Tuesday, January 12, 2010

12 Jan 2010 ဒိုင်ယာရီ

http://ifile.it/rjc60u512JAN2010 Diary

၂၀၁၀ မှာ စောင့်ကြည့်ရမဲ့ ရွေးကောက်ပွဲများ


၂၀၁၀ မှာ စောင့်ကြည့်ရမဲ့ ရွေးကောက်ပွဲများ



Written by ဇေ၀င်းနောင်

အီရန်က မငြိမ်မသက်မှုတွေကို ဖန်တီးပေးခဲ့တဲ့ သမ္မတရွေးကောက်ပွဲ၊ နိုင်ငံရေးရေချိန် ပြောင်းစေခဲ့တဲ့ ဂျပန်ရွေးကောက်ပွဲ၊ မဲပေးသူစံချိန်တင်ခဲ့တဲ့ အိန္ဒိယရွေးကောက်ပွဲ စတဲ့ ကမ္ဘာတစ်လွှားက ရွေးကောက်ပွဲတွေ ဟာ ၂၀၀၉ အတွက် အမှတ်ရစရာ အကောင်းဆုံး အခိုက်အတန့် တွေကို ဖန်တီးပေးခဲ့ပါတယ်။ ၂၀၁၀ မှာ ရော ဘာတွေ ဖြစ်ဦးမလဲ။ ရွေးကောက်ပွဲတွေကနေ အပြောင်းအလဲ တွေ ဘယ်လို ဘယ်အတိုင်းအတာ အထိ ဆောင်ကြဉ်းလာနိုင်မလဲဆို တာ စောင့်ကြည့်ရပါဦးမယ်။
ယူကရိန်း၊ ကိုလံဘီယာ၊ ဘရာဇီး၊ ဖိလစ်ပိုင်တို့မှာ သမ္မတရွေး ကောက်ပွဲတွေ ရှိသလို အီရတ်၊ အာဖဂန်၊ အီဂျစ်၊ ဗြိတိန်၊ အမေရိကန်၊ မြန်မာတို့မှာလည်း အထွေထွေရွေး ကောက်ပွဲတွေ ရှိနေပါတယ်။
ပြင်သစ်က နိုင်ငံရေးတွေးခေါ် ပညာရှင် မွန်တက်စကျူက ''မဲပေး ခြင်းလုပ်ငန်းစဉ်နဲ့ ပြည်သူတို့ဟာ သူတို့ရဲ့အစိုးရ ပေါ်ထွက်လာရေး ရွေးချယ်မှုမှာ အရှင်သခင်တွေအဖြစ် ဆောင်ရွက်ပြီး အချုပ်အခြာအာဏာ ပိုင်မှုစွမ်းပကားကို မောင်းနှင်လည် ပတ်စေတယ်''လို့ ဆိုခဲ့ပါတယ်။ အဲဒီအတိုင်း ဖြစ်မဖြစ်ဆိုတာက ရွေးကောက် ပွဲတွေရဲ့ စစ်မှန်မှု အတိုင်းအတာကို ဖော်ကျူးတာပါပဲ။

ယူကရိန်း သမ္မတရွေးကောက်ပွဲ ဇန်န၀ါရီ ၁၇

ငါးနှစ်တာဟာ ဘာတွေခြားနားသွားစေသလဲ ဆိုတာ ယူကရိန်း သမ္မတရွေးကောက်ပွဲရဲ့ ပုစ္ဆာပါ။၂၀၀၅ မှာ လက်ရှိသမ္မတ ဗစ်တာယူ ချင်ကိုဟာ လိမ္မော်ရောင်တော်လှန် ရေးနဲ့ အတူ ထင်ရှားလာခဲ့ပြီး မော်စကို ကျောထောက်နောက်ခံပြု ဗစ်တာ ယာနူကိုဗစ်ခ်ျကို အနိုင်ရခဲ့ပါတယ်။ တော်လှန်ရေးသမား တစ်ယောက်အနေ နဲ့ အောင်မြင်ခဲ့ပေမယ့် သမ္မတတစ်ယောက်အနေနဲ့ကတော့ ယူချင်ကို ဟာ အခြေမလှခဲ့ပါဘူး။ စီးပွားရေး ကျဆင်းနေမှုနဲ့ ခြစားမှုအရှုပ်တော်ပုံ တွေဟာ ယူကရိန်းအစိုးရကို ကမ္ဘာပေါ်မှာ လူကြိုက်အနည်းဆုံး အစိုးရ ဖြစ်စေခဲ့ပါတယ်။
ယူချင်ကိုဟာ ယာနူကိုဗစ်ခ်ျ နဲ့ရော တစ်ချိန်က လိမ္မော်ရောင် မဟာမိတ် ယူလီယာတိုင်မိုရှင်ကိုနဲ့ပါ အဆင်မချောခဲ့ပါဘူး။ နောက်ထပ် ကမောက်ကမ အချိုးအကွေ့ကတော့ တစ်ချိန်က အမျိုးသားရေးမီးရှူး တန်ဆောင်တစ်လူလူ လွှင့်ခဲ့တဲ့ တိုင် မိုရှင်ကိုဟာ ရွေးကောက်ပွဲပြီးက တည်းက ရုရှားသမ္မတ (အခုဝန်ကြီး ချုပ်) ပူတင်နဲ့ ပလဲနံပသင့်နေတာ ကြောင့် ကရင်မလင်က တိုင်မိုရှင်ကို ကို ပိုလိုလားဟန်ရှိပါတယ်။ ငြင်းစရာ ခုံစရာဖြစ်လာပြီဆိုရင်တော့ ရုရှားရဲ့ ၀င်ရောက်စွက်ဖက်နိုင်ချေ ကလည်း စဉ်းစားစရာပါပဲ။

အီရတ်ပါလီမန်ရွေးကောက်ပွဲ မတ် ၁၇

လူမျိုးရေး၊ ဂိုဏ်းဂဏမတူညီမှု အပေါ်မှာအခြေခံတဲ့ ရှည်ကြာလှတဲ့ ငြင်းခုံမှုတွေ အပြီးမှာတော့ အီရတ် ပါလီမန်ဟာ ဒီဇင်ဘာလအတွင်းမှာ ရွေးကောက်ပွဲဥပဒေကို အတည်ပြု နိုင်ခဲ့ပါတယ်။ အရင်စီစဉ်ထားတဲ့ အတိုင်းဆိုရင် အမတ်နေရာခွဲတမ်း နည်းနေတယ်လို့ဆိုခဲ့တဲ့ ကာ့ဒ်တွေ အတွက် နေရာပေးမှုအပါအ၀င် အ မတ်နေရာ ၅၀ ကျော်ထပ်တိုးခဲ့ပါ တယ်။ အီရတ်ပါတီတွေဟာ လူမျိုးရေး၊ ဘာသာရေး ကွဲလွဲတွေရှိတယ် ဆိုပေမဲ့လည်း နိုင်ငံရေးအရပူးပေါင်း မှုတွေကျတော့ ပိုရှုပ်ပါသေးတယ်။
အထင်ရှားဆုံးကတော့ ရှီး ယိုက်ဝန်ကြီးချုပ်နူရီအယ်လ်မာလီ ကီဟာ သဘောထားတင်းမာသူ မူ တာဘာအယ်လ်ဆာဒါးဦးဆောင်တဲ့ ရှီးယိုက်ဘာသာရေးပါတီစုကို ယှဉ် နိုင်ဖို့ ဆွန်နီပါတီတွေနဲ့ မဟာမိတ် ဖွဲ့ထားရတာပါ။ ထုံးစံအတိုင်းပဲ လုံခြုံရေးကလည်းပြဿနာတစ်ရပ်ဖြစ် နေတာမို့ မကြာသေးခင်က ဘဂ္ဂဒက် မှာ ပေါက်လိုက်ကြတဲ့ဗုံးတွေဟာ ရွေးကောက်ပွဲကို ဆော်ကြမယ့် ရှေ့ပြေး နိမိတ်ပဲလို့ ဆိုကြသူတွေရှိပါတယ်။ ရွေးကောက်ပွဲရလဒ်က ဘယ်လိုပဲ ထွက်ထွက် အမေရိကန်တပ်တွေ ဆုတ်ခွာချိန်မှာ အီရတ်တွေကိုယ့် မင်း ကိုယ့်ချင်းလုပ်ကြတဲ့အခါဟန်၊မဟန် ဆိုတာကပဲ အဓိကကျပါလိမ့် မယ်။


ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲ မေ ၁၀

ဒီနှစ်သမ္မတရွေးကောက်ပွဲမှာ တော့ဖီလစ်ပိုနိုတွေဟာ မြင်နေကျ နာမည်တွေပဲ ပြန်မြင်ရဦးမှာပါ။၂၀၀၁ ခုနှစ်က အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့အတူ လူထုအုံကြွမှုနဲ့ ဖြုတ်ချခံခဲ့ရတဲ့ ရုပ်ရှင်မင်းသားကြီး သမ္မတဟောင်း ဂျိုးဇက်အက်စထရာ ဒါကလည်း ၀င်နွှဲဦးမှာပါ။ ဘီလျံနာ နိုင်ငံရေးသမား မန်နီဗီလာ၊ ဒီမိုကရေ စီအိုင်ကွန်သမ္မတဟောင်း အကွီနိုရဲ့ သား နွိုင်နွိုင်အကွီနို၊ ကမ္ဘာကျော် လက်ဝှေ့သမား ပတ်ကွီယိုတို့ နဲ့ အရောင်စုံလူစုံပါပဲ။ ဆင်းပေးရတော့ မဲ့ အာရိုယို ထောက်ခံပေးထားတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း သီအိုဒိုရို ကလည်း လျော့မတွက်သင့်တဲ့သူပါ။
ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက ဖိလစ်ပိုင်တောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့ လူသတ်ပွဲဟာ အာဏာဆီကိုသွားတဲ့ လမ်းမှာ အကြမ်းဖက်မှုနဲ့ အာဃာတတို့ ဒွေးရောယှက်တင်ရှိနေတယ်ဆို တာကို ဖော်ကျူးနေဆဲပါ။


အာဖဂန်နစ္စတန် ဥပဒေပြုအမတ် ရွေးကောက်ပွဲ နှင့် ဒေသဆိုင်ရာရွေးကောက်ပွဲ မေ ၂၂

၂၀၀၉ မှာ သမ္မတရွေးကောက်ပွဲ အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့တဲ့ အာဖဂန်ဟာ ၂၀၁၀ မှာလည်း ရွေးကောက်ပွဲတွေနဲ့ ထပ်ကြုံရပါဦးမယ်။ နိုင်ငံတစ်ဝန်း ကိုယ်စားလှယ် ၃၀၀၀ ကျော် ပြိုင်ကြမယ့် ဒီရွေးကောက်ပွဲတွေဟာ လိမ်လည်တယ်၊ စီမံခန့်ခွဲမှုညံ့ဖျင်း တယ်ဆိုတဲ့ ဝေဖန်မှုတွေကြားက ရုန်းထွက်နိုင်ဖို့ မရှိသေးပါဘူး။ ၂၀၀၅ ပါလီမန်ရွေးကောက်ပွဲ၊ ၂၀၀၉ သမ္မတ ရွေးကောက်ပွဲလိုပဲ အငြင်းပွားမှု တွေ မငြိမ်သက်မှုတွေနဲ့ဆိုရင်တော့ အာဖဂန်သားတွေရဲ့ ရွေးကောက်ပွဲ အတွက် စိတ်အားထက်သန်မှုဟာ အဟောသိကံဖြစ်ရဦးမှာပါပဲ။

အီဂျစ်ပါလီမန်ရွေးကောက်ပွဲ မေ၂၂

၂၀၀၅ တုန်းက တရားဝင်ပိတ် ပင်ထားတဲ့ Muslim Brotherhood Party က ကိုယ်စားလှယ်လောင်းတွေ ဟာ တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ခဲ့ကြပြီးတော့ ပါလီမန်မှာ အမတ်နေရာ ငါးပုံတစ်ပုံအထိရခဲ့ပါတယ်။ အီဂျစ် အစိုးရဟာ အစ္စလာမ္မစ်အုပ်စုတွေကို ပိတ်ပင်မှုတွေ၊ ဖမ်းဆီးမှုတွေတောက် လျောက်လုပ်ခဲ့ပါတယ်။ ဒီရွေးကောက် ပွဲမှာလည်း သမ္မတဟော့စနီမူဘာ ရက်ရဲ့ National Democratic Party က ဦးစားပေးခံရပြီး မဲခိုးတယ်ဆိုတဲ့ သတင်းကို ကြားရဦးမှာပါပဲ။


ကိုလံဘီယာ သမ္မတရွေးကောက်ပွဲ မေ၃၀

ကိုလံဘီယာ မူးယစ်ဂိုဏ်းကြီး တွေနဲ့ FARC သူပုန်တွေကို နှိမ်နင်း နိုင်ခဲ့တာကြောင့် လူကြိုက်များတဲ့ သမ္မတ အယ်လ်ဘာရိုအူရီဘေးဟာ နောက်တစ်ကြိမ် ထပ်ပြိုင်နိုင်ဖို့ သက်တမ်းကန့်သတ်ချက်ကို ပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါအောင်မြင်ရင်တော့ ထောက်ခံမှုနှုန်း ၇၀ ရာခိုင် နှုန်းနီးပါးရှိတဲ့ အူရီဘေးကို ယှဉ်နိုင်သူမရှိပါဘူး။ ဒါပေမဲ့ တတိယသက်တမ်း ဆက်ထမ်းဆောင်မယ်ဆိုရင် ထိုင်ခုံကြိုက်သူ တစ်ယောက်အဖြစ် နိုင်ငံတကာက အမြင်မကြည်မလင် ဖြစ်နိုင်သလို အိမ်နီးချင်း ဗင်နီဇွဲလား သမ္မတဟူဂိုချားဗက်စ်လိုပဲ ဒီပုတ်ထဲ က ဒီပဲစာရင်းဝင်သွားပါလိမ့်မယ်။ (သူတို့နှစ်ယောက်က အပြင်မှာတော့ မတည့်ကြသလို နှစ်နိုင်ငံဆက်ဆံ ရေးလည်း တင်းမာနေပါတယ်။) သူ မပြိုင်နိုင်ဘူးဆိုရင်တော့ ဆက်ခံသူ ကာကွယ်ရေးဝန်ကြီးဟောင်း ဟွမ်မန် နျူရယ်ဆန်းတို့စ်နဲ့ လစ်ဘရယ် ပါတီခေါင်းဆောင် ရာဖေးလ်ပါဒိုတို့ အပြိုင်ဖြစ်ပါလိမ့်မယ်။

ဗြိတိန်ပါလီမန်ရွေးကောက်ပွဲ မေ

ဘဏ္ဍာရေး အကျပ်အတည်း ကိုင်တွယ်ပုံ၊ အမတ်တွေရဲ့ အသုံးစရိတ် အရှုပ်တော်ပုံ၊ လစ်ဗျားက အကြမ်း ဖက်သမားကို လွှတ်ပေးခဲ့ပုံတွေသာ မက ၀တ်ပုံစားပုံကအစ အရာရာဝေ ဖန်ခံနေရတဲ့ ဂေါ်ဒွန်ဘရောင်းကို အလွန့်အလွန်ပဲ လူကြိုက်နည်းနေ ကြပါတယ်။ သူ့ရဲ့ လေဘာပါတီက လည်း ပြီးခဲ့တဲ့နှစ် ဇွန်လ ဒေသဆိုင် ရာရွေးကောက်ပွဲတွေမှာ အဆိုးရွား ဆုံးရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဗြိတိန်နိုင်ငံရေးမှာ လေဘာပါတီရဲ့ ၁၂ နှစ်ကြာ လွှမ်းမိုးမှုဟာ ဒီရွေး ကောက်ပွဲမှာ အဆုံးသတ်သွားမယ်လို့ မှန်းဆကြတာတွေရှိနေပါတယ်။ ဒါပေမဲ့ အဓိကပြိုင်ဘက် တိုရီခေါင်းဆောင် ဒေးဗစ်ကင်မရွန်ကိုယ်တိုင်က ဘရောင်းလုပ်တာ ဘာတွေမှားတယ် ပြောနေရုံကလွဲလို့ ဘာလုပ်ပေးမယ် ဆိုတာ ရှင်းရှင်းလင်းလင်း မရှိလှသေး ပါဘူး။ အဓိက ပါတီကြီးနှစ်ခုလုံး အပေါ် ပြည်သူက ကျေနပ်နှစ်သက်ဖို့ ခဲယဉ်းနေတာက လက်ယာစွန်း ဗြိတိသျ အမျိုးသားပါတီအတွက် အခွင့်ကောင်းဖြစ်ပါလိမ့်မယ်။

ဘရာဇီး သမ္မတ ရွေးကောက်ပွဲ အောက်တိုဘာ

အထိုင်များလို့ အညောင်းမိမှာ ကြောက်တဲ့ လူလာဒါဆေးဗားဟာ ကိုယ်ကိုယ်တိုင်ပဲ တတိယသက်တမ်း ၀င်မပြိုင်နိုင်အောင် ဖွဲ့စည်းပုံအရ ပိတ်ပင်ခဲ့ပြီးတော့ နောက်လူတွေ အတွက် လမ်းဖွင့်ပေးခဲ့ပါတယ်။ လူ သိပ်မသိကြတဲ့ သူ့ရဲ့ရုံးအဖွဲ့မှူးချုပ် ဒီလ်မာရိုဆက်ဖ်ဟာ ဆာပေါ်လိုပြည်နယ်ရဲ့ ထင်ရှားတဲ့ အုပ်ချုပ်ရေးမှူး ဟိုဆေးဆာရာနဲ့ အဓိကပြိုင်ရမှာပါ။ ရိုဆက်ဖ်အတွက် အားသာချက်က တော့ လူလာက မဲဆွယ်ပေးမှာနဲ့ တစ်ချိန်က သူပုန်တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်ခဲ့မှုကြောင့် ဒုတိယ အကျော့ပြန် ရွေးရတာမျိုးကြုံလာရင် လက်ဝဲယိမ်းပါတီငယ်လေးတွေရဲ့ ထောက်ခံမှုရနိုင်တာပါ။ ဘယ်သမ္မတ လောင်းကမှတော့ လူလာရဲ့ အလုပ် ဖြစ်ခဲ့တဲ့ မူဝါဒတွေကို သွေဖည်ပြီး လျောက်ရဲကြမှာ မဟုတ်ပါဘူး။


အမေရိကန် လွှတ်တော် ရွေးကောက်ပွဲ နိုဝင်ဘာ ၂

သမ္မတသက်တမ်း ကြားနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ သမ္မတရဲ့ နောက်ပိုင်းနှစ်တွေ နေသာ မလား၊ မိုးသည်းမလားဆိုတာ အဆုံးဖြတ်ပေးမြဲပါ။ အထက်လွှတ်တော် မှာရော၊ အောက်လွှတ်တော်မှာပါ ဒီမိုကရက်တွေ အသာရနေမှုဟာ ဒီ ရွေးကောက်ပွဲတွေမှာ အပြောင်းအလဲ ပြန်ဖြစ်သွားနိုင်ပါတယ်။ ကျန်းမာ ရေးစောင့်ရှောက်မှုစနစ်၊ အာဖဂန် မဟာဗျူဟာအပါအ၀င် အိုဘားမား နဲ့ ဒီမိုကရက်တွေလုပ်ခဲ့တာတွေ အပေါ်မဲပေးသူတွေက ဘယ်လို မြင်ကြသလဲဆိုတာက အဓိကအဆုံး အဖြတ်ပေးပါလိမ့်မယ်။

မြန်မာအထွေထွေရွေးကောက်ပွဲ

၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်မယ့် ရွေး ကောက်ပွဲတစ်နည်းအားဖြင့် နှစ် ၂၀ အတွင်း ပထမဆုံးရွေးကောက်ပွဲကို ဒီနှစ်မှာ ကျင်းပမယ်လို့ တရားဝင် ထုတ်ဖော်ထားပါတယ်။ နိုင်ငံတကာ က အာရုံစိုက်စောင့်ကြည့်ကြမယ့် ဒီရွေးကောက်ပွဲဟာ မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံရေး အကောင်းဘက် ပြောင်းမပြောင်းဆိုတဲ့ အပေါ်မှာပါ သက်ရောက်မှုရှိပါလိမ့်မယ်။



Ref:Foreign Policy နှင့်နိုင်ငံတကာသတင်းများ
http://www.news-eleven.com/

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၃)



သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၃)

စိန်လွင်
ဇန်နဝါရီ ၁၂ ၊၂၀၁၀။

ရင်ထဲက အမှတ်တရ ဂျိမ်းမောစ်လီ

ကျွန်တော်ကောင်စစ်ဌာနတွင် ရှိနေစဉ် ပထမ ဆုံးအကြိမ်အဖြစ် ၁၉၉၈ မေလထဲတွင် သူ့ကိုအင်းစိန်ထောင်သို့ သွား ရောက်သတင်းယူစဉ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်၊ ထိုစဉ် ကလထ-ညွန်မှူးဒေါ်ယဉ်ယဉ်ဦး(၁၉၈၈ သမ္မတ ဒေါက်တာမောင် မောင်၏သမီး၊ ယခုရီယဒ်မြို့၊ မြန်မာသံရုံး၊သံမှူးကြီး)၊ နိုင်ငံခြားရေးသို့ အထူးအရာရှိအဖြစ် တွဲပေးသောဗိုလ်မှူးမင်း သိန်း (ကကလှမ်း) တို့ဖြင့် အင်းစိန်လမ်းမဘက် အကျဉ်းဦးစီးရုံးချူပ်ဘက်ရှိ ထောင်ရိပ်သာတွင် ဂျိမ်းကိုတွေ့ဆုံခဲ့ရသည် ထိုအချိန်ကသူ့ကိုထောင် (၅) နှစ်ကျရန် ချခဲ့ပြီးဖြစ်သည်။ ထို့နောက်ပိုင်းတွင် ရန်ကုန်ရှိသြစတြေးလျနှင့် အင်္ဂလန်သံရုံး တို့မှ မကြာဏ consular Access တောင်းခံကာ ပြန်လွှတ်ပေးရန်တောင်းဆိုနေခြင်းကြောင့်၊ နခဌ အနေဖြင့်လည်း၊ သူထံသို့သွားရောက်ကာ ဤခြေအနေ မေးမြန်းခြင်းဖြစ်သည်၊ သူသည်ထိုအချိန်က ၂၅ နှစ်ဝန်းကျင်အရွယ်သဘောထား ပြတ်သားပြီး၊ စစ်အစိုးရ ကိုအကြမ်းဖက်သမားတွေ Junda တွေဟုပင် သုံးနှုန်းသည်၊ နိုင်ငံရေးမလုပ်ကြောင်း၊ ခံဝန် လည်း မထိုးနိုင်ကြောင်း၊ အကြမ်းဖက်သမားတွေ ပြည်သူကို မတရားဖိနှိပ်လို့ အာဏာရနေတာကလွှဲရင် တရားတဲ့ရွေး ကောက်လို့ရတဲ့ အစိုးရမဟုတ်လို့ အသိအမှတ်မပြုနိုင်ကြောင်း၊ လက်မှတ်မှမထိုးနိုင်ကြောင်း၊ ထောင်ချမယ်မှန်း သိပြီး ဖြစ်လို့ ကြောက်နေမှာမဟုတ်ကြောင်း၊ ပြင်းထန်စွာပြောပါသည်။

ထိုအနားတွင် ကကလှမ်း၊ တို့လည်းအရပ်ဝတ်တိုက်ပုံလည်ကတုံးတို့ဖြင့်ရှိနေရာ၊ ကျွန်တော်မှသူ့ကို မျက်စိမှိတ်ပြလိုက် ၏ သူအနေနှင့် ကျွန်တော့်ကိုနားလည်နိုင်လောက်ပါသည်၊ ဘာဖြစ်လို့လဲဆိုတော့၊ ကျွန်တော်သူ့ကို ဤနေရာမျိုးမှအမြန် ဆုံး ပြန်လွှတ်စေလို၍ဖြစ်သည်၊ သူ့ကိုယ်မှချူန်းချူမ်းကျနေသည်၊ မျက်နှာပေါ်တွင်အနီနီ အဖုဖု အပိတ်ပိတ် တို့ကိုသူ့ လိုအဖြူ European တစ်ယောက်တွင် ထင်သာစွာမြင်ခဲ့ရသည်ကို ရင်ထဲမှာဆို့နင် မိပါသည်၊

ထို့ကိစ္စအတွက်မှတ်တမ်းများရေးရခြင်း၊ ကကလှမ်းသို့ စီရင်ခံစားများပို့ရခြင်း၊ အထူးသဖြင့် UK သံရုံးသို့ ၄င်းနှင့်ထောင် တွင်တွေ့ဆုံနိုင်ရန် စီစဉ်ပေးရပါသည်၊ မှတ်မှတ်ရရ ဌာနတွင် သူနှင့်ပါတ်သက်သော Britanica Encyclopedia ကဲ့သို့ ထူထဲသောဖိုင်တွဲ အထူကြီး(၇) ဖိုင်မျှ ဖြစ်ပေါ်လာပါသည်၊ သူ့ကိစ္စအားလုံး ပြန်လွှတ်ချိန်အထိသည် ကကလှမ်း အဆုံး အဖြတ်၊ အတိအကျဆိုပါလျှင် မင်းသားကြီးသာ ခရာသာ ဖြစ်ပါသည်၊ ကကလှမ်းဘက်မှ တန်ပြန်နှင့် ပြည်ပထောက် လှမ်းရေးဌာနတို့မှ သူ့ကိစ္စကိုကိုင်ခဲ့သည်၊ သူသည်ကရင်ပြည်နယ်မှ နယ်စပ်ဘက်မှ ဝင်လာခဲ့ခြင်းဖြစ်၍၊ သူ့ကို KNU ABSDF စခန်းတို့၏ အခြေအနေများ၊ သူ့ကိုမည်သည့် အဖွဲ့အစည်းက တာဝန်ပေးစေလွှတ်ခဲ့သည့် (MI 5) ၊ကို ရည်ညွန်း ပါသည်၊ လန်ဒန်မြန်မာသံရုံးမှ Conservative Party ပါတီဝင်တစ်ဦးဖြစ်ကြောင်းမှ လွှဲ၍၄င်းသည်ဗြိတိသျှထောက်လှမ်း ရေးတစ်ဦး၊ ဟုတ်-မဟုတ် စုံစမ်းမပေးနိုင်၍ မင်းသားကြီးမှ ထိုစဉ်က သံအမတ်ဒေါက်တာကျော်ဝင်းကို မျက်မှန်တော်ရှ ခဲ့ပါသည်၊

(သံအမတ်ဒေါက်တာကျော်ဝင်းဆိုသည်မှာ ကက(ဆေး) ညွှန်ကြားရေးမှူးဖြစ်စဉ်၊ သားတော်မောင်စက်မှု တက္ကသိုလ် ကျောင်းသား၏ ကားတိုက်မှုကြောင့် သံအမတ်ဘဝသို့ မမျှော်လင့်ဘဲ၊ ဦးဝင်းအောင် (သံအမတ်မှ ဝန်ကြီးဖြစ်စဉ်) နေရာ သို့ရောက်ရှိခဲ့သည်မှလွှဲ၍၊ ဆေးကုတတ်ခြင်းမှလွှဲလျှင်၊ ထောက်လှမ်းရေးလုပ်ငန်းကို စိတ်ဝင်စားသူလည်းမဟုတ်၊ လုပ် လည်းမလုပ်တတ်ပါ၊) တပ်မှ ရောက်လာသူအများစုမှာ ကိုယ်စီ Case တွေ ဖြစ်ပြီးမှ နိုင်ငံခြားရေးဘက်သို့၊ သံအမတ်နှင့် သော်လည်းကောင်း၊ စစ်သံမှူးသော်လည်းကောင်း၊ အရှင်လတ်လတ်ဘဝပြောင်းလာသူများပါ၊ နိုင်ငံခြားရေးဝန်ထမ်း များအတွက်ကတော့၊ ထောက်လှမ်းရေးမှလာသည့် သံအမတ်တွေလို မဟုတ်၍ သူနှင့်လုပ်ခဲ့သူများ စိတ်ချမ်းသာခဲ့ရ သည်။

မော်လမြိုင်တွင် SB မှ စတင်ဖမ်းမိကာ၊ နှိပ်စက်စစ်ဆေးခံရကာ တရားရုံးတွင်အမိန့်ချခြင်း၊ အင်းစိန်ထောင်တွင် ကြိုး တုတ်ထဲထားခြင်း၊ သီးသန့်ထားခြင်း၊ စကားပြောဖော်မရှိအောင် ပြုလုပ်ခြင်း၊ ၄င်းအစားအသောက်ပျက်အောင် ကန်စွန်း ရွက်အပုပ်နှင့် ဆားခဲများထဲ့ပေးခြင်း၊ ညစ်ပတ်စွားထားရှိခြင်း စသောစိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများကို လှမ်း၏ ထိပ်တန်းလျှို့ဝှက် မိန့်ချက်အရ ပြုလုပ်ရကြောင်း၊ ထောင်အရာရှိတစ်ဦးက ပြောပြလို့ သိခဲ့ရပါသည်၊

(
၉ လေးလုံး) ကိုဆင်နွဲလိုသည့် ဂျိမ်းစ်၏တတိယအကြိမ် စွန့်စားခန်း

ဤအကြိမ်တွင် လူစွန့်စာဂျိမ်းစ်သည် ကျိုင်းတုံရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ထမင်းစားနေစဉ်၊ ၄င်းနောက်သို့ နောက် ယောင်ခံလိုက်လာသည့် ထလရ(၂၂)မှ မသင်္ကာ၍၊ စစ်ဆေးရာမှဖမ်းမိခဲ့ခြင်း ဖြစ်ပါသည်၊ ၄င်းတို့၏ စစ်ကြောရေးစခန်း တွင်ထားရှိပြီး၊ မင်းသားကြီးမှ ကျိုင်းတုံတွင်သာ ထားရှိရန်၊ နေ့တွင်းချင်း အမိန့်ပေးခဲ့ပြီး ဖြစ်သည်၊ ၁၉၉၉ သြဂုတ်၊ စက်တင်ဘာကာလသည် လုံခြုံရေးတိုးမြင့်ထားသည့် အချိန်ဖြစ်ပါသည်၊ ထို့နောက် နိုင်ငံခြားရေးသို့၊ ရုံးစာဖြင့် လှမ်းမှ အကြောင်းကြားလာ၍၊ သြစတြေးလျနှင့် အင်္ဂလန်သံရုံးသို့၊ အကြောင်းကြားရခြင်း၊ ၄င်းတို့မှ ရုံးသို့လာရောက်ကာ၊လွတ် ပေးရန် ထပ်မံတောင်းဆိုပါသည်၊ ဤအကြိမ်တွင်မူ ဦးဝင်းအောင်ကပါ တင်းမာစွာဖြင့် သံအမတ်များကိုတုံ့ပြန်ခဲ့သည်၊ မကြာမှီ၊ သြစတြေးလျအစိုးရဘက်မှ မြန်မာ နအဖဘက်မှ စေလွှတ်မည့်၊ ဗိုလ်မှူးချုပ်ကို သံအမတ်အဖြစ် ငြင်းပယ်ခဲ့ပြီး၊ အရပ်သားဝန်ထမ်းကိုသာ လက်ခံလိုကြောင်း တုံ့ ပြန်ခဲ့ရာ၊ ဂျနီဗာရှိသံအမတ်ဦးအေး(နိုင်ငံခြားရေး)က သံအမတ်အဖြစ်၊ ကင်ဘာရာသို့ရောက်ခဲ့ရ ပြန်သည်၊

(မရှေးမနှောင်း အောက်တိုဘာလထဲတွင် ဘန်ကောက်၊ မသရသို့၊ ABSDF မှ ဝင်သိမ်းခဲ့ပြန်သည်၊ ထိုအချန်က ကျွန် တော် မနလမှာ ဘန်ကောက်သို့ နယူဇီလန် ဗီဇာယူရန် ရောက်ရှိနေချိန်ဖြစ်သည်၊) ကျွန်တော်နယူဇီလန်မှ ပြန်ရောက် ချိန် ဇူလိုင် ၂ဝဝဝ ထိ၊ ဂျိမ်းစ်သည် ကျိုင်းတုံတွင်ရှိနေဆဲ၊ စက်တင်ဘာတွင် ဂျိမ်းစ်ကို ထောင်တွင်းဆန္ဒပြမဖြင့်၊ ထောင် အတွင်း၊ အကစ ဝန်ထမ်းများက ဝိုင်းရိုက်ခဲ့ကြသည်၊ ထိုကိစ္စအတွက် John Battle , UK နိုင်ငံခြားရေးဝန်ကြီးမှ သံအ မတ်ဒေါက်တာကျော်ဝင်းကို လန်ဒန်တွင်ခေါ်ယူ သတိပေးခဲ့သည်၊ ဦးဝင်းအောင်ကဖုံးဖြင့် “စောကက်ဂရုစိုက်မနေနှင့် ၄င်းစိတ် သိတ်မမှန်တော့ကြောင်း ပြန်ပြောရန်” သံအမတ်ကိုညွှန်ကြားခဲ့သည်၊

၂ဝဝဝအောင်တိုဘာထဲတွင် အန်တီစုနှင့် ဗခကျော်ဝင်း(လှမ်း၊ဒုညွှန်မှူး) ဦးဝင်အောင်တို့သည်၊ အစိုးရဧည့်ဂေဟာတွင် စတင်တွေ့ဆုံဆွေးနွေးသည်၊ ထိုလတွင် Razili မလေးရှား သံတမန်ရောက်ရှိလာပြီး၊ တွေ့ဆုံသည်၊ ထိုအချန်က နိုင်ငံ ခြားရေး၊ သံတမန်ရေးရာဌာနမှ ၄င်းခရီးစဉ်ကို အသေးစိတ်စီစဉ်ပေးရပြီး၊ စတင်ရောက်ရှိချိန်မှ မြန်မာပြည်မှထွက်ခွာ မည့် နောက်ဆုံးအချိန်အထိ ခရီးစဉ်ဇယားကို ကကလှမ်းသို့ ပို့ရသည်၊ အပါယ်လေက်၊ ယုတ်မာသနည်း ဆိုလျှင်၊ ၄င်း အားပုဂံဘုရားများပို့ခြင်း၊ ပဲခူးသို့နေ့လယ်စာစားခြင်း၊ ကားဖြင့်နေ့ခရီးစဉ်များထွက်ခြင်း၊ ၄င်းခရီးစဉ်၏ အချိန်များကို တမင်တကာ၊ ကုန်အောင်၊ လူပင်ပန်းအောင် ရည်ရွယ်ချက်ရှိရှိဖြင့်၊ ပြုလုပ်ကာ၊ ဒေါ်စုအိမ်သို့ ညနေ ၅း၃ဝ - ၆းဝဝ၊ ညစာစားခါနီးအချိန်တွင် မကောင်းသောအချိန်(လူပန်း၊ ဗိုက်ဆာ) ဖြစ်အောင်ပြုလုပ်ခဲ့ကြသည်၊

ဤကဲ့သို့၊ ပြည်ပဖိအားများပြားလာချိန်တွင် ဂျိမ်းစ်ကို ပြန်လွှတ်ရန်၊ ကကလှမ်းမှ နခဌသို့အကြောင်းကြားလာသည်ကို ကျွန်တော်တို့မှ အင်္ဂလန်သံရုံး၊ သြစတြေးလျသံရုံးတို့ကို ဆက်လက်အကြောင်းကြားပေးခဲ့ရသည်၊ ဤသည်မှာ သူ၏ ၃ကြိမ်မြောက်လွှတ်မြောက်ခြင်းနှင့် နောက်ဆုံးဖြစ်ပါစေဟု ဆုတောင်းမိပါသည်၊
စိတ်မှာနာကျင်ခံရသည်၊ မတရားသောဥပဒေများကို။
ကောင်စစ်ဌာနတွင်ရှိစဉ်က ကကလှမ်း၏ သတင်းပေးများအတွက် နိုတြီအတုများ၊ လှမ်းမှတပ်ကြပ်ကြီးတစ်ချို့ဘုန်းကြီး ဝတ်ဖြင့် အိန္ဒိယ၊ ထိုင်း၊ တစ်ချို့ အမေရိကန်ဘက်သို့သွားကြရာ မနလ ထူးများဖြင့်သွားကြသည်ကို ရင်နာစွာမှတ်မိနေ ပါသေးသည်၊

မလေးရှာနိုင်ငံရှိမြန်မာများ


၂ဝဝဝ ခုနှစ် (ဝ၁၊ ဝ၂) ဝန်းကျင်ကာလများတွင် မလေးရှားမှ အထူးသဖြင့် ကော်လာပြာလုပ်သားများ ဌားရန်းရန် ကမ်း လှမ်းလာသည်၊ ထိုကိစ္စတွင် ရွှေအင်းဝအေဂျင်စီကို ရွေးချယ်ကြောင်း၊ ၄င်းသည်လည်း၊ S2 ဗိုလ်ချုပ်တင်ဦး၊ မိသားစု ဝင်များ ပိုင်ဆိုင်သော ကုမ္မဏီမှန်းသိရသည်၊ မြန်မာအလုပ်သမားများ၏လစာကို ဖြတ်တောက်ခြင်း၊ မလေးအလုပ်ရှင် များအား ၄င်းတို့၏ နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားစေခြင်းတို့ဖြင့် မြန်မာလူမျိုးခြင်းများစွာ ဂုတ်သွေးစုတ်နေ သည်ကို ရင်နာဖွယ်မြင်တွေ့ခံရသည်၊

ထို့ပြင်၊ မလေးရှားနှင့်ထိုင်းရှိ မြန်မာသံရုံးတို့သည် မြန်မာတို့အပေါ်ကောင်းကျိုးမပေးသော ရုံးများဖြစ်သည်ကိုလည်း တွေ့ရှိရသည်၊ သံရုံးရှေ့သို့ လာရောက်ဆန္ဒပြသူများ၏ ဓာတ်ပုံများကို အသွင်သွင်ရိုက်ကာ၊ သတင်းပေးများက မည်သူ မည်ဝါ ခွဲခြားပေးသည်ကို နခဌသို့ ပဏာစားကာ စီရင်ခံပေးပို့လာသည်၊

အခွန်တွေကို ဘုံးကာ၊ ဗီဇာခတွေကိုဖြောင်ကာ၊ ကိုယ့်ရုံးကို မီးတင်ရှို့ကာ စာရင်းဖျောက်သည်မှာ မကြာခဏ၊ အချင်း ချင်းလည်း စားကွက်လုကာ ဆော်နေကြသည်၊

ဤသို့ အဝေးမတေ့သည့်ကြားမှ စစ်သံရုံးများက စစ်သံမှူးနှင့် စစ်ထောက်လှမ်းရေးတို့ကဝင်လာပြီး ကတုံးပေါထိပ်ကွက် နေသည်မှာ သချိုင်းကုန်းရှိ ခွေးသေကောင်ပုပ်ကိုဋင်ဒတစ်အုပ်နှင့် မြေခွေးတစ်စုတို့ ဖုန်းတထောင်းထောင်းထအောင် ဆော်နေသည်နှယ် ယနေ့ထိတိုင်ပါ၊

စခဲ့သည်ကို ထိုအချိန် မလေးရှားရှိ သံတမန်လောကတွင် ပြောစမှတ်သွင်ကာ အောချခဲ့ရပါသည်၊ ထိုင်းမှာ အစားဆုံး ထဲက တစ်ယောက်သော သံအမတ်မှာ လှမ်းဒဗမက လှမောင်၊ သူကမြန်မာပြည်လယ်ပိုင်းတွင် သိန်း ၃ဝဝတန် စာသင် ကျောင်းတစ်ကျောင်းကို လှူရာ၊ သူ၏ဆရာ ဖိုးကံကောင်း (၁၉၉၇ တွင် လာဘ်စားသော နဝတ ဝန်ကြီးများကို ဖြုတ်ခဲ့ သော၊ TV မင်းသားကြီး ခင်ညွန့်) က ပြုံးပြုံးကြီးနှင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပုံကို မြန်မာ့ရုပ်သံမှ ထုတ်လွှတ်ခဲ့ပုံမှာ ထိုင်းရောက်မြန်မာနိုင်ငံသားတို့မှ သာဓုသာဓု (ဒို့ဟာတွေ)ခေါ်နိုင်ပါ ပေသည်၊

၁၉၉၉၊ ၂ဝဝဝ ဝန်းကျင်ကာလတွင် ကက(လှမ်း)သို့သတင်းများပို့ပြီး၊ မြန်မာနိုင်ငံသားများထံမှ အစားခဲ့ဆုံးသော ဖျံများ မှာ - စိန်ညွှန့် (သံရုံးအုပ်)၊ လှိုင်ဘုန်းမြင့် (ပထမ အတွင်းဝန်၊ ယခုဒုညွှန့် မှူး၊ နခဌ၊ နေပြည်တော် ဝန်ကြီးရုံး) ၊ တို့သည် ၄င်းတို့၏ စွမ်းဆောင်ချက်များကို ဖော်ပြ၍ ကားသွင်းခွင့် ပါမစ်များရရှိကာ၊ သိန်း ၈ဝဝ ဝန်းကျင်စီရရှိခဲ့ကြသည်၊ လက်ရှိ ၂ဝဝ၈၊ ၂ဝဝ၉ ဝန်းကျင်ကာလများတွင် ထိုကဲ့သို့ ခြေရာနှင်းနေသူက သက်ထွန်း၊ (ပထမအတွင်းဝန်) ဖခင် လဝကဝန် ကြီး ဗိုလ်မှူးစောထွန်းဖြစ်ကာ၊ အောက်ခြေသိမ်း ငွေရှာပေးသော စာရေးအောင်ကြီးကတော့ အထုတ်ပိုက်ကာ ပြန် ရောက်နေပြီးဖြစ်သည်၊ ၂ဝဝ၉ထဲမှာ ဤခွင်ကိုသိ၍ ဘန်ကောက်မြန်မာသံရုံးသို့ ဒုတိယအကြိမ် တာဝန်ပြန်ကျအောင် လုပ်ယူလာသူက ဒုတိယအတွင်းဝန် (ခင်မောင်ဌေး) နှင့် သက်ထွန်းတို့ စားကွက်လုသည်မှာ ယခုအခါ ပွဲကြီးပွဲကောင်း။

ထိုင်း- မြန်မာဆက်ဆံရေး၊
နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးဦးစီးဌာန၊ အရှေ့တောင်အာရှဌာနမှ နှစ်နိုင်ငံခရီးစဉ်များရှိလျှင်၊ ဘာစာချုပ်တွေရှိသည်၊ ဘာတွေလုပ်ရန် ကျန်သည်စသည်တို့ကို ဝန်ကြီးထံတင်ပြပေးရသည်၊ သို့သော် တကယ့်အရေးကြီး ကိစ္စများဖြစ်သော KNU စခန်းများကိစ္စ၊ ဝ ကိစ္စစတာတွေက ခင်ညွှန့်ပင်၊

၂ဝဝဝ ခုနှစ်ဝန်းကျင်တွင် ထိုင်းနိုင်ငံမှ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုများပြားလာမှုနှင့် ဆန္ဒပြပွဲများဖြစ်ပေါ်လာရာ၊ ထိုင်းဘက်မှ “ဝ” တပ်များကို ၂ဝဝ၁ထဲတွင် စတင်ထိုးစစ်ဆင်ရာမှ၊ ထိုင်း -မြန်မာနယ်စပ် တင်းမာမှုများ ဖြစ်ပေးလာ သည်၊

ဤအခြေအနေကြောင့် သက်ဆင်ရန်ကုန်သို့ ၂ဝဝ၁ စက်တင်ဘာတွင်လာခဲ့ပြီး၊ ခင်ညွှန့် ဦးဝင်းအောင်တို့ ထိုင်းသို့ စက်တင်ဘာတွင်သွားခဲ့သည်၊

ထိုင်း Huahin ရှိ Swan San Guest house တွင် ထိုစဉ်က ဒုဝန်ကြီးချုပ် တဖြစ်လဲ၊ ချာဗလစ်ယောင်ချိုင်ယုတ်နှင့် ခင်ညွှန့်တွေ့ဆုံခဲ့ပြီး၊ KNUN ကို ထိုင်းနယ်မြေထဲတွင် လက်မခံရန် ဆွေးနွေးသော်လည်း မအောင်မြင်ပါ၊ သို့သော်၊ ထိုင်း ထဲရှိမနီးလျိုင် ( Refugee camp)ကိုပိတ်ရန် သဘောတူခဲ့သည်၊

သက်ဆင်မှလည်း Thaicom Teleport အနေဖြင့် Cybertech Myanmar ကိုနည်းပညာပေးကူညီရန်၊ အသေးစိတ် Project ကိုမူ ရဲနိုင်ဝင်းနှင့် ဆောင်ရွက်ရန်၊

စိန်လွင်

မြန်မာ၊ ဗမာအသုံးအနှုန်းများကို စာပေအမြင်ဖြင့် သုံးသပ်ပြီး နအဖ၏ နိုင်ငံရေးအမြင်ကို ပုံဖော်ကြည့်ခြင်း



မြန်မာ၊ ဗမာအသုံးအနှုန်းများကို စာပေအမြင်ဖြင့် သုံးသပ်ပြီး နအဖ၏ နိုင်ငံရေးအမြင်ကို ပုံဖော်ကြည့်ခြင်း
Tue 12 Jan 2010, ပန်းချီပန်းပု ယမဓော အောင်စိန်
၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုမှာ မြန်မာနဲ့ဗမာအသုံးနှစ်မျိုးကို ဆွေးနွေးချင်တယ်။ အမှန်မှာက ဒီဝေါဟာရနှစ်မျိုးကို လူတိုင်းထဲထဲဝင်ဝင် သိထားသင့်တယ်။ စာပေအမြင်နဲ့ပဲ ဖြစ်ဖြစ်၊ သဘောတရားအမြင်နဲ့ပဲ ဖြစ်ဖြစ် ဒီအသုံးနှစ်မျိုးကို လေ့လာသင့်တယ်။ တော်လှန်ရေးကောင်စီ မတိုင်မီအထိ မြန်မာအသုံးဟာ နေရာသိပ်မဝင်သေးဘူး။ ကုန်းဘောင်ခေတ်က စပြီး ဗမာအသုံး အားကောင်းလာရာမှ တို့ဗမာအစည်းအရုံးမှာ ဗမာစာသည် တို့စာ စသည်ဖြင့် ကြွေးကြော်ကြရာ ဗမာအမည်ကို တစ်ပြည်လုံး သုံးကြတယ်။ ဗမာအမည်က ဗမာလူမျိုးတစ်မျိုးတည်းကို ဆိုလိုပေမယ့် လူမျိုးစုံကို ကိုယ်စားပြုသယောင် ထင်မှတ်ရလောက်တဲ့အထိ အသုံးတွင်ကျယ်ခဲ့တယ်။ ဒါပေမယ့် ဘာကြောင့်မှန်း မသိရဘဲ လွတ်လပ်ရးရလာတဲ့ အခါမှာတော့ ပြည်ထောင်စုကြီးကို ပြည်ထောင်စုဗမာနိုင်ငံလို့ ပေါ်မလာပဲ ပြည်ထောင်စုမြန်မာနိုင်ငံလို့ပဲ ခေါ်ကြတော့တယ်။

ပြည်ထောင်စုကြီးကို မြန်မာလို့ ခေါ်ကတည်းက ဗမာ့ခေတ်က ရခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာလည်းပဲ တဖြည်းဖြည်း ပြိုကွဲလာတယ်။ အမည်အပြောင်းအလဲကြောင့် တိုင်းရင်းသားတွေနဲ့ ဗမာကြားမှာလည်း ဆက်ဆံရေး ပြောင်းလဲသွားတယ်။ ပညတ်သွားရာ ဓာတ်သက်ပါဆိုသလိုပါပဲ နာမည်ပြောင်းသွားလို့ တို့အပေါ်ထားတဲ့ ဒီဗမာတွေရဲ့ သဘောထားတွေလည်း ပြောင်းများပြောင်းသွားပြီလား သံသယမီးစများ ပွားခဲ့လေသလား တွေးစရာ ရှိပါတယ်။ ပုံစံက လူမျိုးကို ဗမာလို့ ခေါ်ပြီး နိုင်ငံကိုတော့ မြန်မာလို့ သတ်မှတ်တယ်လို့ ဒီလိုယူဆရင် မြန်မာဆိုတဲ့ အမည်အနွတ္ထက ဒေသကို စွဲတာလား စိစစ်ရဦးမယ်။ မြန်မာနဲ့ဗမာ အရတူမတူ ဒီနေရာမှာ ဆွေးနွေးဖို့ လိုအပ်လာတယ်။

သိကြတဲ့အတိုင်း ဒီမိုကရေစီ လှုပ်ရှားသူတွေက မြန်မာဆိုတဲ့ အသုံးအနှုန်းကို ရှောင်ကြတယ်။ ဒါကလည်း အကြောင်းရှိရပါတယ်။ ကြောင်းကျိုးမဆီလျော်လို့လား၊ ဒါမှမဟုတ် သက်သက်မကြိုက်လို့လား။ ဒီပြဿနာက ရှင်းဖို့ သိပ်ခက်မယ် မထင်ဘူး။ ကျနော်တို့ စာဖတ်ပရိတ်သတ်ကိုပဲ မေးရတော့မယ်။ ကျနော်တို့ စာဖတ်ပရိသတ်မှာ မြန်မာတွေပါလားမေးရင် ဗမာတိုင်း ပါတယ်လို့ ဖြေမှာပဲ။ ဗမာတွေမရှိဘူးလားဗျာဆိုတော့ အခုနကလူတွေပဲ ရှိတယ်လို့ ဖြေကြပါလိမ့်မယ်။ ဒီလို တူနေမှတော့ မြန်မာပဲခေါ်ခေါ် ဗမာပဲခေါ်ခေါ် မထူးပါဘူးဗျာ ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒီတော့ ဒီအထဲမှာ လျို့ဝှက်ချက်တစ်ခုခုတော့ ရှိနေပြီ။ အဲဒီလျှို့ဝှက်ချက်က ဘာလဲ။ ဒီလျှို့ဝှက်ချက်ကို ဘယ်သူက ဖော်ထုတ်ပေးမလဲ။ ဒီပဟေဠိကို ဖြေနိုင်ရင် ၂၁ရာစုရဲ့ သူရဲကောင်း ဖြစ်ရုံတင် မကဘူး၊ လက်ရှိမြန်မာနိုင်ငံရဲ့ ကယ်တင်ရှင်လည်း ဖြစ်လာပါလိမ့်မယ်။

ကျနော်က သူရဲကောင်း လုပ်ချင်ပါတယ်၊ ကယ်တင်ရှင်လည်း ဖြစ်ချင်ပါတယ်။ ခက်တာက ဒီလျှို့ဝှက်ချက်ကို ကျနော်ကလည်း ဖော်ထုတ်မပေးနိုင်ဘူး။ ဒါပေမယ့် ကြိုးစားပမ်းစား ကြံဖန်ပြီး သဲလွန်စလေး ပေးထားခဲ့ချင်တယ်။ အရင်တုန်းက ကွန်မြူနစ်ပါတီဟာ ဗမာပြည်မှာ နံပါတ်တစ်ပဲ။ ဒါပေမယ့် လူတန်းစားပြဿနာ ဖြေရှင်းရေးဘက်မှာ အောင်မြင်မှု အတန်အသင့် ရှိခဲ့ပေမယ့် ချမှတ်ခဲ့တဲ့လမ်းစဉ်ကို အကြောင်းအမျိုးမျိုးကြောင့် တိုင်းရင်းသားအားလုံး ပါဝင်လာစေဖို့ စည်းရုံးတဲ့နေရာမှာ အခက်အခဲများ ရှိခဲ့တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက (၆၄) လမ်းစဉ်အတိုင်း တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်ခံခဲ့ပြီး ဖြစ်တယ်။ အတည်ပြုခဲ့တဲ့အပြင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုအချို့နဲ့လည်း လက်တွဲတိုက်ခဲ့ကြတယ်။ ဒါပေမယ့် အားလုံးစုစုစည်းစည်း တိုက်ပွဲမဝင်နိုင်ခဲ့လို့ စစ်အာဏာရှင်ကို ရှုံးခဲ့ရတယ်။

ဦးနု ဦးလောရုံတို့တုန်းကဆို ပြည်ပအကူအညီတွေ တိုက်ရိုက်ရနေရဲ့သားနဲ့ ဘာကြောင့် မအောင်မမြင် ဖြစ်ခဲ့ရသလဲ။ တိုက်တိုက်ဆိုင်ဆိုင် ဦးနုတို့ကလည်း ဦးနေဝင်းပြုတ်ကျရေးကိုပဲ ဦးတည်ခဲ့တယ်။ ပါလီမန်ဒီမိုကရေစီ ပြန်ရှင်သန်ရေးကိုပဲ လုံးပမ်းနေခဲ့တယ်။ ဒါကြောင့် ပါလီမန်ခေတ်ကတည်းက လူမျိုးစုအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို မရရှိဘဲ လုံးပါးပါးသွားရတာ တွေ့ရတယ်။

ရှစ်လေးလုံးအရေးအခင်းတုန်းကလည်း စစ်အာဏာရှင်ဆိုတဲ့ ဘုံရန်သူကို ဦးစွာ အပြုတ်တိုက်ပြီး ဒီမိုကရေစီရရင် လူမျိုးစုံတန်းတူပြဋ္ဌာန်းခွင့်လည်း ရှိလာမှာပဲလို့ တို့တတွေ ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ တော်လှန်ရေးဟာ မျှော်တိုင်းဝေးဆိုသလို ဖြစ်နေပြီ။ ဒါဘာပြောနေလဲဆိုရင် တိုင်းရင်းသားတွေရဲ့ အားကို မရယူနိုင်ရင် တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ မလွယ်ဘူးဆိုတာ ပြသနေပါတယ်။

အခုလက်ရှိနိုင်ငံရေးအခြေအနေမှာ နအဖက မြန်မာလို့ပြောရင် တိုင်းရင်းသားအားလုံး ပါဝင်ပြီးသားလို့ မြန်မာအနွတ္ထကို ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုလို့ တိုင်းရင်းသားတွေနဲ့ ဗမာတွေကြားမှာ သံသယပွားစရာတွေ ပိုများလာပါတော့တယ်။ တို့ဗမာအစည်းအရုံးခေတ်တုန်းက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက ဗမာလို့ပြောရင် မင်းတို့တိုင်းရင်းသားတွေ အကုန်ပါတယ်ကွလို့ ပြောပြီး မစည်းရုံးခဲ့ပါဘူး။ ဘာသာစကား မတူပေမယ့် နှစ်ပရိစ္ဆေဒပေါင်း များစွာ အတူစုပေါင်းနေထိုင်ခဲ့တာကိုပဲ လူမျိုးတစ်မျိုးလို့ သတ်မှတ်ကြောင်း စည်းရုံးခဲ့တာ ဖြစ်တယ်။

ဒီနေ့ဒီအချိန်မှာ ပြည်ထောင်စုမြန်မာနိုင်ငံကို အမှန်တကယ် အေးချမ်းသာယာဝပြောစေချင်တယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ဒုတိယအာဇာနည်တစ်ဦး လိုအပ်နေပါတယ်။ မြန်မာခေတ်မဟုတ်ဘဲ လွတ်လပ်ရေး အရတိုက်တုန်းက ရှိခဲ့တဲ့ဗမာ့ခေတ်တစ်ခု အမှန်တကယ် လိုအပ်နေပါတယ်။ ဗမာဖြစ်ဖြစ်၊ မြန်မာဖြစ်ဖြစ် ဒီနာမည်နှစ်လုံးနဲ့ တိုင်းပြည်ကို သွားစည်းရုံးလို့ အဆင်မပြေဘူး။ ဘာကြောင့်ဆိုတော့ မြန်မာဆိုတဲ့အမည်က ပုဂံခေတ်ကတည်းက သုံးခဲ့တာကို တွေ့ရသလို ဗမာဆိုရင်လည်း ကုန်းဘောင်ခေတ်မှာ အရမ်းကို အားကောင်းခဲ့တာကို တွေ့ရတယ်။ ကျောက်စာ၊ ပေစာ၊ ပေပုရပိုဒ်စာများမှာ ဒီအမည်နှစ်လုံး အရတူတယ်ဆိုတာ ငြင်းကွက်မရှိဘူး။

ဒီတော့ကာ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ တိုင်းရင်းသားတွေနဲ့ ရင်းနှီးပြီးသား ဗမာဝေါဟာရကို နအဖတို့ သုံးတဲ့ မြန်မာကို အံတုရာကနေ နိုင်ငံရေးအမြတ်ထုတ်တတ်ဖို့ လိုအပ်ပါတယ်။ ၂၀၁၀ ခု နအဖရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ဆိုရင် ဒီဝေါဟာရနှစ်ခုကနေစပြီး တိုက်ပွဲစရပါ့မယ်။ မြန်မာနိုင်ငံမှာ အာဏာတည်မြဲရေးအတွက် လုပ်တဲ့အဖွဲ့၊ လူ့အခွင့်အရေးအတွက် တိုက်တဲ့အဖွဲ့၊ လူမျိုးတန်းတူရေးအတွက် တိုက်တဲ့အဖွဲ့ ရှိပါတယ်။ နအဖစစ်အစိုးရတို့က မြန်မာအသုံးကို ကြိုက်တယ်၊ ဒုတိယအုပ်စုက ဗမာအသုံးကို နှစ်သက်တယ်၊ တတိယအုပ်စုက သူတို့နဲ့ မဆိုင်သလို နေတယ်။

ပထမအုပ်စုက အခြေခံဥပဒေကို ကိုင်ပြီး အတိုက်အခံတွေကို အကာအကွယ်မဲ့တဲ့ စစ်မြေပြင်ကို မျှားခေါ်ဖို့ အကွက်ဆင်တယ်၊ ဒုတိယအုပ်စုက နအဖရဲ့ လှည့်ကွက်ကို သိလို့ ဒီအခြေခံဥပဒေကိုပဲ အဓိကထား တိုက်တယ်၊ တတိယအုပ်စုက မြန်မာသုံးမလား၊ ဗမာသုံးမလားမှာ စိတ်မဝင်စားပေမယ့် အခြေခံဥပဒေအကြောင်းပြောရင် မဖြစ်မနေ ပါဝင်လာမှာပဲ။ ဒီတော့ မြန်မာပြည်ပြဿနာဆိုတာ မြန်မာလား ဗမာလားဆိုတဲ့ပြဿနာ မဟုတ်ဘူး၊ အခြေခံဥပဒေရဲ့ ပြဿနာ ဖြစ်တယ်။ ဒီမျှအရေးကြီးတဲ့ အခြေခံဥပဒေကို နအဖက တဖက်သတ်ရေးဆွဲပြီး ကျန်နှစ်ဖွဲ့ကို ဆွဲသွင်းဖို့ဆိုရင် မြန်မာဆိုတဲ့ အသုံးကို ဇွတ်အတင်းသုံးတာနဲ့ တူတူပါပဲ။

နောက်ဆုံးပြောရရင် မြန်မာလား ဗမာလား တစ်နွယ်ငင်တစ်စင်ပါအတွေးကနေ မြန်မာလားဗမာလားဆိုတဲ့ လျှို့ဝှက်ချက်ဟာ အခြေခံဥပဒေဖြစ်မယ်လို့ မဝံ့မရဲ အဆိုပြုချင်ပါတယ်။ ဒီအခြေခံဥပဒေပဲ အဖွဲ့သုံးဖွဲ့ကို ကိုယ်စားပြုနိုင်ပါတယ်။ ဒါကို သဘောပေါက်မယ်ဆိုရင် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကျနော်တို့က လူမျိုးတန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားရဲ့ ထောက်ခံမှုကို မဖြစ်မနေ လိုအပ်နေတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ တိုင်းရင်းသားလူမျိုးများကို မစည်းရုံးနိုင်ဘူးဆိုရင် ကျနော်တို့က တစ်ဖွဲ့၊ နအဖတို့က နှစ်ဖွဲ့ ဖြစ်သွားရင် ကျနော်တို့က နအဖရဲ့ နိုင်ငံရေးသတ်ကွင်းထဲ ရောက်မှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲအကြောင်းကို လိုအပ်ပေမယ့် လက်ရှိအင်အားချိန်ခွင်လျှာအရ နအဖက စိတ်ဝင်စားမှာ မဟုတ်ဘူး။ ကျနော်တို့ ဘာလုပ်သင့်သလဲ။ ဒီတိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ရမယ်၊ ဖက်ဒရယ်ပြည်ထောင်စု အစိုးရတစ်ခုနဲ့ ဖက်ဒရယ်တပ်မတော်တစ်ခု ထူထောင်နိုင်မှသာ နအဖကို နိုင်ငံရေးအရ စစ်ရေးအရ စင်ပြိုင် တိုက်ခိုက်နိုင်မယ်။ တိုင်းရင်းသားတွေ လိုလားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြု ဝိုင်းဝန်းလုပ်ဆောင်ပေးခြင်းဖြင့် ကျနော်တို့ရဲ့ လိုရာပန်းတိုင်ကိုလည်း ရောက်ရှိနိုင်မှာဖြစ်တယ်။

အမှန်ကို ပြောရရင် ကျနော်တို့နဲ့ တိုင်းရင်းသားတို့ရဲ့ အနေအထားဟာ လွတ်လပ်ရေးအကြို ဟိုတို့ဗမာအစည်းအရုံးခေတ်က ပုံစံမျိုး ဖြစ်နေတယ်။ ဒုတိယလွတ်လပ်ရေးအတွက်ပဲ ဖြစ်ဖြစ်၊ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီနိုင်ငံတော်တစ်ခုကို ထူထောင်ဖို့ပဲ ဖြစ်ဖြစ် ဘုံရန်သူနအဖ ပြုတ်ကျဖို့ဆိုရင် ဒီတိုင်းရင်းသားတွေနဲ့ ကျနော်တို့ ပူးပေါင်းနိုင်ရမယ်။

ပထဝီနိုင်ငံရေးအရ ပြည်နယ်တွေရဲ့ ဧရိယာက တိုင်းပြည်ရဲ့ ငါးပုံသုံးပုံမျှ ရှိတယ်၊ ပြီးတော့ နယ်စပ်ဒေသတွေ ဖြစ်တယ်၊ ဒါကြောင့် အရေးကြီးတယ်။ ဒီအင်အားတွေကို ရယူနိုင်မှ ဒီမိုကရေစီအနှစ်သာရနဲ့ ပြည့်ဝတဲ့ ပြည်ထောင်စု ဗမာနိုင်ငံတော်ကို ထူထောင်နိုင်မှာ ဖြစ်တယ်။ နဝတ တဖြစ်လဲ နအဖတို့ဟာ ဒီနယ်စပ်ဒေသတွေကို အာရုံနှစ်ပြီး တိုက်ပွဲဝင်နေတာ ကြာပါပြီ။ ပြောရရင် ၈၈ အရေးအခင်းကတည်းကပဲ။ ဒီမိုကရေစီတိုက်ပွဲဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေ အပစ်ရပ်ကတည်းက အခြေယိုင်ခဲ့တယ်ဆိုတာ လေ့လာသူတိုင်း သိကြပါတယ်။

ဒါကြောင့် မြန်မာလား၊ ဗမာလားဆိုတာ နိုင်ငံရေးမကစားတော့ဘဲ ဒီမိုကရေစီတိုက်ပွဲအတွက် အရေးပါတဲ့ နယ်စပ်ဒေသတွေကို စည်းရုံးနိုင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုဥပဒေကို အသက်သွင်းဖို့ အချိန်တန်ပြီ။ ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ်တပ်မတော်တစ်ခု ထူထောင်ခြင်းဖြင့် သံလွင်မြစ်အရှေ့ဘက်ကမ်းကို အမာခံနယ်မြေလုပ်ကာ နအဖတို့ကို ဘက်ပေါင်းစုံ ထိုးစစ်ဆင်နိုင်မှသာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ခေါ်ဖို့ နအဖကိုယ်နှိုက်က တိုက်တွန်းမေတ္တာရပ်ခံလာမှာကို မြင်ယောင်မိကြောင်း တင်ပြရင်း ကျနော့်ရဲ့စာတမ်းကို နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါတယ်။ ဒီမိုကရေစီတိုက်ပွဲ မုချအောင်ရမည်။
http://www.monnews-imna.com/burmese/commentaryupdate.php?ID=9



2010 myanmar's funniest joke


အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်ပြီးကြောင်း စစ်အစိုးရပြော
စိုးမိုး / ၁၂ ဇန်န၀ါရီ ၂၀၁၀
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၀န်ကြီး ဦးသောင်းက ပြောကြားလိုက်သည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးပွဲများ မစတင်နိုင်သေးဘဲ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နယ်ခြားစောင့်အရေး ဆွေးနွေးမှုများ အပြီးမသတ်သေးသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေသည့် စစ်အစိုးရက ယမန်နေ့က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“အကြောင်းအမျိုးမျိုးကြောင့် ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများ ကာလတွင် မရရှိခဲ့သော အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကို တည်ဆောက်ရယူနိုင်ခဲ့” ဟု စစ်အစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးသောင်းက ယမန်နေ့က ပြုလုပ်သည့် တက္ကသိုလ် ကောလိပ်များ အထူးမွမ်းမံ သင်တန်းဖွင့်ပွဲတွင် စစ်အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ကိုယ်စား ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းပြောဆိုချက်နှင့်ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များကမူ နအဖစစ်အစိုးရသည် နိုင်ငံတွင်း အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်သေးကြောင်း ထောက်ပြပြောဆိုသည်။

အပစ်ရပ် တိုင်းရင်းသားအဖွဲ့များက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ မစတင်နိုင်ခြင်း၊ နယ်စပ်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်း၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို မပြင်ဆင်နိုင်ခြင်း၊ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့မှာ ထင်ရှားသည့်အချက်များ ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက “ခေတ်အဆက်ဆက်ကတည်းက သူတို့က အဲလိုကြီးကို စကားတခွန်းကို လွယ်လွယ်နဲ့ သူတို့ ဖြစ်ချင်တာတွေ၊ သူတို့ လုပ်ချင်တာတွေကို စိတ်ကူးယဉ်ပြီး ပြောတတ်တယ်။ ပြောရမယ်ဆိုရင် စိတ်ဓာတ်ရေးရာအရ စိတ်ပိုင်းဆိုင်ရာအရ အက်ဘ်နော်မယ်တွေ ဖြစ်နေလို့ ပြောတာ။ စိတ်နေစိတ်ထား ပုံမှန်ဆိုရင်၊ အက်ဘ်နော်မယ် မရှိဘူးဆိုရင် ဒီလို စကားမျိုး ဘာမှပြောစရာ အကြောင်းမရှိဘူး” ဟု ပြောသည်။

နအဖစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိအားပေးပြီး အပစ်ရပ်အဖွဲ့များအဖြစ် ပြုလုပ်စေခဲ့ပြီးနောက်ပိုင်း နယ်ခြားစောင့်တပ်အဖြစ် အတင်းအကျပ် ပြောင်းလဲစေခဲ့ခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးမဟုတ်ဘဲ အာဏာသုံး ဖိနှိပ်ချုပ်ချယ်ခြင်းသာဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်။

“တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေ နိုင်ငံရေးစကားပြောဖို့ သဘောတူထားတယ်။ နောက်ဆုံး နိုင်ငံရေး စကားပြောဖို့ တောင်းဆိုတဲ့အခါ၊ အမျိုးသားညီလာခံမှာ တိုင်းရင်းသားအပစ်ရပ် (၁၃) ဖွဲ့က တောင်းဆိုတဲ့အခါမှာ တပ်မတော်က နိုင်ငံဦးဆောင်အခန်းကဏ္ဍကို ယူထားတယ်။ ခင်ဗျားတို့ မကျေနပ်ရင် ပြန်တိုက်လို့ ပြောခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလုပ်တာ မဟုတ်ဘူး။ အာဏာသုံး ဖိနှိပ်တာ” ဟု ကယန်းအမျိုးသား စည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့ ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်ထောင်စု တိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဥက္ကဋ္ဌ ခွန်မားရ်ကိုဘန်းက ပြောသည်။

စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို အာဏာ လွှဲပြောင်းမပေးဘဲ နှစ်ပေါင်း (၂၀) ကျော် အုပ်ချုပ်နေသည့် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၃) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲမှု ပြုလုပ်ခဲ့ပြီး ယခုနောက်ပိုင်း ယင်းအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ဆွေးနွေးနေဆဲကာလဖြစ်သည်။

ယမန်နှစ်က အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ကိုးကန့်အဖွဲ့ကို တိုက်ခိုက်ခဲ့ပြီး ကေအန်ယူနှင့်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
http://www.khitpyaing.org/news/January%2010/12110b.php

လစာနှုန်းထားသစ် အမိန့်စာ


လစာနှုန်းထားသစ် အမိန့်စာ


ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ
ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန
ဝန်ကြီးရုံး
အမိန့်ကြော်ငြာစာ အမှတ် ၁၈၄/ ၂ဝဝ၉
နေပြည်တော်မြို့၊ ၁၃၇၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁) ရက်
(၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)

အကြောင်းအရာ။ ။ အစိုးရဝန်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ခြင်း
၁။ တပ်မတော်သည် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက် လျက်ရှိသည်နှင့်အညီ ဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန် လည်းကောင်း၊ တပ်မတော်နေ့သို့ ဂုဏ်ပြုသည့်အနေဖြင့် လည်းကောင်း၊ နိုင်ငံတော် အစိုးရသည် ဝန်ထမ်းများ၏ လစာနှုန်းများကို တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။

၂။ သို့ပါ၍ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၏ တာဝန်ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများ၏ လစာနှုန်းထားများကို အောက်ဖော်ပြပါဇယားအတိုင်း တိုးမြှင့်သတ်မှတ်လိုက်သည်။

စဉ်

လက်ရှိလစာနှုန်း (ကျပ်)

အမှတ်စဉ်

တိုးမြှင့်လစာနှုန်း (ကျပ်)

၁။

၁၅၀၀၀- ၁၀၀၀- ၂၀၀၀၀

၃၅၀၀၀- ၁၀၀၀- ၄၀၀၀၀

၂။

၂၁၀၀၀- ၁၀၀၀- ၂၆၀၀၀

၄၁၀၀၀- ၁၀၀၀- ၄၆၀၀၀

၃။

၂၇၀၀၀- ၁၀၀၀- ၃၂၀၀၀

၄၇၀၀၀- ၁၀၀၀- ၅၂၀၀၀

၎။

၃၃၀၀၀- ၁၀၀၀- ၃၈၀၀၀

၅၃၀၀၀- ၁၀၀၀- ၅၈၀၀၀

၅။

၃၉၀၀၀- ၁၀၀၀- ၄၄၀၀၀

၅၉၀၀၀- ၁၀၀၀- ၆၄၀၀၀

၆။

၄၅၀၀၀- ၁၀၀၀- ၅၀၀၀၀

၆၅၀၀၀- ၁၀၀၀- ၇၀၀၀၀

၇။

၈၀၀၀၀- ၂၀၀၀- ၉၇၀၀၀

၁၀၀၀၀၀- ၂၀၀၀- ၁၁၀၀၀၀

၈။

၁၀၀၀၀၀- ၂၀၀၀- ၁၁၀၀၀၀

၁၂၀၀၀၀- ၂၀၀၀- ၁၃၀၀၀၀

၉။

၁၂၀၀၀၀- ၂၀၀၀- ၁၃၀၀၀၀

၁၄၀၀၀၀- ၂၀၀၀- ၁၅၀၀၀၀

၁၀။

၁၄၀၀၀၀- ၂၀၀၀- ၁၅၀၀၀၀

၁၀

၁၆၀၀၀၀- ၂၀၀၀- ၁၇၀၀၀၀

၁၁။

၁၆၀၀၀၀- ၂၀၀၀- ၁၇၀၀၀၀

၁၁

၁၈၀၀၀၀- ၂၀၀၀- ၁၉၀၀၀၀

၁၂။

၁၉၀၀၀၀- ၂၀၀၀- ၂၀၀၀၀၀

၁၂

၂၁၀၀၀၀- ၂၀၀၀- ၂၂၀၀၀၀

မှတ်ချက်။ ။ နှစ်တိုးများကို (၂) နှစ်လျှင် တစ်ကြိမ် ခံစားခွင့်ပြုရန်။

၃။ လက်ရှိလစာနှုန်းမှ တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲသွားသည့်အခါ နှစ်တိုးများကို လက်ရှိလစာနှုန်းအရ နှစ်တိုးကာလများအတိုင်း နှစ်တိုးဆက်လက် ခံစားခွင့်ပြုရန်ဖြစ်သည်။ တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲမှုကြောင့် နှစ်တိုးကျရောက်သည့်နေ့များ ပြောင်းလဲသွားခြင်း မရှိစေရ။
နေ့စားလုပ်အားခ

၎။ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခကျပ် (၅ဝဝ) မှ လုပ်ခ (၁ဝဝဝ) သို့ တိုးမြှင့်သတ်မှတ်လိုက်သည်။
တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ လစာနှုန်းများ

၅။ တပ်မတော်အတွက် သတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထားများအပြင် အငြိမ်းစား လစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ကောင်စီသို့ တင်ပြ၍ အတည်ပြုချက် ရယူဆောင်ရွက်ရန် ဖြစ်ပါသည်။
နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ခံစားခွင့်

၆။ နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားရေးဝန်ထမ်းများနှင့် အခြားအလားတူ ဝန်ထမ်းများသည် ပြည်ပတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်ရှိခံစားနေသော လစာ နှုန်းများ အတိုင်းသာ နိုင်ငံခြားသုံးငွေဖြင့် ထုတ်ယူခံစားရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ ပြည်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ရသည့်အခါတွင် မိမိရာထူး အဆင့်နှင့် လျော်ညီစွာ သတ်မှတ်ထားသော လစာနှုန်းသစ်ကို ခံစားရန်ဖြစ်ပါသည်။

၇။ ဤအမိန့်ကြေငြာစာအရ ခံစားခွင့်များကို ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ အတွက် လစာမှစ၍ ခံစားခွင့် ရှိစေရမည်။

(ဗိုလ်ချုပ် လှထွန်း)
ဝန်ကြီး

ဖြန့်ဝေခြင်း
၁။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံး
ကာကွယ်ရေးဌာနကောင်စီ အထူးအမိန့်အမှတ်၊
၎/ အထူး/ ၂ဝဝ၉ ၏ နောက်ဆက်တွဲ (က)
တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်သားများ၏ အခြေခံလစာနှုန်းသစ်များ
အရာရှိများ၏ လစာ
၁။ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိများ၏ လစာနှုန်းထားသစ်များကိုအောက်ပါအတိုင်း သတ်မှတ်သည် -

စဉ်

အဆင့်

လစာနှုန်း

၁။

ဗိုလ်ချုပ်မှူးကြီး

၁၂၀၀၀၀၀

၂။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး

၁၀၀၀၀၀၀

၃။

ဗိုလ်ချုပ်ကြီး

၈၀၀၀၀၀

၎။

ဒုတိယ ဗိုလ်ချုပ်ကြီး

၆၀၀၀၀၀

၅။

ဗိုလ်ချုပ်

၄၀၀၀၀၀

၆။

ဗိုလ်မှူးချုပ်

၃၀၀၀၀၀

၇။

ဗိုလ်မှူးကြီး

၂၁၀၀၀၀- ၂၀၀၀- ၂၂၀၀၀၀

၈။

ဒုတိယ ဗိုလ်မှူးကြီး

၁၉၀၀၀၀- ၂၀၀၀- ၂၀၀၀၀၀

၉။

ဗိုလ်မှူး

၁၇၀၀၀၀- ၂၀၀၀- ၁၈၀၀၀၀

၁၀။

ဗိုလ်ကြီး

၁၅၀၀၀၀- ၂၀၀၀- ၁၆၀၀၀၀

၁၁။

ဗိုလ်

၁၃၀၀၀၀- ၂၀၀၀- ၁၄၀၀၀၀

၁၂။

ဒုတိယဗိုလ်

၁၂၀၀၀၀


မှတ်ချက်။ နှစ်တိုးလစာကို (၂) နှစ် တစ်ကြိမ်ကျ ခံစားခွင့်ပြုသည်။
ဒုတိယဗိုလ်မှ ဗိုလ်ချုပ်မှူးကြီးအထိ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A) အဖြစ် တစ်လလျှင် ကျပ် (၅ဝဝဝ) ခံစားခွင့်ပြုသည်။
ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A) ကို အငြိမ်းစား လစာတွက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်။


နောက်ဆက်တွဲ (၃)
ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဝန်ကြီးရုံး
အမိန့်ကြော်ငြာစာအမှတ် ၁ဝ၆/ ၂ဝဝ၉
နေပြည်တော်မြို့၊ ၁၄၇၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁) ရက်
(၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)
အကြောင်းအရာ။ ။ နိုင်ငံတော်ဝန်ထမ်းများ၏ လစဉ်ပင်စင် သတ်မှတ်ခြင်းကိစ္စ
၁။ နိုင်ငံတော် အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ၄င်းတို့ အငြိမ်းစားယူသည့်အခါ ၄င်းတို့၏ ပင်စင်လစာကို ဤဝန်ကြီးဌာန၏ ၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁ဝ၄/ ၂ဝဝ၉ တွင် သတ်မှတ်ဖော်ပြ သည့် လစာနှုန်းပေါ်တွင် အခြေပြု၍ လက်ရှိတည်ဆဲ ပင်စင်နည်းဥပဒေ၊ ညွှန်ကြားချက်များ အရ ခံစားခွင့်ပြုရန်ဖြစ်သည်။
၂။ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် (သို့မဟုတ်) မူလ အခြေခံနည်းဥပဒေ အတွဲ (၁) အပိုဒ် ၈၆ (က) အရ ငြင်းပယ်ခွင့် ခံစားနေဆဲ ဝန်ထမ်းများအား ခွင့်ကုန်ဆုံးသည့်နေ့၌ အလုပ်ဝတ္တရားပြန်လည် ထမ်းဆောင်လျင် တိုးမြှင့်လစာနှုန်းအရ ခံစားခွင့်ရှိမည့်လစာကို အမှန်တကယ် ထုတ်ယူရရှိ သော နောက်ဆုံးလစာအဖြစ် မှတ်ယူ၍ ပင်စင်တွက်ချက်ခံစားခွင့်ပြုရန်ဖြစ်ပါသည်။
၃။ လက်ရှိပင်စင်ခံစားနေကြသော အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို လက်ရှိခံစား နေသည့်အတိုင်းသာ ခံစားရန်ဖြစ်ပါသည်။
၎။ ဤအမိန့်ကြော်ငြာစာအရ ခံစားခွင့်များကို ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီလ အတွက် လစာမှစ၍ ခံစားခွင့်ပြုလိုက်သည်။


(ဗိုလ်ချုပ် လှထွန်း)
ဝန်ကြီး
http://www.mizzimaburmese.com/special/research/4562-2010-01-12-06-37-12.html


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ သဘောထားထုတ်ပြန်ကြေညာချက်

http://ifile.it/evx8buyPalaung Statement on 47 PNRD 2010

အကျဉ်းကျခံဆဲအမတ်များ

http://ifile.it/moku6cs 2010 01 11 - MPs Still in Prisons

PDC News Commentary - January 2010

http://ifile.it/5gixj7eCommentary

မင်္ဂလာနှစ်သစ်ကိုဖွင့်လှစ်ရန်တိုက်တွန်းချက်

Free Image Hosting at www.ImageShack.us