Tuesday, January 19, 2010

2010 တွင်ပြုလုပ်မှာ ရွေးကောက်ပွဲ မဟုတ်ပါ …

By abma | January 19, 2010

အာဏာရူး သန်းရွှေနဲ့ စစ်အုပ်စုအကြောင်းကိုတော့ ကျနော့်အနေနဲ့ အထူးရေးပြနေစရာ မလိုဘူး လို့ထင်ပါတယ်။ စစ်တပ်ဟာ နိုင်ငံတော် အာဏာကို မတရားသိမ်းယူပြီးကထဲက လိမ်နည်းမျိုးစုံ ညစ် နည်းမျိုးစုံ မသမာမှု ရက်စက်မှု မျိုးစုံကို ပြည်သူအများ မျက်ဝါးထင်ထင် တွေ့မြင်ထားကြပြီး ဖြစ်နေလို့ပါပဲခင်ဗျာ။

အခုလည်း သန်းရွှေနဲ့ စစ်အုပ်စုဟာ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ စနစ်ကို ကူး

ပြောင်းပေးဖို့ဆိုပြီး တရားမဝင်တဲ့ သူတွေနဲ့ နိုင်ငံတော်ကို အုပ်ချုပ်သွားမယ့် (2008) ခုနှစ် တရားမဝင် အခြေခံ ဥပဒေ ဆိုတာကြီးကို တရားဝင်ဖြစ်အောင် ဆိုပြီးတော့ တတိုင်းပြည်လုံးနီးပါး ထောက်ခံကြလို့

တရားဝင်သွားပါပြီလို့ လျှောက်ပြောနေသေးရဲ့။ တော်တော်ကြီးကို ရူးသွပ်တဲ့ လူတွေပါပဲခင်ဗျာ။ အဲဒီလို ဥပဒေမျိုး ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိပါဘူးလို့ အားလုံးက ဝိုင်းပြောပြကြပေမဲ့ သူတို့က တော့ ခပ်တည်တည်ပဲခင်ဗျ။ မရှက်တတ်ကြပုံများ အံ့ရောဗျာ။ အခုထပ်ပြီး ဆိုးနေတာက စက္ကူ စုတ် လောက်တောင် တန်ဘိုးမရှိတဲ့ ဥပဒေဆိုတာကြီးနဲ့ မြန်မာနိုင်ငံတော်ကြီးကို အုပ်ချုပ်ကြဖို့အတွက်

(2010)မှာ ရွေးကောက်ပွဲဆိုတာကြီးကို ဆက်လုပ်သွားကြဦးမှာတဲ့။ ဒီကြားထဲ ဘာမသိ ညာမသိနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ပြင်ဆင်နေကြတဲ့ သူတွေကလည်း ရှိနေသေးတယ်ခင်ဗျ။

အမတ်ဖြစ်မှ “မင်းက ထမင်းချက်အမတ်” “မင်းက သန့်ရှင်းရေး မိလ္လာအမတ်” “မင်းက တံခါးစောင့်

အမတ်” ဆိုပြီး ဘယ်နိုင်ငံနှင့်မှ မတူတဲ့ အမတ်တွေ ဖြစ်သွားရင် မခက်ဘူးလားဗျာ။ နည်နည်းလေး ဣနြေ္ဒဆည်ပြီး နေကြဖို့ ကောင်းပါတယ်။

တကယ်တော့ (2010) မှာ သူတို့စစ်အုပ်စု လုပ်ပေးမှာက ရွေးကောက်ပွဲ မဟုတ်ဘူးခင်ဗျ၊ လှုပ်စိ လှုပ်စိနဲ့ အက်ကွဲစ ပြုနေပြီဖြစ်တဲ့ စစ်တပ်ကြီး မပြိုကွဲရေးကွဲရေးနဲ့ စစ်တပ်က အနားယူတော့မယ့် သူ တို့ န အ ဖ စစ်ခေါင်းဆောင် ကောင်းကြီးတွေရဲ့ လုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်ခင်ဗျာ့။

ကျနော် ရှင်းပြပါဦးမယ်ခင်ဗျ။ စစ်တပ်ထဲမှာ ရာထူးကြီးကြီးနဲ့ သန်းရွှေရဲ့ စစ်ခွေးကြီးတွေဆိုရင် တိုက်တွေဆောက် ကားအကောင်းစားကြီးတွေစီး ကုမ္ပဏီကြီးတွေထောင် နိုင်ငံတကာက ဘဏ်တွေမှာ

ဒေါ်လာတွေအပ်နဲ့ စမတ်ကိုကျနေကြတာပေါ့ခင်ဗျာ။ အောက်လက်ငယ်သားများနဲ့ စစ်ဗိုလ်ငယ်များမှာ

တော့ တပ်ရင်းမှူး မဖြစ်သေးသရွေ့ ကိုယ်ပိုင် တပ်ကလဲ မရှိ၊ ဟိုချောင်အထိုးခံထားရ၊ ဒီချောင်အထိုးခံ

ထားရနဲ့ သူတို့ခင်မျာ ရတဲ့ လခ ကလည်း မလောက်မင နဲ့ဆိုတော့ သေနတ်မောင်းပေါ် လက်ချောင်း တွေ ရောက်ကုန်ပြီခင်ဗျ။

အထက်တွန်း အောက်ဖိ ကြီးနိုင် ငယ်ညှင်း စနစ်ရဲ့ ဝဲဂယက်ထဲမှာ ရဲဘော်လေးတွေဟာ သနားစရာ တော်တော်ကောင်းလှပါရဲ့၊ ဒီထက်ပို ပြောရရင် ရဲဘော်လေးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားမှာ စိုး တာကြောင့် ဒီလောက်ပဲ ပြောပါရစေတော့ခင်ဗျာ။ အဲဒါကြောင့် စစ်တပ် မပြိုကွဲရေး ကိစ္စကို ဦးစားပေး လုပ်ရတော့မှာ ဖြစ်တယ်ခင်ဗျ။ စစ်တပ်ဆိုတာ ခံနိုင်ရည်ရှိပါတယ်လို့ ဘယ်လောက်ပဲ ပြောပြော အနှစ် (20) ကျော်လုံးလုံး ဖိနှိပ်အုပ်ချုပ်ခံထားရတာကြီးကို စစ်တပ်ကြီးလည်း မခံနိုင်တော့ဘူးခင်ဗျ။ ဘင်္ဂလားဒေ့ရှ် စစ်တပ်ကလည်း မကြာသေးမီ အချိန်လေးကပဲ သင်ခန်းစာပေးသွားတာ ရှိတယ် မဟုတ်

ပါလားခင်ဗျာ။

စစ်တပ်က အနားယူတော့မယ့် သန်းရွှေနဲ့ အကောင်းစားကြီးတွေ တစုအတွက် လုံခြုံရေးကလည်း

ထိပ်တန်းဦးစားပေး အဆင့်ထဲမှာ ပါတာပေါ့ခင်ဗျာ။ နိုင်ငံတကာက တိုင်းပြည် ခေါင်းဆောင်ကြီးတွေ များ အနားယူသွားပြီဆိုရင် မိသားစုတွေနဲ့ အေးအေးချမ်းချမ်း နေသွားကြတယ်လို့ပဲ ကြားဖူးတယ်ခင်

ဗျ။ သူတို့ကျမှ ပင်စင်ယူသွားတာတောင် လုံခြုံရေးက ယူထားပေးရဦးမှာခင်ဗျ။ သူတို့ အခြေနေကို သူ တို့ သိနေတယ်ပေါ့ဗျာ။ ပြည်သူတွေကလဲ စစ်ခေါင်းဆောင်ကြီးတွေကို ချစ်ကြပါတယ်။ သေသွားရင် တောင် အရိုးကိုဖေါ်ပြီး ငရုပ်ဆုံထဲ ထည့်ပြီး ငရုပ်ကျည်ပွေ့နဲ့ ပူဇော်ချင်ကြတာခင်ဗျ။

2010 ရွေးကောက်ပွဲဆိုတာကြီးကို ခုတုံးလုပ်ပြီး သူတို့ လုပ်မယ့်ပုံက ဒီလို ရှိတယ်ခင်ဗျ။ 2008 ခု

နှစ် အခြေခံ ဥပဒေဆိုတာကြီးအတိုင်း တက်လာမယ့် စစ်ခေါင်းဆောင်တွေ လက်ထဲကို သန်းရွှေ အာ ဏာအပ်ပါလိမ့်မယ်။ သူ့ရဲ့ စိတ်အချရဆုံး တပည့်ကြီးတွေပေါ့ခင်ဗျာ။ သူရဲ့ တပည့်ကောင်းကြီးတွေ လက်ထက်ကျမှ တပ်တွင်း ပြုပြင် ပြောင်းလဲရေးနဲ့ အဓိက အကျဆုံးဖြစ်တဲ့ သက်သာချောင်ချိရေး ကိစ္စ

တွေကို ဦးစားပေး လုပ်ခိုင်းလိမ့်မယ်ခင်ဗျ။ အဲဒါမှ အောက်လက်ငယ်သားတွေက သူ့တပည့်ကြီးတွေကို

ကြည်ညို အားကိုးလာပြီး ခေါင်းဆောင်ကောင်းကြီးတွေလို့ မြင်လာမှာပေါ့ခင်ဗျ။

အဲဒီလို အမြင်ပြောင်းသွားမှ တပ်တွင်း မငြိမ်သက်မှုတွေနဲ့ တပ်ကွဲမယ့် ကိစ္စတွေကို ထိမ်းချုပ်ပြီးသား ဖြစ်သွားလိမ့်မှာပေါ့။ သန်းရွှေနဲ့ အတူ အနားယူတော့မယ့် အဖွဲ့ကိုလည်းပဲ တပည့်ကြီးများရဲ့ (လုပ်ယူ ထားတဲ့) ဘုန်းရိပ် ကံရိပ်နဲ့ ကွယ်ထားလိုက်ခြင်းအားဖြင့် သန်းရွှေနဲ့ အပေါင်းပါတစုတို့ရဲ့ ကဏ္ဍတခုကို အဆုံးသတ်သွားမှာ ဖြစ်ကြောင်းပါခင်ဗျာ။

နအဖ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ကြတယ်လို့ တချို့က ပြောကြသေးတယ်ခင်ဗျ။ ကျ

နော့် အမြင်တော့ မကြောက်ရေးချ မကြောက်ပါခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် မကလို့ ကုလသမဂ္ဂ တို့ အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေ လုံခြုံရေးကောင်စီကိုပါ မကြောက်ဘူးခင်ဗျ။ ဘာ့ကြောင့် လဲ ဆိုတော့ တပ်မတော်ဆိုတဲ့ ဂုဏ်ပုဒ်ကြီးကြောင့်ပါပဲ။ အနှစ် (20) ကျော်လုံးလုံး ဘယ်သူတွေ ဘာပဲ ပြောပြော သူတို့လုပ်ချင်ရာ လုပ်ခဲ့တာ သက်သေပဲ မဟုတ်ပါလားခင်ဗျာ။

သန်းရွှေလဲ လူသားပေမို့ သူလဲ ကြောက်တတ်တာပေါ့လေ။ သူအကြောက်ဆုံးကတော့ သူမွေး

ထားတဲ့ ခွေးတွေ သူ့ပြန်ကိုက်မှာကိုပဲခင်ဗျ။ အဲဒါကြောင့် 2010 -ရွေးကောက်ပွဲဆိုတာ အမည်တခု အ နေနဲ့ တပ်ထားတာကြီးပါခင်ဗျာ။ အမှန်အကန် မဟုတ်ပါဘူး။ အကြံအဖန်ကြီးသာ ဖြစ်ပါတယ် ဆိုတဲ့ အ ကြောင်းနဲ့ 2010 -ပြီးရင်လည်းပဲ ပြည်သူတွေအတွက် ကောင်းလာနိုင်စရာ ဘာတခုမှ မတွေ့ရပဲ စစ်တပ်ကောင်းစားရေးနဲ့ စစ်အာဏာရှင်များ တရားဝင် အစိုးရဖြစ်ရေးပဲ ဆိုတာ ပြည်သူများ သိရှိကြပြီး 2010- ရွေးကောက်ပွဲဆိုတာကြီးကို ဆန့်ကျင် တိုက်ပွဲဝင်သွားကြရေး လုပ်ဆောင်ကြဖို့ ရည်ရွယ်ကာ ရေးသားလိုက်ရပါသည်ခင်ဗျာ။

မောင်ပြုပြင်

http://allburmamonksalliance.com/?p=4269မှရယူပါသည်။


Free Burma Rangers REPORT January 2010

FBR REPORT: Resilience in Karen State, Burma. January 2010
Karen State, Burma
16 January, 2010

Dear friends.

The following is a photo essay that reflects what we see here in Northern and Western Karen State. We are on our fourth month of missions here and there is more good news than bad.

There is all around us the reminders of the dangerous presence of the Burma Army --burned homes, displaced people and two villagers we met today who are from the plains and who escaped into the jungle after being beaten and tortured with boiling water by the Burma Army. In spite of this we see good things too and see that the story here is one of life and hope.

Last week, I was talking to a journalist friend who had walked in to write a story. We stood on one side of a field where the Good Life Club counselors (that are on every relief team) were leading the children in songs, dances and in learning anatomy and hygiene. At the same time my own children were racing their ponies up and down the field bareback and the IDPS were laughing as they watched, while on the other side of the field medics were giving medical and dental treatment.

The journalist turned to me laughing and said, �Who can I sell this story to? Where is the attacking Burma Army and fleeing people? Everyone here is laughing and having a great time. Maybe I could sell this story to a circus magazine!�

As I thought about it, I realized that this was the story. People laughing, playing and receiving help. People rebuilding and opening the way for their own development; this is the story and it is one of hope and a good life. The Karen people here are not close to giving up even though the Burma Army has burned thousands of homes and displaced almost everyone in this area. There are more clinics and schools in this area now than 10 years ago. In this area, the Burma Army built 103 new camps between 2006 and 2008 as well as starting three new roads in order to expand their control over the population. Due to the activities of the resistance (Karen National Union), only one road was completed and even this one is not useable. Also, over 40 camps have been abandoned as the Burma Army could not sustain them against a tenacious resistance.

Most important is the resilience of the people and how they keep rebuilding. As soon as a Burma Army unit has returned to their base, they come out of their hiding places and return to their fields and rebuild their villages.

We do not know what the future holds, but we do know it is good to be here with these people and the new relief teams as they give help and love and receive the same.

Thank you for your care and help and for being part of this team.

May God bless you,

A relief team leader

Free Burma Rangers

Karen State, Burma

Good Life Club program North Western Karen State Jan 2010
Good Life Club program North Western Karen State Jan 2010.
Home burned by Burma Army Oct 09
Karen families recieve dental treatment Jan 2010
Karen families recieve medical treatment Jan 2010
Ranger in Burma Army camp abandoned by 507 Battalion Jan 2010
Remains of Bible in burned home Jan 2010
Returning from GLC program with gifts from around the world Jan 2010.
Teachers in IDP site Jan 2010
Villagers in hiding after being tortured by Burma Army Jan 2010
Cowgirls entertain the people, January 2010

http://www.freeburmarangers.org/


19 Jan ဒိုင်ယာရီ

http://ifile.it/q1blnpj 19 Jan 2010 Yeyintnge's Diary

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ တိုးချဲ့ တာဝန်ပေးအပ်ခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်သစ် (၉) ဦး၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း။

http://ifile.it/iapvj48 Biography of new CEC members of NLD http://www.niknayman-niknayman.co.cc/2010/01/blog-post_19.html

ကြောင်ကို ခြူဆွဲဖို့ ကြိုးစားတဲ့ကြွက်

ကြောင်ကို ခြူဆွဲဖို့ ကြိုးစားတဲ့ကြွက်


စီမံခန့်ခွဲမှု ညံ့ဖျင်းလှသည့် တိုင်းပြည်၏ စိုက်ပျိုးရေး အခြေခံ စီးပွားရေးကို ပြန်လည် ကုစားရန် ကြိုးပမ်းသည့် အနေဖြင့် ဒီဇင်ဘာ လအတွင်းက ကုလသမဂ္ဂ၏ အာရှနှင့်ပစိဖိတ်ရေးရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UN-ESCAP) နှင့် ပူပေါင်း ကျင်းပခဲ့သော ရှားရှားပါးပါး စီးပွားရေး ဆွေးနွေးပွဲတခု၌ မြန်မာ စီးပွားရေး ပညာရှင်တဦးက စီးပွားရေး ပြုပြင် ပြောင်းလဲရေးအတွက် အဆိုပြုချက် တချို့ကို ပွင့်လင်းစွာ ဖွင့်ဟ ပြောဆိုလိုက်သည်။

ထိုဆွေးနွေးပွဲ၏ နောက်ဆက်တွဲအဖြစ် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခတဦးလည်းဖြစ် ESCAP ၏ စီးပွားရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်ဟောင်း တဦးလည်းဖြစ်သူ ဦးမြင့်က မြန်မာ အီးဂရက်စ်၏ စွမ်းရည်ဖွံ့ဖြိုးမှု ဌာနတွင် ဇန်န၀ါရီလ ၉ ရက်နေ့၌ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့သည်။

ထိုသတင်းစာ ရှင်းလင်းပွဲတွင် ဦးမြင့်က “မြန်မာနိုင်ငံမှာ ပြောရေးဆိုခွင့် ရှိသူတွေဟာ စစ်ဗိုလ်ချုပ်တွေပဲ ဖြစ်နေပြီး သူတို့ဟာ တခြားသူတွေပြောတာကို နားထောင်တတ်သူတွေ မဟုတ်သလို၊ ကြားနိုင်ဖို့ဆိုတာလည်း ခက်ခဲသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ကို ပြောနေတာ အချိန်ကုန်ရုံသာရှိပြီး အသုံးကျတဲ့ရလဒ် ဘာတခုမှ ထွက်လာမှာ မဟုတ်ပါဘူး” ဟု စီးပွားရေးဆွေးနွေးပွဲအပေါ် ဝေဖန်ပြောဆိုနေကြသော အမြင်အချို့ကို ပြောခဲ့သည်။

“မြန်မာစစ်တပ်ဟာ တခြားနိုင်ငံတွေက စစ်တပ်တွေလိုပဲ မယိုင်မလဲ ခိုင်မာတဲ့ ကျောက်တိုင်ကြီး မဟုတ်ပါဘူး။ စစ်တပ် အထဲမှာလည်း အယူအဆ တင်းမာသူတွေ ရှိသလို၊ ပျော့ပြောင်းသူတွေ ရှိပါတယ်။ ရှေးရိုးစွဲ ၀ါဒီတွေရှိသလို၊ လစ်ဘရယ် ၀ါဒီတွေလည်း ရှိပါတယ်။ နားမထောင်တတ် သူများရှိသလို နားထောင်တတ်သူများလည်း ရှိပါတယ်” ဟု ဦးမြင့်၏ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်ထဲ၌ အာဏာလွန်ဆွဲမှုများ ရှိနေပြီး ထိုအခြေအနေသည် စစ်တပ်ပြိုကွဲသည်အထိ ဦးတည်နိုင်ပါသည်ဟု အမြဲလိုလို ထင်ကြေးပေးနေကြသော မြန်မာစစ်တပ် စောင့်ကြည့်လေ့လာသူ တချို့ထဲတွင် ဦးမြင့် မပါဝင်ပါ။ သူသည် စစ်တပ်ကို လွှမ်းမိုးနိုင်ရန်၊ စစ်ဗိုလ်ချုပ်များနှင့် အတူတွဲအလုပ်လုပ်ရန် ကြိုးစားနေသူ၊ စီးပွားရေးပညာရှင်တဦးသာ ဖြစ်ပါသည်။

စီးပွားရေးနိုဗဲလ်ဆုရှင် ဂျိုးဇက် စတစ်ဂလစ် တက်ရောက်ခဲ့ပြီး မြန်မာစစ်ဗိုလ်ချုပ်များကို စီးပွားရေး အကြံဉာဏ်များ ပေးခဲ့သည့်အတွက် ဆိုခဲ့သည့် စီးပွားရေး ဆွေးနွေးပွဲမှာ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများ၏ အာရုံစူးစိုက်မှုနှင့် ဝေဖန်မှုများ ခံခဲ့ရသည်။

အဆိုပါဆွေးနွေးပွဲသည် မြန်မာစစ်ဗိုလ်ချုပ်များ၏ နောက်ထပ် နိုင်ငံရေး ကစားမှုတခုသာဖြစ်ပြီး ယခုနှစ်ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံတကာ၏ ဖိအားပေးမှုများကို လျှော့ချရန် ရည်ရွယ်သည်ဟု လေ့လာသူ အများအပြားက ရှုမြင် ကြသည်။

သို့ရာတွင် ထိုဆွေးနွေးပွဲသည် ဦးမြင့်နှင့် တခြားသူများအတွက် ၎င်းတို့၏ အမြင်များကို ဖော်ပြနိုင်သည့် စင်မြင့်တခု ဖြစ်ခဲ့ပါသည်။ စစ်ဗိုလ်ချုပ်များ၏ မှားယွင်းသောစီးပွားရေး စီမံခန့်ခွဲမှုများကို ဝေဖန်ပြောကြားခဲ့ပြီး တပြိုင်နက်တည်း တွင် ၎င်းတို့နှင့် ညှိနှိုင်းဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေရသည်မှာ ဦးမြင့်ကဲ့သို့ မြန်မာနိုင်ငံက စီးပွားရေး ပညာရှင်များအတွက် တကယ့်အန္တရာယ်ကြားက လုပ်ရသော အလုပ်ဖြစ်ပါသည်။

“ကြောင်ခုတ်တာ မခံရသရွေ့တော့ ကြွက်က ဖြူဖြူ၊ မည်းမည်း အရေးမကြီးပါဘူး။ မြန်မာနိုင်ငံမှာ အပြောင်းအလဲ တခုဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ ကြွက်တွေကိုယ်တိုင် အန္တရာယ်ကို ရင်ဆိုင် နေရတယ်ဆိုတာ ခင်ဗျားတို့ ခေါင်းထဲမှာ မှတ်ထားဖို့ ကျနော် မေတ္တာရပ်ခံချင်ပါတယ်” ဟု တရုတ်နိုင်ငံ ပြုပြင် ပြောင်းလဲရေး ခေါင်းဆောင်ကြီး တိန်ရှောက်ဖိန်၏ နာမည်ကြီး အဆိုအမိန့်တခုကို ပြောင်းပြန်လုပ်၍ ဦးမြင့်က ပြောဆိုခဲ့သည်။

ကမ္ဘာကျော် စီးပွားရေးပညာရှင် စတစ်ဂလစ် တက်ရောက်ခဲ့သည့် အတွက်ကြောင့် စီးပွားရေးဆွေးနွေးပွဲသည် ထူးခြားမှုရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲများကို စစ်အစိုးရနှင့် ဦးမြင့်အပါအ၀င် မြန်မာစီးပွားရေးပညာရှင်များက ယခင်ကာလများကလည်း ကျင်းပခဲ့ကြဖူးသည်။

အမှန်တော့ ဦးမြင့်သည် ခေတ်နောက်ကျပြီး ထိရောက်မှုမရှိသော စီးပွားရေးမူဝါဒများကို ပြောင်းလဲပစ်ရန် သံန္နိဋ္ဌာန် ခိုင်ခိုင်မာမာဖြင့် ကြိုးစားနေသည့် စီးပွားရေးပြုပြင်ပြောင်းလဲရေး သမားတဦး ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့် အာဏာတန်ခိုးထက်စဉ် ကတည်းက တိုင်းပြည်၏ စီးပွားရေး တိုးတက်ကောင်းမွန် လာစေရေးအတွက် ဦးမြင့်က စစ်ဗိုလ်ချုပ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားခဲ့သည်။

၁၉၉၈ ခုနှစ် ဇန်န၀ါရီလက “လက်ရှိမြန်မာ့စီးပွားရေး အခြေအနေကို ဆန်းစစ်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း” ခေါင်းစဉ်ဖြင့် ၅ ရက်ကြာ ကျင်းပခဲ့သော ဆွေးနွေးပွဲ၏ ပိတ်ပွဲကို ဗိုလ်ချုပ်ကြီး ခင်ညွန့် တက်ရောက်ခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့ဖူးသည်။

ထိုဆွေးနွေးပွဲကို ကာကွယ်ရေးဝန်ကြီးရုံး မဟာဗျူဟာလေ့လာရေးဌာနနှင့် ဦးမြင့် ဒါရိုက်တာအဖြစ်ဆောင်ရွက်နေ သော ထွန်းဖောင်ဒေးရှင်း ဘဏ်တို့က ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် စစ်အစိုးရ၏ မှားယွင်းသော စီးပွားရေး စီမံခန့်ခွဲမှုကို ဦးမြင့်က လူသိရှင်ကြား ဝေဖန်မှုများ ပြုလုပ် လာပါသည်။ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ စီးပွားရေးနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ရှိ အမေရိကန် စင်တာတွင် ဦးမြင့် ဟောပြောပွဲ တခု ပြုလုပ်ခဲ့သည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော မင်းကိုနိုင်နှင့် ကိုကိုကြီး အပါအ၀င် နိုင်ငံရေးပြုပြင်ပြောင်းလဲလိုသည့် မြန်မာလူငယ်များလည်း ထိုဟောပြောပွဲသို့ တက်ရောက်ခဲ့ရာ ကျနော်လည်း တဦးအပါအဝင် ဖြစ်ခဲ့သည်။

ထိုနှစ်မှာပင် စင်္ကာပူနိုင်ငံက မြန်မာ့အရေး လေ့လာမှုညီလာခံ၌ “မြန်မာ့စီးပွားရေး နှိုင်းယှဉ်လေ့လာခြင်း အမြင်” ခေါင်းစဉ်ဖြင့် ဦးမြင့်က စာတမ်းတစောင် တင်သွင်းခဲ့သည်။

“၁၉၄၈ ခုနှစ် ဗြိတိသျှလက်အောက်က ကျနော်တို့ လွတ်လပ်ရေးရခဲ့စဉ်က မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တယ်၊ သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံဖြစ်တယ် လို့ ကျနော်တို့ပြောခဲ့ကြတယ်။ နှစ်ပေါင်း ၅၀ ကြာပြီးနောက်မှာလည်း မြန်မာ နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တယ်၊ သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံဖြစ်တယ်လို့ ကျနော်တို့ ဆက်ပြောနေကြတယ်” ဟု ဦးမြင့်က သူ့စာတမ်းတွင် ရေးသားထားသည်။

၁၉၃၈ ခုနှစ် ဗြိတိသျှလက်အောက်ခံ ကိုလိုနီဖြစ်နေချိန်တွင် နိုင်ငံ၏ စုစုပေါင်းထွက်ကုန် (GDP) ၄၈ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ထိုရာခိုင်နှုန်းသည် ၅၂ ရှိသည်ဟု စာရင်းများအရ သိရသည်။

မြန်မာ့ စီးပွားရေးတွင် အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ အပြောင်းအလဲ မရှိခဲ့ကြောင်း ထိုကိန်းဂဏန်းများက ညွှန်ပြနေသည်။ ကျနော်တို့ မည်သည့်နေရာကိုမှ မရောက်ခဲ့ပါ။

ဦးမြင့်၏ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်တွင် ဆန်စပါး နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ (RTAG) ကို တတ်ကျွမ်းနားလည်သော ပညာရှင်များဖြင့် ဖွဲ့စည်းရန်၊ ထိုအဖွဲ့က လယ်ယာစိုက်ပျိုးရေး တိုးတက်ကောင်းမွန် လာစေရေးအတွက် အကြံဉာဏ်များပေးရန် အဆိုပြုချက်တခု ပါဝင်ပါသည်။

ဤနေရာတွင် မေးစရာမေးခွန်း တခု ပေါ်လာပါသည်။ အနောက်တိုင်းတွင် ပညာသင်ကြားလာခဲ့သော မြန်မာမျိုးချစ် စီးပွားရေးပညာရှင်များက မျက်ကန်းမျိုးချစ်၊ စီးပွားရေးအမြင်မရှိသော စစ်ဗိုလ်ချုပ်များကို တိုင်းပြည်၏စီးပွားရေး အခြေခံ အဆောက်အအုံ ပြောင်းလဲရေးအတွက် နားလည်သဘောပေါက်လာစေရန် မည်ကဲ့သို့ ပြောဆိုကြမည်နည်း။

ပါမောက္ခဟောင်းနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ဌာနမှူးဖြစ်ခဲ့သူ ဒေါက်တာတင်စိုးသည် မြန်မာ့စီးပွားရေး၏ အဓိက သွင်ပြင်လက္ခဏာများနှင့် ပတ်သက်၍ “မူဝါဒလမ်းဆုံလမ်းခွများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု - အသွင် ကူးပြောင်း နေသော မြန်မာ့စီးပွားရေးကို လေ့လာခြင်း” ခေါင်းစဉ်ဖြင့် စာတမ်းတစောင်ရေးခဲ့သည်။ ထိုစာတမ်းကို ၂၀၀၈ ခုနှစ်တွင် Journal of International Cooperation Studies ၏ စာစဉ် ၁၅၊ နံပါတ်စဉ် ၃ တွင် ဖော်ပြခဲ့ပါသည်။

ဒေါက်တာတင်စိုးက သူ၏စာတမ်းတွင် “အထူးသဖြင့် ၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက စစ်အစိုးရ လက်အောက်၌ မြန်မာနိုင်ငံ၏ မူဝါဒများနှင့် စီမံကိန်းများသည် တသမတ်တည်းမရှိခြင်း၊ မတည်ငြိမ်ခြင်း၊ [အာဏာဖြင့်] ၀င်ရောက်စွက်ဖက်ခြင်းနှင့် အဆက်အစပ်မရှိခြင်း၊ တင်းကျပ်ခြင်း၊ ကန့်သတ်ချက်နှင့် နယ်ပယ် သတ်မှတ်မှုများသာရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ခန့်မှန်းမရခြင်းနှင့် မရေရာမသေချာခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အရေအတွက်ကို ပစ်မှတ်ထား ဦးတည်ခြင်း၊ အကောင်အထည်ဖော်ရာတွင် စွမ်းဆောင်ရည် မရှိခြင်း၊ ထိရောက်မှုမရှိခြင်း၊ ပညာရှင်များ၏ အကြံဉာဏ်ကို တောင်းခံ၍ အလွဲသုံးစားလုပ်ခြင်း တို့ဖြစ်သည်” ဟု ဖော်ပြခဲ့သည်။

အကြံဉာဏ်ကို တောင်းခံ၍ အလွဲသုံးစားလုပ်ခြင်း ကိစ္စနှင့် ပတ်သက်၍ “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အစိုးရကိုအကြံဉာဏ်များပေးရန် အငြိမ်းစားနှင့် လက်ရှိ ပါမောက္ခများ၊ တက္ကသိုလ် ကျောင်း အုပ်ကြီးများ၊ သုတေသီများ၊ ပညာရှင်များကို စုစည်း၍ မြန်မာ အသိပညာရှင်၊ အတတ်ပညာရှင်များ အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် မူဝါဒများ ရေးဆွဲရာ၌ ထိုအကြံပေး ပညာရှင်များထံမှ တရားဝင် အကြံဉာဏ် တောင်းခံခြင်း မျိုး အလွန် ရှားသည်။ ထိုသို့ တောင်းခံခဲ့လျှင်လည်း ၎င်းတို့ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို ပြည်သူလူထုက လက်ခံနားလည်လာပြီး တရားဝင်မှုရှိလာစေရန် လုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်” ဟု ရေးသားထားသည်။

“တခါတရံတွင် ပညာရှင်များနှင့် သုတေသီများ၏ အကြံပေးမှုများကို အလွဲသုံးစားလုပ်သည်များရှိခဲ့ သည်။ အကြံပေး လုပ်ငန်းများကို ထိန်းချုပ်ထားပြီး နောက်ဆုံး ထွက်လာသည့် အစီရင်ခံစာများသည် များသော အားဖြင့် မူလအတိုင်း မဟုတ်ဘဲ ပုံပျက်ယွင်းနေသော ပြည်စုံမှု မရှိသည့် အစီရင်ခံစာများ ဖြစ်နေသည်” ဟုလည်း ဒေါက်တာတင်စိုးက ဖော်ပြထားသည်။

ဒေါက်တာတင်စိုး၏ စာတမ်းကို ဖတ်နေစဉ် ၂၀၀၇ ခုနှစ်က ဓာတ်ဆီဈေးနှုန်းများ နှစ်ဆမြှင့်တင်ရန် အကြံပေး ခဲ့သည်ဟု အစွပ်စွဲခံခဲ့ရသော ဦးမြင့်က မဟုတ်မှန်ကြောင်း ပြန်လည် ရှင်းလင်းသည်ကို စက်တင်ဘာ ၆ ရက်နေ့စွဲဖြင့် ဧရာဝတီ မဂ္ဂဇင်းတွင် ကျနော် သတင်းရေးသားခဲ့ဖူးကြောင်း ပြန်သတိရမိသည်။

ထိုအချိန်က “ဒီကိစ္စနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သူတွေကတော့ ကျနော်နဲ့ သူငယ်ချင်း ဒေါက်တာ တင်စိုးတို့ပါ” ဟု ဦးမြင့်က ပြောခဲ့သည်။

မြန်မာ့စီးပွားရေးအပေါ် အသေးစိတ် မီးမောင်းထိုးပြပေးခဲ့သော သူ၏ စာတမ်းတွင် ဒေါက်တာတင်စိုးက “သမိုင်း ကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များအရ ပညာရှင် ပညာတတ်များ၏ လူမှုရေး အဆင့်အတန်းသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် အစဉ်အလာအားဖြင့် မြင့်မားခဲ့သော်လည်း အုပ်စိုးသူ လူတန်းစားက မူဝါဒများ ရေးဆွဲ ရာတွင် လည်ကောင်း၊ ထိုမူဝါဒများကို အကောင်အထည် ဖော်ရာတွင်လည်းကောင်း ပညာရှင်များကို ထိရောက်သည့် အခန်းကဏ္ဍ ပေးခဲ့သည်မှာ ရှားပါးလှသည်” ဟု ရေးသားခဲ့သည်။

အစိုးရ၏ မူဝါဒများ ရေးဆွဲရာတွင် မြန်မာ အသိပညာရှင် အတတ်ပညာရှင်များ၏ အခန်းကဏ္ဍအပေါ် ဒေါက်တာ တင်စိုး၏ အကဲဖြတ်ချက် မှန်ကန်လှသည်။

ဦးမြင့်နှင့် ဒေါက်တာတင်စိုးတို့ကဲ့သို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုတတ်သော ပညာရှင်အင်အား တောင့်တင်းမည် ဆိုလျှင် အကြားအာရုံအခက်အခဲရှိသော မြန်မာစစ်ဗိုလ်ချုပ်များကို ထိုးစစ်ဆင်နိုင်မည့် အခွင့်အလမ်း တခု ရရှိ လာပါလိမ့်မည်။ ။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/2446-2010-01-19-11-12-18

အနှစ် တရာက အောက်ပြည် အောက်သား စာနယ်ဇင်းသမား

အနှစ် တရာက အောက်ပြည် အောက်သား စာနယ်ဇင်းသမား


(၁)

မန္တလေး ကျနော်တို့ အပြထဲတွင် တခေတ်တည်း ပေါ်ခဲ့သော ထင်ရှားသူ လေးယောက်မှာ ၁၉၆၉ တွင် ဇာတ်ဆရာ ရွှေမန်းတင်မောင်မှ စ၍ ၁၃ နှစ်စီခြားပြီး ဆုံးပါးဖူးရာ နောက်ဆုံး ကွယ်လွန်သူမှာ ကျနော့် အဘွား (၂၀၀၈ ခု) ဖြစ်ပါသည်။

အထက်ဗမာနိုင်ငံ သတင်းစာဆရာများ အသင်း အမှတ်တရဓာတ်ပုံထဲမှ လူထု ဦးလှ (ရှေ့တန်း-၀ဲဘက်မှ တတိယ မြောက်)

၁၉၈၂ တွင် အဘိုး ဆုံးစဉ်က ကျနော် မှတ်မိသမျှမှာ ဧည့်ခန်း ထောင့်တွင် ပုံထားသော လွမ်းသူ့ ပန်းခွေများနှင့် လူတရုံးရုံးပင် ဖြစ်သည်။ အပေါ်ထပ် ဝရံတာ အလံတိုင်မှနေပြီး အိမ်ရှေ့က ထွက်သွားသော အသုဘကားတန်း ရှည်ကြီးကို ဆွေမျိုး တယောက်ယောက် လက်ပေါ်မှ နေ၍ ငေးကြည့် ခဲ့မိသည်သာ အဘိုးနှင့် ပတ်သက် ပြီး မှတ်မိသမျှ အပိုင်းအစ ဖြစ်ပါ၏။ ထို့နောက် အဘွား မဆုံးခင်က ကားနှင့် တနေရာသွားရင်း ဆေးရုံဘေးက ဖြတ်သွား ရာတွင် “ဒါ မင်းအဘိုး ဆုံးတဲ့ အဆောင်”ဟု ခွဲစိတ်ရုံ (၂)ကို ပြဖူးသဖြင့် နေရာအတိ အကျ အမေ့ကို မေးကြည့် ခဲ့ပါသည်။ ထိုခွဲစိတ်ရုံနှင့် သံဃာ့ဆေးရုံ အပေါ်ထပ် ကူးသည့် ဆောင်ကူး တံတားထိပ် ထောင့်ချိုးက အဘိုးဆုံးသည့် ခုတင်နေရာမှာပင် နောက်ဆုံးနှစ် ဆေးကျောင်းသား အဖြစ် ကျနော် စာသင်ဖူး လူနာကေ့စ် ယူခဲ့ဖူးပါသည်။

သူနှင့် ပတ်သက်သမျှ မိသားစုတွင် အဓိက ပြောပြလေ့ ရှိသူများမှာ အဘွားနှင့် အမေဖြစ်ပါ၏။ အဘွားတွင် သူ့စံပြလင်ကို ပမာပြကာ မြေးတွေ လိမ္မာရေးခြား ရှိစေဖို့ ဗျူဟာစုံ ရှိပါသည်။ “မင်းတို့ အဘိုးက အရက်တို့ ဆေးလိပ်တို့ဆိုတာ အနံ့တောင်ခံတာ မှုတ်ဘူး၊ ဖဲရိုက်တာ လောင်းကစားတာ များကို အချိန်ဖြုန်းတဲ့ အလုပ်ဆိုပြီး အင်မတန် စက်ဆုပ်တာ ကလား၊ မင်းတို့ စာရေးရင် စာကြွားတွေ၊ အသိမ် အဖျင်း၊ တက်ထောင် မောင်းနင်းတွေ မရေးလေနဲ့၊ မင်းတို့ အဘိုးဟာ အနေအထိုင် အရေးအပြော အင်မတန် ရည်မွန် ပြေပြစ်တာ” စသဖြင့် သက်ထက်ဆုံး သွန်သင်ပေးခဲ့ပါသည်။

ဒေါက်တာတန်ဂွမ်လျောင်ကို အဖော်စပ်ပြီး အဘိုး အင်းလျား ဟောလ်ပါလာတွင် သူ့ကို စတွေ့စဉ်က အဘိုး လက်ချောင်းလေးတွေကို သူ့လက်နှင့်ယှဉ်ကာ ရှက်မိပုံ၊ နောက်အိမ်ထောင်ကျမှ ထိုလက်ကလေးတွေက ခြင်ထောင်ကြိုးပင် မချည်တတ်သဖြင့် သူပဲ အလုပ်ရှုပ်ရပုံ၊ အဘိုးကို ဖမ်းထားစဉ်က ဦးကျော်ငြိမ်းနှင့် မည်သို့ အချီအချပြောရပုံ စသည့် ရှေးဖြစ်ဟောင်းတို့ကို မီးပျက်သော နွေညများတွင် ဝရံတာပေါ်က ကွပ်ပျစ်ကြီးပေါ် ၌ မြေးတွေကို ယပ်တောင် တဖျပ်ဖျပ်ခတ်ပေးရင်း ပြောပြသံများကို ကြားယောင်ဆဲ ဖြစ်ပါသည်။

သူရေးသည့်စာ အတော်များများတွင် ဦးလှသာရှိရင် ဘယ်လိုပြောမှာဆိုသည်က ပါတတ်စမြဲ။ အမေကလည်း မင်းတို့အဘိုးက သူများတကာကို အင်မတန် ကူတတ်သနားတတ်တာကအစ ဘုရားတရားကြည်ညိုပုံ၊ မြေးတွေကို သံယောဇဉ်ကြီးလှ၍ ဆုံးခါနီးတွင် ကလေးတွေကို ဆေးရုံခေါ်မသွားပုံများကို ပြောပြရင်း ဖေဖေ သာရှိရင် ငါ့သားစာရေးတာ အင်မတန် ဝမ်းသာအားပေးမှာဟု ဆိုတတ်ပါ၏။

နောက် ရန်ကုန်ရောက်သည့်အခါ သွင်ရုံအနီးတဝိုက်၊ ၃၇လမ်းထဲ စသဖြင့် အဘိုး လူပျိုဘဝက သခင်ဇင်၊ သခင်အုန်းမြင့်တို့နှင့် ကြီးပွားရေးမဂ္ဂဇင်းထုတ်ခဲ့သည့် တိုက်ခန်းတွေကို မှန်းကြည့်မိပါသည်။ ထို့နောက် စင်္ကာပူ၊ ဂျကာတာစသဖြင့် သူရောက်ခဲ့ရာနေရာတွေ ရောက်လေတိုင်း သူ့ကို အမှတ်ရနေမိသည်။

တိုက်တိုက်ဆိုင် ဘောရောဗုဒ္ဓေါဘုရားကြီး ရောက်သောနေ့က သူဆုံးတာ ၂၄နှစ်ပြည့်သည့်နေ့ဖြစ်ရကား သူဓာတ်ပုံရိုက်ခဲ့သည့် စေတီထောင့်မှာပင် အမှတ်တရ ဓာတ်ပုံရိုက်ကာ အဘွားကိုပြခဲ့ပါသည်။

လန်ဒန်တွင်လည်း သူတို့ သတင်းစာမစ်ရှင်နဲ့လာစဉ်က တည်းရာ ဟိုက်ပတ်ပန်းခြံဘေးက ဒေါ်ချက်စတာ ဟိုတယ်နားဖြတ်တိုင်း သူ့ကို အောက်မေ့မိသည်ချည်း ဖြစ်သည်။

Facebook တွင် ရုရှား၊ဂျပန်က မိတ်ဆွေများ ရင်ပြင်နီ၊ ကမာကူရားရုပ်ပွားတော်ကြီးစသည့် သူရောက်ခဲ့ရာ အထင်ကရနေရာများတွင် ရိုက်သည့် အယ်လ်ဘမ်များကိုတွေ့တိုင်း သွားကြည့်ချင်စိတ်က ထိန်းမရပါပေ။

(၂)

စင်စစ် ကျနော်တို့ ငယ်စဉ်က အဘိုးပုံပြင်တွေနှင့် ကြီးခဲ့ရသည်မဟုတ်ပါ။ ၁၉၈၄ မီးကြီးတွင် စာအုပ်ဂိုဒေါင် ပါသွားသဖြင့် စာအုပ်ဗီရိုထဲက တိုက်ထုတ်စာအုပ်တွေမှာ ကလေးတွေအတွက် မဟုတ်ပေ။ နယ်တွင် ကောမစ် ကာတွန်းများဖတ်ရင်း သမိုင်း၊ ဗုဒ္ဓဝင်၊ ဝတ္ထု စသဖြင့် စာအုပ်ကြီးတွေကို မမီ့တမီ ဆွဲဖတ်ရင်း စာပါး ဝခဲ့ရပါသည်။ ဆယ်ကျော်သက် မန္တလေး ပြန်နေမှ စာအုပ်ဟောင်းတွေ ယူဖတ်ရင်း ဆုံးလေပြီဖြစ်သော အဘိုးကို ပြန်တွေ့ရသည်။

လူထု ဦးလှ၊ လူထု ဒေါ်အမာ မိသားစု အမှတ်တရ ဓာတ်ပုံ

နောက် ဆယ်တန်း အပြီး ၃ နှစ်လောက် ယောင် တောင်တောင် ဖြစ်နေချိန်တွင် ပုံနှိပ်စက် ထပ်ခိုးပေါ်မှ လူထု သတင်းစာ ဟောင်းတွေ စုချုပ်ထားသည့် စာအုပ် မည်းမည်းကြီး တွေကို ပြန်လှန် မိချိန်တွင် သူ့လက်ရာ သူ့စိတ်ကူး သူ့အသံတွေကို ပိုသိလာရ ပါသည်။ သူသည် လက်ဝဲ သတင်းစာ ဆရာ ဆိုသော်ငြား သတင်းစာကို နိုင်ငံရေး ပိုစတာ သာသာ တဖက်စောင်းနင်း မထုတ်ဝေခဲ့ပါ။ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ပြည်သူ့ ဘဝကို တိုးတက် စေမည့် အရေး ဟူသမျှကို ကျွမ်းကျင်သည့် ကလောင်ရှင်များ စုံလင် စွာနှင့် တင်ဆက် ခဲ့သည်။

နိုင်ငံရေးပါမှ သတင်း မှတ်သည့် အစွန်းနှင့် နိုင်ငံရေး ကင်းသည်ဟု အထင်ခံလို၍ (တနည်း ဉာဏ်အမြော် အမြင် မရှိ၍) ကြံဖန်ပြီး ကြားနေ ပြခြင်း အစွန်း နှစ်ဘက်လုံးကို ကြဉ်ပြီး ပြည်သူအများ ကောင်းကျိုး ချမ်းသာ ရစရာ တိုင်းပြည်တွင် စစ်မက် ကင်းရှင်းပြီး ဘယ်နိုင်ငံ ဘယ်အုပ်စု ကိုမှ မျှော်မနေ ရသည့် ကြောက်မနေ ရမည့် လွတ်လပ်ရေး စစ်စစ်ကို ခံစားနိုင်စရာ နိုင်ငံရေး အနေအထား တရပ် ပေါ်ထွက် လာရေးကိုသာ တောက်လျှောက် နှိုးဆော် လာခဲ့သည်။

ထိုသို့ စေတနာ မှန်ခဲ့သော်ငြား အထက် ဗမာပြည်တွင် ကွန်မြူနစ် အားကောင်းတာ လူထုကြောင့်ဟု ဖဆပလ ထိပ်သီးများက ယူဆခဲ့၍ မိုင်းခွဲ ဖျက်ဆီးကာ အသက် ရန်ရှာခြင်း၊ ချိတ်ပိတ် အာမခံ တောင်းခြင်း၊ အကြိမ်ကြိမ် ဖမ်းဆီးခြင်း တို့ဖြင့် ဖြိုခွဲခဲ့လေရာ ဖဆပလသာ သူ့ကိုယ်တွင်း ပယောဂ ဂိုဏ်းဂဏ စိတ်ဖြင့် ဟက်တက်ကွဲပြီး စစ်အုပ်စု ဝါးမျိုမှုကို ခံခဲ့ရကာ မည်မည်ရရ အမွေအနှစ် ပြစရာမကျန်ဘဲ ပျောက်ကွယ် ခဲ့လေသည်။

လူထုသတင်းစာဟု လှုပ်ရှားမနေတော့သော်လည်း ခေတ်အဆက်ဆက် အာဏာရှင်အဆက်ဆက်အောက် တွင် တိတ်ဆိတ်နေရသော လူထုဘက်က အစဉ်ရပ်တည်သည့် နိုင်ငံသားများ၏ ကြီးပွားတိုးတက်ရေးကိုသာ လိုလားသော သတင်းနှင့် စာပေအတတ်ကို လူထုစာအုပ်များမှတဆင့် မီဒီယာစုံမှတဆင့် လိုက်စား အသုံးချ ကာ ပြည်ကောင်းအောင် ဆောင်ကာကျိုးလိုသည့် မျိုးဆက်အသစ် ဂျာနယ်လစ်များနှင့် ပညာတတ် ပညာမဲ့ လူငယ်များမှာ တခေတ်ပြီး တခေတ် ပေါ်ထွက်လာဆဲပါတည်း။

သတင်းသမားအမည်ခံတချို့က သတင်းစာဆရာနှင့် စာရေးဆရာ နယ်ပယ်ချင်း မရောစပ်နိုင်ဟု ကြောင်း ကျိုး မဲ့ ပြောဆိုသည်ကို နားနှင့်ဆက်ဆက် ကြားခဲ့ဖူးပါသည်။ ရသ မရေးတတ်ရင် စာရေးဆရာမဟုတ် ဆို သော သုံးသပ်ချက်မျိုးလည်း ကမ္ဘာကျော်မြန်မာမ တယောက်ထံက ထွက်ခဲ့ဖူးသည်ဖြစ်ရာ ဤသို့ အလေဏတော ပြောဆိုသူများက ယခုခေတ် မြန်မာပြည်ကို သတင်းနှင့် စာပေဘက်က ခေါင်းဆောင်နေ သည် ဆိုလျှင် တိုင်းပြည်တွင် ကြီးစိုးနေသော ဆင်ခြင်တုံတရားကင်းမဲ့သည့် တယူသန် တွေးခေါ် သည့်အလေ့ များ ၏ လက်သည်အဖြစ် ထိုပုဂ္ဂိုလ်များကို စာရင်းသွင်းလောက်ပါသည်။

အဘိုးအတွက်ကား မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ၊ စာအုပ်ဆိုသည်များမှာ သူရေးလိုပြန့်ပွားလိုသည်တို့ကို သယ်ဆောင်သည့် ယာဉ်သာဖြစ်၏။ ဆောင်းပါး၊ ပေးစာ၊ ဝတ္ထု၊ ခေါင်းကြီး၊ သတင်းစာကော်လံ၊ ပုံပြင်၊ သမိုင်းကျမ်း၊ ပြန်ပြောင်းပြောချက်ကို မှတ်တမ်းတင်ခြင်း ၊ သတင်းဖြတ်စ စုစည်းမှု၊ ဟောပြောချက် စသည်ဖြင့် ရေးသားမှုပုံသဏ္ဍာန် မျိုးမည်အတော်များပြီး ရေးသမျှလိုလိုလည်း အောင်မြင်သည်ကို တွေ့ရ သည်။ ပြေပြစ်နူးညံ့ပြီး ဟာသအရွှန်းညှပ်တတ်သော၊ ထက်သန်သော စေတနာနှင့် အများအကျိုး နှိုးဆော် မှုကို ခံစားနိုင်သော အရေးအသားပါပေ။ ထိုထက် အဘိုးသည် သတင်းစာနှင့် အချိန်ကုန်သွား၍ ဘာစာမှ ကောင်းကောင်းကန်းကန်း ချန်မထားနိုင်ခဲ့ဆိုသော သတင်းသမားမျိုးမဟုတ်ဘဲ သတင်းစာမိတ်ကို အခြေပြုပီး ရိုးရာပုံပြင်စုဆောင်းခြင်း၊ လူမှုစီးပွားသမိုင်းနှင့် ပြဿနာဇာစ်မြစ် ဖွေရှာလေ့လာ ရေးသားခြင်း (Investigative Reporting) (ဥပမာ ဘိန်းဖြူသမား အမှားကမ္ဘာ၊ စားစရာဆန်) လုပ်ခဲ့သူဖြစ်သည်။

ချောင်ထဲတွင် အမှိုက်ဖြစ်နေသည့် စာနယ်ဇင်းအဟောင်းများ၏ အဖိုးတန်ပုံကို သိသောကြောင့် သတင်းစာ များပြောတဲ့ စစ်အတွင်းဗမာပြည်လို ရည်ညွှန်းစာအုပ်ကောင်း၊ သူ့စာတွေကပြောတဲ့ သိပ္ပံမောင်ဝ ကဲ့သို့ စာပေညွန့်ပေါင်းကျမ်း ပေမီဒေါက်မီမျိုးတွေ ထွက်ပေါ်လာခဲ့သည်။ ခုခေတ် မြန်မာမီဒီယာတွင် အကြိုက်တွေ့ နေကြသည့် စကက်ခ်ျခေါ် အညတရ ရုပ်ပုံလွှာမျိုးကို ဟိုနှစ်ငါးဆယ်ကျော်က အဘိုး၏ ထောင်နှင့်လူသား တွင် ဖတ်ရှုနိုင်သည်။

(၃)

အဘိုးတို့ခေတ် ဒို့ဗမာမျိုးဆက်များသည် သူ့ကျွန်ဘဝမှ လွတ်ရေး၊ ကိုယ့်တိုင်းပြည်ထဲတွင် အောက်ကျလှ သည့် တိုင်းရင်းသားတို့၏ စီးပွားရေးအခြေကို မြှင့်တင်ရေးဆိုသည့် နိုင်ငံရေးအမြင်ကို စာသင်ကျောင်းနှင့် သတင်းစာ၊ လူငယ်လှုပ်ရှားမှုများတွင် ရရှိခဲ့ကြသည်က များပါသည်။

၁၉၅၃ ခု အတွင်းက သတင်း မှားယွင်းမှုကြောင့် အမှုရင်ဆိုင်ရပြီး ထောင်ဘူးဝမှ ပြန်ထွက်လာသော (တယော တလက်နှင့်) သတင်းစာ ဆရာ လူထု ဦးလှ

သတင်းစာတွေကြောင့် လွတ်လပ်ရေးရတာဟု ထွန်းနေ့စဉ်ဦးထွန်းဖေဆိုဖူးသကဲ့သို့ လူငယ်များကြီးပွားရေး အသင်းကြောင့် ကြီးပွားရေးဦးလှ၊ မောင်ထင်၊ ဦးတင့်ဆွေ စသည့် တိုင်းပြည်ပြုပုဂ္ဂိုလ်များ ပေါ်လာခဲ့သည် မဟုတ်ပါလား။ သို့အတွက် လက်ရှိဖိနှိပ်မှုများအောက်မှာပင် ရသည့်နေရာတွင် လူငယ်တို့စုစည်းမှု၊ ပညာ သုတဖလှယ်မှုများ တိုးပွားရင့်ကျက်လာအောင် လူကြီးလုပ်နေသူများက ချီးမြှောက်ထိုက်ပါသည်။

ထိုထက် ထက်သန်မှန်ကန်သော နိုင်ငံရေးခံယူချက်၊ ယထာဘူတကျကျ တွေးခေါ်တတ်သော အလေ့အထ၊ လူရေးလူစ ရင့်ကျက်ပြည့်ဝမှု စသည့် လူတော်လူမြတ်တို့၏ အမူအကျင့်တို့ကို ခံယူကျင့်သုံးတတ်သည့် မြန်မာ လူငယ်များ ပေါ်ထွက်လာစေရန် မီဒီယာဆိုသော ဌာနများက အထူးအားစိုက်သင့်ပါသည်။

“လူတလုံး သူတလုံး”ဆိုသည့်စကားမှာ အဘိုးလက်သုံးဖြစ်ပါသည်။ သူ့ဘဝနှောင်းပိုင်းကာလတွင် မြန်မာ နိုင်ငံ ၏ မတည်ငြိမ် ဆုတ်ယုတ်မှု၊ ခေတ်နောက်ကျ ပြတ်တောက်မှု စသည်တို့၏ လောင်းရိပ်မိသော လူငယ် များကို ထိုအခြေအနေမှ ရုန်းထွက်နိုင်စေရန် ရည်သန်ပြီး လူငယ့်အရေးတို့ကို အားစိုက်ရေးသားဟောပြော ခဲ့ပါသည်။

ယခုသူ့အသက်ရာပြည့်သော ကာလမျိုးတွင်လည်း မြန်မာသတင်းနှင့်စာပေသမားများက ဦးလှတို့ထက်တော် သော ထက်သော လူငယ်မျိုးဆက်သစ်များဖြင့် တိုင်းပြည်ကို အားသစ်လောင်းကာ ဆင်းရဲတွင်းမှ ရုန်းတက်ဖို့ အရေးတွင် ကြီးစွာသော အကူအမဖြစ်စေသင့်ပါလှသည်။ ။

http://www.irrawaddy.org/bur/index.php/articles/2-articles/2441-2010-01-19-08-51-08



သဘာဝဘေးဒဏ်ခံရတာချင်းအတူတူ....

http://ifile.it/e0nrc8f Different

Visit msnbc.com for breaking news, world news, and news about the economy


ဟေတီ နောက်ဆုံးရ နောက်ဆက်တွဲ သတင်း

ဗွီဒီယို-နောက်ဆုံးကယ်ဆယ်နိုင်ခဲ့သော ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်

ဟေတီမှာ ကယ်ဆယ်ရေးလုပ်သားများ ကို ထောင်ချခံရခြင်းမရှိ၊
ဟေတီမှာ သတင်းထောက်များ အဖမ်းခံရခြင်း၊ ထောင်ချခံရခြင်းမရှိ၊
ဟေတီမှာ နိုင်ငံတကာ အရေးပေါ်ကယ်ဆယ်ရေးနှင့် အထောက်အပံ့များ ဟန့်တားခံရခြင်းမရှိ၊

-တီကေ-

ဟေတီမှာ ပြင်းထန်တဲ့မြေငလျင်ကြောင့် လူပေါင်း ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အကြား ခန့်သေဆုံးကြလိမ့်မယ် လို့ ခန့်မှန်းနေကြာင်း နောက်ဆုံးရရှိတဲ့သတင်းများအရသိရှိရပါသည်။ သီတင်းတပတ်ကြာ ကယ်ဆယ်ရေး လုပ်ငန်းများကြောင့် တနင်္ဂနွေနေ့ထိ လူပေါင်း ၆၀ ကျော် ကယ်တင်နိုင်ခဲ့ကြောင်း ၊ ၆ ရက် ကြာပြီးသည့် နောက်မှာ အသက်ရှင် ဒဏ်ရာရနေသူ တက္ကသိုလ် ကျောင်းသူတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တာကြောင့် နိုင်ငံပေါင်းစုံမှ ကယ်ဆယ်ရေး ကျွမ်းကျင်သူများဟာ အသက်ရှင်ကျန်ရစ်နိုင်ကြမဲ့ သူများကို အချိန်မှီ ကယ်တင်နိုင်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်ပြည့် ဆက်လက်လုပ်ကိုင် နေကြောင်း ဟေတီကလာတဲ့ သတင်းများတွင် ဖော်ပြထားပါသည်။

စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ထောက်ပံ့ရေးအကူအညီ များ ဟေတီကို တဖွဲဖွဲရောက်ရှိနေကြပြီး၊ တလမ်းသွား လေယာဉ်ကွင်းငယ်မှာ တနေ့လေယာဉ်အစင်းပေါင်း ၁၀၀ ကျော် ဆင်းသက်၊ ပျံသန်းလျှက်ရှိကြောင်း သိရှိရပါသည်။ အမေရိကန်စစ်တပ်မှ ဟယ်လီကော်ပတာ အစင်းပေါင်း ၄၈ စင်း ဟာ ကယ်ဆယ်ရေးနှင့် အစားအစာဝေငှရေးများတွင် မနားတမ်း တာဝန်ယူ လုပ်ဆောင်ပေး နေကြောင်း ကြားသိရပါသည်။ ဟေတီတွင် ကုလသမဂ္ဂလုံခြုံရေးတပ် ၉၀၀၀ ၊ အမေရိကန်တပ်သား ၁၂,၀၀၀၊ ကနေဒါတပ်ဖွဲ့ဝင် ၁၀၀၀ ကျော်တို့က လုံခြုံရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် တာဝန်ယူ ပူးပေါင်းလုပ်ဆောင်ကြလိမ့်မယ်လို့ သိရပါသည်။ ဟေတီရှိဒုက္ခရောက်နေသူ ၃ သန်းကျော်ကို အရေးပေါ် အစားအစာ ဝေငှဖို့ တစ်လ စာ အတွက် အစားအစာ အနပ်ပေါင်း သန်း ၁၀၀ ကျော် အရေးပေါ်လိုအပ်နေကြောင်း အမေရိကန် အစိုးရက ထုတ်ဖော် ပြောခဲ့ကြောင်းလည်းသိရှိရပါသည်။

ကနေဒါလူမျိုး ၁၂ ယောက်၊ အမေရိကန်လူမျိုး ၁၆ သေဆုံးမှုအပေါ် အတည်ပြုပြောကြား နိုင်သော်လည်း ထောင်နဲ့ ချီ အမေရိကန်နိုင်ငံသားများနှင့် ကနေဒါလူမျိုးများ ပျောက်ဆုံး လျှက်ရှိကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။ နောက်ဆုံးရရှိတဲ့သတင်းအရ အမေရိကန်လူမျိုး ၅၅၀၀ ပျောက်ဆုံးနေကြောင်း၊ အရေးပေါ်ဆေးကုသဖို့လိုအပ်သူများကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိဆေးရုံးများသို့ သယ်ယူလာပြီး ဆေးဝါးကုသ ပေးလျှက်ရှိကြောင်းသိရှိရပါသည်။ လောလောဆယ် သေဆုံးသူ ၇၀,၀၀၀ ကို ဟေတီ အစိုးရ နှင့် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များက မြေမြုပ် သဂြိုလ် ခဲ့ပြီးပါပြီ။

မနေ့က ဥရောပနိုင်ငံများအသင်းက အရေးပေါ်ငွေကြေးအကူအညီ နှင့် ရေရှည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၆ သန်း ( ဥရောပငွေ သန်း ၄၂၂) ကို ကူညီပေးသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမေရိကန်အစိုးရကတော့ လောလောဆယ် အရေးပေါ်အကူအညီအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒန်းထားပြီး၊ ရေရှည်ပြန်လည်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် သမ္မတဟောင်းနှစ်ဦးဖြစ်သူ ကလင်တန်နှင့် ဂျော့ဘုရှ်တို့ကို အမေရိကန်သမ္မတ အိုဘားမားက ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။

အမေရိကန် မှာ ဆဲလ်ဖုန်းသုံးစွဲသူများက အမေရိကန်ဒေါ်လာ ၂၂ သန်း အမေရိကန် ကြက်ခြေနီအသင်း ကို လှူဒန်းခဲ့ကြကြောင်း နှင့် အမေရိကန် ကြက်ခြေနီအသင်း မှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၂ သန်း ဟေတီသို့ ထောက်ပံ့ကူညီဖို့ အလှူရှင်များမှ လက်ခံရရှိခဲ့ပြီး၊ ကက်သလစ်ဘာသာရေးအဖွဲ့များအပါအ၀င် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ ကလည်း အမေရိကန် ဒေါ်လာ သန်းရာနဲ့ချီ ဟေတီသို့ လှူဒန်းခဲ့ကြကြောင်း သိရပါတယ်။ အာရှနိုင်ငံများမှလည်း အလှူငွေများထပ်မံထည့်ဝင်ဖို့ဂတိပြုခဲ့ကြပါသည်။
http://komoethee.blogspot.com/2010/01/blog-post_9945.html

ဟင့်အင်းကို ကျော်ဖြတ်ခြင်းနှင့် ခက်ခဲသောသူများကို ညှိနှိုင်းခြင်း


http://ifile.it/c8jl9beGetting Past No

Voice of Burma Issue No. 745, January 17, 2010

http://ifile.it/7kze9hpVOB745