Sunday, January 31, 2010

31 Jan ဒိုင်ယာရီ

http://ifile.it/omhv8c531 Jan Yeyintnge's Diary

၂၀၁၀ ရွေးကောက်ပွဲသည် မကျင်းပမီ ကပင် လွတ်လပ်မှု၊ တရားမျှတမှု မရှိကြောင်း

နအဖ စစ်အစိုးရ ကျင်းပပေးမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲသည် မကျင်းပမီ ကပင် လွတ်လပ်မှု၊ တရားမျှတမှု မရှိကြောင်း သုံးသပ်ထုတ်ပြန်ချက်

၁။ အမျိုးသားညီလာခံ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း) နှင့် လူထုဆန္ဒခံယူပွဲတို့ အပေါ်မြန်မာနိုင်ငံရှေ့နေများ ကောင်စီ ၏ အမြင်သဘောထား
မြန်မာနိုင်ငံရှေ့နေများကောင်စီသည် န.အ.ဖ စစ်အစိုးရမှဦးစီးကျင်းပခဲ့သည့် အမျိုးသားညီလာခံနှင့် ယင်းညီလာခံမှ ထွက်ပေါ် လာသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့်မူများ၌ ပါဝင် သည့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီ ခြင်းမရှိသည့် အချက်များကိုလည်းကောင်း၊ န.အ.ဖ စစ်အစိုးရမှ ဖွဲ့စည်း ပေးသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မရှင် သည် မြန်မာနိုင်ငံတွင် ခိုင်မာတောင့်တင်း၍ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုဖြစ်ပေါ်စေနိုင်မည့် ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေတရပ်ကို ရေးဆွဲပေးနိုင်မည့် ကော်မရှင်မဟုတ်ကြောင်း ကို လည်းကောင်း၊ ယင်းကော်မရှင် မှ ရေးဆွဲလိုက်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (မူကြမ်း) တွင်ပါဝင် သည့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသည့် ပုဒ်မ များ ကိုလည်းကောင်း၊ န.အ.ဖ စစ်အစိုးရမှ ဖွဲ့စည်း ပေးသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း) လူထုဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် သည် နိုင်ငံတကာ ဥပဒေ စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိသောကြောင့် လူထုဆန္ဒခံယူပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးနိုင် မည် မဟုတ်ကြောင်းကို လည်းကောင်း၊ ၂၀၀၈ ခုနှစ် မေလ တွင်ကျင်းပပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူပွဲသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း မရှိသဖြင့် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ကို ကိုယ်စားပြုနိုင်မည်မဟုတ် ကြောင်းကိုလည်းကောင်း၊ အစဉ်တစိုက်လေ့လာဆန်းစစ်လျက် ဆန့်ကျင်ကန့်ကွက်ခဲ့ပါသည်။


၂။ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နအဖ စစ်အစိုးရ၏ သဘောထား
န.အ.ဖစစ်အစိုးရသည်၂၀၀၈ခုနှစ် မေလတွင် လူထုဆန္ဒခံယူပွဲ မကျင်းပမီကပင် ၂၀၀၈ခုနှစ်၊ ဖေဖေါ်ဝါရီ လ (၉) ရက်နေ့၌ ကြေ ငြာချက်အမှတ် ၂/၂၀၀၈ ကိုထုတ်ပြန်၍ “ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ” အတိအလင်း ထုတ်ပြန် ကြေငြာခဲ့သည်။
ထို့ပြင် န.အ.ဖ. ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် “၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်” ဖြစ်ကြောင်းကို ၂၀၀၉ ခုနှစ်၊
အောက်တိုဘာလ (၉) ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ တွင်လည်းကောင်း၊ ၂၀၀၉ ခုနှစ် ၊ နိုဝင်ဘာလတွင်ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်း၏နှစ်ပတ်လည် အစည်းအဝေးတွင်လည်းကောင်း၊ (၆၂) နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ တွင် လည်းကောင်း အကြိမ်ကြိမ် ပြောဆိုထားခဲ့ပြီးဖြစ်သည်။


၃။ ရွေးကောက်ပွဲ ဥပဒေနှင့် စပ်လျဉ်း၍ နအဖ ၀န်ကြီးချုပ်၏ ပြောကြားချက်

၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ချာ့အမ်းမြို့ တွင်ကျင်းပသည့် (၁၅)ကြိမ် မြောက် အာဆီယံထိပ်သီးညီ လာခံတွင် န.အ.ဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က “ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို မကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း ” နိုင်ငံတကာခေါင်းဆောင်များအလယ် တွင် အတည်ပြုပြောဆိုခဲ့ သည်။ သို့သော် ရွေးကောက်ပွဲတရပ် ကျင်းပမည်ဆိုပါက မဖြစ် မနေလိုအပ်သည့် ရွေးကောက်ပွဲကျင်းပရေး ကော် မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ စသည့် ဥပဒေ များကို ယနေ့ထက်တိုင်အောင်ပြဌာန်း နိုင်ခြင်းမရှိသေးပေ။
၎။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တရပ် ကျင်းပနိုင်ရန် လိုအပ်သည့် ဥပဒေအခြေခံ လုပ်ထုံးလုပ်နည်းများ
လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ ရေသောက်မြစ်တခုဖြစ်သကဲ့သို့ပင် လူ့အခွင့်အရေးအခြေခံအ ချက်တရပ်လည်းဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၂၁) အပိုဒ်ခွဲ (၁) တွင် တရားမျှတ သောရွေးကောက်ပွဲများမှတဆင့် လူတိုင်းသည် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး ၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်တင်မြှောက် လိုက်သည့် ကိုယ်စားလှယ်များမှတဆင့်ဖြစ်စေ၊ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်ဟူ၍ လည်းကောင်း၊ အပိုဒ် (၂၁) အပိုဒ်ခွဲ (၃) တွင် ပြည်သူလူထု၏ ဆန္ဒသည် အုပ်ချုပ် မှုအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြား၍ တရားမျှတစွာ ကျင်းပသော ရွေးကောက် ပွဲများဖြင့်ထင်ရှားစေရမည်။
ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ မဲဆန္ဒပေးပိုင်ခွင့်ရှိရမည့်အပြင် ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ် ဖြင့်ဖြစ် စေ၊ အလားတူလွတ်လပ်သောမဲပေးစနစ်ဖြင့် ဖြစ်စေ ကျင်းပရ မည် ဟုဖေါ်ပြထားသည်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ် ကျင်းပနိုင်ရန် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥပဒေကိုပထမဦးစွာ ထုတ်ပြန်ပေးရမည်ဖြစ်သည်။သို့သော်န.အ.ဖစစ်အစိုးရအနေဖြင့်၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေအရ ဖွဲ့စည်းထားသည့် ပါတီစုံအထွေထွေရွေး ကောက် ပွဲ ကျင်းပရေး ကော်မရှင်ကိုလည်း ယနေ့ထက်တိုင်အောင် ဖျက်သိမ်းခြင်းမရှိသေးပါ။
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို ပြဌာန်းပေးရမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ် ကျင်း ပနိုင်ရေးအတွက် အရေး ကြီးသောအခန်းကဏ္ဍမှ ပါဝင်သည့်အားလျှော်စွာ ယင်းဥပဒေကိုရေးဆွဲရာတွင် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အနေဖြင့် ပထမဦးစွာ ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ယင်းဥပဒေမူကြမ်းကို နိုင်ငံ တော်သို့ထုတ်ပြန်ကြေငြာ၍ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီ များ ၏ သဘောဆန္ဒ အကြံပြုချက်များကို တောင်းခံ ရယူခြင်း၊ ထိုသဘောဆန္ဒ အကြံပြုချက်များကို အတတ်နိုင်ဆုံးညှိနှိုင်းလျက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ကိုရေးဆွဲထုတ်ပြန်ခြင်း စသည့်အဆင့်များကို ပြုလုပ်ကြရမည်ဖြစ်သည်။

၅။ နအဖ စစ်အစိုးရ နှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်နေမှုများ
မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ဝန်ကြီးများ ကိုယ်တိုင် အဂတိလိုက်စားမဲဆွယ် စည်းရုံးနေမှုများကို ကြေငြာချက် ထုတ် ပြန်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် န.အ.ဖ အုပ် ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် အစိုးရ (အငြိမ်းစား) ၀န်ထမ်း များစာရင်း ကို ကြိုတင်ကောက်ခံလျက်ရှိခြင်း၊[1] မဲဆန္ဒ ရှင်များစာရင်းကို ကြိုတင်ကောက်ခံလျက်ရှိခြင်း၊[2] နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ကျောင်းဆင်းတချို့ ကို ရွေးကောက်ပွဲ တွင် ၀င်ရောက်အရွေးချယ်ခံနိုင်ရန်ကြိုတင်ပြင် ဆင်မှုများပြုလုပ်နေခြင်း၊[3] ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် နိုင်ငံရေးပါတီတရပ် သဖွယ် မဲဆွယ်စည်းရုံးနေမှုများ[4] တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ မဲဆွယ်စည်းရုံးနေမှုများ၊[5] စသည် တို့အပြင် န.အ.ဖ ၏ လုပ်ရပ်များကို ဆန့်ကျင်ခြင်းမရှိသည့် တခြားသော နိုင်ငံရေးအင်အားစုများ၏ မဲဆွယ် စည်း ရုံးနေ မှုများ၊ စသည်တို့ကို စစ်အစိုးရအနေဖြင့် မသိကျိုးကျွံပြု ခွင့်ပြုလျက်ရှိသည်။

၆။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးနိုင်ငံရေးပါတီများ ၏ အခြေအနေ
၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်း/ပြည်နယ် ရုံးခန်းများ နှင့် မြို့နယ်ရုံးခန်း များကို အကြောင်းပြချက်မရှိ ချိတ်ပိတ်ထားခြင်းမှ ယနေ့ထက်တိုင် အောင်ပြန်လည်ဖွင့်လှစ်ခွင့်မပေးသေး ခြင်း၊[6] ပါတီဝင်အသီးသီးအပေါ် အာဏာပိုင်တို့မှ နှောင့်ယှက် ဟန့်တား ဖမ်း ဆီးနှိပ်စက် အကျဉ်းချထားခြင်းများကို ယနေ့ ထက်တိုင်အောင်ပြုလုပ်ကျူးလွန်လျက်ရှိခြင်း၊ ၁၉၉၀ ပြည့် နှစ် ရွေး ကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများကို ဖျက် သိမ်းထားသဖြင့် ယနေ့ထက်တိုင်အောင်စည်းရုံး လှုပ် ရှားခွင့် မရရှိခြင်း၊ စသည်တို့ ဖြစ်ပေါ်လျက်ရှိသည်။

၇။ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရန်အတွက် ရှိရမည့် နိုင်ငံရေးအခြေအနေ
လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရန်အတွက် နိုင်ငံရေးတည်ငြိမ်မှု ရှိရန် မဖြစ် မနေလိုအပ်ပါသည်။ န.၀.တနှင့် န.အ.ဖ စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးတည်ငြိမ်မှုမရှိကြောင်း ကိုအောက်ပါ အကြောင်းအချင်းရာ များက ပြဆိုလျက်ရှိသည်။
(က)ယနေ့ထက်တိုင်အောင်၊ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်တို့အားအိမ်အကျယ်ချုပ်ကျဖြင့်ထိန်းသိမ်းထားခြင်းနှင့်တိုင်းရင်း သားခေါင်းဆောင်များ၊(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ရဟန်းသံဃာ များအပါအ၀င်နိုင်ငံရေးအကျဉ်းသား ပေါင်း (၂၀၀၀)ကျော်၊မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင်နှစ်ရှည်ထောင်ဒဏ် များ ချမှတ်ခံထားရခြင်း၊[7]
(ခ) ပြည်သူလူထု၏ စားဝတ်နေရေး အထွေထွေအကြပ်အတည်းကို အကြောင်းပြု၍ ၂၀၀၇ စက်တင် ဘာလတွင် ရဟန်းရှင်လူ၊ လုပ်သားပြည်သူ သိန်းနှင့်ချီ၍ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းနှင့် န.အ.ဖ စစ် အစိုးရမှ အကြမ်းဖက် ပစ်ခတ် နှိမ်နင်းခဲ့ခြင်း၊
(ဂ) အောက်ခြေတပ်မတော်သားများအတွင်း စားဝတ်နေရေးပြည့်စုံခြင်းမရှိသဖြင့် ဆန္ဒပြတောင်းဆိုမှု များ[8]၊ နောက်ဆက်တွဲ
ခမရ (၈၀) နှင့် ထောက်လှမ်းရေးတပ် ခမရ (၅) တို့၏ ပစ်ခတ်မှုများ[9]
(ဃ) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးလုပ်ကြံခံရမှုနှင့် ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ၀န်ထမ်းဦးသူရကျော်
တို့သည် သတင်းလွတ်လပ်ခွင့်မရှိခြင်းကြောင့် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြား သည်ဟူသောအကြောင်းပြချက်ဖြင့် သေဒဏ် ချမှတ်ခံရမှုများ[10]
(င) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ယနေ့ထက်တိုင်အောင်မြင်သာထင်ရှားသော ငြိမ်းချမ်း ရေး ရယူနိုင်မှု မရှိသေး သည့်အခြေအနေများ
(စ) တနေ့တခြား ဆိုးရွားလျက်ရှိသော ပြည်သူ့ဘ၀ စားဝတ်နေရေးအခြေအနေများ
(ဆ) မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိသည့်အခြေအနေများ[11]

၈။ ဖျက်သိမ်းရမည့် ဥပဒေများ
ရွေးကောက်ပွဲတရပ်မကျင်းပခင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာဥပဒေနှင့် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်ကိုက် ညီခြင်းမရှိသည့် အောက်ပါဥပဒေများကို ဖျက်သိမ်းရမည်ဖြစ်သည်။
(က) ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ
(ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/၈၈
“ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ ”
(ဂ) ၁၉၇၅ ခုနှစ် “ နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်သည့်ဥပဒေ ”
(ဃ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် - ၅/၉၆
“ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးရေးနှင့် အမျိုးသားညီ လာခံ လုပ်ငန်းများ အောင်မြင်
စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ”
(င)န.၀.တဥပဒေအမှတ်-၉/၈၉“နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ”
(စ)၁၉၀၈ ခုနှစ် မတရားသင်း မြန်မာနိုင်ငံဥပဒေများအတွဲ - ၂ မတရားသင်းနှင့် သက်ဆိုင်သည့် ဥပဒေ ပြဌာန်းချက်များ
(ဆ)၂၀၀၄ ခုနှစ်၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဇ) ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(ဈ) ၁၉၉၀ ပြည့်နှစ် န.၀.တ ဥပဒေအမှတ် ၂၀၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ၊
(ည) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၈ ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ
(ဋ) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၉၊ ရုပ်ရှင်ဥပဒေ
(ဌ) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၁၀ ၊ ကွန်ပျူတာပညာဖွံ့ဖြိုးရေး ဥပဒေ
(ဍ) ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း)
စသည့် ဥပဒေများသည် ဖျက်သိမ်းရမည့်ဥပဒေများဖြစ်သည်။

၉။ မြန်မာနိုင်တွင်ကျင့်သုံးလျက်ရှိသည့် မဲပေးစနစ်
ရွေးကောက်ပွဲတွင်မဲပေးသည်ဆိုခြင်းမှာ ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအတွင်းတွင် အမည်စာရင်းတင်သွင်းထားကြ
သည့်ကိုယ်စားလှယ်များ၏ အရည်အချင်းကိုသေသေချာချာလေ့လာစိစစ်လျက် တိုင်းပြည်၏ အကျိုးစီးပွားတစုံတရာကို ထမ်းဆောင်နိုင်မည့်
ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် မဲမပေးလျှင်မနေရ၊ မဖြစ်မနေ မဲပေးရမည်ဆိုသည့် ဥပဒေပြဌာန်းချက်မျိုးမရှိပါ။ မဲဆန္ဒ ရှင်များအနေဖြင့် မိမိသဘော
ဆန္ဒအရသာ မဲပေးလိုကပေးနိုင်ခွင့်ရှိသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။

၁၀။ သုံးသပ်ချက်
ရွေးကောက်ပွဲတစ်ရပ်၏ အဓိက ကျောရိုးမှာ “ လွတ်လပ်မှု နှင့် တရားမျှတမှု ” ပင်ဖြစ်သည်။ သို့သော် န.အ.ဖ စစ်အစိုးရ၏ အထက်
ဖေါ်ပြပါလုပ်ရပ်များကို နှိုင်းယှဉ် သုံးသပ်ပါက -
၂၀၁၀ ခုနှစ် အတွင်းတွင် ရွေးကောက်ပွဲကျင်းပခြင်းသည် ပါဝင်ယှဉ်ပြိုင်ကြမည့်နိုင်ငံရေးပါတီများအတွက် မဲဆွယ်စည်းရုံးရန်လုံ
လောက်သော အချိန်ကာလ ရရှိနိုင်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ယနေ့ထိ တိုင် ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ဥပဒေတို့ကို ထုတ်ပြန်ကြေငြာခြင်း မရှိပါ။
-အထက်ဖေါ်ပြပါ ဥပဒေများကို နည်းလမ်းမှန်ကန်စွာဖြင့် ထုတ်ပြန်ပေးခြင်းမရှိသေးမီ အချိန်ကတည်းက ပင် န.အ.ဖ စစ်အစိုးရ နှင့် လက်ဝေခံများက ၂၀၁၀ ရွေးကောက်ပွဲအတွက် လက်ဦးမှုရယူကာ ကြိုတင်ပြင်ဆင်မှု များပြုလုပ်လျက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြခြင်း၊
- စစ်မှန်သော ဒီမိုကရေစီနိုင်ငံတရပ် ထူထောင်နိုင်ရေးကို ဦးတည်လုပ်ဆောင်နေကြသည့် ၁၉၉၀ ပြည့် နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ကြသော အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်း သားနိုင်ငံရေးပါတီများကိုမူ ယနေ့ထက် တိုင်အောင် အမျိုးမျိုးဖိနှိပ်လျက်ရှိခြင်း၊ထို့ပြင် န.အ.ဖ စစ်အစိုးရက ကျင်းပမည့်၂၀၁၀ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် များသည် ရွေးချယ်ခံရပြီးနောက်ပိုင်းတွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ သက်ဝင်လှုပ်ရှားရမည့် လွှတ်တော်များသို့ တက်ရောက်ကြရမည်ဖြစ်သည်။
တိုင်းပြည်နှင့်ပြည်သူ့အကျိုးကို ထမ်းဆောင်ကြရမည်ဆိုခြင်း ထက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်တည်တံ့ရေးကိုသာ လုပ်ဆောင်ကြရမည်ဖြစ်သည်။
အထက်ဖေါ်ပြပါ အကြောင်းအချက်များအရ န.အ.ဖ စစ်အစိုးရ ကျင်းပပေးမည်ဆိုသည့် ၂၀၁၀ ရွေး ကောက်ပွဲသည် မကျင်းပမီ ကပင်“ လွတ်လပ်မှု၊တရားမျှတမှု” မရှိကြောင်းနှင့် အားလုံးလွှမ်းခြုံပါဝင်နိုင်မည့်ရွေး ကောက်ပွဲမျိုးမဟုတ်ပါ။
ထို့ကြောင့် မြန်မာ့ပြည်သူလူထုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် န.အ.ဖ ၏ မည်သည့်ကိုယ်စား လှယ် ကိုမှ မဲမပေးခြင်း၊ မဲရုံများသို့သွားရောက်မဲမထည့်ခြင်းအားဖြင့် လူထုပါဝင်ပတ်သတ်မှု မရှိသောမတရားသည့်ရွေးကောက်ပွဲအဖြစ် ထင်ရှားစေခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြပါရန် နှင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ လည်း အဆိုပါရွေးကောက်ပွဲကို လုံးဝ အသိ အမှတ်မပြုသင့်ပါကြောင်း တို့ကို အလေးအနက်ပန်ကြားလျက် သုံးသပ်ချက် ထုတ် ပြန် အပ်ပါသည်။


၁၅.၁.၂၀၁၀
အသေးစိတ်သိရှိလိုပါလျှင် - ဥပဒေရေးရာသုံးသပ်ရေးဌာန
ဦးမျိုး မြန်မာနိုင်ငံရှေ့နေများကောင်စီ
တာဝန်ခံ၊ ဥပဒေရေးရာသုံးသပ်ရေးဌာန၊ ဖုန်း - ၀၈၆၂၁၆၀၁၀၈

[1] ခေတ်ပြိုင်၊ ၅ ဇန်န၀ါရီ ၂၀၁၀
[2] 15.12.2009 RFA
[3] 16.10.2009 RFA
[4] 31.3.2009 BLC Statement
[5] 19.1.2009 RFA , 25.9.2009 ဧရာဝတီ
[6] NLD ၏ထုတ်ပြန်ကြေငြာချက်များ
[7] AAPPB MONTHLY CHRONOLOGY DECEMBER 2009
[8] 24.12.2009 BLC Statement
[9] January 12, 2010 BBC Burmese News
[10] ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်နေ့ ၊ ဦးစိန်လွင် နှင့် မဇ္ဈိမသတင်းဌာန အင်တာဗျူး
[11] မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာထုတ်ပြန်ကြေငြာချက်များ

http://www.hittai.org/main.htm

ရိုဟင်ဂျာရေးရာ လူမှူစီးပွားသတင်းဂျာနယ် Volume 1 of Issue 2 (February 2010)


ဂျပန် နိုင်ငံ ရှိ ရိုဟင်ဂျာ ကျောင်းသားများ မှ ထုတ်ဝေသည် ရိုဟင်ဂျာရေးရာ လူမှူစီးပွားသတင်းဂျာနယ် Volume 1 of Issue 2 (February 2010)
လေးစားစွာဖြင့်
စိုးအောင်
http://ifile.it/uqrklxsFebruary 1of2

Letter to all and Weekly Political Events Regarding the SPDC's Election

http://ifile.it/6mow8eu Letter to All

http://ifile.it/lyrdc49
Weekly Political Events Regarding the SPDC's Election

Voice of Burma သတင်းစဉ်အမှတ် - ၇၄၇

http://ifile.it/joc4dhwOice of Burma

ရွာအပြန်အမောများ

ရွာအပြန်အမောများ
မင်းဘူး-ပွင့်ဖြူ-ဆင်ဖြူကျွန်း ကားလမ်းဘေးတစ်နေရာက ရှောက်တောမြို.လေးရဲ. အ၀င်မှာ အေးချစ်မြိုင်ကားပေါ်က ကျွန်တော် ဆင်းခဲ့ပါသည်။ ရန်ကုန်မှ လိုက်ပါလာသည့် အဝေးပြေးကားပေါ်မှ ဆင်းဆင်းချင်း အညာရနံ.ကို ရှုရှိုက်ခွင့်ရသည်။ ဆယ့်ငါးနှစ်ကျော် ခွဲခွာခဲ့ရသည့် အညာမြေသည် ရုတ်တရက် ပြန်ရောက်လာသည့် အခါတွင်လဲ နွေးထွေးစွာ ကြိုနေဆဲလို. ခံစားရပါသည်။

ထိုအချိန်မှာ ရောင်နီမလာသေးပါ။ ဒီဇင်ဘာနှင်းက ပိတ်နေတာမို. အနားက အကြော်ဆိုင်မှာ မီးလှုံပြီးမှ ခရီးဆက်ဖို. စဉ်းစားလိုက်ပါသည်။ ရွာဖက်ကိုသွားမည့် လူတစ်ယောက်နှင့် အကြော်ဆိုင်တွင် စကားစပ်မိပြီး လှည်းကြုံလိုက်ဖို. အဆင်ပြေသွားသည်။ မဟုတ်လျှင် ရှောက်တောမှ ကျွန်တော်သွားမည့် ဇီးတောရွာကလေးကို ရောက်ရန် ဆည်ရေလွှတ်သည့် မြောင်းဘောင်တစ်လျှောက် တစ်နာရီလောက် လမ်းလျှောက်ရမှာဖြစ်သည်။

ဖုန်တလိပ်လိပ်နဲ. လှည်းလမ်းတစ်လျှောက်မှာ ယာတောဆင်းလာတဲ့ လယ်သူမတွေနဲ.တွေ.ရပါသည်။ နေ.လည်စာထည့်သည့် ဒန်ချိုင့်ကိုယ်စီနှင့် ဖြစ်သည်။ ပဲသိမ်းချိန်ဖြစ်သဖြင့် တံစဉ်ကိုင်လာသူတွေက ပဲစင်းငုံချိတ်ဖို. သွားကြတာဖြစ်မည်။ သို.မဟုတ် နေကြာချိတ် သွားသူများလည်း ဖြစ်နိုင်သည်။ တချို.နေကြာခင်းတွေ မသိမ်းရသေးတာကို အ၀ါရောင်ပန်းခင်းကြီးအဖြစ် လှည်းပေါ်မှမြင်နေရသည်။ တူရွင်းငယ်ကိုယ်စီ ကိုင်လာကြသူများကတော့ သေချာသည်။ မုန်းချောင်းနံဘေးက မြေနုကျွန်းတွေဆီကို ကြက်သွန်ဖော်ဖို. သွားကြလိမ့်မည်။

ပြီးခဲ့သည့် လယ်စိုက်ချိန်မှစပြီး အလုပ်သမားခတွေ ဈေးတက်သည်ဟု လှည်းမောင်းလာသူက လယ်သူမများကို ကြည့်ရင်း ရှင်းပြပါသည်။ တစ်နေ.အတွက် နေ.စားခ ရှစ်ရာကျပ်မှ နှစ်ရာတိုးပြီး တစ်ထောင်ဖြစ်သွားခြင်းဟု သိရသည်။ လုပ်အားခများ ၂၅% တိုးသည် ဟုပြောနိုင်မည်ထင်သည်။ သို.သော် စာလေးမတောက်တခေါက်ဖတ်ပြီး Poverty Line တို. Human Development Index တို.လို စကားလုံးတွေကို ကြားဖူးနားဝရှိနေသော ကျွန်တော့်အဖို. သူတို.၏လက်ရှိဝင်ငွေအပေါ် စိတ်မသက်မသာ ဖြစ်သွားရပါသည်။

အဆင်ပြေကြရဲ.လားဟု ကျွန်တော်ကမေးသောအခါ ဒီလိုပါပဲဟု လှည်းဆရာက ဖြေသည်။ သို.သော် လမ်းတလျှောက်မြင်နေရသည့် အလုပ်သမများ၏ ဒန်ချိုင့်အားလုံးတွင် လက်ဖက်အကြမ်းနည်းနည်း၊ ပဲခြမ်းကြော်နည်းနည်းကို ဆီပါရုံဆမ်းပြီး မာဆတ်ဆတ်ထမင်းကြမ်း တစ်ခဲနှင့်ရောကာ နေ.လည်စာအဖြစ် ထည့်လာမည်ကို ကျွန်တော်အတတ်သိနေသည်။ သူတို.ကိုယ်တိုင်က သူတို.ဘ၀ကို စိတ်ညစ်ရကောင်းမှန်း မသိသောအခါ မွန်းကြပ်လာသည့် ကျွန်တော့်မှာ သက်ပြင်းကိုသာ ချလိုက်မိပါသည်။

ရင်းနှီးခဲ့ဖူးသည့် အသံတစ်ချို.ကို ရွာမရောက်ခင် လယ်ပြင်စပ်မှာ စကြားရသည်။ ကျွန်တော့်အရီးလေး မတင်အေးအသံလဲပါသည်။ ကျွန်တော့်ထက် အသက်နှစ်နှစ်သာကြီးသည့် အရီးလေးက ရွာမှာ ကာလသမီးခေါင်းဖြစ်နေပြီ။ လယ်များများပိုင်သူတွေက စိုက်ချိန်၊ သိမ်းချိန်ဆိုလျှင် သူမနှင့်ညှိရနှိုင်းရသည်။ ဘယ်သူ.လယ်ဘယ်နေ.စိုက်မည်။ ဘယ်သူ.စိုက်ခင်းကို ဘယ်သူတွေလုပ်မည် စသဖြင့် သူမကစီမံနိုင်သည်။ ကုန်းဇောင်းရွာ၏ အလုပ်သမားရေးဝန်ကြီးဟု ကျွန်တော်တခါတရံ နောက်သောအခါ မူလတန်းသာ အောင်ခဲ့သော ကျွန်တော့် အရီးလေးခမျာ နားမလည်သဖြင့် မရယ်နိုင်ရှာပါ။

တစ်ရွာလုံး ဆွေမျိုးမကင်းကြသူများဖြစ်ရာ ကျွန်တော်ငယ်ငယ်တည်းက အားလုံးက ၀ိုင်းချစ်ကြပါသည်။ ယခုလည်း ကျွန်တော့်ကိုမြင်မြင်ချင်း သူတို.အားလုံး ပြေးလာကြသည်။ ၀မ်းသာအားရနှင့် တစ်ယောက်တစ်ပေါက် နှုတ်ဆက်သံများ ဆူညံသွားသည်။ မလေးကဘာလို.မပါတာလဲ၊ ဘကြီးကောမလိုက်လာဘူးလား၊ အရီးလေးဘယ်တော့လာမလဲ စသည့် သူတို.၏မေးခွန်းများကို ဖြေအပြီး အိတ်တွေကို ၀ိုင်းသယ်ဖို. သူတို.ရွာထဲကို ပြန်ဝင်ကြသည်။ ကျွန်တော် နောက်ဆုံးတစ်ခေါက် လာစဉ်က ခြောက်တန်းကျောင်းသား ကျွန်တော့်ကို မကြီးမငယ်နှင့် ချီပိုးပြီး လာကြိုခဲ့ကြတာကို ပြန်အမှတ်ရမိပါသည်။

ယခုတော့ ချီလို.ပိုးလို.ရသည့်အရွယ်ကို လွန်ခဲ့ပြီ။ ဆယ့်ငါးနှစ်ဆိုသည့် အချိန်သည် အခြေအနေတစ်ရပ်ကို ကောင်းကောင်း ပြောင်းလဲ ပစ်နိုင်သည့် ကာလ အတိုင်းအတာ ဖြစ်သည်။

သို.သော် ကျွန်တော်ချစ်သောရွာကလေးကမူ ဘာမှထူးခြားစွာ ပြောင်းလဲခြင်းမရှိသေး။ လွန်ခဲ့သော ဆယ့်ငါးနှစ်ကအတိုင်း ရှိနေပါသေးသည်။

ရွာအ၀င်မှ မူလတန်းကျောင်းကလေး၏ နံရံများသည် ယခင်ကအတိုင်း ပေါက်ပြဲလျှက်ရှိသည်။ ကြမ်းပြင်ပေါ်တွင်ဝပ်ပြီး စာလိုက်ရေးနေသော ကျောင်းသားများကို နံရံအပေါက်အပြဲများမှ မြင်နေရသည်။ စာသင်ခုံမလောက်ငသဖြင့် ကျောင်းသားအရေအတွက်၏ သုံးပုံတစ်ပုံမှာ ခုံဖြင့်ထိုင်ခွင့်မရကြောင်း မနှစ်ကလေးတန်းအောင်သော်လည်း စီးပွားရေးမပြေလည်သဖြင့် ယခုနှစ်ကျောင်းထွက်လိုက်သည့် အတူပါလာသူ တူမငယ်ကပြောပြသည်။ သွပ်မိုးများပေါက်ပြဲနေပြီး အပေါက်များမှတဆင့် ကျောင်းသားများပေါ်သို.နေရောင်များ ထိုးကျနေသည်ကိုလည်း မြင်နေရပါသည်။

ကျောင်းဝင်းထဲရောက်နေသော ဆိတ်အုပ်ထဲမှ ဆိတ်ဖားကြီးတစ်ကောင်ကို တစ်လှည့်စီခွစီးနေသော ကျောင်းသားများကိုလည်း မြင်နေရသည်။ ကျောင်းသားနှင့် ဆရာအင်အား မမျှတသဖြင့် ဆရာ၊ဆရာမများလည်း ကျောင်းသားများကို မထိန်းအား။ စာသင်သည့် အလုပ်တစ်ခုတည်းကိုပင် တစ်ခန်းဝင် တစ်ခန်းထွက်ဖြင့် မနည်းလုံ.လထုတ်နေရသည်။ ကျောက်သင်ပုန်းကို တဖုန်းဖုန်းရိုက်သံများ ဆူညံနေသည်။

အချို.ကျောင်းသားများက လေးခွတစ်လက်ဖြင့် သစ်ပင်ပေါ်သို. ပစ်ခတ်နေကြသည်။ ငှက်တစ်ကောင်ဖြစ်စေ၊ ရှဥ့်တစ်ကောင်ဖြစ်စေ အပျင်းပြေ ပစ်နေကြခြင်းဖြစ်မည်။ ကျွန်တော်တို. ညီအကိုတစ်သိုက်လည်း ငယ်စဉ်က လေးခွပစ်ခဲ့ဖူးကြပါသည်။ လူကြီးများဆူသည့်ကြားမှ သရက်သီး၊ စာကလေး၊ ရှည့် တွေ.တွေ.သမျှကို ကျွန်တော်တို. လက်တည့်စမ်းခဲ့ကြသည်။

အမှန်တော့ လေးခွသည် ဆော့စရာ ရှားပါးလှသော ကျေးလက်မှ ကလေးငယ်များအတွက် ကစားစရာတစ်ခုသာဖြစ်သည်။ ရန်ကုန်မြို.ပေါ်က ကလေးအများစု တီဗီဂိမ်းတွေ၊ ကွန်ပြူတာဂိမ်းတွေနှင့် ယဉ်ပါးနေချိန်မှာ သူတို.ကနွားကျောင်းနေရပါသည်။ နွားစာစဉ်းနေရသည်။ ကောင်တာစတွိုက်ဆိုတာ သူတို.ဘာမှန်းမသိကြ။ ပါဝါရိန်းဂျားနှင့် ဟယ်ရီပေါ်တာဆိုလျှင် ပိုလို.တောင်ဝေးဦးမည်။ ဟက်ပီးဝေါမှာ တိုက်ကားစီးတဲ့အကြောင်းပြောပြလျှင် သူတို.လေးတွေဥာဏ်ပြေးလွန်းမှ ထွေလာဂျီချင်း တိုက်ကြတာလောက်ကို မြင်ယောင်နိုင်ပါလိမ့်မည်။ ဒီအတွေးတွေက အဝေးကြီးမှ လာခဲ့ရသူ ကျွန်တော်၏ ရင်ဘတ်ကို ဆောင့်တွန်းလိုက်သလို ရှိသည်။

ဆော့နေရင်းမှ လမ်းမပေါ်ရောက်လာသော ကျောင်းသားလေး တစ်ယောက်နှင့် ဆုံမိပါသည်။ အသက်က ၁၀ နှစ်ခန်.တော့ရှိမည်ထင်ပါသည်။ စကားပြောကြည့်မိသည်။ ကြီးလာရင်ဘာလုပ်မလဲဟု မေးသောအခါ ဆရာပြောင်လုပ်မယ်ဟု ပြောသဖြင့် ကျွန်တော်ကိုယ်တိုင်၏ ငယ်ဘ၀ကိုသတိရပြီး ပြုံးမိပါသည်။ ထိုကလေးငယ်ပြောသည့် ဆရာပြောင်သည် ဆရာဝန်မဟုတ်သည့် ဆရာဝန်ဖြစ်သည်။ ကျွန်တော်တို. ငယ်စဉ်ကတည်းက ကျန်းမာရေးနှင့်ပက်သက်ပြီး သူ.ကိုသာအားကိုးရသည်။ ရွာနီးချုပ်စပ်တွင် ဆေးထိုးအပ်ရှိသူမှာလည်း သူတစ်ဦးတည်းဖြစ်သည်။ သူ၏ထင်ရှားလှသော မဟာနဖူးကြောင့် သူ.ကိုဆရာပြောင်ဟု အားလုံးက ကင်ပွန်းတပ်ထားကြသည်။ ကျွန်တော်တို.ငယ်ငယ်က ကလေးများအားပြောမရလျှင် ဆရာပြောင်လာပြီဟု ပြောလိုက်ပါက ချက်ချင်းလိုလို ငြိမ်သွားကြသည်။ ကလေးအားလုံးက သူ.ဆေးထိုးအပ်ကို ဒေဝေါထက်ကြောက်သည်။ ဆရာပြောင်သည် ရွာဦးကျောင်းဆရာတော်၏ ပံ့ပိုးမှုဖြင့် ကျောင်းတက်ရင်း ဆယ်တန်းအောင်ခဲ့ရာ နောက်ပိုင်းတွင် ကျန်းမာရေးမှုး သင်တန်းတက်ပြီး ရွာတွင် ဆေးမှုးဖြစ်လာသည် ဟုသိရသည်။

ဆရာပြောင်၏ ကုသမှုသက်တမ်း တစ်လျှောက်တွင် ဖိတ်စဉ်ခဲ့သည်များရှိသလို ပျောက်ကင်းခဲ့သည်များလည်းရှိသည်။ မည်သို.ပင်ဆိုစေ ဆရာဝန်မရှိသောအရပ်၌ ဆေးပုလင်းပေါ်မှ စာများကိုဖတ်တတ်သူမှာ သူတစ်ဦးတည်းသာ ရှိသည်ဖြစ်ရာ ရပ်ရွာမှအလေးထား နေရာပေးမှုကို ရရှိသူဖြစ်ပါသည်။ အနှီကလေးငယ်သည် ဆရာဝန်ကိုမမြင်ဖူးသူဖြစ်ရာ ဆရာဝန်များကို အထင်လည်းမကြီးတတ်၊ အားကျရကောင်းမှန်းလဲ မသိပေ။ သူ.ဘ၀တွင် သူရဲကောင်းအဖြစ် အားကျနေရာပေးခံရသူမှာ ဆရာပြောင်သာ ဖြစ်တော့သည်။

ထို.ကြောင့် ကြီးလာရင် ဆရာပြောင်လုပ်မယ်ဟု ပြောသောကလေးငယ်၏ မျှော်လင့်ချက်အိပ်မက်ကို ကြားရသောအခါ ကျွန်တော်ရုတ်တရက် ၀မ်းသာသွားပါသည်။ ဘ၀အတွက် ရည်မှန်းချက်ရှိသော ကလေးတစ်ဦးကို မမျှော်လင့်ဘဲ တွေ.ရသောကြောင့် ဖြစ်သည်။ သို.သော် ကြာကြာဝမ်းမသာနိုင်ပါ။ ဒီလိုနေရာမျိုးတွင် ဒီလိုအခြေအနေဖြင့် ဆေးမှုးဖြစ်ချင်သူ ကျောင်းသားလေးမှာ ကျန်းမာရေးမှုးသင်တန်း တက်ရဖို.ဝေးစွ၊ ဆယ်တန်းအောင်ရန်ပင် မလွယ်နိုင်သည်ကို စိတ်ထဲကအလိုလိုသိနေရာ ရင်ထဲမှာလေးသွားရပါသည်။ ထိုကလေးကို အားပေးချင်ပါသည်။ သို.သော် ကျွန်တော်ကိုယ်တိုင်ပင် အားမရှိသလိုဖြစ်နေသဖြင့် ကျန်းမာရေးမှုးဖြစ်ချင်သော ကျောင်းသားလေး၏ ချေးအထပ်ထပ်ဝင်နေသာ လက်ကလေးများကိုကိုင်ရင်း နှုတ်ဆက်ကာ ထွက်လာခဲ့ရပါသည်။

ကျွန်တော့်အဘွားအိမ် ရောက်ရောက်ခြင်း အိပ်ယာပေါ်မှာ နားနေသည့် ကျွန်တော့်ဦးလေးဖြစ်သူကို တွေ.ရပါသည်။ ဦးလေးက တစ်ရွာလုံးမှာ ပထမဦးဆုံးဘွဲ.ရသူဖြစ်သည်။ စီးပွားရေးလည်း အတော်ပြေလည်သည်။ လွန်ခဲ့သည် နှစ်ရက်က ငရုတ်ခင်းကို ဆေးဖြန်းရင်း မြွေအကိုက်ခံရရာ တစ်ရွာလုံးတွင် တစ်စင်းတည်းရှိသော သူတို.အိမ်မှ ထွေလာဂျီဖြင့် လေးမိုင်အကွာမှ ပွင့်ဖြူတိုက်နယ်ဆေးရုံသို. သွားခဲ့ရသည်။ မြွေဆိပ်ဖြေဆေးကို ကျပ်ငါးသောင်းပေးပြီး ထိုးခဲ့ရသည်။ ကံကောင်းထောက်မစွာ ဆေးရုံတွင် မြွေဆိပ်ဖြေဆေးရှိနေသဖြင့် ကျွန်တော်ရောက်သောနေ.သည် သူအသုဘချသောနေ.မဖြစ်ခဲ့ကြောင်းပြောပြီး သူကရယ်ပါသည်။

ကျွန်တော်ကတော့မရယ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သူ.လိုကံမကောင်းသော လူပေါင်းများစွာ ရှိနေကြောင်း ကျွန်တော်သိနေခြင်းကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းမှ အရွယ်ကောင်းသော လယ်ယာလုပ်သား ရာပေါင်းများစွာသည် နှစ်စဉ် မြွေကိုက်ခံရပြီး မရဏမင်း၏ သားကောင်အဖြစ် ရောက်နေကြရသည်။ ကျွန်တော်တို. ရွာကလေးတွင်ပင် တစ်နှစ်လျှင် အနည်းဆုံး တစ်ဦး မြွေကိုက်ခံရပြီး အသက်ဆုံး နေရသည်။

ထိုသို.သော အခြေအနေမျိုး ကြုံတွေ.နေရသောဒေသမှ ဆေးရုံတွင် အဘယ်ကြောင့် မြွေဆိပ်ဖြေဆေး အဆင်သင့် မရှိရပါသနည်း။ အဘယ့်ကြောင့် အချိန်မရွေး ကုသမှု မပေးနိုင်ရပါသနည်း။ တစ်နေ.လုပ်အားခ တစ်ထောင်ကျပ်ဖြင့် ရပ်တည်နေရသူများအတွက် အသက်ဆက်နိုင်မည့် ဆေးတစ်လုံးသည် အဘယ့်ကြောင့် ငါးသောင်းကျပ်ဖြစ်နေရပါသနည်း။ ဆရာဝန်များအစား ဆရာပြောင်များကို အဘယ်ကြောင့် ကျွန်တော်တို. အားကိုးနေရပါသနည်း။ လူပေါင်းများစွာကို မြေကြီးအောက်သို. နှစ်စဉ်ပို.နေသည်မှာ လယ်ယာလုပ်ငန်းခွင်မှ မြွေဆိုးများလား၊ ဆင်းရဲမွဲတေမှုလား၊ အခြားတစ်ခုလား စသည့် လားပေါင်းများစွာ၊ အဘယ့်ကြောင့်ပေါင်းများစွာကိုတွေးရင်း သက်မတစ်ခုချလိုက်မိပါသည်။

"ရန်ကုန်သားရောက်နေတယ်ဆိုလို.၊ ဒီကောင်ဘယ်မှာလဲ"
သူငယ်ချင်းဇော်လွင်၏ အသံဖြစ်သည်။ သူနှင့်ကျွန်တော်က တစ်နေ.တည်း မွေးခဲ့ကြပြီး ငယ်စဉ်ကတည်းက စားအတူ၊ ဆော့အတူဖြစ်ရာ ညီအကိုတွေထက် ရင်းနှီးသည်။ သူလာသည်ကိုသိသဖြင့် ကျွန်တော် ထွက်တွေ.သောအခါ သူ၏ သုံးနှစ်အရွယ် သမီးငယ်လေးကိုပါ တွေ.လိုက်ရသည်။ မတွေ.ရတာ ဆယ့်ငါးနှစ်ကြာပေမယ့် ကျွန်တော်တို.ဆက်ဆံရေးက နှစ်ဦးစလုံးကို နွေးထွေးစေမြဲဖြစ်သည်။ ကျွန်တော်က တစ်ခါမှ မတွေ.ဖူးသေးသည့် သူ.အမျိုးသမီးနှင့် မိတ်ဆက်ပေးရန်ပြောတော့ သူကအိမ်လိုက်ခဲ့ရန် ခေါ်သဖြင့် ကျွန်တော်လိုက်သွားရသည်။

လမ်းတစ်လျှောက်လုံးတွင် တွေ.သမျှလူကို ရယ်ပြရ၊ လာနှုတ်ဆက်သမျှလူကို ပြန်နှုတ်ဆက်ရဖြင့် ကျွန်တော်လဲ သူငယ်ချင်းအိမ်ရောက်မှ သူနှင့်စကားပြောရသည်။ သူတို.မိသားစုလေးက ပျော်စရာလေး ဖြစ်ပါသည်။ စီးပွားရေးအရ ကသီလင်တမဖြစ်ဘဲ အလျှင်မီသည့် အခြေအနေကို တွေ.ရသဖြင့် ၀မ်းသာရပါသည်။

"ဟကောင်ရ၊ သူတို.က ခုဒီဟာစိုက်ခိုင်း၊ ခုဟိုဟာစိုက်ခိုင်းနဲ. ၀မ်းစာရတာတောင် မင့်ကောင်တော်လို.မောင်ရင်ရ။ ရွာထဲမယ် သူများတွေဆို စပါးပေးတွေ၊ ပဲပေးတွေ ယူပြီး ကြွေးထဲနစ်နေပြီဟ။"
လွတ်လပ်စွာစိုက်ပျိုးခွင့်မရှိသည် စီမံကိန်းလယ်ယာမြေစံနစ်၏ ဒုက္ခသုက္ခများကို သူငယ်ချင်းက သူနားလည်သော စကားလုံးများဖြင့် ရင်ဖွင့်ခြင်းဖြစ်ပါသည်။ လယ်ယာလုပ်ငန်းခွင်များထဲသို. တစ်ကြိမ်မှ မရောက်ဖူးသူများ၊ ဒေသ၏ ရေမြေရာသီဥတုနှင့် စိုက်ပျိုးရေးစံနစ်များကို နားမလည်သူများက အဝေးမှအမိန်.အာဏာများ ချမှတ်ကာ တစုံတရာ လုပ်ဆောင်ခိုင်းသောအခါ သူတို.မှာ လိုက်နာရန် အခက်ကြုံကြရပါသည်။ သို.သော် ငြင်းဆန်ရန်မှာ ပိုလို.ပင် ခက်ခဲနေသေးသည်ဖြစ်ရာ ဖြစ်ချင်ရာဖြစ် ဇွတ်နှစ်ပြီးသာ လုပ်နေရကြောင်း သူငယ်ချင်းက ကျွန်တော့်ကို ရှင်းပြပါသည်။

"ပညာရှင်တွေချထားတဲ့ စီမံကိန်းလို.ပြောပြီး ငါတို.ကိုခိုင်းတာပဲ ငါ့ကောင်ရာ။ ခုတော့ နွေလယ်ပြေးလုပ်မိမှ ရွှေထည်လေးပြုတ်ရတယ် လို.တောင် ပြောနေကြပြီ။ ဟား ဟား။"
သူ.စကားသူသဘောကျပြီး ရယ်နေသော ကျွန်တော်သူငယ်ချင်းကို နားပေါက်ဟောင်းလောင်းနှင့် သူ.ဇနီးဖြစ်သူက ပြုံးနေရင်းက မျက်စောင်းထိုးပါသည်။ ကျွန်တော်ကတော့ နွေစပါး၊မိုးစပါး၊ နှစ်သီးစား၊ သုံးသီးစား စသော စီမံကိန်းများ၏ ထုထောင်းမှုများကြားတွင် ရယ်မောပျော်ရွှင်စွာ နေနိုင်သော သူငယ်ချင်းမိသားစုကို ပြုံးပြနှုတ်ဆက်ကာ ပြန်ခဲ့ပါသည်။

ကျွန်တော်တို. ဇီးတောရွာကလေးသည် ပွင့်ဖြူမြို.နယ်ကို ဖြတ်သန်းစီးဆင်းနေသော မုန်းချောင်း၏ မြောက်ဖက်ကမ်းနဖူးပေါ်တွင် တည်ရှိသော ရွာငယ်ကလေးဖြစ်သည်။ အိမ်ခြေ ၁၀၀၀ကျော်ရှိသည်။ ကျွန်တော်တို.ငယ်စဉ်က ရေဒီယိုမှ မကြာခဏ ကြားရသော ရေနံ.သာဝင်းမောင်၏ "မုန်းချောင်းကိုကျော်တဲ့အခါ ရောက်ပါတော့မယ် ကျမတို.ကုန်းဇောင်းရွာ" ဟူသော သီချင်းစာသားထဲတွင်ပါသည့် ကုန်းဇောင်းရွာနှင့် ကပ်လျှက်ဖြစ်ပြီး နာမည်ကျော် ကျောင်းတော်ရာ ဘုရားကြီး၏ တစ်ဖက်ကမ်းတွင်ရှိသည်။ ရွေစက်တော်ဘုရားတည်ရှိရာ ငဖဲတောင်စဉ်တန်းကို မှုန်ပြပြဖြင့်မြင်နေရပြီး ရေမြေရာသီကောင်းသည့် အပူပိုင်းမှ အိုအေစစ်ဒေသလေးဖြစ်သည်။

အားလုံးနီးပါးတောင်သူများ ဖြစ်ကြပြီး အညာသားဖြစ်ရသည်ကို ဂုဏ်ယူစိတ်အပြည့်ရှိသည့် ဒေသဖြစ်သည်။ ရိုးသားအေးဆေးပြီး ဖော်ရွေသူများဖြစ်သည်။ တစ်ရွာလုံးက ကျွန်တော့်ကို ချစ်ကြသည်ဖြစ်ရာ ကျွန်တော်ဘယ်အချိန်သွားသွား အားလုံးက အပြုံးဖြင့် ကြိုကြလိမ့်မည်ဖြစ်သည်။ သို.သော် အချို.အပြုံးများ ညှိုးနွမ်းနေသည်ကို တွေ.ရသောအခါ ကျွန်တော်ဝမ်းမသာနိုင်ဖြစ်ရပါသည်။ ယခင်က ဤရွာကလေးမှ လယ်ယာမြေများသည် သူတို.ကို လောက်ငရုံမက ပိုလျှံသည်အထိ ကျွေးမွေးထားနိုင်ခဲ့သည်။ ယခုအခါတွင်မူ သူတို.ထဲမှအများစုမှာ လွတ်လပ်စွာ စိုက်ပျိုးခွင့်နှင့် လွတ်လပ်စွာသယ်ဆောင်ရောင်းဝယ်ခွင့် မရှိသော စီမံကိန်း စိုက်ပျိုးရေးစံနစ်၏ ရိုက်ခတ်မှုဒဏ်ကြောင့် ဆင်းရဲမွဲတေမှုဖြင့် နပန်းလုံးနေရသည်။

ယခုနှစ်ဆိုလျှင် ခါတိုင်းထက်ပင် ပိုမိုဒုက္ခရောက်ဦးမည့်ပုံရှိသည်။ အခါမဲ့မိုးနှင့် စံချိန်တင် ရေကြီးမှုများကြောင့် ပဲစိုက်ခင်းများ မအောင်မမြင် ဖြစ်နေချိန်တွင် စပါးကိုသုံးသီးစားစံနစ်ဖြင့် တက်သုတ်ရိုက် စိုက်ပျိုးရသောကြောင့် ပေါင်းမြက်များ ထူထပ်ကာ အထွက်နှုန်းကျဆင်းမည့် အလားအလာများမြင်နေရသည်။ ဓာတ်မြေသြဇာနှင့် အခြားဆေးများ ဈေးနှုန်းသက်သာစွာ အလွယ်တကူ ၀ယ်ယူမရနိုင်သောကြောင့် ညှိုးချုံးခြောက်ကပ်ပြီး ကြို.တို.ကြဲတဲဖြစ်နေသော ပြောင်းခင်းများကိုလည်းမြင်နေရသည်။

ရွာသားအားလုံးပေါင်းစု ကောင်းမှုပြုသည့်အနေဖြင့် ရွာဦးကစေတီကိုတော့ ထုံးသင်္ဃန်း ကပ်မြဲကပ်ပါသည်။ သို.သော် တစ်မူးလောက်မှ မရသူတွေ တစ်ပဲတောင်မလှုနိုင်တော့ပြီ။ ရွာဦးကျောင်း ဆရာတော်ကတော့ လောဘ၊ ဒေါသ၊ မောဟမီးများ ပယ်သတ်ကြရန် ဒကာ၊ ဒကာမများအား တိုက်တွန်းပါသည်။

"ဒီနှစ်ရွာဘုရားပွဲမှာ ဖိုးချစ်ဇာတ်ထည့်ဖို. တစ်ရွာလုံးက အားခဲထားကြတာ။
ခုပုံအတိုင်းဆိုရင်တော့ လွယ်မယ်မထင်ဘူး။
ဘုရားပွဲကတော့ အစဉ်အလာဆိုတော့ ဖျက်လို.မဖြစ်ဘူး။
အဖြစ်လောက်ပဲဖြစ်ဖြစ် ပွဲဖြစ်အောင်တော့လုပ်ရမှာပဲ။"
ဆရာတော်၏ အားလျှော့သံကို ကြားရသောအခါ စကားစုတချို.က ကျွန်တော့်ခေါင်းထဲဝင်လာပါသည်။

"စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ.ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။"

***** ***** *****
သူငယ်ချင်းဇော်လွင်ရေ။
အရင်က မင်းတို.အကြောင်း စဉ်းစားရင် ငါ့ရွာကလူတွေကို ငါသနားတယ်။ အခုတော့ မင်းတို.လိုလူတွေတွေ.တိုင်း ငါဒေါသထွက်နေတတ်ပြီ။
သတိရလျှက်
(ကျော်စွာ)

www.kokyawzwa.blogspot.com

မြန်မာ့ အမျိုးသား ကွန်ကရက်ကြီး ပေါ်ပေါက် လာရေး အတွက်ပါဝင်လိုလျှင်....

စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးမြန်မာ့ဒီမိုကရေစီအင်အားစု များမှ မြန်မာ့အမျိုးသားကွန်ကရက်ကြီး (BNC) ဖြစ်ပေါ် လာ ရေး အတွက် ညီလာခံ တစ်ရပ် ကျင်းပမည်


စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး မြန်မာ့ ဒီမိုကရေစီ အင်အားစုများ မှ စစ်အာဏာရှင် စနစ် ကျဆုံးရေးကို ထောက်ခံသော ၊ ၂၀၁၀ အတုရောင် ရွေးကောက်ပွဲကို ဆန့်ကျင်သော ၊ လူထု၏ အကျိုးစီးပွားကို ရှေ့ရှုသော ၊ လူထုဘက်မှ မားမား မတ်မတ် ရပ်တည်သော မည်သည့် ဒီမိုကရေစီ အင်အားစုမဆို ၊ တသီးပုဂ္ဂလ များ၊ တိုင်းရင်းသား အင်အားစုများ ၊ တပ်ပေါင်းစုများ အားလုံးနှင့် လက်တွဲပြီး ညီညွတ်မှု ရှိသော နိုင်ငံရေး အင်အား ကောင်းသော စုစည်း မှုများဖြင့် ရန်သူ စစ်အုပ်စုအား အရှိန် အဟုန်ရှိစွာ တိုက်ပွဲ ၀င်နိုင်ရေး အတွက် ဖိတ်ခေါ် စုပေါင်း ဖွဲ့စည်းမည့် မြန်မာ့အမျိုးသားကွန်ကရက်ကြီး ပေါ်ပေါက် လာရေး အတွက် ညီလာခံ တစ်ရပ် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ဟံသာဝတီမှ သတင်း ရရှိပါသည်။

ထို မြန်မာ့အမျိုးသားကွန်ကရက်ကြီး ပေါ်ပေါက် လာရေး နှင့် ပတ်သက်ပြီး စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေး မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ၏ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး ဖြစ်သူ ကိုထွန်းထွန်း က ဟံသာဝတီသို့ မိမိတို့ စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေး မြန်မာ့ ဒီမိုကရေ စီအင်အားစုများ (အမေရီကန်ပြည်ထောင်စု) သည် မိမိတို့၏ မူဝါဒ ဖြစ်သော (၁) ၂၀၁၀ - ရွေးကောက် ပွဲအား လုံးဝ ဆန့်ကျင် တိုက်ဖျက်ရေး (၂) စစ်အုပ်စုအား နည်းလမ်း ပေါင်းစုံဖြင့် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဝင်ရေး (၃) ဒီမိုကရေစီ နှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး စသည့် ဦးတည် ချက် များဖြင့် ပြည်တွင်း ပြည်ပ လှုပ်ရှားမှု များကို ပြုလုပ် နေခြင်း ဖြစ်ကြောင်း ၊ ယခု ပြုလုပ်မည့် ညီလာခံ သည် မြန်မာ့ အမျိုးသား ကွန်ကရက်ကြီး ပေါ်ပေါက် လာရေး အတွက် ပြင်ဆင်သည့် ညီလာခံ ဖြစ်ကြောင်း ထို မြန်မာ့ အမျိုးသား ကွန်ကရက်ကြီး ပေါ်ပေါက် လာရေး အတွက် စုပေါင်းပါဝင် လုပ်ဆောင်လိုလူ မည့်သည့် ဒီမိုကရေစီ အင်အားစု မဆို ၊ မည်သည့် ပုဂ္ဂိုလ်မဆို အောက်ဖော်ပြပါ မြန်မာ့အမျိုးသားကွန်ကရက်ကြီး စည်းရုံးရေးအဖွဲ့ (BNC Lobby Team) မှ ပြောရေးဆိုခွင့် ရှိသူများ ဖြစ်ကြသော ဖြစ်ကြသော (၁) ဦးခေမာစာရ Phone : 718-413 3379 , Email : kmsr_abymu@yahoo.com (၂) ဦးပညာဇောတ Phone : 415-518 7663 , Email : thitsarko5@gmail.com (၃) ကိုရဲထွဋ် Phone: 347-226 0572 , Email : yehtut@yahoo.com (၄) ကိုထွန်းထွန်း Phone : 503-334 9997 , Email : htun9761@gmail.com (၅) ကိုထွန်းအောင်ကျော် Email : hagyaw@gmail.com (၆) ကိုသက်ထွန်း Phone : 602-254 5004 , Email : thethtun222@yahoo.com (၇) ကိုဇာနည် Phone : 801-410 4486 , Email : moenaing9964@yahoo.com (၈) ကိုကိုလေး Phone: 415-203 0541 , Email : kokophoto@yahoo.com (၉) ဒေါက်တာ ခင်စိန် Phone: 919-918 714 , Email : drk_sein@yahoo.com (၁၀) ကိုမင်းနိုင် Phone: 716-830 1684 , Email : bago8888@gmail.com (၁၁) ကိုခွန်ထွန်းတောက် Email : hkuntheinhtoon@gmail.com (၁၂) ကိုဆလိုင်းကိုကိုဦး Phone: 260-348 5950 , Email : kko102@yahoo.com (၁၃) ကိုမူးသာ Phone: 206-788 0394 , Email : mugoodluck1@yahoo.com (၁၄) ကိုထွန်းလှိုင် Phone: 518-209 6536 , Email : kyiwayphy0@yahoo.com (၁၅) ကိုစိုးမိုး Phone: 518-522 8253 , Email : soemoe62@yahoo.com (၁၆) ကိုစိုင်း Phone: 510-415 2289 , Email : sai18218@yahoo.com (၁၇) ကိုဇော်ကိုနိုင် Email : zaw_kk@yahoo.com တို့ထံ ဆက်သွယ်နိုင်ကြောင်း ယခုလို ပြောပြ ပါသည်။

စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင်အားစုများ (အမေရီကန်ပြည်ထောင်စု) သည့် ၂၀၀၉ ခုနှစ် ဇူလိုင်လက အမေရီကန်ပြည်ထောင်စု ၊ နယူယောက်ပြည်နယ် ၊ ယူတီကာမြို့ တွင် အမေရီကန်ပြည်ထောင်စုကို ရောက်ရှိနေသော ရဲဘော် ရဲဘက်များ ၊ အဖွဲ့အစည်းအသီးသီးမှ ရဲဘော် ရဲဘက်များ ၊ တိုင်းရင်းသား ညီအကိုများ စုပေါင်းကျင်းပသော ညီလာခံ မှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
http://www.nfacforburma.info/2010/01/bnc.html


တစည ပါတီ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီ ရံပုံငွေ ရရှိရန်..

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) မှပါတီ ရှိ ကားများ ကို ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီ ရံပုံငွေ အကြောင်းပြ ပြင်ပသို့ ဌားရမ်း


စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း တည်ထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ၏ အမွေကို ခံယူလျက် ဖွဲ့စည်းထားသော တစည ပါတီသည် စစ်အစိုးရမှ ပါတီသို့ ပေးထားသော 929 ၊ 323 ၊ B600 နှင့် TE 11 ကားများကို ပါတီ ရံပုံငွေ အကြောင်းပြကာ ပြင်ပသို့ ဌားရမ်း အသုံးပြုခွင့် ပေးထားကြောင်း သတင်း ရရှိသည်။

ထို ပါတီကားများကို ပြင်ပသို့ ဌားရမ်း အသုံး ပြုခွင်ကို ထိုပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီးက ခွင့်ပြု လုပ်ကိုင် စေခြင်း ဖြစ်ကြောင်း တစည ပါတီဝင် တဦးမှ အယခုလို ပြောပြ ပါတယ်။ ပါတီရှိ ကားများကို ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီ ရံပုံငွေ ရရှိရန် ပြင်ပသို့ ဌားရမ်း အသုံးပြုခွင့် ပြုထား သည်မှာ မှန်ကန်ကြောင်း ၊ သို့သော် ထိုကားများကို ပြင်ပသို့ ဌားရမ်းသည်မှာ ပုံစံ အမျိုးမျိုး နှင့် ဌားရမ်း ခြင်း ဖြစ်ကြောင်း ၊ လူတိုင်းအား ဌားရမ်းခြင်း မဟုတ်ကြောင်း ၊ ပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး နှင့် ပတ်သက် သူများကိုသာ ဌားရမ်းခြင်း ဖြစ်ကြောင်း ၊ ပါတီ ရံပုံငွေဟု အကြောင်းပြ ထား သော်လည်း ထိုငွေသည် ပါတီအတွက် အသုံးမဖြစ် သောငွေသာ ဖြစ်ကြောင်း ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး အကြိုး စီးပွားသာ ဖြစ်သွားကြောင်း ပြောပြပါသည်။

ပြင်ပတွင် မော်တော်ယာဉ်တစ်စီး ဌားရမ်းခမှာ တစ်လလျှင် သိန်းကျော် ရှိသော်လည်း တစညပါတီမှ ပြင်ပသို့ ဌားရမ်းသည့် ဈေးနှုန်းမှာ မည်သူမှ မကြားဖူးသော ဈေးနှုန်းများသာ ဖြစ်သည်။ 929 ၊ 323 တစ်လဌားရမ်း ခမှာ ကျပ်သုံးသောင်း ၊ TE 11 ကားတစ်စီး တစ်လဌားရမ်းခမှာ ကျပ် နှစ်သောင်း နှင့် B600 တစ်စီး တစ်လ ဌားရမ်းခမှာ ကျပ် ရှစ်ထောင်သာ ဖြစ်ကြောင်းသိရသည်။ ထိုငွေသည် ပါတီသို့သွင်းရသော ငွေသာဖြစ်သည်။

ထို ပါတီ၏ ကားများကို ဌားရမ်း လိုသူများသည် ပါတီဗဟိုကော်မတီဝင် ၂ ဦး၏ ထောက်ခံချက်၊ နေအိမ် ပိုင်ဆိုင်ကြောင်း အထောက်အထားမိတ္တူများ လိုအပ်သည်။ သို့သော် ထိုကားများကို ဦးခင်မောင်ကြီး နှင့် နီးစပ် ပတ်သက်သော သူများသာ ရရှိကြသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ သော တစညပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ ပြီးချိန်မှ စတင်ပြီး ယနေ့အထိ နှစ်ပေါင်း ၂၀ အတွင်း စစ်အစိုးရ၏ ပြည်သူ လူထုအပေါ် ကြီးမားသည့် ဖိနှိပ်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ခြင်းကို ဝေဖန်မှုမရှိ ရေငုံနှုတ်ပိတ်ခဲ့ပြီး စစ်အစိုးရ၏ မှားယွင်းသော စီးပွားရေး၊ နိုင်ငံရေး မူဝါဒများကိုလည်း တစုံတရာ ထောက်ပြပြောဆို ခဲ့ခြင်းမရှိခဲ့သောပါတီဖြစ်သည် ။ ပါတီရှိ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး အပါအ၀င် ဗဟိုကော်မတီ များသည် စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အတူ မဆလ ပါတီတွင် ထိပ်ပိုင်း တာဝန်ရှိ သူများ အဖြစ် ပူးတွဲ တာဝန် ထမ်းဆောင် ခဲ့ကြ သူများ ဖြစ်သည့် အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နည်းတူ မိမိ မိသားစု အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ လုပ်ဆောင် နေသူများသာ ဖြစ်ကြပါသည်။
http://www.nfacforburma.info/2010/01/car.html


NLD ဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းရေးကြေငြာချက်

http://ifile.it/xly0nzbUtf-8''Instruction of NLD to Form CC_Jan10