Wednesday, August 11, 2010

အမေရိကန် နိုင်ငံတွင် ရွှေ့ ပြောင်း အခြေချသည့် ကရင် ဒုက္ခသည် တစ်ဦး သေနတ် ဖြင့်ပစ်သတ်ခံရ


သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကရင်လူငယ် ဖွာလီးကလို

အမေရိကန် နိုင်ငံ ဂျော်ဂျီယာ ပြည်နယ် ရှိ ကလပ်စတန် မြို့ တွင် ရွှေ့ ပြောင်း အခြေစိုက်သည့် ကရင်လူမျိုး အသက် ၂၀ အရွယ်ရှိ ဒုက္ခသည် တစ်ဦးမှာ သြဂုတ်လ ၆ရက် သောကြာနေ့ ည က အာဖရိက နွယ်ဖွားဟု ယူဆရသည့် လူသုံးဦးက သေနတ် ဖြင့် ပစ်သတ်သွား သည် ဟု စုံစမ်း သိရှိရသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလက မဲလဒုက္ခသည် စခန်း ရှိ ဇုန် အမှတ် C မှ နေ၍ ဂျော်ဂျီယာပြည်နယ် သို့ ပြောင်းရွှေ့ အခြေစိုက် သည့် လူငယ် တစ်ဦး ဖြစ်သူ မောင်ဖွားလီးကလို မှာ သူနေထိုင်ရာ ကလပ်စတန် မြို့ ရှိဝင်ဒိုဘိခ်ျ အိမ်ခန်းများ မှ နေ၍ ည ၉နာရီ ခွဲ ခန့် တွင် အမှိုက်ထွက် ပစ်ရာ မော်တော်ကား အဖြူရောင်ပေါ်မှအာဖရိက နွယ်ဖွား သုံးဦး က ဆင်း လာပြီး တစ်ဦးက သေနတ် ဖြင့် သူ့ အား တေ့ကာပစ်ခတ် သွားသောကြောင့် နေရာတွင် ပင် ပွဲချင်းပြီး သေဆုံးသွားသည်။

လူမည်းများ၏၀ိုင်းဝန်းရိုက်နှက်ခြင်းခံရသူကလပ်စတန်အခြေစိုက်ကရင်လူငယ်တစ်ဦးအားမျက်နှာတွင်ဒဏ်ရာဖြင့်တွေ့ရစဉ်

မောင်ဖွားလီးကလိုသည်မိဘနှစ်ပါးဖြစ်သူဦးတင်လှ၊ဒေါ်ဆာဒါသာတို့နှင့်အတူမဲလဒုက္ခသည်စခန်းတွင်ဆယ်နှစ်နီးပါးနေထိုင်ခဲ့သူဖြစ်ပြီးကရင်ပြည်နယ်မှစစ်ပြေးဒုက္ခ

သည်မိသားစုဖြစ်သည်။သေဆုံးသွားသည့်ဖွားလီးကလို၏ရုပ်အလောင်းကိုကလပ်စတန်ရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးနေသောကြောင့်အသုဘမချနိုင်သေးကြောင်းထိုမှု

ခင်းနှင့်ပတ်သက်ပြီးကူညီဆောင်ရွက်ပေးနေသူမြန်မာအမျိုးသားတစ်ဦးကFreedomNewsGroupသို့ပြောသည်။ကလပ်စတန်ရဲတပ်ဖွဲ့သည်ယခုအချိန်ထိပစ်သတ်သွား သည့်တရားခံများအားဖမ်းဆီးရနိုင်ခြင်းမရှိသေးဟုသူကဆက်လက်ပြောကြားသည်။ဂျော်ဂျီယာပြည်နယ်သည်အာဖရိကန်အမေရိကန်များနှင့်အာဖရိကတိုက်မှ ရွှေ့ပြောင်းအခြေစိုက်လာသည့်ဒုက္ခသည်အများစုနေထိုင်ရာဖြစ်သည်။မြန်မာဒုက္ခသည်အများစုမှာလည်းအင်ဒီယားနားပြည်နယ်ဖို့ဝိန်းမြို့ပြီးလျှင်ကလပ်စတန် တွင်အများဆုံးအခြေစိုက်ကြသည်။၂၀၀၈ခုနှစ်စာရင်းဇယားများအရကလပ်စတန်တွင်မြန်မာဒုက္ခသည်အယောက်တစ်ထောင်ကျော်အခြေစိုက်သည်ဟုသိသည်။

လူမည်း များ ကြီးစိုး သည် ကလပ်စတန် တွင် နယ်စပ် ဒုက္ခသည် စခန်း များမှ ရွှေ့ ပြောင်း အခြေစိုက်သည့်
ကရင် ဒုက္ခသည် လူငယ်များ နှင့် လူမည်း လူငယ်များ မှာ Apartment အားကစားကွင်းများ တွင် ကစားရာမှ
ပြဿနာ ဖြစ်ကြပြီး လူမည်းများမှာ ကရင် ဒုက္ခသည် လူငယ်များ ကို ရန်ပြုမှု များ ရှိသည် ဟု သိရသည်။
လွန်ခဲ့သည့် သီတင်း နှစ်ပတ် ကျော်ကလည်း ကစားတွင်း အချင်းများ ရာမှ လူမည်း ငါးဦးက ကရင် ဒုက္ခသည်
လူငယ် တစ်ဦး ကို ဖမ်းချုပ်ပြီး မျက်နှာ နှင့် ခန္တာ ကိုယ် တစ်ဝိုက် ကို အချက်ပေါင်းများ စွာ ထိုးကြိတ် ကန်ကျောက်သည် ဟု သိရှိရသည်။ ကလပ်စတန် မြို့ ရှိ လူမည်း များမှာ ကရင်ဒုက္ခသည် များ ၏ စက်ဘီး
များ ခိုးယူခြင်း ၊ လုယက်ခြင်း ၊အလစ် သုတ်ခြင်း တို့ ကို ပြုလုပ်လေ့ရှိသည်။

ဖွားလီး ကလို ၏ သည် ကလပ်စတန် ရှိ ကြက်သား စက်ရုံတွင် အလုပ်လုပ်နေပြီး ယခု ကျောင်းဖွင့်ချိန်တွင်
ကျောင်းပြန်တက်ရန် စီစဉ်နေ ချိန်တွင် အသတ်ခံရခြင်းဖြစ်သည်။ဖွားလီး ကလို သည် ကလပ်စတန် တွင်
အကို နှင့် အတူ နေထိုင်ပြီး မိဘ နှစ်ပါးမှ မဲလ ဒုက္ခသည် စခန်းတွင် ပင် ရှိနေသေးသည် ဟု သိရသည်။
သေဆုံးသူ သည် ခရစ်ယာန် ဘာသာဝင် ဖြစ်သောကြောင့် ကလပ်စတန် ရှိ ခရစ်ယာန် သာသနာပြု
အဖွဲ့ တစ်ခု မှ တာဝန်ယူမည် ဟု သိရသည်။

အမေရိကန် နိုင်ငံတွင် ပြောင်းရွှေ့ အခြေစိုက်သည့် ကရင် လူငယ် မျိုးများ မှာ နယ်စပ် ဒုက္ခသည် စခန်း
များမှ ထွက်ခွာ လာသော် လည်း ရေသစ်၊မြေသစ် ဖြစ် သည့် အမေရိကန် နိုင်ငံတွင် ဒုက္ခမျိုးစုံ နှင့် ရင်ဆိုင်
ရသည်။ ပြောင်းရွှေ့ အခြေစိုက်လာ သည့် ဒုက္ခသည်များ အား ပြန်လည် နေရာချထား ပေးသည့် (Resettlement Agency ) နှင့် ထို အဖွဲ့ စည်းများ မှာ အကူအညီ ပေးရေး ၀န်ထမ်း (Case Worker) များ ရှိသော် လည်း ထိုသူများက ထိထိရောက် ရောက် ကူညီ ခြင်း မရှိသော ကြောင့် မလိုလား အပ်သည့် လူမှု ဒုက္ခများ နှင့် ကြုံတွေ့ ရသည်ဟု ကော်လိုရာဒို ပြည်နယ် ဂရင်းလိ မြို့ မှ ကရင် အမျိုး သမီး တစ်ဦး ဖြစ်သူ နော်ဖောဆာ က ပြောသည်။

သူက “သူတို့  အကူအညီ ပေးတယ် ဆိုပြီး ပြည်နယ် အစိုးရ တွေ ဆီက နေ Grant (ထောက်ပံ့မှု အတွက်ချထားငွေ)
ယူကြတယ် ပြီးတော့ ရောက်လာတဲ့ လူသစ် တွေ က ဘတ်(စ)ကား မစီတတ် လို့  ဖုန်းဆက်မေးရင်တောင် ဖုန်း
မကိုင် ကြဘူး အဲဒါ ဒီက Case Worker တွေ ပဲ ဟု သူက ထပ်လောင်းပြောသည်။

http://freedomnewsgroup.com

0 အကြံပြုခြင်း: