http://ifile.it/k0qj5gahttp://www.scribd.com/doc/28875916/24-March2010-Yeyintnge-Diary
Wednesday, March 24, 2010
နိုင်ငံရေးပါတီတွေကို အစဉ်အလာအရ ဖြိုခွဲဖျက်ဆီးနေတဲ့ စစ်အုပ်စု
ရဲဘော်ဖိုးသံချောင်း အမျိုးသားဒီမိုကရေစီပါတီဟာ မကြုံစဖူးစမ်းသပ်မှုတရပ်ကို ဖြတ်သန်းနေရပါတယ်။ ဒါကို ကျန်တဲ့မိတ်ဖက်ပါတီတွေက သံယောဇဉ်ကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ တဖက်မှာလည်း တခြားပါတီအတွင်းရေးကို ဝင်မပြောသင့်တာမို့ နှုတ်ကိုတင်းတင်းစေ့ပြီး အကောင်းဆုံးအဖြေထွက်လာပါစေလို့ပဲ အောက်မေ့နေကြပါတယ်။ စိတ်ရင်းဖြောင့်မှန်တဲ့၊ နိုင်ငံရေးအရ ရိုးသားတဲ့၊ အမြော်အမြင်ရှိတဲ့ နိုင်ငံရေးပါတီတွေ အင်အားစုတွေဟာ ဒီချုပ်ရဲ့ အနေအထားကို စာနာသဘောပေါက်ကြပါတယ်။ အလားတူပဲ ဒီအဖွဲ့ချုပ်ကို ဇလားထဲသွန်းလောင်းသလို ဆန္ဒမဲတွေပုံလောင်းခဲ့၊ အောခဲ့ကြတဲ့ ပြည်သူလူထုကလည်း စိုးရိမ်ကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ ဒီချုပ်အနေနဲ့ ဒီတကွေ့ကို ချောမွေ့စွာ ဖြတ်သန်းနိုင်ပါစေလို့ပဲ အားလုံးက ဆန္ဒပြုနေကြတာပါ။ ဒါပေမယ့် ဆန္ဒဆိုတာဟာ လက်တွေ့မဖြစ်သေးတဲ့ဟာကို ခေါ်တာပါ။ မြန်မာပြည်သမိုင်းမှာ စစ်အုပ်စုက ဖြိုခွဲလို့ပြိုကွဲခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေများလှပါပြီ။ ဖဆပလအဖွဲ့ကြီးကွဲရာမှာ တပ်ထဲက ဗိုလ်ချုပ်တွေရဲ့ ခြေရာလက်ရာတွေမကင်းသလို တိုင်းရင်းသားအဖွဲ့အစည်းတွေ (လက်နက်ကိုင်သူရော လက်နက်မကိုင်သူတွေအပါ)၊ လူထုလူတန်းစားအဖွဲ့အစည်းတွေ၊ သံဃာတော်တွေ၊ ရေးရရင် စာရင်းက ကုန်နိုင်ဖွယ်ရာ မရှိပါဘူး။ အထဲမှာ သူ့လူတွေ ထည့်ပြီးဖြိုခွဲတာ၊ အပြင်ကနေ ဖိအားပေး ခြိမ်းခြောက်ပြီးဖြိုခွဲတာ၊ နည်းမျိုးတွေစုံလို့ပါပဲ။ ဒီအထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖြိုခွဲဖို့လုပ်ခဲ့တာဆိုရင် စတင်တည်ထောင်ကတည်းက စခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။ ဗိုလ်အောင်ကြီးလို ပထမမျိုးဆက် စစ်အုပ်စုဝင်ဟောင်းတွေကနေ ‘တတ်သိ’ တွေကို ဖယ်ရှားဖြိုခွဲတာလည်း ဖြတ်သန်းခဲ့ရ၊ အခုလို ဥပဒေနဲ့အကျပ်ကိုင် ဖြိုခွဲတာလည်း ကြုံရလို့ မှတ်တမ်းတင်ရပါတော့မယ်။ ဒါပေမယ့် ဒီတခါ နအဖရဲ့ လုပ်ရပ်ကတော့ အားလုံးထဲမှာ အဆိုးဆုံးဖြစ်တယ်လို့ ပြောရပါမယ်။ ဒီတချီမှာတော့ သူတို့ဟာ မသိမသာ၊ လက်သည်မပေါ်အောင် သပ်လျှိုတာ၊ ဖြိုခွဲတာမဟုတ်တော့ဘဲ ပြောင် ကမ္ဘာသိ လုပ်တော့တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖစစ်အုပ်စုဟာ ဖြိုခွဲရေးစီမံကိန်းကနေ ဖျက်သိမ်းရေးစီမံကိန်းဆီ လှမ်းတက်တဲ့ ခြေလှမ်း လို့ ဆိုရပါတော့မယ်။ ဒီလိုတဖက်မှာ ဖိနှိပ်မှုတွေပြင်းလာ၊ တဖက်မှာတော့ အမတ်ဖြစ်မယ်၊ ဝန်ကြီးဖြစ်မယ်ဆိုတဲ့ မြှူဆွယ်မှုတွေများလာနေတဲ့ အခြေအနေအောက်မှာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ ခြံကူးတာ၊ ဘက်ပြောင်းတာတွေ၊ ပင်ကိုယ် အသွေးအရောင်ကို ဖော်ပြလာတာတွေ၊ အမျိုးမျိုး စတွေ့လာနေရပါပြီ။ ဒီအကွေ့မှာ ရှိပ်စပီးယားရဲ့ ဂျူးလိယက်စ်ဆီဇာ ပြဇာတ် ထဲကလို “ဘရူးတပ်စ်-မင်းလဲပါသကိုး” ဆိုတဲ့ မျှော်လင့်မထားတဲ့ သစ္စာဖောက်တွေကို တွေ့ရရင်လည်း အံ့သြစရာမရှိပါဘူး။ ဒါကြောင့် ဒီတပွဲမှာ သူ့စည်းကိုယ့်စည်းခွဲဖို့ဟာ အင်မတန်မှအရေးကြီးလှပါတယ်။ တချိန်တည်းမှာ ကိုယ့်အင်အားကို ကြီးသထက် ကြီးအောင်လုပ်၊ သူ့အင်အားကို သေးသထက်သေးအောင် လုပ်ရမယ့်အချိန် ဖြစ်တယ်ဆိုတာကိုလည်း ဘယ်သူမှ ငြင်းမှာ မဟုတ်ပါဘူး။ ကြားထားသင့်တဲ့လူကိုကြားထား၊ ဥပက္ခာပြုသင့်တဲ့ လူကိုဥပက္ခာပြု လုပ်ရပါမယ်။ အားလုံးကို နအဖဘက်ချည်း တွန်းပို့ပေးတာ မလုပ်သင့်ဘူး ထင်ပါတယ်။ ဒီနေရာမှာ သူနဲ့ကိုယ်လို့ပြောတာဟာ နအဖနဲ့ပြည်သူကိုပြောတာဖြစ်ကြောင်း ထပ်ပြောလိုပါတယ်။ ဒါကြောင့်မို့ နအဖရဲ့ ဘေးမှာရပ်တည်တဲ့ အင်အားအရေအတွက် နည်းသထက်နည်းအောင် ကြံဆရပါမယ်။ ဒါဖြင့် ဘယ်လိုလူကို နအဖနဲ့ တသားတည်း ရပ်သူဆိုတာ ဘာစံနဲ့ တိုင်းမလဲဆိုတာကို စဉ်းစားရပါတယ်။ ရွေးကောက်ပွဲဝင်သူ ဒို့ရန်သူ၊ ရွေးကောက်ပွဲမှာ မဲပေးသူ ဒို့ရန်သူလို့ သတ်မှတ်လိုက်ရင် ရန်သူအဝန်းအဝိုင်းဟာ သိပ်ကျယ်သွားနိုင်ပါတယ်။ ကိုယ်နဲ့အလုံးစုံတူညီတဲ့လူမှ ကိုယ့်လူ၊ ကိုယ့်မဟာမိတ်လို့ သဘောထားလို့မဖြစ်ပါဘူး။ တချို့ကိုနားလည်ယူတာ၊ ခွင့်လွှတ်တာ၊ ကြားသဘောထားတာတွေ လုပ်ရမှာပါ။ ဒါကြောင့်မို့ ဒီတပွဲမှာ အဓိကထားရမယ့် စံ၊ ဒါမှမဟုတ် စည်းဟာ နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအပေါ်မှာ ဘယ်လိုသဘောထားသလဲဆိုတာ ဖြစ်သင့်ပါတယ်။ ရွေးကောက်ပွဲဝင်ရေး မဝင်ရေး ပြောရာမှာ အဲဒီဖွဲ့စည်းပုံအကြောင်းကို ထည့်မပြောလို့ မဖြစ်ပါဘူး။ ဒီဖွဲ့စည်းပုံအောက်မှာတည်ရှိနေတဲ့ လွှတ်တော်တရပ်ဟာ ရုပ်သေးလွှတ်တော်ထက်တောင်ဆိုးတဲ့ ညောင်နှစ်ပင်ညီလာခံသာသာ လွှတ်တော်ဖြစ်မှာပါ။ မြန်မာပြည်နိုင်ငံရေးကို ခွဲခြမ်းစိတ်ဖြာရာမှာ အနှစ် (၂ဝ) ကျော် တရားမရှိ၊ ဓားမရှိ အုပ်စိုးခဲ့တဲ့ နဝတ-နအဖစစ်ဗိုလ်ချုပ်တွေဟာ စစ်အာဏာရှင်အစိုးရတွေဖြစ်တယ် ဆိုတာလောက်ကိုတောင်မှ အသိအမှတ်မပြုတဲ့လူတွေဟာ အဲဒီဖွဲ့စည်းပုံကို စုံလုံးမှိတ် လက်ခံကြရုံမက ရှေ့နေလိုက်၊ အကာအကွယ်တောင် ပေးနေကြပါတယ်။ ဒီလိုအချိန်မှာ မြန်မာပြည်သူတွေကို ရွေးကောက်ပွဲညီမျှခြင်း ဒီမိုကရေစီ၊ စစ်အာဏာရှင်တွေကို အထိန်းအကွပ်မရှိ အုပ်စိုးခိုင်းထားတာထက်၊ လွှတ်တော်တရပ် ရှိနိုင်ရင် တစုံတရာထိန်းကွပ်နိုင်တယ်ဆိုတဲ့ စကားမျိုးပြောနေသူဟာ သူကိုယ်တိုင် ဘာမှနားမလည်လို့၊ ဒါမှမဟုတ် သိလျက်နဲ့ ညာနေတာသာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေကို အစဉ်အလာအရ ဖြိုခွဲဖျက်ဆီးနေတဲ့ စစ်အုပ်စု ၂၄/ မတ် ၂၀၁၀
လောလောဆယ် လက်တွေ့မှာ တွေ့မြင်နေရတာ တခုကတော့ နအဖဗိုလ်ချုပ်တွေဟာ တဝက်တပျက်အောင်မြင်ပွဲမျိုးကို လက်မခံနိုင်ဘူးဆိုတာ ဖြစ်ပါတယ်။ တနည်းပြောရရင် စေ့စပ်တယ်၊ ပြေအေးတယ်ဆိုတဲ့အဖြေမျိုး၊ ရလဒ်မျိုး၊ ခုခေတ်မှာ အပြောများနေတဲ့ win-win နှစ်ဖက်နိုင်အဖြေမျိုးကို သူတို့က လက်မခံနိုင်ပါဘူး။ သူတို့ကချည်းနိုင်မှ၊ တဖက်ကို အလဲထိုးနိုင်တဲ့ အဖြေမျိုး၊ ရလဒ်မျိုးပဲ ရချင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆွေးနွေးပွဲ လုပ်တယ်၊ စကားပြောကြတယ်ဆိုရင် ကြိုတင်စည်းကမ်းသတ်မှတ်တာ (pre-condition) ကို ဘယ်တော့မှလက်မခံပါဘူး။ ဒါပေမယ့် ဒီနေရာမှာ ထောက်ပြစရာရှိတာက ဒီ ဗိုလ်ချုပ်တွေဟာ သူတို့အပေါ် ကြိုတင်စည်းကမ်းသတ်မှတ်တာကိုသာမကြိုက်တာ၊ သူများတွေအပေါ်တော့ အမြဲသတ်မှတ်ချက်တွေနဲ့ နှောင်တုပ်ပြီးမှ ဆက်ဆံတာပါ။ သူတို့ဟာ တဖက်သားဆီက ဘယ်တော့မဆို အကြွင်းမဲ့လက်နက်ချတာ (unconditional surrender) ကိုပဲ လိုချင်တာဖြစ်ပါတယ်။ ဒီတခါ သူတို့ ထုတ်ပြန်လာတဲ့ ရွေးကောက်ပွဲဥပဒေတွေကြည့်ရင် အဲဒီလို သဘောထားတွေကို မမြင်ချင်အဆုံး တွေ့ရပါမယ်။ စစ်အုပ်စု လိုလားတဲ့ စေ့စပ်မှုဆိုတာဟာ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲတုန်းက ဦးနုဆီကို အာဏာသွားတောင်းတော့ ဦးနုက“စေ့စပ်” ပြီး အာဏာလွှဲပေးလိုက်တာမျိုး၊ တပ်နဲ့လက်နက်တွေအပ်ပြီး သံအမတ်ရာထူးလက်ခံတဲ့ စေ့စပ်မှုမျိုးသာဖြစ်ပါတယ်။ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို “ဖြည်းဖြည်းချင်း ပြုပြင်သွားဖို့” စေ့စပ်တာမျိုးကို မလုပ်ရေးချ မလုပ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။
ဒီလိုရှုပ်ထွေးပွေလီနေတဲ့အချိန်မှာ တွေ့နေရတဲ့ လုပ်ရပ်တခုက ကိုယ့်အချင်းချင်းရဲ့ အက်ကြောင်းတွေကိုလိုက်စမ်းတာ၊ ရှာတာ၊ တွေ့ရင်နှဲ့တာတွေ ဖြစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြားလူ၊ သမာသမတ်ရှိသူ၊ ဘက်မလိုက်သူ ဆိုတာမျိုးပြောပြီး ဒီချုပ်အပါ ပြည်သူလူထုအင်အားတွေကို သွေးတိုးစမ်းနေ၊ နှဲ့နေတာတွေလည်း တွေ့နေရပါတယ်။ ဒါဟာဘယ်သူ့အကြိုက်ဖြစ်စေလို့၊ ဘယ်သူ့ကို အကျိုးပြုတယ်ဆိုတာ ရှင်းနေတာပါ။ ဒါပေမယ့် မြန်မာပြည် ပြည်သူလူထုအပေါ်မှာ မယုံတဲ့၊ အနာဂတ်ကိုမယုံတဲ့၊ စစ်အုပ်စုရဲ့ အင်အားကို အထင်ကြီးလာတဲ့ တချို့လူတွေဟာ အခုအခါမှာ ကြားနေတယ်ဆိုတဲ့အချိုးမျိုး ချိုးလာနေကြတာ တွေ့ရပါတယ်။ ဒါတောင် နအဖရဲ့ ရွေးကောက်ပွဲဟာ လုပ်မပြီးသေးပါဘူး။ လုပ်များပြီးသွားလို့ နအဖအစိုးရက သူတို့ကိုယ်သူတို့ “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အုပ်စိုးနေတဲ့အစိုးရ” လို့ ကြေညာလာရင် အဲဒီ “ကြားနေ” ပုဂ္ဂိုလ်များ ဘယ်လိုပြောကြဦးမလဲ မသိပါဘူး။ မမေ့ကြသင့်တဲ့ အချက်တချက်က ဒီနေ့လိုအခြေအနေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက မတော်မတရား ဖျက်ဆီးနေတာကို ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုတုံ့ပြန်သလဲ ဆိုတာဟာ ဒီချုပ်အဖွဲ့ဝင်မဟုတ်တဲ့ တခြားနိုင်ငံရေးသမားများနဲ့ နိုင်ငံရေး အင်အားစုတွေကိုလည်း မှတ်ကျောက်တင်လိမ့်မယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခက်အခဲတွေက ကြီးပါတယ်။ ပြည်သူလူထုမှတပါး တခြားဘယ်သူမှ သူတို့ကို မကယ်နိုင် ပါဘူး။ သူတို့သမိုင်းမှာ အောင်မြင်မှုအရဆုံးဆိုတာဟာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကဖြစ်ပြီး အဲဒါဟာ ပြည်သူလူထုရဲ့ ဝိုင်းဝန်းထောက်ခံမှုကြောင့် ရခဲ့တာဖြစ်ပါတယ်။
http://www.khitpyaing.org/articles/2010/March/24310.php
ဘီဘီစီ ၂၃ ညနေပိုင်း အသံလွှင့်ချက်မှ
ဘီဘီစီ ၂၃၊ ၃၊ ၂၀၁၀ ညပိုင်း မြန်မာဘာသာအစီအစဉ်မှ အသံလွှင့်ချက် ကဏ္ဍတခုကို စာဖြင့်ပြန်လည်းရေးသားပြီး မိတ်ဆွေများအတွက် ဝေမျှလိုက်ပါသည်။ ------------------------------ သောတရှင်များရှင် စောစောက အသိပေးထားတဲ့သတင်းကို ဦးစွာတင်ပြပေးပါဦးမယ်။ ဒီကနေ့မှာ အန်အယ်ဒီ ထိပ်တန်းရှေ့နေကြီးနှစ်ဦးဖြစ် ဦးဥာဏ်ဝင်း။ ။ ဒေါ်စု ပြောတာက .. “ဒီလိုတရားမျှတမှုမရှိတဲ့ ဥပဒေ၊ တဖက်သတ်ရေးထားတဲ့ ဥပဒေတွေအရ မှတ်ပုံတင်ရမယ့်အလုပ်ကို သူဘယ်တော့မှမလုပ်ဘူး၊ မှတ်ပုံလည်းတင်ဖို့ ဆန္ဒမရှိဘူး၊” .. ဒီလိုပြောပါတယ်။ တဆက်တည်းပြောတာက .. “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်နီတာရင်ရင်မေ။ ဦးဥာဏ်ဝင်း။ ။ အခုပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည် ပါတီက ထွက်သွားမယ် - မထွက်သွားဘူးဆိုတဲ့ issue ကလည်း မပေါ် သေးပါဘူးဗျာ။ ကျနော်တော့ လုံးဝ စိုးစဉ်းမျှ မကြားပါဘူး။ ဒေါ်နီတာရင်ရင်မေ။ ဦးဥာဏ်ဝင်း။ ။ အဲဒါတော့ ကျနော်လည်း မသိဘူးဗျ။ မဲခွဲရေး - မခွဲရေးဆိုတာ ဒီမိုကရေစီမှာ မဲခွဲတာ ထုံးစံပဲလေ။ အဲတော့ ထုံးစံကိုလက်မခံဘူးဆိုရင် ဒီမိုကရေစီကို လက်မခံဘူးသဘောဖြစ်မှာပေါ့။ ဒေါ်နီတာရင်ရင်မေ။ ဦးဥာဏ်ဝင်း။ ။ လက်တွေ့အခြေအနေအရ မဖြစ်နိုင်ပါဘူးခင်ဗျာ။ ဒေါ်နီတာရင်ရင်မေ။ ဦးဥာဏ်ဝင်း။ ။ သီးခြားပြောတာမရှိဘူး၊ ဒီလို မှတ်ပုံ မတင်ရင် ပျက်တယ် ဘာညာဆိုတာ ကျနော်တို့ “ဖျက်တာနဲ့ ပျက်စီးတာ မတူဘူးတဲ့။ NLD မပျက်စီးဖို့လိုတယ်” တဲ့။ အဲလိုမျိုးပြောပါတယ်။ ဒေါ်နီတာရင်ရင်မေ။ ဦးဥာဏ်ဝင်း။ ။ ဟုတ်ကဲ့ .. ကျနော်တို့ပါတီ .. အဲဒီ ဥပဒေတွေကြောင့်ပျက်သွားလို့ရှိ ဒေါ်နီတာရင်ရင်မေ။ ဦးဥာဏ်ဝင်း။ ။ ကျနော်တို့ပါတီရပ်တည်နိုင်မှု ဒါကတော့ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားအြ တခါ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ အခုလို NLD ပါတီ မှတ်ပုံတင်ရေးပေါ်မှာ သူ့ရဲ့သဘောထားအမြင်ကို ဦးဥာဏ်ဝင်းကတဆင့်ပြောပြလိုက်ြ ဒေါ်နီတာရင်ရင်မေ။ ဒေါက်တာသန်းငြိမ်း။ ဒေါ်နီတာရင်ရင်မေ။ ဒေါက်တာသန်းငြိမ်း။ ဒေါ်နီတာရင်ရင်မေ။ ဒေါက်တာသန်းငြိမ်း။ ဒေါ်နီတာရင်ရင်မေ။ ဒေါက်တာသန်းငြိမ်း။ ဒေါ်နီတာရင်ရင်မေ။ ဒေါက်တာသန်းငြိမ်း။ ဒေါ်နီတာရင်ရင်မေ။ ဒေါက်တာသန်းငြိမ်း။ ဒါကတော့ NLD ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းငြိမ်းက ရှင်းပြသွားတာ ဖြစ်ပါတယ်ရှင်။ အီးမေးလ်မှတဆင့်ရရှိပါသည်။
ဦးခင်မောင်ဆွေ (သို့မဟုတ်) “ပါတီမှတ်ပုံတင်ရေးအယူအဆ” ပြတ်ပြတ်သားသားဆန့်ကျင်ကြ
ဦးခင်မောင်ဆွေ (သို့မဟုတ်) “ပါတီမှတ်ပုံတင်ရေးအယူအဆ” ပြတ်ပြတ်သားသားဆန့်ကျင်ကြ (ကျော်သာ) ၂၀၁၀ မတ် ၂၂ မတ်လ(၂၀) ရက် ညနေပိုင်း (အာအက်ဖ်အေ) သတင်းဌာနကနေတဆင့် သူ၏ “ပါတီမှတ်ပုံတင်ရေးအယူအဆ”ကို ဗြောင် ထုတ်ပြောသွားတာအားလုံးကြားသိပြီးဖြစ်ပါလိမ့်မယ်။ သူကအားလုံးကိုစိန်ခေါ်သွားသည်။ သို့အတွက်အားလုံးကလည်း လိုအပ်သလိုတုန့်ပြန်ဖို့တာဝန်ရှိလာပါတယ်။ ယခုတုန့်ပြန်ချက်ကိုအားလုံးထဲကတာဝန်သိသူတဦးမှ ကနဦးတုန့်ပြန်လိုက်တာလို့သာသဘောထားစေချင်ပါတယ်။ အခြားသော တာဝန်သိသူများကလည်း သက်ဆိုင်ရာရှုဒေါင့်အသီးသီးကနေ တုန့်ပြန်ကြပါလိမ့်မယ်။ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် မှတ်ပုံတင်မယ်လို့ ပိုင်းဖြတ်ထားပြီးပြီဆိုလျှင် ပထမဦးစွာလုပ်ရမယ့်အလုပ်မှာ “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မူလရပ်တည်ချက်များ” ကို စွန့်လွှတ်ပစ်ပယ်ရန်ဖြစ်ပါတယ်။ သို့မှသာ (နအဖ) စစ်ကောင်စီ၏ ဥပဒေအမှတ် (၂/၂၀၁၀) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီတစ်ရပ် အဖြစ်မှတ်ပုံတင်နိုင်ပါလိမ့်မယ်။ “ရော့နဂါး ရော့ပတ္တမြား”ဆိုသလိုပင်။ တနည်းအားဖြင့် ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ပြော သည့် စကားလိုပင် “ပိတ် ၄ပိတ်ကို စွန့်လွှတ်ကြောင်းအရင်ဆုံးကြေညာမှတွေ့ဆုံမည်” ဆိုသည့်စကားအတိုင်းပင်။ မှတ်ပုံတင်ရေးအယူအဆရှိတယ်/ပါတီမှတ်ပုံတင်မယ်လို့ ဦးခင်မောင်ဆွေက ပွင့်ပွင့်လင်းလင်းပြောနေလေတော့ “အဖွဲ့ချုပ်၏ မူလ ရပ်တည်ချက်များ”ကို စွန့်လွှတ်ပစ်ပယ်ထားလိုက်ပြီဆိုတာကိုလည်း သူ့ရဲ (အာအက်ဖ်အေ) နဲ့အင်တာဗျူးကိုနားထောင်လိုက်သူတိုင်း ရှင်း ရှင်းလင်းလင်းသိမြင်နားလည်သဘောပေါက်နိုင်ပါတယ်။ သူ့အယူအဆက “နိုင်ငံရေးရှိတာမရှိတာထက် ပါတီမှတ်ပုံတင်နိုင်ရေးသာအဓိက” ဆိုတာပဲဖြစ်တယ်။ ဒါကြောင့် “ပါတီမရှိလည်းနိုင်ငံရေးရှိနေဖို့ကအရေးကြီးတယ်”လို့ဆိုတဲ့ ဦးဝင်းတင်၏ အယူအဆနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါ တယ်။ “ပြဒါး တစ်လမ်း သံတစ်လမ်း”။ ပါတီတည်ရှိမှလူထုကိုစည်းရုံးနိုင်မယ်တဲ့။စကားလေးကနားထောင်ကောင်းသလိုပဲ။ ၁၉၈၈ကနေ့ယနေ့အထိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တရားဝင်တည်ရှိနေခဲ့တာပဲမဟုတ်ပါလား။ လူထုကိုဘာတွေစည်းရုံးခဲ့သလဲ။ ဘယ်နေရာတွေမှာရှေ့ဆောင်ခဲ့သလဲ။ သိလွယ်မြင်လွယ်တာလေးတချို့ကို ကောက်ခါငင်ကာမေးစမ်းပါရစီ။ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနဲ့အထွေထွေအတွင်းရေးမှူး ဦးဆောင်တဲ့ယာဉ်တန်းကို ဒီပဲယင်းမှာ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစား တဲ့ ကိစ္စကိုထက်ထက်သန်သန်အရေးယူဆောင်ရွက်တာရှိခဲ့ပါသလား။ မန္တလေးမြို့၊ ထွန်တုံးရပ်က ကိုရွှေမောင်ဆိုသူ အဖွဲ့ချုပ်အဖွဲ့ဝင်တစ်ဦးက ခမောက်ကြီးသွန်းလုပ်ပြီး ရန်ကုန်သယ်မယ်လုပ်တော့ အတွင်းရေးမှူးဦးလွင်ကဘယ်လိုထွက်ပြောခဲ့ပါသလဲ။ စက်တင်ဘာသံဃာ့အရေးအခင်းဖြစ်တော့လဲ ဒီချုပ်ကဘာတွေပြောခဲ့သလဲ။ အခုလတ်တလော ရန်ကုန်တိုင်းထဲကစက်မှုဇုံတွေမှာ အလုပ်သမားတွေ လုပ်ခတိုးမြှင့်ပေးရေး၊ အလုပ်ခွင်သာယာရေး တောင်းဆို ဆန္ဒပြမှုတွေဖြစ်ပေါ်နေပေမယ့် အဖွဲ့ချုပ်က ဘယ်လိုအရေးယူဆောင်ရွက်မှုတွေပြုခဲ့ပါသလဲ။ လယ်သမားတွေလယ်သိမ်းခံရတဲ့ကိစ္စ၊ ကလေး စစ်သားအဓမ္မစုဆောင်းနေမှု စတဲ့ကိစ္စတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်တည်ရှိနေပေမယ့် ဘယ်လိုအရေးယူဆောင်ရွက်မှုမျှ မလုပ်ခဲ့နိုင်ပါဘူး။ အဲသလိုလူထုရေးရာတွေတော့ မလုပ်ဖြစ်လို့ မလုပ်ဝံ့လို့မလုပ်နိုင်ခဲ့ဘူးပဲထားပါတော့။ ၂၀၀၃ မေ၊ ဒီပဲယင်းအကြမ်းဖက်သတ်ဖြတ်လုပ်ကြံရေးလှုပ်ရှားမှုပြီးကတည်းကစလို့ ပိတ်ပင်ခံခဲ့ရတဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဒီချုပ် မြို့နယ်ရုံးတွေပြန်လည်ဖွင့်လှစ်ခွင့်ရရေးနဲ့ အဖွဲ့ချုပ်စည်းရုံးရေးလုပ်ငန်းတွေကိုရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကစွမ်းစွမ်းတမံဆောင်ရွက် နိုင်ခဲ့ပါသလား။ ကုန်လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်က သွက်သွက်ကြီးခေါင်းရမ်းပြနေခဲ့ပါတယ်။ (နဝတ-နအဖ) စစ်အစိုးရကဘက်ပေါင်းစုံကနေ ညစ်ပတ်ဖိနှိပ်နေတာအမှန်ပါပဲ။ ဒီလိုညစ်ပတ်ဖိနှိပ်မှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းငုံ့ခံနေဖို့ တရားဝင်တည်ရှိနေတာမှမဟုတ်တာ။ အဲဒီလိုခေါင်းငုံ့နေရတဲ့ ဖိသမျှနှိပ်သမျှ ခါးစည်းခံနေရတဲ့ ပါတီတရားဝင်တည်ရှိမှုဆိုတာကို ဘာမက်မောနေစရာရှိပါသလဲ။ အခုထုတ်ပြန်ထားတဲ့ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ”ဆိုတာက အဲသလို နှစ်ပေါင်းနှစ်ဆယ်ကျော်ခါးစည်းခံလာရတဲ့ ဘဝထက်ပိုဆိုးမယ့်တရားဝင်တည်ရှိမှုဖြစ်ပါလိမ့်မယ်။ သက်ဆိုင်ရာပါတီဝင်ကိုပင် သက်ဆိုင်ရာပါတီက သတ်မှတ်ရွေးချယ်နိုင်မှာမဟုတ်တဲ့အပြင် မှတ်ပုံတင်ရေးကော်မရှင်က မထင်ရင် မထင်သလိုအမိန့်ပေးညွှန်ကြားလာတဲ့အခါညွှန်ကြားတဲ့အတိုင်းလိုက်နာဆောင်ရွက်ရမှာပါ။ မဆောင်ရွက်လျှင် အဲဒီပါတီရဲ့တည်ရှိမှု မှတ်ပုံတင်ထားမှုကို ကော်မရှင်ကဖျက်သိမ်းနိုင်ခွင့်ရှိပါတယ်။ မှားနေတာကို မှားနေကြောင်း/ မတရားတာကို မတရားတဲ့အကြောင်း/အတင်းအဓမ္မအနိုင်ကျင့်ဖိနှိပ်တာကို အတင်းအဓမ္မ အနိုင် ကျင့်ဖိနှိပ်နေကြောင်း ပြည်သူတွေသိရှိလာအောင်ဖေါ်ထုတ်ဖွင့်ချရမယ်။ ပြည်သူတွေပါဝင်လာအောင်လှုံ့ဆော်စည်းရုံးရမယ်။ ဒီလိုတိုက်ပွဲ ဆင်ဖို့တည်ရှိနေတာပါ။ ဒီလိုဖိနှိပ်အနိုင်ကျင့်မှုတွေကိုနိုင်ငံတကာကသိအောင် မီဒီယာတွေကနေတဆင့်ထုတ်ဖေါ်ပြောဆိုရမယ်။ မီဒီယာတွေကမေး လိုက် တိုင်း“ရှိပါတယ်/ အန်ကယ်တို့အခုချိန်မှာ ထုတ်ဖေါ်မပြောဆိုနိုင်သေးပါဘူး” ဆိုတာမျိုးတွေနဲ့ပဲအဆုံးသတ်သွားပါတယ်။ အခုတော့သိပ်ကို အချိန်နှောင်းနေပါပြီ။ ထုတ်ဖေါ်ပြောသင့်တာတွေကို ထုတ်ဖော်ပြောရမယ့်အချိန်မှာလူထုတစ်မျက်နှာထဲကိုကြည့်ပြီးပြောကိုပြောရမှာဖြစ်ပါတယ်။ မပြော ပဲနေတာ။ မပြောရဲတာဟာ လူထုအကျိုးကို ပစ်ပယ်တာပဲဖြစ်ပါတယ်။ (နအဖ) စစ်အစိုးရ “နိုင်ငံရေးအကျဉ်းသားမရှိဘူး” ဆိုပြီး ဗြောင်လိမ်ပါတယ်။ “နိုင်ငံရေးအကျဉ်းသားတွေရှိနေကြောင်းလှုပ်ရှားမှု”ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့ဦးဆောင်ပြီး ဘာကြောင့်တိုက်ပွဲမဆင် တာလဲ။ဆင်ဖြူမျက်နှာဆင်မည်းမကြည့်ဝံ့သလို(နအဖ)စစ်အစိုးရငြိုငြင်မှာကိုကြောက်နေပါသလား။ “ကြောက်ရခြင်းမှလွတ်ကင်းရေး” ဆိုတဲ့ စာအုပ်ကို ဒီချုပ်ခေါင်းဆောင်စုကပြန်လေ့လာကြရမယ်ထင်ပါတယ်။ အခုတော့ ကိုယ်ထွေးပြီးသားတံတွေးကို ကိုယ်ပြန်မျိုနေတဲ့ဘဝရောက်နေပါတယ်။ လူတိုင်းမြင်လူတိုင်းသိတဲ့ ထူးခြားချက်တစ်ခုကိုပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အကျဉ်းကျနေစဉ်ဆိုလျှင် ဒီချုပ် ခေါင်း ဆောင်စုဟာ (နဝတ-နအဖ) စစ်အစိုးရဖိအားပေးအကြပ်ကိုင်လာမှုတွေကို ငြင်းပယ်နိုင်စွမ်းမရှိပဲ (နဝတ-နအဖ) စစ်အစိုးရတီးပေးတဲ့ ဆိုင်း ချက်နဲ့အညီလိုက်ကတယ်ဆိုတဲ့အချက်ပါပဲ။ သာဓကပြပါမယ်။ ဂန္ဒီကြေညာချက်ထုတ်ပြန်တာသိပ်ကောင်းပါတယ်။ လွှတ်တော်ခေါ်ပေးဖို့တောင်းတာဖြစ်လို့တကယ်ကိုမှန်ကန်တဲ့တောင်းဆိုချက်နဲ့လုပ်ရပ်ဖြစ်ပါတယ်။ဒါပေမယ့်အဆုံးမှာ ဒီချုပ်ခေါင်း ဆောင်စုဟာကိုယ်တိုင်ထုတ်ပြန်ခဲ့တဲ့ဂန္ဒီကြေညာချက်အတိုင်းမရပ်တည်ခဲ့ပါဘူး။ (နဝတ) စစ်အစိုးရရဲ့ (၁/၉၀) ကို အလျော့ပေးကာ လိုက်နာပါမယ်လို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ နောက်ဆုံးတော့ ကျိုက္ကဆံ အမျိုးသားညီလာခံတက်တဲ့ဘဝဆိုက်ရောက်ရတာပါပဲ။ ဒီဖြစ်ရပ်တွေဟာ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းတင်တို့ ဖမ်းဆီးထိန်းသိမ်း ခံနေရစဉ် ကာလတွေမှာဖြစ်ခဲ့တာတွေပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကျိုက္ကဆံအမျိုးသားညီလာခံထဲထွက်လာတာဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးထိန်းသိမ်းခံရာကနေ လွတ်မြောက်လာပြီးမှဖြစ်ပါတယ်။ ဂန္ဒီကြေညာချက်ထုတ်ပြန်စဉ်ကလည်းထုတ်ပြန်ထားတဲ့ မူအတိုင်း၊ သဘောထားအတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မရပ်တည် ခဲ့ပါဘူး။ (နဝတ) စစ်အစိုးရ ဖိအားပေးတာကို မလွန်ဆန်ဝံ့ခဲ့ပါဘူး။ ဒီလိုမရပ်တည်ဝံ့တာဟာပျော့ပြောင်းမှုမဟုတ်ပါဘူး။ပျော့ညံမှုဖြစ်ပါတယ်။ အလျော့ပေးတာဖြစ်ပါတယ်။ အရှုံးပေးတာဖြစ်ပါတယ်။ အရှုံးပေးမှနှလုံးအေးတယ်ဆိုရင် နိုင်ငံရေးမလုပ်ပဲ ရိပ်သာသွားပြီးတရားအားထုတ်ဖို့ပဲရှိပါတယ်။ အခုလည်း ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေညာချက်အတိုင်းရဲရဲဝံ့ဝံ့ရပ်တည်ဖို့လိုပါတယ်။ ထိပ်တန်းတာဝန်ရှိ အီးစီတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ က ရွှေဂုံတိုင်ကြေညာချက်နဲ့ ဒီချုပ်မူလရပ်တည်ချက်တွေကို ပစ်ပယ်စွန့် လွှတ်ပြီး “မှတ်ပုံတင်ရေး”ဆော်သြော်နေပါတယ်။ ဒီလိုပြောဆိုနေတာတွေကို အဆင့်ဆင့်သော ဒီချုပ်အဖွဲ့ဝင်တွေဟာ ဒီလိုယူဆမှုနဲ့တွေးခေါ်လုပ်ဆောင်မှုကို ပြတ်ပြတ် သားသား တိုက်ပွဲဆင်ရပါမယ်။ တိုက်ပွဲမဆင်သူဟာ အလိုတူအလိုပါသဘောထားရှိသူတွေပဲဖြစ်ပါတယ်။ ပါတီမှတ်ပုံတင်ရေးဆော်သြော်နေတယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အရှက်တကွဲအကျိုးနည်းမှုမြောင်းပုပ်ထဲကို ဆွဲ ခေါ်နေတာဖြစ်ပါတယ်။ကာယကံမြောက်တွန်းချနေတာဖြစ်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေးအတွေးအခေါ်အယူအဆနဲ့ ထိုအယူအဆရှိသူ တွေကို ပြတ်ပြတ်သားသားတိုက်ပွဲဆင်ရပါမယ်။ မှတ်ပုံတင်ရေးဆိုတဲ့အယူအဆဆိုတာ အနှစ်သာအရပြောရရင် - (နအဖ) စစ်အစိုးရကို ဒူးထောက်အညံ့ခံလိုက်တာဖြစ်တယ်။ - ရွှေဂုံတိုင်ကြေညာချက်နဲ့ ဒီချုပ်မူလရပ်တည်ချက်တွေကို စွန့်လွှတ်ပစ်ပယ်လိုက်တာဖြစ်တယ်။ - ပြည်သူ့လူထုကို ကျောခိုင်းတာဖြစ်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေးအယူအဆကိုတိုက်ပွဲဆင်တာဟာ - (နအဖ) စစ်အစိုးရကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ပွဲဝင်တာဖြစ်တယ်။ - ရွှေဂုံတိုင်ကြေညာချက်နဲ့ ဒီချုပ်မူလရပ်တည်ချက်တွေကို ပြတ်ပြတ်သားသားထိန်းသိမ်းကာကွယ်တာဖြစ်တယ်။ - ပြည်သူလူထုကို ရဲရဲကြီးမျက်နှာမူတာဖြစ်တယ်။ နိုင်ငံရေးရှိတဲ့နိုင်ငံရေးပါတီဆိုရင် ပြည်သူ့တစ်မျက်နှာပဲအဓိကကြည့်ရမယ်။ မျက်နှာများချင်လို့မရဘူး။ အစိုးရရဲ့ဖိနှိပ်မှုနဲ့ ကောက် ကျစ်ယုတ်မာမှုတွေကို ပြည်သူသို့တင်ပြပြီးတိုက်ပွဲဝင်ရဲရမယ်။ ဒီလိုမှမဆောင်ရွက်ရဲမဆောင်ရွက်ဝံ့တဲ့ပါတီဟာနိုင်ငံရေးရှိတဲ့ပါတီမဟုတ်ဘူး။နိုင်ငံရေးအသက်ဝိဉာဉ်ကင်းမဲ့နေတဲ့၊ သေနေတဲ့ပါတီ ပဲဖြစ်မယ်။ ဒါကြောင့် နိုင်ငံရေးအသက်ဝိဉာဉ်ကင်းမဲ့နေတဲ့ ပါတီတစ်ရပ်အဖြစ်ကျနော်တို့ရပ်တည်မလား။ နိုင်ငံရေးရှိတဲ့ပါတီတစ်ရပ်အဖြစ်ရပ်တည်မလား။ သို့တည်းမဟုတ် (နအဖ) စစ်အစိုးရတီးလိုက်တဲ့ဆိုင်းချက်နဲ့အညီ ကခုန်နေရတဲ့ အမည်ခံပါတီတစ်ရပ်အဖြစ်ရပ်တည်မလားဆိုတာ မတ်လ ၂၉ ရက်နေ့မှာ အဖြေပေးရပါလိမ့်မယ်။