Wednesday, February 24, 2010

24 Feb ဒိုင်ယာရီ

http://ifile.it/8nrtpe624 Feb Yeyintnge's Diary

လက်နက်ကြီးထိမှန်၍ ကျောင်းသား ၃ဦး ထိခိုက်သေဆုံး

Submitted by Karen Information Center on Wednesday, 24 February 2010
လက်နက်ကြီးထိမှန်၍ ကျောင်းသား ၃ဦး ထိခိုက်သေဆုံး
ဖေဖော်ဝါရီလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်ခရိုင် ခေးပူကျေးနယ်အတွင်းရှိ စာသင်ကျောင်းတကျောင်းအား နအဖစစ်တပ်က လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ရာ ကျောင်းသားတဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ (Free Burma Ranger) က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ယခုလ ၁၉ရက်နေ့တွင် ခေးပူကျေးနယ်တွင် လှုပ်ရှားနေသည့် နအဖ အမှတ်(၇) နည်းဗျူဟာတပ်ဖွဲ့သည် တာယူပလော(ခေါ်) တာသူးခီးရှိ ရွာပုန်းရွာရှောင်(အိုင်ဒီပီ)နေထိုင်ရာသို့ လက်နက်ကြီး ၅လုံးထက်မနည်း လှမ်းပစ်ခတ်ခဲ့ရာ ကလေးများ စာသင် ကြားနေသည့် စာသင်ကျောင်းကို လက်နက်ကြီးကျည်တလုံး ကျရောက်သည့်အတွက် ဆယ်ကျော်သက်အရွယ် ကျောင်းသား ၃ဦး ထိမှန်ကာ တဦးမှာ သေဆုံးသွားရခြင်းဖြစ်သည်ဟု (Karen Teacher Working Group-KTWG)မှ ကျောင်းဆရာတဦးက ပြောသည်။

“တာသူးခီးနဲ့ မနီးမဝေးမှာ နအဖ အမှတ် (၇) နည်းဗျူဟာတပ်ဖွဲ့ ရှိတယ်။ အဲဒီတပ်ဖွဲ့က ဒီလ ၁၉ရက်မနက် ၉နာရီကျော် လောက်မှာ ရွာသူရွာသားတွေ ရှိနေတဲ့နေရာကို လက်နက်ကြီးနဲ့ ၅လုံး၊ ၆လုံးလောက် လှမ်းပစ်တယ်။ အလုံးများတော့ စာသင် ကျောင်းထဲကို တလုံးကျလာပြီး ကလေး ၃ယောက်ကို ထိသွားတယ်။ အဲဒီအထဲက တယောက်ဟာ ဒဏ်ရာပြင်းထန်တော့ သေဆုံးသွားတယ်”ဟု ၎င်းက ပြောသည်။

ယင်းသို့ နအဖ စစ်တပ်၏ လက်နက်ကြီးထိမှန်သွားသည့် ကျောင်းသားလေးများမှာ စောရိုဘီမူး ၁၆နှစ်၊ စောအယ်ကော်သော ၁၂နှစ်နှင့် စောရီးရီ ၁၀နှစ်တို့ဖြစ်ကြပြီး စောရိုဘီမူးမှာမူ ၀မ်းဗိုက်တွင် ထိမှန်သည့်ဒဏ်ရာ အလွန်ပြင်းထန်သောကြောင့် နီးစပ် ရာဆေးခန်းသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် သေဆုံးသွားခဲ့သည်ဟု FBR က သတင်း ထုတ်ပြန်ခဲ့သည်။

နအဖမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးအပိုင်းအစတခု

နအဖမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးအပိုင်းအစတခု

လူဦးရေ ၃၀၀ကျော် နေထိုင်သည့် တာယူပလော(ခေါ်)တာသူးခီး ပြည်တွင်းရွာပုန်းရွာရှောင်နေရာတွင် ပြီးခဲ့သည့် ရက်အနည်း ငယ်က အဆိုပါစစ်တပ်မှ မကြာခဏ လာရောက်ပစ်ခတ်ခဲ့သော်လည်း ယခုလို စာသင်ကျောင်းထိမှန်ကာ ကျောင်းသားများ ထိ ခိုက်သေဆုံးမှုမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။

ဘူးသိုမြို့နယ်အတွင်းရှိ ခေးပူကျေးနယ်သည် ဖာပွန်ခရိုင်၏ မြောက်ဖက်စွန်းတွင်ဖြစ်ပြီး လွန်ခဲ့သည့် ၂နှစ်ဝန်းကျင်ကတည်းက နအဖ စစ်တပ်ကို ပုန်းရှောင်ရင်း အိုင်ဒီပီဒေသ ဖြစ်လာခဲ့ရသည်။

http://www.kicnews.org/

FBR REPORT: Burma Army Kills One Child and Wounds Two in Attack on School
Northern Karen State, Burma
24 Feb, 2010

KEY DEVELOPMENTS
  • Burma Army troops from MOC 7 attacked a Karen school, killing one child and wounding two in the Kaypu/Ta U Plaw area of Papun (Muthraw) District, Northern Karen State, Burma.

Report from FBR relief team on the ground helping the IDPs:


On 19 February, 2010, Burma Army troops from MOC 7 attacked the school at Ta U Plaw and wounded Saw Eh Kaw Thaw, 12 years old, and Saw Ree Re, 10 years old. Saw Eh Kaw Thaw was wounded in his right hand and Saw Ree Re was wounded in his right leg. We (K5 FBR Luthaw) took these photos and helped to take care of the boys. They are ok now. But another boy, Saw Roe Bee Moo,16 years old, was wounded deeply in the side and stomach. We tried to send him to a clinic but on the 21st of February he died. We are very sad about this.

Saw Roe Bee Moo, killed by the burma army
Saw Roe Bee Moo, killed by the burma army (detail of wound)

Saw Eh Kaw Taw and Saw Ree Re, wounded in SPDC (Burma Army) attack
Spent ammunition from Burma Army attack

Thank you for caring and helping. We will not give up here.

God bless you,
Free Burma Rangers
K5 Luthaw, Muthraw Area
Northern Karen State

The Free Burma Ranger’s (FBR) mission is to provide hope, help and love to internally displaced people inside Burma, regardless of ethnicity or religion. Using a network of indigenous field teams, FBR reports on human rights abuses, casualties and the humanitarian needs of people who are under the oppression of the Burma Army. FBR provides medical, spiritual and educational resources for IDP communities as they struggle to survive Burmese military attacks.

For more information, please visit www.freeburmarangers.org

လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြမှု နဲ့ ဦးဝင်းတင် အမြင်သုံးသပ်ချက်


VOA 11 February 2010
Wednesday, February 24, 2010


VOA 11 February 2010

လှိုင်သာယာ စက်မှုဇုံမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမား ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ပြည် တွင်းသတင်း ထုတ်ဖေါ်မှုတွေ မရှိလို့ အသေးစိတ် မသိရသေးပေမဲ့ အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်အနေနဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေပါကြောင်း ရ သင့်ရထိုက်တဲ့ မျှတတဲ့ အခွင့်အရေးတွေကို တောင်းဆိုတဲ့ အလုပ်သမားထုအပေါ် စစ်အစိုးရက နိုင်ငံရေးအရ တဖက်သတ် စွပ်စွဲမှုတွေလုပ်ပြီး ဖိနှိပ်လာမှာကိုလည်း စိုး ရိမ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင် က VOA ကို ပြောခဲ့ပါတယ်။ လှိုင်သာယာ စက်မှုဇုံမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမား ဆန္ဒပြမှုတွေနဲ့ အခြေအနေအကြောင်းအရာ၊ NLD သဘောထားများကို သိရှိနိုင်ဖို့ ဦးဝင်းတင် ကို ဦး သန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။


ဦးဝင်းတင် … မြန်မာအသံတို့ ဘာတို့မှာ လုံးဝမပါဘူးဗျာ။ နောက်ပြီးတော့ အဲဒီနယ်တွေလည်း အဲဒီဘက်တွေက သတင်းက လူချင်း ဆက်သွယ်မှု ရှိတဲ့လူလောက်ပဲ သိတယ်။ အဲဒီနယ်တွေလည်း သွားလို့မရပြုလို့မရ။ ဘာဖြစ်လို့လည်းဆိုတော့ လုံခြုံရေးကားတွေ ရပ် ထားတာကို။ တခုပဲရှိတယ် ဒီအပေါ်မှာ ကျနော်ရဲ့ မှတ်ချက်ပေးပါဆိုရင် အလုပ်သမားတွေရဲ့ တောင်းဆိုချက်က တရားတယ်။ တောင်းကိုတောင်းဆိုရမယ်ဟာ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီရှိသမျှ တနိုင်ငံလုံးမှာရှိတဲ့ ၀န်ထမ်းတွေအားလုံးကို လစာငွေ နှစ်သောင်း တိုးပေးနေမှတော့ ဒီအလုပ်သမားတွေကလည်း လိုက်တိုးတောင်းရမှာပေါ့။ ၀န်ထမ်းတွေအားလုံးကို လစာတိုးပေးလိုက်တဲ့အခါကြ တော့ ကုန်ဈေးနှုန်းတွေကလည်း သိသိသာသာ တက်သွားတယ်။ အဲဒီတော့ ဒီအလုပ်သမားတွေက တောင်းရမှာပဲ။ တောင်းတာ တောင်မှ ဒီအစိုးရကနေ နှစ်သောင်းပေးနိုင်ပေမယ်လို့ စက်ရုံအလုပ်ရုံတွေက တိုးပေးနိုင်တဲ့ အလားအလာမရှိဘူး။ နောက်တခုက ကျနော်ပြောချင်တာက ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းတွေကြားနေတာက ဒီစက်ရုံအလုပ်ရုံတွေက သူတို့ ဒီအလုပ်သမားတွေကို တိုး မပေးနိုင်ခြင်းအကြောင်းက sanction တို့ဘာညာတို့ကြောင့်။ ဆိုတော့ ဒါ ကျနော်ထင်တယ် ဘာမှသိပ်ဆိုင်လှတဲ့ကိစ္စ မဟုတ်ဘူး။ ဒါ သူတို့ရဲ့ လုပ်ငန်းသဘောလုပ်ရမယ့်ဟာ။ ဆိုလိုတာက ဒီဟာက တမင်ကို ဗမာပြည်ရဲ့ နိုင်ငံရေးကိစ္စကို သူတို့က ဒီအထဲကို ဆွဲသွင်း လာတယ်။ အဲဒီလိုဘဲ ယူဆလို့ရတယ်။ ဒီကိစ္စက နိုင်ငံရေးကိစ္စမို့လို့ သီးခြားဘဲ။ ဒီအလုပ်သမားတွေကို တန်ရာတန်ကြေးပေးဖို့။ သို့ မဟုတ်လည်း လိုအပ်တဲ့အလျှောက်ပေးဖို့ဆိုတာကတော့ ဒီစက်ရုံအလုပ်ရုံတွေရဲ့ တာဝန်ဘဲ။ ဒီစက်ရုံအလုပ်ရုံတွေကို ပိုင်တဲ့လူတွေ ဆိုတာကလည်း နိုင်ငံခြားသားတွေလည်းပါတယ်၊ မြန်မာနိုင်ငံအတွင်းက စစ်အစိုးရနဲ့ နှီးနွှယ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတဲ့အခါကြ တော့ ဒီပြဿနာမျိုးကိုတော့ ရှင်းပေး၊ ဖြစ်အောင်ရှင်းရမှာလို့ ထင်တယ်။ အလုပ်သမားတွေ တောင်းဆိုချက်တွေကလည်း တရားမျှ တတယ်လို့ ထင်တယ်။ အဲဒီလို တောင်းဆိုချက်တွေ၊ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ဒီလို စစ်အစိုးရကနေ တပ်တွေ၊ ရဲ တပ်တွေ တသီးကြီးနဲ့ ထုနဲ့ထည်နဲ့ ၀ိုင်းဝန်ပိတ်ဆို့ တားဆီးဟန့်တား ခြိမ်းခြောက်တာကတော့ မသင့်ဘူးလို့ ကျနော်ထင်တယ်။ အဲဒီ လိုဘဲ ကျနော်ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း
လောလောဆယ်အားဖြင့်တော့ အာဏာပိုင်တွေက စေ့စပ်ညှိနှိုင်းပေးနေတဲ့ အနေအထား။ နောက်ပြီး တော့ ပြင်ပကို မပြန့်သွားအောင်ဆိုတဲ့ သဘောနဲ့ လုံထိန်းတပ်ဖွဲ့တွေနဲ့ ပိတ်ဆို့ထားတဲ့ အနေအ ထားမှာပဲ ရှိပါတယ်။ ဒီထက်ပိုပြီးတော့ အကြမ်း ဖက်ဖြိုခွဲမယ်ဆိုတဲ့ သတင်းမျိုးတွေ မကြားမိသေး ပါဘူး။ ဒါတွေနဲ့ ပတ်သက်လို့ ဆရာတို့အနေနဲ့ ဘယ်လောက်ထိ စိုရိမ်မှုရှိပါသလဲ။

ဦးဝင်းတင်
ကျနော် အခုနပြောခဲ့တဲ့အတိုင်းဘဲ ဒီဟာက အ လုပ်သမားတွေကို ခြိမ်းခြောက်ရာ ရောက်နေပါ တယ်။ ဖြေရှင်းပေးချင်တယ်ဆိုရင် ဒီစက်ရုံအလုပ် ရုံ ပိုင်ရှင်တွေက စောစောကပြောသလို သူတို့နဲ့ အစိုးရ နှီးနွှယ်ရင်းနီးနေတဲ့ ပိုင်ရှင်တွေဖြစ်တယ်။ နောက်တခုက နိုင်ငံခြားသားတွေဖြစ်တဲ့အခါကြတော့ နိုင်ငံခြားသားတွေနဲ့ ညှိနှိုင်း ပေးရင် ပေးလို့ရတဲ့ဟာပဲ။ အဲဒီတော့ ဒီဟာတွေ ညှိနှိုင်းပေး တယ်ဆိုရင် ကျနော်တို့က ဖြစ်စေချင်တာက အလုပ်သမားဝန်ကြီး ဌာနကလူတွေ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် တို့ ပုဂ္ဂိုလ်မျိုးတွေကိုယ်တိုင် ဆင်းလာပြီးတော့ ဖြေရှင်းပေးသင့်တာပေါ့။ ဒီရဲချုပ် ကနေလာပြီးတော့ ဒီလောက်အထိ ထုနဲ့ထည်နဲ့ လုပ်တယ်ဆိုတာ ရှင်းရှင်းပြောရရင် အလုပ်သမားတွေကို ခြိမ်းခြောက်နေတာပဲ။ ဖြေရှင်းတာမဟုတ်ဘူး ခြိမ်းခြောက်တာလို့ ယူဆတယ်။ အဲဒါဟာ မှားယွင်းတယ်။ အဲဒါအတွက် ကျနော်မှာ စိုရိမ်စရာ အခြေအနေတွေ အများကြီးပေါ်ပေါက်နေတယ်လို့ အဲဒီလိုပဲ ကျနော်ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း … ဟုတ်ကဲ့ခင်များ အခုပြောသွားတာ ဆရာရဲ့ ကိုယ်ပိုင်ယူဆချက်ပေါ့။ ဒါပေမယ့်လည်း အခုမြန်မာနိုင်ငံမှာ အခြေ ခံစားဝတ်နေရေး ကြပ်တည်းမှုနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အဓိကပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်အနေနဲ့ ဒီကိစ္စတွေကို ဘယ်လိုရပ်တည်ပြီးတော့ ဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိပါသလဲ။

ဦးဝင်းတင် … ဒီလိုရှိတဲ့ခင်များ။ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ ဒီလိုကိစ္စတွေကို ဆောင်ရွက်လိုကို မရနိုင်အောင် လုပ်ထားတယ်။ ဘာဖြစ် လို့လည်းဆိုရင် ဥပမာ ကျနော်တို့နဲ့ ILO (International Labor Organization) ဆက်သွယ်လို့ မရအောင်လုပ်ထားတယ်။ ILO က လည်း အခုနပြောသလို နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်လာရင် သူတို့ကလည်း ဆက်သွယ်ချင်တဲ့၊ ဆက်ဆံချင်တဲ့ အနေအ ထား သိပ်မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ လုပ်ငန်းတွေမှာ အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ နေရာတွေမှာ အဟန့်အ တားတွေ ဖြစ်မှာစိုလို့။ နောက်တချက်ကလည်း ကျနော်က ဒီအလုပ်သမားအရေးတွေ သွားပြီးလုပ်တဲ့အခါကြရင် ကျနော်တို့ အန် အယ်လ်ဒီ တို့ ပတ်သက်တယ်ဆိုရင် အလုပ်သမားအရေးအရာတွေမှာ ဆွေးနွေးဖြေရှင်းတဲ့နေရာမှာ အများကြီး အနှောက်အယှက်ဖြစ် သွားပြီ။ သူတို့က ကျန်တဲ့လူတွေကို စွပ်စွဲတာက ဒါ မင်းတို့ နိုင်ငံရေး မြှောက်ပေးတာ၊ နိုင်ငံရေးသွေးထိုးတာ ဘာညာဆိုပြီးတော့ ပျက် ပြားတယ်။ အဲဒီအပေါ်မှာ တည်ပြီးတော့ အန်အယ်လ်ဒီ က ဘယ်လိုဖြစ်နေသလည်းဆိုတော့ မလှုပ်နိုင် မယှက်နိုင် ဖြစ်နေတယ်။ သို့သော် ကျနော်တို့ ပြောချင်တာက ဘာလည်းဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မျက်ခြေမပျက် လေ့လာပါတယ်။ နောက်တချက်ကလည်း ဒီဟာတွေကို ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ရှာပါတယ်။ အဲဒီလို နည်းလမ်းတွေရှာ တယ်ဆိုတဲ့ နေရာမှာ ကျနော်တို့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ မျက်ခြေမပျက် ကြည့်ပါ၊ တင်ပြတောင်းဆိုနိုင်တာတွေကို အောက်ခြေကနေလုပ်ပါဆိုတဲ့ သဘောထားတွေ ပေးထားတာရှိပါတယ်။ ဘာဖြစ်လို့ ဒီစကားကို ကျနော်က ပြောရသလည်းဆိုတဲ့ အ ခါကြတော့ ကျနော်တို့ဟာ တိုင်းပြည်မှာ နိုင်ငံရေးအဖွဲ့အစည်းဆိုပြီးရှိနေတာ ကျနော်တို့ နိုင်ငံရေးကိစ္စသက်သက်ပဲ လုပ်နေလို့မရဘူး။ လူတွေရဲ့ ကိစ္စကိုကြည့်ရမယ်။ လူတွေမှာ ခံစားနေရတဲ့ပြဿနာတွေ အများကြီးရှိတယ်။ ဒီပြဿနာမျိုးတွေနဲ့ ပတ်သက်လာလို့ရှိရင် ကျနော်တို့ အန်အယ်လ်ဒီတို့ ဘာတို့ဟာ လက်ပိုက်လည်းကြည့်မနေဘူး၊ ကြည့်နေရတဲ့ အနေအထားမျိုးရောက်နေတာကိုလည်း ကျေ နပ်ခြင်းမရှိဘူးလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ အလွန်ကို အရေးကြီးပါတယ်။ လူထုကိစ္စကိုမှ ကျနော်တို့ ၀င်ပါ နိုင်ခွင့်မရှိလို့ မပါရတဲ့ အနေအထားမျိုးရောက်နေတာ စိတ်ကျေနပ်ဖွယ်မရှိတာ တပိုင်းပေါ့။ နောက်တခုက ကျနော်က ဒီလိုဟာမျိုးတွေ ကိစ္စတွေမှာ ကျနော်တို့ မေ့လျော့နေတယ်ဆိုတဲ့ အနေအထားမျိုး အချိန်မျိုးရောက်နေတာကိုက အတော်မကောင်းတာပါ။ အဲဒါကို ဖြေ ရှင်းဖို့၊ ဒီအခြေအနေကို ရှင်းလင်းဖို့က ကျနော်တို့ကိုယ်တိုင်က ဒီလိုကိစ္စတွေမှာ ကျနော်တို့က အသံထွက်အောင်လုပ်ရမှာပဲလို့ ကျနော် ယူဆပါတယ်။

ဦးသန်းလွင်ထွန်း
ဟုတ်ကဲ့ အဲဒီတော့ ဆရာတို့အနေနဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီအခြေအနေအပေါ်ကို တစုံတရာ ထုတ်ပြန်ကြေညာချက် လုပ်ဖို့ရှိပါသ လား။

ဦးဝင်းတင်
အဲဒီလောက်အထိတော့ ရှိမယ်မထင်ဘူး။ ဘာဖြစ် လို့ မရှိဘူးလည်းဆိုရင် အခုနပြောသလို သူတို့ ဖြေရှင်းနေတဲ့ နေရာတွေမှာ အန်အယ်လ်ဒီ ပါဝင် ခြင်းအားဖြင့် အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းတွေ့တယ် ဆိုတာမျိုး ဖြစ်နေတယ်။ အဲဒီ တော့ ကျနော်တို့က အကျိုးဆောင်ချင်တဲ့ဟာမျိုးနဲ့ လုပ်ပေးပေမယ့် သူတို့ အလုပ်သမားတွေကိစ္စမှာ ခက်ခဲမှာစိုတယ်။ အလုပ်သမားတွေ ကိစ္စက အခု အတိုင်းဆိုရင် ၀န်ထမ်းတွေ နှစ်သောင်း တိုးနေတဲ့အချိန်မှာ သူတို့က တသောင်းလောက်ပဲ တိုးတဲ့အနေအထားမျိုး ဖြစ်နေတယ်။ တချို့ငါးထောင် လောက်ပဲ တိုးတဲ့ဟာတွေ ဖြစ်နေတဲ့အခါကြတော့ ကျနော်တို့က ဒီအခက်အခဲတွေကို ပိုပြီးတော့ ရှုပ်ထွေခက်ခဲတဲ့ အနေအထားမျိုး မရောက်စေချင်တဲ့အတွက်ကြောင့် ကျနော်တို့က လေ့လာနေတယ်၊ ကြည့်ရှုနေတယ်။ တဖက်ကနေ ကျနော်တို့ ILO တို့ဘာတို့နဲ့ ညှိနှိုင်းဆက်ဆံရတဲ့အခါမှာ ကျနော်တို့ သဘောထားတွေကို ပြောပြီးတော့ တနည်းနည်းနဲ့ ဖိအားပေးတဲ့ ပုံစံမျိုးတွေနဲ့ လုပ်ဖို့ ရည်ရွယ်ချက်လောက်ပဲ ရှိတယ်။ ဒီအထဲမှာတော့ တိုက်ရိုက်ဝင်ပြီးတော့ ပါဝင်ပတ်သက်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။

ဦးသန်းလွင်ထွန်း … ဒီနေရာမှာ ပြင်ပကနေ ရှုမြင်သုံးသပ်ချက်တချို့ကို ကျနော်ပြောပြပါမယ်။ ဥပမာအားဖြင့် ၁၉၉၆ ခုနှစ်တုန်းက ဆိုရင် ကျောင်းသားတွေ ဆန္ဒပြပွဲဖြစ်ခဲ့တဲ့အချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တစုံတရာကြေညာချက် ထုတ်ပြန်ပြီး ရပ် တည်ချက် ကြေညာခဲ့ခြင်းမရှိခဲ့ဘူး။ အလားတူပဲ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ဘုန်းတော်ကြီးတွေ အရေးအခင်းတွေ ဖြစ်တဲ့ကိစ္စမှာ လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိတိကျကျ သဘောထားထုတ်ပြန်ပြီး ပါဝင်ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိတဲ့အတွက် ကြောင့် အမျိုးမျိုးဝေဖန်ခံခဲ့ရတဲ့ဟာတွေ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီလို ဒီကိစ္စမျိုးတွေကို သင်ခန်းစာယူပြီးတော့ အခုလို အခြေအနေမျိုး မှာ အလုပ်သမားတွေဖက်ကနေ တစုံတရာပြတ်သားတဲ့ ရပ်တည်ချက်ထုတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရည်ရွယ်ချက် မရှိဘူးလား။

ဦးဝင်းတင် … လောလောဆယ်တော့ ကျနော်တယောက်တည်းတော့ မပြောနိုင်ဘူးပေါ့။ သို့သော် ကျနော် အခုပြောဆိုချက်တွေ သို့မ ဟုတ် ပြင်ပက ရိုက်ခတ်လာတဲ့ ဝေဖန်ချက်တွေဆိုတာတွေကို နားထောင်ရမယ်လို့ ကျနော် သဘောရပါတယ်။ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် အနေနဲ့လည်း နားထောင်ပါတယ်လို့ ကျနော် ပြောနိုင်ပါတယ်။ အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက် ဘယ် လိုလုပ်ရမလဲဆိုတာလည်း အခု ခင်များတို့ဆီက ကြားတဲ့သတင်းတွေအရ ကျနော်တို့ ဆောင်ရွက်သွားပါမယ်။ ကျနော်တို့လည်း မ ပြတ်လေ့လာနေပါတယ်။ အခုနပြောတဲ့ အနေအထားတွေနဲ့တော့ သိပ်တော့မတူလှဘူး။ ဒီဟာတွေကတော့ ရိုးရိုးအလုပ်သမားတွေရဲ့ ကိစ္စ၊ ဟိုဟာတွေကတော့ နိုင်ငံရေးကိစ္စတွေနဲ့ နွှယ်နေတဲ့ကိစ္စတွေဆိုတော့ တမျိုးစီတော့ တမျိုးစီပေါ့။ ဘယ်လိုဘဲပြောပြော ဒီလိုဟာ မျိုးက ကျနော်တို့ ပြောပြောနေတဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးမျိုးဖြစ်ရမယ်ဆိုတဲ့ဟာကို ကျနော်တို့ ရပ်တည်ပြီးတော့ ပြောနိုင် တာကတော့ ဒီလိုမျိုးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တတ်နိုင်သမျှ ကြည့်ရှုနေပါတယ်၊ လေ့လာနေပါတယ်။ ကျနော်တို့ လုပ်နိုင်တာ လုပ်ပါမယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း … အခုလက်ရှိ အခြေအနေကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့အနေအထားပေါ့။ ဒီအခြေအနေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့ အနေအထားမျိုးဘဲ ဖြစ်သွားအောင် အလုပ်သမားတွေနဲ့ ပြည်သူလူထုရဲ့ လိုလားတဲ့အခြေအနေတွေကို ဖြည့်ဆည်းအောင် ဆိုလိုရှိရင် ဆရာတဦးတည်းအနေနဲ့ ဘာတွေများ အကြံပေးချင်ပါသလဲ။

ဦးဝင်းတင် … ကျနော် အကြံပေးချင်တာကတော့ အကောင်းဆုံးကတော့ ဒီဟာတွေ ပြဿနာတွေက ရှိနေပါတယ်။ အလုပ်သမားတွေ ရဲ့ ပြဿနာတွေက တကယ်ခံစားနေရတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ အဲဒီအခါမျိုးမှာ အစိုးရအနေနဲ့ ဖြေရှင်းဖို့ ကောင်းတာကတော့ စနစ်တကျ ညှိနှိုင်းပြီးတော့ ပါဝင်ညှိနှိုင်းခြင်းပုံစံနဲ့ ဖြေရှင်းပါ။ ဒီလို စစ်တပ်၊ တပ်တွေခေါ် လုံခြုံရေးတွေခေါ် လိုအပ်တာထက် ပိုပြီး တော့များ - လုံထိန်းတပ်တွေ ဘာတွေဆိုတာ ကားအစင်းပေါင်း (၆၀) လောက် လုပ်တယ်ဆိုရင် ဖြေရှင်းမှာ မဟုတ်ဘူး။ ဒီဟာတွေက ထပြီးတော့ ပေါက်ကွဲနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်။ အဲဒီတော့ အလုပ်သမားတွေရဲ့ တရားတဲ့ တောင်းဆိုချက်တွေဘက် က ရပ်တည်ပြီးတော့ မှန်မှန်ကန်ကန် ဖြေရှင်းပါလို့။ အလုပ်သမားဝန်ကြီးဌာနတို့ ဘာတို့နဲ့ ဒူးတိုက်ဆွေးနွေးပြီးတော့ ပိုင်ရှင်တွေကို လည်း သေချာဆွေးနွေးပြီးတော့ ညှိနှိုင်းပါ။ ဒီလိုမလုပ်ဘဲနဲ့ ပိုင်ရှင်တွေဘက်ကဘဲ လိုက်ပြီးတော့ အလုပ်သမားကို ခြိမ်းခြောက်တယ် ဆိုရင် ဒီပြဿနာက အေးချမ်းသွားရင်လည်း ခဏပဲ အေးချမ်းမယ်။ ရေရှည်တော့ အေးချမ်းမယ်လို့ မဟုတ်ဘူးလို့ ကျနော်အဲဒီလိုဘဲ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း … ဒီ အလုပ်သမားဆန္ဒပြပွဲတွေကို ခေါင်းဆောင်တဲ့လူတွေ နောက်ပိုင်းမှာ အဖမ်းအဆီးခံရမယ့် အလားအလာတွေ ရှိနိုင်သလား။ ဗမာပြည်မှာ ဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ သတင်းတွေရှိခဲ့ဘူးတယ်။

ဦးဝင်းတင် … သေချာတာပေါ့။ ဒါက ဘယ်လိုဘဲပြောပြော ဒီလူတွေကို တနည်းနည်းနဲ့ နိုင်ငံရေးနဲ့ ပေးစားလို့ ဖြစ်ဖြစ် သို့မဟုတ် ဆူပူ ရေးကို ဖြစ်စေတယ်ဆိုတာနဲ့ဘဲဖြစ်ဖြစ် အရေးယူမှာကတော့ မြေကြီးလက်ခတ်မလွဲ သူတို့ လုပ်မှာပါ။ တခုရှိတာက အဲဒီလို လုပ်မယ် ဆိုလို့ရှိရင် ဒီအလုပ်သမား ပြဿနာတွေကို ရှိနေတဲ့ပြဿနာတွေကို ပြေလည်စေမှာ မဟုတ်တဲ့အပြင် ပိုပြီးတော့ ဆိုးဝါးလာမယ့် အ နေအထားဖြစ်နိုင်တယ်။ ဒါမျိုးလုပ်တယ်ဆိုတာ တစ်လ၊ နှစ်လ၊ သုံးလ စသည်ဆိုတာမျိုးတာထက် အလုပ်သမားတွေက သူတို့ကို ခေါင်းဆောင်မှုပေးတဲ့ ပုဂ္ဂိုလ်များရဲ့ အရည်းအချင်းကိုလည်း မေ့မှာမဟုတ်ဘူး။ ဒီ ပုဂ္ဂိုလ်မျိုးတွေကို ဖိနှိပ်တယ်၊ ချုပ်ချယ်တယ်၊ သူတို့ ကို အရေးယူတာမျိုး လုပ်လာရင် အလုပ်သမားတွေရဲ့ တုံ့ပြန်မှုကလည်း လာမယ့် လအတန်ကြာအထိ ရှိနေမှာဘဲလို့ ကျနော် အဲဒီလို ပဲ ယူဆပါတယ်။

ဓါတ်ပုံများကို ခွပ်ဒေါင်းသွေး ဘလော့ခ် မှ ရယူပါသည်
http://www.naytthit.com/articals/2010/feb10/uwt&workers-feb24.html

(နအဖ)စစ်အုပ်စုရဲ့အခက်အခဲ

(နအဖ) စစ်အုပ်စုမှာ ဘာအခက်အခဲတွေ ရှိနေသလဲ။

(နအဖ) စစ်အုပ်စုရဲ့ အခက်အခဲဆိုတာ အာဏာရှိသူရဲ့ အခက်အခဲပါ။

(NLD) နဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ

(CFGs) တွေကို (BGFs) ပြောင်းရတဲ့အခက်အခဲ၊ နိုင်ငံတကာနဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ စသဖြင့် ပြောကြပါလိမ့်မယ်။ ကျနော့်အထင်တော့ဖြင့် ဒါတွေဟာ အခက်အခဲတွေ ဖြစ်နေလင့်ကစား (နအဖ)စစ်အုပ်စုက သိပ်အလေးဂရုပြုလိမ့်မယ်လို့ မထင်ပါ။


SPDC Crisis
ဒါတွေ သူတို့ တစ်လျှောက်လုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရတာတွေပဲ မဟုတ်ပါလား။

(နအဖ)စစ်အုပ်စု အခု ကြုံနေရတဲ့အခက်အခဲက ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘတို့ကို တပ်ထဲက ဖယ်ထုတ်ရတဲ့ အခက်အခဲမျိုးလည်း မဟုတ်ဘူး။ ဗိုလ်ခင်ညွန့်ကို ဖြုတ်ပြီး (ထလရ) အဖွဲ့ကို ဖျက်သိမ်းရတဲ့ အခက်အခဲမျိုးလည်း မဟုတ်ဘူး။ ဆိုလိုတာက စစ်အုပ်စုတွင်း ဗိုလ်လုကြရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲမျိုးမဟုတ်ဘူးလို့ ကျနော် ပြောချင်တာပါ။

(နအဖ)စစ်အုပ်စု ယခုရင်ဆိုင်နေရတဲ့ အခက်အခဲက (၂၀၁၀)လွန်ကာလ ဟိုးဘက်ပိုင်းအထိ (ပြောရမယ်ဆိုရင် စစ်အုပ်စုသားစဉ် မြေးဆက်အထိ) စစ်အုပ်စုက ရရှိထားတဲ့ အာဏာကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်ရေးအတွက် စီမံနေရာချထားရတဲ့ အခက်အခဲဖြစ်တယ်။ ဒီတော့ ပြီးစလွယ်လုပ်လို့ ဖြစ်မယ်မဟုတ်ပါဘူး။ ပိုင်ဖို့၊ နိုင်ဖို့၊ သေချာဖို့ လိုပါတယ်။

ဘယ်လိုအခြေအနေပဲ ကြုံတွေ့ပါစေ နာခံသေဝပ်နေဖို့ အရေးကြီးပါတယ်။

ဒီအတွက် (နအဖ)စစ်အုပ်စုဟာ နေရာ (၃) ခုမှာ စီမံနေရာချထားနေရတာ ဖြစ်ပါတယ်။
၁။ စစ်တပ်အတွင်း၊
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ဖြစ်ပေါ်လာမယ့် အစိုးရအဖွဲ့အတွင်း၊
၃။ အုပ်ချုပ်ရေးမဏ္ဍိုင် အဆင့်ဆင့်အတွင်းမှာ စစ်အုပ်စုသြဇာခံတွေ၊ အမာခံတွေကို စီမံနေရာချထားဖို့ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းကြေညာဖို့၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ဖို့ အခက်အခဲ တွေ့နေတာမဟုတ်ပါဘူးလို့ ယူဆပါတယ်။

ကော်မရှင်ဖွဲ့စည်းရေးလို ကိစ္စတွေမှာ ရှေ့တန်းကသာ နေရာချထားပေးလိုက်လို့ကတော့ လက်ခုပ်တီးပြီး ပါဝင်ဆောင်ရွက်မယ့်သူတွေ အများအပြားရှိပါတယ်။ ဒီလိုလူတွေဟာ ခေါင်းပေါင်း ပေါင်းပြီး ကော်မရှင်လူကြီးအဖြစ် ပွဲထွက်လာမှာ သေချာပါတယ်။ ဒီကိစ္စတွေဟာ (နအဖ) စစ်အုပ်စုအဖို့ မိုင်နာလေးတွေပါ။

အဓိကကတော့ (၁)နဲ့ (၂) မှာ သူတို့သြဇာခံတွေ၊ အမာခံတွေကို အသေအချာ ရွေးချယ်နေရာချထားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအတွက် အချိန်လုံလုံလောက်လောက် ယူဖို့ လိုပါတယ်။ ဒီအတွက် လုံးပန်းနေရတာဖြစ်တယ်လို့ ယူဆပါတယ်။

ဒါတွေ မပြီးစီးသေးလို့သာ ရွေးကောက်ပွဲကော်ရှင်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ မကြေညာသေးတာလို့ ယူဆပါတယ်။

စစ်တပ်အတွင်းမှာ နေရာချထားရေးဆိုတာကလည်း တပ်မတော်တစ်ခုလုံးကို ယခုလို ပိုင်ပိုင်နိုင်နိုင် ဂုတ်ခွစီးထားနိုင်ဖို့ လုပ်ရတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့အာဏာဆိုတာ စစ်အုပ်စုက တပ်မတော်ကို ဂုတ်ခွစီးထားနိုင်သမျှ တည်မြဲနေမှာဖြစ်ပါတယ်။

ဒီအာဏာနဲ့ပဲ အရာရာကို ဗိုလ်ကျချယ်လှယ်နိုင်မှာဖြစ်ပါတယ်။

ဒီအာဏာနဲ့ပဲ တိုင်းပြည်ရဲ့စီးပွားရေး အသက်သွေးကြောမှန်သမျှကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားနိုင်တာပါ။ ဥစ္စာဓနမှန်သမျှကို ရယူနေနိုင်တာ ဖြစ်ပါတယ်။ လက်လွှတ်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတာကို (နအဖ)စစ်အုပ်စုအလိုကျ ရေးဆွဲအတည်ပြုထားတာ ဖြစ်ပါတယ်။

(နအဖ) စစ်အုပ်စုအဖို့ အာဏာကိုသာ လက်လွှတ်ရရင် အရာရာ ဆုံးရှုံးရမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုနေရာချထားမှုမှာ မပီပြင်ရင် ဆူဟာတိုတို့လို အာဏာလက်လွှတ်ရတဲ့အခါမှာ တရားခံအဖြစ် တရားရုံးထွက်ရမှာကို စစ်အုပ်စုက အသေအချာ သင်ခန်းစာယူထားမှာ သေချာပါတယ်။

ဒါကြောင့် နောင်ရေးစိတ်အေးရအောင် အချိန်ယူပြီး နေရာချထားနေတာဖြစ်မယ်လို့ ယူဆပါတယ်။

နောက်တစ်ခုက နိုင်ငံရေးမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတာကို မပြင်ဆင်ဘူးလို့ သူတို့ ရပ်တည်ထားတာပါ။ ဒီတော့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကိုလည်း မဖြစ်မနေ ကျင်းပမှာဖြစ်ပါတယ်။

(နအဖ) စစ်အုပ်စုက သူတို့ပြင်ဆင်မှုလုပ်ငန်း ပြီးဆုံးပြီဆိုရင် ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ ရွေးကောက်ပွဲနေ့ရက်တို့ကို ထုတ်ပြန်ကြေညာလိမ့်မယ်လို့ ထင်ပါတယ်။

ဒါကြောင့် (နအဖ) စစ်အစိုးရရဲ့ အထက်က နေရာ (၃) ခုမှာ နေရာချထားမှု အထားအသိုတွေကို မြက်ခြေမပြတ် လေ့လာစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

ကုန်ကုန်ပြောရမယ်ဆိုရင် (နအဖ)စစ်အုပ်စုဟာ သူတို့အတွက် ပြင်ဆင်မှု မပီပြင်သေးဘူးဆိုရင် ရက်အတိအကျ မကြေညာရသေးတဲ့ “၂၀၁၀ ရွေးကောက်ပွဲ” ရွှေ့ပြောင်းဖို့တောင် ဝန်လေးနေမယ်မထင်ပါဘူး။

× × × × ×

တူမောင်ညို
(၂၀၁၀ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်)

http://www.yoma3.org/index.php?option=com_content&view=article&id=500:2010-02-24-05-18-12&catid=43:2008-09-21-07-46-00&Itemid=126


ဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ


မကြာသေးခင်က စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားရာမှ ပြန်လည် လွတ်မြောက် လာသည့် အသက် (၈၃) နှစ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၏ နိုင်ငံရေး အတွေ့အကြုံများ၊ အနာဂတ် အမြော် အမြင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို ဧရာဝတီ မဂ္ဂဇင်းက ဆက်သွယ် မေးမြန်း၍ ဖော်ပြလိုက် ပါသည်။

ဦးတင်ဦး (ဓာတ်ပုံ - အေပီ)

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး ၇ နှစ်နီးပါး ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။

၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း ဖြစ်သည်။

မေး။ ။ ဒီပဲယင်း အရေးအခင်းပြီးတော့ အဘတို့ အထိန်းသိမ်းခံရတဲ့ ဖြစ်စဉ်ကို ပြောပြပေးပါ။

ဖြေ။ ။ သြော်...ဒီပဲယင်းနောက်ပိုင်းမှာ ပထမက ဒီပဲယင်းရဲအချုပ်ထဲမှာနေရတာ ပေါ့လေ။ ရဲအချုပ်ထဲမှာနေလိုက်ပြီးတော့ နောက်သူတို့က ကလေးထောင်ကိုပို့လိုက်တယ်။ ကလေးထောင်ကြတော့ သူတို့တခါတည်း အလုံပိတ်အခန်းထဲ တန်းထည့် လိုက်တယ်။ တယောက်တည်းပေါ့၊ အခန်းပိတ်ပေါ့။ အဲလိုနေရတဲ့သဘောပေါ့။ အဲတော့ဘယ်လိုချုပ်တယ်။ ဘယ်လိုဖမ်းတယ် ဆီးတယ်ဆိုတာကတော့ ဘာမှမပြောဘူး။ အဲသူတို့ပြောသံကြားတာကတော့ ရမန်ယူပြီးတော့ချုပ်တယ် ပြောတာပဲ။ အဲတော့ ရမန်ယူမယ်ဆိုရင်လည်းပဲ ရက်ပေါင်းအကုန်လုံးအပြည့်ဆိုရင်လည်း ၃၀ ပေါ့။ ဒါပေမယ့်လို့ ၃၀ ကျော်သွားပြီးနေလိုက်ရတာ အားလုံး ၈ လနေလိုက်ရတယ်။ အဲတော့နေတာထိုင်တာ ကျွေးတာမွေးတာကတော့ ကောင်းကောင်းမွန်မွန်ပါပဲ၊ ကောင်း ကောင်းမွန်ဆိုတာကလည်း အဲဒီမှာကျွေးတာကိုပဲနည်းနည်းကောင်းအောင်ပြုပြင်ပြီးတော့ ကျွေးတာပေါ့လေ။ အဲတော့အဲဒီလို အနေနဲ့တော့ အစားအသောက်အနေနဲ့တော့ မဆိုးပါဘူး။ နောက်ပြီးတော့လိုတာပြုတာရှိရင် တောင်းရင် ပေးလိုက်ပါလို့ လူကြီးတွေကမှာလိုက်တယ်တဲ့ အဲတော့ တောင်းရင်တော့ပေးပါတယ်။

ဥပမာပြောရရင် ဟိုစားဖို့သောက်ဖို့ကောင်းတဲ့ အမယ် လေးတွေ ဘာလေးတွေထဲကနည်းနည်းပါးပါး ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ပေါ့လေ ဒါပါပဲ။ ထည့်ပေါင်းစားဖို့ လုပ်ဖို့အဲဒါလေးတွေ တောင်းပြီး အဲဒါမျိုးလေးတွေ သူတို့ဖြည့်ဆည်းပါတယ်။ အဲတော့ ဆေးကုသပေးတာကတော့ နေ့တိုင်းလိုလိုလာပြီးတော့ ဆရာဝန်က သွေးတိုး ကြည့်ပေးတယ်။ ဆိုတော့ အဲဒီမှာနေတုန်းကတော့ ဘာဖြစ်သလဲဆိုတော့က ဗိုက် သိပ်အောင့်တယ် သေကောင်ပေါင်းလဲကို အောင့်တယ်။ အဲဒါတော့ကိုယ့်မှာပါလာတဲ့ ဆေးသောက် လိုက်ရင်းနဲ့ပဲသက်သာသွားတယ်။ အဲတော့ ဆရာဝန်ကတော့ စောစောပိုင်းကတော့ထောင်မှာရှိတယ်။ နောက်တော့ ထောင်မှာ တာဝန်ရှိတဲ့ ဆရာဝန်လေးက စာမေးပွဲအောင်သွားတော့ သူကအဲဒီကနေတဆင့် သီးသန့်သင်တန်း သွားတက်တော့ မလာဖြစ် တော့ဘူး။ အဲလိုမလာဖြစ်တဲ့ အချိန်မှာ နောက်တော့အစားထိုးတော့ လာပါတယ်။ နောက်ပိုင်းကြတော့ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ ဆရာဝန်ခေါ်ပေမယ့်လို့ ခုနကအောင့်တာ ပျောက်သွားပြီးတော့မှ ရောက်ရောက်လာတယ်ပေါ့လေ။ အဲဒီလို အချိန်လေး တွေတော့ ရှိပါတယ်။

စပြီး အထိန်းသိမ်းခံရတာက ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ပေါ့လေ။ နောက်ကြတော့ ၂၀၀၄ ခုနှစ်ရောက်သွားတယ်။ ဖေဖော်ဝါရီလထဲမှာပေါ့။ အဲဒီနေ့ညပိုင်းမှာ သူတို့က ပစ္စည်း ပစ္စယတွေထုပ်ဖို့ ပလတ်စတစ်အိတ်တွေလာပေးတာပေါ့။

နောက်မေးလိုက်တဲ့အခါ အဘတနေရာသွားဖို့ရှိတယ်တဲ့ ဒီလောက်ပဲ ပြောတယ်။ မနက်မိုးလင်းတဲ့အခါကြတော့ အထုတ်တွေ ဘာတွေပြင်ပြက်လာထုတ်ပြီးတော့စောင့်ရင်းနဲ့ နောက်ဆုံးနေ့ခင်းပိုင်း ကျတော့ ထောင်မှာခေါ်ပြီးတော့ တနေရာသွားမယ်။ ပို့မယ် ဆိုပြီးတော့ ပြောခဲ့တယ်။ ဆိုတော့အဲဒီလိုနဲ့ စောင့်ရင်းညနေ ပိုင်း လေယာဉ်နဲ့ မန္တလေး၊ နောက်ပြီးတော့မှ အိမ်ရောက်တယ်။ အိမ်ပို့လိုက်တယ်ပေါ့။ အဲအိမ်မှာတော့ နိုင်ငံတော်နှောင့်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ခြင်းဥပဒေနဲ့ပေါ့ အဲဒါ ၁၀/ခ နဲ့ အိမ်ချုပ်ချလိုက်တယ်ပေါ့။

မေး။ ။ နေအိမ်အကျယ်ချုပ်နဲ့ အကျဉ်းထောင်အချုပ်နဲ့ ဘယ်လိုကွာခြားပါသလဲ။ တဆက်တည်းမှာပဲ သိချင်တာက အဲဒီလို အချိန်ကာလတွေကို အဘအနေနဲ့ ဘယ်လိုများဖြတ်ကျော်ခဲ့ပါသလဲ။

ဖြေ။ ။ အိမ်ချုပ်ချလိုက်တဲ့အခါကျတော့ အိမ်ချုပ်နေတာ ကတော့ အိမ်ချုပ်ပေါ့။မိသားစုနဲ့ပြန်ထားတာပဲရှိတာပေါ့။ အနှောင် အဖွဲ့ နဲ့နေရတယ်ဆိုတော့ ဘယ်လာ စိတ်ချမ်းသာမလဲ။ အဲတော့အိမ်ချုပ် အိမ်မှာနေရတဲ့အခါကျတော့ သွားခွင့်လာခွင့်စည်းကမ်း တွေကလည်းအများကြီးလေ။ မတွေ့နိုင်ဘူး။ မလှူနိုင်ဘူး။ ပါတီအဖွဲ့အစည်းကနေပြီးတော့ မဆက်သွယ်နိုင်ဘူး။ နောက်ပြီးတော့ စကားမပြောနိုင်ဘူး။ ဒါတွေအများကြီး ကန့်သတ်တာတွေရှိတယ်။ သတင်းစကားမကြားရဘူး။ မပြောရဘူး။ ဆက်လို့မရဘူး။ နိုင်ငံရေးပါတီအဖွဲ့အစည်းက လူတွေနဲ့ မဆက်ဆံရဘူး။ အတင်းအကျပ် အချုပ်အနှောင်တွေရှိတာပေါ့။ တကယ်တော့ အိမ်ချုပ်ဆို တာလည်း ချုပ်နှောင်ထားတာပါပဲ။ မထူးပါဘူး။ ဟိုမှာ ကလေးမှာချုပ်ချုပ်၊ အိမ်ချုပ် ချုပ်ချုပ်၊ မထူးပါဘူး။ နောက်ဒီကြားထဲမှာပဲ ဘာတွေကြားကြားနေရလဲဆိုတော့ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေပေါ့လေ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့ ဘာတို့ဆိုလည်းပဲ အင်းစိန်ထောင်ချတယ်။ အဲနောက်ပိုင်းမှာ ကျနော်လိုပဲ အိမ်ချုပ်ချထားတယ်ဆိုတာကြားရတော့ စိတ်မချမ်းသာဘူးပေါ့။ ဒါတွေက တော့ သောကရှိ တာပေါ့လေ။ နောက် အိမ်မှာကလည်း ဘယ်လိုလဲဆိုတော့ ဘာမှတော့ ဒုက္ခမပေးပါဘူး။

သို့သော်လည်းပဲ အိမ်မှာကိစ္စ ရှိတယ်၊ လုပ်စရာရှိတယ်ဆိုရင်တော့ အဲသူတို့က သူတို့ကိုအကြောင်းကြားရတယ်။ စောစောပိုင်း တုန်းကတော့ နှုတ်နဲ့အကြောင်းကြားလို့ ရတယ်။ နောက်ပိုင်း ကြတော့ နှုတ်နဲ့တင် မရတော့ဘူး စာရေးတင်ရတယ်။ ဥပမာဆိုလို့ ရှိရင် ဆေးစစ်မယ် ကျန်းမာရေး ကိစ္စဆိုရင်လည်း စာနဲ့တင် ဆိုတော့ အောက်ကလူတွေကလည်းပဲ သူတို့ကတာဝန်ခံချင်တဲ့သတ္တိ မရှိဘူးလေ။ သူတို့က တခုခုဆိုရင် သူတို့အပြစ်လွတ်အောင် ဆိုပြီး အထက်အထက်အဆင့်ဆင့်တွေအကြောင်းကြားရတော့ ကြာတာပေါ့။ တကယ်လို့ သေကောင်ပေါင်းလဲဖြစ်ရင်တော့ ပြဿနာရှိတာပေါ့လေ။ ဒါပေမယ့် စိတ်ထဲမှာဆုံးဖြတ်ထားပါတယ်။ သေကောင်ပေါင်းလဲဖြစ်ရင်တော့ အိမ်ကကားနဲ့ဖြစ်ဖြစ် တက္ကစီ နဲ့ဖြစ်ဖြစ် ဆေးရုံကိုသွားမယ် နောက်မှ မင်းတို့လိုက်ချင်တာနဲ့လိုက် လုပ်ချင်တာလုပ်ဆိုပြီးတော့လေ။ ဒီလိုတော့စိတ်တော့ကူး ထားတာပဲ။ ဒါပေမယ့်ကံအားလျော်စွာပဲ နောက်ထပ် နေရထိုင်ရတာ ကိုသတိကြီးမားစွာနဲ့နေတော့ ရောဂါဘယဆိုးဆိုးဝါးဝါး တော့မဖြစ်ဘူးပေါ့။ ဒါပေမယ့် အိမ်မှာတခုခုဖြစ်ပြီ ဆိုပါတော့ဗျာ ဟုတ်လား အဲယားကွန်းလေးပျက်လို့ လုပ်ချင်တယ်ဆိုရင်လူတော့ခေါ်လို့ရတယ်။ ဒါပေမယ့် ခေါ်ရတဲ့လူကို စစ်လားမေးလား လုပ်ကြတော့ လူတွေက မလာချင်ဘူး။

နောက် ဒီအဲယားကွန်းတပ်ဖို့ဆိုရင်လည်းပဲ ရောင်းတဲ့လူကတော့ တပ်မယ်လို့ဆိုပြီးတော့တပ်ပေမယ့် အိမ်ကို ဒီလိုအခြေအနေနဲ့ ကျတော့ ဘယ်သူမှ လာပြီးမလုပ်ပေးနိုင်ဘူးပေါ့။ အဲဒါမျိုးဆိုလို့ရှိရင်လည်း ကိုယ့်ဆွေးမျိုးသားချင်းထဲက လူလိုက်ရှာပြီးတော့ လုပ်ရကိုင်ရတာတွေပေါ့။ ဥပမာ ရေစက်ပျက်တယ်။ ဘာပျက်တယ်၊ ညာပျက်တယ်ဆိုရင်တော့ ပြဿနာတွေကတော့ အခက် အခဲတွေကတော့အများကြီး ကြုံခဲ့ရတာပေါ့။ ရှိတာပေါ့။ နောက် စိတ်ဒုက္ခရောက်တဲ့အခါများတော့လည်း လူကဒုက္ခရောက်တယ်ပေါ့ လေ။ အဲဒါလေးတွေတော့ရှိတာပေါ့လေ။ နောက် အောက်ကလုပ်ပေးတဲ့ကလေးတွေအနေနဲ့ကတော့ သူတို့ကတော့ တတ်နိုင် သမျှ အမိန့်ရရင်တော့ သူတို့က ပြေပြေလည်လည် ဖြစ်အောင်တော့လုပ်ကိုင်ပေးပါတယ်။ ဒီကလေးတွေ လုပ်ကိုင်ပေးတာကတော့ ကျေးဇူးတင်ရမှာပေါ့။ တတ်နိုင်သမျှကြိုးစား လုပ်ကိုင်ပေးပါတယ်။ နောက်တခုကတော့ ဘာဖြစ်လည်း ဆိုတော့ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာ လို့မရတဲ့ အခါကြတော့ စိတ်ထဲမှာ ညစ်ညူးမှုတွေကတော့ အများကြီးရှိတာပေါ့။

အဲဒါ အဲဒီလိုပဲ တဖြည်းဖြည်းနဲ့ အဆင်ပြေအောင်နေရင်းကနေ ကိုယ်က နေ့စဉ်ဘာလုပ်လဲဆိုတော့ ဒီဒဏ်တွေကိုကျော်လွှားနိုင် အောင်ဆိုပြီးတော့ ၀ိပဿနာတရားလည်း လုပ်ဖြစ်တယ်။ အရင်တုန်းက မဟာစည်မှာ နှစ်ကြာအောင် နှစ်နှစ်ခြိုက်ခြိုက်လုပ်တယ်။ အားထုတ်ခဲ့ဖူးတယ်ဆိုတော့ အဲဒါကိုပြန်ပြီးတော့ တရားအားထုတ်တယ်ပေါ့လေ။ တရားအားထုတ်တယ်ဆိုတော့လည်း အိမ်မှာ ဆိုတာက ဟိုရိပ်သာတို့လိုမဟုတ်ဘူးလေ။ ပြဿနာတွေက သောင်းခြောက်ထောင်ရှိတယ်။ ရှိတော့သိပ်တော့ သမာဓိအား မကောင်းဘူး။ ဒါပေမယ့် ဒါကိုတော့ နောက်မှအပြင်ရောက်ရင်တော့ ရိပ်သာသဘောမျိုးဆက်ပြီး ကျင့်စရာရှိတာကျင့်မယ်၊ လုပ်မယ်၊ အားထုတ်မယ်ပေါ့လေ။ အဲ မနက်ကိုတော့ ဘာလုပ်လဲဆိုတော့ ဘုရားဝတ်ပြုတယ်ပေါ့။ အဲနောက်ပြီးတော့ သီလယူ တယ်ပေါ့။ နောက်ဟို ဟိုဒင်းပေါ့ ပဌာန်းအရှည်ပေါ့။ ပဌာန်းရွတ်ပြီး ဘုရားမှာ ပူဇော်တယ်။ နောက်ပြီးတော့ ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်တယ်။ နောက်ပြီးတော့ ဓမ္မစကြာ တခါတလေ မဟာသာမရသုတ်၊ နောက်ပြီးတော့ သတိပဌာန်တရား စသည်ဖြင့် ပေါ့လေ ဒါတွေ်ရွတ်ဖတ်ပါတယ် နောက်တော့ ဗုဒ္ဓစာပေတွေကိုလည်း အချိန်ရတဲ့အခါမှ အခါအားလျော်စွာ ဖတ်တယ်၊ မှတ်သားတယ် ပြုတယ် ပေါ့လေ။

နောက်တော့ အိမ်ကဇနီးနဲ့ သားသမီးလေးတွေကလည်းပဲ တိုက်တွန်းတယ်ပေါ့။ ကိုယ့်အကြောင်းလေးတော့ ရေးဖို့ကောင်းတယ် ဆိုတော့ အဲဒါနဲ့ကောက်ရေးတယ်ပေါ့။ ကောက်ရေးတာကလည်းပဲ တော်တော်စောစောတုန်းကလည်း စိတ်အားတက်ကြွစွာနဲ့ ရေးပါတယ်။ ရေးတော့လည်း ရေးအားလည်းမဆိုးပါဘူး။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ပဲ နောက်ပိုင်းတွေ ကြတော့ ၀မ်းနည်းစရာ လေးတွေကဖြစ်ဖြစ်လာတယ်။ ၀မ်းနည်းစရာတွေကပေါ်ပေါ်လာတဲ့အခါကြတော့ ဆိုပါတော့ အရေးအခင်း တွေဖြစ်လာတယ်။ ဘာတွေညာတွေဆိုတော့ရေးတဲ့ အားကနည်းနည်းတော့ စိတ်ကျတယ်ပေါ့။

အဲလိုရေးရင်းနဲ့ ၀မ်းနည်းစရာတွေ ဖြစ်လာတာက ဘာဖြစ်လဲဆိုတော့ ဟို အိမ်က ကလေးကလည်း သူ့မှာ မွေးရာပါ နှလုံးရောဂါဖြစ် တဲ့ အတွက် ဆေးရုံကုသတဲ့ကိစ္စကလည်း နောက်ဆုံးကုသတဲ့အချိန်တန်သော်လည်းပဲ ဟိုငွေရေးကြေးရေးပေါ့ ငွေရေးကြေးရေး ဆိုတာကလည်း အကြောင်းကြောင်း တွေကြောင့်ပေါ့လေ နောက်ဆုံးတော့ ကလေးကနောက်ဆုံးအသည်းအသန်ဖြစ်မှ ခေါ်ပြီး သွားပြတော့ ကလေးကလည်းဆုံးသွားတယ်။ အဲဒီကလေးဆုံးပြီးတော့ သင်္ဂြိုဟ်တဲ့ နောက်တနေ့မှာပဲ တပ်မတော်တာဝန်ကနေပြီး တော့ နုတ်ထွက်ရတယ်။ နုတ်ထွက်ပြီးတော့ မကြာခင်မှာပဲအချုပ်ကျတယ်။ အကျဉ်းထောင်အင်းစိန်မှာနေရတယ်။ အင်းစိန်မှာ အားလုံးပေါင်း ၇ နှစ်ကျတယ်။ နောက်ပြီးတော့ စိတ်ထိခိုက်စရာတွေ အများကြီးဖြစ်တယ်။ စိတ်ထိခိုက်စရာတွေအများကြီးပဲ။ စိတ်ထဲမှာ စိတ်မချမ်းသာစရာတွေ စိတ်မချမ်းသာစရာတွေဆိုတာက ကိုယ်က ဒီလောက်တောင် လုပ်ကိုင်ပေးရက်သားနဲ့ ပြန်လည်ပြီးတော့ ဆက်ဆံခံရတဲ့အပိုင်းမှာ တချို့နေရာတွေက ၀မ်းနည်းစရာတွေအများကြီးဖြစ်ခဲ့တယ်။ အဲတော့အပြင်ရောက်တဲ့ အခါကြတော့ ဒါဒီအကြောင်းတွေ အခုလိုပြန်ပြီးတော့ရေးရမယ် ပြုရမယ် ဆိုတဲ့အခါကြတော့ စိတ်ထဲမှာ စိတ်ထိခိုက်တယ်။ ကလေးဆုံးသွားပြီး အလုပ်ကနုတ်ထွက်ရတယ်၊ ထောင်ကျတယ်၊ ဆိုတော့ အဲဒါအခုမရေးဘဲနဲ့ရပ်ထားတာ တော်တော်လေးပဲ ကြာပြီ။ လချီ နှစ်ချီ နီးပါး လောက်ဖြစ်သွားတယ်။ မရေးဘဲ အဲဒီနေရာမှာပဲ ရပ်ထားတယ်။ အဲတော့စပြီးတော့ မွေးကတည်းက နေပြီးတော့ အဲဒီတပ်မတော်က တာဝန်ပြီးဆုံးပြီးတော့ အင်းစိန်အကျဉ်းထောင်ကျတဲ့အချိန်ထိ ပထမအပိုင်းပေါ့ အဲဒီမှာရပ်ထား တယ်။

နောက်ရေးမယ်ဆိုတော့ ဆက်ပြီးတော့ဒီနေ့ ဆက်ပြီးအများကြီးရေးစရာရှိတယ်ပေါ့လေ။ နောက်ပြီးတော့ ရဟန်းဘ၀နေတာတို့၊ နောက်ပြီးတော့ ကိုယ်တက်လာတဲ့ကျောင်းနဲ့ပတ်သက်တဲ့ တက္ကသိုလ်ပညာရပ်နဲ့ပတ်သက်ပြီးတော့နောက်ဆုံး အဲဒါ ဥပဒေပညာ ရဖို့ ဥပဒေပညာနဲ့ဖြေရှင်းပြီးတော့ အလုပ်လုပ်စားဖို့ ဒါလေးတွေ ကျန်သေးတယ်။ နောက် အရေးအခင်းဖြစ်ပြီးတော့ အခုလို အကျဉ်းကျခံနေရတာတွေ အဲဒါလေးတွေလည်း ရေးဖို့ကျန်တယ်။ ထားပါတော့ အဲတော့ဘယ်လိုနေရလဲဆိုတော့ အိမ်မှာ မိသားစု နဲ့နေရသော်လည်းပဲ စိတ်ကတော့အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ဒီအဖွဲ့ချုပ်သတင်းကိုတော့မပြတ် နားထောင် ပြီးတော့ အမြဲ တမ်းပေါ့လေ အားနာတယ်။ သြော် ဒီလူတွေ ကျန်ရစ်သူတွေက ဒီလောက်တောင်အန္တရာယ်များကြားထဲကနေ အကျပ် အတည်း တွေကြားထဲကနေ ပါတီကျန်နေခဲ့အောင် ကျူံးကုန်းပြီးတော့ လုပ်ကိုင်နေရရှာတယ်။ မနည်းရပ်တည်နေရတယ် ဆိုတာ စိတ်ထဲက နေ နားလည်နေတယ်၊ စိတ်မကောင်းဖြစ်နေရတယ်။ ငါကတော့ဒီမှာမလုပ်နိုင်ဘဲနဲ့ အနှောင်အဖွဲ့မှာနေရတယ်။ အဲဒီ ထဲကနေ သတင်းတွေ ကြားတဲ့ အခါ စိတ်ထဲမှာမကောင်းဘူး။ အဲတော့လို ဖိဆီးမှုလေးတော့ရှိတာပေါ့။ စိတ်သောကလေးလည်း ရှိတာပေါ့။

အဲဒီတော့ နေရင်းနဲ့ပဲ နောက်တကြိမ် ထွက်ရမှာလိုလိုနဲ့ နေလာလိုက်တာ အားလုံးပေါင်း ၆ နှစ်ဖြစ်သွားတယ်ပေါ့လေ။ အဲတော့ တပိုင်းကတော့ဘယ်လိုပဲပြောပြောနေရတာ အချုပ်အနှောင်နဲ့နေရတဲ့အတွက် မိသားစုနဲ့နေရသော်လည်းပဲ တကယ် စိတ်ထဲမှာ တော့ မပျော်ရွှင်နိုင်ပါဘူး။ နော် အခုလွတ်လာတယ်ဆိုလည်းပဲ အရင်တုန်းက ဆိုရိုးစကားရှိတယ်မို့လား ရှင်လိင်ပြန်လို့ ရှိရင် လည်းပဲ ၀မ်းမြောက်တယ်။ အိမ်ထောင်ကျရင်လည်း ၀မ်းမြောက်တယ်။ အကျဉ်းကျရင်းကနေ လွတ်မြောက်တယ်ဆိုတဲ့ဟာလေ။ ကျနော့် အဖို့တော့ အချုပ်အနှောင်အဖွဲ့အစည်းကြားထဲမှာ စိတ်သောကအကြီးအမားဖြစ်တဲ့ဟာကနေ လွတ်လာငြားသော်လည်းပဲ အခုလို အနှောင်အဖွဲ့နဲ့ပဲနေရတာပါပဲ မထူးပါဘူး။ ဟုတ်လား အိမ်မှာသွားတယ် အပေါက်ဝမှာ အစောင့်နဲ့ ခြံထဲမှာ အစောင့်နဲ့ ခုလို သွားရင်လည်းလိုက်တဲ့ဟာနဲ့ ။ နောက်ပြီးတော့ နေတဲ့နေရာတွေမှာဆိုရင်လည်းပဲ တောက်လျှောက်ကြီး လိုက်နေတာ အနှောင် အဖွဲ့တွေနဲ့ ပါ။ တကယ်တမ်းတော့မလွတ်လပ်ပါဘူး။ နောက်ပြီးတော့ဒီအလားတူပဲ ပြန်စဉ်းစားကြည့်လိုက်လို့ရှိရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးလုပ်တဲ့ပုဂ္ဂိုလ်မှန်သမျှ အကုန်လုံးအကျဉ်းကျနေတဲ့ သဘောရောက်တယ် လို့ပဲခံယူနေတယ်၊ အဲလိုပဲ ခံစားရတာပါပဲ။ အဲလိုနေရလို့တောာ့စိတ်ထဲမှာဘ၀င်မကျပါဘူး။ တခါတလေတော့လည်း သိပ်ဒေါသ ဖြစ်တယ်ပေါ့လေ။

တခါတလေတော့လည်းပဲ သိပ်မခံမရပ်နိုင်ဖြစ်တယ်။ တခါတလေတော့လည်းပဲ ဒီဘုရားရဲ့အဆုံးအမကို နားထောင်ပြီးတော့ ကိုယ့်စိတ်ကိုပြန်ဆုံးမပြီး နေရတာတွေလည်းအများကြီးရှိတာပေါ့။ နောက် အဖွဲ့ချုပ်လုပ်ငန်းနဲ့ပတ်သက်ပြီး အားလုံးဒီမှာ လုပ်ကိုင် နေတာကို ကူညီချင်တယ်။

ဥပမာလူငယ်တွေအပိုင်း၊ လူငယ်တွေ၊ ပြီးတော့ အပြစ်ချလို့ရှိရင်လည်းပဲ တခါတည်းဘာခေါ်မလဲ တပေါင်းတည်းမချဘဲနဲ့ခုနှစ်ခု ရှစ်ခုနဲ့အမှုတွေတင်ပြီးတော့အပြစ်ဒဏ်တွေကို ချနေတာ၊ နှစ်ပေါင်း ၇၀ တို့ ၈၀ တို့ ၁၀၀ တို့ ဒါတွေက စိတ်ထဲမှာဘ၀င်မကျဘူး။ အားလုံးစိတ်ထိခိုက်တယ်။ နောက်ပြီးတော့လည်း ဒီလောက်တောင်ပဲ ရက်စက်လွန်းတယ် ဆိုတဲ့ ခံစားမှုကတော့တောက်လျှောက် ဖြစ်တာပဲ။ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာဆိုရင်တော့ အများကြီးပဲ ဒီဟာမတရားမှုပဲလို့ဆိုပြီးတော့ ဒီဟာတော်တော့်ကိုဘ၀င်မကျ ဘူး။ ဘာတခုမှတရားမျှတမှု မရှိဘူး၊ အဲဒီလိုဖြစ်တဲ့အတွက် အဲဒီခံစားမှုကတော့ တရားဥပဒေ အရ ပြန်လည်ပြီးတော့ဖြောင့်ဖြောင့် မတ်မတ်ဖြစ်အောင် လုပ်ပေးချင်တဲ့စိတ်က ၀င်လာတယ်၊ ပြန်လည်ပြီး ဖြောင့်ဖြောင့်မတ်မတ် ဖြစ်စေချင်တယ်၊ တရားရေး ကိစ္စတွေ ကို။ ကိုယ်က တတ်တော့မတတ်ပါဘူး။ ဥပဒေသမားလည်းမဟုတ်ပါဘူး။ ကိုယ်ကဖတ်ရုံဖတ်ဖူးတာ။ ပြောလို့ကြားရုံကြားဖူးတာပဲ။ ဒါပေမယ့် တတ်နိုင်သမျှတော့ ကူညီချင်တယ်။

မေး။ ။ ဟုတ်ကဲ့ပါအဘ အဲဒီလို အိမ်မှာနေတဲ့အချိန်၊ အခါအားလျော်စွာ ကျန်းမာရေးစစ်ဆေးဖို့အတွက်ကော အဆင်ပြေခဲ့ပါ သလား။

ဖြေ။ ။ ဆိုတော့ အဲဒါပြောရဦးမယ်။ အဲတော့ ပထမတခါအကျဉ်းကျတုန်းက ထွက်လာတော့ အဲသွေးတိုးကပါလာတယ်။ ဘယ်လောက်ထိတိုးလည်းဆိုရင် ကျနော်တောင်မယုံဘူး။ ၁၈၀-၁၁၀ ထိတိုးတယ်။ အဲတုန်းကတခါတည်း ချက်ချင်းဆေးရုံ မှာကြည့်ပြီးတော့သူတို့တောင်လန့်ဖျပ်သွားတယ်။ ဆေးရုံရောက်တော့ မှ တိုင်းကြည့်လိုက်တော့ ၁၈၀-၁၁၀ ပေါ့။ အဲလိုသွေးတိုးနေ တယ်။ နောက် ဒုတိယအကြိမ်မှာ ဆေးစားတယ်။ နည်းနည်းတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေတယ်။ နောက်တကြိမ်ကြတော့ ဘာဖြစ်လာလဲ ဆိုတော့ အကျဉ်းကျတဲ့အချိန်မှာ နှလုံးခုန်တာ မမှန်ဘူး ဆီးကျိတ်ကပိုဆိုးလာတယ်။ အဲဒါကုရတယ်။ အခု တကြိမ် အထိန်းသိမ်းခံရတော့ ဘာပါလာလဲဆိုတော့ ကျနော့်မျက်စိပျက်သွားတယ်ပေါ့။ ဒါတွေကဘာကြောင့်လဲဆိုတော့ သွေးတိုး (ပရက်ရှာ) ကြောင့် ဆိုတော့ ဒါအင်မတန်နုတဲ့ နေရာလေးတွေက သွေးကျိတ်ထွက်တယ် ဆိုတဲ့သဘော ဒီကြားထဲမှာလည်း ကျနော်ရဲ့အပြစ်လဲရှိပါတယ်။

ခုနပြောတော့ ဘာသာတရားလုပ်တယ်၊ ဘာတွေ၊ ညာတွေရေးတယ်ဆိုပြီးတော့အပြင် အချိန်ကုန်အောင် ရုပ်ရှင်ကြည့်တယ်ဗျာ။ ရုပ်ရှင်ကလည်း အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ကိုရီးယားကားကြည့်တယ်ဗျာ။ အဲတော့ကိုရီးယားကား ကလည်း ကြည့်ရင်း ကြည့်ရင်းနဲ့ပဲ ဆွဲဆောင်မှုလေးတွေရှိလာတော့လည်း ကြည့်ဖြစ်တယ်ပေါ့နော်၊ အဲတော့ နောက်တခုက ဒါတင်မကဘဲ ကျနော်က အားကစားလည်းဝါသနာပါတော့ အားကစားသတင်းဆိုလည်းမလွတ်ဘူးဗျာ။ ဆိုပါတော့ဟုတ်လား ပရီးမီးယားလိစ်တို့ ၊ တင်းနစ် ပွဲတို့နောက်ပြီးတော့ စပိန်မှာကန်တဲ့ပွဲဆိုတဲ့ ဘောလုံးအသင်းတွေအကြောင်း လည်း သိတယ်။ ဘောသမားတွေလည်းသိတယ်။ သိတော့ဒီကောင်ဟိုပြောင်းသွားပြီ။ ဟိုကောင်ဟိုပြောင်းသွားပြီ ဘယ်ကောင် ဘယ် ရောက်သွားပြီ၊ဒါတွေလည်းသိတော့ဘောလုံးပွဲ ကတော့ စိတ်ပါဝင်စားပြီးတော့ အဲဒါအကြည့်များတယ်။ အဲဘောလုံးပွဲ မြန်မာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့နဲ့ အာဆင်နယ်တို့ လစ်ပါပူး တို့နဲ့ အဲဒါတွေ ကြည့်တာလည်းများတယ်ဗျာ။ အဲဒါကြောင့် ဒီ မျက်စိဖြစ်တယ်လို့ပဲအောက်မေ့ပါတယ်။ အဲတော့ အခုတော့ ဆေးဝါးကုသမှု ခံနေတဲ့အတွက်ကြောင့်မို့လို့တော့ ပြန်လည် ကောင်း မယ်လို့တော့ ထင်ပါတယ်။အကျယ်ချုပ် နေရတုန်း ကတော့ ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း အခက်အခဲတော့ အများကြီးရှိတယ်။

အကြောင်းကြောင်းပေါင်းများစွာ သူတို့ကလည်း ကျနော့် ကိစ္စဆိုရင်အောက်က ဘယ်သူမှအေးအေးဆေးဆေး မယူချင်ဘူး။
သူတို့က ထစ်ခနဲ ထစ်ခနဲဒီလူလာပြောတယ်ဆိုရင်ပဲ စာနဲ့ပေနဲ့ပို့တာပဲ။ပို့တော့ သူတို့နည်းသူတို့ဟန်နဲ့ အမြန်ဆုံးပို့တာပေါ့။ ဒါပေမယ့် ကြာတာပါပဲ။ အနည်းဆုံးကတော့ ရိုးရိုးဆိုရင်တော့ နှစ်ပတ်ပေါ့။ တပတ်နှစ်ပတ်ဆိုတာကတော့ ထုံးစံပဲ။ အဲဒါ အဲလိုဖြစ်တယ် ဆိုတော့ကျနော်က ခုနပြောသလိုပေါ့။ သေကောင်ပေါင်းလဲဖြစ်မယ်ဆိုရင်တော့ ဒါကိုယ့်ဟာကိုယ် ဖြစ်ဖြစ် လုပ်ရမှာပေါ့လေ။ သာမန်အနေနဲ့ကတော့ သူတို့အချိန်ကိုက်သွားတဲ့အတွက် သူတို့ကအမိန့် ကျလာပြီးလို့ရှိရင်တော့ သူတို့က ဒီအောက်က ကောင်တာထိုင်တဲ့တာဝန်စောင့်တဲ့ကလေးတွေကတော့ သူတို့ဖြစ်သလောက် တတ်သလောက်ကို အကူအညီ ပေးပြီးတော့ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးပါတယ်။

မေး။ ။ နောက်တခုက မေးချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ အဘရဲ့သဘောထား ခံယူချက်ဘယ်လိုရှိပါ သလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတော်အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ငြိမ်းချမ်းရေးအတွက် တကယ့်ကို အင်မတန်ကို လိုအပ်နေတဲ့ ခေါင်းဆောင်ကောင်းတယောက်။ သူ့မှာဒီအရည်အချင်းတွေလည်းပြည့်နေပြီ။ သူ့ဘက်ကအင်မတန် လိုအပ်တဲ့ခေါင်းဆောင်ပီသတယ်။ သတ္တိကတော့မပြောနဲ့တော့။ သူရသတ္တိကော၊ဓမ္မသတ္တိကောရှိတယ်။ သူ့ အဖေဆီက ပါလာ တဲ့ဗီဇ၊ သွေး၊ အား၊ ဖခင်ရဲ့ဆန္ဒ၊နိုင်ငံအတွက် သူကိုယ်ကျိုးစွန့်တဲ့ လုပ်တဲ့ကိစ္စတို့ ဘာတို့ ရဲရင့်တာတို့၊ပြတ်သားတာ တို့၊ ဖြောင့်မတ် တာ တို့၊ တည်ကြည်တာတို့ နောက်ပြီးတော့တမျိုးသားလုံးအတွက်ကို ဟုတ်လား ကြီးပွားရာကြီးပွားကြောင်း၊ ချမ်းသာရာ ချမ်းသာ ကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ချင်တဲ့စိတ်ဓာတ်စေတနာတွေ၊ ဒါတွေက ဗီဇပါလာတာတော့အမှန်ပဲ။ သူဟာ တကယ့်ကို နိုင်ငံအတွက် အိတ်သွန်ဖာမှောက်ရှိသမျှကို ကိုယ်ကျိုးစွန့်ပြီးတော့၊ အနစ်နာခံပြီးတော့၊ သူ့ရဲ့အသက်သွေးကို စွန့်ပြီး တော့တောင် သူက ဒီနေ့လုပ်ကိုင်ပေးခဲ့တယ်။ တကယ့်ခေါင်းဆောင်ကောင်းပဲဗျာ။ အဲဒီလိုပဲမြင်တယ်။

ဒါကြောင့်မို့ပြည်သူလူထုကိုလည်း ကျနော် ပြောချင်တယ်ဗျ။ ဟုတ်လား အခုလိုအချိန်အခါမျိုးမှာ ပြည်သူလူထုရဲ့ဒီအရင်တုန်းက ထားရှိခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားလုံးအပြည့်ထားပြီးတော့ သူ့ရဲ့ကျန်းမာရာကျန်းမာကြောင်း လွတ်ရာလွတ်ကြောင်း နောက်ပြီး တော့ ဆောင်ရွက်နိုင်တာကို ချောချောမောမောနဲ့အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်းကို ငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာနဲ့ စိတ်ဓာတ်ကိုရော အားပေးထောက်ခံခဲ့ကြတယ်။ ပြည်သူတရပ်လုံးအတွက်ကော သူဟာ ခေါင်းဆောင်၊ ဒီနိုင်ငံတော် ဒီမိုကရေစီ အင်အား စုတွေကကောနိုင်ငံတကာအားလုံးကကော ခေါင်းဆောင်ကောင်း ဆိုတဲ့နေရာမှာသတ်မှတ်ခြင်းခံနေရတဲ့သူပဲ။ အဲတော့ ကျနော့်သဘောက ဒီအဖွဲ့ချုပ်နဲ့ပတ်သက်တာအားလုံး ဒေါ်အောင်ဆန်းကြည်ခေါင်းဆောင်ပြီးတော့လုပ်တဲ့ကိစ္စအ၀၀က အောင်မြင် စေချင်တယ်ဒါပဲ။ အဲဒီလို အောင်မြင်ဖို့အတွက် မလုပ်ရတဲ့အတွက် လူကနေမထိထိုင်မထိ နေနေရတဲ့သဘောပေါ့။

မေး။ ။ အဘက တချိန်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်ခဲ့တော့ ယနေ့တပ်မတော်အပေါ်မှာ သဘောထား ခံယူချက် ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ ဒီနိုင်ငံတော်ရဲ့ လွတ်လပ်ရေးဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ထူထောင်ခဲ့တဲ့ ချမှတ်ခဲ့တဲ့ တပ်မတော်ဟာ အစဉ်အလာကောင်းတွေရှိတယ်။ အစဉ်အလာကောင်းတွေ ထိန်းသိမ်းခဲ့တဲ့တပ်မတော် အနေနဲ့ ဒီအစဉ်အလာကောင်းတွေကိုပြန်ပြီးတော့ ထိန်းသိမ်းစေချင်ပါတယ်။ ဟုတ်တယ်မို့လား အကုန်လုံး တပ်မှူးကြီး၊ ငယ်တွေ အားလုံး လိုက်ပြီးတော့ ပြည်သူကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကိုဦးဆောင် ခေါင်းရွက်သွားနေတာသည်ပြည်သူလူထုပါ။ ပြည်သူလူထုရဲ့အောက်မှာ တပ်မတော်နေပြီးတော့ တကယ့်ကို မိမိတို့ရဲ့တာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံတော် ကာကွယ်ရေး၊ အဲဒါကိုတော့ တကယ့် တရားနည်းလမ်းမှန်ကန်စွာနဲ့ကျင့်သုံးနိုင်အောင်ဖြစ်စေချင်တယ်။ ဒါပါပဲ။

မေး။ ။ ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အနာဂတ် အခန်းကဏ္ဍကို ဘယ်လိုသဘောထားပါသလဲ။

ဖြေ။ ။ သြော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒါသူသေသေချာချာကိုပဲစပြီးတော့ဖွဲ့စည်းပြီးကတည်းက အဖွဲ့ချုပ်ရဲ့ အဖွဲ့ချုပ်မူကြမ်းတွေမှာသေချာပါပြီးသားပဲ။ နောက်ပြီးတော့လည်းရွေးကောက်ပွဲ ရွေးတုန်းကလည်းအဖွဲ့ချုပ်ဟာ သူတို့ရဲ့ ကြွေးကြော်သံတွေကို သူတို့ရဲ့ရွေးချယ်ထားတဲ့ ဒီနိုင်ငံတော်ကြီးကိုဟုတ်လား အခုလွတ်လပ်ရေးရရခဲ့ပြီးပြီ။ လွတ်လပ်ရေးရခဲ့ပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးအသီးအပွင့်ဟာ ဒီနေ့အထိ ပြည့်ဝအောင်မခံစားကြရသေးဘူး။ အခု တခါထပ်ပြီးတော့ ဒီစစ်အုပ်ချုပ် ရေး စနစ်က လွတ်မြောက်ပြီးတော့မှ ဒုတိယလွတ်လပ်ရေးအတွက်ကို စွမ်းဆောင်တဲ့ နေရာမှာ အေးချမ်းသောနည်း၊ ငြိမ်းချမ်းသော နည်း ၊ ဆွေးနွေးသောနည်း၊ တယောက်နဲ့တယောက် ယုံကြည်မှုရအောင်ဖြစ်အောင် လုပ်တဲ့နည်း အဲလိုတွေ့ဆုံဆွေးနွေးနည်းလမ်း တွေနဲ့ ဆက်လက်ပြီးတော့ အောင်မြင်အောင် အကောင်အထည်ဖော်သွားနိုင်တယ် ဆိုတဲ့ ယုံကြည်ချက် ကတော့ အဖွဲ့ချုပ်က ဒီနေ့ ဆက်လက်ပြီး ဆုပ်ကိုင်ထားလျက်ရှိပါတယ်။

မေး။ ။ ဟုတ်ကဲ့ တကယ်လို့များ ဒီစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံ စကားပြောခွင့်ရ မယ် ဆိုလို့ရှိရင် အဘအနေနဲ့ဘယ်လိုများပြောကြားမလဲ။

ဖြေ။ ။ သြော် တယောက်နဲ့တယောက်ဟာ ဒီယုံကြည်မှုတည်ဆောက်ကြဖို့ပဲလို့ ဦးဆုံးပြောချင်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူ လူထု အတွက်တွေ့ဆုံဆွေးနွေးပြီးတော့ ယုံကြည်မှုတည်ဆောက်လို့ရနိုင်ပါတယ်။ လုပ်နိုင်ပါတယ်လို့။ ယုံယုံကြည်ကြည်လုပ်ပါ ဆိုတာပါပဲ။ ။
http://www.irrawaddy.org/bur/index.php/interview/4-interview/2669-2010-02-24-09-05-40

အတုအယောင် မြန်မာ မဖြစ်ရဟု ၀န်ကြီးချုပ် သိန်းစိန်ပြော

“မြန်မာသည် မြန်မာ ယောင်ဆောင် ထားသော တိုင်းတပါး အလိုတော်ရိ မဖြစ်စေရ”ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ကချင်ပြည်နယ် ခရီးစဉ်တွင် တိုက်တွန်း ပြောကြား လိုက်သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (ဓာတ်ပံ - ရိုက်တာ)

ဗန်းမော်မြို့ မြို့တော်ခန်းမ၌ မြို့မိ မြိုဖများ၊ ခရိုင်နှင့် မြို့နယ် အဆင့်ရှိ ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များကို ယမန်နေ့က ယင်းသို့ ပြောကြား ခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

တစုံတဦးကို ရည်ရွယ် ပြောဆိုခြင်း မရှိသော်လည်း ဗြိတိန် နိုင်ငံသား မိုက်ကယ် အဲရစ်နှင့် လက်ထပ်ခဲ့သော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် သူများက ဆိုသည်။

ယင်းပြောကြားချက်သည် စစ်အစိုးရ၏ သဘောထားကို လှစ်ဟ ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦး ဖြစ်သူ ဦးဝင်းတင်က သုံးသပ်သည်။

“ပြေလည်ချင်တဲ့ သဘော မရှိခြင်းကို ပြတာပဲ၊ ရွေးကောက်ပွဲမတိုင်ခင် ကာလမှာ နိုင်ငံရေး အင်အားစုတွေနဲ တတ်နိုင် သမျှ ပြေပြေလည်လည် ဖြစ်ဖို့ မရှိဘူး၊ တင်းတင်းမာမာပဲ ဆက်ဆံသွားမယ်၊ ရွေးကောက်ပွဲကို လုပ်သွားမယ်ဆိုတာကို ပြလိုက်တဲ့ သဘောပဲ”ဟု ဦးဝင်းတင်က ပြောသည်။

အစိုးရပိုင် သတင်းစာများက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီကို အနောက်အုပ်စု ၏ သြဇာခံအဖြစ် မကြာခဏ ရှုတ်ချ ရေးသားမှုများ ရှိခဲ့သည်။

ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ၂၀၀၉ ခုနှစ် စက်တင်ဘာလ မှ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ အထိ ပြည်နယ်နှင့်တိုင်း များတွင်ရှိသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဝင် ၁၆ ဦးနုတ်ထွက်သည့် သတင်းကို ရေးသား ဖော်ပြထားသည်။

NLDတည်ထောင်စဉ် ကတည်းက အစိုးရက ယင်းသို့ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခင်က နုတ်ထွက်သည့် စာရင်းကို အချိန်နှင့် အညီ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ အခြေအနေ အရပ်ရပ်ကြောင့် နုတ်ထွက်သူများကို ပြစ်တင် ရှုတ်ချ ပြစ်ပယ်ခြင်း မပြု လုပ်သကဲ့သို့ ရန်သူကဲ့သို့လည်း သဘောမထားကြောင်း ဦးဝင်းတင် က ဆိုသည်။

ဦးဝင်းတင်က“ပါတီဝင်တွေနုတ်ထွက်တယ်ဆိုတာက နိုင်ငံရေး ကစားမှုသက်သက်ပဲ၊ ကျနော်တို့ ပါတီဟာ သူတို့ ထင်သလို ပါတီဝင်တွေ နုတ်ထွက်တာ နှစ် ၂၀လုံးလုံး ရှိလာခဲ့ပြီဗျာ၊ ဒီနေ့ ပါတီမှာ လူတယောက်မှတောင် ကျန်စရာ အကြောင်းမရှိတော့ဘူး၊ နုတ်ထွက်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်ကတော့ အယုံအကြည် မရှိဘူး”ဟု ပြောသည်။

NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေကလည်း“ငွေပေးလို့ပဲဖြစ်ဖြစ်၊ အတင်းအကျပ် လုပ်ခိုင်းလို့ပဲ ဖြစ်ဖြစ် လုပ်တာဖြစ်နိုင် တယ်၊ ဒါဟာ သွေးရိုးသားရိုး ကိစ္စ မဟုတ်ဘူး”ဟု ဆိုသည်။
http://www.irrawaddy.org/bur/index.php/news/1-news/2668-2010-02-24-08-38-19

ရန်ကုန် ဝဋ်လည်ခြင်း

ccc


ဝဋ်ဆိုသည် လည်တတ်၏။ မကြုံဖူးတုန်းကတော့ မယုံ။ ခုတော့ဖြင့် ကိုယ်တွေ့ကြုံသောအခါ ယုံရလေပြီ။ ကိုယ်တိုင်ကြုံတွေ့ ဝဋ်လည်ခံနေရသည်က ရန်ကုန်လူထု ဖြစ်လေသည်။ ၂ဝဝ၅ ခုနှစ် မတိုင်ခင်က အထိ ရန်ကုန်သားတို့ အခြားမြို့သား နယ်ကလူများအပေါ် မော်ကြွားခဲ့လေသမျှ ခုတော့ ဝဋ်ပြန်ခံနေရလေပြီ။

ရွှေမြို့တော်ကြီးသားဟု သွေးနားထင် ရောက်ကာ နယ်က တောသားများအပေါ် အထင်အမြင်သေးခဲ့သမျှ ဗိုလ်ဂျုတ်ကြီးလုပ်လိုက်မှ ခံရချက်နာကြလေပြီ။ ဗိုလ်ဂျူတ်ကြီးဟူသည်ကား တိုင်းပြည်ဘဏ္ဍာတော်များကို ရိတ်ရာတွင် နာမည်ကျော်သူ သက်ကြားအိုပင် ဖြစ်တော့သည်။ သူ၏ အစွမ်းကား ရန်ကုန်သားတို့ ဝဋ်လည်အောင် လုပ်နိုင်စွမ်း ရှိ၏။ ယခုပင်ကြည့် နေပြည်တော်ဟု အမည်သညာတွင်လေသော မြို့တော်သစ်ကြီး ပေါ်ထွန်းလာသည်မှ စတင်ကာ မြို့ရန်ကုန်သည် ဇနပုဒ်လုံးလုံး ဖြစ်ချေပြီ။ မီးမလာ၊ ရေမရ နိမ့်ကျလာသည့် လူမှုဘဝများက နေပြည်တော် ပျဉ်းမနားသားတို့၏ ဘဝများထက် နောက်ဆုံးသို့ ရောက်သွားရသကဲ့သို့ ဖြစ်ပေသည်။

တချိန်က မြို့ရန်ကုန်သို့ နယ်မှလူများ ရောက်လာပါက အံ့ချီးဘနန်း ရင်သပ်ရှုမော အထင်ကြီးခဲ့ရလေသမျှ ခုများတော့ နေပြည်တော်ကြီးက အဆတရာမက သာသွားလေပြီ။ ဝန်ကြီးဌာနများ မြို့ရန်ကုန်ကို ကျောခိုင်းနှုတ်ဆက် ထွက်သွားသည့်နောက် ဟိုတချိန်က ရွှေမြို့တော်ကြီးသည် တနေ့ထက်တနေ့ အဆင့်နိမ့်ကျလာခဲ့သည်မှာ ရန်ကုန်သူ၊ ရန်ကုန်သားတို့ ခံရချက်နာလှပေ၏။

လွန်ခဲ့ပြီးလေသော နှစ်များက အခြေအနေ မဆိုးလှသည့် လျှပ်စစ်မီးသည် ဌာနဆိုင်ရာများ သုံးစွဲမှုလျော့ကျသွားသည်တောင်မှ ကောင်းမလာဘဲ၊ ဆိုးသထက် ဆိုးလာသည်မှာ နားမလည်နိုင် ဖြစ်ကြရသည်။ သည်ရက်ပိုင်းအခြေအနေက အဆိုးဆုံးဖြစ်နေသည်။ ပို၍လည်း ဆိုးလာဦးမည်ဟု သိရပြန်သည်။ ဂက်စ်လိုင်းပေါက်သည်လည်း မကြား။ မိမိတို့ စစ်အစိုးရလက်ထက်တွင် ငြိမ်းချမ်းသာယာ ဝပြောလှပါပြီဆိုသည့် အကြားက သောင်းကျန်းသူဟု အမည်သညာ တပ်ခံရသူများကလည်း ဓာတ်အားတိုင်နားတောင် လာနိုင်ဟန် မတူသည့် အခြေအနေ ဖြစ်ပါလျက် ကိုယ်ရွှေလျှပ်စစ်မီးက မလာ။ လာပြန်ရင်လည်း ခဏ။ ဖြစ်ဟယ်၊ ပျက်ဟယ်၊ ပျက်ဟယ်နှင့် သံဝေဂတရားကို ထိုင်ရာမထ ရှုတတ်လျှင် ရအောင် စွမ်းသည်။

ဟိုတုန်းက မန္တလာသားတို့ကို “ချမ်းအေးပူအိုက်၊ ဖုန်ထူခြင်ကိုက်မြို့” ဟု ရန်ကုန်သားတို့ နှိမ့်ချပြောခဲ့လေသမျှ ခု ဝဋ်ပြန်လည်ခံနေရပြီ။ ရန်ကုန်သည်လည်း မီးနေသည် ရွှေပေါင်းဖို့ အဆင်သင့်လုပ်ထားပေးသလို ဖြစ်နေပြီ။ လမ်းများလည်း ဇရာထောင်း၊ “ပျက်မပြင် စည်ပင်ခင်ဗျ” ဟု ပြောရမလို မြို့တော်ဝန်ကြီးလည်း ဘယ်ဆီမှန်း မသိသော ရွေးကောက်ပွဲအတွက်သာ လုံးပမ်းနေတော့ဟန် ရှိသည်။ ရေသည်ပြဇာတ်ထဲမှ မိန်းမ၏ ထမီလို အပေါက်ဗရပွပေါ်က ကားများ ဖြတ်မောင်းလေသော ဖုန်တထောင်းထောင်း ထနေသော ရန်ကုန်လမ်းမများကား သန်းထွန်းလေး၏ မွေးဌာနီကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိပေတော့သည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဆိုသည်ကြီးကလည်း အခွန်ကောက်ရာတွင် ဘတ်စ်ကားပေါ်က ခါးပိုက်နှိုက်လက်လို မြန်လှသော်လည်း ပြန်လည်ဆောင်ရွက်ပေးရန် ရှိသည်များကျတော့ ကျောက်ရုပ်ကို အဖေခေါ်ရမည့်နှယ် မတုန်မလှုပ် အိနြေ္ဒရလှသည်။

ရန်ကုန်က ရသမျှအခွန်အခတို့က ရန်ကုန်မြို့အတွက် ပြန်မသုံးရဘဲ ဗိုလ်ဂျုတ်ကြီး နန်းတည်လေရာ နေပူတော်မြို့ ခန့်သထက်ခန့်ငြား၊ ထည်သထက်ထည်ဝါစေရေး ပံ့ပိုးပေးရသည်ဟု ကြားသိရပေ၏။

“ကိုယ်ထူကိုယ်ထ” ဆိုသော အသုံးကို မည်သည့်ပညာရှိ ထွင်သွားသည် မသိသော်လည်း ရန်ကုန်သားတို့ကတော့ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ယဉ်ပါးကာနေသည်မှာ ကြာကြာချေပြီ။ မီးမလာ ရေမရလျှင်လည်း ကိုယ့်ဘာသာကြံဆ၊ ရေမရလည်း ကိုယ့်ဘာသာကြံဆ၊ လမ်းပျက်လျှင်လည်း ကိုယ့်ဘာသာကြံဆဖြင့် စခန်းသွားနေကြရသည်မှာ ကြာမြင့်လှပေပြီ။

လျှပ်စစ်မီးပျက်ချိန် များလာ၍ မီးစက်ကြီးများ အပြိုင်အဆိုင် နှိုးကြရပုံများကဖြင့် အီရတ်စစ်ပွဲထဲ ရောက်နေသလို အာဖဂန်မှာ တာလီဘန်နှင့် သူနိုင်ကိုယ်နိုင် ကြဲနေသလိုပင် ဆူပွက်လှ၏။ နားများပင် လေးလာသည်ဟု မိမိကိုယ်တိုင် ခံစားမိ၏။ လေထုညစ်ညမ်းမှုကတော့ ဘယ်လိုတိုင်းထွာရမှန်းပင် မသိသောကြောင့် ရန်ကုန်သားတို့ စိတ်မပူလှ။ အက်ဆစ်မိုး ရွာသွန်းရင်ဖြင့် ဇော်ဝင်းထွဋ် နိမိတ်ဖတ်သည်ဟူ၍ အာဏာပိုင်တို့က လမ်းလွှဲချဦးမည့်ဟန် ကြိုမြင်ရလေသည်။

အက်ဆစ်မိုး လာမလာ မသေချာသော်လည်း ရန်ကုန်သားများအကြား အဆုတ်နာကတော့ တိုးပွားလာနေသည်ကြောင့် 3D Fund လည်း အပြေးအလွှား ဝင်ရောက်လာရသည်ကတော့ သေချာလှသည်။

ရန်ကုန် ဘဝပျက်နေသော်လည်း နေပူတော်မြို့မှာကတော့ မနာလိုစရာ ကောင်းလောက်အောင် အလျှံတညီးညီးနှင့် ငရဲမီးများအလား ဝင်းဝင်းပပ၊ ထိန်ထိန်ပြောင်နေသည်။ ဗိုလ်ဂျူတ်ကြီး သေလွန်သော သွားရာလမ်းအတွက် ကြိုတင်ပြင်ဆင်ပြီး လျှပ်စစ်မီးနှင့် အပူချိန်ခံနိုင်အောင် ကျင့်ကြံအားထုတ်နေဟန်ရှိသည်။

မြို့တော်ဟောင်း ရန်ကုန်တွင် တချိန်က ချမ်းသာခဲ့သမျှကိုလည်း ရွှေမြို့တော်သစ် နေပြည်တော်သို့ ပုံပေးလိုက်ရသဖြင့် ရန်ကုန်မြို့မှာ အခွံဗလာချည်းသာ ကျန်ပေတော့သည်။ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်၊ အမျိုးသားယဉ်ကျေးမှု ပြတိုက်များမှ ပစ္စည်းအဖုံဖုံနှင့် နေပြည်တော် တိရစ္ဆာန်ရုံတို့အတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က အကောင်မျိုးစုံတို့အပြင် ရွှေ့ပြောင်းနိုင်သမျှ နေပြည်တော်သို့ သယ်မသွားကြလေသည်။ ရန်ကုန်မြို့မှ ရှေးဟောင်း အမွေအနှစ်လက်ရာ အဆောက်အအုံဟောင်းများကိုလည်း ထိန်းသိမ်းထားရမည်ကို လက်ညှိုးထိုး ရောင်းစားပစ်လေသည်မှာ မည်သူတွေ သပိတ်ဝင်အိတ်ဝင် ရသွားလေသည် မသိပေ။

ဗိုလ်ဂျုတ်ကြီးသည် မြို့တော်ဟောင်း ရန်ကုန်အပေါ် မည်သည့်အတွက်ကြောင့် အငြှိုးကြီးစွာ နှိပ်ကွပ်နေသည် မပြောတတ်တော့ပေ။ သူစိတ်ဆိုးရလေသည်ဟု ယူဆရလေသော အချက်မှာ ရန်ကုန်မြို့သားတို့က အာဏာရှင် စစ်အစိုးရ ဆင်းပေးရေး ဆန္ဒ ၄-၅ ခါလောက် ပြဖူးသည်သာ ရှိပါသည်။ ရန်ကုန်မြို့ကို စုတ်သထက် စုတ်၊ နိမ့်ကျသထက် နိမ့်ကျအောင် လုပ်ကာ နေပြည်တော် ရွှေမြို့တော်ကို ပြောင်းနေချင်စိတ် ပေါက်အောင်များ စနစ်တကျ အကွက်ချစီမံနေသည်လား မပြောတတ်တော့ပေ။ နေပြည်တော် ဒေသဖွံ့ဖြိုးရေး ဗိုလ်ဂျူတ်ကြီး မားကတ်တင်း ဆင်းပုံကတော့ ပြောပြရင် အောချလောက်ပါသည်။ လမ်းနာမည် နှစ်ခု ဆက်တိုက်ကို မှန်မှန်ကန်ကန် ရွတ်ရခက်လောက်လေသော ပဝေသနီဗာရာဏသီခေတ်က အမည်နာမများဖြင့် မြို့ကွက်သစ်များ ထပ်မံဖော်ထုတ်ကာ မြို့တော်သစ် နေပြည်တော်ကို ဝန်းရံစေပြန်သည်။

ရွှေမြို့တော်သစ် နေပြည်တော်ကြီး စည်သထက် စည်ကား၊ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးလာအောင် ဘက်ပေါင်းစုံက မြှင့်တင်ပေးကြရသည့် လုပ်ငန်းရှင်များဘဝကလည်း အရှုံးတော့ ရှိနိုင်မည် မဟုတ်ပါ။ နေပြည်တော် ရေပန်းဥယျာဉ်၊ နေပြည်တော် တိရစ္ဆာန်ရုံ၊ နေပြည်တော် အပန်းဖြေ စခန်းသာယာ၊ ရွှေတိဂုံပုံတူ စေတီတော်ကြီးနှင့် မကြာခင်ကမှ ဖွင့်ပြီးလေသော တိုင်းနှင့် ပြည်နယ်အနှံ့ရှိ အထင်ကရ နေရာအထိမ်းအမှတ် ပြကွက်များဖြင့် နေပြည်တော် Land Mark အပန်းဖြေဥယျာဉ်ကြီးတို့က ရန်ကုန်သားတို့အတွက် အလှမ်းဝေးသွားပေပြီ။

ရန်ကုန်သူ၊ ရန်ကုန်သားတို့ကို ယနေ့အချိန်တွင် “နယ်က လူတွေ” ဟု ကြပ်ပြေးနေပူတော်သားတို့က နှိမ့်ချခေါ်ဝေါ်နေလေပြီ။ သူတို့၏ နေပြည်တော် ရွှေမြို့တော်ကြီးမှာ ကမ္ဘာ့အလယ်တွင် မကောင်းသတင်းများနှင့် ပိုနာမည်ကျော်လေသော မြန်မာပြည်ကြီး၏ မြို့တော်ကြီး ဖြစ်လေသောကြောင့်ပင်။

နေပြည်တော်တွင် ခေတ်မီနိုင်ငံတကာ လေဆိပ်ကြီးလည်း ဆောက်နေပြန်ရာ ပြီးစီးပြီဆိုလျှင်ဖြင့် နိုင်ငံခြားခရီးသွားမည့်သူများ အဆိုပါလေဆိပ်ကနေများ ထွက်ရလေမည်လား မပြောတတ်။ မှန်းရခက်သော ဗိုလ်ဂျူတ်ကြီး၏ စိတ်က ထင်ရာမြင်ရာ စွတ်လုပ်တတ်၍ ဖြစ်မလာဘူး မပြောနိုင်။ နေပြည်တော်ထိ တူးမြောင်းဖောက်ကာ နိုင်ငံတကာ ဆိပ်ကမ်းတခုတော့ မတည်ဆောက်လောက်ဟုတော့ တွေးထင်မိပါသည်။ နေပျော်၊ သေပျော်စရာ ကောင်းလောက်အောင်တော့ နေပြည်တော်ကြီးကို ဖန်တီးတည်ဆောက်နေသည်မှာ မြင်သာလှပေ၏။ ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာ လူဖြစ်ခဲ့သမျှ သူတွေမှာတော့ ခုအခါ လူဖြစ်ရှုံးသော ဘဝနှင့် ရင်ဆိုင်နေကြရပေပြီ။

တချိန်က မော်ကြွားခဲ့လေသမျှ ရန်ကုန်သားတို့ ခံစားနေရလေပြီ။ ဝဋ်ဆိုသည် လည်တတ်၏။
http://www.mizzimaburmese.com/edop/songpa/4895-2010-02-24-06-08-33.html

အရည်ပျော်ပီတိ

Kyi-Sin-Thawta


ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်ဘဲဈေးမှအထွက် ဂိတ်ဝတွင် အနားသို့ ရောက်လာသောသူ တဦးကြောင့် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်။

အနားသို့ရောက်လာပြီး လက်ပြတားလိုက်သူက စည်ပင်ဝတ်စုံ အပြာရောင်ဝတ်ထားသူ လူငယ်တဦး။

“အကို .. ခုနက ဈေးထဲမှာ ဓာတ်ပုံရိုက်လိုက်တာ ကျနော်တို့ တွေ့လိုက်ပါတယ်။ ခဏလောက် လိုက်ခဲ့ပါဦး”

“ကျနော် ဘယ်မှာ ရိုက်လို့လဲ။ ကျနော့် လက်ထဲမှာ ကိုင်ထားတာ MP3 Player ပါ”

“အဲလို ကင်မရာအသေးလေးတွေ ကျနော်တို့စာစောင်တွေထဲမှာ တွေ့ဖူးပါတယ်။ အဲမှာ တီဗီပုံလေးနဲ့။ ကဲ .. ဒါတွေ နောက်မှရှင်းပါ။ လောလောဆယ် ဈေးရုံးခန်း လိုက်ခဲ့ပါဦး”

MP3 ပေါ်က menu ခလုတ်လေးကို သူက တီဗီအမှတ်အသားဟု ယူဆနေသဖြင့် ရယ်လည်း ရယ်ချင်နေမိသည်။ သို့ရာတွင် ကျနော် ဘယ်လိုမှ ရှင်းလို့ရမည်မဟုတ်မှန်း သိလိုက်ပြီ။ မတတ်နိုင်တော့။ လိုက်သွားရုံသာ ရှိတော့သည်။ ဓာတ်ပုံရိုက်ခဲ့တာတော့ အမှန်ပင် ဖြစ်သည်။

ကျနော်ရိုက်ရသည့်အကြောင်းက ကြက်ငှက်တုပ်ကွေး ဖြစ်ပွားနေချိန်တွင် ဈေးထဲ၌ ဘယ်လောက်ထိ အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားလဲ သိရဖို့ ဖြစ်သည်။ ကြက်သတ်သည့်သူတွေက ဘာမှမသိကြ၊ လက်ဗလာနှင့်၊ ကျနော်လိုချင်သော ပုံလေးတွေတော့ရပြီ။ ဒါပေမဲ့ အခုလို ဖြစ်လာတော့ ကင်မရာကို ကျနော် အင်္ကျီအောက်တွင် ထည့်ထားသည်။ ရုံးခန်းသို့အသွား ကင်မရာကို ဘယ်လိုဖွက်ရမလဲ အပြေးအလွှား ခေါင်းထဲမှာ စဉ်းစားနေမိသည်။ ကံကောင်းချင်တော့ ကျနော့်ကို ရုံးခန်းခေါ်ရာတွင် သူတို့က နောက်ကပဲ လိုက်လာသည့်အတွက် ပုဆိုးပြင်ဝတ်သလိုနှင့် ကင်မရာကို အတွင်းခံဘောင်းဘီထဲ တဖြည်းဖြည်း ထိုးသွင်းလာခဲ့သည်။

ဈေးရုံးခန်းထဲရောက်တော့ တာဝန်ရှိသူက ကျနော့်ကို ဘယ်ဂျာနယ်ကလဲမေးတော့ ကျနော်က ဂျာနယ်က မဟုတ်၊ ကြက်သားဝယ်ဖို့ ဖြစ်ကြောင်းနှင့် မိမိ MP3 နှင့် သီချင်းနားထောင်နေစဉ် တာဝန်ရှိသူက ကင်မရာနှင့် ရိုက်သည်ဟု ထင်မြင်ယူဆခြင်းသာဖြစ်ကြောင်း ပြောပြလိုက်သည်။ ထိုပုဂ္ဂိုလ်က MP3 ကို စစ်ဆေးပြီးနောက် ကျနော့်အိတ်နှင့် ခန္ဓာကိုယ်အား ရှာဖွေရန် ကျနော့်ကို ခွင့်တောင်းသည်။ ဘယ်လိုလုပ်ရမလဲ။ အမှန်အတိုင်း ဖွင့်ပြောရရင် ကောင်းမလား။ အို .. ရှုပ်တယ်။ ဘူးခံတာပဲ ကောင်းတယ်။ တွေ့တော့လည်း ကြည့်ရှင်းရတာပေါ့ဟု တွေးနေမိသည်။ တွေ့သွားရင်ကော .. ဘယ်သူက လိုက်ရှင်းပေးမည်လဲ… အမှန်တော့ ကျနော်တို့သည် ဂျာနယ်မှ သတင်းထောက် မဟုတ်သဖြင့် မည်သူကမှ လိုက်ရှင်းပေးမည်မဟုတ်။ မိမိ မိခင်ဌာနက တိုင်းတပါးမှာ။ သူတို့လည်း ဘာမှတတ်နိုင်မည်မဟုတ်။ ကိုယ့်အန္တရာယ်ကို ကြည့်ရှောင်၊ ကိုယ်ဖြစ် ကိုယ်ခံပင်။

တာဝန်ရှိသူက ကျနော့်ကို ရှာဖွေပြီး ဘာမှမတွေ့သဖြင့် အသာတကြည် သွားခွင့်ပြုတော့မှ သက်ပြင်းချနိုင်တော့သည်။

ဒါက မြန်မာနိုင်ငံက သတင်းထောက်တွေ သတင်းဓာတ်ပုံ ယူရသည့် အခြေအနေပင်။ ဒါတောင် ပညာပေး သတင်းယူသည့် ကိစ္စပဲ ရှိသေးသည်။ ဆန္ဒပြသတင်းတို့၊ ဘာတို့ဆိုလျှင် မည်မျှခက်ခဲမည်ကို စဉ်းစားကြည့်ယုံဖြင့် သိနိုင်ပေသည်။ သတင်းတွေကတော့ ရှိနေပါသည်။ သို့ရာတွင် ဓာတ်ပုံ၊ ဗီဒီယို သတင်းထောက်တဦးအဖို့ ထိုသတင်းဓာတ်ပုံရိုက်ယူရေးကမူ အင်မတန် သတိထားရသည်။ နိုင်ငံခြားမှာလို မိမိဘယ်သတင်းဌာနကပါလို့ သွားပြော၍မဖြစ်။ သတင်းထောက်ဆိုသည်နှင့် အမေးခံရမည့် သာမန်လူတဦးဆိုလျှင် တွန့်သွားသည်။ မေးခံရမည့်သူက သတင်းပေး ဖြစ်နေလို့ကတော့ ..။

အခက်အခဲကြားမှ သတင်းဓာတ်ပုံ ဗီဒီယိုရိုက်ယူနိုင်ခဲ့ပြီဆိုလျှင် ပျော်မဆုံးတော့။ သို့သော် အပြီးအပြတ် ပျော်လို့မရသေး။ ထိုသတင်းကို မိမိသတင်းဌာနသို့ ရောက်အောင် ပို့ရဦးမည်။

မိမိတို့မှာ ကိုယ်ပိုင်အင်တာနက် မရှိ။ ဒီ့အတွက် အင်တာနက် ကဖေးဆိုင်ကို ပြေးရသည်။ ဆိုင်ရောက်သည်နှင့် အရင်ဆုံး ဆိုင်ထဲကို မျက်စိတချက် ဝေ့ကြည့်လိုက်ရသည်။ လူစိမ်းလား၊ အမြဲသုံးနေကျ တွေ့နေကျတွေလား ဆိုတာ ဖျတ်ကနဲ ကြည့်ရုံဖြင့် အကျင့်ရနေပြီးသား။ ပို့ချင်ဇောနှင့် ဘေးဘီမကြည့်လို့ကတော့ မိမိဘေးခုံက သူသည် ထောက်လှမ်းရေးလည်း ဖြစ်နိုင်သည်။ သတင်းပေးသမားလည်း ဖြစ်နေနိုင်သည်။ ဘယ်အချိန်များ ”ဒီက ညီအကို ခဏ” လို့ လာခေါ်မလည်း ထိတ်နေရသည်။ အဲဒီခဏကလည်း ဒီခေတ်အင်တာနက် ဥပဒေဆိုတာကြီးနှင့်ဆိုလျှင် ဒီ့ပြင်ပုဒ်မတွေမပါသေးဘဲ ၁၅ နှစ် ဖြစ်နေသည်။ အိုကေပြီ၊ ဘေးဘီရှင်းပြီ၊ စိတ်ချရပြီဆိုလျှင် memory card ထုတ်၊ လုပ်ငန်း စရပြီ။

မိမိတို့မှာ ဖြတ်တောက်ရမည်၊ ဖိုင်ဆိုဒ်ချုံ့ရဦးမည်။ ဒါတွေအတွက် လိုချင်သည့် ဆော့ဝဲတွေက ဆိုင်တိုင်းမှာ မရှိ။ ဒီတော့ ကိုယ်ပိုင် thumbright ထဲမှာ download လုပ်ပြီး အကုန်သိုမှီးထားရသည်။ ပြီးမှ ဖန်သားပြင်ပေါ်တင်ပြီး လိုရာပြောင်းရသည်။
အင်တာနက်ဆိုင်တွေမှာက ပြင်ပဝဘ်ဆိုဒ်တွေ၊ သတင်းတွေ ဖွင့်ကြည့်ခွင့် မရှိ။ ဒီအတွက် proxy နံပါတ်တွေခံပြီး ကျော်ကြည့်ရသည်။ ကြည့်တာကလည်း အေးဆေးကြည့်၍မရ။ ညောင်သီးလည်း စား၊ လေးညှို့သံလည်း နားစွင့်နေရသည်။ မဟုတ်လို့ကတော့ ၁၅ နှစ် ဖြစ်သွားမည်။ မြန်မာပြည်မှာက အိမ်မှာ ဓာတ်ခဲလေး နှစ်လုံး၊ မီတာတိုင်းသည့် ကိရိယာလေးရှိရုံမျှနှင့် အမြင်မကြည်လျှင် ဖောက်ခွဲရေးသမားဆိုပြီး တံဆိပ်ကပ်ခံရနိုင်သည်။

ကဲ .. ပြောင်းလည်း ပြောင်းပြီးပြီ၊ upload လုပ်သည့် ဆိုဒ်တွေနဲ့ ပို့တော့မည်ဆိုမှ အင်တာနက် ကွန်နက်ရှင်က ကျသွားပြန်သည့် အဖြစ်တွေကလည်း မကြာခဏ။ နာရီဝက်နှင့် ပြီးရမည့်ဟာက ၁ နာရီလည်း ဖြစ်သွားနိုင်သည်၊ ၂ နာရီလည်း ဖြစ်သွားနိုင်သည်။ ကြာမှသာ ကြာစေတော့။ သတင်းကို အချိန်မီ တင်နိုင်ဖို့ အရေးကြီးသည်။ အားလုံး အဆင်ပြေပြီ၊ ပို့ချင်ရာလည်း ပို့ပြီးပြီဆိုမှ ကွန်ပြူတာ ဖန်သားပြင်တွင် အကုန်ရှင်းခဲ့ရသည်။ မေ့မကျန်ရင် အကောင်းဆုံးသာ။

နောက်တနေ့ ကိုယ့်ဌာနရဲ့ ဝဘ်ဆိုဒ်မှာ ကိုယ့်သတင်း ပါလာပြီဆိုလျှင် ကြည်နူးနေရသည်။ ဗီဒီယို သတင်းထောက်ဆိုလျှင်တော့ တမိနစ်ခန့် သတင်းတိုလေးကို ပီတိအပြည့်ဖြင့် ခံစားရန်ရင်ခုန်စွာ စောင့်ဆိုင်းနေရသည်။ မိမိရိုက်ကူးသည့် သတင်းသည် အယ်ဂျာဇီးယားတို့၊ စီအန်အန်တို့မှာပါ ပါလာလျှင် လူမသိသူမသိ ကျိတ်ဝမ်းသာရသည်။

ဒီနေ့တော့ အခက်အခဲကြားထဲက ရိုက်လာသည့် ကြက်ငှက်တုပ်ကွေး သတင်းလေးကို ကြည့်ရန် တီဗီရှေ့ စောင့်နေမိသည်။ လာတော့မည်။

ဖျတ်ကနဲအလင်းဓာတ်များ ကွယ်ပျောက်သွားသည့်နှင့်အတူ ''ဟာ'' ဟု ညီးညူမိလိုက်သည်။ သွားပြီ။ မီးပျက်သွားချေပြီ။ နောက်နေ့မှ သူများတွေ ပြောသံကြားလျှင် တကိုယ်တည်း ကျိတ်၍ ပီတိဖြစ်ရပေတော့မည်။
http://www.mizzimaburmese.com/edop/songpa/4898-2010-02-24-07-05-20.html

ရခိုင်ပြည်နယ်က တိုက်ပွဲခေါ်သံ

ရခိုင်ပြည်နယ်က တိုက်ပွဲခေါ်သံ

မနေ့ ညက စစ်တွေ မှာ ကျောင်းသား သပိတ်ကြီးက ညကြီး သန်ခေါင်မှာ စတင် ဖြစ်ပွားသွားတယ်လို့ သိရတယ်။ စစ်တွေမြို့ ဝေသာလီကွင်း ဗျိုက်တော ဆရာတော် ဦးသုမင်္ဂလာ တရားပွဲ အပြီးမှာ တက်ရောက်လာတဲ့ လူထု ပရိသတ် က မခံမရပ်နိင်ဖြစ်ပြီး ဆန္ဒပြပွဲဖြစ်ပွား သွားရခြင်း ဖြစ်ပါတယ်။ ဆရာတော်က သန်းရွှေမိသားစု နဲ့ လက်တစုပ်စာ လူတစုက မြန်မာ တနိင်ငံလုံးက သံယံဇတတွေကို ဂုတ်သွေးစုတ် နေမှုတွေကို ထုတ်ဖေါ် ပြောဆို သွားတယ်။ ရခိုင် ပြည်နယ်က သဘာဝ ဓါတ်ငွေ တွေထွက်ပြီး ရခိုင်ပြည်နဲ့ တပြည်လုံးမှာ မီးမရှိ၊ ရေမရှိ၊ လောင်စာမရှိတဲ့ အခြေအနေတွေကို ဟောကြား သွားတယ်လို့ ဆိုပါတယ်။

ကျောင်းသား လူငယ်တွေ အနေနဲ့ ၈၈ တုန်းက ကျောင်းသားတွေ ကို အတုယူကြဖို့  ဟောကြား သွားတယ်။ တရားပွဲ အပြီးမှာ ကျောင်းသား ၁၀ ဦးနှင့်သံဃာ ၂ ဦးက စတင်လှုံ့ ဆော်လိုက်ရာက ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကျောင်းသား ရွှေစေတီဘုရား အထိ ချီတက်တယ်။ ရဟန်းပျိုသမဂ္ဂ နဲ့ ကျောင်းသား သမဂ္ဂက ဦးဆောင်တယ်။ တဖြေးတဖြေးနဲ့ လမ်းဘေးက ကြည့်နေတဲ့ သူတွေကပါ ပူးပေါင်းလာတဲ့ အတွက် အင်အား သုံးထောင်ခန့် ဖြစ်သွားတယ်လို့ သိရတယ်။

ဆန္ဒပြ နေစဉ်မှာ ကျောင်းသားများက
လျှပ်စစ်မီး - ရရှိရေး ဒို့ အရေး၊
နအဖ စစ်အစိုးရ အလိုမရှိ၊
၂၀၁၀ အလိုမရှိ လို့ ကြွေူးကြော် ဆန္ဒပြကြတယ်။


နအဖ ၊ ကြံဖွတ်နှင့် ရဲ များက ဆန္ဒပြသမားများကို နှိမ်နင်းရန် ရောက်လာကြတယ်။ ဦးဝိစာရ ပန်းခြံနဲ့  မီးစက် ဂွ ဆုံတွေမှာ နေရာ ယူပြီး လူစု ခွဲခိုင်းတယ်။ ဆန္ဒပြ သမားများက သွေးထွက် သံယိုမှု မရှိခင်မှာ အောင်မြင်စွာ ဆုတ်ခွာ ပေးလိုက်တယ်လို့ သိရတယ်။ မနက်ဖန် က ပြန်စမယ်၊ မကြာခင် ပြန်ဆုံကြမယ်။ မကြောက်ကြနဲ့ ရခိုင်သွေး နီတယ်ဟေ့ စသဖြင့် တဦးနဲ့ တဦး အချိန် အချက် ပေးသွားကြတယ်လို့ ဆိုပါတယ်။ ရခိုင် ပြည်နယ် လူထု ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ရဟန်းပျို သမဂ္ဂ ဥက္ကဌ - ဆရာတော် အရှင် ခေမာစာရ က '' ဒီ ဆန္ဒပြပွဲကြီးဟာ ၂၀၁၀ အတွက် ပထမဆုံး လှုပ်ရှားမှုကြီးဖြစ်ခဲ့ပြီ၊ ဒီလိုလှုပ်ရှားမှုတွေဆက်တိုက်ဖြစ်လာလိမ့်မယ်။ ဘာဖြစ် လို့လည်း ဆိုတော့ စစ်အစိုးရ လက်အောက်မှာ မြန်မာ တပြည်လုံးဟာ ဒုက္ခ အတိကို ရောက်နေ ကြရပြီ။ ပြည်သူတွေ ဒုက္ခတွေ ပင်လယ်ဝေ နေရတာ၊ ပြည်သူတွေ ကပ်တဲ့ ဆွမ်းပူ ကွမ်းပူ ကို ဒို့ ရဟန်းတွေ ဘယ်မှာ မျိုလို့ ကြမလဲ ။ သံဃာတွေက တိုက်ပွဲဝင်ဖို့  ပိုင်းဖြတ်ထား ပြီးပါပြီ '' လို့ အမိန့် ရှိပါတယ်။ ဆရာတော်ဟာ ၁၉၈၈ ခုနစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ တက်ကြွစွာ ခေါင်းဆောင်ခဲ့တဲ့ သံဃာ တပါး ဖြစ်ပြီး ၈၈ တုံးက ထင်ရှားခဲ့တဲ့ အထွေထွေ သပိတ် ကော်မတီမှာ နယက ဆရာတော် တပါး ဖြစ်ခဲ့ပါတယ်။ မနပုလော တော်လှန်ရေး နယ်မြေမှာ ကရင်များ၊ ကျောင်းသားများနှင့် အတူ တလျှောက်လုံး လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော် တပါး ဖြစ်ပါတယ်။
http://www.phyowai-myanmar.co.cc/2010/02/blog-post_22.html

၂၀၀၈ အခြေခံ ဥပဒေ ဖျက်သိမ်းပစ် ၊ စာရွက်များ လိုက်လံ ကပ်သည့် လှုပ်ရှားမှုများ

လှိုင်သာယာ မြို့နယ် ၊ ( ၇ ) ရပ်ကွက် ၊ တံတား ဖြူ မှတ်တိုင် ရှိ ဦးပုည လမ်းထိပ် ဆိုက်ကားဂိတ် နားတွင် ရှိသော လမ်းဆိုင်းဗုဒ် တွင် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ၊ ၂၀၀၈ အခြေခံ ဥပဒေ ဖျက်သိမ်းပစ် ၊ စစ်အစိုးရ အလိုမရှိ စသော စာများပါသည့် စာသားများရေးသားထားသည့် စာရွက်များ လိုက်လံ ကပ်သည့် လှုပ်ရှားမှုများကို အကောင်းဆုံး မြေသြဇာ အဖွဲ့မှ လိုက်လံ ပြုလုပ်ခဲ့ကြပါတယ်။ ထို့အပြင် လှိုင်သာယာမြို့နယ် အောင်မြေရိပ်သာ ဘုရား ပေါ်တွင်လည်း ၂၀၁၀ အလိုမရှိစာသားများကို ဆော့ပင် အနီ/အပြာ များဖြင့် လိုက်လံ ရေးသားကြပါတယ်။



လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ အဖွဲ့

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၀)

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၀)

(Choosing Right Path and Real Politics)

ကျေးရွာတွေမှာ လှည့်လည်ဆေးကုနေတဲ့ ဆေးဆရာတစ်ယောက်ကို သိကျွမ်းခဲ့ဖူးတယ်။ မြန်မာဆေး၊ အင်္ဂလိပ်ဆေးတို့ကို အနည်းအကျဉ်းလောက် သိထားပြီး ဗေဒင်၊ ယတြာတွေလည်း ဟိုစပ်စပ် ဒီစပ်စပ် တီးမိ ခေါက်မိထားသူ ဖြစ်ပါတယ်။ စိတ်ရင်းစေတနာကောင်းတယ်။ ပျော်ပျော်နေတတ်တယ်။ သို့သော် ငွေရရင်ပြီးရောဆိုတဲ့ အသပြာဆရာ မဟုတ်ပါဘူး။ ဆရာဝန်မရှိ၊ ဆေးမှူးမရှိတဲ့အပြင် မြို့ပေါ်တက် ဆေးကုဖို့ မတတ်နိုင်တဲ့ ဆင်းရဲသား တောသူတောင်သားများအဖို့ ဖျားချင်ရင်တောင် အဲဒီဆရာလာမဲ့ရက်ကို စောင့်ပြီး ဖျားရပါတယ်။ အကြွေးလည်း ကုတယ်။ အကြွေးလည်း ဆုံးတယ်။ လူနာ သေသွားရင်လည်း တရားချတတ်တယ်။ နာရေးကိစ္စမှာ ဆက်ကူညီတယ်။ သူလည်း မချမ်းသာဘူး။ သူ့လူနာတွေလည်း မချမ်းသာဘူး။ သူကလွဲလို့ ကယ်သူမရှိတဲ့ ကျေးရွာတွေမှာ သူက တစ်ဦးတည်းသော ကယ်တင်ရှင်ပါ။

သူ့ရဲ့ လက်စွဲ ဗေဒင်တွက်နည်းတစ်ခုကို ကြုံတုန်း ပြောပြချင်ပါတယ်။ ဗေဒင်မေးတဲ့သူတွေကို စစချင်း သူလုပ်ပြတတ်တဲ့ နည်းတစ်ခုပါ။ ဗလာစာအုပ်မှာ မျဉ်းရှည်နှစ်ကြောင်းကို ခပ်ခွာခွာလေး အထက်အောက် မျဉ်းပြိုင်ဆွဲပြီးနောက် ဗေဒင်မေးသူကို ကြိုက်ရာ တစ်ကြောင်းကြောင်းကို ထောက်စေပါတယ်။ အပေါ်ကြောင်းကို ထောက်ရင် ဘာဖြစ်မလဲ။ အောက်က အကြောင်းကို ထောက်လိုက်ရင်များ ဘာဖြစ်သွားမလဲနှင့် စဉ်းစားချိန်ဆရင်း ဗေဒင်မေးသူတွေဟာ တစ်ကြောင်းကြောင်းကို စိတ်တထင့်ထင့်နှင့် ရွေးထောက်တတ်ကြပါတယ်။ နောက် ဘာအဖြေများ အကောင်း အဆိုး ထွက်လာမလားဆိုပြီး ဗေဒင်ဆရာကို မျက်နှာငယ်လေးနှင့် ကြည့်နေကြတတ်ပါတယ်။ အဲဒီအခါမှာ သူက နှစ်နှစ်ချိုက်ချိုက် ပြုံးပြီး ခင်ဗျားက တစ်ကြောင်း မထောက် တစ်ကြောင်း ထောက်မယ်ဆိုတာကို ကျုပ် အစထဲက ကြိုသိပြီးသားလို့ မိန့်မိန့်ကြီး ဖြေတတ်ပါတယ်။ ဆိုလိုတာက နှစ်ကြောင်းဘဲ ဆွဲထားပြီး တစ်ကြောင်းကို ရွေးထောက်ခိုင်းတဲ့အခါ တစ်ကြောင်းမထောက် တစ်ကြောင်းထောက်ရမှာကို ဗေဒင်မေးစရာ မလိုပါဘူးဆိုတဲ့ သဘောပါ။ ဒီဟာသကလေးကို မိတ်ဆွေများ ခံစားတတ်မယ်လို့ မျှော်လင့်ပါတယ်။

ရေဒီယိုအင်တာဗျူးတစ်ခုမှာ နအဖက ရွှေဂုံတိုင်ကို လစ်လျူရှုပြီး သူ့ရုတ်မက်ကြီးအတိုင်း အတင်းဆက်သွားရင် NLDက နောက်ဆုံးမှာ ဘာလုပ်မလဲဆိုတဲ့ မေးခွန်းကို ဆရာဦးဝင်းတင်က “အဲဒီလိုဆိုရင်တော့ NLDက ရွေးကောက်ပွဲကို ၀င်မလား၊ မ၀င်ဘဲနေမလားဆိုတာကိုဘဲ ဆုံးဖြတ်ရတော့မှာပေါ့” လို့ဖြေကြားခဲ့ပါတယ်။ ဆရာဦးဝင်းတင်ဆိုလိုတာက ဒီမိုကရေစီကို မဖေါ်ဆောင်မဲ့ ရွေးကောက်ပွဲကို မဖြစ်လာအောင်၊ ဖြစ်လာရင်လည်း ရွှေဂုံတိုင်ကြေညာချက်အရ ဖြစ်လာအောင် ကြိုးစားပေမဲ့ နောက်ဆုံးမှာ ရွေးကောက်ပွဲဆိုတဲ့ ကာလကြီးက မဖြစ်မနေ ကျရောက်လာရင်လို့ ကျုပ်တို့ နားလည်ထားပါတယ်။ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဖူးလားဆိုတဲ့ လမ်းနှစ်ကြောင်းထဲက တစ်ကြောင်းကြောင်းကို မဖြစ်မနေ ရွေးရရင် တစ်ကြောင်းမထောက် တစ်ကြောင်း ထောက်ရမယ်ဆိုတာ ဗေဒင်မေးရင် ဆန်ကုန်ပါလိမ့်မယ်။

ဖေဖေါ်ဝါရီ(၂၀)၊၂၀၁၀ ဘီဘီစီ ညပိုင်းအစီအစဉ်မှာ NLDက တွေ့ဆုံဆွေးနွေးရေး တောင်းဆိုချက်ကို အနှစ်နှစ်ဆယ်လုံးလုံး တောင်းဆိုခဲ့တာ အခုအချိန်မှာကော အောင်မြင်ဖို့ အနေအထားမျိုး တွေ့ရပါသလားဆိုတဲ့ မသီတာနွယ်ရဲ့ မေးခွန်းကို ဒုဥက္ကဌ ဦးတင်ဦးက စေ့စပ်ဆွေးနွေးတဲ့နည်းလမ်း မဟုတ်ရင် ဘယ်လိုနည်းလမ်းနှင့် လုပ်မလဲလို့ ခင်ဗျားတို့ ထင်သလဲလို့ ပြန်လှန်မေးခွန်းထုတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကိစ္စ ဆွေးနွေးရမဲ့အချိန် မဟုတ်သေးဘူးလို့ ရှင်းရှင်း ပြတ်ပြတ် ပြောခဲ့ပါပြီ။

NLDပါတီက ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှ မချမှတ်ရသေးပါဘူး။ သို့သော် NLDခေါင်းဆောင်များအကြားမှာ ရွှေဂုံတိုင်ကြေညာချက်ကို အဓိပ္ပါယ်ဖွင့်ပုံ၊ ချဉ်းကပ်ပုံ မတူညီကြခြင်းသည် မြန်မာ့နိုင်ငံရေးကို လေ့လာသူတိုင်း အလွယ်သိနိုင်တဲ့ Open Secretတစ်ခု ဖြစ်နေပါပြီ။ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကြောင့် NLDပါတီ နှစ်ခြမ်းကွဲသွားလေမလားလို့ စိုးရိမ်ပူပန်သံတွေလည်း ကြားသိနေရပါတယ်။ သို့သော် ဆရာဦးဝင်းတင်က ပါတီတွင်းမှာ အမြင် မတူညီမှုတွေ ရှိနေသော်လည်း NLDပါတီ ဘယ်တော့မှ မကွဲစေရဘူးလို့ တွေ့ဆုံမေးမြန်းခဏ်းတစ်ခုမှာ အခိုင်အမာ ပြောကြားခဲ့ပြီးပါပြီ။

ကျုပ်သဘောအရ ပြောရရင် သဘောထား အမြင်တွေ၊ လုပ်နည်းလုပ်ဟန်တွေ မတူ ကွဲပြားခြားနားကြခြင်းကို ဒီမိုကရေစီ အဖွဲ့အစည်းတွေမှာ အင်မတန် လိုလားအပ်တဲ့ ဂုဏ်ယူစရာ အချက်ကြီး(Phenomenon)လို့တောင် ယုံကြည်ပါတယ်။ မတူညီမှုတွေကြောင့် အားသာချက်၊ အားနည်းချက်တွေကို ဒေါင့်ပေါင်းစုံမှ ခြုံငုံသုံးသပ်သွားနိုင်ရုံသာမက သဘောထား အမြင်မတူသူတွေ အားလုံး လက်တွဲပါဝင် ဆောင်ရွက်နိုင်သော ပိုမိုပြီးပြည့်စုံတဲ့ ဘုံလုပ်ငန်းစဉ်တစ်ရပ်ကို ချမှတ်နိုင်မဲ့ အလားအလာကောင်း ဖြစ်တာမို့ ကြိုဆိုသင့်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ဘယ်တော့၊ ဘယ်ပုံလာမှန်း မသိတဲ့ ရွေးကောက်ပွဲအတွက်၊ ပြည်တွင်း ပြည်ပရှိ ကျုပ်တို့ ဒီမိုကရေစီအင်အားစု အချင်းချင်းကြားမှာ ရေးကြီးခွင့်ကျယ်လုပ် ငြင်းကြ ခုန်ကြဖို့ အခြေခံ မရှိသေးပါဘူး။

အရေးကြီးဆုံးက ရွေးကောက်ပွဲ ဖြစ်သွားသည် ဖြစ်စေ၊ ပျက်သွားသည် ဖြစ်စေ၊ ရွေးကောက်ပွဲကို ၀င်သည် ဖြစ်စေ၊ သပိတ်မှောက်သည် ဖြစ်စေ၊ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည် ဖြစ်စေ စစ်ကျွန်ဖြစ်ဆဲ၊ ဒီမိုကရေစီနှင့် ကင်းကွာဆဲ၊ စစ်အာဏာရှင်ကသာ ဆက်လက် အုပ်စိုးဆဲ ဆိုတာကို ကျုပ်တို့ မျက်ခြေမပြတ်ကြဖို့ ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်က တွဲရေး၊ ခွဲရေးကြောင့် လင်မယားတွေကွဲ၊ ခေါင်းဆောင်တွေကွဲ၊ ပါတီတွေကွဲ၊ လူထုလည်းကွဲ ခဲ့ရသော်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောခဲ့သလို နယ်ချဲ့ရဲ့ ကျွန်နှင့် ဒါသ အတူတူဘဲ ဖြစ်ခဲ့ပြီးပါပြီ။ ရွေးကောက်ပွဲဝင်လျှင်လည်း စစ်ကျွန်ဖြစ်၊ မ၀င်လျှင်လည်း စစ်ကျွန်ဖြစ်မို့ ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေးကို အကြောင်းပြုပြီး ကျွန်နှင့် ဒါသ ကွဲကြ၊ ပြဲကြအုန်းမယ်ဆိုရင် ကြက်လည်းပမ်း၊ ယာလည်းညက်နှင့် နအဖက အလည်သားစားကာ ဖိုးကြိုင်းတုတ် နှစ်ထပ်ကွမ်း ထပ်ဖြစ်အုန်းမှာပါ။ ကုန်ကုန်ပြောရရင် ရွေးကောက်ပွဲ ပြသနာသည် နည်းဗျူဟာဆိုင်ရာ၊ လုပ်နည်းလုပ်ဟန်ဆိုင်ရာ ပြသနာသာ ဖြစ်ပါတယ်။ မဟာဗျူဟာဆိုင်ရာ ပြသနာမဟုတ်တာမို့ ဒုတ်ထမ်း ငြင်းဖို့ အကြောင်းမရှိလို့ မြင်ပါတယ်။

အခြေအနေတွေက နအဖရဲ့ အစီအစဉ်ရှိရှိ အကွက်ကျကျ တမင် ဖန်တီးထားတဲ့အတိုင်း ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။ NLDအပါအ၀င် ပြည်တွင်းက အဓိက အတိုက်အခံတွေဟာ အတစ်ဖက်က နအဖအလိုကျ ကျင်းပမဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ဆန့်ကျင်နေသကဲ့သို့ တစ်ဖက်ကလည်း ဆယ်ရေး တစ်ရေး၊ ကိုးရေး တစ်ရာဆိုသလို မဖြစ်စေချင်တာတွေ ဖြစ်လာခဲ့လျှင် ဖြစ်နိုင်ချေ(Options)အားလုံးမှာ လိုအပ်သလို ရင်ဆိုင်နိုင်အောင် အားဖြည့်ပြင်ဆင်မှုတွေကို မဖြစ်မနေ ကြိုလုပ်ရပါတယ်။ ရေသောက်ချင်မှ ရေတွင်းတူးမယ် လုပ်လို့ မရပါဘူး။

NLDသည် ပြည်တွင်းက ဖိနှိပ်ခံနေရတဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံးထဲမှာ အင်အားအကြီးဆုံးဖြစ်ဆဲ ဖြစ်သလို၊ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုအပါအ၀င် လူထုရဲ့ ရွေးချယ်တင်မြှောက်မှု(Mandate)ကို တရားဝင် ပြတ်ပြတ်သားသား ရထားယုံသာမက နအဖကို ပုခုန်းချဉ်းယှဉ်ပြီး ရင်ဆိုင်အံတုနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်နေသည့်အလျောက် လာမည့် ရွေးကောက်ပွဲအပေါ် NLDရဲ့ ရပ်တည်ချက် သဘောထားကို ပြည်သူလူထုနှင့် ပြည်တွင်း ပြည်ပ အတိုက်အခံများသာမက နအဖကတောင် သိချင်နေပါတယ်။ NLDက ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလား၊ ၀င်သင့်သလား၊ မ၀င်သင့်ဘူးလားဆိုတဲ့ လမ်းကြောင်းနှစ်သွယ်ကို အလေးအနက်ထား တွက်ဆနေကြပါတယ်။

သို့သော် တစ်ကယ့် မေးသင့် မေးထိုက်တဲ့ မေးခွန်း အစစ်အမှန်က NLD ရွေးကောက်ပွဲ ၀င် မ၀င် မဟုတ်ပါဘူး။ NLDက ရွေးကောက်ပွဲကို ၀င်ခြင်း၊ မ၀င်ခြင်း အပေါ်ကို မူတည်ပြီး ထောက်ခံမယ်၊ ကန့်ကွက်မယ်ဆိုတဲ့ ကြိုတင်သတ်မှတ်ထား(Precondition)တဲ့ အမြင်မျိုးက မမှန်ကန်ပါဘူး။ တိုင်းပြည်အခြေအနေ၊ လူထုလိုလားချက်၊ နအဖ အနေအထားတွေမှာ ဖြစ်ထွန်းမှု အသစ်တွေ ဘယ်နည်းဘယ်ပုံ ပြောင်းလဲ ပေါ်ပေါက်လာမယ်ဆိုတာ ဘယ်သူကမှ ကြိုတင်မသိနိုင်သေးတဲ့ အချိန်မှာ မိမိရဲ့ ဦးနှောက်ကို သော့ခတ်၊ ဆင်ခြင်တုန်တရားကို ဂျက်(ချက်)ထိုး၊ နှလုံးသားကို ချိတ်ပိတ်၊ လက်တွေ့ဘ၀ကို မျက်ကွယ်ပြုပြီး NLDက ရွေးကောက်ပွဲဝင်ရင် ဆန့်ကျင်လိုက်မယ်။ မ၀င်ရင်တော့ ထောက်ခံလိုက်မယ်ဆိုပြီး ကြိုဆုံးဖြတ်ထားတာမျိုး (Predetermine)ကိုလည်း မလုပ်ကောင်း၊ မလုပ်သင့်ကြပါဘူး။ ယနေ့ ခေါင်းဆောင်လုပ်သူများသည် စိတ်ဆန္ဒနောက်ကို အလွယ်မလိုက်ဘဲ ရာစုတစ်ဝက်ကျော် ရှုပ်ထွေးပွေလီနေသော မြန်မာ့နိုင်ငံရေးကို ဘက်ပေါင်းစုံ၊ အင်အားစု(Players)ပေါင်းစုံ၊ အကျိုးစီးပွါး(Interest)ပေါင်းစုံ စသည်တို့ကို ထည့်သွင်းတွက်ချက်နိုင်စွမ်း၊ လိုအပ်လျှင် နောက်တစ်လှမ်းဆုတ်တန် ဆုတ်ပြီး ရှေ့နှစ်လမ်းတက်နိုင်စွမ်း၊ မိမိအခြေအနေနှင့် ဆန့်ကျင်ဘက်အားတွေရဲ့ အခြေအနေမှန်ကို ပကတိအတိုင်း လက်တွေ့ကျကျ သိထားနိုင်စွမ်းရှိဖို့ လိုနေပါပြီ။ ရန်သူက နောက်ဆုံးထွက်သက်ငင်နေပြီဆိုပြီး အပြီးသတ် အောင်ပွဲခံ တိုက်ပွဲတွေကို မဆုံးနိုင်အောင် ဆင်နွှဲနေတာ အနှစ်နှစ်ဆယ်မက၊ အနှစ်ငါးဆယ်မကနှင့် သိပ်ကြည့်မကောင်းလှတော့ပါ။ အလွှာစုံ၊ ပါတီစုံ၊ လူတန်းစားစုံ၊ တိုင်းရင်းသားစုံ ပါဝင်တဲ့ အမျိုးသားနိုင်ငံရေး ပုံသဏ္ဍာန် မတည်ဆောက်နိုင်သရွေ့ အဆုံးသတ်တိုက်ပွဲ မရှိနိုင်ပါ။ ရွေးကောက်ပွဲသည် အဆုံးသတ်တိုက်ပွဲ မဟုတ်ပါဘူး။

မေးသင့် မေးထိုက်တာက လူထုကို အမှန်တကယ် အကျိုးပြုနိုင်တဲ့ နည်းလမ်းဟာ ဘာလဲဆိုတဲ့ မေးခွန်းသာ ဖြစ်ပါတယ်။ လိုအပ်လျှင် NLDကို ခဏမေ့ထားလိုက်နိုင်ပါတယ်။ လူထုအကျိုးပြုလမ်းကို လျှောက်ရင် ဘယ်သူက လျှောက်လျှောက် ၀ိုင်းရံထောက်ခံကြရန်သာ ဖြစ်ပါတယ်။ ဖေါက်ပြန်ပြီး အခွင့်အရေးသမားလုပ်လာရင် ဘယ်သူကလုပ်လုပ် ဆန့်ကျင်ရန်သာ ဖြစ်ပါတယ်။ ပေတံက လူထုအကျိုးပြု ပေတံသာ ဖြစ်သင့်ပါတယ်။ လူထုကို အကျိုးပြုနေသရွေ့၊ လမ်းမှန်ပေါ်မှာ ရှိနေသရွေ့၊ ကိုယ်ကျိုးမဖက်သရွေ့ NLDဖြစ်ဖြစ်၊ ဘယ်ပါတီအဖွဲ့အစည်းဖြစ်ဖြစ် ထောက်ခံကြဖို့ပါ။

သို့သော် မည်သည့်လမ်းကို ရွေးချယ်သည်ဖြစ်စေ၊ အားသာချက်နှင့် အားနဲချက်၊ အကျိုးနှင့် အပြစ် ရှိသည်ချည်း ဖြစ်တာကို သတိထားဖို့ အရေးကြီးပါတယ်။ မေးခွန်းအားလုံးကို ဖြေနိုင်တဲ့၊ ချို့ယွင်းအားနဲမှု ကင်းစင်တဲ့ ခြောက်ပြစ်ကင်း လမ်းစဉ်ဆိုတာ လောကတွင် မရှိပါ။ သူ့ထက် ပိုကောင်းတဲ့ လမ်းမရှိလျှင် ရှိတဲ့လမ်းတွေထဲမှ လက်တွေ့အကျဆုံး၊ အကျိုးများပြီး အပြစ်အနဲဆုံး လမ်းကို ရွေးလျှောက်ရပါလိမ့်မယ်။ ရွေးလျှောက်ရဲဖို့ လိုပါတယ်။ ခေါင်းဆောင်လုပ်သူများ တာဝန်ခံရဲဖို့ လိုပါတယ်။

ကျုပ်တို့တတွေသည် အကောင်းတွေထဲက အကောင်းဆုံးကို စိတ်အေး လက်အေး ရွေးချယ်နေရတာ မဟုတ်ဘဲ၊ အဆိုးတွေထဲက အဆိုး အနဲဆုံးကို အကျဉ်းအကြပ်တွေကြားက ရွေးနေရတာ ဖြစ်ကြောင်းကို မမေ့ထားသင့်ကြပါဘူး။

အောင်ထီ ဖေဖေါ်ဝါရီ (၂၃)၊ ၂၀၁၀