Thursday, January 28, 2010

ကရင့်တော်လှန်ရေးနေ့အကြို ကေအဲန်ယူ ဥက္ကဌ စောတာမ လာဘော၏ မိန့်ခွန်း, သဝဏ်လွှာ,သံဃာ့နာယကအဖွဲ့နှင့် ပြည်သူသို့ပန်ကြားလွှာ

http://ifile.it/ied9vjm
KNU Pre Speech on 61st Karen Revolution Day

28 Jan ဒိုင်ယာရီ

http://ifile.it/45as19l28 Jan 2010 Yeyintnge's Diary


အင်န်အယ်ဒီပါတီက ရန်ကုန်တိုင်းနှင့် မြို့နယ်စည်းရုံးရေးအဖွဲ့များ တွေ့ဆုံ
မိုးမခအထောက်တော် ၀၀၃
ဇန်န၀ါရီ ၂၈၊ ၂၀၁၀


ဇန်န၀ါရီ ၂၆ က ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အင်န်အယ်ဒီပါတီ ဌာနချုပ်မှာ ပါတီ၏ တိုင်းစည်းရုံးရေးအဖွဲ့နှင့် မြို့နယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ပါတီတွင်း စည်းရုံးရေးလုပ်ငန်းများအတွက် ဆွေးနွေးကြသည်ဟု ဆိုသည်။


လက်ရှိတရားဝင်ပါတီတခု အဖြစ်သာမက၊ အဓိက အတိုက်အခံ နိုင်ငံရေးအင်အားစုဖြစ်သော အင်န်အယ်ဒီပါတီက ယခုကဲ့သို့ ပါတီတွင်း တွေ့ဆုံစည်းဝေးနေကြသည်ကို ပုံမှန်ဆောင်ရွက်မှုအဖြစ် ရှုမြင်ကြောင်း၊ အခုတလောမှ ပေါ်ပေါက်လာသော အဖွဲ့များ၊ လူပုဂ္ဂိုလ်များက စစ်အစိုးရနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူလူထုထံသို့ တိုက်ရိုက် စည်းရုံးရေးဆင်းခြင်း၊ သဘောထားအာဘော်များ ထုတ်ပြန်နေခြင်းတွေကသာ ထူးဆန်းသည်ဟု ဆိုချင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၀ ခုနှစ်အတွင်း နိုင်ငံရေးပွင့်လင်းမှုများ ဖြစ်ထွန်းလာမည်လား၊ နိုင်ငံရေးဖိနှိပ်မှုများ ချမှတ်လာမည်လားကို စောင့်ကြည့်ရန်သာ ရှိကြောင်း ပြည်တွင်းရှိ ဂျာနယ်အယ်ဒီတာတဦးက မှတ်ချက်ပေးသည်။


၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ နိုင်ငံရေးပါတီဝင်ဟောင်းတဦးက
“ ၁၉၈၈ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းတယ်။ ပါတီတွေက တလအတွင်း စတင် ဖွဲ့ကြတယ်။ ၁၉၈၉ တနှစ်လုံးမှာ စစ်တပ်က အတိုက်အခံတွေကို နှိမ်နင်းတယ်။ ၁၉၉၀ နှစ်ဆန်းနောက်ပိုင်းမှာမှ ကျန်ရစ်တဲ့ ပါတီကြီးတွေနဲ့ ပါတီဝင်တွေက ရွေးကောက်ပွဲဝင်ရေး စည်းရုံးရေးတွေ လုပ်ကြရတယ်။ အဲသည်တုန်းက အချိန်ကို အခုနဲ့ နှိုင်းကြည့်လို့ ရတာပေါ့နော်။ အခုအချိန်မှာက ၂၀၁၀ တနှစ်တွင်းမှာ ရွေးကောက်ပွဲကိစ္စက ဘာမှန်းတောင် မသိရသေးဘူး။ ၂၀၀၈ အခြေခံဥပဒေကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတဲ့ ကိစ္စ၊ နယ်စပ်ဒေသ တိုင်းရင်းသားအဖွဲ့တွေနဲ့ နိုင်ငံတကာက တောင်းဆိုထားတာ … အဲဒါတွေကို ဒီရှေ့ပိုင်း ၆ လ အတွင်း ဖြေရှင်းနိုင်မှာလား။” ဟု မေးခွန်းထုတ်လိုက်သည်။
http://moemaka.com/index.php?option=com_content&task=view&id=5786&Itemid=1

ဆုံးဖြတ်ချက်

့ “ ဆုံးဖြတ်ချက် ”့ 

အညှာအတာကင်းမဲ့ကာ့ 

အတ္တကြီးလွန်းတဲ့လူတစုရဲ့

လိမ်ညာလှည့်ဖြားအုပ်ချုပ်မှုအောက်မှာ

လွတ်လပ်မှုအတွက်ခေါင်းထောင်သူအတွက်

ဒဏ်ရာတွေဗရပွရကာ

အမြဲတမ်းပဲအချိုးနှိမ်ခံနေရ

တချို့နေရာတွေမှာ မျှတမှုမရှိတဲလောက့  ။

ကံဆိုတာက လူလုပ်သမျှဆိုတော့ 

ကိုယ့်ဘ၀၊ကိုယ့်ကံနဲ့

ကိုယ့်အနာဂတ်တခုကို

လက်တွေကျတဲ့လုပ်ရပ်တွေနဲ့ဖန်တီးဖို့

ဦးနှောက်ကိုများများသုံးလို့

လက်တွေ့လုပ်ရပ်တွေနဲ့ပေါင်းစပ်လိုက်ရင်တော့

ိုချင်တဲ့ကံတချို့ကိုဖန်တီးဖို့

သိပ်ကိုဖြစ်နိုင်သပေါ့  ။

ကြောက်တတ်တယ်ဆိုတာတခါတလေအကျင့်လည်းဖြစ်တတ်လို့ 

အကြောက်တရားတွေအကျင့်လိုပါမသွားအောင်တော့

ကိုယ်ပိုင်အသိနဲ့ပဲရဲဆေးတင်ရမပေါ့

ရောက်ချင်တဲ့ပန်းတိုင်ဆိုတာမျိုးက

တခါတလေမှာမှုန်ဝါး

တခါတလေမှာလည်းအထင်းသားပေါ်နေတော့

မသိရင်မေး၊မစင်ရင်ဆေးကာ

ခရီးရောက်အောင်တော့ဆက်သွားရမပေါ့  ။

ဇာနည်မောင်

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး ဗိသုကာ ဘင်္ဂါဘင်ဒူ ရှိတ်မူဂျီဘူ ရာဟာမန်



ဘင်္ဂါဘင်ဒူ (ဘင်္ဂလာမိတ်ဆွေ) ဟု အများက တင်စားခေါ်ဝေါ်ကြသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ လွတ်လပ် ရေး ဗိသုကာ ရှိတ်မူဂျီဘူ ရာဟာမန်ကို ၁၉၂၀-ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် အဘ ရှိတ်လုတ်ဖူး နှင့် အမိ ချာဟာရာခါတုန် တို့မှ ဂိုပါဂင်ခ်ျ ခရိုင် တင်ဂီပါရာ ကျေးရွာတွင် မွေးဖွားခဲ့သည်။

သူ့ကို မိဘများက “ခိုးကာ” ဟု ချစ်စနိုး ခေါ်ကြပြီး ဂီမာဒန်ဂါ မူလတန်းကျောင်းတွင် သူ့ကို မိဘများ က ပထမဆုံး ကျောင်းအပ်ခဲ့သည်။ ထိုနောက် သူ့ကို ဂိုပါဂင်ခ်ျ အစိုးရ အထက်တန်းကျောင်းတွင် ပြောင်းထား ခဲ့ပြီး ထိုမှတဆင့် သာသနာပြုကျောင်း တစ်ကျောင်းသို့ ထပ်မံ ပြောင်းလွဲ ပေးခဲ့ပါသည်။ သို့သော်လည်း သူ၏ မျက်လုံး တစ်ဖက်မှာ အခြေအနေ မကောင်းသဖြင့် ခွဲစိတ် ကုသခဲ့ရသည့် အတွက် ၁၉၃၄-ခုနှစ်မှ စပြီး နှစ်အတန်ကြာအောင်ထိ ကျောင်းမှ ထွက်နေခဲ့ရသည်။

၁၉၄၇-ခုနှစ်တွင် ရှိတ်မူဂျီသည် အိန္ဒိယ နိုင်ငံ ကာလကတ္တားမြို့ရှိ အီစလမ်မီယာ ကောလိပ်မှ ဘွဲ့ရခဲ့ပြီးနောက် သူသည် ဒက္ကား တက္ကသိုလ်တွင် ဥပဒေ ဘာသာရပ်ကို ဆက်လက် လေ့လာ ဆည်းပူးခဲ့သည်။ သူသည် နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့မူများကြောင့် ၁၉၄၈-ခုနှစ်တွင် ကျောင်းမှ ထုတ်ပယ် ခံခဲ့ရပြီး တစ်နှစ်တည်း အတွင်းမှာပင် ထောင်ဒဏ် နှစ်ကြိမ် ကျခံခဲ့ရသည်။

ဤသည်ပင်လျှင် အနာဂတ် ဘင်္ဂလာဒေ့ရှ်နိုင်ငံကို တူထောင်ပေးမည့်သူ တစ်ဦး၏ နိုင်ငံရေး လောကထဲသို့ စတင် ၀င်ရောက်ရန် အကြောင်းအရင်း တရပ်ပင် ဖြစ်သည်။ ထိုချိန်က သူတွေ့ကြုံခဲ့ရသည့် အခက်အခဲမျာထဲတွင် ထောင်နန်းစံ ရမူ တခု အပါအ၀င် ဖြစ်ပြီး ၄င်းနောက်ပိုင်းတွင် ထောင်နှင့်အိမ်မှာ အိမ်းဦးနှင့် ကြမ်းပြင် ဆိုသကဲ့သို့ အကြိမ်ပေါင်းများစွာ ထောင်ချခြင်းခံခဲ့ရသည်။

ရှိတ်မူဂျီသည် ၁၉၄၉-ခုနှစ် ဇွန်လတွင် အာဝါမီ မူဆလင်လိဂ်
(Awami Muslim League) ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၄-ခုနှစ်တွင် သူ့ကိုသူ နိုင်ငံရေး လှုပ်ရှားသူ တစ်ဦးအဖြစ် အသွင်ပြောင်း ကာ နိုင်ငံရေး လောကထဲသို့ ခြေစုံပစ် ၀င်လိုက်ပါတော့သည်။

၁၉၅၄-ခုနှစ် မတ်လတွင် ကျင်းပသည့် ဒေသန္တရ ရွေးကောက်ပွဲ များတွင် အာဝါမီလိဂ် ပါတီမှ ခေါင်းဆောင်၍
Jukto Front ခေါ် မဟာမိတ် တပ်ပေါင်းစုကို ဖွဲ့စည်းပြီး ယှဉ်ပြိုင်ရာ စုစုပေါင်း အမတ်နေရာ ၂၃၇ နေရာတွင် ၂၂၃ နေရာ၍ အနိုင် ရရှိပြီး ယင်းအချိန်က အာဏာရ မူဆလင်လိဂ် ပါတီကို အပြတ်အသတ် အောင်ပွဲ ခံခဲ့သည်။ ၄င်းမဟာမိတ် တပ်ပေါင်းစုတွင် အာဝါမီလိဂ် ပါတီ တစ်ခုတည်းမှ အမတ် ၁၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ဘင်္ဂါဘင်ဒူ ရှိတ်မူဂျီ သည် သူ၏ အမတ်နေရာကို ဂိုပါဂင်ခ်ျ မဲဆန္ဒနယ်မှ အနိုင် ရရှိခဲ့ပြီး ရှာအီဘင်္ဂလာ (Sher-e-Bangla) အစိုးရအဖွဲ့တွင် သစ်တောနှင့် စိုက်ပျိုးရေးဝန်ကြီး ဖြစ်လာခဲ့သည်။ သို့သော်လည်း ၀န်ကြီးသစ် ဖြစ်လာခဲ့သည့် ရှိတ်မူဂျီသည် လပိုင်းလောက်သာ တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ပြီဲး မေလကုန်ပိုင်းတွင် ပုဒ်မ ၉၂-အေ (Section 92-A) ဖြင့် ပါကစ္စတန် ဗဟို အစိုးရ၏ ထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။ ထိုသို့ထုတ်ပယ်ခံခြင်းခဲ့ရပြီးနောက် ကာရာရှီမှ ပြန်အလာတွင် ဒက္ကား လေဆိပ်တွင် အဖမ်းခံခဲ့ရပြီး ထိုနှစ် ဒီဇင်ဘာလ အထိ အကျဉ်းချခြင်း ခံခဲ့ရသည်။

၁၉၅၅-ခုနှစ်တွင် ဘင်္ဂါဘင်ဒူ ရှိတ်မူဂျီသည် ပါကစ္စတန် မဲဆန္ဒနယ် လွှတ်တော်တွင် အမတ်အဖြစ် ထပ်မံ ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသည်။ ထိုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ပါကိစ္စတန် အစိုးရမှ လက်ရှိ အရှေ့ဘင်္ဂလားကို အရှေ့ ပါကိစ္စတန် အမည်သို့ ပြောင်းပြီး အနောက် ပါကိစ္စတန်၏ ယူနစ် တစ်ခုအဖြစ် ထူထောင်ရန် ပြင်ဆင်နေသည့် အချိန်တွင် ရှိတ်မူဂျီက အရှေ့ဘင်္ဂလားပြည်နယ်မှ လူထု ဆန္ဒခံယူပြီးမှသာ အမည်ပြောင်းရန် ပါကိစ္စတန်အစိုးရကို တောင်းဆိုခဲ့သည်။ ထိုနှစ်မှာပင် သူ၏ ပါတီအမည် အာဝါမီ မူဆလင် လိဂ်
(Awami Muslim League) မှ Muslim ကိုဖြုတ်ပြီး အာဝါမီလိဂ် (Awami League) အဖြစ် ပြောင်းလဲ လိုက်သည်။ ၁၉၅၆-ခု အရောက်တွင် အာတော် ရာမန်ခန် ဦးဆောင်သည့် ဒေသန္တရ အစိုးရအဖွဲ့၏ ၀န်ကြီး တစ်ဦး ဖြစ်လာပါတော့သည်။ သို့သော်လည်း ၁၉၅၇ ခုနှစ် မေလတွင် သူသည် အာဝါမီလိဂ်ပါတီ၏ အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများကို အလေးပေး လုပ်ကိုင် နိုင်ရန် အတွက် ထိုအစိုးရအဖွဲ့မှ နုတ်ထွက်လိုက်သည်။

၁၉၅၈-ခု အောက်တိုဘာ (၇)ရက်နေ့မှစ၍ ပါကစ္စတန်နိုင်ငံ တ၀ှန်းတွင် စစ်အမိန့် ထုတ်ပြန် လိုက်ပြီးနောက် အောက်တိုဘာ (၁၁)ရက်နေ့တွင် ပါကိစ္စတန် အစိုးရမှ ဘင်္ဂါဘင်ဒူကို ဖမ်းပြီး အမှုပေါင်း များစွာဖြင့် စွဲချက်တင်ကာ မလွတ်စတမ်း ချုပ်နှောင်ပါတော့သည်။ ဆယ့်လေးလ အကြာတွင် ထောင်မှ ပြန်လွှတ်ပေးလိုက်ပြီး နောက်ထပ် ထောင်ဗူးဝတွင်ပင် ထပ်မံ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ အရှေ့ ပါကိစ္စတန် အထက်တရားရုံးရှေ့မှောက်တွင် သူကိုယ်တိုင် အယူခံဝင် လျှောက်လဲ ခဲ့ပြီးနောက် ၁၉၆၁-ခုနှစ်တွင် သူအား ပြန်လွှတ်ခဲ့သည်။ ၁၉၆၂-ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် သူအား ပြန်လည် ဖမ်းဆီးခဲ့ပြီး ဇွန်လ (၂)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြန်သည်။ ဘင်္ဂါဘင်ဒူ ရှိတ်မူဂျီသည် အကြိမ်ကြိမ် ထောင်ကျခဲ့သော်လည်း တထောက်မှ မရပ်နားဘဲ အဆိုပါ နှစ် စက်တင်ဘာလ တွင်ပင် ပါကစ္စတန် လာဟိုရီသို့ သွားရောက်ခဲ့ကာ ယင်းအချိန်က အာယုခန် စစ်အစိုးရကို ဆန့်ကျင်နေသည့် နိုင်ငံရေးပါတီများ အားလုံးနှင့် ပေါင်းပြီး ဒီမိုကရေတစ် တပ်ဦး တူထောင်ရာတွင် ခေါင်းဆောင် သူတဦး ဖြစ်သည့် ဟူစီယန် ရှာဟိဒ် ဆူဟရ၀ါဒီ ကို ကူညီ အားပေးခဲ့သည်။

၁၉၆၃-ခု ဒီဇင်ဘာလ (၅)ရက်နေ့တွင် ဆူဟရ၀ါဒီ ကွယ်လွန်ခဲ့ပြီးနောက် ရှိတ်မူဂျီသည် သူ၏ ပါတီ အာဝါမီလိဂ်ကို ၁၉၆၄-ခု ဇန္န၀ါရီလတွင် အင်အားဖြည့်ကာ ပြန်လည် တည်ဆောက် ပါတော့သည်။ ထိုကဲ့သို့ သူ၏ပါတီကို အင်အားဖြည့် တည်ဆောက်လိုက်ခြင်းမှာ ဘင်္ဂလီလူထု၏ ခံစားချက်များ အတွက် တိုက်ပွဲဝင်နိုင်မည့် ပါတီတစ်ခု အဖြစ် ပုံစံပြောင်း လိုသည့် သူ၏ဆန္ဒကို ထုတ်ဖေါ် ပြသ လိုက်ခြင်းပင် ဖြစ်ပေသည်။ သူသည် ယင်းအချိန်က သမ္မတရွေးကောက်ပွဲတွင် မစ္စ ဖာတီမာ ဂျင်နက် အား ထောက်ခံမဲပေးကြရန် အရှေ့ပါကစ္စတန်တစ်ခုလုံးကို မဲဆွယ်စည်းရုံးပေးခဲ့သည်။ ထို့ကြောင့် စစ်အစိုးရက သူကို ရွေးကောက်ပွဲ မကျင်းပမီ ၁၄ ရက်အလိုတွင် ဖမ်းဆီး ချုပ်နှောင်ထားခဲ့ပြီး အထက် တရားရုံး၏ အမိန့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

၁၉၆၆-ခု ဖေဖော်ဝါရီလတွင် ရှိတ်မူဂျီသည် ပါကစ္စတန် လာဟိုရီ မြို့၌ ကျင်းပသည့် အတိုက်အခံ ပါတီများ၏ ညီလာခံတွင် အချက် (၆)ချက်ပါ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အစီအစဉ်ကို ကြေညာ လိုက်ပါတော့သည်။ ထိုသို့ကြေညာလိုက်ခြင်းကြောင့် သူသည် ပါကစ္စတန်၏ အုပ်ချုပ်မှုကို ဆန့်ကျင်သည့် စွဲချက်ဖြင့် ထပ်မံ ဖမ်းဆီးခြင်း ခံခဲ့ရပြန်သည်။ ထိုသို့ အဖမ်းခံခဲ့ရပြီး ထောင်သွင်း အကျဉ်းချထား စဉ်တွင် ပါကစ္စတန်ကို ဖြိုခွဲရန် ကြံစည်သည်ဟူသော အမှုဖြင့် ပါကိစ္စတန် အစိုးရမှ စွဲချက် တင်ပါတော့သည်။ ၁၉၆၉-ခု ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ထိုအမှုကို ရုတ်သိမ်းပေးရန် လူထု အုံကြွ ဆန္ဒပြ တခု ပေါ်ပေါက်ခဲ့သည်။ နောက်တနေ့တွင် ဒက္ကားမြို့ အပြေးပြိုင်ကွင်းတွင် ကျင်းပခဲ့သည့် လူထု ထောက်ခံပွဲတွင် ရှိတ်မူဂျီဘူ ရာဟာမန်ကို ဘင်္ဂါဘင်ဒူ (ဘင်္ဂလာ မိတ်ဆွေ) အမည်ဖြင့် ဂုဏ်ပြု ထောက်ခံ ခဲ့ကြသည်။

၁၉၇၀-ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ပါကိစ္စတန်၏ ပထမဆုံးသော အထွေထွေ ရွေးကောက်ပွဲတွင် အာဝါမီလိဂ်ပါတီမှာ ဘင်္ဂါဘင်ဒူ ၏ ဦးဆောင်မှုဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပေသည်။ သို့သော်လည်း အာဝါမီလိဂ် ပါတီအား ဗဟို၌ အစိုးရ ဖွဲ့စည်းခွင့် မရနိုင်ရန် ယာယာခန်၏ စစ်တပ်နှင့် ဇူလ်ဖီကာ အာလီဘူတို တို့က ပူးပေါင်း ကြံစဉ်ခဲ့ခြင်းကြောင့် ဘင်္ဂါဘင်ဒူသည် ၁၉၇၁-ခု မတ်လ (၇)ရက်နေ့တွင် တိုင်းပြည်တစ်ခုလုံးကို လှည့်လည်ပြီး သူ၏ နိုင်ငံရေး လုပ်စဉ်တလျှောက်တွင် အလှပဆုံးသော တရားများကို ဟောကြားပါတော့သည်။ ၄င်းတရားမှာ “သူ့ကျွန်မခံ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန်” ဆော်သြသော တရားပင် ဖြစ်သည်။

၁၉၇၁-ခုနှစ် မတ်လ (၂၅)ရက်တွင် ပါကစ္စတန် စစ်တပ်မှ ဘင်္ဂလီလူမျိုးများအား အစုလိုက် အပုံလိုက် သတ်ဖြတ်မှုများ ကျုးလွန်လာသောကြောင့် ဘင်္ဂါဘင်ဒူသည် မတ်လ (၂၆) ရက်နေ့တွင် ဘင်္ဂလာဒေရှ့် လွတ်လပ်ရေးကို ကြေညာပါတော့သည်။ များမကြာမီမှာပင် သူ့ကို စစ်တပ်မှ ဖမ်းဆီးလိုက်ပြီး နိုင်ငံတော် သစ္စာဖေါက်မှုဖြင့် တရားစွဲရန် ယခု ဘင်္ဂလာဒေခ်ျ့မှ အနောက် ပါကိစ္စတန်သို့ လေယာဉ်ဖြင့် ယူဆောင်သွားခဲ့သည်။ စစ်ခုံရုံး တစ်ခုတွင် တရားစီရင်မှုကို ရုပ်မြင်သံကြားမှ ထုတ်လွင့် ခဲ့ပြီးနောက် ၁၉၇၁-ခု ဒီဇင်ဘာလ အစောပိုင်းတွင် သူ့အား သေဒဏ် ချမှတ်ခဲ့သည်။ ၁၉၇၁ ခုနှစ် ဇန္န၀ါရီလ ၁၆ ရက်နေ့တွင် အိန္ဒိယ အကူအညီကို ယူပြီး ပါကစ္စတန်ကို တော်လှန်ခဲ့သော ကိုးလကြာ စစ်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် လွတ်လပ်သော တိုင်းပြည် တခု ဖြစ်လာခဲ့သည်။ ဘင်္ဂလီ ပြည်သူတို့ ပါကိစ္စတန်ကို အနိုင်ယူပြီး ဘင်္ဂလီနိုင်ငံကို တည်ထောင် နိုင်ခဲ့ပြီ ဖြစ်သဖြင့် လူထု ဖခင် အာဇာနည် ခေါင်းဆောင် ဘင်္ဂါဘင်ဒူ ရှိတ်မူဂျီသည် ၁၉၇၂-ခု ဇန္န၀ါရီလ (၁၀) ရက်နေ့တွင် မိမိတိုင်းပြည်သို့ ပြန်လာ နိုင်ခဲ့သည်။

၁၉၇၂-ခု ဇန္န၀ါရီလ ၁၂ ရက်တွင် ဘင်္ဂါဘင်ဒူသည် လွတ်လပ်သော ဘင်္ဂလာဒေ့ရှ် နိုင်ငံ၏ ၀န်ကြီး ချုပ်အဖြစ် တာဝန်ယူ အုပ်ချုပ်ခဲ့ပါတော့သည်။ ၁၉၇၂-ခု ဒီဇင်ဘာလတွင် တိုင်းပြည်၏ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပါလီမန်က အတည်ပြုခဲ့ကြပါသည်။ ၁၉၇၅-ခု အစောပိုင်းတွင် ဘင်္ဂါဘင်ဒူ သမ္မတ ဖြစ်လာခဲ့ပြီးနောက် အစိုးရဖွဲ့စည်းပုံ စနစ်ကို ပြောင်းလဲရန် ဒုတိယ တော်လှန်ရေးကို ကြေငြာခဲ့ပါသည်။

၁၉၇၅-ခု သြဂုတ်လ (၁၅)ရက်နေ့ အာရုဏ်ဦး အချိန်တွင် ဘင်္ဂလားဒေ့ရှ်ကို သမိုင်း အမှောင်ခေတ်သို့ပို့ရန် ကြံရွယ်သည့် သွေးစွန်းသော အာဏာသိမ်းပွဲတွင် လွတ်လပ်ရေးဗိသုကာ ဘင်္ဂါ ဘင်ဒူ ရှိတ်မူဂျီဘူ ရာဟမန်မှာ သူ၏မိသားစု အဖွဲ့ဝင် ၁၆ ဦးနှင့် အတူ ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရပါသည်။

(
His life, struggle ကို ဆီလျော်အောင် တာကလူးမှ ဘာသာပြန်သည်။)
http://www.narinjara.com/detailsbur.asp?id=2284

ကတုံးကြီး


ကတုံးကြီး
အောင်ဝေး
ဇန်န၀ါရီ ၂၈၊ ၂၀၁၀
သူဟာ
ဧရာဝတီပေါ်က ကြယ်နီ။

သူဟာ
မြန်မာပြည်ရဲ့ ချာလီချက်ပလင်။
သူ အခု
မြစ်ကြီးနားထောင်မှာ
ဗိုလ်ဝင်ခံနေပါတယ်။
မကြာခင်
သူ စင်ပေါ် ပြန်ရောက်လာလိမ့်မယ် ဆိုတာ

ကျနော်တို့ ယုံကြည်နေပါ၏။
နရသိန်သာ အမိ
နရသိန်သာ အဖ
သူ့ဆီက ဟာသ
ကမ္ဘာက ကြားစေသော်ဝ်။ ။

ဇန်န၀ါရီ ၂၇၊ ၂၀၁၀ - မစ်ရှီဂန်

(ဓာတ်ပုံ - ကိုဇာဂနာနဲ့ မိသားစု ငယ်စဉ်ကဓာတ်ပုံ)
(မိသားစုနဲ့ အချိန်တွေထက် အကျဉ်းထောင်နံရံတွေနောက်မှာ၊ တိုင်းပြည်ရဲ့ နှလုံးသားနဲ့ အနီးဆုံးမှာ နေတဲ့သူ အတွက် အမှတ်တရဓာတ်ပုံပါ - မိုးမခ)
http://moemaka.com/index.php?option=com_content&task=view&id=5785&Itemid=1

နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ သံသယဖြစ်ကြောင်း ပြောဆို....

နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ သံသယဖြစ်ကြောင်း ပြောဆို....

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဟု သံသယဖြစ်မိကြောင်း ပြောဆိုတယ်လို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့အန်ကယ်တို့ နေ့လည်(၁)နာရီ မှ(၃)နာရီခွဲ အထိ (၂)နာရီခွဲလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရတဲ့ ကိစ္စ၊ နောက်ပြည်ထဲရေးဝန်ကြီး ပြောတဲ့ကိစ္စနဲ့ အဖွဲ့ချုပ်ကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်.....။ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြုပြင်နေတာ တဝက်တပျက်မှာ စည်ပင်က တဝက်တပျက်မှာ ရပ်ဆိုင်းခိုင်းပါတယ်......။ ပြီးခဲ့တဲ့ ဇန္နဝါရီလ(၂၁)ရက်နေ့က ဦးအောင်ဆန်းဦးက နေအိမ်ပြုပြင်တာကို ရပ်ဆိုင်းပေးဖို့ လျှောက်ထားချက် ကိုတရားရုံးက တားဝရမ်းထုတ်တယ်....။ အဲ့ဒီကိစ္စအတွက် လာမယ့် ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ တရားရုံးမှာပြန်ပြီး သဘောထားတင်ပြရမှာပါ....။ အဲ့ဒီကိစ္စအတွက် ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ .....

ဒီနေအိမ်ပြင်ဆင်ခွင့်ရဖို့ အတွက်စည်ပင်မှာ ပြင်ဆင်ခွင့်တောင်းပြီးမှ ပြင်ဆင်ခဲ့တာပါ။ နောက်အကျိုးအကြောင်း ဘာမှမသိရပဲ ပြင်ဆင်ခွင့်တားမြစ်ခဲ့တယ်...။ နောက်အခု ဦးအောင်ဆန်းဦးက တရားရုံးမှာ တားဝရမ်းလျှောက်ထားတယ်.... ဒါတွေကို ခြုံငုံစဉ်းစားပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီဥစ္စာသွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်လို့ ပြောပါတယ်...။

လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ (မေတ္တာဦး ကလောင်နာမည်ဖြင့် ရွှေအမြူတေ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ ဒေါ်သိန်းလဲ့နွယ်(ခေါ်)ဒေါ်လဲ့လဲ့နွယ်သိန်း)တို့ ပါဝင်ပတ်သတ်နေကြောင်း သိရှိရပါတယ်...။ ယခုတဖန် ဦးအောင်ဆန်းဦးမှ နေအိမ်ပြင်ဆင်မှုရပ်ဆိုင်းပေးဖို့ တရားရုံးမှာ လက်မှတ်ရေးထိုးတောင်းဆိုတဲ့ အတွက် တရားရုံးမှ တားဝရမ်းထုတ်ခြင်းဖြစ်ပါတယ်။

လက်ရှိဒေါ်အောင်ဆန်းစုကြည် နေအိမ်အခြေအနေနဲ့ ပတ်သတ်ပြီး ဆက်လက်ပြောဆိုရာမှာ " အိမ်ကတဝက်တပျက် တို့လို့တန်းလန်းဆိုတော့ ပစ္စည်းတွေက ဟိုနားပုံ ဒီနားပုံပေါ့ ..... အပေါ်ထပ်မှာ မျက်နှာကျက်ကျောက်ပြားတွေ ခွာထားတယ် အိမ်ခေါင်မိုးတွေက ဟောင်းနွမ်းနေတော့ အောက်ကနေကြည့်ရင် အလင်းရောင်တွေ မြင်နေရတာပေါ့.... အိမ်ကဟောင်းနွမ်းနေတော့ နေရာတိုင်းမှာပြင်ဆင်ဖို့ လုပ်ထားရတာလေ ... တဝက်တပျက်နဲ့ ရပ်ဆိုင်းလိုက်ရတော့ နေရထိုင်ရတာ အဆင်မပြေဘူးလို့ အန်ကယ်မြင်တယ်... ဒေါ်အောင်ဆန်းစုကြည်ကတော့ နေထိုင်ရတာနဲ့ပတ်သတ်ပြီး ဘာမှမပြောပါဘူး"

ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးမှ နိုဝင်ဘာလမှာ လွှတ်ပေးမယ် ဆိုတဲ့ပြောဆိုချက်နဲ့ ပတ်သတ်ပြီး ပြောဆိုရာမှာ....
........ဒေါ်အောင်ဆန်းစုကြည်က ဒီပြောကြားချက် တကယ်မှန်ခဲ့မယ်ဆိုရင် ဒါဟာမတရားတဲ့ ပြောကြားချက်ဖြစ်တယ်.. နိုင်ငံတော်တရားရုံးချုပ်မှာ ပြင်ဆင်ဖို့တင်ထားချိန်မှာ ဒီလိုပြောကြားချက်က တရားဥပဒေကို လွှမ်းမိုးတဲ့ သဘော သက်ရောက်နေတယ်လို့ ပြောဆိုပါတယ်....

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျောက်ပန်းတောင်းမြို့မှာ မြို့တော်ခန်းမမှာကျင်းပတဲ့ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား ဒီနှစ်နိုဝင်ဘာလမှာ လွတ်ပေးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ပါတီအရေးကိစ္စများကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်......။

သတင်း...ဒီမိုဝေယံ
http://www.demowaiyan.co.cc/2010/01/blog-post_29.html