Friday, March 26, 2010

The Voice (6-21) ဂျာနယ်(မတ်၂၉)

http://ifile.it/fpw5gnjThe_Voice_6-21_

26 March 2010 ဒိုင်ယာရီ

http://ifile.it/cgrd2bn
http://www.scribd.com/doc/29008721/26-March2010-Yeyintnge-Diary
26 March2010 Yeyintnge Diary

အဖွဲ့တွင်း ပဋ္ဋိပက္ခများအား စီမံခန့်ခွဲခြင်း


အဖွဲ့တွင်း ပဋ္ဋိပက္ခများအား စီမံခန့်ခွဲခြင်း

ခင်မမမျိုး
Friday, March 26, 2010


နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာပဲ ဖြစ်ဖြစ်၊ ဘဝအရေးမှာပဲ ဖြစ်ဖြစ် အပြောင်းအလဲ အခြေအ နေတွေ ရှိတတ်ပါတယ်။ ဒီအခြေအနေတွေမှာ လူတွေရဲ့ စိတ်တွေ ဝေဝါးရှုပ်ထွေးမှုတွေ ဖြစ်လာတတ်ပါတယ်။ ပဋ္ဋိ ပက္ခတွေ ဖြစ်လာတတ်ပြီး ကွဲပြားတဲ့ အတွေးအမြင်တွေ၊ ပြိုင်ဆိုင်မှုတွေကနေ အကွဲအပြဲတွေလဲ ဖြစ်တတ်ပါတယ်။ ဒီ လို အခြေအနေတွေကို စနစ်တကျ ကိုင်တွယ်စီမံနိုင်ဖို့ လို အပ်ပါတယ်။ အဖွဲ့အစည်းရေးရာရှုထောင့်က ကြည့်မယ်ဆို ရင် အဖွဲ့တွင်း ပြောင်းလဲမှုတွေ၊ ကွဲပြဲမှုတွေကို ဦးတည်စေတဲ့ ပဋ္ဋိပက္ခ အခြေအနေတခု ဖြစ်လာတတ်တာမျိုးတွေ ရှိပါ တယ်။ ဒီလို dysfunctional conflict ထွက်ပေါ်လာတဲ့ အခါမှာ ဆုံးဖြတ်ချက် ချမှတ်မှု ခက်ခဲခြင်း၊ ခံစားချက်နှင့် ပေါက်ကွဲခြင်း စတာတွေကနေ ပဋ္ဋိပက္ခဖြစ်သူတွေအချင်းချင်း အပြိုင်အဆိုင် စစ်ကစားခြင်းစတဲ့ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။

အဖွဲ့တွင်း ပဋ္ဋိပက္ခများ ဖြစ်ထွန်းစေတတ်သော အကြောင်းရင်းများ

အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးကို လေ့လာသူပညာရှင်တွေကတော့ အဖွဲ့အစည်းတခုအတွင်းမှာ ပဋ္ဋိပက္ခကို ဖြစ်ထွန်းစေတဲ့ conflict triggers တွေကို ရှစ်မျိုးခွဲခြားပြီး ဖော်ပြခဲ့ပါတယ်။ ပထမတမျိုးကတော့ အလုပ်တာဝန်သတ်မှတ်ချက် ရှုပ်ထွေးမှု ဖြစ်ပါတယ်။ နိုင်ငံ ရေးအဖွဲ့အစည်း တခုမှာဆိုရင် ယေဘုယျအားဖြင့် ဥက္ကဋ္ဌတာဝန်၊ အတွင်းရေးမှူးတာဝန်၊ ဗဟိုအလုပ်မှုဆောင်ကော်မတီ၊ ဗဟိုကော် မတီတာဝန် ခွဲဝေမှုတွေ ရှိပါတယ်။ ဒီတာဝန်တွေနဲ့ တွဲပြီး တိကျတဲ့ အလုပ်သတ်မှတ်ချက်ရှိရပါမယ်။ ဒီလိုမရှိရင် အဖွဲ့တွင်းက အရင်း အမြစ်နှင့် အဖွဲ့ကို ချုပ်ကိုင်နိုင်တဲ့ ပါဝါအပေါ်မှာ ပြိုင်ဆိုင်မှုတွေ ဖြစ်လာတတ်ပါတယ်။

ဒုတိယ တမျိုးကတော့ အရင်းအမြစ်နဲ့ ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေပါ။ အရင်းအမြစ်ဆိုတာမှာ အဖွဲ့ကိုချုပ်ကိုင်နိုင်တဲ့ ပါဝါအပြင် ငွေ အင်အား၊ လူအင်အားနဲ့ တန်ဖိုးကြီးတဲ့ သတင်းအချက်အလက် ဆိုတာလဲ ပါပါတယ်။ လူ့စိတ်ဆိုတာက မျောက်စိတ်လိုပဲ တော်တော် ကြောက်ဖို့ ကောင်းပါတယ်။ အဖွဲ့အစည်းတခုအတွင်းမှာ အဖွဲ့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အတူတကွ ပူးပေါင်းဆောင် ရွက်လိုစိတ်တွေရှိမှ ပန်းတိုင်ကို ရောက်တာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ အဖွဲ့ဝင်တွေအကြားမှာ ပါဝါအာဏာပြိုင်မှုတွေ ဖြစ်လာပြီဆိုရင် အဖွဲ့ပြိုကွဲဖို့ ဦးတည်နေပြီဆိုတာ သိဖို့ လိုအပ်ပါတယ်။

တတိယတမျိုးကတော့ ဆက်ဆံရေးပြိုလဲမှုပါ။ လူတော်တော်များများဟာ အလုပ်ကြီးအကိုင်ကြီးတွေကို လုပ်ကိုင်ပြီး ဟန်ရေးပြလို တတ်ကြပေမယ့် ဒီအလုပ်နဲ့ တန်တဲ့ စိတ်ဓာတ်ရင့်ကျက်မှုကို ပြင်ဆင်ထားလေ့ မရှိကြပါဘူး။ စကားပြောရင် ငါ့စကားနွားရ ပြောတတ် သူတွေ၊ အစည်းအဝေးခန်းတွေထဲမှာ သူများတွေ လုပ်သမျှ အဖျက်သဘောနဲ့ လိုက်ပြောနေတတ်သူတွေ၊ အပြန်အလှန် ငြင်းခုန်ဆွေး နွေးမှုကနေ ပြဿနာကို အဖြေရှာတဲ့ အဆင့်မရောက်တော့ပဲ မိတ်ဆွေပျက်တဲ့အထိ ဖြစ်နေတတ်သူတွေ၊ မူအရ ပေါင်းစပ်လို့ မရတာ ကြောင့် ကွဲပြဲတာမျိုး မဟုတ်ပဲ တယောက်နဲ့ တယောက် ဝေဖန်ပုတ်ခတ်တာနဲ့တင် ထစ်ခနဲရှိ အဖွဲ့သစ်ထောင်နေသူတွေ၊ သူပြောတာ မှ လက်မခံရင် ကိုယ်ပြောတာလဲ လက်မခံဆိုပြီး လုပ်တတ်သူတွေ၊ ကိုယ့်ကို ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင်ပင် ထမ်း ဆောင်နိုင်ခြင်း မရှိသေးပဲ တခြားပိုကြီးတဲ့ လုပ်ငန်းတာဝန်တွေကို တစာစာ တောင်းနေတတ်သူတွေ၊ နေရာယူ ငုပ်တုတ်ထိုင်၊ ဘေး ထိုင်ဘုပြော လုပ်တတ်သူတွေ၊ အဖွဲ့ထဲက လူတွေရဲ့ စကားတွေကို ဟိုစကားဒီပို့၊ ဒီစကားဟိုပို့နဲ့ စကားအရောင်းအဝယ် လုပ်နေ တတ်သူတွေဟာ လူ့လောကကြီး ထဲမှာ ရှိကိုရှိနေတတ် ပါတယ်။ ဒီလို စိတ်ဓာတ်မရင့်ကျက်သူတွေ အဖွဲ့အစည်းတွေထဲမှာ များလာတဲ့ အခါ အဖွဲ့ဝင်တွေ အချင်းချင်း ဆက်ဆံရေးကို ထိခိုက်ပါတယ်။ ကြာရင် ပြိုလဲတတ်ပါတယ်။

နောက်တမျိုးကတော့ အချိန်အတိုင်းအတာတခုရဲ့ ဖိအားပါ။ လူတွေမှာ ရေရှည်လုပ်ငန်းတာဝန်တွေမှာ ပိုမိုအားသာချက်ရှိပြီး ရေတိုအ ချိန်သတ်မှတ်တာနဲ့ စိတ်ဖိစီးမှုဖြစ်ပြီး ကသောင်းကနင်းလုပ်တတ်သူတွေ ရှိပါတယ်။ အချိန်သတ်မှတ်ချက် တခုအတွင်းမှာ လုပ်ငန်း ဆောင်တာတခုကို ပြီးမြောက်ရတော့မယ်လို့ ပြင်ပပတ်ဝန်းကျင်အခြေအနေက ဖိအားပေးလာတဲ့အခါမှာ ဒါကို အေးအေးဆေးဆေး စီမံခန့်ခွဲနိုင်သူတွေ ရှိသလို၊ တောင်ပြေးမြောက်ပြေး ဖြစ်နေတတ်သူတွေလဲ ရှိတတ်ပါတယ်။ စာမေးပွဲတခုကို နက်ဖြန်စစ်တော့မယ်လို့ ရှောင်တခင် ကြေညာလိုက်တဲ့အခါ ရေရှည်ပြင်ဆင်ထားသူတွေနဲ့ ရေတိုပြင်ဆင်ထားသူတွေအကြားမှာ ကွဲပြားတဲ့ တုန့်ပြန်မှုတွေ ဖြစ် တတ်ပါတယ်။ ရေရှည်ပြင်ဆင် ထားပြီးမှ သွေးအေးအေးနဲ့ အရေးကြီးတဲ့ သင်ခန်းစာတွေကို ရွေးနှုတ်လေ့လာသူ၊ ရေရှည်ပြင်ဆင် ထားပေမယ့် ကြောက်စိတ်ဝင်လာပြီး ဟိုစာအုပ်ကိုင်ရမလို၊ ဒီစာအုပ်ကိုင်ရမလို ဖြစ်တတ်သူ၊ ပြင်ဆင်ထားတာ မဟုတ်ပေမယ့်လဲ သွေးအေးအေးနဲ့ အရေးကြီးမယ်ထင်တဲ့ စာကိုပဲ ကောက်ဖတ်နေသူနဲ့ ပြင်ဆင်ထားတာလဲမရှိ၊ သွေးအေးအေးနဲ့ ဘယ်လို ကိုင်တွယ် ရမှန်းလဲ မသိဖြစ်ပြီး တောင်ပြေး၊ မြောက်ပြေးဖြစ်နေတတ်သူတွေ ပေါ်ထွက်လာစမြဲပါပဲ။ ကြောက်စရာအကောင်းဆုံးက အဲဒီတောင် ပြေး၊ မြောက်ပြေး လုပ်တတ်သူတွေပါ။ ပထမငါးမိနစ်မှာ စာမေးပွဲဖြေမယ်ပြောလိုက်၊ ဒုတိယငါးမိနစ်ရောက်ရင် မဖြေတော့ဘူးပြော လိုက်၊ စာအုပ်ကောက်ကိုင်လိုက်၊ ပြန်ချလိုက်နဲ့ စိတ်ဂနာမငြိမ်မှုတွေဖြစ်ပြီး အနီးအနားမှာ ရှိနေသူတွေကို တော်တော်ဒုက္ခပေးတတ် သူတွေပါ။ သူ့ကိုသာ လိုက်ကြည့်နေရင် ဘေးက လူတွေလဲ အရူးမလင်လုပ်ရသလို ဖြစ်လာမှာ အသေအချာပါပဲ။

အဖွဲ့အစည်းတွင်း ပဋ္ဋိပက္ခတွေ ဖြစ်စေတတ်တဲ့ နောက်ထပ် အကြောင်းတခုကတော့ အခြေအနေနဲ့ သင့်လျော်မှန်ကန်မှု မရှိတဲ့ စည်း မျဉ်းတွေ၊ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ ချမှတ်တာမျိုး ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဆိုတာ ကိုယ့်အဖွဲ့ရဲ့ အခြေအနေကို သိရပါ တယ်။ ငါ့စကားနွားရ၊ တသွေးတသံ တမိန့်တွေက နေရာတိုင်းမှာ ကျင့်သုံးလို့ မရပါ။ ဦးနှောက်နဲ့ ဆင်ခြင်တုံတရားကို အမိန့်ဆိုတာနဲ့ သင်းကွပ်ခံထားရတဲ့ စစ်တပ်လို အဖွဲ့အစည်းမျိုးတွေမှာတောင် တခါတရံမှာ တပ်တွင်းပုန်ကန်မှုဆိုတာ ဖြစ်လာတတ်သေးရင် တခြား အဖွဲ့အစည်းတွေမှာဆို ပိုဆိုးပါတယ်။

နောက်ထပ်တမျိုးကတော့ ကိုယ်ရည်ကိုယ်သွေး ကွဲပြားမှုပါ။ လူတဦးချင်းစီရဲ့ ကိုယ်ရည် ကိုယ်သွေးတွေက ကွဲပြားခြားနားပါတယ်။ လူသဏ္ဍာန်ကိုကြည့်ပြီး အကဲခတ်ဖို့ဆိုတာ အလွန်ခဲယဉ်း ပါတယ်။ တချို့က ပျော့ပျော့ပျောင်းပျောင်းလေးပေမယ့် စိတ်ဓာတ်ကျတော့ အရမ်းကြံ့ခိုင် ပါတယ်။ တချို့က ဗလတောင့်တောင့်ပေမယ့်လဲ တုတ်တချက်ဝင့်တာနဲ့ ကြောက်ဒူးတုန် တတ်ပါတယ်။ ငယ်စဉ်ကလေး ဘဝ အတွေ့အကြုံ၊ ဘဝဖြတ်သန်းမှု၊ မိသားစုအခြေအနေ၊ အတွေးအခေါ်၊ အယူဝါဒ၊ စိတ်နေစိတ်ထား စတာတွေက လူတဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးကို လွှမ်းမိုးမှုရှိပါတယ်။ အရေးပေါ် အခြေအနေတွေမှာမှ ထွက်လာတတ်တဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်း တွေကလဲ ရှိပါသေးတယ်။ တချို့က မိုက်ရူးရဲလုပ်တတ်သလို တချို့ကကျတော့လဲ ကြောက်ပြီး အညံ့ခံတတ်ပါတယ်။ ကမ္ဘာ့နာမည် ကြီး ထောက်လှမ်းရေးအဖွဲ့ကြီးတွေမှာ စပိုင်တွေရွေးတဲ့အခါ နှိပ်စက်ညှဉ်းပမ်းပြီးလဲ ရွေးချယ်စစ်ဆေးလေ့ရှိတယ်လို့ ကြားဖူးပါတယ်။ ခံနိုင်ရည်ကို ဆန်းစစ်တာပါ။ ခံနိုင်ရည်ဆိုတာက အလွန်အရေးကြီးတာပါ။ လူတိုင်းမှာ အားနည်းချက်ရှိပေမယ့် ဒီလိုအားနည်းချက်ကို တဘက်ရန်သူက အသာစီးယူသွားနိုင်စေမယ့် တာဝန်မျိုးကို အစကတည်းက မပေးပဲ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ သဘောသဘာဝ အရ စစ်တိုက်ရမယ့် အဖွဲ့အစည်းရဲ့ တပ်မှူးကို သေနတ်သံကြားတာနဲ့ ဝပ်ကျင်းထဲ သွားပုန်းနေတတ်သူကို ပေးလို့ မရပါဘူး။ သက် သတ်လွတ်စားနေသူကို မုဆိုးတာဝန်သွားပေးလို့ မရပါဘူး။ သွေးဆာနေသူကို အကျဉ်းသားထိန်းသိမ်းရေး တာဝန်သွားပေးလို့ မရပါ ဘူး။ အကုန်လုံး သေကုန်ပါလိမ့်မယ်။ ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်ရမယ့် တာဝန်ကို မဆွတ်ခင်က ညွတ်ပြီး အပေးအယူပဲ လုပ်ချင်နေတဲ့ လူမျိုးကို သွားပေးလို့ မရပါဘူး။ မဟာမိတ်ဆက်ဆံရေး တာဝန်မျိုးကို ထစ်ခနဲရှိ ရန်ဖြစ်ချင်သူကို သွားပေးလို့ မရပါဘူး။ အလုပ်တာဝန်နဲ့ လူရဲ့ ကိုယ်ရည်ကိုယ်သွေး ကိုက်ညီဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းတွေထဲမှာ အဲဒီလို မကိုက်ညီမှုတွေ ဖြစ်လာရင် တစတစ ပျက်သုဉ်းတော့တာပါပဲ။

နောက်ထပ်တမျိုးကတော့ အဖွဲ့ဝင်တွေရဲ့ ရာထူးအဆင့်သတ်မှတ်ချက်ပါ။ အဖွဲ့ဆိုတာရှိရင် hierarchy ဆိုတာရှိပါတယ်။ တာဝန်ယူမှု ဆိုတာရှိရပါတယ်။ သူငယ်ချင်းပဲဖြစ်ဖြစ်၊ သားအဖပဲဖြစ်ဖြစ် အဖွဲ့ရဲ့ ရာထူးသတ်မှတ်ချက်အရ အဆင့်ဆင့်ပေးအပ်လာတဲ့ တာဝန်ကို ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ တာဝန်ပေးအပ်သူကလဲ မှန်ကန်ဖြောင့်မတ်တဲ့ တာဝန်တွေကို ပေးဖို့ လိုအပ်ပါတယ်။ ဒီလို တာဝန်ပေးအပ်သူတွေကိုလဲ တာဝန်ခံမှုနဲ့ ဖြောင့်မတ်မှုအတွက် ထိန်းချုပ်မှုယန္တရားလည်း ရှိရမှာဖြစ်ပါတယ်။ ငါခေါင်းဆောင်ဆိုပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်တတ်သူတွေလဲ လောကမှာ ရှိတတ်စမြဲပါပဲ။ အဖွဲ့ခေါင်းဆောင်ဆိုတာ အဖွဲ့တာဝန်ကို ထမ်းဆောင်ဖို့ ခေါင်းဆောင်သာ ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဆိုပြီး ဟန်ရေးတပြပြလုပ်နေဖို့၊ အဖွဲ့ဝင်တွေကို အဖွဲ့နဲ့ မဆိုင်တဲ့ လုပ်ငန်းတာဝန်တွေ သွားပေးပြီး ခိုင်းစေဖို့၊ ငါပြောရင် မှန်တယ်၊ ငါလုပ်ရင် မှန်တယ်ဆိုပြီး လုပ်ဖို့ မဟုတ်ပါဘူး။

နိုင်ငံရေးအဖွဲ့အစည်းတခုသာ ဖြစ်မယ်ဆိုရင် အဖွဲ့တခုရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ပြီးစီး တာတွေကိုလဲ ကော်မတီတွေ အလိုက် အစီရင်ခံရပါမယ်။ ဗဟိုနဲ့ အောက်ခြေ တသားတည်း ရှိနေရပါမယ်။ သာမန်အဖွဲ့ဝင်တယောက်ပင်ဖြစ်စေကာမူ အတွေးအ ခေါ်တွေ၊ ခံစားချက်တွေကို တလေးတစား နားထောင်ပေးရပါမယ်။ အဖွဲ့ဝင်တယောက်ချင်းစီကို တန်ဖိုးထားတတ်ရပါမယ်။

အဲဒီလို မဟုတ်ပဲ အဖွဲ့ဝင်တွေကို ဟိုခိုင်း၊ ဒီခိုင်း၊ ဟိုညွှန်၊ ဒီညွန်လုပ်ဖို့ လောက်ပဲ သတိရပြီး ဆက်ဆံရေး အဆက်ပြတ်မှု (ဆက်ဆံရေး ဆိုတာမှာ လူချင်းတွေ့ပြီး ထမင်းအတူစားနေတာကို ဆိုလိုခြင်း မဟုတ်ပါ) ရှိနေမယ်ဆိုရင်၊ အပြန်အလှန်လေးစားတန်ဖိုးထားမှု လျော့ နည်းလာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ နောက်ပါအင်အားတွေ လျော့လာမှာ ဖြစ်ပါတယ်။ မဖြစ်သာလို့ လက်တွဲနေရရင်တောင် ဒီလို ခေါင်းဆောင်မှုအောက်မှာ ရေရှည်နေလိုစိတ် ရှိကြမည် မဟုတ်ပါ။

နောက်ထပ် အဖွဲ့အစည်းတွေ ပြိုကွဲတတ်တဲ့ အချက်တခုကတော့ ကြိုတင်မျှော်မှန်းချက်တွေနဲ့ ပတ်သက်ပါတယ်။ လူတွေဆိုတာက လူအမျိုးမျိုး၊ စိတ်အထွေထွေပါ။ နိုင်ငံရေးအဖွဲ့အစည်းတခုကို အဖွဲ့ဝင်အဖြစ် ဝင်လာသူတွေမှာ ကြိုတင်မျှော်မှန်းချက်တွေ ရှိတတ်ကြ ပါတယ်။ တချို့က နေရာယူလိုလို့ပါ။ တချို့က ဘယ်လို အခွင့်အရေးများရမလဲဆိုတဲ့ မျှော်မှန်းချက်နဲ့ပါ။ တချို့က ကိုယ့်ယုံကြည်ချက် နဲ့ အဖွဲ့ရဲ့ ဦးတည်ချက်တွေ ကိုက်ညီတယ်လို့ ယူဆမှုကြောင့်ပါ။ တချို့ကကျတော့ အခြေအနေအရ ပူးပေါင်းပါဝင်ဝန်းရံပေးဖို့ သက် ဆိုင်ရာ မိခင်အဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက် ကြောင့်ပါ။ တချို့ကျတော့ အများစုပါတာမို့ လိုက်ပါတာပါ။

နိုင်ငံရေး ပညာရှင်တွေကတော့ နိုင်ငံရေးအဖွဲ့အစည်းတခုကို အဖွဲ့ဝင်လာတဲ့ အဖွဲ့ဝင်တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ ဥစ္စာ၊ ရာထူးအ ဆင့်အတန်း၊ ယုံကြည်ချက်တူညီမှု၊ အစုအဖွဲ့နဲ့ ရပ်တည်လိုမှုစတဲ့ ကြိုတင်မျှော်မှန်းချက်နဲ့ ဝင်လာသူတွေသာ ဖြစ်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ဒီလိုကြိုတင်မျှော်မှန်းချက်တွေနဲ့ ဝင်လာပြီးမှ ထင်သလို မဖြစ်တဲ့အခါ အဖွဲ့အပေါ်မှာ ယုံကြည်ကိုးစားမှုတွေ ပျက်လာတတ် ပါတယ်။ အဲဒီအခါမှာ အဖွဲ့ပြိုကွဲတတ်ပါတယ်။

အဖွဲ့အစည်းတခုအတွင်းမှာ အဖွဲ့ပြိုကွဲရေးအထိ ဦးတည်တဲ့ ဒီလိုပဋ္ဋိပက္ခတွေ ထွက်ပေါ်လာတဲ့အခါ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အဖွဲ့အစည်းများဆိုင်ရာ နိုင်ငံရေးကို လေ့လာတဲ့ ပညာရှင်တွေကတော့ ဒီလိုကိုင်တွယ်ဖြေရှင်းပုံ နည်းလမ်း တွေကို ဖော်ထုတ်ပေးထား ကြပါတယ်။ တချို့က ပြောတတ်ကြပါတယ်။ ပညာရှင်တွေဆိုတာက စာအုပ်ထဲက စာတွေ ပြောကြ၊ သီအို ရီတွေ ဖော်ထုတ်ကြ၊ ကိုယ့်နိုင်ငံ ကိုယ့်သမိုင်းနဲ့ မကိုက်ညီနိုင်မယ့် နည်းစနစ်တွေကို ပြောကြနဲ့မို့ သူတို့ ပြောစကားတွေကို ဂရုစိုက်ဖို့ မ လိုဘူးလို့ ဆိုလေ့ရှိကြပါတယ်။

တကယ်တော့ ငါ့စကားနွားရ ပြောတတ်တဲ့ စိတ်ဖောက်ပြန်နေတဲ့ ပညာရှင် မဟုတ်ရင် ဘယ်ပညာရှင်ကမှ သူပြောတာတွေကို လိုက် လုပ်ကြဖို့၊ ဂရုစိုက်ကြဖို့ မရည်ရွယ်ကြပါဘူး။ လိုအပ်မယ်ထင်တာကို သူပညာကို အသုံးပြုပြီး ထုတ်ဖော်ပြောကြားတာ၊ အကြံပေး တာတွေပဲ လုပ်ကြပါတယ်။ ကိုက်ညီတာလဲ ရှိနိုင်ပါတယ်၊ မကိုက်ညီတာလဲ ရှိနိုင်ပါတယ်။ ဘာသာတရား ကိုးကွယ် ယုံကြည်မှုမှာ တောင်မှ ဘုရားဟောဆိုတိုင်း အားလုံးက လက်ခံကြတာ မဟုတ်လို့ ဘာသာတရားတွေ အများအပြား ရှိနေကြတာပဲ ဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ကြတာပဲ ဖြစ်ပါတယ်။

ပညာရှင်တွေဆိုတာကလဲ တန်ခိုးရှင်တွေမဟုတ်။ သူတို့တတ်သိထားတဲ့ အသိပညာ၊ အတတ်ပညာ လေးတွေကို အသုံးချပြီး လူ့လော ကကြီးအတွက် အကျိုးကျေးဇူးရှိမယ်ထင်တဲ့ စာတမ်းလေးတွေကို ရေးကြ၊ သုတေသနလေးတွေကို လုပ်ကြရင်း ပျော်မွေ့နေသူတွေ သာ ဖြစ်ပါတယ်။ လိုတာကိုယူပြီး၊ မလိုတာကို ပယ်ရုံပဲ ရှိပါတယ်။ အဖွဲ့အစည်းတွင်း ပဋ္ဋိပက္ခနဲ့ ပတ်သက်ပြီးတော့လဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းငါးသွယ်ကို ပညာရှင်တွေက ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။

အဖွဲ့တွင်း ပဋ္ဋိပက္ခဖြေရှင်းရေး နည်းလမ်းငါးသွယ်

အဖွဲ့အစည်းတခုအတွင်းမှာ ပဋ္ဋိပက္ခတွေ ပေါ်ထွက်လာတဲ့အခါ ခေါင်းဆောင်တွေအနေနဲ့ နည်းလမ်းငါးသွယ် သုံးပြီး ဖြေရှင်းနိုင် ကြောင်း ပညာရှင်တွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။ ပထမနည်းလမ်းကတော့ ပြဿနာဖြေရှင်းခြင်း (Problem solving) နည်း လမ်းပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေဟာ ပြဿနာကို စတင်ဖြစ်ပွားစေတဲ့ အကြောင်းအချက်တွေ၊ မီးပွားကို မီးတောက်ဖြစ်အောင် တွန်းတင်နေတဲ့ လူတွေနဲ့ သတင်းအချက်အလက်တွေ၊ ပြင်ပတွန်းအားနဲ့ ဖိအားတွေကို အရင်လေ့လာပြီးတော့မှ ဒါတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို စဉ်းစားဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကောင်းမွန်ပေမယ့် အချိန်အလွန်ကြာတာကြောင့် အရေးပေါ် အခြေအနေတွေမှာ ဒီနည်းလမ်းကို စနစ်တကျ အသုံးပြုနိုင်ဖို့ အချိန်နည်းပါးတတ်ပါတယ်။

နောက်ထပ်နည်းလမ်းတခုကတော့ Superordinate Goals များ ချမှတ်မှုပဲ ဖြစ်ပါတယ်။ အရမ်းတန်ဖိုးရှိပြီး လူတဦးတယောက်တည်း၊ တစုတည်းက မဖော်ဆောင်နိုင်ပဲ အများက ပူးပေါင်းဆောင်ရွက်ရမယ့် ရည်မှန်းချက်တွေ ချမှတ်ဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေ ချ မှတ်ပြီးတဲ့ အခါကျမှ “တို့အားလုံးဟာ ဒီရည်မှန်းချက်တွေကို အတူတူ အကောင်အထည်ဖော်ရမယ့် သူတွေဖြစ်တယ်။ ဒါကြောင့် ကွဲ ပြားခြားနားမှုတွေကို မေ့လိုက်ပြီး ဒီရည်မှန်းချက်တွေကို ဦးတည်ဆောင်ရွက်ကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ကောင်း မွန်ပေမယ့် ပြဿနာအရင်းခံကို ဖြေရှင်းထားတာ မဟုတ်တဲ့အတွက် ပဋ္ဋိပက္ခတွေက အချိန်မရွေး ပြန်ပြီး ပေါ်လာနိုင်ပါတယ်။ ဒါပေ မယ့် ရေတိုပြဿနာ ဖြေရှင်းနည်း အတွက်တော့ အလွန်ပဲ အသုံးဝင်ပါတယ်။

နောက်ထပ်နည်းလမ်းတခုကတော့ အပေးအယူပြုလုပ်ခြင်း (compromise) လုပ်တဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းမျိုးက ပဋ္ဋိပက္ခဖြစ်တဲ့ နှစ်ဘက်စလုံးက နိုင်သလို၊ နှစ်ဘက်စလုံးလဲ ရှုံးပါတယ်။ ညှိနှိုင်းမှုနဲ့ အပေးအယူပြုမှုပေါ်မှာ အခြေခံထားတာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လဲ တကယ် မှန်ကန်လျော်ညီတဲ့ အပေးအယူဖြစ်ဖို့ လိုအပ်ပါတယ်။ အပေးအယူဆိုတာမှာကလည်း လုပ်လို့ရ တာ ရှိပါတယ်။ လုပ်လို့ မရတာလဲ ရှိပါတယ်။ အပေးအယူဆိုတဲ့ စကားလုံးကို သုံးပြီး တဘက်စောင်းနင်း အနိုင်ယူတာ မခံရအောင် ကလည်း သတိရှိဖို့ လိုအပ်ပါသေးတယ်။ ဒီနည်းလမ်းဟာ ရေရှည်မှာ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးအတွက် အသုံးဝင် တာမှန်ပေမယ့် ရေတိုအရေးပေါ် ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့အခါမှာတော့ မလျော်ကန်လှပါဘူး။

နောက်ထပ်နည်းလမ်းတခုကတော့ ပြေလည်ချောမွေ့စေခြင်း (smoothing) နည်းလမ်းပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ “အား လုံး စိတ်ခံစားမှုတွေကို လျှော့ချကြဖို့၊ မုန်တိုင်းထန်နေတုန်းမှာ လှေကို မလှုပ်ခါကြဖို့” ပြောကြားပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်တဲ့ နည်း လမ်းပါ။ ဒီနည်းလမ်းက ပဋ္ဋိပက္ခအပြင်းထန်ဆုံး ဖြစ်နေတဲ့ အခြေအနေမှာ ယာယီထိန်းသိမ်းနိုင်ပေမယ့် အချိန်အကန့်အသတ်နဲ့ ဆုံး ဖြတ်ချက် ချမှတ်ရမှုတွေ၊ ရေရှည်စီမံချက်ချမှတ်ရမှုတွေမှာတော့ အသုံးသိပ်မဝင်ပါဘူး။

နောက်ထပ်နည်းလမ်းတခုကတော့ အင်အားသုံးဖြေရှင်းခြင်း (Forcing) နည်းလမ်းပဲ ဖြစ်ပါတယ်။ အချိန်အကန့်အသတ်အပေါ်မှာ မူတည်ပြီး ဖြစ်လာတဲ့ ပဋ္ဋိပက္ခတွေ ဖြစ်လာတဲ့အခါ အခြားလူတွေက အကြံပေးနည်း၊ ဆန္ဒဖော်ထုတ်နည်း၊ တွန်းအားပေးနည်းတွေကို အသုံးပြုပြီး ပဋ္ဋိပက္ခဖြစ်နေတဲ့ နှစ်ဘက်စလုံးကို မှန်ကန်တဲ့ လမ်းကြောင်းနဲ့ အတွေးအခေါ်တွေဆီကို တွန်းတင်ပေးမှုပါ။ ဒါကို လုပ်တဲ့အခါ ကြားဝင်ပေးသူတွေရဲ့ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ၊ အင်အားတောင့်တင်းမှု၊ ရပ်တည်ချက်ဆိုတာတွေက အရေးပါပါ တယ်။ သူများ ပြဿနာဖြစ်တာမှာ ကြားဝင်တိုင်းလဲ ကောင်းတာ မဟုတ်ပါ။ ရပ်ကွက်အဆင့်မှာ ရန်ဖြစ်တာကို ကြားဝင်မိပြီး ဓားထိုးခံ ရလို့ အသက်ဆုံးရှုံးသူတွေ ဒုနဲ့ ဒေးပါပဲ။ နိုင်ငံတကာ အဆင့်မှာလဲ သူများတွေ ဖြစ်သမျှ ဝင်ပြောနေလို့ ငပွကြီး ဖြစ်နေတဲ့ နိုင်ငံတွေလဲ ရှိတာပါပဲ။ မလိုအပ်ပဲ ဒီနည်းလမ်းကို သုံးလွန်းတာများရင် အဖွဲ့အစည်းတွေ အကြားမှာလဲ ငပွကြီးအမည်တွင်ကျန်တာလောက်ပဲ ဖြစ် မှာပဲ။ ပြဿနာနဲ့ ပတ်သက်ပြီး အကျိုးရှိစေနိုင်မယ့် အဆင့်ရှိမှ သူများကိစ္စမှာ ကြားဝင်ပါပြီး တွန်းအားပေးတဲ့ နည်းလမ်းတွေ သုံးလို့ ရမှာ ဖြစ်ပါတယ်။

ဒီလို နည်းလမ်းငါးသွယ်ထဲက ဘယ်လို နည်းလမ်းတွေကို အသုံးပြုရင်ပဲဖြစ်ဖြစ် organization iceberg ဆိုတာကိုလဲ ထည့်သွင်းစဉ်း စားဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းတွေမှာ မြင်သာထင်ရှားတဲ့ သွင်ပြင်လက္ခဏာ (Visible Features) တွေဖြစ်တဲ့ ရည်မှန်းချက် ပန်း တိုင်၊ မူဝါဒ၊ စီမံချက်၊ နည်းလမ်း၊ အလုပ်တာဝန်ခွဲဝေမှု၊ နည်းပညာ၊ အဖွဲ့တွင်းအာဏာနဲ့ ဆုံးဖြတ်လုပ်ပိုင်ခွင့်၊ ဆက်ဆံရေး လမ်း ကြောင်း၊ လုပ်ဆောင်မှု စတာတွေ ရှိသလို၊ အတွင်းမှာပဲ ပုန်းကွယ်နေတဲ့ သွင်ပြင်လက္ခဏာ (Hidden Features) တွေဖြစ်တဲ့ အဖွဲ့ဝင် တွေရဲ့ အတွေးအခေါ်၊ အယူအဆ၊ ခံစားချက်၊ တန်ဖိုးထားမှု၊ အဖွဲ့တွင်းနိုင်ငံရေး၊ အုပ်စုဖွဲ့မှု၊ အုပ်စုချင်း ပဋ္ဋိပက္ခ၊ ခေါင်းဆောင်ချင်း ပဋ္ဋိ ပက္ခ၊ ဆက်ဆံရေး ပွင့်လင်းမှု မရှိခြင်း၊ အချင်းချင်း ပြိုင်ဆိုင်ဆွဲချခြင်း၊ ပြုမူဆောင်ရွက်မှုဆိုင်ရာ ပြဿနာများ၊ စာရိတ္တရေချိန် နိမ့်ပါးမှု၊ ကိုယ်ကျင့်တရားပျက်ယွင်းမှု စတာတွေလဲ ရှိပါတယ်။ ဒါတွေကို ထည့်သွင်းစဉ်းစားဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါတွေကို မသိပဲ ဘယ်လိုအဖွဲ့အစည်းမျိုးရဲ့ ပဋ္ဋိပက္ခကိုမှ ပြေလည်အောင် ဖြေရှင်းနိုင်မည် မဟုတ်ပါ။

အဖွဲ့တွင်း ပဋ္ဋိပက္ခတွေကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းပြီး အဖွဲ့အစည်းတရပ် မပြိုကွဲရေးကို ကြိုးပမ်းဖော်ဆောင်ကြတာတွေ ရှိပါတယ်။ ဒါပေမယ့်လဲ တခါတရံမှာ အဖွဲ့အစည်းတရပ်ဟာ ဘယ်လိုမှ ထိန်းကျောင်းလို့ မရတော့ပဲ ပြိုကို ပြိုကွဲတတ်တာတွေလဲ ရှိပါတယ်။

အဖွဲ့ပြိုကွဲမှုအား ထိန်းကျောင်းခြင်း

လောကမှာ အရာအားလုံးဟာ အချိန်အတိုင်းအတာ တခုအထိပဲ တည်မြဲခိုင်ခံ့ပါတယ်။ ဖြစ်ခြင်း၊ ပျက်ခြင်းဆိုတဲ့ သဘောတရားဟာ အရာအားလုံးအတွက် မှန်ကန်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖွဲ့အစည်းဆိုတာကလဲ သတ္တဝါတွေ စုစည်းထားတာပဲ ဖြစ်တဲ့ အတွက် တချိန်မှာ ပျက်စီးမှာပါပဲ။ ဖြစ်လိုက်ပျက်လိုက်၊ အောင်မြင်လိုက်၊ ဆုံးရှုံးလိုက်နှင့် လောကနိယာမကို ဘယ်သူမှ မတားဆီးနိုင် ပါ။ ရှိနေတုန်းသာ အတတ်နိုင်ဆုံးကောင်းအောင် ကြိုးပမ်းလုပ်ကြရမှာပါ။ ဘယ်လိုမှ မတားဆီးနိုင်တော့တဲ့ အဖွဲ့ပြိုကွဲမှုတွေကလဲ ဖြစ် လာတတ်ပါတယ်။

အဖွဲ့အစည်းတိုင်းမှာ ရပ်တည်ချက်၊ လမ်းစဉ် ရည်မှန်းချက် ပန်းတိုင်ဆိုတာတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အဖွဲ့တွင်းမှာ ကွဲလွဲမှု ဖြစ်လာပြီဆိုရင်တော့ အများသဘောဆန္ဒနဲ့အညီ မျှမျှတတ ဆုံးဖြတ်ချက် ချရင်ချ၊ မချနိုင်ရင်တော့ ရပ်တည်ချက် မတူသူတွေ လမ်းခွဲ ဖို့ပဲ ရှိပါတယ်။ လောကမှာ အပေးအယူနဲ့ ညှိနှိုင်းမှုတွေ ရှိရတယ်ဆိုတာမှန်ပေမယ့် ဘယ်လိုမှ ညှိနှိုင်းလို့၊ လျှော့ပေးလို့ မဖြစ်နိုင်တဲ့ အ ရာတွေလဲ ရှိပါတယ်။ ဥပမာ-မူးယစ်ဆေးဝါး ကုန်ကူးမယ်ဆိုတဲ့ လင်ယောက်ျားနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို သိမြင်တဲ့ ဇနီးမယား နှစ် ယောက် ဘဝခရီးကို အတူဆက်လျှောက်လို့ မရပါ။ ဇနီးသည်က လင်ယောက်ျားကို မူးယစ်ဆေးဝါး ကုန်မကူးအောင် တားနိုင်ရင်တား၊ လင်ယောက်ျားက ဇနီးသည်ကို မူးယစ်ဆေးဝါးကုန်ကူးမှုကြောင့် ရနိုင်မယ့် အကျိုးအမြတ်တွေနဲက မက်လုံးပေးပြီး ဆွယ်နိုင်ရင် ဆွယ် ပြီး ညှိနှိုင်းကြဖို့ကတော့ ပထမအဆင့်ပါ။ ဒါမှ မရရင်တော့ လင်ယောက်ျားဖြစ်သူကလဲ သူ့ကိုယ်ကျိုးအတွက် သူလုပ်ချင်တဲ့ လမ်း ကြောင်းကို ဆက်လုပ်ဖို့နဲ့ ဇနီးသည်ကလဲ တမျိုးသားလုံး အရေးအတွက် သူရှောင်ရမယ့် အန္တရာယ်ကိုရှောင်ဖို့ လမ်းခွဲကြရုံပဲ ရှိပါတယ်။ တယောက်က ကိုယ်ကျိုးစီးပွား၊ တယောက်က အမျိုးသားရေးကို စဉ်းစားတဲ့ လူနှစ်ယောက်မှာ ဘုံရည်မှန်းချက်ဆိုတာ မရှိ လာတော့တဲ့အတွက် မိသားစု မပြိုကွဲအောင် ထိန်းသိမ်းရေးဆိုတာကလဲ လုပ်လို့ မရတော့ပါ။ ဒါပေမယ့် မိသားစု တခုလုံး အစိတ်စိတ်၊ အမြွာမြွာ မပြိုကွဲအောင်တော့ ထိန်းကျောင်းကြရပါမယ်။ အဖခြေရာကို ဆက်နင်းမယ့် သားသမီးနဲ့ အမိခြေရာကို ဆက်နင်းမယ့် သား သမီးတွေကို မိဘနဲ့ အတူရှိနေဖို့တော့ ကြိုးပမ်းမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။

ဒီလိုပါပဲ။ အဖွဲ့အစည်းတွေ ပြိုကွဲတဲ့အခါမှာလဲ အစိတ်စိတ်အမြွာမြွာနဲ့ သူတလူငါတမင်း မဖြစ်ရလေအောင် ပြိုကွဲမှုကို စနစ်တကျ ထိန်း ကျောင်းပေးဖို့ လိုပါတယ်။ နိုင်ငံရေးရာမှာ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကက နိုင်ငံရေးအဖွဲ့အစည်းတွေဟာ ဥရောပ အဖွဲ့အ စည်းတွေ ထက်စာရင် ပိုပြီး fragile ဖြစ်ပါတယ်။ ကွဲအက်လွယ်ပါတယ်။ ကိုလိုနီကျွန်စနစ်နဲ့ အာဏာရှင် ကျွန်စနစ်အောက်မှာ နှစ် ပေါင်းများစွာ နေလာကြရတာဖြစ်တဲ့အတွက် ကျွန်စိတ်က မျိုးဆက်တွေအလိုက် အသွေးထဲ အသားထဲမှာ နစ်ဝင်ပုန်းလျှိုးနေတတ်ပါ တယ်။ ဒီကျွန်စိတ်က တော်ရုံတန်ရုံ အချိန်တွေမှာဆို မထွက်လာပါဘူး။ ဒါပေမယ့် နိုင်ငံအရေးအခြေအနေ အပြောင်းအလဲကာလတွေ၊ စစ်မက်သင့်တဲ့ ကာလတွေမှာဆို ထွက်ပေါ်လာတတ်ပါတယ်။

ကျွန်မတို့ မြန်မာ့နိုင်ငံရေး သမိုင်းမှာလဲ ဒီလိုကျွန်စိတ်တွေ ပေါ်ထွက်လာတတ်တဲ့ အခြေအနေလေးတွေ ရှိခဲ့ဖူးပါတယ်။ မြန်မာလူမျိုး တွေဟာ ကိုလိုနီလက်အောက်ခံ ကျွန်သဘောက်ဘဝ မရောက်ခင်တုန်းက သက်ဦးဆံပိုင်ဘုရင်တွေရဲ့ တသွေးတသံ တမိန့်အောက် မှာ နေခဲ့ရပါတယ်။ လူမှုရေးကျင့်ဝတ်တွေအရ မိသားစုတွင်းမှာလဲ အာဏာရှင်စနစ်က အမြစ်တွယ်နေပါတယ်။ အိမ်တအိမ်မှာ ဖခင်ရဲ့ သြဇာနဲ့ သားသမီးရဲ့ ကိုယ်ပိုင်အတွေးအခေါ် ထိပ်တိုက်ဖြစ်လာခဲ့ရင် ဖခင်ရဲ့ အာဏာကို မလွန်ဆန်ရဲတော့ပါဘူး။ ရွာတရွာမှာ သူကြီး ရဲ့ သြဇာအာဏာကို မလွန်ဆန်ရဲကြပါဘူး။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ငုံ့ခံကြပါတယ်။ မတရားလုပ်ခံရရင်တောင် ဘဝကံအ ကြောင်းတရားပါလာလို့ ဆိုပြီးတော့ပဲ ဖြေသိမ့်တွေးတတ်ကြပါတယ်။

မခံနိုင်လွန်းမှသာ ယမ်းပုံမီးကျ ဒေါသအိုး ပေါက်ကွဲတတ်ကြတာပါ။ ဒါကလဲ ကောက်ရိုးမီးလို တခဏပဲ တောက်ပါတယ်။ အဲဒီလို လူ့ အဖွဲ့အစည်းအတွင်းမှာ အမျိုးထိရင် မချိအောင်နာတဲ့ စိတ်ရင်းခံလေး တခုကတော့လဲ ရှိနေခဲ့ပါတယ်။ နယ်ချဲ့တွေ ကျူးကျော်လာ တော့ ဒီစိတ်ရင်းခံနဲ့ ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ကြတာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ တော်လှန်ရေးစိတ်မှာ သက်ဦးဆံပိုင်ဘုရင်စနစ်က သွတ်သွင်းပေးထားတဲ့ ကျွန်စိတ်ကလဲ တွဲပါနေပါတယ်။ မင်းနေပြည်တော်က အမိန့်ပေးမှ၊ စစ်သူကြီးတွေက ဦးဆောင်မှဆိုတဲ့ ခေါင်း ဆောင်တွေအပေါ် မှီခိုအားကိုးမှုက ရှိနေပြန်ပါတယ်။ ဒီကျွန်စိတ်တွေက ဘယ်လောက်တောင် လွှမ်းမိုးသွားလဲဆိုရင် မန္တလေး နေ ပြည်တော်ကို သေနတ်တချက်တောင်မဖောက်ရပဲ ဘုရင်ကို ကြက်လေး၊ ငှက်လေးလို နယ်ချဲ့ကျူးကျော်သူတွေက ဖမ်းနိုင်သွားတဲ့ အ ဆင့်အထိ ပါပဲ။

နယ်ချဲ့ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင် မိမိတို့ရဲ့ ရပ်တည်ရှင်သန်ခွင့်တွေ၊ ရာထူးတွေ ဆုံးရှုံးမှာ ကြောက်ကြတဲ့ နေပြည်တော်က သက် ကြီးရွယ်အို အဖိုးအိုများရဲ့ စကားကို ကာယ၊ ဥာဏ ပြည့်စုံတဲ့ တပ်မှူးဗိုလ်ပါ အပေါင်းက ကျွန်စိတ်နဲ့ နာခံခဲ့ကြပါတယ်။ စုဖုရားလတ် က “ဘိုးဘိုးတို့ ကြောက်ရင် ထမီဝတ်ထားကြပါလား။ စုဖုရား ကိုယ်တိုင် နန်းတွင်းသူတွေနဲ့ ထွက်ပြီး ခုခံမယ်” လို့ ပြောခဲ့ရတဲ့ အထိ မြန်မာ့သမိုင်းဟာ အကျည်းတန်ခဲ့ပါတယ်။ ကျွန်စိတ်မရှိလို့ သခင်စိတ်နဲ့ နယ်ချဲ့ကို တွန်းလှန်ခဲ့ကြတဲ့ မြန်မာတပ်မှူးအပေါင်းမှာလဲ မြန် မာမင်းနေပြည်တော်က အလိုတော်ရိ လက်ပါးစေတွေနဲ့ ကုလားဖြူ စစ်တပ်တွေကြောင့် အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးခဲ့ကြရ ပါတယ်။ သခင်စိတ်တွေ အညွန့်ချိုးခံခဲ့ရပါတယ်။

ဒီလိုနဲ့ နယ်ချဲ့ကျွန်ဘဝမှာ နှစ်ပေါင်းများစွာနေခဲ့ရပြီး၊ အမျိုးသားရေးစိတ်ဓာတ်တွေ ပြန်ပြီး နိုးကြားလာချိန်ကြတော့လဲ မြန်မာတမျိုး သားလုံးကို ကိုယ်စားပြုနေတဲ့ ဂျီစီဘီအေ အသင်းကြီးဟာ နယ်ချဲ့ရဲ့ ရာထူး၊ အာဏာ မျက်စပစ်မှုဒဏ်ကို မခံနိုင်ပဲ အစိတ်စိတ် အမြွာမြွာ ကွဲခဲ့ရပြန်ပါတယ်။ ခေါင်းဆောင်ကြီးတွေဆီမှာ ကျွန်စိတ်တွေ ပေါ်လာပြန်ပြီး၊ နယ်ချဲ့ လက်အောက်ခံ အစိုးရရဲ့ အမတ်မင်း များ ဖြစ်ဖို့အရေး ကြိုးပမ်းပြီး လူထုကို မျက်စိလည်လာစေပြန်ပါတယ်။ “လူကြီးတွေ လုပ်တာဆိုရင် မှန်တယ်။ လူကြီးတွေကို ပြန်အာ မခံနဲ့” ဆိုတဲ့ ထုံးတမ်းစဉ်လာတွေအကြားမှာ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆ၊ ဦးဆောင်နိုင်မှု အရည်အချင်းတွေကို သင်းကွပ်ခံ ထားရ သူတွေကလဲ “တောင်ကျရေ၊ နွားနှစ်ကောင်မဝသလိုပ၊ မောင်ဘဘေ ငါးထောင်မရသော်ကြောင့်” ဆိုတဲ့ ဆရာကြီး သခင် ကိုယ်တော်မှိုင်း စာထဲကလို ကျွန်စိတ်နဲ့ အမတ်ရူးရူးနေကြတဲ့ ခေါင်းဆောင်ကြီးများကို ထောက်ခံကြပြန်ပါတော့တယ်။

အမျိုးသားရေးစိတ်၊ သခင်စိတ်ရှိတဲ့ သခင်ဘသောင်း၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့လို လူငယ်တွေသာ အဲဒီအချိန်တုန်းက မပေါ်ထွက်ခဲ့လျှင် မြန်မာပြည်ကြီးလဲ အိန္ဒိယအုပ်ချုပ်ခံ ပြည်နယ်တခုအနေနဲ့ ဖြစ်ကျန်ခဲ့မည်လားပင် မသိပါ။ ဒီလိုနဲ့ မြန်မာ့နိုင်ငံရေး သမိုင်းဆိုတာကလဲ မင်းလောင်းတွေ မျှော်လိုက်၊ ခေါင်းဆောင်တွေကို အားကိုးလိုက်၊ ဖောက်ပြန်တဲ့ ခေါင်းဆောင်တွေက နိုင်ငံရေး လှိုင်းလုံးတွေကို ပြန်ပုတ်ချလိုက်၊ ပြိုလိုက်ပျက်လိုက်၊ ကွဲလိုက်ပြဲလိုက်၊ အချင်းချင်းချလိုက်၊ မရှိတဲ့ အာဏာကို စိတ်ကူးနဲ့ ရူးပြီး လု လိုက်၊ အာဏာရှင်တွေဆီကို ကျွန်သွားခံလိုက်ဖြင့် နှစ်ပေါင်းများစွာ ကျွန်စိတ်များ စိမ့်ဝင်ပျံ့နှံ့နေခဲ့သော ကျွန်နိုင်ငံရေး သမိုင်းကြီး အ ဖြစ်သာ အဖတ်တင် ကျန်ရစ်ခဲ့ပါတော့တယ်။ နောက်ဆုံးကျတော့ မြန်မာအချင်းချင်း ကျွန်ပြန်ပြုတဲ့ စစ်ကျွန်ဘဝကို ရောက်ရှိသွားပါ တယ်။

မြန်မာတင်မဟုတ်ပါ။ စိတ်ဓာတ်နဲ့ အတွေးအခေါ်များကို မပြင်ဆင်နိုင်သေးတဲ့ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတချို့တွေမှာလဲ ဒီလို ကျွန်နိုင်ငံရေး ခရီးကြမ်းကြီး ဆက်လှမ်းနေကြရဆဲပါ။ ကျွန်သံသရာကနေ ဖောက်ထွက်ဖို့ ကြိုးစားခဲ့ကြတဲ့ နိုင်ငံတွေမှာတော့ နိုင် ငံရေးအဖွဲ့ အစည်းတွေထဲက အဖွဲ့ဝင်တွေဟာ သခင်စိတ်ကို မွေးထားခဲ့ကြပါတယ်။ နိုင်ငံရေး အကူးအပြောင်းကာလတွေမှာ ကျွန်စိတ် ဝင်နေ သူတွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကို လက်ခံလေ့မရှိကြပါဘူး။ အဖွဲ့အစည်းက တရားဝင် မြေပေါ်အဖွဲ့ ဖြစ်နေတဲ့အခါ ကျွန်ခံမယ့် ခေါင်းဆောင်တွေနဲ့ ကျွန်ပြုမယ့်သူတွေက တသားတည်း ဖြစ်သွားတတ်ပါတယ်။ ကျွန်ခံမယ့် ခေါင်းဆောင်တွေရဲ့ အာဏာကို ဖီဆန် တဲ့ သခင်စိတ်ရှိတဲ့ အဖွဲ့ဝင်တွေကို ကျွန်ပြုမယ့်လူတွေက ဝင်ပြီး နှိပ်ကွပ်ဖမ်းဆီးလေ့ရှိကြပါတယ်။ အဲဒီလိုအခါမျိုးမှာ နိုင်ငံရေး အဖွဲ့အ စည်းဟာ ကျွန်ခံမယ့် ခေါင်းဆောင်တွေလက်ထဲကို လုံးလုံးလျားလျား ကျသွားပြီး၊ နောက်ထပ် အဖွဲ့အစည်းတရပ် ထပ်မထွက်လာမ ချင်း နိုင်ငံရေး သေတတ်ပါတယ်။

ဒီလိုတွေဖြစ်လာရင် တော်လှန်ရေး ကြာရှည်တတ်ပါတယ်။ ဒါကြောင့် သခင်စိတ်နဲ့ ခေါင်းဆောင်တွေ၊ သခင်စိတ်ရှိတဲ့ အဖွဲ့ဝင်တွေဟာ အဖွဲ့တွင်း ပဋ္ဋိပက္ခပြေလည်ရေးကို ဘယ်လိုမှ လုပ်လို့ မဖြစ်တော့ တဲ့အခါ အဖွဲ့ပြိုကွဲမှုကို စနစ်တကျ ထိန်းကျောင်းနိုင်ရေးအတွက် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ မြေပေါ်အဖွဲ့ဖြစ်ရင် မြေအောက်ဆင်းရပါမယ်။ မြေအောက်ဆင်းတဲ့အခါ စီအိုစီ ဖွဲ့စည်းရပါမယ်။ ဒီစီအိုစီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရွေးထားရပါမယ်။ လူထုထဲကို လှေကားချပြီး လျှို့ဝှက်စည်းရုံးမှုတွေ လုပ်ရပါမယ်။

ဒီ ပြောရေးဆိုခွင့် ရှိသူဟာ ကျွန်စိတ်ရှိသူတွေက အဖွဲ့အစည်းအမည်ကို အလွဲသုံးစားလုပ်ပြီး ကျွန်သက်တမ်းရှည်ဖို့ ကြိုးပမ်းမှုတွေ၊ ကျွန်ပြုမယ့်သူတွေက ဒါကို အသုံးချပြီး လူထုကြီးရဲ့ သခင်စိတ်ကို ချိုးနှိမ်ဖို့ ကြိုးစားမှုတွေကို ကန့်ကွက်ဆန့်ကျင်ရပါမယ်။ နေရာဒေ သ အသီးသီးမှာ လူထုစည်းရုံးရေး အစုအဖွဲ့များ ဖွဲ့ထားပြီး မိမိတို့ရဲ့ မြေအောက်အဖွဲ့အစည်းနဲ့ ပြည်သူလူထုအကြား ကွင်းဆက်မပြတ် အောင် ကြိုးပမ်းရပါမယ်။ အဖွဲ့ကို တိုက်ပွဲဝင်အဖွဲ့အစည်း တရပ်အနေနဲ့ စနစ်တကျ ပြန်လည်ပြင်ဆင် တည်ဆောက်ပြီး ကျွန်စနစ် ဆန့် ကျင်ရေးတိုက်ပွဲကို လူထုကြီးနဲ့အတူ ပူးပေါင်းဆင်နွှဲရပါမယ်။ ကျွန်ပြုသူတွေရဲ့ အုပ်ချုပ်ရေးယန္တရား ပြိုကျတာနဲ့ ချက်ချင်းအစားထိုး နိုင်မယ့် ယာယီအုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

နိဂုံး

တဦးတယောက်တဲ့ ပိုတဲ့အခါ အစုအဖွဲ့ဆိုတာရှိလာပါတယ်။ အစုအဖွဲ့ဆိုတာရှိလာရင် ပဋ္ဋိပက္ခဆိုတာ ရှိလာပြန်ပါတယ်။ ပဋ္ဋိပက္ခဆို တာရှိလာရင် ပြေလည်အောင် ဖြေရှင်းဖို့ စနစ်တကျ ကြိုးစားရမှာ ဖြစ်ပါတယ်။ ကြိုးစားနေရင်း မတူညီနိုင်တဲ့ ရပ်တည်ချက်၊ ယုံကြည် ချက်တွေကြောင့် ရှိပြီးသား အစုအဖွဲ့တွေ ပြန်ပြီး ပြိုကွဲတယ်ဆိုတာလဲ ရှိပါတယ်။ အဲဒီအခါမှာလဲ အစိတ်စိတ်၊ အမြွာမြွာ မဖြစ်ရလေ အောင်၊ ရည်မှန်းချက်ပန်းတိုင်ကို ပြန်ပြီး အာရုံစိုက်နိုင်အောင် စနစ်တကျ ထိန်းကျောင်းမှုဆိုတာ ရှိလာရမှာ ဖြစ်ပါတယ်။ တွေဝေမှုဟာ လူပေါင်းများစွာရဲ့ ဘဝတွေကို ရှင်ရက်နဲ့ သေစေနိုင်ပါတယ်။ နယ်ချဲ့ကျွန်၊ ဖက်ဆစ်ကျွန်၊ စစ်ကျွန် စတဲ့ ဘယ်လိုကျွန်စနစ်ပဲ ဖြစ်ဖြစ် လူတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်စီမံ ဖန်တီးခွင့်တွေ ပျောက်ဆုံးနေမှာပါပဲ။ လူတွေရဲ့ အနာဂတ်တွေ ဝေဝါးနေစေမှာပါပဲ။ မိမိထက် ဂုဏ်ကြီးဝါကြီး၊ အတွေ့အကြုံ ပိုများသူတွေရဲ့ ဆုံးဖြတ်ချက်တိုင်း မှန်ပါတယ်လို့ ဘယ်သူမှ မဆိုနိုင်ပါ။ ရေမြင့်မှသာ ကြာတင့်ပါတယ်။ တမျိုးသားလုံး စစ်ကျွန်ဘဝက လွတ်မြောက်မှသာ လွတ်မြောက်ရေးအတွက် ကြိုးပမ်းတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ် တွေရဲ့ ဂုဏ်သိက္ခာတွေ တက်လာမှာ ဖြစ်ပါတယ်။ စစ်ကျွန်ဘဝ သက်ဆိုးရှည်ရေးကို ဖော်ဆောင်ပေးတဲ့ အဖွဲ့အစည်းတွေကို မလွဲ သာလို့ ပုလ္လင်ပေါ် တင်ပေးထားရရင်တောင် လူထုရဲ့ မျက်လုံးထဲမှာတော့ ပလ္လင်ပေါ်က မျောက်တွေအဖြစ်သာ မြင်ယောင်နေမှာ ဖြစ် ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

ခင်မမမျိုး
(၂၄၊ ၃၊ ၂ဝ၁ဝ)

Photo by: http://chiselart.com/products-page/
http://www.naytthit.com/articals/2010/mar10/kmmm-mar26.html

ဦးဝင်းတင်နဲ့ စကားလက်ဆုံ - ခွဲခြင်း၊ ကွဲခြင်း မရှိတဲ့ တခုတည်းသောလူထုပါတီ - အင်န်အယ်ဒီ

ဦးဝင်းတင်နဲ့ စကားလက်ဆုံ - ခွဲခြင်း၊ ကွဲခြင်း မရှိတဲ့ တခုတည်းသောလူထုပါတီ - အင်န်အယ်ဒီ
မိုးမခ
မတ် ၂၇၊ ၂၀၁၀
ယမန်နေ့က ဟံသာဝတီဦးဝင်းတင်နဲ့ ထပ်မံတွေ့ဆုံဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အင်န်အယ်ဒီရပ်တည်ချက် အလားအလာမှာ မြန်မာပြည်တွင်းမှာကော မြန်မာပြည်ပမှာပါ အင်န်အယ်ဒီပါတီဝင်တွေက ပါတီကို မှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မ၀င်နိုင်ဘူးဆိုတဲ့ တခဲနက်သော သဘောထားတွေကို ရဲရဲရင့်ရင့် ထုတ်ပြန်လာတဲ့အချိန်၊ အင်န်အယ်ဒီရဲ့ အဆုံးအဖြတ်ကိုပေးမယ့် ခေါင်းဆောင် ၁၀၀ ကျော်ရဲ့ အစည်းအဝေးကလည်း နီးကပ်လာချိန်မှာ ပါတီရဲ့ ရှေ့ရေးကို အဓိကထားပြီး မေးမိပါတယ်။
အခုသည်စကားလက်ဆုံ (အင်တာဗျူး)ကို မေးသူရဲ့ တင်ပြပုံနဲ့ပဲ ရေးဖို့ ရွေးချယ်ထားပါတယ်။ ဆရာဦးဝင်းတင် ပြန်လည် ဖြေဆိုချက်တွေထဲက ကောက်နုတ်ဖော်ပြချက်တွေနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး ပြောဖြစ်တဲ့ အချက်ကတော့ - အင်န်အယ်ဒီဟာ အများက ဟောကိန်းထုတ်နေကြသလို ကွဲကြမှာလား၊ ခွဲကြမှာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဆရာက ပြန်လည် ဖြေကြားရာမှာ -
စစ်အစိုးရက ချပေးထားတဲ့ အကွက်ထဲမှာ အင်န်အယ်ဒီပါတီဟာ ကွဲလို့လည်း မဖြစ်ဘူး၊ ခွဲလို့လည်း မဖြစ်ဘူး။ အဓိကစဉ်းစားကြရမှာက ပါတီနဲ့ ပါတီဝင်တွေအားလုံး တစုတစည်းတည်း ရပ်တည်ကြဖို့ ဖြစ်တယ်။ ပါတီကို မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲဝင်မယ်ဆိုရင်လည်း စစ်အစိုးရရဲ့ လမ်းကြောင်းနောက်ကို လိုက်တာ ဖြစ်သွားတော့မယ်။ ပါတီကို မှတ်ပုံမတင်ဘူး ဆိုရင်လည်း အခု စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ မေလ ၇ ရက်မှာ အလိုအလျောက် ပျက်ပြယ်သွားမှာ ဖြစ်တယ်။ အဲဒီ အကြပ်အတည်းတွေကြောင့် ပါတီမှာရှိနေတဲ့ လူနည်းစုသဘောထားကပဲဖြစ်ဖြစ်၊ လူများစုသဘောထားကပဲ ဖြစ်ဖြစ် ကိုယ်လုပ်ချင်တာကို ဇွတ်တိုးလုပ်ကြလို့ ရှိရင်လည်း ပါတီဟာ ကွဲကြ ပြဲကြပြီးတော့ အရှုံးနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်။ သည်တော့ ခုချိန်မှာ အဲသလို နှစ်ဖက်စလုံးက အရှုံးတွေကို မရွေးမိကြဖို့ လိုတယ်။
လို့ ပြန်လည် ဖြေကြားပါတယ်။

အဲသည်မှာ ဆက်မေးမိတဲ့ မေးခွန်းကတော့ ပါတီကနေ “ထွက်”ကြတယ်။ “ထုတ်” ကြတယ် ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ မြန်မာပြည်လွတ်လပ်ရေး ရတဲ့အချိန်ကစပြီး နိုင်ငံရေးနယ်ပယ်မှာ လူတွေ ကွဲကြ၊ ပြဲကြတယ်။ ပြီးတော့ သဘောချင်း မတူကြလို့ မညှိနှိုင်းနိုင်ကြလို့ ပါတီထဲက အဖွဲ့တွေထဲက ထွက်ကြတယ်၊ ထုတ်ကြတယ်။ မဆလပါတီလမ်းစဉ်မှာ ပါဝင်ခဲ့ကြသူတွေကိုယ်တိုင် နောက်ကျတော့ ထွက်ကုန်ကြတယ်။ အထုတ်ခံကြရတယ်။ ဘေးထွက်ထိုင်ကြတယ်။ ဘေးကနေ ပြောကြ ဆိုကြတာတွေ ဖြစ်လာတာလဲရှိ၊ မှိန်ပြီး ပျောက်ရှသွားတာတွေလည်း ရှိတယ်။ အဲသည်လိုမျိုး အခြေအနေကို အင်န်အယ်ဒီပါတီအနေနဲ့ ဘယ်လို ရင်ဆိုင်မှာလဲ၊ ဦးဝင်းတင်က ဘယ်လိုသဘောထား ရှိသလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာ့ ပြောကြားချက်တွေထဲက အဓိကအချက်တွေကို ပြန်လည် တင်ပြရမယ် ဆိုရင် -
ပါတီတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို စံနမူနာယူပြီးတော့ အတူတကွ တစုတစည်းတည်း ရပ်တည်ကြဖို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဆုံးဖြတ်ချက်အနေနဲ့ကတော့ ပါတီကို မှတ်ပုံမတင်နိုင်ဘူး။ ထို့အတူ ပါတီရဲ့ ဆုံးဖြတ်ချက်ကိုတော့ လိုက်နာမယ်လို့ ပြောလိုက်ပါတယ်။ အခုအရေးကိစ္စကို အားလုံးက ဆွေးနွေးဆုံးဖြတ်ကြတဲ့နေရာမှာ လူနည်းစုကလည်း ကိုယ်လုပ်ချင်တာကို အတင်းဆုပ်ကိုင်ထားလို့ မရဘူး။ ဇွတ်လုပ်ကြဖို့ မလိုဘူး။ အများစုအနေနဲ့ကလည်း အားလုံးကို စည်းရုံးပြီးတော့ လက်တွဲပြီး ရပ်တည်ကြဖို့ လိုပါတယ်။ လူများစုပဲ ဖြစ်ဖြစ်၊ လူနည်းစုပဲ ဖြစ်ဖြစ် ခွဲကြ၊ ထွက်ကြ လုပ်ကြမယ် ဆိုရင် အခုဟာက ဟိုတုန်းက ခေတ်နဲ့ မတူတော့ဘူး။ သည်အတိုင်း ဘေးမှာ၊ အပြင်မှာ ရပ်တည်ခွင့်ရှိမှာ မဟုတ်ဘူး။ နည်းမျိုးစုံနဲ့ ဖယ်ရှား ရှင်းလင်းခြင်း ခံရမှာ ဖြစ်တယ်။ အားလုံးက ခုချိန်မှာ ပါတီနဲ့ တွဲလုပ်ကြပါလို့ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါ်စုကို စံပြုပြီးတော့ ပါတီနဲ့ တွဲလုပ်ကြပါလို့ …
ဟု ဆိုပြီး ဖြေကြားပါတယ်။

ယခုလက်ရှိအခြေအနေမှာ ပါတီဝင်တွေ၊ ခေါင်းဆောင်တွေရဲ့ အများစုဆန္ဒက ဘယ်လိုလဲ။ ဘယ်ကို ဦးတည်နေသလဲ ဆိုတဲ့အချက်။ ပြီးတော့ အနည်းစုရဲ့ ဆန္ဒရဲ့ ဦးတည်ချက်တွေကို ထပ်မံပြီး မေးမြန်းပါတယ်။ ဆရာက …
ခုချိန်မှာ ပြည်နယ်တွေ တိုင်းတွေက ခေါင်းဆောင်တွေ၊ ပါတီဝင်တွေရဲ့ သဘောထား ၇၀ ရာခိုင်နှုန်းက မှတ်ပုံမတင်ရေး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို မထုတ်ပြန်ခင်ကတည်းက သူတို့တတွေက မှတ်ပုံမတင်နိုင်ဘူးလို့ အများစုက ဆိုထားတယ်။ ဒါ့အပြင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေကိုယ်တိုင်ကလည်း အဲဒီသဘောကို ထုတ်ဖော်ပြောဆိုပါတယ်။ ဥပမာ အက်စ်အင်န်အယ်ဒီပါတီ အစရှိသည်ဖြင့်။ ပါတီမှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ဘက်က စည်းရုံး ပြောဆိုတာတွေ ရှိပေမယ့် အများစုက နိုးလို့ ဖြေထားတာ ဖြစ်ပါတယ်။
အခုအချိန်မှာ နိုင်ငံတကာကကော၊ ယူအင်မှာပါ မြန်မာ့အရေးကိစ္စကို ဆွေးနွေးနေရတဲ့ အချိန်လည်း ဖြစ်လာပါတယ်။ နယ်စပ်က တိုင်းရင်းသားတွေရဲ့ သဘောထားကလည်း တညီတညွတ်တည်း ရှိနေတယ်။ အဲသည်အချိန်မှာ တစုတစည်းတည်း တညီတညွတ်တည်း တသံတည်း ရပ်တည်ကြရမှာ ဖြစ်ပါတယ်။
ပြောချင်တာကတော့ အခု နအဖချပေးထားတဲ့ လမ်းကြောင်းက ၂ ဖက်စလုံး ဘယ်ဟာပဲ ရွေးရွေး အရှုံးချည်းနဲ့ လမ်းတွေ ဖြစ်နေတယ်။ ကျနော်တို့က ကျနော်တို့တွေ အချင်းချင်းမှာ သဘောထားကြီးကြီး ထားကြရမယ်။ အဆိုးဆုံးအနေနဲ့ အရှုံးချင်း တူနေရင်တောင် ကျနော်တို့က ညီညီညွတ်ညွတ် အရှုံးခံနိုင်ကြရမယ်။ နအဖလမ်းကြောင်းကို မလိုက်နာနိုင်ဘူးဆိုရင် ကျနော်တို့ပါတီအလံကို မလွှင့်ထူဘဲ ခေါက်ထားနိုင်ရမယ်။ အဲသည်အတွက် ကျနော်တို့အားလုံးက တသွေးတည်း တသံတည်းနဲ့ ညီညီညွတ်ညွတ် ပါတီအလံကို လွှင့်ထူနိုင်တဲ့ အချိန်လည်း နောင်မှာ ရောက်လာမှာ ဖြစ်တယ်။

ယခုလိုမျိုး အချိန်ကာလတိုတိုအတွင်းမှာ နအဖစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေနဲ့ ခြေလှမ်းတွေ ပြင်ဆင်လာတယ်။ အဲသည်အတွက် အခြားသော နိုင်ငံရေးအစုအဖွဲ့တွေ၊ လူတွေ၊ ပုဂ္ဂိုလ်တွေကလည်း လှုပ်ရှားလာကြတယ်။ သို့သော် အဲဒါတွေထက် ပိုပြီး အံသြစရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အခြေအနေတခုကတော့ အခုလို အချိန်တိုတိုအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီက ပါတီခေါင်းဆောင်အသီးသီး၊ လူငယ်၊ အမျိုးသမီးနဲ့ ဒေသအသီးသီးက ပါတီဝင်တွေ အားလုံးရဲ့ နိုင်ငံရေး နိုးကြားတက်ကြွမှုတွေ၊ ရဲရင့်မှုတွေ၊ ပွင့်လင်းတဲ့ ပြောဆိုဆွေးနွေး လှုပ်ရှားမှုတွေ၊ ညီညွတ်စည်းလုံးမှုတွေ ဖြစ်ပေါ်လာနေတာကို တွေ့ရတာ ဖြစ်ပါတယ်။ အဲသည်လို အလွန် အားကောင်းတဲ့ ရဲရင့်မှု၊ စည်းလုံးမှုတွေနဲ့ ပါတီတရပ်ဟာ ဘယ်လိုမျိုး လုပ်ကိုင်စရာတွေ ခြေလှမ်းတွေကို အခုလိုမျိုး အချိန်တိုတိုအတွင်း ဆက်လက်လှုပ်ရှားနိုင်မှာလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဆရာရဲ့ သဘောထားက -
ကျနော်တို့မှာ နိုင်ငံရေးပါတီတရပ်အနေနဲ့ အခုလိုမျိုး ရပ်တည်ပြီးတော့ ဦးဆောင်မှုတွေ လှုပ်ရှားမှုတွေ ဆက်လက်ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာမိသားစုတွေနဲ့ ဒီထက်ပိုပြီး ထိတွေ့ကြရမယ်။ တွေ့ဆုံရှင်းလင်း နားလည်မှုတွေ ယူကြရမယ်။ ဒါ့အပြင် ကိုယ်နဲ့ ဝေးကွာနေတဲ့ ပြည်သူတွေ၊ ပါတီဝင်တွေ၊ မိသားစုဝင်တွေနဲ့လည်း အခုလို အချိန်တိုတိုပဲ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ပြောဆိုဆွေးနွေး လက်တွဲကြရမယ်။ ချိတ်ဆက်ကြရမယ့် အလုပ်တွေကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့နဲ့အတူ ရဲရင့်တဲ့ ခေါင်းဆောင်တွေ ရှိနေပါတယ်။ ဦးတင်ဦးကလည်း ကျနော်တို့နဲ့အတူ လက်တွဲပြီး ရပ်တည်ပြီး ဦးဆောင်မှု ပေးနေတယ်။
အခုချိန်မှာ ကျနော်တို့က အင်န်အယ်ဒီပါတီအနေနဲ့ အားလုံးအတူတူ လက်တွဲပြီးတော့ ရဲရဲရင့်ရင့်နဲ့ စည်းစည်းလုံးလုံး ရပ်တည်ကြရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီအချိန်မှာ ပါတီဝင်တွေက လူထုရှေ့မှာ စစ်အစိုးရရှေ့မှာ ကွဲတာတွေ၊ ခွဲတာတွေ ပြောပြီး အချိန်ဖြုန်းရမယ့် အချိန်မဟုတ်ပါဘူး။ ပြီးတော့ အခုချိန်မှာ ပါတီနဲ့ လက်တွဲကြပါ။ ပါတီကို လက်တွဲဖြုတ်ပြီးတော့ စစ်အစိုးဆီမှာ လက်နက်သွားချရမယ့် အချိန်မဟုတ်ဘူးလို့လည်း ပြောချင်ပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=6126&Itemid=1

၂၀၁၀ ရွေးကောက်ပွဲ ကို ကြိုဆိုသည့် ဂျာနယ် ကြော်ငြာပုံ ထူးခြား

Monitor News Journal ၏ ကြော်ငြာဘုဒ်

ယူကွန် ၊ ၊စစ်အစိုးရမှ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ကို ကြိုဆိုသည့် အနေဖြင့် ထုတ်ဝေသည့်
သည့် ဆိုသည့် Monitor News Journal မှာ ဆန်းပြားသော ကြော်ငြာပုံကြောင့် လမ်းသွား
လမ်းလာ များမျက်စေ့ကျ လျှက်ရှိသည်။

မော်ဒယ် ခရစ္စတီးနား ၏ သရုပ်ပြဟန် ဖြင့် ရိုက်ကူးကြော်ငြာထားသည့် ထိုဂျာနယ်ကို အများစုက
ဂျာနယ်ကြော်ငြာ ဟု မထင်ပဲ အရက်ကြော်ငြာ ဟု ထင်ကြသည်။ တောင်ဥက္ကလာ ပ နှင့် ရန်ကုန်
မြို့ ထဲသို့ ပြေးဆွဲနေသည့် ၃၆ ယာဉ်လိုင်း မောင်းသူ တစ်ဦးက ” ကျွန်တော်က ပထမတော့ အရက်
ကြော်ငြာထင်တာ နောက်ကျမှ အရက်ကြော်ငြာတွေ ပိတ် ထားတယ် ဆိုတာ သတိရပြီး သေချာပြန်
ကြည့်တော့ မှ ဂျာနယ်ကြော်ငြာဖြစ်နေတာ ကို တွေ့ ရတယ် ဟု သူကပြောသည်။

ရန်ကုန် မြို့ တော်ဝန် ၏ အမိန့် ဖြင့် ယမန် နှစ် က စပြီးလျှပ်ပေါ် လော်လည် သည့် ကြော်ငြာများကို အများ
ပြည်သူ မြင်သာသည့် နေရာများတွင် မကြော်ငြာရ ဟု အမိန့် ထုတ်ပြည်ခဲ့ပြီးနောက် ပုရိသ များ အားဆွဲ
ဆောင် နိုင်သော ကြော်ငြာများ မှာ အချို့ နေရာ များတွင် ပျောက်ကွယ်သွားခဲ့သည်။

The Monitor News ဂျာနယ် သည် အခြားသော ဂျာနယ် အသစ်များ ထွက်ရှိ စဉ် ကြော်ငြာပုံထက်
ထူးခြားသည် ဟု အားကစား သတင်းထောက် တစ်ဦးကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ အား ကြိုဆိုပြီး ဂုဏ်ပြုထုတ်ဝေသည့် The Monitor News အမည်ရှိ ဂျာနယ်အား
လျှပ်တပြက် သတင်း ဂျာနယ် မှ ထပ်မံထုတ်ဝေခြင်းဖြစ်သည်။ ထိုဂျာနယ် သည် မျက်မှောက် နိုင်ငံရေး
အကြောင်း ဦးစားပေး ဖော်ပြမည် ဟု သိရသည်။

မြန်မာ စာပေလောက တွင် လစဉ် ပုံမှန် အားဖြင့် ဂျာနယ် အသစ် တစ်စောင်ခန့် ထွက်ရှိပြီး အချို့ ဂျာနယ်
များမှာ လည်း ငွေကြေး အရ အကျိုးအမြတ် နည်းလှသဖြင့် ရပ်နားသွားကြသည်များရှိသည်။

ယခင်လက ဒါရိုက်တာ စင်ရော်မောင်မောင် က ENVOY အမည်ရှိ ဂျာနယ်အား ထုတ်ဝေခဲ့သည်။

http://freedomnewsgroup.com/

သွေးဆိုးပြည်ပုပ်ဆိုရင် ပြည်သူတွေကမလိုချင်


သွေးဆိုးပြည်ပုပ်ဆိုရင် ပြည်သူတွေကမလိုချင်

ဝရဇိန်

၂၆/ မတ် ၂၀၁၀


ဒီနေ့မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူအားလုံး အာရုံစိုက်နားစွင့်နေကြပြီး ဒီမိုကရေစီရေး လူ့အခွင့်အရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားကြသူအားလုံး ရင်တထိတ်ထိတ်စောင့်ကြည့်နေကြတဲ့ ကိစ္စကတော့ နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ အန်အယ်လ်ဒီမှတ်ပုံတင်မလား မတင်ဘူးလားဆိုတဲ့ ကိစ္စဖြစ်တယ်။

အစောပိုင်းကတော့ အများက အန်အယ်လ်ဒီမှာ ရွှေဂုံတိုင်ကြေညာချက်စာတမ်းဆိုတဲ့ အခြေခံမူရှိပြီးသားဖြစ်တယ်။ အဲဒီအခြေခံမူနဲ့ နအဖ အခုထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာမို့ အန်အယ်လ်ဒီအနေနဲ့ အဲဒီရွေးကောက်ပွဲဥပဒေတွေနဲ့သွားပြီး ပတ်သက်စရာ ဘာအကြောင်းမှမရှိဘူး။ ဒါကြောင့် နအဖရွေးကောက်ပွဲ ကော်မရှင်ဆီမှာ မှတ်ပုံသွားတင်မှာ မဟုတ်ဘူးလို့ အစောပိုင်းကတော့ အများက ယုံကြည်ထားခဲ့ကြတယ်။ ကျန်းမာရေးမကောင်းလို့ဆိုပြီး အိမ်မှာ အနားယူနေတဲ့ ပါတီဥက္ကဋ္ဌဦးအောင်ရွှေ အဲဒီရွေးကောက်ပွဲဥပဒေတွေ စတင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပထမဆုံးကျင်းပတဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို မမျှော်လင့်ဘဲ ရုတ်တရက်ရောက်ရှိလာပြီး ပါတီမှတ်ပုံတင်ရေး အဆိုပြုချက်တင်သွင်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာတောင်မှ အဲဒီရွေးကောက်ပွဲဥပဒေတွေဟာ လုံးဝကို တရားမျှတမှုမရှိတဲ့ ဥပဒေတွေဖြစ်တယ်ဆိုတဲ့ အချက်အပေါ်မှာတော့ ပါတီခေါင်းဆောင်အားလုံးက သဘောညီကြတယ်ဆိုတဲ့ တဆက်တည်းထွက်ပေါ်လာတဲ့ သတင်းကြောင့် ဒီလိုမတရားမှန်း သိနေတဲ့ ဥပဒေတွေအောက်ကို ပြည်သူ့အရေးတော်ပုံပါတီတရပ်ဟာ ဘယ်တော့မှ ခေါင်းလျှိုဝင်မှာမဟုတ်ဘူး။ တကယ်လို့ ခေါင်းလျှိုဝင်ချင်တဲ့သူတွေရှိရင်လည်း အဲဒီလူတွေဟာ မဲခွဲဆုံးဖြတ်ရင် ရှုံးမှာပဲဆိုပြီး ပြည်သူတွေ အတန်အသင့် စိတ်အေးခဲ့ကြတယ်။

ဒါပေမယ့် ပါတီရဲ့ ကံကြမ္မာ (တနည်းပြောရရင် မြန်မာပြည်သူတရပ်လုံးအပါအ၀င် ကမ္ဘာတလွှားက ဒီမိုကရေစီကို လိုလားသူ ကမ္ဘာ့ပြည်သူအားလုံးရဲ့ ကံကြမ္မာ) ကို အဆုံးအဖြတ်ပေးမယ့် (၂၉.၃.၂၀၁၀) နားကို တရွေ့ရွေ့နီးကပ်လာတာနဲ့အမျှ အန်အယ်လ်ဒီပါတီခေါင်းဆောင်များအတွင်း သဘောထားကွဲပြားမှုဟာ ပိုမိုပေါ်လွင်ထင်ရှားလာနေပြီး အဲဒါရဲ့ အကျိုးဆက်အဖြစ် ပြည်သူများ (အထူးသဖြင့် ပြည်သူလူထုရဲ့ တပ်ဦးမှာရှိနေကြတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ) အတွင်း စိုးရိမ်ပူပန်မှုတွေ၊ စိတ်မချမ်းမြေ့မှုတွေ ပေါ်ပေါက်လာခဲ့တယ်။ ပါတီခေါင်းဆောင်ပိုင်းအတွင်းမှာ ဦးဝင်းတင်၊ ဦးတင်ဦးတို့ ခေါင်းဆောင်တဲ့ မှတ်ပုံမတင်ရေးအတွေးအခေါ်နဲ့ ဦးအောင်ရွှေ၊ ဦးခင်မောင်ဆွေတို့ခေါင်းဆောင်တဲ့ မှတ်ပုံတင်ရေး အတွေးအခေါ်နှစ်ခု ပွင့်ပွင့်လင်းလင်းထိပ်တိုက်တွေ့လာတဲ့ အနေအထားကြောင့် နအဖက လက်ပန်းပေါင်းထခတ် နေတဲ့ တချိန်တည်းမှာ ပြည်သူတွေက ရင်တမမဖြစ်လာနေကြရတယ်။

မှတ်ပုံမတင်ရင် ပါတီဟာ အလိုအလျောက်ပျက်ပြယ်မှာဖြစ်တယ်။ ဒါကြောင့် ပါတီတည်ရှိရေးအတွက် မှတ်ပုံတင်ရမယ်။ မှတ်ပုံမတင်လိုသူတွေဟာ ပါတီတည်ရှိရေးကို ထည့်မစဉ်းစားသူတွေဖြစ်တယ်။ ဒါကြောင့် မှတ်ပုံမတင်လိုသူတွေကို ပါတီကလည်း ထည့်စဉ်းစားစရာမလိုဘူး။ မှတ်ပုံမတင်လိုသူတွေ ပါတီကထွက်သင့်တယ်လို့ ဦးခင်မောင်ဆွေတို့ အုပ်စုက ပြောတယ်ဆိုတဲ့အထိ အခြေအနေကဆိုးလာတယ်။

ဦးအောင်ရွှေကို ဦးထိပ်တင်ထားကြတဲ့ ဆွေငြိမ်းညွန့် (ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ကော့ကရိတ်ဦးသိန်းညွန့်) အုပ်စုဟာ အခြေအနေကို အဲသလောက်ဆိုးအောင် လုပ်ခဲ့ပြီးတာနဲ့တောင် အားမရသေးဘူး။ ဗဟိုဦးစီးအဖွဲ့မှာ မဲခွဲရင်လည်း သူတို့ရှုံးမယ့်အခြေအနေရှိတာကို သဘောပေါက်လာတဲ့အခါ (၂၉) ရက်နေ့လုပ်မယ့် အစည်းအဝေးဟာ ဗဟိုဦးစီးအဖွဲ့ကို အသိပေးရုံ (Just inform) သာလုပ်မယ့် အစည်းအဝေးဖြစ်တယ်။ မှတ်ပုံတင်ရေး မတင်ရေးကို တကယ်ဆုံးဖြတ်မှာက လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်ကျော်လောက်က လွှတ်တော်ကိုယ်စားလှယ်တွေအပါအ၀င် ပါတီခေါင်းဆောင်အားလုံးက လုပ်ပိုင်ခွင့် (Mandate) ပေးထားတဲ့ ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့သာဖြစ်တယ်ဆိုပြီး နှစ်ပေါက်တပေါက်ရိုက်ဖို့ ကြံစည်လာပြန်တယ်။

တကယ်တော့ ဆွေငြိမ်းညွန့် အုပ်စုဟာ ရှင်းပြီးသားကိစ္စကို ပြန်ရှုပ်အောင်လုပ်နေကြသူတွေဖြစ်တယ်။ ငါးဖယ်ကပြောင်းပြန် သူခိုးက လူလူဟစ်နေကြသူတွေဖြစ်တယ်။ ပါတီဗဟိုအလုပ်အမှုဆောင်အဆင့် ရောက်နေသူတွေအတွက် မေးရမယ့်မေးခွန်း မဟုတ်ပေမယ့် သူတို့ရဲ့ လတ်တလောလုပ်ရပ်တွေကြောင့် မေးခွန်းတခုကိုတော့ မဖြစ်မနေမေးရတော့မယ့် အခြေဆိုက်နေပြီ။ အဲဒီမေးခွန်းကတော့ ပါတီတရပ်ရဲ့ အခြေခံမူဆိုတာဘာလဲ။ အဲဒါကို သူတို့ဘယ်လိုနားလည်ထားကြလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။

ရွှေဂုံတိုင်ကြေညာချက်ဟာ အခြေအနေအရ ပါတီညီလာခံလို့ အမည်မတပ်သော်လည်း အနှစ်သာရအရ အန်အယ်လ်ဒီရဲ့ ပါတီညီလာခံဖြစ်တဲ့ နိုင်ငံတလွှားက အဆင့်ဆင့်သော ပါတီခေါင်းဆောင်အားလုံးတက်ရောက်တဲ့ အစည်းအဝေးကြီးက ချက်မှတ်ခဲ့တဲ့ ပါတီရဲ့ အခြေခံမူမဟုတ်ဘူးလား။ ဆွေငြိမ်းညွန့်အုပ်စုဟာ သူတို့သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူတို့ကိုယ်တိုင် ပါဝင်တက်ရောက်ဆွေးနွေးတိုင်ပင်ညှိနှိုင်းပြီး အများသဘောတူချမှတ်ခဲ့တဲ့ အခြေခံမူမဟုတ်ဘူးလား။

နအဖရဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ ရွှေဂုံတိုင်ကြေညာချက်နဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်တယ်ဆိုတာ နအဖအပါအ၀င် တကမ္ဘာလုံးက သိသလို ဆွေငြိမ်းညွန့်အုပ်စုလည်းသိတယ်။ တနည်းပြောရရင် နအဖရဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ အန်အယ်လ်ဒီရဲ့ အခြေခံမူနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်ဆိုတာ အားလုံးအသိဖြစ်တယ်။

အဲဒီတော့ အန်အယ်လ်ဒီအဖို့ ပါတီမှတ်ပုံတင်မလား၊ မတင်ဘူးလားလို့ စဉ်းစားတာဟာ မိမိရဲ့ အခြေခံမူကို ဖောက်ဖျက်မလား၊ မဖောက်ဖျက်ဘူးလားလို့ စဉ်းစားတာဖြစ်တယ်။ ကိုယ့်ကျင့်သိက္ခာရှိပြီး မိမိကိုယ်မိမိရိုသေလေးစားတဲ့ အန်အယ်လ်ဒီပါတီဝင် တယောက်အတွက် ဒီကိစ္စဟာ စဉ်းစားစရာတောင်မလိုတဲ့ ကိစ္စဖြစ်တယ်။ အဲဒီလိုမျိုး ပါတီဝင်တယောက်ဟာ အဲဒီကြေညာချက် မထုတ်ပြန်ခင်တုန်းက သဘောမကျဘူးဆိုရင် ပါတီကို စွန့်ခွာခဲ့ရမှာဖြစ်တယ်။ သဘောမကျပေမယ့် မိမိမှန်တယ်လို့ ယုံကြည်ထားတဲ့ အမှန်တရားနဲ့ ပြင်းထန်တဲ့ ပဋိပက္ခလည်းမရှိ၊ အများသဘောထားလည်းဖြစ်တာကြောင့် အဲဒီကြေညာချက် ထုတ်ပြန်ပြီးနောက် ပါတီထဲမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်ဆိုရင်လည်း အခုအဲဒီအခြေခံမူကို လက်မခံနိုင်လောက်အောင် ဖြစ်လာတယ်ဆိုရင် ပါတီကနုတ်ထွက်ရမှာက အဲဒီအခြေခံမူကို ဆယ်လက်ဆုပ်ကိုင်ထားသူတွေ မဟုတ်ဘူး။ မိမိသာဖြစ်တယ်။

အခုတော့ ဆွေငြိမ်းညွန့်အုပ်စုဟာ “ငပြူးကပြဲ” ဆိုသလိုဖြစ်နေပြီ။ သူတို့ဟာ ပထမ ပါတီက ဆွေးနွေးစရာတောင်မလိုတဲ့ ကိစ္စကို ဆွေးနွေးလာအောင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဆိုတဲ့ ရာထူးအရှိန်အ၀ါကို အသုံးချပြီး လုပ်ဆောင်ခြင်းကြောင့် ပါတီပြိုကွဲပျက်စီးရေးအတွက် ပထမဆုံး သင်းခွဲဂိုဏ်းခွဲ ရာဇ၀တ်မှုကို ကျူးလွန်ခဲ့တယ်။ ဒုတိယအဆင့်မှာ မဲခွဲဆုံးဖြတ်လို့ အခြေအနေ မဟန်နိုင်မှန်းသိလာတဲ့အခါ အခြေခံမူကို ဆုပ်ကိုင်ထားသူတွေကို ပါတီက ထုတ်ပယ်နိုင်ဖို့ လှုံ့ဆော်ကြိုးပမ်းလာခြင်းဖြင့် ဒုတိယမြောက်ရာဇ၀တ်မှုကို ထပ်မံကျူးလွန်ခဲ့ပြန်တယ်။ အဲဒီတော့ သူတို့ဟာ နိုင်ငံရေးပါတီများဆိုင်ရာ ပါရာဇိကံထိုက်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့သူဖြစ်တယ်လို့ ဆိုရတော့မယ်။

Mandate ရထားတဲ့ သူနှစ်ဦးကပဲ မှတ်ပုံတင်ရေး မတင်ရေးကိစ္စကို ဆုံးဖြတ်မယ်ဆိုတဲ့ စကားကလည်း မရှက်လို့ပြောတာ ဖြစ်တယ်လို့သာ ပြောရတော့မယ်။ အဲဒီတုန်းက အဆင့်ဆင့်သော ပါတီခေါင်းဆောင်တွေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက အင်မတန်ကျပ်တည်းတဲ့ အခြေအနေတရပ်အောက်မှာ ဒေါ်စုနဲ့ ဦးအောင်ရွှေကို ဘာအတွက် Mandate ပေးခဲ့ကြတာလဲ။ ၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေးနဲ့ ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေးအတွက်သာဖြစ်တယ်။ အခု နအဖရဲ့ တရားမျှတမှု နည်းနည်းလေးမှမရှိတဲ့ ရွေးကောက်ပွဲဥပဒေတွေအောက်မှာ ပါတီကို မှတ်ပုံသွားတင်ရေးကိစ္စနဲ့ အဲဒီ Mandate က ပေးထားတဲ့တာဝန်တွေဟာ အနှစ်သာရအရ အဖြူနဲ့ အမည်းဖြစ်တယ်ဆိုတာ မြန်မာ့နိုင်ငံရေးကို ကကြီး၊ ခကွေး အဆင့်လောက် နားမလည်သူတောင် သဘောပေါက်နိုင်တဲ့ ကိစ္စဖြစ်တာကြောင့် ဆွေငြိမ်းညွန့်အုပ်စု နားမလည်တာတော့ မဖြစ်နိုင်ဘူး။ ဂယောင်ချောက်ချား ဆွဲမိဆွဲရာ ဆွဲထုတ်လာတာပဲ ဖြစ်နိုင်တယ်။

နောက်ပြီး ဆွေငြိမ်းညွန့်အုပ်စုနဲ့ နအဖအကြား အံ့သြစရာမကောင်းတဲ့ အံ့သြစရာအပြောအဆို တိုက်ဆိုင်မှုတခုရှိနေတာကို အခုတလောမှာ ပိုပြီးထင်ထင်ရှားရှားတွေ့လာနေရတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို ပုဂ္ဂိုလ်ရေး ကိစ္စတခုအဖြစ် အုပ်စုနှစ်ခုစလုံးက ပြောဆိုနေကြတာဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန်အညတရတယောက်မဟုတ်ဘူး။ ဒီမိုကရေစီလိုလားတောင်းဆို ရုန်းကန်တိုက်ပွဲဝင်နေကြတဲ့ မြန်မာ့ပြည်သူ ကမ္ဘာ့ပြည်သူတရပ်လုံးရဲ့ သင်္ကေတဖြစ်တယ်ဆိုတာကို မြန်မာ့ပြည်သူ၊ ကမ္ဘာ့ပြည်သူအားလုံးက သိကြသလို နအဖကလည်း ကောင်းကောင်းသိတယ်။ ဒါပေမယ့် အဲဒီအသိကို လက်ခံပုံချင်းတော့ မတူဘူး။ ပြည်သူတွေက ချစ်ခင်လေးစားကြည်ညိုအားကျစိတ်နဲ့ လက်ခံကြပြီး နအဖက စက်ဆုပ်ရွံရှာ မနာလိုဝန်တိုစိတ်နဲ့ လက်ခံတာဖြစ်တယ်။

ဒေါ်စုဟာ ဒီမိုကရေစီလိုလားတဲ့ မြန်မာ့ပြည်သူ၊ ကမ္ဘာ့ပြည်သူတွေရဲ့ သင်္ကေတဖြစ်တာကြောင့်လည်း ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ရာသက်ပန်တည်ရှိသွားစေလိုတဲ့ နအဖက ဒေါ်စုကို သူတို့သမိုင်းတလျှောက် နည်းလမ်းပေါင်းစုံသုံးပြီး ဖျောက်ဖျက်ချေမှုန်းဖို့ ကြိုးစားခဲ့ ကြိုးစားနေတာဖြစ်တယ်။ ဒါဟာ နအဖက ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ကလေးနှစ်ယောက်မိခင် မုဆိုးမ သာမန်အမျိုးသမီးတဦးကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ စစ်ပွဲတပွဲမှာ ရန်သူ့အလံကို ဆွဲချပြီး မိမိအလံကိုလွှင့်ထူနိုင်ဖို့ စစ်သည်ပေါင်းများစွာရဲ့ အသက်ကိုရင်းနှီးတာဟာ သာမန်အ၀တ်စတစအတွက် ရူးသွပ်မိုက်မဲကြတာမဟုတ်ဘူး။ အရေးအကြီးဆုံး သင်္ကေတတခုအတွက် လူ့အသက်တွေနဲ့ လောင်းကြေးထပ်ကြတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိစ္စဟာလည်း ဒီအတိုင်းဖြစ်တယ်။

နအဖက ဒါကိုကောင်းကောင်းသိပေမယ့် ဒေါ်စုကို သာမန်ပုဂ္ဂိုလ်တဦးအဖြစ် ပြောဆိုနေတာက ရိုးသားဖြောင့်မှန်မှုမရှိတဲ့ အတ္တ၀ါဒီသူတို့အုပ်စုရဲ့ အကျိုးစီးပွားအတွက် သက်သက်ကြောင့်သာဖြစ်တယ်။ ဒါက သိပ်ရှင်းတယ်။ ဒါပေမယ့် ဘ၀ရဲ့ အချိန်ကာလအတော်များများကို ထောင်ထဲမှာပေးဆပ်ခဲ့ကြရတဲ့ ဆွေငြိမ်းအုပ်စုက နအဖရဲ့ အဲဒီစကားကို သံယောင်လိုက်နေတာကတော့ အံ့သြစရာလား၊ သနားစရာလား မသိနိုင်တော့ဘူး။

အခုတော့ ကမ္ဘာ့ဒီမိုကရေစီလှုပ်ရှားရုန်းကန်မှုကြီးရဲ့ အထင်ရှားဆုံး သင်္ကေတဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့သဘောထားကို ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်ပြီဖြစ်တယ်။ ဒီအခြေအနေမှာ ဆွေငြိမ်းညွန့်အုပ်စုအနေနဲ့ မိမိတို့ရဲ့ အတွေးအခေါ်မှား၊ အယူအဆမှားကြီးကို စွန့်လွှတ်ပြီး နအဖဘက်ကို ပြတ်ပြတ်သားသား ကျောခိုင်းကာ ပြည်သူဘက်ကို ပြန်လည်မျက်နှာမူဖို့ သိပ်ကိုအရေးကြီးနေပြီ။ ဒီမိုကရေစီရေးအတွက် အစဉ်တစိုက် ပေးဆပ်ရင်းနှီး လုပ်ဆောင်လာခဲ့သူများအဖြစ် သူတို့ကို ပြည်သူတွေက အခုအထိတော့ အသိအမှတ်ပြု ကျေးဇူးတင်နေကြဆဲ ဖြစ်တယ်။ ဒါပေမယ့် နအဖနဲ့အတူ အသူတရာနက်တဲ့ချောက်ထဲ ခုန်ချသွားကြပြီဆိုရင်လည်း သူတို့အတွက် ပြည်သူတွေက ၀မ်းနည်းပူဆွေးနေကြမှာတော့ မဟုတ်ဘူး။ အကြောင်းကတော့ သွေးဆိုးပြည်ပုပ်မှန်ရင် ခန္ဒာကိုယ်ထဲမှာ မရှိတာက ပိုကောင်းတယ်ဆိုတာကို သမိုင်းအတွေ့အကြုံတွေအရ မြန်မာပြည်သူတွေက သိထားကြပြီး ဖြစ်လို့ပဲ။

http://www.khitpyaing.org/articles/2010/March/26310.php

တပ်မတော်သားများအတွက် ပြည်သူသာ အမိ အဖ ဖြစ်စေလို

တပ်မတော်သားများအတွက် ပြည်သူသာ အမိ အဖ ဖြစ်စေလို


နယူးဒေလီ (မဇ္ဈိမ)။ ။ ၁၉၆၂ နှစ်ကတည်းက စစ်တပ်ကြီးစိုးလာခဲ့သော မြန်မာနိုင်ငံတွင် မနက်ဖြန်ဆိုလျှင် ၆၅ နှစ်မြောက် တပ်မတော်နေ့ ကျရောက်တော့မည်ဖြစ်ပြီး နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။

လက်ရှိ စစ်အစိုးရလက်အောက်တွင် တပ်မတော်နေ့ အခမ်းအနားသည် နိုင်ငံ၏ အကြီးကျယ်ဆုံး၊ ငွေကုန်ကြေးကျ အများဆုံး အခမ်းအနား ဖြစ်လာနေသည်။

မကြာသေးခင်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ စစ်သားဘဝကို မြတ်နိုးသူ၊ မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ ယနေ့ တပ်မတော်အပေါ် သုံးသပ်ချက်များကို ဖတ်ရှုရမည်ဖြစ်သည်။


မေး။ မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လားဆိုတာ တချက်လောက် ရှင်းပြပေးပါ။ တပ်မှူးဟောင်းတယောက်အနေနဲ့ ဘယ်လို ခံယူထားလဲဆိုတာ သိချင်လို့ပါ။

''စပြီးတော့ ဖြစ်လာတာက ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ဟိုတုန်းက တပ်တွေ ဖွဲ့ကာစကတော့ မထင်ရှားသေးဘူးပေါ့။ နောက်ပိုင်းကျမှ တဖြည်းဖြည်းနဲ့ တပ်ထဲမှာ ဖက်ဆစ်တော်လှန်ရေးဆိုပြီးတော့ ကျင်းပလာတယ်။ အဲဒီတုန်းက ရန်ကုန်မှာ ဖက်ဆစ်တော်လှန်းရေးနေ့ တပ်တွေထွက်တဲ့ အသွင်သဏ္ဍာန်ကို ဆောင်ပြီးတော့ကာ၊ မီးဒုတ်တွေဘာတွေနဲ့ စစ်ကြောင်းတွေက လှည့်ပြီးတော့ကာ ရွှေတိဂုံ အနောက်ဘက်မှာ ရှိတဲ့ ကျူးကျော်အိမ်တွေကို ဖျက်ပြီးတော့၊ မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန်က အဲဒီနေရာကို ရှင်းပြီးတော့ အဲဒီနေရာကို တော်လှန်ရေးပန်းခြံဆိုပြီး လုပ်တယ်။ ဟိုတုန်းက တော်လှန်ရေးပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပြီးတဲ့နောက်၊ အဲဒီကနေပြီးတော့ စပြီးချီတက်တာကို အမှတ်အသားအနေနဲ့၊ ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကြောင်းတွေက မြို့ထဲကနေ တော်လှန်ရေး တိုင်းတွေ၊ ပြည်နယ်တွေက တပ်တွေလို နာမည်တပ်ပြီးတော့၊ စစ်ကြောင်းတွေလုပ်ပြီး ချီတက်လာကြတယ်။ နောက်နှစ်မှာကျ မီးဒုတ်တွေ မပါတော့ဘူးပေါ့။ မီးဒုတ်တွေပါရင် မီးအန္တရာယ် ရှိတယ်ဆိုပြီးတော့ မပါတော့ဘဲ နောက်ပိုင်းမှာ စစ်ရေးပြ အခမ်းအနားတွေ ဖြစ်ပေါ်လာတယ်။ အဲဒီတုန်းက ဖက်ဆစ်တော်လှန်းရေးပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီး နောက်ပိုင်းကျတော့ ဖက်ဆစ်တော်လှန်ရေးနေ မဟုတ်တော့ဘူးပေါ့။ ဒီဟာကို ၂၇ ရက်နေ့က စစ်သည်တွေ ချီတာကို အကြောင်းပြုပြီး တပ်မတော်နေ့လို့ ပြောင်းလိုက်တယ်။ အဲဒီကျလို့ရှိရင် တပ်ထဲမှာ စစ်ရေးပြ အခမ်းအနားတွေ ကျင်းပပြီး၊ တပ်မတော်နေ့ဆိုပြီး လုပ်လာတာတွေ ရှိတယ်''

''ကျနော် မှတ်မိသေးတယ်၊ တော်လှန်ရေးကောင်စီ တက်လာတဲ့အချိန်မှာ တပ်မတော်သားတွေဆီ ဆန္ဒတွေဘာတွေ မေးတော့ကာ ကျနော့်အနေနဲ့ ဆန္ဒပြုခဲ့တာတွေ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ တပ်မတော်နေ့ အခမ်းအနား လုပ်တာကတော့ လုပ်ပါ။ တပ်မတော်နေ့ဆိုတာက ရှိရမှာပဲ။ တပ်မတော်သားတွေ ဂုဏ်ပြုတဲ့နေ့။ သို့သော် အဲဒီနေ့ဟာ တပ်မတော်ထဲမှာ အခမ်းအနား ကျင်းပတာလောက်ပဲ ကောင်းတယ်။ တကယ့် နေ့ထူးနေ့မြတ်က လွတ်လပ်ရေးနေ့။ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးနေ့ဟာ အထွဋ်အမြတ်နေ့ ဖြစ်တယ်။ အထွဋ်အမြတ်နေ့မှာ တပ်မတော်သားတွေအနေနဲ့ စစ်ရေးပြ အခမ်းအနားလည်း လုပ်၊ ပြည်သူပြည်သားတွေ ဘက်ကလည်းပဲ၊ ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်းပဲ ပြည်သူနဲ့ တပ်မတော် အတူတကွ ချီတက်တဲ့ အခမ်းအနားတွေ လုပ်ပါဆိုပြီးတော့ အကြံဥာဏ်တွေလည်း ကျနော်တို့ ပေးခဲ့ဖူးတယ်''

''အဲဒါက မထိရောက်ဘဲ နောက်ပိုင်းမှာ တပ်မတော်နေ့ဆိုပြီး ဒီနေ့အထိ လုပ်လာတာပဲ။ အဲဒီနေ့မှာ အခမ်းအနား ကျင်းပပြီး တပ်ထဲမှာရှိတဲ့ စစ်သည်တော်များ အားလုံးအတွက် စစ်သွေးစစ်မာန်၊ ဇာတိသွေးဇာတိမာန် တက်ကြွဖို့ အခမ်းအနား လုပ်တာပါ။ ဟိုတုန်းက အကြံပေးခဲ့ဖူးတာက လွတ်လပ်ရေးနေ့မှာပဲ အဓိက ထားပြီးတော့ကာ တပ်မတော်သားတွေ အားလုံး ပါဝင်ဆင်နွှဲဖို့ ပြောခဲ့ပေမယ့်၊ တချို့က တပ်မတော်နေ့လို့ သတ်မှတ်ပါ။ အဲဒီနေ့မှာ တပ်ထဲမှာ သူတို့ဘာသာသူတို့ ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ်ပွဲတွေ လုပ်လို့ရှိရင် ဖြစ်နိုင်ပါတယ်ဆိုပြီး သဘောတူညီမှုတွေ ရှိခဲ့ဖူးတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ နောက်ပိုင်းမှာ စစ်ရေးပြ အခန်းအနားတွေနဲ့ပဲ လုပ်လာခဲ့တာ အခုထိပဲ။ အခုကျ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်မှာ အကြီးကျယ်ဆုံးလုပ်တဲ့ သဘော ရှိတဲ့အတွက် စစ်ရေးပြ အခမ်းအနားကို အကြောင်းပြုပြီး လုပ်လာတဲ့အတွက် တပ်မတော်နေ့ဆိုပြီး တွင်ကျယ်လာတာပါပဲ''

''တကယ်စင်စစ်က မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်နေ့ကို အားလုံး ချီတက်ပြီး ထွက်ကြတဲ့ အတွက်ကြောင့်မို့၊ ထွက်တဲ့တပ်တွေကလည်း သူတို့ဟာသူတို့ အမှတ်တရအနေနဲ့ ကျင်းပတဲ့ အတွက်ကြောင့်မို့လို့ ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ဖက်ဆစ်တော်လှန်နေ့က အမည်နာမအနေနဲ့က အမှန်အကန်ပါပဲ။ သို့သော် စစ်သည်တော်သားများ အားလုံးအနေနဲ့ တပ်မှူးအကြီး အငယ်တွေအနေနဲ့ အားလုံး အဆင့်ဆင့်က အစဉ်အလာလိုဖြစ်ပြီး ပြောဆိုလုပ်ကိုင်လာတာကတော့ ဒီနေ့အချိန်ထိ အခမ်းအနားတွေကို အကြီးအကျယ် လုပ်ပြီးတော့ တပ်မတော်နေ့ဆိုပြီး ဖြစ်လာတာပေါ့''

မေး။ ဖက်ဆစ်တော်လှန်ရေးခေတ် နောက်ပိုင်းကာလ တပ်မတော်သားတွေနဲ့ လက်ရှိ တပ်မတော်သားတွေ ဘယ်လို ကွာခြားတာမျိုးတွေ ရှိလဲခင်ဗျ။

“သိပ်ပြီးတော့ ကွာခြားတာပေါ့ကွာ၊ ဟိုတုန်းက တပ်မတော်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က အင်မတန် ကောင်းမြတ်တဲ့ စံနမူနာကောင်းတွေ ပြသွားခဲ့တယ်။ သူ ဖက်ဆစ်တော်လှန်ရေး ပြီးတဲ့အခါကျ တပ်ကို ပြန်ဖွဲ့တဲ့အခါမှာ ဂန္ဓီစာချုပ်အရ တပ်ကို ပြန်ဖွဲ့စည်းတယ်။ အရာရှိတွေနဲ့ ပတ်သက်လို့ ရွေးချယ်ခန့်ထားပြီး နောက်ပိုင်းမှာ သူကိုယ်တိုင်က တပ်မတော်ထဲမှာ မနေတော့ဘဲနဲ့ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ ဖဆပလ ပါတီ အဖွဲကြီးထဲမှာ သွားပြီးတော့ ဗမာ့လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး ဆက်လက်ကြိုးပမ်းတဲ့ ဥစ္စာက တပ်မတော်နဲ့ နိုင်ငံရေး (နိုင်ငံရေးဆိုတာက ပါတီ နိုင်ငံရေးကို ပြောတာပေါ့လေ)၊ နိုင်ငံရေးဆိုတာက ပြည်သူလူထုအားလုံးနဲ့ တပ်မတော်သားတွေက နိုင်ငံရေးရဲ့ ဇာတ်ကောင်တွေ ဖြစ်တယ်။ နိုင်ငံရေးရဲ့ သတ္တဝါတွေဖြစ်တော့ နိုင်ငံရေးဆိုတာက ရှိရမှာပဲ၊ ကင်းမှာ မဟုတ်ဘူး”

“သို့သော်လည်း တပ်မတော်ဟာ ပါတီနိုင်ငံရေးနဲ့ တပ်မတော် ကင်းကင်းရှင်းရှင်း နေရမယ်ဆိုတာကို ဗိုလ်ချုပ် အောင်ဆန်းက ပြခဲ့တယ်လေ။ ဒီအစဉ်အလာကို ထိန်းဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက် အသက်စွန့်ပြီး နောက်ပိုင်းမှာလည်း တပ်မတော်ကို ဆက်လက်တာဝန်ယူတဲ့ ပုဂ္ဂိုလ် အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း ခေတ်ပေါ့ဗျာ။ အဲဒီအခါမှာလည်းပဲ ဒီအရှိန်အဝါနဲ့ ဆက်လက်ပြီး အကောင်အထည်ဖော်ဖို့အတွက် တပ်မတော် ညီလာခံတခုကို ပထမဆုံးအကြိမ် ကျင်းပတယ်။ တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်းကို ရေးခဲ့တယ်။ ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို တို့တတွေက အသက်ပေးပြီး ကာကွယ်ကြရမယ်။ အဲဒီဟာကို ကာကွယ်ဖို့ အကြောင်းချင်းရာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတယ်''

''အဲဒီမှာ ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် ကာကွယ်ရေး ဦးစီချုပ် စာတမ်းတစောင်ကို ဖတ်ပြတယ်။ အဲဒီဖတ်ပြတဲ့ စာတမ်းက ဘာလဲဆိုတော့ - တို့တပ်မတော်အနေနဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒကို ရှေ့ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ အခုရှိနေတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အသက်ပေးပြီး တို့တတွေ ကာကွယ်ကြရမယ်။ နောင်သောအခါမှာ အခြေခံဥပဒေအပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ နိုင်ငံတော် တည်ဆောက်ရေး တို့တတွေ လုံးပမ်းကြရမယ်။ ဒါကြောင့်မို့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာပါတဲ့ ဥပဒေအချက်အလက်တွေကို ဖောက်ဖျက်ကျူးလွန်တာရှိသော် ငါကိုယ်တိုင် မထောက်မညှာ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမယ်။ ဒါကြောင့်မို့ ဒါကို မင်းတို့အားလုံး ဆွေးနွေးပြီးရင် ဒီဟာကို လက်မှတ်ထိုးကြပါ ဆိုတဲ့အတွက် ဒီဟာကို ၁၉၄၇ ခုနှစ် နိုင်ငံတော် အခြေခံဥပဒကို ကျနော်တို့ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် ထောက်ခံအားပေးပြီး လက်မှတ်ထိုးခဲ့တယ်။ အဲဒါက ဗမာ့တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်း ထုတ်ခဲ့တာ''

''ပထမဦးဆုံး ရွေးကောက်ပွဲတုန်းက ပါတီနိုင်ငံရေးနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ဖြစ်အောင်ဆိုပြီးတော့ ရွေးကောက်ပွဲတို့ဘာတို့ လုပ်တဲ့အခါမှာလည်း ပါတီပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို စစ်သည်စစ်သားများက ပါဝင်မှု မရှိဘဲနဲ့၊ မိမိတပ်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် ပစ္စည်းများကို မပတ်သက်ဘဲနဲ့၊ နောက်ပြီး သွားရောက်ပြီးတော့ သူတို့အတွက် ပြောပေးခြင်း၊ ဟောပေးခြင်း၊ ဆော်သြပေးခြင်း၊ လိုက်လံပြီး ကူညီဆောင်ရွက်ပေးခြင်း စသဖြင့် ပါဝင်ဆက်နွယ်ပြီးတော့ လုပ်လို့မရအောင် ကင်းကင်းရှင်းရှင်း ဖြစ်အောင် အမိန့်တွေ ထုတ်ထားတဲ့အတွက် တိတိကျကျပဲ လိုက်နာခဲ့ကြရတယ်''

''အခုကျတော့ တဖြည်းဖြည်း ပတ်သက်ပြီး သံယောဇဉ်တွေက ရှိခဲ့တာကိုး။ သံယောဇဉ်ရှိတဲ့အပေါ် မူတည်ပြီး၊ လိုက်နာပြီးတော့ ဆောင်ရွက်ပေးခြင်းအားဖြင့် နောက်ဆုံး တပ်က နိုင်ငံရေးထဲမှာ တဖြည်းဖြည်း အထူးသဖြင့် ပါတီနိုင်ငံရေးထဲမှာ တပါတီ၊ တဖွဲ့၊ လူတဦး အကျိုးစီးပွား အကျိုးငှာ အသုံးချခံလိုက်ရတဲ့ ဘဝကို ရောက်သွားတဲ့ဟာမျိုး ဖြစ်ခဲ့တာပေါ့။ အခုတော့ ဒီအခြေအနေအတိုင်းပဲ ဖြစ်သွားတာပေါ့လေ။ နိုင်ငံတော်မှာ နဂိုမူလက ဆောင်ပုဒ်က ရှိပြီးသား “ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ” ၊ “ပြည်သူသာလျှင် မိမိတို့၏ အင်အားစု” ဖြစ်တယ်။ ဒီပြည်သူတွေမှာလည်း တပ်မတော်သားတွေ ပါဝင်ခဲ့တာပဲ။ အဓိကဖြစ်တဲ့၊ မိဘတွေဖြစ်တဲ့ ပြည်သူတွေဟာ တကယ်ပဲ တပ်မတော်သားတွေရဲ့ အမိအဖ ဖြစ်ရမယ်ဆိုတာ တပ်မတော်သားတွေရဲ့ ဦးနှောက်ထဲမှာ ကိန်းအောင်းအောင် လုပ်ခဲ့တာပဲ''

''အခု ဒီလိုမဟုတ်တော့ဘူး၊ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ၊ အားလုံးက ဘယ်လို အတွေးအခေါ် ဖြစ်သွားလဲဆိုတော့ ညောင်ညိုပင်ကြီးရဲ့ အရိပ်ဟာ ပြည်သူလူထု တရပ်လုံးရဲ့ အရိပ်ပဲလေ။ ဒါပေမဲ့ အဲဒီ အရိပ်ကြီးကို ဝင်ရောက်ပြီးတော့ လာတဲ့ တပ်မတော်က သူတို့အနေနဲ့လည်း သူတို့ကိုယ် သူတို့၊ သူတို့အရိပ်လို့ ထင်ပြီးတော့ ဒီအရိပ်အာဝါသအောက်မှာ နေရတာကို မေ့လျော့နေပြီး သူတို့ဟာသူတို့ သီးခြားရပ်တည်တဲ့ အရိပ်ဖြစ်တယ်ဆိုတဲ့အနေနဲ့ လုပ်ကိုင်သွားနေတဲ့ သဘောတွေကတော့ မှန်ကန်လှတယ်တော့ မဟုတ်ဘူး။ အဲဒီဟာရဲ့ သဘောကတော့ ဒီနေ့ ဖြစ်ပျက်နေတဲ့ အခြေအနေအားလုံး တွေ့မြင်နေရတဲ့ အတိုင်းပါပဲ။ အဲဒီလို ဖြစ်သွားတဲ့ သဘောရှိနေတော့ တကယ်စစ်မှန်တဲ့ အရင်တုန်းက တွေးခေါ်ခဲ့တဲ့၊ ပြည်သူတို့ရဲ့ ကြားထဲမှာ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်သွားရမယ်ဆိုတဲ့ ဟာကိုတော့ ပြန်ရောက်လာအောင် လုံပမ်းကြိုးစားဖို့ အကုန်လုံးမှာ တာဝန်ရှိကြတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်''

မေး။ တပ်မတော်သားတွေ လိုက်နာရမယ့် စစ်သည်တော်များ ကျင့်ဝတ်ကို ဒီကနေ့ခေတ် စစ်သည်တော်တွေ လိုက်နာဆောင်ရွက်မှု ရှိမရှိနဲ့ပတ်သက်ပြီး ပြောပြပါဦးခင်ဗျ။

“အဓိက တပ်မတော်သားတွေက ''ပြည်သူတွေအပေါ်မှာ ရေလိုလလို ကျင့်ရမယ်'' ဆိုတဲ့ဟာက တပ်မတော်သားတွေက ပြည်သူလူထုအပေါ်မှာ အေးမြတဲ့ သဘော ပေးရမှာ ရှိတယ်။ သို့သော်လည်းပဲ နိုင်ငံတော်နဲ့ ပတ်သက်လို့ ဖြစ်လာတဲ့ ''ရန်သူအပေါ်မှာတော့ နေလိုမီးလို ကျင့်ရမယ်'' ဆိုတာတွေ ရှိတယ်။ ပြည်သူလူထုဟာ ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲ။ အမိအဖတွေက ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲနဲ့ သေသေချာချာ အမြင်ကောင်းတွေ မြင်ပြီးတော့ သွားဖို့တော့ လိုတာပေါ့’'

''ဟိုအရင်တုန်းက စစ်သည်တော် ကျင့်ဝတ် ၆ဝ ဆိုပြီး ရေးထားတာ ရှိတယ်။ ရဲဘော်တယောက်ချင်း ကျင့်ရမယ့် ကျင့်ဝတ်၊ ရဲဘော် အချင်းချင်းအပေါ် ကျင့်ရမယ့် ကျင့်ဝတ်၊ ပြည်သူပြည်သားတွေအပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်၊ ရန်သူပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်ဆိုတာတွေ ရှိတယ်။ ဒါတွေက ၆ဝ ရှိခဲ့တာပဲ။ ဒီနောက်ပိုင်းကျတော့ကာ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်မယ် ဆိုတော့ကာ တချို့အချက်အလက်တွေကို ဖြည့်ပြီးတော့ ရေးတာတွေလည်း ရှိတယ်။ တချို့နေရာတွေမှာလည်း ထပ်ဖြည့်တာတွေ ရှိတယ်။ ဆိုတော့ကာ စစ်သည်တော် ကျင့်ဝတ်က အရင်တုန်းက စစ်သည်တော် ၆ဝ မဟုတ်တော့ဘဲ တော်တော်များများ ဖြစ်ကုန်ကြမယ် ထင်ပါတယ်။ ဒီကြားထဲမှာလည်း ကြွေးကြော်သံတွေကလည်း အများကြီး ရှိတယ်။ အားမာန် ၁ဝ ချက်၊ ခွန်အား ၁ဝ ချက်တို့ ဘာတို့ဆိုတဲ့ ကြွေးကြော်သံတွေက တော်တော်ကို များတယ်။ နှစ်လည်း ကြာလာပြီဖြစ်တဲ့အတွက် တော်တော်များများ အသေးစိတ် မသိတော့ဘူး''

''အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဟာတွေကတော့ ပြည်သူတွေနဲ့ တသားတည်း၊ ပြည်သူတွေသည် အမိ၊ ပြည်သူတွေသည် အဖ ဖြစ်တဲ့အတွက် မိဘသဖွယ် ထားရတဲ့ ပြည်သူတွေအပေါ်မှာ သားကောင်းတယောက် စိတ်ဓာတ်မျိုးနဲ့ လုပ်ကိုင်ဖို့ဆိုတဲ့ အဓိကဟာကို ရေးထားတဲ့ ကိစ္စဖြစ်တယ်။ အခုဟာက အဲဒီလို မဟုတ်တော့ဘူး။ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖဆိုတာတွေကို တချို့နေရာမှာ ကြားတယ်။ အပေါ်ကနေပြီးတော့ တပ်မှူးကြီးများက လုပ်ဆောင်ပေးနေတဲ့အတွက် စစ်သည်တော်များက အောက်မှာ စားရသောက်ရနေရ ဖွံ့ဖြိုးနိုင်ပြီးတော့ အပြင်က လူထုနဲ့ မတူဘဲနဲ့ ပိုပြီးတော့ စားရသောက်ရ ပြည့်စုံအောင် စားရသောက်ရ ဖြစ်တဲ့အတွက် အထက်အဆင့်ဆင့်သော ဗိုလ်ကြီးတွေအပေါ်မှာ အင်မတန် အားကိုးစရာ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောဆိုသုံးစွဲလာတာတွေ ရှိလာတယ်။ အဲဒီ အတွေးအခေါ်တွေကတော့ မကောင်းတဲ့ အတွေးအခေါ်တွေ ဖြစ်တယ်။ ဒါက အရင်တုန်းက ထားရှိခဲ့တဲ့ သဘောသဘာဝတွေနဲ့ ပြောင်းပြန်ဖြစ်လာတဲ့ အနေအထားတွေ ဖြစ်လာပါတယ်''

မေး။ တပ်မတော်သားတွေအတွက် ရသင့်ရထိုက်၊ ခံစားသင့် ခံစားထိုက်တဲ့ အခွင့်အရေးတွေကို တပ်မတော်တွင်းမှာ ဘယ်လို ဆောင်ရွက်ပေးတာမျိုးတွေ ရှိခဲ့ပါသလဲ။

''တိုင်းပြည်တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းကောင်းအနေနဲ့ ဝန်ထမ်းကောင်းအဖြစ် တာဝန်ထမ်းဆောင်ရမှာပေါ့။ ကျွမ်းကျင်တဲ့သူတွေက ကျွမ်းကျင်သလို၊ စစ်သည်တော်လည်း စစ်သည်တော်အလျောက်၊ ဝန်ထမ်းဆိုရင်လည်း ဝန်ထမ်းကောင်းအလျောက်ပေါ့။ တပ်မတော်သားတွေအနေနဲ့ ဝန်ထမ်းကောင်းပဲ။ သူလည်း ကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးကို ဆောင့်ရွက်ရမှာပေါ့။ အလားတူပဲ ဟို .. ထိပ်ပိုင်းရောက်နေတဲ့ သူတွေကလည်း၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ အတိုင်းအတာ ကြီးမားတဲ့အတွက် ကာကွယ်စောင့်ရှောက်မှာ ဖြစ်တာပဲ။ အဲဒီလို ကာကွယ်စောင့်ရှောက်တဲ့အတွက် သူကျွမ်းကျင်တဲ့ ကာယ၊ ဥာဏ၊ ဝီရိယအားအတွက် နိုင်ငံတော်ကရတဲ့ အခွန်အတုတ်တွေထဲက သူတို့အတွက် လုံလောက်တဲ့၊ နေနိုင်ထိုင်နိုင်တဲ့ အခြေအနေဖြစ်အောင် ထိုက်သင့်အားလျှော်စွာ နေနိုင်ထိုင်နိုင်အောင် နိုင်ငံတော်က ထောက်ပံ့ကူညီပေးဖို့ လိုတယ်။ စစ်သည်တော်တွေနဲ့ ပတ်သက်တဲ့ ဇနီးသားမယား မိသားစုလည်း သူတို့ ရွပ်ရွပ်ချွံချွံ လုပ်ဆောင်တဲ့အတွက် ထိုက်သင့်အားလျော်စွာ ခံစားစံစားနိုင်ဖို့အတွက် ပြည်သူလူထုရဲ့ ဘဏ္ဍာငွေကနေ အချိုးကျ ပေးထားတာ ရှိတယ်။ စစ်မြေပြင်မှာ ထိမှု၊ ခိုက်မှု၊ ရှမှု အားလုံးကိုလည်း သူတို့ကို ထိုက်ထိုက်တန်တန် လုံးဝ ခံစားဖို့အတွက် ဆောင်ရွက်ပေးထားတာပဲ”

''ထိုက်သင့်အားလျော်စွာ သုံးဆောင်ပြီးရင် နောက်ဆုံး တပ်မတော်က အနားယူပြီး အပြင်ရောက်တဲ့ အခါမှာလည်း သူတို့ရဲ့ နေထိုင်စားရေး သောက်ရေး၊ ရှင်သန်ရေးအတွက်ကိုလည်းပဲ တိုင်းပြည်ကနေ ပြန်လည် ထောက်ပံ့နိုင်တဲ့ အစီအမံကောင်းတွေ ရှိထားတာပဲ။ အဲဒီ ရှိထားတဲ့ အတိုင်းအတာအလျောက်မှာပဲ ခံစားစံစား သွားတာက အမှန်ပဲ။ ဒီလိုမှ မဟုတ်ဘဲ၊ မိမိ ရသင့်ရထိုက်တာ မဟုတ်ဘဲ ပိုလျှံပြီးတော့ ကိုယ်ကျိုးအတွက်၊ တဦးတယောက်အတွက်၊ မိသားစုအတွက် ရှိသင့်ရှိထိုက်တဲ့ အထောက်အပံ့နဲ့ ပိုပြီးတော့ လောဘတက်ပြီး ယူဆောင်နေတာ ဖြစ်လာရင်တော့ အင်မတန်မှ မကောင်းတဲ့ အယူအဆ၊ အလေ့အထ၊ အကျင့်အကြံတခု ဖြစ်လာမယ်။ ဖြစ်လာတယ်ဆိုရင် တိုင်းပြည်ရဲ့ ဘဏ္ဍာတော်တွေ သုံးရစွဲရတဲ့အပိုင်းမှာ သူတို့ကို ပိုမိုပြီး အများအစားပေးပြီးတော့ လူမှုရေးဖြစ်တဲ့ ပြည်သူလူထုတရပ်လုံးရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားရရှိတဲ့ အခွင့်အရေးက နည်းပါးပြီးတော့ အထောက်အပံ့ နည်းလာမယ်။ အားအင်နည်းလာလို့ရှိရင် နောင်တပ်မတော်မှာ တာဝန်ထမ်းဆောင်ရမယ့် အင်အားကို ပြန်ဖြည့်ဖို့ အတိုင်းအတာကျရင် အားအင်ချိနဲ့တာ ဖြစ်လာမယ့် အတိုင်းအတာ ဖြစ်တယ်''

''အဲဒါကို မြင်ပြီးတော့ အရှည်ကို စဉ်းစားတဲ့အနေနဲ့ တပ်မတော်မှာ ဝင်လာပြီးရင် သူတို့အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကူညီထောက်ပံ့ပေးပြီး သူတို့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း၊ စစ်ဘက်မှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း၊ နောက်ပြီး စစ်ဘက်မှာ အနားယူချိန်အတွင်း ဒါတွေကို ကောင်းကောင်းမွန်မွန် သတ်မှတ်ထားတဲ့ အတွင်းမှာသာလျှင် ဖြည့်ဆည်းအောင် ဆောင်ရွက်ကြဖို့ လိုတယ်။ သူတို့ အပြင်ရောက်တဲ့ အခါမှာလည်း နိုင်ငံတော်အတွင်းမှာရှိတဲ့ အစားအသောက်၊ ကုန်ပစ္စည်းဈေးနှုန်း စတဲ့ ဒါတွေကလည်းပဲ အားလုံး ညီမျှအောင် ဆောင်ရွက်ပေးမှု လုပ်ဆောင်မယ်ဆိုရင်တော့ ဒီပြဿနာတွေက ပြေလည်စရာတွေ ရှိတာပေါ့”

မေး။ တပ်မတော်သားအတွင်းမှာ အထက်အောက် ကွာဟမှုတွေ များလာတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။

''အတိုင်းအတာတခုထိ ခွဲခြားသတ်မှတ်ပေးထားတွေ ရှိတာပေါ့။ သို့သော်လည်းပဲ အရာရှိရယ်လို့ ဖြစ်လာရင် အပေါ်ပိုင်း၊ ထိပ်ပိုင်းကိုး။ အခု အခြေအနေကို ကြည့်ရတာက အခွင့်ထူးခံချင်တဲ့ အနေအထား ရှိလာတာတွေ များတယ်။ သို့သော်လည်းပဲ တိုင်းပြည်တခုမှာ စည်းလုံးညီညွတ်မှုနဲ့ တပ်မတော်သားတခုလုံး ညီညီညာညာ ဖြစ်ရမယ်ဆိုလို့ရှိရင်တော့ သူ့ဟာသူ ပေးထားတဲ့ အခွင့်အရေးကောင်းတွေ မျှမျှတတ အချိုးအစားနဲ့ အောက်ဆုံးအဆင့်မှာ ရှိနေတဲ့ စစ်သည်တော်နဲ့ အထက်ဆုံးမှာ ရှိနေတဲ့ စစ်သည်တော်များ ရတဲ့ လစာနဲ့တကွ ရရှိမှု နှုန်းထားက သိပ်ပြီးတော့ ကွာခြားမှုမျိုး မဖြစ်သင့်ဘူးဆိုတာကိုတော့ အရင်တုန်းက အတွေးအခေါ် ရှိခဲ့ဖူးတာပေါ့။ အဲဒီလို ဖြစ်ဖို့တော့ ကြိုးစားဖို့ လိုတာပေါ့''

မေး။ တပ်သားအဆင့်မှာ ရှိတဲ့ မိသားစုတွေက ရတဲ့ လစာနဲ့ မလောက်ငလို့ တခြားလုပ်ငန်းတွေ လုပ်နေရတယ်။ တပ်မတော်သား ဇနီးသည်တချို့ ခန္ဓာကိုယ်ရောင်းစားရတဲ့ အဖြစ်မျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အရာရှိတွေရဲ့ မိသားစုဝင်တွေကျ ချမ်းသာနေကြတယ်။ အဲဒီလို တပ်တွင်းမှာ ကွာခြားမှုတွေ ဖြစ်နေတဲ့အပေါ်မှာ ဘယ်လို ထိန်းသိမ်းကာကွယ်သင့်တယ်လို့ ထင်လဲခင်ဗျ။

''အခုဟာက ပြောဆိုသံတွေ ကြားလည်း ကြားနေရတယ်။ မြင်လည်း မြင်နေရတယ်။ တွေ့လည်း တွေ့နေရတယ်။ ကွာခြားတာတွေ ရှိနေတယ်။ အမှန်က ဘယ်လိုဖြစ်ရမလဲဆိုတော့ အပြင်မှာ ပင်စင်ယူသွားပြီးလို့ရှိရင်၊ အငြိမ်းစား ယူသွားပြီးလို့ရှိရင် သူတို့ဟာသူတို့ ထိုက်သင့်အားလျော်စွာ ရပ်တည်နိုင်အောင် ဆိုလို့ရှိရင် အပြင် စီးပွားရေး အနေအထားက ကောင်းဖို့လိုတယ်။ စီးပွားရေး အနေအထားက အားလုံး မျှမျှတတ စားနိုင်တဲ့ အနေအထား ဖြစ်ဖို့လိုတယ်။ အခုဟာက ဒီလိုမဟုတ်တော့ဘဲနဲ့ အပြင်မှာ စားရေးသောက်ရေးနဲ့ ပတ်သက်ပြီး အင်မတန် ကျပ်တည်းနေတဲ့ ဟာကို အကြောင်းပြုပြီးတော့ကာ အောက်ခြေ အောက်လက်မှာရှိတဲ့ ဝင်ငွေနဲ့ မလုံလောက်လို့၊ မညီမျှလို့၊ မမျှတလို့တွေ ရှိနေတယ်။ ဒါပေမဲ့ အစိုးရက လစာတွေကို တိုးပြီးပေးတာက ၄ နှစ် တခါလောက် လုပ်တယ်။ သို့သော် အဲဒီလို လုပ်ပင်လုပ်ငြားသော်လည်းပဲ မပြည့်မီဘူး''

''ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစစအရာရာရော၊ စီးပွားရေး အခြေအနေအရရော ပိုမိုကောင်းမွန်လာတဲ့ အခြေအနေအထားမှာ မရှိတဲ့အတွက်ကြောင့် ဒီလိုပြဿနာတွေက တောက်လျောက် ဖြစ်နေမှာပဲ။ အထက်ပိုင်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒီဟာကို ကြည့်ပြီးတော့ - တို့ အပြင်ကို ရောက်ခဲ့လို့ရှိရင် တို့ လက်ရှိနေရတဲ့ အခြေအနေကနေ ပိုမိုဆုတ်ယုတ်ပြီး နေရမလားဆိုပြီး၊ အကုန်လုံးကိုတော့ မဆိုလိုဘူး၊ တချို့ပုဂ္ဂိုလ်တွေက လုံးပမ်းရင်းနဲ့ ချမ်းသာတဲ့အပိုင်းက သိပ်ပြီး ချမ်းသာ၊ မချမ်းသာတဲ့ အပိုင်းက မချမ်းသာ၊ သိပ်ပြီး ဒုက္ခရောက်တဲ့ အပိုင်းက ဒုက္ခရောက်၊ အဲဒီလိုပဲ မညီမညာ ဖြစ်ကုန်တဲ့အပိုင်း ဖြစ်တယ်။ အပြင်မှာ စီးပွားရေးကိစ္စနဲ့ ပတ်သက်တဲ့ အရာအားလုံး၊ စစ်သည်တော်တွေ ရရှိမယ့် အခွင့်အရေးတွေ အားလုံး၊ တတ်နိုင်သမျှ တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမယ်ဆိုရင် ဒီကွာဟမှုက တဖြည်းဖြည်း အခြေအနေကောင်းကို ဦးတည်သွားလိမ့်မယ်လို့တော့ ထင်တာပေါ့။ ဒါပေမဲ့ ဒီပုံစံအတိုင်းက ဒီလမ်းကို မမြင်သေးဘူးဆိုတဲ့ သဘောရှိတယ်''

မေး။ တပ်မှူးဟောင်းတယောက်အနေနဲ့ တပ်မတော်သားတွေနဲ့ ပြည်သူတွေကို ဘယ်လို ပြောပြချင်တာတွေ ရှိပါသလဲ။

''စစ်မှူးထမ်းလုပ်တယ်ဆိုတာ အင်မတန်ကို တိုင်းပြည်အတွက်၊ တိုင်းသူပြည်သားတွေအတွက် အသက်အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ မူတွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာ ဖြစ်တယ်။ မွန်မြတ်တဲ့ အလုပ်လုပ်ရမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာပဲ ကောင်းတယ်။ ဒီလိုမျိုး မဟုတ်ဘဲနဲ့၊ စစ်သည်တော်များ လုပ်ရမယ့် အပိုင်းတွေမှာ ဒီလိုအခြေအနေမျိုး မဟုတ်ဘဲနဲ့ ကျန်တဲ့ တခြားကိစ္စအဝဝတွေမှာ စိတ်ပါဝင်စားမှု ရှိလို့ရှိရင် မူလ ရည်ရွယ်ချက်တွေကတော့ အထမြောက် အောင်မြင်မှာ မဟုတ်ဘူးဆိုတာမျိုး ဖြစ်လာတာပေါ့။ အဲဒါကြောင့် စစ်သည်လုပ်ငန်းကို မိမိကြိုက်နှစ်သက်လို့ လုပ်တာဖြစ်တဲ့အတွက်၊ ကြိုက်နှစ်သက်တဲ့ လုပ်ငန်းအောင်မြင်အောင် သီးခြားဝန်ထမ်းကောင်းဖြစ်ဖို့၊ လုပ်ဖို့တော့ လိုတာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ လာတယ်ဆိုကတည်းက ရည်ရွယ်ချက်ကိုက မှားယွင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတယ်ဆိုရင် မကောင်းဘူး''

''ဒီဝန်ထမ်းလုပ်ငန်းဟာ တခြားတခြားသော အဖွဲ့အစည်းတွေနဲ့ မတူဘဲနဲ့ ထူးခြားတဲ့ အဖွဲ့အစည်းဖြစ်လို့ ထူးခြားတဲ့ အခွင့်အရေးတွေ ရှိငြားသော်လည်းပဲ ကိုယ်ရသင့်ရထိုက်တဲ့ အတိုင်းအတာ ရပြီးတော့၊ အနစ်နာခံပြီးတော့ လုပ်ဆောင်သင့်တယ်။ တပ်ထဲမှာ ဝင်ကတည်းက ဆင်းရဲမယ်၊ အနစ်နာခံမယ်၊ ဒါတွေက နဂိုမူလအရ လုပ်ငန်းသဘောသဘာဝ ပါလာပြီးသားဖြစ်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီး အနစ်နာခံမယ်၊ ကိုယ်ကျိုးစွန့်မယ်ဆိုတဲ့ စသဖြင့် ဟာတွေက ပြန်လည်ပြီး ရှိလာဖို့အတွက် လုပ်ကိုင်သွားကြဖို့ လိုတယ်။ အဲဒီကျမှာသာလျှင် တဖြည်းဖြည်း အားကိုးရာ ဖြစ်မယ်။ အခုကြည့်ရတာက လူအင်အားတွေ သိပ်ပြီး တိုးပြုနေတာထက် အရည်အချင်း အင်အား ထပ်တိုးဖို့လိုတဲ့ သဘောသဘာဝတော့ ရှိတယ်''
http://www.mizzimaburmese.com/interview/5121-2010-03-26-12-33-07.html

တရားခံက တပ်မတော်
မြင့်မောင် | သောကြာနေ့၊ မတ်လ ၂၆ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၅၃ မိနစ်

၆၅ နှစ်မြောက် တပ်မတော်နေ့ အကြိုတွင် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှသည် ၁၉၉ဝ ခုနှစ် အစောပိုင်း ကာလများထိအောင် အဓိက နိုင်ငံရေးပြိုင်ဘက် အင်အားစုများဖြစ်သော ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့၏ အမြင်များကိုလည်း စုစည်းတင်ပြထားရာ ယခု အင်တာဗျူးတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်း၏ တပ်မတော်အပေါ် အမြင်ကို ဆက်သွယ်မေးမြန်း တင်ပြထားသည်။

မေး။ မနက်ဖြန်မှာ မြန်မာအစိုးရက တပ်မတော်နေ့ဆိုတဲ့ အမည်နဲ့ ကျင်းပမှာဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လို တုံ့ပြန်ပြောဆိုချင်လဲခင်ဗျ။

''မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်တော်လှန်းရေးနေ့ဆိုတာ လူတိုင်း သိကြပါတယ်။ အဲဒါကို စစ်အစိုးရတွေကနေ စပြီးတော့၊ ဗိုလ်နေဝင်း လက်ထက်ကနေ စပြီးတော့ သူ့တို့ တပ်မတော်နေ့အဖြစ် လုယူထားတာ ဖြစ်တယ်။ တကယ်ကျတော့ ဒီတပ်မတော်ဟာ ဖက်ဆစ်ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး လုပ်ခဲ့တဲ့ တပ်မတော်နဲ့၊ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ဆိုလို့ရှိရင် အများကြီး ကွာသွားပြီ။ အဲဒီတုန်းက မျိုးဆက်တွေနဲ့လည်း အများကြီး ကွာသွားပြီ။ အစဉ်အလာတွေလည်း လုံးလုံးစွန့်လွှတ်လိုက်ပြီလို့လည်း ပြောလို့ရပါတယ်''

''မောင်ပိုင်စီးပြီးတော့ ပြည်သူလူထု အထွဋ်အမြတ်ထားတဲ့ နေ့တနေ့ကို ပြည်သူတွေအပေါ်မှာ သတ်ဖြတ်နေတဲ့၊ ညှဉ်းဆဲနေတဲ့ တပ်မတော်ကို ဂုဏ်ပြုတဲ့နေ့အဖြစ် ပြောင်းလဲလိုက်တာဟာ မြန်မာပြည်သူလူထုတွေနဲ့ ဖက်ဆစ်တော်လှန်ရေး လုပ်ခဲ့တဲ့ တပ်မတော်သားတွေ၊ ပြည်သူတွေကို စော်ကားလိုက်တာလို့ ကျနော် ပြောချင်ပါတယ်။ ဒီဟာလိုပဲ တခြားသမိုင်းနဲ့ ပတ်သက်ပြီးတော့ မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) အစ၊ နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) က သူတို့ ကပြောင်းကပြန် လုပ်ထားခဲ့တဲ့ ဟာတွေက အများကြီး ရှိတယ်။ တနေ့ကျရင် အားလုံး လှန်ပစ်ရမယ်။ အားလုံး တည့်မတ်ယူရမယ်လို့တော့ ကျနော် မြင်ပါတယ်''

မေး။ တပ်မတော်ကို စပြီး သန္ဓေတည်ခဲ့တဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ဒီကနေ့ တပ်မတော်ရဲ့ အခြေအနေဟာ ဘယ်လိုကွာဟချက်တွေ၊ ကွာခြားချက်တွေ ဖြစ်နေတယ်လို့ ပြောနိုင်မလဲခင်ဗျ။

''အရင်တုန်းက တပ်မတော်က ပြည်သူလူထုကို ကယ်တင်ဖို့အတွက်၊ ပြည်သူလူထုကို ဖိနှိပ်တဲ့ ဖက်ဆစ်နယ်ချဲ့ကို မောင်းထုတ်ဖို့အတွက်၊ လိုအပ်ရင် ချေမှုန်းပစ်ဖို့အတွက် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုဟာက အဲဒါနဲ့ ပြောင်းပြန်။ နယ်ချဲ့ဖက်ဆစ်ကို တိုက်တာလည်း မရှိ၊ ကိုယ့်ပြည်သူလူထုကို နှိပ်စက်နေတဲ့ တပ်မတော် ဖြစ်နေပါတယ်။ အရင်တုန်းက တပ်မတော်ရဲ့နောက်မှာ ပြည်သူလူထုကြီးက သွေးစည်းညီညွတ်ခဲ့ကြတယ်။ တိုင်းပြည် စည်းလုံးညီညွတ်ရေးအတွက် တပ်မတော်က အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ အခုကျတော့ တပ်မတော်ရဲ့နောက်မှာ ပြည်သူလူထုက မရှိတော့ဘူး။ ဒီတပ်မတော်လည်း ပြည်သူလူထု သွေးစည်းညီညွတ်မှုကို ဖျက်ဆီးနေတဲ့၊ သွေးခွဲပေးနေတဲ့ တပ်မတော် ဖြစ်နေပါတယ်''

မေး။ တပ်မတော်ဟာ နိုင်ငံတော်အာဏာကို ဒီကနေ့ ထိန်းသိမ်းထားရတဲ့ အဖြစ်ဟာ ဘယ်လိုလုပ်ပြီး ပေါ်ပေါက်လာတာလဲခင်ဗျ။ နိုင်ငံရေးနောက်ခံလေး ပြောပြစေချင်ပါတယ်။

“ဒီတပ်မတော်ဟာ ပြည်တွင်းစစ် ဖြစ်လာတဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး) ထဲက ဆိုရှယ်လစ်တွေကို တပ်ထဲမှာရှိတဲ့ ဗိုလ်နေဝင်းတို့ အုပ်စုတို့ကနေပြီးတော့ ပြည်တွင်းစစ်ကို မဖြစ်ဖြစ်အောင် လုပ်ပြီးတော့ တောထဲကို မောင်းပို့လိုက်တဲ့ အခါကျတော့၊ ဒီကနေ့ ကျောင်းသားတွေ တောခိုရတဲ့ အဖြစ်မျိုးရောက်အောင်၊ ဒီလမ်း ရောက်အောင် တမင်တွန်းပို့လိုက်တာ ဖြစ်တယ်။ ဖြစ်လာတဲ့အခါ ပြည်တွင်းစစ်ဆိုတော့ ပြည်သူတွေကြားထဲမှာ ပစ်ရတဲ့အတွက် တပ်မတော်ဟာ ပြည်သူတွေကို နှိမ်နှင်းတာတွေ ဖြစ်လာတယ်။ အဲဒီလိုနဲ့ ဖဆပလ အစိုးရလက်ထက်မှာ စစ်တပ်နဲ့ စစ်အုပ်စု၊ ဆိုလိုတာကတော့ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုရဲ့ အင်အားက တဖြည်းဖြည်း တန်ခိုးထွားလာတယ်။ သူတို့က လက်နက်ကိုင်ထားတာ ဖြစ်နေတော့ ကျန်တဲ့ ဖဆပလ ထဲက ခေါင်းဆောင်တွေဟာ တဖြည်းဖြည်းနဲ့ သူတို့ကို မယှဉ်နိုင်ဘူးဖြစ်လာတယ်။ စစ်အုပ်စုက တဖြည်းဖြည်းနဲ့ အင်အားကြီးလာပြီး ၁၉၅၈ ခုနှစ်မှာ ပထမဆုံး အာဏာသိမ်းတာ လုပ်လာခဲ့တယ်။ အဲဒီကစပြီးတော့ သူတို့က အာဏာရဲ့ အရသာကို သိသွားပြီးတော့ ချက်ချင်းပဲ ၁၉၆ဝ ခုနှစ်မှာ အာဏာပြန်အပ်ပေးတယ်။ ဘာမှ မကြာဘူး တနှစ်၊ ၂ နှစ်အတွင်းဖြစ်တဲ့ ၁၉၆၂ ခုနှစ်မှာ အာဏာပြန်သိမ်းယူခဲ့တာ ဒီနေ့အထိပဲ။ အာဏာကို သူတို့က အုပ်စီးမယ်။ တိုင်းပြည်ရဲ့ အကောင်းဆုံးဖြစ်တဲ့ ဘဏ္ဍာအရင်းအမြစ်၊ သဘာဝ သယံဇာတ အရင်းအမြစ် အားလုံးကို သူတို့ပဲ ခံစားမယ်။ သူတို့ပဲ အဓိက ခွဲဝေသုံးစွဲမယ်ဆိုတဲ့ ပေါ်လစီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်''

မေး။ နိုင်ငံတကာမှာတော့ တိုင်းပြည်ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍအတွက်ပဲ တပ်မတော်ကို ထားချင်ကြပါတယ်။ အဲဒီအမြင်တွေနဲ့ မြန်မာပြည်ရဲ့ အနေအထားကရော ကိုက်ညီမှု ရှိပါရဲ့လားဗျ။

“တပ်မတော်ဆိုတာက လက်နက်ကိုင်ထားတဲ့ သူတွေဟာ နိုင်ငံရေး အဆောက်အအုံနဲ့ ကင်းအောင်နေတာ ကောင်းပါတယ်။ အဲဒီ ၂ ခု ရောထွေးသွားလို့ရှိရင် ဘယ်တိုင်းပြည်မဆို ဒုက္ခရောက်တတ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထု ဒုက္ခရောက်တတ်ပါတယ်။ ဒါမျိုးတွေက တချို့တိုင်းပြည်တွေမှာ တွေ့တတ်ပါတယ်။ ဒါမျိုးတွေက ကြာရှည်မရှိပါဘူး။ ကာလတိုတခု ဖြစ်တယ်။ ဗမာပြည်မှာသာ ကမ္ဘာ့သမိုင်း စံချိန်တင်လောက်တဲ့ ရာစုနှစ်တဝက် ကျိုးတော့မယ်။ တပ်မတော်ရဲ့ အာဏာသိမ်းခဲ့တဲ့ သက်တမ်း နောက်နှစ်ဆို ကျိုးတော့မယ်။ ဒါမျိုးက မဖြစ်သင့် မဖြစ်ထိုက်တဲ့ဟာ။ တိုင်းပြည်နာဖို့၊ လူထုနာဖို့၊ အိမ်နီးနားချင်းနိုင်ငံတွေ နစ်နာတဲ့အဖြစ်လည်း ရောက်ပါတယ်''

မေး။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ စစ်တပ်က နိုင်ငံတော် အာဏာကို ဆက်ထိန်းထားရအောင်လို့ ရေးဆွဲထားတာလို့ ပြောကြပါတယ်။ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

“ဟုတ်ပါတယ်။ ဒီ ရွေးကောက်ပွဲဟာ စစ်တပ်က အာဏာကို ထိန်းထားတာက အလွယ်တကူ မဟုတ်ဘူး။ သူက တရားဝင် ဖြစ်သွားမယ်။ ဆွေစဉ်မျိုးဆက်နဲ့ ဖြစ်နိုင်လို့ရှိရင် ကမ္ဘာတိုင် ထိန်းသွားဖို့လုပ်တာ ဖြစ်ပါတယ်။ သူတို့ ဒီဟာကို လုပ်တဲ့ဟာက သာမန် မဟုတ်ဘူး။ ပြင်ဆင်ပြီးလို့။ ပြင်ဆင်တာက ဗိုလ်ခင်ညွန့် လက်ထက်ကတည်းက လမ်းပြမြေပုံချပြီး ပြင်ဆင်လာတာက အကြာကြီးပဲ။ အနှစ် ၂၀ နီးပါး ပြင်ဆင်ပြီးတော့ လုပ်လာတဲ့ ကိစ္စဖြစ်တယ်။ ဒီလိုလုပ်တဲ့ဟာက သူတို့ ပိုင်ပြီဆိုပြီး လုပ်တာဖြစ်တယ်။ သူတို့ အားနည်းလို့ နောက်ဆုတ်တာ မဟုတ်ဘူး။ (တချို့က အဲဒီလို လျှောက်ပြောနေတာရှိလို့)။ သူတို့အားနည်းလို့ နောက်ဆုတ်လိုက်တာ မဟုတ်ဘူး။ သူတို့ ပြင်ဆင်ပြီးလို့ အပြတ်လုပ်တာ ဖြစ်တယ်။ အပြတ်လုပ်တာက အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုလုံးကို အညွန့်ချိုးဖို့၊ နိုင်ငံရေးအညွန့်ချိုးဖို့ ကြိုးစားတာ ဖြစ်တယ်။ ဒီ ၂ ခု အညွန့်ကျိုးလို့ရှိရင် ဗမာပြည် ပြည်သူလူထုကြီးရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေလည်း အညွန့်ကျိုးသွားမယ် ဆိုတာကို မျှော်လင့်ပြီးတော့၊ ယူဆပြီးတော့ စီမံကိန်းကျကျ လုပ်လာတာ ဖြစ်တယ်'

မေး။ တပ်တော်ရဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော် ခေါင်းဆောင်တွေကို ဘာများ မှာကြားချင်ပါသလဲ။

“တပ်မတော် ခေါင်းဆောင်ဆိုတာကလည်း တပ်မတော်တွင်းမှာရှိတဲ့၊ ရိုးသားတဲ့၊ ပြည်သူလူထုအပေါ်မှာ သံယောဇဉ်ရှိတဲ့ အဆင့်အသီးသီးက တပ်မှူးတပ်သား အားလုံးကို ပြောချင်တာကတော့ ဒီနေ့ ဗမာပြည်ကြီးဟာ သူတို့လည်း သိတယ်၊ သူတို့လည်း မြင်နေတယ်၊ အင်မတန်ကိုမှ အခြေအနေ ဆိုးနေပါပြီ။ နိုင်ငံတကာမှာ ဆင်းရဲရုံတင်မက ဂုဏ်သိက္ခာလည်း ကျနေပါပြီ။ အဲဒါအတွက် တရားခံက တပ်မတော်လို့ လုံးလုံးလျားလျား ဖြစ်နေပါတယ်။ အဲဒီအခြေအနေကနေ ပြန်လည်ပြောင်းလဲနိုင်ဖို့ ကြိုးစားကြပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်''
http://www.mizzimaburmese.com/interview/5124-2010-03-26-16-36-49.html

အကျပ်အတည်း ကာလ NLD ခေါင်းဆောင် ၂ ဦး၏ အမြင်များ

အကျပ်အတည်း ကာလ NLD ခေါင်းဆောင် ၂ ဦး၏ အမြင်များ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် များသည် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံ တင်ရေး မတင်ရေး၊ ၂၀၁၀ ရွေးကောက် ပွဲတွင် ပါဝင်ရေး၊ မပါဝင်ရေး အတွက် မကြာမီ ရက်ပိုင်း အတွင်း ရန်ကုန်မြို့တွင် ဆွေးနွေးကြ တော့မည် ဖြစ်သည်။ ပါတီမှတ်ပုံတင်ပါမှ တရားဝင် ဆက်လက်ရပ်တည်နိုင်မည် ဖြစ်သော်လည်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရန် ဆန္ဒမရှိကြောင်း အင်္ဂါနေ့က ပြောဆိုခဲ့သည်။ NLD ခေါင်းဆောင်ပိုင်း တွင်လည်း လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေနှင့် ပတ်သက်ပြီး သဘောထား ကွဲပြားလျက်ရှိသည်။ ထိုသဘောထားများကို သိရှိရန် ဧရာဝတီက NLD ခေါင်းဆောင်များ ဖြစ်သော ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ကို ဆက်သွယ် မေးမြန်းထားပါသည်။

ဦးဝင်းတင်သည် ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး ဦးခင်မောင်ဆွေသည် ၁၄ နှစ်ကြာ အကျဉ်းကျခံခဲ့ရသူ ဖြစ်သည်။ ဦးဝင်းတင်က ပါတီမှတ်ပုံတင်ရေးကို ကန့်ကွက်လျက်ရှိပြီး ဦးခင်မောင်ဆွေက ပါတီမှတ်ပုံတင်သင့်သည်ဟု ယူဆနေသည်။

ဦးခင်မောင်ဆွေ

မေး။ ။ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနဲ့ ပတ်သက်၍ အဓိက အကြောင်းပြချက် သုံးခုကို ပြောပြပါ။

ဖြေ ။ ။ တစ်အချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွဲ့ဝင်တင် မကဘူး ပြည်သူလုထုကြီးကပါ လေးစားပြီး အားကိုးနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူ့ကိုတော့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ခွဲထုတ်မယ် ဆိုတဲ့ ရည်ရွယ်ချက် လုံးဝ မရှိဘူး။ ထုတ်လို့လည်း မရဘူး။ ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ မြန်မာပြည်နိုင်ငံရေးကို ဖြတ်သန်းမယ် ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ လက်တွေ့ပဲ။ မှတ်ပုံတင်ရေးဟာ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးတော့ ၆လဒဏ်တွေ၊ ၇လဒဏ်တွေ ကြားထဲမှာ ပြန်ထွက်လာတဲ့ အခါမှာ နိုင်ငံရေးပါတီရဲ့ အ၀န်းအ၀ိုင်းထဲမှာ ဆက်ရှိနေစေချင်တဲ့ သဘောရှိတယ်။ မလွဲမသွေ ကျနော်တို့ဟာ ပါတီတရပ် လိုတယ်။

နှစ်အချက်က တော့ အခုနေခါမှာ ပါတီနိုင်ငံရေး လမ်းကြောင်းက သွားမှသာလျှင် အခြေခံဥပဒေ ပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး အစရှိတဲ့ဟာတွေကို ဥပဒေ အတွင်းကနေ ဖော်ဆောင် နိုင်မှသာလျှင် ဒါဟာ ဖြစ်နိုင်တဲ့ သဘောရှိတယ်။ မကြိုက်တဲ့ ဥပဒေတွေကို မကြိုက်ဘူး အော်နေလို့ မရဘဲနဲ့ ဥပဒေတွေကို ပြင်နိုင်တဲ့ လမ်းကြောင်းက ဥပဒေတွင်း တိုက်ပွဲကသာလျှင် ဖြစ်နိုင်တော့မယ်လို့ ယုံကြည်လို့ ဖြစ်တယ်။

သုံးအချက်ကတော့ အဲဒီလို ဖြစ်နေတဲ့ အနေအထားမှာ ပြန့်ကျဲ နေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို စုစည်းမယ်ဆိုတဲ့ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကို ပြောင်းပြန်လှန် ပြီးတော့ ပြန့်ကျဲသွားအောင် မလုပ်နိုင်ဘူး။ တချိန်တည်းမှာပဲ လူငယ်မျိုးဆက်တွေက ဒီမိုကရေစီ နိုင်ငံရေးကို သယ်ဆောင်ဖို့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး အစဉ်ကို ခွစီးနိုင်အောင် ပါတီထဲက ရှိနေဖို့လိုတယ် ဆိုတဲ့ အမြင် သုံးရပ်နဲ့ ကျနော်တို့ဟာ ပါတီကို မှတ်ပုံတင်သင့်တယ် ဆိုတဲ့ သဘောထားကို လက်ခံထားတာ ဖြစ်ပါတယ်။

ပါတီဖျက်တယ် ဆိုတာက ဘယ်အခါမဆို ဖျက်လို့ရတယ်။ ရွေးကောက်ပွဲ ၀င်ခါနီးမှာလည်း ကပ်ဖျက်လို့ရတယ်။ လွှတ်တော်ထဲကို ရောက်ခါနီးမှာလည်း ဖျက်လို့ရတယ်။ ပါတီဖျက်တာက လွယ်ပါတယ်။ ပါတီထောင်ဖို့သာ ခက်တယ်။ နိုင်ငံရေး တိုက်ပွဲကို အစီအစဉ် ရှိရှိသွားချင်တယ် ဆိုရင်တော့ ပါတီရပ်တည်ရေးက လိုနေတယ်။ ပါတီ မရှိတော့ဘူးဆိုရင် ဘာလုပ်မလဲဆိုတာ ရေရေရာရာ မရှိဘဲနဲ့တော့ ပါတီဖျက်ရေးကို သမိုင်း တရားခံ အဖြစ်မခံနိုင်ဘူး ဆိုတဲ့ သဘော ကျနော်ရပ်တည် တာပဲ ဖြစ်ပါတယ်။

မေး ။ ။ အကယ်၍များ NLD ပါတီဟာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုလို့ရှိရင် NLD ပါတီဘာ ဖြစ်လာနိုင်မလဲ။ အကယ်၍များ NLD ပါတီ မယှဉ်ပြိုင်တော့ဘူး ဆိုရင် NLD ပါတီ ဘာဖြစ်လာနိုင်မလဲ။

ဖြေ ။ ။ ၀င်ပြိုင်မယ် ဆိုရင်တော့ ဒီအတိုက်ခံ အင်အားစုတွေဟာ ထင်ထင်ရှားရှား ပေါ်လာမှာပဲ။ နိုင်ငံရေးမှာ အတိုက် အခံ မရှိဘဲနဲ့ လုပ်မယ် ဆိုလို့ရှိရင် တပါတီ ကြီးစိုးပြီးတော့ ပါလီမန်ထဲမှာ အများစု အနိုင်ကျင့်တာကို ခံရမှာ။ အတိုက်ခံ မရှိတဲ့ နိုင်ငံရေးဟာ မှားနိုင်စရာတွေ အများကြီးတယ်။ အဲဒီတော့ ပြည်သူအတွက်၊ နိုင်ငံအတွက် စဉ်းစားမယ်ဆိုရင် အတိုက်ခံ နိုင်ငံရေး အုပ်စုက လွှတ်တော်ထဲမှာ ရှိမှသာလျှင် လုပ်သွားနိုင်တဲ့ အခွင့် အရေးရမှာ မို့လို့ NLD ပါတီဟာ ပါတီရပ်တည်ရေး အပြီးမှာ ရွေးကောက်ပွဲဝင် မယ်ဆိုရင် အများက ဆုံးဖြတ်မယ်ဆိုရင် ၀င်ဖို့၊ အများက မဆုံးဖြတ်ဘူးဆိုရင် မ၀င်ဖို့ဘဲပေါ့။

မ၀င်လို့ရှိ ရင်ဘာဖြစ်မလဲ ဆိုတော့ မ၀င်လို့ရှိရင် ၈၈ အရေးတော်ပုံကြီးနဲ့ အတူမွေးဖွားလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို ဒီမိုကရေစီ နိုင်ငံရေး ပေါ်မှာ သစ္စာရှိတဲ့ ပါတီမျိုးဟာ နောက်တခါ ပြန်ရဖို့ မလွယ်တော့ပါဘူး။ ပြန့်ကျဲနေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို ပြန်ရရှိနိုင်ဖို့ သိပ် မလွယ်တော့ဘူး။ နောက်ပြီး ပြည်သူတွေဟာ ဘယ်သူ့ကို အားကိုးရမလဲ ဆိုပြီးတော့ မဲပေးတဲ့ အခါမှာလည်းပဲ စဉ်းစား ချင့်ချိန်နိုင်တဲ့ အင်အား တနေရာတည်းမှာ ရောက်နိုင်မှာ မဟုတ်ဘူး။ အခုနေခါမှာတော့ NLD ဟာ ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူး ဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။ မေးလို့သာ ဖြေတာ ဖြစ်ပါတယ်။

မေး ။ ။ အကယ်၍ NLDပါတီ ၀င်ရောက်ယှဉ်ပြိုင်မယ် ဆိုရင် ၁၉၉၀ တုန်းကလိုပဲ အပြတ်အသတ် နိုင်ပါဦးမလား။

ဖြေ ။ ။ အပြတ်အသတ်ကတော့ ရချင်မှ ရမယ်။ ဒါပေမယ့် ဒီအားပြိုင် နိုင်ငံရေးကို လွှတ်တော်ထဲမှာ တရားဝင် လုပ်နိုင်တဲ့ အနေအထားမျိုးတော့ ရနိုင်ခြေ ရှိနေသေးတယ်လို့ပဲ ပြောရပါမယ်။

မေး ။ ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်ပေါ်လာနိုင်မယ့် မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို ဘယ်လို မြင်ထားတာ ရှိလဲ။

ဖြေ ။ ။ စစ်တပ်က လွှမ်းမိုး ချုပ်ကိုင်တာကတော့ ဆက်ရှိနေမှာပဲ။ ရှိနေပေမယ့်လည်း ရှိနေတဲ့ အရပ်သားအစိုးရ ထဲမှာ ဌာနတွေ ခွဲကိုင်မယ့် ပုဂ္ဂိုလ်တွေဟာ ဟိုတုန်းကလို တယောက်တည်း ကနေပြီးတော့ ချုပ်ကိုင်တဲ့ အာဏာအောက်မှာ ရှိမှာ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြားရေး၊ စီးပွား ကုန်သွယ်ရေး အစရှိတဲ့ ဟာတွေမှာ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူတွေလက်ထဲကို အကုန်လုံး ထိုးသိပ်ရနိုင်တဲ့ အခွင့် အရေးတွေ ရမှာမဟုတ်တော့ဘူး။ နောက်ပြီး အခုလက်ရှိ ရှိနေတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ အပါအ၀င်၊ ပါတီ ဥပဒေ အပါအ၀င်၊ ၅(ည)တို့ (၁၀) က၊ ခ အပါအ၀င် ပြည်သူတွေ အဖို့ မသင့်လျော်တဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ခွင့်ဟာ အများစုမှာ ရှိနေပါတယ်။

အဲဒီတော့ အများစု ဆန္ဒနဲ့ ဆုံးဖြတ်နိုင် ခွင့်ရှိတဲ့ ကိစ္စကို လွှတ်တော်ထဲမှာ အများစု ဆုံးဖြတ်သွားနိုင်မယ် ဆိုရင် တဖြည်းဖြည်းနဲ့ တဆင့်ပြီး တဆင့် ဥပဒေတွေကို ပြင်နိုင်ခွင့်တွေ ရမှာ ဖြစ်တယ်။ အခြေခံ ဥပဒေ ပြင်ရင်တော့ ၇၅ရာခိုင်နှုန်း plus နဲ့ သွားရမှာပေါ့လေ။ ဒါကတော့ အဆင့်ဆင့် အများကြီး ကျန်တာပေါ့လေ။ ဒီထဲမှာ ရှိနေတဲ့ ပြည်သူလူထုရဲ့ ခံစားနေရတဲ့ လူမှု ဒုက္ခတွေ၊ လူ့အခွင့်အရေး မညီမျှမှုတွေကို လွှတ်တော်ကနေပြီး အတိုင်းအတာ တခု အထိ ဖြည်းဖြည်းချင်း ဆောင်ရွက်သွား နိုင်ခွင့်တွေ ရလာလိမ့်မယ်။ ဒါကို လက်တွေ့ကျမှပဲ တိတိကျကျ သိရမှာပေါ့။

နောက်ပြီးတော့ နိုင်ငံတကာဟာ ဒီမှာ အပြောင်း အလဲတခုကို သူတို့ ကိုယ်တိုင် ၀င်ပြီးတော့ မလုပ်နိုင်ဘူး ဆိုတာ သူတို့ သိနေတယ်။ ဆိုတဲ့ အခါကျတော့ ချက်ချင်း ဒီမိုကရေစီ ရမယ့် အခွင့် အရေးဟာ မရှိတော့ဘူး။ မရှိတော့တဲ့ အခြေအနေမှာ ချက်ချင်း ၀ုန်ဒိုင်း ဒီမိုကရေစီ ရနိုင်ပါတယ်လို့ ထင်မှားနေမယ် ဆိုလို့ရှိရင် သွားမယ့် နိုင်ငံရေး လမ်းကြောင်းဟာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ပြည်သူလုထုမှာ သွေးထက် သံယို မရှိဘဲနဲ့ အကျအရှုံး အနည်းဆုံးနဲ့ သွားနိုင်တဲ့ လမ်းကြောင်းကို ရွေးခြင်းကသာ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်တယ်လို့ ကျနော်တို့က ယူဆတယ်။

ဦးဝင်းတင်

မေး ။ ။ အကယ်၍ NLD မပါလို့ရှိရင်၊ ရွေးကောက်ပွဲ ၀င်မပြိုင်ဘူး ဆိုလို့ရှိရင် NLD ပါတီ ဘာဖြစ်မလဲ။ နောက်ပြီးတော့ အဆိုးရွားဆုံး ဘာအခြေအနေတွေကို NLD ကြုံရမလဲ။

ဖြေ ။ ။ ကျနော်တို့ ပါတီ မ၀င်ဘူးဆိုရင် သူတို့လုပ်နိုင်တာက ၂မျိုးရှိတယ်။ တမျိုးက ကျနော်တို့ကို မှတ်ပုံမတင် တဲ့ပါတီ၊ ပျက်ပြယ်သွားတဲ့ ပါတီပေါ့။ တည်ဆဲ အစိုးရမှာ မှတ်ပုံတင်ထားတဲ့ တည်ဆဲ ပါတီက ကျနော်တို့ကို အစိုးရ အသိမှတ်မပြုတဲ့ ဖျက်သိမ်းထားတဲ့ ပါတီအနေနဲ့ ဖြစ်နိုင်တယ်။ နောက်တခုက ကျနော်တို့ကို မတရားသင်း ကြေညာနိုင်တယ်။ အဲဒီတော့ NLD ပါတီက အပြင်ရောက်ရင် ဘာမှ မထူးဘူး ဒီအတိုင်းပဲ။ ကျနော်တို့က ပါတီ မရှိတော့ဘူး။ ပါတီတံဆိပ်မရှိတော့ဘူး။ ပါတီနာမည် မရှိတော့ဘူး။ ပါတီ အလံမရှိတော့ဘူး စသည်ဖြင့်ပေါ့။ သို့သော် အဲဒီလို လုပ်တဲ့အခါမှာ ဘာဖြစ်လဲဆိုရင် ကျနော်တို့ အကျိုး ဘက်ကြည့်မယ်ဆိုရင် ကျနော်တို့ သိက္ခာက အများကြီးတက်သွား လိမ့်မယ်။ စစ်အစိုးရ ခိုင်းတိုင်း ကျနော်တို့ လုပ်နေတာ မဟုတ်ဘူး။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေကို ကျနော်တို့ ရင်ဆိုင်တယ်။ မတရားတဲ့ ကန့်သတ်ချက်တွေ၊ သတ်မှတ်ချက်တွေကို ကျနော်တို့ လက်မခံဘူး ဆိုတဲ့ အနေနဲ့ ကျနော်တို့ ရှိမယ်။ ပြည်သူကြားမှာ ကျနော်တို့ လှုပ်ရှားနိုင်မယ်။

နောက်တခုက ပြည်သူ့အင်အားစုတွေနဲ့ ကျနော်တို့ အများကြီး တွဲလုပ်နိုင်မယ်။ နိုင်ငံရေးပါတီ ဆိုတာက ပါတီ တရပ်မှာ နိုင်ငံရေး မရှိလည်း ကိစ္စမရှိပါဘူး။ ပါတီတရပ်ဟာ နိုင်ငံရေး မရှိဘူးဆိုရင် ခေါင်းပြတ်ဖြစ်သွားမယ်။ သို့သော် နိုင်ငံရေးလုပ်မယ် ဆိုရင် ပါတီမရှိလည်း အရေး မကြီးဘူး ဆိုတဲ့ အနေနဲ့ ကျနော်တို့ ရပ်တည်နေတာကိုး။ ဆိုတော့ ပြည်သူရဲ့ အရေးအရာ ကိစ္စတွေကို ကျနော်တို့ လုပ်သွားနိုင်မယ်။ ဒီလိုလုပ်တာ ဦးနုလည်း လုပ်ခဲ့ဖူးပြီ။ ဟိုတုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့လည်း လုပ်ခဲ့ဖူးပြီ။ အခုလောလောဆယ်လည်း တိုင်းရင်းသားတွေ လုပ်နေတယ်။ မတရားအသင်းလာ မကြေညာနဲ့။ ပြည်သူကြားမှာ ကျနော်တို့ လှုပ်ရှားနိုင်သေးတယ်။ ဒါက ကျနော်တို့ ဘက်က အကျိုးပေါ့။

မေး ။ ။ ၁၉၉၀ ရွေးကောက်ပွဲလိုပဲ NLD ၀င်ပြိုင်ရင် နိုင်ပါ့ဦးမလား။ နောက်ပြီတော့ အပြတ်အသတ်ကော ရနိုင်ဦးပါ့မလား။

ဖြေ ။ ။ ဘယ်ရမလဲ။ ဒါကတော့ ရှင်းပါတယ်။ အခုဟာက ကျနော်ပြောနေတာ ရွေးကောက်ပွဲကိစ္စကို သူတို့ မျှော်လင့်နေကြတယ်။ ကျနော်တို့က ရွေးကောက်ပွဲနိုင်ပြီးရင် လွှတ်တော်ထဲ ရောက်သွားရင် ၂၀၀၈ခုနှစ် အခြေခံဥပဒေ ဘောင်ထဲမှာ လုပ်နေရမယ် ဖြစ်တဲ့အတွက် အစိုးရ မဖွဲ့နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခြေခံဥပဒေ အသစ်က ဘယ်သူမှ အစိုးရမဖွဲ့နိုင်ဘူး။ လွှတ်တော် ထဲမှာပဲ ရှိရမှာပဲ။ အကယ်လို့များ NLDက တယောက် နှစ်ယောက် ၀န်ကြီးခေါ်ခန့်ရင် တောင်မှ NLD ကထွက်ရမှာပဲ။ အဲဒီလူတွေ NLDက ထွက်ရမှာ။ ဒါဟာ အခြေခံ ဥပဒေ အရပဲ။

မေး ။ ။ ရွေးကောက်ပွဲ အပြီး ဖြစ်လာနိုင်မယ့် နိုင်ငံရေး အခြေအနေကို အဘ ဘယ်လိုမျိုး မြင်ထားသလဲ။

ဖြေ ။ ။ ဖြစ်နိုင်တာ နှစ်ခုပဲရှိတယ်။ စစ်တပ်ဘက်က ကြည့်ရင် သူတို့ လူတွေ နိုင်လာမယ်။ သူတို့ လက်သင့်ရာ ခေါ်နိုင်တဲ့ ပါတီတွေ နိုင်လာမယ်။ သူတို့ကို ကြောက်လန့်နေတဲ့ တိုင်းရင်းသား ပါတီလေးတွေက ပြည်နယ်တွေမှာ နိုင်လာမယ်။ နောက်ပြီး သူတို့ကိုယ်တိုင် ကြံ့ခိုင်ရေးလို ဟာတွေမျိုး အဖွဲ့ကို ပါတီကြီးလည်း ဖွဲ့မယ်။ ပါတီလေးတွေလည်း ဖွဲ့လို့ဦးမယ်။ ပါတီလေးတွေ ဆိုတာ ပြည်နယ်အလိုက် တိုင်းအလိုက် အမတ်နေရာတွေ ရအောင် လုပ်ဦးမယ် ဆိုတဲ့ အခါကျတော့ သူတို့ရဲ့ အနေအထားက ၁၉၉၀ ကနဲ့ မတူဘဲနဲ့ သူတို့ရဲ့ လူတွေ သူတို့ရဲ့ သားမြေးတွေ သူတို့ကိုယ်တိုင်က တိုင်းမှူးတွေ၊ ၀န်ကြီးတွေ၊ တော်လှန်ရေး ကောင်စီဝင်တွေ၊ ဒုဗိုလ်ချုပ်ကြီးတွေ ဖြစ်ပြီးတော့ သူတို့ ကိုယ်တိုင် ၀င်ပါမယ့် ရွေးကောက်ပွဲ ဖြစ်တဲ့ အတွက်ကြောင့် သူတို့ရဲ့ အလားအလာဟာ အများကြီး မြင့်လာမယ်။ ဆိုတော့ လွှတ်တော်ထဲမှာ နေရာ ရရှိမှုကလည်း များလာမယ်။

ကျနော်တို့ ပြည်သူတွေဘက် ကြည့်တဲ့ အခါမှာကျတော့ NLD ရှိမယ်၊ နောက်တခါ ဒီမိုကရေစီကို လိုလားတယ်ဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်နေတဲ့ ကိုသုဝေတို့လို့ ပါတီတွေရှိမယ်။ ဒီလူတွေက နည်းနည်းပဲရမယ်။ သိပ်မရနိုင်ဘူး။ မရနိုင်ဘူးဆိုတာက ငွေရေး ကြေးရေး အားဖြင့် မတတ်နိုင်ဘူး။ နယ်မြေအတွင်း လွတ်လပ်စွာ စည်းရုံးပိုင်ခွင့် ဆိုတာ မတတ်နိုင်ဘူး။

အဲဒီတော့ ကြားလူတွေက ဘယ်လို ထွက်လာမလဲ ဆိုရင် ခုနက စစ်ဗိုလ်ကြီးတွေ အသိုင်းအ၀ိုင်းက ၊ တိုင်းမှူးတွေ၊ ၀န်ကြီးတွေ၊ ဗိုလ်မှူးတွေ ဆိုတာက တခု။ ဒီတလွှာ အပြင်ကို နောက် တလွှာ ဆိုလို့ရှိရင် အစိုးရ အဖွဲ့တို့ ဘာတို့က တလွှာ။ နောက်တလွှာက သူတို့တွေ အားပေးနေတဲ့ ကြံ့ခိုင်ရေးတို့၊ စွမ်းအားရှင်တို့ ဆိုတဲ့ ဟာတွေက တပြည်လုံး အတိုင်းအတာနဲ့လည်း ရှိမယ်၊ တိုင်းတို့ ပြည်နယ်တို့ အလိုက်လည်း ရှိမယ်။ ပါတီသေးလေးတွေ ရှိမယ်၊ ပါတီကြီးတွေလည်း ရှိမယ်။ တိုင်းရင်းသား ပါတီတို့၊ နောက်တခါ ဦးတေဇတို့လို စီးပွားရေး လုပ်ငန်းရှင်တွေ၊ ငွေကြေးတတ်နိုင်တဲ့ လူတွေ၊ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ့် လူတွေကလည်း အများကြီးရှိတဲ့ အခါကျတော့ အလွှာက ဘယ်လိုထွက်လာမလဲ ဆိုရင် စစ်တပ်ကို သက်သက် ဦးဆောင်မယ့် ဗိုလ်ချုပ်တွေ၊ တိုင်းမှူးတွေ၊ ၀န်ကြီးတွေ လုပ်မယ့်လူတွေက တလွှာဖြစ်မယ်။ နောက်တလွှာက သူတို့နဲ့ အလွန်ကို ရင်းနှီးတဲ့ ဦးတေဇတို့လို စီးပွားရေး အလွန်တောင့်တင်းတဲ့ အင်းအားစုတွေက တလွှာဖြစ်မယ်။ နောက်တခါ ဒီမိုကရေစီ ဘက်မှာ ရပ်တည်တယ် ဆိုတဲ့ ကိုသုဝေတို့ ဆိုတဲ့ဟာတွေက တလွှာရှိမယ်။ ဒါ့အပြင် တသီးပုဂ္ဂလတွေရှိမယ်။

ပြီးတော့ ဘာဖြစ်လာမလဲ ဆိုရင် လွှတ်တော်က တပိုင်းပေါ်မယ်၊ နှစ်ခုပေါင်းတဲ့ ပြည်သူ့ လွှတ်တော်က တပိုင်း ပေါ်မယ်၊ လူမျိုးစု လွှတ်တော်တွေက တပိုင်းပေါ်မယ်၊ ပြည်ထောင်စု လွှတ်တော်က ရှိမယ် စသည်ဖြင့်ပေါ့။ စစ်အစိုးရရဲ့ အခြေခံဥပဒေ အရ ဆိုရင် စစ်တပ်က ရွေးတဲ့ ဒုသမ္မတ တယောက်၊ လူမျိုးစု လွှတ်တော်တွေက ရွေးတဲ့ ဒုသမ္မတ တယောက်၊ ပြည်သူ့ လွှတ်တော်က ရွေးတဲ့ ဒုသမ္မတ တယောက်။ ဒီရွေးတဲ့ ဒုသမ္မတသုံးယောက် ကနေ တယောက်က သမ္မတလုပ်၊ နှစ်ယောက် ဒုသမ္မတလုပ်။ အစိုးရဖွဲ့မယ် ဆိုတဲ့ အခါကျတော့ ဒီအစိုးရထဲမှာ ဘယ်လိုမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တို့၊ NLD တို့ ဘယ်သူမှ ပါမှာ မဟုတ်ဘူး။ သူတို့ကနေပြီးတော့ မျက်စိကျလို့ ခေါ်ခန့်မယ် ဆိုရင်လည်း အဲဒီလူတွေက ပါတီကနေ ထွက်ရမယ်။
http://www.irrawaddy.org/bur/index.php/interview/4-interview/2880---nld----

Our Main Causes

1) Sham 2010 Election (Boycott) (Boycott)

2) Sham 2008 Constitution (Void) (Void)

3) Unjust Electoral Laws (Void) (Void)

4) Military Regime (Out) (Out)

5) 1990 Election Result (Implement) (Implement)

6) Shwe-Gone-Daing Declaration (Implement) (Implement)

7) Aung San Suu Kyi (Our Leader) (Our Leader)

8) Aung San Suu Kyi led Interim Government (Right Now) (Right Now)

9) United Nations Security Council (Take Action On Burma Now)




http://www.bdcburma.org/

ဒေါ်အောင်ဆန်းစုကြည်ကံဇာတာကောင်းချိန်ရောက်ပြီ။

နှစ်သစ်ကူး မင်္ဂလာသတင်းကောင်း
ဗေဒင် နက္ခတ်ပညာရှင်များ၏ လျှို့ဝှက် နှစ်သစ်ဟောစာတမ်း
…………………………………………………………………………….
မြန်မာပြည်သည် လာမည့်နှစ်ဆန်းတစ်ရက်နေ့မှ စတင်ကာ ကံကောင်းသော နှစ်အဖြစ်စတင်လာပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါသည်။
ယခုလက်ရှိမတရား စိုးမိုးအုပ်ချုပ်နေသော မောင်သန်းရွှေသည် ကံဇာတာအရ ဘင်္ဂအပျက်သို့ လာမည့်နှစ်ဆန်းတစ်ရက်နေ့တွင် စတင်ကျရောက်မည်။ ၎င်း၏ ဇနီးတနင်္လာသမီး မကြိုင်ကြိုင်သည် ကံဇာတာအရ အင်မတန်ဆိုးသော မရဏသေကိန်းသို့ကျရောက်နေလေပြီ။ မကြိုင်ကြိုင်သည်
လာမည့်နှစ်ဆန်းတစ်ရက်နေ့မှစတင်ကာ ကံဆိုးမိုးမှောင်ကျမည့်နှစ်သို့ဧကန်မုချကျရောက်ပြီ။ယခုအခါ မတရားသဖြင့်ချုပ်နှောင်ခံနေရသော အင်္ဂါသမီး အောင်ဆန်းစုကြည်သည်ကံဇာတာအရ အမြင့်ဆုံးအဓိပတိသို့ လာမည့်နှစ်ဆန်းတစ်ရက်နေ့မှ စတင်ကာအထူးကံကောင်းမည်။
အများပြည်သူများအတွက် ယတြာလိုလျှင်ကြံဆ နည်းလမ်းရဆိုသည့်အတိုင်း တိုင်းပြည်၏ကံကြမ္မာဆိုးကိုဖန်တီးနေသော မောင်သန်းရွှေ ကံဆိုးသထက် ဆိုးစေချင်လျှင် သောကြာနေ့တိုင်း၎င်း သန်းရွှေ၏ ကက်ကင်းဓာတ်ဖြစ်သော ရှောက်သီးကို ပါးပါးလှီးပြီးဝက်သားနှင့် ချက်စားပါ။ မောင်သန်းရွှေ အကြီးအကျယ် လူလှိမ့်ခံရမည်။
ကြိုင်ကြိုင်အား ခွေးပြေးဝက်ပြေး ဖြစ်စေလိုလျှင် ကြေးခွက် ကိုတနင်္ဂလာနေ့တိုင်း ခြောက်ခါ တီးပါ။ ပြည်သူပြည်သားတို့၏ အလိုဆန္ဒမုချ
ပြည့်စုံစေရမည်။
ဒေါ်အောင်ဆန်းစုကြည် ပို၍ ကံကောင်းစေသော ယတြာအင်္ဂါသားသမီးများသည် လာမည့်နှစ်သစ်တွင် အထူးကံကောင်းလျှက်ရှိသည်။
အချုပ်အနှောင်ခံနေရသော အင်္ဂါသမီး ဒေါ်အောင်ဆန်းစုကြည်အား ပို၍ကံကောင်းစေလိုလျှင် လမည့်နှစ်ဆန်းတစ်ရက်နေ့မှစတင်ကာ အင်္ဂါနေ့တိုင်း
ဘုရားစေတီများတွင် ဆီမီး ကိုးခွက်၊ အောင်သပြေ ကိုးခက်၊သာသနာ့အလံကိုးလက်တို့ကို လှူပေးပါ။ ဗမာပြည် ဧကန်မုချ အောင်ပွဲခံရမည်။

မှတ်ချက်။ သင်္ကြန်စာတွင် ထည့်သွင်း ဖော်ပြခွင့်မရသည့်အတွက် သီးသန့်လျှို့ဝှက်ဖြန့်ဝေလိုက်သည်။

ဗေဒင် နက္ခတ်ပညာရှင်များအဖွဲ့

Rallies in Canada to Protest Burmese Junta’s unjust Electoral Laws

Media Advisory

Burmese Democratic Forces Canada

Rallies in Canada to Protest Burmese Junta’s unjust Electoral Laws

Saturday, March 27, 2010

Recently the military authorities in Burma, also known as the State Peace and Development Council (SPDC), announced the unjust new electoral laws in preparation for the elections planned for this year.

SPDC’s electoral laws which, contrary to the wishes of the people of Burma and the international community, exclude Burmese democracy icon Daw Aung San Suu Kyi and more than 2,100 political prisoners from political participation, fail to convene an all inclusive, credible election which would create a democratic Burma.

March 27, 2010 marks the 63rd anniversary of Burma’s Armed Forces Day which is known as the Fascist Revolutionary Day: the day the people of Burma united under General Aung San to fight against the fascist Japanese army and thus ended the Japanese occupation of the country.

Nobel Peace Laureate Daw Aung San Suu Kyi, the daughter of Burma’s independence leader General Aung San, emerged as the leader of the democracy movement and her organization, the National League for Democracy (NLD), won 82% of the parliamentary seats in the national election held in 1990. But the military dictators ignored the people's wishes and refused to transfer power to Burma’s democratically elected leaders.

On this remarkable day, we will stage rallies across Canada (Ottawa in East, Saskatoon in Central and Vancouver in West) to protest the regime’s sham electoral laws; and ask the regime to overturn the unjust laws; and engage in an inclusive political process; a tripartite dialogue leading towards achieving national reconciliation and long-lasting peace in Burma.

Where & When:

1) Burmese (Myanmar) Embassy, 85 Range Road, Ottawa

12:30 pm, March 27

2) City Hall, Saskatoon

1:00 pm, March 27

3) TBA, Vancouver

1:00 pm, March 27

Contact Persons:

Toronto / Ottawa: Kyaw Si Thu 416 230 0901, Mg Mg Oo 416 605 8765

Saskatoon: Min Naing 306 880 5355, Aung New Oo 306 261 1649

Vancouver: Htay Aung 778 322 5385, Thet Naing 604 873 9126



2010 Rally for New Election Laws Saskatoon

ပါလီမန်ဒီမိုကရေစီပါတီစာစောင်(မတ်လ၂၆)

http://ifile.it/ndc9asj4-6

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် တိုင်းနှင့်ပြည်နယ်စုံညီအစည်းအဝေး မှ လူငယ်ထုကိုယ်စားပြုခေါင်းဆောင် (၅၁)ဦးဆုံးဖြတ်ချက်

ပါတီ ဖျက်သိမ်းလိုက်ပါက နောက်ထပ် လမ်းကြောင်းတခုကို ရှာဖွေရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးက ဆုံးဖြတ်ချက် ၆ ချက်ကို ချမှတ်ခဲ့

Friday, March 26, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် တိုင်းနှင့်ပြည်နယ်စုံညီအစည်းအဝေး မှ လူငယ်ထုကိုယ်စားပြုခေါင်းဆောင် (၅၁)ဦးဆုံးဖြတ်ချက်

ဒေါ်အောင်ဆန်း စုကြည်၏ ရွေးကောက်ပွဲ အပေါ် ထားရှိသော သဘောထား အတိုင်း ရပ်တည်၍ ရွှေဂုံတိုင် ကြေညာ စာတမ်းကို ဆက်လက် ကိုင်စွဲသွားမည်ဟု နိုင်ငံတ၀န်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် ကိုယ်စားလှယ်များက ဆုံးဖြတ် လိုက်သည်။
NLD လူငယ်များအနေဖြင့် ပြည်သူလူထုနှင့်အတူ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီ အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊NLD Youth ၂၆-၃-၂၀၁၀ လူငယ် စုံညီ အစည်းအဝေးကမှ ရဲရင့်သော ဆုံးဖြတ်ချက်များ

ဒေါ်အောင်ဆန်း စုကြည်၏ ရွေးကောက်ပွဲ အပေါ် ထားရှိသော သဘောထား အတိုင်း ရပ်တည်၍ ရွှေဂုံတိုင် ကြေညာ စာတမ်းကို ဆက်လက် ကိုင်စွဲသွားမည်ဟု နိုင်ငံတ၀န်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် ကိုယ်စားလှယ်များက ဆုံးဖြတ် လိုက်သည်။
NLD လူငယ်များအနေဖြင့် ပြည်သူလူထုနှင့်အတူ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီ အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ပါတီ ဖျက်သိမ်းလိုက်ပါက နောက်ထပ် လမ်းကြောင်းတခုကို ရှာဖွေရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးက ဆုံးဖြတ်ချက် ၆ ချက်ကို ချမှတ်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲတွင် ပါတီ မှတ်ပုံမတင်ရန်၊ ရွှေဂုံတိုင်ကြေညာချက်အတိုင်း ဆက်လက်ရပ်တည် သွားရန်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် ဗဟိုကော်မတီ ဆုံးဖြတ်ချက်များကို NLD လူငယ်များက လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်များအတိုင်း လူငယ်များက ဆက်လက်ဆွဲကိုင် ဆောင်ရွက်သွားရန်၊ မတ်လ၂၉ ရက်နေ့ တွင် ကျင်းပမည့် အစည်းအဝေးသို့ NLD လူငယ်များတက်ရောက်ခွင့်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံ နေစဉ်အတွင်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးအနေဖြင့် လူငယ်ထုကို တာဝန်ယူ ကြီးကြပ် လမ်းညွှန်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
ကြောင်း သိရသည်။
ရွေးကောက်ပွဲတွင် ပါတီ မှတ်ပုံမတင်ရန်၊ ရွှေဂုံတိုင်ကြေညာချက်အတိုင်း ဆက်လက်ရပ်တည် သွားရန်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် ဗဟိုကော်မတီ ဆုံးဖြတ်ချက်များကို NLD လူငယ်များက လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်များအတိုင်း လူငယ်များက ဆက်လက်ဆွဲကိုင် ဆောင်ရွက်သွားရန်၊ မတ်လ၂၉ ရက်နေ့ တွင် ကျင်းပမည့် အစည်းအဝေးသို့ NLD လူငယ်များတက်ရောက်ခွင့်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံ နေစဉ်အတွင်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးအနေဖြင့် လူငယ်ထုကို တာဝန်ယူ ကြီးကြပ် လမ်းညွှန်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

မကွေးတိုင်း မှ ပါတီမှတ်ပုံတင်ခြင်း မပြုရန် နှင့် NLD (လူငယ်)တိုင်းနှင့်ပြည်နယ် စုံညီအစည်းအဝေးမှ မှတ်ပုံမတင်ရန်ဆုံးဖြတ်ချက်ကျခြင်း

ယနေ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုဌါနချုပ်တွင် ပြုလုပ်ခဲ့ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်
ခေါင်းဆောင်များ (တိုင်းနှင့် ပြည်နယ် စုံညီ) အစည်းအဝေးတွင် လူငယ် ခေါင်းဆောင် ၅၁ ဦးမှ အဖွဲ့ ချုပ်အနေနှင့်
စစ်အုပ်စု ပြုလုပ်မည့်ရွေးကောက်ပွဲအား မှတ်ပုံတင်ခြင်း မပြုရန် တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့ကြသည်။။
NLD လူငယ်များ၏အစဉ်အလာကောင်းခဲ့သောရဲရင့်သည့် စိတ်ဓါတ်နှင့်အကြပ်အတည်း များကြားတွင်ရဲရဲတောက်ဆုံးဖြတ်ချက်အား အသိအမှတ်ပြု ဂုဏ်ယူပါသည် ။




မကွေးတိုင်း မှ ပါတီမှတ်ပုံတင်ခြင်း မပြုရန်
































NLD Youth အစည်းအဝေးကနေ ဆုံးဖြတ်ချက်
ဒေါ်အောင်ဆန်း စုကြည်၏ ရွေးကောက်ပွဲ အပေါ် ထားရှိသော သဘောထား အတိုင်း ရပ်တည်၍ ရွှေဂုံတိုင် ကြေညာ စာတမ်းကို ဆက်လက် ကိုင်စွဲသွားမည်ဟု နိုင်ငံတ၀န်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် ကိုယ်စားလှယ်များက ဆုံးဖြတ် လိုက်သည်။
NLD လူငယ်များအနေဖြင့် ပြည်သူလူထုနှင့်အတူ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီ အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ပါတီ ဖျက်သိမ်းလိုက်ပါက နောက်ထပ် လမ်းကြောင်းတခုကို ရှာဖွေရွေးချယ်သွားမည်ဖြစ်ကြော င်းနှင့် အစည်းအဝေးက ဆုံးဖြတ်ချက် ၆ ချက်ကို ချမှတ်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲတွင် ပါတီ မှတ်ပုံမတင်ရန်၊ ရွှေဂုံတိုင်ကြေညာချက်အတိုင်း ဆက်လက်ရပ်တည် သွားရန်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် ဗဟိုကော်မတီ ဆုံးဖြတ်ချက်များကို NLD လူငယ်များက လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်များအတိုင်း လူငယ်များက ဆက်လက်ဆွဲကိုင် ဆောင်ရွက်သွားရန်၊ မတ်လ၂၉ ရက်နေ့ တွင် ကျင်းပမည့် အစည်းအဝေးသို့ NLD လူငယ်များတက်ရောက်ခွင့်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံ နေစဉ်အတွင်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးအနေဖြင့် လူငယ်ထုကို တာဝန်ယူ ကြီးကြပ် လမ်းညွှန်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
http://laminkhinkhin.blogspot.com/