Friday, January 29, 2010

29 Jan ဒိုင်ယာရီ

http://ifile.it/t5uqs4d
http://www.scribd.com/doc/26078519/29-Jan-2010-yeyintnge-s-Diary29 Jan 2010 yeyintnge's Diary

ဟတီ ကယ်ဆယ်ရေးက မြန်မာနာဂစ်ထက် ပိုမိုသာလွန်

ဟေတီ ကယ်ဆယ်ရေးက မြန်မာနာဂစ်ထက် ပိုမိုသာလွန်

ပို့တ် အော်ပရင့်စ် (PORT-AU-PRINCE)၊ ဟေတီ။

ဟေတီ ကပ်ဘေးသို့ ကယ်ဆယ်ရေး အကူအညီများ နှေးကွေး နေသည်က နာမည်ပျက် အရှက်တကွဲ အကျိုးနည်း ရမည့်ကိစ္စ မဟုတ်သော်မှ အတော်လေးတော့ ရှက်စရာ ကောင်းနေပြီ ဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသော ပို့တ် အော်ပရင့်စ် ရှိ ကက်သိုလစ် ဘုရားရှိခိုးကျောင်း တကျောင်း ရှေ့တွင် ဟေတီ တဦး ၀တ်ပြုဆုတောင်း နေစဉ် (ဓာတ်ပုံ - AP)

ပြီးခဲ့သည့် အပတ်အတွင်း မိမိတွေ့ခဲ့ရသမျှ ငလျှင် ဘေးမှ ကံကောင်း ထောက်မ၍ အသက်ရှင် ကျန်ရစ်ကြရ သူများအနေနှင့် အစားအစာ၊ ရေနှင့် အခြေခံ အမိုးအကာ ကဲ့သို့သော ကယ်ဆယ်ရေး ပစ္စည်းများ အမျိုးအမည် တခုမျှ မရရှိကြသေး သူများ ရှိနေသလို၊ သူတို့ နေထိုင်ရာ မြို့ဘက်ပိုင်းဆီသို့ ကယ်ဆယ်ရေး လုပ်သား တဦးတလေမျှ ရောက်မလာ ကြသေးသည်ပင် ရှိနေသည်။ မိမိသည်ပင် ပထမဦးဆုံး တွေ့ရသည့် နိုင်ငံခြားသား ဖြစ်သည်ဟု တချို့သူများက ဆိုနေကြဆဲပင်။ ဤအချိန်သည် သဘာဝ ကပ်ဘေးကြီး ကျရောက်ပြီး တပတ် ကျော်လွန် လာသည့် အချိန်ဖြစ်သည်။

ဤအချက်များကို လုံးဝအလိမ်အညာဟု ငြင်းပယ်လိုက်ရန်လည်း ဖြစ်နိုင်ပါသည်။ လူတချို့က အရေးပေးခံလိုသည့် အတွက်ကြောင့် သူတို့၏ လမ်း၊ ရပ်ကွက်များ ပစ်ပယ်လျစ်လျူရှုခံရကြောင်း ချဲ့ကားပြောခြင်းဖြစ်သည်ဟုလည်း ယူဆ နိုင်ပါသည်။ မည်သို့ပင် ဆိုစေ ဤသို့ နေရာတိုင်းတွင် တွေ့နေ ကြားနေရသည့် စောဒကတက်တောင်းဆိုနေမှုများက ချဲ့ကားပြောသည်ထက်စာလျှင် အမှန်အတိုင်း ပြောနေခြင်း ပိုဖြစ်တန်ရာသည်။

ဟေတီအစိုးရ ကိုယ်နှိုက်က ရဲစခန်းတဲငယ်တခုအတွင်း စည်းဝေး စုဆုံနေကြရပြီး ကြောက်ရွံ့နေသည့် သမ္မတ ရီနေး ပရီဗယ် (Rene Preval)က လူအများ၏ လိုအပ်ချက်ကို အချိန်နှင့် တပြေးညီ အရေးပေးမဖြည့်ဆည်းပေးနိုင်သည့်အတွက် ဝေဖန်ပြစ်တင်ခံနေရသည်။

ပို့တ် အော်ပရင့်စ် မြို့တော်ရှိ နိုင်ငံတကာလေဆိပ်ကလည်း ပြေလမ်းတကြောင်းသာ ရှိသည်။ ငလျှင်လှုပ်စဉ်ကာလအတွင်း လေယာဉ်ထိန်းချုပ်ရေး မျှော်စင်ကလည်း ပျက်စီးသွားခဲ့သည်။ ဆိပ်ကမ်းကလည်း ဆိုးဆိုးရွားရွားပျက်စီးခဲ့ကာ ပြီးခဲ့သည့် သောကြာနေ့တိုင် အသုံးမပြုနိုင်ဘဲ ရှိနေခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ စစ်တပ်ကိုလည်း ဝေဖန်မှုများ ရှိနေပါသည်။ လေဆိပ်ကို စတင်ထိန်းချုပ်စဉ်နေ့များက ကယ်ဆယ်ရေး ကုန်တင်လေယာဉ်များထက်စာလျှင် စစ်တပ်လေယာဉ်များကို ဦးစားပေးနေခဲ့သည်ဟု ဝေဖန်ကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် နောက်ပိုင်းတွင် သူ၏ ခင်ပွန်း ကုလသမဂ္ဂ၏ ဟေတီ အထူး သံကိုယ်စားလှယ် ဘီလ်ကလင်တန် ရောက်လာသည့် ခရီးစဉ်တွင် လေဆိပ် နှင့် လေပိုင်နက်ကို ခေတ္တ ယာယီပိတ်ပင် ထားမှု အပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။

ဟေတီပြည်သူများ၏ လိုအပ်ချက်ကို ဖြည်းဖြည်းချင်း တိုး၍ ဖြည့်ဆည်းလာနိုင်ပြီ ဖြစ်သော်လည်း ကြီးမားလှသည့် ငလျင် ဒဏ်ကြောင့် ထောက်ပံ့ရေးနှင့် အခြေခံ အဆောက်အဦများလည်း ပျက်စီးခဲ့ရာ NGOများ ကချည်း ဖြေရှင်းရန် မဖြစ်နိုင်ပါ။ NGOများအနေဖြင့် ဘဏ္ဍာရေး အပါအ၀င် တခြားသော အရင်းအမြစ်များကိုပါ အကန့်အသတ်ကြီးစွာ ရင်ဆိုင် နေကြရ သောကြောင့် ဖြစ်သည်။ ဤကိစ္စများကို ဖြေရှင်းနိုင်ရန်လည်း အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းကြီးများကို မှီခို နေကြရသေးသည်။

သို့သော်လည်း ဤသို့ နှောင့်နှေးကြန့်ကြာနေမှုများနှင့် အခက်အခဲများက မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်၊ မေလက ဖြစ်ပွားခဲ့ သည့် နာဂစ်မုန်တိုင်းမျှ ဆိုးပါ၏လောဟု စောကြောဖွယ် ရှိနေသည်။ ဧရာဝတီမဂ္ဂဇင်းက သဘာဝကပ်ဘေး နှစ်ခုစလုံးတွင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ တဦး၏ အမြင်ကို မေးကြည့်နိုင်ခဲ့သည်။

GOAL အဖွဲ့၏ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှူး ဘရိုင်ယန် ကက်ဆေး (Brian Casey) က ငလျင်ဘေး ကြီးသင့်ပြီး ၃ရက်အကြာတွင် ပို့တ် အော်ပရင့်စ် သို့ ဆိုက်ရောက်လာခဲ့သည်။ တကယ်တော့ ပိုစော၍ ရောက်လာသင့် သည်။ သို့သော်လည်း လေဆိပ်ကိုယ်နှိုက်က ပျက်စီးသွားသည့်အတွက်ကြောင့် လေယာဉ်များ မဆင်းနိုင် ဖြစ်နေရသည်။ နယ်စပ်ချင်းကပ်လျက် ကားဖြင့်သွားလျှင် ၅ နာရီခရီးကြာ ဒိုမီနီကန် သမ္မတနိုင်ငံ ဆန်တို ဒိုမင်းဂိုးသို့ လေယာဉ်များက လမ်းကြောင်းလွှဲ ပျံသန်းဆင်းသက်ခဲ့ကြရသည်။

နှိုင်းယှဉ်ချက်အရ ဆိုရလျှင် နာဂစ်မုန်တိုင်းသတင်း ကြားကြားချင်း သူက အငတ်ဘေးကျရောက်နေသည့် အီသီယိုပီးယား မှ ချက်ချင်းထွက်ခွာ၍ ရေလုံးအမြင့် ၃. ၅မီတာ၊ လေတိုက်နှုန်း တနာရီ ၁၃၅ မိုင်နှုန်းဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ကို တိုက်ခတ်ဖျက်ဆီးခံခဲ့ရသည့် နောက်တနေ့ညတွင် ဘန်ကောက်သို့ ရောက်လာခဲ့သည်။ ခန့်မှန်းရသည်မှာ ဤမုန်တိုင်း အတွင်း လူပေါင်း ၁၄၀,၀၀၀ ကျော်၏ အသက်များလည်း တိုက်ခတ်လွင့်စင်ခဲ့ပုံရသည်။ သို့သော်လည်း ယခုတိုင် ကိန်း ဂဏန်း အတိအကျကို မသိရှိနိုင်ခဲ့။ ဟေတီရှိ ယခု ငလျင်ဘေး အသေအပျောက်ကိုမူ ၂ သိန်းခန့်အထိ ရှိနိုင်သည်ဟု အစိုးရကိန်းဂဏန်းများက ခန့်မှန်းကြသည်။

"ကျနော်တို့ ထိုင်းနိုင်ငံမှာ ၉ ရက်ကြာ မြန်မာပြည်ဗီဇာရဖို့အရေး အချည်းအနှီး စောင့်နေရတယ်၊ ၁၀ ရက်မြောက်နေ့မှာ သီရိလင်္ကာမှာလျှောက်ရင် ဗီဇာရနိုင်တယ်လို့ ကြားတော့ ကိုလံဘိုကို ပြေးကြရပြန်တယ်"ဟု မစ္စတာ ဘရိုင်ရန် ကက်ဆေး က ပြောသည်။

ဗီဇာရရှိသည်နှင့် ကက်ဆေးနှင့် သူ၏ GOAL အဖွဲ့မှ လုပ်ဖော်ကိုင်ဖက်များက လေဘေးမုန်တိုင်းသင့်ပြီး ၁၂ ရက်ကြာမှ ရန်ကုန်သို့ ခြေချနိုင်ခဲ့ကြသည်။ ဤသို့နောက်ကျနေသော်မှ သူတို့က အရေးပေါ်ကာလ နိုင်ငံအတွင်းသို့ ပထမဦးဆုံး ရောက်ရှိလာကြသည့် ကယ်ဆယ်ရေးလုပ်သားများတွင် အပါအ၀င် ဖြစ်နေသေးသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံတွင် လုပ်ငန်းများရှိနေပြီးသား လက်တဆုပ်စာ ကုလသမဂ္ဂ ဌာနများနှင့် အနည်းစု NGOအဖွဲ့များကို ထည့်သွင်းပြောဆိုခြင်း မဟုတ်ပေ။

"နာဂစ်မှာ အကူအညီပေးဖို့ ထိုင်းနိုင်ငံကို ရောက်လာတဲ့သူတွေ ရာနဲ့ချီတယ်၊ အများစုက ဒီထက်ပိုပြီး ဘာမှ ဆက်လုပ် လို့မရဘူး။ ကျနော်ပြောနေတာက အသက်တွေအများအပြား ကယ်ဆယ်ခဲ့ဖူးတဲ့ အဖွဲ့အစည်းကြီးတွေကို ပြောတာပါ။ သူတို့ကိုယ်တိုင်လည်း ၀င်လို့ မရကြဘူး"ဟု ကက်ဆေးက ဆိုသည်။

ဧရာဝတီမဂ္ဂဇင်းက ပို့တ် အော်ပရင့်စ်ရှိ ကက်ဆေးနှင့် ဟေတီငလျင်ကြီးဖြစ်ပြီး၍ ၁၀ ရက်အကြာတွင် မေးမြန်းစကား ပြောဆိုနိုင်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများက နှောင့်နှေးကြန့်ကြာနေသည်ဟု ၀န်ခံရဖို့ ရှိနေသော်လည်း၊ ကက်ဆေး က ပြောသည်မှာ "GOAL အဖွဲ့ထံကနေ လူပေါင်း ၇,၀၀၀ လောက်က အစားအသောက်၊ အမိုးအကာတွေ ရကြပြီ။ နောက် ထပ် ၄၈ နာရီအတွင်းမှာပဲ ငွေကြေးတစုံတရာ ၀င်ငွေရစေဖို့ အလုပ်လုပ်တဲ့စနစ် (Cash for Work Projects) ကို စတင်နိုင် မယ်"ဟု ဆိုသည်။

ဤကဲ့သို့ အချိန်မျိုးမှာ နာဂစ်မုန်တိုင်းဖြစ်ပြီးစ ကက်ဆေးနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များ မြန်မာနိုင်ငံတွင်း ၀င်ခွင့်ရရန် အတွက် စောင့်ဆိုင်းနေကြရဆဲ အချိန်မျိုးဖြစ်သည်။

"ကျနော်တို့ ရန်ကုန်ကိုရောက်တော့ မြို့က အမှောင်ထဲမှာ၊ နောက်ထပ် ၇ ပတ်တိုင်တိုင် လျှပ်စစ်မီးက လာလိုက် ပျက် လိုက်နဲ့ပဲ"ဟု ကက်ဆေးက ပြောကြားလိုက်ပြီး မြန်မာစစ်အစိုးရက အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ်တင်ပို့ရောင်းချရငွေ ဒေါ်လာသန်းထောင်ချီ၍ ၀င်နေစဉ် တွင် မြန်မာလူထုမှာမူ လျှပ်စစ်မီး မရှိဘဲနေထိုင်နေကြရသည်ဟုလည်း ဆိုသည်။

ဟေတီနိုင်ငံနှင့် မတူသည့်အချက်က မြန်မာနိုင်ငံက သဘာဝ သယံဇာတပေါကြွယ်ဝသည်။ သို့သော်လည်း အကြမ်းဖက်မှု များနှင့် အရည်အချင်းမရှိသည့် စစ်ခေါင်းဆောင်များ လက်တွင်းတွင် နစ်မွန်းဆုတ်ယုတ် နေရသည်။ ဟေတီနိုင်ငံတွင် လည်း မကောင်းသည့် အစိုးရ အုပ်ချုပ်မှုနှင့် ပတ်သက်၍ ၀မ်းနည်းဖွယ် ရှည်လျားသော သမိုင်းကြောင်း ရှိပါသည်။ သို့ သော် ထိုနိုင်ငံ ခေါင်းဆောင်များက သဘာဝအရင်းအမြစ်များကိုရောင်းစား မှီခိုမည့်အစား၊ နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီ များအတွက် လက်ဖြန့်တောင်းရမည်ကို ရှက်မည့်သူများ မဟုတ်ပေ။

မြေငလျင်ဒဏ် မခံရမီကပင် အနောက်ကမ္ဘာခြမ်းတွင်အဆင်းရဲဆုံး နိုင်ငံတခုဖြစ်ပြီး အကြိမ်ကြိမ် စစ်အာဏာသိမ်းမှုများ၊ တန်ပြန်စစ်အာဏာသိမ်းမှုများ၊ အစိုးရရဲများနှင့် ပြည်သူ့စစ် လက်နက်ကိုင်များ၊ အကြမ်းဖက် လူမိုက်ဂိုဏ်းများ၏ ရမ်းကား နှိပ်စက်မှုများကြောင့်လည်း ဟေတီနိုင်ငံက ယိုယွင်းကျဆင်းနေခဲ့ရသည်။

ဝေငှပေးသည့် အစားအစာ များကို အလုအယက် တောင်းခံယူနေသော ဟေတီ ငလျင် ဒုက္ခသည်များ (ဓာတ်ပုံ - Getty Images)

မြန်မာ နိုင်ငံတွင် နာဂစ် မုန်တိုင်း ဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ အရောက် ပေးပို့နိုင်ရေး အတွက် GOAL အဖွဲ့က အမိုး အကာများ၊ သန့်ရှင်းရေးနှင့် ဆေးဝါးပစ္စည်း သေတ္တာများကို ရန်ကုန်တွင် မတန်တဆ ဈေးနှုန်းဖြင့် ၀ယ်ကြရသည်။ တချို့သော မြန်မာနိုင်ငံသား စေတနာ့ ၀န်ထမ်းများက ကပ်ဘေးသင့် ဒေသ များသို့ အကူ အညီ ပစ္စည်းများကို သယ်ဆောင် ပို့ပေးခဲ့ ကြသည်။ ဤအချိန်တွင် သူတို့အဖွဲ့က အချိန်ကုန် ခက်ခဲပင်ပန်း သည့် တရားဝင် NGO အဖြစ် မှတ်ပုံ တင်နိုင်ရေး လုပ်ငန်းစဉ်ကြီးကို ဆောင်ရွက် နေကြရပြန်သည်။

"ကျနော်တို့နဲ့ပူးပေါင်းလုပ်ကိုင်ကြတဲ့ ဒေသခံအဖွဲ့တွေက နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ကြရတာ စိတ်မသက် မသာ ဖြစ်နေကြတယ်၊ သူတို့က ကူညီချင်ပါတယ်။ သူတို့ အများစုက သူငယ် ချင်းတွေ၊ မိသားစုတွေ မုန်တိုင်းထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ သူတို့က ဘာတွေ လိုအပ်နေတယ်ဆိုတာလည်း သိကြတယ်"ဟု ကက်ဆေးက အမှတ်တရ ပြန်ပြောသည်။ ထိုဒေသခံများသည် မြန်မာစစ်တပ်၏ စောင့်ကြည့်ခံနေရမှုများ၊ ခြိမ်းခြောက်ခံရမှုများကို အကြောင်းပြု၍ နောက်ဆုတ်သွားကြသည်ဟုလည်း ဆိုသည်။

"တချို့မြန်မာတွေက ကျနော်တို့နဲ့ စကားပြောရမှာ အင်မတန်စိုးရိမ်နေကြတာ တွေ့ရတယ်။ ကျနော်တို့လည်း သတင်း အချက်အလက်တွေ မရတော့ဘူး၊ သူတို့က ကျနော်တို့နဲ့ တတွဲတွဲ ဖြစ်နေတာ အမြင်မခံလိုကြဘူး။ အာဏာပိုင်တွေ ဘက်က သင်္ကာမကင်း ဖြစ်လာမှာကို စိုးရိမ်တယ်"ဟု ကက်ဆေး က ပြောသည်။

"ဒုက္ခသည်တွေရှိတဲ့ နေရာအထိ ကျနော်တို့ သွားလို့ မရဘူး။ အဲသည်တော့ ကျနော်တို့ကိုယ်တိုင် ဝေငှပေးဖို့ဆိုတာလည်း မဖြစ်နိုင် ဘူး။ ကျနော်တို့ မစောင့်ကြည့်နိုင်ဘူး။ ဆန်းစစ်တာတွေ မလုပ်နိုင်ဘူး။ အကူအညီတွေက တကယ်လိုအပ်နေသူ တွေ လက်ထဲ ရောက်သလား၊ မရောက်သမလား သေချာ မစစ်ဆေးနိုင်ဘူး၊ အဲဒါကြောင့်ပဲ အလှူရှင်တွေ အစိုးရတွေက ကျနော်တို့ကို ငွေထောက်ပံ့ပေးဖို့ ခက်လာကြတယ်"ဟုလည်း သူက ဆက်ပြောသည်။

ကက်ဆေးက"ဟေတီ ကယ်ဆယ်ရေးမှာ ယေဘုယျပြောရင် အားနည်းချက်တွေ ရှိနေပေမယ့်လည်း မြန်မာပြည်မှာ ကျနော်တို့ ၄ လ ကူခဲ့တာထက်စာရင် ဟေတီမှာ ၉ ရက်အတွင်း ပိုလို့ ကူညီနိုင်တယ်"ဟု ဆိုသည်။

"အခု ဟေတီမှာ ရှိနေတဲ့ အခက်အခဲက မြန်မာပြည်နဲ့ ကွာခြားတယ်။ ဟေတီက အခြေခံအဆောက်အဦစနစ်တွေက ငလျင်မတိုင်ခင်ကတည်းက ဒီလောက် မကောင်းဘူး။ ဒါတွေက ဇန်န၀ါရီလ ၁၂ ရက်မှာ အကုန်ဖျက်ဆီးခံလိုက်ရတယ်"ဟု သူက ပြောသည်။

သဘာဝကပ်ဘေးဒဏ်ကြောင့် ပါသလို၊ တဘက်တွင်လည်း လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ပိတ်ဆို့နေကြရသည်။ သို့သော်လည်း မြန်မာပြည်တွင် တွေ့ခဲ့ရသော အခက်အခဲများကတော့ လူက ဖန်တီး ထားသည့်ကိစ္စများဟု ကက်ဆေးက ပြောသည်။

"တကယ့် အရေးကြီးတဲ့အချိန်မှာမှ အစိုးရက ကန့်လန့်ခံနေ တယ်"ဟုလည်း သူကဆိုသည်။

ကက်ဆေးက ပြောရာတွင် အကူအညီများ နိုင်ငံတွင်းရောက်ရှိရေးနှင့် နိုင်ငံအနှံ့ ရောက်ရေးအတွက် ဟေတီအစိုးရ သို့ မဟုတ် ဗျူရိုကရေစီ ယန္တရားများက အနှောင့်အယှက် အဟန့်အတားပြုခြင်း မရှိဟု ပြောသည်။ ရန်ကုန်တွင်နေခဲ့သော ၇ ပတ်ကြာ ကာလနှင့် နှိုင်းယှဉ်၍လည်း"GOAL အဖွဲ့က အဲဒီမှာ စုစုပေါင်း ၄ လကြာတယ်။ ကျနော်တို့ကို မြို့တော်က လွဲပြီး အပြင်ထွက်ခွင့် မပေးဘူး"ဟု သူက ရှင်းပြသည်။

သို့တိုင် ငလျင်ပြီးနောက်ပိုင်း လူထုကို ကူညီကယ်ဆယ်ရန် မစွမ်းနိုင်သေးသည့်အတွက်ကြောင့် ဟေတီအစိုးရကို ပြစ်တင် ဝေဖန်မှုများ အကျယ်အပြန့် ရှိနေပါသည်။

ပြီးခဲ့သည့် အပတ်က ကျနော်တွေ့ဆုံမေးမြန်းနိုင်ခဲ့သော ငလျင်ဒဏ်မှ ကံကောင်းထောက်မ၍ ရှင်ကျန်ရစ်သူများက သဘာဝ ကပ်ဘေးပြီးနောက်ပိုင်း သူတို့ခေါင်းဆောင်များက ပုန်းအောင်းနေကြသည်ဟု ပြောဆိုခဲ့ကြသည်။ တချို့သူများ ကမူ အကူအညီများကို ဟေတီအစိုးရဌာနများ လက်ထဲ မထည့်ပေးရေးအတွက် စာရေးသားရန် အကြံပြုကြသည်။ တချို့ သော လေ့လာဆန်းစစ်သူများ၏ ပြီးခဲ့သည့် ၃-၄ နှစ်အတွင်း ဟေတီတွင် တိုးတက်မှုရှိလာခဲ့သည်ဟူသော သုံးသပ်ချက် များနှင့် ပတ်သက်ပြီး ကျနော်က ဝေဖန်ငြင်းပယ်သည့်ကိစ္စအပေါ်တွင်လည်း မေးခွန်းထုတ်ကြသည်။

ပို့တ် အော်ပရင့်စ်မြို့တော် ကာဖိုးခရိုင် (Carrefour district) နှင့် နီးကပ်နေသည့် ငလျင်ဒဏ် အဆိုးရွားဆုံး ခံရသော ဖွန်တာမာရာရှိ ပယ်ရီ ရော်နယ်ဒ် (Pierre Ronald) က ပြောရာတွင်"ရေဒီယိုမှာ ကြားရတာက အမေရိကန်နဲ့ တခြားနိုင်ငံ တွေ က ဟေတီကို ဒေါ်လာ ဘီလီယံပေါင်းများစွာ (ဖွံ့ဖြိုးရေးအကူအညီအနေနဲ့) နှစ်စဉ် ပေးနေတယ် ပြောတယ်။ ကျနော် တို့ လည်း ဘာမှ မတွေ့ရဘူး။ လုံးဝလိမ်တာ မဟုတ်ရင်တော့ ဒီငွေတွေ တနေရာရာကို ရောက်သွားပြီပဲ။သေချာတာက ဒီကို တော့ ပို့တာမဟုတ်ဘူး"ဟု သူက ဒါဇင်အနည်းငယ်ခန့်ရှိ ဒုက္ခသည် မိန်းမနှင့်ကလေးများ နေ့လယ်ခင်းနေရောင်ဒဏ် ကို ပလတ်စတစ် အမိုးအောက်တွင် ခိုလှုံနေကြရသည့် ပလာဇာ တနေရာအား လက်ညှိုးညွှန်ရင်း ပြောသည်။

ဟေတီအစိုးရကို ဝေဖန်သူများ ရှိကြပါသည်။ သူတို့ဝေဖန်နေကြသည်မှာလည်း မှန်သည့်အချက် ဖြစ်သည်။ သို့သော် လည်း အနည်းဆုံးတော့ ဤသို့ဝေဖန်နေကြသည်မှာ အစိုးရက ကြားဝင်ဟန့်တားနေသောကြောင့် မဟုတ်ပေ။

ကက်ဆေး၏ နှိုင်းယှဉ်ချက်အရဆိုလျှင် မြန်မာစစ်အစိုးရကမူ ကယ်ဆယ်ရေးလုပ်သားများကို မြစ်ဝကျွန်းပေါ်ဒေသ မရောက်နိုင်ရန် နှောင့်ယှက်ခဲ့သည်ဟု ဆိုသည်။ လူပေါင်း ၃ သန်းခန့်ကို အိုးမဲ့အိမ်မဲ့ ပြစ်ထားပြီး ပျက်စီးသွားသည့် ဒေသတခုလုံးကိုလည်း လက်ပိုက်ကြည့်နေသည်ဟု ပြောသည်။

နှစ်နှစ်ခန့် ကြာသည့်တိုင် လူထုကို ကယ်ဆယ်ရန်လာသည့် အကူအညီများအား ပိတ်ဆို့ဟန့်တားရုံမျှသာမက၊ ကပ်ဘေး ကာလနှင့် နောက်ပိုင်းတွင် လျစ်လျူရှုနိုင်သည့် မြန်မာစစ်အစိုးရ၏ လုပ်ရပ်ကို သူ ယခုတိုင် နားမလည်နိုင်သကဲ့သို့ ဒေါသဖြစ်နေရသေးသည်ဟုလည်း ဆိုသည်။

"သေသူတွေရဲ့အလောင်းတွေ ရေကန်ထဲမှာ၊ မြစ်ချောင်းတွေထဲမှာ မျောနေတာ ဒီအတိုင်းထားတော့ ရေကြောင့်ကူးစက် တဲ့ရောဂါတွေ ပျံ့ပွားအောင် တမင်အားပေးနေသလို ဖြစ်နေတာပေါ့။ ဆေးဝါး အထောက်အပံ့တွေကို အကူအညီပေးဖို့ တားဆီးနေတာ၊ လျစ်လျူရှုထားတာတွေ ရှိနေတော့ ဒီရောဂါဘေးတွေကနေ လူတွေခုခံကာကွယ်လို့မရအောင် လုပ်ထား သလို ဖြစ်နေတယ်"ဟု ကက်ဆေးက ပြောဆိုသည်။

"ကျနော် အသေအချာ ယုံကြည်နေတာကတော့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ပြီးတဲ့နောက်မှာ စစ်အစိုးရကိုယ်နှိုက်က နောက်ထပ် အရေးပေါ်ကပ်ဘေးတခုကို ဖန်တီးရှာဖွေနေသလိုပဲ။ ရောဂါဘေးတွေ၊ ငတ်မွတ်ခေါင်းပါးမှု၊ သောက်သုံး ရေပြတ်လပ်မှု၊ လျစ်လျူရှု ထားမှုတွေက ဒုတိယမုန်တိုင်းရဲ့သေမင်းတမန်လှိုင်းလုံးလို လိုက်လာတယ်"ဟုလည်း ကက်ဆေး က ပြောသည်။

စစ်အစိုးရအနေဖြင့်မူ သူလိုချင်သည့် ရလဒ်ကို ရခဲ့ပြီဟု ဆိုနိုင်ပါသည်။

SIMON ROUGHNEEN ရေးသားသည့် Haiti Aid Response Far Better than Nargis ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။
http://www.irrawaddy.org/bur/index.php/articles/2-articles/2504-2010-01-29-10-41-50

တိုးချဲ့စီအီးစီနှင့် လာတော့မည့် စီစီ အသစ်




cec


အင်အားတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီ (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) အသစ်နှင့် ပတ်သက်၍ ပြည်သူလူထုကြားတွင် ဝေဖန်မှု မရှိသကဲ့သို့ စိတ်ဝင်စားမှုလည်း သိပ်မရှိကြပါ။ သို့သော် အဖွဲ့ချုပ်အတွင်း လှုပ်ရှားနေသူများ၊ အဖွဲ့ချုပ်နှင့် နီးစပ်သော ပတ်ဝန်းကျင်မှာတော့ အမျိုးမျိုး ပြောနေသံများ ကြားရပါသည်။

“ဘာမှမထူးပါဘူး၊ အသစ်ပါလာတဲ့ သူတွေကလည်း အစက လုပ်နေကျ အလုပ်တွေပဲ လုပ်နေတာပဲ။ အရင်လူဟောင်းတွေကလည်း ဒီအခန်းထဲမှာထိုင်ပြီး ဒီအတိုင်းပါပဲ” ဟူသော ဝေဖန်ချက်မှာ မှန်သလောက် မှန်ပါသည်။

သို့သော် .. ပြင်ဆင်ဖွဲ့စည်းထားသော စီအီးစီ၏ ပထမဆုံးသော အစည်းအဝေးတွင် စီစီ (ဗဟိုဦးစီးအဖွဲ့) ကို ပြန်ဖွဲ့ရန် တိုင်းနှင့် ပြည်နယ် စည်းကော်မတီများထံမှ ၎င်းတို့ကို ကိုယ်စားပြုမည့်သူ (nominee) များ တောင်းတော့မည်ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းမှာတော့ ၁၉၉၈ ခုနှစ်မှစ၍ တခါမှ မကြားဖူးသော အသံကို ကြားရခြင်း ဖြစ်၍၊ အဖွဲ့ချုပ်အတွင်း လှုပ်လှုပ်ရှားရှား ဖြစ်လာရပါသည်။ ထိုအစည်းအဝေးတွင်ပင် စည်းကမ်းထိန်းသိမ်းရေးအရ အရေးယူရန်ရှိသည့် ကိစ္စများကို စည်းရုံးရေးနည်းအရ ဖြေရှင်းရန် ဆွေးနွေးကြသည်ဟု ကြားရပြန်သောအခါ၊ စီအီးစီ၏ ယခင်က လုပ်ဟန်များ ပြောင်းလာသလိုလို ထင်ရပါသည်။

စီအီးစီ-စီစီ မည်သို့ပင် ဖွဲ့စည်းပါစေ အမှန်တကယ် အရေးကြီးသော ဆုံးဖြတ်ချက်ကိုတော့ ချမှတ်နိုင်ဦးမည် မဟုတ်သေးပါ။ အဖွဲ့ချုပ် မည်သို့ဆက်လက်ရပ်တည်မည်၊ မည်သည့်ပုံစံဖြင့် ဆက်လက်လှုပ်ရှားမည် ဆိုသည်တို့မှာ၊ နအဖက ယခုနှစ်အတွင်း ပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲတွင် ဝင်မဝင် ဆိုသည်နှင့် ဆက်စပ်နေပါသည်။ အဖွဲ့ချုပ်က စွဲကိုင်ထားသော ရွှေဂုံတိုင်ကြေညာစာတမ်းအရလည်း ပါတီမှတ်ပုံတင်ဥပဒေ၊ ရွေးကောက်ပွဲဥပဒေများ မထွက်သေးဘဲ၊ ထွက်သည့်တိုင်အောင်လည်း တွေ့ဆုံဆွေးနွေးပွဲ မဖြစ်ဘဲ၊ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို မပြင်ဘဲ၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်မပေးဘဲ၊ ဝင်ရန် ဆုံးဖြတ်ရေး မဖြစ်နိုင်သေးပါ။

အဖွဲ့ချုပ် အဖွဲ့ဝင်အများစုက ရွှေဂုံတိုင်မူကို ယုံကြည်ထောက်ခံပါသည်ဟု ဆိုနေကြသော်လည်း၊ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ဆုံးဖြတ်ချက်ချရန် အချိန်ကျနေပြီဟု ယူဆနေကြသည်။ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အဖွဲ့ချုပ်ကို ထောက်ခံနေသူ အားလုံးလိုလိုကလည်း ဆုံးဖြတ်ချက် မြန်မြန်ကျပြီး မဝင်ဖြစ်ပါက မည်သို့ဖြစ်လာမည်၊ မည်သို့လုပ်ရမည်ဟုသော်လည်းကောင်း၊ ဝင်ဖြစ်ပါက မည်သည့်ရည်ရွယ်ချက်နှင့် မည်သည့်အဆင့်များတွင် မည်သို့ဝင်ကြမှာလဲဟူသော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရတော့မည်ဟု ပြောဆိုသံများကို ကြားနေရပါပြီ။

မှန်လည်း မှန်ပါသည်။ တွေ့ဆုံဆွေးနွေးရေး ဆိုသည်မှာကလည်း အစအနပင်မမြင်၊ ဖွဲ့စည်းပုံကို မည်သို့မှ မပြင်ဟု အထပ်ထပ် ဆိုနေသည့်အခါတွင်၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးပြီး၊ ရွေးကောက်ပွဲဝင်ခွင့် ပြုလျှင်သော်မှ ဝင်ရန် ဆုံးဖြတ်ရေး အလွန်ခက်ပါလိမ့်မည်။

ယခုလို အချိန်မျိုးတွင် အဖွဲ့ချုပ် စီအီးစီကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ စီစီအသစ် ပြန်လည်ဖွဲ့စည်းခြင်းတို့သည် မည်သူတွေ မည်ရွေ့မည်မျှ ပါဝင်သည် ဆိုသည်ထက်၊ မည်သို့သော ဆုံးဖြတ်များကို ချမှတ်ပြီး၊ မည်သည့်အရာများကို မည်သို့မည်ပုံ ပြုလုပ်ရန် ဖွဲ့စည်းခြင်း ဖြစ်သည်ဟူသော တိကျသည့် ဦးတည်ချက်ရှိရန် လိုအပ်နေပါသည်။
http://www.mizzimaburmese.com/edop/songpa/4692-2010-01-29-11-00-35.html

ပေါချောင်ကောင်းနဲ့ ခေတ်ကို အမီလိုက်ကြစို့ရဲ့


ဝေလင်း

၂၉ ဇန်န၀ါရီ ၂၀၁၀

နအဖ တပ်မတော် (လေ)

စကတည်းက တော်တော်ကြီးလွဲသွားခဲ့တဲ့ မြန်မာ့တပ်မတော်တွင်း ကိစ္စလေးတခုအကြောင်းပါ။ သူများကို မခံချင်လို့ ထသတ်ပါတယ်၊ ဒါပေမယ့် ကိုယ်ကအောက်ကပဲဆိုတဲ့ အဖြစ်မျိုးနဲ့ကြုံပြီး နအဖတို့ နှစ်ထပ်ကွမ်း အရှက်ရသွားခဲ့ပုံတွေပါ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ်ပြဿနာမှာ ထိုင်းဘက်က အမေရိကန်လုပ် F 16 တိုက်လေယာဉ်တွေနဲ့ မြန်မာ့နယ်နိမိတ်ကို ဖြတ်ကျော်ပျံသန်းခြိမ်းခြောက်တာကို နအဖတို့ ခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း အင်အားတောင့်တင်းတဲ့ ခေတ်မီတပ်မတော်ကြီး တည်ဆောက်ရေးဆိုပြီး စစ်တပ်တွေထဲမှာ နအဖတို့ အရှက်ပြေလေသံတွေ ပစ်ခဲ့ကြပြန်ပါတယ်။ F 16 လေယာဉ်တွေတင် မဟုတ်ပါဘူး၊ ထိုင်းတပ်တွေဘက်ကနေ GPS စနစ်ကိုသုံးပြီး ပစ်ခတ်လိုက်တဲ့ အမြောက်ဆန်တွေကြောင့် နအဖတို့တင်မက တာချီလိတ်မြို့ခံတွေတောင် ထိတ်လန့်သွား ပါသတဲ့။ ဒီကစလို့ ခေတ်မီတပ်မတော်ဆိုတဲ့ စကားလုံးတွေပဲ နအဖဗိုလ်ချုပ်တွေ နေ့စဉ်နဲ့အမျှ တောက်လျှောက် ရွတ်ဖတ်နေ ကြပါတော့တယ်။ စစ်လက်နက်ခေတ်မီရေးကိစ္စမှာ နအဖတို့အနေနဲ့ ဘယ်လိုများ ဆက်စွမ်းဆောင်နိုင်ခဲ့ကြသလဲဆိုတဲ့ အကြောင်းတွေကို ထပ်မိတ်ဆက်ပေးချင်ပါသေးတယ်။

မူးတင်းပဲတင်း ငြင်းမနေနဲ့ အလကားရ မြန်မာ့လေတပ်မတော်

မြန်မာ့လေတပ်မတော်ကို ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ (၁၆) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ထပ် (၁) နှစ်နီးပါး အင်္ဂလိပ်တို့ပဲ မြန်မာ့လေတပ်မတော်ကို ဆက်ပြီး ကွပ်ကဲ၊ ထောက်ပံ့၊ လေ့ကျင့်ပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် လက်ကျန် အင်္ဂလိပ်၊ အမေရိကန်လုပ် လေယာဉ်တွေနဲ့ အခြားနိုင်ငံတချို့က ၀ယ်ယူထားတဲ့ လေယာဉ်အချို့ပဲ လေတပ်မှာ ရှိခဲ့ပါတယ်။ တိုက်ဂါးမောက် (tiger moths)၊ စပစ်ဖိုင်းယား (spit fires) နဲ့ အော်တာ (otter)၊ ဒါကိုတာ (dakota) စတဲ့ ကမ္ဘာစစ်သုံးလေယာဉ်ပေါင်း (၆၃) စီးနဲ့ ဗမာ့လေတပ်မတော်ကို စဖွင့်ခဲ့တာပါ။ စွမ်းရည်ကျနေတဲ့ လေယာဉ်တွေဖြစ်တာမို့လည်း ၁၉၄၉ ခုနှစ် တနှစ်ထဲမှာ လေယာဉ်ပျက်ကျမှု (၂၄) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ရောက်တော့ မြန်မာလေတပ်မှာ အရာရှိ (၂၃၂) ဦး၊ အခြားအဆင့် (၅,၆၇၇) ဦးအထိ အင်အားတိုးလာခဲ့ပါတယ်။

မူလ မင်္ဂလာဒုံ (ပင်မတိုက်ခိုက်ရေး) လေတပ်စခန်းနဲ့ မိတ္ထီလာ (ထောက်ပို့) လေတပ်စခန်းတို့အပြင် နောက်ထပ် လေယာဉ်အုပ်၊ ရေဒါအုပ်တွေကို ဆက်တိုးချဲ့ခဲ့သလို အရာရှိ (၂၆) ဦးနဲ့ စစ်သည် (၇၅၀) ဦးပါ လေထီးတပ်လို့ခေါ်တဲ့ လေကြောင်းချီတပ် တခုကိုလည်း မဆလတို့ခေတ်မှာ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါသေးတယ်။ ၁၉၈၄ နဲ့ ၁၉၈၆ ခုနှစ်တွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စအတွက် ဗီယက်နမ်စစ်ပွဲကျ ရဟတ်ယာဉ် စုစုပေါင်း (၂၁) စီးကို အမေရိကန်ဆီက အလကားရပြီး တပ်မတော်လေရဲ့ ပြည်တွင်းသောင်းကျန်းသူ စစ်ဆင်ရေးကိစ္စတွေမှာ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့လွတ်လပ်ရေးရပြီးနောက် တလျှောက်လုံး အလကားရတဲ့ စစ်လက်နက်တွေနဲ့ ခေတ်မီအောင် မြန်မာ့လေတပ်မတော်ကို မဆလအစိုးရတို့ တည်ဆောက်ခဲ့ပါတယ်လို့ ပြောရမှာပါ။

ဗရုတ်သုတ်ခထဲ တရုတ်ပဲ ကယ်ပေလို့



၁၉၈၈ ခုနှစ်နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရကို နိုင်ငံတကာက ၀ိုင်းဝန်းပိတ်ဆို့ခဲ့ပါတယ်။ ဒီပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက်ဝယ်ယူခွင့်တွေအပြင် လေယာဉ်နဲ့ ရဟတ်ယာဉ် အင်ဂျင်ပစ္စတင်တွေမှာသုံးတဲ့ အေဗီဂက် (avgas) တွေပါ ၀ယ်မရတာကြောင့် အရင်မဆလခေတ်က တစီးစ နှစ်စီးစ ဟန်ပြအဖြစ် ၀ယ်ထားတဲ့ အနောက်နိုင်ငံလုပ် လေယာဉ်တွေ ပျံတက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘဲလ် (bells)၊ အော်တာ (otters)၊ ချက်မောက် အမျိုးစားလေယာဉ်တွေကို ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံသား ပုဂ္ဂလိကလေယာဉ်မောင်းသမားတွေဆီကို လျှော့ဈေးနဲ့ ပြန်ရောင်းပစ်ခဲ့ရပါတယ်။ ၁၉၇၅ ကနေ ၁၉၈၈ ခုနှစ်အထိ အီတလီ၊ ဆွစ်ဇာလန်၊ ယူဂိုစလပ်လုပ် လေယာဉ် (၅၇) စီးဟာ ဆက်အလုပ်မဖြစ်နိုင်တဲ့အခြေကို ဆိုက်သွားပါတယ်။ မပျံနိုင်တဲ့ အနောက်အုပ်စု လေယာဉ်တွေနေရာမှာ တရုတ်၊ ရုရှနိုင်ငံလုပ် လေယာဉ်တွေနဲ့ အစားထိုးဖို့ နအဖတို့ထပ်ပြီး စဉ်းစားလာရပါတော့တယ်။

အာရှဒေသတွင်း ဒုတိယစစ်အင်အားအကြီးဆုံး တပ်မတော်တခုဖြစ်အောင် တည်ဆောက်ရာမှာ ကြည်းတပ်၊ ရေတပ်တို့လို ခေတ်မီလေတပ်ကြီးဖြစ်လာအောင် နောက်ဆုံးပေါ်လေယာဉ်တွေ အများကြီးလိုပါတယ်။ အရင် မဆလခေတ်တုန်းက လေတပ်မှာ လေယာဉ်နဲ့ ရဟတ်ယာဉ်ပေါင်း (၁၃၁) စီး ရှိရာကနေ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း နောက်ထပ် အစီး (၁၀၀) တိုးပြီး စုစုပေါင်း အစီး (၂၃၁) ရှိလာပါပြီ။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက လေယာဉ်ပေါင်း (၃၁၅) စီး၊ ဘင်္ဂလားဒေ့ရှ်က (၂၀၀) စီးစီ အသီးသီးရှိကြပေမယ့် အဆင့်မြင့်လေယာဉ်တွေ အများစုဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ပိတ်ဆို့ခံထားရတာကြောင့် စစ်လက်နက်ဝယ်ယူရေးမှာ ‘တရားအားထုတ် တရုတ်အားထား’ ဆိုသလို နအဖအစိုးရအဖို့ တရုတ်ကလွဲရင် ဘယ်ကမှ အားကိုးရာ မရခဲ့ပါဘူး။ ၁၉၉၀ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ (၂) ဘီလီယံဖိုး တရုတ်လုပ် လေယာဉ်တွေ နအဖတို့ ၀ယ်ယူခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် တရုတ်ဘက်က မှာယူတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့အတူ ရုရှလုပ် MiG 21 လေယာဉ်ကိုတုပြီး တည်ထွင်ထားတဲ့ တရုတ်လုပ် J အမျိုးစား တိုက်လေယာဉ် (၁၂) စီးကို ၀ယ်ယူခဲ့ကြောင်း သိရပါတယ်။ နိုင်ငံစုံကနေ ၀ယ်ထားတဲ့ စုစုပေါင်းလေယာဉ် (၂၃၁) စီးအနက် ထက်ဝက်နီးပါးပမာဏရှိတဲ့ တရုတ်လေယာဉ် (၁၂၀) စီး ယနေ့မြန်မာ့လေတပ်မှာ ရှိနေပါပြီ။

အမျိုးအစားအားဖြင့် ...

ချင်ဒူး (Chengdu) F 7 (၆၀) စီး
ရှင်ယန်း (Shenyang) J (၆) စီး
နန်ချန် (Nanchang) Q 5 (၃၆) စီး
ရှန်စီ (Shaanxi) Y 8 D 2 (၆) စီး
ဟုန်ဒူး (Hongdu) K 8 (၁၂) စီး

… ပေါင်း (၁၂၀) စီး ဖြစ်ပါတယ်။

မြန်မာအစိုးရ၀ယ်ယူခဲ့သမျှ စစ်လက်နက်ပစ္စည်းအားလုံးရဲ့ (၉၀) ရာခိုင်နှုန်းဟာ တရုတ်ဆီကပါပဲ။ ၁၉၈၉ ခုနှစ် နအဖ တက်လာကတည်းက အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံဖိုး လက်နက်တွေကို တရုတ်က ထောက်ပံ့ပေးခဲ့ပြီး ၁၉၉၀ နောက်ပိုင်း အလတ်စားနဲ့ အပေါ့စားတင့်ကား အစီး (၂၀၀)၊ သံချပ်ကာယာဉ် (၂၅၀)၊ ဒုံးပစ်စနစ်များနဲ့ အမြောက်ကြီး၊ လေယာဉ်ပစ် အမြောက်တွေ၊ မြေပြင်ဝေဟင်ပစ်ဒုံးတွေ၊ ကင်းလှည့်ရေယာဉ်တွေ၊ ဒုံးကျည်တပ် အမြန်တိုက်ရေယာဉ်တွေ၊ ကင်းလှည့်တိုက်ရေယာဉ် … စတာတွေအပြင် တရုတ်ဘက်က သင်တန်းဆရာတွေပါ ကူညီပေးခဲ့ပါတယ်။

ဒုတိယအသုတ် ဒေါ်လာသန်း (၄၀၀) ဖိုးရှိ လက်နက်တွေကို ရောင်းချပေးရာမှာ ရေတပ်ကင်းလှည့်သင်္ဘောတွေ၊ အမြောက်တင်သင်္ဘောနဲ့ ရဟတ်ယာဉ်များစွာ ပါဝင်ခဲ့ပါတယ်။ အင်အား (၄) သိန်းကနေ (၅) သိန်းရှိတဲ့ ဒီကနေ့အခြေအနေထိ အင်အားတောင့်တင်းလာအောင် မြန်မာ့တပ်မတော်ကို အဓိက ကူညီပံ့ပိုးပေးခဲ့တာ တရုတ်ပါပဲ။ ဒါကြောင့် မြန်မာပြည်နေရာအနှံ့မှာ လူသုံးတရုတ်ကုန်ပစ္စည်းတွေတင်သာမက မြန်မာစစ်တပ်ထဲ ရှိရှိသမျှ စစ်လက်နက်ပစ္စည်းတိုင်းဟာ တရုတ်ဖြစ်တွေ အများစုပါ။ ၀ယ်ယူပြီး တရက်အတွင်းမှာ ကံမကောင်းရင် အစုတ်ဖြစ်သွားတတ်တဲ့ တရုတ်စက်တွေရဲ့ သဘောအတိုင်း နအဖတပ်ထဲက စစ်လက်နက်ပစ္စည်းတွေအားလုံး ဘာတခုမှ ရေရှည်အာမခံချက်မရှိကြပါဘူး။ အခုရောင်းထားတဲ့ တရုတ်လုပ်လေယာဉ်တွေအားလုံး ရုရှလေယာဉ်ဒီဇိုင်းကို တုပထားပြီး ၁၉၉၀ ခုနှစ်ထုတ် မော်ဒယ်တွေသာ အများစုပါ။

ဒါကြောင့် ၂၀၀၇ ဒီဇင်ဘာ (၁၈) ရက်နေ့က ပျက်ကျခဲ့တဲ့ တရုတ်လုပ် နန်ချန် Q 5 တစီးဟာ ၁၉၉၄ ခုနှစ်မှာ ၀ယ်ခဲ့တာဖြစ်ပြီး အဲဒီဝယ်ခဲ့တဲ့ လေယာဉ်အားလုံးကို (၅) နှစ်သက်တမ်း အာမခံချက်ပဲ တရုတ်ကုမ္ပဏီတွေက ပေးထားပါတယ်။ ဒါကြောင့် တရုတ်လုပ်လေယာဉ်တွေ စီးဖို့ကို လေသူရဲတိုင်း ထိတ်လန့်နေကြတဲ့အဖြစ် ရောက်နေရပါပြီ။ လေတပ်ထဲက သက်သာဆိုင်တွေမှာ စစ်ဆင်ရေးရှိရင် ဖယောင်းတိုင်တွေ သိပ်ပြီးရောင်းကောင်းကြပါတယ်။ လေယာဉ်ပျက်မကျအောင် လေယာဉ်မှူးတွေ ဆုတောင်းဖို့ပါတဲ့။

တပ်မတော်တရပ်ကို အခြေခံကစပြီး ခေတ်မီအောင် မတည်ဆောက်ဘဲ ပေါချောင်ကောင်း ဟန်ရေးပြကောင်းလောက်ရုံ အဆင့်သာရှိတဲ့ တပတ်ရစ် စစ်လက်နက်တွေကို ၀ယ်ယူတပ်ဆင်ခဲ့တာကြောင့် အလွဲလွဲအမှားမှားတွေဖြစ်ပြီး နအဖတို့ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပုံကို ၂၀၀၁ ခုနှစ် ထိုင်းနယ်စပ်ဖြစ်ရပ်တွေက မီးမောင်းထိုးပြခဲ့ပြီးပါပြီ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ်အရေးပြီးတဲ့နောက် အရေးပေါ်အဖြစ် ရုရှလုပ် MIG 29 လေယာဉ် (၁၂) စီးနဲ့အတူ အမေရိကန် F 16 တိုက်လေယာဉ်ကို တုပထားတဲ့ တရုတ်လုပ်လေယာဉ်တွေကို နအဖတို့ ၀ယ်ယူခဲ့ပါတယ်။

အခုလည်း မြန်မာ့တပ်မတော် (လေ) က တရုတ်ပြည်လုပ် J အမျိုးစား ရှင်ယန်း တိုက်လေယာဉ်တစင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာ (၃) ရက်နေ့မှာ မှော်ဘီလေတပ်စခန်းကနေ ပျံသန်းလေ့ကျင့်စဉ် ကြံခင်းမြို့အနီး ပျက်ကျသွားပြန်ပါတယ်။ ၀ နယ်စပ်မှာ စစ်ပွဲတွေဖြစ်လာခဲ့ရင် အသင့်ရှိနေအောင် အမှတ်စဉ် (၁၃) ဦးမြောက် လေချုပ်ကြီး ဗိုလ်ချုပ်မြတ်ဟိန်း အမိန့်အရ အခုလို ပျံသန်းခဲ့ခြင်းဖြစ်ပါတယ်တဲ့။ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ လေယာဉ်ပျက်ကျမှု ပေါင်း (၉) ကြိမ်ဖြစ်ခဲ့ပြီး ပျမ်းမျှ တနှစ်ကို တစင်းလောက် ပျက်ကျနေတယ်လို့ ဆိုရမှာပါ။ လေယာဉ်တွေက အဆင့်နိမ့်သလို လေသူရဲတွေခမျာလည်း ကျွမ်းကျင်မှု နည်းကြပါတယ်။ လိုအပ်သလို အမြဲတမ်း လေ့ကျင့်ပျံသန်းနိုင်ခွင့်လည်း လေယာဉ်မှူးတွေ မရကြပါဘူး။

သင်တန်းဆင်း ရဟတ်ယာဉ်မှူးကောင်းတယောက်အဆင့်ရောက်အောင် ပျံသန်းလေ့ကျင့်ချိန် နာရီ (၅၀) လောက်သာ ခွင့်ပြုပေးထားပါတယ်။ ကျန်အချိန်တွေမှာလည်း နေပြည်တော်က အမိန့်ပေးလာမှ လေယာဉ်ပေါ်တက် လေ့ကျင့်ပျံသန်းခွင့် ရှိကြပါတယ်။ လေ့ကျင့်ပျံသန်းစဉ် စစ်လက်နက်၊ ဗုံးသီး၊ မြေပြင်ဝေဟင်ပစ်ဒုံးတွေကို တပ်ဆင်မောင်းနှင်ခွင့် လုံးဝမရှိဘူးလို့ သိရပါတယ်။ တဘက်ကလည်း လေယာဉ်တခါပျံတက်ရင် တနာရီမှာ လေယာဉ်ဆီ PC 7 အတွက် (၃၄) ဂါလန်၊ Mi2 ရဟတ်ယာဉ်အတွက်ဆို (၆၈) ဂါလန်၊ A 5 လေယာဉ်များအတွက် (၆၂) ဂါလန်လောက်စီ ကုန်ပါတယ်။ လေယာဉ်ဆီ အလွန်ကုန်ကျတာကြောင့်မို့လည်း လေယာဉ်တွေကို အမြဲတမ်း ပျံတက်လေ့ကျင့်ပေးမနေနိုင်ပါဘူး။ မြေပြင်မှာ စက်နှိုးစမ်းသပ်ရုံလေးနဲ့ကို တစီးကို လေယာဉ်ဆီ နေ့စဉ် (၁၀) ဂါလန်ကျော် ကုန်ကျပါတယ်။ ဒါကြောင့် မြေပေါ်မှာပဲ (၁၀) မိနစ်လောက် စက်ကိုပူအောင် စက်နှိုးပြီး မြေပြင်စမ်းသပ်ပျံသန်းခြင်းတွေကိုသာ နေ့တိုင်းနေ့တိုင်း လုပ်နေကြရပါတယ်။

မပျံဘဲ အပျံစာရင်းပြပြီး လေယာဉ်ဆီထုတ်ရောင်းစားတဲ့ ဖြစ်ရပ်မျိုးတွေကလည်း လေတပ်စခန်းတိုင်းမှာ တပုံကြီးပါ။ ပစ္စည်းတွေက ခေတ်မမီ၊ စစ်သည်တွေက စားဝတ်နေရေးမပြေလည်တော့ ဆီခိုးရောင်းစား အကျင့်ပျက်ကြ၊ ပြုပြင်ထိန်းသိမ်း လေ့ကျင့်ဖို့ နေနေသာသာ လေယာဉ်ဆီဖိုးနဲ့ လေ့ကျင့်ပျံသန်းစရိတ်ကိုတောင် တပ်မတော်လေမှာ လုံလောက်အောင် ချထားမပေးပါဘူး။ မြန်မာ့ဝေဟင်ကို စိုးမိုးမယ့် တပ်မတော်လေ လေယာဉ်တွေ မြေပေါ်မှာ နေ့တိုင်း အပျံကျင့်ပေးနေရတယ်လို့ လေတပ်ပြုပြင်ထိန်းသိမ်းရေးအုပ်က စစ်သည်တွေကိုယ်တိုင် ပြောစမှတ်တွင်နေလေတော့ မခက်ပါလား၊၊

လွဲတာကတော့ အတော့်ကို လွဲနေကြတာပါ။ လေယာဉ်ကို စက်နှိုးပြီး နွားလှည်းလို မြေပြင်မှာ ပျံခိုင်းနေတဲ့ တပ်မတော်ကို ဒါမှ မြန်မာ့ခေတ်မီတပ်မတော် စစ်စစ်ပါလို့ ပြန်ပြင်ပြီး ခေါ်ရတော့မလိုပါပဲ။ စစ်ဆင်ရေးရှိလို့ ပျံကြရပြီဆိုရင်လည်း ဘုရားတပြီး လေယာဉ်တွေ မောင်းနေကြရတဲ့အဖြစ်မျိုး။ တနှစ်တယောက် ကံဆိုးသူမောင်ရှင်စာရင်းထဲ ပါသွားတဲ့ အဖြစ်ဆိုးနဲ့ တပ်မတော်လေက အရာရှိတွေ ရင်ဆိုင်နေရပါတယ်။ ။

http://www.khitpyaing.org/articles/2010/January/29110.php


AAPP Political Prisoner Review




Summary of current situation and analysis

As of 31 December there were a total of 2,177 political prisoners in Burma. This is an overall
increase of 15 in comparison to last year’s figure of 2,162. In 2009, 264
political prisoners were arrested and 266 were released. AAPP also
received information about activists who were arrested and released before
2009, and this retroactive information explains why there is actually an overall
increase of 15during the course of
2009.

These include:

CATEGORY

31 December 2008

31 December 2009

Monks

223

251

Members of Parliament

16

12

Students

272

286

Women

187

178

NLD members

482

430

Members of the Human Rights Defenders and Promoters network

39

34

Ethnic nationalities

204

208

Cyclone Nargis volunteers

20

3o

Teachers

25

27

Media activists

44

41

Lawyers

14

11

In poor health

117

129



Since the protests in August 2007 leading
to September’s Saffron Revolution, a total of 1,167 activists have been arrested and are still in detention.

In 2009, 264 political prisoners were arrested,129activists were sentenced, 266were released, and 71 prisoners were transferred. At least 48 political prisoners reported new health symptoms in 2009,
bringing the total number of political prisoners in poor health to129as
of 31 December 2009. This is due to harsh prison conditions, transfers to
remote prisons where there are no doctors, and denial of proper medical care.

xxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxx
xxxxxxxxxxxxxx
xxxxxxxxxxxxxxxxx




Conclusion

Political prisoners in Burma continued to suffer in
2009. Despite positive signs such as the
international community’s sustained condemnation of the military junta’s human rights
abuses, and visits to Burma by numerous key international dignitaries and diplomats, over 2,100 political
prisoners remain imprisoned across Burma.

As detailed in AAPP’s May 2009 report, Burma’s
Prisons and Labour Camps: Silent Killing Fields, inadequate medical
care, systematic torture, long-term imprisonment, transfers to remote prisons,
and denial of healthcare have led to a growing health crisis for political
prisoners in Burma. As
of 31 December 2009, there were 129 political prisoners in poor health, and
during the course of the year at least 71 political prisoners were subjected to
prison transfers.

With national elections expected to take place in 2010
despite the ongoing detention of prominent political leaders such as NLD leader
Daw Aung San Suu Kyi, AAPP views the release of all political prisoners in Burma as a necessary step towards national reconciliation,
and the creation of a free and democratic Burma.

contact: Tate Naing +66(0) 812 878 751
Bo Kyi +66(0) 813 248 935

ကျန်းမာရေး မကောင်းသူ နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦးရှိ


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာအကျဉ်းထောင်များတွင် ကျန်းမာရေး မကောင်းသည့် နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦး ရှိနေပြီး၊ လုံလောက်စွာ စောင့်ရှောက်မှုပေးရန် လိုအပ်နေကြောင်း ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B နှင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ပြောသည်။

“လုံလောက်တဲ့ ဆေးဝါးကုသမှု မရကြဘူး။ တချို့ထောင်တွေမှာ ထောင်ဆရာဝန် မရှိဘူး။ ခန္တီးထောင်မှာရှိတဲ့ အကျဉ်းသား အတော်များများ ငှက်ဖျားရောဂါ ခံစားနေရတယ်။ အကျဉ်းသား တော်တော်များများ ငှက်ဖျားရောဂါ ရှိတယ်။ ရောဂါရှိတဲ့သူတွေ အချိန်မီ ဆေးဝါးကုသမှုမရဘဲ နောက်ကျတဲ့အတွက် ရောဂါဝေဒနာကို မခံစားသင့်ဘဲ ခံစားနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အကျဉ်းထောင်တွေထဲမှာ အကြောဆိုင်းလာတွေ ရှိသလို၊ မျက်စိ မကောင်းတဲ့ အကျဉ်းသားတွေ များလာတယ်'' ဟု AAPP-B တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။


နိုင်ငံရေး အကျဉ်းသား၏ မိသားစုဝင်တဦးက “ကျန်မာရေး စောင့်ရှောက်မှုကတော့ သူတို့အနေနဲ့ ခရီးသွားဟန်လွဲ လောက်ပဲ ရှိတယ်။ ကမ္ဘာက ပြောမှာစိုးလို့ လုပ်နေတာလောက်ပဲ ရှိတယ်။ ဒီလောက်ထိ ဖိဖိစီးစီး လုပ်ပေးတာမျိုး မရှိပါဘူး။ စောင့်ရှောက်တာမျိုး မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံတင်ဖို့ ခွဲစိတ်ရမယ့် လူနာဆိုရင်လည်း ခွဲစိတ်ရမယ့် အခြေအနေထက် တအားဆိုးဝါးနေတဲ့ အခြေအနေမျိုးကျမှ ဆေးရုံတင်ပေးတယ်” ဟု ပြောသည်။


ထောင်ဒဏ် ၆၅ နှစ်စီဖြင့် နိုင်ငံ့ အစွန်အဖျား ဒေသများတွင် အကျဉ်းကျနေသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင် (ပူတာအိုထောင်၊ ကချင်ပြည်နယ်) သည် သွေးတိုး၊ နှလုံးရောင်နှင့် အဆစ်အမြစ် ကိုက်ခဲသည့် ရောဂါ ခံစားနေရပြီး၊ ကိုကိုကြီး (မိုင်းဆတ်ထောင်၊ ရှမ်းပြည်နယ်) မှာ အသည်းရောင် အသားဝါ B ပိုးနှင့်အတူ အကျိတ်အဖုများ ထွက်နေကာ ရာသီဥတုအေးသဖြင့် ဝေဒနာများ ခံစားနေရကြောင်း AAPP-B ထံမှ သိရှိရသည်။


ထောင်ဒဏ် ၆၅ နှစ်ဖြင့်ပင် ပူတာအိုထောင်တွင် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်သူသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နေသဖြင့် မကြာသေးခင်က ECG (နှလုံးခုန်နှုန်းကို စမ်းသပ်သည့် ကိရိယာ) စစ်ဆေးကြည့်ရာ အစက်အပြောက် ၃ ခု တွေ့ရှိခဲ့ပြီး၊ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုမျိုးမင်းမှာလည်း ထိပ်ကပ်နာ ရောဂါ ခံစားနေရသည်။


အလားတူ ၂ဝဝ၇ ခု နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်ရှိ မြရိပ်ညိုဟိုတယ်ရှေ့၌ စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာ ချိတ်ဆွဲမှုဖြင့် ထောင်ဒဏ် ၈ နှစ်ဖြင့် ပူတာအိုထောင်တွင် ပြစ်ဒဏ်ကျနေရသည့် ကိုဘိုဘိုဝင်းလှိုင်သည် ပြီးခဲ့သည့်လအတွင်း လိပ်ခေါင်းရောဂါကို ခွဲစိတ်ကုသခဲ့သော်လည်း လိုအပ်ပါက ဆေးရုံတင်ရမည် ဆိုလျှင် ထောင်အာဏာပိုင်များထံ ရက်သတ္တတပတ်ခန့် အချိန်ယူတင်ပြရကြောင်း ယခုလ ၂၆ ရက်နေ့တွင် ထောင်ဝင်စာ တွေ့ခဲ့သည့် မိခင်ဖြစ်သူ ဒေါ်မီမီလှိုင်က ပြောသည်။


သူက “ဘိုဘိုဝင်းလှိုင်ကိုလည်း ၃ ရက်နဲ့ ဆေးရုံက ဆင်းခိုင်းတာတွေ ရှိတယ်။ တကယ်လို့ ဒီလူနာက သွေးလွန်သွားရင် ဆေးရုံကို ချက်ချင်း လာပို့နိုင်မလားလို့ မေးတော့ တပတ်လောက်မှ၊ အထက်ကို စာတင်ပြီးမှ အချိန်ယူရမယ်လို့ ပြောတော့ ဆရာဝန်က သက်သာတဲ့ အချိန်မှ ဆင်းပေးလိုက်တယ်။ တခါလုပ်ပေးဖို့ဆိုရင် ၇ ရက်၊ ၈ ရက် အချိန်ယူပြီးတော့မှ အထက်ကို စာတင်ရတာတွေ ရှိတယ်” ဟု ပြောသည်။


ကိုဘိုဘိုလှိုင်ဝင်း လတ်တလော ခံစားနေရသည့် ငှက်ဖျားနှင့် နှလုံးရောဂါအတွက် ဆေးဝါးလိုအပ်နေသဖြင့် မိခင်က ဆေးဝယ်ပေးခဲ့ရသည်။


ပူတာအိုထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးခန့်ရှိရာ ၎င်းတို့ ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်က တလလျှင် တကြိမ်မျှသာ ကျန်းမာရေး အခြေအနေကို လာရောက် စစ်ဆေးပေးကြောင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။


မန္တလေးမြို့ အုတ်ဖိုထောင်တွင် ထောင်ဒဏ် ၁၀၄ နှစ် ကျခံခဲ့ရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ - ဗကသ (အထက်ဗမာပြည်) ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်မင်းယုကို၏ ကျန်းမာရေး အခြေအနေမှာလည်း ဆိုးရွားနေကာ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်၏ နှလုံးသွေးကြောကျဉ်းရောဂါ ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း AAPP-B က ပြောဆိုသည်။


မြန်မာတနိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသားများမှာမူ ၂၁၀၀ ကျော်ရှိကြောင်း AAPP-B စာရင်းများက ဆိုထားသည်။


(ရဲရင့်အောင် တည်းဖြတ်သည်။)

http://www.mizzimaburmese.com/news/inside-burma/4695-2010-01-29-12-43-21.html

ကျော်ခွဖို့အတွက် PhProxy add-on သုံးကြည့်စို့

ကျော်ခွဖို့အတွက် PhProxy add-on သုံးကြည့်စို့

သူကတော့ ကျော်ခွဖို့အတွက် ခါးတောင်းကျိုက် မနေပါနဲ့တော့ . ခေါင်းစားမနေပါနဲ့တော့ . အိနြေ္ဒရရလေးနဲ့ add-on လေးသုံးပြီး ပေါ့ပေါ့ပါးပါးလေး ကျော်ကြည့်ရအောင်ပါ . လုပ်နည်းကတော့ လွယ်ပါတယ် . တစ်ဆင့်ချင်းသာ လုပ်သွားပါ . firefox add-on ကို သုံးဖူးသူကတော့ ချက်ချင်းသဘောပေါက် သွားမှာပါ အားလုံးပဲ အဆင်ပြေ ကြမယ်လို့ မျှော်လင့်မိပါတယ် .


လုပ်နည်း

  • ဒီကို သွားလိုက်ပါ . Add to firefox ကို နှိပ်ပါ .
  • Download Now နှိပ်ပါ။ ပြီးရင် install လုပ်လိုက်ပါ
  • Firefox Browser ကို restart လုပ်လိုက်ပါ . (တစ်နည်းအားဖြင့် firefox နှင့်ဖွင့်ထားသမျှတွေအားလုံးကို ပိတ်လိုက်ပြီးတော့ ပြန်ဖွင့်ပါ .)
  • Firefox screen ရဲ့ ညာဘက်အောက်မှာ အပြာရောင် P ပုံလေးပေါ်လာပါလိမ့်မယ်။ အဲ့ဒါဆိုရင် phproxy ကို သုံးလို့ရသွားပါပြီ . စမ်းကြည့်လိုက်ပါ .
  • ပိတ်ထားသော ၀ဘ်ဆိုက်တွေ နှင့် Website တစ်ခုခုကို ဖွင့်ရင်းနဲ့ Access Denied page ပေါ်လာလျှင် အပြာရောင် P လေးကိုသာ နှိပ်ပြီး ခဏစောင့်လိုက် ပြီးတာနှင့် ပိတ်ထားသော website ပွင့်လာ ပါလိမ့်မယ်။

ကဲ အားလုံးပဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် .
http://www.nyinaymin.com/2010/01/phproxy-add-on.html
မှရယူပါသည်။

PDP NEWS BULLETIN ISSUE 4/4

http://ifile.it/blqztykBinder 1