Wednesday, September 29, 2010

မျက်စိ ခွဲစိတ်ကုသရန် စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦး

 တည်းခိုရာဟော်တယ်ခန်းတွင် တွေ့ရတဲ့ ဦးတင်ဦး

 စတိုးဆိုင်တခုတွင် တွေ့ရတဲ့ ဦးတင်ဦး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးဟာ မျက်စိခွဲစိတ်ကုသရန် ဇနီးသည် ဒေါက်တာတင်မိုးဝေနဲ့အတူ စင်ကာပူနိုင်ငံသို့ စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ရောက်ရှိခဲ့ပါတယ်။
(ဦးတင်ဦး တက်ရောက် ဆေးကုသမယ့် Tan Tock Seng ဆေးရုံသို့ လမ်းညွှန်)


ထို့နောက် စက်တင်ဘာ ၂၉ ရက်နေ့က ဆေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်နေ့ ညနေ ၃ နာရီတွင် ခွဲစိတ်ကုသမှု ခံယူကာ ဆေးရုံတွင် တညတာ တက်ရောက် ဆေးကုသမှာ ဖြစ်ပါတယ်။
(ဆေးကုသမယ့် ဆေးရုံသို့ အ၀င်)

နီးစပ်သူများရဲ့အဆိုအရ မျက်စိတွင်း သွေးယိုစိမ့်မှုကြောင့် မြင်လွှာကို သွေးကွက် ဖုံးအုပ်သွားတဲ့အတွက် အခုလို ခွဲစိတ်ကုသမှု ခံယူရတာဖြစ်ကြောင်း၊ ဦးတင်ဦးဟာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း၊ စိတ်ရောကိုယ်ပါ ကြံ့ခိုင်လျက်ရှိကြောင်း သိရှိရပါတယ်။


http://burmatoday.net မှတဆင့်ဖေါ်ပြသည်။

0 အကြံပြုခြင်း: