Thursday, January 14, 2010

မြန်မာ့တပ်မတော်သမိုင်း

မြန်မာ့တပ်မတော်သမိုင်း (အပိုင်း က အား ဒေါင်းလုပ်လုပ်ရန် - http://ifile.it/l0zasu8 )
မြန်မာ့တပ်မတော်သမိုင်း(အပိုင်း ခ အား ဒေါင်းလုပ်လုပ်ရန် - http://ifile.it/kzp5m0x )
http://www.niknayman-niknayman.co.cc/2010/01/blog-post_8729.html မှ ရယူသည်။

အာဏာရှင်ခြင်းယှဉ်တာတောင်..


Haitian President René Préval ကငလျင်ဒဏ်ခံလူနာများကိုလှည့်လည်အားပေးနေစဉ်စီအန်အန်သတင်းထောက်မှ''အိမ်ရောနန်းတော်ရောပျက်
သွားတော့ဘယ်မှာအိပ်မလဲမေးတော့ပိတ်မိနေတဲ့လူတွေကယ်ဖို့ကအရေးကြီးတယ်။အိပ်ဖို့ကအရေးမကြီးဖူးဟု
ပြန်ပြောခဲ့တယ်။ဟေတီဟာအာဏာရှင်နိုင်ငံအဖြစ်နှစ်ပေါင်းများစွာဒဏ်ခံနေရသည့်နိုင်ငံဖြစ်လင့်ကစားအခုလို
ပြည်သူတွေအရေးပေါ်အကူအညီတွေလိုအပ်နေချိန်မှာသမ္မတဟာပြည်သူနဲ့တသားထဲရှိခဲ့တယ်။ပြည်ပကအကူ
အညီတွေကိုလည်းလွတ်လပ်စွာဝင်ရောက်ခွင့်ပေးခဲ့တယ်။
မြန်မာနာဂစ်ကိုပြန်စဉ်းစားရင်ရင်နာစရာတွေကြီးပါပဲ..
ပထမဆုံး၁၀၀၊၂၀၀လောက်ပဲသေသလိုသတင်းအမှောင်ချရန်ကြိုးစားတယ်။
ဦးသန်းရွှေကိုနောက်တနေ့အဲမှာမတွေ့ရဖူး..(ဘာလို့မသွားခဲ့ရတာလဲ)..
ပြည်ပအကူအညီထားတော့ဦးကျော်ဟိန်းတို့သွားကူတဲ့ဆန်ကားတွေလည်းတာဆီးခဲ့တယ်၊ကိုယ်တိုင်လှုဒါန်း
ခွင့်ကိုပင်ခဲ့တယ်၊သဘာဝဘေးဒါဏ်ကြောင်ပျက်စီးဆုံးရှုံးတာဘာမှဖုံးထားစရာမလိုဖူး၊အမေရိကန်ကယ်ဆယ်ရေး
အဖွဲ့ဝင်ပြီးရင်ပြန်ထွက်မှာမဟုတ်ဖူးဆိုပြီးသွေးကြောင်ခဲ့တယ်။။
အခုအချိန်အထိနလန်မထူနိုင်သေးတာကတော့နာဂစ်ဒေသကပြည်သူတွေပါပဲ။။
အာဏာရှင်ခြင်းယှဉ်တာတောင်ဦးသန်းရွှေတို့ကခွက်ခွက်လန်အောင်သွေးကြောင်ပြီးရှုံးနိမ့်နေဆဲပါ။

14 Jan 2010 ဒိုင်ယာရီ

http://ifile.it/3azkw19 14JAN2010 Diary

ပါတီတခုလုံးကို ထောင်ကျတဲ့ အနေအထားမျိုး ရောက်လာမယ်ဆိုရင် ကျနော်တို့ရဲ့တုံ့ပြန်မှုတွေဟာ ပိုပြီးတော့ ပြင်းထန်တင်းမာလာမယ်

NEJ / ၁၄ ဇန်န၀ါရီ၂၀၁၀
နအဖစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် အတည်ပြုပြောကြားခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီအနေဖြင့် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်ကဲ့သို့ စဉ်းစားဆုံးဖြတ်မည်ဆိုသည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဝင်းတင်နှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ အန်အယ်လ်ဒီအနေနဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အဓိကတောင်းဆိုချက်တွေ မရရင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်လိုစဉ်းစားမယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ဒါကတော့ ဖြစ်မလာခင်အခြေအနေပေါ်မှာ ကျနော်တို့ ဘယ်လို လုပ်မယ်ကိုင်မယ်ဆိုတာ ပြောရဆိုရ နည်းနည်းတော့ ခက်ပါတယ်။ ကျနော်တို့က အဖွဲ့အစည်းဖြစ်တော့ အဖွဲ့အစည်းထဲမှာရှိတဲ့ ခေါင်းဆောင်ပိုင်းပုဂ္ဂိုလ်များ ညှိရုံနဲ့တင်မကဘူး အောက်ခြေပိုင်း အနေအထားတွေပါ ရှိလာတယ်။ ဘာလို့လဲဆိုတော့ ဒါက အသစ်ဖြစ်မယ့်သဘောကိုး။ သာမန်အားဖြင့်ဆိုရင် ကျနော်တို့ ရပ်တည်နေတဲ့ အနေအထားက တရားဝင်နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနဲ့၊ တရားဝင် တောင်းဆိုချက်တွေနဲ့ ရပ်တည်နေတာကိုး။ အဲဒါတွေ မဖြစ်တော့ဘူးဆိုရင် အခြေအနေသစ်တခု ဖြစ်သွားမယ်၊ အဲဒီအခြေအနေသစ်ကို ကျနော်တို့ ကျော်ဖြတ်ရမယ့် အနေအထားသစ်တွေကလည်း ပေါ်လာတော့မယ်ပေါ့။ အခုဟာက အခြေအနေသစ်ကလည်း မပေါ်သေးတဲ့ အခါကျတော့ ကျနော်တို့ကျော်ဖြတ်ရမယ့် ပုံသဏ္ဌာန်ဆိုတာ သာမန်အားဖြင့်တော့ ပြောရခက်ပါတယ်။ ဒါမျိုးဆိုတာ ညှိနှိုင်းပြီးမှ ပေါ်ထွက်လာမယ့် ကိစ္စဖြစ်တာကိုး။

မေး။ ။ ဆရာပြောတဲ့ ပေါ်ပေါက်လာမယ့်အခြေအနေသစ်ဆိုတာ ဘာကိုဆိုလိုတာပါလဲ။

ဖြေ။ ။ ပေါ်ပေါက်လာမယ့်အခြေအနေကို ကျနော်တို့ မှန်းကြည့်တဲ့အခါကြတော့ သာမန်အားဖြင့် အခု ကမ္ဘာကလည်း ပြောနေတယ်၊ အမေရိကန်အစိုးရတို့၊ ဂျပန်အစိုးရတို့၊ ကုလသမဂ္ဂတို့၊ အီးယူတို့ဆိုတာတွေက ပြောနေတဲ့အနေအထားက ဘာလဲဆိုတော့ ကျနော်တို့ရွေးကောက်ပွဲဟာ အန်အယ်လ်ဒီတို့ တိုင်းရင်းသားအဖွဲ့အစည်းတို့ဆိုတဲ့ ဗမာပြည်နိုင်ငံရေးမှာ အထင်ကရဖြစ်တဲ့ သို့မဟုတ်လည်း အင်အားကြီးမားတဲ့ ပါတီအဖွဲ့အစည်းတွေ မပါဘဲနဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ်ဆိုရင် အားလုံးပါဝင်ပတ်သက်မှုအခြေအနေ (all inclusive) ဟာ ဘယ်လိုမှ ဖြစ်ထွန်းလာမယ့် အနေအထားမရှိဘူး။ ဘယ်လိုမှလည်း ပေါ်ပေါက်လာနိုင်မယ့် အနေအထားမရှိဘူးဆိုရင် ဒီရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ဆန္ဒသဘောထား၊ တကမ္ဘာလုံးရဲ့ ဆန္ဒသဘောထား၊ ဒါတင်မက စစ်အစိုးရကိုယ်တိုင်က လက်ခံပါတယ်ဆိုတဲ့ သဘောထားနဲ့လည်း အကုန်လုံးဆန့်ကျင် သွားတော့မယ်။ ပျက်ပြားသွားတော့မယ်။ နောက်တခုက ဘာလဲဆိုတော့ ဒီရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာလည်း အခုလုပ်နေတဲ့ပုံသဏ္ဌာန်အရ ပါတီမှတ်ပုံတင်ဥပဒေတို့၊ ရွေးကောက်ပွဲဥပဒေတို့ဆိုတာ ဘာမှကို ထွက်လာခြင်းမရှိတာ အပါအ၀င် နောက်ပိုင်း ရွေးကောက်ပွဲကျင်းပတဲ့အခါမှာလည်း ပြည်သူများ ပါဝင်ပတ်သက်မှု၊ မဲပေးမှု၊ မဲလိမ်မဲခိုးမှုတွေ စတဲ့ကိစ္စတွေ ပေါ်လာလို့ရှိရင် ကမ္ဘာက တောင်းဆိုနေတဲ့ မြင်သာထင်သာရှိခြင်း၊ အများယုံကြည် စိတ်ချရခြင်း ဆိုတဲ့ အနေအထားမျိုးကလည်း ဘယ်လိုမှ ပေါ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် ဒီအနေအထားနှစ်ခု မရှိဘူးဆိုရင် ဒီရွေးကောက်ပွဲကို ကမ္ဘာကလည်း ဆန့်ကျင်ရှုတ်ချ ပြစ်တင်လာမယ်၊ ကမ္ဘာက အသိအမှတ်မပြုခြင်းအပါအ၀င် အများကြီးတုံ့ပြန်မှုတွေ ပေါ်လာမယ်။
အဲလိုအခြေအနေမျိုးမှာ အားလုံးပါဝင်မှုကို ပစ်ပယ်ထားတဲ့အတွက် ကျနော်တို့ကလည်း ဘေးရောက်နေမယ်။ နောက်တခါ ယုံကြည်စိတ်ချရမှု အနေအထားကလည်း လုံးဝမရှိဘူးဆိုတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ကလည်း ရွေးကောက်ပွဲမှာ အနည်းဆုံး ကိုယ်တိုင်မပါဝင်တောင်မှ ဒီမိုကရေစီအင်အားစုတွေကို ပါဝင်နိုင်အောင်၊ ပါဝင်နေတဲ့ ဒီမိုကရေစီအင်အားစုလို့ ယူဆရတဲ့ အဖွဲ့အစည်းတွေကိုတောင်မှ ကျနော်တို့ ၀ိုင်းဝန်းပံ့ပိုးနိုင်တဲ့အနေအထားမျိုး မရှိဘူးဆိုရင် အန်အယ်လ်ဒီရဲ့ အနေအထားက လုံးဝကို ပါတီတခုလုံး ထောင်သွင်းအကျဉ်းခံရတဲ့ အနေအထားမျိုးကို ရောက်သွားမယ့် အခြေအနေမျိုးကို ဆိုက်ရောက်သွားမယ်လို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့ဗျာ။

အဲလိုအခါမျိုးဆိုရင်တော့ အန်အယ်လ်ဒီဟာ တနည်းတဖုံအားဖြင့်တော့ လှုပ်ရှားမှုတွေ၊ စီမံဆောင်ရွက်မှုတွေ၊ ရုန်းကန်မှုတွေ၊ သဘောထားဖော်ထုတ်မှုတွေဟာ ဒီနေ့လိုကာလမျိုးနဲ့တော့ အများကြီးကွဲလွဲသွားမယ်လို့တော့ ကျနော်တို့ ပြောလို့ရပါတယ်။ ကျနော်တို့ရဲ့အနေအထားတွေဟာ ပိုပြီးတော့ တင်းမာတဲ့ အနေအထားမျိုး သို့မဟုတ်လည်း ပိုပြီးတော့ ပြတ်သားတဲ့ အနေအထားမျိုးကို ရောက်လာမယ်လို့ အဲလောက်တော့ ပြောလို့ရမယ်။ ဘာပဲပြောပြော အန်အယ်လ်ဒီဟာ တရားဝင်ပါတီတော့ ဖြစ်နေမယ်လို့ မှန်းဆတယ်။ တရားဝင်ပါတီတခုဟာ ပါတီတခုလုံးကို ထောင်ကျတဲ့ အနေအထားမျိုး ရောက်လာမယ်ဆိုရင် ကျနော်တို့ရဲ့တုံ့ပြန်မှုတွေဟာ ပိုပြီးတော့ ပြင်းထန်တင်းမာလာမယ်လို့ ကျနော်တို့ အဲလိုယူဆပါတယ်။

မေး။ ။ ဒါဆို အခုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာတွေကို ပြေလည်စေမယ့် ရွေးကောက်ပွဲမဟုတ်ဘူးလို့ ဆရာ ဆိုလိုချင်တာပါလား။

ဖြေ။ ။ ဟုတ်ပါတယ်။ မယူဆတဲ့အကြောင်းကလည်း ခုဏပြောသလိုပေါ့။ အဓိကအချက်ကတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပမယ့်ရွေးကောက်ပွဲ။ တခါ အဲဒီရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် ရလဒ်တွေဖြစ်တဲ့ လွှတ်တော်တို့၊ အစိုးရအဖွဲ့တို့ဆိုတာလည်း ၂၀၀၈ အခြေခံဥပဒေကို အကောင်အထည်ဖော်မယ့် ယန္တရားတွေဖြစ်တယ်လို့ ကျနော်တို့က သတ်မှတ်တယ်။

ဒီအခြေခံဥပဒေဟာ လက်ရှိရှိနေတဲ့ စစ်အစိုးရရဲ့ အာဏာရှင်ပုံစံနဲ့ အုပ်စိုးခြင်းပေါ့ဗျာ။ ပြည်သူကို ဖိနှိပ်ခြင်းတို့ ချုပ်ချယ်ခြင်းတို့ နိုင်ထက်စီးနင်းပြုခြင်းတို့၊ နောက် တိုင်းပြည်မှာ ဆင်းရဲမွဲတေ ငတ်ပြတ်မှုတွေကို လျစ်လျူရှုပြီးတော့ သူတို့ရဲ့စစ်အာဏာ တည်မြဲရေးကိုသာ လုပ်နေတဲ့လုပ်ငန်းများကိုသာ သက်ဆိုးရှည်စေမယ့် အခြေခံဥပဒေဖြစ်တယ်။ ဒီအခြေခံဥပဒေကိုတော့ ကျနော်တို့က လက်မခံနိုင်ဘူး။ ဒါကြောင့် ဒီအခြေခံဥပဒေနဲ့ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ဒီအခြေခံဥပဒေကိုသာ မပြင်ဘူး ဆိုရင်တော့ လက်မခံနိုင်ဘူးလို့ ပြောနေခြင်းဖြစ်ပါတယ်။

မေး။ ။ ဒီ ၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေကို ပြင်နိုင်မယ့် အလားအလာရော ဆရာမြင်ပါသလား။

ဖြေ။ ။ ဒီလိုရှိပါတယ်။ ပြင်တယ်ဆိုတာမျိုးက နှစ်မျိုးရှိတယ်။ စစ်အစိုးရကနေပြီးတော့ ဒါဟာ အများပြည်သူကလည်း လက်မခံဘူး၊ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကလည်း လက်မခံဘူး၊ ကမ္ဘာကလည်း လက်မခံတဲ့သဘောတွေ ပြလာပြီဆိုရင် သူတို့က လိုအပ်တဲ့အနေအထားမျိုးကို ပြင်မယ်ဆိုလို့ရှိရင် သူတို့ပြင်နိုင်တာပေါ့။ သူတို့က စစ်အာဏာပိုင် အဖွဲ့အစည်းပဲ၊ နောက်ပြည်သူများက ဆန္ဒပေးထားတယ်ဆိုတာကလည်း ရှင်းရှင်းပြောရရင် သူတို့ရဲ့ဖန်တီးလုပ်ဆောင်ချက်တွေ ဖြစ်တဲ့အခါကျတော့ သူတို့ပြင်မယ်ဆိုလည်း ပြင်လို့ရတာပေါ့။ သို့သော် အကောင်းဆုံးပုံသဏ္ဌာန်ကတော့ အဲဒီအခြေခံဥပဒေကို လိုအပ်သလို ပိုပြီးတော့ ကောင်းမွန်အောင် အများပြည်သူဆန္ဒနဲ့လည်း ကိုက်ညီအောင်၊ သို့မဟုတ်လည်း အခြေအနေနဲ့ ကိုက်ညီအောင်ပေါ့ဗျာ။ သူတို့အဆိုအရတော့ အများပြည်သူက (၉၂) ရာခိုင်နှုန်း ဆန္ဒမဲပေးထားတယ်ဆိုတော့ အများပြည်သူဆန္ဒနဲ့ ကိုက်ညီပြီးသားဖြစ်တယ်လို့ သူတို့ကတော့ ပြောတော့မှာပေါ့ဗျာ။ ဒါပေမယ့် အဲဒီလို အများပြည်သူဆန္ဒနဲ့ ကိုက်ညီတယ်ဆိုသော်လည်း အဲဒါက ၂၀၀၈ ခုနှစ် သို့မဟုတ် ၂၀၀၈ အကြိုကာလတွေက ကိုက်ညီခြင်းဖြစ်သော်လည်း လက်ရှိ ပြောင်းလဲလာတဲ့ အခြေအနေတွေအရ သိပ်မကောင်းဘူးဆိုရင် သူတို့ပြင်ဖို့လမ်းက ဘာလဲဆိုတော့ တွေ့ဆုံဆွေးနွေးပွဲ စားပွဲပေါ်မှာ နှစ်ဘက်စလုံးကနေ အဆုံးအဖြတ်ပေးနိုင်သော ပုဂ္ဂိုလ်များ သို့မဟုတ် ဒိုင်ယာလော့စားပွဲပေါ်မှာ ဒီကိစ္စကို ကျနော်တို့ စဉ်းစားလို့ရပါတယ်။ တိုင်းပြည်ရဲ့အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်များကနေပြီးတော့ ဆုံးဖြတ်လိုက်ရင် အဲဒီအစည်းအဝေးလိုနေရာမျိုးကနေ စီးဆင်းလာတဲ့ နိုင်ငံရေးသဘောထားဟာ အကုန်လုံးကို ပြောင်းလဲလို့ရပါတယ်။ ဥပမာ ပင်လုံတွေ့ဆုံဆွေးနွေးပွဲကနေ စီးဆင်းလာတဲ့ အာဏာသဘောဟာ ပြည်ထောင်စုဖွဲ့စည်းရေးလိုဟာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် တိုင်းပြည်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်သီးပုဂ္ဂိုလ်များ ဆွေးနွေးကြမယ်ဆိုရင် အဲဒီက စီးဆင်းလာတဲ့အာဏာ၊ သဘောထားဟာ အကုန်လုံးကို ပြုပြင်ပြောင်းလဲလို့ ရပါတယ်လို့ ကျနော်တို့ယူဆတယ်။

မေး။ ။ ဘယ်လို ပြုပြင်ပြောင်းလဲလို့ ရမှာလဲဆိုတာ သိပါရစေ။

ဖြေ။ ။ အခုရွေးကောက်ပွဲက ဒီအခြေခံဥပဒေအတိုင်းသွားမှာဖြစ်တဲ့အတွက် နိုင်ငံရေးအဖြေမဟုတ်ဘူး၊ နိုင်ငံရေးပြဿနာ တွေကို ရှင်းလည်းရှင်းနိုင်မှာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာတွေကို ဒီနေ့ရွေးကောက်ပွဲအကြိုကာလမှာ ရှင်းချင်လို့ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲ ကာလမှာ ရှင်းချင်လို့ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲအလွန်ကာလမှာ ရှင်းချင်လို့ပဲဖြစ်ဖြစ် အဲလိုသဘောထားမျိုး ကျနော်တို့မှာ ရှိတယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးပွဲကနေပြီး ၂၀၀၈ အခြေခံဥပဒေထဲကနေပြီး ပြင်ဖို့လိုအပ်တဲ့အချက် များကို ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင် အဲဒီက ပေါ်ထွက်လာမယ့်ဆုံးဖြတ်ချက် သဘောထား အာဏာများဟာ ဒီအခြေခံဥပဒေကို ပြင်နိုင်ပါတယ်။ ဒီအခြေခံဥပဒေကိုသာ ပြင်လိုက်ရင် ပြဿနာပေါင်းစုံ ရှင်းသွားမှာ ဖြစ်ပါတယ်။ ပြဿနာပေါင်းစုံဆိုတာ တိုင်းရင်းသားတွေမှာရှိတဲ့ သဘောထားတွေကို ပြောင်းလဲသွားစေနိုင်မယ်၊ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရဆက်ဆံရေးဟာလည်း ပြောင်းလဲသွားနိုင်တယ်။ အလားတူပဲ အန်အယ်လ်ဒီလို ဒီမိုကရေစီ အင်အားစုတွေနဲ့ အစိုးရဆက်ဆံရေးဖြစ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရေးဆိုတဲ့ အချက်တွေကိုလည်း ကျနော်တို့ ပြောင်းလဲသွားစေနိုင်မယ်။ အလားတူပဲ ကမ္ဘာနဲ့ဆက်ဆံရေးပါ ပြောင်းလဲသွားမယ်လို့ ကျနော်က ယူဆတယ်။ ဒါကြောင့် ကျနော်က ဒီနေ့ကာလဟာ ရွေးကောက်ပွဲဟာ အဖြေမဟုတ်ပါဘူး၊ အဖြေဟာ တွေ့ဆုံဆွေးနွေးပွဲသာ ဖြစ်ပါတယ်လို့ ပြောနေတာပါ။ ကျနော်တို့အဖို့ကတော့ သို့မဟုတ်လည်း ကျနော်တို့နဲ့အတူ လက်တွဲပြီးဆောင်ရွက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများအဖို့၊ ကျနော်တို့ကို ထောက်ခံအားပေးနေတဲ့ ကမ္ဘာနဲ့တကွ ကုလသမဂ္ဂတို့အဖို့ကတော့ ဒီတွေ့ဆုံဆွေးနွေးပွဲ ဖြစ်လိုက်ရင် အကောင်းဆုံးအခြေအနေများ ပေါ်ထွန်းလာဖို့အတွက် အလားအလာတွေ အများကြီးရှိတယ်လို့ ကျနော်က အဲလိုပဲ ယူဆတယ်။

မေး။ ။ အမျိုးသားစည်းလုံးညီညွတ်ရေး ကိစ္စရော ပြေလည်နိုင်ပါ့မလားဆရာ။

ဖြေ။ ။ ပြေလည်နိုင်တာပေါ့ခင်ဗျာ။ ဘာလို့လဲဆိုတော့ ဒီတွေ့ဆုံဆွေးနွေးပွဲဟာ နိုင်ငံရေးအားဖြင့် အဓိကကျတယ်လို့ တဖက်က ပြောနေပေမယ့်လို့ တိုင်းပြည်ကြီးတခုလုံး သို့မဟုတ် ပြည်ထောင်စုကြီးတခုလုံးရဲ့ အနာဂတ်အနေနဲ့ဆိုရင်လည်း အမျိုးသားပြည်လည်သင့်မြတ်ရေးလို့ ကျနော်တို့ပြောနေတာကနေတဆင့် အမျိုးသားညီညွတ်ရေးဆိုတာ ပေါ်ထွက်လာနိုင်တဲ့ အနေအထားရှိပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲကသာလျှင် ချက်ချင်းလက်ငင်း အဖြေမပေါ်ထွက်လာသော်ငြားလည်း အခြေခံသဘောထားတွေ ပေါ်လို့ရှိရင် ကျနော်တို့ဆက်လက် ညှိနှိုင်းသွားဖို့ပဲ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့လိုက်ရင် အဲဒီကနေချမှတ်တဲ့ သဘောထားတွေအပေါ် ဆက်လက်ပြီး အဆင့်ဆင့်သော ဆွေးနွေးပွဲများ ကျင်းပသွားခြင်းအားဖြင့် ရွေးကောက်ပွဲအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကနေ အမျိုးသားညီညွတ်ရေးကိစ္စအထိ အကျိုးဆက်များ ဆက်တိုက်ပေါ်သွားနိုင်ပါတယ်။ ဒီဆွေးနွေးပွဲကနေ အစွန်းတဖက်မှာ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတွေရှိသလို နောက်အစွန်းတဖက်မှာလည်း အမျိုးသားညီညွတ်ရေးအထိ ရည်မှန်းချက်တွေ ရှိတဲ့အတွက် ဒီလိုကျင်းပခြင်းဟာ ဒီနေ့ကာလတိုင်းပြည်ရဲ့ ထွက်ပေါက် အဖြေပဲဖြစ်ပါတယ်။

မေး။ ။ တကယ်လို့ အန်အယ်လ်ဒီဟာ ၂၀၁၀ ရွေးကောက်ပွဲဝင်လိုက်မယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ အတိတ်မှာကျန်ခဲ့မယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာဘယ်လို ပြောချင်ပါသလဲ။

ဖြေ။ ။ ရွေးကောက်ပွဲလိုဟာမျိုးကို ကျနော်တို့က ခေါင်းလျှိုပြီးတော့ဝင်သွားရင် ၁၉၉၀ ရွေးကောက်ပွဲဟာ အတိတ်မှာ ကျန်ခဲ့တယ် ဆိုတဲ့ဟာမျိုးထက် အဖြစ်မှန်က ဘာလဲဆိုတော့ ကျနော်တို့ဟာ ပြည်သူလူထုကနေ အပ်နှင်းထားတဲ့ မန်းဒိတ်ကို အစိုးရကိုယ်တိုင် ကလည်း မဖျက်သေးဘူးဗျ။ ရွေးကောက်ပွဲကော်မရှင်ကနေ ဒါကို တရားမ၀င်တော့ဘူးလို့ ပြောဆိုခြင်းမရှိဘဲနဲ့ စစ်အစိုးရ လုပ်နေတဲ့ပုံသဏ္ဌာန်ဟာ ရွေးကောက်ပွဲတခုကို နောက်ရွေးကောက်ပွဲတခုနဲ့ ကျော်လွှားဖို့လုပ်နေတာ။ အဲဒါကို ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်ကတော့ အတိတ်မှာကျန်ခဲ့တယ်လို့ မပြောချင်ဘူး။ ကျနော်တို့ဟာ ရွေးကောက်ပွဲအသစ်ကို ၀င်လိုက်တယ်ဆိုရင် ရွေးကောက်ပွဲ အဟောင်းတုန်းက အကောင်အထည်လည်း ရလဒ်တစုံတရာမပေါ်ခဲ့ဘူး၊ ပြည်သူလူထုက အပ်နှင်းတဲ့အာဏာကိုလည်း ကျနော်တို့က ဘာမှအကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိဘူး၊ နောက်တခါ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်ကြီးတခုလုံးကိုလည်း တာဝန်ရှိတဲ့ စစ်အစိုးရကနေပြီးတော့ ဖျက်သိမ်းခြင်းတို့ ဘာတို့လည်း ကြေညာခြင်းမရှိဘဲနဲ့ ဒီတိုင်းချန်ခဲ့လို့မရဘူး။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့သဘောထားက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့စကားဗျ။ တနည်းနည်းနဲ့ဆိုတာ ကျနော်တို့ အနိမ့်ဆုံးပုံစံနဲ့လည်း ဖြစ်နိုင်ပါတယ်။ အမြင့်ဆုံးပုံသဏ္ဌာန်နဲ့လည်း ဖြစ်နိုင်ပါတယ်။

အမြင့်ဆုံးပုံသဏ္ဌာန်ဆိုတာက အာဏာလွှဲပြောင်းပေးဖို့ပေါ့။ အနိမ့်ဆုံး ပုံသဏ္ဌာန်ဆိုတာကလည်း တွေ့ဆုံဆွေးနွေးပွဲကနေ သဘောတူညီချက်ရရင် အဲဒါတွေကို အခြေခံပြီးတော့ လွှတ်တော်ခေါ်လိုက်။ တနေ့တည်းပဲခေါ်ခေါ် ဒီလွှတ်တော်ကနေ သဘောတူညီချက်များကို အတည်ပြုလိုက်ပြီဆိုတဲ့ဟာမျိုးနဲ့ ပြီးရင် ဒီလွှတ်တော်ကို ဖျက်သိမ်းပြီးတော့ နောက်ထပ်ရွေးကောက်ပွဲ အသစ် လုပ်မယ်ဆိုတာမျိုးပါ။ အဲလိုလုပ်လို့ရပါတယ်။ ဒါက ကျနော်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ။ တနည်းနည်းနဲ့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်စကားဟာ အနိမ့်ဆုံးလည်းလုပ်လို့ရပါတယ်။ အမြင့်ဆုံးလည်းလုပ်လို့ရပါတယ်။ ဒါပေမယ့်လို့ ဒီလိုတနည်းနည်းနဲ့ အသိအမှတ်ပြုခြင်းကတော့ လုပ်ဖို့ကောင်းတယ်။ အဲလိုလုပ်တာမဟုတ်ဘဲနဲ့ ရွေးကောက်ပွဲတခုကို နောက်ရွေးကောက်ပွဲတခုနဲ့ နင်းကြိတ်ချေသလိုလုပ်ရင်တော့ ဒါတွေဟာ သမိုင်းမှာလည်း မလှမပဖြစ်မယ်။ ရှေ့ဆက်ပြီး အငြင်းပွားစရာတွေကလည်း ရှိမယ်။ အကြောင်းကြောင်းကြောင့် ဒီရွေးကောက်ပွဲကိုပဲ ဆုပ်ကိုင်ပြီးထားပြီးတော့ နောက်ရွေးကောက်ပွဲကို ကျောခိုင်းတဲ့ပုံသဏ္ဌာန်မျိုးလုပ်ရင်လည်း ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေဟာ ရှင်းစရာ ပြေလည်စရာ ဘာမှ ရှိမှာမဟုတ်ဘူးလို့ ကျနော်က ယူဆပါတယ်။
http://www.khitpyaing.org/interviews/2010/January/14110.php

၂၀၁၀ NLD ကြေငြာချက်များ

http://ifile.it/wu0mf38Compilation of 2010 NLD Statements

NLD အလုပ်အမှုဆောင် တိုးချဲ့သည့် စာရင်း

Free Image Hosting at www.ImageShack.us