးရင် ကျနော့်အတွက် အန္တရာယ်ရှိတယ်။ ဒါပေမယ့် လက်နက်ကိုင်ထားတဲ့လူတွေကို ကြောက်တယ်ဆိုတာက မဆန်းဘူးပေါ့။ မြွေပွေး၊ မြွေဟောက်တို့ ခါးပိုက်ထဲ ပိုက်ထားရင်လည်း ကြောက်ကြမှာပဲ။ နီးရာဓား ကြောက်ရတယ်။ တကယ်ရင်ထဲကဖြစ်ပြီး ကြောက်တာမဟုတ်ဘူး။ အဲဒါကြောင့် ကျနော်က လွတ်မြောက်တဲ့နေရာမှာ ရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာတာ။

မေး။ ။ ထောင်ထဲမ၀င်ခင်အချိန်နဲ့ ပြန်ထွက်လာတဲ့အချိန်မှာ စာပေစိစစ်ရေးအနေအထား တော်တော်ကွာသွားသလား။

ဖြေ။ ။ အခုနောက်ပိုင်း ပါတီတွေ ဖွဲ့ခွင့်ပေးတော့ ပါတီတွေကို တင်းကျပ်ချင်တာနဲ့ ပိုပြီးတော့ ကျပ်လာတယ်။ သူတို့မူတွေလည်း အရမ်းများလာတယ်။ ကန့်သတ်ချက်တွေ များလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က စစ်ဘောင်ကို အရမ်းချဲ့တာ၊ သူတို့တည်မြဲရေးပေါ့။ နိုင်လည်း သူတို့နိုင်ရမယ်။ ရှုံးရင်လည်း သူတို့နိုင်ရမယ်။ ဒီ plan ကို ချထားပြီးသားဖြစ်တယ်။ လွတ်လပ်ခွင့်က အရင် ၉၀ ခုနှစ် ရွေးကောက်ပွဲလောက်တောင် မရှိတော့ဘူး။

မေး။ ။ စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့အပိုင်းကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ သူတို့က နှစ်ပိုင်းခွဲလိုက်တယ်။ သူတို့ကို ထောက်ခံတဲ့လူ။ သူတို့ဘုန်းတော်ဘွဲ့ကို ချီးကျူးရေးသားတဲ့လူကို ခွင့်ပြုမယ်။ သူတို့ကို မထောက်ခံဘူး။ ဒီမိုကရေစီကို လိုလားတဲ့အုပ်စုက ဖြစ်မယ်ဆိုရင် ဘာရေးရေး မရဘူး။ အကြောင်းအရာချင်းတူလည်း မရဘူး။ တချို့ ဖလားဝါးနယူးစ်တို့ ရန်ကုန်တိုင်းမ်တို့မှာ ထည့်နေတဲ့ သတင်းဆောင်းပါးမျိုးတွေ ကျနော်တို့ရေးရင် မရဘူး။ ထုတ်ဝေခွင့်လည်း မရဘူး။ အဲဒါမျိုး သူတို့က ခွဲထားတာ။ ကျနော်တို့မှာ လွတ်လပ်ခွင့်ဆိုတာ ဘာမှမရှိဘူး။

မေး။ ။ ဆရာ ဒီကို ထွက်လာရတဲ့ အဓိကရည်ရွယ်ချက်က ဘာပါလဲ။

ဖြေ။ ။ ကျနော့်စာအုပ်တွေ အပိတ်ခံရတယ်။ စာပေနဲ့ ရပ်တည်လို့ မရဘူး။ အဲဒီတော့ လွတ်မြောက်နယ်မြေမှာ ကျနော် လွတ်လွတ်လပ်လပ် ရေးချင်တယ်။ နောက်တခုက ပြည်သူလူထုရဲ့ မှန်ကန်တဲ့ လိုအပ်ချက်ကို တနည်းအားဖြင့် ဖြည့်စွမ်းချင်တယ်။ နောက် ဒီမိုကရေစီတိုက်ပွဲမှာ တထောင့်တနေရာကနေ စာပေအကျိုးပြုမှုလုပ်ချင်တယ်။ ဟိုမှာတော့ လုပ်လို့မရဘူး။ ထပ်လဲ အဖမ်းမခံချင်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း ပြောသလိုပဲ။ ဗမာပြည်မှာ အစာငတ်ခံပြီးတော့လည်း နိုင်ငံရေးမလုပ်နဲ့၊ ထောင်ကျခံပြီးလည်း မလုပ်နဲ့၊ လုပ်ရင်းနဲ့ ကျသွားတာကတမျိုး၊ ဒီဟာကြီးကို ကျမယ်မှန်းသိလျက်နဲ့ လုပ်ရင် ကိုယ်ပဲ နစ်နာမယ်။ အချိန်တွေ အကျိုးမဲ့ ထောင်ထဲမှာပဲ ကုန်ဆုံးသွားမယ်။ အပြင်ထွက်လုပ်ရင် ပိုအကျိုးရှိမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာရတာ။

မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဆရာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ သူတို့လုပ်မယ့် ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကိုရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒီတော့ ဒီဥစ္စာ ခွေးသားမစားပါနဲ့လို့ ကျနော်ပြောတယ်။ စားချင်သပဆိုရင်လည်း စားကြပေါ့။ ကျနော်ကတော့ ဒီလိုပဲယူဆတယ်။ သူတို့ချထားတဲ့ ဥပဒေတွေ စည်းကမ်းတွေ ရွေးကောက်ပွဲဥပဒေတွေ ဆိုတာလည်း အပ်နဖားပေါက်ထဲကို ကုလားအုတ် ၀င်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ။ ။
http://www.khitpyaing.org/index.php?route=detail&id=3322

ဆက်လက် သီတင်းသုံး နေထိုင်ခွင့်ပြုပါရန် မေတ္တာရပ်ခံခြင်း



ဒေါ်လှဆင် ပိဋကတ်တိုက်၌ ဆက်လက် သီတင်းသုံး နေထိုင်ခွင့်ပြုပါရန် မေတ္တာရပ်ခံခြင်း မူရင်းစာ


ဒေါ်လှဆင် ပိဋကတ်တိုက်၌ ဆက်လက်သီတင်းသုံး နေထိုင်ခွင့်ပြုပါရန် မေတ္တာရပ်ခံခြင်း မူရင်းစာ

monkletter1

monkletter2

monkletter3

monkletter4

monkletter5


ဗိုလ်ချုပ်သန်းရွှေရဲ့ ချွေးမနဲ့ မြေးတို့ တောင်ကိုရီးယားနိုင်ငံတွင် အပန်းဖြေ ဆေးကုသရန် ရောက်ရှိခဲ့

100730 Bty Bur Than Shwe

ဆိုင်းဘုဒ်ကို အမြန်ဆုံး ဖြုတ်ချပေးဖို့ ..

SLODIER

Thursday, July 29, 2010

အတော့ကိုတူသဗျ...


Than Shwe Image
မစ္စတာဘန်ကီမွန်းနှင့် မစ္စတာဂမ်ဘာရီတို့ ရောက်ရှိစဉ်..

ဓါတ်ပုံ - http://www.demowaiyan.co.cc/

ဗိုလ်ချုပ်မှုးကြီး အိန္ဒိယ ရောက် စဉ် အာဏာသိမ်းရန် အားထုတ်မှု မအောင်မြင်


ဗိုလ်ချုပ်မှုးကြီး အိန္ဒိယ ရောက် စဉ် အာဏာသိမ်းရန် အားထုတ်မှု မအောင်မြင်

July 29, 2010 Freedom News Group

Coup Attempt Unsuccessful in Burma

အိန္ဒိယ နိုင်ငံရောက် မြန်မာ စစ်ခေါင်းဆောင် နှင့် ဇနီး ဓာတ်ပုံ - AFP

အိန္ဒိယ နိုင်ငံရောက် မြန်မာ စစ်ခေါင်းဆောင် နှင့် ဇနီး ဓာတ်ပုံ - AFP

အိန္ဒိယ နိုင်ငံ သို့ မြန်မာ စစ်ခေါင်းဆောင် အလည်အပတ် ရောက်ရှိ နေစဉ် အတွင်း နေပြည်တော်
တိုင်းစစ်ဌာနချုပ်မှ အကြီး တန်း အရာ ရှိ တစ်ချို့ က အာဏာသိမ်းရန် နှင့် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေအား ရာထူးမှ ဖယ်ရှား ရန် ကြိုးစားမှု များ ရှိ ခဲ့သော် လည်း အောင်မြင် မှု မရှိ ခဲ့ကြောင်း
Freedom News Group မှ စုံစမ်း သိရှိ ရသည်။


အိန္ဒိယ နိုင်ငံ ကို ခြောက် နှစ် အတွင်း ဒုတိယ အကြိမ်မြောက် အလည်အပတ် ခရီးစဉ် အဖြစ် မြန်မာ စစ်ခေါင်း
ဆောင် ဗိုလ်ချုပ်မှုး ကြီးသန်း ရွှေ နှင့် အဖွဲ့ ရောက် ရှိ နေစဉ် နေပြည်တော် တိုင်း စစ်ဌာနချုပ်မှ အရာရှိ အချို့ က

ဦးဆောင်ပြီး အာဏာသိမ်းရန် ကြိုးစား ခဲ့သော် လည်း ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေး ကသဘောမတူ
သော ကြောင့် အထမမြောက် ဖြစ်ခဲ့ရသည် ဟု ကာကွယ်ရေး ၀န်ကြီး ဌာ န (နေပြည်တော် ) မှ အရာရှိ တစ်
ဦးက Freedom News Group သို့ ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက်နေ့ က မြန်မာ စစ်ခေါင်းဆောင် နှင့် အဖွဲ့ သည် နေပြည်တော် လေဆိပ်မှ တစ်ဆင့်
ဆင်ဖြူတော် လေယာဉ် အပါအ၀င် အခြား လေယာဉ် သုံးစင်း ဖြင့် အိန္ဒိယ နိုင်ငံ သို့  ထွက်ခွာပြီး တစ်ရက်
အကြာတွင် မြန်မာ နိုင်ငံ ဉ် အာဏာသိမ်းသည့် သတင်းများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အာဏာ

သိမ်း ရန်အားထုတ်ခြင်း အား နေပြည်တော် တိုင်း စစ်ဌာနချုပ် မှ အရာရှိ တစ်ချို့ က ဦးဆောင် ပြုလုပ်ခြင်း
ဖြစ်ပြီး ပထမ တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှုးချုပ်ဝေလွင် နှင့် ဒုတိယ စစ်ခေါင်းဆောင်
ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး တို့ ပါမည် ဟု ထင်မှတ် ထား ခဲ့သော် လည်း စည်းရုံး၍ မရသဖြင့် အာဏာသိမ်းရန်
ကြံစည် မှု အား လက်လျှော့ ခဲ့ကြသည် ဟု သတင်း ရရှိသည်။ ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာ ရှိ တစ်ဦးက

“ လောလောဆယ် နေပြည်တော် မှာ အရေး ပေါ် အခြေအနေ ပေါ့ .. ဗိုလ်ချုပ်ဝေလွင် လက်အောက် က အရာ
ရှိ တစ်ချို့ စီစဉ် တယ်လို့ ကြားတယ် ။ သူတို့ က ဗိုလ်ချုပ် မောင်အေး နဲ့  တွေ့ ပြီး ရင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ
အိမ် နဲ့  စစ်ရုံးချုပ် ကို ၀ိုင်းမယ် .ကိုယ်ရံတော် တပ်ဖွဲ့  တွေ ကို ပစ်ခတ်တာ မလုပ်ဖို့ အမိန့် ပေးမယ်ဆိုပဲ ..အဆင့်
ငါးဆင့် နဲ့ သွားမယ် ပေါ့ ။ဗိုလ်ချုပ် ဝေလွင် အိမ်ကို ၀ိုင်းထား တုန်းမှာ ပဲ ဗိုလ်ချုပ် မောင်အေးတပ်ကခေါ်တွေ့ ပြီး မလုပ်ဖို့ နားချတယ်။ ပုံမှန် ရာထူး
တွေ အတိုင်း ဆက်ထားပေးမယ် ဆိုပြီး ပြီးသွားတာ ။သူ တို့ ကဗိုလ်ချုပ် မောင်အေး ကို ခေါင်းဆောင် တင်တယ်
ကြားတယ် ။ဗိုလ်ချုပ် မောင် အေး က လက် မခံ ဘူး ဟုသူသိရှိ ထားသည် ကို FNG သို့ ပြောပြသည်။

ယမန် နေ့ မှ စပြီး နေပြည်တော် ရှိ အရေးကြီး နေရာ အချို့ တွင် လုံခြုံရေးများ တင်းကျပ်ထားပြီး ၀န်ကြီး
ဌာန ဖုန်း အချို့ မှာ မူ ဖြတ်တောက်ထားခြင်း ခံရသည်။ရန်ကုန် မြို့ တွင်မူ နေပြည်တော် တွင် အာဏာသိမ်း
သည့် သတင်းကြောင့် အမေရိကန် ဒေါ်လာ ဈေးနှုန်း နှင့် ကုန်ဈေးနှုန်းများ တက်သွားပြီး ညဘက်တွင် လည်း
လူသူ သွားလာမှု များ တိတ်ဆိတ် ခြောက်ကပ် သွားသည်။

နေပြည်တော် ၏ လက်ရှိ အရေးပေါ် အမိန့် ပေးကွပ်မှု ကို ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး အမိန့် ဖြင့် သီဟသူရ
တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ် ဝေလွင် တို့ က ကိုင်တွယ်သည် ဟု သတင်းရရှိသည်။ စစ်တိုင်းမှုးများ အားလုံးမှာ
ဂြိုလ်တုန်း ဖုန်းဖြင့် အိန္ဒိယ ရောက် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အား သတင်း ပို့ ရသည်။

မြန်မာ စစ်ခေါင်းဆောင်သည် အိန္ဒိယ နိုင်ငံသို့ ရောက်ရှိစဉ် နာမည်ကျော် အိန္ဒိယ ဝေဒပညာရှင် ဖြစ်သူ ချန်ဒရာ
ဒေ၀ီ နှင့် တွေ့ ဆုံ ခဲ့သည်။ ခရီးစဉ် အတွင်း အိန္ဒိယ သမ္မတ နှင့် ၀န်ကြီးချုပ် တို့  နှင့် တွေ့ ဆုံခဲ့သည်။ အိန္ဒိယ
ဘင်္ဂလားဒေရှ် နှင့် ပါကစ္စတန် ခေါင်းဆောင်များ မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်သည့် အခါတိုင်း
၎င်းတို့ ၏ ပါတော်မူ ဘုရင် ဖြစ်သူ ဇဘားရှား ၏ အုတ်ဂူရှိ ရာ ရန်ကုန်မြို့ ဇီဝက လမ်းသို့ လာရောက် ဂါရ၀ ပြု သော်
လည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မူ မြန်မာ ဘုရင် သီပေါမင်း ၏ အုတ်ဂူအား သွားရောက် ဂါရ၀ ပြုခြင်းမရှိ ဟုသတင်းရရှိသည်။

နေပြည်တော် တွင် အာဏာသိမ်းမှု နှင့် ပတ်သက်ပြီး ရန်ကုန် မြို့ မှ စစ်အရာရှိ တစ်ဦးကမူ ဒါတွေ က ဆိုက်ဝါး
လည်း ဖြစ်နိုင်တယ်။ အာဏာသိမ်းမှု ဖြစ်မှာဆိုး လို့ တန် ပြန် တာနဲ့  သူတပ်ကို ဘယ်လောက် ပိုင်လဲ ဆိုတာ မျိုး
ဘယ်သူမှ မလှန် နိုင်ဘူး ဆိုတာ မျိုး ပြချင်တာ ဖြစ် နိုင်တယ် ဟု သုံးသပ် သည်။

လက်ရှိ အာဏာသိမ်းရန် ကြံစည်မှု သည် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တစ်ဦးတည်း ကိုသာ ရာထူးမှ ဖယ်ရှားရန် ကြိုးစား
ခြင်းဖြစ်ပြီး ဒီမိုကရေစီ ရေးသို့ ပြောင်း လဲ့သည့် ခြေလှမ်းမျိုး မဟုတ်ကြောင်း သိရသည်။ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့်
အဖွဲ့ သည် ယနေ့ ညနေ တွင် မြန်မာ နိုင်ငံ နေပြည်တော် သို့ ပြန်လည် ရောက်ရှိ မည် ဖြစ်သည်။

Freedom News Group သည် အာဏာသိမ်းရန် ကြိုးစားသူများ အား ဆက်လက် သိရှိ နိုင်ရန် သတင်းစုံစမ်းဆဲ ဖြစ်သည်။


ရွှေတိဂုံ စေတီတော် အနီးတွင် လုံခြုံရေးများ တင်းကျပ်စွာချထား

July 29, 2010 Freedom News Group

ရွှေတိဂုံ စေတီ အနီးတွင် အကာအရံများ ချထားပြီး လုံခြုံရေးများ ထူထပ်စွာချထားသည် ကို ယနေ့ မနက် က ဤသို့ တွေ့ ရှိရသည်။

ရွှေ တိဂုံ စေတီတော် အနီးတ၀ိုက်မှ သံဃာတော်များ သီတင်းသုံး ရာ ၀ါတွင်းကာလ အတွင်း မှာပင် စစ်အစိုးရ
က အတင်းအဓမ္မပြောင်းရွှေ့ မှု များ ပြုလုပ်နေ ခိုက် လုံခြုံရေး အင်အားများ ထူထပ်စွာချထားသည် ဟု သတင်း
ရ ရှိသည်။

ယနေ့ မနက် အစောပိုင်းမှ ချပြီး ရဲကားများ နှင့် ကြံဖွတ် ၊စွမ်းအား ရှင် အပါအ၀င် လုံခြုံရေးတပ်ဖွဲ့ ဝင် အများ
အပြား ချထား ကြောင်း ဘုရားအရှေ့ ဘက်မုခ် တွင် နိဗ္ဗာန် ကုန်စုံ ရောင်း ချသူ တစ်ဦး က Freedom News
Group သို့ ပြောသည်။

ထိုသို့ လုံခြုံရေးများ တင်းကျပ်စွာ ချထားခြင်းသည် လတ်တစ်လော ဖြစ်ပွားခဲ့သည့် နေပြည်တော်တွင် အာ
ဏာသိမ်းသည် ဆိုသည့် ကောလဟာလ သတင်းများ ကြောင့် လည်းဖြစ်နိုင် သည် ဟုရန်ကုန်မြို့ ခံတို့ က သုံး
သပ်သည်။ထိုကဲ့သို့  လုံခြုံရေးများ တင်းကျပ်စွာ ချထား ခြင်းသည် မြောက်ကို ရီးယား နိုင်ငံခြား ရေးဝန်ကြီး
ရွှေတိဂုံ စေတီ သို့ လာရောက် ချိန် ဉ် လည်း တိုက်ဆိုင် နေသည်။

ဒေါ်လှဆင်ပိဋကတ်တိုက်၊ ရွှေဟင်္သာ ပိဋကတ်တိုက်နှင့် ညောင်တုန်း ပိဋကတ်တိုက် တိုက်များ အား စစ်အစိုးရမှ
ဖယ်ရှား ခိုင်းပြီး ဖြစ်သည်။

http://freedomnewsgroup.com/

မြန်မာပြည်တွင်းရှိ ကြံ့ဖွံ့ပါတီ ဌာနချုပ်ရုံးနှင့် မြို့နယ်ရုံးများသို့ ပေးပို့စာ


လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ
www.thebestmanure.org
SPDC1

29 July 2010 ဒိုင်ယာရီ


29 July 2010 yeyintnge Diary.docx ဖိုင်ဒီမှာ29 July 2010 Yeyintnge Diary

လွတ်လပ်မှုကို အရယူကြပါ


လွတ်လပ်မှုကို အရယူကြပါ



နိုင်ငံတိုင်း၏ ဖွဲ့စည်းတည်ဆောက်ပုံ အခြေခံ ဥပဒေထဲတွင် ဥပဒေပြုရေး အာဏာ၊ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာတို့ကို အနေအထားအလိုက် အာဏာ ၃ ရပ် အဖြစ် ခွဲခြား ကန့်သတ်ထားချက်များကို တွေ့ရသည်။ လွတ်လပ်စွာ ခွဲခြားကျင့်သုံးကြရသည်။ အချုပ်အခြာအာဏာ တရပ်ဖြစ်သည့် တရားစီရင်ရေး အာဏာကို အခြားအာဏာပိုင် တရပ်ရပ်က ကွပ်ကဲထိန်းချုပ် လွှမ်းမိုးလိုက်မည်ဆိုပါလျှင် တရားစီရင်ရေးကို လွတ်လပ်စွာ အကောင်အထည်ဖော် ဆောင်ရွက်၍ မရနိုင်တော့ပါ။
တရားရုံးများနှင့် တရားသူကြီးများသည် အစိုးရနှင့် ပြည်သူအကြား မှန်ကန်မျှတမှု အတွက် ကြားဝင်ဆောင်ရွက်ရသော အဖွဲ့အစည်း ဖြစ်သည့်အတွက် အမြဲတမ်း လွတ်လပ်မှု ရှိနေရပါမည်။

လွတ်လပ်သော တရားစီရင်ရေး အခြေခံအုတ်မြစ်ကို အာဏာပိုင်းခြား သတ်မှတ်ခြင်း သဘောတရားတွင် အထင်အရှား တွေ့ရသည်။ အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုအာဏာတို့ကို လူတဦး သို့မဟုတ် လူတစု၏ လက်ဝယ်အတွင်း ထားရှိပါက အာဏာရရှိထားသော အုပ်ချုပ်သူတဦး သို့မဟုတ် တအုပ်စုက စိတ်တိုင်းကျ အုပ်ချုပ်ရန်အတွက် မတရား ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကိုသာ ပြဋ္ဌာန်းပြီး အုပ်ချုပ်ပေမည်။ အင်မတန် အန္တရာယ် ကြီးမားလှပေသည်။

တရားစီရင်ရေးအာဏာကို ဥပဒေပြုနှင့် အုပ်ချုပ်ရေး အာဏာတို့မှ ကန့်သတ်ခွဲခြားမထားလျှင် လွတ်လပ်စွာ တရားစီရင်မှု ရရှိမည် မဟုတ်ပါ။ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို လူတဦး သို့မဟုတ် လူတစု တဖွဲ့တည်းက ကိုင်တွယ်ကျင့်သုံးလျှင်လည်း တရားလက်လွတ် နိုင်ထက်မင်းမူလာမည့် အာဏာရှင်စနစ်သို့ မုချရောက်စေမည့် အန္တရာယ်က ပိုမိုကြီးမားပေသည်။

ထို့ပြင် ဥပဒေပြုနှင့် တရားစီရင်ရေး အာဏာတို့ကို ပူးတွဲပြီး ထားပါကလည်း တရားသူကြီးသည် ဥပဒေပြုသူ ဖြစ်သွားပြီး တဖက်သတ် ဆုံးဖြတ်ချယ်လှယ်မှုကို ပြည်သူအများ ခံရပေလိမ့်မည်။ ထို့ကြောင့် အာဏာ ၃ ရပ် ခွဲခြားကျင့်သုံးရန် လိုအပ်ကြောင်းကို ဦးစွာ ရေးသားဖော်ထုတ်ခဲ့သူမှာ ပြင်သစ်ဥပဒေ ပညာရှင် မွန်တက်စကျူ့ ဖြစ်သည်။

သူ၏ The Spirit of Law (1734) စာအုပ်တွင် အချုပ်အချာ အာဏာပိုင်းခြားခြင်းဆိုင်ရာ သဘောတရားကို ရေးသားထားသည်။

လွတ်လပ်သော တရားစီရင်ရေးအတွက် တရားသူကြီးများကို ရွေးချယ်ခန့်ထားခြင်းနှင့် တရားရုံးများ၏ အနှောင်အဖွဲ့ ကင်းရှင်းစွာ ရပ်တည်ခြင်းတို့သည် အထူးအရေးကြီးပါသည်။ ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ အခန်း (၈) ပြည်ထောင်စု၏ တရားစီရင်ရေး။ ပုဒ်မ- ၁၄ဝ တွင် -
၁၄ဝ။ ။ (၁) ပါလီမန်ဆိုင်ရာ လွှတ်တော် နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူချက်ဖြင့်၊ နိုင်ငံတော် တရားဝန်ကြီးချုပ်ကို နိုင်ငံတော် သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခပ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။

(၂) ပါလီမန်ဆိုင်ရာ လွှတ်တော် နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ဆိုင်ရာ တရားဝန်ကြီး အားလုံးကို နိုင်ငံတော် သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခပ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည် … ဟု ပြဋ္ဌာန်းထားသဖြင့် ဥပဒေပြုဌာနနှင့် အုပ်ချုပ်ရေးဌာနများ၏ ကွပ်ကဲထိန်းချုပ်မှုမှ ကင်းလွတ်၍ လွတ်လပ်သော တရားသူကြီးများ ခန့်အပ်ထားခြင်း၏ အရေးကြီးမှုကို တွေ့ရှိနိုင်ပါသည်။

ပုဒ်မ ၁၃၃။ ။ ပြည်ထောင်စု နိုင်ငံတဝှန်းလုံး၌ တရားစီရင်ရေးကိစ္စကို ဤအခြေခံဥပဒေအရသော်၎င်း၊ တရားဥပဒေအရသော်၎င်း တည်ထောင်ထားသော တရားရုံးများတွင် ဤအခြေခံဥပဒေနှင့်အညီ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံအုပ်ချုပ်ရမည် … ဟု တရားရုံးများ၏ ကိုယ်ပိုင်လွတ်လပ်စွာ ရပ်တည်မှုကို ဖော်ပြထားသည်။
တရားသူကြီးအားလုံးသည် ဤအခြေခံဥပဒေနှင့် တရား ဥပဒေများကိုသာ လိုက်နာ၍ မိမိတို့၏ တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရမည် … ဟုလည်း ပြဋ္ဌာန်းထားသဖြင့် လွတ်လပ်သော တရားစီရင်ရေးအတွက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားသည်ကို တွေ့ရှိရပါသည်။တပြည်ထောင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လွတ်လပ်သော တရားစီရင်ရေးကို အာမခံနိုင် သည့် တစုံတရာ ပြဋ္ဌာန်းချက် မပါရှိပေ။ ၁၉၄၇ ဖွဲ့စည်းပုံဥပဒေနှင့် ယှဉ်ထိုးကြည့်နိုင်ပါသည်။ တရားစီရင်ရေးမှ လွတ်လပ်မှုမရှိလျှင် မည်သည့် နေရာတွင် တရားမျှတမှုကို ရှာဖွေရပါမည်နည်း။

ပုဒ်မ ၁၄၁။ ။ တရားသူကြီးအားလုံးသည် ဤအခြေခံဥပဒေနှင့် တရား ဥပဒေများကိုသာ လိုက်နာ၍ မိမိတို့၏ တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရမည် … ဟုလည်း ပြဋ္ဌာန်းထားသဖြင့် လွတ်လပ်သော တရားစီရင်ရေးအတွက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားသည်ကို တွေ့ရှိရပါသည်။တပြည်ထောင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လွတ်လပ်သော တရားစီရင်ရေးကို အာမခံနိုင် သည့် တစုံတရာ ပြဋ္ဌာန်းချက် မပါရှိပေ။ ၁၉၄၇ ဖွဲ့စည်းပုံဥပဒေနှင့် ယှဉ်ထိုးကြည့်နိုင်ပါသည်။ တရားစီရင်ရေးမှ လွတ်လပ်မှုမရှိလျှင် မည်သည့် နေရာတွင် တရားမျှတမှုကို ရှာဖွေရပါမည်နည်း။

ဥပဒေစနစ်ချင်းတူသည့် အိန္ဒိယနိုင်ငံကြီး၌ပင်လျှင် တရားစီရင်ရေး လွတ်လပ်မှုကို အလေးထား ဖော်ဆောင်ခြင်းဖြင့် ဒီမိုကရေစီကို မြှင့်တင်နိုင်ကြောင်း “အင်ဒီရာကို ကိုင်လှုပ်ခဲ့တဲ့ စီရင်ချက်” ဆောင်းပါးတွင် တွေ့ရှိရပါသည်။ ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားမှု ဖြစ်ပါသည်။

၁၉၇ဝ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အောက်လွှတ်တော် (Lok Sabah) ရွေးကောက်ပွဲ ဖျက်သိမ်းပြီး၊ ၎င်းနောက်ပိုင်းတွင်မှ မစ္စစ် အင်ဒီရာ ဂန္ဒီက ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံရန် အခွင့်အရေး ယူခဲ့သည်။ ဤသည်ကို မကျေနပ်၍ ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားချက်ကို လျှောက်ထားသူ ရာ့ဂ်ျနာရိန်းက တိုင်ချက်ဖွင့် လျှောက်ထားသဖြင့် စစ်ဆေးကြားနာခဲ့ရသော အမှုဖြစ်သည်။

၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှာ တိုင်ချက်ဖွင့်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားချက်ကို ၁၉၇၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ တရားလွှတ်တော် တရားသူကြီး ဂျက်မိုဟန်-လား-ဆင်းဟာက သမိုင်းဝင် စီရင်ချက်အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါသည်။

၁၉၇၁ ခုနှစ်က အောက်လွှတ်တော် (Lok Sabah) မှာ မစ္စစ် အင်ဒီရာ၏ ရွေးချယ်ခံရမှုသည် ပျက်ပြယ် (တရားမဝင်) ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၅ဝ ခုနှစ် ပြည်သူ့ကိုယ်စားပြုမှု အက်ဥပဒေ ပုဒ်မ ၁၂၃ (၇) အရ အကျင့်ပျက် ခြစားမှုများအတွက် အပြစ်ရှိကြောင်း ချမှတ်ခံရသည်။ နောင်လာမည့် ၆ နှစ်တာအတွက် ဥပဒေပြု လွှတ်တော်၌လည်းကောင်း၊ ပါလီမန်အဖွဲ့ဝင် ဖြစ်ခြင်းမှသော်လည်းကောင်း စည်းကမ်းချက်နှင့် မညီညွတ်သောကြောင့် ပယ်ချခံခဲ့ရပါသည်။

အထက်ပါ စီရင်ချက်ချမှတ်ပြီး ၁၃ ရက်အတွင်းတွင် တိုင်းပြည်အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ကြုံတွေ့ရသည့် ပြည်တွင်း အရေးပေါ် အခြေအနေကြေညာချက်ကို ၁၉၇၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။

၁၉၇၇ ခုနှစ် မတ်လမှာ မစ္စစ် အင်ဒီရာ ဂန္ဒီသည် ဗဟိုမှာ တောက်လျှောက် သူမ အုပ်ချုပ်လာခဲ့သည့် အာဏာကို စွန့်လွှတ်ခဲ့ရသည်။ သူ့ပါတီသည်လည်း ရွေးကောက်ပွဲတွင် အရှုံးကြီး ရှုံးနိမ့်ခဲ့သည်။ တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သွေးစည်းညီညွတ်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးများအတွက် ပြည်သူလူထုမှ ပြင်းထန်စွာ အံ့သြလောက်အောင် ထပ်မံတောင်းဆိုလာခဲ့ကြသည်။

နိုးကြားပြီး သတိဝိရိယရှိသည့် မဲဆန္ဒရှင်များက မစ္စစ် အင်ဒီရာ ဂန္ဒီကို အာဏာလက်လွတ် ဖြစ်သွားစေခဲ့သည်။

ဤသည်မှာ တော်လှန်ရေး ဖြစ်သည်။ မဲပုံးများကို ဖြတ်သန်းပြီး ဖန်တီးနိုင်သည့် စွမ်းပကားကြောင့် အစိုးရကို အကြမ်းမဖက်ဘဲ၊ ငြိမ်းချမ်းစွာ ပြောင်းလဲပစ်ခဲ့ကြသည်။ ၁၉၇၇ ခုနှစ်မှာ Janata Dal ပါတီ အာဏာရလာသည်။ ဒီမိုကရေစီက အာဏာရှင်စနစ်နှင့် သက်ဦးဆံပိုင်စနစ်ကို ထူးကဲစွာ အောင်မြင်မှု ရလိုက်ခြင်းဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ တရားစီရင်ရေးစနစ်နှင့် ပြည်သူလူထု ခေါင်းစဉ်ဖြင့် ဒေလီမြို့ရှိ ဂျဝါဟာလာ နေရူး တက္ကသိုလ်တွင် တရားလွှတ်တော် တရားသူကြီး ဆင်းဟာ ဟောပြောပို့ချခဲ့ပါသေးသည်။ “အိန္ဒိယ၌ ဒီမိုကရေစီ ဆက်လက်ရှင်သန်ရန်အတွက် ခိုင်မာပြတ်သားသည့် လွတ်လပ်သော တရားစီရင်ရေး စနစ်တရပ်ကို မက်မက်မောမော လိုချင်တပ်မက်ရမည်” ဟု ထောက်ပြခဲ့ပါသည်။

“လွတ်လပ်မှုကို ဆုံးရှုံးခံလိုက်ရသည့်၊ လွတ်လပ်မှုမရှိသည့် တရားစီရင်ရေးစနစ် ဖြစ်သွားလျှင် ကျနော်တို့၏ နိုင်ငံရေးစနစ်သည်လည်း ဒီမိုကရေစီနှင့် ဆန့်ကျင်ဖီလာသည့် အခြေအနေမျိုးသာ ဖြစ်လာလိမ့်မည်” ဟု မှတ်ချက်ပြုခဲ့သည်။

“အိန္ဒိယတွင် တရားစီရင်ရေး လွတ်လပ်မှု ရှိနေသင့်သည်။ လုပ်ထုံးလုပ်နည်းအရ အခက်အခဲ အတားအဆီး မှန်သမျှကို မှားယွင်းချွတ်ချော်ပြီး မလုပ်အပ်ပါ။ ဖြားယောင်းသွေးဆောင်မှု၊ ခြိမ်းခြောက်မှု မှန်သမျှ မည်သည့် အပြုအမူကိုမဆို ရပ်ပစ်သင့်သည်။ ပြည်သူများ၏ ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်မှုထက် မလျော့နည်းသည့်အရာမှာ တရားသူကြီးထံတွင် ကျမ်းကျိန်ထွက်ဆိုသည့် အထွတ်အမြတ် ယုံကြည်မှုပင် ဖြစ်သည်။ ဤအချက်ကို ဖြစ်သည့်နည်းဖြင့် ထိန်းသိမ်းကာကွယ်ရမည်” ဟု အလေးအနက် ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခြေခံ အုတ်မြစ် သည် လွတ်လပ်သည့် တရားစီရင်ရေးစနစ် ဖြစ်သည်

၁၉၇၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က သူ၏ စီရင်ချက်သည် တရားစီရင်ရေးစနစ် တခုလုံးအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်စေခဲ့ပါသည်။ သူ၏ အနိုင်မခံ အရှုံးမပေးသော သတ္တိနှင့် တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုအား တောင်းဆိုချက်များက ဆက်လက်ဖွံ့ဖြိုး တိုးတက်စေမှာ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခြေခံ အုတ်မြစ်သည် လွတ်လပ်သည့် တရားစီရင်ရေးစနစ် ဖြစ်သည် ဟု သူအတည်ပြုခဲ့သည့် အတိုင်း မျက်မှောက်နှင့် အနာဂတ် မျိုးဆက်များ စဉ်ဆက်မပြတ် အမှတ်ရနေစေမှာ ဖြစ်သည်ဟူ၍ ဖော်ပြထားသော အိန္ဒိယနိုင်ငံ၏ တရားစီရင်ရေး လွတ်လပ်မှုကို လေ့လာမိပါသည်။ ရည်ညွှန်းလိုပါသည်။

ရွေးကောက်ပွဲဆိုင်ရာ လျှောက်ထားချက်များနှင့်စပ်လျဉ်း၍ တိုက်ဆိုင်စွာပင် ကိုယ့်နိုင်ငံ၏ အခြေအနေ အားလုံးကို သုံးသပ်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၌ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ၁/ ၂ဝ၁ဝ ပုဒ်မ ၉ တွင် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည် -

(က) ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊
(ခ) ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
(ဂ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆောင်ရွက်ချက်များ။ ဟုဖော်ပြချက်ကို တွေ့ရသည်။

ဤသည်မှာ ရွေးကောက်ပွဲဆိုင်ရာနှင့် နိုင်ငံရေးပါတီများဆိုင်ရာ အားလုံးကို စစ်အုပ်စု အုပ်ချုပ်ရေး မဏ္ဍိုင်အောက်ရှိ ရွေးကောက်ပွဲကော်မရှင်ကသာ စီရင်ဆုံးဖြတ်ရမည်ဟု ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်သည် တရားစီရင်ရေး မဏ္ဍိုင်၏ အမြင့်ဆုံး အာဏာပိုင်ဖြစ်သည့် တရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ်တို့၏ အထက်တွင် ရောက်ရှိနေပါသည်။ တရားစီရင်ရေး လွတ်လပ်မှု တစုံလုံး ပျောက်ဆုံးသွားပါတော့သည်။
တပြည်ထောင် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် တဆက်တည်း ပြဋ္ဌာန်း လာသည့် ဥပဒေပြဋ္ဌာန်းချက်များတွင် တရားစီရင်ရေး မဏ္ဍိုင်ကြီးတခုလုံးကို မျက်ကွယ်ပြုထားသည်ကို သြချလိုက် ရအောင်ကိုပင် အအံ့သြကြီး အံ့သြမိ ပါကြောင်းသာ တင်ပြလိုပါတော့သည်။

ကိုယ့်နိုင်ငံ၏ တရားစီရင်ရေး လွတ်လပ်မှုကို အရယူနိုင်ကြပါစေ။

(မစ္စစ် အင်ဒီရာ ဂန္ဒီ၏ အရေးပေါ်ကြေညာခဲ့သည့် ၃၅ နှစ်မြောက်နေ့ကို အမှတ်ရစေရန် ပြည်ထောင်စု ဝန်ကြီးဟောင်း စာရေးသူ ဆတ်ရာ-ပရာဒက် မလာဗိရာ ၏ The Pioneer (28 June 2010) တွင်ဖော်ပြသည့် Judgement that shook Indira ဆောင်းပါးကို ရည်ညွှန်းပါသည်။)

(၃ဝ-၇-၂ဝ၁ဝ)
http://mizzimaburmese.com/edop/songpa/5777-2010-07-29-11-07-00.html

RFA က ၂၀၁၀ ရွေးကောက်ပွဲအတွက် ပွဲစားလုပ်ပြီလား


သို့

RFA
အသံလွှင့်ဌါန

အကြောင်းအရာ။ ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ ကြာသပတေးနေ့ မနက်ပိုင်းအစီအစဉ်မှာ ဦးဘအောင်စီစဉ်ထုတ်လွှင့်ခဲ့တဲ့ ကိုမျိုးရန်နောင်သိမ်းရဲ့  ဆောင်းပါးနဲ့ ပါတ်သက်လို့ နောက်နောင်
ယခုလို ဆောင်းပါးမျိုး မထုတ်လွှင့်ရန် အကြောင်းကြားကန့်ကွက်စာ ပေးပို့ခြင်း။

လေးစားစွာဖြင့် ။ ။ ကျွန်တော်တို့ဟာ ဒီမိုကရေစီအင်အားစုတွေဖြစ်သလို ဒီမိုကရေစီအရေးနှင့် ပါတ်သက်လို့ ပေါ်ပေါက်လာတဲ့ RFA အသံလွှင့်ဌါရဲ့ သတင်းလွှင့်ထုတ်ချက်များကိုလဲ အစဉ်သဖြင့်နားထောင်ခဲ့သူ
ဖြစ်ပါတယ်။ အထူးသဖြင့် RFA ပေါ်ကာစ မိနစ် ၃၀ စီနဲ့ လွှင့်တဲ့အချိန်ကာလတုံးမှာ ကျွန်တော်ဟာ မိမိရဲ့အသက်အိုးအိမ်ကို မစဉ်းစားမငဲ့ကွက်ဘဲ ပြည်တွင်းကနေပြီး ဆောင်းပါးတွေရေးပို့ခဲ့ပါတယ်။
အဲဒီဆောင်းပါးတွေကို အပါတ်စဉ် သောကြာနေ့တိုင်း မှာ လွှင့်ထုတ်ခဲ့ပါတယ်။ အဲဒီလိုဆောင်းပါးရေးကောင်းမူကြောင့် စစ်အစိုးရက ဖမ်းဆီးဖို့လုပ်လို့ ထွက်ပြေးခဲ့ရသူလဲ ဖြစ်ပါတယ်။
မနေ့က ကြာသပတေးမနက်ပိုင်းအချိန်မှာ ကိုမျိုးရန်နောင်သိမ်းရဲ့ ဆောင်းပါးကို နားထောင်လိုက်ရတော့ တခုခုမှားနေပြီလို့ သိလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒေါ်အောင်န်းဆုကြည်က
၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူတွေကို မဲမပေးရင်လဲ ရပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါကို ကျွန်တော်တို့က မဲမပေးရေးကမ်ပိမ်းလုပ်နေကြပါတယ်။ ဦးဝင်းတင်ကလဲ သပိတ်မှောက်ကြတော့လို့
ပြောဆိုလိုက်ပါပြီ။ တချိန်တည်းမှာဘဲ ကျွန်တော်တို့ဟာ ဘလော့တွေ ၀ပ်ဆိုက်တွေမှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ဆောင်းပါးတွေ ရေးသားနေသူဖြစ်ပါတယ်။ ဒီတော့ကာ
ကျွန်တော်တို့ရဲ့  ဘလော့ကပြောတဲ့အသံတွေ ၊ ၀ပ်ဆိုက်ကပြောတဲ့အသံတွေကို မသုံးဘဲ အခုလို ၂၀၁၀ ရွေးကောက်ပွဲကို မဲပေးဖို့အရေးနဲ့ မဲဆွယ်ပေးနေတဲ့ အသံလွှင့်ချက်မျိုးကို ထုတ်လွှင့်နေတာဟာ
ကျွန်တော်တို့တင်မက ရွေးကောက်ပွဲမှာ မဲမပေးလို့ရတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ စော်ကားရာရောက်သွားပါတယ်။
မေလ ၂၉ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့တဲ့အခါမှာ ကော်မီတီဝင်တိုင်းက သဘောတူဆုံးဖြတ်ချက်ချမှတ်ချကြပါတယ်။ ဒါကို အဲဒီကော်မီတီဝင်
တွေကဘဲ ပါတိသစ်ထူသွားတာကို သစ္စာဖေါက်လို့ မခေါ်သင့်ဘူးဆိုပြီး အသံလွှင့်သွားပါသေးတယ်။ ကျွန်တော်တို့ကတော့ သစ္စာဖေါက်တင်မက ပြည်သူ့တရားခုံရုံးမှာ စွဲချက်တင်ရမဲ့ ဒီမိုကရေစီပျက်ရယူများ
အနေနဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ချိန်မှာ တရားစွဲဆိုခွင့် တောင်းဆိုသွားမှာပါ။
RFA ဌါနဟာ ဘာဘဲဖြစ်ဖြစ် မည်သည့်နည်းနှင့်မျှ ရွေးကောက်ပွဲမှာ မဲပေးရေးအတွက် မဲဆွယ်ဖို့ ပေးထားတဲ့ အသံလွှင့်ဌါနတခုအဖြစ် မပြုလုပ်သင့်ကြောင်း ပြောကြားလိုပါတယ်။ ဒါဟာ ကျွန်တော်
တို့ရဲ့  မေတ္တာရပ်ခံချက်ဖြစ်သလို ကန့်ကွက်စာလဲဖြစ်ပါတယ်။ အခုလို ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်နေတဲ့ ကျွန်တော်တို့ရဲ့  နိုင်ငံတကာရောက် ဒီမိုကရေစီအင်အားစုတွေကြားမှာ ရွေးကောက်ပွဲ
မဲဆွယ်ရေးနဲ့ ရွေးကောက်ပွဲအထမြောက်ရေးအတွက် အခုလိုအသံလွှင့်ပေးတာဟာ ရက်စက်ရာကျနေပါတယ်။
ဦးသုဝေတို့ ထိုင်းနိုင်ငံကိုလာပြီးမဲဆွယ်စည်းရုံးစဉ်က ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံထုတ်ဂျာနယ်မှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပွဲစားတွေ လေလံတင်ဖို့လာနေကြပြီ ဆိုတဲ့ ဆောင်းပါးတွေနဲ့
လှောင်ပြောင်သရော် ဝေဖန်ရေးသား ထားပါတယ်။ အဲဒီဆောင်းပါးကို ကျွန်တော်ရေးသားခဲ့တာပါ။ ကျွန်တော်ပြောချင်တာက ၂၀၁၀ ရွေးကောက်ပွဲ့ ပါတ်သက်လို့ အသံလွှင့်ချင်ရင် ဘလော့တွေ ၀ပ်ဆိုက်တွေ
ကိုကြည့်လိုက်လို့ရှိရင် ကမ္ဘာကြီးတခုလုံးကို ရောက်နေတဲ့ ဆောင်းပါးရှင်တွေ ဘလော့ဂါတွေရဲ့ တန်ဖိုးဖြတ်မရတဲ့ ဆောင်းပါးများစွာ ရှိပါတယ်။ ကွန်ပြူတာကို ခလုပ်ကလေးတချက်နှိပလိုက်တာနဲ့ ဆောင်းပါး
ပေါင်းများစွာကို ကမ္ဘာမြေကုန်သရွေ့ လွှင့်လို့ ရပါတယ်။
ဘာဘဲပြောပြော ကျွန်တော်တို့ဟာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြသူများဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးစေဖို့ ပျက်စီးမဲ့နည်းလမ်းတွေကို နည်းလမ်းပေါင်းများစွာနဲ့
အသုံးပြု နေသူများဖြစ်တယ်။ မဲမပေးရေး တအိမ်တက်ဆင်း ပြောကြားရေးနည်းလမ်းတွေကို သုံးနေကြသူများဖြစ်တယ်။ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို
အကောင်အထည်ဖေါ် ဆောင်စေလိုလို့ ဖြစ်တယ်။ စစ်အစိုးရဟာ ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲ့ကို ပထမတကြိမ် ပြုလုပ်ခဲ့ပြီပြီ။ ရွေးကောက်ပွဲကတိ မတည်ဘဲ အာဏာကို ဆုပ်ကိုင်ထားတယ်။
အခုတချိန်မှာလဲ ရွေးကောက်ပွဲကို လုပ်လာနေဖို့ ကြိုးစားနေပြီ။ နှစ်ကြိမ်လုပ်မဲ့ ရွေးကောက်ပွဲကို ကတိမတည်တာနဲ့ ပါတ်သက်လို့ ကျွန်တော်တို့ မယုံကြည်ဘူး။
ဒီရွေးကောက်ပွဲဟာ စစ်အစိုးရကို သက်ဆိုးရှည်ဖို့ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ ဆန့်ကျင်တယ်။ ကျွန်တော်တို့က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လက်ခံတဲ့လူဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို
သပိတ်မှောက်သူများဖြစ်တယ်။ ဒီရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ ဘယ်သူ့ကိုမှ ကျွန်တော်တို့ရှေ့မှာ လူလိုသူလိုဆက်ဆံပြောဆိုတာ လက်မခံဘူး။ သူတို့ရဲ့ ရွေးကောက်ပွဲ့နဲ့ ပါတ်သက်လို့ ပြောတဲ့ သူဟာ
ကျွန်တော်တို့ရဲ့ ရန်သူများဖြစ်တယ်။ ဒီမိုကရေစီသစ္စာဖေါက်များရဲ့ စည်းရုံးပြောဆိုသံများကိုလဲ ကျွန်တော်တို့ မကြားချင်ဘူး။ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေဖြစ်တယ်ဆိုတာ နားလည်ဖို့လိုပါတယ်။
ဒါ့ကြောင့် RFA မှ နောက်နောင်ကို ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးနည်းလမ်းတွေ။ မဲဆွယ်စည်းရုံးရေးနည်းလမ်းတွေကို အောက်လမ်းနည်းနဲ့ အသုံးချခြင်းများအား အသုံးပြုခွင့်မပေးမိ
စေရန် အထူးသတိပေးအကြောင်းကြား ကန့်ကွက်စာ ရေးသားပေးပို့လိုက်ရပြီး မျိုးရန်နောင်သိမ်းရဲ့ ဆောင်းပါးများကို ဆဆက်လက်ပြီး လုံးဝ မလွှင့်ပေးပါရန် အကြောင်းကြားစာ ပေးပို့လိုက်ရပါတယ်။

ခိုင်အောင်ကျော်
နိုင်ငံရေးပေါ်လီစီဒါရိုက်တာ
နိုင်ငံတကာမြန်မာအမျိုးသားများဖေါင်းဒေးရှင်းကွန်ဂရက် ( I F B N C )
နယူးယောက်
အမေရိကန်နိုင်ငံ

Wednesday, July 28, 2010

28 July 2010 ဒိုင်ယာရီ

28 July 2010 yeyintnge Diary.docx file here28 July 2010 Yeyintnge Diary

ရွေးကောက်ပွဲမတိုင်မီ နအဖ၏ ထိုးစစ်ဆင်မှုများ

KNU Press Release-July 2010

တီကောင်ဆားနှင့်တို့သလို...

Document 1

၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို


၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို


လာမည့် ၂၀၁၂ ခုနှစ် တွင် ကမ္ဘာ့ နိုင်ငံ တို့၏ အင်တာနက်ဆက် သွယ်ရေး စနစ်များ ပြတ်တောက် သွားမည် ဖြစ်ကြောင်း အမျိုးသား အာကာသ အုပ်ချုပ်ရေး အေဂျင်စီ နာဆာ၏ သတင်းထုတ်ပြန် ချက်ကို ကိုးကား၍ မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားပါသည်။ ဂြိုဟ်တု ဆက်သွယ်ရေး စနစ်များ၊ အင်တာနက်၊ အီးမေးလ်၊ တယ်လီဖုန်း နှင့် အီလက်ထရွန်နစ် ဆက်သွယ်ရေး စနစ်များ သည် ပြတ်တောက် သွားမည် ဖြစ်သည်ဟု ဒေါက်တာ ထွန်းလွင် က နာဆာကို ကိုးကား ပြောကြားခြင်း ဖြစ်သည်။

''လူတွေ ပြောတဲ့ အထဲမှာ ဟုတ်တာ မှန်တာ ရှိသလို သိပ္ပံက တွေ့ထား တာလဲ ရှိတယ်။ ဂလက်စီ (ကြယ် အစု အဝေး) ကို တစ်ကြိမ် ဖြတ်ဖို့ နေ အဖွဲ့ အစည်းဟာ နှစ် ပေါင်း ၆၄ သန်း ကြာတယ်။ ကမ္ဘာနဲ့ နေအဖွဲ့ အစည်းက အခု ဂလက်စီကို ဖြတ်မှာ။ အဲဒီ ၆၄ သန်းဟာ ၂၀၁၂ မှာ ပြည့်ပြီ'' ဟု ဒေါက်တာ ထွန်းလွင်က နာဆာ၏ တွေ့ရှိ ချက်ကို ထည့် သွင်း ပြောကြား ခဲ့သည်။ ဒေါက်တာ ထွန်းလွင် နှင့် နာဆာ တို့၏ တွေ့ရှိ ချက်များ အရ ဂလက်စီကို ကမ္ဘာ နှင့် နေအဖွဲ့ အစည်း ဖြတ်သန်း စဉ်တွင် ကမ္ဘာ့ မြေ၏ သံလိုက် စက်ကွင်း လမ်းကြောင်းများ ပြောင်းလဲမှု ဖြစ်ပေါ် စေပြီး အင်တာနက် နှင့် အီလက်ထရွန်နစ် ဆက်သွယ်မှု စနစ်များ ပြတ်တောက် သွားဖွယ် အခြေ အနေ ရှိနေသည်။

''မကြာသေး မီက အဲဒီ ၂၀၁၂ ရုပ်ရှင်ဟာ တစ် ကမ္ဘာ လုံးကို လှုပ်လှုပ် ရွရွ ဖြစ်စေ ခဲ့တယ်။ ကျွန်တော် ၂၀၁၂ ကို နေပြည် တော် ရုပ်ရှင်ရုံမှာ သွားကြည် ခဲ့တယ်။ ကြောက် လန့်စရာ အတိပါပဲ။ ဒါပေမဲ့ဗျာ ဒီ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် လို့တော့ ဘယ် ဘာသာတွေ ရဲ့ အထွတ် အမြတ် ကျမ်းတွေမှာမှ ရေးမထား ဘူး။ ဦးထွန်းလွင် ပြောသလို အင်တာနက် ဆက်သွယ်ရေး၊ ဖုန်းလိုင်း ဆက်သွယ်ရေး ပြတ်တောက် နိုင်တာ လက်ခံလို့ ရပါတယ်။ ဒါတွေက အခုတောင် ပြတ်နေတာလေ''ဟု ရူပဗေဒ ဘွဲ့ရ ကျောင်းသား ကိုအောင်ဇော် ထွန်းက ပြောသည်။

''ကျွန်တော့် အနေနဲ့ ၂၀၁၂ မှာ အင်တာနက် စနစ်များ ပြတ်တောက်မယ် ဆိုတာကို မယုံကြည်ဘူး။ ဒါပေမဲ့ နာဆာက ထုတ်ပြန်ချက် အပေါ် အလေး ထားဖို့ လိုလိမ့်မယ်'' ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ မကြာသေးမီက နိုင်ငံတကာ သတင်း တစ်ခု၏ အဆို အရ ၂၀၁၂ အစော ပိုင်းတွင် ဟောင်ကောင် လေကြောင်းလိုင်း Cathay Pacific နှင့် Panasonic ကုမ္ပဏီ တို့ ပူးပေါင်း၍ ကုမ္ပဏီပိုင် လေယာဉ် များတွင် အင်တာနက်၊ မိုဘိုင်းလ်ဖုန်း နှင့် ရုပ်မြင်သံကြား တိုက်ရိုက် ထုတ်လွှင့် မှုများကို တပ်ဆင် ၀န်ဆောင်မှု ပေးရန် စီစဉ် သွားမည် ဖြစ်ကြောင်း ထုတ်ဖော် ကြေညာ ခဲ့ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။


၂၈ . ၇ . ၂၀၁၀
http://www.htwd.info/2010/07/2012.html

ကြံ့ဖွံ့တွေ ပြောဖန်များတော့ စကားထဲက ဇာတိပြတယ်


ကြံ့ဖွံ့တွေ ပြောဖန်များတော့ စကားထဲက ဇာတိပြတယ်

ရဲဘော်ဖိုးသံချောင်း / ၂၈ ဇူလိုင် ၂၀၁၀


ကြံ့ဖွံ့အသင်းဆိုတာကနေ ကြံ့ဖွံ့ပါတီဆိုတာ ဖြစ်သွားပြီပေါ့။ အရင်က ထောင်ထောင် ထောင်ထောင်နဲ့ နေရာတကာမှာ တွင်ကျယ်နေတဲ့ အမျိုးသမီးရေးရာဆိုတာဟာလည်း အခုတော့ ကြံ့ဖွံ့အမျိုးသမီးအဖွဲ့ရယ်လို့ ဖြစ်သွားပါပြီ။ (၁၀) နှစ်ကျော် အရေခြုံထားတာတွေ ခွာချလိုက်ကြပြီလို့ဆိုရင် ရမလားပါပဲ။ ဒီနေ့လို ရွေးကောက်ပွဲ ဗိန်းမောင်းသံ၊ လေးခင်းသံတွေ ပေါ်ထွက်လာတဲ့အခါမှာ နအဖစစ်အုပ်စုရဲ့ အမာခံတွေဟာ အပေါ်ကအ၀တ်အစားကိုခွာပြီး လက်ဝှေ့ဝိုင်းထဲကို ၀င်လာ၊ လက်ဝှေ့ရေးပြကြသလား အောက်မေ့ရပါတယ်။ လက်ခမောင်းတဖောင်ဖောင်နဲ့ပါ။ သွားလေရာညောင်မြစ် တဖြာဖြာဆိုတာလို သူတို့ “စည်းရုံးရေး” သွားတဲ့နေရာတိုင်းမှာ ပြဿနာတွေလည်း တက်ချင်တိုင်း တက်နေပါတော့တယ်။ ဒါကြောင့်လည်း တချို့နေရာတွေမှာ သူတို့ကို လက်နက်ကိုင်တပ်နဲ့တောင် အစောင့်အရှောက်ပေးနေတာ တွေ့ရပါတယ်။ တချိန်တည်းမှာ မြင်တွေ့ရတာတခုကတော့ နဂိုအမျိုးသမီးရေးရာထဲက ဟန်ရေးပြရုံလောက်သာအသုံးဝင်တဲ့ ဗိုလ်ချုပ်ကတော်တွေဟာ ဒီအဆင့်မှာ ဘေးထွက်ထိုင်လိုက်ကြတာပါပဲ။

ဒါပေမယ့် ဒ်ီကတော်တွေလိုပဲ အရင်က ကြံ့ဖွံ့အဖွဲ့ဝင်တွေဖြစ်ခဲ့ကြပေမယ့် အထွက်မှာတော့ ကတော်တွေလိုမဟုတ်ဘဲ ကန်ထုတ်ပစ်တာ ခံလိုက်သူတွေကတော့ နဂိုကကြံ့ဖွံ့ထဲကို အတင်းမ၀င်မနေရဆွဲသွင်းထားတဲ့ ၀န်ထမ်းတွေနဲ့ ကျောင်းသူ ကျောင်းသားတွေဖြစ်ပါတယ်။ အသုံးမ၀င်၊ အလိုမရှိတော့ပြီမို့ အခုတော့ သူတို့ကို စစ်ဗိုလ်တွေက စာရင်းထဲ မထည့်တော့ပါဘူး။ နဂိုက (၂၃) သန်းကျော် ရှိတယ်လို့ ဗိုလ်သန်းရွှေပါးစပ်က ကြွားနေတဲ့ ကိန်းဂဏန်းကနေ တနေ့ကတော့ ကြံ့ဖွံ့မှာ ပါတီဝင် (၈) သန်း ရှိသေးတယ်လို့ ကြုံးဝါးတာ ကြားလိုက်ရပါတယ်။ ဒါဆိုရင် နဂိုကြံ့ဖွံ့အဖွဲ့ဝင် (၁၅) သန်းလောက်ကို ခါထုတ်ပစ်လိုက်တဲ့ အဓိပ္ပာယ်ဖြစ်နေပါတယ်။

တချိန်ကတော့ နိုင်ငံတကာပါတီပေါင်းစုံအစည်းအဝေးတွေ၊ အမျိုးသမီးအစည်းအဝေးတွေတက်ခဲ့တဲ့၊ ပြည်တွင်းမှာ ညီလာခံတွေ အချီချီလုပ်ခဲ့တဲ့ အဖွဲ့ကြီးတွေဟာ ဘာညီလာခံ၊ ဘာအစည်းအဝေး၊ ဘာဆုံးဖြတ်ချက်မှမချဘဲ ချက်ချင်း အသွင်ပြောင်းကုန်ကြပါတယ်။ အံ့သြစရာမကောင်းဘူးလား။ မျက်လှည့်ဆရာက လက်ဖျောက်တချက်တီးလိုက်တာနဲ့ ဖားကနေဖွတ်ဖြစ်၊ ဖွတ်ကနေဖားဖြစ်ဆိုတာမျိုးတွေပါ။ ပြီးခဲ့တဲ့ နအဖစစ်တပ်ထိပ်သီးတွေရဲ့ လေးလပတ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ကွေးသောလက်မဆန့်မီ ဆုံးဖြတ်အသွင်ပြောင်းလိုက်ရတာဖြစ်ပါတယ်။ အဖွဲ့ဝင်သန်းပေါင်း (၂၀) ကျော် ရှိတယ်ဆိုတဲ့ အဖွဲ့ကြီးတခုဟာ ပျောက်သွားတယ်ဆိုတော့လည်း ရေပေါ်မှာ ရေးထားတဲ့အရုပ်လိုပါပဲ။ ဗိုလ်သန်းရွှေက ပေါ်ဆိုပေါ်၊ ပျောက်ဆိုပျောက်။ အင်း၊ ပြန်စဉ်းစားလိုက်တော့ သူတို့ပေါ်လာတုန်းကလည်း ဒီလိုပဲပေါ်လာခဲ့တာပဲ မဟုတ်ပါလား။ အရှင်မွေးမို့ နေ့ချင်းကြီးခဲ့သလို အရှင်က မလိုတော့လည်း နေ့ချင်းပဲ ပျောက်ရပါတော့တယ်။ တဆက်တည်း ဆက်တွေးမိတာက အခုအသစ်ဖွဲ့စည်းကြတဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပါတီအဖွဲ့အစည်းတွေရော၊ နအဖဆီက ‘ပျောက်စေ’ ဆိုတဲ့ အမိန့်မျိုးထွက်လာရင် ဆက်တည်ရှိနေပါ့မလားဆိုတာပါ။ လောလောဆယ်မှာတော့ ပါတီအသစ်ဖွဲ့ချင်သူတွေကို မဖွဲ့စေရဆိုတဲ့ တချက်လွှတ်အမိန့်ကြောင့်မို့ မဖွဲ့နိုင်ဘဲဖြစ်နေတာတွေ တွေ့နေရပြီ။ အဲဒီကနေ တဆင့်တက်တွေးလိုက်ရင် နောင်ရွေးကောက်ပွဲလွန်လို့ လွှတ်တော်ဆိုတာတွေ ဘာတွေပေါ်လာရင်ရော။ ဒီတချက်လွှတ် အမိန့်ပေးတဲ့ အာဏာကြီးဟာ (ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်) တည်ရှိနေဦးမှာလား။ မတည်ရှိတော့ပါဘူးလို့တော့ အာမ မခံရဲ ကြဘူးမဟုတ်ပါလား။

အဲဒါကို တချို့က နောင်ခါလာနောင်ခါဈေးလို့ ပြောကောင်းပြောကြပါလိမ့်မယ်။ လောလောဆယ်မှာတော့ အဲဒီ ကြံ့ဖွံ့မဟုတ်သူတွေ ခေါင်းခဲနေတဲ့ကိစ္စဟာ ကြံ့ဖွံ့က ဒီလိုနိုင်ငံတော်ရဲ့အရင်းအနှီး၊ အထောက်အကူတွေနဲ့ မတော်မတရား ရွေးကောက်ပွဲဝင်တော့မယ်ဆိုတာ သေချာသထက်သေချာလာတဲ့ ကိစ္စပဲဖြစ်ပါတယ်။ အခုအချိန်ကျမှတော့ ‘အစက ငါမပြောလား’ လို့ သူတို့ကို အပြစ်တင်နေလို့လည်း အပိုပဲဖြစ်မှာပါ။ ကျားနဲ့သမင် လယ်ပြင်မှာတွေ့ကြတာကို စောင့်ကြည့် ကြရုံပဲရှိပါတယ်။ ဒီလိုနဲ့ အခုတလော ပြည်ပရေဒီယို အသံလွှင့်ချက်တွေမှာ နအဖရဲ့ရွေးကောက်ပွဲမှာ ချစ်တီးခေါင်းသန်းရှာ သလို စပေ့စ်ရှာပုံတော်ဖွင့်မယ့် အဖွဲ့တိုင်းနီးပါးဟာ မီဒီယာတွေကမေးတိုင်း မကျေမနပ်တွေ ပြောထွက်နေကြတာကို နေ့တိုင်းလိုလို ကြားနေရပါတယ်။ ဒါပေမယ့်လည်း တဆက်တည်း သတိထားမိတာက ကြံ့ဖွံ့ကို ဒီလိုအခွင့်အရေးတွေ တဖက် သတ်ပေးထားတာဟာ မတရားဘူးလောက်ပဲ ပြောရဲပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒါကြောင့် မတရားဘူး၊ ဒါတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာမျိုးတော့ မပြောဝံ့ကြပါဘူး။

ဒီလို အားလုံးက တရားမျှတခြင်းမရှိဘူးလို့ ကန့်ကွက်ပြောဆိုနေကြချိန်မှာပဲ နအဖဟာ လက်နက်သစ်တခုကို ထုတ် သုံးလာခဲ့ပါတယ်။ အဲဒါကတော့ ဘာသာရေးလက်နက်ဖြစ်ပါတယ်။ နအဖဟာ သာသနနုဂ္ဂဟအသင်းဆိုတာကို ဖန်တီးပေးပြီး ကြံ့ဖွံ့အတွက် မဲရှာဖို့လုပ်ပါတော့မယ်။ ဒါကိုကြည့်ပြီး နအဖစစ်အစိုးရဟာ နိုင်ငံရေးလောကမှာ ရှေးအကျဆုံး မသမာမှုတခု ဖြစ်တဲ့ ဘာသာရေးကို ခုတုံးလုပ်တဲ့နည်းကိုလည်း ချန်မထားဘူးလို့သာ မှတ်ချက်ချရပါတော့တယ်။ မြန်မာနိုင်ငံက ဗိုလ်ချုပ်တွေဟာ (၂၁) ရာစုနှစ်ထဲမှာကိုပဲ (၁၂) ရာစုနှစ်တုန်းက ခရူးဆိတ်စစ်ပွဲ ဆင်နွှဲနေတုန်းပါလားလို့ စိတ်မကောင်း ဖြစ်ရပါတယ်။

အခုနောက်ဆုံးကြားနေရတဲ့ ကြံ့ဖွံ့တွေရဲ့မဲဆွယ်ရာမှာ လက်သုံးစကားတခုကတော့ ‘နောက်တခါ အာဏာသိမ်းတာ မတွေ့လိုရင် ကြံ့ဖွံ့ကိုမဲပေးကြ’ ဆိုတာပါပဲ။ သူတို့အနေနဲ့ မဲဆွယ်ရာမှာ ချော့မြှူတဲ့နည်း၊ ခြိမ်းခြောက်တဲ့နည်း စသဖြင့် နည်းမျိုးစုံ အသုံးပြုနေရာမှာ အခုနောက်ဆုံး ကြားရတဲ့နည်းတခုကတော့ ချော့မြှူတာလား၊ ခြိမ်းခြောက်တာလား အတော်ကို စဉ်းစားရကြပ်ပါတယ်။ ဒီစကားသာမှန်ခဲ့ရင် ကြံ့ဖွံ့တွေအနေနဲ့…

- စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ မကောင်းဘူးလို့ အသိအမှတ်ပြုတာလား။
- နအဖစစ်တပ်ဟာ ရွေးကောက်ပွဲမှာ သူတို့လိုလားတဲ့ အဖြေမထွက်ရင် အာဏာသိမ်းလိမ့်မယ်လို့ အပိုင်ပြောနေတာလား။
- သူတို့ကိုမဲမပေးရင် စစ်တပ်ကို အာဏာသိမ်းခိုင်းနိုင်စွမ်း သူတို့မှာရှိတယ်လို့ ၀န်ခံတာလား။
- ဒါမှမဟုတ် သူတို့နောက်မှာ စစ်တပ်ရှိနေတယ်လို့ ကြေညာတာလား။

ဒင်းတို့အလဟဿပြောနေတာတော့ ဟုတ်ဟန်မတူပါ။ အကြောင်းရှိမှာပါ။ ဒါတွေကိုကြားတော့ “ပေးနေတုန်းမှာ ပေးတာလေးတွေ ယူထားလိုက်ကြ” လို့ နအဖရဲ့စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့်သူတွေ၊ “ဒီရွေးကောက်ပွဲကို ဆန့်ကျင်တယ် ဆိုသူတွေဟာ ပြည်တွင်းအခြေအနေကို ဘာမှမသိဘဲ ပြည်ပကနေ ရမ်းပြောနေတယ်” လို့ လှမ်းရမ်းနေသူတွေကို သတိရမိပါတယ်။ ပြည်တွင်းမှာနေတဲ့ သူတို့တတွေ ဒီအခြေအနေတွေကို တကယ်မသိတာလားလို့။ သူတို့ပြောတာ နောက်တခွန်းရှိပါသေးတယ်။ အဲဒါက “ဒီမိုကရေစီကို နောက်တော့မှ တဖြည်းဖြည်း တိုးချဲ့သွားကြတာပေါ့” တဲ့။ အာဏာမသိမ်းသေးရင်ပေါ့လေ။
http://www.khitpyaing.org/index.php?route=detail&id=3301

ပါလီမန်ဒီမိုကရေစီပါတီ သတင်းစာစောင်အတွဲ ၄– အမှတ်စဉ် ၁၀

Issue 4.10

Voice of Burma Issue No.772, July 25, 2010

VOB772KK

နေပြည်တော်က အာဏာသိမ်းတော့မဲ့ သတင်းထွက်နေပြီ


ဗိုလ်ချုပ်သန်းရွှေတို့ ၈၄ ဦး နေပြည်တော်က ထွက်ခွါသွားကြပြီးတဲ့နောက်မှာ နေပြည်တော်မှာ အစည်းအဝေးတရပ်ကို လျှို့ ဝှက်ထိုင်ကြတယ်လို့ သိရတယ်။ နေပြည်တော်တိုင်းမှူး ဝေလင်းက ဗိုလ်ချုပ်မှူးကြီးကို အိန္ဒိယနိုင်ငံက ဒီမိုကရေစီအတိုက်အခံတွေ ။ အိန္ဒိယနိုင်ငံသားတွေ ဆန္ဒပြနေတာကို ဆွေးနွေးကြတယ်။ဒီ့နောက်မှာ သူတော်စင်မဟတ္တမဂန္ဒီကြီးရဲ့ အုဌ်ဂူကို ဆုတောင်းအမျှဝေပေးဖို့ရာမှာ စစ်ယူနီဖေါင်းနဲ့ ဂါဝရမပြုရခြင်းအကြောင်းများကို ဆက်ပြီးဆွေးနွေးကြတယ်လို့ သိရတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖိတ်ကြားတဲ့အတွက် စစ်ယူနီဖေါင်းနဲ့သာ အခန်းအနားနဲ့ ကြိုဆိုရာမှာ အခုလို ဒိမိုကရေစီနိုင်ငံက တိုက်ပုံအင်္ကျီနဲ့ တက်ရောက်စေတာဟာ ၂၀၁၀ ပြီးရင် သမ္မတ ဦးသန်းရွှေအဖြစ် နိုင်ငံတကာကိုပါ အသိပေးခြင်းမျိုးလားဆိုပြီး ဝေဖန်ကြတယ်လို့လဲ သိရတယ်။
တိုင်းမှူးဝေလင်းဟာ အရင်က ဗိုလ်ချုပ်ကြီးခင်ညွန့်လို လက်စောင်းထက်သူဖြစ်ပြီး နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လူယုံတော်ဖြစ်တယ်။ အခုလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အခြေအနေတွေကို ပြောင်းလဲသွားစေတဲ့ အိန္ဒိယနိုင်ငံခရီးစဉ်မှာ နိုင်ငံတကာမှာ သိက္ခာကျလောက်အောင် ဆန္ဒပြခြင်း၊ကန့်ကွက်ခံရခြင်းများကို ခံရခြင်းအတွက် နေပြည်တော်ကဗိုလ်မှူးတွေက တော်တော်ကလေး စိတ်ပျက်ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် တိုင်းမှူးဝေလင်းကို အာဏာသိမ်းဖို့ တိုက်တွန်းကြတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံက ၀န်ကြီးချုပ်ဟောင်း မစ္စတာသပ်ဆင်ရှင်နာဝပ်ကို ကမ္ဘာ့ကုလသမဂ္ဂညီလာခံ တက်ရောက်နေစဉ် အာဏာသိမ်းယူခဲ့တဲ့ဖြစ်ရပ်တွေ ရှိနေခဲ့တာမို့ ထိုင်းနိုင်ငံက ဗိုလ်ချုပ်တွေနဲ့လဲ ဆက်သွယ်ကမ်းလှမ်းနေတယ်လို့ နေပြည်တော်က လာတဲ့သတင်းအရ သိရတယ်။ ရန်ကုန်မှာဖြစ်နေတဲ့ ပိဋကတ်တိုက်ပြသနာကိုလဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူလာမှ ရှင်းမယ်၊ လွှတ်ပေးထားလိုက်ဆိုပြီး အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့  တော်ဝန်ဦးကိုလေးက အာဏာသိမ်းမှုကို ညွှန်ကြားနေခြင်းဖြစ်ပြီး နေပြည်တော်မှ ဦးကောင်းမြတ် ဆိုသူလဲ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဦးကောင်းမြတ် ဆိုသူဟာ ဘယ်သူလဲ ဆိုတာကို ခုအချိန်ထိ စုံစမ်းလို့ မရသေးဘူးလို့ ဆိုပါတယ်။
သျှမ်းပြည်တပ်မတော် ( မြောက်ပိုင်း ) ကလဲ ပြည်သူ့စစ်တပ်ဖွဲ့စည်းဖို့ မဖြစ်နိုင်သေးလို့ နယ်စပ်ဒေသတင်းမာမူဖြစ်နေချိန် အခုလို အာဏာ သိမ်းမှူတွေ ပြုလုပ်မဲ့ သတင်းတွေ ကြားနေရတာကြောင့် ရှမ်းပြည်နယ်တိုင်းမှူးအောင်သန်းထွဋ်က နေပြည်တော်သို့ စစ်ကြောင်းများဖြင့် ဆင်းသွားပြီလို့လဲ ကြားသိရပါတယ်။ ဗိုလ်မှူးအောင်သန်းထွဋ်ဟာ နေပြည်တော်တိုင်းမှူးဝေလင်းနဲ့ ခင်မင်ရင်းနှီးသူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ပဏာမစားသူဖြစ်ကြောင်း အခြားစစ်ဖက်ဆိုင်ရာသတင်းရပ်ကွက်များက ဆိုပါတယ်။ အခုဆိုရင် ပြည်သူတွေဟာ နေပြည်တော်မှာ အာဏာသိမ်းမှူဖြစ်မဲ့အကြောင်းကို အရိပ်အမြွက် သိကုန်နေကြပြီး တပ်မတော်အတွင်း ပေါက်ကွဲမူတွေကြောင့် သွေးထွက်သံယိုမှုများ ဖြစ်ကုန်မလား ဆိုပြီး စိုးရိမ်နေကြပါတယ်။
တိုင်းနှင့် ပြည်နယ်အဆင့်ထိကို နေပြည်တော်က အာဏာသိမ်းမှူသတင်းတွေ ခုအချိန်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်မှာဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦး၏ နေအိမ်အနီးတ၀ိုက်မှာ လုံခြုံရေးများ ချထားတယ်လို့
နိုင်ငံရေးရပ်ကွက်တွေက လာတဲ့သတင်းအပေါ် ကိုးကားနေကြပါတယ်။ ဦးတင်ဦးဟာ အရင်က ကာကွယ်ရေးစစ်ဦးစီးချုပ် တာဝန်ယူခဲ့သူမို့ အခုလို တပ်တွင်းပုန်ကန်မှုဖြစ်ပြီး တိုင်းမှုးဝေလင်းက အာဏာသိမ်းရန် အစည်းအဝေးထိုင်ပြီး ကြိုးပမ်းနေခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစုံတရာဖြေကြားဖို့ ငြင်းဆိုကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိန္ဒိယနိုင်ငံကို ၅ ရက်တာခရီးမသွားခင်ကတည်းက နေပြည်တော်အတွင်း တိုင်းမှူးတွေ နဲ့ စစ်တိုင်းမှူးတွေဟာ နိုင်ငံတကာဖိအားတွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့အရေး ဆွေးနွေးကြရာမှ အခုလို ပြသနာကြီးထွားသွားရခြင်းဖြစ်ကြောင်း သတင်းထွက်ပေးနေပါတယ်။ ဒါပေမဲ့ ရွေေးကာက်ပွဲကော်မရှင်က နေပြည်တော်ရဲ့ တပ်တွင်းပြသနာများကို ပြည်သူတွေနှင့် နိုင်ငံတကာက မရိပ်မိအောင် ရွေးကောက်ပွဲနေ့ရက်ကို ကြေညာတော့မယ် ဆိုပြီး အသံတွေထွက်ပေးနေပါတယ်။ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ အာဏာအရှိဆုံးဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့ခရီးစဉ် တလျှောက်လုံးဘာမှ ထုတ်ဖေါ်မပြောဘဲ နေခြင်းကိုကြည့်ပြီး သိသာနိုင်ပါတယ်။ နေပြည်တော်က အာဏာသိမ်းရန်ကြိုးစားနေတာကို စုံစမ်းခိုင်းနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ တိုင်းမှူးဝေလင်းကတော့ အခုအချိန်ထိ နေပြည်တော်မှာ လုံခြုံရေးအပြည့်နဲ့ နေရာယူထားကြောင်း ကြားသိရပါတယ်။
http://www.humanright-myanmar.com/2010/07/beaking-news.html
ကိုကနေဒါမြန်မာပေးပို့ပါသည်။


Tuesday, July 27, 2010

Burmese Food Fair & Picnic

Burmese Food Fair & Picnic

Time အချိန် : : 10:00 AM to 7 :00 PM

Date နေ့ ရက် : : July 31, 2010 ( Saturday )

Place နေရာ : : High Park # Area - 4

Toronto
(Just across High Park subway station.)

The Burma Canadian Association of Ontario is hosting a food fair to raise
funds for the Association as well as to meet old and new friends.
We hope you can come out and join us for some fresh air, try our delicious
Burmese food and participate in the games with the young ones.

For more information.....

http://burmacanadianassociation.com/



27 July 2010 ဒိုင်ယာရီ

27 July 2010 yeyintnge Diary.docx file download here
27 July 2010 Yeyintnge Diary

ကြောက်ရသူတယောက်တိုး...သန်းရွှေ.....................။


http://burmese.dvb.no/news.php?id=11666

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထိုးစစ်မှာ စစ်အစိုးရတပ်က ရွာတွေမီးရှို့

2010-07-27

ကရင်ပြည်နယ် မြောက်ပိုင်း ဖာပွန်ခရိုင်အတွင်းမှာ စစ်အစိုးရ ခြေမြန်တပ်ရင်း ၃၇ဝ နဲ့ ၃၆၁ တပ်ရင်း၂ ရင်းက ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် ကရင်ရွာသား ၉ဝဝ ကျော် တောတွေထဲ ထွက်ပြေး ပုန်းရှောင်နေရတယ်လို့  သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ အဲဒီ စစ်အစိုးရ တပ်ရင်း၂ ရင်းဟာ ဖာပွန်ခရိုင်အတွင်းက သဲဒါဒါးရွာအတွင်းကို မော်တာ လက်နက်ကြီးအလုံးရေ ၄ဝ လောက် ပစ်ခတ်ခဲ့တဲအတွက် ရွာသားတွေ စတင် ထွက်ပြေးခဲ့ရပါတယ်။

အဲဒီနေ့ နေ့လည် ၂ နာရီအချိန်လောက်မှာတော့ တပ်ရင်းတရင်းက ရွာထဲဝင်ပြီး ကျန် တပ်ရင်းတရင်းက တောင်ပေါ်မှာ တပ်စွဲထားခဲ့ပါတယ်။ သဲဒါဒါးရွာထဲ ဝင်တဲ့ တပ်ရင်းက ရွာထဲက ရှိသမျှ ပစ္စည်းတွေ လုယက်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီ သဲဒါဒါးရွာက ရွာသား ၆ဝဝ ကျော်ရဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံလိုက်ရတဲ့အပြင် ရွာသားတွေဟာ နီးစပ်ရာ တောတွေထဲမှာ ပုန်းရှောင်နေရဆဲ ဖြစ်ပါတယ်။ အဲဒီ သဲဒါဒါးရွာက ရွာသားတွေအပြင် အနီးအနား ကျေးရွာတွေက ထွက်ပြေးလာသူတွေနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ၁,ဝဝဝ နီးပါးတောတွေထဲမှာ ပုန်းရှောင်နေကြရပါတယ်။

တနင်္ဂနွေနေ့ကလည်း ကရင်ပြည်နယ် အရှေ့ဖက်ခြမ်းမှာ စစ်အစိုးရတပ်တွေက DKBA ကရင်တပ်တချို့ကို ထိုးစစ်ဆင်မယ်ဆိုလို့ ရွာသူရွာသား ၈ဝဝ ကျော် ၉ဝဝ လောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်က ဖော့ဖရာမြို့နယ်ကို သွားရောက်ကြည့်ရှုခဲ့တဲ့ ကရင်ပြန်ကြားရေးအဖွဲ့ ဝင် နန့်ဖောဂေက ခုလို ပြောပြပါတယ်။

'က္ဆွန်မ မနေ့ညနေက ထိုင်းနိုင်ငံပေါ့နော်၊ တပ်ခ်ခရိုင်၊ ဖော့ဖရားမြို့နယ်ထဲက မိုးကထရွာ စာသင်ကျောင်းကို က္ဆွန်မ ရောက်သွားတယ်လေ။ ရောက်သွားတော့ အဲဒီမှာ ရွာသားတွေ အများကြီး ရောက်နေတာ တွေ့တယ်။ များသောအားဖြင့်၊ အမျိုးသမီးနဲ့ ကလေးတွေတော့ များပါတယ်။ ရွာသုံးရွာက အိမ်ထောင်စု ၃၈ စု၊ လူဦးရေက နှစ်ရာနဲ့ ဆယ့်ရှစ်ယောက်ပေါ့၊ အဲဒါ က္ဆွန်မ ရောက်တဲ့အချိန်မှာနော်။ ထိုင်းစစ်တပ်တွေကလည်း ရောက်ရှိလာတဲ့ ရွာသူရွာသားတွေရဲ့ စာရင်းတွေကို ကောက်နေတာ တွေ့တယ်။ ပြီးတော့ ဓာတ်ပုံတွေ ဘာတွေလည်း ရိုက်တယ်၊ မှတ်တမ်းတွေလည်း ရိုက်တာ အဲဒါမျိုး တွေ့ရတာပေါ့။ ဒါပေမဲ့ ညနက်ပိုင်းအထိက ထပ်ရောက်လာတဲ့လူ ရှိတယ်လို့ သတင်းကြားတယ်လေ။ ဒီမနက်ပြန်ပြီးတော့ စုံစမ်းကြည့်တာ ၉ဝဝ ကျော်လောက် ရှိလာတယ်။'
http://www.rfa.org/burmese/news/army_offensive_launched_in_karen_region-07272010130713.html

မြောက်ကိုရီးယား စစ်ပစ္စည်းများကို တရုတ်သင်္ဘောများဖြင့် မြန်မာပြည်ပို့နေ


2010-07-27
မြောက်ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့နေတဲ့ နျူကလီယား ဆက်စပ်ပစ္စည်းတွေနဲ့ စစ်လက်နက် ပစ္စည်းတွေကို အရင်ကလို မြောက်ကိုရီးယား သင်္ဘောတွေနဲ့ အသုံးမပြုတော့ပဲ တရုတ်နိုင်ငံက သင်္ဘောတွေကို အသုံးပြု တင်ပို့နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

မြန်မာနိုင်ငံအတွက် နျူကလီးယားနဲ့ တခြား စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်းဟာ ဇူလိုင်လ ၂၄ ရက်နေ့ညက တရုတ်ရေပိုင်နက်အတွင်း ရောက်ရှိလာခဲ့ကြောင်း၊ အဲဒီသင်္ဘောပေါ်မှာ ပါလာတဲ့ ကုန်ပစ္စည်းတွေကို တရုတ်သင်္ဘော တစင်းပေါ် ပြောင်းတင်ပြီး မြန်မာနိုင်ငံကို ထွက်ခွာမှာ ဖြစ်ကြောင်း၊ အဲဒီတရုတ်သင်္ဘောဟာ ရန်ကုန် သီလဝါဆိပ်ကမ်းကို အခုရက်ပိုင်းအတွင်း ဝင်ရောက်ဆိုက်ဖို့ ရှိတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က သိရပါတယ်။ ရန်ကုန် သီလဝါဆိပ်ကမ်းမှာတော့ လုံခြုံရေးတင်းကျပ် ထားတယ်လို့ ဆိပ်ကမ်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုလို မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းတွေကို မြန်မာနိုင်ငံကို တင်ပို့ရာမှာ တရုတ်သင်္ဘောတွေ ပြောင်းလဲ သုံးစွဲလာတာဟာ နိုင်ငံတကာ ရေတပ်သင်္ဘောတွေရဲ့ ခြေရာခံ ဖော်ထုတ်မှုတွေကို ရှောင်ကွင်းနိုင်အောင် ဖြစ်တယ်လို့ မြန်မာ့စစ်ရေးလေ့လာသူ ဦးဌေးအောင်က သုံးသပ်ပါတယ်။

'အခုလို အရေးကြီးတဲ့ ဒီ စစ်ဖက်ဆိုင်ရာ ပစ္စည်းတွေကို ဒီ မြောက်ကိုရီးယား သင်္ဘောတွေနဲ့ တင်ပို့နေတယ်ဆိုတဲ့ ကိစ္စတွေက ဒီ နိုင်ငံတကာကနေပြီးတော့ ဖိပြီးတော့ အမြဲတမ်း ဒီ အာရုံစိုက်နေတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီတော့ အဲလိုအနေအထားမျိုးတွေအရ ဆိုလို့ရှိရင် ဒီမြောက်ကိုရီးယား အနေနဲ့ပေါ့လေ၊ ဒီ မြန်မာနိုင်ငံနဲ့ စာချုပ် ချုပ်ဆိုထားတဲ့ ဒီ စစ်ပစ္စည်းတွေကို ပေးပို့ဖို့ နေရာမှာ အဲ သူတို့ သင်္ဘောတွေကို သုံးပြီးတော့ ပေးပို့ဖို့ အခက်အခဲ ရှိနိုင်တဲ့ အနေအထား တွေ့ရပါတယ်။ အဲဒါကြောင့်၊ မြောက်ကိုရီးယား အနေနဲ့ပေါ့လေ၊ ဒီ နိုင်ငံတကာကနေပြီးတော့ အာရုံမစိုက်နိုင်တဲ့ ဒီ တရုတ်သင်္ဘောတွေကို ကြားခံ အလွှဲအပြောင်း လုပ်တယ်လို့ ယူဆရင်လည်း ယူဆနိုင်ပါတယ်။'

လွန်ခဲ့တဲ့နှစ်တွေအတွင်း Kang Nam သင်္ဘောအပါအဝင် စစ်လက်နက်ပစ္စည်းတွေ သယ်ယူတင်ဆောင် လာတဲ့ မြောက်ကိုရီးယားသင်္ဘောတွေ မြန်မာနိုင်ငံကို အဝင်အထွက် ရှိခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ် ဇူလိုင်လအတွင်းလည်း မြန်မာနိုင်ငံကို ဦးတည်ထွက်ခွာလာတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်းကို အမေရိကန် ရေတပ်က နောက်ယောင်ခံ လိုက်ခဲ့တဲ့အတွက် အဲဒီသင်္ဘောဟာ မြန်မာနိုင်ငံကို ဝင်ရောက် ဆိုက်ကပ်ခြင်း မပြုပဲ လှည့်ပြန်သွားခဲ့ပါတယ်။

မြန်မာ-မြောက်ကိုရီးယား စစ်ရေး၊ နိုင်ငံရေးဆက်ဆံမှု နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဌေးအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်တင်ပြထားပါတယ်။
http://www.rfa.org/burmese/news/nuclear_equipments_transporting_by_chinese_ships-07272010165830.html

မှတ်တယ်...သိတယ်..ရိုက်တယ်..သတ်တယ်..သေကုန်ပြီ..


http://3.bp.blogspot.com/_9wCCVa8-Ojk/TE6jjOy-_FI/AAAAAAAALrA/WAloEJRgvrI/s1600/Thanshwe(411).jpg

နိုင်ငံရေး၊ စီးပွားရေး အလားအလာများ


နိုင်ငံရေး၊ စီးပွားရေး အလားအလာများ

အောင်ကျော်ခင် / ၂၇ ဇူလိုင် ၂၀၁၀


လွန်ခဲ့တဲ့ မေလက ၀ါရှင်တန်အခြေစိုက် ငြိမ်းချမ်းရေးသုတေသနဌာနက မြန်မာ့စီးပွားရေးအထူးအစီရင်ခံစာကို ထုတ်ဝေပြီး ဇွန်လရောက်တော့ သြစတြေးလျနိုင်ငံ ဆစ်ဒနီ Macquarie တက္ကသိုလ် ဘောဂဗေဒပါမောက္ခ Sean Turnell က မြန်မာ့စီးပွားရေးရာ အချက်အလက်တွေကို ခွဲစိတ်စစ်ဆေးထားတဲ့ Dissecting the Data ဆိုတဲ့ စာမျက်နှာ (၂၀) ကျော်စာတမ်းကို ထုတ်ဝေလိုက်တယ်။ အခု ဇူလိုင်လမှာ လန်ဒန်အခြေစိုက် Economic Intelligence Unit ဆိုတဲ့ သုတေသနအဖွဲ့က (၂၄) မျက်နှာ အစီရင်ခံစာကို ထုတ်ဝေလိုက်တယ်။ ဒီနှစ်ရဲ့ ရှေ့နှစ်မှာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး အလားအလာ ဘယ်လိုရှိနိုင်တယ်ဆိုတာကို သုံးသပ်ထားတာပါပဲ။ မြန်မာ့အခြေအနေ သုံးသပ်ချက် (၃) ခု ဆက်တိုက်ထွက်လာတာဟာ ထူးခြားပါတယ်။

The Economist မဂ္ဂဇင်းအတွက် သုတေသနလုပ်ပေးဖို့ ၁၉၄၆ မှာ Economist Intelligence Unit တည်ထောင်တာမို့ သက်တမ်း (၆၄) နှစ်ရှိသွားပြီ။ အခုတော့ Economist မဂ္ဂဇင်းအတွက် သုတေသန လုပ်ပေးရုံတင်မကဘဲ သီးသန့်အကြံပေးအဖွဲ့အနေနဲ့လည်း လုပ်ကိုင်ဆောင်ရွက်နေတယ်။ ရုံးခွဲပေါင်း (၄၀) ကမ္ဘာမှာ ဖွင့်လှစ်ပြီး ဒေသဆိုင်ရာ အခြေအနေကို လေ့လာနေတယ်။ မြန်မာပြည်ကိုလည်း လေ့လာထားတာမို့ သူတို့ရဲ့ သုံးသပ်ချက်ကို ကြားလူရဲ့ အမြင်အနေနဲ့ အကျဉ်းချုံး တင်ပြလိုပါတယ်။

ရွေးကောက်ပွဲကျင်းပတာကြောင့် နိုင်ငံရေးအာဏာချုပ်ကိုင်မှုမှာ အပြောင်းအလဲဖြစ်ဖို့ အလားအလာမရှိပါဘူး။ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်တဲ့ ဖြစ်စဉ်ပါပဲ။ ကွဲပြားတဲ့ သဘောထားကို ဖိနှိပ်ကာ စည်းကမ်းရှိဖို့ အဓိကထားပြီး တဖက်သတ်ထင်သလို စည်းကမ်းသတ်မှတ်တာကို မတရားဘူးလို့ ယူဆတဲ့အတွက် အန်အယ်လ်ဒီအဖွဲ့ချုပ်ပါတီ မှတ်ပုံမတင်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့အုပ်စုနဲ့ ရွေးကောက်ပွဲဝင်မယ့်အုပ်စုဆိုပြီး အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းမှာ နှစ်ခြမ်းကွဲသွားတယ်။ ရွေးကောက်ပွဲဝင်ရင် ရွေးကောက်ပွဲနဲ့ စစ်အစိုးရကို တရားဝင်ကြောင်း ပြသရာရောက်တာမို့ နိုင်ငံရေးပြုပြင်မှု လုပ်တော့မှာမဟုတ်ဘူးလို့ သပိတ်မှောက်သူတွေက မြင်တယ်။ သပိတ်မမှောက်သူတွေကတော့ တရားဝင် နိုင်ငံရေးလုပ်နိုင်ဖို့ ရွေးကောက်ပွဲဝင်ရတာလို့ ဆိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီရဲ့ အမှတ်သင်္ကေတအဖြစ် ပြည်တွင်းပြည်ပမှာ ရိုသေလေးစားနေကြမှာပါပဲ။ အန်အယ်လ်ဒီ ပါတီဝင်တွေကတော့ အကြမ်းမဖက်နည်းနဲ့ ဆက်လုပ်သွားမယ်လို့ဆိုတယ်။ တချို့ကလည်း လျှို့ဝှက်လုပ်ကိုင်မယ်လို့ ဆိုတယ်။ အန်အယ်လ်ဒီခေါင်းဆောင်အချို့ဟာ အမျိုးသားဒီမုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီကိုတည်ထောင်ပြီး ရွေးကောက်ပွဲဝင်ပါလိမ့်မယ်။ အန်ဒီအက်ဖ်ပါတီ ရွေးကောက်ပွဲဝင်လို့ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရသွားမယ်ဆိုရင် အန်အယ်လ်ဒီရဲ့ အရေးပါမှုဟာလည်း လျော့နည်းသွားဖွယ်ရာရှိပါတယ်။ တကယ်တော့ အန်အယ်လ်ဒီ သပိတ်မမှောက်ခင်ကတည်းက တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ တွက်ထားကြတယ်။ လွတ်လပ်စွာ စည်းရုံးရေး မဆင်းနိုင်တဲ့အတွက် နိုင်ငံရေးပါတီလေးတွေ အခက်အခဲတွေ့နေပုံကို ဖော်ပြတယ်။ ပါတီမှတ်ပုံတင်ခ (၃) သိန်းပေးရပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သူတဦးကို (၅) သိန်းပေးရမှာဖြစ်လို့ ငွေကြေးအခက်အခဲရှိနိုင်တယ်။ နိုင်ငံရေးပါတီလေးတွေ စုပေါင်းလိုက်ရင်တောင် ငွေအင်အား လူအင်အားမှာ နအဖတည်ထောင်ထားတဲ့ ကြံ့ဖွံ့ပါတီကို မယှဉ်နိုင်ဘူးတဲ့။ ဘယ်လိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကျင်းပမှာလည်း ဆိုတာကိုလည်း မသိနိုင်သေးဘူး။

ဝန်ကြီးချုပ် သိန်းစိန် စစ်တပ်ကထွက်ပြီး ကြံ့ဖွံ့ပါတီတည်ထောင်တာဟာ ရွေးကောက်တင်မြှောက်ရမယ့် လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းမှာ စစ်ဗိုလ်လူထွက်တွေ လက်ဝါးကြီးအုပ်ဖို့ ကြိုးစားတာပါပဲ။ ဒါပေမယ့် စီးပွားရေးကျပ်တည်းမှုကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာနိုင်တယ်။ နယ်စပ်မှာ ပြဿနာမဖြစ်လိုတဲ့အတွက် နအဖက အလျှော့ပေးထားပုံရတယ်။ နအဖရဲ့ အကြီးဆုံးအန္တရာယ်ဟာ နအဖအဖွဲ့အတွင်း ပြိုင်ဆိုင်မှုပဲဖြစ်တယ်။ အခုအချိန်ထိတော့ သန်းရွှေကို ရွှေမန်းက ဆက်ခံလိမ့်မယ်လို့ ယူဆနေကြတယ်။ ဒါပေမယ့် ရွေးကောက်ပွဲပြီးလို့ ဝေစုမတည့်ရင် ပြဿနာ ဖြစ်နိုင်တယ်။ ရွေးကောက်ပွဲကျင်းပတဲ့ နည်းလမ်းကို အပြည်ပြည်ဆိုင်ရာက ဝေဖန်နေပေမယ့် နအဖက ဂရုမစိုက်ဘူး။ ဒီလို တဖက်သတ်အနိုင်ကျင့်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲကို အပြည်ပြည်ဆိုင်ရာက တရားဝင်အသိအမှတ်ပြုမပြု မသိရသေးဘူး။ ရွေးကောက်ပွဲပြင်ဆင်ပုံဟာ မှားယွင်းနေတယ်လို့ နိုင်ငံခြားအစိုးရတွေက ဝေဖန်ကြတယ်။ ဒါကြောင့် သိသာမြင်သာ ယုံကြည်လောက်စရာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လေ့လာရေးအဖွဲ့တွေ နိုင်ငံခြားက စေလွှတ်ချင်ပေမယ့် မြန်မာစစ်အစိုးရက လက်မခံဘူး။

ရွေးကောက်ပွဲကို မကျေမနပ်ဖြစ်နေတုန်း အဏုမြူလက်နက်ထုတ်လုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းနဲ့ မြောက်ကိုရီးယားရဲ့ အကူအညီရယူတယ်ဆိုတဲ့သတင်းကြောင့် မြန်မာစစ်အစိုးရကို မယုံသင်္ကာဖြစ်လာကြတယ်။ ဗိုလ်မှူးစိုင်းသိန်းဝင်း ယူဆောင်လာတဲ့ အထောက်အထားတွေကို အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအားအေဂျင်စီ (IAEA) က စစ်ဆေးနေတုန်းပဲလို့ ယူဆရပေမယ့် ထုတ်ပြန်ကြေညာတာမျိုး မလုပ်သေးပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် (၁၈၇၄) အရ မြောက်ကိုရီးယားနဲ့ လက်နက်အရောင်းအ၀ယ်မလုပ်ဖို့ ပိတ်ပင်ထားတာကို နအဖ သဘောတူထားတယ်။ ဒါပေမယ့် ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးတဲ့အခါမှာ မြန်မာအပါအ၀င် နိုင်ငံအချို့ဟာ ပိတ်ပင်ထားတဲ့ပစ္စည်းကို မြောက်ကိုရီးယားဆီက ရယူနေကြောင်း သိရတယ်။ ရုရှားလုပ်အဏုမြူဓာတ်ပေါင်းဖို အသေးစားတခု ၀ယ်ယူဖို့နဲ့ မြန်မာသိပ္ပံပညာရှင်တွေကို သင်တန်းပေးဖို့ ၂၀၀၇ မှာ ရုရှားနဲ့ သဘောတူခဲ့တယ်။ IAEA ညွှန်ကြားချက်အတိုင်း လိုက်နာမယ်လို့ ရုရှားက ဆိုပေမယ့် IAEA ကို စစ်ဆေးခွင့်ပြုတဲ့စာချုပ်ကို နအဖ က လက်မှတ်မထိုးရသေးဘူး။

ကမ္ဘာ့စီးပွားရေးကျဆင်းနေလို့ မိမိစီးပွားရေးရှင်သန်အောင် အားသစ်လောင်းတာမျိုး အာရှနိုင်ငံတွေမှာ လုပ်ကြပေမယ့် နအဖကတော့ ဘာမှမလုပ်ပါဘူး။ အစိုးရအသုံးစရိတ်မှာ လိုငွေပြနေဦးမှာပါပဲ။ အစိုးရလိုငွေကို ဗဟိုဘဏ်က ငွေစက္ကူရိုက်ထုတ်ပြီး ဖြည့်ဆည်းနေရတယ်။ သူများနိုင်ငံက ဗဟိုဘဏ်တွေလို မြန်မာ့ဗဟိုဘဏ်မှာ လုပ်ပိုင်ခွင့်မရှိဘဲ နအဖခိုင်းသမျှ လိုက်လျောနေရတယ်။ ကမ္ဘာ့စီးပွားရေး ထူထူထောင်ထောင်ဖြစ်လာပေမယ့် မြန်မာ့စီးပွားရေးဟာ နှေးကွေးနေတုန်းပဲလို့ သုံးသပ်တယ်။ စက်မှုလုပ်ငန်းတိုးတက်မှုကို ခန့်မှန်းရာမှာ လျှပ်စစ်ဓာတ်သုံးစွဲမှုနှုန်းနဲ့ တိုင်းတာလေ့ရှိတယ်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တဖြည်းဖြည်းလျော့နည်းလာတာကိုကြည့်ပြီး မြန်မာ့စက်မှုလုပ်ငန်းကဏ္ဍမှာ တိုးတက်မှုမရှိဘူးလို့ဆိုတယ်။ ဘိလပ်မြေနဲ့ အုတ်ထုတ်လုပ်မှု ကျဆင်းလာတာဟာ ဆောက်လုပ်ရေးကဏ္ဍမှာ အနိုင်နိုင်ရုန်းကန်နေရတာ ပြသတာဖြစ်တယ်။

ပဲမျိုးစုံနဲ့ ဆန်ရောင်းရတာကြောင့် စိုက်ပျိုးလယ်ယာကဏ္ဍဟာ ရှင်သန်နေပုံရတယ်။ နောက်ဆုံးရ စာရင်းဇယားအရ လွန်ခဲ့တဲ့နှစ်က ဆန်တန်ချိန် (၈) သိန်းနီးပါး တင်ပို့တာသိရတယ်။ တန်ချိန် (၄) သိန်းလောက် ပိုများလာတဲ့ သဘောပဲ။ ပဲမျိုးစုံတင်ပို့ရာမှာ တင်ပို့တဲ့ပမာဏမှာ (၁၀) ရာခိုင်နှုန်းလောက် နည်းသွားပေမယ့် ၀င်ငွေ (၃၀) ရာခိုင်နှုန်းလောက် တိုးပွားလာတယ်။ လောင်စာစွမ်းအင်ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးပွားလာတယ်။ စိုက်ပျိုးလယ်ယာရှင်သန်လာမှသာ တိုင်းပြည်စီးပွားရေး နာလန်ထမှာဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်း ပေါ်ပေါက်လာတာကို ကောင်းမွန်တဲ့ အလားအလာအဖြစ် Christian Science Monitor သတင်းစာက ဇူလိုင်လ (၆) ရက်နေ့က ဖော်ပြတယ်။

ဒီသတင်းကို ဇူလိုင် (၁၂-၁၈) ထုတ် The Voice စာစောင်မှာလည်း ဖော်ပြတယ်။ အသင်းဥက္ကဋ္ဌဟာ အစိုးရခန့်ဖြစ်ပြီး ဗဟိုကနေ အောက်ခြေကို ဖွဲ့စည်းထားတာဖြစ်ပေမယ့် (၂) နှစ်ကြာတဲ့အခါမှာ မြို့နယ်နဲ့တိုင်းအဆင့် အမှုဆောင်တွေကို အများစုဆန္ဒအရ ရွေးချယ်သွားမယ်လို့ ဆိုတယ်။ ဒီအသင်းဟာ လယ်သမားလုပ်ငန်း အဆင်ပြေအောင် ဘက်ပေါင်းစုံက ထောက်ပံ့နေတယ်လို့ဆိုတယ်။ ဆန်စပါးကုန်သည်များအသင်း၊ ဆန်းစပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနဲ့ ဆန်စပါးအထူးပြုကုမ္ပဏီကိုယ်စားလှယ်များစုပေါင်းပြီး ဆန်စပါးအသင်းကို ဖွဲ့စည်းထားတာဖြစ်တယ်။

နအဖအစိုးရဟာ နေပြည်တော်တည်ဆောက်ရေးနဲ့ စစ်အင်အားတိုးချဲ့ရေးကိုသာ ဦးစားပေးပြီး ကျန်းမာရေးနဲ့ ပညာရေးကို ဂရုမစိုက်တာမို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးရည်မှန်းချက် (၈) ခုကို အကောင်အထည်ဖော်ဖို့ ခက်ခဲနေတယ်လို့ ဆိုတယ်။ အလွန်အမင်း ဆင်းရဲမှုပပျောက်ရေး၊ ကလေးသေဆုံးမှုနှုန်း ကျဆင်းရေး၊ မိခင်ကျန်းမာရေး၊ ကလေးတိုင်း မူလတန်းပညာသင်ကြားနိုင်ရေး၊ အမျိုးသမီးလုပ်ပိုင်ခွင့်ရရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ HIV-AIDS တိုက်ဖျက်ရေး၊ ဖွံ့ဖြိးရေးအတွက် ပူးတွဲဆောင်ရွက်ရေး စတာတွေကို ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂက ရည်မှန်းပေမယ့် နအဖအစိုးရဟာ တခုမှ ဆောင်ရွက်နိုင်မှာမဟုတ်ဘူးတဲ့။

၂၀၀၉ ခုနှစ် UNDP လူသားရင်းမြစ် တိုးတက်ဖွံ့ဖြိုးရေးအစီရင်ခံစာမှာ နအဖအသုံးစရိတ်ရဲ့ (၂) ရာခိုင်နှုန်းဟာ ကျန်းမာရေးစရိတ်ဖြစ်နေပြီး အာဆီယံနိုင်ငံတွေရဲ့ ပျမ်းမျှနှုန်း ကျန်းမာရေးစရိတ်ဟာ အသုံးစရိတ်ရဲ့ (၇) ရာခိုင်နှုန်းဖြစ်တယ်။ ဒါကြောင့်မို့ အာဆီယံနိုင်ငံထဲမှာ မြန်မာပြည်ရဲ့ လူမှုဖွံ့ဖြိုးမှုဟာ အနိမ့်ကျဆုံးဖြစ်တယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗိယက်နမ်ဟာ မြန်မာထက် အများကြီးသာတယ်။ မြန်မာ့ပျမ်းမျှကြေး လူ့သက်တမ်းဟာ (၆၀) အာဆီယံသက်တမ်းက (၇၀) ဖြစ်တယ်။ အနာဂတ် မြန်မာပြည်သားဖြစ်တဲ့ အသက် (၅) နှစ်အောက် ကလေးထဲမှာ (၃၂) ရာခိုင်နှုန်းဟာ အာဟာရဓာတ် ချို့တဲ့နေတယ်။ အသက် (၅) နှစ်အောက်ကလေး (၁,၀၀၀) မှာ (၆၆) ယောက် သေဆုံးနေကြောင်း သိရတယ်။ ဒါကြောင့် တိုင်းပြည်မှာ စစ်ဗိုလ်ကြီးစိုးနေသမျှကာလပတ်လုံး နိုင်ငံသားတွေ လူညွန့်တုံးနေမှာ သေချာပါတယ်။
http://www.khitpyaing.org/index.php?route=detail&id=3290