Friday, January 22, 2010

22 Jan ဒိုင်ယာရီ

http://ifile.it/4tvn9d522 Jan 2010 Yeyintnge's Diary

ဒီဇင်ဘာ နှင်းဆီနီ တပွင့် ရဲရင့်ကြယ်နှင့် ညီမလေး မလှမြိုင် သို့ …




မောင်မောင်တိတ်(ABSDF)
Wednesday, January 20, 2010

၇၄ ဒီဇင်ဘာရဲ့ .. ဂန္တဝင်သံမဏိ သူရဲကောင်း ကျောင်းသားတယောက်အကြောင်းနဲ့ …

ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ သူတွေကတော့ မေ့ ကောင်းမည်မဟုတ်ကြ။ မေ့ကြမည်လည်းမထင်၊ မေ့နေကြပြီဟု ပြောရင်လည်း မယုံ။ ပုံပြင် မ ဟုတ်၊ ဒဏ္ဍါရီမဟုတ်၊ ရှိခဲ့သည် ရှိနေသည် ရှိနေ ဦးမည်၊ ဒို့ ဒီ ဒီဇင်ဘာမှာ ဘာလုပ်ကြမလဲတဲ့၊ ပြောစရာမလို၊ ရင်ထဲကအလိုလိုသိ နေကြသည်၊ နှစ်ပေါင်း (၃၅) နှစ်၊ ဆုံကြတော့ အသစ်အသစ် တွေပဲ ဖြစ်နေသည်။ ဒီလိုပဲ ရောက်သည့်နေရာ ပြည်တွင်းပြည်ပမှာ ရတဲ့အချိန်လေးတွေနဲ့ အ ချိန်အခါမှာ လုပ်ကြစမြဲ။ ပြောကြစမြဲ။

အသက်တွေလဲ (၆ဝ) ကျော်သူကကျော်သွား ကြပြီ။ ရုပ်ပိုင်းကအိုပြီ။ စိတ်ပိုင်းကမအို။ ပြန်ပျို မျစ်ပြီး ဒီဇင်ဘာလက ထုဆစ်ခဲ့ကြတဲ့ အတွေ့အ ကြုံတွေက ခွန်အားသစ်တွေ တက်တက်လာ တယ်။

အဲ့ဒီအထဲမှာကိုတင်မောင်ဦး။ဆလိုင်းတင်မောင်ဦးအကြောင်းကထိပ်ဆုံးကပါနေကြ။ ထောင်ထဲမှာ ပုံစံတွေကိုင်လို့ တကွဲတပြားဖြစ်ပြီး တိုက်ပိတ်ခံရလို့။ (၁) တိုက်။ (၂) တိုက်။ (၃) တိုက်။ (၄) တိုက်။ (၅) တိုက်။ (၆) တိုက်နဲ့အဆောင် (၃) အခန်းလေးတွေထဲမှာ တသီး တခြားခွဲထားပြီး အတင်းနှိပ်စက်ပုံစံသွင်းခံနေရတဲ့ အဖြစ်လေးတွေ မျက်စိထဲကမထွက်။ ရက်စက်ယုတ်မာလွန်းလို့ ထပ်ပြီးမရေးတော့ ပြီ။ တွေ့ရင်တော့ ပြောဖြစ်ကြသည်။

သခင်မြသန်းရဲ့ “သာယာဝတီထောင်တွင်းကငရဲခန်း” ကတမျိုး၊ (၇၄) အင်းစိန်ထောင်တွင်းကျောင်းသား။ (၇၅) (၇၆) ကျောင်းသား လူငယ်လေးတွေရဲ့ “ယောရူဝ” ငရဲခန်းကတဖုံပါဘဲ။ ရေကြည်အိုင်၏အကြောင်းတော့ မရေးကြသေးပါ။ မိမိတို့မရောက်ခဲ့ပါ။ တချို့ လည်း သည်လူဘဝမှာ မရှိကြတော့ဘူးထင်ပါသည်။

“မလှမြိုင်” ဘလော့ဖွင့်ထားတယ်တဲ့။ ကြားရတဲ့သတင်းလေး။ အားရစရာ။ မိမိတို့ထောင်ထဲကမထွက်ရသေးခင်။ ကိုတင်မောင်ဦး ညီမ လေး .. မလှမြိုင် GTI ဘက်မှာတရားတက်ဟောသတဲ့။ မိမိအစ်ကို ကိုတင်မောင်ဦး အကြောင်းနဲ့ ကြိုးပေးခံခဲ့ရတဲ့အကြောင်းများ အစ်ကို့သွေးလို ညီမလေးသွေးကလဲ .. ရဲရဲနီသတဲ့။

ကိုတင်မောင်ဦးရဲ့ မိသားစုတွေအားလုံးအဖမ်းခံရပြီး။ နို့စို့အရွယ်ကလေးငယ်လေးတော့ ကျန်ခဲ့သတဲ့ထားခဲ့သတဲ့။ အဲဒီတုန်းကလည်း ဒီလိုပဲ ရက်စက်ရုပ်မာခဲ့ကြတာဘဲ။ နောက်တော့။

ကျနော်တို့ ကိုတင်မောင်ဦး၊ ကိုညွန်တင် (ဒလ)၊စောလှဝင်း၊ ဗဆွေလေးတို့နဲ့ ကြိုးတိုက်တွင်းမှာဆုံလိုက်ကြသေးတယ်။ သူတို့ (၄) ဦး က ကြိုးကျခံထားရသူတွေ အယူခံတော့ တင်ထားတဲ့သူကတင်ထားတယ်။ လည်းပင်းကိုတော့ ကြိုးနဲ့တိုင်းထားပြီးသားတဲ့၊ ကိုညွန့် တင် က (ဒလ) က။ ပြည်ချစ်အဖွဲ့ဝင်၊ ဆေးရုံမှာဗုံးခွဲလို့တဲ့။ စောလှဝင်းကလည်း အဲဒီတုန်းက အင်းစိန် (၈) လိုင်းကားတစီးကိုဗုံးခွဲလို့ တဲ့ ဗဆွေလေးကတော့ စာရွက်စာတန်း၊ မိုင်းတချို့နဲ့တွေ့လိုဆိုလား စောလှဝင်းနဲ့ အမှုတွဲထားတယ်။

ပထမဆုံး နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ကြိုးစတင်အပေးခံရတာက။ ပြည်ချစ်အဖွဲ့ကကိုညွန့်တင်ပါ။ ကျနော်တို့ကျောင်းသား (၄ဝ) ကျော် ကို တွဲဘက်ထောင် ယခင်ကနိုင်ငံရေးအကျဉ်းသားများထားတဲ့ သီးသန့်ထောင်ကပုံစံကိုင်ခိုင်းတာမရလို့ ထောင်မကြီးထဲပို့ပြီး ပုံစံကိုင်မလို့ဆိုတော့ လက်မခံလို့ ကျောင်းသားတယောက်ကိုဝါဒါ (၃) ယောက်နဲ့ (၂) ယောက်ကလက်တဖက်စီချုပ်ပြီး၊ ခေါင်းငုံ၊ ခေါင်းပေါ်လက်တင်၊ နောက်တယောက်က နောက်ကရိုက်၊ ကန်၊ မအေနှမ၊ ငါနဲ့ ဆဲဆိုပြီး နောက်ဗူးဝက အင်းစိန်ထောင်မကြီးမှာရှိတဲ့ ထ.လ.ရ တပ်ကြပ်ကြီး နာမည်ကြီးဆာဂျင် သိန်းမြိုင် အုပ်ချုပ်တဲ့ ကြိုးတိုက် ခေါ် ရင်ခွဲတိုက်။ တဖက်အခန်း (၃ဝ) စီရှိတဲ့နေရာ ကိုပို့ လိုက်တာပါ။

ကြိုးတိုက်ရဲ့အစွန်ဆုံးအခန်းတွေမှာ ကြိုးသမားတွေထားပြီး လူသတ်မှုနဲ့သေဒဏ်ကြိုးဒဏ်အပေးခံရတဲ့သူတွေထားပါတယ်။ အဲဒီ (၄) ဦးကတော့နိုင်ငံရေးပြစ်မှု ဖောက်ခွဲမှုတွေနဲ့ ကြိုးဒဏ်အချခံထားရတဲ့သူတွေပါ။..ပုံစံကိုင်တာမခံရင်ကြိုးတိုက်ထဲမှာနေရမယ်။ လျော့ ရက်မရဘူး။ ထောင်ဝင်စာမတွေ့ရဘူး။ တိုက်ခန်းထဲကဂန်ဖလား (သေးခွက်၊ ချေးခွက်) ထွက်သွန်တာကလွဲပြီး ပိတ်ထားမယ်ပေါ့ ဘယ်လောက်ထားထား ပုံစံကိုင်တာတော့မခံဘူး။ ဘာလျော့ရက်မှလဲ မလိုချင်ဘူး ဆိုပြီးနေကြတယ်။ အဝတ်တထည်ကိုယ်တခုနဲ့။ တခန်းကို (၈) ယောက် (၄) ယောက် (၆) ယောက်နဲ့ထားတယ်။ တွဲဘက်ထောင်ကလာခဲ့ရပြီး ဦးဆောင်ခဲ့တဲ့ကိုကျော်စိုး (သကလ)၊ ဦးကျော်လင်း (ရှေ့နေကြီး အင်းစိန်) ကိုတော့ သီးခြားထားတယ်။ သူတို့နှစ်ဦးက အသက် (၃ဝ) နီးနီးရှိနေပြီး ဦးဆောင်ခဲ့လို့တဲ့။ ကို ကျော်စိုးကြီး ကနားတဖက်ပင်းသွားတယ်။ ဦးကျော်လင်းက နံရိုးအက်သွားတယ်။

အဆောင် (၃) မှာလဲ ရာဇဝတ်မှုအကျဉ်းသားတွေနဲ့ရောထားပြီး ပုံစံကိုင်လို့ကျောင်းသားတွေက ပြန်ပြောလို့ ပြဿနာတက်ပြီးပြန်ရိုက် ကြတယ်။သူတို့ကလူများတော့ကျောင်းသားတွေ…မှောက်ကုန်တယ်။ ပြီးတော့တိုက် (၄) (၅) (၆) ထဲမှာထည့်ထားလိုက်ကြတယ်။..တ ပတ်နီးပါးကြာတော့ကြိုးတိုက်ကို ယဉ်ပါးလာကြတယ်။ ကျနော်တို့နေ့လည်တခါညနေတခါ ဂန်ဖလားချရတယ်။ ကျောင်းသား (၄ဝ) လောက်ဆိုတော့တခန်းဖွင့်တခန်းချနဲ့ ဝါဒါတွေတော်တော်လေးစိတ်ညစ်သွားတယ်။ အခန်းတခန်းချရင်တခြားခန်းတွေက..ထောင်ထဲ ကပေးတဲ့တိုက်ထဲမှာရှိတဲ့နှီးကြောဖျာလေးတွေ ကာခိုင်းတယ်။ ငြိမ်နေရတယ်။ ကျောင်းသားဆိုတော့သိတယ်မဟုတ်လား။ အကြီးဆုံး က (၂၄) နှစ်တောင်မပြည့်တတ်သေးဘူး။ ဇွန် (၆) နှစ်ပတ်လည် ရွှေတိဂုံအရေးအခင်းကကျောင်းသားလေးတွေဆိုရင် တချို့ (၁၆)နှစ် တောင်မပြည့်သေးဘူး။ သူတို့လည်းထိန်းရခက်နေတယ်။

ဖျာမရှိတဲ့အခန်းကများနေတော့ အပေါက်ဝကိုကျောလှည့်ပြီးထိုင်နေရတယ်။ အကာလေးတွေပေးတယ် လစ်ရင်ခိုးပြီးလှည့်ကြည့်တယ် ဝါဒါကတယောက်တည်း။ တခါ (၂) ယောက်။ ကျန်တဲ့သော့ဖွင့်တဲ့အကူက အပြာတွေ (နှစ်ကြီးသမားတွေ) ဆိုတော့ ကျနော်တို့က သိပ်ဂရုမစိုက်ဘူး ဝါဒါတွေကို မိုက်ကြည့်ကြည့်နေတဲ့ သူတွေလည်းရှိနေတော့ စိတ်ပေါက်ရင်အနာခံပြီး ပြဿနာရှာမယ့်သူတွေ ဖြစ်နေတယ် ဒီလိုနဲ့ (၂) ပတ်ကုန်သွားတယ်။ ကြိုးတိုက်ထဲမှာ နဲနဲနေသားထိုင်သားကျလာပြီး ကျနော်တို့ နံနက်ပိုင်းတခါ ညနေပိုင်း တခါ အဲဒီ ဂန်ဖလားသွားချပြီးတော့ ခပ်တည်တည်ငြိမ်ငြိမ်လေးနဲ့ သူတို့စည်းကမ်းကို လိုက်နာဟန်ပြပြီး ရသမျှသတင်းတွေစုတယ်။

ဂန်ဖလားကို အလှည့်ကျထွက်ချတယ်။ ကိုထွန်းထွန်း (ကိုဗကြည် တရုတ်နယ်စပ်သေဆုံး၊ တောင်တွင်း ဦးကိုကိုကြီး ဒုတိယသား) နဲ့ ကျနော် ကိုမြင့်ဟန်၊ စောလှငွေ၊ ကိုသောင်းအေး၊ ကိုသက်လှိုင်၊ ဂိုရှယ်(ကိုလှအောင်) တို့လောက်ပဲ အသက် (၂၃) (၂၄) အရွယ်တွေ ရှိတယ် ထွန်းထွန်းကြီးကလဲလျှင်ပါပေ့၊ မျက်လုံးပြူးပြူးကြီးနဲ့ လူရိုးကြီးစတိုင်နဲ့ ဂန်ဖလားချပြီးဝါဒါ အလစ်မှာကြိုးတိုက်ထဲက ကြိုး ဒဏ် ပေးခံရသူတွေရဲ့ အခန်းနားကပ်ပြီး နာမည်မေးတယ် လူရှာတယ်။ ကိုညွန်တင်၊ ကိုတင်မောင်ဦး၊ ဗဆွေလေး၊ စောလှဝင်း တို့ရှိနေတာ သိခဲ့ရတယ်။

အဝတ်တထည်ကိုယ်တခုနဲ့ တခန်း (၈) ယောက်လောက်နေရတယ်။ အခန်းထဲမှာအိပ်တော့ (၄) ယောက်ခေါင်းချင်းဆိုင်ပြီးအိပ်ရ တယ်။ ရေမချိုးရ၊ မျက်နှာမသစ်ရဆိုတော့ အနံ့တွေနံလာတယ်။ နောက်ဖေးနံ့တွေလည်း နံနံလာတော့အပေါက်ဝမှာ လုပြီးထိုင်ကြ တယ်၊ တလှည့်စီပေါ့။ သည်လိုနဲ့ ရွှေတိဂုံအရေးအခင်းက ကျောင်းသားလေးတယောက် ဖျားပါရော၊ ပုံစံထမင်းလုံးတီးနဲ့ နံနက်ပိုင်းက ပဲနိုင်လွန်ဟင်းချို၊ ညနေပိုင်းကြတော့လည်း ဟင်းနုနွယ်နိုင်လွန်ဟင်းချို၊ တခါတခါ တီကောင်ကြီးတွေတောင် ပါလာတတ်သေးတယ်။ ပေးတဲ့ ထောင်ငါးပိမဲမဲ၊ မန်ကျီးသီးအညံ့စားတွေနဲ့ ရောကြော်ထားတာဆိုဘဲ စားလို့ကောင်းနေသေး။ နေမကောင်းတဲ့ သူက အစာမ ဝင်ဘူး။

အလှည့်ကျဝါဒါလေးတယောက်ကိုအကူညီတောင်းပြီးတော့ကိုတင်မောင်ဦးဆီကို..ကိုထွန်းထွန်းကဆေးတောင်းတယ်။….ရှိရင်ပေါ့ ကို တင်မောင်ဦး က ဆေးတော့မရှိဘူးဆိုပြီး သူရတဲ့ ဆန်ဖြူထမင်းပုံစံကို ပေးလိုက်တယ်။ အဲဒီတုန်းက ကြိုးသမားတွေက ပုံစံကို ဆန်ဖြူ နဲ့ ကြက်သားဟင်း အသားကျော်တခုခု ရတယ်။ အဲဒါတွေကို ညီငယ်ကျောင်းသားလေးနေကောင်းတဲ့ အထိပေးတယ်။ သူကတော့ ကျနော်တို့ စားတဲ့ ပုံစံကိုပဲ အပြာတွေဆီက တောင်းစားတယ်။ အပြာနှစ်ကြီးသမားတွေကို စည်းရုံးထားနိုင်ခဲ့တယ်။

“အဆောင်ပုံစံတိုက်ပွဲက…ပိုပြီးပြင်းထန်လာတယ်။ ကိုတင်မောင်ဦးဆီကသတင်းဘဲသူကအပြင်ရေထွက်ချိုးရလို့ ရေဘုတ်ကိုင်တွေနဲ့ လဲနဲနဲရင်းနီးလို့ သတင်းစုံရတယ်။ ရိုက်လို့မှောက်သွားတဲ့သူတချို့တချို့ကိုတိုက်တွေထဲမှာထားတယ်တဲ့…တချို့ကိုတော့ပုံစံခန်းထဲမှာ ထားပြီးဘာယာဘုတ်ကိုင် တွေနဲ့ပုံစံသွင်းနေသတဲ့”

တခန်းခြင်းဂန်ဖလားချရတာကြာတော့ နှစ်ခန်းတတွဲလွှတ်ပေးတယ်။ ခပ်မြန်မြန်ခပ်သုတ်သုတ်လေးနဲ့ပေါ့ အဲဒါအခွင့်အရေးဘဲရအောင် ယူသွားကြတယ်။ (၄) ယောက်ခန်းနဲ့ (၈) ယောက်ခန်း တခန်းပြီးတခန်းဖွင့်တော့ ထွက်တဲ့လူက (၄) ယောက်လောက်ဖြစ်သွားတယ်။ တခန်း (၄) ထွက်တော့အပြင်မှာအလစ်စကားပြောလို့ရတယ်။ ရှုပ်သွားအောင်လုပ်ပြီးအခန်းချင်းလဲလိုက်ကြတယ်။ သူတို့မသိကြဘူး အဲဒီတော့ သတင်းအစုံရတယ်။

ကြိုးးဒဏ်ပေးထားတဲ့သူတွေကို အဲဒီတုန်းကအခွင့်အရေးနဲနဲပေးတယ်။ တနေ့တနာရီအချိန်ပိုင်းလေးပေးပြီး ကျန်းမာရေးလေ့ကျင့်ခွင့် ပေးတယ် လမ်းလျှောက်ချင်လျှောက်၊ ပြေးချင်လျှင်ပြေးပေါ့။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့မလာရဘူး။ စောင့်တဲ့ဝါဒါလေးက တ ခါတလေတယောက်ထဲ။ သူတို့လဲကြိုးသမားတွေနဲ့ တိုက်ထဲက ကျနော်တို့အုပ်စုကို ကြောက်တယ်။ စိတ်ထဲမှာ ကျဉ်းကြပ်ပြီးစိတ်ညစ် နေတဲ့သူတွေ ပုံစံအကိုင်မခံဘဲ ကြိုးတိုက်ထဲရောက်လာကြတဲ့ ကျနော်တို့တတွေ အဆောင် (၃) မှာ ဝါဒါတွေကို ပြန်ရိုက်ရင်း မှောက် သွားတဲ့ သူတွေ ပြန်ဆော်လို့ခံသွားရတဲ့ ဝါဒါတွေလည်း ရှိနေတော့။ သူတို့ကို အမှုပတ်မှာကြောက်လို့ ခပ်အေးအေးပဲနေကြတယ်။

ကိုတင်မောင်ဦးက အောက်ခံဘောင်းဘီလေးနဲ့ အပြေးလေ့ကျင့်တယ်။ သူက အပြေးဝါသနာပါပုံရတယ်။ ဝါဒါအလစ်မှာ ကျနော်တို့ ဆီပြေး ပြေးလာတတ်ပြီး ပြေးရင်းနဲ့ဆက်တိုက်မယ် ဒီလိုမနေကြနဲ့ မင်းတို့ကိုလည်း အဆောင်ပို့ပြီးကိုင်မယ် အခုထဲက အစာအငတ်ခံ ဆန္ဒပြပြီး တိုက်ကြပေတော့။ တခါတပတ်ပြေးရင် တခွန်းနှစ်ခွန်းပြောသွားတယ်၊ လေသံနဲ့ခပ်တိုးတိုး ခြေထောက်ကို ခပ်ပြင်းပြင်းချရင်း ပြောပြော သွားတယ်။

တခန်းကို အရှိန်လွန်ချင်ရောင်ဆောင်လိုက် အလစ်မှာအခန်းနားကပ်လိုက် ခပ်တိုးတိုးလေးပြောလိုက် ပြန်ပြေးသွားလိုက်နဲ့ တနေ့တာ ရသမျှအချိန်လေးတွေကို ကောင်းကောင်းအသုံးချနိုင်ခဲ့တယ်။

ကြိုးဒဏ်ကျတာတောင် မျက်နှာတချက်မပျက်ဘူး ခပ်တင်းတင်းဘဲ သူ့အသက်လဲ (၂၃) ထက်ပိုကြီးပုံမပေါ် အားကစားသမားမို့ လူ ရည်သန့်တယ်အသားဖြူတယ်၊ တောင့်တယ်အချိုးအဆစ်ပြေတယ် ကျနော်တို့ပင်သူ့ဘော်ဒီကိုအားကြမိတယ်။ အို သူကလူချောဘဲ အင်္ဂလိပ်တော့ ဟဲန်းဆန်းဘဲပေါ့ မျက်လုံးမျက်ဖန်ကလည်းညှို့အားသန်တဲ့ပုံဘဲ။ ထောင်ထဲကပုံပြင်ထဲကမင်းသားလေးတပါးလိုပါဘဲ။ အချက်အလက်တွေစုံရင်တော့ ကျနော်တို့စကြမယ်။ အစာအငတ်ခံဆန္ဒပြဖို့ သေချင်သေ မသေလျှင်ပုံစံပျက်ဖို့ဘဲ။ ကိုကျော်စိုးသင်္ချာ သကလရွာ..အစ်ကိုကျွန်းပြန်..ကိုဗဖူးညွန့်ရဲ့ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲ (၆ဝ) ရက်အတွေ့အကြုံတွေရှိတယ်လို့သိထားရတော့ သူ့ ဆီတိုက်ပွဲဝင်တဲ့နည်းစနစ်တွေလှမ်းအကူအညီတောင်းရတယ်။

သူနဲ့ ဦးကျော်လင်း (ရှေ့နေကြီး အင်းစိန်) ကတော့တခန်းစီမို့ဆက်သွယ်ရတာခက်တယ် ညနေဘက်ဝါဒါခြင်းတာဝန်အချိန်းမှာစကား ခိုးခိုးပြောရတယ်။ ကိုကျော်စိုးကြီး တရားထိုင်နေတယ်တဲ့ဒီတိုက်ပွဲကိုအပြတ်တိုက်ဖို့ သေချင်သေ၊ သေလျှင်အရင်းတဲ့၊ နိုင်လျှင်အမြတ် တဲ့။ ဆက်တိုက်ဖို့ဘဲစဉ်းစားတဲ့ ငယ်တဲ့ကျောင်းသားလေးတွေကတော့ (၇) ရက် (၈) ရက်လောက်စတိတိုက်ပြီးရင် သပိတ်ရပ်လိုက် တဲ့။ သူတို့အတွက်ငယ်လွန်းတော့ အတွေ့အကြုံယူပြီး အပြင်ထွက်မှဆက်တိုက်ကြပါစေတဲ့။

ကျနော်တို့ (၂ဝ) ကျော်ပိုင်းကလက်ခံတယ်။ တွဲဘက်ထောင်ကထောင်မကြီးထဲပို့ပြီး ခေါင်းကွဲသွားပြီး ဆေးမထည့်ပေးဘဲ အစိမ်းချုပ် အပ်ချည်နဲ့ ချုပ်ပေးခံခဲ့ရတဲ့ ကိုသက်လှိုင် (RIT) ကတော့ စကားလေးထစ်ထစ်နဲ့ ဆက်ချမယ်တဲ့။ သူ့လိုပဲ အသက်ငယ်ငယ် ခပ်ထွား ထွားတောင်သာရွာသား အထက်တန်းကျောင်းသား အောင်ကိုကြီးကလည်း ကျနော်တို့လည်းပါမယ်တဲ့ သူ့ခေါင်းလဲ အစိမ်းချုပ် ချုပ် ထားတယ်။

ဇီးရိုးအာဝါလို့ ကျနော်တို့ခေါ်တဲ့ သတ်မှတ်ရက်ကို ကိုတင်မောင်ဦးရဲ့သတင်းအဆက်အသွယ်တွေနဲ့ စဖို့ပြင်ဆင်ထားကြတယ်။ ကို တင်မောင်ဦး၊ စောလှဝင်း၊ ဗဆွေလေး၊ တို့ကတော့ ရတဲ့အချိန်လေးမှာ စကားလှမ်းလှမ်းပြောသွားတယ်။ နောက်ကဝါဒါတွေဟောက် တာ ကိုမကြားချင်ယောင်ဆောင်နေတယ် ဝါဒါတွေက သတိပေးတယ်ကျနော်တို့ဘက်ကိုမပြေးရတော့ဘူးတဲ့ ပြောမရရင်ရေချိုးခွင့် ကျန်းမာရေး လေ့ကျင့်ခွင့်ပိတ်မယ်တဲ့။ မရပါဘူး သူတို့လစ်တဲ့အချိန်လေးမှာ ခပ်သွက်သွက်လေးပြေးရင်းနဲ့ သတင်းဖလှယ်ပေးကြ တယ်။

အဲဒီကြိုးတိုက်တွင်းက ဂန္တဝင်သံမဏိကျောင်းသားတယောက်လို့ပြောရင် မိမိတို့အဲဒီတုန်းကဖတ်ခဲ့ရတဲ့ ကြိုးစင်ပေါ်ကမှတ်တမ်းများထဲ ကဂျူလီယက်ဖူးချစ်၊ ငုရင်ဗန်ထွိုင်း၊ မျိုးချစ်ရီဇော်၊ တော်လှန်သောတိုးတက်တက်ကြွသည့် စိတ်နှလုံးသားပိုင်ရှင်များ၏ စွန့်လွှတ်အနစ် နာခံမှုများ ရင်ထဲကိန်းအောင်းပြီး သူတို့ရဲ့ထက်မြက်စူးရှတဲ့ တိုက်ပွဲဝင်ရင်ဆိုင်တဲ့စိတ်ဓာတ်နဲ့ စွန့်လွှတ်မြင့်မြတ်တဲ့ ဖြတ်သန်းခဲ့တဲ့ တော်လှန်ဂန္တဝင် သမိုင်းမှတ်တိုင်မှတ်တမ်းများက ပူနွေးရှတ ပေါက်ကွဲလုဆဲမှာ။

“တို့စ”တော့မယ်။ ဇီးရိုးအာဝါ ဒိတ်က (၂) ရက် (၃) ရက်တွင်းမှာဘဲ။ ထွန်းထွန်းကြီးက ကျနော်တို့ကိုပြောသည်။ ကျနော်တို့ အခန်းက (၈) ယောက်ရှိသည်။ (၂) ယောက်ပြန်လာမှ (၂) ယောက်တလှည့်ဂန်ဖလားချမည်။ ထွန်းထွန်းနဲ့ မိမိတို့အတွက် သတင်းယူမည်။ အပြင်ကိုသတင်းလွှင့်ဘို့ အချိတ်အဆက်ယူမည်၊ စသည့်ဖြင့် အကြမ်းဆွေးနွေးနေကြတုန်း။ မောင်အုန်းမြင့် (မ/ဥက္ကလာအလယ်တန်း ကျောင်းသား (၁၅) နှစ်က ဂန်ဖလားကိုလက်တဖက်နဲ့မြှောက်လာရင်း မိမိနဲ့ထွန်းထွန်းတို့ဆီကိုကြည့်ပြီး လက်တဖက်က ဂန်ဖလား အောက်ထဲက စာကိုလှမ်းပေးလိုက်သည်။

ဟေ့…တင်မောင်ဦးဆီက ဒိတ်ရလာပြီ ဒို့စတော့မယ် ထွန်းထွန်းက အားရဝမ်းသာစာရွက်ကလေးကို သံတိုင်ကြားထဲကလှမ်းယူလိုက် သည် အုန်းမြင့်လေးက မြန်မြန်ဖတ်ပြီးရင်ဖျက်စီးလိုက်တဲ့။ ထွန်းထွန်းက ခပ်မြန်မြန်လှမ်းယူလိုက်သည်။ စာဖတ်ဖို့စာခေါက်ကလေး ကိုဖြေတုန်း ဗြန်းကနဲဝါဒါလက်တဖက်က စာရွက်ကိုဆွဲလိုက်သည်။ အုန်းမြင့်လေးကိုလည်းကြည့်ပြီး ဘယ်သူပေးတာတုန်းဟုပြောပြီး ပါးတချက် လှမ်းရိုက်လိုက်သည်။ အုန်းမြင့်လေးခေါင်း လည်ထွက်သွားသည်။ ဂန်ဖလားကိုတော့မလွှတ် ကိုင်ထားသည်။ အခန်းထဲဝင် လာသည်။ ဝါဒါက စာဖတ်နေသည်ပြော ပြောစမ်း ဒါ မင်းကိုဘယ်သူပေးတာလည်းလို့ အသံကဟိန်းသွားသည်။ ကြိုးတိုက်တခုလုံး ငြိမ်သွားသည်။

ဝါဒါစာဖတ်နေတုန်း ဗြန်းကနဲ လက်တဖက်က စာရွက်ကိုဆွဲလုလိုက်သည်။ ပြီးတော့ ပါးစပ်ထဲဝါးစားလိုက်သည် ဝါဒါလည်းအံ့အားသင့် သွားသည်။ ဝါးစားပြီး ချက်ချင်းမျိုချလိုက်ပြီးမှ ကီးဆွဲထားပြီး အသင့်အနေအထားနဲ့ ကဲမင်းဘာလုပ်မတုန်း ငါနဲ့ချမလား ငါ့ကိုသတ်ပစ် မလား ကြိုက်သလိုလုပ်စမ်းတဲ့ သူ့မျက်နှာက စိမ်းစိမ်းဝါးဝါး ဝါဒါတချက်လှုပ်တာနဲ့ အပြတ်ချေမှုန်းမယ့်ပုံစံမျိုး ဝါဒါက သူထက်အရပ် မြင့်ပေမယ့် စလင်းဘော်ဒီ၊ သူက ကရာတေးသမားပုံမျိုး ဝါဒါတချက်လှုပ်တာနဲ့ ဖြုတ်တော့မယ့်ပုံမျိုး။

ကျနော်တို့လည်း သံတိုင်ကြားက ထရပ်လိုက်သည်။ ဝါဒါက ချာကနဲလှည့်ထွက်ပြီး ပြေးသွားသည်။ သိလိုက်ပြီ ထောင်မှုးနဲ့တပ်ကြပ် ကြီး သိန်းမြိုင်ကို သွားတိုင်တော့မည်။ နာရီဝက်လောက်အကြာမှာတော့ ကိုတင်မောင်ဦး အခန်းကတံခါးဖွင့်သံ ကြားရသည်။ စစ်ဖိနပ် သံက ခပ်များများ
“ရဲဘော်တို့ ငါသွားပြီ ဆက်တိုက်ကြ ငါ့ကိုခေါ်သွားပြီ ဆက်တိုက်ကြ”
ကြိုးတိုက်သံက ဟိန်းထွက်လာသည်။

နောက်တနေ့ ကျနော်တို့အားလုံးကို ကြိုးတိုက်ရှေ့ခန်း (၁ဝ) ခန်းခြင်း မျက်နှာခြင်းအကျယ်လို့ခေါ်တဲ့ တံခါးခြားထားတဲ့နေရာကို ပို့လိုက်ကြသည်။

နောက်တနေ့ နံနက်စောစောမှာ အင်းစိန်ထောင်အပြင်ဘက်ကရော ထောင်ဗူးဝအပေါ်ကပါ လော်စပီကာ (အသံချက်စက် ၄ လုံး လောက်နဲ့) တွံတေးသိန်းတန်သီချင်းတွေ အကျယ်ကြီးဖွင့်သည်။ ထူးခြားသည်ဟုထင်၍ နားစွင့်ကြသည်။ ကျနော်တို့ အခန်းရဲ့ နောက်ဖက်မှာ တိုက် (၁) အခန်း (၁) အခြားနဲ့ ကန့်ထားတဲ့အခန်းက သော့ခလောက်ဖွင့်သံ ကြားရသည်။ ဝါဒါတအုပ်ကြီး အသံက ဟေး ဟေး ဝေးဝေး ဟေး ဟေးနဲ့ ပြိုင်တူထွက်လာကြသည်။

အသံချဲ့စက်သံနဲ့လုံးနေသည်။ ရဲဘော်တို့ ဝေး ဟေး ငါနှုတ်ဆက် ဝေး ဟေး ဟေးခဲ့တယ်။ ဝါး ဝါးဟား ဟားဆက်တိုက် ငါသွား ဝါး ဝေး ဟူး ဟေး အသံပျောက်သွားပါပြီ ကိုတင်မောင်ဦးရဲ့နှုတ်ဆက်သံလည်း ဝေး ဝေးသွားပါပြီ ဒီကောင်ဝါဒါတွေကဝေး ဝေး ဟေး ဟေးနဲ့အော်တုန်းရှိပါသေးသည်။ ညစ်ပတ်မည်၊ ယုတ်မာသည်၊ ကောက်ကျစ်သည်၊ နောက်ဆုံး ဆိုက်ဂါးဆုံးပြီး အသံကိုဖုန်းအောင် လုပ်သွားပါသည်။ ကိုတင်မောင်ဦးရဲ့အသံကစူးရှပေမယ့် ပျောက်သွားသည်။

နောက် “ဂျိုင်း” ဟူသော အသံကြီးကြားလိုက်ရသည်။ ထောင်ထဲရောက်ပြီး (၂) နှစ်ကျော် (၃) နှစ်နီးပါးမှာ သည်အသံကို ပထမဆုံး အကြိမ်ကြားရခြင်းပင်။ ဒီအသံကြီးသည် ကျနော်တို့နှလုံးသားကို စူးရှဖေါက်ထွက်သွားသလို ခံစားနာကျည်းသွားသည်။ တချို့ မျက် ရည်ကျသည်။ တချို့ အံကြိတ်သည်။ တချို့ တောက်ခေါက်ကြသည်။ တချို့ ငိုနေကြသည်။ ကျနော်ဘေးနားတွင်ရှိသော စောလှငွေ၊ ကိုလှအောင်၊ ကိုမြင့်ဟန်နဲ့ ကိုဇော်ဝင်းလေးတို့က တောက်လည်းခေါက်သည် အံလည်းကြိတ်သည်။ အံကြိတ်ရင်း နဖူးကြောတင်း တင်းနှင့် စဉ်းစားမိသည်။ “ငါတို့အကြွေးဆပ်ရဦးတော့မည်ဟု ..”

သူအရင်က တယေက် .. ပြီးတော့ .. နှစ်ယောက်။

“ကျောင်းသားတွေကိုပြောလိုက်ပါတဲ့ သူဘာကြောင့်ဆေးရုံကြီးမှာဗုံးခွဲရသလဲဆိုတာ တဲ့ ”
(၇၄) အဲဒီတုန်းက ဒီဇင်ဘာမတိုင်ခင် နိုဝင်ဘာလလောက်မှာထင်ပါရဲ့ ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်ဝင်း ဒဂုံဆောင်ရှေ့မြက်ခင်းပြင် မှာ ည ၁ နာရီကျော်လောက်မှာ ဗုံးတလုံးပေါက်တယ်။ ပေါက်ပြီးတာနဲ့မကြာခင်ဘဲ မိမိအပါအဝင် ဒဂုံဆောင်ပေါ်ကကျောင်းသားတွေ ပြေးထွက်လာကြတယ်။ အသံကလည်းဝေး ဟေးလို့ ဆူညံနေတယ်။ ယမ်းငွေ့နဲ့ရောနေတဲ့ နှင်းနံ့လေးတချို့သတိရမိတယ်။ ပေါက်တဲ့ နေရာလေးသွားပြီး ပြေးကြည့်ကြတယ်၊ ဒါ ဒါပြည်ပြေးတွေဖေါက်တာပဲ နောက်ကအသံတသံကြားရတယ်။ မိမိကတော့ မကြည့်မိပါ။ ဗုံးပေါက်တဲ့နေရာက စက်ဝိုင်းကလေးလို ဖြစ်နေတယ်။ တပေပတ်လည်လောက်ရှိမည်ဟု ခန့်မှန်းရသည်။ ကျနော်တို့တွေးမိကြသည်။ ဒီနေရာမှာလာဖေါက်တာထက် ဟိုဘက်နားက ကမာရွတ်ဂါတ်တဲကိုပဲ သွားဖေါက်လိုက်ပါလားလို့ ၇၃ က မာရွတ်ဂါတ် တဲမီးရှို့မှုနဲ့ ကျောင်းထုပ်ခံရတဲ့ သူငယ်ချင်းတွေကိုတွေးမိပြီး စိတ်ထဲကပြောခြင်း ဖြစ်ပါသည်။ ကျနော်တို့ တက္ကသိုလ်ထဲ ကို ဗုံးလာဖေါက်တာ စော်ကားတာပဲလို့။

သံတိုင်ကြားထဲကကိုညွန့်တင် (ဒလ ပြည်ချစ်အဖွဲ့ဝင်က) ကင်းတကောင်ကျပေးပြီးအလှည့်ကျဝါဒါလေးနဲ့ကျားထိုးနေသတဲ့ ည (10) နာရီလောက်ရှိနေပါပြီ။ နံနက် (၄) နာရီဆို သူ့ကိုလာထုပ်ပြီးကြိုးပေးတော့မယ်။ တည်တည်ငြိမ်ငြိမ်နဲ့အပြုံးမပျက်သူက ရန်ကုန်ဆေးရုံ ကြီးမှာလူနာသွားကြည့်တုန်း သူ့နောက်ကရဲတွေ လိုက်လာလို့ နောက်ဆုံးမလွတ်တော့လို့ဆေးရုံကြီးအောက်ထပ် လှေကားရင်းမှာဘဲ ဗုံးခွဲလိုက်သတဲ့ တယောက်သေတယ်လို့ကြားရသတဲ့ သူကိုဖမ်းပြီးတော့ကြိုးပေးလိုက်တာဘဲ။

ဗုံးခွဲတယ်ဆိုတာ နိုင်ငံရေးအရ ခြိမ်းခြောက်မှုတဲ့ သူကပြောသွားတယ် ကျောင်းသားတွေ မကြိုက်ဘူးဆိုတာ သိပါတယ်တဲ့။ နောက် ကျောင်းသားတွေ နိုင်ငံရေးတွေ တော်လှန်ရေးတွေလုပ်တဲ့အခါ သိလာကြလိမ့်မယ်တဲ့။ ပြည်သူကို ဘယ်တော့မှ ထိခိုက်အောင်မလုပ် ဘူး၊ မဆလ အစိုးရက သိပ်ညစ်ပတ်ပြီး သူတို့စစ်အာဏာနဲ့အုပ်ချုပ်လို့ရအောင် ပြည်ချစ်တွေ အယောင်ဆောင်ပြီး ဗုံးခွဲတတ်ကြတယ် တဲ့ လူထုတွေထိန်လန့်အောင် သူတို့ပဲလူထုကြားထဲဗုံးခွဲပြီး သူတို့ပြည်ချစ်တွေဆီပဲ လွှဲချတတ်သတဲ့ ပြောဖြစ်အောင်ပြောပေးပါတဲ့ အဲဒီ ဝါဒါလေးကို သူကကျားထိုးရင်းနဲ့ တည်တည်ငြိမ်ငြိမ်လေးနဲ့ပြောခဲ့တယ်။

ကိုညွန့်တင် (ဒလ) က အဲဒီအမှုနဲ့ဘဲ ကြိုးပေးခံရတယ်။ ပြည်ပြေးထွေးမြင့် (ဦးထွေးမြင့်) ကလဲ အဆောင် (၃) အခန်း (၂) မှာသူ လည်း သေဒါဏ်ကျခံရတယ်။ သူကတော့ကံကောင်းပြီး ၂/၈ဝ မှာ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တာပါ။ သူတို့ (၂) ယောက်ကတော့ စော လှဝင်းနဲ့ ဗဆွေလေး ပါပဲ။ စောလှဝင်းကလည်း အခွင့်ရတုန်း အပြေးလေ့ကျင့်ရင်း ကျနော်တို့ အခန်းဘက်ရောက်လာတယ်။ ဝါဒါလေး တွေနဲ့ခင်တော့ သူကျန်းမာရေးလေ့ကျင့်တုန်း အပြေးအလွှားအချိန်ယူပြီး ပြောခဲ့တာ။ မြေနီကုန်းနဲ့ အင်းစိန်ဘတ်စ်ကားလိုင်း အမှတ် (၈) ကို စီးပြီး မှတ်တိုင်တခုမှာ ဆင်းတယ်။ သူနောက်ဆုံးဆင်းပြီးတော့ ဘတ်စ်ကားထဲမှာ လူမရှိတော့မှ ဗုံးကိုနောက်ပြန်ပစ်ခဲ့တာတဲ့ ကံအားလျော်စွာ ဗုံးက ကားပြတင်းပေါက်ကအပြင်ထွက်သွားပြီး လမ်းကူးနေတဲ့လူတယောက်ကို အစလေးသွားမှန်သတဲ့။

အဲဒီလူရဲ့ ခြေသလုံးကသွေးထွက်လွန်နေလို့ သူကိုယ်တိုင်ဆေးရုံကြီးကို လိုက်ပို့တယ်တဲ့ သူခြေသလုံးလဲ အစလေးတွေမှန်သွားလို့ ဆေးရုံကြီးရောက်မှ သိရသတဲ့။ ဆေးထည့်နေတုန်း သူအသိတယောက်ကတွေ့ပြီး ရဲကိုဖုန်းဆက်တာနဲ့ သူလည်းကြိုးတိုက်ထဲရောက် တာတဲ့။ သူ့အမှုတွဲက ဗဆွေလေး ဖြစ်သွားတယ်။ ပြည်ပြေးတဖြစ်လဲ ဗကပ ဗဆွေလေးကို စာရွက်စာတန်းဖေါက်ခွဲရေး ပစ္စည်းတွေနဲ့ မိဆိုတဲ့ သတင်းက မြန်မာအလင်းသတင်းစာမှာ ပါလာတယ်။

ခင်ဗျားတို့ ဒီအထဲမှာ ငြိမ်ငြိမ်လေးနေကြပြီးတော့မှ အပြင်ရောက်မှ လုပ်ချင်ရာလုပ်ဗျာ။ ခင်များတို့မြန်မြန်ထွက်မှ ကျနော်တို့ လွတ်မယ် တဲ့။ ပြုံးပြုံးလေးနဲ့ပြောသွားတဲ့စကားကို ထွန်းထွန်း (ဗကြည် တရုတ်နယ်စပ်တနေရာဆုံး) က ထုံးစံအတိုင်းပြုံးပြဲပြဲရီ ကျဲကျဲနဲ့ကြည့်နေ တာ မှတ်မိသေးတယ်။ သူတို့နှစ်ယောက်ကိုတော့ တပြိုင်နက်ထဲ ကြိုးပေးတယ်လို့ သိရတယ်။ ကိုတင်မောင်ဦး ကို ကြိုးပေးပြီးနောက်။ ကျနော်တို့ကို ပုံစံကိုင်ဖို့ စစ်ခွေးတိုက်ထံမှာထည့်ပြီး ညှင်းပန်းနေတုန်းကပေါ့။

မဆလ စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးမှုနဲ့ပတ်သက်ပြီး ကြိုးပေးသတ်ခံခဲ့ရသူ (၄) ဦးအကြောင်းပါဘဲ။ နောက်သိရင်လည်းထပ် ပြီးဖြည့် ရေးပေးကြပေါ့ဗျာ။ ညီမလေး မလှမြိုင်ရေ အစ်ကိုကမှတ်မိသလောက်အာရုံထဲစွဲနေတဲ့အဖြစ်ပျက်လေးတွေ ပြန်ရေးပြတာပါ။ ကိုတင်မောင်ဦး သာ ကြိုးပေးမခံရဘဲ။ ၂/၈ဝ နဲ့ လွတ်ခဲ့ရင် ရှစ်လေးလုံးအရေးတော်ပုံမှာလည်း မီခဲ့ရင် ခြေမှုန်းမခံရလို့ လွတ်မြောက်ခဲ့ ရင်လည်း သူကတိုက်ရဲသူတွေကို အနိုင်ယူဖို့ဗျူဟာတွေကို ဘဝတူသွေးချင်းတွေနဲ့ပေါင်းပြီး စစ်ကြောင်းကြီးတခုဖြစ်အောင် လုပ်နိုင်မှာ သေချာပါတယ်။

ညီမလေး မလှမြိုင်နဲ့မိသားစုများ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ။

လူ့အခွင့်အရေး၊ ကျောင်းသားအရေး၊
မျိုးဆက်သစ်ဟောင်း/ခေတ်အဆက်ဆက် ဒီမိုကရေစီနှင့် (၇၄) တိုက်ပွဲဝင်ရဲဘော်များနဲ့ ပြည်သူများကို ဦးညွှတ်လျှက် ...

မောင်မောင်တိတ်
ABSDF

Photo: http://hsk-chip.livejournal.com/

http://www.naytthit.com/articals/2010/jan10/mmt-jan20.html

စနစ်ဆိုးတခုအားစုပေါင်းဆန့်ကျင်အံ့တုကြရာဝယ်

စနစ်ဆိုးတခုအားစုပေါင်းဆန့်ကျင်အံ့တုကြရာဝယ်

သာထွန်းမွန်
ဇန်နဝါရီ ၂၂ ၊၂၀၁၀။

ဒီမိုကရေစီအရေးအတွက်မွေးရာပါကိုယ်ပိုင်..အခွင့်အရေးရှိနှင့်နေပြီးသားတိုင်းရင်းသားများအားစည်းရုံးရာတွင်
အဓိကအခန်းကဏ္ဍနေရာ၌တက်ကြွစွာဦးဆောင်လှုပ်ရှားနေသောမွန်၊ဗမာ၊ရခိုင်၊ရှမ်း၊ကရင်.အစရှိသောတိုင်းရင်းဖွား
မြန်မာပြည်သူပြည်သားများသည် ဦးစွာစေတနာအရင်းခံရိုးသားဖို့အထူးလိုအပ်လှပါသည်။
အထူးသဖြင့်အပြုသဘော အပြောအဆိုပါပဲ။

ဤဆောင်းပါးအားရေးခဲ့သူကျနော်သည်ဒီမိုကရေစီအရေး၌ စိတ်ဝင်စားမှုအပြည့်ရှိသော်လည်း နိုင်ငံရေး၌
တက်တက်ကြွကြွလှုပ်ရှားနေသောနိုင်ငံရေးသမားတစ်ယောက်လည်းမဟုတ်ပါ၊ နက်နဲရှုပ်ထွေးလှသော
နိုင်ငံရေးအကြောင်းကိုလည်း နားမလည်ပါ။ နားမလည်တာထက် မလုပ်တတ်တာကပို၍မှန်လိမ့်မည်။
ကောက်ကျစ်ပွေလီလှသောနိုင်ငံရေးသမားများကိုလည်း စိတ်မ၀င်စားပါ။ဒါပေမဲ့မြင့်မြတ်လှတဲ့
မွန်အမျိုးနွယ်တွင်းမှ ပေါက်ဖွားဆင်းသက်လာခဲ့
သူပီပီ မိမိ၏ဘ၀ မိမိ၏လူမျိုးဘယ်အခြေအနေရောက်စေကာမူ မိမိ၏လူမျိုးသူတပါးထက် ရှေ့တန်းရောက်
အောင်တိုးတက်လာအောင် ကြိုးစားချင်သည့်စိတ်၊ကြိုးစားနေသည့်စိတ်ကတော့ ရှိနေဆဲပါပဲ။ သို့သော်အ
စွန်းရောက်အမျိုးသားဝါဒီတယောက်တော့မဟုတ်ပါ။

ဒီမိုကရေစီဆိုတာဘာလဲလို့တဦးတယောက်ကကျနော့်အားမေးခဲ့ဖူးပါတယ်။ ဒီမိုကရေစီဟူသည်မှာ
“နိုင်ငံတိုင်းမှာရှိနိုင်ကြမဲ့ အကြမ်းဖက်ပဋိပက္ခဖြစ်လာမဲ့ အခြေအနေတွေကိုငြိမ်းချမ်း
စွာဆွေးနွေးခွင့်၊စေ့စပ်ညှိနှိုင်းမှုဖြင့် ဖြေရှင်းနိုင်အောင်ဒီမိုကရေကရေကဖန်တီးပေးလိုက်တာပါပဲ။ နှစ်ပေါင်း
များစွာတည်ရှိနေခဲ့ကြတဲ့ လူမျိုးရေး၊ဘာသာရေးကွဲပြားမှုတွေ ပပျောက်အောင်ဒီမိုကရေစီကမလုပ်ဆောင်
နိုင်ပါဘူး၊ ဒါပေမဲ့ ဒီမိုကရေစီဟာ ယဉ်ကျေးတဲ့နိုင်ငံသား၊ယဉ်ကျေးတဲ့အဖွဲ့အစည်းအစည်းတွေကို
ပေါ်ပေါက်စေပါတယ်။ပြိုင်ဆိုင်သူအချင်းချင်း ယဉ်ကျေးစွာသည်းခံတဲ့ ဆက်ဆံရေးမျိုးကိုဒီမိုကရေစီကဖြစ်
ပေါ်စေပါတယ်။” မိမိနဲ့သဘောထားချင်း မသက်ဆိုင်သူတွေကို ဘေးဖယ်ထားမယ်၊ဆွေးနွေးစားပွဲဝိုင်းထဲက
နေစွန့်ပစ်ထားခဲ့မည်ဆိုရင်တော့ ဒါဟာဒီမိုကရေစီသဘောသဘာဝနဲ့ လုံးဝဆန့်ကျင်သွားသလို၊
မြင့်မြတ်လှတဲ့မိမိ၏အမျိုးအနွယ်သဘာဝနဲ့လည်း စော်ကားရာကျရောက်သွားနိုင်ပါတယ်။

ထိုကြောင့်အခြေခံဒီမိုကရေစီစနစ်ကိုဆန့်ကျင်သောသူ၊မြင့်မြတ်လှသောမိမိ၏အမျိုးအနွယ်သဘာဝကိုမထီမဲ့မြင်ပြု၍
မိမိကိုယ်ကျိုးအတွက်သော်လည်းကောင်း၊မိမိ၏ မိသားစုအကျိုးစီးပွါးရေးနှင့်သော်လည်းကောင်း မိမိ၏အလို
ကိုဖြည့်ဆည်းပေးတတ်တဲ့ထပ်ဆင့်ကိုယ်ကျိုးရှာအချောင်သမားအတွက်သော်လည်းကောင်း..
ရည်ရွယ်ထားခဲ့ပြီးကာ၊မိမိအမျိုးနွယ်၏အနာဂတ်မနက်ခင်းအလင်းရောင်ကိုမှေးမှိန်အောင်လုပ်ဆောင်တတ်သောသူ၊
ထိုလူပုဂ္ဂိုလ်တို့၏စိတ်နေသဘောထားကိုကျနော့်အနေနဲ့အာဏာရှင်စနစ်ကိုမသိစိတ်ကလက်ခံအကောင်ထည်
ဖော်ထောက်ခံနေသူ၊သို့တည်းမဟုတ်အာဏာရှင်စနစ်ကိုမသိစိတ်ကသွယ်ဝိုက်သောနည်းဖြင်အားပေး
အားမြှောက်ပြုနေသောသူ၊ဒီအပြင်မပြည့်တဲ့အိုးထဲမှာဘောင်ဘင်ခတ်နေသော
ရေမပြည့်တဲ့အိုးထဲကဘောင်ဘင်ခတ်နိုင်ငံရေးသမား၊”...အထူးသဖြင့်အစွန်းရောက်အမျိုးသားဝါဒီဟု. .
ထင်ထင်သာသာမြင်မိပါတယ်။

အဘယ်ကြောင့်ဆိုသော် အာဏာရှင်စနစ်ဆိုသည်မှာ “မူရင်းလက်တင်ဘာသာစကား Dictator မှဆင်းသက်လာသည်။
ပြောသည့်အတိုင်းလိုက်လုပ်စေခြင်းဟု အဓိပ္ပါယ်ထွက်သည်။ လူပုဂ္ဂိုလ်တဦးတယောက်တည်း၌
လုံးဝပြီးပြည့်စုံသောနိုင်ငံရေးအာဏာရှိသည့်အစိုးရပုံစံကိုဆိုလိုသည်။

နိုင်ငံရေးအဓိပ္ပါယ်မှာကား အုပ်ချုပ်ခံရသောလူတန်းစားများ၏ သဘောတူညီမှုရယူရန်မလိုဘဲ လူတဦးက
သို့မဟုတ်လူတစုက မိမိတို့စိတ်ကြိုက်ဆောင်ရွက်ရန် အုပ်ချုပ်သွားခြင်းကိုခေါ်သည်။

ဥပမာ..ဒုတိယကမ္ဘာစစ်ကိုဖန်တီးခဲ့သော ဖက်ဆစ်ဝင်ရိုးစွန်းတန်းသုံးနိုင်ငံများမှ နာဇီဟစ်တလာသည်
ဂျာမဏီပြည်တွင်း၌ စီးပွားရေးအရအစစအရာရာ တိုးတက်ကြီးပွားနေသော တိုင်းရင်းဖွားဂျုးလူမျိုးတွေကို
မနာလိုသ၀န်တိုနာကျည်းလာသည်နဲ့အမျှ သူသည်လူမျိုးရေး၊အမျိုးသားရေးအကြောင်းပြချက်ဖြင့် ဂျာမန်ပြည်သူတွေကို
စည်းရုံးပြီးမိမိအာဏာရရှိရေး၊မိမိမိသားစု၊ ခေါင်းညိတ်အပေါင်းဖော် လူနည်းစုကောင်းစားရေးအတွက်
မိမိဆန္ဒနဲ့လုံးဝဆန့်ကျင်နေတဲ့ ဂျုးလူမျိုးတွေကိုစတင်သုတ်သင်ပြီး အိမ်နီးချင်းတိုင်းပြည်ပိုလန်ကို(၁၉၃၉)ခုနှစ်တွင်စတင်
ကျုးကျော်ဝင်ရောက်တိုက်ခိုက်ရာက ဒုတိယကမ္ဘာစစ်မီးတောက်လောင်ခဲ့ရပါတယ်။

အမျိုးသားအစွန်းရောက်ဝါဒီအာဏာရှင်နာဇီဟစ်တလာကြောင့် ဒုတိယကမ္ဘာစစ်အတွင်းမှကမ္ဘာ့ပြည်သူသန်းပေါင်းများစွာရဲ့
အသက်အိုးအိမ်စည်းစိမ်တွေပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။.ဟစ်တလာ၏အာဏာရှင်ဆန်ဆန်နှိပ်ကွပ်မှုအောက်မှာ
ဂျုးလူမျိုးသန်းချီမျိုးပြုတ်လုနီးပါးအသက်ရှုံးဆုံးခဲ့ရပါတယ်။သို့သော်နယ်ချဲ့အင်္ဂလိပ်လက်အောက်၌နှစ်ပေါင်းများစွာ
နေလာခဲ့ရသောစစ်နဲ့ကင်းကင်းရှင်းရှင်းနေလိုသောအမေရိကန်သည်ဖက်ဆစ်ဝင်ရိုးစွန်းတန်းအဖွဲ့ဝင်ဂျပန်က (၁၉၄၁)ခုနှစ်တွင် အမေရိကန်ပိုင် ပုလဲဆိပ်ကမ်းကိုစတင်ကျူးကျော်ရာက ဒုတိယကမ္ဘာစစ်ထဲ အမေရိကန်ပါဝင်လာရာကနေ
အာဏာရှင်ဟစ်တလာရည်မှန်းထားခဲ့သောဂျုးလူမျိုး “မျိုးဖြုတ်သုတ်သင်ရှင်းလင်းရေးနဲ့အတူ”
့ဖက်ဆစ်အာဏာရှင်စနစ်တည်ဆောက်ရေးစစ်ပွဲသည် ဆုံးရှုံးမှုတွေနဲ့အဆုံးသတ်ပြီးဆုံးခဲ့ရပါတယ်။

ဟစ်တလာသည်လည်း မိမိ၏မိသားစုနဲ့အတူ ရခဲလှသောလူ့ဘ၀ကို ဘယ်သူမပြုမိမိမှုဆိုသလို
မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။.သိုသော်ဟစ်တလာထားခဲ့သောမကောင်းဆိုးဝါးအမွေတွေကို
ခါးသီးစွာယနေ့တိုင်ဂျာမန်ပြည်သူတွေပေးဆပ်နေရဆဲပဲမဟုတ်ပါလား။
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတဲ့နောက် ဂျာမဏီနိုင်ငံသည် အရှေ့နဲ့အနောက်ဂျာမဏီအဖြစ် အရှေ့ဘာလင်၊
အနောက်ဘာလင်ဟူ၍ ဟစ်တလာ၏မကောာင်းဆိုးဝါးအမွေကို လက်တွေ့ခံစားရကာ၊ ဒုတိယကမ္ဘာစစ်အတွင်း၌
တရုပ်ပြည်ကြီးကိုကျုးကျော်တိုက်ခိုက်စဉ် တရုပ်ပြည်သူအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှု၊
အစုလိုက်အပြုံလိုက်မုဒိမ်းမှုတွေကြောင့်ယနေ့တိုင်ခေတ်အဆက်ဆက်ဂျပန်အစိုးရသည်တရုပ်ပြည်သူအား
တောင်းပန်နေရဆဲပါပဲ။

ဤသို့ဒုတိယကမ္ဘာစစ်ကိုမီးမွှေခဲ့သော ဖက်စစ်ဝင်ရိုတန်းသုံးနိုင်ငံ ဂျပန်၊ဂျာမဏီ၊အီတလီတို့သည်စစ်ကြီး
ပြီးဆုံးသွားသောအခါ စစ်ရှုံးနိုင်ငံများအနေဖြင့် စစ်လက်နက်အသစ်တီထွင်ထုပ်လုပ်မှု၊ စစ်ရေးနယ်ပယ်၌
အမေရိကန်ဦးဆောင်သောစစ်နိုင်အုပ်စု၏ကန့်သတ်မှုအောက်မှာဒီမိုကရေစီနိုင်ငံများအဖြစ်ပြောင်းလဲလာ
ကြကာအကြီးစားစက်မှုလက်မှုနိုင်ငံကြီးများအဖြစ်မွဲပြာကျတိုင်းပြည်ကိုပြန်လည်ထူထောင်လာကြရပါတယ်။
ယခုအခါ ဒီမိုကရေစီနိုင်ငံများဖြစ်ကြသော ဂျပန်၊ဂျာမဏီ၊အီတလီတို့သည် ကမ္ဘာထိပ်သီးချမ်းသာကြွယ်ဝတဲ့

နိုင်ငံများဖြစ်လာကြပြီး နေတိုးအဖွဲ့ဝင်များဖြစ်သော ဂျာမဏီ၊့အီတလီနှင့် နေတိုးအဖွဲ့ဝင်မဟုတ်သောဂျပန်နိုင်ငံတို့သည်
ယနေ့ခေတ်သစ်ကမ္ဘာပေါ်ရှိခေတ်သစ်စစ်အာဏာရှင်များကြောင့်သော်လည်းကောင်း၊ အကြမ်းဖက်ဝါဒ
ကိုအာပေးအားမြှောက်သော အမျိုးသားအစွန်းရောက် အုပ်ချုပ်သူလက်နက်အားကိုးအစိုးရတွေကြောင့်
ကမ္ဘာပေါ်က သန်းချီဒုက္ခသည်အပြစ်မဲ့ပြည်သူတွေကိုကမ္ဘာ့ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေနဲ့လက်တွဲကာ
အာကာအကွယ်ပေးနေကြတဲ့ ဒီမိုကရေစီနိုင်ငံကြီးများဖြစ်နေကြပါပြီမဟုတ်ပါလား။ ပြည်သူတွေရဲ့လိုအင်ဆန္ဒအ၀၀ကို
ဖြည့်ဆည်းပေးတတ်တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးသော အစိုးရများကြောင့်လည်း သွားလေရာနေရာ ရောက်လေရာ အရပ်မှာ
ဂျာမဏီပြည်သူတွေ၊ဂျပန်ပြည်သူတွေနဲ့ယနေ့အီတလီပြည်သူပြည်သားတွေဟာ ရေပြည့်အိုးပမာ
တည်တည်တဲ့တဲ့ဝင့်ကြွားနေနိုင်ကြပြီမဟုတ်ပါလား။

ဤသို့တိုင်းသူပြည်သားတို့၏ လိုအင်ဆန္ဒအ၀၀ကို အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေးနိုင်သော ဒီမိုကရေစီအရေးအတွက်
န၀တအမည်ခံ စစ်အာဏာရှင်စနစ်ကိုအံ့တုရင်း၊ ဖမ်းဆီးခြင်းခံရကာ ထောင်တွင်းကပါလာတဲ့ရောဂါနဲ့
ထောင်ကလွတ်ပြီးလပိုင်းအတွင်းမှာပဲ သေဆုံးသွားခဲ့တဲ့ တယောက်သောသူရဲ့အရင်းခံရိုးသားမှုစေတနာ၊
စည်းရုံးရေးပြေပြစ်မှု၊ကိုယ်ကျိုးစွန့်မှုတွေကို ပြန်ပြောင်းသတိရမိပါတယ်။

အချိန်ကား..(1997)ခုနှစ် ဖေဖေါ်ဝါရီလ။နေရာက တနသာင်္ရီကမ်းရိုးတန်းအစပြုရာ ဖာလိန်တောင်ဒေသ။
သူနဲ့ကျနော်အမှတ်မထင်ဆုံဖြစ်ကြတာက အနှစ်(၅၀)ပြည့်ရွှေရတုသ္ဘင်မွန်အမျိုးသားနေ့ အတွက်မြေစိုက်ပိုစတာ
ပန်းချီရေးဆွဲနေတဲ့နေရာပါပဲ။ အဲဒီတော့မှ ရေးမြို့နယ်မှာ နာမည်ကြီးနေတဲ့
ပန်းချီဝနေစိုးဆိုတာ သိခွင့်ရခဲ့ပါတယ်။ ဒီအပြင် လူကောင်ငယ်ပေမဲ့ အသားဖြူဖြူ အရပ်မနိမ့်မမြင့်
လိုအပ်မှစကားပြောတတ်သူ လိုချင်တာတခုကိုရအောင်ယူနိုင်ဘို့အတွက် အမြဲတမ်းတွေးတောနေတတ်သူ
မိသားစုဘ၀ရပ်တည်နေနိုင်ဖို့အတွက် ပန်းချီဆွဲရင်း မြန်မာပြည်ဒီမိုကရေစီအရေးအတွက် တက်တက်ကြွကြွ
လှုပ်ရှားနေသူတယောက်လည်းဖြစ်နေပြန်ပါတယ်။

စကားနည်းသလောက်စည်းရုံးရေးကောင်းသောလူတယောက်မို့လည်းတော်ရုံတန်ရုံသတ္တိ၊ယုံကြည်ချက်၊
အရည်ချင်းရှိတဲ့လူတွေတာဝန်ခံမလုပ်နိုင်တဲ့မြို့နယ်လူငယ်စည်းရုံးရေးတာဝန်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
တာဝန်ပေးလိုက်တယ်ထင်ပါရဲ့။ဒီထက်ပိုသောသူ့ရဲ့အရည်ချင်းကမွန်ပြည်သစ်ပါတီထိန်းချုပ်ရာနေရာတွင်တိုင်းရင်းသား
တွေနဲ့ပြေပြေပြစ်ပြစ်ဆက်ဆံတတ်ယုံမက လိုအပ်ရင်အစွမ်းကုန်ကူညီတတ်နေသူ ဖြစ်နေကြောင်း သူနဲ့တွေ့ဖြစ်တဲ့
ရက်ပိုင်းအတွင်းမှာပဲ ကျနော်လက်ခံမိပါတယ်။

အနှစ်(၅၀)ပြည့်ရွှေရတုသ္ဘင်ဖြစ်သည်နဲ့အညီဖာလိန်တောင်ဒေသရှိမွန်ကျေးရွာပေါင်း(၁၀)ရွာခန့်ကိုကျနော်တို့ကျေးရွာမှာပဲ
တစုတစည်းစည်စည်ကားကားကျင်းပမှာဖြစ်တာကြောင့်ပွဲတော်အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေးအတွက်
ကျနော်တို့ရဲ့ကျေးရွာလူငယ်စာပေနဲ့ယဉ်ကျေးမှုအသင်းဝင်တွေနဲ့ ကျေးရွာရပ်မိရပ်ဖတွေ အသည်းဝေးထိုင်ပြီး
တာဝန်တွေအသီးသီးခွဲဝေကြရပါတယ်။ လူငယ်တွေကတော့ ရန်ပုံငွေရှာဖွေရေး၊အားကစားနဲ့ကျန်အထွေထွေကိစ္စတွေမှာ
ပူးပေါင်းကူညီဆောင်ရွက်ဖို့ တာဝန်ယူရပါတယ်။ မြေစိုက်ပိုစတာကိစ္စ၊ ရွာအ၀င်အမျိုးသားနေ့ကြိုဆိုရေးဆိုင်းဘုတ်နဲ့
အခမ်းအနားနောက်ခံဒီဇိုင်းတွေအတွက် ကိုဝနေစိုးအား အကူအညီလှမ်းတောင်းတော့ ငွေရေးကြေးရေး ဘာမှမပြောဘဲ
ချက်ချင်းလက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ပဲသူနဲ့ကျနော်ဟာ တလနီးပါး မွန်အမျိုးသားနေ့ပြီးဆုံးသွားသည့်အထိ ဆုံဖြစ်ခဲ့ကြပါတယ်။

တနေ့သူနဲ့ကျနော်ခြေတံရှည်အိမ်တအိမ်အောက်မှာအခမ်းအနားအောက်ခံပန်းချီစာလုံးဆေးခြယ်နေကြတုန်း
ဒီမိုကရေစီအရေးနဲ့အမျိုးသားရေးကိုတက်ကြွစွာလှုပ်ရှားနေသောတတိယနိုင်ငံတနိုင်ငံမှာ ခိုလှုံနေပြီးသူ့နည်းသူ့ဟန်နဲ့
ဇာတိမြေကိုအလည်ရောက်ရှိချိန်မှာရွှေရတုသ္ဘင်နဲ့ကြုံခိုက် ကျနော်တို့ရှိရာကိုရောက်လာပြီးမိတ်ဆက်ကြပြီးသောအခါ
ရောက်တတ်ရာရာစကားတွေပြောနေကြရင်းနဲ့ နိုင်ငံခြားပြန်ကြီးက...သူရောက်နေတဲ့ တတိယနိုင်ငံမှာ လူ့အခွင့်ရေး
ဘယ်လောက်ပြည့်ဝတဲ့အကြောင်း၊ ပညာရေးစနစ်မြင့်မားတဲ့အကြောင်း၊ နိုင်ငံရေးလှုပ်ရှားရတာ ဘယ်လောက်လွတ်လပ်တဲ့အကြောင်းပြောလည်းပြော။
အနားကချထားတဲ့လာဝိုင်းကူညီတဲ့လူတွေသောက်သုံးဘို့ချထားတဲ့အအေးဘူးတွေကို ဖောက်သောက်နေပါတယ်။
ကိုဝနေစိုးကတော့ ဘာမှပြန်မပြော၊လက်ထဲက ဂျိုးသိန်းဆေးပေါ့လိပ်ကို ဖွာနေပါတယ်။ ကျနော့်အတွက်
ဆေးတွေစပ်နေတဲ့သူ့ရဲ့မျက်နှာကို မမှတ်မထင်ကြည့်လိုက်မိတော့ နီရဲနေတာတွေ့လိုက်ရပါတယ်။

ကိုဝနေစိုးကနိုင်ငံခြားပြန်ကြီးအားတင်းနေပြီးဆိုတာကျနော်သိလိုက်ပါတယ်။ ဒါကြောင့်တခြားရောက်တတ် ရာရာစကားတွေနဲ့
လမ်းကြောင်းလွှဲပေးနေသော်လည်း နိုင်ငံခြားပြန်ကြီးက ဆက်၍ တတိယနိုင်ငံမှာ မြန်မာ
ပြည်ဒီမိုကရေစီအရေးအတွက် ဘရောဂျက်ဘယ်လိုရှာရတဲ့အကြောင်း၊ အန်ဂျီအို အဖွဲ့အစည်းတွေကိုဘယ်လို
ချည်းကပ်ရတဲ့အကြောင်း စကားဖွာနေတာကို ဆက်နားမထောင်ချင်တော့တဲ့ ကိုဝနေစိုးက ညင်သာစွာဖြင့်
“ကဲညီလေးရာ လက်ညောင်းလှပြီး၊ ဒီနေ့တော့ဒီလောက်နဲ့ပဲထားခဲ့တော့၊
မနက်ဖြန်မှပဲ ဆက်လုပ်ကြတာပေါ့” ဆိုကာ ပန်းချီဝိုင်းကို သိမ်းလိုက်ပါတော့တယ်။

ညနေခင်းရောက်တော့ အမျိုးသားနေ့အထိမ်းအမှတ်ပွဲဈေးခင်းမှာ ကြိုရောက်နေတဲ့ စားသောက်ဆိုင်မှာကျနော်နဲ့
မိတ်ဆွေတချို့ဘီအီးသောက်နေတဲ့ဝိုင်းထဲဝင်ထိုင်ပြီး ဘာမပြောညာမပြောနဲ့
ကျနော့်အား“အဲဒီလူကြီးကဘာလဲကွာ” ဟူ၍ပြောချလိုက်ရာ ဘေးနားကအပေါင်းသင်းတွေ
ကြောင်အမ်းအမ်းဖြစ်နေချိန်မှာ.....ကျနော်က“အေးဗျာ ပြည်တွင်းမှာအသက်စွန့်ပြီးလှုပ်ရှားနေရတဲ့လူတွေကိုမှအားမနာ”ဟု
ပြန်ပြောလိုက်ရာ....ကဲကွာညီလေး
အကို့ ကိုတခွက်ပေးကွာ ဆိုတော့ကျနော်ကလည်း ခွက်ကြီးတခွက်အပြည့်ထည့်ပေးလိုက်ရာ မျက်စိတမှိတ်အတွင်းမှာ
ခွက်ကြီးထဲက ဘီအီးကတော့ ပြောင်သွားပါတော့တယ်။ ပြီးမှဝက်သားသုပ်အမြီး
တဇွန်းဝါးရင်း…”ညီလေးရဲ့စကားအတွက် အကိုကျေနပ်ဝမ်းသာတယ်ကွာ” ပြောပြီးနှုတ်လည်းမဆက်ထသွားပါတော့တယ်။

ကိုဝနေစိုးဝမ်းသာမှာပေါ့ သူနဲ့ကျနော်အခမ်းအနားအတွက်ဆုံဖြစ်ကြတိုင်း ၉၆ ဒီဇင်ဘာကျောင်းသား
လှုပ်ရှားမှုကြောင့်ရက်အကန့်အသတ်မဲ့ပိတ်ထားတဲ့ ကျောင်းတော်ကြီးဒီတခါပြန်
ဖွင့်ရင်ဖြင့် စစ်အာဏာရှင်စနစ်ကိုဘယ်လို အံ့တုကြမလဲဆိုတာ တီးတိုးတီးတိုးဆွေးနွေးနေရတဲ့ အချိန်
ကို သူနှစ်သက်လို့ပါပဲ။

မွန်အမျိုးသားနေ့လည်းပြီးဆုံး၍ သူနဲ့ကျနော်တနေရာစီ ကွဲကွာသွားပြီးနောက်....ရေးမြို့နယ်အမျိုးသားဒီ
မိုကရေစီအဖွဲ့ချုပ်လူငယ် စည်းရုံးရေးတာဝန်ခံ ကိုဝနေစိုးနဲ့ကိုသန်းလွင်တို့နှစ်ဦး ဖမ်းဆီးခံရတဲ့အကြောင်း၊
နော်ဝေအခြေစိုက် DVB မြန်မာပိုင်းမှတဆင့်သိခဲ့ရပါတယ်။ ထိုနောက် ကိုဝနေစိုး
ရောဂါအသည်းအသန်ဖြင့်မော်လမြိုင်အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာပြီး၊
ဆေးကုသမှုခံယူနေရာက ကွယ်လွန်သွားတဲ့အကြောင်း စိတ်မကောင်းစွာဖြင့်ကြားသိခဲ့ရပါတယ်။
သြော်……အခုတော့သူဟာပြန်မဆုံနိုင်တော့တဲ့တနေရာစီကို အပြီးအပိုင်ထွက်သွားတာ နှစ်ပေါင်းငါး
ခြောက်နှစ် ရှိနေပါပြီမဟုတ်လား။ ။

သာထွန်းမွန်
http://www.kaowao.org/b/art010-jan22.php

အားသစ်လောင်းရန် လိုအပ်နေသော အန်အယ်လ်ဒီ

အားသစ်လောင်းရန် လိုအပ်နေသော အန်အယ်လ်ဒီ

ရှေ့လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောဆို လာမည့် အပေါ် မြန်မာ့ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ အားလုံး မျှော်လင့်တကြီး စောင့်စားနေ ကြပါသည်။ ပို၍ တိတိကျကျ ပြောရလျှင် ပြည်သူ ၅၂ သန်း၏ ကံကြမ္မာ အကောင်း အဆိုးကို အဆုံးအဖြတ် ပေးမည့် နှစ်ရှည်လများ စောင့်စားခဲ့ကြသည့် ရွေးကောက်ပွဲ အပေါ် ဒေါ်အောင်ဆန်း စုကြည်၏ သဘောထားကို စောင့်မျှော်နေကြပါသည်။

အန်အယ်လ်ဒီ၏ အခြေအနေနှင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအခြေအနေတို့ကို ဒေါ်အောင်ဆန်းစုကြည် နားလည်သဘော ပေါက်ရန် ကြိုးပမ်းဆောင်ရွက်မှုများ ရှိခဲ့သော်လည်း မြန်မာပြည်သူများနှင့် ပြင်ပကမ္ဘာမှ အမြင်သဘောထားများကို ခန့်မှန်း တိုင်းတာရန် သတင်းအချက်အလက်များကို ဒေါ်အောင်ဆန်းစုကြည် အကန့်အသတ်ဖြင့်သာ ရရှိနေပါသေးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဉာဏ်ပညာနှင့်အမြော်အမြင်က သံသယမရှိ ထက်မြက်လျက်ပါ။ သို့ရာတွင် လာမည့် ရွေး ကောက်ပွဲဝင်ရေး သို့မဟုတ် မ၀င်ရေးနှင့်ပတ်သက်ပြီး မည်သည့်ဆုံးဖြတ်ချက်ကိုချသည်ဖြစ်စေ သူ၏ဆုံးဖြတ်ချက်က ကြီးမားသည့် နောက်ဆက်တွဲ ရလဒ်များကို ဖြစ်ပေါ်စေပါလိမ့်မည်။

အခြားတဘက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၄င်း၏စစ်ဖက်ဆိုင်ရာ အကြံပေးအရာရှိများထံမှရရှိသော မှားယွင်းသည့် သတင်းအချက်အလက်များနှင့် ထိုသတင်းများအရ ဘက်လိုက်မှုများအပေါ်တွင် အခြေခံပြီး ဆုံးဖြတ်ချက်များ ချမှတ် လုပ်ဆောင်လျက်ရှိပါသည်။

တိုင်းပြည်၏ကံကြမ္မာကို ထိုပုဂ္ဂိုလ်နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုပေါ်တွင် တစိတ်တပိုင်း ဗဟိုပြုထားသည်မှာ ကျေနပ်စရာ ကောင်းလှသည့် အချက်တော့ မဟုတ်ပါ။

၂၀၀၉ ခုနှစ်တွင် ရွှေဂုံတိုင်ကြေညာချက် ထုတ်ပြန်ပြီး အန်အယ်လ်ဒီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၏ နောက်ဆက်တွဲ ဖြစ်ရပ်များမှ ရုန်းထွက်ရန် ကြိုးစားခဲ့ပါသည်။ သို့သော်လည်း မကြာသေးခင်ကပြုလုပ်ခဲ့သော ၀န်ကြီးအဖွဲ့အစည်းအဝေး တွင် ထိုတောင်းဆိုချက်များကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လျစ်လျူ ရှုခဲ့ပါသည်။ ယခုအခါ အန်အယ်လ်ဒီလည်း စစ်အစိုးရ နှင့် စစ်မှန်သောပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်နိုင်ဘဲ နဂိုအတိုင်း ပိုနေမြဲကျားနေမြဲ ပြန်ဖြစ်သွားပါသည်။

တ၀က်တပြက် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန်အတွက် တောထဲတွင်တိုက်ပွဲဝင်နေကြသော တိုင်းရင်းသား လူနည်းစုများသည် လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖြစ်မသွားရေးအတွက် မည်ကဲ့သို့ ရှောင်ရှားရမည်ကို တွက်ချက်နေကြရပါသည်။ ၄င်းတို့၏ အဆုံးစွန်သောရည်မှန်းချက်ဖြစ်သည့် ဖယ်ဒရယ်ပြည်ထောင်စု စနစ်တည်ထောင်ရေးဟူသည့် အိပ်မက်မျှသာ ရှိသေးသည်။

နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုများမှတဆင့် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံထူထောင်ပေးသည့်ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်း ခံရမည့် အခွင့်အရေးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်လွှတ်ခဲ့ပါသည်။ သူ၏ အစိုးရခိုင်မာတောင့်တင်းရေးကိုသာ အာရုံ စိုက်ခဲ့သည့်အတွက် တိုင်းပြည်တခုလုံး အန္တရယ်နှင့်ရင်ဆိုင်နေရသည်ကား အထူးပြောစရာ မရှိပေ။

နောက်ဆုံးတွင် အန်အယ်လ်ဒီသည် အဆင့် ၇ ဆင့် နိုင်ငံရေးလမ်းပြမြေပုံနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံသွားမည်ဆိုလျှင် တိုင်းပြည်အတွက် ကောင်းမွန်လာစရာလမ်း မမြင်တော့ပါ။ အကယ်၍ အန်အယ်လ်ဒီက ရွေးကောက်ပွဲမ၀င်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့လျှင်လည်း တိုင်းပြည်၏ အနာဂတ်မှာ မရေရာမှုများ ပိုမိုတိုးပွားလာပြီး အန်အယ်လ်ဒီလည်း ရလဒ်မကောင်းစွာ ကျန်ရစ်ခဲ့လိမ့်ပါမည်။

၁၉၈၈ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အန်အယ်လ်ဒီကို ပညာတတ်များဖြင့် ကြိုးစားဖွဲ့စည်းခဲ့ပါသည်။ ကံ မကောင်း အကြောင်းမလှစွာပင် ဆိုရှယ်လစ်အစိုးရလက်အောက်တွင် နှစ်ပေါင်းများစွာ ပုံသွင်းခံခဲ့ရသော သတင်းစာ ဆရာများ၊ ရှေ့နေများနှင့်သာ တင်းတိမ်ခဲ့ရပါသည်။ ထိုသူများသည် ခေါင်းမာစွာဖြင့် စစ်အစိုးရကို ရင်ဆိုင်ခဲ့ကြပြီး အန်အယ်လ်ဒီလည်း ဖြိုခွဲခံရ ဖိနှိပ်ခံရ ဖြုတ်ထုတ်ခံခဲ့ရသည်။

အကယ်၍ အန်အယ်လ်ဒီသည် အစစ်အမှန်ပညာတတ်များဖြင့် ပါတီကိုပြန်လည်ထိန်းညှိမည်ဆိုလျင် အောင်မြင်နိုင်သည့် လမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်ချက်တချို့ ရှိနေပါသေးသည်။ ထိုသို့ မဟုတ်ပါက ပါတီတွင်း ညီညွတ်မှုကင်းမဲ့ လာနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုကြည်ညိုကြပြီး စစ်ဗိုလ်ချုပ်များကို မုန်းတီးနေကြသော ပြည်သူများ၏ ဆန္ဒမဲများ သည် အကွဲကွဲအပြားပြားဖြစ်သွားပြီး ထိရောက်မှု မရှိ ဖြစ်သွားပါလိမ့်မည်။

မကြာသေးခင်က အန်အယ်လ်ဒီကို ပြန်လည်ဖွဲ့စည်းခဲ့ရာတွင် အသက်အရွယ်ကြီးရင့်သော ခေါင်းဆောင်ပိုင်းကို ထုတ်ပစ် သည်ဆိုသည့်သဘောမသက်ရောက်စေရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုတိုးချဲ့ဖွဲ့စည်းရုံသက်သက်သာ လုပ်ခဲ့ပါသည်။

ယခုအချိန်တွင် အန်အယ်လ်ဒီသည် စစ်အစိုးရက တုံ့ပြန်မည့် ရှင်းလင်းသော မဟာဗျူဟာတခုကို ချမှတ်ရမည့်အချိန် ရောက် နေပါပြီ။ တောင်းဆိုချက်များသာ ထုတ်ပြန်နေပြီး ခိုင်မာသည့်မဟာဗျူဟာ မရှိလျင် စစ်အစိုးရကို ရန်လိုမုန်းထား ပြုခြင်း သက်သက် သဘောဆောင်သွားမှာဖြစ်ပြီး စစ်ခေါင်းဆောင်များ ပို၍ခေါင်းမာစေရန် လုပ်ဆောင်သလိုဖြစ်နေပါ လိမ့်မည်။

အန်အယ်လ်ဒီသည် ဗီယက်နမ်နိုင်ငံ၏ စစ်ပွဲလွန်ကာလအတွေ့အကြုံများမှ သင်ခန်းစာတချို့ကို ယူသင့်ပါသည်။

ဗီယက်နမ်စစ်ပွဲပြီးဆုံးသွားသည့်အခါ တောင်နှင့်မြောက်ဗီယက်နမ်တို့ ပြန်လည်ပေါင်းစည်းသွားပြီး အစိုးရအသစ်ကို ကွန်မြူ နစ်ခေါင်းဆောင်မှုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အစိုးရအဖွဲ့ဝင်အားလုံးကို တော်လှန်ရေးကာလက တိုက်ဖော်တိုက်ဖက်ရဲဘော် များထဲမှ လက်သင့်ရာရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။ သို့သော် ထိုခေါင်းဆောင်များသည် အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံ များမရှိကြပါ။ ရလဒ်အနေဖြင့် အဖွဲ့အစည်းများသည် ခြစားမှုများနှင့် အရည်အချင်းမရှိခြင်းတို့ ဖြစ်လာပါသည်။

ကွန်မြူနစ်ပါတီသည် ထိုအခြေအနေကို ၅ နှစ်ကာလအတွင်း ရိပ်စားမိလာပြီး ၄င်းတို့နေရာတွင် ယခင် တောင်ဗီယက်နမ် အစိုးရထဲမှ အရည်အချင်းရှိသော အရာရှိများနှင့် ကျွမ်းကျင်ပညာရှင်များကို အစား ထိုးခန့်အပ်ခဲ့ပါသည်။

ရွေးကောက်ပွဲပြီးနောက် အန်အယ်လ်ဒီနှင့် စစ်အစိုးရတို့အကြား အစိုးရတရပ်ဖွဲ့စည်းခြင်းအပေါ် ဆက်လက်သဘောထား ကွဲနေမည်ဆိုလျှင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတာဝန်တို့ကို အတွေ့အကြုံရှိသော အုပ်ချုပ်ရေးသမားများနှင့် ကျွမ်းကျင် ပညာရှင် လွှတ်တော်ကိုယ်စားလှယ်များလက်ထဲ ထည့်သင့်ပါသည်။ ထိုသူများသည် အင်ဂျင်နီယာများ၊ စီးပွားရေးပညာရှင် များ၊ ပါမောက္ခများ၊ ကုမ္ပဏီများမှ အမှုဆောင်များ (ဆရာဝန်များ၊ ရှေ့နေများနှင့် သတင်းစာဆရာများသည် အန်အယ်လ်ဒီ တွင်ရှိနေ ပြီးဖြစ်ပါသည်) နှင့် စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များ ဖြစ်သင့်ပါသည်။

ထိုသူများသည် အလားအလာရှိသော ပြုပြင်ပြောင်းလဲရေးသမားများဖြစ်ပြီး အသွင်ကူးပြောင်းရေး ကာလတွင် တိုင်းပြည် ကို ကြီးပွားတိုးတက်စေရန် လမ်းပြနိုင်သူများဖြစ်ပါသည်။ တချိန်တည်းမှာပင် ထိုသူတို့သည် ပြည်သူများ၏အကျိုးစီးပွား အတွက် အလုပ်လုပ်နိုင်သလို တိုင်းရင်းသားလူနည်းစုများ ရင်ဆိုင်နေရသော မတူညီသည့် စိန်ခေါ်မှုများကိုလည်း ဖြေရှင်း နိုင်ပါလိမ့်မည်။

ထို အသိပညာရှင် အတတ်ပညာရှင်များသည် ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို လေ့လာနေခဲ့ ကြသူများဖြစ်ပါသည်။ မျိုးဆက်သစ်ခေါင်းဆောင်များကို ဦးစားပေးခြင်းဖြင့် အာဏာချိန်ခွင်လျှာကို ပြောင်းလဲခြင်းသည် သေချာပေါက် ရလဒ်ကောင်းများဖြစ်ပေါ်စေပါလိမ့်မည်။ အကြောင်းမှာ ထိုသူများသည် ပြည်သူများခံစားနေရသောဒုက္ခများ ကို နက်နက်ရှိုင်းရှိုင်းနားလည်ခံစား နိုင်သောကြောင့်ဖြစ်ပါသည်။ တိုင်းပြည်တွင် ငြိမ်းချမ်းရေးရရန်၊ ချမ်းသာကြွယ်ဝရန်နှင့် ကောင်းမွန်သော အစိုးရတရပ်ပေါ်ပေါက်စေရန် ပြည်သူများ၏ ဆန္ဒမဲများကို မည်သို့အသုံးချရမည်ကို သူတို့သိရှိပါသည်။

တတိယအင်အားစုများဟု ၄င်းတို့ကိုယ်ကို ခေါ်ဆိုနေကြသူများကား သူနည်းသူ့ဟန်ဖြင့် လုပ်ဆောင်နေကြသော်လည်း ပြည်သူ့မြင်ကွင်းမှ ပျောက်နေကြပါသည်။ ထိုသူတို့၏ ပုံသဏ္ဍာန် အစစ်အမှန်ကိုလည်း အရောင်အမျိုးမျိုးဖြင့် ခြုံလွှမ်းထား ပါသည်။ သို့သော် ထိုသူတို့သည် လက်ရှိအစိုးရနှင့် အလွမ်းသင့်ကြသူများလည်း ဖြစ်ပါသည်။

ထိုတတိယအင်အားစုများသည်လည်း မြန်မာပြည်သူအများစုက အားကိုးနိုင်လောက်သည့် နိုင်ငံရေး အင်အားစုတရပ် ဖြစ်လာသည်အထိ ရှင်းလင်းသောမဟာဗျူဟာနှင့် ရပ်တည်ချက်များ မရှိကြပါ။

ဤကဲ့သို့နိုင်ငံရေးအခြေအနေတွင် အန်အယ်လ်ဒီသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုအခြေခံသည့် တရားဝင်အာဏာ တောင်းဆိုမှုကို စွန့်လွှတ်သင့်ပါပြီ။ ယခုအချိန်သည် စနစ်တကျဖွဲ့စည်းထားသော စည်းကမ်းရှိသည့် ဒီမိုကရက်တစ်ပါတီ တခု အနေဖြင့် ပါတီ၏လုပ်ငန်းများကို အရှိန်အဟုန်အမြင့်ဆုံးဆောင်ရွက်ပြီး နိုင်ငံတ၀န်းတွင် ပါတီကို စည်းလုံးညီညွှတ် အောင် လုပ်ဆောင်ရမည့်အချိန် ဖြစ်ပါသည်။

အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်သည့်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကြိုတင်စီမံထားသော ရွေးကောက်ပွဲ က လွှတ်တော်တွင် နေရာအများဆုံးရရှိစေရန် အခွင့်မသာလှပေ။ ထို့အပြင် မြို့နယ်ပေါင်း ၃၀၀ ကျော်တွင် စည်းရုံးရေး ဆင်းနိုင် ရန် အန်အယ်လ်ဒီအတွက် အချိန်အလုံအလောက်ရရှိမည် မဟုတ်ပါ။ သို့သော် ယခုအခါ မြို့နယ်များစွာတွင် အန်အယ်လ်ဒီ ရုံးများ ဖွင့်လှစ်ရန် အဆင်သင့်ရှိနေပါသည်။ အန်အယ်လ်ဒီသည် ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်သည့်အနေအထားရှိပြီး ၄င်းပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိသော မြို့နယ်များတွင် ပညာတတ်ကိုယ်စားလှယ်များကို ထောက်ခံမှုလည်း ပေးနိုင်ပါသည်။

အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ပြိုင်သည်ဖြစ်စေ၊ မပြိုင်သည်ဖြစ်စေ၊ လွှတ်တော်တွင် နေရာအများအပြားရသည်ဖြစ်စေ၊ အနည်းအကျဉ်းသာရသည်ဖြစ်စေ မျိုးဆက်သစ် အသိပညာ ရှင် အတတ်ပညာရှင်များ လွှတ်တော်အတွင်းရောက်လာပါက ခေါင်းဆောင်မှု အခန်းကဏ္ဍကို တာဝန်ယူလာနိုင်ပြီး အနာဂတ် ဒီမိုကရက်တစ် အစိုးရအတွက် အခြေခံကောင်းများ ချပေး နိုင်ပါသည်။

ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသောသူများကို မဲပေးမည်ဆိုလျင် ဖက်ဒရယ်ပြည်ထောင်စုကို အာမခံတည်ဆောက် သွားနိုင်မည်ဟု တိုင်းရင်းသားလူနည်းစုများနှင့် နားလည်မှုကိုလည်း ထူထောင် သင့်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန် အန်အယ်လ်ဒီသည် ဖက်ဒရယ်စနစ်ပုံစံတခုကို ထောက်ခံရမည် ဖြစ်ပါသည်။

နောက်ဆုံးတွင် အန်အယ်လ်ဒီသည် ပုံသဏ္ဍာန်အသစ်နှင့်သွားရန် ၄င်းကိုယ်တိုင် အသိမှတ်ပြုလက်ခံရမည် ဖြစ်ပြီး ဆန်းသစ် လတ်ဆတ်သောအတွေးအခေါ်ရှိပြီး လှုပ်ရှားတက်ကြွသော ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို မွေးထုတ်ရမှာ ဖြစ်ပါသည်။

ဤမဟာဗျူဟာများကို မချမှတ်သရွေ့စစ်အစိုးရသည် အန်အယ်လ်ဒီနှင့် ဆွေးနွေးရန် အကြောင်းရှိမည် မဟုတ်ပါ။ ထို့အတူ လာမည့်အနာဂတ်တွင်လည်း အန်အယ်လ်ဒီအတွက် အခန်းကဏ္ဍမရှိသလောက်ဖြစ် ပါလိမ့်မည်။ အနည် ထိုင်ချိန်မှ ပြန်လည်ထွက်ပေါ်လာမည့် နိုင်ငံရေးပါတီကိုတော့ မည်သူကမျှ အလွမ်းသယ်မည် မဟုတ်ချေ။

စာရေးသူ ဗမာကြီးသည် ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာ အင်ဂျင်နီယာ တဦးဖြစ်ပြီး အန်အယ်လ်ဒီကို ထောက်ခံသူတဦး ဖြစ်ပါသည်။

http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/2464-2010-01-22-07-45-24




မြန်မာပြည်နှင့် ကြားခံနိုင်ငံသဘာဝ


အောင်ကျော်ခင် (ဝေဖန်သုံးသပ်ချက်)

၂၂ ဇန်န၀ါရီ ၂၀၁၀

ကမ္ဘာ့မြေပုံပေါ်မှာ (၁၉) ရာစုအစောပိုင်းက တည်ရှိခဲ့တဲ့ နိုင်ငံတွေထဲမှာ (၅၀) ရာခိုင်နှုန်းဟာ ယနေ့အထိ ဆက်လက် ရှင်သန်နေတာ တွေ့ရတယ်လို့ သုတေသီတွေကဆိုတယ်။ ကျန် (၅၀) ရာခိုင်နှုန်းမှာ ကွယ်ပျောက်သွားတာရှိသလို အသွင်ပြောင်းသွားတာလည်းရှိတယ်။ နိုင်ငံတော် ပျောက်ကွယ်သွားပေမယ့် တိုင်းသူပြည်သားကတော့ အနည်းနဲ့အများ ကျန်ရှိနေတယ်။ အုပ်ချုပ်ပုံစနစ် ပြောင်းလဲသွားတဲ့သဘောပဲ။ နိုင်ငံဟာ မိမိကံကြမ္မာကို မိမိဘာသာမဖန်တီးနိုင်တော့ဘဲ သူတပါးလက်အောက်ခံသဘောမျိုး ဖြစ်သွားရင် အဲဒီနိုင်ငံကို ပျောက်ကွယ်သွားပြီ (သို့မဟုတ်) သေဆုံးသွားပြီလို့ ယူဆတဲ့သဘောဖြစ်တယ်။

မြန်မာ့သမိုင်းမှာ (၂) ကြိမ်တိုင်တိုင် မြန်မာနိုင်ငံ ကွယ်ပျောက်သွားဖူးတယ်။ (၁၃) ရာစုမှာ တရုတ်နဲ့ ဆက်ဆံရေးအဆင်မပြေ ဖြစ်လာပြီး တရုတ်တပ်တွေ မြန်မာပြည်ထဲ ၀င်ရောက်တိုက်ခိုက်လို့ ပုဂံပြည့်ရှင် ‘နရသီဟပတေ့မင်း’ ထွက်ပြေးရပြီး ပုဂံနေပြည်တော် မွန်ဂိုတရုတ်တို့လက်အောက် ကျရောက်သွားတာကို လူသိများတယ်။ (၁၃) ရာစုနှောင်းပိုင်းမှာ ပုဂံနေပြည်တော်ကို တရုတ်ပိုင် ‘မြန်ချွန်’ ပြည်နယ်လို့ သတ်မှတ်တယ်။ ဒါပေမယ့် တရုတ်ဟာ မြန်ချွန်ပြည်နယ်ကို တိုက်ရိုက်မအုပ်ချုပ်ဘဲ သူတို့ကို သစ္စာခံတဲ့ မြန်မာမင်းတွေကတဆင့်သာ အုပ်ချုပ်ခဲ့တယ်။

(၁၈) ရာစုအလယ်ပိုင်းမှာ ကုန်းဘောင်မင်းဆက်က မြန်မာနိုင်ငံတော်ကို တည်ထောင်ပြန်တော့လည်း အနှစ်တရာကျော်သာခံပြီး (၁၉) ရာစုနှောင်းပိုင်းမှာ အင်္ဂလိပ်ကိုလိုနီဘ၀ရောက်သွားလို့ ပျက်စီးပျောက်ကွယ်သွားတယ်။ အင်အားကြီး ဥရောပနိုင်ငံတွေ ဖြစ်တဲ့ အင်္ဂလိပ်နဲ့ပြင်သစ်တို့ အာရှတောင်ပိုင်းမှာ အားပြိုင်ကြရာမှာ ကြားခံဒေသဖြစ်တဲ့ မြန်မာနိုင်ငံဟာ နိုင်ငံခြားဆက်ဆံရေး မကျွမ်းကျင်တဲ့အတွက် အင်္ဂလိပ်သိမ်းပိုက်တာကို ခံလိုက်ရတယ်လို့ သုံးသပ်ကြတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ အကြားက နိုင်ငံလေးတွေဟာ မလိမ္မာရင် ရေရှည်မှာပျောက်ကွယ်ဖို့ အလားအလာများတာကို ဆိုလိုတာပါပဲ။

ကြားခံနိုင်ငံ (Buffer State) ဆိုတာဟာ ပြိုင်ဆိုင်နေတဲ့ အင်အားကြီးနိုင်ငံ (၂) ခုအကြားမှာ တည်ရှိနေတဲ့ အင်အားနည်းတဲ့ နိုင်ငံပဲဖြစ်တယ်။ တရုတ်နဲ့ရုရှကြားက မွန်ဂိုလီးယား၊ အိန္ဒိယနိုင်ငံနဲ့ တရုတ်အကြားက နီပေါ၊ ဘူတန်၊ စစ်ကမ်၊ မြန်မာ စတာတွေလည်း ကြားခံနိုင်ငံတွေဖြစ်တယ်။ ကိုလိုနီခေတ်က အင်္ဂလိပ်ပိုင် မြန်မာ၊ မလေးရှားနဲ့ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားအကြားမှာ ထိုင်းနိုင်ငံဟာ ကြားခံအဖြစ် စခန်းသွားခဲ့ရတယ်။

အိန္ဒိယကို ဗြိတိသျှအစိုးရ အုပ်ချုပ်မင်းလုပ်ခဲ့စဉ်က တိဗက်ကို အိန္ဒိယနဲ့တရုတ်အကြားက လွတ်လပ်တဲ့ ကြားခံနယ်မြေအဖြစ် အင်္ဂလိပ်က သတ်မှတ်ထားတယ်။ အကြောင်းကတော့ တိဗက်ကို သိမ်းပိုက်ပြီး ကိုလိုနီလုပ်ဖို့ကိစ္စဟာ စီးပွားရေးအရ တွက်ခြေမကိုက်လို့ဘဲ။ တိဗက်မှာ တရုတ်သြဇာရှိထားကြောင်း အင်္ဂလိပ်က အသိအမှတ်ပြုထားပေမယ့် အိန္ဒိယမှာရှိတဲ့ အင်္ဂလိပ်ကို မနိုင်နိုင်တဲ့အတွက် တရုတ်ဟာ တိဗက်ကို မသိမ်းပိုက် နိုင်ဘူး။ ၁၉၄၇ မှာ အိန္ဒိယက အင်္ဂလိပ်ထွက်ခွာပြီး အင်အားကောင်းတဲ့ တရုတ်ကွန်မြူနစ် ၁၉၄၉ မှာ အာဏာရလာတာဟာ တိဗက်ရဲ့ လွတ်လပ်တဲ့ ကြားခံနိုင်ငံဘ၀ကို နိဂုံးချုပ်အောင် ဖန်တီးလိုက်တဲ့ အချက်နှစ်ချက်ပဲ။

နိုင်ငံတော်တွေ ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းကို နယူးယောက်မြို့ ကိုလံဘီရာတက္ကသိုလ် အမျိုးသမီးပါမောက္ခ တာနီရှာဖေဇယ် (Tanisha Fazal) က ၂၀၀၇ မှာ စာအုပ်ထုတ်ဝေခဲ့တယ်။ ပထ၀ီအနေအထားနဲ့ နိုင်ငံခြားဆက်ဆံရေး အခြေအနေက နိုင်ငံတွေရဲ့ ကံကြမ္မာကို ဖန်တီးပုံ (၂၇၁) မျက်နှာ ရေးထားတဲ့စာအုပ်ဖြစ်တယ်။ ပြိုင်ဆိုင်နေတဲ့ အင်အားကြီး နိုင်ငံတွေအကြားမှာ တည်ရှိနေတဲ့ ကြားခံနိုင်ငံ (Buffer State) ဟာ ပျက်စီးပျောက်ကွယ်ဖို့ အလားအလာ အများဆုံး ဖြစ်နေတာကို သမိုင်းအထောက်အထားတွေ ဝေေ၀ဆာဆာနဲ့ တင်ပြထားတဲ့ စာအုပ်ဖြစ်တယ်။

လူဦးရေ သန်း (၅၀) ရှိတဲ့ မြန်မာနိုင်ငံဟာ လူဦးရေ သန်း (၁) ထောင်ကျော်စီရှိတဲ့ အိန္ဒိယနဲ့ တရုတ်အကြားက ကြားခံနိုင်ငံ (Buffer State) ဖြစ်နေတယ်။ အခုအထိတော့ အိန္ဒိယနဲ့တရုတ်ဟာ တိုင်းပြည်တိုးတက်ရေးကိုသာ အာရုံစိုက်နေလို့ ပြိုင်ဆိုင်ရေးကို ဦးစားမပေးနိုင်သေးဘူး။ လောလောဆယ်အနေချောင်ပေမယ့် တရုတ်/အိန္ဒိယပြိုင်ဆိုင်မှု ပြင်းထန်လာရင် မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် ကြားခံနိုင်ငံလေးဟာ ရေရှည်လွတ်လပ်ဖို့ အခက်အခဲရှိတယ်။

ဒါကြောင့် ဘက်မလိုက်တဲ့ နိုင်ငံခြားရေးလမ်းစဉ်ကို ကျင့်သုံးပြီး ကြားခံနိုင်ငံတွေ ရပ်တည်လေ့ရှိတယ်။ ဒါပေမယ့် တရုတ်ဘက် ကိုချည်းလိုက်နေပြီး ကြားနေရေးလမ်းစဉ် ကျင့်သုံးတယ်လို့ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ အိန္ဒိယ-မြန်မာ ပူးပေါင်း ဆောင်ရွက်မှုကြောင့် တရုတ်အကျိုးစီးပွားကို ထိခိုက်လာမယ်ဆိုရင် ဘေဂျင်းက လက်ခံမှာမဟုတ်ပါဘူး။ လောလောဆယ် မှာတော့ တရုတ်နဲ့အိန္ဒိယဟာ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ကိုသာ ဦးစားပေးနေတဲ့အတွက် မြန်မာစစ်အစိုးရဟာလည်း တရုတ်ရဲ့အကျိုးစီးပွားကို မထိခိုက်အောင် အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် သဘောရှိတယ်။

ကြားခံနိုင်ငံတွေထဲမှာ လုံးဝပျောက်ကွယ်သွားတာမျိုးရှိသလို ပြန်လည်ရှင်သန်လာတာမျိုးလည်း ရှိပါတယ်။ ကြားခံနိုင်ငံ (၂၁) နိုင်ငံကို ကိုလံဘီယာတက္ကသိုလ်ပါမောက္ခ တာနီရှာဖေဇယ် လေ့လာတဲ့အခါမှာ (၅) နိုင်ငံဟာ လုံးဝပျောက်ကွယ်သွားပြီး (၁၆) နိုင်ငံကတော့ ပြန်လည်ရှင်သန်လာတာ တွေ့ရတယ်တဲ့။ အဲဒီအထဲမှာ မြန်မာ၊ ကိုရီးယား၊ ပိုလန်၊ ကူဝိတ်နဲ့ ယူဂိုစလားဗားယား နိုင်ငံတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ယူဂိုစလားဗီးယား ဖက်ဒရေးရှင်းဟာ ၁၉၉၂ ခုနှစ်မှာ ကွယ်ပျောက်သွားပေမယ့် ပါဝင်သူတွေဟာ သီးခြားနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ကြတယ်။ ဖက်ဒရေးရှင်းကသာ ပြန်လည်ရှင်သန်စရာ အလားအလာ မရှိတော့တာပါ။

ဒုတိယကမ္ဘာစစ်ပြီးဆုံးလို့ နောက်စစ်မဖြစ်ရအောင် ကမ္ဘာ့ကုလသမဂ္ဂတည်ထောင်တဲ့အခါမှာ ကျူးကျော်တိုက်ခိုက်မှုကို လက်မခံနိုင်ကြောင်း ပဋိညာဉ်စာချုပ်မှာ ရေးထားတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေသဘောမျိုးဖြစ်လာတယ်။ ဒါကြောင့် ကျူးကျော်တိုက်ခိုက်တာမျိုးမလုပ်ဘဲ ကိုယ်လိုချင်တာကိုရအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားလာကြပါတယ်။ တိုင်းပြည်ကို မသိမ်းပိုက်ဘဲ ကိုယ်လိုချင်တဲ့အစိုးရ တက်လာအောင် အပြင်ကဆောင်ရွက်တဲ့နည်းဖြစ်တယ်။ ၁၈၁၆ က ၁၉၄၅ အထိ အစိုးရနဲ့ခေါင်းဆောင်ပိုင်း ပြောင်းလဲအောင် အပြင်က လုပ်ပေးနိုင်တဲ့ အကြိမ်ပေါင်း (၂၁) ကြိမ်ရှိပြီး ၁၉၄၅ နဲ့ ၁၉၉၈ အကြားမှာ (၁၄) ကြိမ်ရှိတယ်လို့ တာနီရှာဖေဇယ်က စာရင်းလုပ်ထားတယ်။

ကြားခံနိုင်ငံဟာ ၀င်ရောက်သိမ်းပိုက်ခံရမယ့် အန္တရာယ်ကိုရော၊ စွက်ဖက်ခံရမယ့်အန္တရာယ်ကိုရော အမြဲတမ်းရင်ဆိုင်နေရတယ်။ ဒါပေမယ့် ၁၉၄၅ နောက်ပိုင်းမှာတော့ ၀င်ရောက်စွက်ဖက်တာ ပိုများလာတယ်။ မြန်မာပြည်လို လောင်စာစွမ်းအင် တင်ပို့ရောင်းချတဲ့ ကြားခံနိုင်ငံမျိုးဟာ အိမ်နီးချင်းတွေနဲ့ မဟာမိတ်ဖြစ်သွားပေမယ့် ပြည်တွင်းရေးစွက်ဖက်မှု ပိုပြီးနက်ရှိုင်း လာတာကို ကြုံတွေ့ရနိုင်တယ်။ ကြားခံနိုင်ငံ (Buffer State) ရှင်သန်ရေးမှာ ဘက်မလိုက်တဲ့ ကြားနေရေးလမ်းစဉ် ကျင့်သုံးဖို့ လိုအပ်သလို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုဖို့လည်း လိုအပ်တယ်။ အပြည်ပြည်ဆိုင်ရာရဲ့ အသိအမှတ်ပြုမှု အတိုင်းအတာကို လိုက်ပြီးတော့လည်း ကြားခံနိုင်ငံဟာ ရှင်သန်နိုင်ပါတယ်။

ကြားခံနိုင်ငံဟာ အစိုးရအရည်အချင်းရှိဖို့ အလွန်အရေးကြီးတယ်။ အရည်အချင်းမရှိတဲ့ အစိုးရလက်ထက်မှာ ရပ်တည်နိုင်စွမ်း လျော့နည်းလာတယ်။ မြန်မာပြည်လွတ်လပ်ရေးဟာ အနှစ် (၆၀) ကျော်သွားပေမယ့် နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှု မရှိတဲ့အတွက် အားနည်းတဲ့နိုင်ငံဘ၀က မတက်နိုင်သေးဘူး။ မြန်မာ့သမိုင်းမှာ မင်းဆက်တွေ၊ နိုင်ငံတော်တွေ၊ ခေတ်တွေ ကွယ်ပျောက်သွားတာကိုကြည့်ရင် မြန်မာနိုင်ငံတော်ဆိုတာ အမြဲတမ်း တည်ရှိနိုင်တဲ့အရာမဟုတ်ကြောင်း သိနိုင်ပါတယ်။

http://www.khitpyaing.org/articles/2010/January/22110.php

ဗိုလ်ချုပ်ကိုတဲ့ မြင်ချင်ရင်


ဗိုလ်ချုပ်ကိုတဲ့ မြင်ချင်ရင်

By abma | January 22, 2010

ဗမာနိုင်ငံလွတ်လပ်ရေးရခဲ့သည့်အချိန်မှာဗိုလ်ချုပ်မရှိတော့သော်လည်း ထိုကဲ့သို့ ဗမာတနိုင်ငံလုံး လွတ်လပ်ရေးရရှိစေနိုင်ရန် ရဲဘော်သုံးကျိပ် ကိုဦးဆောင်၍ လက်ရုံးရည်ဖြင့် တိုက်ခိုက်ခဲ့ရုံမက ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ်နဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တပြည်လုံးညီညွတ်ကြောင်းပြဆိုနိုင်သည့် ပင်လုံစာချုပ်ချုပ် ဆို၍ နှလုံးရည်စွမ်းဖြင့် ကြိုးပမ်းခဲ့သောကြာင့်သာ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ရက်၊နံနက် ၄နာရီ မိနစ် ၂၀ တွင် ဗမာနိုင်ငံ လွတ်လပ်ရေးရခဲ့ခြင်းဖြစ်သည်။

ယတော စ ခေါ သာရပုတ္တ သံဃော ရတ္တညုမဟတ္တံ ပတ္တော ဟောတိ အထ ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ=သာရိပုတြာ သံဃာသည်ညဥ့်အများကို သိသော (၀ါရင့်သည့်) ရဟန်း များပြားသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ဟူသော ဘုရားစကားတော်အတိုင်း လွတ်လပ်ရေးရခါစဖြစ်သည့် ဗမာပြည်မှာ မညီ ညွတ်သော ဝါရင့်နိုင်ငံရေးသမား အများအပြား ရှိနေကြခြင်းကြောင့်ပင် မဖြစ် သင့်သည်များ တိုင်းပြည်မှာ ဖြစ်ခဲ့ရသည်ဟုပင် ဆိုရတော့မလိုဖြစ်သည်။

“အထူးသဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ ဒီ(ဖက်ဆစ်)ဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်၊ အာဏာရှင်ဝါဒ၊လူမျိုးအချင်းချင်း မုန်းတီးရေး ဝါဒ၊ဂျပန်ပြည်မှာလို စစ်ကသာလွှမ်းမိုးရမယ် ဆိုတဲ့ စစ်ဘက်အာဏာရှင်စနစ် သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်ဝါဒ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား ရွာစားဝါဒ (Feudalism) အထက်ကသာ ခန့်ထားပြီး တိုင်းသူပြည် သားဆန္ဒအရမဟုတ်ပဲ တိုင်းသူပြည်သားတွေနှင့်ကင်းကွာပြီး မင်းစိတ်ပေါက် တဲ့ အရာရှိတွေ စနစ်ဆိုးတမျိုးရှိနေရင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင် ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ် လာနိုင်တယ်။

ဒီဝါဒမျိုးတွေပေါ်လာရင်တိုင်းသူပြည်သားတွေဟာလွတ်လပ်ရေးဆိုတာကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကို သာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားရမယ်။ ဒါမျိုးမလုပ်နိုင်ရင် ကျွန်တော်တို့ဗမာပြည် က လူတွေဟာလဲ နစ်နာမယ်၊ကျွန်တော်တို့ပြည်ကိုလဲ ကမ္ဘာကကြည့်နေလို့ မရတဲ့တနေ့ ဂျပန်နှင့်ဂျာမဏီ ဝိုင်းအနှိမ်ခံရသလို အနှိမ်ခံရမယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်၊ အဲဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ်။

ဒါဖြင့် ဒီဝါဒဟာ ဘာလဲဆိုတာကိုလဲ ရှင်းပြချင်သေးတယ်။

ကျွန်တော်တို့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဟာ လူတဦးထဲက ခေါင်းဆောင်မှုမျိုးမဟုတ်ပဲနှင့် အဖွဲ့နှင့်ခေါင်းဆောင်မှုမျိုးဖြစ်ရ မယ်၊ အဖွဲ့ရဲ့ဆန္ဒ မဟုတ်ပဲ ငါ့ဆန္ဒ ငါ့သဘောလုပ်တဲ့ ခေါင်းဆောင်မှုမျိုးမ ဟုတ်ပဲ အဖွဲ့ရဲ့ဆန္ဒယူပြီး အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ခေါင်းဆောင်မှု မျိုး ဖြစ်ရမယ်။

လူမျိုးရေးတရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်၊ငါ့လူမျိုးသာ ကမ္ဘာမှာကြီးစိုးရမယ် ဆိုတဲ့ ကျဉ်းမြောင်းသေး သိမ်တဲ့ လူမျိုးရေးတရား မဟုတ်ပဲ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လဲ တခြား လူမျိုးများကို မုန်းတီးခြင်း၊အထင်သေးခြင်း မဖြစ်ပဲ ကမ္ဘာမှာ တိုင်းပြည်အချင်း ချင်း သင့်မြတ်စွာ တဦးအကျိုး တဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူ မျိုးရေးတရားမျိုးလဲ ဖြစ်ရမယ်၊ ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ် ပြီး တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုးမရှိရ အောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့် ရှိရမယ်။

နောက် လွတ်လပ်စွာ ဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ် ခွင့်နှင့် စီတန်းလမ်းလျောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်၊ ကိုးကွယ် လိုရာဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အ နှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ်ခွင့်၊ ကိုယ့်အိမ် ကိုယ့်ယာနှင့် နေ ထိုင်ခြင်းကို မတရားသဖြင့် နှောက်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်းပညာ သင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွား ချုပ်ချယ်မှုများမှ လွတ်ကင်းချမ်းသာခွင့်၊ အလုပ်သမား လယ်သမားများ၏ အနည်းဆုံးအခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ လူနည်းစု တိုင်းရင်းသားများ၏အနည်းဆုံးအခွင့်အရေးများကိုအစိုးရကစောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်ယဉ်ကျေးမှုအတိုင်းဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာ အထိအခိုက်လျော်-ကြေးရန်ပုံငွေ အစရှိသည်တို့ကို အစိုးရကထားပြီး အိုမင်း၍၎င်း၊နာဖျား၍၎င်း ထိခိုက်နာကျင်၍၎င်း၊အလုပ်လုပ်ချင်သော်လဲ အလုပ်မရနိုင်၍သော်၎င်း အ သက်မွေးဝမ်းကြောင်း မပြုစွမ်းနိုင်သူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့် ဒီမိုကရေစီ အခွင့်အရေးတွေလဲ ရှိရမယ်။

အထက်ပါ အချက်တွေဟာ ဒီမိုကရေစီဝါဒတွေရဲ့ အခြေခံတွေပဲ လို့ ယူဆတယ်၊ ဒီလို အခြေခံ တရားတွေကို ရည်ရွယ်ရင်းရှိတဲ့ အဖွဲ့အစည်း ဟာလဲ ဒီတရားတွေနှင့် ညီတဲ့ အများဆန္ဒအရ ရွေးကောက်ခြင်း၊ဆုံးဖြတ်ခြင်း၊ ဆောင်ရွက်လုပ်ကိုင်ခြင်းစတဲ့ နည်းစနစ်မျိုးသာ သုံးရပေလိမ့်မယ်။

အခုစစ်ကြီးလဲပြီးသွားပြီ တိုက်ခိုက်မှုတွေဟာလဲ မကြာခင်ပြီးဆုံး-တော့မှာပဲ။သို့သော်လည်း ကျွန်တော်တို့ ဗမာပြည်ရဲ့အရေးက မပြီးသေးဘူး၊ ကျွန်တော်တို့ဗမာပြည်ရဲ့အရေးဟာဗမာပြည်သူပြည်သားတွေ၊ခေါင်းဆောင်မဲ့လူတွေ၊ညီညွတ်စွာနှင့်လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင် အေးအေးဆေးဆေးနှင့် ပြီးမြောက်နိုင်မယ်လို့ကျွန်တော် ယုံကြည်တယ်၊ကျွန်တော်ခေါင်းဆောင်နေတဲ့ တပ်မတော်ကလည်း ယုံကြည်တယ်။

ဒါကြောင့် တိုင်းပြည်မှာ ညီညွတ်ရေးဟာ အခုအဓိကလုပ်ငန်းပဲ။ ညီညွတ်ရေး ဆိုပေမယ့် တိုင်းပြည် လွတ်လပ်ရေးနှင့် ထူထောင်ရေးကို အထက်ပါ အခြေခံအချက်တွေအရ ဆောင်ရွက်မဲ့ ညီညွတ်ရေးမျိုးကိုသာ ဆိုလိုပါတယ်၊ ရာထူးဝေစားရုံသာဖြစ်တဲ့ ညီညွတ်ရေးမျိုး၊ ရွေကောက်ပွဲ ချိန်ပြီး ငြမ်းဆင်တက်ရုံလောက် တက်နိုင်အောင် ညီညွတ်ရေးမျိုး ဆိုရင်တော့ ဘယ်နည်းနှင့်မှ ဖြစ်မှာမဟုတ်ဘူး။”

ဤစကားများကို ဗိုလ်ချုပ်သည်စတုတ္ထအကြိမ်မြောက်နိုင်ငံခေါင်း-ဆောင်များ အစည်းအဝေးတွင် ပြောကြားခဲ့သော မိန့်ခွန်းပါ ရှေ့ဆက်ရမည့် မူဝါဒဆိုင်ရာစကားများ ဖြစ်သည်။ထို မူကိုအဓိကထား၍ “ညီညွတ်ရေး ဆိုပေ မယ့် တိုင်းပြည် လွတ် လပ်ရေးနှင့် ထူထောင်ရေးကို အထက်ပါ အခြေခံအ ချက်တွေအရ ဆောင် ရွက်မဲ့ ညီညွတ်ရေးမျိုးကိုသာ ဆိုလိုပါတယ်” ဟူသော စကားအတိုင်း ညီ ညွတ်စွာ မဆောင်ရွက်နိုင်ခဲ့ကြခြင်း၊ (ဒီသဘောမျိုးစကား ကို ကျွန်တော့အဖိုး ကို ပြောဖူးပါသည် ထိုအခါ ဗိုလ်ချုပ်မရှိတဲ့ နောက်ပိုင်း တိုင်းပြည် လွတ် လပ်ရေးရပြီးတော့ တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ထူထောင်ရေး အတွက် ငါတို့ နည်းမျိုးစုံနဲ့လုပ်ခဲ့တာပေါ့ကွ၊ဒါပေမယ့် ဒီနေဝင်း မွှေလို့ တိုင်းပြည်ကြေ ရတာကွ လို့တုံ့ပြန်တော့ ဒါဆို တိုင်းပြည်ကြေအောင် လုပ်တဲ့အထဲမှာ အဖိုး လဲပါတာပေါ့ ဆိုတော့ ဘာကွ ဆိုပြီးထအော်တော့… ဟုတ်တယ်လေအဖိုးလဲသူပေးတဲ့ရာထူးယူပြီးသူခိုင်းတာလုပ်ခဲ့တာပဲဆိုတော့မှ အေး… ဆိုပြီး အဝေးကိုငေးပြီး တွေးနေတော့တာကြုံဖူးထားလို့)

ဆောင်ရွက်ခဲ့သည်ဆိုလျှင်လဲ“ရာထူးဝေစားရုံသာဖြစ်တဲ့ညီညွတ်ရေးမျိုး၊ ရွေးကောက်ပွဲ ချိန်ပြီး ငြမ်းဆင်တက်ရုံလောက် တက်နိုင်အောင် ညီညွတ်ရေးမျိုး”ပင်ဖြစ်ခဲ့ကြ၍ဗိုလ်ချုပ်ပြောခဲ့သည့်“ဘယ်နည်းနှင့်မှ ဖြစ်မှာမဟုတ်ဘူး”ဟူသောစကားနှင့်ကိုက်ညီရုံမက နည်းမျိုးစုံဖြင့် ပျက်စီးခဲ့ပါသည်။

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မမူမီ အရှင်အာနန္ဒာအမှူးပြုသော ရဟန်းငါးရာကို မြတ်ဗုဒ္ဓက ယော ဝေါ အာနန္ဒ မယာ ဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တော သော မမစ္စယေန သတ္ထာ= ချစ်သားအာနန္ဒာ သင်တို့ အတွက် ကျင့်ရန်တရားနည်းလမ်း၊ လိုက်နာရန် စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ဖော်ချမှတ်ခဲ့ပြီးဖြစ်တယ်၊အဲဒီတရားနည်းလမ်းစည်းမျဉ်းစည်းကမ်းတွေဟာ ငါမရှိတဲ့အခါ သင်တို့ရဲ့ ဆရာပါပဲ ဟု ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာ-မိ ဝေါ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ ဟူသော နောက်ဆုံးစကား မပြောမီလေးမှာ အတိအကျညွှန်ပြခဲ့လေသည့်အားလျှော်စွာ ကျန်ရစ်ခဲ့ကြ သောတပည့်သားသံဃာတော်တို့လည်းတရားနည်းလမ်းစည်းမျဉ်းစည်းကမ်းတို့ကို ဆရာထားကာ ကျင့်ကြံတော်မူခဲ့ ကြရင်း ဓမ္မဥှိ ဝက္ကလိ ပဿန္တော မံ ပဿတိ၊ မံ ပဿန္တော ဓမ္မံ ပဿတိ= ဝက္ကလိ အမှန်တကယ် ငါ့တရား ကို မြင်တဲ့သူဟာ ငါဘုရားကို ဖူးမြင်ရ တယ်၊ငါဘုရားကို ဖူးမြင်ရသူဟာလဲ ငါ့တရားကိုမြင်ရတယ် ဟူသော စကားတော်အတိုင်း ကျင့်ရမည့်တရားနည်း လမ်း စည်းမျဉ်းစည်းကမ်းကိုမြင် တိုင်း ဘုရားရှင်ကိုဖူးမြင်လိုက်ရ၊အဲသလို ဘုရားရှင်ကို ဖူးမြင်လိုက်ရပြန်တော့ ဘုရားဟောခဲ့တဲ့ ကျင့်ရမည့်တရားနည်း လမ်း စည်းမျဉ်းစည်းကမ်းတွေ ကို ပြန်မြင် ဒီလိုနည်းနဲ့လာခဲ့ကြတာ ဘုရားရှင် ပရိနိဗ္ဗာန်စံခဲ့တာ နှစ်ပေါင်း ၂၅၅၀ ကျော်ခဲ့သည့်တိုင်အောင် မပျောက်ပျက်ရုံ မကကမ္ဘာအနှံ့တောင်ပြန့်ခဲ့တာဗုဒ္ဓဘာသာဗမာနိုင်ငံသားအားလုံးအသိပင်ဖြစ်သည်။ထိုသို့ ဗုဒ္ဓသာသနာ အဓွန့်ရှည်ကြာ တည်တန့် တိုးတက် ပြန့်ပွားရ ခြင်း၏ အဓိက အကြောင်းရင်းမှာ ဗုဒ္ဓဘာသာကို တည်ထောင်သူ ဟုခေါ် ဆိုနိုင်သည့် ဗုဒ္ဓမြတ်စွာ ချမှတ်တော်မူခဲ့သော မူအဓိကစနစ်ကြောင့်ဖြစ်သည်။

မူအဓိကစနစ်ဖြင့် လည်ပတ်လာခဲ့သောကြောင့် ခေတ်အဆက် ဆက် ဦးဆောင် သံဃာတော်များပြောင်းလဲသွားကြပေမဲ့ ဗုဒ္ဓသာသနာတော် သည် ဆက်လက်တည်တန့် ပြန့်ပွားနေခဲ့ခြင်းဖြစ်ရကား

တိုင်းပြည် ယနေ့အခြေမျိုးဆိုက်ခဲ့ခြင်းမှာ ဘုရားရှင်မူချမှတ်ခဲ့သ လို လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်ချမှတ်ခဲ့သော မူ ကိုအဓိကမထားပဲ လူအဓိကစနစ် ကျင့်သုံးခဲ့သောကြောင့်ပင်ဖြစ်သည်။လူ အဓိကစနစ်တွင် ဗုဒ္ဓ တရားတော်အရလူသည်ဘဝစသည်ဆိုတာနဲ့ဘဝနိကန္တကလို့ခေါ်တဲ့လောဘဇောနဲ့စခဲ့ကြတော့ရာထူးအာဏာစည်းစိမ် အသပြာတွေမှာနိကန္တိဖြစ်ပြီးဒါတွေကိုဖန်းတီးပေးသူအလိုကျ ဖြစ်ကုန်ပြီး မဖြစ်သင့် တာတွေ ဖြစ်ခဲ့တာပါပဲ။ ကျွန်တော့အဖိုးပြောသလို ဒီနေဝင်းမွှေလို့တိုင်းပြည်အခုလိုကြေခဲ့ရတာ ဆို လျှင်နေဝင်းတယောက်ထဲဒီလောက်မမွှေနိုင်အနီးကပ်ဆုံးအောင်ကြီးမှစ၍အဆီအသားကနေအရိုးအရင်းရာထူးတွေပါ ညီညွတ်စွာဝေစားခဲ့သူတွေ ကြောင့်ပါအောင်ကြီးဆိုတာလဲ နေ၀င်းလို တ႟ုတ်-ူမန်မာမိသားစုမြ ဆင်းသက်ခဲ့တဲ့- ပေါင်းတည်သားဖြစ်သည်၊ ဒုတိယကမ္တာစစ် မတိုင်မီ မြန်မာနိုင်ငံလွတ်လပ်ရေး လှုပ်ရှားမှုများတွင်ပါဝင်ခဲပြီး ၁၉၄၅ခုနှစ်တွင် ဂျပန်ဆန့်ကျင်ရေး လှုပ်ရှားမှု၌ မြစ်ဝကျွန်းပေါ်နှင့် ဖျာပုံခရိုင်အတွင်း ဗိုလ်နေဝင်း၏ လကရုံးအရာရှိတဦးအဖြစ် ပါဝင်လုပ်ကိုင်လာခဲ့သည်။ ထို့နောက် လွတ်လပ်ရေး ရအံ့ဆဲဆဲ တပ်မတော်ကို ပြန်လည်ဖွဲ့စည်းလိုက်သောအခါ အမှတ်(၄)ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် ဗိုလ်နေဝင်း၏ လက်အောက် အရာရှိအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၇ခုနှစ်တွင် ဆိုရှယ်လစ်ပါတီ၏ စည်းရုံးရေးမှူးဖြစ်ခဲ့ပြီး ၁၉၅၈-၆၀ ခုနှစ် အိမ်စောင့်အစိုးရအဖွဲ့တွင် အဓိကနေရာများကိုရခဲ့သည်။ ၁၉၆၂ခုနှစ်တွင် တော်လှနန်းရေးကောင်စီဝင်ဖြစ်လာပြီး ဒုကာကွယ်ရေး စစ်ဦးစီးချုပ်၊ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဖြစ်ခဲ့သည်။

အခုလည်းသန်းရွှေ တယောက်ထဲဘာလုပ်နိုင်မှာလဲ အဆီအသား ကနေ အရိုးအရင်း ရာထူး အာဏာ လုပ်ပိုင်ခွင့်တွေခွဲဝေယူနေကြတဲ့ ဗိုလ်ရှုတ်တွေကနေ ဆယ်အိမ်ရူး လမ်းမူးတွေအထိ မတရားညီညွတ်နေကြ ခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့်ဒီမိုကရေစီရရှိရေးနဲ့စစ်အာဏာရှင်စနစ်မှလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသော ရဟန်းရှင်လူပြည်သူတရပ်လုံးသည် ဗိုလ်ချုပ်ကိုကြည်ညိုလေးစားအရေးထားမယ်ဆိုရင် ပြည်ထောင်စုရဲ့ကျေးဇူး ရှင် ဗိုလ်ချုပ်တို့ဖခင် ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ဟူသော ကဗျာလို ဗိုလ်ချုပ်စကားကိုမမေ့ပဲ ဗိုလ်ချုပ်ကိုသတိရကာဗိုလ်ချုပ်ချမှတ်ခဲ့-သောအထက်ပါမူနဲ့အခြေခံအချက်တွေအရ ဆောင်ရွက်မဲ့ညီညွတ်ရေးမျိုးရှိ-အောင် သိအောင်နဲ့လုပ်ဆောင်ကြမှသာ ကျွန်တော်တို့ဗမာနိုင်ငံသားအားလုံး ကမ္ဘာမှာလူသားအဆင့် နဲ့ လူ့အခွင်းအရေးတန်းတူညီမျှ ရရှိကြပေတော့မည်။

မရှိတာထက် မသိတာခက်တယ် (ရှိပါလျက်နဲ့ မသိတာပိုခက်တယ်)

မသိတာထက် မလုပ်တာခက်တယ် (သိပါလျက်နဲ့ မလုပ်တာပိုခက်တယ်)

ဓမ္မဃောသက

http://allburmamonksalliance.com/?p=4333#more-4333