Monday, December 6, 2010

နေရွှေသွေးအောင် အား လုပ်ကြံရန် ဦးအောင်သောင်း စီစဉ်ခဲ့


December 6, 2010 freedom news group

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့မြေးဖြစ်သူ နေရွှေသွေးအောင် ခေါ် ဖိုးလပြည့် ကို လုပ်ကြံရန်စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း ကကြံစည်ခဲ့သည်ဟု ယနေ့ ထပ်မံ ထွက်ရှိလာသော မြန်မာ ၀ီကီလိခ် ၏ ပေါက်ကြားမှု တစ်ခု ဖြစ်သည့် “ဦးအောင်သောင်း ၏ အာဏာသိမ်းရန်ကြံစည် မှု” တွင် ဖော်ပြထားသည်။

ထိုသတင်း နှင့် ပတ်သက် ၍ ရန်ကုန်မြို့ က စီးပွားရေး လုပ်ငန်း ရှင် တစ်ဦး က “ဒီလို လုပ်ကြံဖို့ စဉ်းစားရင်တော့ ဦးအောင်သောင်း တစ်ယောက်တည်း မဖြစ်နိုင်ဘူး ၊သူ့ နောက်မှာအများစီးပွားရေး အင်အားကောင်းတဲ့ သူတွေ ပါလိမ့်မယ်။ နေရွှသွေးအောင် က ကြီးလာတာနဲ့ အမျှသူ တို့ ရဲ့  စီးပွားရေး လုပ်ငန်း စု တွေ ကို ခြိမ်းခြောက်မှ ဆိုးလို့ ဖြစ်နိုင်တယ် ဟု ဆိုသည်။

မြန်မာဝီကီ လိခ် က မူ ဦးအောင်သောင်းသည် နေရွှေသွေးအောင် အား လုပ်ကြံရန် ကြိုးစားအား ထုတ်ခဲ့သော် လည်း သူ၏ လူ ယုံ တစ်ဦးအကြံပေးမှုကြောင့် မလုပ်ကြံဖြစ်သော်လည်း လက်မလျှော့ သေးကြောင်း ဖော်ပြထားသည်။
http://freedomnewsgroup.com/

0 အကြံပြုခြင်း: