Saturday, February 13, 2010

13 Feb ဒိုင်ယာရီ

http://ifile.it/h02a51z13 Feb Yeyintnge's Diary

အပြုသဘော တွေ့ဆုံဆွေးနွေးရေးသည်သာ အဖြေ


ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် စစ်အစိုးရ၏ သမိုင်းကြောင်းအရ ရွေးကောက်ပွဲဖြင့် မိမိတို့၏ ပြဿနာ အကျပ် အတည်းကို ဖြေရှင်းနိုင်မည်မဟုတ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ ကို မကြာသေးမီက ပြောသောမိန့်ခွန်းများတွင်၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်၍ သုံးသပ်စရာ အကြောင်းမရှိ။ ၂၀၁၀ ရွေးကောက်ပွဲကို ၎င်းတို့၏ အဆင့် ၇ ဆင့်ပါ "လမ်းပြမြေပုံ" အတိုင်း ကျင်းပသွားမည်ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်၏ ပထမ ၆ လ ပိုင်းတွင် ကျင်းပဖြစ်လိမ့်မည်လော။ အချိန်က သိပ်မကျန်လှတော့ပေ။

WIN  TIN

အတိုက်အခံခေါင်းဆောင် ဦးဝင်းတင် (ဓာတ်ပုံ - Tom Parry)

အရေးကြီးသည်မှာ ရွေးကောက်ပွဲ မကျင်းပမီနှင့် ရွေးကောက်ပွဲပြီး နောက်ပိုင်းကာလများတွင် ဒီမိုကရေစီ ရှိနေစေရေး ဖြစ် သည်။ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့သည့် ဆန္ဒခံယူပွဲ နှစ်ခုလုံးမှာ လွတ်လပ်မှုနှင့် တရားမျှတမှု ကင်းမဲ့၍နေသည်။

၁၉၉၀ ရွေးကောက်ပွဲကာလက စနစ်တကျ ကြိုတင်ပြင်ဆင်မှုများ မရှိသကဲ့သို့ ဆန္ဒမဲပေးရာတွင်ဖြစ်စေ၊ မဲရေတွက်ရာတွင် ဖြစ်စေ တရားမျှတမှု ကင်းမဲ့နေခဲ့သည်။ အလားတူပင် ၂၀၀၈ ခု ဖွဲ့စည်းပုံအတွက် ဆန္ဒခံယူပွဲသည်လည်း ဖော်မပြ နိုင်သော ဆိုးရွားပြင်းထန်သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း အပျက်အစီးများအကြား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ တနိုင်ငံ လုံးက မည်သို့တုံ့ပြန်ရမှန်းမသိ ဖြစ်နေခဲ့ကြသည်။

ဤသို့ နောက်ခံသမိုင်းကြောင်းကို ကြည့်၍ စစ်အစိုးရ၏ အစီအစဉ်အတိုင်း ကျင်းပမည့်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲဝင်သည် ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ နိုင်ငံတကာမိသားစုက ရွေးကောက်ပွဲ အတွင်း လွတ်လပ်မှုနှင့် တရားမျှတမှု ရှိစေရန် သေချာကြပ်မတ်ပေးသင့်သည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်သည် ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ၊ ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းမည့်အစိုးရ သည် ဒီမိုကရေစီနည်းကျ ဖြစ်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ၎င်းအစိုးရကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းကြရမည် ဖြစ်သောကြောင့်ပင်။ ဤဖွဲ့စည်းပုံဥပဒေမှာ ဒီမိုကရေစီ အနှစ်သာရများကို ပုံဖျက်ထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အလိုကျ စစ်တပ်က ဗိုလ်ကျစိုးမိုးရေးကိုသာ ရည်ရွယ်ထားသည်။

တက်လာသည့် အစိုးရသစ်က တိုင်းရင်းသားအုပ်စုများထံမှ ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်မျှသာ ရရှိလိမ့်မည် ဖြစ် သည်။ ဤသို့ တင်းကျပ်ဖိနှိပ်ထားသည့် အခြေအနေများအောက် ဖွဲ့စည်းသည့် အစိုးရသစ်က မည်သို့ယုံကြည်မှု တည် ဆောက်နိုင်လိမ့်မည်၊ မည်သို့ တည်ငြိမ်မှုရအောင် ဆောင်ရွက်နိုင်မည် ဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ပင် ဖြစ်သည်။

ရွေးကောက်ပွဲပြီးနောက် ထွက်ပေါ်လာမည့် အာဏာဖွဲ့စည်းပုံကို မိမိတို့က လက်မခံနိုင်ပေ။ အကယ်၍ ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့ပါက မိမိတို့၏ ပြဿနာ အကျပ်အတည်းများ ဖြေရှင်းလွတ်မြောက်နိုင်စရာ အကြောင်း မမြင်မိပေ။ ပြဿနာများကို ဖြေရှင်းလိုလျှင် တလမ်းသာရှိသည်။ နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်း၍ ဖြေရှင်းရန် သာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေးလှုပ်ရှားသူများဘက်မှ ကိုယ်စားပြု ဦးဆောင်သူတဦးအနေနှင့် ပြည်သူလူထု ကိုယ်စားပြု ခေါင်းဆောင်လည်းဖြစ်သင့်သည်။ တိုင်းရင်းသားအင်အားစုများကလည်း သူ၏ ဦးဆောင်မှုကို လက်ခံကြမည် မှာ မလွဲပေ။ ဒေါ်အောင်ဆန်းစု ကြည်၏ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းသည့် နောက်ဆုံးလုပ်ဆောင်ချက် သည်ပင် ရှေ့ခရီးဆက်နိုင်စရာ လမ်းစဖြစ်သည်။

ရွေးကောက်ပွဲတခုတည်း သက်သက်ဖြင့် တိုင်းပြည်၏ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယူဆပါက မှားယွင်းသည့်ယူဆ ချက်သာ ဖြစ်သည်။ အပြုသဘောဆောင်သည့် တွေ့ဆုံ ဆွေးနွေးရေးသည်သာ လက်ရှိအကျပ်အတည်းများမှ တခုတည်း သော လွတ်မြောက်ရာလမ်း ဖြစ်တော့သည်။

ဦးဝင်းတင်ရေးသားသည့် Constructive Dialogue is the Solution ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စတင်တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုပြီးနောက် စစ်အစိုးရ၏ ၁၉ နှစ်ကျော် ထောင်သွင်းအကျဉ်းချထားခြင်း ခံခဲ့ရသူဖြစ်သည်။
http://www.irrawaddy.org/bur/index.php/special/2010-02-13-10-48-38/2598-2010-02-13-11-03-13

TheVOICE Vol.6 / No.15 Monday, February 15 - 21 , 2010

http://ifile.it/4xpl7zfvoice (6-15)

ညွန့်ပေါင်းသတင်းလွှာ(ဖေဖေါ်ဝါရီလ)

http://ifile.it/up06zmnNB 56

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၉)

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၉)

(Choosing Right Path and Real Politics)

အခုတလော ကြားနေရတဲ့ အသံတွေထဲမှာ ရှုပ်ထွေးမှု နဲနဲလောက် ရှိနိုင်တယ် ထင်မိတဲ့ အချက်နှစ်ချက်ကို ကွက်ပြီး ဆွေးနွေးချင်ပါတယ်။

ပထမအချက်က ထိတွေ့ဆက်ဆံခြင်း (Engagement)နှင့် အသိအမှတ်ပြုခြင်း (Recognition)တို့ရဲ့ မတူညီမှုကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုအပ်ချက် ဖြစ်ပါတယ်။ လက်တွေ့နိုင်ငံရေး(Real Politics)အရ ထိတွေ့ဆက်ဆံခြင်းကို အသိအမှတ်ပြုခြင်းလို့ ခေါ်ဆိုလို့ မရပါဘူး။

ဥပမာ န၀တ၊ နအဖ အဆက်ဆက်ကို ကျုပ်တို့တွေ အသိအမှတ် မပြုပါဘူး။ သို့သော် ဖိနှိပ်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့၊ ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုစာတွေ ထုတ်ပြန်ကြပါတယ်။ တိုက်တွန်းကြပါတယ်။ တစ်ချို့ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေက န၀တ၊ နအဖနှင့် မျက်နှာချင်းဆိုင်ပင် တွေ့ဆုံဆွေးနွေးကြပါတယ်။ ဒါတွေဟာ ထိတွေ့ဆက်ဆံခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေက န၀တ၊ နအဖကို လိုအပ်ချက်အရ ထိတွေ့ဆက်ဆံခြင်း ပြုလုပ်ရတာကို အသိအမှတ်ပြုသွားပြီ၊ အညံ့ခံသွားပြီလို့ ယူလို့မရပါ။

ထိတွေ့ဆက်ဆံခြင်းရဲ့ အကောင်းဆုံး ဥပမာတစ်ခုက ၁၉၉၀ ရွေးကောက်ပွဲကို ၀င်ရောက်ခြင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေမှာ အာဏာလွှဲပြောင်းခြင်း အခန်းကဏ္ဍမပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များက ကြိုတင် ကန့်ကွက်ထောက်ပြခဲ့ကြသော်လည်း၊ ရွေးကောက်ပွဲမတိုင်မီ ဖိနှိပ်ချုပ်ချယ်မှုတွေကို န၀တက အရှိန်မြှင့် လုပ်ဆောင်နေခဲ့သော်လည်း၊ ဒီမိုကရေစီအင်အားစုတွေက နောက်ဆုံးမှာ ရွေးကောက်ပွဲကို ၀င်ခဲ့ခြင်းသည် န၀တကို ခေါင်းလျှိုလိုက်ခြင်း မဟုတ်ပါ။ ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမဲ့ အခင်းအကျင်းသစ်မှာ တိုက်ပွဲပုံသဏ္ဍာန်အသစ်တွေကို လက်နက်အသစ်(လုပ်နည်းကိုင်နည်းအသစ်)တွေနှင့် ကိုင်စွဲနိုင်မဲ့ အခွင့်အလမ်းတွေကို လက်လွတ် မဆုံးရှုံးစေဖို့ ဖြစ်ပါတယ်။ ကျုပ်တို့အနေနှင့် မိမိလက်ဝယ် ရယူနိုင်တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဆိုတဲ့ ၀ရဇိန်လက်နက်ကြီးကို ထိရောက်အောင်မြင်စွာ အသုံးမချနိုင်ခြင်းကြောင့် ကျုပ်တို့ညံ့နေတဲ့ကိစ္စက တစ်ပိုင်းဖြစ်ပါတယ်။ သို့သော် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ န၀တ၊ နအဖအတွက် ကေ၀ဋ်ပုဏ္ဏား နဖူးက သေရာပါ အမာရွတ်ဖြစ်သွားတာကတော့ နအဖ ကာယကံရှင် ကိုယ်တိုင်တောင် ညင်းနိုင်မယ် မထင်ပါဘူး။

ပြန်ပေးသမားလက်က ဓါးစာခံတွေလွတ်အောင် ပြန်ပေးသမားနှင့် ထိတွေ့ဆက်ဆံခြင်းသည် ပြန်ပေးသမားတွေကို အသိအမှတ်ပြုခြင်း မဟုတ်ဘူးလို့လည်း ရှင်းရှင်းလွယ်လွယ် နားလည်ပေးနိုင်ကြပါတယ်။

နောက်တစ်ချက်က ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်ရဘူးလို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးနုတို့ ပြောခဲ့တယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဘုန်းတော်ကြီးတစ်ချို့က လူတွေရဲ့ အမှုအခင်းတွေမှာ ပါဝင်ပတ်သက်လာတာတွေရယ်၊ ဘုန်းကြီးအချင်းချင်းရဲ့ အမှုကိစ္စတွေက ရွာပတ်လာတာတွေကို အကြောင်းပြုပြီး ပြောကြားခဲ့ခြင်းသာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့တုန်းက ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနုက ဘုန်းကြီးတွေ မပါဝင်ကြပါနဲ့၊ တစ်ပည့်တော်တို့ဘဲ လုပ်ပါ့မယ်လို့ ပြောခဲ့ဘူးတာ မရှိပါဘူး။ ရှိရင် ထောက်ပြပါ။

ကုလားစစ်ဗာရီတွေ ချီတက်လာနေပြီဆိုပြီး ဘုန်းကြီးကျောင်းတွေက တုန်းမောင်းခေါက်ပြီး တော်လှန်ရေးသမားတွေကို တပ်လှန့်ပေးခဲ့တာကို အသိအမှတ်ပြု ဂုဏ်ပေးပြီး ဘုန်းတော်ကြီးကျောင်းတွေက တုန်းမောင်းတွေကို ကုလားတက်(ကလတက်)လို့ ပြောင်းခေါ်ခဲ့တာကို မမေ့သင့်ပါဘူး။ အမျိုးသားရေးမှာ ဘုန်းတော်ကြီးတွေ သက်စွန့်ကြိုးပမ်း ပါဝင်ဆောင်ရွက်ခဲ့တဲ့ သမိုင်းဝင် အထိမ်းအမှတ်ဖြစ်ပါတယ်။ ဒကာတွေနှင့် ယှဉ်တွဲပြီး အမျိုးသားရေးအတွက် အသေခံ တိုက်ခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေရဲ့ အခန်းကဏ္ဍကို အလေးအမြတ်ပြုသင့်ပါတယ်။ မြန်မာ့နိုင်ငံရေး မျက်စေ့ကို အဦးဆုံး ဖွင့်ပေးခဲ့တာ လူတစ်ဦး မဟုတ်ပါဘူး။ ရခိုင်ဘုန်းတော်ကြီး ဦးဥတ္တမ ဖြစ်ပါတယ်။

နယ်ချဲ့ကို တိုက်တုန်းက ကျောင်းသားတွေ ပါခဲ့တယ်။ ၀န်ထမ်းတွေတောင် ပါခဲ့တယ်။ ရှစ်လေးလုံးမှာ ဘုန်းတော်ကြီးတွေ၊ ကျောင်းသား၊ ၀န်ထမ်း၊ တပ်မတော်သားတွေ ပါခဲ့တယ်။ အခုလည်း စစ်အာဏာရှင်စနစ် မပြိုလဲ မချင်း အမျိုးသားရေး ဖြစ်လို့ ဆက်ပါနေကြပါတယ်။ စစ်အာဏာရှင် ပြုတ်ကျပြီး ဒီမိုကရေစီ အစိုးရတက်လာပြီ။ တရားဥပဒေ စိုးမိုးပြီ။ ငြိမ်းချမ်းပြီ ဆိုပါစို့။ ကျောင်းသားက နိုင်ငံရေး ဆက်လုပ်လို့ မဖြစ်ပါဘူး။ ကျောင်းစာလုပ်ရမှာပါ။ ဘုန်းတော်ကြီးတွေလည်း နိုင်ငံရေးမှာ ပါဝင်ဖို့ မလိုတော့ပါဘူး။ ပဋိယတ္တိ၊ ပဋိပတ္တိတွေနှင့် သာရေး၊ နာရေးတွေနှင့်သာ အချိန်ကုန်လွန်ကြတော့မှာပါ။ ၀န်ထမ်းတွေလည်း ကိုယ့်အလုပ် ကိုယ်လုပ်ကြမှာပါ။ အဲဒီအခါမှာ နိုင်ငံရေးလုပ်ချင်ရင် စစ်တပ်က၊ ၀န်ထမ်းဘ၀က၊ စာသင်ခန်းက၊ ဘုန်းတော်ကြီးကျောင်းက လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြီး လုပ်ဖို့လိုပါလိမ့်မယ်။

လောလောဆယ်တော့ တစ်မျိုးသားလုံးရဲ့ အရေးဖြစ်နေသေးတာမို့ ကျောင်းသား၊ ၀န်ထမ်း၊ ဘုန်းကြီး မခွဲခြားဘဲ ကျရာနေရာက တတ်နိုင်သလောက် ၀ိုင်းလုပ်ကြဖို့ လိုပါတယ်။


အောင်ထီ

ဖေဖေါ်ဝါရီ (၁၃)၊ ၂၀၁၀