Friday, March 12, 2010

12 March 2010 ဒိုင်ယာရီ

http://ifile.it/f6gx5qcMarch 12 2010 Yeyintnge Diary

နအဖထုတ်ပြန်ခဲ့သည့် ဥပဒေ (၂) ရပ်အပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ

NEJ / ၈ မတ် ၂၀၁၀

၂၀၁၀ ခုနှစ် မတ်လ (၈) ရက် နေ့စွဲဖြင့် နအဖ ထုတ်ပြန်ပြီးစီးခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတို့နှင့်ပတ်သက်၍ ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားအမြင်များကို ခေတ်ပြိုင်က စုစည်းတင်ပြလိုက်ပါသည်။

ဦးမြင့်သိဏ်း။ ။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ တွဲဖက်အတွင်းရေးမှူး- ၁ (အန်စီယူဘီ)

အကြမ်းအားဖြင့် ပြောရရင် စစ်အုပ်စုအမြဲပြောနေတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ သွားမယ်ဆိုတဲ့အပေါ်မှာတော့ သူတို့ထုတ်တဲ့ ဥပဒေက ကိုက်ညီမှုမရှိဘူး။ တည့်တည့်ပြောရရင် ဒီမိုကရေစီကျင့်စဉ်နဲ့ မကိုက်ညီတာ တွေ့ရတယ်။ နောက်တချက်က နိုင်ငံရေး ဆိုင်ရာပါတီများ လွတ်လပ်ခွင့်ဆိုင်ရာနဲ့ပတ်သက်ပြီး မရှိတဲ့အခြေခံကို တွေ့ရတယ်။ သူတို့က တပါတီအာဏာရှင် စနစ်ဆန်ဆန်နဲ့ သူတို့လုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံမယ်ဆိုမှ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံတင်ခွင့်ရပြီးတော့ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ပုဒ်မတွေအရ ပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီများ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုရင်လည်း စစ်မှန်တဲ့ နိုင်ငံရေးပါတီတရပ်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်မူဝါဒ သဘောထားတွေနဲ့ ကိုက်ညီတဲ့ မူဝါဒသဘောထားတွေ မရနိုင်ဘူး။ စစ်အုပ်စုက အသာစီးရပြီး သူအမြဲတမ်း လွမ်းမိုးကြီးကြပ်သွားနိုင်မယ့်၊ ပံ့ပိုးအားပေးမယ့် အနေအထားမျိုးပဲလို့ သုံးသပ်ပါတယ်။

ဒေါ်စန်းစန်း။ ။ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအဖွဲ့ ဒု-ဥက္ကဋ္ဌ (အမ်ပီယူ)

သူတို့ဥပဒေအရ ကျမတို့က ဘယ်လိုပဲကန့်ကွက်ပါစေ သူတို့ဥပဒေကို ခေါင်းရှိုလက်ခံပြီး ၀င်ရမယ့်ပုံဖြစ်နေတယ်။ အဲလိုဝင်လိုက်ရင် ကျမတို့တောင်းဆိုနေတဲ့ ရွှေဂုံတိုင်ကြေညာချက်ဟာ အလကားဖြစ်သွားမယ်။ သူတို့ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထောင်ကျနေသူ နိုင်ငံရေးအကျဉ်းသားတွေကို ပါတီကနေ ထုတ်ရမယ့်ပုံဖြစ်နေတယ်။ ကျမတို့က ၂၀၀၈ ခုနှစ် ဥပဒေကို တနည်းနည်းနဲ့ ပြင်ပေးပါဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။ ပါတီမှတ်ပုံတင်ခွင့် ပြုသည်ဖြစ်စေ၊ စိစစ်သည်ဖြစ်စေ အန်အယ်လ်ဒီကို လုံးဝမှတ်ပုံတင်ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာလည်း ဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူး။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို မသိကျိုးကျွန်ပြုပြီး နောက်ထပ်ရွေးကောက်ပွဲလုပ်မယ်ဆိုတာက လုံးဝအဓိပ္ပယ်မရှိဘူး။ ဒီရွေးကောက်ပွဲက ဖြစ်ပေါ်လာမယ့် အစိုးရဟာ တရားဝင်မှာမဟုတ်သလို နိုင်ငံတကာကလည်း လက်ခံမှာမဟုတ်ဘူး။

ဦးခင်မောင်တင့်။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး (ဒီပီအန်အက်စ်)

ပထမ နိုင်ငံရေးပါတီများ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေကို ကြည့်လိုက်ရင် နအဖစစ်အစိုးရက ထင်ပေါ်ကျော်ကြား ဂုဏ်သတင်းရှိတဲ့ ပုဂ္ဂိုလ်တွေလို့ ယူဆတဲ့လူတွေကပဲ ဒီကော်မရှင်မှာ ပါဝင်ရမယ်။ ကော်မရှင်ကို ဖွဲ့စည်းမယ်လို့ ပါတဲ့အတွက် သူ့စိတ်ကြိုက်ပဲဖြစ်တယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာလည်း ဒီပါတီ ဒီဖွဲ့စည်းပုံတွေအားလုံးကို လေ့လာလိုက်ရင် တားမြစ်ကန့်သတ်ချက်တွေ အများဆုံးက မှတ်ပုံတင်ခြင်းဥပဒေလို့ ပြောရမှာပဲ။ အဲဒီထဲမှာ အထူးသဖြင့် အန်အယ်လ်ဒီ အပါအ၀င် တည်ဆဲနိုင်ငံရေးပါတီ (၁၀) ပါတီဟာ ရက်ပေါင်း (၆၀) အတွင်းမှာ မှတ်ပုံတင်ရမယ်၊ မတင်နိုင်ရင် အလိုလိုပျက်ပြယ်မယ်လို့ ပြောထားပြီးဖြစ်တယ်။ ဒါကြောင့်မို့ အခြေခံဥပဒေကိုပဲကြည့်ကြည့်၊ ကောင်မရှင်ဥပဒေကိုပဲ ကြည့်ကြည့် ကန့်သတ်ဖိနှိပ်မှုတွေ အမြောက်အမြားနဲ့ ပြဋ္ဌာန်းလိုက်တာဖြစ်တယ်။ ပြန်ကြည့်ရင် အမျိုးသားညီလာခံကျင်းပတာ ဖြစ်ဖြစ်၊ ဒီဖွဲ့စည်းပုံဥပဒေကို ပြဋ္ဌာန်းရေးဆွဲတာပဲဖြစ်ဖြစ် အားလုံးဟာ နအဖစစ်အစိုးရ စိတ်ကြိုက်လုပ်ခဲ့တာဖြစ်တယ်။ အခုလည်း နအဖစိတ်ကြိုက် လုပ်မှာဖြစ်တဲ့အတွက် အခြားပုဂ္ဂိုလ်တွေ ပြောနေသလို အခွင့်အလမ်းတို့၊ ဒီမိုကရေစီတို့ဆိုတာ ဒီဥပဒေတွေအောက်မှာ မရှိဘူးဆိုတာ ရှင်းနေပါပြီ။ ကျနော်တို့ကတော့ ဒီဥပဒေတွေအားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက်သွားရမယ်လို့ ယူဆတယ်။

ဦးငွေလင်း။ ။ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု ဒုတိယအတွင်းရေးမှူးချုပ် (အက်ဖ်ဒီဘီ)

ရွေးကောက်ပွဲကော်မရှင်မှာ ထင်ပေါ်ကျော်ကြား ဂုဏ်သတင်းရှိတဲ့ ပုဂ္ဂိုလ်အဖြစ် နအဖက ယူဆသူဖြစ်ရမယ်လို့ပါတယ်။ အဲဒီအချက်က ဘာလဲဆိုရင် ရွေးကောက်ပွဲကော်မရှင် လူကြီးအားလုံးကို နအဖစိတ်တိုင်းကျ ဖွဲ့မယ်လို့ပြောလိုက်တာ ဖြစ်တယ်။ ဒီအချက်က ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းရှိပါဘူး။ ဒီဥပဒေတွေဟာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီတွေကို ဖျက်သိမ်းလိုက်ပြီး တရားမ၀င်တော့ဘူးလို့ ပြောလိုက်တဲ့ ဥပဒေတခုလို ဖြစ်နေတယ်။ ပါတီအသစ်တွေ ထောင်မယ်ဆိုရင်လည်း သူ့ရဲ့ပုဒ်မ (၆) ကို ခံဝန်ကတိပြုနိုင်တဲ့လူ ဖြစ်ရမယ်လို့ဆိုတယ်။ အဆိုးဆုံးကိစ္စကတော့ ၂၀၀၈ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ ခံဝန်ကတိပြုကြရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူတရပ်လုံးကို ဒုက္ခပေးမယ့် ဥပဒေဖြစ်တယ်။ အဲဒါတွေကို ပြန်ပြင်ရမယ်လို့ တောင်းဆိုနေတဲ့အချိန်မှာ လုံးလုံးမပြင်ဘူး၊ ခေါင်းငုံ့ဒူးထောက်ပြီး ၀င်ကြ၊ ဒီလိုမှ မ၀င်ရင် ပါတီအဖြစ်လည်း အသိအမှတ်မပြုဘူး၊ ပါတီခေါင်းဆောင်အဖြစ်လည်း အသိအမှတ်မပြုဘူးလို့ ပြောတာဖြစ်တဲ့အတွက် လူထုနဲ့ အနိုင်ရပါတီကို စော်ကားမော်ကားလုပ်လိုက်တဲ့ ဥပဒေတွေဖြစ်တယ်။ ဒါကြောင့် ပြတ်ပြတ်သားသားဆန့်ကျင်တယ်လို့ သဘောထားပေးတယ်။ တိုင်းပြည်ကို မီးဟုန်းဟုန်းတောက်နိုင်တဲ့အတွက် အခြေခံဥပဒေပြင်ရေးကိုသာ စောင်းပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။

မိုင်းဘုန်းကျော်။ ။ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု အထွေထွေအတွင်းရေးမှူး (အန်ဒီအက်ဖ်)

ဒီရွေးကောက်ပွဲဥပဒေကို ကြည့်မယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ ပြည်တွင်းစစ်မီးကို ပိုပြီးတောက်လောင်စေမယ့် ရွေးကောက်ပွဲ ဖြစ်မယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းမှုဖြေရှင်းမယ့် နည်းလမ်းဟာ သွေဖည်သွားပြီလို့ သုံးသပ်လို့ရတယ်။ ကျနော်တို့ကတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်တယ်။ ဒီဥပဒေကို ဘောလုံးစကားနဲ့ပြောရင် နအဖဟာ သူကျင်းပမယ့် ဘောလုံးပွဲကို သူပဲ ဒိုင်လုပ်မယ်၊ သူပဲ စည်းမျဉ်းစည်းကမ်းချမယ်၊ သူ့အသင်းနဲ့ပဲ ကန်ခိုင်းမယ်ဆိုတော့ ၀င်ကန်မယ့်လူဟာ ကိုယ့်ဂိုးကို ကိုယ်ပြန်သွင်းတာနဲ့ တူတူပဲ။ အဲဒီအရှုံးဟာ နအဖနဲ့ ရှုံးတာမဟုတ်ဘဲ တိုင်းသူပြည်သားအားလုံးရဲ့ အရှုံးဖြစ်သွားမယ်။

ဒေါက်တာအေးကျော်။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ ဒု-ဥက္ကဋ္ဌ (အန်အယ်လ်ဒီ-အယ်လ်အေ)

ဒီဥပဒေက အန်အယ်လ်ဒီကို ရွေးကောက်ပွဲဝင်လို့မရအောင် လုပ်ထားတာတွေ့ရတယ်။ နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်လို့မရအောင်လည်း လုပ်ထားတယ်။ တရားသဖြင့်လုပ်တဲ့ ရွေးကောက်ပွဲလို့မမြင်ဘူး။ ကျနော်တို့ကတော့ တိုင်းပြည်ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းနေပေမယ့် သူတို့မှာ ဖြေရှင်းလိုတဲ့ ဆန္ဒမရှိဘူး။ ထွက်လာတဲ့ ဥပဒေကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်မှာ ဆိုးကျိုးတွေကတော့ အများကြီး ဆက်လက်ကြုံတွေ့ရမှာ ဖြစ်တယ်။

ပဒိုဒေးဗစ်သကဘော။ ။ ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဋ္ဌ (ကေအန်ယူ)

ကျနော်တို့ကတော့ ကြေညာချက်ထုတ်ထားပြီးဖြစ်တယ်။ နအဖက အများပြည်သူလက်မခံတဲ့ ရွေးကောက်ပွဲကို သူ့သဘောနဲ့သူ လုပ်ရင် တရားမ၀င်တဲ့ ရွေးကောက်ပွဲပဲဖြစ်မယ်။ KNU ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဆက်ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကြိုးတွေကတော့ နအဖရဲ့တာဝန်ပဲ။

ခွန်မြင့်ထွန်း။ ။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ အလုပ်သမားဝန်ကြီး (အန်စီဂျီယူဘီ)

ဒီရွေးကောက်ပွဲဥပဒေ မထုတ်ပြန်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ပြီး ထောင်ချခဲ့တယ်။ ဒေါ်စု၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်အပါအ၀င် အဲလိုနိုင်ငံရေးခေါင်းဆောင် တွေကို ထောင်ချပြစ်ဒဏ်ပေးပြီးတော့မှ ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာကပြောသလို သက်ဆိုင်သူအားလုံး ပါဝင်ရမယ်ဆိုတဲ့အချက်နဲ့ လုံးဝဆန့်ကျင်နေတာဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ပြင်ဆင်ခြင်းမရှိတဲ့အတွက် ဒီရွေးကောက်ပွဲဟာ တိုင်းပြည်ကို စစ်ပဒေသရာဇ်တွေရဲ့ စစ်ဖိနပ်အောက်မှာ ကျွန်ပြုခံရမယ့် ရွေးကောက်ပွဲဖြစ်တဲ့အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ရမှာဖြစ်တယ်။ နအဖဟာ ၈၈ ခုနှစ်က ထုတ်ခဲ့တဲ့ ရွေးကောက်ပွဲဥပဒေကို အခုအမိန့်နဲ့ ပယ်ဖျက်လိုက်တယ်။ ဒီဥပဒေတွေကို ရှင်းလင်းချက် အကြောင်းတစုံတရာမရှိဘဲ ပယ်ဖျက်တယ်ဆိုတာမျိုးဟာ နောက်ထပ် ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာလည်း အဓိပ္ပာယ်မဲ့သွားတယ်။ ဥပဒေတွေကို ပုဂ္ဂိုလ်တဦးတယောက်က ပြဋ္ဌာန်းချင်တဲ့အချိန် ပြဋ္ဌာန်းမယ်၊ ပယ်ဖျက်ချင်တဲ့အချိန် ပယ်ဖျက်မယ် အဲလိုဆိုရင် ကျနော်တို့တိုင်းပြည်မှာ ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာ ဥပဒေ မမည်တော့ဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေဆိုရင် ပေါ်လွင်ထင်ရှားစေတယ်။

မနိုးနိုးထက်စံ။ ။ မြန်မာအမျိုးသမီးများသမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ (ဘီဒဗလျူယူ)

ဒီရွေးကောက်ပွဲ ဥပဒေထုတ်တော့မယ်ဆိုတာ သိတယ်။ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုတာလည်း သိတယ်။ ရွေးကောက်ပွဲဥပဒေ ထုတ်ထုတ် မထုတ်ထုတ် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီးတော့ လုပ်တဲ့အတွက် ဖြစ်တယ်။ တရားမျှတမှု ရှိတယ်လို့ သူတို့ဘယ်လောက်ပဲ ပြောပြော၊ ဘာကိုပဲ အခြေခံပြီးလုပ်လုပ် ၂၀၁၀ ရွေးကောက်ပွဲမဖြစ်ဖို့ အရေးကြီးတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ထွက်လာတဲ့ ဥပဒေကိုလည်း စိတ်မ၀င်စားဘူး၊ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးလို့ပဲ ပြောချင်တယ်။
ခေတ်ပြိုင်သတင်းဂျာနယ်

အမွန်းကျပ်ဆုံး အချိန်


(ဦးဝင်တင်နှင့် အင်တာဗျူး)

နယူးဒေလီ ။ ။ ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး လက်ရှိ စစ်အစိုးရက အငြှိုးတကြီးဖြင့် ၁၉ နှစ်ထောင်သွင်းအကျဉ်းချခံခဲ့ရသူ၊ တကိုယ်ရည် တကာယ သို့သော် စစ်ဖိနပ်အောက်မှ တိုင်းပြည်ကို လွတ်မြောက်စေလိုသော ဝန်ထုပ်ကို သယ်ပိုးထားရသော စစ်ဗိုလ်ချုပ်များဘက်က သဘောထားတင်းမာသူဟု အမြင်ခံရသူ၊ သို့သော် သူ၏ ရိုးဖြောင့်မှုနှင့် ပတ်သက်၍ အာဏာပိုင်များဘက်ကပင် အသိအမှတ်ပြုရသော ဦးဝင်းတင်သည် ယနေ့တွင် အသက် ၈ဝ နှစ် ပြည့်မြောက်ပြီဖြစ်သည်။

သူ့မွေးနေ့သမယတွင် သူလိုလားသော ရွှေဂုံတိုင်ရပ်တည်ချက်ကို စစ်အစိုးရက မထီမဲ့မြင်ဖြင့် ရွေးကောက်ပွဲဥပဒေ ထုတ်ကာ ပစ်ပယ်ခံရချိန်၊ မူနှင့် လက်တွေ့နိုင်ငံရေး အားပြိုင်လာနေချိန် ဖြစ်သည်။

သတင်းထောက်များ မေးသမျှ မငြီးမငြူဖြေကြားတတ်သော ဦးဝင်းတင်ကို မဇ္ဈိမသတင်းထောက် မြင့်မောင်က ဆက်သွယ်မေးမြန်းထားသည်။



မေး။ ။ ၈ဝ နှစ်ပြည့် မွေးနေ့မှာ ပြည်သူတွေကို ဘယ်လို နှုတ်ခွန်းဆက်လိုပါသလဲ။

''ကျနော်တို့ဟာ အလွန်ကို အမွန်းကျပ်ဆုံး အချိန်ပဲ။ စစ်အစိုးရဟာ နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်တာတွေ အများကြီး လုပ်လာတယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေ၊ အများပြည်သူတွေ ဘာမှ လုပ်နိုင်လောက်မယ့် အနေအထား မရှိဘူး။ ဒီထဲမှာ ထပ်ပြီးတော့ ရွေးကောက်ပွဲတို့၊ ဘာတို့ ပေါ်လာတဲ့အခါကျ နိုင်ငံရေးအရ အနာဂတ်မှာ မလုပ်နိုင်အောင် အစီအမံတွေ ပိုပြီး ချထားတယ်''

''အမွန်းကျပ်ဆုံး၊ အတင်းကျပ်ဆုံး အချိန်ပဲ။ တုံ့ပြန်စရာလမ်းက တလမ်းပဲ ရှိတယ်။ စစ်အစိုးရနဲ့ ရင်ဆိုင်ထိပ်တိုက်တွေ့ပြီး ဆန့်ကျင်သွားဖို့ လမ်းပဲ။ အဲဒီလိုလုပ်ဖို့ လက်နက် ၃ သုံးမျိုး ရှိတယ်။ ၁ အနေနဲ့ မကြောက်တရား လက်နက်။ မကြောက်တရား လက်နက်ဆိုတာ ပြည်သူလူထုမှာ မျိုးစုံအကျပ်အတည်းတွေ ကြုံတွေ့နေတဲ့အခါ လူတွေက နည်းနည်းကြောက်လန့်လာတယ်။ ခြောက်လှန့်တယ်ဆိုရင် ကြောက်လန့်မှာပဲ။ ဒါ နားလည်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက ကိုယ့်ထမင်းကို ကိုယ်ရှာစားနေတဲ့သူတွေ၊ နိုင်ငံရေး လုပ်နေကြတဲ့သူတွေ မဟုတ်ဘူး''

''ဒီအချိန် အကြောက်တရားကို စွန့်ကြပါ၊ မကြောက်တရားနဲ့ ရင်ဆိုင်ကြပါ၊ ရဲရဲတင်းတင်းကြီးကို ရင်ဆိုင်ကြပါ၊ အကြောက်တရား ရှိရင်လည်း ကြောက်ကြောက်နဲ့ပဲ လုပ်ကိုင်ကြပါလို့ တိုက်တွန်းချင်တယ်။ မကြောက်တရား လက်နက်နဲ့ စစ်အစိုးရကို တွန်းလှန်ချေမှုန်းဖို့၊ ရင်ဆိုင်ဖို့ တလမ်းပဲ ရှိပါတယ်''

''နောက်တခုက သွေးစည်းညီညွတ်ရေးကိစ္စပေါ့ဗျာ။ သွေးစည်းညီညွတ်ရေး လက်နက်ဆိုတာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ ပြည်သူလူထု ဘက်တော်သားတွေ အားလုံးဟာ စစ်အစိုးရရဲ့ သွေးခွဲမှုတွေ၊ တိုင်းပြည်ရဲ့ အကြောင်းအမျိုးမျိုးသော အကြောင်းတွေကြောင့် ကျနော်တို့ဟာ သွေးစည်းညီညွတ်ရေး လျော့လာတယ်၊ အားပျက်လာတယ်၊ တယောက်နဲ့တယောက် နည်းနည်း စိမ်းလာတယ်၊ မယုံရဘူး။ ထောက်လှမ်းရးက သွေးခွဲတာတမျိုး၊ ခြိမ်းခြောက်တာကတမျိုး အဲဒီလို အကြောင်းအမျိုးမျိုးကြောင့် သွေးစည်းညီညွတ်ရေး တဖြည်းဖြည်း ပြိုကွဲလာတယ်။ အဲဒီအချိန်မှာ ဒီစစ်အစိုးရကို ရင်ဆိုင်ဖို့၊ သွေးစည်းညီညွတ်ရေးအားကို ပိုပြီးတော့ ခိုင်မာအောင်လုပ်ဖို့ပဲ ဖြစ်တယ်''

မေး။ ။ လက်ရှိအနေအထားအရ NLD အနေနဲ့ ရွေးကောက်ပွဲဝင်ပြီး ပါတီရပ်တည်ဖို့ လုပ်သင့်ပါသလား၊ မဝင်ဘဲနဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရလဒ်ကို ကိုင်ဆွဲပြီး ဆက်လုပ်ဖို့ လိုပါသလား။

''ကျနော်ရဲ့ ရပ်တည်ချက်က ရွှေဂုံတိုင်မှာ ချမှတ်ထားတဲ့အတိုင်း ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် ပြုရမယ်။ အသိအမှတ် ပြုမှသာ သမိုင်းမှာ မှန်ကန်တဲ့ အနေအထား ရမယ်။ နောင်အခါ တိုင်းပြည်မှာလည်း လူတွေက အစိုးရအပေါ် အယုံအကြည်ရှိမယ်။ ဒါကြောင့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ကိုင်ဆွဲရမယ်။ နောက်တခုက ၂ဝဝ၈ အခြေခံဥပဒေထဲမှာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ဆင်ပြောင်းလဲရမယ်။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးရမယ်။ ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ရမယ်ဆိုတဲ့ နိုင်ငံရေး တောင်းဆိုချက်တွေ မှန်ကန်တယ်။ ဒါတွေ ရမှသာလျှင် ဗမာပြည် အနာဂတ်နိုင်ငံရေး ကောင်းမယ်။ အဲလိုမဟုတ်ဘဲ စစ်အစိုးရ ကမ်းလှမ်းနေတဲ့ နွားဖားကြိုးတပ်တဲ့ ဒီမိုကရေစီ လမ်းစဉ်အတိုင်း လိုက်ဖို့အတွက် ရွေးကောက်ပွဲတွေ ဝင်မယ်၊ စစ်အစိုးရ ခိုင်းတဲ့အတိုင်း လုပ်နေမယ်ဆိုရင် သူတို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး''

''ပါလီမန်ထဲမှာလည်း ဘာအသံမှ ထွက်လာမှာ မဟုတ်ဘူး။ လူထုအတွက် ဘာမှ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကိုင်ဆွဲပြီး ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် တိုက်ပွဲဝင်သွားဖို့ပဲ။ တိုက်ပွဲဝင်သွားတဲ့အခါမှာ ဒီစစ်အစိုးရရဲ့ ပါတီများ ဖွဲ့စည်းရေးဥပဒေနဲ့ မကိုက်ညီတဲ့အတွက်၊ ကျနော်တို့က ပါတီမရှိလည်း ကိစ္စမရှိဘူးလို့ ယူဆတယ်။ နိုင်ငံရေးပါတီတခုဟာ နိုင်ငံရေးရှိဖို့ လိုတယ်၊ နိုင်ငံရေးမရှိတဲ့ ပါတီဆိုရင် ဘာနဲ့တူလဲဆိုတော့ ဦးနှောက်မရှိတဲ့၊ ခေါင်းမပါတဲ့ သတ္တဝါလို ဖြစ်မှာပဲ။ လူတွေမှာ၊ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေး ရှိနေမယ်ဆိုရင် ပါတီမရှိလည်း အရေးမကြီးဘူး။ ကွန်မြူနစ်တို့၊ ဖဆပလတို့ဆိုရင် ဂျပန်ခေတ်တခေတ်လုံး ကျော်ဖြတ်ခဲ့တယ်။ ပါတီရယ်လို့ မရှိဘူး။ နောက်မှ ဖဆပလဆိုတာ ပေါ်ပေါက်လာခဲ့တယ်''

''ဦးနုလည်း မဆလ တခေတ်လုံးမှာ သူ့ပါတီရယ်လို့ မရှိဘဲနဲ့ ကျော်ဖြတ်ခဲ့တယ်။ ၈ လေးလုံးကာလကို ရောက်တဲ့အခါ ပါတီတွေဘာတွေ ပြန်ထူထောင်နိုင်တယ်။ ယှဉ်ပြိုင်အစိုးရ တဖွဲ့ကိုတောင် ဖွဲ့သွားနိုင်သေးတယ်။ တိုင်းရင်းသားအင်အားစုတွေကို ကြည့်မယ်ဆိုရင်လည်း သူတို့အထဲမှာ ပါတီရယ်လို့ မရှိဘူး။ တရားဝင်ဖွဲ့ပြီး ရပ်တည်လို့ မရဘူး။ ဒါပေမဲ့ သူတို့မှာ နိုင်ငံရေး ရှိတယ်။ အမျိုးသား နိုင်ငံရေး၊ တန်းတူညီမျှတဲ့ နိုင်ငံရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ နိုင်ငံရေးတွေ ရှိတဲ့အခါ ဒီနေ့အထိ လှုပ်ရှားနေလို့ ရတယ်။ ကျနော်တို့ ကြောက်လန့်ပြီး စစ်အစိုးရ ခိုင်းတဲ့အတိုင်း၊ စစ်အစိုးရက သံခြေကျင်းခတ်ထားတဲ့ နိုင်ငံရေးပါတီတခုအနေနဲ့ စစ်အစိုးရရဲ့ လမ်းကြောင်းထဲကို လိုက်သွားစရာ မလိုဘူးလို့ ထင်တယ်''

မေး။ ။ ၁၉၉ဝ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ နှစ်ရပ်ကို ဘယ်လိုမျိုး နှိုင်းယှဉ်သုံးသပ်လိုပါသလဲ။

''၉ဝ ရွေးကောက်ပွဲ နောက်ကွယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီမိုကရေစီတောင်းဆိုတဲ့ လူထုအရေးတော်ပုံကြီး ရှိခဲ့တယ်။ စစ်အစိုးရအနေနဲ့ ဘာအင်အားမှ မရှိဘူး။ လူထုရဲ့ တောင်းဆိုချက်ကလည်း အများကြီး များတဲ့အခါကျ ၉ဝ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်ဖြစ်အောင် ကျင်းပပေးနိုင်ခဲ့တယ်။ ကျနော်တို့ကို လက်ပြန်ကြိုး တုတ်ခြင်း၊ လက်ထိပ်ခတ်ခြင်း၊ သံခြေကျင်းခတ်ခြင်း ဘာမှမလုပ်ဘဲနဲ့ ပါတီကို လွတ်လပ်စွာ လုပ်ခွင့်ပေးခဲ့တယ်။ အဲဒီအတွက် အနိုင်ရခဲ့တယ်။ ဒါက ၁၉၉ဝ ခုနှစ်တုန်းက အခြေအနေတွေပါ''

''၂ဝ၁ဝ ရောက်တဲ့အခါ စစ်အစိုးရက တိုင်းပြည်ကို စစ်ဖိနပ်နင်းအုပ်ချုပ်ခဲ့တယ်။ တိုင်းသူပြည်သားတွေကလည်း နည်းနည်း အကြောက်တရားတွေ ဝင်နေပြီ၊ နောက် စီးပွားရေးက ကျပ်တည်းတဲ့အခါ လူတိုင်းက နိုင်ငံရေးကို သိပ်ပြီး စိတ်မဝင်စားနိုင်တော့ဘဲနဲ့ စိတ်ဝင်စားမှုတွေ အတန်ငယ် လျော့ပြီးတော့ စားရေးသောက်ရေးအတွက် အာရုံစိုက်နေရတယ်။ ဆိုတော့ စစ်အစိုးရက အခုအချိန်မှာ အထက်စီးက နေလို့ရတယ်။ နောက် တိုင်းပြည်ရဲ့ သယံဇာတတွေရောင်း ဘာရောင်းနဲ့ နိုင်ငံခြားငွေတွေက သူတို့လက်ထဲမှာ ရှိနေတဲ့အတွက် ရှေ့လျှောက်ပြီး စစ်အာဏာ ထူထောင်ဖို့လည်း ရှိနေပြီ။ ၂ဝဝ၈ အခြေခံဥပဒေလည်း ရှိနေပြီ။ ဒီဥပဒေကိုလည်း နာဂစ်လို ကာလမျိုးမှာ ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန် ဇွတ်အတင်းပြဋ္ဌာန်းခဲ့တယ်''

''ဒီလို အခြေအနေတွေရှိတော့ ၂ဝ၁ဝ ရွေးကောက်ပွဲ အနေအထားက အမျိုးမျိုး အနိုင်ကျင့်တဲ့ဟာတွေနဲ့ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ ပါလာတယ်။ လာမယ့် ရွေးကောက်ပွဲအပြီး ဖြစ်လာမယ့် အခြေခံဥပဒေ ဆိုတာကလည်း ၁၉၉ဝ တုန်းက အခြေခံဥပဒေမျိုး မရှိဘူး။ ကျနော်တို့ ဘာမှမလုပ်နိုင်ဘူး။ သူက ရွေးကောက်ပွဲ လုပ်ပေးရုံ သက်သက်ပဲ။ အခုကျ သူတို့မှာ သတ်မှတ်ချက်တွေရှိပြီ၊ ဒီအတိုင်း ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ လုပ်တဲ့အခါကျ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဘာမှဖြစ်လာနိုင်စရာ မရှိဘူး။ ၂ဝဝ၈ ခုနှစ်တုန်းက ချမှတ်ထားတဲ့ စစ်အာဏာယန္တယားကြီး အခိုင်အမာတည်ဆောက်ဖို့၊ စစ်အစိုးရသက်ဆိုးရှည်ဖို့ပဲ ရှိတယ်။ ကျန်တာ ဘာမှမရှိဘူး''

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာမယူသင့်ဘူး၊ နိုင်ငံ့ဂုဏ်ဆောင်ပဲ ဖြစ်သင့်တယ်ဆိုတဲ့အပေါ် ဘယ်လို ပြောချင်ပါသလဲ။

''ဘယ်ဟုတ်မလဲဗျာ။ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလည်း ယူရမှာပေါ့ဗျာ။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဦးဆောင်မယ့်သူက အာဏာ ရှိရမယ်။ တိုင်းပြည်ရဲ့ ယန္တယားတွေကို ကွပ်ကဲကြီးကြပ်တဲ့ ပုဂ္ဂိုလ်ပဲ။ ဘယ်ဂျောင်ထိုးလို့ ဘယ်ရမလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယက ဆိုနီယာဂန္ဒီ လုပ်သလို လုပ်လို့ မရဘူး။ ဆိုနီယာဂန္ဒီက နိုင်ငံခြားသား။ ရှင်းရှင်းပြောရရင် တိုင်းပြည်ကို ခေါင်းဆောင်လုပ်ရမှာ မလွယ်ဘူး။ နိုင်ငံခြားသား ဖြစ်နေတဲ့အတွက် သူဟာ နိုင်ငံရေးမှာ ပါတီကို နောက်ကွယ်ကနေ ကိုင်ပြီး လုပ်နေတယ်။ သြဇာအာဏာရှိတာ မှန်တယ်။ တိုင်းပြည်အတွက် အများကြီး အလုပ်လုပ်ကိုင်နေတာ မှန်တယ်။ သို့သော် သူက နောက်ကွယ်ကနေ လုပ်ရမယ့် အနေအထားကြီးဗျာ။ ဒေါ်အောင်ဆန်းစုကြည်က ဗမာဗျာ၊ ဒီတိုင်းပြည်ရဲ့ အာနည်ပုဂ္ဂိုလ်ကြီး သမီးဗျာ၊ နိုင်ငံရေး သြဇာတွေ ရှိတယ်၊ နိုင်ငံရေး ပုံရိပ်တွေ ရှိတယ်၊ နိုင်ငံရေး သိက္ခာတွေ ရှိတယ်။ အဲဒီ သိက္ခာတွေကို တိုင်းပြည်ပြောင်းလဲဖို့၊ အသစ်တည်ဆောက်ဖို့ နေရာတွေမှာ အပြည့်အဝ သုံးရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သေတ္တာထဲ ခေါက်ထည့်ပြီး၊ Showcase ထဲ ထည့်ထားပြီး ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ဘက်မှာ ရှိပါတယ်ဗျာ ဆိုပြီးတော့ ပြစားဖို့ ရည်ရွယ်ချက်မရှိဘူး''

''ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အပြည့်အဝ လုပ်လည်း အခြေခံဥပဒေအရ နိုင်ငံရေး အာဏာဆိုတာ အပြည့်အဝ ရစရာမရှိဘူး။ NLD ကို တတိုင်းပြည်လုံးက ၇၅ % အပြည့်ပေးလိုက်လည်း အစိုးရဖွဲ့လို့ မရဘူး။ ဒီအခြေခံ ဥပဒေအရ ဘယ်ပါတီမှ အစိုးရဖွဲ့လို့ မရဘူးဗျာ။ စစ်တပ်က သြဇာရှိတဲ့ စစ်တပ်က လူတွေနဲ့ပဲ အစိုးရဖွဲ့မှာပဲ။ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ဘာမှလုပ်လို့ မရဘူး။ သို့သော် ကျနော့်သဘောကို ပြောမယ်ဆိုရင် လွတ်လွတ်လပ်လပ်ရှိတဲ့ ဖွဲ့စည်းပုံနဲ့ လွတ်လွတ်လပ်လပ်ရှိတဲ့ လူ့အဖွဲ့အစည်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်ပြည့် လုပ်ရမှာပဲ။ အာဏာလည်း ယူသင့်ရင် ယူရမှာပဲ။ သူ့ကို ပြစားဖို့လည်း မဟုတ်ဘူး။ ဆိုနီယာဂန္ဒီလိုလည်း ဂျောင်ထဲ ထိုးထားလို့ မရဘူး''

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားရင် မြန်မာနိုင်ငံရဲ့ လူနေမှု အခြေအနေအပေါ် ဘယ်လိုသုံးသပ်လိုပါသလဲ။

''ကောင်းလာမလား၊ ဆိုးလာမလား ဆိုတာကတော့ ကျနော် မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြောဖို့က မလွယ်ဘူးလေ။ သေချာတာတခုက အခုအခြေအနေအတိုင်း ဖြစ်မှာတော့ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ဗိုလ်တွေပဲ စားသောက်နေတယ်။ တိုင်းပြည်ကို ဖိနှိပ်ချုပ်ချယ်နေတဲ့ စစ်ဗိုလ်တွေပဲ။ တိုင်းပြည်ရဲ့ သယံဇာတတွေရော၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေရော အကုန်လုံး ရောင်းစားပြီးတော့ လုပ်ချင်ရာလုပ်နေတဲ့ လူတစုပဲ သက်ဆိုးရှည်နေမယ်၊ အာဏာရနေမယ်ဆိုတော့ ကောင်းတာတွေ၊ ဆိုးတာတွေတော့ နောက်တဆင့်ထား။ အနိမ့်ဆုံးကတော့ ဒီပုံသဏ္ဍာန်ပဲ ဖြစ်မယ်။ ဒီပုတ်ထဲက ဒီပဲ ဖြစ်လာမယ်လို့တော့ ပြောနိုင်တယ်''
မဇ္ဈိမသတင်းဌာန

အန်အယ်ဒီအတွက် ထောင်ချောက်သတိ

၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေ ထွက်လာချိန်တွင် ဥပဒေအပေါ် သုံးသပ်ချက်နှင့် လွန်ခဲ့သော နှစ် ၅၀ ကျော်ကာလ ပါလီမန် ဒီမိုကရေစီ ခောတ်ကာလနှင့် ခြားနားမှု သုံးသပ်ချက်များကို မြန်မာ့နိုင်ငံရေး ခောတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော ဝါရင့် နိုင်ငံရေးသမားကြီး နှစ်ဦးကို မေးမြန်းထားသည်။ အယူဝါဒမတူသူ သူတို့နှစ်ဦးအနက် လက်ရှိအချိန်မှာ ပထမ တဦးက ပြည်တွင်းမှာ၊ ကျန်တဦးက ပြည်ပမှာ နေထိုင်နေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးများကို ပြန်လည် ဖွင့်ခွင့်ပေးသည်မှာ ထောင်ချောက် ဖြစ်နိုင်သည်ဟု သတိပေးလိုက်သူက မြန်မာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။

သခင် ချန်ထွန်း

မေး။ စစ်အစိုးရက ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

''အဲဒါနဲ့ ပတ်သက်ပြီး စိတ်မဝင်စားလို့ မဖတ်မိဘူး။ ဒါကတော့ သူကြိုက်သလို ရေးမှာပဲ၊ သူထည့်ချင်သလို ရေးမှာပဲ၊ သူကြိုက်သလို လုပ်မှာပဲဆိုတော့ လူထုတရပ်လုံးက ကြိုက်တဲ့ဟာတော့ မဖြစ်နိုင်ဘူး။ ဖြစ်စေချင်တဲ့ သဘောထားတော့ မဖြစ်နိုင်ဘူး။ လက်ရှိ နိုင်ငံရေးပါတီတွေက လက်ခံနိုင်မယ့်ဟာတော့ မဟုတ်နိုင်ဘူး။ သူတို့ ဥပဒေနဲ့ သူတို့ ကြိုက်သလို လုပ်နေတာပဲ။ တပ်မတော်က အလိုလိုကို နေရာပါရမယ်ဆိုပြီးတော့ အခြေခံ ဥပဒေမှာကိုက ရှိနေတော့ ဒါက ဒီမိုကရေစီနဲ့ တခြားစီဖြစ်နေတယ်''

''စစ်အစိုးရက အလိုအလျောက် နေရာက ရနေတယ်။ ရွေးကောက်ပွဲမှာလည်း ကြံ့ခိုင်ရေးတို့ဘာတို့က နာမည်အမျိုးမျိုးနဲ့ ဝင်ရွေးတာတို့၊ တစညတို့ဘာတို့က စည်းရုံးရေးဆင်းပြီး ဝင်ရွေးတာတို့ လုပ်မှာပေါ့ဗျာ။ အသစ်ဖွဲ့စည်းဖို့ စောင့်နေတဲ့ ပါတီတွေလည်း ရှိနေတယ်''

မေး။ ၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ပြောချင်ပါသလဲ။

''ဒေါ်အောင်ဆန်းစုကြည်ကို မပါစေချင်တဲ့သဘော ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာမှာ လွှတ်လာမယ်ဆိုတော့ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ဧပြီ၊ မေ၊ ဇွန် တလလမှာ လုပ်လိုက်လို့ရှိရင် ဝင်ရောက်အရွေးခံပိုင်ခွင့် မရှိတော့ဘူး။ ဒါကတော့ အာဏာရှိနေတဲ့ သူဆိုတော့ သူတို့ ကြိုက်သလို ရေးဆွဲမှာပဲ။ ဒီမိုကရေစီအစိုးရမှာ မဟုတ်ဘဲနဲ့၊ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရမှာ မဟုတ်ဘဲနဲ့၊ အာဏာသိမ်းအစိုးရ ဆိုတော့ ဥပဒေကို သူကြိုက်သလို သူရေးဆွဲမှာပဲ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူတို့ လုပ်မှာကတော့ သေချာတယ်။ ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ သူတွေကလည်း ကန့်ကွက်ပြီး၊ မဝင်ဘဲ နေကြသလို၊ တခြားပါတီအသစ်တွေ ထောင်ပြီးတော့ ဝင်ကြမယ့် ပါတီတွေလည်း ရှိနေတယ်''

မေး။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ အခန်း၂ ပုဒ်မ တွေထဲက ပုဒ်မ ၆ အရ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုထားတဲ့ အချက်ကိုရော။

''အဲဒီပုဒ်မတွေအရဆိုရင် နိုင်ငံရေးကို တက်တက်ကြွကြွလုပ်ပြီး၊ အဖမ်းခံနေရတဲ့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ပါဝင်ခွင့် မရအောင် လုပ်ထားတယ်''

မေး။ ရွေးကောက်ပွဲ အတော်များများ မီခဲ့တယ်ဆိုတော့ အခုကျင်းပမယ့် ရွေးကောက်ပွဲနဲ့ အရင်တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ ဘယ်လို ကွာခြားလဲခင်ဗျ။

''ဖဆပလ ခေတ် ဒီမိုကရေစီ ကျင့်သုံးတဲ့ အစိုးရ လက်ထပ်တုန်းက ရွေးကောက်ပွဲ လုပ်တာတွေ ရှိတယ်။ ၁၉၅၂ ခုနှစ်၊ ၁၉၅၆ ခုနှစ်နဲ့ ၁၉၆ဝ ခုနှစ်မှာ လွတ်လပ်စွာ ဟောပြော၊ ဆွေးနွေး၊ စည်းရုံးပြီးတော့ မဲတောင်းကြတယ်။ မဲတောင်းပြီးတော့ အာဏာကို လွှဲပြောင်းရေးတွေ လုပ်ဆောင်ခဲ့ကြတယ်။ အခုကျတော့ ဒီမိုကရေစီနည်းအရ မဟုတ်ဘဲ ဘာလုပ်မှာ၊ ဘယ်လိုဖြစ်မှာဆိုတဲ့ သဘောမျိုးတွေ၊ အကန့်အသတ်တွေ ရှိတယ်။ အမှန်ကတော့ ဒီမိုကရေစီအစိုးရဆိုရင် ဒီမိုကရေစီကို အပြည့်အဝပေးပြီး ရွေးကောက်ပွဲ လုပ်သင့်တယ်။ အခု ကြေညာချက်တွေ ထောင်ကျနေရင် မဝင်ရဘူး၊ အဖမ်းခံရရင် မဲပေးလို့ မရဘူး။ အရွေးမခံဘူးဆိုတာတို့ ပါနေတယ်။ ဖဆပလ လက်ထက်တုန်းက ပမညတ က အမတ်တွေက ထောင်ကျနေတယ်။ ဒါပေမဲ့ သူတို့ကို လွှတ်တော်မှာ လာပြီးတော့ လွှတ်တော်တက်ခွင့် ပြုတာတွေ ရှိတယ်။ အခုဟာက ထောင်ကျရင် အလိုလို အရွေးခံခွင့်တို့၊ မဲပေးခွင့်တို့ မရတော့တဲ့ သဘော ရှိနေတယ်။ အဲဒီအတွက် ပြည်သူလူထုအနေနဲ့ စဉ်းစားပြီး ဆောင်ရွက်ဖို့ လိုတယ်''



ရဲဘော် ဖိုးသံချောင်း

ပြောရေးဆိုခွင့်ရှိသူ (ဗမာပြည် ကွန်မြူနစ်ပါတီ)

မေး။ စစ်အစိုးရက ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ ပတ်သက်လို့ ဗမာပြည် ကွန်မြူနစ်ပါတီအနေနဲ့ ဘယ်လိုမြင်ပါသလဲခင်ဗျ။

''နအဖ က သူ့ရဲ့ ရွေးကောက်ပွဲ ဥပဒေကို တခုပြီးတခု ထုတ်လာတယ်။ ထုတ်လာတဲ့ ဟာတွေက ပစ်မှတ်တခုကို ဦးတည်ပြီးတော့ ပစ်တဲ့ သဘောကို တွေ့မြင်ရပါတယ်။ နအဖ ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောထားတဲ့ ဟာတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်သန်းရွှေဆီ ပေးထားတဲ့ စာ၊ နောက်ပြီးတော့ အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင် ကြေညာချက်၊ အဲဒီနှစ်ခုကို နအဖ က လုံးဝ လက်မခံဘူး၊ ပယ်ချလိုက်တယ်လို့ ကြေညာလိုက်တဲ့ အဓိပ္ပာယ် ဆောင်တယ်။ ဒီဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းမှာ ရှိတဲ့၊ ပြည်ပမှာ ရှိတဲ့ နိုင်ငံခြားအင်အားစု နှစ်စုမှာ ပြောကြတဲ့ ဟာတွေ၊ ဥပဒေနဲ့ ပတ်သက်ပြီး ပြောကြတဲ့ သူတွေက တော်တော်လေးကို စုံနေပါပြီ။ ကျနော်တို့အနေနဲ့ ဖြည့်ပြီး ပြောစရာ မရှိတော့ပါဘူး''

''ဒါပေမဲ့ ကျနော်တို့ ပြောချင်တာ၊ ဖြည့်ချင်တာလေးတခုကတော့ ကျနော်တို့အားလုံး သတိရှိကြဖို့ ပြောချင်တာပါ။ နအဖ ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေ ဖွင့်ပေးပြီဆိုတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရုံးတွေ ဖွင့်ကြ၊ အလုပ်တွေ လုပ်ကြဆိုတာက ကောင်းတဲ့ ကိစ္စပါ။ နအဖ က ဖွင့်ပေးတယ်ဆိုတာ ထောင်ချောက်တွေ ရှိနိုင်ပါတယ်။ ကျနော်တို့ အတွေ့အကြုံအရ - ၁၉၄၈ ခုနှစ်မှာ ကျနော်တို့ ပါတီကို ချေမှုန်းမယ် လုပ်တဲ့အခါမှာ၊ အင်္ဂလိပ် ချန်ထားခဲ့တဲ့ မှတ်တမ်းကို ကိုင်ပြီးတော့ ကွန်မြူနစ်ပါတီက တက်ကြွတဲ့ လူတွေ လိုက်ဖမ်းပြီးတော့ ပါတီကို နှိမ်နှင်းတာပါ။ နယ်တွေမှာ ရှိတဲ့ ကွန်မြူနစ် ပါတီဝင်တွေ အများကြီး အဖမ်းခံရတယ်။ အခုလည်းပဲ NLD ကို ထပ်ချေမှုန်းရေးအတွက် နအဖ ဟာ NLD ထဲမှာ ဘယ်သူတွေ တက်ကြွနေတယ်၊ ဘယ်သူတွေက ထိုင်သွားပြီးတော့ ရှင်းအောင်လုပ်တဲ့ ထောင်ချောက်တွေကို ထောင်နေတာ ဖြစ်နိုင်တယ်။ အဲဒါကို ကျနော်တို့အားလုံး သတိပြုကြပါ။ NLD တခုထဲကို ပြောတာမဟုတ်ဘူး၊ ကျန်တဲ့ နိုင်ငံရေး အင်အားစုတွေရောကို ကျနော်တို့ ပါတီရဲ့ အတွေ့အကြုံအရ သင်္ခန်းစာကို ဝေငှတဲ့ သဘော ပြောချင်ပါတယ်''

မေး။ ၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ သဘောထားလေး ပြောပြပေးပါခင်ဗျ။

''သူများတွေ ပြောသွားတာ စုံပါတယ်။ ကျနော်တို့က သူတို့နဲ့ အမြင် တူပါတယ်၊ သဘောထား တူပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ နအဖ အစိုးရက လုပ်တာ ဖြစ်တယ်။ ပစ်မှတ်ရှိရှိနဲ့ ဒီဥပဒေကို ထုတ်တာ ဖြစ်တယ်။ အဖွဲ့အစည်းတခု၊ လူပုဂ္ဂိုလ် တဦးတယောက်ကို တိုက်ရိုက် ချိန်ရွယ်ပြီးတော့ ပစ်နေတာ ဖြစ်တယ်။ နာမည်ကို မခံဘဲနဲ့ ချိန်ပြီးတော့ ပစ်နေတာဖြစ်တယ်။ ဗမာပြည် နိုင်ငံရေးမှာ ထောင်နဲ့ ကင်းလို့ မရဘူး။ နအဖ လုပ်လာတဲ့ တလျှောက်လုံး၊ နအဖ မတိုင်ခင် ဖဆပလ လက်ထပ်တုန်းကစပြီး နိုင်ငံရေးလုပ်တဲ့ သူတွေ၊ ထောင်ထဲ ရောက်ကျတဲ့ သူတွေချည်းပဲ။ ဒီလို ပုဒ်မ တပ်ပြီး နိုင်ငံရေးလုပ်တဲ့ သူတွေ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး။ ဟိုအရင်ကဆိုရင် ထောင်ထဲကနေ ရွေးကောက်ပွဲဝင်ပြီးတော့ အရွေးခံတဲ့သူတွေ ကျောင်းသားအမတ်တွေတောင် ပေါ်ခဲ့တာ ဖြစ်တယ်။ ထောင်ထဲကနေ ကျောင်းသားအမတ်တွေက ရွေးကောက်ပွဲကို အရွေးခံတဲ့အခါမှာ သံယောဇဉ်ဖြစ်ပြီး မဲပေးလို့မို့ အမတ်ဖြစ်လာတာတွေ ရှိတယ်။ အခုခေတ်ကျတော့ ထောင်ထဲနေလို့ အမတ်ဖြစ်ဖို့ နေနေသာသာ နိုင်ငံရေးပါတီကနေ ထုတ်ပစ်ရမယ့် အနေအထား လုပ်ထားတာဟာ နအဖ အနေနဲ့ ဘယ်သူ့ကို ဦးတည်ပြီးတော့ လုပ်တယ်၊ ဘယ်အဖွဲ့အစည်းကို ဦးတည်ပြီး လုပ်တယ်ဆိုတာ သိပ်ရှင်းတယ်''
မဇ္ဈိမသတင်းဌာန

Question and Answer in House of Common on Canada's renewed assistance to Buma

Please see question and answer taken place yesterday in the House of Commons with regards to Canada’s renewed assistance to Burma.
-Canadian Friends of Burma
40th PARLIAMENT, 3rd SESSION
EDITED HANSARD
Thursday, March 11, 2010
Burma
Mr. Rodney Weston (Saint John, CPC):
Mr. Speaker, human rights in Burma have long been a cause for concern for the international community, and that is putting it lightly. The military regime in Burma is by far one of the worst and most repressive regimes in the world. Unfortunately, even if Burmese citizens are successful in escaping the terror, many still face starvation and disease in the refugee camps of bordering nations.
Could the Minister of International Cooperation update the House on what our government is doing to help the refugees and migrants fleeing the Burmese regime?

Hon. Bev Oda (Minister of International Cooperation, CPC):
Mr. Speaker, yes, it is true that there is a tragedy happening in Burma and the Burmese continue to suffer. We have been supporting the Burmese border area program and it has achieved success by providing service to Burmese people. One million cases of malaria have been treated, 145,000 refugees are receiving service and over 500,000 people have received health care.
That is why I am pleased today to announce a renewal of the Burmese border area program by increasing the amount to under $16 million.
* * *
________________________________________
The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma . Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org

အတိုက်အခံ ပါတီများ နှင့်ပြည်သူလူထုသို့ အိပ်ဖွင့်ပေးစာ……

၂၀၁၀ ခုနှစ်မတ်လ(၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သောပြည်ထောင်စုရွေးကောက်ပွဲ ကော်မ၇ှင် ဥပဒေ (၁/၂၀၁၀) နှင့် နှုင်င့ရေးပါတီမျာ မှတ်ပုံတင်ခြင်း ဥပဒေ(၂/၂၀၁၀) ထုတ်ပြန်လိုက်သည့်အခါ အံ့သြတုန်လှုပ်ပြီး အတိုက်အခံပါတီများ၏အသံသည် ဆူညံပွက်လောရိုက်၍ထွက်လာပါသည်။

၁၉၉၀ခုနှစ် ကတည်းကစ၍ တရားဝင်ရပ်တည်လျှက်ရှိသော အတိုက်အခံပါတီ (၁၀) ခုစလုံးအသေသတ် အမြစ်ဖျက်လိုက်သည့် မိန့်ဖြစ်သည်။ သို့သော်…………… “နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီ ဥပဒေ အမှတ် (၁\၂၀၁၀ မှ ၅ \ ၂၀၁၀ )တို့အား ဥပဒေ အနှစ်သာရ စကားရပ်များ အရ အမြဲထည့်သွင့်ရမည့် (၁ \ ၂၀၁၀ မှ ၅\ ၂၀၁၀) ဥပဒေအား ထုတ်ပြန်သည့်နေ့မှစ၍ အာဏာတည်ရမည်) ထိုစကားရပ်မပါရှိသဖြင့် အတိုက်အခံများ အနေဖြင့် လိုက်နာရန်မလိုအပ်သေးပေ။

မဟာဗျူဟာ လုပ်ငန်းနှင့် နည်းဗျူဟာ လုပ်ငန်းခွဲခြားသတ်မှတ်ပြီး အဓိကထား ဆုံးဖြတ်ရန် လိုသည်။ “မီးပုံအား မငြိမ်းသတ်ပဲ - မီးခိုးကိုသာ ရပ်ခတ်နေခြင်း ” ဖြစ်ပြီး န .အ.. အစိုးရဧ။် အာရုံလွှဲနေခြင်း လမ်းစဉ်နောက်လိုက်ပါ မျောနေခြင်းဖြစ်ပါသည်။ ( ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက နိုင်ငံတော်အာဏာအားမည်သူ့ကိုမျှ မလွှဲအပ်ပဲ - ၂၀၀ဂခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရိပ်ခိုပြီး နိုင်ငံရေး ခရီးရှည် ဆက်လျှောက်သွားမည့် လမ်းစဉ်) ကို မြင်အောင်ကြည့်တတ်ရန်လိုအပ်ပါသည်။ ပထမဦးစွာ အရင်ဆုံး လေ့လာသုံးသပ်ရမည့် အချက်များမှာ ………………

(က) ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည် ၂၀၁၀ခုနှစ်ရွေးကောက်ပွဲသို့ ၀င်မ၀င် စဉ်းစားသုံးသပ်ရမည် ။

(ခ) ဗိုလ်ချုပ်မှူး ကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တို့ နှစ်ဦးသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမ၀င်ပဲ နောင်တက်လာမည့် အစိုးရကို အာဏာလွှဲခြင်းကို ဆောင်ရွက်ခြင်းရှိမရှိကို စဉ်းစားသုံးသပ်ရမည် ။

(ဂ) န..ဖ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းးပုံအခြေခံဥပဒေတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့အား ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် အရပ်သား သမတ အဖြစ်ပါဝင်ယှဉ်ပြိုင်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရသည့် အခြေအနေကို လေ့လာသုံးသပ်သင့်သည်။

(ဃ) ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး တို့သည် န.၀.တ အစိုးရအား မည်ကဲ့သို့ ဖြုတ်ချ၍ အာဏာလွှဲပြောင်းယူခဲ့သလဲဆိုတာကို ပြန်လည်သုံးသပ်သင့်သည်။ (တပ်မတော် စစ်ဦးစီးချုပ်များသည် ၄င်းတို့၏လက်ဝယ် အာဏာမရှိတော့သည့် အချိန်အခါတွင် နောင်တက်လာသည့် တပည့်များက ဆရာအားချေင်ထိုးထားသည့် သာဓကများကို တွေ့မြင်ရမည်။ ဥပမာ။ ။ဗိုလ်ချုပ်ကြီးနေ၀င်း၏ မူလအာဏာရှိခဲ့ချိန်နှင့် နောက်ဆုးခရီးထိကြည့်လျှင် တွေ့မြင်ရမည်။)

(င) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ဝယ် လက်နက်နှင့်အာဏာ မရှိတော့အခါ- ၄င်းအနေနှင့် မည်သို့ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ထည့်သွင်းသုံးသပ်၍ ဦးသန်းရွှေ၏ နေရာတွင်ဝင်ရောက်၍ စဉ်းစားသုံးသပ် ကြည့်သင့်သည်။

(စ) ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တို့၏ တပ်တွင်းဆက်ဆံနေရသော အခြေအနေများကို ထည့်သွင်းသုံးသပ်သင့်သည်။

(ဆ) ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တို့လက်ထက်တွင် လက်နက်နှင့် အာဏာရှိနေသည့် အချိန်ကာလ၌ပင်လျှင် အတိုက်အခံပါတီနှင့် ကျေနပ်မှုမရှိသော ပြည်သူလူထုက လက်ညှိုးဝိုင်းထိုးနေကြတာ အာဏာလက်ဝယ်မရှိသည့်အခါ ဘာဖြစ်လာမလဲဆိုတာ ထည့်သွင်းစဉ်းစားသင့်သည်။

(ဇ) လက်နက်ကိုင်ဆန့်ကျင်နေသော အဖွဲ့နှင့် န.အ.ဖ တို့၏ ရှေ့ဆက်ဆံရေးခရီးနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတို့၏ တုန့်ပြန်ချက်ကို ထည့်သွင်းစဉ်းစားရမည်။

အထက်ပါဖော်ပြသည့် အချက်များကို စဉ်းစားပြီးသည့်အခါ ………

(၁) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို ၀င်၍ အရပ်သားသမ္မတနေရာ ၀င်ရောက်နေရာယူလိုက်ပြီဆိုပါစို့

(က) ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ-အခန်း (၃) နိုင်ငံတော်အကြီးအကဲ ကဏ္ဍတွင် ပုဒ်မ (၅၈)၊ (၆၀/ခ) နှင့် ပုဒ်မ (၆၂) (၆၃) အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပိုင် အာဏာနှင့် ရာထူးကို စွန့်လွှတ်၍ သာမန်အရပ်သားသမ္မတ ကူးပြောင်းလာသည့်အခါ အရှိန်အမြင့်ဆုံးရရှိထားသော အာဏာနှင့် လက်နက်ကို စွန့်လွှတ်လိုက်သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်အားချုပ်ချယ်ကန့်သတ်ထားသည့် အခန်း (၅) အုပ်ချုပ်ရေး အခန်းအရ ပုဒ်မ -၁၉၉(က) မှ ပုဒ်မ (၂၁၅) အရ သမ္မတအာဏာသည် လက်ရှိန.အ.ဖ ဥက္ကဌ၏ ရာထူး၊ ဂုဏ်ရှိန်ကို မမှီ ဖြစ်နေသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခန်း (၇) တပ်မတော် အခန်းကဏ္ဍရှိ ပုဒ်မ ၃၃၇ မှ ၃၃၉ ရှိ တပ်မတော် စစ်ဦးစီးချုပ် ရာထူးနှင့် လုပ်ပိုင်ခွင့်ကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ခြိမ်းခြောက်နေသည်။ တပ်မတော်အစဉ်အလာအရ သွားလေသူ ဆရာသမား ဦးစီးချုပ်ကို ချောင်ထိုးပြီး လှည့်မကြည့်တတ်သော အကျင့်နှင့် တပ်တွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မောင်အေးတို့ အုပ်စုအခြေအနေ အပါအ၀င် အမြဲတမ်း ဒုတိယနေရာ၌သာ နေခဲ့ရသော ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် အရပ်ဖက်သို့ မပြောင်းပဲ တပ်မတော်ထဲတွင်နေလျက် သမ္မတနှင့် အာဏာတန်းတူရှိသော စစ်ဦးစီးချုပ်ရာထူးနှင့် နေခဲ့သော်၊ ဒါမှမဟုတ် သန်းရွှေနှင့်မောင်အေး ဘောင်းဘီချွတ် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ ၀င်ခဲ့သော် တပ်မတော်စစ်ဦးစီးချုပ်အား မည်သူ့တပည့်ထားမလဲ ပြဿနာများ အခက်အခဲကို မည်သို့ ဖြေရှင်းရမလဲဆိုတဲ့အခက်အခဲများကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘ၀ မှ အရပ်သားသမ္မတ ဘ၀ သို့မပြောင်းနိုင်သည့် အခြေနှင့် ရင်ဆိုင်နေရသည်။

(၂) ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မောင်အေး၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်အရွေးမခံပဲနေခဲ့သည်ရှိသော်

(က) ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် အစိုးရသစ်အား ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအရ အာဏာလွှဲအပ်ခဲ့သော် သူတို့ နှစ်ဘ၀ ခရီးရှေ့ဆက်ဘယ်လျှောက်မလဲ ဆိုသည့်အချက် ပိုအရေးကြီးလာသည်။

(ခ) လက်နက်နှင့်အာဏာ လက်ဝယ်မရှိတော့သည့်အခါ အတိုက်ခံပါတီများ၊ လက်နက်ကိုင်တော်လှန်နေသော ဒီမိုကရေစီ အင်အားစုနှင့် ပြည်သူလူထုက တုန်ြ့ပန်မှုကို ဘယ်လိုရင်ဆိုင်မလဲ။

(ဂ) တပ်မတော် အစဉ်အာအရ အာဏာနှင့် လက်နက်မရှိတော့သော စစ်ဦးချုပ်ဟောင်းဘ၀ကို ရင်ဆိုင်ရမည့် အခက်အခဲများကို မည်သို့ရင်ဆိုင်မလဲ။

(ဃ) ဗိုလ်ချုပ်ကြီးများ၏ မိသားစုဘ၀ကို ဘယ်လိုကယ်တင်မလဲ ဆိုသည့်အချက်များသည် န.အ.ဖ ဗိုလ်ချုပ်ကြီးများ ထိုအိပ်မက်ဆိုးမက်စေခဲ့ပါတယ်။

(၄) န.အ.ဖ အစိုးရ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ မောင်အေးနှင့် ကျန်ဗိုလ်ချုပ်ကြီးများ ရှေ့ဘ၀ခရီးကို ဒီလိုနိုင်ငံရေးခရီးရှည် လျှောက်တော့မည်သာ ဖြစ်ပါတော့သည်။ (နိုင်ငံရေး ထွက်ပေါက်သစ်)

(က) ၁၉၉၀ခုနှစ် န.၀.တ အစိုးရ ဗိုလ်ချုပ်ကြီးစောမောင်ကဲ့သို့ “ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျား ပြန်မည်” လို့ ပြောပြီး ကတိဖျက်၍ လူမိုက်ဆန်ဆန် အာဏာမလွှဲပဲ နေသည့် လမ်းကို လျှောက်တာ့မည် မဟုတ်။

(ခ) ပညာသားပါပါဖြင့် မဟားတ၇ားအင်းအကျပ်မြန်မြန်ဆန်ဆန် အတင်းအဓမ္မ အတည်ပြုခဲ့သော ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေံဥပဒေ၏ အရိပ်ကို ခိုတဲ့လမ်းစဉ်ကျင့်သုံးခြင်းကို လက်ကိုင်ထားတော့မည်။

(ဂ) ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၄) ကူးပြောင်းရေးက ဥပဒေပုဒ်မ (၄၄၁)မှ (၄၄၄) (က)သည် န.အ.ဖ အစိုးရအတွက် အကာအကွယ်အားဆေးဖြစ်ခဲ့ပြီ။

(ဃ) ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၄၃)သည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော နောင်အသစ်တတ်လာမည့် အစိုးရသစ်အား အာဏာမလွှဲပြောင်းပေးမှီ ကာလအတွင်း န.အ.ဖ အား ကြားဖြတ်အစိုးရသဖွယ် ဥပဒေအရ လုပ်ပိုင်ခွင့်ပေးထားသည်။

(၅) န.အ.ဖ အစိုးရမှ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခန်း(၁၄) ပုဒ်မ (၄၄၃) အရ ကြားဖြတ်အစိုးရ အာဏာကို ယူလိုက်သည့်အခါမှာ

(က) ၂၀၁၀ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှူကောင်စီ ဥပဒေ ပုဒ်မ ၁/၂၀၁၀ မှ ၅/၂၀၁၀ ကို (၈.၃.၂၀၁၀) နေ့တွင် အတိုက်အခံနိုင်ငံရေးပါတီနှင့် ပြည်သူလူထုကို စိန်ခေါ်လိုက်ပြီ။ ဒီတော့ ဘာဖြစ်လာမလဲ

(၁) အတိုက်ခံ နိုင်ငံရေးပါတီတွေက မကျေနပ်ဖြစ်မည်။ လူထုကလည်းမကျေမနပ်ဖြစ်မည်။ ပူညံပူညံ ဆူညံဆူညံ လုပ်လာမည်။

(၂) အုံကြွလာမည်။ လူထုလမ်းမပေါ်တက်လာမည်။

(၃) လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အုံကြွလာမည်။ တိုင်းပြည်ဆူပူလာမည်။၂၀၁၀ခုနှစ် ရွေးကောက်ပွဲကြန့်ကြာလာမည်။

(၄) ၂၀၁၀ရွေးကောက်ပွဲကို တာဝန်ယူအချိန်သတ်မှတ် ကျင်းပပေးရမည့် တာဝန်ရှိသူမှာ န.အ.ဖ အစိုးရမဟုတ်တော့ပဲ ရွေးကောက်ပွဲကော်မရှင် လူကြီးများသာဖြစ်သဖြင့် ၂၀၁၀ရွေးကောက်အပွဲအချိန် ကြန့်ကြာခြင်းသည် န.အ.ဖ အစိုးရကြောင့် မဟုတ်ပဲ ရွေးကောက်ပွဲကော်မရှင် လူကြီးများ၏တာဝန် ဖြစ်သည်ဟု လက်ညှိုးထိုးလွှဲချလို့ရသည့်အခြေအနေ ဆိုက်ရောက်သည်။

(ခ) ယခင်ကတည်းက အာဏာမပေးချင်တဲ့ န.အ.ဖ ဘာလုပ်မလဲ၊ န.အ.ဖ သာလျှင် ၂၀၀၈ခုနှစ် အခန်း(၁၄) ပုဒ်မ (၄၄၃) အရ တရားဝင်ကြားဖြတ်အစိုးရဟု ကြွေးကြော်ပြီး နိုင်ငံရေး မိုင်ရှည်ခရီးဆက်လျှောက်ပြီပေါ့

ဦးဦးထက်သာ

(၁၁.၃.၂၀၁၀)

Canada Deeply Concerned by Burmese Election Laws

(No. 102 – March 11, 2010 - 6:30 p.m. ET) The Honourable Lawrence Cannon, Minister of Foreign Affairs, today issued the following statement expressing Canada’s concern about the new electoral laws promulgated by the Burmese regime:
“Canada is deeply concerned by the new election laws unveiled by the Burmese regime this week. While Canada continues to study the new laws carefully as they are promulgated, what we have seen to date suggests that the Burmese regime is resolutely failing to deliver on its promise of free and fair elections this year.
“Notably, elements of the laws point to a deliberate effort by Burmese military leaders to prevent legitimate democratic actors from participating in the promised elections. Reports suggest that the new laws may bar Aung San Suu Kyi and other political prisoners from the democratic process by virtue of their current prison sentences, which Canada believes are unwarranted and politically motivated.
“Canada urges the Burmese regime to move forward with electoral laws that support a genuine democratic process, based on principles of transparency, fairness and inclusion.
“Canada again calls upon the regime to free all political prisoners, including Aung San Suu Kyi, and to engage in a genuine dialogue with members of the democratic opposition and different ethnic groups in Burma.
“Canada has imposed the toughest sanctions of any country against the Burmese regime to protest its treatment of the Burmese people, and will continue to engage with all stakeholders working toward a democratic Burma.”
- 30 -
For further information, media representatives may contact:
Catherine Loubier
Director of Communications
Office of the Minister of Foreign Affairs
613-995-1851
Foreign Affairs Media Relations Office
Foreign Affairs and International Trade Canada
613-995-1874
To view this document on the department website, please click on the following link:
http://www.international.gc.ca/media/aff/news-communiques/2010/102.aspx

ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်တွေအတွက် ကျေးဇူးပြု၍ စာရေးသားပေးပို့ကြပါ။

နေရာစုံမှာ ရောက်နေကြတဲ့ ညီအကိုမောင်နှမများခင်ဗျား …

ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ ဒုက္ခအမျိုးမျိုးတွေ့နေရပါတယ်။ ဒုက္ခသည်တွေ အတွက် ဒုက္ခသည်စခန်းဆိုပေမယ့် လာဘ်မထိုးနိုင်ရင်၊ နေထိုင်ဖို့ တဲမဝယ်နိုင်ရင် ဒုက္ခသည်စ ခန်းထဲကို ဝင်လို့မရကြပါဘူး။ နောက်ပြီး ဒုက္ခသည်စခန်းထဲရောက်ပြန်ရင်လည်း UNHCR က သူတို့ကို ဒုက္ခ သည် တကယ်ဟုတ်လား၊ မဟုတ်လား စစ်ဆေး သတ်မှတ်တာကို (တချို့ဆို အခုလေး၊ ငါးနှစ်ရှိနေတာတောင် မှ) မခံရသေးပါဘူး။ ဘာမှမရှိဘဲ ပြေးလာရတဲ့ ဒုက္ခသည်အစစ် အမှန်တွေအနေနဲ့ ဒုက္ခသည်စခန်းထဲကိုရောက် ရင်တောင်မှ စားဝတ်နေရေးနဲ့ ရပ်တည်ဖို့ အလွန်အခက်အခဲရှိကြပါတယ်။ အများစုဟာ ဒုက္ခသည်စခန်းမှာ (၂) နှစ်၊ (၃) နှစ်ရှိနေတာတောင်မှ ရိက္ခာထောက်ပံ့မှုမရကြသေးပါဘူး။ အဲ့ဒီတော့ ရပ်တည်ရတာ အလွန်ခက်ခဲလှ ပါတယ်။

နောက်ပြီး ရှေ့ဘာဖြစ်မယ်မသိဘဲ ပြန်ပို့ခံရနိုးနိုး တစိုးတရွံ့ရွံ့နေရတဲ့ဘဝမှာ မသေချာမရေရာနဲ့မို့ UNHCR ကို မေးမြန်းအကူ အညီတောင်းရင် ဘယ်တော့မှ ချိုချိုသာသာ ဆက်ဆံတာမခံရသလို တခါတလေ မောင်းထုတ် တာခံနေရပါတယ်။ ဘယ်တော့ ဘာလုပ်ပေးမယ်ဆိုတဲ့ ကွဲကွဲပြားပြား အချက်အလက်ပေး ဖြေရှင်းပေးတာ လည်း ဘယ်တော့မှမရကြပါဘူး။ ဒုက္ခသည်တွေကို လူတွေလို သဘောမထားဘဲ တိရိစ္ဆာန်သာသာလောက် သဘောထားဆက်ဆံတာ ခံနေရပါတယ်။ ဒုက္ခသည်စခန်းထဲတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ ဒါကိုဘယ် လိုမှ တုံ့ပြန်နိုင်ခွင့်၊ တိုးတက်အောင်လုပ်ခွင့် မရှိပါဘူး။ နည်းနည်းလုပ်လိုက်ရင်လည်း အမျိုးမျိုး အန္တရာယ်ပေး၊ ပညာပေးတတ်တဲ့ အကျင့်တွေကိုလည်း မြင်တွေ့ကြဖူးကြပါလိမ့်မယ်။

ပိုက်ဆံပေးနိုင်တဲ့သူတွေကတော့ UNHCR က တချို့ဝန်ထမ်းတွေကို ငွေထိုးပြီး မြန်မြန်နိုင်ငံခြားကို ထွက်သွား ကြတာကို အများ စုတွေ့ဘူးနေပေမယ့် ကျန်တဲ့ဒုက္ခသည်တွေမှာတော့ ဘာမှမတတ်နိုင်ကြပါဘူး။ ဘက်ပေါင်းစုံ က လူသားဆန်ဆန် မသတ်မှတ်ခံရ ဘဲ လုပ်ချင်၊ ဖိနှိပ်ချင်သလို ဖိနှိပ်ခံနေရတဲ့ မြန်မာဒုက္ခသည်တွေအတွက် အပြင်က၊ နိုင်ငံတကာက တာဝန်သိတဲ့ ကျွန်တော်တို့ အားလုံး အောက်က လိပ်စာတွေ၊ နောက် ကိုယ်နဲ့သက် ဆိုင်ရာ အစိုးရတွေအပေါ်ကို UNHCR ကို တိုက်တွန်း ပြုပြင်ဖို့အတွက် အီးမေးလ်ရေးသားပေးပို့မှုလုပ်ပေးကြ ရင် ဒုက္ခသည်စခန်းထဲက ညီအကိုမောင်နှမတွေ နည်းနည်းပိုပြီး သက်သာလာနိုင်စရာ ရှိပါတယ်။

ပို့တဲ့ အီးမေးလ်တွေကို ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး၊ ဗြိတိလျှသံရုံးနဲ့ ဥရောပကိုယ်စားလှယ်အဖွဲ့ရဲ့ ရုံး တွေကိုလည်း စီစီ လုပ်ပြီးပေးပို့ရင် UNHCR အနေနဲ့ လျှစ်လျှူရှုနေနိုင်ခွင့် နည်းလာနိုင်ပါတယ်။ အားလုံးဝိုင်းကူ ရေးသားကြရင် ကိုယ့်နိုင်ငံသားဒုက္ခ သည်တွေကို အများကြီး ကူညီရာရောက်ပါလိမ့်မယ်။ ဒုက္ခသည်စခန်းတွေ က ဒုက္ခသည်တွေကလည်း စုစည်းပြီး လက်မှတ်ထိုး စာရေးကြဖို့ စီစဉ်နေကြတာရှိပါတယ်။

အားလုံးဝိုင်းကြိုးစားပေးပြီး ကိုယ့်အချင်းချင်း ကူညီကြရအောင်ပါ။ အီးမေးလ်ပို့တာဟာ သိပ်ပင်ပန်းတဲ့ အလုပ် မဟုတ်ပါဘူး။ အားလုံးဝိုင်းပြီး လုပ်ပေးနိုင်ကြလိမ့်မယ်ထင်ပါတယ်။ ပေးပို့ရမယ့် လိပ်စာတွေကို ဒီအောက်မှာ ထည့်ထားပေးပါတယ်။ စာရေးဖို့ အခက်အခဲရှိနေရင်လည်း ကူးပြီး အမည်ထိုးပို့နိုင်ဖို့ အင်္ဂလိပ်လိုရေးထားတဲ့ စာကြမ်းကို အောက်မှာ ထည့်ထားပေးပါတယ်။ ညီအကိုမောင်နှမအားလုံးရဲ့ အသိစိတ်ဓာတ်နဲ့ ဝိုင်းဝန်းလုပ် ဆောင်ကြမှုကို မျှော်လင့်ပါတယ်။ ကျနော်ကတော့ ကျနော့် တာဝန် အတိုင်း ပို့လိုက်ပြီးပါပြီ။

လေးစားစွာဖြင့် ...

ငြိမ်းချမ်း

8-3-2010

ပို့သင့်သော အီးမေးလ်လိပ်စာများ

UNHCR

Inspector@unhcr.org

OHCHR.Bangkok@un.org

thaba@unhcr.org



US Embassy in Thailand

bangkokPD@state.gov

irc@state.gov



British Embassy

Info.Bangkok@fco.gov.uk



EU Delegation

delegation-thailand@ec.europa.eu



အင်္ဂလိပ်လိုရေးထားသော စာမူကြမ်း

To Whom It May Concern

UNHCR

Re: Appeal for UNHCRs Better Treatment of Refugees

at Burmese Refugee Camps in Thailand.

Date: March 7, 2010.

Dear Sirs or Madams,

I would like to request your attention to improve UNHCR's treatment of refugees at Burmese refugee camps in Thailand. The refugees at the Burmese refugee camps in Thailand has been treated without dignity in many ways.

Most refugees inevitably have to bribe in order to get into the refugee camps and were to buy own shelters in the camps. Many of the refugees, even after living in the camps for more than three years, are still not provided basic rations. They have been left to struggle for their own survival. UNHCR has not registered the refugees for several years. UNHCR has contracted the registration to PAB and it has not done the registration for several years and UNHCR is not living up to its responsibilities.

Aside from leaving the refugees in the dark about what is going to happen with their fates, when they will be registered, and what the processes are for their future, the UNHCR ignores to respond to the refugees when asked. In many occasions, the refugees who are seeking information were shouted and driven out from UNHCR's facilities.

I would like to ask the UNHCR that the refugees should not be left in the dark and it should be informative to the people its vow to serve. In addition, I would like to request the UNHCR to look into and protect the welfare of the refugees in the camps. Refugees are humans and the UNHCR would need to treat the refugees as humans.

With best regards,

----------------

ဖိုင်ရယူရန်

ဟံသာဝတီ ဦးဝင်းတင်ရဲ့ ထောင်တွင်းအတွေ့အကြုံ စာအုပ်ထွက်ရှိ

မတ်လ ၁၂၊ ၂၀၁၀
သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်ရဲ့ စာမျက်နှာ ၃၁၈ မျက်နှာပါရှိပြီး ရက်ပေါင်း ၇၀၀၀ ကျော် ထောင်တွင်း အတွေ့အကြုံများကို ရေးသားတင်ပြထားတဲ့ 'ဘာလဲဟဲ့ လူ့ငရဲ' စာအုပ်ကို ဆရာကြီးရဲ့ အသက် (၈၀) ပြည့် မွေးနေ့ (၂၀၁၀ ခုနှစ် မတ်လ ၁၂ ရက်နေ့) မှာ စတင်ထုတ်ဝေ ဖြန့်ချိမှာ ဖြစ်ပါတယ်။
ဒီစာအုပ်ကို ဒီမိုကရက်တစ် မြန်မာ့အသံ က စီစဉ်ထုတ်ဝေပြီး နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က တာဝန်ယူ ဖြန့်ချိမှာ ဖြစ်ပါတယ်။
ဒီစာအုပ်မှာ အခန်းငယ် ၁၀ ခန်းနဲ့ ဆောင်းပါးပေါင်း ၄၂ ပုဒ် ပါဝင်ပါတယ်။
ဆရာက မကြောက်တရားကို အခြေခံပြီး ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ပွင့်ပွင့်လင်းလင်း မကွယ်မ၀ှက် ဖွင့်ချဖေါ်ပြထားပါတယ်။ ဒါ့အပြင် "ထောင်ကျတဲ့ နိုင်ငံရေးမလုပ်ဘူး၊ ထောင်ကျတဲ့ လှုပ်ရှားမှု မလုပ်ဘူးဆိုတဲ့ ထောင်ကြောက်တရားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံရေးအတွက် ထောင်ချခံရသူတွေ ယုံကြည်ချက်အတွက် ထောင်ကျခဲ့သူတွေ၊ ပြည်သူ့ကောင်းကျိုးအတွက် ထောင်ကျခံရသူတွေ၊ လူထုအုံကြွမှုအတွက် ထောင်ကျခံရသူတွေ၊ အာဏာရှင်စနစ် ဆန့်ကျင်တွန်းလှန်ရေးအတွက် ထောင်ကျခံရသူတွေ၊ တော်လှန်ရေးတွေ၊ အရေးတော်ပုံတွေ လှုပ်ရှားမှုတွေအတွက် ထောင်ကျခံရသူတွေ၊ ထောင်ကျခဲ့ရသူတွေကို ရှုတ်ချတာပဲ၊ စော်ကားတာပဲ" ဆိုတဲ့ ဆရာရဲ့ ရဲရင့်ပြတ်သားတဲ့ အမြင်ကိုလည်း ဆရာ့ဆောင်းပါးတွေထဲမှာ တွေ့မြင်ရပါတယ်။
တနိုင်ငံလုံးကို ထောင်ချထားသလို ဖြစ်နေတဲ့ စစ်အစိုးရခေတ် မြန်မာနိုင်ငံမှာ ထောင်ကျတာဟာ အထူးအဆန်းမဟုတ်ကြောင်း၊ ထောင်ကြီးထဲကနေ နှိုင်းယှဉ်ချက်အရ ပိုမိုကျပ်တည်းတဲ့ ထောင်လေးထဲကို ရောက်သွားခြင်းသာ ဖြစ်တဲ့အတွက် ဘာမှကြောက်စရာမလိုကြောင်း ဆရာက သူ့ဆောင်းပါးတွေနဲ့ သူရဲ့ အမှာစာမှာ ဖေါ်ပြထားပါတယ်။
လူကိုသာ အကျဉ်းချထားလို့ရချင်ရမယ်၊ သူ့ရဲ့ ယုံကြည်ချက်နဲ့ ပြည်သူတွေကို ချစ်တဲ့စိတ်နဲ့ ဒီမိုကရေစီကို ချစ်တဲ့စိတ်တွေကိုတော့ ထောင်ချထားလို့ မရဘူးဆိုတဲ့ အချက်ကို ဆရာရဲ့ စာအုပ်တအုပ်လုံးမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။

စာအုပ်ဝယ်ယူလိုသူများဟာ info@aappb.org သို့ ဆက်သွယ်မှာ ယူနိုင်ပါတယ်။

###

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)
ဆက်သွယ်ရန် ----- ကိုတိတ်နိုင် (အတွင်းရေမှုး) +၆၆ (၀)၈၁ ၂ ၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဘက် အတွင်းရေးမှုး) +၆၆ (၀)၈၁ ၃၂၄ ၈၉၃၅

Thanks N Regards,

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)သဘောထားထုတ်ပြန်

http://ifile.it/xgd4wnsStatement March 12

အထူးသတင်းနှင့် အထူးကြေငြာချက်

လေးစား အပ်ပါသော ရဟန်းရှင်လူ ကျောင်းသား တပ်မတော် ပြည်သူ အပေါင်းတို့ ခင်ဗျား…

ယခု အချိန်အခါတွင် ကျွန်ုပ်တို့ မြန်မာ နိုင်ငံတော်ကြီးသည် အဆိုးဝါးဆုံး၊ အကြပ်တည်းဆုံး၊ အခက်အခဲဆုံးနှင့် အပြင်းထန်ဆုံးသော နိုင်ငံရေး စိန်ခေါ်မှု တစ်ခုကို စတင် လိုက်ပါပြီ။ နအဖ စစ်မိစ္ဆာကောင် သန်းရွှေ အုပ်စုသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ နိုင်ငံရေးထဲမှ အပြီးပိုင် ဖယ်ထုတ်ရှင်းလင်းဖို့ လုပ်ဆောင် လိုက်ရုံမက ၁၉၉၀ ပြည့်နှစ်တွင် ပြည်သူ လူထု တစ်ရပ်လုံး တစ်ခဲနက် မဲပေးထောက်ခံခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုပါ အပြတ်ရှင်းဖို့ အချက်ပေး ခေါင်းလောင်း ထိုးလိုက်ပြီ ဖြစ်သည်။
ထိုတွင်မက ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို အပြတ်ရှင်းလင်းရန် လုပ်ဆောင် တော့မည်ဟု ကြပ်ပြေး စစ်အထူး သတင်း ရပ်ကွက်မှ သိရှိရပါသည်။ သန်းရွှေ အုပ်စုသည် အကြံ ပက်စက်ရုံမက ကမ္ဘာ့ အယုတ်မာဆုံး လူသား အဖြစ် အာဏာ တည်မြဲရေး အတွက် ဘာမဆို လုပ်ဆောင်ဝံ့သူ အဖြစ် ထင်ရှားကျော်ကြားခဲ့သည်မှာ အထူး ပြောစရာ မလိုတော့ပေ။ တိုင်းပြည်၏ သေရေး ရှင်ရေးတစ်မျှ အရေးကြီးနေသော ယခု အချိန်အခါတွင် ရဟန်းရှင်လူ ပြည်သူလူထု၏ စုပေါင်းညီညွတ်မှု အားသည်သာ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ထွက်ပေါက် လမ်းကြောင်း ဖြစ်သည်ကို သဘောပေါက်ဖို့လိုအပ်နေပါပြီ။

ကျွန်ုပ်တို့ ယုံကြည်ကိုးစား အားထားရုံမျှမက တစ်ကမ္ဘာလုံးကပါ လေးစား ဂုဏ်ယူရသည့် သားကောင်းရတနာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ခေါင်းဆောင်ကြီးများ၊ အနှစ်(၂၀) လုံးလုံး ကိုယ်ကျိုးစွန့် အနစ်နာခံကာ တိုင်းပြည် အတွက် ပေးဆပ်ခဲ့ကြသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်ကြီးများ၏ အသက် အန္တရာယ်မှာ အစိုးရိမ်ရဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ပြည်သူ့ ဘုံရန်သူ နအဖသည် ကြူငုတ်စစ်ဆင်ရေး ဟု အမည်ပေးထားသော အပြတ်ရှင်းစနစ်ကို စတင် အကောင်အထည် ဖော်ဆောင် နေပြီ ဖြစ်ပါသည်။ သို့ပါ၍ ရဟန်းရှင် လူပြည်သူ လူထုနှင့် မျိုးချစ် တပ်မတော်သား အားလုံး အနာဂတ် မြန်မာပြည် သူရဲကောင်းများ လက်လွတ် အဆုံးရှုံး မခံရစေရေး အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၍ စုပေါင်းညီညွတ်စွာ နအဖ စစ်အာဏာရူး လူတစ်စုအား အမြစ်ပါ မကျန် စုပေါင်း တော်လှန်ကြပါရန် အထူး တိုက်တွန်း နိုးဆော် လိုက်ပါသည်။ မိမိတို့ သွေးသောက် တော်လှန်ရေး ကျောင်းသား ရဲဘော်များ အနေဖြင့် ရရာ လက်နက် စွဲကိုင်ကာ ရသည့်နည်းဖြင့် နအဖ စစ်အာဏာရူး လူတစ်စုအား အသေခံ တိုက်ပွဲဝင် တော်လှန် တော့မည် ဖြစ်ပါကြောင်း စစ်ကြေငြာ သတိပေး အပ်ပါသည်။

သွေးသောက် တော်လှန်ရေး ကျောင်းသားရဲဘော်များ
(အောက်ဗမာပြည်)

( ၂၂ )နှစ်မြောက် ကိုဖုန်းမော်နှစ်ပတ်လည် မြန်မာနိုင်ငံ လူ့ အခွင့်အရေးနေ့ နှင့် တံတားနီနှစ်ပတ်လည်


ဒီဇိုင်း..ပန်းချီ ကိုမျိုး

ဗြဟ္မစိုရ်တရား လက်ကိုင်ထားမှ (ကျော်သူ)