Saturday, January 16, 2010

16 Jan 2010 ဒိုင်ယာရီ

http://ifile.it/36487xd 16JAN2010 Diary

“ရိုးတိုးရိပ်တိပ် မျှော်လင့်လာရတဲ့ အစုအပြုံလိုက်ပြန်ပို့မှု”

စိုးနေလင်း(ဘာသာပြန်သည်)
Saturday, January 16, 2010


တကယ်လို့ အဖြေက “ကောင်းပါပြီ” ဆိုရင်တောင် ဘရုသုတ်ခ ဖြစ် နေတဲ့တရားမဝင်ရွှေ့ပြောင်းအလုပ်သမား အခြေအနေဟာ သိပ်ပြီး ကောင်းလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဖြေက သိပ် ကြောက်စရာကောင်းတဲ့ “မရပါဘူး” ဆိုရင်တော့ ဒီဘရုတ်သုတ်ခ အဖြစ်ဟာပိုပြီး ဆိုးဝါးလာပါလိမ့်မယ်။

ကျမပြောနေတာက ဆိုင်းငံ့ထားတဲ့ အိမ်နီးချင်းနိုင်ငံတွေက သန်း ပေါင်းများစွာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို စနစ်တကျ စည်း ကမ်းတကျ ထိမ်းချုပ်ဖို့ လုပ်ဆောင်နေတဲ့ အမျိုးသားစီမံဆောင် ရွက်မှုသစ်ရဲ့ ကန့်သတ်ကာလကို တိုးချဲ့ပေးဖို့မပေးဖို့ အစိုးရရဲ့ ဆုံး ဖြတ်ချက်ကိုပြောတာပါ။ အစိုးရက လွန်ခဲ့တဲ့နှစ်က လမ်းပေါက်တွေ ပွနေတဲ့ နယ်စပ်တလျှောက်က ထိုးဖောက်ဝင်ရောက်လာနေကြတဲ့ လော၊ ကဗ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့တရားမဝင်ဝင်ရောက်နေမှုကို ရပ်ဆိုင်းပစ်လိုက်ဖို့ မျှော်လင့် ချက်နဲ့ နှစ်အလိုက်လုပ်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်မှုကို ရပ်ပစ်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။ အဲဒီလိုမှတ်ပုံတင် ပေးနေမှုအစား သူတို့ရဲ့ မူလနိုင်ငံတွေက နိုင်ငံသားစီစစ်မှုကိုလုပ်ပေး၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရမှာဖြစ်ပြီး အဲဒီရလာတဲ့ နိုင်ငံကူး လက်မှတ်နဲ့ အလုပ်သမားတွေက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ကိုလျှောက်ထားကြရမှာ ဖြစ်ပါတယ်။ တကယ်လို့ အလုပ်သမားတွေက နိုင်ငံသား စီစစ်မှုကို ကန့်သတ်ကာလဘောင်အတွင်းမှီအောင်မလုပ်နိင်ကြဘူးဆိုရင် အဲဒီအလုပ်သမားတွေဟာ အဖမ်းအဆီးခံ နိုင်ငံ ကိုပြန်ပို့ခံရမှာ ဖြစ်ပါတယ်။ အစိုးရက သူတို့ရဲ့တောင်းဆိုမှုအတွက် သန်းပေါင်းများစွာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အချိန်ကာ လ တနှစ်ပဲ ခွင့်ပြုခဲ့ပါတယ်။ အဲဒီကန့်သတ်ကာလဟာ ခုချိန်မှာ ကျမတို့ နိုင်ငံရဲ့တံခါးကို လာခေါက်နေပါပြီ။

ကျမတို့ ခုကြုံတွေ့ရမယ့်အဖြစ်ကတော့ နှစ်သန်းကျော်ရှိနေတဲ့ လူတွေကို အစုလိုက်အပြုံလိုက် ပြန်ပို့ရမယ့် အဖြစ်ပါပဲ။ ရွှေ့ပြောင်း နေထိုင်သူများ တရားမျှတမှု အစီအစဉ် (Migrant Justice Programme) ရဲ့ ညွှန်ကြားရေးမှူး အင်ဒီဟောလ် (Andy Hall) ရဲ့ အ ဆိုအရ ၇ဝဝဝဝ ကျော်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတချို့ဟာ သတင်းတပတ်လောက်ပဲ လိုတော့တဲ့ ဇန္နဝါရီလ ၂၁ ရက်နေ့မှာ ကုန် ဆုံးတော့မယ့် သူတို့ရဲ့ အလုပ်သမားလက်မှတ်အရ အစုလိုက်အပြုံလိုက် တိုင်းပြည်ပြန်ပို့ခံရမယ့်အဖြစ်ကို ရင်ဆိုင်ကြရမှာ ဖြစ်ပါ တယ်။

ကျန်တဲ့ခန့်မှန်းခြေ ၉၃ဝဝဝဝ လောက်ရှိတဲ့ မှတ်ပုံတင်ပြီး အလုပ်သမားတွေအတွက်ကတော့ သူတို့ရဲ့အလုပ်သမားလက်မှတ် သက် တန်း ကုန်ဆုံးမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ပြီးရင် ဒီအဖြစ်နဲ့ ရင်ဆိုင်ကြရပါလိမ့်မယ်။

ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့ (International Organization for Migration) ရဲ့ အဆိုအရ ၂ဝဝ၉ ခုနှစ် အ တွင်း ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားကြတဲ့ အလုပ်သမားပေါင်း ၁,၁၇၄,၇၁၆ ဦး ရှိပါတယ်။ အဲဒီ အလုပ်သမားဦးရေရဲ့ ၈ဝ% ဟာ မြန်မာနိုင်ငံကဖြစ်တဲ့အတွက် နိုင်ငံသားစီစစ်ရေးလုပ်ငန်းရဲ့ အောင်မြင်မှုဟာ မြန်မာနိုင်ငံပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ပြီး ခဲ့တဲ့ နှစ်ကုန်လွန်ချိန်အထိ မြန်မာနိုင်ငံက လျှောက်ထားသူ ၅ဝဝဝ-၆ဝဝဝ လောက်ကိုပဲ စီစစ်ပေးနိုင်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံရဲ့ ကြိုးနီစနစ်နဲ့ ခြစားလေက်ကိုက်မှုတွေကြောင့် အရမ်းနှေးကွေးလှတဲ့ စီစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်ဟာ တခုတည်းသော အဟန့်အတားအနှောက်တော့လည်း မဟုတ်ပါဘူး။ လောနဲ့ကဗ္ဘောဒီးယားနိင်ငံတွေက နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ် လျှင်မြန်လာဖို့ အတွက် သူတို့နိုင်ငံတွေက အာဏာပိုင်အရာရှိတွေကို ထိုင်းနိုင်ငံကိုစေလွှတ် ပေးဖို့သဘောတူညီထားခဲ့ပြီး ဖြစ်ပေမယ့် မြန်မာနိုင်ငံ ကတော့ အဲဒီလိုစေလွှတ်ပေးဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ သူတို့က အလုပ်သမားတွေကို သူတို့ကိုယ်တိုင် မြန်မာနိုင်ငံထဲပြန်ဝင်ပြီး လုပ် ဆောင်ကြဖို့ ဒါမှမဟုတ် ပွဲစားတွေကတဆင့် လုပ်ဖို့ပဲ ပြောဆိုတိုက်တွန်းနေပါတယ်။

အဲဒီ နိုင်ငံကူးလက်မှတ်အတွက် ပေးသွင်းရမယ့်အခကြေးငွေကို ထိုင်းဘတ်ငွေ ၅ဝဝ အထိလျှော့ချပေးလိုက်ပေမယ့် အလုပ်သမား တွေ အတွက်ကတော့ သက်ဆိုင်ရာတာဝန်ရှိအရာရှိတွေရဲ့ လက်မှတ်ကိုရဖို့ မတန်တဆပေးပြီး လုပ်နေကြရဆဲဖြစ်ပါတယ်။ ဒါပေမယ့် လည်း လိမ်လည်လှည့်စားမှုတွေကများလှတဲ့အတွက် အလုပ်သမားတော်တော်များများရဲ့ သူတို့ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းရှာ ဖွေ ထားခဲ့ရတဲ့ လုပ်အားခငွေတွေဟာပွဲစားတွေရဲ့ လက်ထဲမှာ ဆုံးရှုံးရမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။

အရေးယူအပြစ်ပေးခံရမှာကို ကြောက်ရွံ့စိုးရိမ်မှုဟာလည်း အလုပ်သမားအတော်များများက အဲဒီ နိုင်ငံသားစီစစ်ရေးလုပ်ငန်းနဲ့ ကင်း ကင်းရှင်းရှင်းနေကြဖို့ ရွေးချယ်ရတဲ့အကြောင်းတချက်ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားအများစုကြီးဟာ စစ်အစိုးရရဲ့ ရက်ရက် စက်စက် ကြမ်းကြမ်းတမ်းတမ်းဖိနှိပ်မှုအောက်ကနေ ထွက်ပြေးလာခဲ့ကြတဲ့ ရှမ်း ကရင်နဲ့ မွန်တိုင်းရင်းသားလူမျိုးစုတွေ ဖြစ်ကြပါတယ်။ သူတို့က သူတို့ကိုယ်တိုင် မြန်မာနိုင်ငံထဲသွားပြီး စာရင်းပေးမယ်ဆိုရင် ပြည်တွင်းထဲမှာနေထိုင်ကျန်ရစ်ခဲ့ကြတဲ့ သူတို့ရဲ့မိသားစုတွေကို စစ်အစိုးရကအပြစ်ဒဏ်ပေးမှာ ခြိမ်းခြောက်ငွေညှစ်မှာကို စိုရိမ်ကြောက်ရွံ့ကြပါတယ်။

ကန့်သတ်ချိန်ဟာ မအောင်မြင်နိုင်တော့တာကို သိတဲ့အတွက် နိုင်ငံခြားသား အလုပ်သမားစီမံကွပ်ကဲရေးကော်မတီ (Alien Workers Management Committee) က နိုင်ငံသားစီစစ်ရေးအတွက် ကန့်သတ်ချိန်ကိုနောက်ထပ် နှစ်နှစ်တိုးပေးဖို့ အစိုးရအဖွဲ့ရဲ့ သဘောတူ ခွင့်ပြုမှု ကိုတောင်းခံခဲ့ပါတယ်။ အစိုးရအဖွဲ့က အဲဒီတောင်းဆိုမှုကို ခုထိဘာမှ မတုန့်ပြန်ခဲ့သေးပါဘူး။ ဒါပေမယ့် အစိုးရအဖွဲ့ရဲ့ အဲဒီ သဘောတူခွင့်ပြုမှုကရော တရားမဝင်အလုပ်သမားပြသနာ နိဂုံးချုပ်ရေးကို လေက်လောက်လားလား အကူအညီ ဖြစ်စေနိုင်ပါ့မလား။ အခု မြန်မာနိုင်ငံအစိုးရ အလုပ်လုပ်နေတဲ့ နှုန်းအတိုင်းဆိုရင် နောက်ထပ်အပိုဆောင်း ၂ နှစ်မှာ တရားဝင်အလုပ်လုပ်ခွင့်ရရှိရမယ့် မြန်မာနိုင်ငံကရွှေ့ပြောင်းအလုပ်သမား တသန်းလောက်ထဲက ၁၂ဝဝဝ လောက်ပဲ စီစစ်ခွင့်ပြုပေးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီကိစ္စကို ကျမတို့အနေနဲ့ ရယ်မောပစ်သင့်ပါသလား၊ ဒါမှမဟုတ် ငိုကြွေးသင့်ပါသလား။

တကယ်လို့ ထူးထွေအံ့မခန်းအဖြစ်မျိုးနဲ့ တွေ့ကြုံရပြီး အဲဒီအနှောက်အယှက် အဟန့်အတားတွေကို ဖယ်ရှားရှင်းလင်းပစ်နိုင်တယ် ဆို ရင်တောင် နောက်ထပ်အနိုင်ကျင့် ခေါင်းပုံဖြတ်ခံရမှုမျိုးစုံ တွေ့ကြုံခံစားရနိုင်တဲ့ လူတသန်းကျော်လေက် တရားမဝင်ကျန်ရှိနေအုံးမှာပဲ ဖြစ်ပါတယ်။ ငွေကြေး သတင်းအချက်အလက် ကင်းမဲ့မှုနဲ့ အရေးယူအပြစ်ပေးခံရမှာ ကြောက်ရွံ့မှုတွေကြောင့် အဲဒီလူတွေဟာ တရား ဝင်ဖြစ်လာတဲ့အတွက် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို တွေ့မြင်နိုင်ကြလိမ့်မယ် မဟုတ်ပါဘူး။

စည်းမျဉ်းစည်းကမ်းသစ်က သူတို့ကို နှစ်နှစ်တာ တရားဝင်အလုပ်လုပ်ဖို့ ခွင့်ပြုမှာဖြစ်ပြီး နောက်ထပ်နှစ်နှစ်တာကာလ အလုပ်သမား လက်မှတ်သက်တမ်းတိုးခွင့် လည်းရလာနိုင်ခြေရှိပါတယ်။ ဒါပေမယ့် သူတို့တွေလုပ်နေရတဲ့ ကျေးကျွန်လုပ်ငန်းမျိုးရဲ့ အခြေအနေတွေ ကနေ တိုးတက်ကောင်းမွန်လာမယ်၊ ဒါမှမဟုတ် သူတို့တွေကို ရဲကခြိမ်းခြောက်ငွေညှစ်တာမျိုးခံရသွားစေနိုင်တဲ့ အလုပ်ရှင်တွေက သူ တို့ရဲ့ အထောက်အထားလက်မှတ်တွေကို သိမ်းဆည်းတာမျိုးရှိနိုင် မရှိနိုင် ဆိုတာကိုတော့ အာမခံချက်မရရှိနိုင်ပါဘူး။

မြန်မာနိုင်ငံမှာ အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲ ရက်စက်မှုတွေ ဆက်ပြီးဖြစ်နေသမျှတော့ မြန်မာနိုင်ငံကပြည်သူတွေဟာ သူတို့တွေရဲ့ ဘဝနဲ့အသက်တွေကို စွန့်စားပြီး နယ်စပ်ဖြတ်ကျော် အလုပ်လာလုပ်နေကြအုံးမှာပါပဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေးစနစ် ကတိမ်း ကပါးဖြစ်နေသေးသမျှ၊ ထိုင်းအာဏာပိုင်တွေကလည်း ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အရေးကို အလေးဂရုပြုဖို့ ငြင်းဆန်နေသေးသ မျှ သာမန်ပြည်သူတွေဟာ နိုင်ငံရဲ့မူဝါဒကျဆုံးမှုအတွက် အကြီးဆုံးအရှုံးသမားတွေ ဖြစ်နေကြရအုံးမှာပဲဖြစ်ပါတယ်။ အသေအချာ အကြီးမားဆုံးအနိုင်ရမယ့် သူတွေဖြစ်တဲ့ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ထဲမှာ ခြစားလောက်ကိုက်မှုတွေ ရှိနေအုံးမှာဖြစ်သလို ဂိုဏ်းဖွဲ့လူကုန်ကူး မှုနဲ့ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်မှုတွေလည်း ရှိနေအုံးမှာပဲ ဖြစ်ပါတယ်။ ။

(14th Jan 2010 ထုတ် Bangkok Post မှ Sanitsuda Ekachi ရဲ့The looming prospect of massive deportation ကို ဘာသာ ပြန်ဆိုပါတယ်။ စိုးနေလင်း)

(Ms.Sanitsuda Ekachi ဟာ Bangkok Post (Outlook) ရဲ့ လက်ထောက်အယ်ဒီတာဖြစ်ပါတယ်။)
http://www.naytthit.com/articals/2010/jan10/snl-jan16.html မှယူပါသည်။

၈၈၈၈ ပြည့်သူ့ သတင်းစဉ် ။(ဇန္န၀ါရီလထုတ်)

http://ifile.it/dnmabxc
8888 People Power January

ဘိုဥာဏ်ဝင်းဆန္ဒပြပွဲဖျက်သိမ်းခဲ့မှုနှင့်ပတ်သက်၍


Free Image Hosting at www.ImageShack.us
ရေးသားသူ ။ ။ moethaukkye Saturday, January 16, 2010

ယနေ့နံနက် ၈း၃၀ ခွဲမှစတင်၍ ယိုဆုယ(Yotsuya)ဘူတာအနီးရှိ New Otani Hotel တွင်ကျင်းပပြုလုပ်နေသော ၄ ကြိမ်မြောက် အရှေ့အာရှနှင့် လက်တင်အမေရိကားနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံဆွေးနွေးပွဲ(The 4th Forum for East Asia-Latin America Cooperation (FEALAC) Foreign Ministers’ Meeting)ကို နအဖနိုင်ငံခြားရေးဝန်ကြီးဆိုသူ ဘိုဥာဏ်ဝင်းတက်ရောက်၍ ၂၀၁၀ ရွေးကောက်ပွဲအပြင် မြန်မာပြည်ဆိုင်ရာနိုင်ငံရေးမူဝါဒများပြောကြားမည့်အပေါ် ကန့်ကွက်ဆန္ဒြုပမည့်အစီအစဉ် ဖျက်သိမ်းလိုက်ကြောင်းသိရသည်။
ဖျက်သိမ်းရခြင်းအကြောင်းအရင်းမှာ တရုတ်ကိုမုန်းတီးသည့် ဂျပန်လက်ယာအစွန်းရောက်( japan right wing)အဖွဲ့များမှ ကားကြီး ကားငယ်များနှင့်လှည့်လည်ကာ လာရောက်ဆန္ဒပြမည့်အတွက် လုံခြုံရေးအပြည့်ချထားမည်ဖြစ်ကြောင်း၊ ဂျပန်ရဲများမှ အသိပေးပြောဆိုလာသည့်အတွက် ဘိုဥာဏ်ဝင်းကို ကန့်ကွက်ဆန္ဒပြမှုအစီအစဉ်ကိုပါ Permit (ခွင့်ပြုချက်)မရသဖြင့် ဖျက်သိမ်းလိုက်ရကြောင်း မိုးသောက်ကြယ်သို့အီးမေးလ်ပေးပို့လာသည်။
အဆိုပါကိစ္စဟုတ်-မဟုတ်သိရှိလိုသည့်အတွက် မိုးသောက်ကြယ်အဖွဲ့မှ သတင်းဓါတ်ပုံတာဝန်ခံတစ်ဦးဖြစ်သူ ကိုမင်းညိုဝမ်းမှ ယနေ့နံနက် ၉း၃၀ မှ နေ့လယ် ၁၁း၀၀ နာရီအထိ ယိုဆုယဘူတာအနီးရှိ New Otani Hotel ရှေ့တွင် သွားရောက်စောင့်ကြည့်ခဲ့ရာ ဂျပန်ရဲများပြောဆိုခဲ့သည့် တရုတ်ကိုမုန်းတီးသည့် ဂျပန်လက်ယာအစွန်းရောက်( japan right wing)အဖွဲ့များ ကားကြီးကားငယ်များနှင့်လှည့်လည်ကာ ဆန္ဒြုပခြင်းမျိုးမရှိပေ။ ဘူတာရှေ့တွင် ပတ္တရောင်လည့်ကားတစ်စီးနှင့် ရဲနှစ်ဦးသာရှိပြီး ဟော်တယ်ရှေ့တွင် အစည်းအဝေးအတွက် လုံခြုံရေးချထားသည့် ဂျပန်ကား ၃ စီးသာရှိသည်။
(ဂျပန်နိုင်ငံတွင် တရုတ်လူမျိုး သန်း ၂၀ ကျော်ရှိသည်။ ယိုကိုဟားမားတွင် China Town တည်ထားသည်။ မကြာမှီ တိုကျိုမြို့၊ အိခဲဘုခုရို(Ikebukuro)ရပ်ကွက် အနောက်ဖက်အခြမ်းတွင် Tokyo China Town တည်ထောင်တော့မည်ဖြစ်သည်။ တည်ထောင်ဖို့အတွက်လည်း ခွင့်ပြုချက်ရရှိထားပြီဖြစ်သည်။ တရုတ်ကိုမုန်းတီးသည်ဆိုသည့် ဂျပန်လက်ယာအစွန်းရောက်ဆိုသူများ ကန့်ကွက်ဆန္ဒပြမှုပြုလုပ်သည့်ဆိုသည့် သတင်း သဲ့သဲ့မျှပင်မကြားမိ၊ မတွေ့ရှိသေးပေ။ ဂျပန်လက်ယာအစွန်းရောက်အဖွဲ့ဆိုသည်မှာ ဒုတိယကမ္ဘာစစ်တွင်စစ်ရှုံး၍ လက်နက်ချမှုကိုမကျေနပ်သည့်အဖွဲ့တခုဖြစ်ပြီး စစ်ဝါဒထူထောင်မှုကို တောင်းဆိုလိုလားသည့်သူများဖြစ်သည်။ ၎င်းတို့သုံးစွဲသည့်အလံမှာ စစ်အတွင်းအသုံးပြုခဲ့သည့် အဖြူရောင်ပိတ်စ နေ၀န်းနီအပေါ်တွင် အနီစင်းများချယ်ထားသည့်အလံသာဖြစ်သည်။)

ဂျပန်လက်ယာအစွန်းရောက်( japan right wing)အဖွဲ့များ(နမူနာပုံ-အင်တာနက်မှ)
ဘိုဥာဏ်ဝင်းကို ကန့်ကွက်ဆန္ဒပြဖို့အတွက် နှိုးဆော်ခဲ့သည့် JACအဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုသန်းဆွေမှ “ဂျပန်မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်ပါမယ်ဆိုပြီး ဖွဲ့ထားတဲ့ အဖွဲ့အစည်းပေါင်း ၃၀ ကျော်ရှိတယ်ဗျာ။ ကျနော်တို့JAC ဆိုတာအခုဆိုရင် ၁၇ ဖွဲ့ပဲရှိတော့တယ်။ စတင်ဖွဲ့စည်းစဉ်တုန်းက ဂျပန်မှာရှိသမျှအဖွဲ့အစည်းအားလုံးပါဝင်ခဲ့ကြတယ်။ နောက်တော့ မင်းသားကြီးမလုပ်ရရင် ပတ်မကြီးထိုးဖောက်ချင်တဲ့သူက ခပ်များများဆိုတော့ ငါမချယ်လှယ်ရလို့၊ ငါတို့အဖွဲ့ဦးဆောင်တာမဟုတ်လို့ ငါတို့လုပ်သမျှ သတင်းမီဒီယာတွေမှာ မထင်ပေါ်လို့ဆိုပြီး ခွဲထွက်ကုန်ကြတယ်။ JACမလုပ်ဖြစ်ပေမယ့် ကျန်တဲ့အဖွဲ့အစည်းတွေက လုပ်မလားဆိုတော့ တယောက်မှမလုပ်ကြဘူးဗျ။ အားလုံးက `လူနပ်ချမ်းသာ`လမ်းစဉ်နဲ့ `ထင်သာ မြင်သာ`လှုပ်ရှားမှုပဲကျင့်သုံးနေကြတယ်လေ။ အခုလိုပွဲမျိုးမှာ သွားပြီးဆန္ဒပြကြမယ်ဆိုရင် ဂျပန်ရဲနဲ့ ထိပ်တိုက်တွေ့ကြမယ်။ ပြသနာတက်နိုင်ချေရှိတယ်။ အဲဒီလိုမျိုးဖြစ်လာပြီဆိုရင် `လူနပ်ချမ်းသာ`အဖွဲ့တွေက ကျနော်တို့ကို အပြစ်တင်တဲ့လေသံနဲ့ပြောပြီ။ အဲ-အဆင်ပြေသွားလို့ ဆန္ဒပြခွင့်ရပြီဆိုရင်တော့ အဲဒီ့လူတွေပဲ အရှက်မရှိတဲ့မျက်နှာနဲ့ တိုင်းပြည်အတွက်၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဘာညာ ဘာညာဆိုပြီး ရှေ့ထွက်`အာ`ကြပြီ။ အဲဒီ့ကျရင် သူတို့ကထိပ်ဆုံးကပဲ။ ဂျပန်ရဲနဲ့ထိပ်တိုက်တွေ့မယ်ဆိုရင်တော့ ရှောင်ကြတယ်။ နောက်ဆုံးကျနော်မြင်တာကတော့ ဒီမှာရှိတဲ့လူတွေဟာ ဂျပန်ရဲနဲ့အဆင်ပြေချင်တဲ့လူတွေကများနေတယ်။ ဂျပန်ရဲငြိုညင်မှာကို ကြောက်ကြတယ်။ ဘာကြောင့်လည်းဆိုတော့ `ထင်သာ မြင်သာ`လှုပ်ရှားမှုလမ်းစဉ်(လမ်းလျှောက်ဆန္ဒခြင်း၊ အထိမ်းအမှတ်နေ့တိုင်း နအဖအခွန်ရုံးရှေ့ကြွေးကြော်ကန့်ကွက်ခြင်း၊ မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်ကိုကြည့်ပြီး အခါအားလျော်စွာ statement ထုတ်ခြင်း၊ လှုပ်ရှားမှုပြုလုပ်ခြင်းအစရှိသဖြင့်)တွေလုပ်ရင် ပါမစ် မရမှာစိုးရိမ်ကြတယ်လေ…”ဟု ယခုလိုရှင်းပြသည်။ ဆက်လက်၍ ”အခုဆိုရင် ဂျပန်မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်း ၄၀ ရဲ့ရပ်တည်ချက်တွေနဲ့အတူ။ သူတို့ရဲ့သဘောထားတွေ၊ မူဝါဒလမ်းစဉ်တွေကို သိလောက်ပြီလို့ထင်ပါတယ်…”ဟု ပြောဆိုသည်။

JACတွင်ပါဝင်သည့် ပလောင်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်ကိုမိုင်ကျော်ဦးကတော့ ”ဒီပွဲဟာ ကျနော်တို့ကို ဂျပန်ရဲက ဆန္ဒပြပွဲမဖြစ်အောင်လှည့်စားလိုက်တဲ့လုပ်ရပ်ပါ။ နောက်ပြီး ဂျပန်အစိုးရသစ်ရဲ့ ပြောင်းလဲလာတဲ့နိုင်ငံခြားရေးရာမူဝါဒလို့ပြောရမလိုပေါ့ဗျာ။ ၂၀၁၀ ရဲ့အစမှာတောင် ဒီလိုခြေလှမ်းမျိုးလှမ်းလာနေပြီဆိုရင် ရှေ့လျှောက် ကျနော်တို့ရဲ့ဆန္ဒပြမှုတွေ၊ တောင်းဆိုမှုတွေကို လိုက်လျောမှာမဟုတ်တော့ဘူး။ တင်းကျပ်လာဖို့ပဲရှိတယ်။ နောက်ပြီး အရေးကြီးတဲ့ ၂၀၁၀ မှာတောင် ကျနော်တို့အချင်းချင်းမညီညွတ်ဘူး၊ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညှိနှိုင်းလုပ်ဆောင်လို့မရဘူးဆိုရင် ဘာလုပ်လုပ်အောင်မြင်မှာမဟုတ်ဘူး။ ခင်ဗျားတို့သိတဲ့အတိုင်း ဂျပန်အစိုးရကလည်း ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံပြုပြင်ဖို့ထက်စာရင် ၂၀၁၀ ရွေးကောက်ပွဲကိုပဲ အမြန်ဆုံးပြီးပြတ်စေချင်တဲ့ဆန္ဒရှိတယ်..”ဟု ပြောဆိုသည်။
ယနေ့ကျင်းပသည့် ၄ ကြိမ်မြောက် အရှေ့အာရှနှင့် လက်တင်အမေရိကားနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံဆွေးနွေးပွဲသို့ ဘိုဥာဏ်ဝင်းနှင့်အတူ ဂျပန်ရှိ နအဖသံအမတ် ဘိုလှမြင့်လည်း တက်ရောက်ခဲ့သည်။ ညနေ ၄း၃၀ တွင် ရှင်နာဂါဝါရှိ မြန်မာအခွန်ရုံးသို့ ဘိုဥာဏ်ဝင်းနှင့်အဖွဲ့ အခွန်ရုံးမိသားစုများ၏ ဂါရ၀ပြုပွဲ(လက်ဆောင်ပစ္စည်းဆက်သပွဲ)သို့ တက်ရောက်ခဲ့ကြောင်းစုံစမ်းသိရှိရပြီး၊ ကန့်ကွက်ဆန္ဒပြမည့်သူ တစ်ဦးတလေမှမရှိကြပေ။

နို့ဖိုးဒုက္ခသည်စခန်းအခြေအနေ



ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန် အိပ်ခ်ျစီ အာ) ကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံထားရတဲ့ နိုင်ငံရေးအဖွဲ့အစည်း များက လူ (၄၀၀) လောက်ကို ယူအန်အိပ်ခ်ျစီအာက တတိယနိုင်ငံတွေကို ထွက်ခွာခွင့် ဆိုင်းငံ့ထား တာ အခုဆိုရင် (၃) နှစ် ရှိပါပြီ။ အရင် မဲဆောက်မှာနေတဲ့ ဆိုင်းငံ့ခံ ထားရသူတွေ အပါအ၀င် လူ (၂၀၀၀) လောက်ကို ယူအန်အိပ်ခ်ျစီအာနဲ့ အမ်အိုအိုင်တို့ရဲ့ အစီအစဉ်နဲ့ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် စက်တင်ဘာလက နို့ဖိုးစခန်း မှာ စခန်းသွင်းခဲ့ပါတယ်။ အဲဒီထဲက လူ (၁၅၀၀) လောက် ကို ယူအန်အိပ်ခ်ျစီအာကနေ တတိယနိုင်ငံ တွေကို သွားခွင့်ပြု ခဲ့ပြီး နိုင်ငံရေးအဖွဲ့အစည်းက လူတွေကျတော့ (၃၀၀) ကျော်ကို ဆိုင်ငံ့ထားပီး (၆၀) ကျော်က တော့ ဒုက္ခသည်အဖြစ် ပယ်ချ ခြင်း ခံကြရပါတယ်။

နိုင်ငံခြားထွက်သွားတဲ့လူ(၁၅၀၀) ထဲက အများစုဟာ နိုင်ငံရေးနဲ့မပတ်သက်ဘဲ အကြံအဖန်နဲ့ ထွက်ကြ တဲ့လူတွေ ဖြစ်တယ်ဆိုတာ ယူအန်က ၀န်ထမ်းတွေလည်း သိပါတယ်၊ ကျနော်တို့ နိုင်ငံရေးအဖွဲ့အစည်း ကလူတွေကိုတော့ ထွက်ခွာခွင့်မပြုဘဲဆိုင်းငံ့ထားပါတယ်။ ယူအန်အိပ်ခ်ျစီအာအနေနဲ့ ဒုက္ခသည်အစစ် အမှန်နဲ့ အတုအယောင်တွေကိုသေချာစိစစ်စေချင်ပါတယ်။ ကျနော်တို့ဟာ စခန်းတွင်းမှာ စိတ်ပိုင်း ဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ဒုက္ခ ရောက်နေကြတာကို နိုင်ငံတကာက သိစေချင်ပါတယ်။ စခန်းထဲမှာလည်း စားဝတ်နေရေး၊ ကျန်းမာရေးဆိုတာ မသေရုံသာသာ အခြေအနေလို့တောင် ဆိုနိုင် ပါတယ်။ ကျနော်တို့အားလုံး ဟာ မြန်မာပြည်ပြန်လို့မရတဲ့သူတွေ ဖြစ်ပါတယ်။

ကျနော်တို့ကို ၆-၁-၁၀ ရက်နေ့က စခန်းမှာ UNHCR က တာဝန်ရှိသူတွေ လာပြီး ဆွေးနွေး ပါတယ်။ အဲဒီအဖွဲ့ထဲက နိုင်ငံခြားသူ အမျိုးသမီးအရာရှိတဦးပြောတာက ကျနော်တို့အားလုံး အတွက် လာမယ့် မတ်လမှာ ရက်(စ်) အော် နိုး အဖြေတခုခု သိရမယ်၊ ဘာအဖြေပဲထွက်ထွက် အမေရိကန်ကလွဲပြီး အခြားနိုင်ငံသွားခွင့်မရှိဘူးလို့ ပြောပါတယ်။

ကျနော်တို့အားလုံးဟာ အမေရိကန်ကိုထွက်ဘို့ လျှောက်ထားကြတဲ့လူတွေ ဖြစ်ပါတယ်။ ဆိုင်းငံ့ခံရ သူတွေထဲမှာ တချို့ဆိုရင် သားသမီးမြေးတွေ အမေရိကန်မှာ ရှိတဲ့လူတွေ ပါပါ တယ်။ ဒါပေမယ့် အဲဒီလူတွေလည်း အခုထိ သွားခွင့်မရှိသေးပါဘူး။ တခြားနိုင်ငံကိုလည်း လျှောက်ခွင့်မရှိတဲ့အပြင် အမေရိကန်က မခေါ်မချင်း (၁၀) နှစ်လား၊ အနှစ် (၂၀) လား စောင့်ရမယ့်သဘော ဖြစ်နေပါတယ်။ ပိုပြီး စိုးရိမ်ဖို့ကောင်းတာက ကျနော် တို့ကို အမေရိကန် မပို့ဘဲ ထိုင်းနိုင်ငံမှာခိုလှုံနေတဲ့ လောနိုင်ငံက (မုန်) လူမျိုး ဒုက္ခသည်တွေကို ထိုင်းနိုင်ငံက အတင်းအကြပ်ဖမ်းပြီး ပြန်ပို့သလိုလုပ်မှာကို အထူး စိုးရိမ်မိပါတယ်ခင်ဗျား။ (ခေတ်ပြိုင် အွန်လိုင်းပေးစာမှ ကူးယူဖေါ်ပြသည်။)

အုန်းပြန့်စခန်းအခြေအနေ

အုန်းပြန့်ဒုက္ခသည်စခန်းအတွင်း၌ လက်ရှိနိုင်ငံရေးအကျဉ်းသားဟောင်း (၄၇)ဦး ရှိသည့်အနက် UMP ရရှိပြီးသူ (၃)ဦးမှာ USA resettlement process တွင် Hold ဖြစ်နေကြပါသည်။ ၎င်းတို့(၃)ဦးမှာ နို့ဖိုး စခန်းရှိရဲဘော်များကဲ့သို့ မရေရာ-မသေချာဖြင့် (၃)နှစ်ကျော် ကန့်ထဲတွင်စောင့်နေကြရသူများဖြစ် ပါ တယ်။ UMPရှိပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတဦး မိသားစုဆိုရင် နအဖထောင်ကလွတ်ပြီးနောက် သားတကွဲ မယားတကွဲဖြစ်ကုန်ကြပါပြီ။ သားငယ် ကိုUSကလက်ခံပြီး သားကြီးက Reject ဖြစ်လို့ အခု Australia ကိုရောက်နေပြီး သားလတ်နဲ့ သူမကိုယ်တိုင်ကတော့ ဟိုးဖြစ်နေသေးတဲ့အတွက် ဘယ်နိုင်ငံ ကိုရောက်မယ်ဆိုတာ မသိ နိုင်ကြသေးပါဘူး။ ထောင်ကလွတ်ပြီးရင် မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ နေချင်တဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတယောက်ရဲ့ စိတ်ကူးယဉ်အိမ်မက်ဟာလဲ သဲထဲရေသွန် ဖြစ်ရုံသာမက ဒီဘဝမှာ ပြန်လည် ဆုံဆည်း ဖို့ဆိုတာ အလွန်ကိုဝေးကွာနေပါပြီ။ ABSDFရဲဘော် ဟောင်းတဦးဖြစ်တဲ့ ကိုအောင်ထူးဆိုရင် ၁၉၉၂ခုနှစ်ကတည်းက မာနယ်ပုလောစစ်ဆင်ရေးမှာ ဒဏ်ရာ ရခဲ့ပြီး ၁၉၉၄ခုနှစ်ကတည်းက အဖွဲ့အစည်းကနေ ထွက်ခဲ့ပေမဲ့ အခုအထိကို လက်နက်ကိုင်အဖွဲ့ အစည်း နဲ့ပတ်သက်တယ်ဆိုပြီး USဟိုးဖြစ်နေဆဲဖြစ်ပါတယ်။ ကျန် နိုင်ငံရေး အကျဉ်း သားဟောင်း (၄၃) ဦး မှာ 2006 Process နောက်ပိုင်းမှရောက်ရှိလာသူများ ဖြစ်ကြပါတယ်။ သို့်သော် အများစု မှာ၂၀၀၇ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမတိုင်မီရောက် ရှိလာကြ သူများဖြစ်ကြပါတယ်။ ၂၀၀၇ ရွှေဝါရောင်နောက်ပိုင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာ သူများကို အမေရိကန်မှ အထူး အစီအစဉ်ဖြင့် မဲဆောက်မှခေါ်ကြသည့်အချိန်တွင် နိုင်ငံရေးနှင့်မပါတ် သက်သူ အများစုသာ UNHCR မှဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်မှတ်များထုတ်ပေးပြီး အမေရိ ကန် သို့ထွက်ခွာသွားကြပါတယ်။ အထူးသဖြင့်မဲဆောက်မှ ကုလားသူဌေးများနှင့် ကျောက်ပွဲစားတန်းမှ ကုန်သည်အများစုပါသွားကြပါ တယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းများမှာ UNHCR၏ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုသည့် လက်မှတ်ကိုပင် မရရှိဘဲ ရဲဖမ်းလျှင်သက်သေခံ အထောက်အထားပြစရာ ဘာမှမရှိသည့်အတွက် မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေးလှုပ်ရှားမှုကြောင့် လွတ်မြောက်နယ်မြေထိုင်းနိုင်ငံ သို့ထွက်ပြေးတိမ်းရှောင် လာပြီးမှ ထောင်တွင်း၌ပင်အချုပ်ကျနေသလို အိမ်တွင်းပုန်းနေကြရပါတယ်။ ထို့ကြောင့် ၂၀၀၈ခုနှစ် ဇူလိုင်လတွင် မဲဆောက် UNHCR ရုံးသို့သွားရောက်တင်ပြကြသည့်အခါ ဒုက္ခသည်စခန်းများသို့ ဝင်ရန်အတင်းအကြပ်တိုက်တွန်းကြပါတယ်။ သို့သော် သွားရေးလာရေးကိစ္စ သော်၎င်း၊ စားဝတ်နေရေး ကိစ္စသော်၎င်း ဘာမှတာဝန်ယူခြင်းမရှိဘဲ လမ်းခရီးတွင်အကယ်၍ အဖမ်း ခံရပါက သူတို့ထံသို့ ဖုန်းဆက် အကြောင်းကြားရန်သာပြောလိုက်ပါတယ်။ တတိယနိုင်ငံတွင် အခြေချနေ ထိုင်ရေးအစီ အစဉ်ကို လက်ခံမည်ဆိုပါက ဒုက္ခသည်စခန်းများသို့ဝင်ရောက်ရမည်ဟု ပြောသည့်အပြင် မဲဆောက် တွင်ဆက်လက်နေထိုင်ပါကလည်း ထိုင်းရဲများမှ ဖမ်းဆီးပြီး မြန်မာပြည်သို့ပြန်ပို့မည်ကို ကြောက်ရွံ့ကြ သဖြင့် ၂၀၀၈သြဂုတ်လမှစ၍ အုန်းပြန့်ဒုက္ခသည်စခန်းသို့ ဝင်ရောက်ခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း အများစုမှာ ပြည်တွင်း၌နိုင်ငံရေး လှုပ်ရှားမှုများပြုလုပ်ပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်သဖြင့် မြန်မာပြည်သို့ပြန်ပို့ခံရပါက နောက်တကြိမ်နှစ်ရှည်ထောင် ဒဏ်များကျမည်မှာ သေချာသလောက်ဖြစ်ပါတယ်။ ပြည်တွင်းမှာကျန်ခဲ့တဲ့ မိသားစုများကလည်း ရေရှည်ခွဲခွာရတော့မည်ကို သိကြတဲ့အပြင် ၎င်းတို့ကိုလည်း နအဖက ဖမ်းတော့မည်ကိုတွက်၍ နောက် ကထပ်လိုက်လာကြတဲ့အတွက် ထိုင်းနိုင်ငံတွင်မိသားစုလိုက် ဆင်းရဲဒုက္ခရောက်နေကြပါတော့တယ်။

ဒုက္ခသည်စခန်းတွင်းသို့ ရောက်ခါစက တတိယနိုင်ငံရောက်ရဲဘော်များထံမှ အကူအညီအထောက်အပံ့ များရောက်လာတတ်သော်လည်း ကြာလာတော့ တဖြည်းဖြည်းကြဲလာပြီး ပို၍ကြာလာတော့ အကုန် အကျခံဖုန်းဆက်သော်လည်း မကိုင်တော့တဲ့အတွက် ဖုန်းဖိုးတောင်အကြွေးတင်လို့ အဆက်အသွယ် များ တဖြည်းဖြည်းပြတ်သွားကြပါတယ်။ စခန်းတွင်းက ရဲဘော်များရဲ့အခြေအနေကိုလည်း သိသူ နည်း သွားကြပါတယ်။ အပြင်ထွက်အလုပ်လုပ်ကြသည့်အခါတွင်လည်း ၅မိုင်၊ (၁၀)မိုင်ခရီးကိုလမ်းလျှောက် သွားပြီး စပါးရိတ်၊ စပါးထမ်း၊ ကော်ဖီထမ်း၊မြေကျင်းတူးစသည့်အလုပ်ကြမ်းများကိုလိုက်လုပ်ကြရ သော်လည်း စခန်းအပြင်သို့တရားမဝင်ထွက်နေကြရသည့် အတွက် ထိုင်းရဲသာမက စခန်းလုံးခြုံရေး အော့ဆော် ဖမ်းမှာကိုတောင် ကြောက်ရွံ့နေရပါတယ်။ မိသွား သည့်အခါ တနေကုန်ချွေးနဲ့သွေးနဲ့ ရင်းပြီး ရလာတဲ့ လုပ်အားခ အားလုံးကို တောင်းတောင်းပန်ပန်နဲ့ပေးလိုက်ရတဲ့အပြင် တခါတရံမှာ ပါတဲ့ အနွေးထည် အကျီင်္၊ဘောင်းဘီပစ္စည်းများပါထပ်ဆောင်းအပေါင်ထားပြီး နောက်နေ့ငွေထပ်ပေးရွေးကြရ ပါတယ်။ အိမ်ထောင်ဦးစီးကိုယ်တိုင်တောင် ဒုက္ခနွံထဲမှ ရုန်းထွက်ဖို့ခက်နေတော့ မိသားစုဝင် ဇနီး၊သား သမီးများမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကအစ တိရစ္ဆာန်တွေလိုနိမ့်ကျနေကြပါတယ်။ ကရင်စာနဲ့ စကားမတတ်လို့ စာမသင်နိုင်၊ ဆေးရုံကလဲ ထောင်ထဲကလိုပဲ ဆေးဝါးမလုံလောက်၊ တတ်သိတဲ့ ဆရာ ဝန်မရှိသလောက်၊ ဘာသာရေးနေ့ထူးနေ့မြတ်တွေမှာတောင်မှ ဘုန်းကြီးတွေကို မမြင်ချင်ယောင် ဆောင်နေရပါတယ်။ တခါတရံနိုင်ငံခြားသားအဖြူတယောက်၊ နှစ်ယောက်လာရင် မတောက်တ ခေါက် နဲ့ သွားစကားပြောကြပြီး ကိုယ့်မှာရှိတဲ့ ထောင်ထွက်လက်မှတ်ကိုပြပြီး ပြည်တွင်းတုံးကတော့ ငါတို့ ထောင်ကတကြိမ်တော့ လွတ်ပြီးပြီ၊ အခုငါတို့ မိသားစုလိုက်ဘယ်တော့လွတ်မလဲလို့ မေးလို့တောင် သူတို့က အလွန်အဖိုးတန်တဲ့ လုပ်အားတွေဆုံးရှုံးတာနှမျောမိလို့ အချို့လဲမြန်မာနိုင်ငံရေးအကျဉ်းသား ဟောင်းဒုက္ခသည်တွေအကြောင်း ဝက်ဆိုက်တွေမှာ ရေးကြ၊ ပြောကြလို့ သူတို့လဲဆုတွေ၊ ဘာတွေ ရကုန်ကြပါတယ်။ ကာယကံရှင်ကျွန်တော်တို့ မိသားစုတွေကတော့ နိုင်ငံမဲ့များ ဖြစ်နေကြရုံသာမက အနာဂါတ်ရည်ရွယ်ချက်၊ ရည်မှန်းချက်များပါ ပျောက်နေကြပါပြီ။ စိတ်ပိုင်းဆိုင်ရာ စိတ်ဓါတ်ကျနေကြ ရုံသာမက အုန်းပြန့်ရာသီဥတုကကြမ်းတော့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကလဲ တဖြည်းဖြည်းဆိုးလာ ကြနေပါပြီ။ အသက်(၄၀)ကျော်အားလုံးလိုလို သွေးတိုး၊နှလုံး၊ လေဖြတ် အကြောဆွဲ……ရောဂါ အတော်များများ ရှိနေကြပါတယ်။

၂၀၁၀ဇန်နဝါရီ(၅)ရက်နေ့က UNHCRလာလို့ အခြေအနေသွားမေးတော့ ၂၀၀၆ခုနှစ်က ဒုက္ခသည် အခြေချနေထိုင်ရေးအစီအစဉ်သမားများကိုသာ လောလောဆယ်ဆယ်စဉ်းစားမယ်။ UNအနေနဲ့လဲ ၂၀၀၆ခုမတိုင်မီကလူအတွက်သာပဲ လက်မှတ်ရေးထိုးထားတာဖြစ်တယ်။ ၂၀၀၆သမားတောင်မသေချာ သေးဘူး၊ နောက်ပိုင်းလူတွေအတွက် သူတို့ဆီမှာ ဘာညွှန်ကြားချက်မှမရှိဘူး၊ အားလုံးဟာဘာမှအသိ အမှတ်မပြုသေးတဲ့အတွက် ထိုင်းနိုင်ငံကို ခိုးဝင်လာတဲ့အဆင့်ပဲ ရှိသေးတယ်လို့ပြောဆိုတယ်။ လူဟောင်းကိစ္စတွေကလဲ ဘာမှမရေမရာမသေချာတဲ့အဖြေပဲရှိလို့ ဝိုင်းဝန်းမေးမြန်းကြတာဆန္ဒပြသလို ပုံစံဖြစ်ကုန်ပါတယ်။ ဒါကိုUNအရာရှိက ဓါတ်ပုံရိုက်ပြီး သူ့ကိုရိုင်းစိုင်းစွာဆက်ဆံတဲ့သူတွေဆိုပြီး စခန်း အုပ်ချုပ်ရေးမှူး ပလာ(ထိုင်း)ကို သွားတိုင်ပါတယ်။ ပလာကိုယ်တိုင်က သူတို့ဟာရိုင်းစိုင်းကြသူတွေ မဟုတ်ကြပါဘူး၊ တယောက်နဲ့တယောက် နားလည်မှုလွဲလို့ဖြစ်မှာပါ ဆိုပြီးဖြောင်းဖြလွှတ်လိုက်ပါတယ်။ အရင်ကဆိုရင် ထိုင်းအာဏာပိုင်က မြန်မာဒုက္ခသည်ကို ဖမ်းမယ်ဆိုရင်တောင်မှ UN ကကယ်တင်ပေး ရလေ့ရှိပါတယ်။ အခုတော့ UNကိုယ်တိုင်က မြန်မာတွေကို ဖမ်းပြီးပြန်ပို့ဖို့ကို တိုက်တွန်းနေတဲ့သဘော ဖြစ်ပါတယ်။ မဲဆောက်UNရုံးကို ခနခနအခြေအနေသွားမေးကြည့်တဲ့သူတွေကိုတော့ ငါတို့UNက travelling agent ခရီးသွားလုပ်ငန်း လုပ်နေတဲ့အဖွဲ့မဟုတ်ဘူးလို့ မချေမငန်ပြောလွှတ်တာခံရပါတယ်။ ယခင် UNHCRတာဝန်ခံ အဲလီးဇဘက်လက်ထက်ကဆိုရင် အခက်အခဲရှိသူများ၊ ထောင်ထဲတွင် နှစ်ကြီး ကျခံပြီးခဲ့သူများကို စိတ်ဓါတ်ရေးရာအရအားပေးသည့်အပြင် တတ်နိုင်သည့်ဘက်က လိုက်ပြီး အကူအညီပေးလေ့ရှိပါတယ်။ (ထောင်ထဲတွင် ၂၃နှစ်ကြာနေခဲ့ရသော စောဖေါကို အားအထူးကိစ္စ အဖြစ် သတ်မှတ်ပြီး USသို့ အခြေချရေးမှာ ဦးစားပေးဆောင်ရွက်ပေးခဲ့ပါတယ်။)

၂၀၁၀ဇန်နဝါရီလ(၁၅)ရက်နေ့မှာ စခန်းအုပ်ချုပ်ရေးမှူးနဲ့ အုန်းပြန့်PPအများစုနေထိုင်တဲ့ (၁၆)ရပ်ကွက် နဲ့အစည်းအဝေးလုပ်တဲ့အခါမှာ ထိုင်းနိုင်ငံမှာနေတာ ထိုင်းဥပဒေကိုလိုက်နာရမဲ့အကြောင်းများပြောဆို ပြီးမဲဆောက် UNရုံးမှာဆန္ဒပြမဲ့သတင်းကိုပြောပြီး စခန်းပြင်ပထွက်ခွင့် ခွင့်လက်မှတ်ကိုရက်အကန့်အ သတ်မရှိပိတ်ထားကြောင်းပြောပါတယ်။ စည်းကမ်းချက်များကို တခုပြီးတခု ထုတ်ပြန်ခဲ့ပါတယ်။ အခု ဆိုရင် သေရေးရှင်ရေးခွင့် တောင်မှမပေးတော့တဲ့သဘောဖြစ်နေပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပတ်စ်ပို့လုပ်ဖို့အတွက် ၂၀၁၀ခု ဖေဖေါ်ဝါရီ လကုန်မှာနောက်ဆုံးထားပြီးလုပ်ခိုင်းထားပါတယ်။ ၎င်းနောက်ပိုင်းမှာ တရားဝင်နေထိုင်ခွင့် လက်မှတ်မရှိသေးသူများအားလုံးကို ဖမ်းဆီးမှာဖြစ်ပါတယ်။ အခုကျွန်တော်တို့ PP အများစုဟာ ဘာလက်မှတ်မှ အသိအမှတ်ပြုခံရတာမရှိကြပါဘူး။ ဖမ်းဆီးပြီးပြန်ပို့မယ်ဆိုရင်လဲ နအဖလက်ထဲမှာ မှတ်တမ်းဝင်ထားတဲ့အတွက် နှစ်ရှည်ထောင်ဒဏ်ကျခံကြရမှာဖြစ်ပါတယ်။ တိုင်းရင်းသားကရင်လူမျိုး စုများကတော့ Displaced Person များဖြစ်တဲ့အတွက် သူတို့မူလနေရာမှာနေထိုင်ခွင့်မရှိပေမဲ့ မြန်မာ နိုင်ငံတွင်းမှာရှိတဲ့ အခြား နေရာဒေသတွေမှာ သွားရောက်နေထိုင်ကြလို့ရကြပါတယ်။ သီးခြားမှတ်တမ်း လည်းမရှိတဲ့အတွက် ဘယ်သူတွေဆိုတာလဲမသိကြပါဘူး။ ဥပမာ- မူဆလင်အများစုနေထိုင်တဲ့ကပူးရွာ ကိုနအဖစစ်တပ်က မီးရှို့လို့ထွက်ပြေးလာတယ်ဆိုပေမဲ့ ရန်ကုန်၊ မော်လမြိုင်က မူဆလင်လူမျိုး (၅)သိန်း ကျော်ဟာ ဒီကပူးရွာ ဘိုင်အိုနဲ့ USကို အများကြီးရောက်သွားကြပါတယ်။ နိုင်ငံရေးအကျဉ်း သားဟောင်းအများစုဟာ မြန်မာနိုင်ငံတွင်း မည်သည့်နေရာဒေသမှာမဆို ဖမ်းမိရင်နှစ်ရှည်ထောင်ချဖို့ မှတ်တမ်းတွေ နအဖဆီမှာရှိတဲ့အပြင် တတိယနိုင်ငံကိုထွက်သွားတဲ့ PP ဆိုတာလဲ ရာဂဏန်းပဲရှိပါသေး တယ်။ ထောင်ဂဏန်းတောင်မရှိပါဘူး။

ယခု၂၀၀၉ စက်တင်ဘာလမှလွတ်သော ၁၀ဦးထက်မနည်းသော PPများမှာ အပြင်လောကဖြင့် ထိတွေ့ ဆက်စပ်မိသည်မှာ မကြာသေးသော်လည်း နအဖ၏ စောင့်ကြည့်မှုနှင့် ဖိနှိပ်မှုကြောင့် ချက်ခြင်းထိုင်း နိုင်ငံ သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြရသဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ အလွန် ပင် အားနည်းလျှက် ပင်ရှိနေကြပါသေးသည်။ ကန့်ထဲတွင်နေစရာအိမ်မရှိ၊ စားစရာမရှိ/ မရကြသေးတော့ ရောဂါများပိုဆိုး လို့ပင်နေကြရပါတော့တယ်။ နောက်ထပ်လာရောက်ကြမည့် PP များ လဲရှိနေကြပါသေးတယ်။ နို့ဖိုးမှာ Pre Screening ပြီးလို့ အုန်းပြန့်ကိုပဲ လူသစ်များဝင်ကြရပါတယ်။

ဒီတော့ အုန်းပြန့်စခန်းအတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း(၄၆)ဦးနဲ့ မိသားစုများဟာ အခု လောလောဆယ် UNHCR ကဒုက္ခသည်အဖြစ်တောင် အသိအမှတ်ပြုမခံရသေးတဲ့အတွက် ရွှေ့ပြောင်း လုပ်သားတွေထက်တောင် အဆင့်နိမ့်နေသေးတဲ့အတွက် တတိယနိုင်ငံကို အခြေချနေထိုင်ရေးဆိုတာ ပိုလို့တောင်မှ ဝေးလို့နေကြပါသေးတယ်။ ဒါကြောင့်နိုင်ငံတကာမှာရှိတဲ့ ရဲဘော်များအနေနဲ့ နို့ဖိုးနဲ့ အုန်းပြန့် ဒုက္ခသည်စခန်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများကိုယ်စား သက်ဆိုင်ရာနိုင်ငံ၊ သက်ဆိုင်ရာအဖွဲ့အစည်းများကို အကြောင်းကြားတောင်းဆို ဆန္ဒပြပေးကြပါလို့ မေတ္တာရပ်ခံချင်ပါ တယ်။ အထူးသဖြင့် UNHCR ကဲ့သို့ရုံးများကို အဓိကထားတောင်းဆိုပေးစေချင်ကြပါတယ်။ ပူးတွဲပါ နိုင်ငံရေးအကျဉ်းသားဟောင်း (၄၉)ဦးများကလဲ လက်မှတ်ရေးထိုးတောင်းဆိုဖို့ အဆင်သင့်ရှိနေကြ ပါတယ်။ ထိရောက်မဲ့ စကားလုံးအသုံးအနှုံးများသုံး၍ အင်္ဂလိပ်လိုဘာသာပြန်ပေးကြစေလိုပါတယ်။



အုန်းပြန့် ဒုက္ခသည်စခန်းအတွင်း လက်ရှိနေထိုင်လျှက်ရှိသော နိုင်ငံရေးအကျဉ်းသားများ

=========================================================================

စဉ်၊ အ မည် ၊ အဘ အမည် ၊ ပုဒ်မ ၊ အကျဉ်းထောင် ၊ ခုနှစ် ၊ ကန့်လိပ်စာ ၊ မှတ်ချက်

-------------------------------------------------------------------------------------------------------------------------------------------------

၁၊ ဦးလွင်မြင့် ၊ ဦးသန်း ၊၅(ည)၁၇(၁) ၊အင်းစိန်၊သရက် ၊၁၉၉၀-၉၈ ၊၁၁၃/၁၆ ၊

၂၊ဦးကျော်စိုးဝင်း ၊ဦးအေးမြင့် ၊၅(ည)၁၇(၁) ၊အင်းစိန် ၊၁၉၉၃-၉၇ ၊၁၁၁/၁၆ ၊

၃၊ဦးသီဟ ၊ဦးအောင်သန်း ၊၅(ည) ၊အင်းစိန်၊သရက် ၊၁၉၉၆-၂၀၀၄ ၊၁၂၆/၁၆ ၊

၎၊ဦးတင့်လွင်(ခ)သိဂီအေါင်၊ဦးခင်မောင် ၊၅(ည) ၊အင်းစိန်၊သရက် ၊၁၉၉၀-၉၈ ၊၁၂၆/၁၆ ၊

၅၊ဦးဌေးဇော် ၊ဦးဘထွန်း ၊၅(ည) ၊အင်းစိန်၊သရက် ၊၂၀၀၂-၂၀၀၈ ၊၁၃၅/၁၆ ၊

၆၊ဦးသန်းလှ ၊ဦးတာကွဲ ၊၁၂၂(၁) ၊အင်းစိန်၊သရက် ၊၁၉၈၃-၂၀၀၆ ၊(၂)ရပ်ကွက် ၊

၇၊ဦးလှသန်း ၊ဦးခင်မေါင်မြင့် ၊၅(ည)၁၇(၁) ၊အင်းစိန်၊သရက် ၊၁၉၉၀-၂၀၀၃ ၊(၁၃)ရပ်ကွက်၊

၈၊မအေးအေးမိုး ၊ဦးတင်အောင် ၊၅(ည)၁၇(၁) ၊အင်းစိန်၊တောင်လေးလုံး ၊၁၉၉၈-၂၀၀၀ ၊၂၇၆/၁၆ ၊

၉၊ဦးဝင်းမြင့် ၊ဦးမြမောင် ၊၅(ည) ၊အင်းစိန်၊သါယါဝတီ ၊၁၉၉၆-၂၀၀၅ ၊၁၀၉/၁၆ ၊

၁၀၊ဦးစောညီညီ ၊ဦးထွန်းမြကျော် ၊၅(ည) ၊စစ်တွေ၊အင်းစိန်၊သါယါဝတီ၊၁၉၉၁-၂၀၀၂ ၊(၄)ရပ်ကွက် ၊

၁၁၊ဦးကြည်ဝင်း ၊ဦးမောင်ဟိန် ၊၅(ည) ၊အင်းစိန်၊သရက် ၊၁၉၉၄-၂၀၀၀ ၊(၁၃)ရပ်ကွက်၊

၁၂၊ဒေါ်ဌေးဌေးဝင်း ၊ဦးအောင်ခင် ၊၅(ည) ၊အင်းစိန် ၊၁၉၇၅/၂၀၀၇-၀၉၊၁၉၉/၁၆ ၊UMP

၁၃၊မသန်းသန်းဆင့် ၊ဦးအောင်သိန်း ၊၅(ည)၁၃(၁) ၊အင်းစိန် ၊၂၀၀၅-၂၀၀၉ ၊ ၁၆၃/၁၆ ၊

၁၄၊ဦးရန်အောင်ရွှေ ၊ဦးရွှေသီးအောင် ၊၅(ည)၁၇(၁) ၊အင်းစိန်၊သရက် ၊၁၉၉၉-၂၀၀၉ ၊(၄)ရပ်ကွက် ၊

၁၅၊ဦးတိုးအောင် ၊ဦးမောင်နု ၊၅(ည) ၊အင်းစိန်၊မန္တလေး ၊၁၉၉၅-၂၀၀၅ ၊(၁)ရပ်ကွက် ၊

၁၆၊ဦးကျော်ကျော်လွင် ၊ဦးမောင်လွင် ၊၅(ည) ၊ကော့သောင်း၊မြိတ် ၊၂၀၀၃-၂၀၀၉ ၊(၃)ရပ်ကွက် ၊

၁၇၊ဦးနိုင်မင်းထွေး ၊ဦးတင်ဝင်း ၊၅(ည) ၊အင်းစိန်၊မြောင်းမြ ၊၁၉၉၆-၂၀၀၂ ၊(၃)ရပ်ကွက် ၊

၁၈၊ဦးကျော်ကျော်ခိုင် ၊ဦးခင်ဖေ ၊၅(ည)၁၂၂(၁) ၊အင်းစိန်၊မြောင်းမြ ၊၁၉၈၈-၂၀၀၈ ၊(၁၁)ရပ်ကွက်၊

၁၉၊ဦးဇော်ဝင်း ၊ဦးအုန်းခိုင် ၊၅(ည)၁၇(၁) ၊အင်းစိန်၊တောင်ငူ ၊၁၉၉၀-၁၉၉၇ ၊(၂)ရပ်ကွက် ၊

၂၀၊ဦးဇော်မိုးမြင့် ၊ဦးမြင့်ဆွေ ၊၅(ည) ၊အင်းစိန်၊မြောင်းမြ ၊၁၉၉၈-၂၀၀၂ ၊(၁၁)ရပ်ကွက်၊

၂၁၊ဦးစောပလာဖေါ ၊ဦး ၊၁၂၂(၁) ၊အင်းးစိန်၊မြင်းခြံ ၊၁၉၈၂-၁၉၉၃ ၊(၁၀)ရပ်ကွက်၊UMP

၂၂၊ဦးထွန်းလင်းကျော် ၊ဦးကျော်စိန် ၊၅(ည) ၊အင်းစိန် ၊၂၀၀၄-၂၀၀၇ ၊(၂)ရပ်ကွက် ၊

၂၃၊ဦးအောင်ပန် ၊ဦးဘိုနီ ၊၅(ည) ၅၀၅(၁) ၊မုံရွာ ၊၁၉၈၉-၁၉၉၀ ၊၁၀၉/၁၆ ၊

၂၄၊ဦးစိုးမြင့် ၊ဦးဖေသန်း ၊၅(ည) ၊ထားဝယ် ၊၁၉၉၀-၉၃ ၊(၃)ရပ်ကွက် ၊

၂၅၊ဦးအောင်သန်း ၊ဦးမောင်မောင် ၊၅(ည)၁၇(၁) ၊အင်းစိန်၊ သာယာဝတီ ၊၁၉၉၁-၂၀၀၉ ၊MYA/၇-ရပ်ကွက်၊

၂၆၊ဦးအောင်မိုး ၊ဦးစိုးညွန့် ၊၅(ည) ၊ပဲခူး ၊၁၉၉၈-၂၀၀၄ ၊(၈)ရပ်ကွက် ၊

၂၇၊မသင်းမင်းစိုး ၊ဦးစိုးသိန်း ၊၁၇(၁)၁၃(၁) ၊အင်းစိန် ၊၂၀၀ -၂၀၀၉ ၊(၁၃)ရပ်ကွက်၊

၂၈၊ဦးဇဝန(ဘုန်းကြီး) ၊ဦးတင်စိန် ၊၅(ည)၁၂၂(၁) ၊အင်းစိန်၊တောင်ငူ ၊၁၉၉၃-၂၀၀၉ ၊၁၆-ဘုန်းကြီးကျောင်း၊

၂၉၊ဦးဝိသုတ(ဘုန်းကြီး) ၊ဦးဦးမောင် ၊၅(ည) ၊သာယာဝတီ၊စစ်တွေ ၊၁၉၈၈-၁၉၉၇ ၊ ။ ၊

၃၀၊ဦးခိုင်သောင်းကျေါ်အေါင်၊ဦးအေါင်ဖိုးချေ ၊၁၇(၁)၁၇(၂) ။ကော့သောင်၊မြိတ် ၊၁၉၉၈-၂၀၀၆ ၊၂၈၄၊၂-ရပ်ကွက်

၃၁၊ဦးအောင်ငွေဆန်း ၊ဦးတင်လှ ၊၁၇(၁/၂) ၊မြောင်းမြ၊မေါ်လမြိုင်၊အင်းစိန်၊၂၀၀၀-၂၀၀၃ ၊(၄)ရပ်ကွက် ၊

၃၂၊ဦးဥက္ကံသ(ဘုန်းကြီး) ၊ဦးယဉ်ထွန်းခိုင် ၊၂၉၅ ၊အင်းစိန်၊မအူပင်၊သါယါဝတီ၊၁၉၉၂-၂၀၀၁ ၊အင်ကြင်ကျောင်း၊

၃၃၊ဦးကုသလ(ဘုန်းကြီး) ၊ဦးနံ့သာအောင် ၊၁၇(၁) ၊စစ်တွေ၊တောင်ငူ ၊၁၉၉၁-၉၅ ၊ ။ ၊

၃၄၊ဦးသောဘိတ(ဘုန်းကြီး)၊ဦးစိုးနိုင် ၊၂၉၅ ၊တောင်ငူ၊အင်းစိန် ၊၂၀၀၅-၂၀၀၆ ၊၁၆-ဘုန်းကြီးကျောင်း

၊ ၊ ၊ ၊ ၊ ၊ ၊

UMPလူဟောင်း(၃)ဦးမှာ USAကို ဆိုင်းငံ့ဖြစ်နေပါသေးသည်။

အုန်းပြန့် ဒုက္ခသည်စခန်းအတွင်း စာရင်းသွင်းထားသော မဲဆောက်မြို့နေ နိုင်ငံရေးအကျဉ်းသားများ

=========================================================================

စဉ်၊ အ မည် ၊ အဘ အမည် ၊ ပုဒ်မ ၊ အကျဉ်းထောင် ၊ ခုနှစ် ၊ ကန့်လိပ်စာ ၊ မှတ်ချက်

-------------------------------------------------------------------------------------------------------------------------------------------------

၁၊ ဦးဌေးလှိုင် ၊ ဦးစိန်လှိုင် ၊၅(ည) ၊အင်းစိန်၊တောင်ငူ ၊၁၉၉၆-၂၀၀၅ ၊(၃)ရပ်ကွက် ၊

၂၊ဦးကျော်ကျော်ခိုင် ၊ဦးအုန်းကျော် ၊၅(ည) ၊အင်းစိန်၊တောင်ငူ ၊၁၉၉၆-၉၈ ၊၂၇၄/၁၆ ၊

၃၊မသန္တာ ၊ဦးမြတ်ကျော် ၊၅(ည) ၊အင်းစိန် ၊၁၉၉၆-၂၀၀၂ ၊ ။ ၊

၎၊ဦးမိုးမြင့် ၊ဦးစိန်ဝင်း ၊၅(ည) ၊အင်းစိန် ၊၁၉၇၅/၁၉၈၉-၉၅ ၊(၂)ရပ်ကွက် ၊

၅၊ဦးအေးမင်းစိုး ၊ဦးစိုးသိန်း ၊၅(ည) ၊တောင်ငူ ၊၁၉၉၀-၉၃ ၊၁၄၀/၁၆ ၊

၆၊ဦးစိုးနိုင် ၊ဦးတင်အေး ၊၅(ည) ၊မန္တလေး ၊၁၉၉၃-၉၆ ၊၂၇၆/၁၆ ၊

၇၊ဦးသက်ဦး ၊ဦးသိန်းလွင် ၊၅(ည) ၊အင်းစိန်၊သာယာဝတီ ၊၁၉၉၃-၂၀၀၄ ၊၂၇၆/၁၆ ၊

၈၊ဦးအောင်ခိုင် ၊ဦးတင်ဝင်းသင် ၊၅(ည) ၊အင်းစိန်၊ပုသိမ် ၊၁၉၉၆-၂၀၀၃ ၊၁၁၃/၁၆ ၊

၉၊ဦးသီဟရာဇာ ၊ဦးဘထွေး ၊၅(ည)၁၂၂(၁) ၊အင်းစိန်၊တောင်ကြီး ၊၊၁၉၉၁-၂၀၀၈ ၊၁၃၁/၁၆ ၊

၁၀၊ဦးယဉ်ထွေး ၊ဦးသိန်းနွယ် ၊၅(ည) ၊အင်းစိန်၊သာယာဝတီ ၊၁၉၉၂-၂၀၀၀ ၊၃၀၇/၁၆ ၊

၁၁၊ဦးကျော်သိန်း ၊ဦးရဲမြင့် ၊၅(ည) ၊မော်လမြိုင် ၊၁၉၈၂-၈၄ ၊၆၁ /၁၆ ၊

၁၂၊ဦးစိုးထိုက် ၊ဦးဘိုသန်း ၊၅(ည) ၊အင်းစိန်၊သာယာဝတီ ၊၁၉၉၁-၂၀၀၀ ၊၁၀၉/၁၆ ၊

၁၃၊မမိုးကလျာဦး ၊ဦးအေါင်ကျော်မိုး ၊၅(ည) ၊အင်းစိန်၊သာယာဝတီ ၊၁၉၉၅-၂၀၀၁ ၊၁၀၉/၁၆ ၊

၁၄၊ဦးသက်နိုင် ၊ဦးဝင်းကြည် ၊၅(ည) ၊အင်းစိန်၊မြစ်ကြီးနား ၊၁၉၈၉-၉၇ ၊(၁၃)ရပ်ကွက်၊

၁၅၊ဦးရဲထွန်းဦး ၊ဦးမျိုးအောင် ၊၅(ည)၁၇(၁) ၊အင်းစိန်၊မအူပင်၊သာယာဝတီ၊၁၉၉၂-၂၀၀၁ ၊၁၀၉/၁၆ ၊UMP

The Voice Weekly [ 18.1.2010 ]

http://ifile.it/v7skpt9
Utf 8''the Voice 6 11 (e Book)

Scholarship Seminar at the temple

As mentioned by Sayadaw U Kaw at New Year Day Ceremony, BizTech College (a private post secondary college) is launching a Community Service Program, with $1m scholarship program to selected community for 2010.
Dr. Redjo (Joe) Tjhiong-Sie would who is a Indonesian Canadian would like to explained the opportunties to Burmese Canadian Community (who are originally from Burma). He wants to include scholarship recipients from our community.
He came to the temple around Christmas and met Sayadaw U Kaw. Sayadaw suggested him to have a presentation on January 23rd (at Noon) after Memorial Service for late Sayadaw Gyi.
I believe it will be a good opportunity to learn, expand the knowledge and network for all interested community members, students and EI / welfare recipients.
Please see below and pass it onto others.
Topic: College Scholarship Seminar
Place: Maha Dhammikka Temple (Burmese Buddhist Temple)
12 High Meadow Place
Toronto, Ontario M9L 2Z5
Date: Saturday January 23, 2010
Time: 12 PM (Noon)
Note: Please come early for a lunch (to be provided by the temple).
Best regards,
Kyaw Zaw Wai