Tuesday, March 23, 2010

23 March 2010 ဒိုင်ယာရီ

http://ifile.it/3w21npc23 March2010 Yeyintnge Diary

ရှင်သန်ခွင့်


ရှင်သန်ခွင့်

ခင်မမမျိုး
Tuesday, March 23, 2010


(၁)

“ကိုကြီးသဘောကတော့ သူ့ကို ဆက်ပြီး မဆန့်ကျင်ကြစေချင်ဘူး။ သူစီမံခန့်ခွဲပေးတာတွေကိုပဲ လိုက်နာစေချင်တယ်”
“ရှင်”
“ဗျာ”


အာမေဋ္ဋိတ်သံများထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ဧည့်ခန်းတခုလုံး အပ်ကျသံပင် မကြားရလောက်အောင် ငြိမ်သက်တိတ်ဆိတ် သွားသည်။

“ခင်ဗျားမတရားဘူး။ ခင်ဗျားကို ခေါင်းဆောင်ဆိုပြီး တပ်ဦးမှာထားခဲ့တာ။ ခင်ဗျားကို ဝန်းရံပေးရမယ်ဆိုပြီး နာစရာရှိရင် ကျုပ်တို့က ရှေ့ဆုံးကနေ အနာခံခဲ့ကြတာ”

အတန်ကြာ တိတ်ဆိတ်နေမှုကို ဖြိုခွဲ၍ ထွက်ပေါ်လာသည့် အသံက ညီထွေးလေး အသံ။

“ဘာလဲ။ ခုတော့ ကိုကြီးက ကြောက်နေပြီလား။ ကိုကြီးရဲ့ ရဲရဲတောက် စကားလုံးတွေကြောင့် မလေးတို့က ပါခဲ့ကြတယ်။ ကိုကြီးကို အပြည့်အဝ ယုံကြည်ပြီး ခေါင်းဆောင်နေရာ ရွေးခဲ့ကြတယ်။ ခေါင်းဆောင်ဖြစ်ပြီးကာမှ ကိုကြီးက ပထွေးဆန့်ကျင်ရေးဆိုတဲ့ စကားကို တောင် ရဲရဲမပြောလို့မလေးတို့ ပြောပေးခဲ့ကြတယ်။ ဒါပေမယ့် ဒီလိုပြောလို့ အရိုက်ခံရ၊ အနာခံရရင်လဲ ကိုကြီးက မသိချင်ယောင်ပဲ ဆောင်နေတယ်။ ဒီအထိ မလေးတို့ သည်းခံတယ်။ ရေငုံနှုတ်ပိတ်နေခဲ့တယ်။ အခြေအနေအရ ကိုကြီးလိုအပ်လို့ လုပ်တာပါလို့ပဲ ဖြေ သိမ့်တွေးပေးခဲ့တယ်။ ကိုကြီးကို မလေးတို့ ယုံခဲ့ကြတယ်။ ခုတော့ အလကားပဲ။ မလေးတို့ ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်ခံ လိုက်ရပြီ”

ညီထွေးလေးရဲ့ စကားသံဆုံးတော့ မလေးက ဝင်ပြောသည်။ ကိုကြီးက အင်းမလုပ်၊ အဲမလုပ်။ မှုန်ကုပ်ကုပ်မျက်နှာဖြင့် အားလုံးကို ပြန်ကြည့်နေသည်။

“မလေး။ နင်ဘာမှ အပိုတွေ ပြောမနေနဲ့တော့။ ငါနင်တို့ကို ဘယ်နှစ်ခါ ပြောခဲ့လဲ။ ကိုကြီးဆီမှာ ငါတို့တအိမ်လုံးကို ဦးဆောင်ပြီး ဟို လူယုတ်မာကို အာခံရဲတဲ့သတ္တိ မရှိပါဘူးဆိုတာကိုး။ ငါတို့ အားလုံးက အဲဒီလူယုတ်မာကို ဆန့်ကျင်နေလို့ သူက ငါတို့ထဲပါလာတာ။ သူက ငါတို့အားလုံးထဲမှာ အကြီးဆုံးမို့ ငါတို့က ခေါင်းဆောင်ရွေးခဲ့ကြတာ မဟုတ်ဘူးလား။ ဒါပေမယ့် ဒီလို ခေါင်းဆောင်ဖြစ်ပြီးတဲ့ အ ခါမှာ ဘယ်နှစ်ကြိမ်များ ငါတို့ရှေ့က ရပ်တည်ပေးခဲ့လို့လဲ။ ငါတို့ ပေါ်ပေါ်ထင်ထင်နဲ့ လူယုတ်မာကြီးကို ဆန့်ကျင်ရင်တောင် သိပ်မ တက်ကြွဖို့ သူုက ခေါ်ပြီး သတိပေးနေသေးတာပဲ။ ဒီကတည်းက ငါပြောနေတယ်။ လူယုတ်မာဆန့်ကျင်ရေးမှာ သူ့ကိုပဲ ရှေ့တန်းတင် ပြီး ပုံမအပ်ပါနဲ့။ ရှုံးလိမ့်မယ်လို့။ နင်တို့ လက်မှမခံကြတာပဲ။ ငါ့ကိုတောင် အပြစ်ပြန်တင်နေသေးတယ်။ ခုတော့ နင်တို့ ခေါင်းဆောင် ကြီးက လူယုတ်မာကိုလက်ခံပြီး လူယုတ်မာရဲ့ စီမံချက်ကိုတောင် လိုက်လုပ်ပေးမယ် ပြောနေတယ်။ ကောင်းသေးလား။ ဒီမှာ ကိုကြီး။ ဝါအရ ခင်ဗျားကို ကျုပ်လေးစားပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ လုပ်ရပ်နဲ့ အတွေးအခေါ်တွေကိုတော့ မလေးစားနိုင်ဘူး။ ခင်ဗျားက ဒူး ထောက်ဆိုတာနဲ့ လိုက်ထောက်ပေးမယ့် သူငယ်နှပ်စားထဲမှာ ကျုပ်မပါဘူး။ အခုကစပြီး ခင်ဗျားကို ခေါင်းဆောင်အဖြစ် အသိအမှတ် မပြုနိုင်ဘူး။ ခင်ဗျား လုပ်ခိုင်းတာတွေလဲ ကျုပ်မလုပ်နိုင်ဘူး။ ရှင်းအောင် ပြောထားမယ်”

“ဖေကြီးရယ်၊ ရှက်ဖို့ကောင်းလိုက်တာ။ ဘာလို့ ဒီလို အတွေးမျိုးတွေ ဝင်နေရတာလဲ။ သမီးမှာတော့ ဖေကြီးရဲ့ မျိုးဆက်ဖြစ်ရတာကို ဂုဏ်ယူလိုက်ရတာ။ ဖေကြီးဟာ တအိမ်လုံးရဲ့ အခက်အခဲတွေကို ပြေလည်အောင်လုပ်ပေးဖို့ ကြိုးစားနေတဲ့ ခေါင်းဆောင်ကြီးအနေနဲ့။ ခုတော့သွားပြီ။ သိပ်ရှက်ဖို့ကောင်းတာပဲ”

ကိုကြီးရဲ့ သမီး ဇင်မာအောင်ကပါ ဝင်ပြောသည်။ ပြောရင်းနှင့် မျက်ရည်များကျနေပေမယ့် ကိုကြီး မျက်နှာပေါ်က ခက်ထန်တင်းမာမှု တွေက ပျောက်မသွား။ သူလုပ်တာ မှန်သည့်အနေဖြင့် ခပ်တင်းတင်း ပြန်ပြောသည်။

“ဇင်မာအောင်။ ငြိမ်ငြိမ်နေစမ်း။ ငါမွေးလို့ နင်လူဖြစ်လာတာပါ။ ငါ့ကို ပြန်အာခံမနေနဲ့။ ငါက ဒါဆို ဒါပဲလုပ်”

ကိုကြီးရဲ့ အော်ငေါက်သံအဆုံးမှာ ဇင်မာငြိမ်သွားသည်။ အသံထပ်မထွက်လာတော့ပေမယ့် ကိုကြီးကို လှမ်းကြည့်နေသော ဇင်မာ့ မျက်ဝန်းများရဲ့ အဓိပ္ပာယ်ကို သူမနားလည်သည်။ မျိုးဆက်ဟောင်း အပေါ်မှာ မျိုးဆက်သစ်တယောက်ရဲ့ အထင်သေးသော အ ကြည့်။

မိသားစုတွင်းမှာပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာ အလုပ်အကိုင်တွေမှာပဲ ဖြစ်ဖြစ်၊ ကျောင်းစာသင်ခန်းတွေမှာ ပဲဖြစ်ဖြစ် အပြန်အလှန်လေးစားမှု ဆိုတာက အလွန်အရေးပါလှသည်။ အိမ်ထောင်ဘက်အချင်းချင်း တယောက်ကိုတယောက် အထင်သေးမှုရှိလာပြီဆိုလျှင် ဒီအိမ် ထောင်ရေး သာယာမည်မဟုတ်တော့။ အနန္တေအနန္တဂိုဏ်းဝင် မိဘပေမယ့်လည်း အကျင့်စာရိတ္တယိုယွင်းပျက်စီးမှုနှင့် လူအများကို ဆုတ်ယုတ်ပျက်စီးစေမှုတွေကြောင့် သားသမီးများအား အရှက်ရစေသည်ဆိုလျှင် မိဘနှင့် သားသမီး ဆက်ဆံရေးမှာ အဖုအထစ်များ ဖြစ်စမြဲ။ သိက္ခာတရားနှင့် ကျင့်ဝတ်ကို မစောင့်ထိန်းသော ဆရာများကိုလဲ ဘယ်လိုကျောင်းသားမျိုးကမှ အထင်တကြီးဆည်းကပ် မည်မဟုတ်။ အဖွဲ့အစည်းတွင်လည်း ထိုနည်းလည်းကောင်း။ မျိုးဆက်ဟောင်းများရဲ့ အတွေးအခေါ်နဲ့လုပ်ရပ်တွေကို မျိုးဆက်သစ် များက အထင်သေးလာပြီဆိုလျှင် အဖွဲ့အစည်းရဲ့ ရှင်သန်ကြီးထွားမှု နှောင့်နှေးပြီး အကွဲကွဲ အပြဲပြဲ ဖြစ်လာလေ့ရှိသည်။

ဇင်မာ့ မျက်ဝန်းများကို ကြည့်ပြီး သူမအတွေးများက ဟိုရောက်ဒီရောက်ဖြစ်နေသည်။ ဒီပြဿနာများရဲ့ အစ၊ ဟိုး လွန်ခဲ့သော နှစ် ပေါင်းများစွာက အခြေအနေတွေကို သူမ ပြန်မြင်ယောင်နေမိသည်။

(၂)


“မလတ်။ ဒါ ကိုစစ်နိုင်တဲ့။ ကျောင်းတုန်းက ငါတို့က မေဂျာတူတူပဲ။ ကွဲနေကြတာ ကြာပြီ။ တလောကမှ ပြန်တွေ့တာ”

ကိုကြီးက မိတ်ဆက်ပေးတာကြောင့် ကိုစစ်နိုင်ကို လှမ်းကြည့်လိုက်မိတော့ မျက်လုံးတွေကို မြင်ရစဉ်မှာပဲ သူမရင်ထဲ ဒိတ်ကနဲဖြစ် သွားသည်။ စိတ်ပညာဘွဲ့ရ တယောက်ဖြစ်တာကြောင့် လူတွေရဲ့ မျက်လုံးကတဆင့် အတွင်းစိတ်ကို မြင်နိုင်အောင် ကြိုးစားလေ့ကျင့် ခဲ့ဖူးသည်။ ကိုစစ်နိုင်မျက်လုံးတွေက မရိုးသား။ ကောက်ကျစ်စဉ်းလဲမှု သဏ္ဌာန်လေးတွေကို တွေ့နေရသလိုလို ရှိသည်။ သို့ပေမယ့် လူ မှုရေး အရမို့ သူမ ပြန်နှုတ်ဆက်လိုက်ပါသည်။

“ဟုတ်ကဲ့ .. တွေ့ရတာ ဝမ်းသာပါတယ်။ အိမ်ကို အလည်လာတဲ့ အတွက် ကျေးဇူးတင်ပါတယ်” “ကျွန်တော်က နောက်ဆို ခဏခဏ ရောက်ဖြစ်တော့မှာ။ ကိုအောင်နဲ့ စီးပွားရေး တူတူ လုပ်မလားလို့” ကိုစစ်နိုင်က လိုသည်ထက် ပိုနေသော အပြုံးများဖြင့် ပြန်ပြောသည်။ ကိုကြီးကို လှမ်းကြည့်မိတော့ ကိုကြီးမျက်နှာက အရမ်းကို ပျော် ရွှင် လန်းဆန်းနေတာကြောင့် ဘာမှဆက်မပြောမိတော့။ သူငယ်ချင်းဟောင်းနှင့် ပြန်တွေ့ရလို့ ပျော်နေပုံပေါ်သည်။ နှစ်ယောက်သား အတူစားကြ၊ သောက်ကြရန်သာ သွားရောက်ပြင်ဆင်ပေးလိုက်သည်။

နောက်ပိုင်းကျတော့ ကိုစစ်နိုင်က အိမ်ကို ချောင်းပေါက်မတတ်လာသည်။ ကိုကြီးနှင့်အတူ ပုလင်းတူဘူးစို့ သောက်ကြ၊ စားကြသည်။ သူမတို့တတွေ စိတ်ပျက်မိပေမယ့် ကိုကြီးမျက်နှာကြောင့် မကန့်ကွက်ဖြစ်ကြ။ သတိနှင့် ဆင်ဆင်ခြင်ခြင်နေရန်သာ သူမညီမလေးများ ကို သတိပေးရသည်။ သို့ပေမယ့် သူမ သတိပေးရန် တယောက်တော့ ကျန်ခဲ့ပါသည်။ ဒီလောက်အထိ ယုတ်မာမယ် မထင်ထားမိခဲ့ တာကြောင့်လဲ ဖြစ်သည်။ အသက်ငါးဆယ်ကျော်ပေမယ့် အလှသွေးတွေ ဝေဖြာနေဆဲဖြစ်သော စီးပွားရေးလုပ်ငန်းရှင် မုဆိုးမ မေ မေ့ကို အပိုင်ကြံသွားလိမ့်မယ်လို့တော့ သူမတို့ တွေးပင်မတွေးမိခဲ့ကြပါ။ များပြားလှသော မေမေ့အလုပ်တွေကို ကူလုပ်ပေးရင်း လူအ များအကြားတွင် တွဲပြီး နာမည်ထွက်အောင် ကြိုးပမ်းတာတွေ၊ ပွဲလမ်းသဘင်တွေမှာ မေမေ့နောက်က တကောက်ကောက် လိုက်တာ တွေ လုပ်ပြီး ဓာတ်ပုံတွေ အတူယှဉ်တွဲထွက်လာအောင် ပိုက်ဆံပေး စီမံတာတွေ လုပ်လာတော့မှ သူမတို့ သတိထားမိပေမယ့် အ သိုင်းအဝိုင်းကြားမှာ နာမည်က ထွက်နေခဲ့ပြီဖြစ်သည်။ မတတ်သာသည့်အဆုံး တရှက်က နှစ်ရှက်မဖြစ်အောင် မေမေက လက်ထပ် လိုက်သည်။

သို့ပေမယ့် စိတ်ဆင်းရဲမှုတွေကြောင့် မေမေ အသက်မရှည်ခဲ့ပါ။ မေမေဆုံးတော့ ကိုစစ်နိုင်လက်ထဲတွင် စီးပွားရေး လုပ်ငန်းအားလုံး ရောက်နေခဲ့ပြီ။ အိမ်နှင့် ပတ်သက်လို့သာ ဘယ်သူကမှ ရောင်းဖို့ သဘောမတူကြတာကြောင့် အမွေဆိုင်အိမ်ကြီးအဖြစ် နှစ်ပေါင်းများ စွာ သူများလက်ထဲ မရောက်ပဲ ကျန်နေခဲ့တာ ဖြစ်သည်။ အိမ်ထဲမှာ အတုနေကြပေမယ့် အိမ်ရဲ့ စီးပွားရေးကို ကိုစစ်နိုင်ကသာ ချုပ် ကိုင်ထားတာကြောင့် သူမတို့ အိမ်ရှင်များမှာ တစတစနှင့် အရိုးအရင်းကိုက်ရသော ကျွန်ဘဝသို့ ကျရောက်လာကြသည်။ မနေနိုင် သော ကိုငယ်က ကျောင်းထွက်ပြီး သင်္ဘောတက်သွားသည်။ အိမ်ကို ငွေပြန်ပို့ပြီး မလေးနဲ့ ညီထွေးလေးတို့ရဲ့ ကျောင်းစရိတ်ကို ထောက်ပံ့ရသည်ဆိုပေမယ့် ပေးတာယူ၊ ကျွေးတာစားနေရသော ဘဝမှာ လူငယ်တွေရဲ့ အနာဂတ်ကား မျှော်လင့်ချက် မဲ့နေဆဲ။ သိပ် ထက်မြက်တဲ့ မိခင်တွေရဲ့ ခြေရာကို သားသမီးတွေ မှီအောင် လိုက်နိုင်စွမ်း မရှိဖူးဆိုတာ မှန်နေသလား မသိ။ မေမေရှိတုန်းက မေမေ့ ကိုသာ အရာရာမှီခိုနေကြသည်မို့ မေမေမရှိချိန်တွေ သူမတို့အားလုံး မလုပ်တတ်၊ မကိုင်တတ်နှင့် ကိုစစ်နိုင် ကြီးစိုးခြယ်လှယ်သမျှသာ ခံကြရသည်။ ကိုစစ်နိုင် လက်သပ်မွေးထားသော လူဆိုးလူမိုက်များ၏ ခြိမ်းချောက်အနိုင်ကျင့်မှုတွေကိုလဲ ခံကြရသေးသည်။

မေမေတို့ လက်ထပ်ပြီးစဉ်တုန်းက သူမတို့တတွေ စုပြီး ကိုစစ်နိုင်ကို အလိုမရှိ လုပ်ခဲ့ကြသည်။ မေမေဆုံးပြီးတော့လဲ ကိုစစ်နိုင် အိမ် ပေါ်က ဆင်းရအောင် ကြိုးပမ်းခဲ့ကြသေးသည်။ အပြင်းအထန် ထိပ်တိုက်တွေ့နေချိန်တွင် ကိုကြီးက စင်ပေါ်ရောက်လာသည်။ သူရ အောင် ဆွေးနွေးဖြန်ဖြေပေးမည်လို့ ဆိုခဲ့သည်။ ဒါကြောင့် သူမတို့အားလုံး တညီတညာတည်း ကိုကြီးကို ခေါင်းဆောင်ရွေးခဲ့ကြသည်။ သို့ပေမယ့် ကိုစစ်နိုင်က သူ့လက်ထဲ အကုန်ရောက်နေသည့် ကြီးစိုးခြယ်လှယ်ခွင့်ကို လွယ်လွယ်နှင့် မစွန့်။ တမေဂျာတည်း အတူ ကျောင်းတက်ခဲ့သည့် ကိုကြီးရဲ့ ခေါင်းဆောင်မှု အရည်အချင်း ဆိုတာကိုလဲ သူက အတွင်းသိ၊ အစင်းသိ။

ပုလင်းတူ၊ ဗူးစို့ ဖြစ်ခဲ့သူ အချင်းချင်းဆိုတော့ ဘယ်လို အချိန်ရောက်ရင် ဘယ်လိုအထာပေးရမည်ကို နားလည်ပြီးသား။ “ဆွေးနွေးကြ တာပေါ့ကွာ။ မင်းညီတွေ၊ ညီမတွေ မကျွံလာအောင်သာ မင်းထိန်းပေး” ဆိုပြီး ငါးရံ့ဆီနှင့် ငါးရံ့ပြန်ကြော်ထားခဲ့သည်။ အခြေအနေ တွေကို တွေ့နေပေမယ့် ကိုကြီးကို ခေါင်းဆောင်အဖြစ် ရွေးထားခဲ့သည်မို့ သူမတို့တွေ မပြောရက်၊ မဆိုရက်၊ မဝေဖန်ရက်ကြ။ သူမတို့ အချင်းချင်းကွဲနေရင် ကိုစစ်နိုင်က နွားကွဲတုန်း၊ ကျားဆွဲ လုပ်လာမှာစိုးလို့ ငြိမ်ကုပ်နေခဲ့ကြသည်။ သို့ပေမယ့် အခုတော့ ပြောရတော့ မည်။ မပြောလို့ မဖြစ်တော့။ နွားက ကွဲတာမဟုတ်ပဲ ခေါင်းဆောင်နွားလားက ကျားရဲတွင်းထဲကို ခုန်ဆင်းဖို့ပင် ခိုင်းနေပြီဖြစ်သည်။ သူမို့ လုပ်ရက်လေခြင်း၊ သူမို့ ပြောရက်လေခြင်း။ အတွေးများနှင့်အတူ သူမ မျက်ရည်ဝဲလာသည်။ မဖြစ်တော့။ ကိုကြီးကို သူမ စကား သွားပြောမှ ဖြစ်တော့မည်။ တားမှ ဖြစ်တော့မည်။

(၃)

“ငါတို့သူ့ကို ဆန့်ကျင်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟာ။ ထိရောက်မှုမှ မရှိတာပဲ။ ပကတိအခြေအနေမှန်ကို နားလည်လက်ခံရ မယ်လေဟာ”

ကိုကြီးက စိတ်ဓာတ်ကျနေသော အသံဖြင့် တိုးတိုးလေး ပြောသည်။ မာရသွန်ခရီးကို မီတာ (၁ဝဝ) အတွေးနဲ့ ကိုကြီး ဝင်ပြေးခဲ့တာ ဖြစ်မယ်လို့ သူမ တွေးလိုက်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူပြောတာကို အရင်နားထောင်ဖို့ ဆုံးဖြတ်လိုက်မိသည်။ ရှေ့ဆင့်နောက်ဆင့် မောင်နှမမို့ သူမတို့ နှစ်ယောက်က အနီးစပ်ဆုံး ရင်းနှီးခဲ့ကြပါသည်။

“ငါတို့နဲ့ သူနဲ့ တသက်လုံး ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ကြတယ်။ ခုဆို သူ့ဘက်က လျှော့လာပြီဟာ။ ဒီအိမ်ကြီးကို စီမံခန့်ခွဲဖို့ အဖွဲ့ဖွဲ့မယ် တဲ့။ သူ့လူတွေ လဲပါမယ်။ ငါတို့ထဲကလဲ ပါမယ်။ အတူတူ စီမံအုပ်ချုပ်ဖို့။ ဘယ်လောက်ကောင်းတဲ့ အစီအစဉ်လဲဟာ။ ငါလဲ အသက် ကြီးပြီ။ သူ့ကို ဆန့်ကျင်နေရတာလဲ နှစ်များစွာကြာခဲ့ပြီ။ ဘာမှ မရတာထက်စာရင် ငါ့မိသားစုရဲ့ ဆက်လက်ရှင်သန် ရပ်တည်ခွင့်အ တွက် ရသလောက်လေး ဝင်ယူမှ ရတော့မယ်”

“ရှင်သန်ခွင့်။ ဟုတ်လား ကိုကြီး။ ကိုကြီး မိသားစုရဲ့ ဆက်လက်ရှင်သန်ခွင့်အတွက် သူစီမံတာကို လက်ခံဖို့”

“ဟုတ်တယ်လေဟာ။ အရင်တုန်းကဆို သူပဲ အားလုံးကို ချုပ်ကိုင်ထားတာ။ ခုဆို လမ်းဖွင့်လာတာပဲ။ ငါ့မိသားစုကို သူအသိအ မှတ်ပြုဖို့အတွက် ငါကြိုးစားရမယ်။ ရှင်သန်ခွင့်ဆိုတာ လူတွေအတွက်၊ မိသားစုတွေအတွက်၊ နောက်ဆုံးဟာ တိုင်းပြည်တပြည်အ တွက် အရေးကြီးဆုံး အရာပဲ”

ဒီလောက်ဆို ကိုကြီးရဲ့ အတွင်းစိတ်ကို တွက်ချက်လို့ရပြီဆိုတာ သူမ သဘောပေါက်လိုက်သည်။ သူမတို့ မှားခဲ့ကြပါပြီ။ အိမ်ကြီးထဲမှာ နေထိုင်တဲ့ မိသားစုသားချင်းတွေ အများကြီးထဲကနေ သူ့မိသားစုလေး တခုတည်းကိုသာ ကွက်ပြီး စဉ်းစားတတ်သူကိုမှ တအိမ်လုံးရဲ့ အရေးအတွက် ခေါင်းဆောင် ရွေးမိခဲ့ကြပါပကောလား။ ယူကျုံးမရ စိတ်တွေဖြင့် သူမ စကားစလိုက်မိသည်။

“ပြဿနာတွေကို ငါပြန်တွေးမိတယ်ဟာ။ ကိုစစ်နိုင် အိမ်ပေါ် ရောက်လာပြီးတော့ ပထမဆုံး ညီထွေးလေးနဲ့ ပြဿနာ စတက်တယ် နော်။ ပြဿနာစဖြစ်ပြီး ထိပ်တိုက်ဖြစ်နေတုန်းမှာ နင်က ပါလာခဲ့တယ်။ အဲဒီမှာ နင်က ပြဿနာတွေကို နင်ဦးဆောင်ဖြေရှင်းပေးမယ် ဆိုလို့ နင့်ကို ငါတို့အားလုံးက ခေါင်းဆောင်ရွေးခဲ့ကြတယ်။ ငါတို့ နင့်ကို ရွေးခဲ့ကြတာက နင့်မိသားစုရဲ့ ခေါင်းဆောင် အနေနဲ့မဟုတ် ဘူး။ တအိမ်လုံးရဲ့ အနာဂတ်ကို ဦးဆောင်ပဲ့ကိုင်နိုင်မယ့် အိမ်ခေါင်းဆောင် အနေနဲ့ ရွေးခဲ့ကြတာ။ ငါတို့ နင့်ကို အရာရာ ပုံအပ်ခဲ့ကြ တယ်။ ငါတို့အိမ်ပေါ်မှာ ကိုစစ်နိုင်ရဲ့ အုပ်စိုးခြယ်လှယ်မှု အာဏာပပျောက်ရေးအတွက် လုပ်ဖို့ တပ်ဦးမှာ ထားခဲ့ကြတယ်။ တအိမ်လုံး ကို ကိုယ်စားပြုပြီး ကိုစစ်နိုင်ရဲ့ မတရားမှုတွေကို ဆန့်ကျင်ဖို့ပဲ။ ဒါပေမယ့် နင်က ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတယ်။ နင်ပြောရင် ကို စစ်နိုင်က လက်ခံမယ်လို့ ထင်တယ်။ ဆန့်ကျင်ရေး လမ်းကြောင်းကို သွေဖည်ပြီး၊ တောင်းဆိုရေး လမ်းစဉ်ကိုလိုက်တယ်။ ကိုစစ်နိုင်က လဲ နင့်သူငယ်ချင်း အရင်းကြီးဆိုတော့ နင့်အကြောင်းကို ကောင်းကောင်း သိတယ်ထင်ပါရဲ့။ မျှော်လင့်ချက်လေးတွေပေးပြီး နင့်ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်။ နင်ကလဲ ဒါကို မသိဘူး။ အမေတယောက်လုံး ပေးလိုက်ရတာတောင် မမှတ်သေးဘူး။ ယုံတုန်းပဲ။ နောက်ဆုံး နင့်ကို ငါတို့အားလုံးက ရွေးပြီး၊ ယောက်ျားချင်း စိန်ခေါ် အနိုင်ယူဖို့ ဝန်းရံပေးခဲ့တာတောင် နင်က ညောင်နာနာလုပ်နေလို့ နင့်မိန်းမနဲ့ အငယ်ကောင်လေး အိမ်ပေါ်က ဆင်းသွားရတဲ့ အထိပဲ မဟုတ်လား။ နင့်မိန်းမက အဝေးမှာ ရောက်နေပေမယ့်လဲ ငါတို့ကို မေ့မသွားပါဘူးဟာ။ အိမ်ရဲ့ အရေးအတွက် ဆက်ပြီးလုပ်နေတုန်းပဲ။ ကိုစစ်နိုင်ကို ဘယ်လိုဆန့်ကျင်ပြီး သူ့ကျွန်ဘဝကနေ ငါတို့ တအိမ်လုံးလွတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ခုအချိန်အထိ ကြံဆပေးနေတုန်းပဲ။ နင်က နင့်မိသားစု အရေးပဲ ကြည့်မယ်လို့ ပြော တယ်။ နင့်အပေါ် ယုံကြည်ခဲ့ကြတဲ့ ငါတို့တွေကို ထည့်မတွက်ရင်နေပါ။ အဝေးမှာ ရောက်နေတဲ့ နင့်မိန်းမနဲ့ နင့်သားအငယ်လေးက ကော နင့်မိသားစု မဟုတ်ဘူးလား။ ပြီးတော့ နင့်သမီး။ နင့်သမီးဟာ ငါတို့ တအိမ်လုံးရဲ့ လက်ပေါ်မှာ ကြီးလာခဲ့တာ။ နင်ကသာ နင့် မိ သားစုဆိုပြီး ခွဲခြားဆက်ဆံနေပေမယ့် နင့်သမီး၊ နင့်မျိုးဆက်ကို ငါတို့က ဆွေမျိုးသားချင်း၊ ဒီအိမ်ကြီးတခုလုံးရဲ့ မျိုးဆက်လို့ သဘော ထားခဲ့ကြတာ။ သူ့စိတ်ထဲမှာကလဲ နင့်လို နင်တို့ မိသားစု ရှင်သန်ခွင့်၊ နင်တို့ မိသားစု အနာဂတ်ကိုပဲ ကြည့်ပြီး ကိုစစ်နိုင်ရဲ့ ကြိုးကိုင် အုပ်စီးမှုကို ခံချင်တဲ့ စိတ်မရှိဘူး။ အေး- ရှင်သန်ခွင့်ဆိုလို့လဲ ငါက ပြောရဦးမယ်။ နင်က နင့်သူငယ်ချင်းဟောင်း ပုလင်းတူဘူးစို့ လူ ယုတ်မာကို တော်တော်ယုံတယ် ဟုတ်လား။ သူပြောတာက ရှင်းရှင်းလေးနော်။ သူ့ရဲ့ စီမံခန့်ခွဲရေး အဖွဲ့ဆိုတာမှာ သူ့မွေးစားသားတွေ ဆိုပြီး အိမ်ထဲမှာ ဓားတကိုင်ကိုင်နဲ့ လမ်းပတ်လျှောက်နေတဲ့ စစ်သွေးရယ်၊ အရက်မူးပြီး ရမ်းကားနေတဲ့ ဖြိုးအောင်ရယ်၊ အားအာယား ယား အကျီင်္ချွတ်ပြီး သူ့ဗလကြီးကြောင်း လိုက်ပြနေတဲ့ စွမ်းအားရယ်တွေက အဓိက ပါမှာ။ ပြီးတော့ အိမ်လုံခြုံရေး တာဝန်ခံက ကိုစစ် နိုင် ကိုယ်တိုင်ပဲ။ သူရေးထားတဲ့ အဖွဲ့အကြောင်း နင်သေချာကော ဖတ်ပြီးပြီလား။ အဲဒီ စီမံခန့်ခွဲရေး အဖွဲ့ကို အိမ်လုံခြုံရေးအရ အချိန် မရွေး ဖျက်သိမ်းလို့ ရပါတယ်ဆိုနေမှ။ သူကြိုးကိုင်တာမဟုတ်လို့ ဘာလဲ။ နင့်ကိုကော သူက ဘယ်လောက်ထိ အရေးပေးမယ် ထင်လို့ လဲ။ ခြံထဲမှာ တံမြက်စည်းလှဲဖို့၊ ပန်းပင်ရေလောင်းဖို့ တာဝန်လောက် ရရင်တောင် ကံကောင်းတယ်မှတ်ပါ။ နင့်ကို သူက လူလိုသူလို သဘောထားပြီးများ သူ့အဖွဲ့ထဲ ပါဖို့ ခေါ်နေတယ် ထင်လို့လား။ နင်က အစ်ကို အကြီးဆုံးဆိုတော့ နင့်ကို ချိုးထားနိုင်ရင် ငါတို့ အားလုံး သူ့ကို ဆန့်ကျင်နေတာတွေ ရပ်သွားနိုင်ပြီဆိုပြီး ပါခိုင်းနေတာ ကိုကြီးရဲ့။ ငါတို့က နင့်ကို မတရားအနိုင်ကျင့်ခံနေရတဲ့ ငါတို့ တအိမ်လုံး က လူတွေရဲ့ ရှေ့မှာမားမားမတ်မတ် ရပ်တည်ပေးဖို့ ခေါင်းဆောင်ကြီး နေရာမှာ ထားခဲ့ကြတာပါဟာ။ တပ်ဦးမှာ ထားခဲ့ကြတာပါ။ ရှင် သန်ခွင့် ဆိုတာကို နင်က လူယုတ်မာ ကိုစစ်နိုင်ရဲ့ အသိအမှတ်ပြုမှုလို့ သဘောပေါက်ပေမယ့် ငါကတော့ ငါတို့ တအိမ်လုံးရဲ့ ခေါင်း ဆောင်ကြီးအဖြစ် ရှင်သန်ခွင့် ဆိုတဲ့ တခြား အမျိုးအစားလဲ ရှိသေးတယ်လို့ ထင်တာပဲ။ နင်ကလူယုတ်မာရဲ့ စီမံချက်ကို လက်ခံမယ် လို့ စကားစရုံ ရှိသေးတယ်။ နင့်အပေါ် ဝန်းရံခဲ့သူတွေရဲ့ နင့်အပေါ် မြင်သွားတဲ့ အမြင်တွေ၊ နောက်ဆုံး နင့်မျိုးဆက် ကိုယ်တိုင်က နင့် ကို ပြန်ကြည့်နေတဲ့ မျက်လုံးတွေကို နင်မတွေ့ဘူးလား။ နင်လက်ခံလိုက်တာနဲ့ တအိမ်လုံးရဲ့အရေးကို လုပ်နေတဲ့ တပ်ဦးနေရာကနေ နင်ဘာသာနင် ဖယ်ရှားလိုက်ပြီဆိုတာ သဘောပေါက်စမ်းပါဟာ ငါတို့ရဲ့ ခေါင်းဆောင်ကြီး လုပ်ခဲ့ဖူးသူက လူယုတ်မာရဲ့ ဖိနပ်ကြိုးကို ချည်ပေးနေရတာကိုတော့ ငါ မမြင်ပါရစေနဲ့။ ငါရင်နာလွန်းလို့ပါ။ အတိုချုပ်ဆိုရရင် နင်ပြောနေတဲ့ ရှင်သန်ခွင့်ဆိုတာမှာ နှစ်မျိုးရှိတယ် ဟာ။ လူယုတ်မာက နင့်ကို အသိအမှတ်ပြုပြီး သူ့ရဲ့ ကျွန်နေရာမှာ ထားတာကို ခံယူဖို့အတွက် ရှင်သန်ခွင့်နဲ့ တအိမ်လုံးက နင့်ကို တပ် ဦးမှာ ထားပြီး လူယုတ်မာကို ဆန့်ကျင်ဖယ်ရှားတာတွေမှာ ခေါင်းဆောင်အဖြစ် ရှင်သန်ခွင့်။ ဒီနှစ်ခုမှာ နင်တခုခုတော့ ရွေးရလိမ့်မယ်။ ငါကတော့ နင့်ကို ဒုတိယရှင်သန်ခွင့်ကို ရွေးစေချင်တယ်။ အေး- အဲလိုဆိုလို့။ ငါတို့တွေအားလုံးထဲမှာ နင်က မရှိမဖြစ် အရေးပါနေ လွန်းလို့တော့ မထင်နဲ့။ နင်မရှိပဲနဲ့လဲ ညီထွေးလေး ဦးဆောင်ပြီး သူ့ကို ငါတို့ ဆန့်ကျင်ခဲ့ဖူးပါတယ်ဟာ။ နင်က နောက်မှ ပေါ်လာခဲ့ တာပါ။ ဒါပေမယ့် နင့်ကို ငါတို့အားလုံးက ခေါင်းဆောင်တင်ခဲ့ပါတယ်။ အမြင့်ကို ပို့ခဲ့ပါတယ်။ မြင့်တယ်ထင်ပြီး ခုန်ချရင်တော့လဲ နင့် သမိုင်းပေါ့။ ငါဘယ်တတ်နိုင်မလဲ။ နင်က ငါ့ထက် အသက်ကြီးပါတယ်။ ငါ့ထက်လဲ ပိုပြီး စဉ်းစားဥာဏ် ရှိလိမ့်မယ်လို့ ငါယုံပါတယ်။ နင် သေချာ စဉ်းစားနော်ကိုကြီး။ ဘဝမှာ ပြင်လို့ ရတဲ့ အမှားရှိသလို ပြင်လို့ မရတဲ့အမှားလဲ ရှိတယ်။ နောက်ပြန်ဆုတ်လို့ရတဲ့ လမ်းဆိုတာ ရှိသလို ရှေ့တလှမ်းတိုးမိတာနဲ့ ထောင်ချောက်ထဲ ကျသွားတတ်တာတွေလဲ ရှိတယ်။ ငါပြောသင့်လို ပြောပြီးပြီဟာ။ နင့်ဘာသာပဲ ဆုံး ဖြတ်တော့”

ငြင်းခုန်ဖို့ သွားခြင်း မဟုတ်သည့်အတွက် သူမ ထထွက်လာခဲ့သည်။ ကိုစစ်နိုင်ရဲ့ ဖိနပ်ကို ကြိုးချည်ပေးနေရသော ကိုကြီးရဲ့ ဘဝကို မ တွေ့ရပါစေနဲ့ လို့တော့ စိတ်ထဲမှာ ဆန္ဒတွေ အပြည့်နှင့်။

ခင်မမမျိုး
(၂၂၊ ၃၊ ၂ဝ၁ဝ)
http://www.naytthit.com/ShortStory/2010/mar10/kmmm-mar23.html

နိုင်ငံတော်၏ စံတန်ဖိုးများ မြှင့်တင်ခြင်း

နိုင်ငံတော်၏ စံတန်ဖိုးများ မြှင့်တင်ခြင်း


thein-naing


လူမှုအဖွဲ့အစည်းငယ် တခုအနေဖြင့် သတ်မှတ်နိုင်သည့် စာသင်ကျောင်း၏ ရည်ရွယ်ချက်များစွာထဲမှ အဓိက တခုမှာ လူသား စံတန်ဖိုးများကို လက်ဆင့်ကမ်း သင်ကြားပေးရန် ဖြစ်ပါ၏။ ကောင်းမွန်သော စံတန်ဖိုးများမှာ ရပ်ရွာ၊ လူ့အဖွဲ့အစည်း၏ စည်ပင်သာယာခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် မှီတင်းနေထိုင်ကြသူ ပြည်သူများအကြား သဟဇာတဖြစ်ခြင်းတို့အတွက် သော့ချက်ပင် ဖြစ်သည်။

မျိုးဆက်များအတွက် “ကောင်းရာတု၍၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဟူသော လောကသာရပျို့လာ အဆုံးအမအတိုင်း ယဉ်ကျေးမှုတွင် တည်ရှိနေသော လိုလားအပ်သည့် ကောင်းမြတ်သော စံတန်ဖိုးများကို လက်ဆင့်ကမ်းပေးရန် ကျောင်းပညာရေးတွင် တာဝန်ရှိပြန်ပါသည်။ တဆက်တည်းမှာပင် မျက်မှောက်ခေတ် ရပ်ရွာ၊ လူ့အဖွဲ့အစည်းအတွင်း လက်ခံကျင့်သုံးနေသည့် စံတန်ဖိုးများကို ဝေဖန်စစ်ကြောတတ်စေရန်၊ ပြောင်းလဲပြင်ဆင်သင့်သည်တို့ကို နားလည်ရန်၊ အဘယ်ကြောင့် လိုက်နာကျင့်သုံးသင့်သည်တို့ကို သိမြင်ခံစားတတ်စေရန်အတွက်လည်း စာသင်ခန်းများအတွင်း ဆွေးနွေးရဦးမည် ဖြစ်ပါသည်။

စံတန်ဖိုးများအပေါ်တွင် အမြင်သဘောထားများမှာ မတူညီဘဲ၊ ကွဲပြားခြားနားနိုင်ပါသည်။ အသက်အရွယ်၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရား၊ နိုင်ငံသား၊ လူမျိုး စသည့် အချက်များအပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။

စံတန်ဖိုးများ မတူညီသည့်အတွက် ပေါ်ပေါက်နေသည့် ပြဿနာများကို လေ့လာကြည့်သင့်ပါသည်။

လက်ရှိ ပြင်သစ်နိုင်ငံတွင်းမှ ပြဿနာကို လေ့လာကြည့်လျှင် ဤအချက်ကို အထင်အရှား မြင်တွေ့နိုင်ပါသည်။ အစ္စလာမ် သာသာနာတွင် မူဆလင်အမျိုးသမီးများမှာ အစ္စလာမ်သာသာနာ အထိမ်းအမှတ် ခေါင်းပေါင်းပုဝါဝတ်ရုံများကို ဝတ်ဆင်ကြသည်။ ၂ဝ၁ဝ ဇန်နဝါရီလတွင် ပြင်သစ်ပါလီမန်မှ ဤဝတ်စုံတို့ကို ဝတ်ဆင်ခြင်းအား တားမြစ်စေသင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ မူဆလင် အမျိုးသမီး ခေါင်းဆောင်းဝတ်စုံပြည့် ဝတ်ဆင်ခြင်းမှာ ပြင်သစ်နိုင်ငံ၏ စံတန်ဖိုးများအပေါ်တွင် “လက်မခံ နိုင်ဖွယ်ရာ” စိန်ခေါ်နေခြင်းပင် ဖြစ်သည်ဟု ရှုမြင်သုံးသပ်ချက်ပင် ဖြစ်လေသည်။ hijab နှင့် tchador တို့ကို “ခေါင်းဆောင်း ဝတ်စုံပြည့်” ဟူ၍ ခေါ်ဆိုနိုင်မည်လား ဆိုသည်မှာ မသေချာသော်ငြားလည်း burqa နှင့် niqab တို့မှာ “ခေါင်းဆောင်းဝတ်စုံပြည့်” ပင် ဖြစ်သည်။ ၆ လတာ ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ဥပဒေပြုသူ ၃၂ ဦးပါဝင်သော အဖွဲ့မှ ဤတားမြစ်ချက်ကို ထောက်ခံအဆိုပြုခဲ့ကြသည်။ စာသင်ကျောင်းများ၊ ဆေးရုံများ၊ လူထုသယ်ယူပို့ဆောင်ရေး ယာဉ်များနှင့် အစိုးရရုံးများတွင် မျက်နှာကို လွှမ်းခြုံထားသည့် ခေါင်းဆောင်း ဝတ်ဆင်မှုကို တားမြစ်ရန် အဆိုပြုခြင်းမှာ ပြင်သစ်နိုင်ငံတွင် မူဆလင်အမျိုးသမီး ဝတ်စုံအပေါ်တွင် အပြင်းထန်ဆုံး ကန့်သတ်ချက်ပင် ဖြစ်တော့သည်။ (အေအက်ပီ သတင်းစဉ် Jan.2010)

မြန်မာနိုင်ငံ၏ ပညာရေးရှုခင်းတစုံလုံးကို လေ့လာကြည်မည်ဆိုလျှင်လည်း လိုလားအပ်သော စံတန်ဖိုးများ အတွက်လည်းကောင်း၊ မတူညီသော စံတန်ဖိုးများကို သဟဇာတဖြစ်စေရန် အခွင့်အလမ်းများ နည်းပါးသည်ကို တွေ့မြင်နိုင်ပါသည်။ ဥပမာအားဖြင့် မိခင်ဘာသာစကား၊ တိုင်းရင်းသား ဘာသာစကားတို့ကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းမထားသေးခြင်း၊ သင်ကြားခွင့် လုံးဝ မပြုခြင်း၊ ရိုးရာဓလေ့များကို ပညာရေးမှတဆင့် ဖော်ထုတ်ခွင့် မပြုခြင်းများပင် ဖြစ်သည်။ ဤကဲ့သို့ တဖက်စောင်းနင်း ကျင့်ကြံမှုများသည် မတူညီသော စံတန်ဖိုးများကို သိမြင်ခံစားတတ်မှု စွမ်းရည်ဖွံ့ဖြိုးရန်နှင့် လူ့အဖွဲ့အစည်းအတွင်း သဟဇာတ ဖြစ်စေရန် အခက်အခဲများစွာ ရှိမည်ဖြစ်သည်။ ထို့အတူ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားစေရန်အတွက်လည်း လေ့ကျင့်သင်ကြားပေးရန် ပျက်ကွက်နေဆဲဖြစ်သည်။ (သင်ရိုးညွှန်းတမ်း အလုပ်ရုံဆွေးနွေးပွဲ ၂ဝဝ၆)

စံတန်ဖိုးအများစုမှာ လူသားအားလုံးနှင့် သက်ဆိုင်မှုရှိပြီးလျှင် နာခံလိုက်နာဖွယ် ဖြစ်သော်ငြားလည်း လူအဖွဲ့အစည်းအတွင်း ရှိသူအားလုံးမှ တပြေးညီ သိမြင်နားလည်မှု၊ လိုက်နာမှုတို့ကိုကား မမျှော်လင့်နိုင်ပါချေ။ သို့ဖြစ်လေရာ စံတန်ဖိုးများအပေါ်တွင် ပုဂ္ဂလ အတွေ့အကြုံများနှင့် လက်ရှိအခြေအနေများ၏ လွှမ်းခြုံသက်ရောက်မှု ရှိခြင်းပင် ဖြစ်သည်။

ဘုံနည်းလမ်းများ

ဤအချက်မှာ စံတန်ဖိုးများကို လေ့ကျင့်ပျိုးထောင်ရာတွင် ကြီးမားသော စိန်ခေါ်ချက်အနေဖြင့် ရင်ဆိုင်ရသည်။ အတိတ်ကာလများတွင် စံတန်ဖိုးများကို သီးသန့်ဘာသာရပ်အနေဖြင့် လေ့ကျင့်သင်ကြားကြပါသည်။ များမကြာသေးမီ နှစ်များတွင် ပညာရေးသမားများသည် ဘာသာရပ်အားလုံး ယှက်နွယ်လွှမ်းခြုံသည့် (ပေါင်းစည်းသင်ရိုး integrative) သင်ရိုးဖြင့် စံတန်ဖိုးတို့ကို သင်ကြားရန် အားထုတ်လာကြသည်။ နည်းနာ ၂ ရပ်စလုံးတွင် ဆရာ၏ မျှော်မှန်းချက်မှာ တူညီပါ၏။ အားလုံးမှ သိမြင်နားလည်ပြီးလျှင် အားလုံး၏ အကျိုးစီးပွားအတွက် ဘုံ စံတန်ဖိုးတို့ကို လိုက်နာကျင့်သုံးကြရန်ပင် ဖြစ်လေသည်။

ဤသည်မှာလည်း ကျင့်ဝတ်နီတိနှင့် စံတန်ဖိုးပညာရေး value education နှင့် နိုင်ငံသားပညာရေး citizenship education ဆောင်ရွက်ချက်များ၊ ပုံစံများ၏ ရေရှည်မျှော်မှန်းချက် ဖြစ်သော်ငြားလည်း တဦးတယောက်ချင်းစီ၏ လိုအင်များကိုမူ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြောင်း လေ့လာတွေ့ရှိရပြန်ပါသည်။ မိမိကိုယ်တိုင် စူးစမ်းလေ့လာ ရှာဖွေခြင်း၊ သိမြင်နားလည်ခြင်းနှင့် သင်ကြားနေသည့် စံတန်ဖိုးတို့ကို ဘဝနှင့် ဆက်စပ်ပြီး လက်ခံကျင့်သုံးလာခြင်းတို့ကို ဆိုလိုပါသည်။

ချဉ်းကပ်မှုနည်းလမ်း အသစ်

အထက်ပါ သင်ယူခြင်းအဆင့်သို့ ရောက်ရှိစေရန်အတွက် သင်ကြားနည်းလမ်းတို့ကို ရှေးဦးစွာ အသေအချာ ဆင်ခြင်သုံးသပ်သင့်သည်။ မြန်မာစာသင်ကျောင်းများတွင် အများဆုံး အသုံးပြုနေသည့် ဟောပြောပို့ချနည်းနှင့် ပုံပြင်ဇာတ်လမ်းများ ပြောပြခြင်း နည်းလမ်းတို့ဖြင့် နောက်ဆုံးပိတ်တွင် “ဒီပုံပြင်ထဲက စာရိတ္တနဲ့ပတ်သက်လို့ ဘာသင်ခန်းစာတွေ ရရှိသလဲ” မေးခွန်းမျှနှင့် ထိရောက်မှု မရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားများကိုယ်တိုင် တက်ကြွစွာ ပါဝင်လုပ်ဆောင်မှု မရှိသည့်အတွက်ပင် ဖြစ်သည်။

ကိုယ်တိုင် သိမြင်ခံစားရမှုမရှိခြင်းနှင့် နေ့စဉ်ဘဝတွင် လက်တွေ့လိုက်နာကျင့်ကြံခြင်း မရှိသော စံတန်ဖိုးများသည် ကျင့်ဝတ်နီတိနှင့် စာရိတ္တကို ပုံဖော်နိုင်ရန် များစွာ အခက်အခဲရှိပါမည်။ ထို့အတူ လေ့ကျင့်ပျိုးထောင်ပေးမှု မရှိဘဲနှင့် ကလေးများသည် သူ့အလိုအလျောက် ဒီမိုကရေစီ နိုင်ငံသားများ ဖြစ်လာရန် ခဲယဉ်းပါမည်။

သင်ကြားရန်နည်းလမ်းများ

ထိရောက်အောင်မြင်နိုင်ရန်အတွက် သင်ကြားနည်းလမ်းမျိုးစုံ ရှိနေပါသည်။ ရိုးစင်းလွယ်ကူသော သင်နည်းများလည်း ဖြစ်ကြသည်။ အခြားသော ဘာသာရပ်များကို သင်ကြားရာတွင်လည်း အသုံးပြုနိုင်ပါသည်။ ဤနေရာတွင် မိတ်ဆက်ပေးမည့် သင်နည်းအထွေထွေ၏ အရေးကြီးသည့် ဂုဏ်အင်္ဂါတရပ်မှာ ကျောင်းသူကျောင်းများအနေဖြင့် ကိုယ်တိုင် လက်ခံလိုက်နာကျင့်သုံးနေသည့် ခံယူချက်နှင့် စံတန်ဖိုးစနစ်တို့ကို တက်တက်ကြွကြွနှင့် အသေအချာ ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းပင် ဖြစ်သည်။ စံတန်ဖိုးအသစ်နှင့် အကျင့်အကြံ အသစ်တို့ကို လက်ခံကျင့်သုံးခြင်း မပြုသေးမီ လေ့လာမှု ဖြစ်သည်။

ထို့အပြင် ဤသင်နည်းများတွင် ကျောင်းသားများအနေဖြင့် အဘယ်ကြောင့် ဤသို့၊ ထိုသို့ ထင်မြင်ကြသည်၊ စဉ်းစားတွေးတောကြသည်၊ ရှင်းလင်းဆွေးနွေးရန်ကို ဆရာဆရာမများမှ ထပ်ဆင့်မေးမြန်းရပါမည်။ စာသင်ကြားခြင်း၏ ထိရောက်အောင်မြင်မှုများ အမြင့်မားဆုံးရရှိစေရန် ကျောင်းသူကျောင်းသားတိုင်းအား သူတို့၏ ယုံကြည်ချက်များနှင့် အတွေးအမြင် သဘောထားတို့ကို တင်ပြခွင့်ပေးသင့်သည်။ အပြန်အလှန် တင်ပြဆွေးနွေးရာတွင်လည်း အားလုံးမှ ဂရုတစိုက် နားထောင်ပေးရန် လိုအပ်ပါသည်။

ဆန္ဒမဲပေးခြင်း

ဆရာက ရွေးချယ်ထားသော “အကြောင်းအရာ”၊ “ခေါင်းစဉ်”၊ “အဆိုပြုချက်” တခုခုအပေါ်တွင် သဘောတူသည်၊ သဘောမတူပါ၊ ဟူ၍ ကျောင်းသားများမှ ဆန္ဒမဲပေးခြင်းဖြင့် စတင်နိုင်သည်။

•ဥပမာအားဖြင့်-
“မိသားစုတိုင်းဟာ ကလေး ၂ ဦးသာ ယူသင့်တယ်ဆိုတဲ့ အချက်အပေါ်မှာ မင်းတို့ ဘယ်လိုထင်မြင်ကြသလဲ”၊
“ကိုယ်ပိုင်ကားတွေ ဝယ်ယူတာကို အစိုးရအနေနဲ့ ကန့်သတ်မှုလုပ်ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအတွက် ပိုမို လုပ်ဆောင်သင့်တယ်”၊
“ဒီနေ့ ကျောင်းတက်ဖို့အတွက် ဘယ်လို ဝတ်စုံဝတ်သင့်တယ်ဆိုတာ ကျောင်းသူကျောင်းသားများ ကိုယ်တိုင် ရွေးချယ်ဝတ်ဆင်ခွင့် ရှိသင့်ပါတယ်။”
“နစ်နာဆုံးရှုံးနေတဲ့ ကျောင်းသူကျောင်းသား အခွင့်အရေးတွေ ရရှိဖို့အတွက် တောင်းဆိုရာမှာ ကျောင်းသားတိုင်း ပါဝင်ရမှာ ဖြစ်တယ်။”
ကျောင်းသူကျောင်းသားများအနေဖြင့် မည်သို့ပင် အဖြေပေးစေကာမူ ဆရာဆရာမများမှ နောက်ဆက်တွဲ အနေဖြင့် “ဘာဖြစ်လို့ အဲဒီလို ထင်မြင်ယူဆရတာလဲ” ဟူသော မေးခွန်းကို မေးမြန်းရန် အလွန်အရေးကြီးပါသည်။

အဆင့်သတ်မှတ်ခြင်း

ဖြစ်နိုင်ချေ ၃ ခု (သို့မဟုတ် ထို့ထက်ပို၍) ရွေးချယ်ထားရှိပြီးလျှင် ကျောင်းသားများက အရေးကြီးဆုံးကို (သို့မဟုတ်) သူတို့နှစ်သက်သလို အထက်အောက် ပြန်စီစဉ်ခြင်း ဖြစ်သည်။

• ဥပမာအားဖြင့် -
“အင်မတန်ဒုက္ခရောက်ပြီး အရေးကြီးတဲ့အချိန်မှာ တွေ့ဆုံစကားပြောဖို့ လူတဦးတည်းကိုသာ ရွေးချယ်ခွင့်ရှိခဲ့ရင် ဘယ်သူ့ကို ရွေးမလဲ။ (အဖေ၊ အမေ၊ ဆရာဆရာမ၊ သူငယ်ချင်းတဦးဦး)။” ကျောင်းသားများကိုယ်တိုင် ကြိုက်နှစ်သက်သလို ရွေးချယ်ခွင့် ပေးရာတွင် အဆင့်သတ်မှတ်ထားခြင်း ဖြစ်သည်။ (၁) အနှစ်သက်ဆုံး - မှစပြီး - (၄) နောက်ဆုံး ရွေးချယ်မှု - အနေဖြင့် အဆင့်သတ်မှတ် ရွေးချယ်ခြင်းကို ဆိုလိုပါသည်။ ကျောင်းသားများ၏ အဖြေတို့ကိုလည်း ထင်ဆင့် ရှင်းလင်းဆွေးနွေးပေးရန် ဆရာက ယခင်အတိုင်း မေးမြန်းခြင်း ပြုရပါဦးမည်။

စံတန်ဖိုးပြ မျဉ်းရှည်

မတူသော ရွေးချယ်စရာများ (သို့မဟုတ်) ဆန့်ကျင်ဘက် အမြင်သဘောထားများ ၂ ခုကို မျဉ်းတန်း၏ အစွန်း ၂ ဖက်ပေါ်တွင် တင်ဆက်ခြင်း နည်းလမ်းဖြစ်သည်။ ရွေးချယ်စရာများမှ သူတို့ရပ်တည်မှု နေရာကို ရွေးချယ်ကြခြင်း ဖြစ်သည်။ ကျောင်းသားများ၏ ကိုယ်ပိုင် ခံယူချက်၊ အမြင်သဘောထားများနှင့် အနီးစပ်ဆုံး ရွေးချယ်မှု ပင်ဖြစ်သည်။ အစွန်ဆုံး (၂) နေရာအပါအဝင် ကြားတွင်ရှိသော နေရာများအားလုံးကို ဆိုလိုသည်။

တတန်းလုံး လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ရသည့် ကာယလှုပ်ရှားမှုများလည်း ပါဝင်သည်။ အတန်းရှေ့တွင်ဖြစ်စေ၊ (သင်ပုန်းပေါ်တွင်ဖြစ်စေ) မျဉ်းရှည်တကြောင်း ရေးဆွဲထားပြီးလျှင် ကျောင်းသားများက သူတို့ရပ်တည်ချက်နေရာတွင် လာရောက်၍ မတ်တပ်ရပ်နေရာယူကြခြင်း ဖြစ်သည်။ မတူညီသော ရပ်တည်ချက်များနှင့် အမြင်သဘောထားများဖြင့် ပျော်စရာလည်းကောင်းသော သင်ကြားနည်းလမ်းတခု ဖြစ်၏။

ဥပမာအားဖြင့် - “မိဘအုပ်ထိန်းမှုမှာ ဘယ်လိုပုံစံက အကောင်းဆုံးလဲ” (ဆရာမှနေ၍ မျဉ်းရှည်၏ အစွန်းတဖက်တွင် “ဒီမိုကရေစီနည်းကျ အုပ်ထိန်းမှု” ဟု ရေးသားပြီး၊ အခြားအစွန်းတဖက်တွင်မူ “ချုပ်ချယ်ကန့်သတ်မှုများဖြင့် အုပ်ထိန်းမှု” ဟူ၍ ရေးသားထားသည်။ ဆရာမှနေ၍ အစွန်း ၂ ဖက် ရပ်တည်မှုနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်းပေးနိုင်သည်။ ကျောင်းသားများမှ အစွန်း (၂) ဖက် အပါအဝင် မျဉ်းတန်းတလျောက် နေရာအနှံ့တွင် သူတို့ ရပ်တည်ချက်အရ ရွေးချယ်ရပ်တည်ကြပြီးလျှင် မိမိဘာကြောင့် ရွေးချယ်ရပ်တည်ရသည်ကို ရှင်းလင်းဆွေးနွေးကြရခြင်း ဖြစ်သည်။

မြန်မာပြည်တွင်း သင်ရိုးရှိ ပြည်သူ့နီတိနှင့် စာရိတ္တ ဘာသာရပ်ပါ သင်ခန်းစာ အကြောင်းအရာများနှင့် မလုံလောက်သေးပါ။ ဒီမိုကရေစီ နိုင်ငံသား ပညာရေးကို သင်ရိုးညွှန်းတမ်းများတွင် ရှောင်ရှားခဲ့ကြသည်။ ထည့်သွင်းရန် တွန့်ဆုတ်နေဆဲပင် ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်များနှင့် အခြားခြားသော စံတန်ဖိုးများကိုလည်း ထည့်သွင်းသင်ကြားပေးသင့်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားစေရန်အတွက် အတန်းတိုင်း၊ အဆင့်တိုင်းတွင် သင်ရိုးကို ပြဋ္ဌာန်းရေးဆွဲခြင်း၊ နောက်ခံလွှာသင်ရိုး hidden curriculum အနေဖြင့် လက်ခံကျင့်သုံးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။
http://www.mizzimaburmese.com/edop/songpa/5091-2010-03-23-06-59-04.html

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲများ

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲများ



မြန်မာ့သမိုင်းအား သတ်မှတ်ပုံဖော်ပေးမည့် အခိုက်အတန့်သည် နီးကပ်လာပြီ ဖြစ်ပါသည်။ နိုင်ငံရေးပါတီများအား မှတ်ပုံတင်ရန်အတွက် ရက်ပေါင်း ၆ဝ သာ သတ်မှတ်ပေးထားပါသည်။ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ဥပဒေ အခန်း ၃ ပိုဒ်ခွဲ ၆ တွင် ဖော်ပြထားသော အချက်ဖြစ်သည့် အကျဉ်းကျနေသည့် ပုဂ္ဂိုလ်များ ပါတီဝင်ဖြစ်ခွင့် မရှိဟူသော အချက်အား ရင်ဆိုင်နေရပါသည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ပါတီများအား မှတ်ပုံတင်ရာတွင် ထိုအချက်အား ဖြည့်ဆည်းလိုက်နာရန် လိုအပ်နေပါသည်။ လက်ရှိကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်ဒဏ် ၁၈ လ ကျခံနေရပါသည်။ ပါတီအား မှတ်ပုံတင်ရန်အတွက် သူမအား ပါတီမှ ထုတ်ပယ်ရေး မထုတ်ပယ်ရေးသည် NLD အတွက် အကျပ်ရိုက်နေသော ပြဿနာတခု ဖြစ်ပါသည်။

စစ်အစိုးရသည် မြန်မာနိုင်ငံအား ရာစုနှစ် တဝက်နီးပါး အုပ်ချုပ်ခဲ့ပြီး ပြည်တွင်းရေး သဘောထားကွဲလွဲ ပဋိပက္ခဖြစ်မှု၊ ဗိုလ်ချုပ်နေဝင်း ရာထူးမှ ပြုတ်ကျမှု၊ ပြည်တွင်းစစ်များ၊ လူထုအုံကြွမှုများနှင့် နိုင်ငံရေးအတိုက်အခံများနှင့် ထိပ်တိုက်တွေ့ခဲ့ရသည့် ပဋိပက္ခများအား လိမ္မာပါးနပ်စွာ ကျော်လွှားနိုင်ခဲ့ပါသည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲသည် စစ်အစိုးရအား နိုင်ငံရေးမျက်စိ ဖွင့်ပေးခဲ့ပါသည်။ စစ်အစိုးရသည် ထို ၁၉၉ဝ ရွေးကောက်ပွဲမှ သင်ခန်းစာများကို ရယူကာ လာမည့် ရွေးကောက်ပွဲ အသစ်အတွက် ပြင်ဆင်နေပါသည်။

ရှစ်လေးလုံး လူထုအုံကြွမှု ပြီးခါစ ကာလ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရေးဆွဲရသေးသည့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် ယခုအခြေအနေတွင် ကွားခြားမှုများ ရှိနေပါသည်။ ယခုအကြိမ်တွင် အတုအယောင် ပြည်သူ့ဆန္ဒခံယူပွဲဖြင့် တရားမျှတမှုမရှိသည့် အခြေခံဥပဒေအား ရေးဆွဲအတည်ပြုထားပြီးပြီ ဖြစ်သည်။ ရွေးကောက်ပွဲ ဥပဒေ ၅ ရပ်အား သုံးသပ်၍ ပြောရလျှင် စစ်ဗိုလ်ချုပ်ကြီးများသည် အတိုက်အခံများအား နိုင်ငံရေးအရ မျက်နှာသာ ပေးလိုစိတ် လုံးဝ မရှိကြောင်း ထင်ရှားနေပါသည်။

ကနဦးတွင် စစ်အစိုးရသည် မြန်မာနိုင်ငံအား ၎င်းတို့၏ ထိန်းချုပ်ကွပ်ကဲမှုဖြင့် စစ်အုပ်ချုပ်မှုမှ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သို့ စနစ်တကျ အသွင်ကူးပြောင်းပေးမည်ဟု ပြောကြားခဲ့သည်ကို သတိရကြပါလိမ့်မည်။ သို့သော် နိုင်ငံရေးကစားပွဲ၏ ဥပဒေသအားလုံးသည် စစ်ဗိုလ်ချုပ်များ ဆက်လက်၍ အာဏာတည်မြဲနေစေရန်အတွက် ဘောင်ခတ်ထားကြောင်း သိသာထင်ရှားနေပါသည်။ ဥပမာပြရလျှင် အတည်ပြုခဲ့သည့် အခြေခံဥပဒေအရ လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် သီးသန့်ဖယ်ထားခဲ့ပြီး အဓိက ရာထူးတော်တော်များများလည်း စစ်တပ်နှင့် ပတ်သက်သူ ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ထို့အပြင် ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်အား စစ်ဘက်မှ သူများဖြင့် ဖွဲ့စည်းထားပါသည်။ တရားမျှတမှုမရှိသော စီရင်ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်ရန်အတွက် တရားရုံးတော်သို့ အယူခံဝင်နေရခြင်းမှာလည်း ပြက်လုံးတခုသဖွယ် ဖြစ်နေပါသည်။ လက်ရှိ နိုင်ငံတော် တရားရုံးချုပ်မှာ စစ်အစိုးရမှ ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အဆိုပါ နိုင်ငံတော် တရားရုံးချုပ်ထံမှ လုပ်ပိုင်ခွင့်အာဏာများအား ပြန်လည်ရုပ်သိမ်းထားပါသည်။ လူသန်းပေါင်းများစွာ၏ အနာဂတ်အား အကျိုးသက်ရောက်မည့် အရေးကြီးသော ဆုံးဖြတ်ချက်အား စမ်းသပ်ခွင့် မရခြင်းမှာလည်း ဆိုးဝါးလှပါသည်။

အထက်တွင် ဖော်ပြထားခဲ့သည့်အတိုင်း မည်သည့်နိုင်ငံရေးပါတီမဆို အကျဉ်းကျခံနေရသူတဦးအား ပါတီဝင်အဖြစ် လက်ခံနိုင်ခွင့် မရှိပေ။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် သက်သေအထောက်အထား ခိုင်လုံခြင်း မရှိဘဲ ပြစ်ဒဏ် မတရား ချမှတ်ထားခြင်း ခံနေရပါသည်။ ထို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါဝင်လျက် အနေအထားဖြင့် မှတ်ပုံတင်ခွင့် ရှိလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ပါတီ၏ ဗဟိုကော်မတီ အဖွဲ့ဝင်များစွာသည်လည်း အကွက်ဆင်၍ အကျဉ်းချထားခြင်း ခံနေရပါသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုလျှင် ၎င်းအကျဉ်းကျခံနေရသူ အားလုံးအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ပစ်ရန် လိုပေလိမ့်မည်။ နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များထဲတွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်းမှာ ၂၁ဝဝ ကျော်ရှိသည်ဟု ဆိုကြသည်။ သို့သော် စစ်အစိုးရ၏ အဓိက ပစ်မှတ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီ ပြိုကွဲပျက်စီးရေးပင် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေငြာစာတမ်းတွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အချက် ၄ ချက်ကို တောင်းဆိုထားပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ပြင်ဆင်ပေးရေးသည် မျှတသည့် တောင်းဆိုမှု ဖြစ်သော်လည်း အာဏာကို ဆက်လက်ထိန်းသိမ်းထားလိုသည့် စစ်အစိုးရအတွက်မူ လက်တွေ့မကျလှပေ။ အခြေအနေကို သုံးသပ်ကြည့်ရလျှင် အခြေခံဥပဒေအား အတည်ပြု ပြဋ္ဌာန်းပြီး ဖြစ်သည့်အပြင် ၎င်းအား ပြင်ဆင်လိုလျှင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် ပါလီမန်၌သာလျှင် ပြင်ဆင်နိုင်မည်ဖြစ်၍ စစ်အစိုးရ၏ အနေအထားသည် အတိုက်အခံများထက် အသာစီးရလျက်ရှိနေသည်။

ဒုတိယ တောင်းဆိုချက်မှာ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်ပြုရေးဖြစ်ရာ ၎င်းတောင်းဆိုချက်သည်လည်း လက်တွေ့မကျပေ။ အဘယ်ကြောင့်ဆိုသော် ၁၉၉ဝ ရလဒ်အား အသိအမှတ်ပြု အကောင်အထည်ဖော်ရေး ဖိအားပေးရန်အတွက် လုံလောက်သည့် လူထုလှုပ်ရှားမှု ပေါ်ပေါက်လာစေရန် မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ တတိယ တောင်းဆိုချက်မှာ အရေးကြီးသော အချက်ဖြစ်သည့် တွေ့ဆုံဆွေးနွေးရေး ဖြစ်သည်။ စစ်အစိုးရသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ တွေ့ဆုံဆွေးနွေးရေးကို တိုက်တွန်းနေသည့်ကြားက စနစ်တကျ မထီမဲ့မြင် ပြုနေသည့်အတွက် အကောင်အထည် ပေါ်လာခြင်း မရှိခဲ့ပေ။ သို့သော် ယခုအချိန်တွင် စစ်အစိုးရ ကိုယ်တိုင်က စစ်အုပ်ချုပ်မှုအား အရပ်ဘက်မျက်နှာဖုံး စွပ်ရန်အတွက် အခန်းကဏ္ဍသစ်တခု ဖွင့်လှစ်ရန် လိုလားလာသဖြင့် ၎င်းတောင်းဆိုချက်သည် ဖြစ်မြောက်လာနိုင်ဖွယ် ရှိသေးသည်။

စတုတ္ထတောင်းဆိုချက်မှာ လက်ရှိအခြေအနေတွင် အလွန် အဓိက ကျလာသည့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးပင် ဖြစ်သည်။ ထိုတောင်းဆိုချက်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာရေးနှင့် ဆက်စပ်လျက်ရှိသည်။ လူ့ဘောင်အဖွဲ့အစည်းသစ် တည်ဆောက်ရာတွင် အားလုံး ပါဝင်ခွင့် ရရှိရေးအတွက် ရွေးကောက်ပွဲ မကျင်းပမီ နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လိုအပ်လှသည်။ စစ်အစိုးရအနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာရေးအတွက် အားလုံးအကြုံးဝင်သော လွတ်ငြိမ်းချမ်းသာခွင့်တရပ်ကို ကြေညာသင့်ပါသည်။ ထိုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့လျှင် ပြစ်ဒဏ်ချခဲ့စဉ်က အမည်းစက်များကို ချေဖျက်ကောင်း ချေဖျက်နိုင်မည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ အနေဖြင့်လည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် ရပါလိမ့်မည်။ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီများ မှတ်ပုံတင်ရန်အတွက် ရက် ၆ဝ သာ အချိန်ပေးထားသဖြင့် ထိုလွတ်ငြိမ်းချမ်းသာခွင့်သည် ချက်ချင်း အကောင်အထည်ပေါ်လာမှ ဖြစ်ပေလိမ့်မည်။

၂ဝဝ၉ ခုနှစ် ဇွန်လတွင် မြန်မာသံအမတ်ကြီးမှ ကုလသမဂ္ဂသို့ အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့် ရနိုင်ရန်အတွက် နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း အစီအစဉ်ကို စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် လပေါင်းများစွာ ကြာသွားသော်လည်း ထိုအစီအစဉ်သည် အကောင်အထည် ပေါ်လာခြင်း မရှိသေးပေ။ လက်တွေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို အကန့်အသတ်ဖြင့်သာ ပြုလုပ်ပေးသဖြင့် နိုင်ငံရေး ပြစ်ဒဏ်ကျခံ နေရသူများအား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရရန် တားဆီးထားသကဲ့သို့ ဖြစ်နေသည်။

ထိုအခြေအနေတွင် အတိုက်အခံများအနေဖြင့် မှတ်ပုံတင်ခြင်းကိစ္စ ပြေလည်ရန်အတွက် စင်ပြိုင်ပါတီများ တည်ထောင်ပြီး တရားဝင် ခွင့်ပြုထားသည့် နိုင်ငံရေး တိုက်ပွဲသို့ ဝင်ရောက်ရပေမည်။ ထိုအတောအတွင်းတွင် နိုင်ငံရေးပြစ်ဒဏ် ကျခံနေရသူများအနေနှင့် ပါလီမန်အသစ် ပေါ်ပေါက်လာပြီး ပါလီမန်မှ ထိုပြဿနာအား ဆွေးနွေးအဖြေရှာပြီးသည်အထိ ပါတီမှ နုတ်ထွက်ပေးရမည်။ သို့သော် ထိုနုတ်ထွက်ပေးလိုက်ရသည့် ပါတီဝင်များသည် ရွေးကောက်ပွဲတွင် မပါဝင်နိုင်တော့သော်လည်း ပါတီ၏ လုပ်ငန်းများကိုမူ ဆောင်ရွက်ပေးလိုပါက ဆက်လက်ဆောင်ရွက်ပေးနိုင်ခွင့် ရှိမည်ဖြစ်သည်။

အတိုက်အခံများသည် အဆိုပါ အကျပ်အတည်းအား အချိန်တိုတိုအတွင်း စဉ်းစားဖြေရှင်းကြရမည်။ မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲအား အခွင့်အလမ်း တခုအဖြစ် မြင်ကြည့်နိုင်ပါသည်။ ရွေးကောက်ပွဲ၏ တရားမျှတမှု အဆင့်အတန်း မည်သို့ပင် ဖြစ်စေကာမူ ရွေးကောက်ပွဲသည် အင်အားချိနဲ့နေသော အတိုက်အခံများအား သွေးသစ် လောင်းပေးခြင်းအားဖြင့် ဒီိမိုကရေစီလှုပ်ရှားမှုအား ရှေ့သို့ တွန်းတင်ပေးနိုင်သည့် အစွမ်းရှိပါသေးသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အဓိက အလေ့အထ နှစ်ရပ်မှာ ရွေးချယ်ထားသော စီမံကိန်းတရပ် ရှိရေးနှင့် အများနှင့်ယှဉ်ပြိုင်ရသော ပါတီစုံစနစ် အကောင်အထည်ဖော်ခြင်းပင် ဖြစ်ပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် အုပ်ချုပ်မှုစနစ်တွင် ပါဝင်ရန်သာမက ပါတီများ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ရပါမည်။ ရွေးကောက်ပွဲတွင် အပြစ်အနာအဆာများ၊ အကွက်ဆင်ထားမှုများ ပါဝင်နေသဖြင့် မည်သို့ဖြစ်လာမည်ကို မသိရှိနိုင်သော်လည်း ရွေးကောက်ပွဲများသည် အတိုက်အခံများအတွင်း ဒီမိုကရက်တစ် မဟာမိတ်များ ပေါ်ပေါက်လာခြင်းကိုတော့ ဟန့်တားနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် အတိုက်အခံများအနေဖြင့် ရရှိသည့် ကစားကွက်ထဲမှ ဒီမိုကရေစီ တိုးတက်ရေးအတွက် အကျိုးအမြတ်ထွက်ရန် ကြိုးစားရပါမည်။
http://www.mizzimaburmese.com/edop/commentary/5092-2010-03-23-09-16-27.html

Global Action for Burma (GAB) calls for Chinese Government co-operation of United Nations Security Council action on Burma

Global Action for Burma (GAB) calls for Chinese Government co-operation of United Nations Security Council action on Burma
Global Action for Burma (GAB) calls for Chinese Government co-operation of United Nations Security Council action on Burma

23 March 2010

Global action for Burma (GAB) calls for the world leaders to discuss Burma crisis at the United Nations Security Council in order to take practical action on Burma since Burma crisis is in its critical situation. The recent so-called electoral laws clearly show that ruling junta doesn’t have the will to see the national reconciliation in Burma.

Global action for Burma (GAB) strongly supports the United Kingdom Prime Minster Gordon Brown called for the urgent UN meeting. We express our appreciation over Mr Brown’s courageous timely action taken and we also take note that United Nations Secretary-General Ban Ki-moon requested the meeting of the Group of Friends of the Secretary-General on Myanmar [Burma] on March 25.

Our lives and rights are robbed by military regime for half the century and this is the time that UNSC must take action practically. World leaders should be aware that they cannot ignore the injustices in Burma but also they have the responsibly to protect the oppressed people since it is the duty of all the mankind.

Aung San Suu Kyi once said that “It is even appropriate or justified for the international community carries out the responsibility to intervene in the internal affairs of another country whose power are creating hell for the population. The international community as a whole should recognise that it has got responsibilities. It can’t ignore grave injustices that are going on within the borders of any particular country.”

We would like to call for world leaders to work collectively together to find the solution for Burma crisis and we would like to urge all the justice loving people around the world to call for United Nations Security Council to take practical action on Burma.

We would like to affirm here that Burma crisis is not the internal affair of one country but the affair of humanity and the affair of international community. We know that UN is there standing for facilitating cooperation in international law, international security, human rights, and the achieving of world peace and we want to express our perception that failure to take timely action on the perpetrators is tantamount to agree committing atrocities in Burma.

Global Action for Burma (GAB) earnestly calls for the Chinese government to:

• stop protecting criminal military regime in Burma
• not to use the VETO for the sake of 50 million people of Burma
• support the oppressed people of Burma in the name of humanity

Global Action for Burma (GAB) calls for the United Nations Security Council to:

• declare that it won’t recognize junta’s planned 2010 election and its results
• declare junta’s sham 2008 constitution as NULL and VOID
declare that it will recognise Aung San Suu Kyi led CRPP1, as the legitimate Government of Burma if should “Interim Government” be formed mandated by 1990 general election

For more information regarding the Global Action for Burma (GAB) action on United Nations Security Council and Chinese government, please contact organizers on behalf of Global Action for Burma (GAB) to:

Ko Kyaw Zaw Wai (Canada)
Canadian Campaign for Free Burma (CCFB)
1-416-358-2318, zaw.w.kyaw@gmail.com

Ko Yin Aye (USA)
Free Burma Federation (FBF)
1-2407532397, yindbso@gmail.com

Ko Ko Aung (Japan)
Democratic Federation of Burma (DFB)
090-1506-2893, kokoaung_dfbjp@yahoo.com

Ko Kyaw Than (India)
All Burma Students League (ABSL)
0091-9810601506, dawnstar88@gmail.com

Ko Yin Htwe (Thailand)
Burma Political Prisoner Union (BPPU)
0066845755416, yinhtwe@gmail.com

Ko Tay Zar Tay (Denmark)
Aktionsgruppe for Demokratii Burma (ADB-dk)
004522838096, tayzar.tay@gmail.com

Ko Myo Thein (UK)
Burma democratic Concern (BDC)
00442084939137, myothein@bdcburma.org

1. CRPP, “The Committee Representing The People’s Parliament”, is formed on 16 September 1998 with the elected MPs of 1990 election including the MPs from the National League for Democracy (NLD) and from ethnics parties after the military junta ignored to recognize the 1990 election results. Because sovereign power lies with the people and because the people have freely made their choice in 1990 election, the CRPP was formed accordingly.
CRPP, “The Committee Representing The People’s Parliament”, is formed on 16 September 1998 with the elected MPs of 1990 election including the MPs from the National League for Democracy (NLD) and from ethnics parties after the military junta ignored to recognize the 1990 election results. Because sovereign power lies with the people and because the people have freely made their choice in 1990 election, the CRPP was formed accordingly.

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ)ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောထား ထုတ်ပြန်

ms file here
http://ifile.it/a4js58dDoc 3