Tuesday, February 9, 2010

9 Feb ဒိုင်ယာရီ

http://ifile.it/eznl1h4
9 Feb Yeyintnge's Diary

တရားဝင်စစ်ကွှန်မဖြစ်ဖို့နအဖစစ်အခြေခံဥပဒေကိုဆန့်ကျင်ကြစို့

http://ifile.it/5142urq 2010 Pamphlet 01
http://ifile.it/ume1xt8
2010 Pamphlet 02

မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် ရဲ့ ကြေညာချက်

မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် ရဲ့ ကြေညာချက်

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ သတင်းမထုတ်ပြန်မှုအပေါ် ဝေဖန်ခဲ့ပြီး ပါတီဝင်များကို ပိုမို စည်းလုံးကြရန်ပြော


ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ သတင်းမထုတ်ပြန်မှုအပေါ် ဝေဖန်ခဲ့ပြီး ပါတီဝင်များကို ပိုမို စည်းလုံးကြရန်ပြော

ရန်ကုန်။ ဖေဖေါ်ဝါရီ ၉။
ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည်ဟု ပြောနေသည့် ရွေးကောက်ပွဲကို NLD အနေဖြင့် လက်ရှိအခြေအနေတွင် ပါဝင်ရန် ဆုံးဖြတ်ချက်ချနိုင်သည့် သေချာ ရေရာသော သတင်းအထောက်အထား မတွေ့ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ပြီး သူမ၏ ပါတီဝင်များကို ယခင်ကထက် ပိုမိုညီညွတ်ကြရန် တိုက်တွန်းခဲ့ သည်ဟု သူမနှင့် ယနေ့ နေ့ခင်းပိုင်းက ၂နာရီကြာခန့် သွားရောက် တွေ့ဆုံခဲ့သူ့ NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ထုတ်ဖေါ် ပြောဆိုခဲ့ ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနှင့် ပါတ်သက်၍ သတင်း အချက်အလက်များ ထုတ်ပြန် ကြေငြာရန် အားနည်း နေသည့် အပေါ်ကိုလဲ ဝေဖန်ပြောဆိုခဲ့သည် ဦးဥာဏ်ဝင်းက ပြောပြပါသည်။
“ဒေါ်အောင်ဆန်းစုကြည်က ဒီလို ရွေးကောက်ပွဲနဲ့ ပါတ်သက်တဲ့ သတင်းတွေကို အစိုးရက တရားဝင် ထုတ်ပြန် ကြေငြာမှု အားနည်းနေရင် NLD အနေနဲ့ ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့်ကို လက်ရှိအခြေအနေမှာ ဘယ်လိုမှ ဆုံးဖြတ်ချက် ချနိုင်မှာ မဟုတ်” ဟု ပြောခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောပြသွားပါသည်။
နအဖ၏ တာဝန်ရှိသူများက ရွေးကောက်ပွဲကို ယခုနှစ်အတွင်း သေချာပေါက် ကျင်းပမည်ဟု ပြောဆိုနေ သော်လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် ပါတီများ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေများကို ယခုထိ ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါ။
“လက်ရှိအုပ်ချုပ်သူများ အနေဖြင့် ရွေးကောက်ပွဲနှင့်ပါတ်သက်၍ သတင်း အချက်အလက်များကို ပိုမို ပွင့်လင်းစွာ ထုတ်ပြန်ရန် လိုအပ် နေသေးကြောင်းနှင့် လည်းကောင်းတို့အနေဖြင့် ရွေးကောက်ပွဲနှင့် ပါတ်သက်ပြီး မည်သည့် သေချာ ရေရာသော သတင်း အချက်အလက်ကိုမျှ မရရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုခဲ့သည် ” ဟုလည်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောပြခဲ့ပါသည်။
NLD ကတိုးချဲ့ခဲ့သော ဗဟိုကော်မတီ အဖွဲ့ဝင် ၉ဦးတွင် တဦးအပါအဝင် ဖြစ်လာခဲ့သူ ဦးဥာဏ်ဝင်းက ဆက်လက် ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုကို ပြီးခဲ့သောနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်တိုင်း စည်ပင်သာယာရေး ကော်မတီ၏ အမိန့်ဖြင့် ရပ်ဆိုင်းထားခဲ့ရရာ ပြုပြင်ရန် ဖျက်ချ ထားခဲ့သော နေရာများကို ယခုထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးပဲ ထို့အတွက် အမိန့် တစုံတရာလည်း ထပ်မံ မရရှိသေးကြောင်း ပြောပြခဲ့ပါသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပါတီဝင်များကို ယခင်ကထက်ပိုမို စည်းလုံးညီညွတ်ကြပါရန် အထူး တိုက်တွန်းပြောကြားခဲ့သည် ဟုသိရပါသည်။

ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)
http://saffrontoward.blogspot.com/2010/02/blog-post_2321.html

လှိုင်သာယာ အလုပ်သမားများ တောင်းဆိုချက် ၁၀-ချက်



စာကို အကြီးချဲ့ ဖတ်ရန် ဓါတ်ပုံပေါ် click လုပ်ပါ

လှိုင်သာယာက အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ လက်တလော အခြေအနေ(ဓါတ်ပုံ)






လှိုင်သာယာ စက်မှုဇုံ ( ၃ ) တွင်ရှိသော တိုင်ရီ ဖိနပ်စက်ရုံနှင့် မြဖက်ရှင် အထည်ချုပ်စက်ရုံများမှ အလုပ်သမားများ မှာ လူနေမှု့  စားရိတ်ကြီးမြင့်လာသည် တစ်ကြောင်း ရရှိသည့်လစာမှာလဲ အလွန်နည်းပါးသည်တို့ ကြောင့် ၎င်း တို့  ၏ လိုအပ်ချက်များကို စုပေါင်းတောင်းဆိုသည့်အနေဖြင့် (8.2.2010) နေ့ နံနက် 7 နာရီစတင်၍အလုပ်သမားအင်အား 2000 ကျော်မှတောင်းဆို ဆန္ဒပြကြရာ အာဏာပိုင်များမှာနေ ၍ (၅ ) ဦးထက်ပိုမိုစုရုံးပါက ထုတ်ပြန်ထားသော ဥပဒေများ နှင့် ဆန့် ကျင် နေသည့် အတွက် အမြန်ဆုံးလူစုခွဲ ကြရန်ငြိမ်းချမ်းစွာအခွင့်အရေးတောင်းဆိုနေသည့် အလုပ်သမားများအား ခြိမ်းခြောက်ပြောဆိုခဲ့ သည်။

ထို့အပြင် လုံထိန်းကားများ ၊ မီးသတ်ကားများ ဖြင့် ၀ိုင်းရန်ပိတ်ဆို့  ထားပြီး အလုပ်သမားထုအား အင်အားသုံးဖြိုခွဲရန် အသင့်ပြင်ဆင်ထားပြီးဖြစ်သည်။ နောက်ဆုံးရရှိသည့်သတင်းအရ ယနေ့  နေ့ လည်တွင် ရဲချုပ်ခင်ရီ ကိုယ်တိုင်ထပ်မံရောက်ရှိလာပြီး ငြိမ်းချမ်းစွာဆန္ဒ ပြနေ ကြသော စက်ရုံးအလုပ်သမားများကို ထပ်မံခြိမ်းခြောက်လျှက်ရှိသည်ဟုသိရပါသည်။
ဆန္ဒပြနေသည့်နေရာ ---- လှိုင်သာယာ စက်မှုဇုံ ၃၊ ၃/၃၆ မင်းကြီးမဟာမင်းခေါင်လမ်း မြဖက်ရှင် အထည်ချုပ်စက်ရုံ (ထိုင်းလူမျိုးပိုင်ရှင်က)

အလုပ်သမားအင်အား ---- အင်အား ၂၀၀၀ ကျော်

တောင်းဆိုချက်တွေက ----
၁။ လစာ တသောင်း ထပ်တိုးပေးဖို့
၂။ အလုပ်ချိန် လျော့ချပေးဖို့ (လက်ရှိအလုပ်ချိန်က နံက် ၇ နာရီခွဲကနေ ည ၁၁ နာရီခွဲအထိ)
၃။ အလုပ်သမားမားစားသောက်နေထိုင်တဲ့နေရာတွေ သန့်ရှင်းစေဖို့

အလုပ်ရှင်ရဲ့တုံ့ပြန်မှု --- အလုပ်ရှင်က အလုပ်သမားတွေ တောင်းဆိုတင်ပြချက်ကို လက်မခံပဲ အာဏာပိုင်တွေကို တိုင်ကြားလိုက်တယ်။

နအဖ တုံ့ပြန်မှု -- အကြမ်းဖက်ဖြိုခွင်းမည့်ပုံမျိုးရှိနေ။ လုံထိမ်း ၁၀၀၀ လောက် နဲ့ဝိုင်းထားတယ်။ အချုပ်ကား ရဲကား မီးသတ်ကားတွေနဲ့ ပိတ်ဆို့ထားတယ်။ န၀ဒေး လမ်းဆုံဘက်မှာလည်း ပိတ်ဆို့ထားတယ်။ ဆန္ဒပြအလုပ်သမားတွေ အပြင်မထွက်နိုင်အောင်။ အပြင်က ပြည်သူလူထုတွေ လာရောက်မပူးပေါင်းနိုင်အောင် ဖြတ်တောက် ပိတ်ဆို့မှုတွေလုပ်နေတယ်။ သတင်းဆက်သွယ်မှုတွေနှေးကွေးအောင် ဖြတ်တောက်မှုတွေလုပ်နေတယ်။ အင်တာနက်အမြန်နှုံးတွေ လျော့ချထားတယ်။

ဘေးပတ်ဝန်းကျင်အခြေအနေ -- အနီးအနားက အခြားစက်ရုံများမှာရှိတဲ့ အလုပ်သမားတွေ ဆန္ဒပြပွဲကို ပူးပေါင်းလာကြပြီ။ yes အထည်ချုပ်စက်ရုံ၊ သကြားလုံးနှင့် အခြားလူသုံးကုန်များ စက်ရုံ၊ “အိုဘယ်” အထည်ချုပ်စက်ရုံ၊ စက်ကရိယာပစ္စည်းစက်ရုံ၊ လူသုံးကုန်စက်ရုံ။ သုံးထပ်သားထုတ်လုပ်ရေးစက်ရုံ အစရှိတဲ့ စက်ရုံများက အလုပ်သမားများ။

- ညှိနှိုင်းချက်များအဆင်ပြေနေသည်ဟုသိရ ။ လစာတသောင်းထပ်တိုးပေးရေး ကိစ္စ ယခုတိုင်ပြောဆိုနေဆဲဖြစ် ။

လုံခြုံရေးအခြေအနေ
- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီး
ထပ်မံရရှိမည့် သတင်းများအား ဆက်လက် တင်ရှိပေးသွားမည့်ဖြစ်ပါကြောင်း http://freeforcountry.blogspot.com/2010/02/blog-post.html ခွပ်ဒေါင်းသွေး ဘလော့ဂ် တွင်ဖော်ပြထားပါသည်။

ငါတို့ ပြည်သူများအတွက် ကူညီဝိုင်းကြ ( အလုပ်သမားသပိတ်စစို့ )