Thursday, March 4, 2010

4 March 2010 ဒိုင်ယာရီ

http://ifile.it/ozepa0m 4 March 2010 Yeyintnge Diary

ဒယ်ဒီဘိုးဘိုး ဗီဒီယို ဇာတ်ကားမှ အငြင်းပွားဖွယ်ရာဖြစ်နေသည့် ဇာတ်ဝင်တေး

“ဦးပဉ္ဇင်း ကြီးတောင် ငိုနေပြီကွာ … မင်းထဘီလေးဟာ သူရဲ့ ခေါင်းပေါ်မှာ”

အရည်အသွေးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေါ်ပေါက်လာဖို့

NEJ / ၄ မတ် ၂၀၁၀

ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ဖေဖော်ဝါရီ (၂၄) ရက်မှ (၂၆) ရက်ထိ ကျင်းပခဲ့သည့် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (ဘီအမ်အေ) ၏ ပဉ္စမအကြိမ်ညီလာခံ၌ မြန်မာနိုင်ငံ နယ်စပ်အသီးသီးရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာရေးအတွက် ဆွေးနွေးခဲ့ကြသည့်အပေါ် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစင်သီယာမောင်နှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

မေး။ ။ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းကို ဖွဲ့ရတဲ့ရည်ရွယ်ချက်နဲ့ ဘယ်သူတွေပါဝင်ပြီး အဓိက ဘာတွေလုပ်ဆောင်တယ် ဆိုတာလေး အရင်သိပါရစေ။

ဖြေ။ ။ ကျမတို့ ဒီမြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းကို ၁၉၉၁ ခုနှစ်၊ ဒီနယ်စပ်ဒေသမှာ လုပ်တဲ့ ပထမဦးဆုံး ကျန်းမာရေး ညီလာခံမှာ ဖွဲ့စည်းခဲ့တာပါ။ ဖွဲ့စည်းချိန်မှာတော့ ကျန်းမာရေး ၀န်ထမ်းတွေရဲ့ အတွေ့အကြုံ အသိပညာ အတတ်ပညာတွေကို ဖလှယ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ရယ်၊ နောက်တော့ ကျမတို့ ပြည်သူလူထုကြားမှာ ကျန်းမာရေး အသိအမြင်တွေ မြင့်မားလာဖို့ ဆိုတဲ့ရည်ရွယ်ချက် အဓိကထားပြီးတော့ ဖွဲ့စည်းတာဖြစ်တယ်။ သို့သော်လည်း ၂၀၀၀ ပြည့်နှစ် ညီလာခံမှာ ကျမတို့ ရည်ရွယ်ချက်တွေကို ပြန်ဆွဲတဲ့အခါ ဒီကျန်းမာရေးဆိုင်ရာ လုပ်ငန်းစောင့်ရှောက်မှုတွေရဲ့ အရည်အသွေး ပိုပြီးတော့ မြင့်တင်ဆောင်ရွက်ဖို့ဆိုတာ ပါသလို တချိန်တည်းမှာပဲ ကျမတို့ ဒီလုပ်ငန်း စီစဉ်ဆောင်ရွက်မှုတွေကို ပိုပြီးတော့ ဆောင်ရွက်ဖို့လည်း ကျမတို့ ထည့်သွင်းခဲ့ပါတယ်။

ကျမတို့ ဘီအမ်အေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို တိုက်ရိုက် အကောင်အထည်ဖော်တာမျိုးတော့ မဟုတ်ပါဘူး။ ဘီအမ်အေရဲ့ အဓိက လက်ရှိလုပ်ငန်းတွေကတော့ နယ်စပ်ဒေသမှာ အခြေစိုက်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ နောက် တိုင်းရင်းသား ကျန်းမာရေးဌာနတွေရဲ့ လုပ်ငန်းတွေမှာ လိုအပ်တဲ့ နည်းပညာဆိုင်ရာ ပံ့ပိုးမှုတွေ၊ အထူးသဖြင့် ငှက်ဖျားရောဂါ ထိန်းချုပ်ရေးတို့၊ သားဖွားဆိုင်ရာ အတတ်ပညာမျိုးတွေကို နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်ပေးရေးနဲ့ ဒီလုပ်ငန်းတွေကို ပိုပြီးတော့ အရည်အသွေး မြင့်မားလာအောင် လုပ်ဆောင်ပါတယ်။ နောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခုနဲ့တခုကြား၊ ဆေးရုံ ဆေးခန်းတွေရဲ့ ကြားထဲမှာ နည်းပညာ အတတ်ပညာတွေကို အခြေခံ စံနမူနာတွေထားဖို့တို့၊ စာရင်းဇယား ကောက်ယူမှုစနစ်၊ ရောဂါကုသမှုစနစ်တွေကို စံဖြစ်အောင် ထိန်းပြီးကူညီသွားတာမျိုးတို့ကို လုပ်ဆောင်နေပါတယ်။

မေး။ ။ အခု ပဉ္စမအကြိမ်ညီလာခံမှာ ကျန်းမာရေး မူဝါဒပိုင်းဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရန်နဲ့ နည်းပညာအကူအညီများ ပေးရန် ဘီအမ်အေအသင်းက အဓိကအခန်းကဏ္ဍအဖြစ် သတ်မှတ်အတည်ပြုတယ်လို့ သိရပါတယ်။ အဲဒါ ဘယ်ဒေသတွေမှာ ဘယ်သူတွေကို အကူအညီပေးတာလဲဆိုတာ သိပါရစေ။

ဖြေ။ ။ ဘီအမ်အေအနေနဲ့ လက်ရှိ ဆေးရုံဆေးခန်း (၃၀) ကျော်ပေါ့။ ဒီလူထုက (၃) သိန်းပတ်ဝန်းကျင်ရှိတဲ့အတွက် ကျမတို့ လက်လှမ်းမီနိုင်တဲ့ လက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုမှာ ငှက်ဖျားရောဂါကို အဓိကထားပါတယ်။ နောက် မိခင်နဲ့ကလေး ကျန်းမာရေးအပြင် အရေးပေါ်သားဖွားခြင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းတဲ့ နည်းပညာတွေ မြှင့်တင်ပေးတဲ့ အပိုင်းတွေမှာ ကျမတို့ဆောင်ရွက်တယ်။ တချိန်တည်းမှာပဲ ကျမတို့ ဆေးသင်တန်းတွေနဲ့ ပတ်သက်တဲ့ သင်ရိုးညွှန်းတန်းဆိုင်ရာတွေကို ပြန်ပြီး လေ့လာတာတို့ မွမ်းမံတာတို့ကိုလည်း ဆက်လက်ပြီးတော့လုပ်တယ်။ ၂၀၀၂ ခုနှစ်၊ ၂၀၀၃ ခုနှစ်မှာ ပထမဦးဆုံး သင်ရိုးညွှန်းတန်းဆိုင်ရာကို ဘီအမ်အေက စတာဝန်ယူပြီး အခု ဒီညီလာခံကနေ ဆက်လက်ပြီးတော့ အဲဒီ သင်ရိုးညွှန်းတန်းကိစ္စကို တခြားသော ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆက်လက်ဆောင်ရွက်ဖို့ပေါ့။ မူဝါဒပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ကတော့ ကျန်းမာရေး၊ လူ့အခွင့်အရေး အခြေခံပြီးတော့ အရည်အသွေးရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေါ်ပေါက်လာဖို့ဆိုတာကို ရည်စူးပြီးတော့ လူမှုရေး၊ ကျန်းမာရေးကဏ္ဍတွေကို မြင့်တင်ပေးနိုင်တဲ့ ကျန်းမာရေးစနစ်တွေ ပိုပြီးတော့ ပါဝင်လာဖို့ ကြိုးစားဆောင်ရွက်သွားမှာပါ။

မေး။ ။ ဘယ်လိုပုံစံနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အကူအညီပေးတာပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့ လက်ရှိတော့ ကျမတို့ နယ်စပ်ဒေသမှာ ရှိတဲ့ တိုင်းရင်းသားဒေသ (၈) နေရာမှာ သူတို့ ဒေသခံ ကျန်းမာရေး ဌာနတွေ သို့မဟုတ် ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းတွေကနေပြီးတော့ တည်ထောင်ထားတဲ့ ဆေးခန်းလေးတွေ ရှိပါတယ်။ ဥပမာ ဆေးခန်းတခန်းဆိုရင် ကျမတို့က လူဦးရေ (၃) ထောင်ကနေပြီးတော့ (၄) ထောင်ကို လက်လှမ်းမီတဲ့ ရွာစုလေးမှာပေါ့ နော်၊ ဆေးရုံဆေးခန်းတွေ ဆောက်ပြီးတော့ အဲဒီဆေးရုံဆေးခန်းမှာ ဒီအဖြစ်များတဲ့ ရောဂါတွေကို ကုသရင်းနဲ့ တဆက်တည်းမှာပဲ ဒီဒေသခံ ကျန်းမာရေးဌာနတွေရဲ့ စွမ်းအင်မြှင့်တင်ရေးလုပ်ငန်းတွေကို အရည်အသွေးမြင့်တင်ရေးတွေ လုပ်ပေးတယ်။ နောက်တချိန်တည်းမှာပဲ အဲဒီဒေသတွေမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ကျမတို့ မှတ်တမ်းတင်ထားတာတို့၊ စာရင်းဇယား ပြုစုတာတို့ရှိပြီးတော့ ဒီရောဂါတွေကို ကာကွယ်နိုင်ဖို့၊ ကုသနိုင်ဖို့ နည်းလမ်းတွေကို ရှေ့ဆက်တဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆက်လက် ဆောင်ရွက်သွာတာမျိုးဖြစ်ပါတယ်။ အဲဒီ တိုင်းရင်းသားနေရာ (၈) နေရာက ကချင်၊ ပလောင်၊ ရှမ်း၊ ကရင်နီဒေသနဲ့ ကယားဒေသပေါ့နော်။ နောက် ကရင်၊ မွန်၊ ရခိုင် ရှိပါတယ်။

မေး။ ။ လူထုကို အခြေပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဆက်လက်ဆောင်ရွက်သွားဖို့ ညီလာခံက ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေက ဘာတွေပါလဲ။

ဖြေ။ ။ လူထုကို အခြေပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုတာကတော့ လူထုတွေကိုယ်တိုင်က မိမိဒေသမှာရှိတဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိလာပြီးတော့ ဒီကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရှေ့လုပ်ငန်းစဉ်တွေ ရေးဆွဲတာတို့ အစီအစဉ်ချမှတ်တာတို့၊ တချိန်တည်းမှာပဲ လူထုရဲ့ စွမ်းအားမြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာတို့ကို ဆိုလိုပါတယ်။ အဲဒီနေရာမှာ အထူးသဖြင့်တော့ ဒေသခံလူတွေရဲ့ အသိပညာတွေ၊ အတတ်ပညာတွေ တိုးတက် ဖွံ့ဖြိုးလာအောင် ကလေးတွေကို ကျောင်းနေစဉ်အရွယ်ကစပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိအမြင်တွေ၊ အလေ့အကျင့်တွေ၊ အပြုအမူတွေကို မြှင့်တင်မှုလုပ်ငန်းမှာ အများကြီး လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ တချိန်တည်းမှာပဲ အဲဒီဒေသထဲမှာရှိတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေနဲ့လည်း မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်တာမျိုးကို ဆိုလိုတာပါ။

မေး။ မြန်မာနိုင်ငံ နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသား ပြည်သူလူထုတွေရဲ့ ကျန်းမာရေးအခြေအနေ အဆင့်အတန်း ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ လက်ရှိနယ်စပ်ဒေသမှာ စာရင်းဇယားနဲ့ ခိုင်ခိုင်လုံလုံရှိတာကတော့ မြန်မာပြည်အရှေ့ပိုင်းဒေသ ကရင်ပြည်နယ် ရှမ်းပြည်နယ်၊ ကယားပြည်နယ်ဒေသတွေကိုတော့ သတင်းအချက်အလက် ပိုပြီးလက်လှမ်းမီတယ်။ အထူးသဖြင့်တော့ နယ်စပ်ဒေသမှာရှိတဲ့ လူထုတွေ အခြေအနေက အတင်းအဓမ္မပြောင်းရွှေ့ခံရခြင်းတို့၊ ရိက္ခာတွေ ဖျက်ဆီးခံရတာတွေ၊ နောက်တော့ စစ်တပ် အကြမ်းဖက်မှုကိစ္စမျိုးတွေ၊ အတင်းအဓမ္မလုပ်အားပေးခိုင်းတာတွေ အဲလိုမျိုး အကျိုးဆက်ကြောင့် ဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာပေါ့နော်။ အဲလိုအကျိုးဆက်ကြောင့် ကလေးတွေရဲ့ အာဟာရ ချို့တဲ့မှုနှုန်း မြင့်မားနေတာတို့ နောက်ပြီးတော့ အဖြစ်များတဲ့ရောဂါ၊ ကာကွယ်လို့ရတဲ့ ရောဂါတွေဖြစ်တဲ့ ငှက်ဖျားရောဂါ၊ ၀မ်းပျက် ၀မ်းလျှောရောဂါတွေ၊ အသက်ရှူလမ်းကြောင်းရောဂါတွေ အဲလိုရောဂါတွေကြောင့် အသေအပျောက်များတာကို တွေ့ရဆဲဖြစ်တယ်။ နောက်တချိန်တည်းမှာပဲ မိခင်နဲ့ ကလေးသေနှုန်းကို ကြည့်မယ်ဆိုရင်လည်း ပြည်တွင်းမှာ ရှိတဲ့စာရင်းဇယားထက်ကို ပိုပြီးတော့ မြင့်မားနေတယ်။ နိုင်ငံတကာမှာ အဆိုးဆုံး အခြေအနေဖြစ်တဲ့ ကွန်ဂိုနိုင်ငံတို့လို စစ်မဲ့ဖြစ်ပွားတဲ့ နေရာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့နေရာမှာတွေ့ရတဲ့ ကျန်းမာရေး စာရင်းဇယားတွေနဲ့လည်း တူညီနေတဲ့အတွက်ကြောင့် လက်ရှိ အရှေ့ပိုင်းဒေသရဲ့ ကျန်းမာရေးအခြေအနေက အဆိုးဆုံး အခြေအနေမှာရှိနေတယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ နယ်စပ်ဒေသမှာ အခြေခံကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ဆရာမဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အခြေခံကျန်းမာရေးကတော့ သူတို့ရဲ့ မွေးရပ်မြေဒေသမှာ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နိုင်ဖို့ကတော့ လူထုရဲ့ အဓိက လိုအပ်ချက်ပါပဲ။ သူတို့ရဲ့ နေရာတွေကို မရွှေ့မပြောင်းဘဲနဲ့ သူတို့ရဲ့ အလုပ်အကိုင်တွေ သူတို့ အေးအေးဆေးဆေး လုပ်နိုင်မယ်ဆိုရင် သူတို့ကျန်းမာရေးဘက်ကလည်း ပိုပြီးတော့ ထိန်းချုပ်မှုတွေကောင်းလာမယ်။ သားသမီးတွေရဲ့ ပညာ ရေးကလည်း ကောင်းလာပြီးတော့ တဖြည်းဖြည်း ကျန်းမာရေး၊ ပညာရေးအဆင့်အတန်း ပိုပြီးတော့ မြင့်မားလာမယ်။ နောက် တချိန်တည်းမှာပဲ လူထုတွေရဲ့ ကျန်းမာရေး အသိပညာတွေ၊ လူမှုရေး မြင့်မားမှုတွေဟာ ရေရှည်အတွက် တည်တံ့ခိုင်မြဲတဲ့ ကျန်းမာရေးစနစ်တွေ တည်ဆောက်နိုင်ဖို့ အရေးကြီးတယ်။ လူထုအနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ်ဒေသမှာ တည်တည်ငြိမ်ငြိမ်နဲ့ အခွန်ကြေးကောက်ခံတာတွေ၊ အတင်းအဓမ္မ လုပ်အားစေခိုင်းမှုတွေ မရှိဘဲနဲ့ ကိုယ့်ရဲ့ဒေသမှာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ကြတဲ့ အခြေအနေရှိပြီး ဒေသမှာရှိတဲ့ အရင်းအမြစ်တွေကိုလည်း ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ အကျိုးရှိရှိအသုံးချနိုင်မယ်ဆိုရင်တော့ ကျန်းမာရေး အဆင့်အတန်းတွေ မြင့်မားလာမှာဖြစ်ပါတယ်။ ကျန်မာရေးစောင့်ရှောက်မှု အနေအထားနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ အဆင့်အတန်းဟာ အရှေ့တောင်အာရှ ဒေသမှာ မိခင်သေနှုန်း၊ ကလေးသေနှုန်း အမြင့်မားဆုံး နိုင်ငံတခုမှာရှိပါတယ်။

http://www.khitpyaing.org/interviews/2010/March/4310.php



ပြိုင်တူတွန်းဖို့ လိုသေးသည်

ဇင်လင်း

၎/ မတ် ၂၀၁၀

၂၀၁၀ ဖေဖော်ဝါရီ (၂၄၊ ၂၅၊ ၂၆) ရက်တွေမှာ ကျင်းပခဲ့တဲ့ သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂညီလာခံ ပြီးဆုံးသွားပါပြီ။

မြန်မာသတင်းသမဂ္ဂ သတ္တမအကြိမ်ညီလာခံမှာ ထူးခြားချက်တချို့ကို တွေ့ရပါတယ်။ ပထမနေ့မှာ သတင်းစာဆရာကြီး လူထုစိန်ဝင်းနဲ့ ဆရာဦးဝင်းဖေတို့ရဲ့ ဗွီဒီယိုအမှာစကားများ၊ ဒုတိယနေ့မှာ ဆရာမောင်စွမ်းရည်ရဲ့ ဗွီဒီယိုအမှာစကား၊ တတိယနေ့မှာ ၀ါရင့်ဂီတပညာရှင် ဒေါ်မာမာအေးရဲ့ ဗွီဒီယိုအမှာစကား စသည်တို့ကို ညီလာခံမှာ တင်ဆက်နိုင်ခဲ့ပါတယ်။ ရှေ့မျိုးဆက်နဲ့ နောက်မျိုးဆက်တို့ရဲ့ အပြန်အလှန် အားပြုချိတ်ဆက်မှု စေတနာဆက်ထုံးကို ဖော်ပြတဲ့အစီအစဉ်လို့ ဆိုနိုင်ပါတယ်။

တခါ ဒီနှစ် ‘ကင်ဂျီနာဂအိ’ အမှတ်တရဆုကလည်း တနည်းတဖုံ ထူးခြားပါတယ်။ အမှန်က နှစ်စဉ် ထိုက်တန်တဲ့ သတင်းသမားတဦးကို ရွေးချယ်ဆုပေးဖို့ဖြစ်ပေမယ့် လက်ရှိအခြေအနေအရ ထောင်နှစ်ရှည်ချမှတ်ခံရတဲ့ သတင်းထောက်က (၂) ယောက်မက တွေ့ရပါတယ်။ အဲဒီထဲကမှ ကိုဝင်းမော် ထောင်ဒဏ် (၁၇) နှစ်နဲ့ မလှလှဝင်း ထောင်ဒဏ် (၂၇) နှစ်တို့ကို အင်တာနက်မှာ ဆန္ဒမဲပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ကင်ဂျီနာဂအိရဲ့ မိခင်သတင်းဌာနဖြစ်တဲ့ ‘အေပီအက်ဖ်’ ကလည်း (၂) ဦးလုံးကို ဆုပေးသင့်ကြောင်း သဘောတူတဲ့အတွက် ဒီနှစ်ညီလာခံမှာ ဘ၀နဲ့ရင်းပြီး သတင်းယူခဲ့ကြတဲ့ ကိုဝင်းမော်နဲ့ မလှလှဝင်းတို့ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံက အစပြုလို့ လူထုသတင်းသမားတွေအဖြစ် တာဝန်ကျေခဲ့ကြတဲ့ မြန်မာဘလော့ဂါတွေရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လိုတဲ့အတွက် အကောင်းဆုံး ‘မြန်မာဘလော့ (၁၀) ခု’ ကိုလည်း အင်တာနက်မှာပဲ မဲပေးရွေးချယ်တဲ့စနစ်နဲ့ ရွေးချယ်ပြီး ဆုချီးမြှင့်ခဲ့ပါတယ်။ ဘလော့ဂါဆုတွေကို နယ်စည်းမခြား သတင်းသမားများအဖွဲ့ (Reporters San Frontiers) က တာဝန်ယူချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့နောက်ထူးခြားချက်တခုက ရွေးကောက်ပွဲနဲ့ စပ်လျဉ်းတဲ့ စိတ်ဝင်စားမှု သြဇာသက်ရောက်လွန်းနေတဲ့အချက်ပါပဲ။ သတင်းသမဂ္ဂ ညီလာခံအပေါ်လည်း ရွေးကောက်ပွဲသြဇာလွှမ်းမိုးမှု ကြီးမားတာတွေ့ရပါတယ်။ နိုင်ငံတကာ သတင်းစာဆရာတွေဖြစ်ကြတဲ့ လာရီဂျေဂင် (Larry Jagan) နဲ့ မာရ၀န်း မာကန်မာကာ (Marwaan Marcan-Marker) တို့က ၂၀၁၀ ခုနှစ်မှာ ဖြစ်လာစရာရှိတဲ့ မြန်မာ့ရွေးကောက်ပွဲရဲ့ အခြေအနေနဲ့ အလားအလာတွေကို နိုင်ငံတကာရွေးကောက်ပွဲများနဲ့ နှိုင်းယှဉ်တင်ပြကြပါတယ်။

ဒီ့အပြင် ‘အာရှ ရွေးကောက်ပွဲလွတ်လပ်မှု စောင့်ကြည့်ရေးကွန်ရက်’ (ANFREL) ကိုယ်စား အီချာဆူပရီယာဒီ (Ichal Supriayadi) နဲ့ ဘီဒယတ်ဒတ်စ် (Bidhayak Das) တို့ကလည်း ညီလာခံတက်လာတဲ့ မြန်မာသတင်းစာဆရာများကို ‘ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး နည်းနာများ’ နဲ့ မိတ်ဆက်ပေးပါတယ်။ တခါ ‘ထိုင်းနိုင်ငံသတင်းစာဆရာများအသင်း’ (TJA) ကိုယ်စားလှယ် ချာဗရွန်လင်ပတ္တမာပနီ (Chavarong Limpattamapanee) က ထိုင်းသတင်းမီဒီယာများအနေဖြင့် မြန်မာ့ရွေးကောက်ပွဲကို ကမ္ဘာကသိအောင် စောင့်ကြည့်သတင်းပေးပို့ကာ အကူအညီပေးနိုင်ပုံကို တင်ပြပါတယ်။ ‘အရှေ့တောင်အာရှသတင်းစာမဟာမိတ်အဖွဲ့’ (SEAPA) ကိုယ်စားလှယ် မစ္စကူလချဒါ ချိုင်ပီပတ် (Ms.Kulachada Chaipipat) က မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်သတင်းဖော်ပြကြမည့် အရှေ့တောင်အာရှဒေသအတွင်းရှိ သတင်းစာနဲ့ သတင်းမီဒီယာအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍအရေးပါပုံကို တင်ပြပါတယ်။

ရွေးကောက်ပွဲအတွေ့အကြုံနဲ့ ပတ်သက်ပြီး ဇင်ဘာဘွေနိုင်ငံက သတင်းစာသမား (၂) ဦးဖြစ်တဲ့ မစ္စဂယ်ရီဂျက်ဆင် (Ms.Jerry Jackson) နဲ့ မစ္စ၀ိုင်အိုလက်ဂွန်ဒါ (Violet Gonda) တို့ကလည်း သူတို့နိုင်ငံရဲ့ ရွေးကောက်ပွဲကာလ သတင်းရယူပေးပို့ပုံတွေ လာရောက်တင်ပြ ဆွေးနွေးခဲ့ပါသေးတယ်။ ထူးထူးခြားခြား သူတို့ကဏ္ဍကို မြန်မာသတင်းသမားတွေ တော်တော်စိတ်ဝင်တစား ဆွေးနွေးမေးမြန်းကြတာ တွေ့ရပါတယ်။ နိုင်ငံတကာသတင်းသမားများရဲ့ ရွေးကောက်ပွဲသတင်းယူ အတွေ့အကြုံတွေကို မြန်မာသတင်းသမားတွေ သိရှိမှတ်သားစရာ မျှဝေတာဖြစ်လို့ တန်ဖိုးရှိတဲ့ ဗဟုသုတတွေဖြစ်ပါတယ်။ မြန်မာသတင်းသမားတွေ သိရှိလိုတဲ့ အချက်များကိုလည်း အပြန်အလှန် ဆွေးနွေးခွင့် မေးမြန်းခွင့်တွေရရှိတဲ့အတွက် အကျိုးများတယ်လို့ ဆိုရမှာပါပဲ။

သတင်းလောကသားတွေ အပါအ၀င် လူအများ စိတ်ဝင်စားမှုအရှိဆုံးလို့ပြောရမယ့် အစီအစဉ်ကတော့ ညီလာခံ ဒုတိယနေ့ရဲ့ မွန်းလွဲပိုင်း အစီအစဉ်ဖြစ်တဲ့ “မြန်မာ့နိုင်ငံရေးနဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ဆွေးနွေးခန်း” ဖြစ်ပါတယ်။ အစီအစဉ်ကို တာဝန်ယူ တင်ဆက်သူက ဗွီအိုအေ ရုပ်သံအဖွဲ့ဖြစ်ပါတယ်။ ဦးကျော်ဇံသာက ကြီးကြပ်သူအဖြစ် ဆောင်ရွက်ပါတယ်။ ပါဝင်ဆွေးနွေးသူတွေကတော့ ဒီမိုကရေစီပါတီခေါင်းဆောင် ဦးသုဝေ၊ ပြည်တွင်း NGO တခုမှာ တာဝန်ထမ်းနေတဲ့ ဒေါက်တာခင်ဇော်ဝင်း၊ မြန်မာသတင်းသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်မြင့်၊ ဦးမောင်မောင် (NCUB) တို့ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးကြသူတွေရဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမြင်တွေကို ဦးကျော်ဇံသာက မေးမြန်းဖော်ထုတ်ပါတယ်။ သူတို့အမြင်တွေကို ပရိသတ်က ဝေဖန်ဆွေးနွေးပါတယ်။ ညီလာခံခန်းမထဲမှာတင်မက မြန်မာနိုင်ငံအတွင်းနဲ့ နိုင်ငံတကာအထိ ဂယက်ရိုက်ခတ်သွားစေခဲ့တဲ့ ဆွေးနွေးဝိုင်းလို့ ဆိုလောက်ပါတယ်။ အမြင်အယူအဆတွေနဲ့ ပတ်သက်လို့ သဘောကွဲလွဲမှုတွေ ကြီးကြီးမားမား ရှိခဲ့တာကတော့ အမှန်ပါပဲ။ မြန်မာသတင်းသမဂ္ဂက ညီလာခံခန်းမကို (၂) နာရီခန့် အသုံးပြုခွင့်ပေးခဲ့ပြီး ဗွီအိုအေသတင်းဌာနက ဒီဆွေးနွေးခန်းဖြစ်မြောက်အောင် ကမကထလုပ်ခဲ့တာဖြစ်ပါတယ်။ ဗွီအိုအေရဲ့ ရည်ရွယ်ချက်က လွတ်လပ်စွာပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ နယ်ပယ်အ၀န်းအ၀ိုင်းကို ချဲ့ထွင်ကြည့်လိုက်တဲ့သဘောလို့ ဆိုနိုင်ပါတယ်။

နောက် ပရိသတ်စိတ်ဝင်စားမှုရှိတဲ့ အခန်းကဏ္ဍတွေကတော့ ‘တိုင်းရင်းသားမီဒီယာ၏ အခန်းကဏ္ဍ’ (နိုင်ကဆော့မွန်)၊ ‘မီဒီယာနှင့် လိင်ခွဲခြားမှုပြဿနာ’ (ဒေါ်တင်တင်ညို)၊ ‘မီဒီယာကျင့်ဝတ်နှင့် ဆရာဝန်ကျင့်ဝတ်’ (ဒေါက်တာထင်ဇော်)၊ ‘အာဏာရှင်အောက်က မြန်မာ့ကာတွန်းလောက’ (ရဲခေါင်မဲမောင်)၊ ‘ရာစုနှစ်ဝက်အတွင်း မြန်မာကဗျာနာကျင်မှု’ (ကဗျာဆရာ ငြိမ်းဝေ)၊ ‘လူ့အခွင့်အရေး၊ အမျိုးသမီးနှင့် ကလေးအခွင့်အရေးကာကွယ်ရာ၌ မီဒီယာ၏ အခန်းကဏ္ဍ’ (ဦးအောင်မျိုးမင်း)၊ ‘စာနယ်ဇင်းသမား လုပ်ချင်၏၊ အမှန်တရားကို ဆုပ်ကိုင်ရဲဝံ့ မရဲဝံ့’ (စာရေးဆရာ စိုးနေလင်း) အစရှိတဲ့ အကြောင်းအရာများ ဖြစ်ပါတယ်။ ဒါ့အပြင် ‘မြန်မာအွန်လိုင်းမီဒီယာများ၏ လုံခြုံမှုနှင့် ဖြစ်လာနိုင်သည့် အွန်လိုင်းတိုက်ခိုက်မှုများ’ (အိုင်တီပညာရှင်တဦး)၊ ‘မြန်မာအွန်လိုင်း မီဒီယာများနှင့် ဧရာယူနီကုဒ်စနစ်’ (ဦးမင်းကျော်)၊ ‘ကွန်ပြူတာ၊ မာလ်တီမီဒီယာနှင့် နည်းပညာများ’ (မစ္စတာ ဘားမား)၊ ‘မြန်မာဘလော့ဂါများနှင့် မြန်မာမီဒီယာ’ (ဦးမင်းဒင်) တို့ တင်ပြဆွေးနွေးကြတဲ့ ကွန်ပြူတာနည်းပညာဆိုင်ရာ အခန်းကဏ္ဍတွေကိုလည်း ပရိသတ် စိတ်ဝင်စားတာ တွေ့ရပါတယ်။

ဒီနှစ်ညီလာခံ အထိမ်းအမှတ်အနေနဲ့ မြန်မာသတင်းသမဂ္ဂက စာအုပ် (၃) အုပ် ထုတ်ဝေနိုင်ခဲ့ပါတယ်။ အဲဒီစာအုပ်တွေကတော့ ဆရာလူထုစိန်ဝင်းရဲ့ ‘လူထုရနံ့စာစုများ’၊ ကာတွန်းဝင်းထွန်း ခေါ် Mr Burma ရဲ့ ‘ဒါ ဗမာပြည်’၊ မြန်မာသတင်းသမဂ္ဂ အဖွဲ့သားများ စုစည်းတင်ပြတဲ့ ‘ရွေးကောက်ပွဲနှင့် သတင်းထောက်မှတ်စု’ စာအုပ်တွေ ဖြစ်ပါတယ်။ တအုပ်ကို စောင်ရေ (၅၀၀) စီ ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေခဲ့ပါတယ်။ ပုံနှိပ်ထုတ်ဝေမှု ကုန်ကျစရိတ်ကို National Endowment for Democracy (NED) က ကူညီပံ့ပိုးခဲ့ပါတယ်။

မြန်မာသတင်းသမဂ္ဂ အလုပ်အဖွဲ့အနေနဲ့ တနှစ်မှာတခါ ညီလာခံကျင်းပနိုင်ရေးအတွက် စိတ်ဖိစီးမှုတွေ အတော်များများကို ရင်ဆိုင်ပြီး လုံးပန်းခဲ့ကြရတယ်ဆိုရင် မမှားပါဘူး။ ကမ္ဘာ့နိုင်ငံ (၁၁) နိုင်ငံလောက်မှာ ပျံ့နှံ့ရောက်ရှိနေကြတဲ့ မိတ်ဆွေရောင်းရင်း ရဲဘော်ရဲဘက် လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း ပြန်ဆုံနိုင်အောင်၊ အမြင်တွေ ဖလှယ်နိုင်အောင် စုစည်းညီညွတ်မှု ရအောင်လုပ်တဲ့ ညီလာခံလို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ ညီလာခံပြီးချိန်မှာတော့ ထုံးစံအတိုင်း ဝေဖန်သံတွေ ထောင့်အသီးသီးက ထွက်လာပါတယ်။

ယေဘုယျအားဖြင့်တော့ ဝေဖန်ရေးလုပ်တာ ကောင်းပါတယ်။ ကြိုဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဝေဖန်သူရဲ့ စိတ်ရင်းစေတနာ မှန်ကန်ဖို့ကလည်း အထူးအရေးကြီးပါတယ်။ ဒီ့ထက်ပိုအရေးကြီးတာက အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝေဖန်ရေးလည်းလုပ်၊ လက်တွေ့ကျတဲ့ ပါဝင်ပံ့ပိုးမှုတွေလည်း လုပ်ကြမယ်ဆိုရင်တော့ ပိုပြီးဆီလျော်မယ်ထင်ပါတယ်။ အနည်းဆုံး သမဂ္ဂအဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ကြ၊ နိုင်ငံအခြေအနေအလိုက် အနည်းဆုံး သတ်မှတ်ထားတဲ့ အဖွဲ့ဝင်ကြေးလည်း ထည့်ဝင်ကြမယ်ဆိုရင် “မြန်မာသတင်းသမဂ္ဂ” ဟာ အတော်အတန် အားကောင်းတဲ့ အဖွဲ့ဖြစ်လာဖို့ရှိပါတယ်။

(၇) နှစ်သားဖြစ်လာတဲ့အထိ မြန်မာသတင်းသမဂ္ဂဟာ ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးလာခြင်းမရှိဘူးလို့ ဝေဖန်ရင်လည်း မှန်နေတာကြောင့် ခံရမှာပါပဲ။ ဒါပေမယ့် စေတနာမှန်တဲ့ ဝေဖန်ရေးဆိုရင်တော့ တဖက်သတ် အပြစ်ဖို့တာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ အဆိုးအကောင်းကို မျှမျှတတ မီးမောင်းထိုးပြပြီး ရလဒ်ကောင်းရှိရင်လည်း အသိအမှတ်ပြုဖို့ လိုပါတယ်။ ပြုပြင်စရာတွေ့ရင်လည်း အကျိုးသင့် အကြောင်းသင့် အကြံပြုသင့်ပါတယ်။

မြန်မာသတင်းသမဂ္ဂအဖွဲ့မှာ ရုံးခန်းမရှိပါ။ လစာနဲ့ အမြဲခန့်ဝန်ထမ်းမရှိပါ။ မြန်မာသတင်းသမဂ္ဂမှာ ပါဝင်ဆောင်ရွက်နေကြသူ များဟာ တယောက်တနိုင်ငံစီမှာ နေကြသူတွေဖြစ်ပြီး အင်တာနက်ကောင်းမှုကြောင့် စုပေါင်းစဉ်းစား အမြင်ဖလှယ်၊ စုပေါင်းတိုင်ပင် လုပ်ငန်းစဉ်ရေးဆွဲ၊ စုပေါင်းတာဝန်ယူ စသည်ဖြင့် စေတနာ့ဝန်ထမ်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ငွေကြေးအကျိုးရလဒ် တခုခုကို မြော်မြင်ပြီး ပါဝင်လုပ်ဆောင်နေကြတာမျိုး မဟုတ်ပါ။ ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုရင် စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်ဖို့လိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ပိုမိုတိုးတက်ရရှိလာရေး၊ မြန်မာသတင်းမီဒီယာနယ်ပယ်မှာ တာဝန်ထမ်းနေကြတဲ့ သတင်းလောကသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေ တိုးတက်ရရှိရေး၊ မြန်မာသတင်းသမားများနဲ့ သတင်းလုပ်ငန်းများရဲ့ အရည်အသွေး ခေတ်မီတိုးတက်မြင့်မားရေး၊ နိုင်ငံတကာသတင်းမီဒီယာဆိုင်ရာ အဖွဲ့အစည်းများနဲ့ မြန်မာသတင်း လောကသားတို့ ပိုမိုထိတွေ့ ဆက်သွယ်နိုင်ရေး၊ နိုင်ငံတကာသတင်းစာလွတ်လပ်ခွင့် လှုပ်ရှားမှုတွေမှာ မြန်မာသတင်းသမားတွေလည်း ပူးပေါင်းပါဝင်နိုင်ရေး အစရှိတဲ့ ရည်မှန်းချက်တွေနဲ့ မည်သည့်လာဘ်လာဘကိုမျှ မမြော်မြင်ဘဲ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

နှစ်စဉ် မြန်မာသတင်းသမဂ္ဂညီလာခံတိုင်းမှာ အဖွဲ့ဝင်ကြေးများ ထည့်ဝင်ပြီး အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ကြဖို့ အမြဲနှိုးဆော်ခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့ဝင်ကြေး ထည့်ဝင်မှတ်ပုံတင်သူ အရေအတွက်ဟာ မျှော်မှန်းသလောက် ဖြစ်မလာခဲ့ပါဘူး။ ညီလာခံ နီးလာရင်တော့ ညီလာခံတက်ချင်သူတွေ ဖိတ်စာမရလို့ မေးလာသူတွေကတော့ ဒုနဲ့ဒေးလို့ ပြောနိုင်ပါတယ်။ မြန်မာသတင်းသမဂ္ဂကတော့ လက်လှမ်းမီသလောက် မြန်မာမီဒီယာသမားတွေ ကျန်နေရစ်တာမျိုး မဖြစ်ရအောင် ဂရုစိုက်ဖိတ်လေ့ရှိပါတယ်။ ဒါကြောင့် နိုင်ငံ (၁၁) နိုင်ငံက မြန်မာသတင်းသမား (၁၅၀) ထက်မနည်းကို ဖိတ်ကြားခဲ့ပါတယ်။ ခရီးစရိတ်သိပ်ကြီးလို့ မတတ်သာဘဲ ချန်ခဲ့ရသူတချို့တော့ ရှိပါတယ်။

နောက်တချက်က ညီလာခံအပိတ်နေ့မှာ အဖွဲ့ဝင်တွေ စုံစုံညီညီ အစည်းအဝေးတက်ရောက်ကြဖို့ တင်ကြိုအသိပေး ဆော်သြခဲ့ပေမယ့်လည်း တက်တက်ကြွကြွ တက်ရောက်လာတာ မတွေ့ရပါဘူး။ တကယ်တော့ အပြင်မှာ တာဝန်မဲ့ အပြစ်တင်မယ့်အစား အစည်းအဝေးတက်လာပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြတာမျိုးက ပိုပြီး အပြုသဘော ဆောင်ပါတယ်။ ဒါ့အပြင် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းရေးအတွက် ဒီမိုကရေစီနည်းကျ မဲဆန္ဒပေး ရွေးချယ်ရာမှာလည်း ကိုယ်တိုင်ပါဝင်ရမှာ ဖြစ်ပါတယ်။ လက်ရှိအလုပ်အမှုဆောင်တွေ လုပ်ပုံကိုင်ပုံကို အားမရရင် ကိုယ်တိုင်ပါဝင် လုပ်ဆောင်နိုင်ခွင့်ရှိပါတယ်။ အဲဒီလို လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ တက်ကြွတဲ့ အမှုဆောင်အသစ်တွေ မြန်မာသတင်းသမဂ္ဂအတွက် လိုပါတယ်။

ဝေဖန်ရေးလည်း လုပ်မယ်၊ ကိုယ်တိုင်လည်း ၀င်လုပ်ကြည့်မယ်ဆိုရင် အားနည်းချက် အားသာချက် အခွင့်အလမ်းနဲ့ အလားအလာတွေကို ကိုယ်တိုင်မြင်လာ သိလာမှာဖြစ်ပါတယ်။ ဒါကြောင့် အပြင်ကနေ ထင်ကြေးနဲ့ ဝေဖန်နေတာမျိုးထက် အတွင်းစည်းထဲကို အဖွဲ့ဝင်အဖြစ် ၀င်ပါပြီး အလုပ်လုပ်ရင်း ဝေဖန်အကြံပေးကြမယ်ဆိုရင် မြန်မာသတင်းသမဂ္ဂဟာ လက်ရှိအခြေအနေထက် ပိုမိုဖွံ့ဖြိုးလာမယ်ထင်ပါတယ်။

ဒါပေမယ့် ၀မ်းနည်းဖို့ကောင်းတာက ဒီနှစ် မြန်မာသတင်းသမဂ္ဂအစီရင်ခံစာ တင်ပြချိန်၊ သမဂ္ဂဖွဲ့စည်းပုံဆိုင်ရာ ဆွေးနွေးချိန်၊ အမှုဆောင်သစ် ရွေးကောက်တင်မြှောက်ကြရမယ့်အချိန်မှာ အစည်းအဝေးတက်သူ တဒါဇင်တောင် မပြည့်တော့ပါဘူး။ ညီလာခံစရိတ်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ညီလာခံတက်ဖို့ ရောက်လာခဲ့ကြတာပါပဲ။ ဒါပေမယ့် ရောက်တုန်းရောက်ခိုက် ကိုယ်အာရုံကျရာ နေရာဒေသ၊ လူပုဂ္ဂိုလ်တို့ဆီကို သွားလိုစိတ်က ညီလာခံကိစ္စအပေါ် လွှမ်းမိုးသွားပုံရပါတယ်။ ဒီတော့ ညီလာခံမှာတင်ပြတဲ့ မြန်မာသတင်းသမဂ္ဂအစီရင်ခံစာကို နားမထောင်ဖြစ်သူက အများစုဖြစ်သွားပါတယ်။ သတင်းသမဂ္ဂရဲ့ တနှစ်တာခရီးအတွင်း ကောင်းကျိုးဆိုးပြစ်တွေကို ဝေဖန်သူမရှိ ဖြစ်သွားပါတယ်။

အများစု ညီလာခံပြင်ပရောက်နေတော့ သူတို့ရဲ့ ပြောဆိုဝေဖန် ဆွေးနွေးပိုင်ခွင့်တွေ ဆုံးရှုံးသွားပါတယ်။ ဒီဆုံးရှုံးမှုဟာ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ဆုံးရှုံးမှုမျှသာမကပါဘူး။ အဖွဲ့အစည်းအတွက် မြန်မာသတင်းလောကအတွက် ဆုံးရှုံးမှုလို့လည်း ပြောနိုင်ပါတယ်။ ပထမဆုံးရှုံးမှုက ညီလာခံမှာ ဒီမိုကရေစီကျင့်စဉ်အရ အမှုဆောင်အဖွဲ့သစ်ရွေးချယ်ဖို့ အခွင့်အရေး ရရှိပါလျက်နဲ့ မကျင့်သုံးလိုက်နိုင်ဘူး။ ဒုတိယဆုံးရှုံးမှုက ညီလာခံကနေ လုပ်ငန်းလမ်းညွှန်မှုအစီအစဉ် အချိန်ဇယား စသည်ဖြင့် မချမှတ်နိုင်ဘူး။ ဒီဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ခဲ့ရင် အဖွဲ့အစည်းဟာ လက်ရှိအခြေအနေထက် ပိုမိုသွက်လက် ထက်မြက်လာစရာရှိတယ်လို့ ယုံကြည်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အမျိုးသားရေးအတွက် ပိုပြီး စည်းကိုက်ဝါးကိုက်လည်း အလုပ်လာနိုင်ကြမှာဖြစ်ပါတယ်။

ဒါကြောင့် သတ္တမအကြိမ် မြန်မာသတင်းသမဂ္ဂညီလာခံရဲ့ အားအနည်းဆုံးအချက်ကို ထောက်ပြပါဆိုရင် ဒီမိုကရေစီနည်းကျ အလုပ်အမှုဆောင်အဖွဲ့သစ်ကို ညီလာခံမှာ ရွေးချယ်တင်မြှောက်မှု မလုပ်နိုင်တဲ့ အချက်ကို ထောက်ပြရမှာပါပဲ။ “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” လို့ ပြောတတ်ကြပေမယ့် ယခုထိ ပြိုင်တူတွန်းဖို့ ပျက်ကွက်နေကြတုန်းပါပဲ။ မြန်မာသတင်းလောကသားအားလုံးမှာ တာဝန်ရှိတယ်လို့ ခံစားနားလည်မိပါတယ်။ ။

http://www.khitpyaing.org/articles/2010/March/4310.php



ဒီမိုကရက်တစ်ရှာပုံတော်

စိုးမိုး

၎/ မတ် ၂၀၁၀

“တိုင်းပြည်တခုရဲ့ လွတ်လပ်စွာ သတင်းရယူ ရေးသားဖော်ပြခွင့် သတင်းလွတ်လပ်ခွင့်က အဲဒီတိုင်းပြည် ဒီမိုကရေစီ ဘယ်လောက်ထွန်းကားတယ်ဆိုတာကို ပြသတာပဲဖြစ်တယ်”

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကျင်းပပြီးစီးသွားတဲ့ မြန်မာသတင်းသမဂ္ဂညီလာခံမှာ နိုင်ငံတကာက မြန်မာသတင်းသမားများ၊ နိုင်ငံရေးသမားများ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ၀ိုင်းဝန်းဆွေးနွေးကြတဲ့ “သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေး” အကြောင်း ဆွေးနွေးခန်းတခုမှာ ဗွီအိုအေသတင်းဌာနက အယ်ဒီတာ ဦးကျော်ဇံသာ ပြောကြားခဲ့တဲ့ စကားဖြစ်ပါတယ်။

မြန်မာသတင်းသမဂ္ဂညီလာခံဟာ ၀ါရင့်သတင်းသမားကြီးတွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ မျိုးဆက်သစ်သတင်းသမားတွေ အကောက်အယူ အားပြိုင်ကြတဲ့ ညီလာခံတခုဖြစ်ပါတယ်။ ဒီညီလာခံမှာ ဗွီအိုအေသတင်းဌာက မြန်မာ့ဝါရင့်နိုင်ငံရေးသမားကြီး ဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက ဦးသုဝေ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာခင်ဇော်ဝင်းတို့ကို ပြည်တွင်းကနေ ဖိတ်ကြားပြီး စကားဝိုင်း ဆွေးနွေးပွဲတခု စီစဉ်ခဲ့ပါတယ်။

ပြည်တွင်းနိုင်ငံရေးသမားတွေကို ဖုန်းနဲ့ မေးမြန်းရုံလောက်ပဲ အခြေအနေပေးတဲ့ အချိန်အခါမျိုးမှာ ဦးသုဝေလို ပြည်တွင်းက နိုင်ငံရေးသမားကြီးကို အခုလို မြန်မာသတင်းသမဂ္ဂညီလာခံမှာ လူကိုယ်တိုင် တွေ့ဆုံမေးမြန်းခွင့်ရမှာဆိုတော့ ပြည်ပအခြေစိုက် သတင်းဌာနတွေအနေနဲ့ ရတဲ့အခွင့်အရေးကို လက်လွတ်မခံနိုင်ကြပါဘူး။ ဗွီအိုအေကလည်း ညီလာခံတက်ရောက်လာတဲ့ သတင်းဌာနက ပုဂ္ဂိုလ်တွေကို လွတ်လပ်စွာ သတင်းရယူ ဖော်ပြခွင့်ပြုပြီး တက်ရောက်လာသူအားလုံးကို ပါဝင်ဆွေးနွေးမေးမြန်းကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

“ကျနော့်အနေနဲ့ ဘာမှ အကန့်အသတ်မရှိဘူး။ လွတ်လပ်စွာ သတင်းရယူနိုင်ပါတယ်။ ဓာတ်ပုံ ရိုက်ယူနိုင်ပါတယ်။ အခုချိန်မှာပဲ တိုက်ရိုက်လွှင့်ထုတ်နိုင်သူတွေ ရှိရင်လည်း ကြိုဆိုပါတယ်” လို့ ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက ကြေညာပြီး စကားဝိုင်းဆွေးနွေးပွဲကို စတင်လိုက်ပါတယ်။

ဒီအချိန်မှာပဲ တက်ရောက်လာကြတဲ့ သတင်းသမားများက ကင်မရာ အကြီးအသေး ကိုယ်စီကိုင်ပြီး စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရာ စားပွဲအနီးကို အပြေးအလွှား ရောက်ရှိလာကြပါတော့တယ်။ တီဗွီသတင်းထောက်တဦးက စားပွဲဝိုင်းဆွေးနွေးဝိုင်း အလယ်မှာ ၀င်နေရာယူပြီး ဆွေးနွေးပွဲ တက်ရောက်လာတဲ့ ၀ိုင်းထိုင်သူတွေကြားမှာ မတ်တပ်ရပ်ပြီး အပီအပြင် ရိုက်ကူးပါတော့တယ်။ ဓာတ်ပုံဆရာများကလည်း တီဗွီကင်မရာရှေ့က ပိတ်ကာကာ အပီအပြင် ရိုက်ကူးကြပါတော့တယ်။

နိုင်ငံတကာ စကားဝိုင်းဆွေးနွေးပွဲတွေမှာ တက်ရောက်သတင်းရယူသူ ဓာတ်ပုံ၊ ဗွီဒီယိုသတင်းထောက်တွေကတော့ ဆွေးနွေးပွဲတက်ရောက်လာသူတွေကို အနှောင့်အယှက်မဖြစ်အောင် စည်းကမ်းအတိအကျလိုက်နာပြီး သတ်မှတ်နေရာကသာ ဓာတ်ပုံရိုက်ကြ၊ ဆွေးနွေးသူတွေရှေ့က ဖြတ်ချင်ရင်လည်း အတတ်နိုင်ဆုံး အနှောင့်အယှက်မဖြစ်အောင် ကိုယ်ကိုကိုင်းပြီး ငုံ့ပြီး ကုန်းကုန်းကွကွ ပိပိရိရိ ရယူကြတာ တွေ့ရပါတယ်။

မြန်မာသတင်းသမားတွေကတော့ စင်မြင့်ပေါ်တက်လျှောက်နေတဲ့ ကိုယ်ဟန်ပြ မောင်မယ်တွေလို၊ မော်ဒယ်တွေလို လွတ်လွတ်လပ်လပ်ကြီးကို ဓာတ်ပုံ၊ ဗွီဒီယိုတွေ ရိုက်ကူးခဲ့ကြတာ တွေ့ရပါတယ်။ စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်လာသူများက ဦးဆောင်ဆွေးနွေးနေသူတွေနဲ့ ဓာတ်ပုံ၊ တီဗွီရိုက်ကူးသူတွေကို အလယ်မှာထားပြီး ၀ိုင်းထိုင်နေရတဲ့အတွက် ပန်ချီဆရာ မျက်စိနဲ့ကြည့်ရင် စကားဝိုင်းဆွေးနွေးပွဲနဲ့မတူဘဲ ရုပ်ရှင်ရိုက်ကွင်းတခုကို ထိုင်ကြည့်နေကြရသလို ဖြစ်နေပါတယ်။

ဆွေးနွေးပွဲက အကြိတ်အနယ်ပင်။ တက်ရောက်လာသူ အများစုရဲ့ အားတက်သရော ဆွေးနွေးမေးမြန်းသမျှကို ဦးဆောင်ဆွေးနွေးသူများက ပြန်လှန်ချေပဆွေးနွေးပြီး အချိန် (၂) နာရီလောက်အကြာမှာ ဆွေးနွေးပွဲကို အပြီးသတ် ရပ်နားလိုက်ပါတယ်။

ဆွေးနွေးပွဲကို ရပ်နားလိုက်ပေမယ့် ဗွီအိုအေက တာဝန်ယူ စီစဉ်ဖိတ်ကြားတဲ့ နိုင်ငံရေးသမားကြီး ဦးသုဝေ အပါအ၀င် ဒေါက်တာခင်ဇော်ဝင်းနဲ့ အန်စီယူဘီမှ ဦးမောင်မောင်တို့ကတော့ သတင်းထောက်များ၊ အမှတ်တရ ဓာတ်ပုံရိုက်သူများကြားက မထွက်နိုင်သေးဘဲ တရုန်းရုန်းနဲ့ အလုပ်ဖြစ်နေကြပါတယ်။ ဒီမြင်ကွင်းကို ကြည့်ပြီး မြန်မာသတင်းမီဒီယာသမားများ အခွင့်အရေးကို မိမိရရ အသုံးချတတ်လေခြင်းလို့ အားကျမိပါရဲ့။ ဂုဏ်ယူမိပါရဲ့။

ဒါတင် ဘယ်ကမတုန်း။ အဲဒီနေ့ ညနေမှာပဲ အွန်လိုင်းမီဒီယာတခုမှာ ဦးသုဝေနှင့် အင်တာဗျူးဆိုပြီး တီဗွီသတင်းတပုဒ် အမြန်ဆုံး တက်လာနိုင်ခဲ့တယ်။ တီဗွီသတင်းက ညီလာခံမှာ ဗွီအိုအေကလုပ်တဲ့ သတင်းမဟုတ်ဘဲ သီးသန့်တွေ့ဆုံ မေးမြန်းခန်းဖြစ်ပါတယ်။

ညီလာခံတက်နေတဲ့ သတင်းဌာနအသီးသီးက သတင်းထောက်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေက ဦးသုဝေ အပါအ၀င် ဒေါက်တာခင်ဇော်ဝင်းတို့ကို ညီလာခံရဲ့ တခြားဆွေးနွေးပွဲ အစီအစဉ်တွေကိုပါ တက်ရောက်ပြီး ပါဝင်ဆွေးနွေးဖို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် ဦးသုဝေက သူ့ဆွေးနွေးပွဲတခုပဲ ညီလာခံမှာ တွေ့လိုက်ရပြီး နောက်ရက်တွေမှာ အရိပ်အယောင်တောင် မတွေ့ရတော့ပါဘူး။ ထို့နည်းတူပဲ ဗွီအိုအေ မြန်မာဌာနမှူးကိုလည်း ညီလာခံစားပွဲဝိုင်းမှာ မတွေ့ရတော့ဘဲ ပျောက်ခြင်းမလှ ပျောက်သွားကြတာကို တွေ့ရပါတယ်။

ဝါရင့်သတင်းသမားကြီးတွေ စုံညီတဲ့ ဒီညီလာခံမှာ လူငယ်သတင်းသမားတွေအနေနဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ သတင်းသမားကြီးတွေရဲ့ အတွေးအမြင် ရှုမြင်သုံးသပ်ပုံတွေကို မြင်ချင်ကြားချင်ပေမယ့် သူတို့ကို ညီလာခံဆွေးနွေးပွဲမှာ အရိပ်ကလေးတောင် မမြင်ရဆိုသလို ဖြစ်ခဲ့ကြပါတယ်။

ညီလာခံနောက်ဆုံးနေ့ ပြီးသွားလို့ အစည်းအဝေးခန်းမက ထွက်လာတဲ့အခါ ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းကိုတွေ့တော့ ညီလာခံမှာ ပျောက်ချက်သားကောင်းနေတာကို မေးမိပါတယ်။ သတင်းဌာနကြီးတခုရဲ့ ဌာနမှူးတဦးက ညီလာခံဆွေးနွေးပွဲမှာ ဒိုင်ခံဆွေးနွေးမနေသင့်ဘူးလား။ သို့ပေမယ့် မဝေဖန်ခင် ချီးကျူးစကားဆိုတတ်တဲ့ မကောင်းလှတဲ့အကျင့်နဲ့ သူ့ကို စကားစမြည်ပြောဖြစ်ပါတယ်။

“ဦးသန်းလွင်ထွန်းတို့ ဦးသုဝေကို ဖိတ်ပြီး လုပ်တဲ့ ဆွေးနွေးပွဲက တကယ်ကို အသက်ဝင်တယ်နော်။ အားလုံးလည်း စိတ်ဝင်စားတယ်။ နောက် ချင်းမိုင်အခြေစိုက် သတင်းဌာနတွေဆို ချက်ချင်း တီဗွီသတင်းတွေ တက်တယ်။ ဒါပေမယ့် ဦးသန်းလွင်ထွန်းကို ညီလာခံရဲ့ တခြားဆွေးနွေးပွဲတွေမှာ မတွေ့ဘူးနော်” လို့ ပြောလိုက်တယ်။

“ဟုတ်တယ်ခင်ဗျ။ ကျနော် ဦးသုဝေ ပျောက်နေလို့ လိုက်ရှာနေရတယ်ခင်ဗျာ။ ဒါနဲ့ ဘယ်သတင်းဌာနမှာ တီဗွီသတင်း တက်တာလဲဗျ” လို့ ထူးထူးဆန်းဆန်း ကျမကို ပြန်မေးခွန်းထုတ်နေပါတယ်။

သတင်းဌာနတွေက ဦးသုဝေကို ခေါ်ယူဖိတ်ကြား ရိုက်ကူးမှုများ လုပ်ဆောင်နေကြလေရာ ဦးသုဝေမှာ ပျောက်ခြင်းမလှ ပျောက်ပျောက်သွားပြီး နေထိုင်စားသောက် ခရီးသွားလာရေးအတွက် တာဝန်ယူထားရတဲ့ ဗွီအိုအေ မြန်မာဌာနမှူးမှာ လူခွဲတွေ စေလွှတ်ပြီး ဦးသုဝေ ရှာပုံတော်ဖွင့်နေရကြောင်း သိလိုက်ရပါတယ်။

ညီလာခံကျင်းပနေတဲ့ ဟိုတယ်မှာ သတင်းဌာနကြီးတခုက အခန်းတခန်းငှားပြီး ဦးသုဝေနဲ့ အခြားနိုင်ငံရေးသမားတွေကို စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်နေတာ ဗွီအိုအေ မြန်မာဌာနမှူး မသိရှိဘဲ ချင်းမိုင်မြို့ထဲမှာရှိတဲ့ သတင်းဌာနတွေကို လိုက်လံမေးမြန်းနေရကြောင်း အံ့သြဖွယ်သိရှိလိုက်ရပါတယ်။

မေးခွန်းများ ရှိနေပါတယ်။ ဒီလိုစကားဝိုင်းဆွေးနွေးပွဲ ရိုက်ကူးမှုများ၊ တွေ့ဆုံမေးမြန်းမှုများကို ဒီမိုကရက်တစ်ပါတီမှ ဦးသုဝေကို တာဝန်ယူဖိတ်ကြားထားတဲ့ ဗွီအိုအေ မြန်မာဌာနမှူးက ဘာကြောင့်များ မသိရှိရပါလိမ့်။ သေချာတာတခုကတော့ အခြားသူများ ညီလာခံစင်မြင့်မှာ မြန်မာ့နိုင်ငံရေး၊ သတင်းမီဒီယာအရေး၊ အကြောင်းအရာ အမျိုးမျိုးကို အကြိတ်အနယ် ဆွေးနွေးနေချိန်မှာ ညီလာခံကန့်လန့်ကာ နောက်ကွယ်မှာတော့ ဗွီအိုအေ မြန်မာဌာနမှူးခမျာမှာ လူမသိ သူမသိ ဒီမိုကရက်တစ်ရှာပုံတော် ဖွင့်နေခဲ့ရသည် ဆိုခြင်းပင် …။

http://www.khitpyaing.org/articles/2010/March/4310b.php



ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး၊ အထ အထိုင်

ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး၊ အထ အထိုင်

ယခုနှစ်တွင် ဖြစ်ပေါ်လာမည်ဟု ဆိုသည့် ရွေးကောက်ပွဲ အတွက် အနည်းဆုံး ရှိသင့် ရှိသင့်ထိုက်သော ပြင်ဆင်ခွင့် ပြုရမည့် အချိန်မှာ အနည်း ငယ်သာ ကျန်တော့သည်။ ထိုအချက်ကပင် ရွေးကောက်ပွဲ၏ ဖြစ်လာလတ္တံ့သော သရုပ်သကန်ကို ဖော်ပြနေသယောင် ရှိသည်။ သို့သော် ဤအခြေအနေမှာပင် ကွဲပြားခြားနားသော အထိုင်ပေါ်မှနေ၍ ရွေးကောက်ပွဲသို့ ဝင်ရေး၊ မဝင်ရေး ဘက်နှစ်ဘက်မှာလည်း အကြောင်းပြချက် ကိုယ်စီဖြင့် ပြင်ဆင်နေကြသည်။ အပြန်အလှန် ဝေဖန် စောကြောနေကြသည်။ မည်သို့သော အခြေခံ ကွဲပြားချက်ပေါ်မှ ပြင်ဆင်ကြသနည်းဟု သုံးသပ်ကြည့်ရန် ရှိသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခင်တပတ်က ၇ ကြိမ်မြောက် မြန်မာ သတင်းသမဂ္ဂ ညီလာခံ ကျင်းပရာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တခု ပါဝင်ခဲ့ပြီး အကြိတ် အနယ် ရှိခဲ့သည်။ ဝင်ရေး ဘက်တွင် မကြာသေးမီက ပေါ်ပေါက် လာသည့် ဒီမိုရက်တစ် ပါတီမှ ဦးသုဝေနှင့် မြန်မာနိုင်ငံရှိ NGO တခုမှ ဒေါက်တာ ခင်ဇော်ဝင်းတို့က ရပ်တည် ပြောဆိုခဲ့ ကြပြီး မဝင်ရေး ဘက်တွင် ပြည်ပ အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) မှ ဦးမောင်မောင်က ပြောဆိုသည်။ ယင်းသို့ ဝင်ရေး မဝင်ရေး ဘက် နှစ်ဘက် အပြင် နယ်ပယ် မျိုးစုံမှ လာသော ပရိသတ်များ၏ မေးခွန်းများ၊ ဝေဖန်မှုများ၊ စကားစစ်ထိုး မှုများသည် အနည်းနှင့် အများဆိုသလို မြန်မာ့နိုင်ငံရေး ဝန်းကျင်၏ စရိုက် လက္ခဏာကို ရောင်ပြန်ဟပ် ဖော်ပြနေ သယောင် ရှိသည်။

ရွေးကောက်ပွဲ ဝင်ရေး၊ အထ
ရွေးကောက်ပွဲဝင်ရေးဆိုရာ၌ ပြည်တွင်းနိုင်ငံရေးအင်အားစုတချို့၏ ခြေလှမ်းကို ဆိုလိုပါသည်။ အစဉ်အလာ ရှိခဲ့သည့် ဝါရင့် နိုင်ငံရေးသမား တချို့၊ ယင်းတို့၏ ပါတီများ၊ ရွေးကောက်ပွဲကို ထွက်ပေါက်ဟု သဘောထား ပေါ်လွင်စွာ ဖော်ပြလာသော ပြည်တွင်း မီဒီယာများဟု ထည့်သွင်း ရေတွက်နိုင်သည်။ သူတို့အဖို့ ကာလရှည်ကြာစွာ မလူးမလွန့်သာသည့် အနေအထားမှ ရွေ့လျား လိုလာသော သဘောကို ထင်ဟပ်သည်။ လှုပ်ရှားစရာ 'ခွင်' မရှိသည့် အချိန်တွင် ရွေးကောက်ပွဲကို ကောက်ရိုးတမျှင် အဖြစ် ယူဆလာသည်။ လွှတ်တော်တွင် အလိုအလျောက် နေရာရမည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဟူသော ပြဌာန်းချက်ဖြင့် ချည်တုပ်ထားသည့်တိုင် လတ်တလောတွင် ဘောင်အတွင်းမှ လှုပ်ကြည့်ကြမည့်၊ လွှတ်တော်ကိုလည်း 'စင်' တခု အဖြစ် မြင်ယောင်ကြည့်နေကြသည့် သဘောကို တွေ့ရသည်။

ဝင်ရေးဘက်မှ ရပ်တည် ပြောဆိုရန် ညီလာခံ တက်ရောက်လာသည့ှ် ဦးသုဝေနှင့် ဒေါက်တာခင်ဇော်ဝင်းတို့က အထက်ပါ အတိုင်းပင် ရည်ညွှန်း ပြောဆိုခဲ့ကြသည်။ စစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အကာအကွယ်ယူ၍ တပ်ဆုတ်သည်ဟု ဦးသုဝေက ယူဆသလို၊ နိုင်ငံရေးသမားများ မလှုပ်ဘဲနေကြလျှင် မြန်မာပြည် အခြေအနေ ပိုဆိုးသွားမည် ဟုလည်း ဒေါက်တာခင်ဇော်ဝင်းက ထောက်ပြသည်။ သူတို့က ရွေ့လျားမရသည့် အနေအထားတွင် စစ်အစိုးရ ဖွင့်ပေးလာသည့် ကန့်သတ်ချက် လမ်းကြောင်းအတွင်းမှ မျှောလိုက်ကြည့်ကြမည်ဟု သဘောရသည်။

ဤ ဝင်ရေးဘက်ကို သုံးသပ်ကြည့်လျှင် အလျှော့အတင်းနှင့် ကစားနေရသည့် အဖြစ်ကို မြင်ရသည်။ ရသည့် အောက်ခြေကို တဆင့် တိုးကြည့်မည်၊ 'ထ' ကြည့်မည်။ သူတို့အတွက် လွှတ်တော်နှင့် လွှတ်တော်ရောက်မှ မီးစင်ကြည့်ကရေးသည် ဒုတိယ အစီအစဉ် ဖြစ်နေသည်။ အောက်မှ အထက်သို့ မျှော်ကြည့်သည့် စနစ်ဟု မြင်ရသည်။ သို့သော် ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ ဖြစ်မည်လား၊ လှုပ်ကြည့်မှ မြုပ်မည်လား ဆိုသည်က စောင့်ကြည့်ရန်သာ ရှိသည်။

ရွေးကောက်ပွဲ မဝင်ရေး၊ အထိုင်
မဝင်ရေး အထိုင်တွင် ပြည်ပရောက် နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ၊ ပြည်ပ မီဒီယာတချို့တို့ ပါဝင်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ဝင်ရေး မဝင်ရေးကို ရွှေဂုံတိုင်ကြေညာချက်ဖြင့် စည်းသတ်ထားသည်။ လိုက်လျောလျှင် ရွေးကောက်ပွဲဝင်မည်၊ မလိုက်လျောလျှင် မဝင်ဟု လမ်းကြောင်းပေးထားပြီး ဖြစ်သည်။ ရွေးကောက်ပွဲ မဝင်ရေး ရပ်တည်သူများ အနေဖြင့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်သည်။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုသူက တောင်းဆိုသည်။ ရွှေဂုံတိုင် ကြေညာစာတမ်းကို ထောက်ခံဆော်သြသူက ဆော်သြသည်။ ၉၀ ရွေးကောက်ပွဲ ရလဒ်မှ အစချီ၍ စစ်အာဏာပိုင်များ၏ ကတိကဝတ်၊ လုပ်ထုံး လုပ်နည်းများကို လုံးဝမယုံကြည်ဟု ငြင်းဆိုသည်။ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ စစ်အစိုးရက ရွေးကောက်ပွဲကို ဆက်လုပ်လျှင် တိုက်ပွဲ ဆက်ဝင်မည်ဟု ဦးမောင်မောင်က ဦးသုဝေ၊ ဒေါက်တာခင်ဇော်ဝင်းတို့ ရှေ့မှောက်မှာပင် ပြောခဲ့သည်။

မဝင်ရေးဘက်မှ သုံးသပ်ရမည်ဆိုလျှင် လျှော့ရန်လည်း မရှိသလို၊ အချော့လည်း မခံဟူသော ခံယူချက်ကို ထင်ဟပ်ပြသည်။ ဝင်ရေး 'အထ' အဖွဲ့နှင့် မတူဘဲ အထက်ပိုင်း ပေါ်လစီဖြစ်သော ၂၀၀၈ အခြေခံဥပဒေပိုင်းမှ စတင် ကိုင်တွယ် ပြင်ဆင်လိုပြီး ကျန်ကိစ္စက ဒုတိယ အစီအစဉ်ဖြစ်သည်။ အထက်မှ အောက်သို့ တဆင့်ချင်း သွားရန် စဉ်းစားသည့် စနစ် ဖြစ်သည်။ ကမ္ဘာ့မိသားစု အဖွဲ့အစည်းများကို ဆွယ်တရားဟောမည်ဖြစ်သည်။ အထိုင်အနေနှင့် 'ယိုင်' ဖို့ မရှိဟု သုံးသပ်ရသည်။

အဓိကအားဖြင့် နှစ်ဘက်စလုံး၏ ဦးတည်ရာ လမ်းကြောင်းတို့မှာ ရသလောက် စပြီး ပေါ်လစီကို တက်ပြင်ရေး၊ ပေါ်လစီ အပေါ်ပိုင်း ပြင်ပြီးမှ အသေးစိတ် ဆက်သွားရေး ဟူ၍ ပြောင်းပြန် ဖြစ်နေကြသည်။ အတွင်းက 'ဘောင်'ကို ကန့်သတ်ချက် အနေနှင့် လက်ခံပြီး ကစားသည်၊ အပြင်က 'ဘောင်'ကို ဖျက်သိမ်းပစ်ရေး အရင် တောင်းဆိုသည်။ တနည်းအားဖြင့် ဝင်ရေး အပိုင်းက အပျော့ထည် သုံးပြီး မဝင်ရေးက အမာထည်ကို ကိုင်စွဲသည်။

တဖက်တွင် စစ်အစိုးရက တွေ့ဆုံ ဆွေးနွေးရေးကို မသိကျိုးကျွံ ပြုလျက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ဆက်လက် ထိန်းသိမ်းထားခြင်းဖြင့် ပြည်တွင်း အတိုက်အခံ အင်အားစုကို ချည့်နဲ့အောင် လုပ်ထားဆဲ ဖြစ်သည်။ ခါးပိုက်ဆောင်ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ခြေလှမ်း သွက်လာခြင်း၊ စစ်ဝတ်စုံ ချွတ်ရန် ပြင်ဆင်ခြင်း၊ ပုဂ္ဂလိကပိုင် ခေါင်းစဉ်အောက်မှ စီးပွားရေး လုပ်ငန်းများကို လွှဲပြောင်းယူလာခြင်း စသည့် မူမမှန်သော ခြေလှမ်းများကို တွေ့နေရသည်။

အာဏာပိုင်တို့က ရွေးကောက်ပွဲအတွက် လုံလောက်သည့် ပြင်ဆင်ခွင့် မပေးသေးခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့မှာ ရွေးကောက်ပွဲကို လက်ခံလိုသူ၊ ဝင်လိုသူများအတွက်ပင် ထိခိုက်စေသော အချက်များဖြစ်သည်။ ယင်းအချက်သည်ပင် ရွေးကောက်ပွဲကို ဆန့်ကျင်သူများ အဖို့ ခိုင်မာသော အကြောင်းပြချက်လည်း ဖြစ်လာစေသည်။ ဝင်ချင်သူများအဖို့ သေချင်သည့်ကျား တောပြောင်း ဖြစ်မည်လော၊ အစဉ်တစိုက် ဆန့်ကျင်သူများအဖို့ရော မည်မျှ အထိုင် ညောင်းဦးမည်လဲ ဆိုသည်မှာ မကြာမီ ထွက်ရှိလာမည်ဟုမျှော်လင့်ရသော ရွေးကောက်ပွဲဥပဒေအပြင် ရှေ့တလှမ်းတိုးသွားမည့် ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်ပေသည်။ ။
http://www.irrawaddy.org/bur/index.php/articles/2-articles/2712-2010-03-04-07-42-11

2010 03 03 - Compilation of 2010 NLD Statements

http://ifile.it/0z2bjwt 2010 03 03 - Compilation of 2010 NLD Statements

FDB_ bulletin 2_2010

http://ifile.it/hp0gycnE Bulletin 2 2010

Reality Check: Burma's Oscar Moment

Forget Avatar, The Hurt Locker, and all the rest for a minute. Here's the story of the film that deserves to win big.
BY CHRISTIAN CARYL | MARCH 3, 2010

Over the next few days we're going to be hearing a lot about big blue aliens and George Clooney and bomb-disposal experts in the Iraq war. But there's another film you should be rooting for when they hand out the little gold statues on March 7.

Burma VJ hasn't been in the headlines much. It has been making its way around the global film-festival circuit, garnering its share of awards. Still, its U.S. box office receipts to date are measured in tens of thousands of dollars, not hundreds of millions.

Let's hope that's about to change. The film is up for best documentary feature, and to be honest, I can't imagine what could possibly compete. You certainly can't beat the story line. In August 2007 a few thousand red-robed Buddhist monks took to the streets of Rangoon, Burma's biggest city, to join a nascent protest against the military dictatorship that has been crushing the life out of their country for nearly the past 50 years. Burmese culture is deeply rooted in traditional Buddhist belief, so the monks' sally represented a particularly potent challenge to the regime. What would happen next?

Ordinary Burmese have risen up before. A student-led nationwide protest back in 1988 had the generals on the run -- until the Burmese Army retaliated with a bloodbath that took thousands of lives. (The exact number will probably never be known.) When the government grudgingly responded to popular pressure by allowing an election in 1990, Burmese voters handed a solid victory to the party of opposition leader Aung San Suu Kyi. The junta suppressed the results, threw Aung San Suu Kyi back into house arrest, and forced the country, at gunpoint, back into decades of stagnation.

News of the 1988 uprising trickled to the outside world in a few snippets of grainy film and a clutch of photographs, all precariously hand-delivered over the border to neighboring countries. The events of 2007 would turn out differently. As the monks' revolt that autumn took off, every moment was being filmed by a small squad of guerrilla video journalists -- the "VJs" of the film's title -- working for an opposition group, Democratic Voice of Burma (DVB), that had spent years training them for just such an occasion. The camera-wielding activists used cell phones and the Web to smuggle out their footage almost as fast as they shot it. The images they recorded didn't only generate international interest by keeping the outside world apprised of events; their video was also beamed back into Burma via satellite, thus adding fuel to the protests.

This is the story told by Burma VJ. Although the Danish filmmakers who crafted the documentary rely primarily on original footage shot by the DVB's on-scene journalists, they don't stop there. We watch events unfold through the vantage point of Joshua, a DVB cameraman who has been forced to leave Burma because he has attracted the attention of government goons. When the monks' protest begins, he's coordinating coverage from Thailand, keeping up with his colleagues back home by online chat and mobile phone. Like us, he's at once involved and remote -- a device that turns the unfolding story into an arresting mix of cinéma vérité and political thriller.

"I feel I want to fight for democracy," Joshua informs us in a voice-over near the start of the film. "But I think we had better make a longer plan. We cannot go out into the streets again and get shot because we have no more people to die." The protesters of 1988, he muses, "were so brave, but sometimes I feel like they died for nothing." He wants, he says, to remind the world that "Burma is still here."

That's exactly what Burma VJ manages to do. The generals have kept their hold on Burmese society through the depressingly familiar mix of fear, force, and propaganda -- and there are the handycams of the DVB reporters, cutting through it all. We exult as ordinary citizens overcome their nervousness and join the monk-led processions. We cheer as the crowd swarms in to protect the VJs from the white-shirted government thugs who try to drag them off to jail. We marvel at the demonstrators' unforgettable chant: "May all beings living to the East be free; all beings in the universe be free, free from fear, free from all distress!" And we choke up, with Joshua, when the monks finally dare to march down the road past the home of a certain Nobel Peace Prize laureate. The VJs aren't there, so all we manage to see is a blurry snapshot of Aung San Suu Kyi standing in her gateway, almost unrecognizable as she greets the monks. "It's not a great photo," Joshua muses. "You can only see a small lady. But we couldn't see her for a long time."

Images, in short, aren't just about their literal meanings; they're also powerful conduits of emotion. And, yes, they can also lie -- as we see at the very beginning of the film, as Joshua contemplates government television broadcasts that depict a country happily united under its heroic leaders. No question, the film reminds us of the overwhelming power of the unadulterated image, such as the video footage of a monk's corpse floating in a creek on Rangoon's outskirts, just after the moment when the regime finally decides to crack down on the monasteries. Yet Burma VJ also touches upon the ambiguities that linger behind even the clearest images.

For example: Is the aspiration to objectivity a luxury of people who live in healthy societies? The VJs in the film don't even pretend to be the usual journalistic bystanders. They're perfectly happy to step in and strategize with the demonstrators. We even see one journalist literally issuing marching orders: He recommends a more effective route to a monk who's leading a procession, and the monk happily complies. The fact is that there are no easy choices when you're trying to defy a regime as vicious as the one that rules Burma. Just to take one example: The International Confederation of Free Trade Unions accuses the country's military rulers of forcing hundreds of thousands of people -- men and women, children and the elderly -- to work against their will on government projects: "Refusal to work may lead to being detained, tortured, raped, or killed."

Here's a cell-phone dialogue between Joshua and one of the activists on the other side of the border:

"People have to get arrested. They have to die. Monks, too."

"Don't say that."

"Our country is different from the rest of the world."

"I don't understand politics. But I don't want to see monks and people dying. I can't stand it anymore."

"Be strong, my dear."

That conversation, like many others in the film, is a reconstruction. Jan Krogsgaard, one of the Danish filmmakers behind Burma VJ, explains that certain key moments in the narrative weren't actually captured by the DVB journalists, so scenes were shot to fill in the gaps. He insists that the makers of the film were careful not to stray too far from the bounds of authenticity; some of the phone conversations in the film are based on the saved texts of online chats, for example. In some cases identities had to be protected. Director Anders Ostergaard even used actors in two episodes that are seamlessly presented as part of the DVB journalists' original on-location footage -- a sleight of hand that has generated understandable controversy. Time correspondent Andrew Marshall has taken the filmmakers to task for mixing authentic footage with acted scenes. In an interview with me, Krogsgaard defended the reconstructions as "entirely legitimate," saying they depict events that actually occurred but weren't caught on camera, such as a secret police raid on the DVB's Rangoon headquarters as the government crackdown escalates. (There is a corresponding disclaimer at the beginning of the film.) This is an important discussion. But I don't think it ultimately invalidates the film.

Burma VJ winds down just the way the story did in real life: The regime ultimately succeeded in tamping down the protests by arresting the rebellious monks en masse. Many of them remain in prison today. The rest of the world may have moved on, but Burma continues to suffer. At the end of February, the Burmese Supreme Court refused an appeal by Aung San Suu Kyi, who is struggling to be released in time for next year's scheduled general election. The court's move was criticized even by Singapore, which has often been reluctant to scold the generals. The outlook isn't promising.

Even the small moral victories sometimes come at a depressing cost. As Krogsgaard told me, the regime has been known to use DVB footage as an aid in identifying and arresting members of the opposition: "It's this unpleasant paradox -- that every time you succeed, someone in Burma gets a harder time." For the moment, Burma is silent once again. But the DVB's trainers haven't given up. They're hard at work, in Thailand and elsewhere, preparing the next generation of video journalists. It will take as long as it takes.

http://www.foreignpolicy.com/articles/2010/03/03/reality_check_burmas_oscar_moment?print=yes&hidecomments=yes&page=full


Bookmark and Share Press Release: International Tribunal on Burma Calls for End to Impunity of Military Regime


-- For immediate release to media --

March 3, 2010, 10 am EST

International Tribunal on Burma Calls for End to Impunity of Military Regime

(New York) Nobel Peace Laureates Shirin Ebadi and Jody Williams - along with human rights experts Dr. Heisoo Shin (Korea) and Professor Vitit Muntarbhorn (Thailand) - today released the findings and recommendations developed during the International Tribunal on Crimes Against Women of Burma held this week in New York City. The quasi-legal event featured compelling testimony - the first ever - of 12 women from Burma who have suffered rape, torture, and other crimes at the hands of the military junta. The event highlighted the egregious human rights crimes, including rape as a weapon of war, and called for policymakers to demand a last resort: the International Criminal Court.

"Women should no longer be invisible when crimes are committed against them with impunity," said Jody Williams, who won the Nobel Peace Prize in 1997. "The history of violence and oppression of women in Burma is long and sordid--and must come to an end."

A few of the women who testified are colleagues of Aung San Suu Kyi, the leader of the opposition, still under house arrest and a prisoner of General Than Shwe. Than Shwe is the war criminal who has reigned terror over the people of Burma for decades. World leaders have rallied in support of her freedom countless times since her Nobel Peace Prize award in 1991, passing UN resolutions almost annually and demanding the release of her and other political prisoners. But these cries have fallen on deaf ears, with the international community failing to hold General Shwe and his cronies criminally responsible. The resulting impunity has given the ruling generals of Burma even more license to escalate their power and continue to inflict violence on the people of Burma.

"We live in a globalized world, which means that Burma cannot do whatever it wants to its people within its own walls," said Shirin Ebadi, who won the Nobel Peace Prize in 2003. "Globalization is effective when it helps bring an end to injustice. The international community cannot stand by and let other countries to use their sovereignty to commit atrocities against their own people."

The purpose of the Tribunal was to spotlight the oppression of women of Burma in order to encourage policymakers and political leaders to take specific action now. The women Nobel Laureates have joined with the Women's League of Burma to highlight the systemic use of rape and other forms of violence against ethnic women in Burma. The Women's League of Burma is an umbrella organization comprising thirteen women's organizations of different ethnic backgrounds in Burma.

The women who testified now live in Thailand, Bangladesh, the US and Canada and traveled to New York to tell their personal stories and those of their families. Their stories include a range of horrific human rights violations and crimes. Testimony was organized into three categories: violence against women (rape, sexual violence, trafficking), civil and political violations (torture, arbitrary arrest and detention, harassment), and social, economic and cultural violations (forced labor, portering, relocation). Violence against women in Burma is often ethnically motivated, particularly minority groups such as the Karen who have been brutally persecuted by the military regim



The following are the recommendations of the Tribunal:


Recommendations to the international community, particularly the United Nations:

*Urge States to take collective action to ensure the implementation of Security Council Resolutions 1325, 1820, 1888, and 1889 guaranteeing women's full participation in post-conflict reconstruction, and freedom from all forms of sexual violence.
*Strongly urge the UN Security Council to refer Burma to the International Criminal Court.
*Call upon United Nations member States to fulfill their obligations to exercise universal jurisdiction and to prosecute through their national tribunals perpetrators of the crimes against the civilian population of Burma, including women.
*Ask United Nations agencies with a presence in Burma to increase their work in promoting and protecting human rights.
*Call upon the United Nations Security Council to take effective measures against state authorities on the basis of the responsibility of the state to protect its people from egregious human rights violations (Responsibility to Protect Doctrine).
*Urge the United Nations system to take measures to ensure that the Burmese authorities comply with international human rights standards and international humanitarian law.


Recommendations to Burma's military regime:

*Stop all forms of violence against women. "End the intimidation, harassment, arbitrary arrest, unlawful detention, torture, and degrading treatment against women [and all] political prisoners; [and] respect and adhere to the principles and norms of the international [criminal and] human rights standards, particularly Convention on the Elimination of all forms of Discrimination Against Women..."
*Stop attacks and persecution against ethnic nationalities and groups.
*Release immediately and unconditionally all political prisoners.
*Grant access to United Nations agencies and non-governmental humanitarian groups to ensure that women, in particular, are assisted effectively.
*Provide access to and cooperate with United Nations agencies and human rights organizations to monitor human rights within Burma.
*Ratify all human rights treaties, including ICCPR and ICESCR, and implement them effectively.
*Abide by rules of customary international law, such as the prohibitions against torture, slavery, and violence against women and children.
*Ratify the Rome Statute of the International Criminal Court, reform and implement domestic legislation accordingly.
*Establish an effective process for dialogue between different stakeholders including democracy groups, ethnic minorities/nationalities, and concerned authorities with emphasis on women's participation in the pursuit of democracy.
*Revise the constitution, particularly the amnesty provisions, and other national laws in an inclusive and participatory manner, engaging all stakeholders including women, to ensure consistency with international legal obligations and human rights standards.
*Establish effective judicial mechanisms and other processes to establish accountability and provide adequate remedies for international crimes and human rights violations to end impunity.
*Build human-centered national development plans and processes that respond to women's human rights bearing in mind the special needs of rural women, and allocate national resources fairly and equitably for this purpose.

Recommendations to the Asia-Pacific region (including ASEAN, bilateral and other channels):

*Call upon ASEAN through its Summit of Heads of Government to impel Burma to apply effective and time-limited measures to comply with the ASEAN Charter and international legal obligations and human rights standards.
*Invite the ASEAN Intergovernmental Human Rights Commission to submit thematic reports covering particular issues related to Burma.
*Bearing in mind the ASEAN Declaration on the Elimination of Violence Against Women and various declarations on children's rights in the region, to which Burma has subscribed, support the establishment of the ASEAN Commission for the Promotion and Protection of the Rights of Women and Children, including consideration of the situation in Burma.
*Call upon the various partners of ASEAN and other regional bodies and states engaging with Burma to influence constructive changes in the country.
*Prohibit trade with Burma involving goods produced through forced labor, as well as oil, gas, and electricity generated as a result of forced relocations.
*Take effective cross-border measures to prevent and punish human trafficking, in particular that of women and children, and to offer gender and child sensitive measures to protect and assist those victimized by trafficking.
*Respect the rights of refugees and internally displaced persons, protect them from violence, abuse, and exploitation, and forced repatriation, which violates the international principle of non-refoulement, and ensure the application of basic standards of international law.


For more information, and to arrange interviews, please contact us:
*Rachel Vincent: Mobile: + 1-613-276-9030, rvincent@nobelwomensinitiative.org
*Kimberley MacKenzie: +1-908-342-0160, kmackenzie@nobelwomensinitiative.org
*Kieran Bergmann: +1-613-569-8400 ext. 115, kbergmann@nobelwomensinitiative.or
http://www.nobelwomensinitiative.org/media-room/media-release/article/press-release-international-tribunal-on-burma-calls-for-end-to-impunity-of-military-regime---full-text