Friday, March 5, 2010

GOVERNMENT OF CANADA WILL ANNOUNCE RENEWED ASSISTANCE FOR BURMESE REFUGEES AND DISPLACED PERSONS

Media Advisory

March 5, 2010


FOR IMMEDIATE RELEASE


GOVERNMENT OF CANADA WILL ANNOUNCE RENEWED ASSISTANCE FOR BURMESE REFUGEES AND DISPLACED PERSONS


Saskatoon (Saskatchewan) – Kelly Block, Member of Parliament for Saskatoon-Rosetown-Biggar, will meet with representatives from Canadian-Burmese communities at the 3rd Burma Forum Canada and make an announcement on international assistance to support Burmese refugees and displaced persons.

Date: March 6, 2010
Time: 10:00am (CST)
Location: Royal Conference Room
Sandman Hotel
Saskatoon, Saskatchewan


- 30 -


Information:

Jessica Fletcher
Press Secretary
Office of the Minister of International Cooperation
Telephone: 819-953-6238

Media Relations Office
Canadian International Development Agency (CIDA)
Telephone: 819-953-6534
E-mail: media@acdi-cida.gc.ca
Jessica Fletcher

Press Secretary / Attachée de presse
Office of the Minister of International Cooperation |
Cabinet de la ministre de la Coopération internationale
Tel: (819) 953-6238 | Fax: (819) 997-6918
Email: jessica.fletcher@acdi-cida.gc.ca
200 Promenade du Portage
Gatineau, QC K1A 0G4


5 March 2010 ဒိုင်ယာရီ

http://ifile.it/mqrvhnt5 March 2010 Yeyintnge Diary

အာလူးစားသူတွေရဲ့ ပညာရေး


ခင်ငြိမ်းသစ်
Thursday, March 04, 2010
ကျမတို့ ခပ်ငယ်ငယ်က ကျမရဲ့အဖေက ကျူရှင်သင်ပါတယ်။ ငါးတန်းကနေ ရှစ်တန်းအထိ တဘာသာကို ၅ ကျပ်ပဲ ယူပါတယ်။ မောင်နှမ ၂ ယောက်တက်ရင် တဦးကို မယူပါဘူး။ ကျမ ထင်ပါတယ်၊ အဲဒီအချိန်က ကျူရှင်အားလုံးရဲ့လခဟာ အဲဒီလောက်ပဲ ရှိမှာပါ။

၉ တန်း ၁ဝ တန်းကျတော့ တဘာသာချင်းယူရင် ၇ ကျပ်၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပ၊ ဓာတု၊ ဇီဝ ငါးဘာသာလုံးယူရင်တော့ ၂၅ ကျပ်ပဲ ကျပါတယ်၊ အဲဒီခေတ်က ကျောင်းတွေမှာ သင် ပြတဲ့ပုံစံကြောင့် ကျောင်းသားအားလုံး ကျူရှင်ယူဖို့ မလိုပါဘူး။ စာအတော်မလိုက်နိုင်တဲ့ သူတွေနဲ့၊ သူများထက် ပိုသာချင်တဲ့လူတွေပဲ ကျူရှင်ယူကြပါတယ်။ ကျူရှင်ယူတယ်ဆိုတာ လူနည်းစုပါ။

ကျမတို့ အလယ်တန်းအထိ ကျူရှင်ယူဖို့ မလိုပါဘူး။ ကျမက အတော်စားထဲမှာလဲ မပါသ လို၊ သိပ်အညံ့စားထဲမှာလဲ မပါပါဘူး၊ သာမန်အလယ်အလတ်တန်းစားပါ၊ အိမ်စာဆိုတာ လဲ သိပ်အများကြီး ပေးလေ့မရှိပါဘူး၊ စနေ တနင်္ဂနွေ ပိတ်ရက်ရှိနေတဲ့ သောကြာလို နေ့ မျိုးဆိုရင်တော့ အိမ်စာများများပေးတာပါ။

ကျမတို့ ၉ တန်းရောက်မှ ကျူရှင်ယူဖြစ်တာပါ။ ကျမ ၉ တန်းရောက်တော့ ကျူရှင်လခက တဘာသာကို ၁ဝ ကျပ်ပေးရပါတယ်။ တချို့ ရပ်ကွက်ထဲက ကျူရှင်တွေဆိုရင် အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ လေးဘာသာလုံးပေါင်းမှ ၃ဝ ကျပ်ပဲ ကျပါတယ်။ ကျောင်းလခဆိုရင်လဲ တလကို ၆ ကျပ်ပဲ ပေးရပါတယ်၊ ဒါတောင် ဝန်ထမ်းသားသမီးတွေဆိုရင် ကျောင်း လခလွတ်ငြိမ်းခွင့်ကို လျှောက်လို့ရပါတယ်။ ကျမ ဆိုရင် ၉ တန်းကနေ ဘွဲ့ရတဲ့အထိ ကျောင်းလခ လွတ်ငြိမ်းခွင့်နဲ့ ကျောင်းတက်လာ ပါတယ်။

ကျမတို့ ၁ဝ တန်းရောက်တော့ မြို့ထဲက နာမည်ကြီး ကျူရှင်ဆရာတွေဆီမှာ တက်တာခေတ်စားလာပါတယ်၊ နာမည်ကြီး ကျူရှင် ဆရာတွေက တဘာသာချင်းစီပဲ သင်ကြပါတယ်။ တဘာသာကို ၁ဝ ကျပ် ပေးရပါတယ်၊ ကျောင်းမှာ တချို့ဆရာတွေသင်တာကို နား မလည်ပါဘူး။ ဒါကြောင့် ကျူရှင်ဆိုတာကလဲ မယူမဖြစ်ဆိုတာ ဖြစ်လာပါတယ်။ ဒါကြောင့် သင်္ကြန်မှာ သံချပ်ထိုးတဲ့သူတွေက ကျူရှင် တွေကို လှောင်ပြောင်ပြီး သံချပ်ထိုးတဲ့ အခြေအနေအထိ ရောင်လာပါတယ်။

အဲဒီအခြေအနေမှာ ဝိုင်းကျူရှင် စပြီးခေတ်စားလာပါတယ်။ ကျူရှင်ကြီးတွေမှာ သင်တန်းချိန်တချိန်ကို အနည်းဆုံး လူအယောက် ၃ဝ လောက် စုပေါင်းတက်ရပေမဲ့ ဝိုင်းကျူရှင်ကတော့ စာသင်ချိန်တချိန်မှာ အများဆုံး လူ ၁ဝ ယောက်ပဲ တက်ရပါတယ်၊ တဘာသာချင်း စီဆို ၁ဝဝ ကျပ် ကျပြီး၊ ဘာသာစုံ စုပေါင်းတက်ရင်တော့ ကျပ် ၆ဝဝ၊ ၇ဝဝ လောက်ပဲ ကျပါတယ်။ ဒါပေမဲ့ ဝိုင်းကျူရှင်ကို လူတိုင်း မ တက်နိုင်ပါဘူး၊ အခြေခံဝန်းထမ်းတယောက်ရဲ့လစာက ၃၂၅ ကျပ်ပါ၊ အပြင်မှာ ကျပန်းလုပ်သူတွေရဲ့ဝင်ငွေဟာ တနေ့ ၆ ကျပ် ၅ဝ ပြားဆိုတော့ အခြေခံဝန်းထမ်းနဲ့ ဆင်းရဲသား အရပ်သား တွေအဖို့ ဘယ်လိုမှ မတက်နိုင်တဲ့ ကြေးပါ၊ အခြေခံဆင်းရဲတဲ့ သူတွေဆိုရင် တဘာသာ ၁ဝ တန်ကိုတောင် ဘာသာစုံ မတက်နိုင်ကြပါဘူး။

ကျမ ၁ဝ တန်းအောင်ပြီးချိန် ၁၉၈၇ ခုနှစ်မှာ ကျူရှင်ဥပဒေဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်လိုက်တဲ့ ကျူရှင်ဥပဒေကြောင့် ၁ဝ ကျပ်တန်ကျူရှင်တွေ ပိတ်ကုန်ကြပါတယ်၊ ၁ဝ ယောက်တဝိုင်းနဲ့ ဝိုင်းကျူရှင်ခေတ်ကို အော်တိုမစ်တစ် ရောက်သွားကြပါတယ်၊ ကျောင်းသားတွေအတွက် ပြဿနာက ကျောင်းမှာသင်ကြားပုံနည်းစနစ်ဟာ စာမေးပွဲဖြေနိုင်ဖို့အတွက် မလုံလောက်ပါဘူး။ ကျူရှင်မ တက်ရင် စာလိုက်နိုင်ဖို့ခက်ခဲ့ပါတယ်။ မိဘတွေအတွက် အခက်အခဲက ကျူရှင်လခတွေ အဆမတန် ဈေးတက်သွားတယ် အလယ် အလတ်တန်းစား မိသားစုအတွက် ကျူရှင်လခဟာ ဝန်ထုပ်ဝန်ပိုးတခုဖြစ်သွားပြီး အခြေခံလူတန်းစားရဲ့ သားသမီးတွေ ပညာရေး အတွက် ကျူရှင်လခဟာ မဟာတံတိုင်းကြီး ဖြစ်သွားပါတယ်။

အဲဒီအချိန်က ၉ တန်း ၁ဝ တန်းမှာ ဘာသာအတော်များများကို အင်္ဂလိပ်လိုသင်ရတဲ့ စနစ်သစ်ရဲ့ ပထမဦးဆုံးနှစ်မို့လို့ ကျောင်းသား တွေခင်မျာ သင်ခန်းစာတွေကို နားလည်ဖို့တောင်မလွယ်တဲ့ အခြေအနေ ဖြစ်သွားပါတယ်။ ၁ဝ တန်းအောင်ချက်ဟာလည်း ရာခိုင်နှုန်း အလွန်တရာ နိမ့်ကျသွားပါတယ်။

၁၉၉ဝ ခုနှစ် ကျောင်းတွေပြန်ဖွင့်ချိန်ဟာ ၂ လပဲ ကြာမြင့်တာမို့လို့ ကျူရှင်တွေဟာလည်း ပြောစမတ်မကျန်ခဲ့ပါ။ အဲဒီနှစ်က ၁ဝ တန်းအောင်ချက် ရာခိုင်နှုန်းလဲ အတော်ကောင်းခဲ့ပါတယ်။ ကျမ ထင်တယ်၊ စာခိုးချတဲ့စနစ်ဟာ အဲဒီနှစ်က စတာဖြစ်လိမ့်မယ်။

တဖြည်းဖြည်းနဲ့ ကျူရှင်ခတွေဟာ ရာဂဏန်းကနေ ထောင်ဂဏန်း အထိ ရောက်လာပါတယ်၊ အခြေခံလူတန်းစားနဲ့ ပိုက်ဆံတတ်နိုင် တဲ့ လူတန်းစားတွေရဲ့ကြား ပညာရေးအခြေအနေ ကွာခြားလာပါတယ်။ ၁ဝ တန်းအောင်ပြီးသူတွေအနေနဲ့ ငွေကြေးတတ်နိုင်ရင် တက် စရာ သင်တန်းတွေ များလာပါတယ်။ ငွေကြေးမတတ်နိုင်သူတွေအတွက် ဘွဲ့လက်မှတ်တရွက်ကိုကိုင်ပြီး ကုမ္ပဏီရဲ့ အောက်ခြေဝန် ထမ်းဖြစ်ခွင့်ရရေးကို အထူးကြိုးစားကြရပါတယ်။

၂၀၀၁ ခုနှစ် ကျမ အပြင်လောကနဲ့ ထိစပ်ခွင့်ရတဲ့အချိန်မှာ ဈေးအပေါဆုံးကျူရှင်က ၁ဝ တန်းကို ဘာသာစုံကျပ် ၇ဝဝဝ ကျပါတယ်။ ကျူရှင်မယူဘဲ စာမေးပွဲအောင်ဖို့ဆိုတာ အိပ်မက်တခုဖြစ်သွားပါပြီ။ ပိုဆိုးတာက မူလတန်း၊ အလယ်တန်းတွေက အတန်းပိုင် ဆရာ မဆီမှာ ကျူရှင် မဖြစ်မနေ တက်ကြရပါတယ်။ အတန်းပိုင်ဆရာမထံမှာ ကျူရှင်မတက်တဲ့လူဟာ အတန်းထဲမှာ ဖိနှိပ်ခံရပါတယ်။ ဆ ရာ၊ ဆရာမတွေလဲ စေတနာမပါတော့ဘဲ ငွေအဿပြာနောက်ကို ကောက်ကောက်ပါအောင်လိုက်ကြပါတယ်။

ဒါကြောင့် ခပ်လောင်လောင်ကျောင်းသားတွေက “ပီတိကိုစား၊ အားရှိပါ၏” ဆိုတဲ့ ဆောင်ပုဒ်အစား “ပိုက်ဆံကိုစား၊ အားရပါ၏” ဆိုပြီး ဆရာတွေနောက်ကွယ်မှာ လှောင်ပြောင်ကုန်ကြပါတယ်။ အဲဒီနှစ်ပိုင်းကိုရောက်တော့ အစိုးရကျောင်းတက်တဲ့သူတွေဟာ အခြေခံလူ တန်းစားနဲ့ အလယ်အလတ်တန်းစားတွေပဲဖြစ်ပြီး၊ ပိုက်ဆံတတ်နိုင်သူတွေက ကျောင်းလခ တလကို ၁ သိန်းခွဲ ဝန်းကျင်ပေးရတဲ့ I.L.B.C လို Y.I.EC လို ကျောင်းမျိုးတွေမှာ ပညာသင်ယူကြပါတယ်။ အဲဒီ ကျောင်းတွေမှာ စာသင်ခန်းတခန်းမှာ လူ ၁၅ ယောက်က အများ ဆုံးပါ၊ စင်္ကာပူက သင်ရိုးညွှန်းတန်းကိုယူပြီး၊ စင်္ကာပူ သင်ကြားနည်းအတိုင်း သင်ကြားပေးပါတယ်။

ကွန်ပျူတာချိန်၊ အနုပညာချိန်၊ ကိုယ်လက်လှုပ်ရှားမှုအချိန်တွေကို ထည့်သွင်းသင်ကြားပေးပါတယ်။ အတန်းထဲမှာ သူငယ်ချင်းအချင်း ချင်း အင်္ဂလိပ်လိုပဲ ပြောခွင့်ရပါတယ်။ စစ်အစိုးရအသိုင်းအဝိုင်းနဲ့ သူတို့နဲ့ပတ်သက်တဲ့ စီးပွားရေးသမားအသိုင်းအဝိုင်းက ကလေးတွေ က International schools တွေမှာ ကျောင်းတက်ပြီး 12 Grades အောင်ရင် စင်္ကာပူက တက္ကသိုလ်တွေမှာ သွားတက်ကြပါတယ်။

အစိုးရကျောင်းတွေမှာ ဆရာ၊ ဆရာမတွေဟာ စေတနာထားသင်ကြားသူ အနည်းငယ်သာရှိပြီး၊ ကျောင်းဆင်းချိန်မှာသင်တဲ့ ကျူရှင် ကိုပဲ ဦးစားပေးသင်ကြားပါတယ်။ ကျောင်းတွင်းမှာ ကျောင်းသားတွေအပေါ် ခွဲခြားဆက်ဆံတတ်ကြပါတယ်။ အတန်းထဲမှာ သင်မပေး ဘဲ ကျူရှင်မှာ စာမေးပွဲမေးခွန်းတွေကို တိုက်ရိုက်ချသင်တာမျိုး လုပ်လေ့ရှိပါတယ်။ ကျောင်းသားတွေရဲ့ အရည်အချင်းကလဲ လွန်စွာမှ ကျဆင်းလာပါတယ်။ စာမေးပွဲကျတယ်ဆိုတဲ့ စနစ်ကလည်းမရှိတော့ဘဲ စာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ တနှစ်တတန်း တက်သွားကြပါတယ်။

အပြင်မှာ ဘော်ဒါဆောင်တွေ ခေတ်စားလာပါတယ်။ ၂၀၀၁ ခုနှစ်က မေမြို့ရဲ့နာမည်ကြီး စိုးစံဆိုတဲ့ ဘော်ဒါက ကျောင်းသားတဦး တ နှစ်လုံးအတွက် ငွေကျပ် ၃ သိန်း ကုန်ကျပါတယ်။ ၂၀၀၆ ခုနှစ်ကျတော့ ကျောင်းသားတဦးအတွက် ငွေကျပ် ၁ဝ သိန်း ကုန်ကြပြီး၊ ၂၀၀၈ ခုနှစ်မှာ ငွေကျပ် ၁၂ သိန်း ကုန်ကြပါတယ်။ိ

ငွေကြေးမတတ်နိုင်သူတွေအတွက် ရိုးရိုးကျူရှင်ယူဖို့တောင် အနိုင်နိုင်ဖြစ်နေပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ သာမာန်ကျူရှင်တွေက တဦးကို ကျပ် ၂ သောင်း ကုန်ကျတာက အနိမ့်ဆုံးကုန်ကျစရိတ်ပါ။ အစိုးရကျောင်းနဲ့ ကျူရှင်တွေဟာ သင်ရိုးညွန်းတမ်းတွေကို အလွတ်ကျက် ခိုင်းတဲ့ စနစ်နဲ့ သင်ကြားကြပါတယ်။ ကျောင်းတွေမှာ ကွန်ပျူတာဖိုးကို မိဘတွေဆီက နှစ်စဉ်အလှူခံခဲ့ပေမဲ့ ဘယ်ကျောင်းသားမှ ကွန် ပျူတာကိုင်ခွင့် မရှိပါဘူး။ နာမည်ကြီးကျောင်းဖြစ်တဲ့ အ.ထ.က (၁) ဒဂုံမှာတော့ ကလေးတွေကို ကွန်ပျူတာသင်ပါတယ်။ ကျန်တဲ့ ကျောင်းတွေက ကလေးတွေက ဆရာမကြီးရုံးခန်းထဲက ကွန်ပျူတာကို တခါတရံ မြင်ဖူးယုံပဲရှိပါတယ်။

၂ဝဝ၈ ခုနှစ် ကျမသားလေး သူငယ်တန်းတက်ပါတယ်။ သူ့အတန်းပိုင်ဆရာမဆီမှာ ကျူရှင်ပြန်ယူရပါတယ်။ ကျူရှင်လခကတယောက် ကို ၅ဝဝဝ ကျပ်ပါ။ တနေ့တနေ့ပေးလိုက်တဲ့ အိမ်စာတွေကလဲ စာမျက်နှာ ၅ မျက်နှာ ၆ မျက်နှာရှိပါတယ်။ ကလေးတွေ ကျောင်းမှာ ဆော့ကစားခွင့် မရှိပါဘူး။ သိတ်ကစားတဲ့ ကလေးတွေ အရိုက်ခံရပါတယ်။ ကျမသားဟာ ကျောင်းကြောက်တဲ့ ရောဂါရလာပါတယ်။ ဒါပေမဲ့ ဆရာမကျူရှင်မှာတက်တော့ အမြဲတမ်း ပထမဆင့်ရပါတယ်။ သူတို့ အခန်းထဲမှာ ပထမဆင့်ရတဲ့ ကလေးတွေက ၁၅ ယောက် လောက်တော့ရှိပါတယ်။ ဒီတော့ စာမေးပွဲကြီးမှာ ကိုယ့်ကလေး ဆုရဖို့အတွက် ကျောင်းအုပ်ဆရာမကြီးနဲ့ အတန်းပိုင်ဆရာမကို ထိုက် ထိုက်တန်တန် ကန်တော့ရပါမယ်။ ကျမတို့ စိတ်လျော့ထားပါတယ်။ ဒီပညာရေးစနစ်မှာ ဆုရဖို့ဆိုတာ အရေးမကြီးတော့ပါဘူး။ ဆုရ သည်ဖြစ်စေ မရသည်ဖြစ်စေ စာမတတ်တာကတော့ သေချာပါတယ်။

အခုခေတ်မှာ သူငယ်တန်းမတက်ခင် မူကြိုဘဝထဲက စာကြိုသင်ကြရပါတယ်။ သူငယ်တန်းတက်ဖို့ ကျောင်းသွားအပ်ရင် ကျောင်းအုပ်ဆရာမကြီးက ရုံးခန်းထဲမှာ ကကြီး၊ ခခွေး၊ A၊ B၊ C၊ D ကိုရေးခိုင်းပါတယ်။ မရေးတတ်ရင်တော့ ကျောင်းကလက်မခံပါဘူး။

ကျမတို့ငယ်ငယ်က သူငယ်တန်းတက်မှ ‘ဝ’ လုံးကစပြီး အရေးသင်ပါတယ်။ အခုတော့ ခေတ်ကြီးကပြောင်းပြန်ဖြစ်နေပြီး ကလေးတွေ လဲ အမှန်တကယ်စာမတတ်ပါဘူး။ ပညာသင်စရိတ်ကလဲ အရမ်းမြင့်မားလာပါတယ်။ ဒါကြောင့် ကျောင်းနေရွယ်၊ ကျောင်းမနေနိုင်တဲ့ ကလေးသူငယ်တွေများလာပါတယ်။ ကလေးလုပ်သားတွေလည်း တနေ့တခြား များလာပါတယ်။

သာမာန်ပြည်သူတွေအတွက် ပညာသင်စရိတ်ဟာ သိတ်ကိုခက်ခဲနေပေမဲ့ မြန်မာပြည်တွင်းမှာရှိတဲ့ လက်တဆုပ်စာလူနဲစုအတွက် တော့ ပညာရေးရွှေခေတ်ကို မျှော်ကိုးပြီး ပြည်ပနိုင်ငံတွေမှာ ပညာသင်ကြားဖို့အတွက်ကလေးတွေကို international schools တွေမှာ ငွေကုန်ကြေးကျခံပြီး သင်ကြားပါတယ်။

အခုစစ်အစိုးရနဲ့ ပတ်သက်သူတွေက ကျောင်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် လုပ်ပိုင်ခွင့် ပေးလိုက်ပါတယ်။ မြန်မာပြည်ရဲ့ ပညာရေးဟာ ပိုကောင်းလာဖို့ထက်ကို ငွေကြေးတတ်နိုင်သူတွေနဲ့ ငွေကြေးမတတ်နိုင်သူတွေကြား ပညာရေးအဆင့်ကွာခြားမှု အခုထက် ပိုမြင့်မား သွားဖို့ပဲ ရှိပါတယ်။

ခင်ငြိမ်းသစ်

photo by: http://www.unicef.org.nz/article/840/AnewschoolelectrifiesavillageinMyanmar.html

http://www.naytthit.com/articals/2010/mar10/knt-mar4.html

စစ်အုပ်စုများရဲ့ ဥစ္စာဓနစုဆောင်းပွဲ

ရဲဘော်ဖိုးသံချောင်း

၅/ မတ် ၂၀၁၀

အခုတလော မြန်မာပြည်မှာ လူအများစိတ်ဝင်စားခြင်းခံနေရတဲ့ ကိစ္စတခုကတော့ နအဖဗိုလ်ချုပ်တွေဟာ
ပြည်တွင်း-ပြည်ပ ဘယ်သူ့ကိုမှ၊ ဘယ်ကိုမှ တရားဝင်ကြေညာအသိပေးခြင်းမရှိဘဲ နိုင်ငံပိုင်ဓနများကို ပုဂ္ဂလိကပိုင်အဖြစ်
ပြောင်းလဲပစ်နေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ တနေ့ပြီးတနေ့ ဘယ်လုပ်ငန်းကိုဖြင့် ဘယ်သူဌေးလက်အပ်လိုက်ပြီ၊ အဲဒီ
သူဌေးက ဘယ်ဗိုလ်ချုပ်နဲ့နီးစပ်တယ်၊ ဘယ်ဗိုလ်ချုပ်ကိုယ်စားလုပ်နေတာ စတဲ့သတင်းမျိုးတွေကိုလည်း ဒင်းတို့ပါးစပ်က
ကြားရတာမဟုတ်ဘဲ ဟိုကတစ၊ ဒီကတစနဲ့ ဆက်တိုက်ကြားနေကြရပါတယ်။

ဘာဥပဒေနဲ့၊ ဘာကော်မရှင်ရဲ့ဦးစီးမှုနဲ့လုပ်တယ်ဆိုတာကိုလည်း ဘယ်သူကမှမပြောသလို၊ ဘယ်သူကမှလည်း
မသိရပါဘူး။ သူခိုးဓားပြတွေ တိုက်ရာပါပစ္စည်းခွဲယူကြသလို တကယ့်ကို လက်သိပ်ထိုးလုပ်နေကြတာဟာ ဗမာပြည်
သမိုင်းမှာ မဆလလက်ထက် ၁၉၆၄ ခုနှစ်တုန်းက ပြည်သူပိုင်သိမ်းတယ်ဆိုတာရဲ့နောက်မှာ အကြီးမားဆုံးပိုင်ဆိုင်မှု လက်ပြောင်းလက်လွှဲလုပ်မှုကြီးပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ သမိုင်းရဲ့ ဟာသကွက်လိုဟာတခုကို ထောက်ပြလိုပါတယ်။ အဲဒါကတော့ မဆလစစ်အစိုးရဟာ ဆိုရှယ်လစ်စကားလုံးတွေ လေကြီးဟစ်ကျယ်ပြောပြီး “ပြည်သူပိုင်သိမ်းတယ်” ဆိုတဲ့ ပုဂ္ဂလိကပိုင်ဆိုင်တွေ၊ လုပ်ငန်းတွေကို စစ်
အုပ်စုပိုင်လုပ်ခဲ့ပါတယ်။ သူတို့အပြောက ဒါဟာဝိသမလောဘသမားတွေရဲ့ လက်ကနေ ဆိုရှယ်လစ်အရင်းအနှီးစုဆောင်းတာဖြစ်ပါသတဲ့။ ဒါပေမယ့် လက်တွေ့မှာတော့ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားပြီး သူတို့တစုသာ ချမ်းသာသွား ကြပါတယ်။ သူတို့နေရာကိုဆက်ခံတဲ့ နအဖစစ်အုပ်စုကတော့ ဈေးကွက်စီးပွားရေး တည်ဆောက်တယ်ဆိုပြီး အရင်းအနှီးခွဲဝေတာတွေ လုပ်ပြန်ပါတယ်။ တိုင်းပြည်ဟာ မွဲသထက်မွဲ သူတို့နဲ့အပေါင်းပါတွေသာ ချမ်းသာသထက်ချမ်းသာလာတာကို မျက်မြင်တွေ့နေရပါတယ်။ တိုင်းပြည်မွဲရေးနဲ့ ကိုယ်ချမ်းသာရေးဆီကို ချီတက်ရာ လမ်းကြောင်းများ သိချင်ရင် မြန်မာပြည်က စစ်အာဏာရှင်များဆီသာ သွားမေးပေတော့လို့ ပြောရမလိုပါ။

ဒီအဖြစ်အပျက်တွေထဲကနေ သမိုင်းရဲ့ သင်ခန်းစာတခုဆွဲထုတ်ပါဆိုရင် စစ်အာဏာရှင်တွေဟာ သူတို့အိတ်ထဲကို ထည့်ဖို့ဆိုရင် ဘာကြွေးကြော်သံကိုမဆို ကြွေးကြော်မယ်၊ တဖက်လှည့်နဲ့ပြန်ပြောရရင် သူတို့တတွေဘယ်လိုပဲ ကြွေးကြော်-ကြွေးကြော် လက်တွေ့ကျတော့ တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို သူတို့အိတ်ထဲထည့်တာပဲလို့ ပြောရပါမယ်။ သူတို့ထဲက စိတ်မလုံတဲ့လူ တချို့ကတော့ သူတို့လို တိုင်းပြည်အတွက် လုပ်နေသူတွေအဖို့ အကျိုးကျေးဇူး တစုံတရာ ခံစားသင့်ပါတယ်လို့ ဆင်ခြေပေးကြပါတယ်။ သူတို့စားတာ စားသင့်ပါတယ်၊ ခိုးတာ ခိုးသင့်ပါတယ်လို့ တိုက်ရိုက်မပြောရုံ တမယ်ပါပဲ။

မဆလလက်ထက် စစ်အုပ်စုနည်း စစ်အုပ်စုဟန် ဆိုရှယ်လစ်စနစ်ကာလတုန်းကတော့ တရုတ်ကုလားနဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်အားလုံးဟာ ၀ိသမလောဘသမား အရင်းရှင်တွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းမှန်သမျှ၊ ဆိုင်မှန်သမျှကို သိမ်းယူခဲ့ပါတယ်။ ဒါကြောင့်မို့ ဆင့်ဥစ္စာခွေးမချီနိုင်ဖြစ်ခဲ့တဲ့ ကိစ္စတွေ အများကြီးပေါ်ခဲ့ပါတယ်။

အခု နအဖနည်းနအဖဟန် ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးမှာကျတော့ နအဖဗိုလ်ချုပ်တွေဟာ မဆလဗိုလ်ချုပ်တွေ
အတွေ့အကြုံနည်းလို့ ဒုက္ခရောက်ခဲ့တာတွေကို သင်ခန်းစာထုတ်ယူထားလိုက်ကြပါတယ်။ ကွမ်းယာဆိုင်ကို ပြည်သူပိုင်
သိမ်းလိုက်လို့ အလုပ်ရှုပ်ရတာမျိုး သူတို့က အဖြစ်မခံတော့ပါဘူး။ နောက်ပြီး ဗိုလ်နေ၀င်းတို့က ဆိုရှယ်လစ်စကားတွေ
ပြော၊ နယ်ချဲ့ဆန့်ကျင်ရေး မီးရှူးမီးပန်းတွေဖောက်လွှတ်နေလို့ ပြည်ပအရင်းအနှီးနဲ့ဝေးခဲ့တာမျိုးကိုလည်း သူတို့က ရှောင်ရှား
ပါတယ်။ ကောင်းတဲ့ အလားအလာရှိတဲ့လုပ်ငန်းကိုမှ ကိုယ့်အိတ်ထဲထည့်ပါတယ်။ မကောင်းရင် ပြည်သူပိုင်အဖြစ် ချန်
ထားပါတယ်။ နောက်ပြီး ကိုယ့်အတွက်သာအကျိုးရှိမယ်၊ စားကွက်ရှိမယ်ဆိုရင် န၀တ၊ နအဖစစ်ဗိုလ်တွေဟာ အရှေ့က
ဖြစ်ဖြစ်၊ အနောက်ကဖြစ်ဖြစ် ဘယ်ကမဆို အရင်းအနှီးမှန်သမျှကို လက်ခံပါတယ်။ အဓိကကျတာက သူတို့ထိပ်သီးတွေ
အတွက် ခံစားခွင့်ပါဖို့ပါပဲ။

ထောက်ပြသင့်တဲ့ စစ်အုပ်စုတွေရဲ့ အဓိက၀င်ငွေလမ်းကြောင်း နောက်တခုကတော့ နယ်စပ်တွေကလာတဲ့ဝင်ငွေ လမ်းကြောင်းပါ။ မြန်မာပြည်မှာ နယ်စပ်ဒေသကို စစ်တပ်ကချုပ်ကိုင်ခဲ့တာဟာ ၁၉၄၈ ခုနှစ်ကစလို့ အစဉ်အလာတခုလို
ဖြစ်နေခဲ့ပါတယ်။ ပြည်တွင်းစစ်ရှိနေတော့ သူတို့မှာ အကြောင်းပြလို့ ပိုကောင်းသလို ဖြစ်နေပါတယ်။ ဒီကြားထဲ တရုတ်ဖြူ ကူမင်တန်ကျူးကျော်မှုလိုဟာမျိုးကလည်း ဖြစ်ပေါ်ခဲ့တော့ နယ်စပ်ဒေသနဲ့ ပြည်နယ်တွေဟာ စစ်ဗိုလ်တွေရဲ့ စားကွက်ချည့်
ဖြစ်ခဲ့တယ်မဟုတ်ပါလား။ နောက်ပြီး အဲဒီစားကွက်တွေအတွက်ပဲ သူတို့ချင်း စားခွက်လုကြ၊ ဂိုဏ်းအုပ်စုဖွဲ့ကြတာတွေလည်း ပေါ်ခဲ့ပါတယ်။ ၁၉၅၀ စုနှစ်များရဲ့ နောက်ပိုင်းတုန်းက ရှမ်းပြည်နယ်ထဲမှာ ထောက်လှမ်းရေးဗိုလ်မှူးကိုင်နိုကို သတ်
ပစ်ခဲ့တာ၊ ၁၉၇၀ စုနှစ်များတုန်းက အိန္ဒိယ-မြန်မာနယ်စပ်မှာ တာဝန်ကျတဲ့ သူရညွန့်တင်ကို ရုံးတင်တရားစွဲတာ စတာတွေဟာ အဲဒီလိုဂိုဏ်းအုပ်စုနဲ့ စားခွက်ပြဿနာတွေကြောင့်ပါပဲ။ ဒီလိုနဲ့ အဲဒီတုန်းက တိုင်းမှူးတွေနဲ့ စစ်ဒေသထိပ်သီးတွေဟာ
နယ်ခံအာဏာရှိသူတွေနဲ့ လုံးမိကြတာလည်းရှိ၊ အညှိုးအတေးတွေ ပေါ်ပေါက်တာလည်းရှိ ဆိုတာမျိုး ဖြစ်ခဲ့ပါတယ်။ တဖက်မှာကျတော့ သူတို့တပ်တွေရဲ့လုပ်ရပ်တွေကြောင့် တိုင်းရင်းသားလူမျိုးစုတွေက လူမျိုးရေးအရ နာကြည်းတာတွေ
ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဗိုလ်အောင်ကြီးတို့ လက်ထက်ကစလို့ စစ်အုပ်စုထိပ်သီးတွေနဲ့ နယ်စပ်က ဘိန်းရာဇာတွေ ရေစက်ဆုံခဲ့ကြတာပါပဲ။

ဒါပေမယ့် တရုတ်-မြန်မာနယ်စပ်မှာ ဗကပပေါ်လာတော့ စစ်အုပ်စုထိပ်သီးတွေအဖို့ စားကျက်တွေပျောက်ကုန်ကြပါတယ်။
သူတို့ရဲ့ ရောင်းရင်းအပေါင်းအသင်း နယ်ခံထိပ်သီးတွေ၊ ဘိန်းရာဇာတွေလည်း “လက်မဲ့တွေ” ဖြစ်ကုန်ကြပါတယ်။ ဒိနောက်
၁၉၈၉ ခုနှစ်မှာ ဗကပထဲက ခွဲထွက်မှုတွေပေါ်တော့မှ စစ်အုပ်စုထိပ်သီးတွေဟာ သူတို့ရဲ့စီးပွားရေး “အောင်မြေ” ကို ပြန်နင်း
နိုင်ခဲ့ပါတယ်။ မဆလထိပ်သီးတွေဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေကို န၀တ၊ နအဖထိပ်သီးတွေရခဲ့ပါတယ်။ ရတာမှ အတိုးနဲ့
ရတာလို့တောင် ပြောနိုင်ပါတယ်။ ဒါတွေကို အားလုံးသိပြီးမို့ အထူးရေးဖို့မလိုတော့ပါဘူး။ ဒီနေ့ နယ်စပ်ဒေသက အပစ်ရပ်
အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်လုပ်ရေးကိစ္စမှာ နအဖဗိုလ်ချုပ်တွေ စပ်ပူစပ်လောင်ဖြစ်နေကြတာမှာ ဒီစားကျက်ကြီး
ပြန်ပျောက်သွားမှာစိုးနေတဲ့ အကြောင်းရင်းလည်းပါပါတယ်။ သူတို့အဖို့က တကယ့်ကို အဆီနဲ့ဝင်းဝင်းပါ။

ကိုယ့်အတွက် အရင်းအနှီးစုဆောင်းရာမှာ နအဖနဲ့မဆလ မတူတဲ့ နောက်အချက်တချက်ကတော့ ဗိုလ်နေ၀င်းတို့ဟာ
အထက်မှာပြောခဲ့သလို ပြည်တွင်းကလုပ်ငန်းရှင်တွေ၊ ငွေရှင်ကြေးရှင်တွေကို ရန်လုပ် ဒုက္ခပေးခဲ့ပေမယ့် ဗိုလ်သန်းရွှေတို့
ကတော့ အဲဒီလိုလူတွေအထဲက သူတို့အသုံးချမယ့်လူတွေကို ရှာဖွေမွေးမြူပါတယ်။ ဒီဖြစ်စဉ်ထဲမှာပဲ ဗိုလ်ချုပ်တွေက
ဘိန်းဘုရင်တွေရဲ့ ငွေကိုခ၀ါချပေး။ တခါ ဘိန်းဘုရင်တွေက ဗိုလ်ချုပ်တွေရဲ့ ငွေတွေကို ပြန်ခ၀ါချပေးဆိုတာမျိုးတွေလည်း
ဖြတ်သန်းခဲ့ကြပါတယ်။ နောက်ပြီး ဗိုလ်ချုပ်တွေကိုယ်စား နာမည်ခံစီးပွားရေးလုပ်ငန်းထောင်ပေးမယ့် လူတွေကိုလည်း
စိစစ်မွေးမြူတာလုပ်ပါတယ်။ စစ်အုပ်စုရဲ့လက်ဝေခံလူတန်းစားတရပ် ထပ်မွေးယူတာပါ။ မွေးတာမှ လိုအပ်ရင် သမီးပေး၊
တူမပေးလို့တောင် မွေးယူကြပါတယ်။

အခု ရွေးကောက်ပွဲမတိုင်မီ ဗိုလ်သန်းရွှေတို့ထိပ်သီးတွေ အလုအယက်ဖြစ်နေကြတာဟာ ဆိုရှယ်လစ်စစ်ဗိုလ်အုပ်စု
က စခဲ့တဲ့ မြန်မာပြည်စစ်အုပ်စု အဆက်ဆက်တွေရဲ့ တွေးခေါ်လုပ်ကိုင်နည်းရဲ့ အဆက်တွေသာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်
အာဏာသိမ်းမှုကနေ ပေါ်ထွက်ခဲ့တဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ရဲ့ဘီအီးဒီစီပိုင်ကြယ်ငါးပွင့်လိုင်းကို အခု နအဖရဲ့ ဦးပိုင်က ယူတော့မယ်လို့ သတင်းထွက်လာတာ ကြားရတော့ “ဟိုအရင် ပဒုမုတ္တရာဘုရားလက်ထက်က ---------------- ဟာ
ငါဘုရားလက်ထက်မှာ ဒေ၀ဒတ်ဖြစ်လာတယ်” ဆိုတဲ့ ဇာတ်ပေါင်းစကားမျိုးကို ပြန်ကြားလိုက်ရသလိုပါပဲ။

http://www.khitpyaing.org/articles/2010/March/5310.php



TheVOICE(Monday, March 8 - 14 , 2010)

http://ifile.it/9ilng6z The+Voice+6 18+e Book

သမိုင်းကြောင်းသက်သေ

သမိုင်းကြောင်းသက်သေ
ရှေးရာဇ၀င်တွေကအစ သမိုင်းကြောင်းတလျှောက်
ခိုင်လုံတဲ့သက်သေအထောက်အထားအထားတွေနဲ့
သမိုင်းလေ့လာနေကြတဲ့
လောကီသားတွေမှာရှိခဲ့ကြလေရဲ့  ။
လောကကောင်းကျိုးကို
တတ်စွမ်းသမျှသယ်ပိုးမယ့်သူတွေအတွက်တော့
အချိန်နဲ့အမျှနေ့တဓူဝ
ကြုံတွေ့နေသမျှတွေအတွက်
ပွဲပြီးမီးသေပေါ့ပျက်ပျက်လုပ်ပြစ်လို့မရ့  ။
မြန်မာပြည်သားမှန်ရင်တော့
သံလွင်၊ချင်းတွင်းတို့ စီးဝင်ကာပေါင်းစုလာတဲ့
မြစ်မင်းဧရာဝတီကိုသိကြတယ်
လောကကောင်းကျိုးကိုဆောင်ကြမယ့်လူသားတွေကတော့
ဆိုးညစ်တဲ့အတိတ်သမိုင်းတွေကိုသင်ခန်းစာယူ
လက်ရှိပစ္စုပ္ပန်နဲ့အတိတ်မှာပါ
သက်သေအထောက်အထားတွေနဲ့ပြနိုင်အောင်
အချက်အလက်တချို့ကိုစုဆောင်း
အနာဂတ်သမိုင်းကြောင်းကောင်းအောင်
လက်တွေ့လုပ်ရပ်တွေနဲ့ကြိုးစားနေကြလေရဲ့  ။
ဇာနည်မောင်

မြေသြဇာအဖွဲ့၏ လှုပ်ရှားမှု့