Friday, January 15, 2010

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၇)

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တည်ဆောက်မဲ့ ဒီမိုကရေစီနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်ရင် ဖြုတ်ချလို့ ရပါတယ်။ စစ်အာဏာရှင်ကိုတော့ မကြိုက်လဲ ထွေးမနိုင် မြိုမရနဲ့ ဆက်ပြီး ကုန်းခံနေရမှာမို့ ....

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၇)

(Choosing Right Path and Real Politics)

အထင်ကရ ဒီမိုကရေစီအင်အားစုတွေက ရွေးကောက်ပွဲကို ဆန့်ကျင်နေတဲ့အချိန်၊ နအဖက လူထုကို တရားဝင် စစ်ကျွန်လုပ်ဖို့ ရွေးကောက်ပွဲ တစ်လမ်းတည်းဖွင့်ပြီး ငါ့လှေ ငါထိုးနေတဲ့အချိန်၊ ရောင်းသူကဖြင့် မရောင်းရသေးခင် ချိန်ပါ၊ ချိန်ပါနဲ့ ဈေးမဆစ်အား၊ အလုအယက် ၀ယ်မဲ့သူတွေက ရွေးကောက်ပွဲအတွက် ခတ်ကွင်းပြင်နေချိန်မှာ၊ နိုင်ငံရေး ရေဒါပေါ်မှာ ရှိမနေယုံသာမက မြုတ်လုလုလေးတောင် ဖြစ်နေတဲ့ အမျိုးသား ရင်ကြားစေ့ရေး(NR)ကို ကျုပ်က ရေးကြီးခွင်ကျယ်လုပ် အစဆွဲထုတ်နေပြန်တော့ စိန်ကောင်း၊ ကျောက်ကောင်း ၀ယ်တဲ့နေရာ ဆေးရိုးသည်က ကန့်လန့်လာလုပ်တယ်လို့ ထင်မြင်သူများ ရှိနိုင်ပါတယ်။

ကျုပ်တို့မှာ ဒီမိုကရေစီရေး၊ တိုင်းရင်းသားအခွင့်အရေးစတဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖေါ်တဲ့အခါ အလုပ်လမ်းညွှန်အဖြစ် အခြေခံမူတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားရှိရပါမယ်။ အခြေခံမူတွေဟာ ဖေါက်ဖျက်၊ ကျော်လွှားလို့မရတဲ့၊ စည်းကျော်ရင် ထမရေ(ထမင်းရည်)ပူလောင်တတ်တဲ့ မျဉ်းနီ(Red Line)တွေလဲ ဖြစ်ပါတယ်။ လုပ်ငန်းတွေကို အကောင်အထည်ဖေါ်ရာမှာဖြစ်ဖြစ်၊ သဘောထားများ ထုတ်ပြန်ရာမှာဖြစ်ဖြစ်၊ အချင်းချင်းကြား သဘောကွဲလွဲမှုကို ညှိနှိုင်းရာမှာဖြစ်ဖြစ်၊ ဆန့်ကျင်ဘက် အင်အားစုတွေနှင့် အားပြိုင်ရာမှာဖြစ်ဖြစ် မိမိတို့၏ အခြေခံမူတွေကို အလုပ်လမ်းညွှန်အဖြစ် မြဲမြဲမြန်မြန် ကိုင်စွဲထားရှိကြမယ်ဆိုရင် တစ်နေ့ကျရင် ကိုယ်ပြန်သောက်ကောင်း သောက်ရမဲ့ ရေတွင်းထဲကို တံတွေးထွေးမိတဲ့ အမှားမျိုး၊ ကိုယ့်ရှူး ကိုယ်ပတ်၊ ကိုယ့်တပ် ကိုနင်းတဲ့ အမှားမျိုးတွေကို ရှောင်နိုင်ကြမှာပါ။

လူထုနစ်နာချက်က ကမ်းကုန်နေပြီမို့ ကျုပ်တို့အားလုံး မနက်ဖန် စစ်အာဏာရှင်ကို တိုက်ဖျက်ပြီး၊ သန်ဘက်ခါ ဒီမိုကရေစီနိုင်ငံ ထူထောင်ချင်ကြပါတယ်။ သို့သော် လက်တွေ့မှာက ထင်တိုင်း မပေါက်ကြသေးတာက စာတွေ့မဟုတ်၊ ငါတွေ့ပါ။ လက်ရှိ ပကတိ အခြေအနေကို အရှိအတိုင်း လက်ခံရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဖြစ်ဖြစ်၊ ပျက်ပျက်၊ ကျုပ်တို့ ရည်မှန်းချက်တွေနှင့် အပုံကြီးဝေးနေသေးဆဲ ဖြစ်ပြန်ပါတယ်။ ကျုပ်တို့တိုက်ပွဲ မြန်မြန်၊ ကြာကြာ၊ ခက်ခက်၊ လွယ်လွယ် အမျိုးသား ရင်ကြားစေ့ရေး (National Reconciliation, NR) နှင့် အမျိုးသားနိုင်ငံရေး(National Politics, NP) ပုံသဏ္ဍာန် ဖေါ်ဆောင်ရေးတို့ကို အခြေခံမူတွေအဖြစ် ကိုင်စွဲထားသင့်ကြပါတယ်။

လုပ်ငန်းစဉ်တွေကို ချမှတ်တဲ့အခါမှာလည်း အရိုးကို အရွက်မဖုံးစေရ စကားလို အခြေခံမူတွေကို မကျော်လွန်ရရုံသာမက၊ ဖြစ်ပေါ်နေတဲ့ အခြေအနေသစ်တွေနှင့် ကိုက်ညီတဲ့ လုပ်နည်းလုပ်ဟန်သစ်တွေကိုလည်း အချိန်နှင့်တပြေးညီ တီထွင် လုပ်ကိုင်နိုင်ဖို့လိုပါတယ်။ အမေမှာတဲ့ ဆန်တစ်ခွဲ၊ သုံးစိတ်နှင့် မလဲ မလုပ်သင့်ပါဘူး။ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ အဖမ်းမခံရခင် နောက်ဆုံး လှုပ်ယှားမှုတွေကို ပြန်လည်ဆန်းစစ် ကြည့်ပါ။ စစ်အာဏာရှင် ဖြုတ်ချရေး၊ ဒီမိုကရေစီရေး၊ အခြေခံလူ့အခွင့်အရေးများရရှိရေးဆိုတဲ့ သမားရိုးကျ တိုက်ပွဲဝင် တောင်းဆိုချက်တွေနဲ့ ကျောင်းသားခေါင်းဆောင်များက နအဖကို ထိပ်တိုက် မတိုက်ခဲ့တာကို တွေ့နိုင်ပါတယ်။ နအဖကို မေတ္တာရပ်ခံစာပေးပို့တဲ့ လှုပ်ယှားမှုတွေ၊ မိမိဆန္ဒကို ငြိမ်းချမ်းစွာ ဖေါ်ပြတဲ့ အရောင်လှုပ်ယှားမှုတွေ၊ ကုန်ဈေးနှုံး၊ လောင်စာဆီဈေးနှုံး ကျဆင်းရေး တောင်းဆိုမှုတွေစတဲ့ အခြေခံ အဆင့်တွေက ပြန်စခဲ့ပါတယ်။ လူထုပါဝင်နိုင်တဲ့ အဆင့်ကို ဆင်းပေးပြီးမှ လူထုကို တွဲခေါ် အရှိန်မြှင့်ယူခြင်းဖြစ်ပါတယ်။ လူထုမလိုက်နိုင်အောင် ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်လုပ်ပြီး တပ်ဦးမကျွံခဲ့သလို၊ လူထုနောက်က ပြတ်ကျန်နေတဲ့ လူထု နောက်မြီးဆွဲလဲ မဖြစ်ခဲ့ပါဘူး။ ဒါမှ လူထုခေါင်းဆောင် ဖြစ်ပါတယ်။ အတုယူစရာ ဖြစ်ပါတယ်။

ခေါင်းဆောင်မှုအပိုင်းကို တစ်ဆက်တည်း ဆွေးနွေးကြည့်ချင်ပါတယ်။

ပထမဆုံးဆောင်းပါး(၁)မှာ မပြောင်းမလဲတတ်တဲ့ (Rigid)သဘောမဆောင်ဘဲ၊ အခြေအနေနှင့် အချိန်အခါအရ ရွေ့လျားပြောင်းလဲတတ်တဲ့၊ ကူးလူးတတ်တဲ့ (Fluid) သဘောဆောင်သော မြန်မာ့နိုင်ငံရေး အုပ်စုကြီး လေးခုကို အောက်ပါအတိုင်း ဖေါ်ပြခဲ့ပါတယ်။

၁။ နအဖနှင့် ၄င်းတို့နှင့် ဆက်စပ်နေသူများ ၂။ အင်အယ်လ်ဒီနှင့် အခြားဒီမိုကရေစီ အင်အားစုများ

၃။ ငြိမ်းအဖွဲ့များနှင့် ၄င်းတို့နှင့် ဆက်စပ်နေသူများ ၄။ မငြိမ်းအဖွဲ့များနှင့် ပြည်ပအင်အားစုများ

နံပါတ်စဉ်(၄)အုပ်စုကို သီးခြားအုပ်စု တစ်စုအနေဖြင့် လိုအပ်ချက်အရ ခွဲခြားဖေါ်ပြခဲ့သော်လည်း ၄င်းတို့သည် အဆုံးအဖြတ်ပေးရမည့်ကာလ(Critical Moment)တစ်ခုကို ရောက်တဲ့အခါ ကူးလူးတတ်သော သဘောအရ အုပ်စု(၂)နှင့် (၃)အတွင်းသို့ ခွဲဝေ စိမ့်ပျော်ဝင်သွားကြမည့်သူများ ဖြစ်ကြပါတယ်။ (နအဖအုပ်စုထဲ ပျော်ဝင်မည့်သူက မရှိလောက်ဘူးလို့ ထင်ပါတယ်။)

ဆိုတော့၊ နောက်ဆုံးမှာ ယနေ့မြန်မာ့နိုင်ငံရေး အကြပ်အတည်း၏ မူလဘူတ ကာယကံရှင် (Principle Stake Holders) သုံးပွင့်ဆိုင်ဆိုတာကိုဘဲ ဆိုက်ပါတယ်။

၁။ တပ်မတော် ၂။ အင်အယ်လ်ဒီ ၃။ တိုင်းရင်းသား

ဘာကြောင့် သုံးပွင့်ဆိုင် ရတာလဲ။ ဘာဖြစ်လို့ နှစ်ပွင့်၊ လေးပွင့်၊ ငါးပွင့် မဆိုင်ရတာလဲ။ မြန်မာတစ်နိုင်ငံလုံးရဲ့ ကံကြမ္မာကို ဒီအုပ်စု သုံးခုထဲရဲ့ လက်ထဲကိုဘဲ အပ်လိုက်ရမှာလား။ ကျုပ်တို့လည်း တိုင်းပြည်တာဝန်ကို ထမ်းဆောင်လိုကြပါတယ်။ ကျုပ်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကို ဆုံးဖြတ်တဲ့အရေးမှာ ကျုပ်တို့ မပါရဘူးလို့ ဘယ်သူကမှ ကျုပ်တို့ကို ပိတ်ပင်ခွင့် မရှိပါဘူး။ ကျုပ်တို့က ဘယ်နေရာမှာ ပါဝင်ရမလဲ။ ဘယ်အုပ်စုက ကျုပ်တို့ကို ကိုယ်စားပြုမှာလဲဆိုပြီး မေးသူတွေ ရှိမှာပါ။ မေးခွင့် ရှိကြပါတယ်။ ကျုပ်တို့ရဲ့ အရေးတော်ပုံကြီးသည် ဒုတိယလွတ်လပ်ရေးတိုက်ပွဲကဲ့သို့ ဖြစ်တယ်။ အမျိုးသားနိုင်ငံရေး ဖြစ်တယ်ဆိုရင် အမျိုးသားနိုင်ငံရေးမှာ ပြည်သူအားလုံး ပါဝင်ခွင့် ရှိရပါမယ်။ တစ်နည်းအားဖြင့်ဆိုသော် အမျိုးသား ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် သုံးပွင့်ဆိုင်သည် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး(တိုင်းရင်းသားအားလုံး)ကို ကိုယ်စားပြုနိုင်ရမည်။

၁။ တပ်မတော်

တပ်ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ရဲနှင့် မီးသတ်တပ်ဖွဲ့ကို ထဲ့သွင်းထားပါတယ်။ ဗိုလ်ချုပ်ကြီးများ၏ ဦးဆောင်မှုအောက်က စစ်မှုထမ်းဟောင်း၊ ပြည်ခိုင်ဖြိုး၊ စွမ်းအားရှင်၊ အမျိုးသမီးရေးရာ စသည့် အဖွဲ့အစည်းတွေလဲ အများအပြား ရှိနေပါတယ်။ များများ၊ နဲနဲ တပ်ရဲ့ သဘာဝအတိုင်း တပ်ချုပ်ကြီး ပြီးမှ ပြီးရတာမို့ ပုတ်သင်ညို ယိမ်းဘဲ က ကြရမှာပါ။ လွှတ်တော်ထဲ ရောက်သွားလည်း ပုတ်သင်ညို ယိမ်းပါဘဲ။ သို့သော် စစ်အာဏာရှင်စနစ်ကို မနှစ်မြို့တဲ့ တိုင်းချစ်၊ ပြည်ချစ် အရာရှိ၊ အရာခံ၊ တပ်မတော်သားများ အများအပြားရှိနေသည်ဆိုတဲ့ အချက်ကို လက်ခံထားကြဖို့ လိုပါတယ်။ တစ်ကယ်တော့ စစ်အာဏာရှင်ဆိုတာ ပြည်သူကိုသာ ကျွန်လုပ်တတ်တာ မဟုတ်ပါဘူး။ တပ်မတော်သားအချင်းချင်းလဲ အဆင့်ဆင့် ကျွန်ဇတ်သွင်းတတ်တာကို တပ်မတော်သားတွေ အသိဆုံးဖြစ်ပါတယ်။

၃။ တိုင်းရင်းသား

တိုင်းရင်းသားအုပ်စုရဲ့ လက္ခဏာကို အရင်ဆွေးနွေးခြင်းဖြင့် NLDကိုယ်စားပြုတဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ လက္ခဏာကို ဆွေးနွေးတဲ့အခါ ပိုမိုရှင်းလင်း လွယ်ကူသွားစေမယ် ထင်ပါတယ်။

တိုင်းရင်းသားကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။ တိုင်းရင်းသားကကော ဒီမိုကရေစီ အင်အားစု မဟုတ်ဘူးလား။ ပြည်သူမဟုတ်ဘူးလား။ ဗမာကကော တိုင်းရင်းသား မဟုတ်ဘူးလား။ ဗမာလူမျိုးကဘဲ ပြည်သူကို၊ ဒီမိုကရေစီအင်အားစုကို ကိုယ်စားပြုနေသလား။ တိုင်းရင်းသား၊ ဗမာ၊ ပြည်သူ သုံးခုစလုံးသည် အတူတူဘဲ မဟုတ်လား။ တစ်ကယ်တော့ တပ်မတော်သည်ပင်လျှင် တိုင်းရင်းသားပေါင်းစုံပြည်သူထဲက ပေါက်ဖွားလာတာမို့ တပ်မတော်ကို ဘာ့ကြောင့် ပြည်သူနှင့် သီးခြားခွဲ ပြောနေရတာလဲလို့ မေးခွန်းများ ထုတ်နိုင်ပါတယ်။ လက်တွေ့မှာ သီးခြားသဘော ဆောင်နေတဲ့ အဓိက အင်အားစုတွေ(Principle Stake Holders)ဖြစ်နေတာမို့ သီးခြားခွဲထားရခြင်း ဖြစ်တယ်လို့သာ ဖြေရမှာပါ။

တိုင်းရင်းသားလူမျိုးတွေရဲ့ အခြေခံရပိုင်ခွင့်အတွက် ဦးစားပေး ဆောင်ရွက်ပြီး သက်ဆိုင်ရာ တိုင်းရင်းသားတွေသာ ပါဝင်ခွင့်ရှိတဲ့ နိုင်ငံရေးအင်အားစုတွေကို တိုင်းရင်းသားအုပ်စုမှာ ထဲ့သွင်းရမယ် ထင်ပါတယ်။ ဒေသအတွက်၊ နိုင်ငံအတွက် ဦးတည်ပြီး လူမျိုးစုံ ပြည်သူအားလုံးကို ပါဝင်ခွင့် ပေးထားတဲ့ ပါတီမျိုးလည်း ရှိနိုင်ပါတယ်။ ကချင်ပြည်နယ် တိုးတက်ရေးအတွက် လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးအတွက် နေရာရှိပါသည်ဆိုတဲ့ ဒေါက်တာ တူးဂျာတို့ ဦးဆောင်ဦးရွက်လုပ်နေတဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (Kachin State Progressive Party)မျိုး ဖြစ်ပါတယ်။

အင်အယ်လ်ဒီမှာ ဗမာများနေတာကို ကြည့်ပြီး အချို့တိုင်းရင်းသားတွေက ဗမာပါတီလို့ မြင်နေတဲ့ကိစ္စကို အလျဉ်းသင့်တုန်း ဆွေးနွေးလိုပါတယ်။ နိုင်ငံအကျိုး၊ ဒေသအကျိုးအတွက် လူမျိုး၊ ဘာသာမခွဲခြားဘဲ နိုင်ငံသားတိုင်း ပါဝင်ခွင့်ပြုထားတဲ့ ပါတီတွေကို လူမျိုးစု ပါတီလို့ သတ်မှတ်လျှင် မှားပါတယ်။

ကျုပ်တို့ သွားလိုတာက ဒီမိုကရေစီနှင့် ပြည်ထောင်စုကို ပေါင်းစပ်ထားတဲ့ ဒီမိုကရေစီ ပြည်ထောင်စုစနစ် ဖြစ်ပါတယ်။ (အငြင်းပွါးစရာဖြစ်နေတဲ့ ၂၀၀၈နာဂစ် ဖွဲ့စည်းပုံကို ခဏမေ့ထားကြရအောင်။) KSPPလိုဘဲ ရှမ်းပြည်နယ်ဆိုင်ရာ၊ ချင်း၊ ကရင်၊ မွန် စတဲ့ ပြည်နယ်ဆိုင်ရာ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ တချိန်ချိန်မှာ အနှေးနှင့်အမြန် အစီအရီ ပေါ်ပေါက်လာကြမှာပါ။ သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းတွေမှာ လူဦးရေများတဲ့ လူမျိုးအုပ်စုကဘဲ အများစုဖြစ် လွှမ်းမိုးမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ပြည်နယ်တွေမှာ အစိုးရဖွဲ့ကြရင် ပြည်နယ်အာဏာကို လူဦးရေများတဲ့ လူမျိုးစုက ပိုရရှိကြမှာလဲ ဖြစ်ပြန်ပါတယ်။ အဲဒီအခါမှာ အခု ဗမာတွေကို စွပ်စွဲသလို သက်ဆိုင်ရာ ပြည်နယ်တွင်းက လူမျိုးငယ်တွေက ကချင်၊ ချင်း၊ ရှမ်း စသူတို့ကို စွပ်စွဲလာရင် ဘယ်လို ဖြေကြဖို့ စိတ်ကူးထားပါသလဲ။ ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်း စတဲ့ပြည်နယ်ပါတီမှာ ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်း စတဲ့အမျိုးသားတွေ အများစုပါဝင်နေတာ မမှားရင် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးပါတီကြီးတစ်ခုမှာ နိုင်ငံ့လူဦးရေအများစုကြီးဖြစ်တဲ့ ဗမာက အများစုပါနေတာက ဘာများ မှားသွားပါသလဲ။ ဗမာအများစု မပါရင်သာ တစ်ခုခု မှားနေပြီလို့ သံသယ ရှိသင့်ကြပါတယ်။ လူများစုက လွှမ်းမိုးတတ်တဲ့ ဒီမိုကရေစီကို မကြိုက်ရင် လူနည်းစု လွှမ်းမိုးနေတဲ့ အာဏာရှင်စနစ်ကို ဆက်မတိုက်ကြဖို့ဘဲ ဖြစ်ပါတယ်။ တစ်ကယ်တော့ လူများလို့၊ မဲနိုင်လို့၊ အင်အားတောင့်တင်းလို့ လူနဲစုကို၊ မဲရှုံးသူကို၊ အားနဲသူကို အနိုင်ကျင့်တာ ကျုပ်တို့သွားမဲ့ ဒီမိုကရေစီ မဟုတ်ပါဘူး။ လူများစုကဖြစ်စေ၊ မဲနိုင်သူကဖြစ်စေ ထင်သလို ချယ်လှယ်လို့မရအောင်၊ လူနဲစုတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ မူလ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအကျ ထည့်သွင်းရေးဆွဲ အာမခံချက်ပေးထားရမှာ ဖြစ်ပါတယ်။

၂။ အင်အယ်လ်ဒီ

သုံးပွင့်ဆိုင်ထဲမှာ တစ်ပွင့်ကို အင်အယ်လ်ဒီအဖြစ် ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေသာမက ကုလအပါအ၀င် နိုင်ငံတကာက တညီတညွတ်တည်း အတိအလင်း သတ်မှတ် လက်ခံထားကြပါတယ်။ ၁၉၉၀ခု ရွေးကောက်ပွဲမှာ လူထုထောက်ခံမဲ အများစုကြီးနှင့် ပြတ်ပြတ်သားသား တရားဝင် အနိုင်ရထားတဲ့ အင်အယ်လ်ဒီရဲ့ မှန်ကန်သော၊ တရားမျှတသောနေရာ (Rightful and Legitimate Space)လည်း ဖြစ်ပါတယ်။

လူထု၏ ကိုယ်စားလည်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရတဲ့ အင်အယ်လ်ဒီက မိမိပေးအပ်ခံရတဲ့ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်လိုတယ်ဆိုရင် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ကို လိုလားတဲ့ ဒီမိုကရေစီအင်အားစုများ အပါအ၀င် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးကို ကိုယ်စားပြုနိုင်ဖို့ လိုပါတယ်။

လူထုကို ကိုယ်စားပြုတာမှန်ရင် လူထုရဲ့ ဆန္ဒကို ထင်ဟပ်ရမယ်။ လူထုကို ပါဝင်ပတ်သက်ခွင့် ပေးရမယ်။ လူထုအကျိုးကို ပါတီအကျိုးထက် ရှေ့တန်းတင်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်က ပါတီအကျိုးထက် လူထုအကျိုးကိုသာ ကြည့်ရမယ်လို့ ရှင်းရှင်း ပြတ်ပြတ် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီတစ်ခု၏ ခေါင်းဆောင်ထက် လူထုခေါင်းဆောင်ဖြစ်လာသကဲ့သို့ အင်အယ်လ်ဒီကလဲ သာမန် နိုင်ငံရေးပါတီတစ်ခုထက် အမျိုးသားနိုင်ငံရေး လှုပ်ယှားမှုကို ဦးဆောင်တဲ့ လူထုပါတီ ဖြစ်လာဖို့လိုပါတယ်။ ဒါမှသာ တိုင်းရင်းသားတွေရဲ့ အကျိုး၊ တပ်မတော်ရဲ့ အကျိုး၊ အလွှာစုံ ပြည်သူလူထုရဲ့ အကျိုး၊ နိုင်ငံတော်ရဲ့ အကျိုး စတဲ့ အကျိုးစီးပွါးအားလုံးကို သဟဇာတဖြစ်ဖြစ် အောင်မြင်စွာ ပေါင်းစပ် အကောင်အထည် ဖေါ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သည် ပထမလွတ်လပ်ရေးအတွက် အမျိုးသားရေး လှုပ်ယှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ယနေ့မြန်မာ့နိုင်ငံရေး အကြပ်အတည်းက လွတ်မြောက်အောင် အမျိုးသားနိုင်ငံရေးလှုပ်ယှားမှုဖြင့် ပြည်သူလူထုကို ဦးဆောင်ဦးရွက် ပြုနိုင်သူ ဟုတ် မဟုတ်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အချစ်၊ အမုန်း ကင်းစင်လျက် ယထာဘူတကျကျ ဆန်းစစ်ကြဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည် ငြိမ်းချမ်း၊ တိုးတက်၊ တရားမျှတရေးအတွက် လက်တွေ့ကျကျ အောင်မြင်စွာ ဦးဆောင်နိုင်သော ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံတဲ့ နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်းကို အောက်ပါအချက်များအရ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြပါတယ်။

၁။ လူထု၏ ယုံကြည် ထောက်ခံမှုကို ရရှိခြင်း (ဗိုလ်ချုပ်အောင်ဆန်း နောက်ပိုင်း မြန်မာ့သမိုင်းတွင် ဗိုလ်ချုပ်ကဲ့သို့ လူထုထောက်ခံမှုရသည့် တစ်ဦးတည်းသော ခေါင်းဆောင်)

၂။ တိုင်းရင်းသားများ၏ ယုံကြည် ထောက်ခံမှုကို ရရှိခြင် (တိုင်းရင်းသားများ၏ လေးစားထောက်ခံမှုကို ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ရရှိထားခြင်း)

၃။ အရည်အချင်း ထက်မြက်၊ အမျှော်အမြင် ကြီးမား၊ ဖြောင့်မတ် တည်ကြည် ရဲရင့်ခြင်း (ရာထူး စည်းစိမ် ဥစ္စာနှင့် မြှောက်မရ၊ သေမယ်၊ သတ်မယ်ဆိုပြီး ခြောက်မရ။ ဒီပဲယင်းမှာ လုပ်ကြံခံရသော်လည်း တိုင်းပြည်အကျိုးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောထားကို ဆက်လက်ကိုင်စွဲထားခြင်း၊ ဆီနိတ်တာ ဂျင်ဝက်က တရုပ်နှင့် ခြောက်လို့လဲ မရ)

၎။ တပ်မတော်ဖခင်၊ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်း (တပ်မတော်ကို မြတ်နိုးလေးစားသူ၊ တိုင်းပြည်ကို ချစ်သူ၊ ပြည်သူလူထုနှင့် တပ်မတော်ကို ပြန်လည် လက်တွဲပေးနိုင်သူ၊ တပ်မတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သူ)

၅။ နိုင်ငံတကာ၏ လေးစား ထောက်ခံမှုကို ရရှိခြင်း (နိုင်ငံပြန်လည်တည်ထောင်ရေးအတွက် မရှိမဖြစ်လိုအပ်သော နိုင်ငံတကာ၏ အလုံးအရင်း ထောက်ကူမှုများကို ရရှိနိုင်ခြင်း)

ဇန္န၀ါရီလ ၁၁၊ ၂၀၁၀ အာအက်ဖ်အေ ညပိုင်းအစီအစဉ်မှာ မအင်ကြင်းနိုင်၏ မေးမြန်းချက်ကို မြန်မာ့လွတ်လပ်ရေး ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်ငြိမ်း၏ သမီး ဒေါ်ချိုချိုကျော်ငြိမ်းက ဖြေကြားရာမှာ လွတ်လပ်ရေးတိုက်ပွဲကို ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့က ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်တွဲတိုက်ပွဲ ၀င်ခဲ့ကြကြောင်း တခုတ်တရ ထဲ့သွင်း ပြောကြားသွားပါတယ်။ သမိုင်းကြောင်း တပတ် လည်သွားနိုင်ပါတယ်။ ကျုပ်တို့ လုပ်တတ်၊ ကိုင်တတ်ကြဖို့၊ စိတ်ရှည်ဖို့၊ အပြန်အလှန် လေးစားတတ်ဖို့၊ အမျှော်အမြင်ကြီးဖို့ဘဲ လိုပါတယ်။

တစ်ချိန်က တိုင်းရင်းသားပေါင်းစုံပါဝင်သော မြန်မာ့ခေါင်းဆောင်ကြီးများက မိမိတို့ အချင်းချင်းအကြား သဘောထား ကွဲလွဲမှုတွေကို ရှေ့တန်းမတင်ဘဲ မြန်မာ့လွတ်လပ်ရေးအတွက် တညီတညွတ်တည်း လက်တွဲဆောင်ရွက်ခဲ့ကြသကဲ့သို့ ၄င်းတို့၏ သား၊ သမီး၊ မြေး၊ မြစ်များအပါအ၀င် အလွှာပေါင်းစုံ၊ အယူအဆပေါင်းစုံ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ် အတူတကွ လက်တွဲဆောင်ရွက်နိုင်ဖို့က အမျိုးသားနိုင်ငံရေး လှုပ်ယှားမှုတည်းဟူသော အလံတော် အောက်မှာသာ ဖြစ်နိုင်သည်ဟု ယုံကြည်ပါတယ်။

အမျိုးသားနိုင်ငံရေး လှုပ်ယှားမှုကို ညီညွတ်မှသာ ရနိုင်ပါတယ်။ တစ်ဖက်က ညီညွတ်ကြဖို့ ကြေညာချက်တွေ ဘယ်နှစ်ခါထုတ်ထုတ်၊ ကွန်ဖရင့်တွေ ဘယ်နှစ်ကြိမ်ခေါ်ခေါ် ကျန်တစ်ဖက်က ညီညွတ်ရေးကို ထိခိုက်စေတဲ့ အုပ်စုဖွဲ့မှုတွေ၊ မတူညီတဲ့ အမြင်တွေကို တန်ဖိုးမထားတတ်မှုတွေ အပါအ၀င် အဆိုးဆုံးက ဒီမိုကရေစီ တိုက်ပွဲဝင် အင်အားစု အချင်းချင်း အလွယ် တံဆိပ်အမျိုးမျိုးတပ်ပြီး ဆန့်ကျင်ဘက် အုပ်စုအတွင်း အတင်းတွန်းထုတ်မှုတွေကို လုပ်နေကြအုန်းမယ်ဆိုရင် ဘယ်တော့မှ ညီညွတ်ရေးကို မတည်ဆောက်နိုင်ပါဘူး။ ညီညွတ်ရေး မရှိရင် အမျိုးသားနိုင်ငံရေး လှုပ်ယှားမှုကို မရနိုင်ပါဘူး။ အမျိုးသား နိုင်ငံရေး လှုပ်ယှားမှုကြီးကို မဖေါ်ဆောင်နိုင်ရင် ရာစုတစ်ဝက်လောက် စားထား၊ ၀ါးထားတာ အံခွနေတဲ့ စစ်အာဏာရှင်စနစ်ကို နောက်ထပ် အနှစ် နှစ်ဆယ် ထပ်တိုက်လဲ အောင်ဖို့လမ်း မမြင်လောက်ပါဘူး။ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေအုန်းမှာပါ။

အဆိုတစ်ခုကို တင်ကြည့်လိုပါတယ်။ စဉ်းစားဆင်ခြင်တော်မူကြပါ။

“ဒီမိုကရေစီကို လိုလားသူများ၊ တိုင်းရင်းသားများ၏ မူလပိုင်ခွင့်များအတွက် တိုက်ပွဲဝင်ကြသူများ၊ တိုင်းပြည် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသူများ၊ တိုင်းချစ် ပြည်ချစ် တပ်မတော်သားများ၊ အမျိုးသား ရင်ကြားစေ့ရေးကို လိုလားကြသူများ မှန်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ၀ိုင်းရံကြ”

ဘယ်လို သဘောရပါသလဲ။ မျက်စေ့ထဲ သဲဝင်သွားသူများ ရှိပါသလား။ တီကို ဆားနှင့် တို့လိုက်သလို တွန့်သွားပါသလား။ ဒီမိုကရေစီတို့ တိုင်းပြည် တိုးတက်အေးချမ်းတာတို့ကို လိုချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ မထောက်ခံနိုင်ပါဘူး၊ လက်မတွဲနိုင်ပါဘူး ဆိုသူများ၏ သဘောထား ဆန္ဒကို လေးစားအသိအမှတ်ပြုပါတယ်။

သို့သော် လေးလေးနက်နက် စဉ်းစားကြစေချင်ပါတယ်။ ဘုံရည်မှန်းချက်တွေအတွက် စွမ်းဆောင်ရည်အရှိဆုံး ခေါင်းဆောင်ကို ၀ိုင်းရံဖို့ လိုအပ်တယ်လောက်ကိုတော့ သိသင့်ကြမယ် ထင်ပါတယ်။ အနိမ့်ဆုံးအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တည်ဆောက်မဲ့ ဒီမိုကရေစီနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်ရင် ဖြုတ်ချလို့ ရပါတယ်။ စစ်အာဏာရှင်ကိုတော့ မကြိုက်လဲ ထွေးမနိုင် မြိုမရနဲ့ ဆက်ပြီး ကုန်းခံနေရမှာမို့ အာဏာရှင်စနစ် ပပျောက်ရေးနှင့် ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား နိုင်ငံရေးလှုပ်ယှားမှုကြီးမှာ ဒီမိုကရေစီအင်အားစုများမှန်လျှင် သမိုင်းတစ်ပတ်လည်ပြီး အားလုံး ပူးပေါင်းပါဝင် လက်တွဲကြဖို့ လိုအပ်နေကြောင်းပါဗျာ။

အောင်ထီ ဇန္န၀ါရီလ (၁၅)၊ ၂၀၁၀


စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓု

http://ifile.it/42v8lnfmahabanduula
https://www.myanmarisp.com/2010/PB/PB0145/မှရယူပါသည်။

15 Jan 2010 ဒိုင်ယာရီ

http://ifile.it/8jhqm69 15 Dec 2009 Diary

ပြည်သူ့တပ်မတော်သားများသို့ ပန်ကြားလွှာ

http://ifile.it/0fjekw8Statement by Free Burma Federation (14.1.2010)

သင့် သတင်းထောက်ကို သင်ကိုယ်တိုင် ကာကွယ်ပါ


သင့် သတင်းထောက်ကို သင်ကိုယ်တိုင် ကာကွယ်ပါ
သန်းစိုးလှိုင်၊ ရန်ကုန်
ဇန်န၀ါရီ ၁၅၊ ၂၀၁၀
သတင်းထောက်လား သူပုန်လား
သတင်းထောက် တယောက် ပခုက္ကူမှာ သတင်းယူတာနဲ့ ပတ်သက်ပြီး အဖမ်းခံလိုက်ရတယ်လို့ လွန်ခဲ့တဲ့ ၄လ၀န်းကျင်က ကြားမိပါတယ်။ ဘယ်သူဘယ်ဝါ ဆိုတာ ဘယ်လို သတင်းယူပြီး အဖမ်းခံရသလဲ ဆိုတာတွေ အဲဒီ အချိန်က ဘာမှထပ်မကြားရတော့ပဲ ပျောက်သွားရာက ၃လ ကျော်အကြာ ၂၀၀၉ ခုအကုန်မှာတော့ ထောင်ဒဏ် အနှစ် ၂၀ချမှတ်လိုက်တယ်လို့ ဆိုတာထပ်ကြားသိရပါတယ်။

သတင်းထောက် တယောက်ကို ပြည်ပသတင်းဌါနအတွက် သတင်းယူပေးတာနဲ့ လူသတ်မှု၊ နိုင်ငံတော် ပုန်ကန်မှုတွေလောက် ပြစ်ဒဏ်ကြီးနဲ့ ချရသလားဆိုတာကို ပြည်တွင်းကရော ပြည်ပကပါ ကြားရတဲ့သူတိုင်းက အံ့အားသင့်နေကြပါတယ်။ နအဖ အစိုးရက ပြည်ပသတင်းဌါနတွေနဲ့ ဆက်သွယ်လုပ်ကိုင်တဲ့သူကို နိုင်ငံတော် ပုန်ကန်သူတွေလောက် သဘောထားပြီး ကြီးမားတဲ့ ပြစ်ဒဏ် ချမှတ်နေတာပါ။
မကြာသေးမီက အကျဉ်းထောင်က လွတ်မြောက်လာတဲ့ သတင်းထောက် တဦးက ယခုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး
“ဒီသတင်း ကြားရတော့ ရုတ်တရက် အံ့သြသွားတယ်။ ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်တဲ့ အမှုလဲမဟုတ်၊ အရမ်းကို ပြင်းလွန်းတယ်”
လို့သူခံစားရတာကို ထုတ်ဖေါ်ပြောဆိုပါတယ်။
နအဖ အစိုးရဟာ သူတို့ရဲ့ လုပ်ရပ်တွေကို ဖေါ်ထုတ်နေတဲ့ ပြည်ပမီဒီယာ အတွက်လုပ်ပေးနေသူတွေကို ဖေါ်ထုတ်ဖို့ အမြဲတမ်း စောင့်ကြည့် နေတာပါ။ သတင်းယူသူတွေ အနေနဲ့ ရဲတွေ၊ စရဖနဲ့ ကြံ့ဖွတ်တွေ စောင့်ကြည့်နေတဲ့ အန္တရာယ်ကြားမှ မြန်မာနဲ့ နိုင်ငံတကာ လူထုကို တင်ပြလိုဇောနဲ့ လုပ်ကိုင်နေကြတာပါ။

ပြည်သူတို့ရဲ့ စကားပြန်အလုပ်
သတင်းထောက်တွေ အနေနဲ့ ထောင်ကျတန်းကျမယ့် အန္တရာယ် ကြားမှ သွားလာ လုပ်ကိုင်နေကြတာဟာ သတင်းအတွက်ရမယ့် ငွေကြေး တခုထဲကြောင့် မဟုတ်ကြပါဘူး။ သတင်းရေး၊ သတင်းဓါတ်ပုံရိုက်၊ သတင်းဗီဒီယို ရိုက်လို့ရတဲ့ ငွေကြေးဟာ သတင်းထောက် တယောက်အတွက် ထောင်နဲ့လဲရလောက်အောင် တန်တဲ့ငွေကြေးပမာဏ မဟုတ်ပါဘူး။
ပြည်ပ သတင်း ၀က်ဆိုက်တခုအတွက် သတင်းရေးသားပေးနေသူ တဦးက
“ကျွန်တော်တို့ သတင်းထောက် အလုပ်ကို ရွေးချယ်ပြီးနောက်မှာ ဒီအလုပ်ဟာ ဖုံးကွယ်နေတဲ့အဖြစ်အပျက်၊ မတရားခံစားနေရတာတွေ အစိုးရရဲ့ မတရား အနိုင်ကျင့်တာတွေကို ဖေါ်ထုတ်တင်ပြပေးပြီး အဲဒီလိုတင်ပြပေးတဲ့ အတွက် ခံစားရတဲ့ သူတွေမှာ သက်သာသွားတာ အခြေအနေပြောင်းလဲသွားတာတွေ ရှိလို့ ကျေနပ်တဲ့ ခံစားမှုမျိုးခံစားရပါတယ်။ လုပ်အားခ ရရုံတခုထဲနဲ့တော့ အခုလို အန္တရာယ်များတဲ့ အလုပ်ကိုလုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး”
လို့ဆိုပါတယ်။
အခုကိစ္စအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေက ယခုထက်ပိုပြီး နအဖ အစိုးရကို ဝေဘန်ပြီး ဖိအားပေးဖို့ သတင်းထောက် တယောက်အနေနဲ့ လိုလားတာ အမှန်ပါပဲ။ ယခုအခြေအနေ ဖြစ်ပျက်ထိရောက်ရှိပြီးမှ လုပ်နိုင်တဲ့ အချက်အလက်တွေကို စဉ်းစားကြည့်တဲ့အခါ အဆိုပါ အချက်ကို တွေ့မြင်မိတာပါ။

မဖြစ်ခင် ကြိုတင်ကာကွယ်ကြဖို့
အခြားတဖက်မှာတော့ သတင်းထောက်တယောက်အနေနဲ့ ယခုလို အခြေအနေမျိုး မကြုံတွေ့ဖို့ ဘယ်လို အချက်အလက်တွေကို သတိပြုသင့်သလဲ ဘာတွေ သတိထားရမလဲ ဆိုတာတွေကို လည်းပြောဆို ဆွေးနွေးစရာ ရှိလာပါတယ်။
ယခု အဖမ်းခံရတဲ့မလှလှဝင်းကို မီဒီယာ အသိုင်းအ၀ိုင်းမှ ဘယ်သူမှ သိပ်မသိရှိကြပါဘူး။ ပြင်ပမီဒီယာ အတွက်လုပ်ကိုင်ပေးသူ ဖြစ်လို့ လူသူသိပ်မသိတဲ့ အချက်ဟာ လုံခြုံရေးအတွက် ကောင်းပေမယ့် သူလုပ်ဆောင်တဲ့ အလုပ်နဲ့ ပတ်သက်တဲ့ ဘေး အန္တရာယ်တွေကိုတော့ ကြိုတင်တွက်ဆ နားလည်ထားသင့်ပါတယ်။
သတင်းထောက်လုပ်ကိုင် ဖူးသူတွေဆိုရင်တော့ သတင်းယူတဲ့ အတွေ့အကြုံရှိပြီး အန္တရာယ် ရှိတဲ့ ပတ်ဝန်းကျင်၊ အန္တရာယ် အငွေ့အသက်တို့ကို ခန့်မှန်းတွက်ဆနိုင်မှာပါ။ ရှုပ်ထွေးတဲ့ အခြေအနေမျိုးဖြစ်တဲ့ သဘာဝကပ်ဘေး၊ အဓိကရုဏ်း နဲ့ စစ်ပွဲ သတင်းတို့လိုမှာတော့ သတင်းထောက်တွေရဲ့ လုံခြုံရေးဟာ ပိုမိုအန္တရာယ် ရှိပြီးကြိုတင် တွက်ဆရလည်း ခက်ခဲပါတယ်။ အဲလိုမဟုတ်ပဲ ယခု ပခုက္ကူ အဖြစ်အပျက်လို မျိုးမှာတော့ မသွားခင် မယူခင်မှာ အခြေအနေကိုလေ့လာ အကဲခတ်သင့်တဲ့ အနေအထားလို့ ဆိုရမှာပါ။

သတင်းသမား ဘာလဲ ဘယ်လဲ
ပြည်တွင်း မီဒီယာသမားတွေနဲ့ အထိအတွေ့များပြီး ယခင်က သူကိုယ်တိုင် မီဒီယာသမား တဦးဖြစ်ခဲ့သူ တဦးက
“အခုကိစ္စမှာ တကယ်လို့ သတင်းကျင့်ဝတ်နဲ့ အညီသတင်းယူတာ ဆိုရင် သတင်းထောက် တယောက်ဟာ ဥပဒေရဲ့ စောင့်ရှောက်မှုကို ရသင့်တယ်။ နောက်တော့ ဒီသတင်းထောက်ကို အယ်ဒီတာက ခိုင်းတယ်ဆိုရင် အယ်ဒီတာရဲ့ ပံ့ပိုးမှုကို ရသင့်တယ်၊ သတင်းဌါနနဲ့ အယ်ဒီတာက ဒီသတင်းကို လိုက်ခိုင်းတာဆို ဌါနမှာ တာဝန်လုံးလုံးရှိတယ်”
လို့သူ့အမြင်ကို ပြောဆိုပါတယ်။
နအဖ အစိုးရဟာ သတင်းသမားတွေကို အတိုက်အခံနိုင်ငံရေး သမားတွေလောက် သြဲံကီးမဲကြီး စောင့်ကြည့်ပြီးနောက်က လိုက်နေတာမျိုး မဟုတ်ပေမယ့်လည်း သတင်းထောက် တယောက် အနေနဲ့ တကွက်မှားသွားခဲ့ရင် သူ့ကို စတုတ္ထမဏ္ဍိုင်က ဆိုပြီး စစ်အစိုးရက ညှာတာလျော့ပေါ့ပေးတဲ့ သာဓကတွေ မရှိပါဘူး။
ပြည်တွင်းအတွက် လုပ်ကိုင်တာဆိုရင် နှစ်နည်းနည်းပဲ ထောင်ချပြီး ပြည်ပတွက် လုပ်ကိုင်တာဆိုရင်တော့ နှစ်ဆယ်ဂဏန်းနဲ့ ချီပြီးချနေတာ အခုအဖြစ်အပျက်က သက်သေပြနေပါတယ်။

သတင်းတန်ဖိုး၊ သတင်းထောက်တန်ဖိုး
ပြည်တွင်းသတင်းထောက် တယောက်အနေနဲ့ ပြည်ပမှာ အခြေစိုက်ကြတဲ့ သတင်းဌါနတွေကို အသိပေး မေတ္တာ ရပ်ခံချင်တာတခု ရှိပါတယ်။ နိုင်ငံတကာ သတင်းဌါနတွေက ပြည်တွင်းမှာ သတင်းလာယူကြတဲ့ နိုင်ငံခြားသား သတင်းထောက်တွေကို ကူညီဆက်သွယ်ပေး စီစဉ်ပေးတဲ့အခါမှာ သူတို့အမြဲပြောတဲ့ စကားရှိပါတယ်။
အဲဒီစကားက ဘာလဲဆိုရင် - သတင်းထောက် တယောက်ရဲ့ လုံခြုံရေးထက် အရေးကြီးတာ ဘာမှမရှိဘူး၊ အဲဒီနေရာသွားလို့ ကူညီဆက်သွယ်ပေးတဲ့သူ သို့မဟုတ် ဖြေကြားတဲ့သူ တစုံတရာ အန္တရာယ် ကျရောက်နိုင်တယ်ဆို မလုပ်ပါနဲ့ ဆိုတဲ့ သဘောပါ။ အန္တရာယ်နဲ့လဲပြီး သတင်းရယူ ရလောက်အောင် ဆိုရင်အဲဒီသတင်းဟာ တန်ဖိုးမကြီးဘူး လို့လဲပြောပါတယ်။
ဒါဟာ နိုင်ငံတကာ သတင်း အေဂျင်စီတွေနဲ့ သတင်းစာတွေက ထားရှိတဲ့ စံနှုန်းမူဝါဒ ဖြစ်မှာပါ။ ကျွန်တော်တို့ ပြည်ပအခြေစိုက် မြန်မာသတင်းဌါနများ အနေနဲ့လဲ မိမိတို့ရဲ့ ပြည်တွင်း သတင်းထောက်များနဲ့ ပတ်သက်ပြီး သတင်းဌါနရဲ့ စံနှုန်းနဲ့ မူဝါဒထားရှိသင့်ပါတယ်။
သတင်းယူတဲ့သူတွေဟာ အသေခံ ဗုံးခွဲသူ (suicide bomber) တွေမဟုတ်ကြပါဘူး။ သတင်းတကြိမ်ယူပြီး နှစ်ကာလကြာရှည်စွာ အကျဉ်းထောင်ထဲမှာ အချိန်ကုန်ဆုံးစေရမယ့် အခြေအနေဟာ မလိုလားအပ်တဲ့ အခြေအနေတခုလို့ ပြည်တွင်းက သတင်းထောက် တယောက်အနေနဲ့ ယူဆပါတယ်။
နအဖ စစ်အစိုးရက ရက်စက်တယ် ဆိုးတယ်ဆိုတာ တကမ္ဘာလုံးက သိကြပါတယ်။ မကောင်းတဲ့ဘက်မှာ ကမ္ဘာကျော်ပါတယ်။ ဒါပေမယ့် နအဖဆိုးတာကြောင့် သတင်းထောက်တွေ မကြာခဏ အဖမ်းခံနေရ ထောင်ဒဏ်ကျခံနေရတဲ့ ကိစ္စမှာ အားလုံးကို နအဖတာဝန် ချည်းပုံပြီးထားလို့ မဖြစ်သေးပါဘူး။
undercover သတင်းထောက် တယောက်ဟာ အာဏာပိုင်တွေ မသိအောင် သတင်းယူတယ်ဆိုတဲ့ အဖြစ်မှာ သတင်းရဖို့ဟာ သွားတဲ့ဦးတည်ချက် တခုဖြစ်သလို အဖမ်းမခံရအောင် ဆိုတဲ့ အချက်ဟာလည်း ဒုတိယ အရေးကြီးတဲ့ ဦးတည်ချက်ပါပဲ။ အဖမ်းခံရခြင်းဟာ မိခင်သတင်းဌါနအတွက် ဂုဏ်ရှိတဲ့ အချက် မဟုတ်ပါဘူး။ မိမိရဲ့ လုပ်ဖေါ်ကိုင်ဖက်တယောက် မီဒီယာသမားတယောက် အင်အားလျော့သွားသလို အဲဒီတဦးချင်းရဲ့ ဘ၀တွေမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာတော့မှာ သေချာပါတယ်။

သတင်းထောက်နဲ့ အတိုက်အခံ ဘ၀တူ
ပြည်ပသတင်းဌါနအတွက် လုပ်ကိုင်ပေးနေတဲ့ သတင်းထောက် တယောက်ရဲ့ ဘ၀ဟာ သတင်းထောက်နဲ့ တက်ကြွလှုပ်ရှားသူ (activist) ဆိုတဲ့ အကြားမှာ ပါးလွှာတဲ့ စည်းတခုလေးပဲ ခြားပါတယ်။ အချို့သော သတင်းထောက်တွေက သတင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်ကြသလို၊ အချို့က သတင်းနဲ့ ပတ်သက်ပြီးမကျွမ်းကျင်ပဲ စစ်အစိုးရကို သတင်းလက်နက်နဲ့ တိုက်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ လုပ်ကိုင်သူတွေလည်း တွေ့မြင်နေရပါတယ်။ သတင်းဘက်ကပဲ လာသည်ဖြစ်စေ၊ တက်ကြွလှုပ်ရှားသူ ဘက်ကပဲ လာသည်ဖြစ်စေ တယောက်အဖမ်းခံရတာဟာ တယောက် ကျဆုံးတယ်လို့ပဲ တွက်ရမှာပါ။ သတင်းမီဒီယာ ရှုထောင့်ကကြည့်တဲ့အခါ သတင်းထောက်ကို မစွန့်စားခိုင်းသင့်သလိုပဲ နိုင်ငံရေး ရှုထောင့်ကကြည့်ရင်လည်း ကိုယ့်လုပ်ဖေါ်ကိုင်ဖက် ကျဆုံးတာဟာ တယောက် အင်အားယုတ်လျော့သွားတဲ့ သဘောပါပဲ၊

နောက်ဆုံး မေးခွန်း
နောက်ဆုံး အနေနဲ့ ပြည်ပ သတင်းဌါနများကို မေးခွန်းတခုပဲ မေးချင်ပါတယ်။ ကိုယ့်သတင်းဌါနက သတင်းထောက် တယောက် သတင်းသွားယူရင်း အဖမ်းခံရ အပြစ်ပေးခံရတဲ့ အဖြစ်ဟာ ဂုဏ်ယူစရာ ကိစ္စလား ရှက်စရာ ကိစ္စလားဆိုတာပါ။




အလွန့်ယောက်ျားလုပ်မှာလား နအဖ


ဘွဲ့ဖြူ

၁၅ ဇန်န၀ါရီ ၂၀၁၀

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ ထူးခြားတဲ့ နှစ်တနှစ်ဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ ၂၀၁၀ ခုနှစ်ထဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်။ ဒါပေမယ့် နအဖဟာ ဒီနှစ်ထဲမှာ လုပ်ဖြစ်အောင်လုပ်မယ်လို့ သူအကြိမ်ကြိမ် ကြုံးဝါးထားတဲ့ ရွေးကောက်ပွဲအတွက် အရေးပါတဲ့ ဘာထုတ်ပြန်ကြေညာချက်တခုကိုမှ မပြုလုပ်သေးဘူး။ သူ့ရဲ့ဝန်ကြီးတချို့နဲ့ လက်အောက်ခံအဖွဲ့အစည်းတချို့ ကတော့ အဲဒီရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ အထင်ရောက်စရာ လုပ်ရပ်တချို့ကို တိုးတိုးတမျိုး၊ ကျယ်ကျယ် တဖုံ လုပ်နေကြတာကို တွေ့နေ၊ မြင်နေ၊ ကြားနေရတယ်။

အဲဒီရွေးကောက်ပွဲအတွက် နအဖ မဖြစ်မနေ ထုတ်ပြန်ကြေညာပေးရမယ့် အဓိကကိစ္စကြီးနှစ်ခုရှိတယ်။ တခုက ရွေးကောက်ပွဲ လုပ်မယ့် ရက်အတိအကျအပါအ၀င် ရွေးကောက်ပွဲဥပဒေဖြစ်တယ်။ နောက်တခုက ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ဖြစ်တယ်။

တရားဝင်အစိုးရတခုက အုပ်ချုပ်နေပြီး ပုံမှန်အခြေအနေများအောက်မှာရှိနေတဲ့ နိုင်ငံတွေမှာဆိုရင်တော့ အဲဒီအစိုးရဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်ပါတီများကို ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန်လုံလုံလောက်လောက် ပေးလေ့ရှိတယ်။ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ပွဲပြန်လုပ်ပေးတဲ့ နိုင်ငံတွေမှာတောင်မှ (တည်ဆဲနိုင်ငံရေးစနစ်ကို လုံးဝအပြီးတိုင် ဖျက်သိမ်းပစ်လိုက်တာမျိုး မရှိခဲ့ဘူးဆိုရင်) ပါတီတွေဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် လုံလုံလောက်လောက် ရလေ့ရှိကြတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေမျိုးဆိုရင်တော့ ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန်ကို နှိုင်းယှဉ်ချက်အရ အခြားနိုင်ငံတွေမှာထက် ပိုလို့တောင် လိုသေးတယ်။ အကြောင်းကတော့ သူတို့ကိုယ်တိုင် ဦးစီးကြီးမှူးပြီး ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲတခုက ထွက်ပေါ်လာတဲ့ ရလဒ်ကို သူတို့ကိုယ်တိုင် ဖျက်ဆီးချေမှုန်းပစ်ဖို့ အသေအလဲ ကြိုးပမ်းနေပြီး သူတို့ကိုယ်တိုင် ထူထောင်ခွင့်ပေးခဲ့တဲ့ ပါတီတွေကို သူတို့ကိုယ်တိုင် ဆယ်စုနှစ် (၂) ခုကြာလာသည့်တိုင် တိုက်ခိုက်ချေမှုန်းနေဆဲဖြစ်တဲ့ အဖွဲ့တခုက အုပ်ချုပ်နေတဲ့ ဒီနိုင်ငံမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားမှု အရှိဆုံး လူတွေအနက် အများစုက ထောင်ထဲမှာရှိနေကြပြီး အပြင်မှာရှိနေကြတဲ့ နိုင်ငံရေးသမားအများစုကြီးဟာလည်း စစ်ထောက်လှမ်းရေးက ဘယ်ည ကိုယ့်အိမ်တံခါးလာခေါက်မလဲဆိုတာကို စိုးတထိတ်ထိတ်ဖြစ်နေကြရတဲ့ တချိန်တည်းမှာ ဆန္ဒမဲပေးကြမယ့် ပြည်သူလူထုကြီးတရပ်လုံးကလည်း ‘နိုင်ငံရေး’ ဆိုတဲ့ စကားလုံးကို ပြောရဲဖို့နေနေသာသာ ကြားတောင်မကြားရဲကြတဲ့ အနေအထားမျိုးမှာ ရွေးကောက်ပွဲဝင်မယ်လို့ ရည်ရွယ်ထားသူတွေအဖို့ ရွေးကောက်ပွဲအတွက် ပြင်ဆင်လုပ်ဆောင်စရာတွေ အများကြီး အများကြီး ရှိနေကြလိမ့်မယ်။ အဲဒါနဲ့ တဆက်တည်းမှာပဲ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန်ဟာလည်း အများကြီး အများကြီး လိုအပ်မှာ သေချာနေတာကြောင့်ဖြစ်တယ်။

တကယ်တော့ နအဖက ရွေးကောက်ပွဲဥပဒေနဲ့ ပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဒီလထဲမှာ ထုတ်ပြန်ကြေညာပြီး ရွေးကောက်ပွဲကို ဒီနှစ်ဒီဇင်ဘာလမှာ ကျင်းပမယ် ဆိုရင်တောင် ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားသူတွေအတွက် ပါတီဖွဲ့စည်းဖို့၊ ပြည်သူလုထုကို မဲဆွယ်စည်းရုံးဖို့အချိန်က (၁၁) လ၀န်းကျင်ပဲ ရတော့မှာဖြစ်လို့ အဲဒီအချိန်အတိုင်းအတာဟာ မြန်မာပြည်က ဖွတ်ဖွတ်ညက်ညက်ကြေအောင် ထုနှက်ခြင်းခံထားရတဲ့ နိုင်ငံရေးသမားတွေအတွက် လုံလောက်တယ်လို့ လုံးဝမဆိုနိုင်တဲ့ အတိုင်းအတာဖြစ်တယ်။

အထက်ဖော်ပြပါ ဥပဒေတွေ ထုတ်ပြန်ကြေညာပေးဖို့ သင့်လျော်တဲ့အချိန်ထက် အခုလို အများကြီး နောက်ကျနေရတာရဲ့ အကြောင်းရင်းနှစ်ခုကို အားလုံးကတော့ သိနေကြတယ်။ ပထမတခုက အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင် ကြေညာချက်ဖြစ်တယ်။ ဒုတိယတခုက နအဖအတွင်း အာဏာခွဲဝေမှု ပုံသဏ္ဌာန်အသစ်ဖြစ်တယ်။

နအဖရဲ့ အန္တိမမျှော်မှန်းချက်က မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ရာသက်ပန်တည်တံ့ခိုင်မြဲရေး ဖြစ်တယ်။ အခြေအနေ အချိန်အခါကိုလိုက်ပြီး သူတို့အတွက် နာကျင်မှုအနည်းဆုံး၊ ပေးဆပ်ရမှုအနည်းဆုံး နည်းလမ်းကို ပြောင်းလဲကျင့်သုံးမှာ ဖြစ်ပေမယ့် အဲဒီမျှော်မှန်းချက်ကတော့ သူတို့ရဲ့အသက်၊ သူတို့ရဲ့ဘ၀ပဲဖြစ်တယ်။ ဒါကို အပျောက်ခံမှာမဟုတ်ဘူး။

အဲဒီမျှော်မှန်းချက်ကို ဖော်ဆောင်ရာမှာ သူတို့အတွက် အခုလက်ရှိအခြေအနေဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာကို နအဖက သိတယ်။ အာဏာသိမ်းပြီး အနှစ်နှစ်ဆယ်ကျော်ကြာလာတဲ့အထိ စစ်ကောင်စီပုံစံနဲ့ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်လာနိုင်ခဲ့တာမို့ ဒီအုပ်ချုပ်ရေးပုံစံဟာ အာဏာကို (၁၀၀) ရာခိုင်နှုန်း ချုပ်ကိုင်ထားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကို နအဖက ကောင်းကောင်းသိတယ်။

ဒါပေမယ့် ဒါကို မြန်မာပြည်သူတွေကရော ကမ္ဘာကပါ လက်မခံဘူး။ ကုန်ကုန်ပြောရရင် စစ်အာဏာရှင်စနစ်ကြောင့် အကျိုးအမြတ်အများဆုံးရနေကြတဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တစု၊ သူတို့ကို ကပ်ရပ်မှီခိုကြီးပွားနေကြတဲ့ ခေတ်ပျက်သူဌေး တစုနဲ့ အဲဒီအုပ်စုနှစ်စုရဲ့ မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းတွေကလွဲရင် တပ်မတော်သား အများစုကြီးကတောင် လက်မခံဘူး။ ဒါကိုလည်း နအဖက သိတယ်။ သိလို့လည်း အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲဖို့အတွက် လက်ရှိစစ်ကောင်စီလည်း မဟုတ်၊ သူတို့အတွက် နာကျင်မှုဝေဒနာ အနည်းဆုံးလည်းဖြစ်မယ့် အုပ်ချုပ်ရေးပုံစံသစ်တမျိုးကို ဖော်ထုတ်နိုင်ဖို့ ကြံစည်ကြိုးပမ်း ရှာဖွေရင်း အခုလောက် နှစ်တွေကြာလာခဲ့တာဖြစ်တယ်။

သူတို့ရဲ့လမ်းပြမြေပုံ (ပြည်သူတွေကတော့ လမ်းပျောက်မြေပုံလို့ ခေါ်ကြတယ်) (၇) ချက်ဟာ အဲဒီကြိုးပမ်းမှုရဲ့ ရလဒ်ဖြစ်တယ်။ စစ်ကောင်စီပုံစံကို ကောင်းကောင်းအရသာတွေ့နေကြတဲ့ ဗိုလ်သန်းရွှေနဲ့ သူ့စစ်ဗိုလ်ချုပ်တွေဟာ အဲဒီလမ်းပြမြေပုံဆိုတာ ကိုတောင် ဒီပဲယင်းလူသတ်ပွဲကြီးကြောင့် မရှူနိုင်မကယ်နိုင်ဖြစ်လာလို့ ကသောကမျော ရေးဆွဲထုတ်ပြန်ကြေညာခဲ့ရတာ ဖြစ်တယ်ဆိုတာ အားလုံးအသိဖြစ်တယ်။ ဒီပဲယင်းလူသတ်ပွဲကြီးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာဂယက်တွေ ငြိမ်သွားတဲ့အခါမှာတော့ နအဖဟာ ထုံးစံအတိုင်း ရူးသလိုပေါသလိုလုပ်ပြီး အဲဒီလမ်းပြမြေပုံဆိုတာကြီးကို ချောင်ထိုးထားခဲ့ပြန်တယ်။ နောက်တခါ ရွှေဝါရောင်တော်လှန်ရေးနဲ့ ကြုံရပြန်တော့မှ လူထုဆန္ဒခံယူပွဲလုပ်မယ့်နှစ်နဲ့ ရွေးကောက်ပွဲလုပ်မယ့်နှစ်တွေကို ကတိုက်ကရိုက် ထုတ်ပြန်ကြေညာခဲ့ပြန်တယ်။

အဲဒီနောက်မှာတော့ ‘ဆုပ်လည်းစူး၊ စားလည်းရူး’ အခြေအနေထဲရောက်သွားတဲ့ နအဖဟာ မထူးဇာတ်ခင်းပြီး ‘နာဂစ်’ ကြောင့် တနိုင်ငံလုံး ကြိမ်မီးအုံးသလို ပူဆွေးသောကရောက်နေကြရတဲ့ အဖြစ်ကိုမှ မထောက်ညှာ မစာနာတော့ဘဲ သူတို့ရဲ့အခြေခံ ဥပဒေကို ဇွတ်အတည်ပြုလိုက်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် ဉာဏ်နီဉာဏ်နက်အမျိုးမျိုးသုံး ပြင်ဆင်လာတော့တယ်။

အဲဒီမှာ သူတို့ဟာ အဓိကအတားအဆီးကြီးနှစ်ခုနဲ့ ရင်ဆိုင်လာရတယ်။ တခုက တလျှောက်လုံး သူတို့နောက်ကို အသာမှေး လိုက်လာခဲ့တဲ့ အင်အားကြီး အပစ်ရပ်အဖွဲ့တွေရဲ့ အာခံမှုဖြစ်တယ်။ အဲဒါထက်ပိုကြီးတဲ့ နအဖအတွက် အကြီးဆုံးအတားအဆီး ကတော့ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ဖြစ်တယ်။

ပထမအတားအဆီးက အရေးကြီးပေမယ့် နအဖက သိပ်တော့စိုးရိမ်ပူပန်မှုမရှိဘူး။ လက်နက်ကိုင်ထားတဲ့ အဖွဲ့ချင်းဖြစ်တဲ့အပြင် ကိုယ်ကလက်နက်အင်အား အများကြီးသာတယ်။ မသကာ ညှိမရတဲ့အဆုံး လက်နက်နဲ့ ချေမှုန်းလိုက်ရုံပဲလို့ နအဖက တွက်ထားတယ်။

နအဖအတွက် တကယ့်ဧရာမပြဿနာက အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ဖြစ်တယ်။ ၉၀ ရွေးကောက်ပွဲနဲ့ ပြည်သူလူထုရဲ့ Mandate ရထားပြီး အဲဒါရဲ့အကျိုးဆက်အဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြု ထောက်ခံမှုကို ရရှိထားတဲ့ အန်အယ်လ်ဒီက အဲဒီကြေညာချက်ထဲမှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်မပေးရင် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်မယ့်သဘော ဖော်ပြထားတယ်။ နအဖ ၀င်ရောက်ခိုလှုံနေတဲ့ ‘၀ပ်ကျင်း’ တခုဖြစ်တဲ့ အာဆီယံအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း အဲဒီရွေးကောက်ပွဲမှာ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင် (inclusive) ဖြစ်မှသာ လက်ခံမယ့်သဘောမျိုး ပြောထားကြတယ်။ ထုတ်မပြောပေမယ့် အဲဒီစကားဟာ အန်အယ်လ်ဒီကို အဓိကရည်ညွှန်းတယ်ဆိုတာကို နအဖ အပါအ၀င် အားလုံးက သဘောပေါက်ကြတယ်။ ဒီမှာတင် ၂၀၀၈ အခြေခံဥပဒေကိုလည်း ပြင်မပေးချင်၊ ၂၀၁၀ ရွေးကောက်ပွဲကတဆင့် တရားဝင်အစိုးရ (Dejure) အဖြစ်လည်း (တနည်း) နိုင်ငံတကာရဲ့ လက်ခံအသိအမှတ်ပြုမှုကို ရယူချင်နေတဲ့ နအဖဟာ သူ့သက်တမ်းတလျှောက် အကြီးဆုံးဖြစ်တဲ့ မရှူနိုင်မကယ်နိုင်ဖြစ်မှုကြီးနဲ့ ကြုံနေရတော့တာဖြစ်တယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းတုန်းကလည်း ဦးနုက သူသာလျှင် တရားဝင် ၀န်ကြီးချုပ်ဖြစ်ကြောင်း ကြေညာလိုက်ချိန်မှာ နအဖရဲ့ ခေါင်းကိုင်ဖခင်ကြီးအဖွဲ့ မဆလဟာ အခု နအဖ ကြုံတွေ့နေရတဲ့ အခက်အခဲမျိုးနဲ့ ဆင်တူတဲ့ အခက်အခဲနဲ့ တကြိမ်ရင်ဆိုင် ခဲ့ရဖူးတယ်။ တကယ်တော့ ဦးနုရဲ့ အဲဒီကြေညာချက်ဟာ တရားဥပဒေနဲ့ ကိုက်ညီ (Legitimate) တယ်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ သူ့ဆီက အာဏာကို ၁၉၆၂ မှာ ဗိုလ်နေ၀င်းက လုယူသွားခဲ့တာဖြစ်တယ်။ အဲဒီအာဏာကို သူ အခုပြန်ယူ လိုက်ပြီ ဖြစ်တယ်ဆိုတဲ့ ကြေညာချက်ဟာ နိုင်ငံတကာဥပဒေစံနှုန်းများနဲ့ ကိုက်ညီမှုရှိသလို မြန်မာပြည်သူလူထုကြီးတရပ်လုံးရဲ့ အရင်းခံဆန္ဒကိုလည်း ကိုယ်စားပြုခဲ့တယ်။

ဒါပေမယ့် ကံမကောင်းအကြောင်းမလှစွာဘဲ အဲဒီတုန်းက ဦးနုရဲ့လုပ်ရပ်ဟာ လုပ်ရပ်ကိုယ်နှိုက်ရဲ့ လုပ်နည်းလုပ်ဟန်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်တွေ (Technical drawbacks)၊ အဲဒီတုန်းက လူထုခေါင်းဆောင်အများစုရဲ့ အမြင်တိုမှုနဲ့ အောင်ပွဲအပေါ် ယုံကြည်မှုလွန်ကဲစိတ် (Short Sightedness and over-confidence) တွေဖြစ်ပေါ်ခဲ့ပြီး အဲဒါတွေရဲ့အကျိုးဆက်အဖြစ် နိုင်ငံတကာရဲ့ထောက်ခံအသိအမှတ်ပြုမှုကို မရရှိခြင်းတို့ကြောင့် အဲဒီလုပ်ရပ်ဟာ အခြေခံတရားအရလည်း မှန်ကန်၊ ရည်ရွယ်ချက်လည်း ကောင်းမွန်ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘဲ မဆလလည်း ဦးနုရဲ့အဲဒီလုပ်ရပ်ကြောင့် မရှူနိုင်မကယ်နိုင် ဖြစ်မသွားခဲ့ဘူး။

လက်ရှိအခြေအနေကတော့ အဲဒီတုန်းကနဲ့ အများကြီးကွာခြားနေတယ်။ ၆၂ က ၈၈ အထိ (၂၆) နှစ်နဲ့ ၁၉၉၀ က ၂၀၁၀ အထိ အနှစ်(၂၀) ဆိုတဲ့ ကာလအတိုင်းအတာ နှစ်ခုအကြား ကွာခြားချက်က (၆) နှစ်သာ ဖြစ်ပေမယ့် အဲဒီကာလနှစ်ခုမှာရှိကြတဲ့ ပြည်သူတွေနဲ့ ပြည်သူ့ခေါင်းဆောင်နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးအသိရေချိန်နဲ့ နိုးကြားမှုချင်း၊ အရွေးကောက်ခံပါတီနဲ့ ခေါင်းဆောင်အပေါ် နိုင်ငံတကာရဲ့ထောက်ခံမှုချင်းက အများကြီးကို ကွာခြားတယ်။ အထူးသဖြင့် သတင်းနည်းပညာ တန်ခိုးကြောင့် ကမ္ဘာကြီးဟာ ရွာကြီးတရွာနဲ့ ပိုပိုပြီးတူလာနေမှုရဲ့ အကျိုးဆက်အဖြစ် နိုင်ငံတနိုင်ငံဟာ အခြားနိုင်ငံတွေရဲ့ သဘောထားကို ဂရုမစိုက် အလေးမထားဘဲနေလို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ လက်ရှိအခြေအနေမှာ နိုင်ငံတကာရဲ့ ထောက်ခံမှုကို အပြည့်အ၀ရရှိထားတဲ့ အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်ကို လျစ်လျူရှုနိုင်ဖို့ နအဖဟာ သေကောင်ပေါင်းလဲ ကြိုးပမ်းနေရတယ်။

ဒီအခြေအနေမှာ နအဖက အထက်ဖော်ပြပါ ဥပဒေနှစ်ခုကို မကြေညာသေးတာဟာ အန်အယ်လ်ဒီအနေနဲ့ ‘ရွှေဂုံတိုင် ကြေညာချက်’ ကနေ နောက်ကိုများ ဆုတ်သွားလေမလားလို့ မျှော်လင့်ရင်း အချိန်ကို နန်းဆွဲသလို ဆွဲပြီး အပါးပွတ်နေတာ ဖြစ်တယ်။ တချိန်တည်းမှာ နောက်ဆုတ်သွားအောင်လည်း ခြောက်လုံး၊ ချော့လုံး အမျိုးမျိုးသုံးပြီး ကြိုးပမ်းနေတာဖြစ်တယ်။

နအဖ နောက်ထပ်အကျပ်တွေ့နေတာတခုက တကယ်လို့ သူတို့ဇွတ်လုပ်လို့ ရွေးကောက်ပွဲပြီးသွားရင် ပေါ်ထွက်လာမယ့် အာဏာယန္တရားအသစ်မှာ လက်ရှိစစ်ခေါင်းဆောင်တွေ ဘယ်ပုံဘယ်နည်း နေရာယူကြမလဲဆိုတဲ့ ကိစ္စဖြစ်တယ်။ အထူးသဖြင့် ဗိုလ်သန်းရွှေဟာ အဲဒီကိစ္စအတွက် အကြီးအကျယ် ခေါင်းစားနေဟန်ရှိတယ်။ သမ္မတလုပ်မှာလား၊ စစ်ဦးစီးချုပ်လုပ်မှာလား။ အဲဒီရာထူးနှစ်ခုမှာ ဘယ်သူက ဘယ်သူ့အထက်မှာ ရှိမှာလဲ။ စစ်ဦးစီးချုပ်က သမ္မတအထက်မှာ ရှိတယ်ဆိုရင် အရပ်ရပ်နေပြည်တော် ကြားလို့မှ မလျော်ဘူး။

သမ္မတက စစ်ဦးစီးချုပ်အထက်မှာ ရှိတယ်ဆိုရင်လည်း ဗိုလ်သန်းရွှေဟာ စစ်တပ်ကိုလည်း လက်လွှတ်ချင်သူမဟုတ်၊ သူ့အထက်မှာ ဘယ်သူ့ကိုမှ (အမည်ခံအရတောင်) ထားချင်သူလည်း မဟုတ်တာကြောင့် ပြဿနာရှိမှာ သေချာတယ်။ ဗိုလ်ရွှေမန်းကို သမ္မတလုပ်ခိုင်းမယ် ကြားနေရပေမယ့် တချိန်ချိန်မှာ ရာထူးနှစ်ခုကြား ထိပ်တိုက်တွေ့မလာဘူးလို့ မပြောနိုင်ဘူး။ အဲဒီကျရင် ဘယ်လိုလုပ်မလဲ။ ဗိုလ်နေ၀င်းခေတ်တုန်းကတော့ ဗိုလ်နေ၀င်းက သူ့တပ်သူပိုင်တယ်။ သူ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌကြီးပဲ သွားလုပ်လုပ်၊ သမ္မတကြီးပဲ သွားလုပ်လုပ်၊ ပါတီဥက္ကဋ္ဌကြီးပဲ သွားလုပ်လုပ် အဲဒီအချိန်မှာ စစ်ဦးစီးချုပ်က ဘယ်သူပဲဖြစ်နေနေ ဗိုလ်နေ၀င်းကို မျက်မွေးထောင် မော်တောင်ကြည့်ဝံ့တာမဟုတ်။

ဗိုလ်သန်းရွှေကတော့ သူ့တပ်ကိုသူ အဲသလောက်မပိုင်ဘူး၊ ယုံလည်းမယုံရဲဘူး။ ပြည်တွင်းနဲ့ နိုင်ငံတကာ အခြေအနေချင်း ကလည်း အဲဒီတုန်းကနဲ့ လားလားမှမတူတော့ဘူး။ ဒါ့အပြင် ရွေးကောက်ပွဲမှာ ဘယ်စစ်ဗိုလ်တွေကို အရပ်ဘက်ပို့ပြီး ဘယ်စစ်ဗိုလ်တွေကို တပ်ထဲဆက်ထားမလဲဆိုတဲ့ ပြဿနာကလည်း ရှိသေးတယ်။ အများစုက စစ်ဝတ်စုံဝတ်ပြီး စီးပွားရှာ ရတာကို အရသာတွေ့နေကြပြီမို့ အရပ်ဘက်ကို မသွားချင်ကြဘူး။ ဒါပေမယ့် ရွေးကောက်ပွဲမှာ တချို့က မဖြစ်မနေ အရပ်ဘက် ပြောင်းကြရမှာဖြစ်တယ်။ အဲဒီအခါမှာ တပ်တွင်းပဋိပက္ခတွေ ပေါ်လာဦးမှာဖြစ်တယ်။

ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ပစ်ထားတဲ့ မြားတစင်းကလည်း ဗိုလ်သန်းရွှေကိုယ်ထဲမှာ စိုက်ဝင်နေသေးတယ်။ အညင်သာအပျော့ပျောင်းဆုံး စကားလုံးတွေသုံးပြီး တွေ့ဆုံဆွေးနွေးခွင့်ရဖို့ တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို ပြည်တွင်းပြည်ပ နားထောင်ကောင်းတဲ့ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ ပယ်ချရမလဲဆိုတာအတွက် ဗိုလ်သန်းရွှေ အကြီးအကျယ် အကြံအိုက်နေပုံပေါ်တယ်။

အဲဒီလိုမျိုးအခြေအနေတွေအောက်မှာ ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမယ်လို့ အော်လက်စနဲ့ ဆက်အော်နေရပေမယ့် အခြေအနေဟာ နအဖအတွက် ‘ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ်’ ဖြစ်နေတယ်။ အထူးသဖြင့် အန်အယ်လ်ဒီမပါတဲ့ ရွေးကောက်ပွဲက သူတို့အတွက် ပြဿနာအဟောင်းတွေ ပြေလည်မသွားမယ့်အပြင် ပြဿနာအသစ်တွေကိုပါ ယူဆောင်လာမယ်ဆိုတာကို နအဖက ကြိုသိနေဟန်ရှိတယ်။

ဒါကြောင့်လည်း နအဖဟာ စိန်ခေါ်မှားလို့ ကိုယ်ရထားပြီးသား ရွှေခါးပတ်အားလုံး ဆုံးရှုံးသွားရတဲ့ လက်ဝှေ့သမားလိုမျိုး မဖြစ်ရလေအောင် အကန့်အသတ်ရှိနေတာကို သိနေတဲ့ကြားက ဥပဒေတွေ ထုတ်ပြန်ကြေညာဖို့ကိစ္စကို အတတ်နိုင်ဆုံး အချိန်ဆွဲနေတာဖြစ်တယ်။ ဒီအချိန်မှာ နအဖ ဆုတောင်းနေတာက သူ့ရဲ့ခြောက်လုံးတွေကို ကြောက်လန့်သူက ကြောက်လန့်၊ သူ့ရဲ့ချော့လုံးတွေကို တွေဝေနားယောင်သူက နားယောင်ပြီး အန်အယ်လ်ဒီ ကြီး ဟက်တက်ကွဲကာ ပြည်တွင်းပြည်ပရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ (တနည်း) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တခြမ်းခြမ်းက ရွှေဂုံတိုင်ကြေညာချက်ကို စွန့်လွှတ်လိုက်ဖို့ဖြစ်တယ်။ ဒါပေမယ့် အန်အယ်လ်ဒီက ခင်းကျင်းထားတဲ့ အနေအထားအရတော့ နအဖ ဆုတောင်းပြည့်ဖို့ အလားအလာ မရှိသလောက်ပဲ။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို သုံးသပ်ရမယ်ဆိုရင် ၂၀၀၈ နာဂစ်အခြေခံဥပဒေကို လုံးဝမပြင်ဘူးဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားပြီး မောင်းနှင်လာတဲ့ နအဖရထားနဲ့ အဲဒီအခြေခံဥပဒေကို မပြင်ရင် ရွေးကောက်ပွဲမ၀င်ဘူးဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားပြီး မောင်းနှင်လာတဲ့ အန်အယ်လ်ဒီရထားတို့ဟာ ဒီနှစ်ထဲမှာ ထိပ်တိုက်ဆောင့်ကြတော့မယ့် ပုံရှိနေတယ်။ ဆယ်စုနှစ် နှစ်ခုကျော်ကြာအောင် အားစုလာခဲ့တဲ့ မြန်မာစစ်အာဏာရှင်စနစ်ရဲ့ နွားအိုနောက်ကျသား နအဖဟာ ဒီနှစ်ထဲမှာ မဖြစ်ဖြစ်အောင် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ အန်အယ်လ်ဒီကို အပြီးသတ်ဖြိုလှဲပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို မြေမြှုပ်သင်္ဂြိုဟ်ပစ်လိုက်ဖို့ ပိုင်းဖြတ်ထားတဲ့ပုံမျိုး အပြင်ပန်းအနေနဲ့ မြင်နေရတယ်။

ဒီလိုဖြစ်နေတာကို မြင်ရတော့ ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးတပုဒ်ကို သွားအမှတ်ရမိတယ်။ ဆောင်းပါးက ဒဂုန်ဦးထွန်းမြင့် ရေးတဲ့ ဆောင်းပါးပါ။ ဆောင်းပါးမှာ မြန်မာဘုရင်ခေတ်က ဘုရင်ကိုးကွယ်တဲ့ တောင်ဖီလာဆရာတော်နဲ့ ကျေးလက်ဒေသမှာ တောရဆောက်တည်သီတင်းသုံးနေတဲ့ ရွှေဥမင်ဆရာတော်တို့ တွေ့ဆုံခန်းကို သူကိုယ်တိုင် ကြုံကြိုက်ခဲ့ရတဲ့ပုံစံမျိုး ဒဂုန်ဦးထွန်းမြင့်က ရေးသားထားတယ်။

ဆရာတော်နှစ်ပါး တွေ့ဆုံရာမှာ ရွှေဥမင်ဆရာတော်က တောင်ဖီလာဆရာတော်လှူတဲ့ ပစ္စည်းတွေကို လက်ခံတဲ့အခါတိုင်း ‘ရွှေစည်းခုံကို လှူပါ၏’ ဆိုတဲ့ စကားကို ရွတ်တယ်။ ဒါကို အနားမှာရှိနေတဲ့ ရွှေဥမင်ဆရာတော်ရဲ့ ဦးသူတော်ကြီးက သူများ သဒ္ဓါလို့လှူတဲ့ ပစ္စည်းကို ဒီလိုစကားမျိုးပြောပြီး လက်ခံတာဟာ သူများသဒ္ဓါကို ဖျက်ဆီးရာလည်းကျတယ်။ သူများကို အားနာမှုမရှိ မယဉ်ကျေးရာလည်းကျတယ်လို့ ယူဆတယ်။ တောင်ဖီလာဆရာတော်ပြန်သွားတော့ ဦးသူတော်ကြီးက သူ့စိတ်ထဲ ဘ၀င်မကျဖြစ်နေတဲ့ အချက်ကို ရွှေဥမင်ဆရာတော်ကို မေးမြန်းတယ်။

ဆရာတော်က သူဒီလိုပြောတာဟာ ဘုရင်ရဲ့ချီးမြှောက်မှုကိုခံယူပြီး တကယ့်တရားဒေသနာအလုပ်ကို လုပ်ဖို့မေ့လျော့နေတဲ့ တောင်ဖီလာဆရာတော်ကို သတိပေးလိုက်တာဖြစ်တယ်လို့ ရှင်းပြပြီး အဆုံးမှာ ‘မင်းဆရာတော် ဒီကအပြန်မှာ ဘုရင်ဆက်ကပ် လှူဒါန်းထားတဲ့ စစ်ကိုင်းမြစ်နားလေးထပ်ကျောင်းကြီးကို ၀င်ရဲတယ်ဆိုရင် အလွန့်ယောက်ျား’ လို့ မှတ်ချက်ပြုလိုက်တယ်။ ဒီနေရာမှာ ရွှေဥမင်ဆရာတော်ရည်ညွှန်းတဲ့ ‘အလွန့်ယောက်ျား’ ဆိုတာ အင်မတိ အင်မတန်မှ မျက်နှာပြောင်ပြီး မိုက်မဲလှတဲ့လူလို့ အဓိပ္ပာယ်ရတာဖြစ်တယ်။

တောင်ဖီလာဆရာတော်ဟာ ပညာရှိသူတော်ကောင်း ရဟန်းမြတ်တပါးဖြစ်တာမို့ ရွှေဥမင်ဆရာတော်ရဲ့ သတိပေးမှုကို သဘောပေါက်တယ်။ ဒါကြောင့် အပြန်မှာ မြစ်နားလေးထပ်ကျောင်းကို မ၀င်တော့ဘဲ တောင်ဖီလာဆီးတော မင်းဝံတောင်ရိုးကြီး အရှေ့ချောက်ထဲမှာ တောရဆောက်တည်သီတင်းသုံးသွားခဲ့တယ်။ ရွှေဥမင်ဆရာတော်ပြုစုတဲ့ ၀ိနည်းငါးကျမ်း ပါဠိတော်နိဿယ ဟာလည်း မိမိပြုစုတဲ့ ၀ိနည်းငါးကျမ်း ပါဠိတော်နိဿယထက် ပိုလည်းဦး၊ ပိုလည်းကျဉ်း၊ ပိုလည်းပြည့်စုံတာကြောင့် မိမိရဲ့ကျမ်းကို စေတီရင်ပြင်မှာ မီးရှို့ပူဇော်ခဲ့တယ်။

အဲဒီဆရာတော်နှစ်ပါး တွေ့ဆုံခန်းနဲ့ ဒီကနေ့ ရထားနှစ်စင်း ထိပ်တိုက်ဝင်ဆောင့်ကြတော့မလို ရှိနေတဲ့ အဖြစ်ကြားမှာ မိမိအနေနဲ့ (ပေါက်ပေါက်ရှာရှာ ကပ်သီးကတ်သတ်လို့ ဆိုချင်ဆို) နှိုင်းယှဉ်ချိန်းထိုးပြစရာ အကွက်ကလေးတကွက်ကို သွားမြင်မိတဲ့အတွက် အဲဒီဆောင်းပါးကို ဖော်ပြရခြင်းဖြစ်တယ်။

အဲဒီအကွက်ကတော့ ရွှေဥမင်ဆရာတော်က တောင်ဖီလာဆရာတော်ကို ရည်ညွှန်းပြီး သူ့ရဲ့ဦးသူတော်ကို ‘မင်းဆရာတော် ဒီကအပြန် မြစ်နားလေးထပ်ကျောင်းကိုဝင်ဝံ့ရင် အလွန့်ယောက်ျား’ လို့ ပြောလိုက်တဲ့အကွက်ဖြစ်တယ်။

နအဖဟာ အခုအထိတော့ ငါ့မြင်းငါစိုင်း၊ ငါ့လှေငါထိုး လုပ်ရပ်ပေါင်းများစွာကို လုပ်ရဲခဲ့၊ လုပ်နိုင်ခဲ့တယ်။ ပါတီတွေကို (၁/၉၀) ကို အဓမ္မ လက်မှတ်ထိုးစေခဲ့တယ်။ ပါတီအားလုံးနီးပါးကို ဖျက်သိမ်းပစ်ခဲ့တယ်။ အမျိုးသားညီလာခံကို အတင်းအကျပ် ကျင်းပခဲ့တယ်။ အခြေခံဥပဒေကို သူ့သဘောနဲ့သူ ရေးဆွဲခဲ့တယ်။ ပြီးတော့ အတုအယောင် ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တယ်။ အဲဒီလုပ်ရပ်တွေဟာ အောင်မြင်ခဲ့တယ်လို့ နအဖက ယူဆကောင်းယူဆနိုင်တယ်။

ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ Mandate ကို ရရှိထားပြီး အဲဒီအနေအထားရဲ့ အကျိုးဆက်အဖြစ် နိုင်ငံတကာရဲ့ ထောက်ခံမှုကိုပါ ရရှိထားတဲ့၊ တကမ္ဘာလုံးရဲ့ အထူးလေးစားကြည်ညိုမှုကို ရရှိထားသူ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အန်အယ်လ်ဒီမပါဘဲ ရွေးကောက်ပွဲကျင်းပတာကတော့ နအဖဟာ အမိုက်မဲဆုံး အတွေးကိုတွေးပြီး မြန်မာပြည်သူတွေနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို နောက်ဆုံးတိုက်ပွဲ (Final Showdown) ဆင်နွှဲလိုက်တာဖြစ်တယ်။ ဒါကြောင့် နအဖဟာ သူကြိမ်းဝါးနေတဲ့အတိုင်း အဲဒီရွေးကောက်ပွဲကို ကျင်းပရဲမယ်ဆိုရင်တော့ နအဖကို ‘အလွန့်ယောက်ျား’ လို့ပဲ သတ်မှတ်ရတော့မှာဖြစ်တယ်။ ။

http://www.khitpyaing.org/articles/2010/January/15110.php



အထစ်အငေါ့ မရှိသော CEC ဖွဲ့စည်းမှုဟု ဦးဝင်းတင် ပြော



အထစ်အငေါ့ မရှိသော CEC ဖွဲ့စည်းမှုဟု ဦးဝင်းတင် ပြော

http://www.mizzimaburmese.com/interview/4592---cec---.html

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုလ ၁၁ ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ - CEC ကို အဖွဲ့ဝင်သစ် ၉ ဦးဖြင့် ထပ်မံတိုးချဲ့လိုက်ပြီဖြစ်သည်။

CEC အဖွဲ့ဝင် ၇ ဦး တက်ရောက်လာနိုင်သည့် အစည်းအဝေးက ထိုကဲ့သို့ ဆုံးဖြတ်ပြီး ဖြစ်သော်လည်း အသစ် ဖွဲ့စည်းပြီး CEC အဖွဲ့ဝင် ဦးရေ ၂ဝ ၏ အမည်စာရင်းကိုမူ ယမန်နေ့ ၁၄ ရက်နေ့ကျမှ တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရက်ရွှေ့ဆိုင်းကာ CEC အမည်စာရင်း ထုတ်ပြန်မည်ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ်များက မီဒီယာများသို့ ပြောကြားသည့်အပေါ် အကဲခတ်အချို့က ပါတီတွင်း သဘောထားကွဲလွဲမှုများ ရှိနိုင်ကြောင်း ခန့်မှန်းသည်များလည်း ရှိခဲ့သည်။

ထို့ကြောင့် မဇ္ဈိမက CEC အဖွဲ့ဝင်တဦးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်ကို CEC အသစ်တိုးချဲ့ ဖွဲ့စည်းမှု အခြေအနေနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဦးဝင်းတင်က လတ်တလော CEC တိုးချဲ့မှုတွင် အထစ်အငေါ့မရှိသလို၊ ပါတီတွင်း၌ ညီညွတ်မှု တည်ရှိနေကြောင်းနှင့် ဆက်လက်၍လည်း ညီညွတ်ရေးကို ထိန်းသိမ်း သွားမည့်အကြောင်း ပြောဆို လိုက်ပါသည်။

အသေးစိတ် အခြေအနေကို မဇ္ဈိမ တီဗီသတင်းထောက်က မေးမြန်းထားခြင်း ဖြစ်ပါသည်။

ဦးဝင်းတင် ပြောဆိုချက်များ

အခု NLD ကနေပြီးတော့ CEC တိုးချဲ့ဖွဲ့စည်းလိုက်တယ်ပေါ့ဗျာ။ ဒါဟာ လိုအပ်လာလို့ ကျနော်တို့ လုပ်တာပါ။ ဒီဟာဖွဲ့ဖို့ ကျနော်တို့ စီစဉ်နေတာ ကြာပြီ၊ ညှိနှိုင်းနေတာလည်း ကြာပြီ။ အခုမှ ဖွဲ့ဖြစ်တယ်ပေါ့။ ဒါဟာလည်း အောက်ခြေတို့ ဘာတို့ကလည်း တိုးချဲ့ဖွဲ့စည်းဖို့ တောင်းဆိုနေတာလည်း ကြာပြီ။ အထက်မှာလည်း လိုအပ်ချက်တွေအရ ဖွဲ့ဖို့ စီစဉ်နေတာလည်း ကြာပြီပေါ့။ အခု ဖွဲ့ဖြစ်တယ်။

ဖွဲ့တဲ့နေရာမှာလည်း အဖုအထစ်၊ အထစ်အငေါ့ မရှိဘဲနဲ့ အပြေပြစ်ဆုံး၊ အချောမောဆုံး ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်။ နောက်တခုက ညီညီညွတ်ညွတ် ဖြစ်အောင်လို့ အရှိနိုင်ဆုံးရှိအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်။ ဒါကြောင့် အခုဖွဲ့လိုက်တဲ့ CEC အသစ်ဟာ လုပ်ငန်းများကို ချောချောမွေ့မွေ့၊ အထစ်အငေါ့မရှိ ဆောင်ရွက်နိုင်လိမ့်မယ်။ နောက်တချက်ကလည်း ညီညီညွတ်ညွတ်နဲ့ ပေါင်းစည်းလုပ်နိုင်မယ်လို့ ယူဆတယ်။

CEC ဖွဲ့တာက အကုန်လုံး ညီလာခံကြီးတို့၊ အစည်းအဝေးကြီးတို့ လုပ်နိုင်ခြင်း မရှိဘူး။ ကျနော်တို့ လုပ်နိုင်ခြင်း မရှိဘူး။ ကျနော်တို့ ဖွဲ့နိုင်တာကတော့ CEC အဖွဲ့ဆိုတဲ့ နဂိုကတည်းက ၁၄ ဦး အဖွဲ့ရှိတဲ့အထဲက ၉ ဦးကို CEC အဖွဲ့ဝင်အဖြစ် ကျနော်တို့ သတ်မှတ်တယ်ပေါ့ဗျာ။ အတွေ့အကြုံရှိနေတဲ့၊ နဂိုကတည်းက CEC နဲ့ ပူးတွဲပြီးတော့ ခိုင်းတယ်၊ ပြီးတော့ CEC အစည်းအဝေးပြီးတော့ ပြန်ပြီး ညှိနှိုင်းကြတယ်ဆိုတဲ့ အလေ့အကျင့်တွေ အများကြီး ရှိတဲ့အတွက်ကြောင့် အဲဒီလူတွေရဲ့ လုပ်ရည်ကိုင်ရည်၊ အရည်အချင်း မြင့်မြင့်မားမား ရှိတယ်လို့ ယူဆပါတယ်။ ဒါက တခုပေါ့။

အဖွဲ့တွေ ဖွဲ့တဲ့နေရာမှာ ကျနော်တို့ တတ်နိုင်သမျှ အကျယ်ပြန့်ဆုံး လုပ်ပါတယ်။ ပုံမှန်ကတော့ CEC ထိုင်တဲ့ ၇ ယောက် ရွေးလိုက်တာပဲ။ သို့သော် အဲဒီ ၇ ယောက်ကလည်း ဒီဟာတွေ ဖွဲ့မယ်ဆိုပြန်တော့လည်း ဥက္ကဋ္ဌတို့၊ ဒုဥက္ကဋ္ဌတို့၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးတို့ စတဲ့ ပုဂ္ဂိုလ်များ ရှေ့ကနေပြီးတော့ တတ်နိုင်သမျှ အကြံဥာဏ်၊ တတ်နိုင်သမျှ သဘောထားတွေ၊ သဘောတူညီချက် မတူညီချက်တွေ ယူတယ်။ ယူပြီးတော့ ဖွဲ့တယ်။ ဒါကြောင့် တတ်နိုင်သမျှ အကောင်းဆုံး အနေအထားနဲ့ CEC ပေါ်ထွက်လာတယ်ပေါ့ဗျာ။

ဘယ်သူဘယ်ဝါ ပါမယ်ဆိုတာ ပြောလို့ မရသေးဘူး။ ဘာလို့မရသလဲဆိုရင် ကျနော်တို့ ဆုံးဖြတ်ချက် ချတာကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ပေါ့ဗျာ၊ ၁၁ ရက်နေ့က ချောချောမွေ့မွေ့ ပြီးတယ်။ ကျနော်တို့ ဘာမှ အငြင်းပွားခြင်း မရှိဘူးပေါ့ဗျာ။ သို့သော် CEC အမည်စာရင်းများကို ချက်ချင်း ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိတဲ့အခါကျတော့ ဒီမှာ သံသယတွေ ဖြစ်တာပေါ့။ အထစ်အငေါ့တွေ ရှိနေသလား၊ အငြင်းပွားမှုတွေ ရှိနေသလားလို့။ အဲဒါ မဟုတ်ပါဘူးခင်ဗျ။ ဘာ့လို့လဲဆိုတော့ လုပ်ထုံးလုပ်နည်းအရ ကော်မရှင်တို့ဘာတို့ဆီ စာရင်းပို့ရမယ်။ ကော်မရှင်ကိုပို့တဲ့ စာရင်းကို နအဖတို့ဘာတို့ဆိုတဲ့ဆီ၊ အသိပေးရမယ့်၊ အကြောင်းကြားရမယ့် ပုဂ္ဂိုလ်များရှိရင် အကြောင်းကြားရမယ်။ အဲဒါကြောင့်ပါ။

အခု CEC ဖွဲ့လိုက်တဲ့ အဖွဲ့သစ်က အဖွဲ့သစ်မှာ ဘာတွေလုပ်ကြမလဲဆိုတာ စဉ်းစားစရာတွေ ဖြစ်လာတယ်။ လုပ်ငန်းတွေက အောက်ခြေနဲ့ ကျနော်တို့ အထက်အဖွဲ့အစည်း ဆက်ဆံရေးတို့၊ စည်းရုံးရေး လုပ်ငန်းတွေ၊ လူ့အခွင့်အရေး လုပ်ငန်းတွေ စသည်ပေါ့။ လုပ်ငန်းတွေ အများကြီးရှိနဲ့အထဲမှာ ဒီလုပ်ငန်းတွေမှာ CEC ကို သဘောတူညီစွာနဲ့ ဖွဲ့မယ်။ လုပ်ငန်းတွေရှိတဲ့ အထဲမှာ သူတို့ကော်မတီက လူတွေပါ ဖော်ထုတ်ပြီးတော့၊ ကျနော်တို့နဲ့ တွဲပြီးတော့ ကျနော်တို့ လုပ်ငန်းတွေ ပိုပြီးတော့ အဆင်ပြေလာမယ်၊ ပိုမိုချောမွေ့လာမယ်၊ ပိုပြီးတော့ ကျယ်ပြန့်လာမယ်၊ သွက်လက်လာမယ်၊ ပိုပြီးတော့ လုပ်ငန်းတွေ ထိရောက်လာလိမ့်မယ်။

CEC အသစ် ပေါ်ထွက်လာတဲ့အတွက် ဒီလုပ်ငန်းနဲ့ပတ်သက်လို့၊ စည်းရုံးရေးတို့၊ ခုနကပြောခဲ့တဲ့ လူ့အခွင့်အရေး၊ အောက်ခြေနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ စည်းရုံးရေးကိစ္စတွေ၊ တခြား နိုင်ငံတကာ ဆက်သွယ်ရေး ကိစ္စတွေ၊ အသစ်တွေ ပေါ်လာတဲ့ အခါကျတော့ ဒီလုပ်ငန်းကြီးတွေနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကတော့ ပေါ်လာတော့မှာပေါ့။ ဘယ်လိုပြုပြင်ပြောင်းလဲမှု ဆိုတာကိုတော့ ကျနော် ပြောလို့မရပါဘူး။ ဒါကတော့ ညှိနှိုင်းပြီးတော့ လုပ်ကြရမှာပဲ။

သို့သော် CEC အသစ်လိုဟာမျိုး ပေါ်ပေါက်လာပြီ ဆိုကတည်းကိုက ကျနော်တို့ထဲမှာလည်း လုပ်ငန်းဆိုင်ရာ အပြောင်းအလဲတွေ၊ လုပ်ပုံကိုင်ပုံတွေကလည်း အသစ်တွေ၊ လုပ်ငန်းသစ်တွေ၊ အတွေးအခေါ်သစ်တွေ၊ လူသစ်တွေ ပေါ်လာမယ်။ CEC အသစ်ကို အသက်သွင်းပြီးရင် အသက်ရှင်လာတဲ့ လူတယောက်လို လုပ်ငန်းဆောင်ရွက်မှုတွေ လုပ်နိုင်အောင်၊ အားပေးကူညီမှုဖြစ်အောင်၊ ဟိတ်ဟန်အပြည့်နဲ့ လုပ်နိုင်အောင် ကျနော်တို့ ဆက်ပြီးတော့ လုပ်သွားကြရမယ်ပေါ့။ လုပ်ငန်းသစ်တွေ၊ အစီအမံအသစ်တွေ ပေါ်လာမယ်လို့ ယူဆပါတယ်။

မီဒီယာကနေ မေးတယ်။ မေးတိုင်းလည်း ဖြေလိုက်ပါတယ်။ ကျနော့်ကို သဘောထားတင်းမာတယ်၊ တချို့လူများဆို သဘောထားပျော့တယ် ဆိုတာမျိုးတွေ ပြောနေတယ်။ ဒါလည်း မဟုတ်ဘူးခင်ဗျာ့။

ပါတီထဲမှာ လူတွေဟာ နိုင်ငံရေးလုပ်တယ်ဆိုကတည်းက အယူအဆတွေ၊ ကိုယ်ပိုင်အယူအဆတွေ၊ ခိုင်မာတဲ့ သဘောထားတွေ ရှိကြလို့ နိုင်ငံရေးလုပ်ကြတာကိုး။ အဲဒီအခါမှာတော့ အကြောင်းအခြေအနေပေါ်မှာ တည်ပြီးတော့ ဒါမှမဟုတ် မူဝါဒသဘောထားမှာ အခြေတည်ပြီးတော့၊ လုပ်ငန်းပေါ်မှာ အခြေတည်ပြီးတော့ အယူအဆ မတူညီတဲ့ဟာတွေတော့ ရှိကောင်းရှိနိုင်တာပေါ့။ ဘယ်လိုပဲရှိရှိ ကျနော်တို့ကတော့ ဒါကို သဘောထားကွဲလွဲတယ်လို့ သဘောမထားဘူး။ အရေးကြီးတာက ဆုံးဖြတ်ချက်၊ ပေါ်ပေါက်လာတဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ တညီတညွတ်ထဲ ရပ်တည်နိုင်သလား ဆိုတဲ့အပေါ်မှာပဲ သဘောထားညီညွတ်မှုကို အကဲဖြတ်နိုင်တယ်လို့ပဲ သဘောထားတယ်။
ကျနော့်ကို သဘောထားတင်းမာတယ်လို့ ပြောတာမျိုးတွေလည်းရှိတယ်။ ကျနော်က အဲဒီလို မထင်ဘူး။ ကျနော်က မူဝါဒတွေအပေါ်မှာ စွဲမြဲတဲ့လူလို့ပဲ ပြောချင်ပါတယ်။ သဘောထား တင်းမာတယ်လို့ မပြောချင်ဘူး။ ဘာလို့မပြောချင်တာလဲဆိုတော့ ကျနော်က သတင်းစာဆရာ လုပ်လာတာ။ သတင်းစာဆရာဆိုတာ အယူအဆတွေ မြောက်မြားစွာ၊ အကြောင်းအရာတွေ မြောက်မြားစွာ ထိတွေ့ဆက်ဆံချင်တဲ့လူ၊ လူပေါင်းများစွာနဲ့ ဆက်ဆံချင်တဲ့လူ။ ပြောချင်တယ်၊ နားထောင်ချင်တယ်။ ဒီအကျင့်လေးက ကျနော့်မှာ ဒီနေ့အထိ ရှိတယ်ဗျ။ အဲဒီတော့ ကျနော်ကတော့ အမြဲတမ်းပဲ ဘယ်သူနဲ့ဖြစ်ဖြစ် ညှိညှိနှိုင်းနှိုင်းလုပ်ဖို့၊ အပေးအယူလုပ်ဖို့၊ အကြံဥာဏ်တွေကို နာခံဖို့ဆိုတာ အမြဲတမ်း ဒီအလေ့အထက ရှိပါတယ်။ ဆိုတော့ ကျနော် စောစောကပြောသလိုပဲ၊ ကျနော်က မူဝါဒမှာ စွဲမြဲတဲ့လူ။

ဥပမာ NLD မှာ ဆိုပါတော့ဗျာ။ မူဝါဒရှိတယ်။ ဥပမာ အာဏာရှင်စနစ် မှန်သမျှကို ကျနော်တို့ ဆန့်ကျင်မယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကို ဖော်ထုတ်မယ်၊ တည်ဆောက်မယ်ပေါ့ဗျာ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်မယ်၊ လူအခွင့်အရေးတွေ ပြည့်ဝရေးကို ဆောင်ရွက်မယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးကို ဆောင်ရွက်မယ်။ ဒီမူဝါဒတွေ ရှိတယ်။ ဒီမူဝါဒတွေကို လွယ်လွယ်နဲ့ မစွန့်နိုင်ဘူး။ ဒီမူဝါဒအတိုင်း ရပ်တာ။ အလားတူပဲ ကျနော်တို့ ပြီးခဲ့တဲ့နှစ်ထဲ ကျနော်တို့လုပ်ခဲ့တဲ့ ရွှေဂုံတိုင်လိုဟာမျိုး။ ရွှေဂုံတိုင်မှာ ကွန်ကရက်မှာ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုတယ်။ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်များကို တနည်းနည်းနဲ့ အသိအမှတ်ပြုရေးကို တောင်းဆိုတယ်။ အကျဉ်းသားအားလုံးကို လွှတ်ပေးရေး တောင်းဆိုတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုတယ်။ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးကို တောင်းဆိုတယ်။ ဆိုတဲ့ဟာတွေက ဒီလို တောင်းဆိုချက်တွေနဲ့ ကျနော်တို့က စွဲစွဲမြဲမြဲ တိုက်မှာပဲ။ ဒီဟာတွေကို ကျနော်တို့ လွှတ်မချနိုင်ဘူး။ ဒါက ကျနော်တို့ရဲ့ ရပ်တည်ချက်ပဲလေ။ ဒီလိုဟာမျိုးတွေမှာ၊ မူဝါဒဆိုင်ရာတွေမှာ၊ တောင်းဆိုချက်တွေမှာ အများသိ ကြေညာထားတဲ့ တောင်းဆိုချက်တွေ၊ လုပ်ငန်းစဉ်တွေ။ ဒါတွေကို ကျနော်တို့ အလွယ်တကူနဲ့ မစွန့်ပစ်နိုင်ဘူးဗျ။ ဒီဟာတွေအပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်ရမယ်လို့ ကျနော် ယူဆတယ်။ အဲဒီအပေါ်မှာ တည်ပြီးတော့ လူတွေက အမျိုးမျိုး ထင်ကြေးပေးကြ၊ ပြောကြဆိုကြပေါ့။

နောက်တခုက ဘာလဲဆိုတော့ ကျနော်တို့ အကြောင်းတွေကို ရေးတဲ့နေရာမှာ ရေးတဲ့လူကလည်း ပြည်ပမှာ နေတဲ့ လူဗျာ။ နောက်တခါ ဖော်ပြတဲ့ သတင်းစာကလည်း ပြည်ပက သတင်းစာ။ ဆိုတဲ့အခါကျတော့ ကျနော်တို့က ကျန်တဲ့ အထောက်အထားနဲ့၊ အကိုးအကားနဲ့၊ စာနဲ့ပေနဲ့ ရှိတဲ့ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်တွေ၊ တောင်းဆိုချက်တွေ၊ မူဝါဒတွေနဲ့ ပတ်သက်လို့ ဘယ်လိုဘယ်လိုတော့ သဘောရှိတယ်ဆိုတာ ရေးတာက အပြင်က လူကလည်း ရေးလို့ရတယ်၊ အထဲကလူကလည်း ရေးလို့ရတယ်။ ဒါပေမဲ့ အတွင်းမှာရှိတဲ့၊ ပြည်ထဲမှာရှိတဲ့ လူပုဂ္ဂိုလ်တဦး နှစ်ဦးချင်းရဲ့ ဆက်ဆံရေးကို ပြည်ပကနေပြီးတော့ တယ်ပြီးတော့ ယုံကြည်စိတ်ချရတဲ့ အနေအထားလည်း မရှိဘူး၊ မှန်လည်း မမှန်ဘူး၊ ကောင်းလည်း မကောင်းဘူး။

အဲ့ဒီတော့ ဘာပဲဖြစ်ဖြစ် ကျနော်ဆိုရင် အမြဲတမ်း ညီညွတ်ရေးကို ဦးထိပ်ပန်ဆင်ပြီးတော့ လုပ်နေတာပဲ။ အမြဲတမ်း အလျှော့ပေးဖို့၊ အမြဲတမ်း လိုက်လျောဖို့၊ အမြဲတမ်း ညှိနှိုင်းဖို့၊ အမြဲတမ်း ဆက်စပ်မှုကို ဖော်ထုတ်ဖို့ကို ကျနော်တို့ လုပ်နေတာပဲ။ ဒါကြောင့်လည်း ရွှေဂုံတိုင် အစည်းအဝေးမှာ ပြောခဲ့တဲ့ ကျနော့် မိန့်ခွန်းတွေမှာ ဆိုလို့ရှိရင် မူလဘူတ မူဝါဒတွေ၊ မူလဘူတ တောင်းဆိုချက်တွေကို ကျနော်တို့ မစွန့်ပစ်နိုင်ဘူး။ ၂ က ကျနော်တို့ ညီညွတ်ရေးကို လုပ်မယ်။ ၃ က လူထုကို မျက်နှာမငယ်စေမယ့် နိုင်ငံရေးကို လုပ်မယ်ဆိုတဲ့ ကျနော်တို့ သဘောထား ၃ ရပ်ကိုလည်း အတိအလင်း ပြောဆိုကြေညာပြီး ဖြစ်ပါတယ်။ ကျနော်တို့ ဒီအတိုင်းပဲ ကျနော် ကျင့်သုံးနေပါတယ်။

အဲဒီတော့ ပါတီအတွင်းမှာ ညီညွတ်ရေးတွေဘာတွေ မရှိဘူးဆိုတာက မဟုတ်ပါဘူး။ ပါတီအတွင်းမှာ ကျနော်တို့ ရှိတဲ့အခါရော၊ မရှိတဲ့အခါရောမှာ ……. ဒီနေ့အထိ ညီညွတ်ရေးကို ဦးထိပ်အထားဆုံး၊ အလေးအထားဆုံး ကိစ္စဖြစ်ပါတယ်ဆိုတာကို ကျနော် ပြောချင်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့အထိ ပါတီဟာ အမျိုးမျိုးသော နိုင်ငံရေးပြဿနာတွေ၊ လူပုဂ္ဂိုလ်ပြဿနာတွေ ရှိနေသော်ငြားလည်း ဒီနေ့အထိ တည်မြဲနေတာဟာ ညီညွတ်ရေးရှိတဲ့ လက္ခဏာပဲလို့ ပြောလိုပါတယ်။ အဲဒါကို ကျနော်တို့ နောက်ထပ် ဆက်လက်ပြီးတော့လည်း ထိန်းသိမ်းသွားမှာ၊ ကာကွယ်စောင့်ရှောက်သွားမှာ၊ ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။


နေကြတ်ပုံ







http://arzarni.blogspot.com/မှ...

ကျောင်းအကြောင်း


အကိုကျွန်တော်ကိုတခုလောက်ကူညီပါလာ့းကျွန်တော်တို့ ကျောင်းအကြောင်းရင်ဖွင့် ချင်လို့ ပါနော်

ကျွန်တော်တို့ ကသန်လျင်GTC ကျောင်းကပါကျွန်တော်တို့ ရဲ့ ခံစားနေရတာတွေကိုပြောပြချင်လို့ ပါ
ကျွန်တော်တို့ ကျောင်းရဲ့ စည်းကမ်းကမတရားတင်းကျပ်နေလို့ ပါဗျာ

စည်းကမ်းရှိတာနဲ့စည်းကမ်းအတင်းကျပ်တာနဲ့မဆိုင်ဘူးထင်တယ်နော်အခုကျွန်တော်တို့ကျောင်းကိုပါချုပ်အ
သစ်ပြောင်းလာပါတယ်အရင်ပါချုပ်ဆရာမကြီးကမှအခုဆရာကြီးထက်စာရင်ပိုသဘောကောင်းအုန်းမယ်ခင်ဗျာ

အခုပါချုပ်ကဗျာကျွန်တော်တို့ကိုလပတ်တောင်တခုံမှာနှစ်ယောက်ဖြေခိုင်းတယ်ဘယ်တက္ကသိုလ်မှမ၇ှိပါဘူး
လပတ်ကိုဖြေခိုင်းတာ။ထားပါရပါသေးတယ်ကျောင်းသားတွေကိုပညာတတ်စေချင်လို့ သဘောထားလို့ ရပါသေးတယ်နောက်ပိုင်းကျတော့ ဗျာဆံပင်နဲနဲရှည်တာနဲ့ ကျောင်းသားကဒ်သိမ်တယ်နားကပ်တတ်လည်း
သိမ်းတယ်ဆံပင်ဆေးဆိုလည်းသိမ်းတယ်ယူနီဖောင်းမပြည်စုံလည်းသိမ်းတယ်အကုန်ဘဲဗျာအဲတော့ကျောင်း
သားတွေကကြောက်ပြီးတောလမ်းတွေက၀င်ရောကျောင်းသားတွေမြွေကိုက်မှာတောင်ဆိုးရတယ်တောလမ်း
မှာဆိုသတ္တ၀ါတွေအကုန်ရှိတယ်

ကျောင်းသားဆိုတာလူငယ်ဘဲလေလွတ်လပ်လပ်တော့နေချင်တာပေါလူငယ်ဘဲနဲနဲတော့ဆံပင်ရှည်ချင်ကြတာ
ပါ

ကျွန်တော်တတ်နေတာအထက်တန်းကျောင်းမှမဟုတ်တာအထက်တန်းကျောင်းလို့ လာအုပ်ချုပ်တော့ 
သေရောပေါ့ ဗျာကျောင်းသားတယောက်မှာအရေးကြီးဆုံးကကျောင်းစာရပြီးကျောင်းနေရတာပျော်ဖို့ ဘဲ
အခုတော့ ကျောင်းနေရတာမပျော်ကြတော့ ဘယ်လိုလုပ်ကြမလည်းတက္ကသိုလ်တတ်တယ်ဆိုတာပျော်ဖို့ မကောင်းဘဲစိတ်ညစ်ဖို့ကောင်းနေတယ်GTCကျောင်းချင်းတူတူမှော်ဘီတို့၊လှိုင်သာယာတို့ကတောင်ပျော်စရာ
ကောင်းသေးတယ်ဗျာ

လွတ်လပ်တယ်။သူတို့ ဆီမှာကျောင်းသားကဒ်သိမ်းတာလည်းမရှိဘူးကျွန်တော်တို့ ကျောင်းကပါချုပ်ကတော့
့ရောင်းစားဖို့ လားမသိတော့ ဘူးဗျာကျွန်တော်ကျောင်းသားတွေလည်းတောလမ်းက၀င်နေရတာတွေ့ စေချင်တယ်မိန်းကလေးတွေပါဝင်တာနော်မယုံရင်လာကြည့် နိုင်ပါတယ်ခင်ဗျာ

ကျွန်တော်တို့ လည်းဂိတ်ပေါက်က၀င်ချင်တာပေါ့ တက္ကသိုလ်ကျောင်းသားဆိုပြီးရင့် ကော့ပြီးအခုတော့ ရင့် တောင်မကော့ရဲဘူးကျောင်းသားကဒ်သိမ်းမှာဆိုးလို့။နောက်ပြီးတော့ပါချုပ်ပြောင်းမှာဒုကျောင်းအုပ်ကလည်း
ကျောင်းသားတွေဆီကသိမ်းမယ်ဆိုဘဲကျောင်းသားကဒ၊်တော်တော်ဆိုးတယ်ခင်ဗျာကျွန်တော်ရဲ့ ဘ၀ကတော်တော်ဆိုးပါတယ်တက္ကသိုလ်တတ်ရတယ်နဲ့ မတူဘူးဖြစ်နေတယ်ဘယ်လိုလုပ်ရမလည်းမသိတော့ ဘူးဗျာအခုပါချုပ်ကတော့ အရင်ကနာမည်ကြီးခဲ့ တဲ့ ဇာနည်အောင်ဆိုတယ်ပါချုပ်ထက်ဆိုးမလားသိဘူး

ခင်ဗျာကျွန်တော်တို့ ကျောင်းသားတွေကိုယ်စာ့းကျွန်တော် တို့ ဖွင့် ပြောရတာပါဗျာ
ဘာရယ်တော့ မဟုတ်ပါဘူးကျွန်တော်တို့ သန်လျင်ကျောင်းသားများခံစားနေရတာကိုရင်ဖွင့် တာပါဗျာ။

ပေါက်ကွဲသံစဉ်အဖွဲ့

ပီဒီပီပါတီမှ၆၂ကြိမ်မြောက်လွတ်လပ်ရေးနေ့ကျင်းပခဲ့

http://ifile.it/3tfin6k62 Anniversary Independence Day

စစ်အာဏာရှင်တို့၏ ဘာသာတရားနှင့် သံဃာများအပေါ် လုပ်ကြံ စွပ်စွဲမှုများ



စစ်အာဏာရှင်တို့၏ ဘာသာတရားနှင့် သံဃာများအပေါ် လုပ်ကြံ စွပ်စွဲမှုများ

By abma | January 15, 2010

မေဓာဝီ (ABMA) ။ ။ တိုင်းပြည်တခုကို အုပ်ချုပ်ကြသည့်မင်း (ဝါ) အစိုးရတို့မည်သည် အုပ်ချုပ်ခံ တိုင်းသူပြည်သားတို့ အပေါ်၌ ရင်ဝယ် သားကဲ့သို့ သဘောထားကြရပေလိမ့်မည်။ မည်သည့် ကိစ္စကြီးငယ် မျိုးတို့၌ မဆို စေတနာ မေတ္တာနှင့် သည်းခံနိုင်ခြင်း ခန္တီတရားများ လက်ကိုင်ထား၍ မိမိယုံကြည်သော ဘာသာ တ ရား အမှန်တရားများ၏ အဆုံးအမနှင့် မဆန့်ကျင်ပဲ ပြည်သူအများ လက်ခံ သဘောတူညီမှု ရှိနိုင်မည့် ဥပဒေများနှင့် အညီ ရွေးကောက်တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်မျိုးများက စီမံ အုပ်ချုပ်နိုင်မှသာ တရားသ ဖြင့် အုပ်ချုပ်သော (တရားနှင့် အညီ အုပ်ချုပ်သော)မင်း အစိုးရ (ဓမ္မရာဇာ)ဆိုတာ ဖြစ်နိုင်ပေလိမ့်မည်။

ထိုကဲ့သို့ တရားနှင့် ညီညွတ်စွာ အုပ်ချုပ်တဲ့ အစိုးရမျိုး ဖြစ်ပါမှသာလျှင် တိုင်းပြည်၌ သဘာဝ ဘေးအန္တရာယ်များ ကင်းရှင်းပြီး ငြိမ်းချမ်းသာယာခါ တိုင်းပြည်မှ ထွက်ရှိသည့် သယံဇာတများကို ပြည် သူ ပြည်သားတို့ လွတ်လွတ်လပ်လပ် မျှတစွာ သုံးစွဲခွင့်များ ရကြပြီး တိုင်းပြည်တခုလုံး တိုးတက် စည် ပင် သာယာ ဝပြောနိုင်ပေလိမ့်မည်။

တိုင်းပြည် အုပ်ချုပ်သူများက တရားဥပဒေမရှိ ပြည်သူများအပေါ် ငဲ့ညှာမှု ကင်းမဲ့စွာနဲ့ ထင်ရာစိုင်းတဲ့ ဥပဒေများနှင့် ညှင်းဆဲမှု မျိုးစုံကို စွဲကိုင်၍ လုပ်ချင်တိုင်း လုပ်ဆောင်နေကြသည့်အခါ တိုင်းပြည်မှာလဲ သဘာဝဘေး အန္တရာယ် ကပ်ဆိုး အမျိုးမျိုးတွေနဲ့ အနာရောဂါဆိုး အမျိုးမျိုးတွေ ကပ်ရောက်လာပြီး ပြည်သူများမှာလည်း ဆင်းရဲ ကြပ်တည်း မွဲတေမှု ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ကြရကာ ဘယ်သောအခါမှ တိုး တက် စည်ပင် ဝပြောသည့် နိုင်ငံတခု ဖြစ်လာနိုင်ဖွယ်ရာ မရှိပေ။

တိုင်းပြည်ကို အုပ်ချုပ်သူများ တရားဥပဒေနဲ့ အညီ အုပ်ချုပ်မှု ရှိလာအောင်၊ ဘာသာတရားနှင့် အမှန်တရားများကို သိမြင် လက်ကိုင်ထားနိုင်အောင်၊ နည်းပေး လမ်းညွှန် ဆိုဆုံးမပေးဘို့ရန် အတွက် ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များမှာ တာဝန် အပြည့်အဝ ရြှိကပေသည်။ ခက်နေသည်က အာဏာရှင်များသည် ဘာသာရေးခေါင်းများကိုပါ သူတို့၏ ခါးပိုက်ဆောင် လက်ကိုင်တုတ် အဖြစ် သဘောထားနေသည်ကို ဘာသာရေးခေါင်းဆောင်များဖြစ်ကြ သည့် သံဃမဟာနာယက ဆရာတော်များကိုယ်တိုင်က ကြည်ဖြူစွာ လက်ခံ လိုက်နာ နေကြခြင်းပင် ဖြစ်သည်။ တိုင်းပြည်တွင်းမှာလဲ အဂတိတရားများက နေရာတိုင်းတွင် ပြည့်နှက်နေကြပါပြီ။

ရှေးတုန်းအခါတုန်းက မင်းများ ကိုးကွယ်တဲ့ ဆရာတော်ကြီးများဆိုရင် အုပ်ချုပ်သူများ လုပ်ရပ်တွေ

မှား နေပြီဆိုပါက လမ်းမှန်ကို ညွှန်ပြ ပြောဆိုဆုံးမပြီး တည့်မတ်ပေးလေ့ ရှိခဲ့ကြပါသည်။ အုပ်ချုပ် သော မင်းများကလဲ ဘာသာရေးအသိ ရှိကြလို့ လိုက်နာ ကျင့်သုံးလေ့ရှိခဲ့ကြသည်။ မင်းတုန်းမင်းကြီး ဆိုရင် စာနယ်ဇင်းသမားများကို“ ငါ မကောင်းရင် ငါ့အကြောင်းရေး၊ ငါ့ မိဖုရား မကောင်းတာလုပ်ရင်လဲ ငါ့ မိဖုရားအကြောင်းရေး” လို့တောင်မှ အတိအလင်း ခွင့်ပြုပြီး ဝေဖန်ခံရဲတဲ့ သတ္တိနှင့် အမှန်တရားကို မြတ်နိုးသည့် စိတ်ဓာတ် အပြည့်အဝ ရှိခဲ့ပါသည်။

ရှေ့ဆောင် နွားလား၊ ဖြောင့်ဖြောင့်သွားသော်၊ နောက်နွားတသိုက်၊ ဖြောင့်ဖြောင့်လိုက်၏.. လို့ အဆို ရှိသကဲ့သို့ .. ခေါင်းဆောင်ဖြစ်တဲ့ သူများက မှန်မှန်ကန်ကန် တရားနှင့်အညီ လုပ်ကိုင် ဆောင်ရွက်မှ သာ နောက်လိုက်ဖြစ်တဲ့ ငယ်သား ဝန်ထမ်းများကလည်း မှန်မှန်ကန်ကန် လုပ်ကိုင်ကြမည် မဟုတ်ပါ လော?

ယနေ့ မြန်မာနိုင်ငံတွင် စေတနာ မေတ္တာနှင့် ခန္တီတရားများမရှိ၊ တရားဥပဒေနှင့် အမှန်တရားများ ကင်းမဲ့ပြီး ထင်ရာစိုင်းတဲ့ ဥပဒေများနှင့် အုပ်ချုပ်နေကြသည့်အခါ တိုင်းပြည်အတွင်း သဘာဝဘေး ဒဏ် များနှင့် ရောဂါကပ်ဆိုးကြီးများ ကျရောက်လာသည်။ ဒီမျှလောက် သယံဇာတ ပေါ်ကြွယ်ဝသည့် တိုင်း ပြည်က ဆင်းရဲမွဲတေ ကြပ်တည်းပြီး အခြားနိုင်ငံများတွင် ကျွန်အဖြစ် အခိုင်းအစေအဖြစ်နဲ့ ရရာ အလုပ် များကို ညှိုးငယ်စွာ လုပ်ကိုင်စားသောက်နေကြရသည့် အဖြစ်သို့ ဆိုက်ရောက်ခါ ကမ္ဘာမှာ မျက်နှာ အ ငယ်ရဆုံး နိုင်ငံသားတွေ အဖြစ်နဲ့ နိုင်ငံသူ နိုင်ငံသားတွေမှာ ကြုံတွေ့နေရပြီး ရင်းစီးခံစား နေကြရရှာ သည်။

ထိုကဲ့သို့ အသိဉာဏ်မဲ့ တရားလက်လွတ် အုပ်ချုပ်လာခဲ့ကြသည့် စစ်အာဏာရှင် လက်ထက် အ ဆက်ဆက်မှာ ပြည်သူများနှင့်အတူ ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြသည့် ရဟန်းသံဃာများမှာ လည်း ဖိနှိပ်မှု ချုပ်ချယ်မှု စွပ်စွဲမှု ညှင်းပန်း နှိပ်စက် သတ်ဖြတ်မှု မျိုးစုံကို လက်ရှိ အချိန်ထိအောင်ပင် လည်စင်း ခံစားခဲ့ကြရ ခံစားနေရဆဲ ဖြစ်ပါသည်။

မကြာသေးမီ ကာလကလည်း ပြည်ပမှ ပြန်လည် ကြွရောက်လာခဲ့ကြသော သံဃာတော်များကို အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ကြသည် ဆိုပြီး အခြေအမြစ် အထောက်အထား ကင်းမဲ့စွာ စွပ်စွဲ ခဲ့ကြပြန်ပါသည်။ သံဃာတော်များဆိုသည်မှာ တရားလက်နက် မေတ္တာလက်နက်မှ လွဲ၍ မည်သည့် လက်နက်ကိုမျှ ကိုင်ဆောင်ခဲ့ရိုး ထုံးစံ မရှိကြပေ။

စစ်အာဏာရှင် ခေတ်အဆက်ဆက် ဤကဲ့သို့ စွပ်စွဲမှုများစွာကို မကြာခဏ ပြုလုပ်ခဲ့ကြပါသည်။ အာဏာရှင်တို့ သည် အခက်အခဲ အကြပ်အတည်းနှင့် ရင်ဆိုင် ကြုံကြရလေတိုင်း ဘာသာတရားများ ကိုလဲ အကြိမ်များစွာ အသုံးချပြီး ဓားစာခံ လုပ်လေ့ရှိကြပါသည်။ ကြားသိရသူ ပြည်သူများအနေဖြင့် အာဏာရှင်များ၏ လှည့်ကွက် လိမ်ကွက် အသုံးချကွက်များကို သဘောပေါက် သိရှိ နားလည်ကြပြီး ဖြစ်လိမ့်မည်ဟု ယုံ ကြည် မိပါသည်။

စစ်အာဏာရှင်များ လုပ်ကြံ စွပ်စွဲခဲ့ပုံများ

စာရေးသူတို့ လက်လှမ်းမီသလောက်တော့ ဒီလို စွပ်စွဲမှုများကို ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ အစည်း များ မဖွဲ့စည်းခင် 1979 -ခုနှစ်အတွင်း ကာလများမှ စ၍ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရပါသည်။ ဘာသာ

ရေး အဓိကရိုဏ်းများဖြစ်အောင်လဲ ဖန်တီးခဲ့ကြသည်။ 1990-ခုနှစ် ပတ္တနိက္ကုဇ္ဖန သံဃာ့ကံဆောင်အပြီး ကာလများတွင်လည်း စွပ်စွဲမှုများကို မှတ်မိသရွေ့ အကျဉ်းမျှ တင်ပြရလျှင်……

အလုံ အောင်မင်္ဂလာတိုက်သစ်၊ ရွာမ စာသင်တိုက်၊စမ်းချောင်း- ဗားကရာ ကျောင်းတိုက်၊ နေနတ် သားစာသင်တိုက်၊ လှိုင် ဇေယျဝတီစာသင်တိုက်၊ ကျားကျောင်း ပရဟိတစာသင်တိုက်၊ သရက်တော ကျောင်းတိုက်ထဲမှ ကျောင်းတချို့၊မ/ဥက္ကလာ ဇွဲဇုံကျောင်းတိုက်၊ တပ်တွင်းကျောင်းတိုက်၊ စတဲ့ ရန်ကုန် မြို့မှ ကျောင်းတိုက်များနှင့် သံဃာများကို၎င်း။ မန္တလေးမြို့တွင် မစိုးရိမ်တိုက်ဟောင်း/ တိုက်သစ်၊ ဘုရားကြီးတိုက်၊ မြတောင်တိုက်၊ ထီးလင်းတိုက်၊ စသော စာသင်တိုက်များကို၎င်း — လက်နက်များ ကျည်ဆံ ဗုံးဆံများပစ်ချ၍၎င်း၊ ကျောင်းတိုက်များမှ တွေ့ရှိရ သယောင်ဖြင့် သတင်းဌာနများမှ မဟုတ်

မဟတ် လုပ်ဇာတ် ခင်းကာ စွပ်စွဲခဲ့ကြသည်။

အဲဒီအချိန် (90)ခုနှစ် သပိတ်မှောက် ကံဆောင်စဉ်က မစိုးရိမ်တိုက်ဟောင်းတွင် ကိုယ်တိုင် ကြုံခဲ့ ရ သည်မှာ… နံနက် (၅)နာရီခွဲခန့် အချိန် ……. စစ်ကားများ တင့်ကားများအပါအဝင် တပ်သား (၃၀၀၀)ခန့်မျှ ရှိသည့် အင်အားဖြင့် ရှေ့တန်း စစ်မြေပြင်ကို ဝင်ရောက် သိမ်းပိုက်သကဲ့သို့ ကျောင်း တိုက် ပတ်ပတ်လည်မှ ဝစီများမှုတ် – ညာသံပေး ပြီး တိုက်တွင်းရှိ ကျောင်းဆောင် အသီးသီး၏ တံခါး ပေါက်များကို ခြေဖြင့် ဆောင့်ကန်၍ သေနတ်များဖြင့် ရိုက်ချိုး ဖွင့်ခိုင်းကာ အတင်း ဝင်ရောက် စီးနင်း သိမ်းပိုက်ခဲ့ပါသည်။

သံဃာများမှာ အမူအယာ မပျက် ပုံမှန် လုပ်နေကြအတိုင်း မျက်နှာသစ်ရေခွက်များ ကိုယ်စီ ကိုင်ခါ မျက်နှာများ သစ်ကြပြီး အေးဆေးစွာပင် ကိုယ့်ကျောင်းဆောင်အတွင်း ကိုယ်ပြန်ဝင်နေထိုင်ကြသည်။ နံက် (၈) နာရီ ခန့် ရောက်သောအခါမှ ကျောင်းတိုက်ထဲသို့ ရောက်ရှိနေကြပြီး ကြောင်စီစီနဲ့ လိုက်ကြည့် နေကြသည့် များစွာသော စစ်သားတွေကို “ခင်များတို့ ဘာဖြစ်လို့ ဒီလို ဝင်စီးကြတာလဲ”လို့ မေးကြတဲ့ အခါမှာ..“ ဒီကျောင်းတိုက်ထဲမှာ သူပုန်တွေ စုရုံးရောက်နေတယ်၊ ကျောင်းသား သူပုန်တွေလဲ လက် နက်တွေနဲ့ အတူ ရောက်ရှိ ခိုလှုံနေတယ် ဝင်သိမ်းရမယ်- လို့ လူကြီးတွေက ပြောဆိုပြီး ခေါ်လာကြတာ ” လို့ ပြောတယ်။ “ အထဲကို ဝင်လိုက်တာနဲ့ ပြန်လည် ခုခံ တိုက်ခိုက်ကြလိမ့်မယ်လို့ ထင်နေကြတာ အခု ဘာမှ မတုန့်ပြန်တော့ တပည့်တော်တို့လဲ အံ့သြပြီး ကြောင်သွားကြတယ်”လို့ တပ်စိပ်မှူးများ ကိုယ်တိုင်ပြောပြကြပါသည်။

နောက် သူတို့ကို “အထဲကို ရောက်လို့ ရင်ဆိုင် တိုက်ခိုက် ကြရပြီဆိုရင် ဒုတ်နဲ့ တိုက်ခိုက်လာရင် ဒုတ်နဲ့ ပြန်တိုက်၊ ဒါးနဲ့ တိုက်ခိုက်လာရင် ဒါးနဲ့ပဲ ပြန်တိုက်၊ လောက်လေးခွနဲ့ တိုက်ခိုက်လာရင် လောက်လေးခွနဲ့ပဲ ပြန်တိုက် ရမယ်”လို့ မှာကြားထားကြောင်းလဲ ရဲဘော်များက ပြောကြားကြပါသည်။ ရဲဘော်များရဲ့ သေနတ်တွေထဲမှာ ကျည်ဆံ လုံးဝ မပါကြဘူး။ တပ်စိပ်မှူးတွေတောင်မှ ကျည် နှစ် တောင့်ပဲ ပေးပြီး အရေးကြီးမှ သုံးဘို့ မှာထားတယ်တဲ့လေ။ အဲဒီနှစ်က မစိုးရိမ်ကျောင်းတိုက်၊ မဟာဝိ သုဒ္ဓါရုံကျောင်းတိုက်နှင့် (35)လမ်းရှိ အစောင့်ချထားသည့် စစ်သားများနှင့် နေ့စဉ်လိုလို လောက်လေး ခွ စစ်ပွဲ ဆင်နွှဲခဲ့ကြရပါသေးသည်။

နောက်ပိုင်း သံဃာများနှင့် စကားပြောကြရင်း အကြောင်စုံကို သိသွားတော့မှ ရဲဘော်များလဲ သူတို့ အလိမ်ခံရမှန်း သိသွားကြပြီး တပည့်တော်တို့ ရှေ့တန်းက ပြန်လာလာချင်း ခေါ်လာတာ ည (၁၂) နာရီ လောက်ထဲက ရောက်နေကြတာ တရေးမှ မအိပ်ကြရသေးဘူးဆိုပြီး အတုံးအရုံး အိပ်ကုန်

ကြပါသည်။ နေ့လည် ထမင်းစားချိန်ရောက်လို့ သူတို့ စားတဲ့ ထမင်း ဟင်းများကို ကြည့်လိုက်တော့ ထမင်းတွေက ကြမ်းထော် နီရဲနေပြီး ဆီမပါ အခပ်မပါတဲ့ ရေလုံပြုတ် ပဲသီးကြော်လေးနဲ့သာ စားနေကြ ရတာကို တွေ့ လိုက်ရတော့ သံဃာများမှာ စိတ်မကောင်းဖြစ်ခဲ့ကြရပါသေးသည်။ ဆွမ်းဟင်းများ ပေး ကြွေးချင်သော်လည်း အဲဒီရက်များမှာ ဆွမ်းခံ မထွက်နိုင်ကြတာက တကြောင်း၊ သူတို့က လူကြီးတွေကို ကြောက်နေကြလို့ မယူရဲကြတာက တကြောင်းကြောင့် မပေးဖြစ်ခဲ့ကြဘူး။

အဲဒီအချိန် ကျောင်းတိုက်အတွင်း ရှာဖွေရင်း အစောင့်ချထားသော တချို့သော စစ်သားများက ကုဋီ အနား ရေစင်အနီးနား တို့တွင် လက်ပစ်ဗုံးများကို ခိုးကြောင်ခိုးဝှက် ပစ်ချနေသည်ကို တွေ့ရှိရ၍ “ဟေ့ ကောင် မင်း ဒါ ဘာလုပ်တာလဲ မယုတ်မာနဲ့ ပြန်ကောက်” လို့ သံဃာများက ပြောမှ ပြန်လည် ကောက် သိမ်းသွားခဲ့သည်။ ဒါတောင်မှ တချို့နေရာတွင် လက်နက်များချထားခဲ့သည်ကို အသိနောက်ကျခဲ့၍ ဓာတ်ပုံများ ရိုက်ယူရာတွင် ကျောင်းတိုက်များမှ တွေ့ရှိရသယောင် လုပ်ကြံသွားခဲ့ကြသည်။

ဂျပန်ခေတ်က မစိုးရိမ်ကျောင်းတိုက်အတွင်း ဂျပန်စစ်သားများ စခန်းချသွားသည်ကို သမိုင်းဖတ်ဖူး ကြသူတိုင်း လေ့လာသူတိုင်း သိပေလိမ့်မည်။ ၎င်းဂျပန်ခေတ်က မြေကြီးထဲတွင် နစ်မြုတ် ကျန်ခဲ့သော ကျည်ဆံအခွံ ကျည်အ များကို မြေကြီးကို တူးဆွရင်း တွေ့ကြပြီး သံဃာများမှ ဝှက်ထားသယောင် လုပ် ကြံကာ သတင်းစာများတွင် ထည့်ကြေညာ၍ စွပ်စွဲကာ ယုတ်မာခဲ့ကြပါသည်။

1997 -ခုနှစ် မတ် လဆန်း ( တပေါင်းလဆန်း-၈-)ရက်တုန်းကလည်း နိုင်ငံ၏ ငွေကြေး အကြပ် အတည်းကြောင့် ပတ္တမြားငမောက် ရတနာကို ရှာပုံတော်ဖွင့်ကြရာမှာ– မန္တလေး နန်းတွင်းနှင့် ပုဂံ အာနန္ဒာစတဲ့ ဘုရားစုံ၏ စိန်ဖူးတော်များ၊ ပခုက္ကူမြို့-သီဟိုဠ်ရှင်ဘုရားဝင်းအတွင်းရှိ သစ်ကနက်သား ဖြင့် ထုလုပ်ထားသော ရှေးဟောင်း အဖိုးတန် သရက္ခန်ဘုရားကိုလဲ… ဘုရားလူကြီးများနှင့် မြို့သူမြို့ သား များကို သေနတ်ဖြင့် ချိန် ရွယ်ကာ သတင်း ပေါက်ကြားရင် အားလုံး သတ်ပစ်မယ်ဟု ချိမ်းခြောက် ပြီး ခိုးယူသွားခဲ့ကြပါသည်။

နောက်ဆုံး မဟာမြတ်မုနိဘုရားကြီးရဲ့ အလှည့်ရောက်လာတယ်။ စစ်အတွင်းက ဗုံးဒဏ်ကြောင့်

ဘုရား မကိုဋ်တော် အက်နေတယ် ပြင်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘုရားကြီးရဲ့ ဝမ်းဗိုက်တော်ကို ဖောက်ပြီး ဝမ်းထဲနှင့် လက်တော်တွေထဲမှာ အပြည့်ရှိနေတဲ့ ရွှေငွေနဲ့ ကျောက်မြတ်ရတနာမျိုးစုံ ဌပနာ တော်တွေကို ခိုးတော့တာပါပဲ။ မကိုဋ်တော် အက်နေတယ်ဆိုရင်လဲ မကိုဋ်တော်ကိုသာ ပြင်ရမည်။ ဘာ ကြောင့် ဝမ်းဗိုက်တော်ကို ဖောက်ရတာလဲ။ (၆)လက္မခန့်ရှိတဲ့ အပေါက်ကနေ အပြည့်ရှိတဲ့ ဌပနာတော် များကို အကုန်ခိုးယူပြီး သင်္ကန်းစုတ်နဲ့ ဆို့ပိတ်ထားတာကို တွေ့မြင်ကြရသည့်အခါ မန္တလေး- လေးပြင် လေးရပ်ရှိ သံဃာတော်များနှင့် မြို့နေ ပြည်သူများ၊ နယ်အသီးသီးမှ ရောက်လာကြတဲ့ ဘုရားဖူးပြည်သူ များမှ မကြေမနပ် ဖြစ်ကြခါ ဘုရားရင်ပြင်တော် အပြည့် တပေါင်းလဆန်း(၁၂)ရက်နေ့တွင် အစည်းအ ဝေးကြီး ပြုလုပ်၍ ၎င်း ကိစ္စကို ဖြေရှင်းပေးဘို့် တောင်းဆိုနေကြချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် အဲဒီရက် က ဘာသာရေးကိစ္စ တခုကလည်း ပေါ်ပေါက်နေခိုက်မို့ အာဏာရှင်များက ဘာသာရေး အဓိကရိုဏ်း

ဘက်သို့ ဦးတည်အောင် သွေးဆောင် ဖန်တီး လွှဲပြောင်းခဲ့ပြီး ဖမ်းဆီးမှု နှိပ်ကွပ်မှုများ ပြုလုပ်ခါ မဟာမု နိ ဘုရားကြီး အရေးကိစ္စကို ဖုံးကွယ်အောင် အတင်းအကြပ် လုပ်ဆောင်ခဲ့ကြသည်။

ထိုကိစ္စရပ်များနှင့် ပတ်သတ်ပြီး မစိုးရိမ်ကျောင်းတိုက် (၂)တိုက်ကို ဖြတ်လေး ဖြတ်ဖြင့် ဖြတ် တောက်မည်ဟုဆိုကာ ဆွမ်းခံ ဆွမ်းစားမှ အစ ကျောင်းတိုက် အပြင်ဖက်သို့ လုံးဝ ထွက် ခွင့် မပေးခဲ့ပဲ အကျယ်ချုပ်ဖြင့် (၇)ရက်ခန့် နေထိုင်ကြရပြီးနောက် (၃)လခန့်ကြာသည်အထိ ဆွမ်းခံ ဆွမ်းစား သွား ချိန်များတွင် ခဏတာ ပြင်ပသို့ ထွက်တာတောင် လက်မှတ်များထိုးပြီးမှ ထွက်ခွင့်ရကြသည်။ ကျောင်း တိုက်ရှိ သံဃာများ အားလုံးကို ခြေချုပ်ဖြင့် ထားခဲ့ကြသည်။ ၎င်း နှစ်တွင် အစိုးရ ပါဠိပထမပြန်စာမေးပွဲ ကိုလဲ ပိတ်ပစ်လိုက်ရသည်အထိ ဖြစ်ခဲ့ပါသည်။ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း စွပ်စွဲ ပုတ်ခတ်မှုများစွာ ကိုပါ ပြုလုပ်ခဲ့ကြပြန်ပါသည်။

ဤကဲ့သို့ လုပ်ကြံပြီး အကြံပက်စက်ခါ ယုတ်မာခဲ့ကြဘူးပါသည်။

2007-ခုနှစ် စက်တင်ဘာလတွင် ပြည်တွင်း ကုန်ဈေးနှုန်းများ အဆမတန် တိုးမြှင့်လိုက်မှုကြောင့်

တိုင်းသူပြည်သားများ စားဝတ်နေရေး ခရီးသွားလာရေးများ၌ အကြပ်အတည်း ဒုက္ခမျိုးစုံနှင့် ရင်ဆိုင် ကြုံတွေ့နေကြသည်ကို မကြည့်ရက်နိုင်သည့်အတွက် ပြည်သူအများ အကြပ်အတည်း မျိုးစုံမှ လွတ် မြောက်ပြီး ပြေလည်နိုင်ကြစေရန် ရည်ရွယ်၍ တတိုင်းပြည်လုံး နီးပါးရှိ သံဃာတော်များမှ မိုးထဲ ရေထဲ လမ်းလျှောက် မေတ္တာပို့သရင်း မေတ္တာရပ်ခံ တောင်းဆိုကြသည်ကိုလည်း အကြမ်းဖက်၍ သတ်ဖြတ် နှိမ်နှင်းခဲ့ကြခါ ဗဟန်း၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့် တောင်ဥက္ကလာ စတဲ့ မြို့နယ်များမှ ဘာ သာရေး အဆောက် အဦများကိုပါ ဖျက်ဆီးတာ ချိတ်ပိတ်ပစ်တာတွေလုပ်ခဲ့ကြပြီး သံဃာ တော်များနှင့် ကျောင်းတိုက်များကိုလည်း စွပ်စွဲ ပုတ်ခတ်မှုမျိုးစုံဖြင့် စွပ်စွဲခဲ့ကြတာကို ပြည်သူများ အားလုံး အသိပင် ဖြစ်သည်။

သံဃာတော်များသည် သပိတ်ကံဆောင်ခြင်း မေတ္တာပို့သခြင်း စတဲ့ အလုပ်ကိစ္စများကို ဗုဒ္ဓ၏ အဆုံးအမတော်အတိုင်း ဆောင်ရွက်ခဲ့ကြခြင်းသာ ဖြစ်ပေသည်။ ထို စက်တင်ဘာအရေးအခင်း ဖြစ်၍ တောင်ဥက္ကလာရှိ ငွေကြာရံစာသင်တိုက် အတွင်း ဝင်ရောက် စီးနင်းတုန်းကလဲ ကျောင်းတိုက်အတွင်း ရှိ ဗုဒ္ဓရုပ်ပွားတော်များ၏ ဦးခေါင်းများကို၎င်း၊ အခြား ဝင်အစီးခံရသည့် ကျောင်းတိုက်များမှ ဘုရား ဌာပ နာများ အလှူငွေများနှင့် သံဃာ့ ပစ္စည်းများကို၎င်း အာဏာရှင်များက ဖြတ်ယူ ခိုးသွားခဲ့ကြသေးသည်။

အထက်က ဖော်ပြခဲ့သော ဖြစ်ရပ်မျိုးစုံသည် စာရေးသူတို့ လက်လှမ်းမီသမျှ ကိုယ်တိုင် ကြုံတွေ့ခဲ့ရ သော စစ်အာဏာရှင်ခေတ်အတွင်း ဘာသာတရားနှင့် သံဃာတော်များအပေါ် ရိုင်းစိုင်း ယုတ်မာစွာ ပုတ်ခတ် စွပ်စွဲမှုများပင်ဖြစ်သည်။

စစ်အာဏာရှင်များ ခေတ်အဆက်ဆက်တွင် ဘာသာတရားနှင့် သံဃာတော်များ အပေါ် ဖိနှိပ် ချုပ်

ချယ် နှိပ်ကွပ် ဖမ်းဆီး သတ်ဖြတ်လိုလျှင် ထိုကဲ့သို့ အကြောင်းအမျိုးမျိုးပြကာ စွပ်စွဲမှုမျိုးစုံဖြင့် အခြေအ

မြစ်ကင်းမဲ့စွာ စွပ်စွဲ ပုတ်ခတ်လေ့ရှိကြသည်မှာ ယနေ့အချိန်ထိ တိုင်အောင်ပင်ဖြစ်သည်။ စစ်အာဏာ ရှင်စနစ်ဆိုးများ တည်ရှိနေသရွေ့ ထိုကဲ့သို့ စွပ်စွဲ ပုတ်ခတ် စော်ကားမှုများဟာလည်း ရပ်တန့်သွားလိမ့်

မည် မဟုတ်ပေ။ မတရားမှုများစွာကို ကျူးလွန်ထားသူတို့မှာ အခြား ဘယ်လို ပုဂ္ဂိုလ်မျိုးကို မဆို စွပ်စွဲ နှိပ်စက် ဖျက်ဆီးရန်မှာ ခဲယဉ်းမည် မဟုတ်တော့ပေ။

ဗုဒ္ဓကိုယ်စား ဘုရားစေတီ ရုပ်ပွားတော်များရဲ့ ရွှေတွေ ဌပနာတွေ စိန်ဖူးတော်တွေခိုးပြီး ဘုရားဝမ်း ဗိုက်ကိုဖောက် ဘုရားလည်ကိုတောင် ဖြတ်ရဲသည်အထိ ကျူးလွန်ထားကြတဲ့ လူယုတ်မာ စစ်အာဏာ

ရှင်တွေနဲ့ နောက် လိုက်တွေအတွက်ကတော့ သံဃာတွေနဲ့ ပြည်သူတွေကို သတ်ဖြတ်တာဟာ ထမင်း စား ရေသောက်တာလောက်တောင် ခဲယဉ်းမှာ မဟုတ်တော့ပါဘူး။

ယင်းကဲ့သို့ လုပ်ရပ်များသည် စစ်အာဏာရှင်များဘက်မှ ဖမ်းဆီး နှိပ်ကွပ် သတ်ဖြတ် စော်ကားနိုင် ရန် အတွက် သက်သက်သာ ဖြစ်သော်လည်း အမှန်တကယ် လေးလေးနက်နက် စဉ်းစားကြည့်မည် ဆို ပါက ဘာသာ တရားကို စော်ကားနေခြင်းသာ ဖြစ်ပြီး ဘာသာတရား အားနည်း ချိနဲ့ ကွယ်ပျောက် အောင် ဖျက်ဆီး နေရာ ရောက်ပါသည်။

အထက်က တင်ပြခဲ့သလို တိုင်းပြည်ကို စေတနာမှန် မေတ္တာမှန်ဖြင့် ခန္တီတရား အရင်းခံ၍ အုပ် ချုပ်သူများ မှန်လျှင် ဘာသာတရား အဆုံးအမဖြင့် လုပ်ရပ်မှားများကို ထောက်ပြပြီး ဆိုဆုံးမလာခဲ့သော်

နာခံ ဆောင်ရွက်ရမည်သာဖြစ်သော်လည်း … ယနေ့ စစ်အာဏာရှင်များသည် တိုင်းပြည်၏ သယံဇာ တများကို အပိုင်စီးလိုစိတ်၊ ပြည်သူများကို ညှင်းဆဲလိုစိတ်၊ ပြည်သူများ၏ စည်းစိမ်များကို ဂုတ်သွေး စုတ်လိုစိတ်၊ ကိုယ်တိုင်က တိုးတက် ဖွံ့ဖြိုးအောင် မစွမ်းဆောင်နိုင်ပါပဲနှင့် အာဏာကို လက်မလွှတ်

ချင်တဲ့စိတ်.များဖြင့် လက်နက်အားကိုးကာ တိုင်းပြည်၏ အာဏာကို သိမ်းပိုက်ထားကြသူများ ဖြစ်သည့်

အားလျော်စွာ ဘာသာတရားရဲ့ အဆုံးအမကို မလိုက်နာကြသည့်အပြင် ပိုမို၍ပင် နှိပ်စက် သတ်ဖြတ် ရိုင်းစိုင်းပြခဲ့ကြလေသည်။

ဗုဒ္ဓရှင်တော်မြတ်က ဓမ္မပဒမှာ လုပ်ရပ်မှားများကို ထောက်ပြ ဝေဘန် ပြောဆိုလာတဲ့သူကို ရွှေအိုး

ကို တူးဖော်ပေးတဲ့သူ.. အလင်းရောင်ကို ညွှန်ပြပေးတဲ့သူ..ဟု သဘောထားရမည်ဟု ဆိုဆုံးမ ခဲ့သည် မဟုတ်ပါလား?.. စစ်အာဏာရှင်များကတော့ အမှန်တရား ဆိုတဲ့ အသံကို လုံးဝ မကြားချင်ကြပါ။ အမှန်တရား အကြောင်း ပြောလာသူမှန်သမျှ ရန်သူဟု သတ်မှတ်ခါ သတ်ဖြတ်ပစ်နေကြပါသည်။ အမှန်တရား လက်ကိုင်ထားသည့် ဗုဒ္ဓဝါဒနှင့် စစ်အာဏာရှင်စနစ် အုပ်ချုပ်ရေး ဆိုသည်မှာ .. အရှေ့နဲ့

အနောက်… ဆီနဲ့ ရေ.. တမာနှင့် သကာပမာ.. လုံးဝ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်ပါသည်။

ထို့ကြောင့် အမှန်တရားကို လက်ကိုင်ထားပြီး အမှန်တရားကို မြတ်နိုးကြသည့် သံဃာတော်များ အနေဖြင့်.. ဗုဒ္ဓရှင်တော်မြတ်က ဗြဟ္မဇာလသုတ်တော်မှာ… ရတနာသုံးပါးနှင့် ပတ်သတ်၍ အတု အ ယောင်တွေ အစစ်အမှန် မဟုတ်ဘူး စသည်ဖြင့် မဟုတ်မမှန် စွပ်စွဲ ပြောဆိုလာခဲ့လျှင် ..ဘယ်လို လူမျိုး

ပဲ ဖြစ်နေပါစေ မဟုတ်လျှင် မဟုတ်တဲ့ အကြောင်း၊ မမှန်လျှင် မမှန်တဲ့ အကြောင်း ပြန်လည် ချေပ ပြော ဆိုကြရမယ်..လို့ မှာကြားတော်မူခဲ့တဲ့ ဩဝါဒ စကားကို လိုက်နာပြီး… စွပ်စွဲမှုများကို ချေဖျက်တွန်းလှန်

ပစ်ရမည်သာဖြစ်သည်။

ထို့ပြင် သဘာဝလည်းမကျ၊ ဓမ္မနည်းနည်းလမ်းလည်း မမျှတ၊ ပြည်သူများ ဘဝ ချွတ်ခြုံကျပြီး ဘာ

တခုမှ လွတ်လပ်ခွင့် မပေးပဲ ဖိနှိပ်ချုပ်ချယ်မှု မှန်သမျှကို တွန်းလှန် ကာကွယ်ရမည်သာ ဖြစ်သည်။

စစ်အာဏာရှင်များ ပြုလုပ်ကြမယ့် 2010- ရွေးကောက်ပွဲဆိုသည်မှာလည်း အခြေခံဖြစ်တဲ့ ဥပဒေကမှ

မျှတမှု မရှိသည့်အတွက် .. ရေခံ မြေခံ မျိုးစေ့ မမှန်ပဲနဲ့တော့ သီးပွင့်လာမယ့် ဒီမိုကရေစီ နိုင်ငံဆိုသည်

မှာလည်း ညံ့ဖျင်း စုတ်ပြတ် မွန်းကြပ် သိပ်သည်းပြီး အကြပ်အတည်းမျိုးစုံတွေ ပြည့်နှက်နေတဲ့ နိုင်ငံ တခုသာ ဖြစ်လာမှာ ဖြစ်တဲ့အတွက်… တိုင်းရင်းသား ပြည်သူများနှင့် အတိုက်အခံ ဖြစ်တဲ့ ဒီမိုကရေစီ အင်အားစုများအနေဖြင့် မိမိတို့ကိုယ်တိုင်နှင့် အနာဂတ် မျိုးဆက်သစ်များ စစ်အာဏာရှင် စနစ်ဆိုး အောက်မှာ ငြိုးငယ်စွာနဲ့ ဆက်လက် ရှင်သန် ဖြတ်သန်းရမယ့် အရေး၊ အကြပ်အတည်း မျိုးစုံ ဒုက္ခ နွံ ထဲမှာ နစ်ကြရမယ့် အရေးကို မျှော်တွေးပြီး.. စစ်အာဏာရှင်များ၏ လှည့်ကွက် ညာကွက် ညစ်ပတ် စုတ်ပဲ့ကွက်များကို သတိရှိရှိ အမြော်အမြင်ကြီးကြီးဖြင့် ရှုမြင် ဆုံးဖြတ်ခါ ပုဂ္ဂလိက အခွင့်အရေးများကို

သာ မကြည့်ကြပဲ အားလုံး လွတ်မြောက်နိုင်အောင် တရားမည်ထင်သော နည်းလမ်းမျိုးစုံဖြင့ှ် ရင်ဆိုင် တိုက်ပွဲ ဝင်သွားကြစေလိုကြောင်း တိုက်တွန်း လိုက်ပါသည်။

မေဓာဝီ (ABMA) (ပြည်တွင်း သံဃာ့တပ်ပေါင်းစု တာဝန်ခံ)

http://allburmamonksalliance.com/?p=4202