Saturday, February 20, 2010

20 Feb ဒိုင်ယာရီ

http://ifile.it/2zlkj0c20 Feb Yeyintnge's Diary

ထိုင်း လုပ်ငန်းရှင်ကအလုပ်သမားလင်မယားထံ မှငွေလိမ်ပြီး ရိုက်နှက် မောင်းထုတ်

ဘန်ကောက်မြို့၊ ဘန်ကောက် နွယ်ဈေး အနီး အက်စ်ရာ ပတ် (၄၆) လမ်းရှိ ကြက်၊ ဘဲသား ဆီထမင်း၊ ထမင်း ဆိုင်တွင် အလုပ် လုပ်နေ ခဲ့သည့် မြန်မာ အလုပ်သမား တောင်ကြီးရှမ်း ဇနီးမောင်နှံ တို့အား ဆိုင်ပိုင်ရှင်က ငွေ အလွဲသုံးစား ပြုပြီး ပြန်မပေးပဲရိုက် ပုတ်ပြီး မောင်းထုတ် လိုက်သည်။ အသက် ၃၅ နှစ်အရွယ် မအေး ၊ အသက် ၄၆ နှစ်အရွယ် ကိုလှမြင့်တို့  ၅ နှစ်အရွယ် သမီးငယ် ကလေး နှင့် အတူ ပြီးခဲ့သော ဇန်နဝါရီလ ၂ ရက်နေ့ က အလုပ်ရှာ ဖွေပေးသည့် ပွဲစားကို တစ်ဦးလျှင် ပွဲခ ဘတ် ၁ဝဝဝ စီ ပေးပြီး အဆိုပါ ထမင်းဆိုင်သို့  အလုပ် စတင် ဝင်ရောက် ခဲ့ကြသည်။ မအေးက “ကျမကို ရောက်ရောက် ခြင်းတော့ အိမ်ရှင် သူဌေးမက ကောင်းကောင်း မွန်မွန် ကြိုဆို ပါတယ်။ အလုပ်လုပ်လို့  ၃ ရက်မြောက် တဲ့နေ့ မှာ ကျမမှာ ပါလာတဲ့ ဘတ်ငွေ ၅ဝဝဝ ကို သူငယ်ချင်းဆီကို အကြွေး ဆပ်မလို့။ ကျမက ဘဏ်က ငွေလွှဲဖို့ သူဌေးမကို မေးတော့ သူလွှဲပေးမယ်လို့ ပြောပါတယ်။

ဒါပေမယ့်သူ လွှဲ မပေးခဲ့ ပါဘူး။ ဟိုနေ့ရွေ့ ၊ ဒီနေ့ ရွေ့ လုပ်နေတယ်၊ အဲဒီနောက် ကျမဆီက ဝက်သားဖိုး ပေးမယ်ဆိုပြီး ဘတ် ၅ဝဝ ထပ်ပြီး ချေးပါတယ်၊ ကျမကလည်း ကိုယ့် ထမင်းစားနေတဲ့ သူဌေးမ ပဲဆိုပြီး ပေးလိုက် ပါတယ်။ မနေ့ က ကျမ ယောက်ျားမှာ ဆေးလိပ် ကုန်သွားလို့  ငွေတစ်ရာပေးပါလို့ တောင်းတော့ပေးပါတယ်၊ ဇန်န ဝါရီ ၉ ရက်နေ့ မနက်ပိုင်းမှာ သမီးလေးချောင်းဆိုး တာရယ်၊ ကလေးမုန်းဖို့ ရယ်မရှိတာကြောင့် ကျမက ငွေတစ်ရာ တောင်းတော့ သူဌေးမက ကျမကို လင်ဗန်း နဲ့ ရိုက်ပါတယ၊် ကျောနဲ့ လက်မောင်းကို ထိသွားပါ တယ်။ ပိုက်ဆံလည်း မပေးဘဲ ဒီကနေ့ပဲ မောင်းထုတ် လိုက်ပါတယ်ရှင်”ဟု စိတ်မကောင်းစွာ ပြောသည်။

မအေးမှာ ကြောက်လန့် တကြား အိမ်သာ အတွင်းသို့ ဝင်ရောက်ပြီး ပုန်းအောင်ေ နခဲ့ရသည်။ အိမ်အတွင်း ဘက်ရှိ အိမ်သာတွင် အမိုးမရှိ ဖြစ်ရကား အိမ်ရှင် အမျိုးသမီးက နီးစပ်ရာ ပုလင်းခွံများ၊ ပန်းကန်များနှင့် ပစ်ပေါက် အကြမ်းဖက်ခဲ့သ ည်။ အလုပ်သမား ဇနီးမောင်နှံ တို့၏ အဝတ် အထည် ထည့်သည့် အိတ်များ ကို လမ်းမပေါ်သို့ ပစ်ထုတ်ပြီး အော်ဟစ် ပြောဆို မောင်းထုတ် ခဲ့သည်။ မအေးက “ ကျမခေါင်း နဲ့ ကိုယ် ခန္ဓာအချို့ နေရာတွေကို ကျပါတယ်၊ ကျမဖုန်းဆက် ပြီးတော့ အလုပ်သွင်း ပေးတဲ့ ပွဲစားကို ခေါ်ပါတယ်။ ပွဲ စားက လာမယ်လို့ ပြောတော့ ကျမ အပြင်ကိုထွက် လာတယ်။ သူဌေးမက ကျမဖုန်းကို ပစ်ပေါက်လိုက်တာ တစ်စစီ ဖြစ်သွားပါတယ်။ ကျမ ယောက်ျားပြန် ကောက်ပြး တော့ကွဲနေတာတွေ ပြန်တပ်ဆင်ထားပါ တယ်ကြည့်ပါ၊

ကျမ ထိုင်းမှာ နေရာတိုင်းမှာ လုပ်ဖူး ပါတယ်၊ ဒီလို ယုတ်မာတဲ့အိမ်ရှင်မျိုးမတွေ့ ဖူးပါဘူး။ ပြီးတော့ ပွဲစားရောက်လာတော့ ကျမငွေလွှဲခိုင်းတာ မလွှဲတဲ့အပြင် နောက်ထပ်ချေးတဲ့ ငွေငါးရာမှာ ၂ဝဝ ကျန်တာကို ကျမကပြောပြတော့ ကျမပါးစပ်ကိုရိုက် တယ်ရှင့်၊ ပြီးတော့ကျမတို့ အဝတ်အစားတွေကို ကျ မတို့သိမ်းနေတာ တော်တော်ကြီးတဲ့ တုတ်ကြီးနဲ့ လာပြီးရိုက်မလို့ လုပ်တယ်။ ငွေအကြောင်း လုံးဝမ ပြောနဲ့လို့ ပြောတယ်၊ ကျမသမီးလေး ကြောက်လန့်  တစ်ကြားငိုလိုက်တာရှင်”ဟု ပြောဆိုသွားသည်။ ထမင်းဆိုင်တွင် နံနက် ၅ နာရီတွင်ထမင်း ချက်လုပ်ငန်းကိုစတင်ရပြီး ညနေ ၈ နာရ်ီမှဆိုင်ပိတ် သည်။ ဆိုင်ပိုင်ရှင်များ ပြန်သွားသော်လည်း ဆေး ကြောသန့်ရှင်းရေးလုပ်ရင်း ညဥ့် ၉ နာရီမှ အလုပ် နားရသည်။ မအေး၏ ခင်ပွန်းကိုလှမြင့် က“ဆိုင်ပိုင် ရှင် မသမက်က စပါယ်ရှယ်ဘရန့် (အထူးပုလိပ်)တပ် ဖွဲ့ ကအရာရှိတစ်ယောက်ဖြစ်ပါတယ်။ ဆိုင်နံရံမှာ ပုခုံးမှာကြယ်ပွင့်တွေနဲ့ ရိုက်ထားတဲ့ဓါတ်ပုံတွေ ကပ် ထားပါတယ်။ အဲဒါကိုလက်ညှိုးထိုးပြပြီး ခြိမ်းခြောက် ပြောဆိုလေ့ရှိပါတယ်။ ကျနော့်မိန်းမကို သူဌေးမက ရိုက်၊ ပစ်ပေါက်၊ ကလေးကငို ကျနော် ကိုယ့်ဆီမှာဆို ရင် တစ်ခုခုလုပ်မိလိမ့်မယ်။ ကျနော် တော်တော်စိတ် ကို ထိန်းချုပ်ခဲ့ရပါတယ်၊ ဒီလို ရိုင်းစိုင်းတဲ့ လုပ်ငန်းရှင် မျိုး တစ်ခါမှ ကျနော်တို့ မကြုံဖူးဘူး။ ကျနော်လမ်း စ ရိတ်ရရင် သမီးလေးနဲ့ပြန်တော့မယ်လို့ ဆုံးဖြတ်ထား ပါတယ်။ အသိဆီကိုလာဖို့ ကားခ ၂ဝဝ သူ့ ဆီက တောင်းလာခဲ့ပါတယ်”ဟုပြောသည်။

စက်တင်ဘာ လ (၇) ရက်နေ့တွင် အဆိုပါ ထမင်းဆိုင်တွင် မြန်မာ အလုပ်သမား (တောင်ကြီးရှမ်း) ဇနီး မောင်နှံလည်း ကြုံခဲ့ ဖူးသည်။ ခင်ပွန်းဖြစ်သူ ကိုအိုက်မွန်ကို လက်ထိပ်ခတ် ရိုက်နှက်ပြီး မနန်းအုန်း အား အတင်း အဓ္ဓမ အလုပ်ခိုင်းစေရ န် ခေါ်ထား ခဲ့သည့် ဖြစ်ရပ်ဆိုး တခု ဖြစ်ခဲ့ဖူးသည်။ ညက်ညက်ကျေ အောင် ရိုက်နှက်ခံခဲ့ရပြီး ဇနီးသည်အား ထားရစ်ခဲ့ရ သူ ကိုအိုက်မွန်က ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ အသင်းသို့ ဆက်သွယ် အကူအညီ တောင်းခံခဲ့ရာ အသင်း တာဝန်ရှိသူ နှင့် မြန်မာ နိုင်ငံသား နိုင်ငံခြား သတင်းထောက် တစ်ဦးတို့ မှ အကူအညီ ပေးခဲ့ကြခြင်းကြောင့် ၄င်းတို့ ဇနီးမောင် နှံ ပြန်လည် တွေ့ဆုံ နိုင်ခဲ့ ကြသည်။

ထိုင်း နိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်း အမျိုးသမီးရေးရာ ဌာနမှူး ဒေါ်သက်သက်ဦး က “ဒီဆိုင် ပိုင်ရှင်နဲ့ ကျမတို့ စက်တင်ဘာလ တုန်း က တစ်ခါ ကြုံဖူးပြီး၊ အဲဒီတုန်းက ကျမတို့ ကတရား စွဲဆိုနိုင်အောင် အရိုက် ခံရတဲ့ သူကို ဆေးရုံမှာ ဆေးစစ်ဆေး ခဲ့ပြီးပြီ၊ သူ့မိန်းမနဲ့ ပြန်တွေ့တော့ ကိုအိုက်မောင်းက စိတ်ပြောင်း သွားပြီး တရား မစွဲတော့ဘူးလို့ ပြောတယ်။ ကျမ ဆိုလိုတာက အဲဒီတုန်းက သူတို့လင် မယားမှာ (ဘတ်)ရှိတယ်လေ၊ အဲဒီလို သမက်ပုလိပ် အားကိုးပြီး မြန်မာ အလုပ်သမား တွေကို အလကား ကျွန်ပြုချင်တဲ့ လုပ်ငန်း ရှင်မျိုးကို ပညာပေး နိုင်ဖို့လို ပါတယ်၊ ပညာပေးတယ် ဆိုတာလည်း ကျမတို့ က ဥပဒေကြောင်း အရသာ လုပ်နိုင်တာမို့ ၊ ခု မအေးဆီ က ဘတ် ၅၂ဝဝ မတရား ယူလိုက် တာရယ်၊ လုပ်အား ခမပေး လိုက်တာ တွေကို ကျမတို့ တရားစွဲဆိုဖို့ အတွက် အလုပ်သမားမှာ (ဘတ်)ရှိရ ပါတယ်၊ ဒါမှ အဆင်ပြေ မှာပါ၊ ထိထိရောက်ရောက် ကျမတို့ ကူညီဖို့  ခက်ပါတယ်”ဟုပြောသည်။

ထမင်းဆိုင် တစ်ဆိုင်တည်းတွင် အလုပ် လုပ်ကိုင်ဖူးကြသည့် မြန်မာအလုပ်သမားဇနီး မောင် နှံ ၂ တွဲတို့ ပြောပြချက်အရ၊ ပိုင်ရှင်အမျိုးသမီးကြီးမှာ မြန်မာအလုပ်သမားများ၏ အားနည်းချက်ကိုအရယူ လေ့ရိ ပြီး သမက်ဖြစ်သူ အထူးရဲအရာရှိ အားကိုး ဖြင့် နောက်နောင်လည်း ယခုကဲ့သို့အကြမ်းဖက်မှုးမျိုး ဖြစ်နေဦးမည်ဖြစ်ကြောင်းပြောဆိုကြသည်။


၂၀ . ၂ . ၂၀၁၀ l ရခိုင့်တံခွန်ဂျာနယ်
http://www.nfacforburma.info/2010/02/terrorize.html

တပ်မတော်သားအဖြစ် ဂုဏ်မယူလိုတော့သူ...

ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက် အမှတ် ၃၁၂ အမြောက်တပ်ရင်းမှ တပ်စုမှူး ဗိုလ်ရဲထက် ဟာ မေမြို့ စစ်တက္ကသိုလ် မဟာသိပ္ပံ ပထမနှစ်တက်နေရင်း မြန်မာစစ်အစိုးရဲ့ လုပ်ရပ်တွေကို မခံစားလာနိုင်တဲ့ အတွက် ထိုင်းမြန်မာ နယ်စပ်တနေရာကို ဇန်န၀ါရီလလယ် လောက်မှာ ထွက်ပြေးလာပါတယ်။ ယနေ့ မြန်မာစစ်တပ်ထဲမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံ မေးမြန်း ဖော်ပြလိုက်ပါ တယ်။

မေး။ ။ ဗိုလ်ရဲထက် အနေနဲ့ ဘာကြောင့် မြန်မာ့ တပ်မတော်ကနေ ထွက်ပြေးလာရတာလဲ။

ဖြေ။ ။ လက်ရှိနိုင်ငံတော်မှာ ဖြစ်နေတဲ့အနေအထား စီးပွားရေးအရပြည်သူလူထုတွေအရမ်းကြပ်တည်း နေ တယ်။ နောက်ပြီး လူမှုရေး၊ နိုင်ငံရေးအရလည်း နိုင်ငံမှာအများကြီးချွတ်ယွင်းနေတယ်။ ဒီလို ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျနေတဲ့ အနေအထားမှာ စစ်အစိုးရက ကာကွယ်ရေး၊ လက်နက်ပစ္စည်းအတွက်ပဲ ဦးစားပေးပြီး လုပ်နေတဲ့ အနေအထားမျိုးတွေဖြစ်နေတယ်။ ဒီအပေါ်မှာ တပ်မတော်သားတယောက်အနေနဲ့ကတော့ သုံးမယ့်လက်နက်ပစ္စည်းခေတ်မီလာတယ်၊ ကမ္ဘာနဲ့ ရင်ပေါင်တန်းလာနိုင်လာတဲ့အပေါ်မှာ၊ ကာကွယ်ရေး ကဏ္ဍတွေတိုးတက်လာတဲ့အပေါ်မှာ ဂုဏ်ယူသဘောကျတယ်။ ဒါပေမယ့်စစ်ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ တခု တည်း တိုးတက်လာရုံနဲ့ တိုင်းပြည်တိုးတက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ကဏ္ဍပေါင်းစုံတိုးတက်ရမယ် ပြည်သူလူထု ရဲ့ လူနေမှုအဆင့်အတန်း၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တနိုင်ငံအဖြစ်ရပ်တည်နိုင်မှာဖြစ်တယ်။ ဒါကြောင့် မိမိအဖွဲ့အစည်းတိုးတက်မှုတခုတည်းအတွက် မကြည့်ဘဲနဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ အားလုံးကိုဖြစ်စေချင်တဲ့ရည်ရွယ်ချက်နဲ့ အဲ့ဒီအပေါ်မှာအမြင်မတူတဲ့ အနေ အထားနဲ့ အဓိကထွက်လာရတယ်။

နောက်ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ တပ်မတော်ဟာဒီနိုင်ငံ၊ ဒီလူမျိုးတွေရဲ့ကိုးကွယ်ရာ၊ အားထားရာဖြစ် တယ်။ ဒီလိုမှမဟုတ်ဘဲနိုင်ငံသူ နိုင်ငံသားတွေရဲ့ရွံစရာ၊ မုန်းတီးစရာတွေဖြစ်လာတယ်ဆိုရင် တပ်မတော် ဖွဲ့စည်းထားတာဟာအလကားပဲလို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးခင်မှာခဲ့တဲ့စကားလည်း ရှိတယ်။ ဒီဘက်ခေတ်နောက်ပိုင်း တပ်မတော်ရဲ့ကဏ္ဍတွေမှာ စစ်သားဆိုတာ အမိန့်အရလုပ်ဆောင်ရတာ တွေရှိတယ်။ ဒီအပေါ်မှာ စစ်အစိုးရရဲ့မူဝါဒကို လိုက်လံအကောင်အထည်ဖော်ပြီး အမိန့်ကိုနာခံရတဲ့စစ်သားနဲ့၊ အောက်ခြေစစ်သည်တွေနဲ့ ပြည်သူ့အကြား ဖြစ်လာတဲ့အနေအထားမှာ ပြည်သူက အစိုးရရဲ့ လုပ်ရပ်လို့မမြင် ဘဲ တပ်မတော်ရဲ့လုပ်ရပ်လို့မြင်လာတယ်။ ပြည်သူနဲ့တပ်မတော်ဟာ တသားတည်း မဖြစ်တော့ဘူး။ ပြည်သူ ကမွေးထုတ်ပေးလိုက်တဲ့ တပ်မတော်သားတွေဟာ ပြည်သူ့အတွက်မဟုတ်တော့ဘဲ စစ်အစိုးရ အတွက်ပဲ လို့ ကျနော့်အနေနဲ့မြင်တယ်။ ဒီတော့ပြည်သူရဲ့ အော့နှလုံးနာစရာဖြစ်နေတဲ့ တပ်မတော်မှာ ကိုယ့်ကိုယ်ကိုယ်
တပ်မတော်သားတယောက်လို့ ဂုဏ်ယူပြီး မနေချင်တော့ဘူး။ ဒါကြောင့် ထွက်လာရတာပါ။

မေး။ ။ ဒီကနေ့ တပ်မတော်ထဲမှာ ဘာတွေဖြစ်နေကြလဲ။ နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတွေကို ရှင်းပြပေး ပါ။ တပ်မတော်မှာ အရာရှိနဲ့ အခြားအဆင့် ရဲဘော် အကြပ်တွေနဲ့ ကွာဟတာတွေရှိတယ်ကြားရတယ်။ အဲဒါ လည်းပြောပြပေးပါ။

ဖြေ။ ။ ဥပမာ တရားစီရင်ရေးအာဏာမှာ တပ်ရင်းမှူးတယောက်မှာ တပ်နဲ့ပါတ်သတ်တဲ့အာဏာသုံးရပ် ကိုင်စွဲ ပိုင်ခွင့်ရှိတယ်။ ဒီနောက်ပိုင်းမှာ မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့်မှာ သူ့ရဲ့အာဏာနဲ့ တပ်ပိုင်းဆိုင်ရာကို အုပ် ချုပ် ပိုင်ခွင့်မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့် တောင်ဒီလိုဖြစ်နေတယ်ဆိုရင် ကျန်တဲ့ကျနော်တို့လို အရာရှိငယ် တွေမှာလည်း မရှိတော့ဘူး။ ဒါ့အပြင်တချို့ရာခိုင်းနူန်း တော်တော်များများ တပ်ရင်းမှူးတွေက သူတို့ရဲ့လက် အောက်မှာ သူတို့အကျိုးစီးပွားကိုဖြစ်စေမယ့် စစ်သည်လူတရာမှာ ငါးယောက်လောက်ကို လက်သပ် မွေးတဲ့ ပုံစံမျိုးတွေလုပ်တယ်။ သူတို့ရဲ့ အကျိုးစီးပွားကိုပဲကြည့်ပြီး ကျန်တဲ့စစ်သည်၊ ရဲမေတွရဲ့အကျိုးစီးပွားကို မကြည့်တော့ဘူး။ သူတို့ကိုယ်ကျိုးအတွက်ပဲ ဒီစစ်သည်တွေနဲ့ အလုပ်လုပ်သွားတဲ့အနေအထားတွေရှိတယ်။ ဒီလိုအချိန်မှာ ကျနော်တို့အရာရှိငယ်တွေနဲ့ ကျန်တဲ့စစ်သည်တွေဟာ ကြားထဲမှာဘာမှသုံးလို့မရတဲ့ အနေ အထားတွေ ဖြစ်နေတယ်။ ဒီတော့အထက်လူကြီးတွေက အောက်ခြေရဲ့အခက်အခဲကို နားလည် မပေးနိုင်တော့ တဲ့ အနေအထားတွေ၊ အဲ့ဒီလိုအချိန်မှာ အောက်ခြေကလည်း မကျေနပ်ချက်တွေရှိတယ်။ ဒါပေမယ့် စစ်သား ဖြစ်နေတဲ့အတွက် အမိန့်ကို နာခံရမယ်ဆိုတဲ့ ကဏ္ဍတခုတည်းနဲ့ အောင့်အည်းသီးခံပြီး နေရတဲ့ အနေအထား မျိုးတွေရှိတယ်။

မေး။ ။ ယနေ့ မြန်မာ့ တပ်မတော်မှာ တပ်ထဲဝင်ချင်တဲ့သူနဲ့ ထွက်ချင်တဲ့သူဆို ထွက်ချင်တဲ့သူတွေက များတယ်လို့ ကြားသိရပါတယ်။ တပ်ထဲက ထွက်ချင်ရသူတွေအကြောင်းလည်းပြောပြပါဦး။

ဖြေ။ ။ ကျနော်တို့ ဒီ တပ်မတော်ကနေ အငြိမ်းစားယူချင်တယ်။ ထွက်ချင်တဲ့ အရာရှိစစ်သည်တွေအများကြီး ရှိတယ်။ အသက်ကြီးလို့ ထွက်ချင်တဲ့လူတွေ မဟုတ်ပါဘူး။ ကျနော်တို့ အရာရှိငယ်ထဲမှာပဲ တပ်ကထွက်ရရင် ပြီးရော ဆိုပြီးတော့လုပ်နေကြတဲ့ကဏ္ဍတွေ အများအပြားရှိတယ်။ ဟိုတခါတည်းနဲ့ ထွက်လို့မရရင်တောင် အရပ်ဘက်ကိုပဲ ဖြစ်ဖြစ်ပြောင်းမယ်။ အဓိကဒီတပ်ကထွက်ရရင်ပြီးရောဆိုတဲ့ ခံစားချက်တွေများတယ်။အခြား အဆင့်တွေထဲမှာဆိုပိုဆိုးပါတယ်။ ကျနော်နေခဲ့တဲ့တပ်မှာဆိုရင် ဆေးဘုတ်ရသူက အနားယူသွားရရင် ဒီ တပ်ကနေထွက်ခွင့်ရပြီ။ ထွက်မိန့်လည်းကျပြီ။ ဒါပေမယ့်တပ်မှာလိုလို့ ဆိုပြီးတော့ခေါ်သုံးထားတယ်။ အဲ့ဒီလို အနေအထားမျိုးတွေရှိတယ် အဲဒီတော့သူ့ကိုဒီလိုခေါ်သုံးတဲ့အတွက်ကော လက်ရှိ လစာပေးလားဆိုတော့ ဒါတွေကလည်းပြောမယ်ဆို သူ့ကိုအထက်က အမိန့်ချထားတဲ့အတွက် လစာမရတော့ဘူး။

ဒါပေမယ့် တပ်ရင်းမှူးကနေ ခေါ်သုံးထားတဲ့ အနေအထားမျိုးတွေရှိတယ်။ အဲဒီတော့ အားလုံးလိုလိုက ဒီတပ် ကနေထွက်ချင်နေကြတဲ့ အနေအထားမျိုးမှာ ထွက်ပြီးသွားတဲ့လူတောင်မှ လိုအပ်ချက်အရဆိုပြီး ဆွဲသုံးခံနေ ရတယ်ဆိုတော့ ကျန်တဲ့မထွက်ရသေးတဲ့လူတွေကိုလည်း တော်တော်နဲ့တော့ အခုနောက်ပိုင်းမှာထွက်ခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲဆိုရင်တော့ ကျနော့် ထင်မြင်ယူဆချက်အရဆိုရင် လက်ရှိတပ်မတော်က တပ်အင်အားတွေ အများကြီး တိုးချဲ့ဖွဲ့စည်းလိုက်ပြီးတော့ နောက်ထပ် တပ်သားသစ်စုဆောင်းရရှိမှုမှာ နည်း တယ်။ အဲ့ဒီပြင် ဒီလိုလွယ်လင့်တကူထွက်ခွင့်မရတဲ့ အခါကျတော့ကျနော်တို့ အင်အား ပြုန်းတီးမှုပေါ့။ တပ် ပြေးတွေဖြစ်တယ်။ ထောင်တွေကျတယ် အဲ့ဒီလိုမျိုးတွေဖြစ်ပြီးတော့ အင်အားပြုန်းတီးမှုနဲ့ ဒီစစ်သည် စုဆောင်း ရရှိမှုက level ကျတယ်။ တခါတလေမှာ ပြုန်းတီးမှုကပိုများတယ်။

အဲ့ဒီလို အနေအထားမျိုးတွေရှိ တော့ သူတို့ကရှိပြီးသား လူတွေကို ထပ်မထွက်စေချင်ဘူး။ တချို့တပ်တွေ ဆိုရင် ဥပမာထွက်ချင်ရင်အသစ် ၅ ယောက်ရှာပေး၊ အဲ့ဒီလိုအနေအထားမျိုးတွေနဲ့ ကြုံရတဲ့ဟာမျိုးတွေ ရှိတယ်။ အဲ့ဒီတော့သူတို့ကလည်း ရှာပေးဆိုတော့ ထွက်ရရင်ပြီးရောဆိုပြီး ဖြစ်လာကြတယ်။ အဲ့ဒီမှာပဲတွေ့ တဲ့ လူကိုခေါ်သွင်း ဘာညာ အဲ့ဒီလို မျိုးတွေပေါ့။ အဲ့ဒီတော့ ဒီတပ်ကထွက်ချင်ကြတာက အဓိကတခြားတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ရှိတဲ့အဆင့် အတန်းပေါ်မူတည်ပြီးမှ လုပ်ပိုင်ခွင့်တွေမရှိတော့ဘူး။ လုပ်ပိုင်ခွင့်ဆိုတာက အခုလုပ်နေတဲ့အစိုးရ ဒီဗိုလ်ချုပ် တွေလုပ်နေသလိုမျိုး သူတို့ရဲ့လုပ်ပိုင်ခွင့်ကိုပြောတာမဟုတ်ဘူး။ ကျနော်တို့ဒီတပ်ပိုင်းဆိုင်ရာ အထက် အောက်ကို အာဏာနဲ့လုပ်တာ။ ဒီတပ်တွင်း တကယ့်စည်းကမ်းပြည့်ဝတဲ့ တပ်မတော်တရပ်ရဲ့လုပ်ပိုင်ခွင့်ကို မရှိတော့တဲ့အနေအထားမျိုး ဖြစ်နေတယ်။

မေး။ ။ မေမြို့စစ်တက္ကသိုလ် တက်ခဲ့တဲ့ အတွေ့ကြုံတွေကို ပြောပြပေးပါ။

ဖြေ။ ။ ကျနော်စစ်တက္ကသိုလ် အပတ်စဉ် ၅၀ က ကျောင်းပြီးခဲ့တာပါ။ ကျောင်းတက်ခဲ့တုန်းက ကျနော်တို့ ဒီဗိုလ်လောင်းဘဝမှာ စီနီယာ၊ ဂျူနီယာအုပ်ချုပ်မှုစနစ်ရှိတယ်။ စီနီယာ၊ဂျူနီယာအုပ်ချုပ်မှုမှာ အပြစ်ပေး၊ အရေးယူတဲ့ဟာတွေကို သဘောလည်းကျပါတယ်။ သဘောကျတယ်ဆိုတာက ဘယ်လို သဘောကျလဲ ဆို ရင် ဒီအပြစ်တခုအတွက် ရုံးတင်လိုက်ရင် သူ့ဘဝထဲကနေပေးရမှာ။ ဥပမာထားပါတော့ ဆေးလိပ်မသောက်ရဆိုတဲ့ဟာကို ကျနော်ကဆေးလိပ်သောက်တယ်။ ဒီဟာကို စီနီယာနေ သူကအပြစ်မပေးဘဲနဲ့ရုံးတင်လိုက်ရင် ကျနော်အမှတ်လျော့မယ်။ အမှတ်လျော့သွားရင် သူများထက်ကျနော်နောက်ကျမယ်။ အမှတ်နည်းသွားမှာ ဖြစ်တဲ့အတွက် ဒါဘဝထဲကပေးရတယ်လို့ ကျနော်တို့သုံးနှုန်းတဲ့အသုံးအနှုန်းဖြစ်တယ်။ အဲ့လိုဘဝထဲက မပေးရအောင် မြင့်တဲ့စီနီယာကနေသူ့ကို ထိုက်သင့်တဲ့အပြစ်ပေးတယ်။ အဲ့ဒါမျိုးတွေပေါ့။

အဲ့ဒီထဲမှာမှ တချို့က ဘယ်လိုမျိုးတွေလုပ်လာသလဲဆိုတော့ ဥပမာ ကျနော်တို့တပ်စုရဲ့ အပတ်စဉ် အထက် စီနီယာတွေက ကျနော်တို့ကို စာမေးပွဲနီးတာကို စာမကျက်ဘူးပြီးတော့ Position ဒီတပ်စုရဲ့ Transition ကို မထိန်းဘူးဆိုတဲ့အနေအထားမျိုးနဲ့ ကျနော်တို့စာမေးပွဲပြီးတော့ တပ်စုတစုလုံးကို စီနီယာ အစ်ကိုကြီးတွေ က အပြစ်ပေးတာပေါ့။ အပြစ်ပေးတယ်ဆိုတာလည်း သူတို့က စေတနာနဲ့အပြစ်ပေးတာပါ။ အဲ့ဒီမှာ တခြားတပ်စု က စီနီယာတွေက မဆီမဆိုင်ဝင်ပြီးအပြစ်ပေးတာတွေ ရှိတယ်။ အပြစ်ပေးတဲ့အချိန်မှာ ကျနော်ဆိုရင်ပဲ တောလျှောက်နေတဲ့အချိန်မှာ နောက်ကနေ စတီးရိုးနဲ့ အရိုက်ခံရတယ်။ ဒါမျိုးတွေပေါ့။ ဆိုလိုတာက သူ့ အနေနဲ့ ကျနော့်ကိုအမြင်မတော်ဘူးထင်ရင်တောင် စီနီယာကောင်းစိတ်ဓာတ်အနေနဲ့ ကျနော်တို့တပ်စုကို
အပြစ်ပေးပြီးတဲ့အချိန်မှ ကျနော့်ကိုသီးခြားခေါ်ပြီးအပြစ်ပေးရင် ကျနော်လက်ခံနိုင်တယ်။ တပ်စုကအပြစ်ပေး
တဲ့အချိန်မှာဝင်ပြီးတော့ အပြစ်ပေးတာလည်းမဟုတ်ဘူး။ သူများပေးတဲ့ဟာကို ကောင်းကောင်းလိုက် မလုပ် ဘူးလားမင်းက Fighter လားတို့ ဘာတို့ ဆိုတဲ့အနေအထားမျိုးနဲ့ ရိုက်နှက်တာကြတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။

မေး။ ။ တာဝန်ထမ်းဆောင်စဉ် အခက်အခဲ ကြုံတွေ့ခဲ့တာတွေကိုလည်းပြောပြပါဦး။

ဖြေ။ ။ စစ်တပ်ထဲမှာ တာဝန်ထမ်းခဲ့တာ မနိုင်ဝန် ထမ်းနေရသလိုပဲ။ လက်ရှိတပ်မတော်မှာက တပ်ခွဲမှူးဆိုတဲ့ ရာထူးက တကယ်တော့ ဗိုလ်မှူးအဆင့်။ စီနီယာကျတဲ့ ဗိုလ်မှူးကမှ ဌာနချုပ်တပ်ခွဲမှူး။ အဲဒီ ဌာနချုပ်တပ်ခွဲမှူး ကမှ တပ်ရင်းမှူးသင်တန်းတွေတက်ပြီးမှ တပ်ရင်းမှာ 2 IC ခေါ်တဲ့ ဒုတပ်ရင်းမှူးဖြစ်တာ။ တကယ်မှာတော့ နှစ်ပွင့် ဗိုလ်လောက်နဲ့ တပ်ခွဲမှူးရာထူးတွေ ကိုင်ထားရတယ်။ လူအင်းအားမပြည့်ဘူးပေါ့။ လူအင်းအား အရတော့ ဘာမှမဖြစ်ပေမယ့် ကိုင်လိုက်တဲ့ ရာထူးကတော့ မမျှဘူးပေါ့။ အခုနောက်ပိုင်းမှာ လေ့ကျင့်ရေး ကျောင်းတွေက စာထုတ်ထားတာရှိတယ်။ ဒါကတော့ လက်ရှိ မိမိအဆင့်ရဲ့ တဆင့်မြင့်တာဝန်ကို ထမ်း ဆောင်နိုင်ရမယ် မိမိရဲ့ အထက်နှစ်ဆင့်မြင့်တာဝန်ကို နားလည်နိုင်ရမယ် လိုအပ်ရင်ထမ်းဆောင်ရမယ်လို့ ညွှန်ကြားထားတယ်။ ကျနော်ဆိုရင် တပ်စုမှုး နှစ်ပွင့်ဗိုလ် ကျနော့်ရဲ့ တဆင့်မြင့်တာဝန်က တပ်ခွဲမှူး တာဝန်ကို ထမ်းဆောင်နိုင်ရမှာဖြစ်တယ်။ ဒါ့အပြင် နှစ်ဆင့်မြင့် တာဝန်က ဒု တပ်ရင်းမှူး။ တကယ်လို လိုအပ်လာရင် လည်း ကျနော် နှစ်ပွင့် တပ်စုမှူးက ဒုတပ်ရင်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ ဆိုလိုထားတာ။ တချိန်တည်းမှာပဲ လူအင်းအားမပြည့်တော့ ဘာမှ မလုပ်နိုင်ဘူး။ တပ်ခွဲတခွဲမှ လူအင်အား ၃၀ ဆိုတာ အများ ဆုံးပဲ။ တပ်ရင်းတရင်းမှာ လူ ၁၅၀ ဟာအများဆုံးပဲ။

မေး။ ။ စစ်ပညာတော်သင်တွေ နိုင်ငံခြားကိုလွှတ်တယ်လို့ ကြားတယ်။ ဘယ်နိုင်ငံတွေကိုများ လွှတ်ထားတာ ရှိလဲ။

ဖြေ။ ။ စာပေပညာနဲ့တော့ ရုရှားကို လွှတ်တယ်။ စစ်ဘက်ဆိုင်ရာနဲ့တော့ အစ္စရေး၊ ယူကရိန်း၊ တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန် တို့ကို လွှတ်ပါတယ်။ အရာရှိရော အခြားအဆင့် အကြပ်ကြီးတွေလည်း ပါတယ်။ ယူကရိန်းကို သံချပ်ကားတပ်က လူတွေကိုလွှတ်တယ်။ အမြောက်နဲ့ပတ်သတ်တဲ့ စစ်ပညာကို
တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်တို့ကိုလွှတ်ပါတယ်။

မေး။ ။ တပ်မတော်က အရာရှိငယ်တယောက်ရဲ့ ခံစားချက်ကို ပြောပြပါ။

ဖြေ။ ။ ကျနော်တို့က ပင်ပန်းဆင်းရဲတာကို ခံနိုင်တယ်။ အရင်တုန်းက လွတ်လပ်ရေး စယူတုန်းက ကျနော် တို့ ရှေ့က တပ်မတော်သားတွေဟာ လွတ်လပ်ရေးအတွက် တိုက်တယ်။ ဘယ်လိုပဲ ပင်ပန်း ပင်ပန်းခံနိုင် တယ်။ ကျနော်တို့ ဗိုလ်ချုပ်တွေက ပြောတယ်။ မင်းတို့တွေကံကောင်းပါတယ်။ ကံကောင်းလားဆိုတော့ အဲဒါ မှန်ပါတယ်။ သူတို့လိုမျိုး အသက်နဲ့ရင်းပြီး လုပ်ခဲ့တာ တိုက်ခဲ့တာ တခါမှမရှိခဲ့ဘူး။ ကံဆိုးတယ်လို့ လည်း ပြောလို့ရတယ်။ ကျနော်တို့ တပ်မတော်ကိုရောက်တဲ့အချိန်မှာ စစ်တပ်ထဲမှာ အရာရှိဖြစ်တဲ့အချိန် ပြည်သူက တပ်မတော်ကို မုန်းနေပြီ။ ဘာကြောင့်မုန်းတယ်ဆိုတော့ တပ်မတော်ကို မုန်းတာမဟုတ်ဘူး လက်ရှိ တပ် မတော်ရဲ့ လုပ်ရပ်ကိုမုန်းတာ။ ဒါက ဘာကိုသက်ရောက်လည်းဆိုတော့ စစ်တပ်က အစိုးရခိုင်းတော့ လုပ်ရ တယ်။

ကျနော်တို့နိုင်ငံကို ကြည့်တော့ အစိုးရက စစ်ယူနီဖောင်း ၀တ်ထားကြတယ်။ ကျနော်တို့နိုင်ငံက ပြည်သူက အစိုးရနဲ့စစ်တပ်ကို မခွဲတတ်အောင်လုပ်ထားတယ်။ စစ်တပ်က တိုင်းပြည်ကို အနှစ် ၄၀ လောက်အုပ်ချုပ်နေ တယ်။ သူတို့ မျက်စိထဲမှာ စစ်တပ်ကလည်း ယူနီဖောင်းဝတ်ထားတယ်။ အုပ်ချုပ်သူလည်း ယူနီဖောင်းဝတ် ထားတယ်။ လုပ်တဲ့လူကလည်း ယူနီဖောင်းဝတ်ထားတယ်။ အတူတူလို့ထင်တယ်။ စစ်တပ်ထဲကြည့်ပြန်တော့ လည်း အခြားအဆင့် အကြပ်စစ်သည်တွေ စီးပွားရေးကြပ်တည်းနေကြတယ်။ စစ်သည်တော်တော်များလည်း လစာထုပ်ရင် လစာကို အကုန် မကိုင်ကြရတော့ဘူး။ အရင်လက အကြွေးတွေကို ဆပ်လိုက်ရလို့။ ။
http://www.irrawaddy.org/bur/index.php/interview/4-interview/2648-2010-02-20-08-01-43

စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် ဦးနု

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဟာ ချစ်သူတွေ ပျော်ရွှင်ကြတဲ့ နေ့ ဖြစ်သလိုပဲ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ၀န်ကြီးချုပ် ဟောင်း ဦးနု ဟာ ကမ္ဘာမြေကို အပြီးတိုင် နှုတ်ဆက်ခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။

ဦးနုဟာ ၁၉၃၅ ခုနှစ် မှာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့ပြီး ၁၉၃၆ ခုနှစ်မှာ ကျောင်းသားသပိတ်ကို ဦးဆောင်ခဲ့ပါတယ်။
u_nu

ကျွန်ပညာရေး အလိုမရှိ ဆိုတဲ့သဘော သက်ရောက်စေဖို့ သူရခဲ့တဲ့ B.A (Law) ဘွဲ့ကို အင်္ဂလိပ် အစိုးရထံပြန်အပ်ခဲ့ ပါတယ်။ ၁၉၃၇ ခုနှစ်မှာ သခင်သန်းထွန်းနဲ့အတူ နဂါးနီ စာအုပ်တိုက်ကို ထူထောင်ပြီး ပြည်သူလူထု နိုင်ငံရေးအသိ နိုးကြား လာအောင် ဖန်တီးခဲ့ပါတယ်။

ဖ.ဆ.ပ.လ အစိုးရ လက်ထက်မှာ ဦးနုဟာ ပထမဦးဆုံး ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလမှာ ဦးနေ၀င်းကို အပြီးသတ် တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး စင်ပြိုင် အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။ ဦးနုဟာ နိုင်ငံရေးကို ကွက်ကျော် မြင်တတ်သူ၊ မြန်မာစစ်တပ် အကြောင်းကို နောကြေအောင် သိတဲ့သူလို့ ကျမ ထင်ပါတယ်။

ကျမရဲ့ မိဘ ဘိုးဘွားတွေက ဖ.ဆ.ပ.လ ခေတ်ရဲ့ ကုန်ဈေးနှုန်း အကြောင်းကို တသသ ပြောတတ်လို့ ကျမ မှတ်မိနေ ပါတယ်။ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် အဖြစ် ဖ.ဆ.ပ.လ အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး ဟာ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ ထိပ်တန်း အဆင့် ရှိခဲ့တယ်လို့ လွမ်းလွမ်း ဆွတ်ဆွတ် ပြောတတ်ကြပါတယ်။

ဦးနုကို နိုင်ငံရေးသမား တယောက်အပြင် စာရေးဆရာ တဦး အဖြစ်နဲ့လည်း သိခဲ့ဖူးပါတယ်။ ဦနုရေးတဲ့ တာတေ စနေသား ၀တ္ထုမှာ အဖေ ဦးစံထွန်းက သားမောင်နုကို သိပ်ချစ်တယ်ဆိုတာ ၀တ္ထု အစမှာ ရေးပြထားပါတယ်။

ကျမ ကြီးဒေါ် ပြောပြဖူးတာက ဦးနုကို လူတွေက ဘာသာရေးသမား တဦး အဖြစ်နဲ့လည်း ချစ်ခင်ကြည်ညို ကြတယ်တဲ့။ကျမဘကြီး ပြောပြဖူးတာကတော့ ဦးနုက ငါးပါးသီလကို ခါးဝတ်ပုဆိုး လို ခိုင်မြဲအောင် တည်ဆောက်တယ်တဲ့။ တခါက ဆိုဗီယက် ယူနီယံကိုသွားတော့ အရမ်းအေးလို့ အရက်တိုက်တာ ဦးနုက အရက်မသောက်ဘဲ ရေနွေးပူပူ တခွက် ကိုပဲ မှာသောက်သတဲ့။

ဦးနုကို ကျမ သေချာမြင်ဖူးတာက ကျမတို့ ဗမာပြည် ပြည်သူ့ လွတ်မြောက်ရေး လူငယ်တပ်ဦး (BYLF) ရဲ့ ဒုဥက္ကဋ္ဌ ကိုအောင်ဒင်က စင်ပြိုင် အစိုးရကို ထောက်ခံပြီး သွားရောက်ပူးပေါင်းခဲ့တဲ့ အချိန်က ဘဘ ဦးနု ခြံထဲမှာ လုံခြုံရေး ယူပေးရတုန်းကပါ။

အသက်အရွယ် ကြီးလာပေမယ့် ဘဘ ဦးနု ရင်ထဲမှာ ပြည်သူ့အကျိုး ကို ထမ်းရွက်လိုဆဲပဲ ဆိုတာ သိရတော့ ကျမတို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါတယ်။

၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အသက် ၈၇ နှစ် အရွယ်ရှိတဲ့ နိုင်ငံတော် ၀န်ကြီးချုပ် (စင်ပြိုင်အစိုးရ) ကွယ်လွန်ခဲ့ ပါတယ်။

ဦးနု ကွယ်လွန်ချိန်မှာ သား ၂ ဦး၊ သမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။ ဦးနု ကွယ်လွန်ကြောင်း သတင်းစာ ဖတ်ရချိန်မှာ ကျမ ဦးနုကို ဂါရ၀ပြုဖို့ သူ့ခြံထဲ သွားမယ်လို့ စိတ်ကူးထားပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ ကျမ စာသင်တဲ့ အိမ်အောက်ထပ်က လက်ဖက်ရည် ဆိုင်မှာ ကိုမိုးမောင်မောင်ကို တွေ့ပါတယ်။

ကိုမိုးမောင်မောင်က ကျမကို “ခဏလာပါဦး ပြောစရာ ရှိတယ်” ဆိုလို့ ကျမလည်း ကိုမိုးမောင်မောင်နဲ့ ထိုင် စကား
ပြောဖြစ်ပါတယ်။ သူက လက်ရှိ အခြေအနေကို ပြောပြပါတယ်။

“န၀တ က ဦးနုကို သင်္ဂြိုဟ်ဖို့ ဒေါ်ခင်ကြည်ရဲ့ ဂူ ဘေးမှာ ၁၀ ပေ ပတ်လည် မြေကွက် ပေးတယ်၊ ဦနု သားသမီးတွေက ကျဉ်းလို့ မကြိုက်ဘူး။ သူတို့က ကမ္ဘာအေးကုန်းမြေမှာ သင်္ဂြိုဟ်ချင်တယ်။ န၀တ ကတော့ ကြံတောမှာ ဂူဗိမာန် ဆောက်ပေးမယ်တဲ့။ ဒီအခြေအနေကြောင့် တချို့ လူငယ်တွေ အလောင်းလုကြလိမ့်မယ်”လို့ သူက ပြောပြတယ်။

ကျမက “သဘောမတူဘူးလို့ပဲ” ပြန်ပြောခဲ့ပါတယ်။ သူနဲ့ အခြေအတင် ပြောပြီး သူက အခြေအနေ သိရအောင် ဦးနု ခြံထဲ လိုက်ခဲ့ဖို့ ပြောပါတယ်။ ကျမက သေသေချာချာ သိချင်လို့ ဦးနု ခြံထဲ လိုက်သွားခဲ့ပါတယ်။

ခြံထဲရောက်တော့ ဦးအောင် (ဦးနုသား)၊ ဦးဝင်းနိုင်(ယခု အမျိုးသားရေး) တို့နဲ့ တွေ့ပါတယ်။

သူတို့က ဦးနုဟာ သမိုင်းဝင်ပုဂ္ဂိုလ် တဦးဖြစ်လို့ ခုလို သင်္ဂြိုဟ်ရတာကို မကျေနပ်ကြောင်း ပြောပါတယ်။ ကျမက “တရားဝင်
တောင်းဆိုပါလား” ဆိုပြီးပြောလိုက်ပါတယ်။ ဒီတော့ ဦးဝင်းနိုင်က သူတို့ လုပ်သင့်တာ လုပ်ပြီးပေမယ့် ဘာမှ မထူးခြားဘူးလို့ ပြန်ပြောပါတယ်။

ကျမ ခြံထဲက ပြန်လာတော့ သူငယ်ချင်း အေးမိုး ဆီကို ၀င်ပြီးပြော ဆိုဆွေးနွေးနေတုန်း ကိုမောင်မောင်ဦး ရောက်လာပြီး “ဦးနု သားသမီးတွေက မမိုက်ဘူး၊ ဒီကို န၀တ နဲ့ညှိနှိုင်း ဆွေးနွေးပြီးမှ ရောက်လာတာ၊ ပြီးတော့ ပေါက်ကရတွေ လျှောက်ပြောနေတယ်” တဲ့။ ပြီးတော့ ကျမတို့ကို “နင်တို့တွေ သတိထား” လို့ ပြောပါတယ်။

ကျမတို့လည်း ကိုမောင်မောင်ဦးနဲ့ စကားပြောပြီး အားလုံးလမ်းခွဲ၊ အိမ်ပြန်လာပါတယ်။ ကျမတို့ ၃ ယောက်ရဲ့ရင်ထဲမှာတော့ ဦးနုရဲ့ နောက်ဆုံးခရီးမှာ ထိုက်ထိုက် တန်တန် ဂုဏ်ပြုသင့်တယ်လို့ ယူဆကြပါတယ်။

နောက်တနေ့အေးမိုးနဲ့ ရီရီတို့ ဦးနုခြံထဲ သွားကြပါတယ်။ ဖေဖော်ဝါရီ ၂၀၊ ၁၉၉၅ မှာ ဦးနုကို သင်္ဂြိုဟ်ရမယ့်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့ ရောက်တော့ အေးမိုးနဲ့ ရီရီ တို့က ကျောင်းကနေ လာကြပါတယ်။ ကျမ၊ ကိုသားကြီး၊ ကိုတိတ်၊ ကိုစိုးနိုင် တို့က ကြည့်မြင်တိုင်ကနေ လာကြပါတယ်။ ခြံထဲမှာ ကျမတို့ အုပ်စုတွေ အတော်များများ ဆုံကြပါတယ်။ အဲဒီအချိန်က ကျမတို့ အုပ်စုရဲ့ နိုင်ငံရေး အရှိန် မြင့်နေတဲ့ အချိန်ဖြစ်လို့ ကျန်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ကျမ တို့ကို စောင့်ကြည့် နေကြပါတယ်။

ကျမနဲ့ ရီရီက ကြံတောသုဿာန်ရဲ့ အခြေအနေကို သိရအောင် ကိုယ့်အစီအစဉ်နဲ့ကိုယ် အရင် သွားနှင့်ပါတယ်။ ဟိုရောက်တော့ အခြေအနေက တင်းမာ နေပါတယ်။ ဟံသာဝတီ အ၀ိုင်းကနေ ကြံတောအထိ ရဲတွေ၊ ထောက်
လှမ်းရေးတွေက စကားပြောစက်တွေနဲ့ စောင့်နေပါတယ်။ စည်ပင် ၀န်ထမ်းတွေလည်း လမ်းပေါ်မှာ၊ ကြံတော သုဿာန် ဝင်းထဲမှာ အပြည့်ပါပဲ။

ကျမတို့ ကျောင်းသား အုပ်စုထဲက အတော်များများကလည်း ကြံတောကို ကြိုရောက်နေပါတယ်။ ကိုစောလွင်ဦး၊ ကိုစောဝင်းရှိန်၊ ရဲကျော်စွာ၊ ရဲမွန်ထူး၊ မောင်မောင်ကျော်၊ ဦးချိုအောင်သန်း (ဦးအောင်သန်းသား)၊ ကိုချိုချိုထွန်းငြိမ်း
နွမ်းပါးပုံရတဲ့ ကျမ အဖေအရွယ်၊ အမေအရွယ် ပြည်သူတွေက ယပ်တောင်ကိုယ်စီနဲ့ ဦးနု နောက်ဆုံး ခရီးကို လာရောက် ပို့ဆောင်ကြပါတယ်။

ခြံထဲက ထွက်လာတဲ့ ကားပေါ်မှာက အေးမိုး၊ ချိုနွယ်ဦး၊ ကိုဂီး၊ ကိုသားကြီး၊ ကိုတိတ်၊ ကိုမောင်မောင်ဦး၊ ချောအိသိမ်းနဲ့ လူငယ် အတော်များများ ပါလာပါတယ်။ သူတို့ ကားပေါ်မှာ လမ်းတလျှောက်လုံး “ကမ္ဘာမကြေဘူး” သီချင်းကို ဆိုလာ တယ်လို့ ပြောပြပါတယ်။

သူတို့ကား ကြံတောကိုရောက်တော့ သင်္ချိုင်းဝကနေ အခေါင်းတင်ထားတဲ့ စင်မြင့်အထိ စည်ပင်ဝန်ထမ်းတွေက လက်ချင်း ချိတ်ပြီး လမ်းပိတ်ထားကြပါတယ်။ ဒီအချိန်မှာ ကြိုရောက်နေတဲ့ ကျမတို့က “ready … 1 ... 2 … 3” ဆိုပြီး ပြိုင်တူ “နိုင်ငံတော် ၀န်ကြီးချုပ် ကောင်းရာ သုဂတိ လားပါစေ” လို့ အော်လည်းအော်၊ တပြိုင်နက်တည်း လက်ချင်း ချိတ်ထားတဲ့ စည်ပင်ဝန်ထမ်းတွေကို အတင်း ၀င်တိုးကြပါတယ်။

ဘေးက အဘိုးကြီး၊ အဘွားကြီး တွေကလည်း “နိုင်ငံတော် ၀န်ကြီးချုပ် ကောင်းရာ သုဂတိ လားပါစေ” လို့ ၀ိုင်းဆုတောင်း
ပေးကြတော့ ကြံတော တဝန်းလုံး ကြွက်ကြွက်ညံ သွားပါတယ်၊ ကားပေါ်ကလူတွေလည်း ကျမတို့ တွန်းဖွင့်လိုက်တဲ့ လမ်းကျဉ်းကျဉ်းလေး အတိုင်း အတင်းတိုးဝင် လာကြပါတယ်။

အရင်ရောက်နေတဲ့ ကျမတို့အုပ်စုနဲ့ သူတို့အုပ်စု ပေါင်းမိသွားကြပြီး “ကမ္ဘာမကြေဘူး” သီချင်းဆိုလိုက် “၀န်ကြီးချုပ် ဦးနု ကောင်းရာသုဂတိ လားပါစေ” လို့ အော်လိုက်နဲ့ ဦးနုရဲ့ နောက်ဆုံးခရီးမှာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြပါတယ်။

အဲဒီ အချိန်မှာပဲ ဦးနုသားကြီး ဦးသောင်းထိုက်က ငိုကြီးချက်မနဲ့ “ဖေဖေ့ အသုဘမှာ ဒီလို ဆူဆူပူပူ မလုပ်ပါနဲ့” ဆိုပြီး ကျောင်းသားအုပ်စုကို ပိတ်ကာထားပါတယ်။

ကျမတို့ ကျောင်းသား အုပ်စုတွေက အလောင်းစင်နားကို အတင်းတိုးသွားပြီး ၀န်ကြီးချုပ် ဦးနုကို ကျောင်းသားလူငယ်တွေ လက်နဲ့ မြေချခဲ့ကြပါတယ်။

အဲဒီ အချိန်က ထောင်ကနေ လွတ်လာတာ ၄ ရက်ပဲ ရှိသေးတဲ့ ကိုမိုးကြိုးက ပင်နီ အင်္ကျီဝတ်လာတယ်။ သူက ဦးနုကို အနီးကပ် အလေးပြုပြီး မြေချခဲ့ပါတယ်။

ကျမတို့ တတိယမြောက် မျိုးဆက်က သမိုင်းတာဝန် ကျေပွန်ခဲ့ကြပါတယ်။

န၀တ ကလည်း တာဝန်ကျေပါတယ်။ ကျမတို့ လူငယ်တွေကို ညတွင်းချင်း လိုက်လံ ဖမ်းဆီးပါတယ်။ တချို့လူတွေလည်း ထွက်ပြေးတာ မြန်လို့ လွတ်သွားကြပါတယ်။ ကျမ အပါအ၀င် လူ ၂၀ လောက် အဖမ်းခံခဲ့ရပါတယ်။

အဲဒီထဲကမှ ကျမတို့ ၉ ဦး ထောင် ၇ နှစ် ကျခဲ့ကြပါတယ်။ ပြန်လွတ်သွားတဲ့ အထဲက ၇ ဦးကို အိမ်ကြက်ချင်း အိုးမည်းသုတ် ခွတ် ခိုင်းတဲ့ အနေနဲ့ အစိုးရ သက်သေ လုပ်ခိုင်းပါတယ်။ တချို့ ကလည်း သူငယ်ချင်းတွေနဲ့ တွေ့ရဖို့ တရားခွင်ကို လာနိုင်အောင် အစိုးရ သက်သေအဖြစ် ထွက်ဆိုကြပေမယ့် ကျမတို့ကို မထိခိုက်အောင် ဖေးမ ထွက်ဆိုကြပါတယ်။

ဒါပေမယ့် မောင်မောင်ကျော်နဲ့ ဦးချိုအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်း တူ) ကတော့ အစိုးရ သက်သေအဖြစ် မထွက်ဆို ခဲ့ကြပါဘူး။ ၃ ဦး ကိုလည်း တရားခံပြေးအဖြစ် ကြေညာခဲ့ပါတယ်။

ဦးနု ဈာပနက အပြန် လူငယ်တွေရဲ့ လှုပ်ရှားမှု ကို ကြည့်ပြီး စိတ်တက်ကြွလာတဲ့ အရပ်သား ၂ ဦး ဖြစ်ကြတဲ့ ကိုဌေးဝင်း (ကိုသြ) နဲ့ ကိုသံချောင်းတို့ ညဘက်မှာ ဆက်လက်ကြွေးကျော်ခဲ့လို့ ထောင် ၇ နှစ် ကျခဲ့ပါတယ်။

ဦးနုဟာ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင် တဦး၊ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ တဦး၊ ၈၈ အရေးတော်ပုံကို အပြီးသတ်ဖို့ ရည်ရွယ်ပြီး စင်ပြိုင်အစိုးရ ထောင်ခဲ့တဲ့ နိုင်ငံရေး ဂုရုကြီး တဦးအဖြစ် ကျမတို့ ဂုဏ်ပြုပါတယ်။

ဦးနုဟာ ကွယ်လွန်ချိန်အထိ စင်ပြိုင် အစိုးရ ၀န်ကြီးချုပ် အဖြစ် နေအိမ် အကျယ်ချုပ် ကျခံခဲ့ရပါတယ်။
http://www.irrawaddy.org/bur/index.php/articles/2-articles/2650-2010-02-20-10-47-52

၂၁၀၁အန်အယ်ဒီကြေငြာချက်များ

http://ifile.it/szef6hnCompilation of 2010 NLD Statements

၆၂ကြိမ်မြောက်ချင်းအမျိုးသားနေ့ဦးတင်ဦးတက်ရောက်







The Voice 6-16

http://ifile.it/zfbwrcyThe Voice 6-16 (E-Book) Final