Wednesday, February 10, 2010

Berman Urges Burmese Junta to Release Imprisoned American, Calls on U.S.

Berman Urges Burmese Junta to Release Imprisoned American, Calls on U.S. Administration to Appoint Envoy and Consider More Sanctions

Van Nuys, CA – In response to the sentencing of U.S. citizen Nyi Nyi Aung to three years in prison with hard labor in his native Burma, Chairman Howard L. Berman (D-CA) of the House Foreign Affairs Committee today urged the Burmese military junta to release the prisoner immediately and called on the U.S. departments of State and Treasury to consider tightening sanctions on the Burmese regime, in keeping with Obama Administration policy, to encourage progress in human rights.



Berman also called on the Administration to appoint a Special Representative and Policy Coordinator to Burma, as required by law under the Tom Lantos Block Burmese JADE Act, in order to promote a comprehensive international effort to restore civilian democratic rule, address the urgent humanitarian needs of Burma’s people and work for the release of all political prisoners there.



“The sentencing of Nyi Nyi Aung is a serious impediment to improved relations with the United States at a time when our country has embarked on a new approach toward Burma,” Berman said. “Months after this new approach was announced, it is disappointing that the junta has failed to respond to formal diplomatic complaints regarding his reported severe mistreatment, including allegations of torture and repeated, lengthy denials of access to consular services through the U.S. embassy.”



Nyi Nyi Aung, also known by his legal name in his American passport as Kyaw Zaw Lwin, lives in Maryland and is an active advocate for human rights in Burma. He was arrested upon arrival at a Burmese airport in September when he visited Rangoon to see his mother, a democracy activist who is in prison and suffering from cancer. He was accused of trying to foment political unrest, but later convicted of carrying false identification and undeclared U.S. currency, as well as failing to renounce his Burmese nationality upon becoming a U.S. citizen in 2002. The State Department yesterday called his conviction unjust and the charges politically motivated.



In December Berman led 53 members of Congress in writing a letter to the top official of the Burmese government, Senior Gen. Than Shwe, calling for Nyi Nyi Aung’s release and return to the United States.
http://www.internationalrelations.house.gov/press_display.asp?id=710

10 Feb ဒိုင်ယာရီ

http://ifile.it/h5mxla2 10 Feb Yeyintnge's Diary

ချိုကုပ်ဒူးကြီးကို စိတ္တဇဆေးရုံသို့ ပို့ဆောင်ရခြင်း

Wednesday, 10 February 2010 17:54 ရန်ကုန်သားတာတေ

ရုက္ခစိုးထံသို့ ချိုကုပ်ဒူးကြီး ရောက်မလာသည်မှာ အတန်ကြာပြီ ဖြစ်သည်။ ချိုကုပ်ဒူးကြီး၏ အခြေအနေကို သိလိုသဖြင့် ရုက္ခစိုးက အဲပုဂံ လေယာဉ်ကို စီးပြီး ချင်းမိုင်မှ ရန်ကုန်သို့ သွားလေသည်။

ချိုကုပ်ဒူးကြီး၏ ရန်ကုန်မြို့ နေအိမ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ ချိုကုပ်ဒူးကြီး စိတ်ဖောက်ပြန် သွားသောကြောင့် ဆေးရုံပို့ရန် စီစဉ်နေကြသဖြင့် နေအိမ်တခုလုံး ဆူညံပွက်လော ရိုက်နေခြင်း ဖြစ်သည်။ ချိုကုပ်ဒူးကြီး၏ သမီးတော်က ပို့ရမည့် ဆေးရုံ ဝေးလံသဖြင့် ဒေါသ ထွက်နေသည်။ ဗျစ်တောက် ဗျစ်တောက် မည်တွန် တောက်တီး နေသည့် အိမ်ကြီးရှင် ဒေါ်ကွိုင်ကွိုင်က ဆေးရုံပို့ရေး အစီအစဉ်ကို အနီးကပ် ကွပ်ကဲနေလေသည်။

ဒေါ်ကွိုင်ကွိုင်။ ။ ခရီးစဉ်မှာ လူအများကြီး မလိုက်နဲ့။ ဦးရုက္ခစိုး လိုက်ခဲ့။ ဟို ဗေဒင်ဆရာတွေ နေခဲ့။ ဒီလူတွေ အားမကိုးရဘူး၊ အသုံးလည်းမကျဘူး။

သမီးတော်။ ။ ဖေဖေ့ဆရာဝန်ဗိုလ်မှူးကိုရော ခေါ်ခဲ့ရမလား။

ဒေါ်ကွိုင်ကွိုင်။ ။ ခက်တော့တာပဲ သမီးရယ်၊ ညည်းဖေဖေ အခု ဖြစ်နေတာက စိတ်ရောဂါ ကွဲ့။ ဆရာဝန်ဗိုလ်မှူးက ဒီရောဂါကို ဘယ်ကုနိုင်ပါ့မလဲ။ ညည်းကလည်း ခေါင်း နည်းနည်း သုံးစမ်းပါအေ … ။

သမီးတော်။ ။ ဒီဗိုလ်မှူးက ဒါလေးတောင် မကုနိုင်ဘူးဆိုရင် ရှင်းပစ်လိုက်ပါလား။ ဘာကြောင့် ခန့်ထားတာလဲ။ အမေတို့ အိုင်ဒီယာတွေကလည်း မလန်းပါဘူး။ ဆေးရုံက ခါတိုင်းဆို အိမ်နဲ့ နီးနီးလေး။ လမ်းကူးလိုက်ရင် ရောက်ပြီ။ အခုတော့ ရွာသာကြီး ရွှေ့လိုက်တော့ သွားရတာ ဝေးတာပေါ့။

ဒေါ်ကွိုင်ကွိုင်။ ။ ။ စိတ်ကုဆေးရုံကို ရွာသာကြီး ရွှေ့လိုက်တာ ညည်းဖေဖေရဲ့ အိုင်ဒီယာ ဟဲ့၊ ငါ့ကို ဘာမှ လာအော်မနေနဲ့။ ကဲ … ဟယ်လီကော်ပတာ ခေါ်ကွယ်။ ကားနဲ့သွားလို့တော့ ရောက်တော့မှာ မဟုတ်ဘူး။ ခေါ်စမ်း … ၊ ခေါ်စမ်း … ၊ အခုချက်ချင်း ခေါ်စမ်း…။

ထိုသို့ အမိန့်ပေးပြီး ထမင်းတအိုးကျက်ခန့်အကြာတွင် ရဟတ်ယာဉ် ရောက်လာသည်။ ချိုကုပ်ဒူးကြီးကို ချော့မော့ပြီး ရဟတ်ယာဉ်ပေါ်သို့ တင်ပေးရန် ဒေါ်ကွိုင်ကွိုင်က ဦးရုက္ခစိုးကို အကူအညီ တောင်းသည်။ ချိုကုပ်ဒူးကြီးက ဂျစ်ကန်ကန် လုပ်သော်လည်း ရဟတ်ယာဉ်ပေါ်သို့ ရောက်သည့်အခါ အနည်းငယ် ငြိမ်သက်သွားသည်။

ချိုကုပ်ဒူးကြီး။ ။ ပိုင်းလော့ လုပ်တမ်း ကစားမယ်၊ ကစားမယ်၊ ဟေ့ … ကွိုင်ကွိုင် … နင်ရော ပါမလား။

ဒေါ်ကွိုင်ကွိုင်။ ။ မနက်က ပါပြီးပြီ။ ထပ်ပါလို့ မရတော့ဘူး … ဟာ … မောင်တော်ကလည်း ဘာတွေ ပြောနေမှန်း မသိဘူး။ ဟဲ့ … ဟဲ့ … ဟဲ့အကောင်တွေ၊ မြန်မြန်မောင်းစမ်းပါဟဲ့ … ။

ချိုကုပ်ဒူးကြီး။ ။ ဟုတ်တယ်၊ မြန်မြန်မောင်း၊ မြန်မြန်မောင်း၊ ဒါမှ မြန်မြန်ရောက်မှာ၊ ဟော … ဟော … ရောက်တော့မယ် ထင်တယ်၊ ရောက်တော့မယ်။ ဟဲဟဲဟဲဟဲ … ရောက်တော့မယ်။ ဟုတ်ပြီ … ဟုတ်ပြီ၊ ဒီတော့ … … … ကျေးဇူးပြု၍ နားဆင်ပါခင်ဗျာ … ၊ ကျေးဇူးပြု၍ နားဆင်ပါခင်ဗျာ … ၊ ကျနော်တို့ရဲ့ ဟယ်လီကော်ပတာက မကြာမီ အချိန်အတွင်းမှာ ငရဲကြီး ရှစ်ထပ်ကို ဆင်းသက်တော့မှာ ဖြစ်တဲ့အတွက် ခါးပတ်တွေ ပတ်ထားကြပါခင်ဗျာ … ။

သမီးတော်။ ။ စိတ်ကို ထိန်းမှပေါ့ ဖေဖေရယ်။ မေမေကလည်း ၀င်ထိန်းပေးဦးလေ၊ ဟောဒီမှာ ဘာတွေ ပြောနေမှန်းလဲ မသိဘူး။

ဒေါ်ကွိုင်ကွိုင်။ ။ ဟဲ့ … သမီးတော် … ၊ ညည်းအဖေကို ငါ မထိန်းနိုင်လို့ ဆေးရုံကို ပို့နေတာဟဲ့။ ညည်း … တိတ်တိတ်နေစမ်း။ညည်းအသံကြောင့် ငါပါ ဂေါက်ချင်လာပြီ။

သမီးတော်။ ။ မဂေါက်ချင်ပါနဲ့ မေမေရယ်။ ဟူး … မလွယ်ပါလား။ အင်း … အနိစ္စ၊ ဒုက္ခ၊ အနဂ္ဂ။

ဒေါ်ကွိုင်ကွိုင်။ ။ အနဂ္ဂ မဟုတ်ပါဘူး၊ အနတ္တ ပါဟဲ့။ ညည်းအဖေလည်း မသေသေးပါဘူး၊ ဒါတွေ လာရွတ်ပြမနေစမ်းပါနဲ့။

သမီးတော်။ ။ အနဂ္ဂ မဟုတ်ဘူးလား၊ ဆောဒီး … ဟီးဟီး … ဟို … အဆိုတော်လေးကို စွဲနေလို့။ အဟိ … အနိစ္စ၊ ဒုက္ခ၊ အနဂ္ဂ အဲ … အနတ္တ … ။

ထိုသို့ ပြောနေစဉ် လူနာဖြစ်သူ ချိုကုပ်ဒူးကြီးက ရဟတ်ယာဉ်ပေါ်မှ ခုန်ချရန် ဟန်ပြင်သဖြင့် ၀ိုင်း၍ ဆွဲရသေးသည်။

ချိုကုပ်ဒူးကြီး။ ။ ဟင်း … နေရထိုင်ရတာ ချမ်းစိမ့်စိမ့် ဖြစ်လာပြီ။ ချမ်းလာပြီ။ တကယ် ချမ်းလာပြီ။ အဟုတ် ချမ်းလာပြီ။ အရမ်းအရမ်းကို ချမ်းတာပါပဲခင်ဗျာ။ အို … ချမ်းမှာပေါ့၊ အပေါ်မှာ ပန်ကာကြီး ဖွင့်ထားတာပဲ။ ပန်ကာပိတ်၊ ပန်ကာပိတ်၊ အပေါ်က ပန်ကာကြီးကို ပိတ်။

ဒေါ်ကွိုင်ကွိုင်။ ။ စိတ်ကို ထိန်းမှပေါ့ရှင်။ အဲဒါ ပန်ကာ မဟုတ်ဘူး၊ ဟယ်လီကော်ပတာတိုင်းမှာ ပါတဲ့ ဒလက် လေ။ ရှင်ပြောသလို အဲဒါကို ရပ်သွားအောင် လုပ်လိုက်ရင် ကျုပ်တို့ ပြုတ်ကျပြီး ငရဲပြည်ရောက် အဲလေ … ပြုတ်ကျပြီး သေမှာပေါ့။ ဟဲ့ … သမီးတော် … ၊ ညည်းအဖေကို ချုပ်ထားစမ်း၊ နေရာ မရွေ့စေနဲ့။

ရှုပ်ရှုပ်ထွေးထွေး အခြေအနေများကို ကြည့်ပြီး ဦးရုက္ခစိုးလည်း ဂေါက်ချင်ချင် ဖြစ်လာသည်။ ဒီနေ့ ကံမကောင်းပါလား ဟုလည်း မြိုင်ရာဇာတွတ်ပီကဲ့သို့ တွေးလိုက်မိသည်။ ထိုအချိန်တွင် ရဟတ်ယာဉ်က ရွာသာကြီးရှိ စိတ်ရောဂါကု ဆေးရုံသို့ တဖြည်းဖြည်း ဆင်းသက်လေသည်။ မြေပြင်သို့ ရောက်သည့်အခါ ချိုကုပ်ဒူးကြီးက ထွက်ပြေးရန် အစွမ်းကုန် ရုန်းကန်သော်လည်း ဦးရုက္ခစိုး၏ အကူအညီဖြင့် ချုပ်နှောင်ပြီး ဆေးရုံအတွင်းသို့ ခေါ်သွားကြသည်။

ပြင်ပလူနာဌာနတွင် တာဝန်ကျဆရာဝန်က လူနာမှတ်တမ်း ယူသည်။ ဆရာဝန်ရှေ့ ရောက်သည်နှင့် ချိုကုပ်ဒူးကြီးက သိသိသာသာ ငြိမ်ကျသွားသည်။ ဆရာဝန်က ချိုကုပ်ဒူးကြီးကို အင်တာဗျူးလေသည်။

ဆရာဝန်။ ။ နာမည် ဘယ်လိုခေါ်လဲ။

ချိုကုပ်ဒူးကြီး။ ။ (အဆိုတော် မျိုးကျော့မြိုင်၏ သီချင်းအလိုက်ဖြင့်) ကျနော့်နာမည် ချိုကုပ်ပါ။ နေပြည်တော်မှာ နေပါတယ်။ ရန်ကုန်မှာလည်း နေပါတယ်။ ၀င်ငွေတွေလည်း ကောင်းပါတယ်။ ဘယ်သူ့ကိုမှ ဂရုမုစိုက်ပါ … … … …

ဆရာဝန်။ ။ ဟိုး တော်တော့ … ၊ တော်တော့ … ။ ခင်ဗျား ဘာကြောင့် ဒီနေရာကို ရောက်နေသလဲ၊ သိသလား။

ချိုကုပ်ဒူးကြီး။ ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီအကြောင်း ဟောပြောဖို့ပေါ့ကွ။

ဆရာဝန်။ ။ အင်း … ဟုတ်ပြီ။ ဒါဆို ခင်ဗျား နေရာမှန်ကို ရောက်လာတာပဲ။ ဒီဆေးရုံမှာတော့ အကုန်ပြောလို့ ရတယ်။ နိုင်ငံရေး၊ ဘာသာရေး၊ စစ်ရေး၊ အချစ်ရေး ကြိုက်တာပြော။ ကဲ … အခု ဘာလုပ်ချင်သလဲ။

ချိုကုပ်ဒူးကြီး။ ။ ရွေးကောက်ပွဲဥပဒေထုတ်ဖို့ ကျနော်ကြိုးစားမယ်၊ ထုတ်မယ်။ အခုထုတ်မယ်။ တကယ် ထုတ်မယ်။

ဆရာဝန်။ ။ ဟုတ်ပါတယ်၊ ထုတ်ရမှာပေါ့၊ ဒါပေမယ့် ဘာကြောင့် အိမ်မှာတုန်းက မထုတ်ဘဲ အခုမှ ထုတ်ချင်ရတာလဲ။

ဒေါ်ကွိုင်ကွိုင်။ ။ အဲဒီအကြောင်းတော့ မမေးပါနဲ့တော့ ဒေါက်တာရယ်။ မောင်တော်က အဲဒီ ဥပဒေ ထုတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ဒါပေမယ့် ကလိမ်ကျ … အဲ … … အချိန်ကျပြီလို့ မထင်သေးတာနဲ့ မထုတ်ဖြစ်သေးတာပါ။ နေ့ကောင်းရက်သာ ရွေးဖို့ ဗေဒင်ဆရာတွေနဲ့ နေ့ရောညပါ အသည်းအသန် ညှိနှိုင်း၊ တိုင်ပင်၊ ဆွေးနွေး၊ အကြံထုတ်၊ သုံးသပ်၊ ဝေဖန်၊ လေကန်ရင်း အခုလို ဂေါက်သွားတာပါ။ အဲဒီ ရွေးကောက်ပွဲအကြောင်း ဆွေးနွေးမိတဲ့ အကျိုးကျေးဇူးပေါ့ ဒေါက်တာရယ်။

ဆရာဝန်။ ။ စိတ်မပူနဲ့။ လုံး … … … … … … … … ၀ စိတ်မပူနဲ့။ ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ဆွေးနွေး ငြင်းခုံရင်း စိတ်ရောဂါရသွားတဲ့ နိုင်ငံရေးသမားတွေထဲမှာ ချိုကုပ်ဒူးကြီးက ၉၉ ယောက်မြောက်ပါပဲ။ ဒီတော့ စိတ်မပူပါနဲ့။ ဖြစ်ရိုးဖြစ်စဉ်ပါ။ ကံကောင်းရင် ဂျာနယ်တွေကတောင် အင်တာဗျူး လာလုပ်ပြီး နာမည်ထပ်ကြီးသွားနိုင်တယ်။

ဆရာဝန်၏ အားပေးစကားကြောင့် ဒေါ်ကွိုင်ကွိုင် စိတ် အကြီးအကျယ် ညစ်သွားသည်။ သို့သော်လည်း ကာယကံရှင် လူနာကမူ စိတ်လှုပ်ရှားမှု တစုံတခုမျှ မရှိဟန်ဖြင့် ငြိမ်ချက်သားကောင်းနေ၏။

ရုက္ခစိုးကြီးက ခေါင်းတတွင်တွင် ခါနေသည်၊ ချိုကုပ်ဒူးကြီး၏ စိတ်ကျန်းမာရေး ဒီတောင်ကို ကျော်နိုင်တော့မည် မဟုတ် ဟုလည်း သုံးသပ်လိုက်မိသည်။ ဆရာဝန်က မေးခွန်းများ ဆက်မေးသည်။

ဆရာဝန်။ ။ ဒီရက်ပိုင်းအတွင်း လူနာအတွက် စိတ်ဖိစီးစရာ တခြား ဘာအကြောင်းအရာတွေ ရှိသလဲ။

ဒေါ်ကွိုင်ကွိုင်။ ။ မပြောလို့ မဖြစ်ဘူးလား။ လူနာက နိုင်ငံတော် အကြီးအကဲ ဆိုတော့ အခု ထုတ်ပြောလိုက်ရင် နိုင်ငံတော် လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာပေါ့။ ပြီးတော့ ဟောဒီမှာ ဦးရုက္ခစိုးကြီးလည်း ရှိတယ်။ သူ့ရှေ့မှာတော့ သိပ်မပြောချင်ဘူး။ သူက ချင်းမိုင်မှာ ရှိတဲ့ ဒေ၀ါလီ မဂ္ဂဇင်းနဲ့ အရမ်း နီးစပ်တော့ … … …

ဆရာဝန်။ ။ ပြောမှာသာ ပြောပါ။ လူနာရဲ့ အခြေအနေ အလုံးစုံကို သိမှ သင့်လျော်တဲ့ ကုထုံးကို ပေးနိုင်မှာပါ။

ရုက္ခစိုး။ ။ ဟုတ်ပါတယ်။ အမှန်ကိုသာ ပြောလိုက်ပါ။ ခုချိန်ဆို သတင်းဌာနတွေကလည်း အားလုံး သိပြီး ဖြစ်မှာပါ။

ဒေါ်ကွိုင်ကွိုင်။ ။ ပြောဆိုတော့လည်း ပြောရတာပေါ့လေ။ ဒီလို … ဒီလို … … အင်းလျားကန်ကို ဒီနှစ်မကုန်ခင် နောက်တခါ ထပ်လာဖို့ ဟို … အမေရိကန်ကောင် ကြက်တောကို အီးမေးလ်ပို့ သတိပေးတာလည်း ကြာပြီ။ ကြက်တောဆီက ဘာမှ Reply မလာဘူး။ ပြီးတော့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးကလည်း ရက်ပိုင်းအတွင်း အကျယ်ချုပ် သက်တမ်း စေ့ပြီ။ သူ့ကို လွှတ်ပေးရမလား၊ ဇာတ်လမ်း တခုခု ထွင်ပြီး အင်းစိန်ထောင်ပို့ရမလား၊ ကြက်တောလို အကောင်တကောင် ရှာပြီး သူ့အိမ်ထဲ ခိုးဝင်ခိုင်းရ ကောင်းမလား ဆိုတဲ့ ကိစ္စကလည်း စဉ်းစားရတာ ခေါင်း တော်တော်စားတယ်။ ပြဿနာတွေက အကြီးကြီးတွေချည်းပဲ။

ဆရာဝန်။ ။ ဟုတ်ပြီ၊ သဘောပေါက်ပြီ။

ချိုကုပ်ဒူးကြီး။ ။ သဘောပေါက်ရင်လည်း ပြီးရောပေါ့။ ကဲ … ကွိုင်ကွိုင်ရေ … ငါတို့ ပြန်ရအောင်။

ဆရာဝန်။ ။ ပြန်ရမှာပေါ့၊ ပြန်ရမှာပေါ့။ ဒါပေမယ့် ရောက်တုန်းရောက်ခိုက် အေးအေးဆေးဆေး နေပေါ့ဗျာ။ (ထို့နောက် ဆေးရုံဝန်ထမ်းများကို ခေါ်ပြီး) ကဲ … သူ့ကို နေရာ ချထားပေးလိုက်ပါကွယ်။

စိတ်ရောဂါကုဆေးရုံသို့ ချိုကုပ်ဒူးကြီး ရောက်နေသည် ဟူသည့် သတင်းသည် ဆေးရုံရှိ လူနာများကြားတွင် မိနစ်ပိုင်းအတွင်း တောမီးပမာ ပျံ့နှံ့သွားလေသည်။ သတင်းကို ကြားမိသည်နှင့် လူနာများ အားလုံး ရုတ်တရက် ကြက်သေ သေသွားကြသည်။ ထို့နောက် အားလုံး စုဝေးပြီး ချိုကုပ်ဒူးကြီး ရှိသည့် နေရာသို့ ရောက်လာကြသည်။

အခန်းရှေ့သို့ လူနာ ရာပေါင်းများစွာ စုဝေး ရောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ချိုကုပ်ဒူးကြီး ၀မ်းသာအားရ ဖြစ်သွားသည်။

ချိုကုပ်ဒူးကြီး။ ။ ကဲ … ကွိုင်ကွိုင်ရေ … ကြုံကြိုက်တုန်း “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” အကြောင်း ဟောပြောလိုက်ဦးမယ်။

ချိုကုပ်ဒူးကြီးက အင်္ကျီလက်မောင်းများ ပင့်တင်ပြီး မိန့်ခွန်းပြောရန် ဟန်ပြင်စဉ် လူနာများထံမှ “မပြောနဲ့။ မကြားချင်ဘူး။ ပြန်။ ပါးစပ်ပိတ်၊ တိတ်တိတ်နေ။ ပြန်တော့။ အတူ မနေနိုင်ဘူး။ ပြန်ပေတော့။ နင်မပြန်ရင် ငါပြန်မယ်။ ဒီမှာ လက်မခံဘူး။ ထွက်သွား။ ပြန် … ပြန် … နောက်လှည့်ပြီးတော့ပြန်…” ဟူသည့် အော်ကြီးဟစ်ကျယ် တုံ့ပြန်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ရွာသာကြီး စိတ်ရောဂါကုဆေးရုံအတွင်း အခြေအနေက တင်းမာသည်ထက် တင်းမာလာသည်။ ချိုကုပ်ဒူးကြီးကို လုံးဝ လက်မခံနိုင်ကြောင်း ခါးခါးသီးသီး ငြင်းဆန်သည့် လူနာများထံမှ အသံများ ပို၍ပို၍ ဆူညံလာသည်။ ဆေးရုံဝန်ထမ်းများလည်း အခြေအနေ တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းငှာ မစွမ်းသာတော့ပေ။

ရုက္ခစိုးကြီးက မည်သို့မျှ အကူအညီ မပေးနိုင်သဖြင့် ကိုယ်ရောင်ဖျောက်ပြီး ထိုနေရာမှ ရှောင်ထွက်သွားလေသည်။ တာဝန်ကျဆရာဝန်မှာ လူနာသစ် ချိုကုပ်ဒူးကြီးအား လက်ခံရေးအတွက် လူနာထုကြီးကို မည်သို့ဖျောင်းဖျရမည်နည်းဟု စဉ်းစားပြီး ကျန်ရစ်ခဲ့လေသည်။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
http://www.irrawaddy.org/bur/index.php/ching-mai-nat/6-ching-mai-nat/2578-2010-02-10-10-58-04

ပြည်ထောင်စုနေ့နဲ့ ပင်လုံစိတ်ဓာတ်

အောင်ဇံ (ပြည်ထောင်စုနေ့ အထူးဆောင်းပါး)

၁၀/ ဖေဖော်ဝါရီ ၂၀၁၀

ဖေဖော်ဝါရီလကို ရောက်လာပြန်ပါပြီ။ ဖေဖော်ဝါရီ (၁၂) ရက်ဆိုရင် မြန်မာနိုင်ငံမှာ ပြည်ထောင်စုနေ့ရယ်လို့ နအဖစစ်အစိုးရက ကြီးမှူးကျင်းပဦးမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးများနဲ့ သူတို့ရဲ့သတင်းစာများကလည်း ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ် ဆိုတဲ့ ဝေါဟာရတွေကို မိုးလုံးညံအောင် ပြောကြ၊ ရေးကြဦးမှာ ဖြစ်ပါတယ်။ ဒီလိုပြောကြ၊ ရေးကြတဲ့နေရာမှာ အသိရှိရှိနဲ့ လက်တွေ့ကျင့်သုံးဖို့အတွက်တော့ ဟုတ်မယ်မထင်ပါဘူး။ အစဉ်အလာတရပ်အနေနဲ့ လုပ်ရိုးလုပ်စဉ်အရ လုပ်နေကျ ပြောနေကျအတိုင်း ဒီနေ့၊ ဒီရက်ကို ရောက်လာပြီဆိုရင် ဒီလိုဝေါဟာရတွေနဲ့ ပြောကြ၊ ရေးကြရမယ်ဆိုတဲ့ အပေါ်ယံအသိနဲ့ ပြောနေကြ၊ ရေးနေကြပုံရပါတယ်။ သို့တည်းမဟုတ် ဆန့်ကျင်တော်လှန်နေကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ပျားရည်နဲ့ ၀မ်းချလိုတဲ့ သဘောနဲ့ ပြောနေ၊ ရေးနေကြခြင်းလည်း ဖြစ်နိုင်ပါတယ်။

အမှန်တကယ်တော့ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ဆိုပြီး နအဖဗိုလ်ချုပ်ကြီးတွေ သုံးနှုန်းပြောဆိုနေကြတာတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ ပေါ်ထွန်းလာခဲ့တဲ့ ပင်လုံစာချုပ်အခြေခံမူကို လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဖို့ မဟုတ်ဘဲ ဝေါဟာရအနေနဲ့ မည်ကာမတ္တ သုံးနှုန်းပြောဆိုနေကြတယ်ဆိုတာ သေချာပါတယ်။ အကယ်၍ ပင်လုံစိတ်ဓာတ် သို့မဟုတ် ပင်လုံမူဖြင့်သာ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် ထူထောင်နိုင်မယ်ဆိုရင် အခုလတ်တလော ကြုံတွေ့နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ဖြုတ်သိမ်းဖို့၊ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကြိုးပမ်းရာမှာ အဆင်မပြေ တင်းမာမှုတွေ ဖြစ်နေရတဲ့ ပြဿနာတွေ အပါအ၀င် လက်နက်ကိုင်ပဋိပက္ခတွေ အားလုံးချုပ်ငြိမ်းပြီး ပြည်တွင်းစစ်ကိုလည်း ရပ်စဲနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းသာယာတဲ့ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ နအဖဗိုလ်ချုပ်များ ကျင့်သုံးနေတဲ့ တိုင်းရင်းသားများနဲ့ ပတ်သက်တဲ့ ဗျူဟာကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို လက်နက်ဖြုတ်သိမ်း၊ ဒါမှမဟုတ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း၊ ဒါတွေကို မလိုက်နာဘူးဆိုရင် တိုက်ခိုက်ချေမှုန်းပစ်ရမယ်ဆိုတဲ့ ဗျူဟာပါပဲ။ ဒီလို တိုင်းရင်းသားတွေအပေါ်မှာ ကျင့်သုံးလုပ်ဆောင်ချက်တွေဟာ ပင်လုံမူ၊ ပင်လုံစိတ်ဓာတ်နဲ့တော့ ဆီနဲ့ရေလို ကွာခြားနေပါတယ်။ တကယ်တော့ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်တွေကို အခြေခံပြီး တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်မယ်ဆိုရင် လက်ရှိပြဿနာအပါအ၀င် တိုင်းရင်းသားပေါင်းစုံနဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့ နအဖဗိုလ်ချုပ်တွေကတော့ ပင်လုံစိတ်ဓာတ်ဆိုတဲ့ အသုံးအနှုန်းဝေါဟာရတွေကို ဝေါဟာရအနေနဲ့သာ သုံးပြီး ခံယူလိုက်နာကျင့်သုံးမယ့် အနေအထားတွေကို လုံးဝမတွေ့ရပါဘူး။ နအဖဗိုလ်ချုပ်တွေက မြန်မာနိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် ခေါ်ဆိုသုံးနှုန်းနေကြတဲ့တိုင်အောင် လက်ရှိအခြေအနေမှာ ပြည်ထောင်စုရဲ့အသွင်သဏ္ဌာန်ရော အနှစ်သာရပါ မရှိပါဘူး။ စစ်တပ်က စိုးမိုးခြယ်လှယ်အုပ်ချုပ်နေတဲ့ စစ်အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံတနိုင်ငံမျှသာ ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာမယ့် မြန်မာနိုင်ငံအခြေအနေကရော ပင်လုံမူ၊ ပင်လုံစိတ်ဓာတ်နဲ့ ဖော်ဆောင်မယ့် ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ ဘာများကွာခြားနိုင်ပါသလဲ။

၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်လာမယ့် မြန်မာနိုင်ငံဟာလည်း ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်တကွ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကို ဖော်ဆောင်ပေးထားသယောင် ရှိပေမယ့် ပြည်နယ်တွေ၊ တိုင်းတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ တပ်မတော်က အဆင့်ဆင့် စိုးမိုးခြယ်လှယ်အုပ်ချုပ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ဖော်ဆောင်မယ့် မြန်မာနိုင်ငံဟာလည်း တပ်မတော်က စိုးမိုးခြယ်လှယ်အုပ်ချုပ်မယ့် နိုင်ငံတနိုင်ငံမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖော်ဆောင်မယ့် မြန်မာနိုင်ငံဟာ ကုလားကြီးနှင့် အရာကြီး (မာမူကြီး) မျှသာ ကွဲပြားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁၂) ရက် ပြည်ထောင်စုနေ့ရောက်တိုင်း ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ရယ်လို့ ယေဘုယျ ပြောကြ၊ ရေးကြပေမယ့် အဲဒီပြည်ထောင်စုနေ့ရဲ့ တကယ့်အနှစ်သာရဖြစ်တဲ့ ပင်လုံစာချုပ်၊ ပင်လုံသဘောတူညီချက်၊ ပင်လုံစိတ်ဓာတ်နဲ့ ပတ်သက်လို့ လေးလေးနက်နက် ခွဲခွဲခြားခြားသိသူ အလွန်နည်းလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလိုသိမြင်ဖို့ဆိုရင် တိုင်းရင်းသားလူမျိုးများရဲ့ သမိုင်းနဲ့တကွ ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာတဲ့ သမိုင်းကြောင်းကို အကျဉ်းမျှ သိဖို့လိုပါတယ်။

မြန်မာနိုင်ငံဟာ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးများအပြင် အခြားလူမျိုးစုများလည်း အများအပြား နေထိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒီတိုင်းရင်းသားလူမျိုးတွေဟာ ရှေးပဝေသဏီခေတ်ကတည်းက တချို့က ကိုယ့်ထီးကိုယ်နန်းတွေနဲ့ ထီးပြိုင်နန်းပြိုင် (ဗမာ၊ ရခိုင်၊ မွန်) နေထိုင်ခဲ့ကြပြီး တချို့မှာ စော်ဘွား၊ စော်ဖျား၊ စော်ကဲတွေနဲ့ (ရှမ်း၊ ကယား၊ ကရင်) ကိုယ်ပိုင်အုပ်ချုပ်ပြီး နေထိုင်ခဲ့ကြပါတယ်။ တချို့မှာမူ ဒူးဝါး၊ တောင်ပိုင်၊ တောင်အုပ်တွေနဲ့ (ကချင်၊ ချင်း) ကိုယ်ပိုင်အုပ်ချုပ်ပြီး နေထိုင်ခဲ့ကြပါတယ်။

မွန်-ဗမာ အနှစ် (၄၀) စစ်ပွဲအပြီးမှာ ဗမာဘုရင်တွေက မွန်ဘုရင်အုပ်ချုပ်တဲ့ ဒေသကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်မှာတော့ ဗမာဘုရင် ဘိုးတော်ဘုရားဟာ ရခိုင်ပြည်ကို သိမ်းယူနိုင်ခဲ့ပါတယ်။ ကျန်တိုင်းရင်းသား ဒေသတွေကတော့ တခါတရံမှာ ဗမာဘုရင်ကို လက်ဆောင်ပဏ္ဏာ ဆက်သလို့ဖြစ်စေ တခါတရံမှာ ကိုယ်နည်းကိုယ့်ဟန်နဲ့ သီးခြားလွတ်လွတ်လပ်လပ် အုပ်ချုပ်လို့ဖြစ်စေ နေထိုင်လာခဲ့ကြပါတယ်။ ၁၈၂၄ ခုနှစ်မှာတော့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲနဲ့အတူ ရခိုင်နဲ့တနင်္သာရီဒေသကို ဗြိတိသျှအစိုးရက သိမ်းပိုက်ခဲ့ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ပဲခူးတိုင်းနဲ့ အောက်ဗမာပြည်ကို သိမ်းယူပြီးတော့ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးမှာတော့ ဗမာတပြည်လုံးကို အင်္ဂလိပ်အစိုးရက သိမ်းယူခဲ့ပါတယ်။

ဒီလို သိမ်းပိုက်အုပ်ချုပ်စဉ်ကာလမှာ ဒေသအသီးသီးကို အမျိုးမျိုး ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ရခိုင်ပြည်၊ ဗမာပြည်နဲ့ မွန်ဘုရင်များ အုပ်ချုပ်တဲ့ ဒေသကို ပေါင်းပြီးတော့ ဗမာမြေပြန့်ဒေသအဖြစ် အုပ်ချုပ်ခဲ့သလို ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို သီးခြားခွဲခြားပြီးတော့ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးအကြိုကာလမှာ မြန်မာနိုင်ငံကို လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မယ့် အခြေအနေကို ရောက်လာတဲ့အခါ ဗြိတိသျှအစိုးရရဲ့ သဘောထားကတော့ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားလိုပါတယ်။ အကယ်၍ ဗမာပြည်နဲ့ တောင်တန်းဒေသကို တပေါင်းတစည်းတည်း လွတ်လပ်ရေးရချင်ရင် တောင်တန်းသားများရဲ့ သဘောထားအရ ပေါင်းစည်းနိုင်မှသာလျှင် ဖြစ်နိုင်မယ်ဆိုပြီး အကျပ်ကိုင်ခဲ့တယ်။

ဒီအခြေအနေမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ တောင်တန်းဒေသနဲ့ ဗမာပြည်ကို ပေါင်းစည်းရေးအတွက် လှုပ်ရှားကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုပေါင်းစည်းရေးအတွက် ကြိုးပမ်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားကတော့ “ဗမာပြည်ကို လွတ်လပ်ရေးပေးပြီးတော့ ရှမ်းပြည်နဲ့ တောင်တန်းဒေသကို ချန်ထားခဲ့မယ်ဆိုရင် ဒီလွတ်လပ်ရေးဟာ ပြီးပြည့်စုံတဲ့ လွတ်လပ်ရေးမဟုတ်ဘူး” လို့ ခံယူသလို ဗမာလူမျိုးတွေဟာ ဗြိတိသျှကိုလိုနီဘ၀နဲ့ မနေချင်သလို တောင်တန်းသားများကိုလည်း ဗြိတိသျှကိုလိုနီလက်အောက်မှာ မနေစေလိုပါဘူး။ ဗမာတွေ လွတ်လပ်ရေးရသလို တောင်တန်းသားများကိုလည်း လွတ်လပ်ရေး ရစေချင်ပါတယ်။

ဒါ့အပြင် ရှမ်းက တမျိုး၊ ကချင်က တဖုံ၊ ဗမာက တခြား အကွဲကွဲအပြားပြား ကြိုးပမ်းဆောင်ရွက်နေကြမယ့်အစား စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းအားထုတ်ကြမယ်ဆိုရင် တိုင်းပြည်ဟာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပြီး ရလာတဲ့ အကျိုးကျေးဇူးတွေကိုလည်း အားလုံးသာတူညီမျှ ခံစားကြရမှာဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ ထို့အတူ တိုင်းရင်းသား ခေါင်းဆောင်များကလည်း အကယ်၍ ဗမာပြည်ကိုသာ လွတ်လပ်ရေးပေးခဲ့ပြီး ရှမ်းပြည်နဲ့ တောင်တန်းဒေသတွေကို ချန်ထားခဲ့မယ်ဆိုရင် တောင်တန်းသားများအနေနဲ့ ဗြိတိသျှကိုလိုနီလက်အောက်က လွတ်မြောက်နိုင်ဖို့ အလှမ်းဝေးသွား လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့် ဗမာပြည်နဲ့ပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ပင်လုံစာချုပ်ရဲ့ အချီးနိဒါန်းမှာလည်း “ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာရရှိလိမ့်မည်ဟု ကန့်ကွက်သူမရှိဘဲ သဘောတူညီခဲ့ကြလေသည်” ဆိုပြီး တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် စောစောကပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခံယူချက်စိတ်ဓာတ်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်များရဲ့ သဘောထားတွေဟာ ပင်လုံစိတ်ဓာတ်ပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ပင်လုံစိတ်ဓာတ်ဆိုတာဟာ လွတ်လပ်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေးပဲဖြစ်ပါတယ်။

ဒီလိုခံယူချက် စိတ်ဓာတ်တွေနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဗမာပြည်နဲ့ တောင်တန်းဒေသများပေါင်းစည်းရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးညှိနှိုင်းရာမှာ ရှမ်းခေါင်းဆောင်များအနေနဲ့ …

၁။ တန်းတူညီတူ ပြည်ထောင်စုမူနှင့် ပေါင်းစည်းရေး၊

၂။ ပြည်နယ်တွင်းကိစ္စတွေမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အ၀ရှိရေး၊

၃။ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိရေး၊

… စတဲ့ အချက်တွေကို ဆွေးနွေးတင်ပြခဲ့သလို ကချင်ခေါင်းဆောင်များအနေနဲ့ကလည်း …

၁။ ကချင်ပြည်နယ်ဖွဲ့စည်းရေး၊

၂။ ကချင်ပြည်နယ်ဖွဲ့စည်းရာတွင် မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့ ပါဝင်ဖွဲ့စည်းရေးတို့ကို တင်ပြခဲ့ပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ဒီလိုတင်ပြလာတဲ့ အချက်တွေကို မူအရ လက်ခံသဘောတူခဲ့ပါတယ်။ ဒီလိုသဘောတူညီခဲ့တဲ့ အချက်တွေဟာ တနည်းအားဖြင့် ပင်လုံသဘောတူညီချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ လမ်းညွှန်မူ (၇) ချက်ကို တင်ပြရာမှာ …

နံပါတ် (၁) မှာ ‘နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟူ၍လည်းကောင်း’၊ နံပါတ် (၂) မှာ ‘တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ရရှိစေရမည်’ ဟူ၍ ပါရှိသလို နံပါတ် (၅) မှာလည်း ‘ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ပြဋ္ဌာန်းထားရှိစေရမည်’ ဟူ၍ ညွှန်ကြားဖော်ပြ ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုပင်လုံစိတ်ဓာတ်တွေ၊ ပင်လုံသဘောတူညီချက်တွေ ရယူပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ပင်လုံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ပင်လုံစာချုပ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ပင်လုံစာချုပ်မှာ အပိုဒ် (၉) ပိုဒ် ပါတာကို တွေ့ရမှာဖြစ်ပါတယ်။ အပိုဒ် (၁) ကနေ (၄) အထိမှာ တောင်တန်းဒေသများအရေးနဲ့ ပတ်သက်လို့ ကိုယ်စားလှယ် သို့မဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ်တဦးနဲ့ ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦး ခန့်ထားရေး ဒီပုဂ္ဂိုလ်များရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖော်ပြထားတာဖြစ်ပါတယ်။ အပိုဒ် (၅) ကတော့ ‘တောင်တန်းဒေသ သို့မဟုတ် နယ်စပ်ဒေသများအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ ရာနှုန်းပြည့်ရှိစေရမည်’ ဆိုပြီး ဖော်ပြထားပါတယ်။ အပိုဒ် (၆) ကတော့ ‘ကချင်ပြည်နယ်ဖွဲ့စည်းရေးနှင့် မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေး’ ကို ဖော်ပြထားပါတယ်။ အပိုဒ် (၇) မှာကတော့ ‘တောင်တန်းသားများသည် ဒီမိုကရေစီနိုင်ငံများတွင် ရရှိသော အခြေခံအခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိရမည်’ ဆိုပြီး ဖော်ပြထားပါတယ်။ အပိုဒ် (၈) နှင့် (၉) မှာတော့ ‘ရှမ်းပြည်နှင့် ကချင်ဒေသ၊ ချင်းဒေသများအတွက် ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး’ အတွက် ထပ်လောင်း ဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေဟာ ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်နဲ့ ပင်လုံစာချုပ်ပါ အချက်အလက်တွေပဲဖြစ်ပါတယ်။

ဒီနေ့အချိန်အခါမှာ နအဖစစ်ခေါင်းဆောင်များအနေနဲ့ ဒီစိတ်ဓာတ်တွေ၊ ဒီမူတွေကို ဖျောက်ဖျက်ပြီး မြန်မာနိုင်ငံကို တပြည်ထောင် စနစ် သို့မဟုတ် စစ်အုပ်ချုပ်ရေးစနစ်နဲ့ ဆက်လက်အုပ်ချုပ်သွားဖို့ ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မိမိစိတ်ကြိုက် စီမံဖန်တီးထားတာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမှာ အမည်ခံအားဖြင့် ပြည်ထောင်စုအဖြစ် ဖော်ပြထားတဲ့အပြင် ပြည်နယ်များ၊ အထူးအုပ်ချုပ်ခွင့်ရ တိုင်း၊ အထူးအုပ်ချုပ်ခွင့်ရ ဒေသရယ်လို့ ဖော်ပြထားသည့်တိုင်အောင် ဗဟိုနှင့် ပြည်နယ်၊ တိုင်း ဒေသတွေ အားလုံး စစ်တပ်ကသာ ကြိုးကိုင်စီမံအုပ်ချုပ်ဖို့ ကြိုတင်စီမံဖန်တီးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဖြစ်ပါတယ်။

ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ပြည်ထောင်စုအနှစ်သာရ တနည်းအားဖြင့် ပင်လုံစိတ်ဓာတ်၊ ပင်လုံမူတွေကို လုံးဝပစ်ပယ်ထားပြီး တိုင်းရင်းသားရပိုင်ခွင့်တွေကိုလည်း လျစ်လျူရှုထားတာဖြစ်တယ်။ တကယ်တော့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ စစ်တပ်က ရာသက်ပန်စိုးမိုးခြယ်လှယ်အုပ်ချုပ်နိုင်မယ့် စစ်အုပ်ချုပ်ရေးဥပဒေသာ ဖြစ်တယ်။ ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းရင်းသားနိုင်ငံရေးပါတီများရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါ လုံးဝလက်မခံနိုင်တဲ့အပြင် လက်ရှိအခြေအနေမှာ နအဖရဲ့ အစီအမံဖြစ်တဲ့ လက်နက်ဖြုတ်သိမ်းရေး သို့မဟုတ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံကြတဲ့အတွက်ကြောင့် တင်းမာမှုတွေဖြစ်နေသလို စစ်ရေးပြင်ဆင်မှုတွေပါ ရှိနေပါတယ်။ ပြည်တွင်းစစ်ဟာလည်း ပိုမိုကျယ်ပြန့်လာမယ့် အနေအထားကိုတွေ့မြင်နေရပါတယ်။

တကယ်တော့ ပြည်တွင်းစစ် သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဟာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာပြီးတော့ လွတ်လပ်ရေးရဲ့ ဖွားဖက်တော်လို့တောင် ခေါ်မယ်ဆိုရင်ခေါ်လို့ ရပါတယ်။ ဒီလက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေဖို့ တခုတည်းသော နည်းလမ်းကတော့ ပင်လုံစိတ်ဓာတ်နဲ့ ပင်လုံမူတွေကို အခြေခံပြီး စစ်မှန်တဲ့ ပြည်ထောင်စုတရပ်ကို ဖွဲ့စည်းဖို့ပါပဲ။ ဒီလိုသာ ဖွဲ့စည်းနိုင်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကိုရရှိပြီး တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးတဲ့ သွေးစည်းညီညွတ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဒီလိုညီညွတ်တဲ့အားနဲ့ အဘက်ဘက်က ယိုယွင်းကျဆင်းနေတဲ့ မြန်မာနိုင်ငံကို ပြန်လည်ထူထောင်မယ်ဆိုရင် မကြာမနှေးဆိုသလို ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

တကယ်တော့ ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်ဆိုတဲ့ ပြည်ထောင်စုမူဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ချမှတ်ခဲ့တဲ့မူလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကြိုးပမ်းမှုအစမှာ ‘ဗမာပြည်သည် တို့ပြည်၊ ဗမာစာကို ချစ်ပါ၊ ဗမာစကားကို မြတ်နိုးပါ’ ဆိုတဲ့ အမျိုးသားရေးဝါဒကို ချမှတ်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးအကြိုကာလကို ရောက်တဲ့အခါမှာတော့ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊ ပူးပေါင်းနေထိုင်ရေးဆိုတဲ့ ပြည်ထောင်စုမူကိုချမှတ်ပြီးတော့ အမျိုးသားသွေးစည်းညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးဆိုတဲ့ အမျိုးသားရေးဝါဒဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ နအဖခေါင်းဆောင်များဟာ ဒီမူတွေ ဒီသဘောတူညီချက်တွေကို လုံးဝဖျောက်ဖျက်ပြီးတော့ တသွေး တသံ တမိန့်နဲ့ ဗမာပြည်သူတွေနဲ့ တိုင်းရင်းသားပြည်သူတွေကို စိုးမိုးချယ်လှယ်အုပ်ချုပ်ဖို့ စီမံပြင်ဆင်နေတာ တွေ့ရပါတယ်။ ဒါကြောင့် တိုင်းရင်းသားပြည်သူတရပ်လုံးအနေနဲ့ စစ်အာဏာရှင် စစ်အုပ်ချုပ်ရေးက လွတ်မြောက်ရေး၊ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းတဲ့ ပြည်ထောင်စုသစ်ကို ဖော်ဆောင်ရေးအတွက် နည်းမျိုးစုံနဲ့ ဘက်ပေါင်းစုံက တိုက်ပွဲဝင်ကြဖို့လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါတယ်။ ။

http://www.khitpyaing.org/articles/2010/february/10210.php


မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ကျေညာချက်

http://ifile.it/ep3cv1g2010

ရွှေဂုံတိုင်ကနေ နောက်မဆုတ်နဲ့

မိတ်ဆွေများခင်ဗျား
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ “ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၂/၂၀၁၀)” အား ပေးပို့အပ်ပါသည်။
လေးစားစွာဖြင့်
လူထုဆက်ဆံရေး ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

http://ifile.it/hzmunafCommentary 2_10 by DPNS Feb 9

မြန်မာနိုင်ငံ ကလေးများနေ့ (၁၃ - ၂ - ၂၀၁၀)



မြန်မာနိုင်ငံကလေးများနေ့ (၁၃ - ၂ - ၂၀၁၀)

လွပ်လပ်ရေးဗိသုကာကြီးနှင့် တပ်မတော်ဖခင် "ဗိုလ်ချုပ်အောင်ဆန်း"ကို ဂုဏ်ပြုသောအားဖြင့်
"မြန်မာနိုင်ငံခလေးများနေ့" အား (ပဉ္စမအကြိမ်) မြောက်ကျင်းပမည်ဖြစ်ပါ၍
ဗိုလ်ချုပ်အောင်ဆန်းကိုချစ်သော လူကြီးမင်းကိုယ်တိုင်
အောက်ပါအစီအစဉ်အတိုင်းကြွရောက်ပါရန်ချီးမြင့်ပါရန်
လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။
လူငယ်များ
(၇၀) ရပ်ကွက်
ဒဂုံမြို.သစ်တောင်ပိုင်း မြို.နယ်

နေ့ရက်။ ။ ၁၃၊ ၀၂၊ ၂၀၁၀
အချိန် ။ ။ ၉ နာရီမှ ၁၁ နာရီအထိ
နေရာ။ ။ ၈၈၈/က၊ မြကန်သာ (၁) လမ်း၊ ရပ်ကွက် (၇၀)၊ ဒဂုံမြို့ သစ်(တောင်ပိုင်း)
ကားစီးရန်။ ။ (၃၉) ၀ါ ဂိတ်ဆုံး။ (၇၇၊ ၆၂၊ ၁၀၆) ကားများစီးလျှင် (၇၀) မှတ်တိုင်တွင် ဆင်းပါ။
http://shwenanda.blogspot.com/2010/02/blog-post_2019.html

ငါတို့ဗိုလ်ချုပ်

ငါတို့ဗိုလ်ချုပ်

( ၂၀၁၀ ခု ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ တွင်ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း ၉၅ နှစ်ပြည့် မွေးနေ့ အမှတ်တရ ) ။

----------------------------------------

“ဖေဖေါ်ဝါ၇ီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ၊ တစ်ထောင်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား ၊ ဇာတိနတ်မောက်မကွေးခရိုင် သိကြများခုတိုင် ၊ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊

မိခင်ဒေါ်စုသား ။ တစ်ထောင်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန် ၊ မျက်ရည်ဖြိုင်လို့

ဘ၀င်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး ၊ ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင် ပြည်ချစ်ဒို့

ခေါင်းဆောင် ၊ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား ။ ပြည်ထောင်စုရဲ့ကျေး

ဇူးရှင် ဗိုလ်ချုပ်တို့ဖခင် ၊ ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ။’’

ငါတို့ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိမယ်ဆို ၊ ခု ၂၀၁၀ ဖေဖေါ်ဝါရီလ ၁၃

ရက်နေ့မှာ အသက် ၉၅ နှစ်ရှိပြီပေါ့….. ၊ ငါတို့ဗိုလ်ချုပ်ဆိုတာလား…? အေးပေါ့……ငါတို့

ရွယ်တူ ဒါမှမဟုတ် ငါတို့ထက်ငယ်တဲ့ တချို့တချို့သူတွေ ဘယ်သိနိုင်ပါ့မလဲ ၊ဗမာပြည်ရဲ့

စစ်အာဏာရှင်တွေက ငါတို့ဗိုလ်ချုပ်ကိုမှေးမှိန်အောင် ဖျောက်ဖျက်ဖုံးကွယ်ထားကြတာကိုး

ငါတို့ဗိုလ်ချုပ်ဆိုတာ ဗမာပြည်နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းမှာ အထင်ကရ

ဖြစ်ခဲ့တဲ့ ဗိုလ်လရောင်ခေါ် ဗိုလ်မင်းရောင်ရဲ့မြေး ၊ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ရဲ့ ခင်ပွန်း၊

ဒီနေ့ခေတ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ၊ ဗမာ့တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ပေးခဲ့သူ ၊ ဗမာပြည်ကို ကျွန်ဘ၀က ၊ နယ်ချဲ့လက်အောက် ဖက်စစ်

လက်အောက်က လွတ်မြောက်ဘို့ စွမ်းစွမ်းတမံ ဦးဆောင်ကြိုးပမ်းခဲ့သူပေါ့ ။

ငါတို့ဗိုလ်ချုပ်ကို “အောင်ဆန်းဇာနည် “ ဆိုတဲ့ကဗျာထဲကလို ၊မကွေးတိုင်း၊

နတ်မောက်မြို့နယ် ၊ သဲချောင်းကြီးအနောက်ဖက်ကမ်းတောင်ကုန်းပေါ်က ၊ အိမ်ခြေ ၂၀၀

လောက်ရှိတဲ့ရွာလေးမှာ ၊ ၁၉၁၅ ခု ဖေဖေါ်ဝါရီလ (၁၃) ရက် ၊ ဗမာလို ၁၂၇၆ ခု တပေါင်း

လဆန်း (၁) ရက် ၊ စနေနေ့မှာ မွေးခဲ့တယ် ၊ မွေးဇာတာမှာ စနေသားမို့ “ထိန်လင်း “ လို့

ရေးပေမဲ့ ၊ အထက်အကို အောင်သန်း နဲ့လိုက်အောင် အောင်ဆန်း လို့ပဲခေါ်ခဲ့ကြတယ် ။

မိဘတွေက ဆွံ့အနေလားထင်ရလောက်အောင် စကားပြောနောက်ကျခဲ့သလို ညီအကို

လေးယောက်မှာ အငယ်ဆုံးမို့ အလိုလိုက်ထားတော့ ၊ အသက်(၇)နှစ်ကျော် (၈)နှစ်အထိ

ကျောင်းမတက်ရသေးဘူး၊ အကို ကိုအောင်သန်းကိုရှင်ပြုပေးလို့ ရှင်လောင်းဆင်တာတွေ့

တော့ “ရှင်လောင်းလုပ်ချင်တယ်”ပူဆာတာမှာ အမေဒေါ်စုက “ရှင်လောင်းဆိုတာ စာ

တတ်မှလုပ်လို့ရတာ” ပြောမှ ၊ “ကျောင်းနေပါတော့မယ်” ပြောပြီး ကတိပေး ကျောင်း

တက်ဖြစ်တာ ၊ နတ်မောက်မြို့ ဆရာတော်ဦးသောဘိတကျောင်းမှာ ကျောင်းစတက်ပြီး ရေနံချောင်းမြို့ ၊ အမျိုးသားအထက်တန်းကျောင်းမှာ အထက်တန်းအောင်ခဲ့တယ် ။ အင်္ဂလိပ်မြန်မာ သတ္တမတန်းစာမေးပွဲမှာ နဝမအဆင့်ရလို့ ဦးရွှေရိုးဆုနဲ့စကောလားရှစ်ဆု ရခဲ့တယ် ၊ ရန်ကုန်တက္ကသိုလ်တက်နေတဲ့အချိန်မှာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) ရဲ့ဒုဥက္ကဌ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ရဲ့ ဥက္ကဌ ၊ “ အိုးဝေ ” မဂ္ဂဇင်း အယ်ဒီတာ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။

၁၉၃၆ ခု ထုတ် အိုးဝေမဂ္ဂဇင်း ၊ အတွဲ ၆ အမှတ် ၁ မှာ ဝီလီယမ် အားနက်စ်ဟင်နလီ William Ernest Henley ရဲ့ “ Invictus ” ကဗျာကို “ အနိုင်မခံ ” လို့ ဘာသာပြန် ထုတ်ဝေခဲ့ တယ်။

ငါ့အားဖုံးလွှမ်းထားသော လ ကွယ်သန်းခေါင် ၊ ဤ အမှောင်တွင်းမှနေ၍ အနိုင်မခံ အရုံးမပေးတတ်သော ငါ၏ စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။ လောကဓံ တရားတို့၏ ရက်စက်ကြမ်းကြုပ်သော လက်ခုပ်အတွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် ၊ မငိုကြွေး ၊ ကံတရား၏ ရိုက်ပုပ်ခြင်း ဒါဏ်ချက်တို့ကြောင့် ၊ ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ၊ ညွှတ်ကားမညွှတ် ၊ ဤလောဘ ဒေါသ တို့ကြီးစိုးရာ ဌာန၏ အခြားမဲ့ကား ၊ သေခြင်းတရားသည် ငံ့လင့်လျှက် ရှိ၏။ သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ၊ သုဂတိသို့ သွားရာတံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ ၊ ယမမင်း၏ ခွေးရေပုရပိုရ်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ၊ ငါ့ကား ဂရုမပြု ၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင် ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း ” …………။

အိုးဝေမဂ္ဂဇင်းမှာ ငရဲခွေးကြီးလွှတ်နေသည် ဆိုတဲ့ ဆောင်းပါးရေးတဲ့သူကို ထုတ်ဖော်မပြောလို့ ကျောင်းထုတ်ခံခဲ့ ရတာမှာ သမိုင်းတွင်မဲ့ ဒုတိယ ကျောင်းသားသပိတ် ဖြစ်စေတဲ့အထိ ဖြစ်ခဲ့တယ်။ စိတ်သန်ရာ နိုင်ငံရေးကို လိုက်စားခဲ့တာကြောင့် ရန်ကုန်တက္ကသိုလ်မှာ ခြောက်နှစ်ခွဲပဲ နေခဲ့ပြီး ၊ နိုင်ငံရေးထဲ ခြေစုံပြစ်ဝင် ၊ သခင်ကိုယ် တော်မှိုင်း ဦးဆောင်တဲ့ ဒို့ဗမာအစည်းအရုံးမှာ ၊ “ သခင်အောင်ဆန်း ” ဖြစ်လာခဲ့တယ် ။

ငါတို့ဗိုလ်ချုပ်က ထောင်လည်းကျဘူးတယ် ၊ ၁၉၃၉ ဇန်နဝါရီလမှာ ရန်ကုန်အရေး တကြီး အက်ဥပဒေနဲ့ ( ၁၅ ) ရက် ဖမ်းဆီးထောင်ချခံရတယ် ၊ ဗမာပြည် ကွန်မြူနစ်ပါတီ ဖွဲ့တော့လဲ အထွေထွေ အတွင်းရေးမှုးတာဝန် ယူခဲ့တယ် ၊ နယ်ချဲ့ဆန့်ကျင်ရေးအတွက် မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့ကို တည်ထောင်တော့ ငါတို့ဗိုလ်ချုပ်ကို ပြည်ပခေါင်း ဆောင်အဖြစ် တင်မြှောက်ကြတယ်။

ဟသာင်္တခရိုင် ရာဇဝတ်ဝန် မစ္စတာ ဇေးဗီးယားက ဇလွန်မှာ ချင်းတောင်းအ ကြောင်း ဟောပြောမှုနဲ့ ငါတို့ဗိုလ်ချုပ်ကို ဖမ်းဘို့ ငါးကျပ်တန်ဝရမ်းကို ထုတ်ခဲ့တယ် ၊ ၁၉၄၀ ခု သြဂုတ်လ (၈) ရက်နေ့မှာ သခင်လှမြိုင်နဲ့အတူ ဟိုင်လီဆိုတဲ့ သဘောင်္နဲ့ တရုတ်ပြည်ကို လျှို့ဝှက်သွားခဲ့တာဟာ ငါတို့ဗိုလ်ချုပ်ရဲ့ ၊ ဗမာပြည်လွှတ်လပ်ရေးရဲ့ ၊ ဒီနေ့ခေတ် ဗမာတပ်မတော် ဖြစ်လာဘို့ရဲ့ ၊ သမိုင်းဝင် ခရီးစဉ် ဖြစ်လာခဲ့တယ်။

` တရုတ်ပြည် အမွိုင်ကနေ ဂျပန်ပြည်တိုကျိုကို ဆက်သွားပြီး စစ်ပညာသင်ဘို့ ဆွေးနွေးခဲ့တယ်၊ ရဲဘော်သုံးကျိပ်ထဲက ပထမအသုတ် လူငယ်တချို့ကို ကိုယ်တိုင် ပြန်ခေါ်ခဲ့သေးတယ် ၊ ဂျပန်ပြည်မှာ ကိုးလ စစ်ပညာသင်ပြီး ( ၁၉၄၁ ) ခု ဒီဇင်ဘာလ ၂၇ ရက် စနေနေ့ ညတစ်နာရီမှာ ၊ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့က မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ နေအိမ်မှာ ၊ လက်မောင်းသွေး ဖောက်သောက် သစ္စာပြုရင်း BIA ခေါ် ဗမာလွှတ်လပ်ရေးတပ်မတော် ကို စတင်ဖွဲ့စည်းခဲ့ကြတယ် ။ အဲ့ဒီတုံးက ငါတို့ဗိုလ်ချုပ်က ဗိုလ်တေဇ လို့ အမည်ခံတယ် ။

ငါတို့ ဗိုလ်ချုပ်ကို အင်္ဂလိပ်အစိုးရက ၁၉၄၂ ခု ဇန်နဝါရီလ (၁) ၇က် နေ့မှာ ဘားမားလစ် (Burma List) ခေါ် အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော်စာရင်းမှာ အမှတ်စဉ် ၅ အဖြစ် ကြေငြာခဲ့သေးတယ်။

BIA ခေါ် ဗမာလွှတ်လပ်ရေးတပ်မတော် ကနေ BDA ခေါ် ဗမာ့ကာကွယ်ရေး

တပ်မတော် ကိုပြောင်းတော့ ငါတို့ဗိုလ်ချုပ်က ဗိုလ်မှုးကြီးရာထူးနဲ့ သေနာပတိ ဖြစ်လာတယ်။ ၁၉၄၂ ခု စက်တင်ဘာလ ခြောက်ရက်နေ့မှာ ဒေါ်ခင်ကြည်နဲ့ လက်ထပ်တယ် ၊ ၁၉၄၃ ခု မတ်လမှ ဗိုလ်ချုပ်ရာထူး ၊ တိုးမြင့်ခြင်းခံရတယ်။

၁၉၄၄ ခု သြဂုတ်လ (၄) ရက် နေ့မှာ ပဲခူးမြို့ ဗမာ့တပ်မတော် တိုင်း ၄ စခန်းမှာ ဖက်စစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွှတ်လပ်ရေး အဖွဲ့ချုပ်ကြီး ( ဖတပလ ) ကို ငါတို့ ဗိုလ်ချုပ် ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းခဲ့တာ ဖြစ်တယ် ၊ သြဂုတ်လ နှစ်ဆယ့်သုံးရက် ဗုဒွဟုးနေ့မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ၊ ပြည်သူ့ အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော် ပေါင်းပြီး ဖက်စစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွှတ်လပ်ရေးအဖွဲ့ချုပ်ကို ပြန်ဖွဲ့စည်းတော့လဲ ငါတို့ဗိုလ်ချုပ်အိမ်မှာပဲ။

၁၉၄၅ ခု မတ်လ ၂၇ ရက်နေ့ ( စစ်တပ်က သူ့တို့ဘာသူ့တို့ တပ်မတော်နေ့လို့ ဇွတ်သတ်မှတ်တဲ့ တော်လှန်ရေးနေ့ ဖြစ်လာမဲ့နေ့) မှာ ဖက်စစ်ဂျပန်တွေကို ငါတို့ဗိုလ်ချုပ် ဦးဆောင်တွန်းလှန်တိုက်ပွဲဝင်ခဲ့တယ်။

၁၉၄၇ ခု ဖေဖော်ဝါရီလ (၁၂) ရက်က ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ပင်လုံ စာချုပ် လတ်မှတ်ရေးထိုးခဲ့တာကို ကြည့်ရင် ငါတို့ဗိုလ်ချုပ်ဟာ မြန်မာလူမျိုးတွေသာမက တိုင်းရင်းသားတွေကပါ လက်ခံတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ ပေါ်လွှင် ထင်ရှားခဲ့တယ်။

၁၉၄၇ ခု ဇူလိုင်လ (၁၉) ရက် စနေနေ့မနက် ( ၁၀ နာရီ ၃၇ မိနစ် ) မနက်ဟာ ငါတို့ဗိုလ်ချုပ် ကံဆိုးမိုးမှောင်ကျတဲ့နေ့ ၊ ငါတို့ ဗမာပြည်ရဲ့ အနာဂတ် ကံဆိုးမိုးမှောင်ကျ တဲ့အချိန်ပေါ့ ၊ အမျိုးသားသစ္စာဖောက် မသမာသူ တစ်စုရဲ့ လုပ်ကြံမှုနဲ့ ငါတို့ဗိုလ်ချုပ် ကျဆုံးခဲ့တယ် ၊ ငါတို့ဗိုလ်ချုပ်သာ အဲ့ဒီတုံးက အဲ့ဒီလို လုပ်ကြံမခံခဲ့ရရင် တပ်မတော်မှာ ဒီနေ့လို ခေါင်းဆောင်ဆိုးတွေ အုပ်ချုပ်လို့ရပါ့မလား ၊ ဘာသာကို စော်ကား ၊ ပြည်သူကို အနိုင်ကျင့် ၊ တိုင်းရင်းသားတွေကို လူမျိုးတုန်းသတ် လုပ်လို့ရပါ့မလား ၊ အခုလို သူများ နိုင်ငံမှာ မျှော်လင့်ချက်မဲ့ မိတကွဲ ဖတကွဲ ငါတို့နေရပါ့မလား ။

ဘယ်သူတွေ ဘယ်လိုပဲလုပ်ကြံခဲ့လုပ်ကြံခဲ့ ၊ ဘယ်သူတွေ ဘယ်လိုပဲ ဖျောက်ဖျက် ဖုံးဖုံး ၊ ငါတို့ ရင်ထဲမှာ ငါတို့ဗိုလ်ချုပ်မသေ ၊ ငါတို့ပြည်သူတွေ ရင်ထဲမှာ ငါတို့ဗိုလ်ချုပ် ရှိနေမှာပဲ ၊ ငါတို့ဗိုလ်ချုပ်က အောင်ဆန်းတွေအများကြီး မွေးထုတ်ပေးခဲ့တာပဲ ၊ အဖေ့မျက် နှာဖျက် လောဘတက်တဲ့ ဦးအောင်ဆန်းဦးလို သားမျိုး မွေးခဲ့မိပေမဲ့ ၊ ဗမာရော ကမ္ဘာကပါ ချစ်ခင်လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လို အဖေ့စိတ်ဓာတ် ၊ အဖေ့ သတ္တိ ၊ အဖေ့ အမွေခံ သမီးမျိုး ၊ ကိုမင်းကိုနိုင် ၊ ကိုကိုကြီး တို့လို မျိုးဆက်မျိုး ၊ ငါတို့ဗိုလ်ချုပ်ရဲ့သွေးတွေ ၊ ငါတို့ပြည်သူတွေအတွက် ခေတ်တိုင်းမှာ ရှိနေဦးမှာပဲ ။

ဆရာ ဒဂုဏ်တာယာရဲ့ ရုပ်ပုံလွှာမှာ ငါတို့ဗိုလ်ချုပ်ကို အောင်ဆန်း သို့မဟုတ် အရိုင်းလို့ ချစ်စနိုးနဲ့ ခိုင်းနှိုင်းပြီး တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ မဲ၍လုပ်တတ်သော နိုင်ငံရေးသတ္တဝါတဲ့ ၊ ငါတို့ဗိုလ်ချုပ်က ရိုင်းတယ် ၊ ကြမ်းတမ်းတယ် ၊ လူမှုရေးမရှိ ၊ ဟန်ဆောင်ယဉ်ကျေးမှုတွေမလုပ် ၊ ဒါပေမဲ့ ငါတို့ဗိုလ်ချုပ်က ဖြူဖြောင့်တယ်၊ တည်ကြည်တယ် ၊ ရိုးသားတယ် ၊ ပြည်သူ့အတွက်ပဲ စဉ်စားတယ် ၊ ငါတို့ကို ရှေ့ဆောင် လမ်းပြနိုင်ခဲ့တယ် ၊ ငါတို့အတွက် ရဲရင့်ခြင်းအမွေတွေ ထားခဲ့တယ် ၊ “ ဟေ့ သေလည်း ဗမာပီပီ ဇာတိမာန်နဲ့ သေကြပါ ၊ ရန်သူက မိရင် လက်အားရင် လက်နဲ့ထိုး ၊ ခြေအားရင် ခြေနဲ့ကန် ၊ နောက်ဆုံး ပါးစပ်အားနေရင် ပါးစပ်နဲ့ကိုက်ပြီးမှ ရဲရဲသာ သေပြလိုက်တာပေါ့ ”

လို့ ငါတို့ဗိုလ်ချုပ်ပြောခဲ့တဲ့စကား ငါတို့အားလုံး လက်ကိုင်ထားရမယ်။

“ ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို့ သူရဲကောင်းတွေ မွေးရမယ် ” တဲ့ ၊ ငါတို့ဗိုလ်ချုပ်ဟာ ငါတို့ရဲ့ သူရဲကောင်းဖြစ်တယ် ၊ ငါတို့ဗိုလ်ချုပ်ဟာ ငါတို့ရဲ့ အာဇာနည် အစစ်ဖြစ်တယ်။

ငါတို့ဗိုလ်ချုပ်ကို ငါတို့ ချစ်တယ် ။

ဝန်ခံချက်။ အချက်အလက်များနှင့် ရေးသားပုံရေးသားနည်းအား ဆရာသူရဇော် သင်ပေးခြင်းဖြစ်ပါသည်။

ဇော်သက်အောင်

ဒဿမတန်း

S A W High School

Maeso

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို နရင်းအုပ်ရင်း တည်ဆောက်ခဲ့ပါသည်။


ဆရာကြီး ဦးတင်မိုးက အလွန် ပုံပြောကောင်းပါတယ်။မြန်မာစစ်ဗိုလ်ထွက်များအကြောက်လွန်ပုံများ
ကိုရီစရာများနဲ့ ရှင်းပြ ပါတယ်။ဆေးပေါလိပ်ကြီးခဲပြီး ဆရာကြီးနဲ့ နိုင်ငံခြားသားပညာရှင်များနှင့်ည
နေစောင်းခါနီးပြောနေရင်းဆရာကြီး သမီးမမ ၀၀ရောက်လာပြီး ဒီညဘယ်လ်ဂျီယန်ပြန်အိပ်မှာအပါး
ဟုအသံကြားလို့  ဆရာကြီးကိုကြည့်လိုက်တော့ လက်ထဲက
မီးသေလိုက် ပြန်မီးတို့ လိုက်လုပ်နေတဲ့
မြန်မာဆေးပေါလိပ်ကြီးလဲတိုသွားပြီ၊
အပြင်ဥရောပကနေမင်းကြီးလဲ ညိုသွားပြီ
ငါ့ကိုဗမာပြည်က အိမ်ပြန်ပို့ လို့ ပြောရမှာ စစ်ဗိုလ်တွေ မတန်ရာ ပုလ္လင်နေရာပေါ်တက်ပြီးညစ်ကျယ်ပုံ ဖမ်းဆီးနေတာတွေပြောရင်း မေ့သွားတယ်တဲ့။
ကျွန်တော့်အတွက်တော့တသက်စာသင်ခန်းစာတွေအများကြီးရသွားတယ်။ဒေါ်စု တရားဟောရင် ခဏခဏ ပါဋ္ဌိ ထဲ့ပြောတယ်။လူတွေ စာရေးရင်လဲ ထဲ့တယ်။
ဒီလောက်ခက်တဲ့ စကားလူတိုင်းနားလည်လားတဲ့။ဘာသာပြန်ပြီးသားမရှိသေးလို လားတဲ့နိုင်ငံရေးမဖြစ်ညစ်ကျယ်၊သုံးမရတဲ့မြန်မာပြည်ကဘွဲ့ နဲ့ အင်းဂလိလိုလေး လှည်းဒေါက်နဲ့ 
ကျွန်တော့် ခေါင်းကပုတ်လောက်ဖြစ်သွားတယ်။နောင်ဆိုရင်ဝေးဝေးက ဘဲ -----နောက်ပွဲမရှိခင်တုံးကစဉ်းစားနေတာ)မြန်မာစစ်ဗိုလ်ထွက်များအကြောက်လွန်ပုံများကိုရီစရာများနဲ့ ရှင်းပြနေတာကို
အသာလေးနားထောင်ရာက အတွေးတိမ်လိပ်ဖြူဖြူကြီး ပေါ်စီးပြီးပထမဆုံး မြင်ဘူးခဲ့တဲ့ မြန်မာစစ်ဗိုလ် များအစည်းဝေးကို ရောက်သွားပါ။
မနက်အစောကြီးထဖြစ်တယ်။ဒီနေ့ စနေနေ့ လေ။အရင်အပါတ်ကလက်ကျန် လောက်စာလုံးတွေကိုအရင်စစ်ကြည့်တယ်။
ရွံခူးရတာပညာပါတယ်၊ဂွေးတွယ်မျော့ကလဲကြောက်ရသေးတယ်မဟုတ်လား။ဝက်စာရိပ်ရင်း တူးရတာမို့ အချိန်ကသိပ်မရ
သဲပါတဲ့ ရွံ့ ကိုယူလာမိရင် မောဘို့ သာပြင်တော့။ရွံ့ ကိုတွင်းထဲထဲ့ထောင်းစေးပိုင်လာတော့မှ လောက်လေးခွသားရေနဲ့ အနေတော် အလုံးလေးတွေလုပ်ရပါတယ်။
ရွံ့ လုံးလေးတွေကို အရွယ်ညီအောင် လက်နှစ်ဖက်နဲ့ ပွတ်ပြီး မှန်ကွဲစနဲ့  ပြောင်လာအောင် လှိမ့်ပါတယ်။ ပြောင်လာတဲ့ အလုံးကိုမှ အမှိုက်ပုံကကောက်လာတဲ့ သွတ်ပြားစုတ် အပိုင်းပေါ်တင်ပြီးအရိပ်အောက်မှာနေလှန်းပါတယ်။ကျောက်ဒိုးစပေါ်စလို့ ထင်တယ်။
“သီချင်းထဲမှာက သေးငယ်တဲ့အပ်ကလေးကပင် ဒုံးပျံနဲ့ ဂြိုလ်တုကြီးကိုပင် တဲ့၁၉၇၀ လောက်ကစကြားဘူးတာ ၂၀၁၀ အထိသူများတိုင်းပြည် အမှိုက်ပုံကကောက်လာတဲ့
အဟောင်းတွေ ဈေးကြီးပေးနေရတုံးဘဲ။တလောကဖတ်လိုက်ရတယ်။ခေတ်မှီစက်မှုနိုင်ငံကြီးတည်ဆောက်တော့မယ်တဲ့
ရင်ထဲမှာဆို့ ပြီး ၀မ်းသာလိုက်တာ နှစ်ပေါင်း ၃၀ ပြင်ဆင်လာတာအခုတော့လမ်းစရပြီပေါ့။ သပ်ရပ်သော သေးငယ်သော မာကြောသော ပြည်တွင်းဖြစ် အပ်တွေနဲ့ 
အ၀တ်စုတ်တွေကို အသက်ကြီးမှ တ၀ကြီးချုပ်ဝတ်ပြစ်မယ်။အဲ နဖါးပေါက်ကကော ”လောက်စာလုံးကို တပါတ်လောက်ထားကြည့်ပြီး လက်နဲ့ အသာခေါက်ကြည့်တယ်။
မကွဲတော့ဘူးဆိုရင် အိပ်ထဲကိုရွေးထဲ့တယ်။ကွဲရင်တော့ နှမြောစရာကြီးလေ၊လက်ဖြစ်ကိုးလူကြီးတွေနားမလည်ပါဘူး နှစ်၃၀တောင် လက်ဖြစ်လုပ်ဖို့ မကြိုစားဘဲ။ရောင်းတုတ် ရက်တယ်။
အားလုံးသူတို့ ပိုင်တာတဲ့။ခဏခဏပြောနေကြတာဘဲ။ကိုယ်နဲ့ မဆိုင်ဘူး။ဘောင်းဘီတိုကိုနှီးနဲ့ သေသေချာချည်ပြီး
လေးခွသားရည်ကို စစ်ပြီး အပြင်ကိုခြေလှမ်းလိုက်တယ်။ဟဲ့ကောင်လေး အဝေးကြီးမသွားနဲ့ အမေကလှမ်းအော်တယ်။
နေထွက်စဆိုတော့ ငှက်သံတွေက ရွှေနတ်တာင် စမ်းချောင်း တဘက်တချက်မှာဆူညံနေသည်။
မဲမဲတူးတူးဗိုက်ပူ အိမ်ပေါက်ဝကိုသွားပြီး အဖေါ်ခေါ်လိုက်တယ်။အသားညက်ညက် ညိုညို မျက်လုံးဝိုင်းဝိုင်နဲ့ ပူစူးမ ကိုပါဆက်ခေါ်လိုက်တယ်။ခဏဆိုပြီး
သူ့ အမေအလစ်မှာလိုက်လာတယ်။ ရွာထဲပါတ်လျှောက်လိုက်ရင် လူငယ်တပ်ဖွဲ့ တွေစုံပြီ။လက်နက်တွေအသီးသီးစစ်ဆေး ကြပြီး ချောင်းလေး ဘေးက အူတူတူ အတတငှက်တွေကို
ရှာပစ်ကြတယ်။အဲဒီတုံးက ၉နှစ် ၁၀နှစ်ဝန်းကျင်လေရေကူးလိုက်ငှက်ပစ်လိုက်နဲ့  ဥရောပလိုရေကူးသင်တန်း အားကစားသင်တန်းမလိုပါဘူး
ချောင်းထဲဒိုင်ဗင်တင်လှဆိုပြီး ခုန်ချရင်းတတ်သွားတာဘဲနေလုံးကြီးက သစ်ပင်ဖျားကို ကျော်သွားတော့ ဗိုက်ကာလာတယ်။ငှက်မွှေးတွေနှတ်နဲ့ ငှက်ပစ် စစ်သူကြီးကျွန်တော်က လူစွာလုပ်ပြီးမီးကင်ဖို့ မီးခြစ်စခြစ်တယ်။
အဖွားဆီကခိုးလာတဲ့ ကြေးဝါမီးခြစ်က လက်ဖျားသွေးစ သာထွက်စေပြီးမီးစမရတော့ အားလုံးကျောင်းထဲသွားမယ်။ဆရာတို့ အိမ်မှာ တခုခုတောင်းစားကြမယ်။
အလယ်တန်းကျောင်းဝ ရောက်တော့ စစ်တပ်ကဂျစ်ကားတွေရပ်ထားတွေ့ တယ်။အသာလေးကပ်သွားတော့
“တောင်သူလယ်သမားဦးကြီးများအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ တဲ့လူလူချင်းခေါင်ပုံဖြတ်ခြင်းမှ ကင်းဝေးတဲ့
မြန်မာ့နည်းမြန်မာ့ဟန် လူ့ ဘောင်သစ် တဲ့မျက်နှာက ပူစူးမအိမ်ကသားပေါက်စ၀က်မမျက်နှာနဲ့ 
ကိုလ်လုံးက ဘုတ်အီးငှက်လိုအစိမ်းရောင်ပုတ်ပုတ် အ၀တ်တွေဝတ်ထားပြီးအဖွားအင်းကျီ်ရင်ဘတ်မှာ တတ်တဲ့ ရွှေကြယ်သီးကို ပုခုံးမှာတတ်ပြီးပြောနေတာ။
အဖေ့ကိုလဲတွေ့ လိုက်ရတယ်၊ကျောင်းဆရာတွေလဲ တပည့်တွေလိုဘဲထိုင်နေကြတယ်။ခေါင်းပုဝါအုပ်ပြီးကွမ်းငုံထားတဲ့ လယ်သမားတွေရော လက်ခုတ်တွေတီးလိုက်ကြတာ
ကလေးဖြစ်တဲ့ကျွန်တော်မှတ်မိပါသေးတယ်။ဦးတင့်ဆွေတဲ့၊အရှေ့  တောင်တိုင်းကလေ။ဦးအောင်သောင်း(စက်မှု၁)အရင်ကပေါ့ ။
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ တဲ့နားမလည်ပါ၊ အခု ဥရောပ ရောက်တဲ့ အသက်၅၀ ထိပေါ့
အဖေတို့ စားပွဲရှည့်တွေမှာ ငှက်ပျောသီး။မုန့် ထုတ်တွေ။အဖေ့နားအသာလေးကပ်သွားတယ်။သူငယ်ချင်းတွေလဲသူတို့ အဖေတွေနားကပ်ကုန်ကြပြီ
စဉ်မြင့်ပေါ်က ၀က်လိုလို လိပ်လိုလို လူကြီးက အသံပိုမြင့်ပြီးအမြုတေပါတီကတဆင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တည်ဆောက်
လက်ကငှက်ပျောသီးကိုဆွဲတာဖျောင်းကနဲ ဇက်ပိုးကိုအဖေကရိုက်လိုက်တယ်
ကျွန်တော်တသက်လုံးမှတ်မိသွားပါသည်။ဗိုက်ဆာနေတဲ့ သားကိုတောင်အမှတ်မထားဘဲမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို လိမ်ညာပြီး နရင်းအုပ်ရင်း တည်ဆောက်ခဲ့ပါသည်။

အခုလဲ လုပ်ပြန်ပြီ ရေမြင်းးလိုလို တောကြောင်လိုလိုလူက
အစိမ်းရောင်ပုတ်ပုတ် အ၀တ်တွေဝတ်ထားပြီးမြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ နဲ့ 
ခောတ်မှီစက်မှုနိုင်ငံကြီးတည်ဆောက်တော့မယ်တဲ့
ထပ်ပြီး နားမလည်ပါ၊နားလည်ဘို့ကလဲဒုတိယစစ်ကပြာကြခဲ့တဲ့ အိမ်တွေကတခါးဖွင့် အနှိပ်ခံကုလားထိုင် ထမင်းချက် ဟင်းဘူးအဆင်သင့်
အိပ်ယာကို အနိမ့်အမြင် လိုသလို စက်တွေဘဲသုံးအိမ်ထဲမှာနေပြီး သိချင်ပြောချင်တာသုံးတဲ့ကွန်ပြူတာနဲ့ 
ဥရောပရောက်နေတော့လဲဆရာကြီးက မောင်ရင်ဘယ်တော့လောက်မြန်မာပြည်ပြန်ဖြစ်မလဲတဲ့

ခင်ဗျားတို့ ကောဘယ်တော့လဲ

ဆရာကြီးဦးတင်မိုး ရောက်တဲ့ဘ၀မှာ

လွတ်လပ်ပြီး တရားမျှတမှု ဦးဆောင်နိုင်ပါစေ။


သားတပည့်ဌေးတင့်
ယာရီမှထာဝရနယ်သာလန်