Sunday, April 4, 2010

Miss INDIA 2010: Neha Dalvi

ကဗျာဆရာ ကိုစောဝေ ကို ထောင်ထဲပို့သူက ကဗျာရေးသူ စာပေစိစစ်ရေးညွှန်မှူးးကို အမှုပွေစေပြန်

ကဗျာဆရာ ကိုစောဝေ ကို ထောင်ထဲပို့သူက ကဗျာရေးသူ စာပေစိစစ်ရေးညွှန်မှူးးကို အမှုပွေစေပြန်

ဗိုလ်ကျော်ဆန်းနှင့် မြတ်ခိုင်တို့လင်မယား ပုံ google searchမှ
(ဖေဖေါ်ဝါရီ ၁၄) ကဗျာရေးသူ ကဗျာဆရာ ကိုစောဝေအား ထောင်ထဲသို့ တွန်းပို့ပြီး၊ ကိုယ်တိုင်ကမူ ကိုယ်လွတ်ရုန်းခဲ့သော အချစ်ဂျာနယ် အယ်ဒီတာချုပ်ဟောင်း မြတ်ခိုင် က၊ ကဗျာရေးသူတို့အား ထောင်ကျစေသော နအဖ လက်ထက်ဥပဒေကို ကိုင်စွဲကာ ကဗျာဆရာများကို တစ်ယောက်ပြီး တစ်ယောက် ထောင်ထဲသို့ပို့ရန် အကြံကြီး ကြံစည်လျှက် ရှိနေပါသည်။

၎င်း အယ်ဒီတာချုပ် မြတ်ခိုင် ထုတ်လုပ်နေသော လျှပ်တစ်ပြက်ဂျာနယ် ၂၀၁၀၊ဧပြီလ(၁)ရက် နေ့ထုတ်တွင် ပါရှိသော ကဗျာဆရာ မောင်ရဲ၏ “ထိုတစ်ရက်” အမည်ရ ကဗျာကို ဖတ်အပြီး၊ ကဗျာဆရာများနှင့် နီးစပ်သော အသိုင်းအ၀ိုင်းများက ဖွင့်ဟပြောဆို လာကြသည်။

“ထိုတစ်ရက်” အမည်ရ ကဗျာမှာ (…..ကဗျာစာထည့်) ဟူ၍ ဖြစ်ပြီး မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း ဥက္ကဌ ဦးဆောင်းအား ရည်ရွယ်၍ ရေးသားထားကြောင်း သိသာသလို၊ အာဏာထိုင်ခုံမက်သော သူတွေကိုလည်း သရော်ထားသည့် ကဗျာဖြစ်၍ ဖတ်သူတိုင်း ပြုံးကြရသည်။

သို့သော် ကဗျာရေးသူမှာတော့ ပြုံးနိုင်မည် မဟုတ်ဟုလည်း စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ သုံးသပ်ကြပြီး၊ အဆိုပါ ကဗျာကို ရေးသားသူမှာ (စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှုး ဦးတင့်ဆွေ ဖြစ်ကြောင်းကိုလည်း ၄င်း ဂျာနယ်ထဲမှာပင် အရိပ်အမြွက် ရေးသားဖော်ကောင် လုပ်ထားသောကြောင့်ဟု ဆိုကြသည်။

စာပေအယ်ဒီတာကျင့်ဝတ်ကို မလိုက်နာသလို၊ စာနယ်ဇင်း တစ်လောကလုံး၏ မျက်နှာကို အိုးမဲသုတ်နေသော၊ နအဖ အစိုးရ၏ အောက်စွဲလုပ်နေသော ထို အယ်ဒီတာချုပ် မြတ်ခိုင် အား၊ (စာပေ ကင်ပေတိုင်ဗိုလ်မှုး တင့်ဆွေ တဖြစ်လဲ ကဗျာဆရာ မောင်ရဲ) က မည်သို့ပြန်လည် စီရင်လေမည်လဲ ဆိုသည်ကို စောင့်ကြည့် ကြရပေတော့မည်။

ပေးပို့သော စာနယ်ဇင်းဝိုင်းတော်သားများအား အထူးကျေးဇူးတင်ရှိပါသည်။

ပေးပို့လာသူ Burma Paparazi

ကဗျာဆရာ ကိုစောဝေဟာ လက်ကိုင်တုတ် မြတ်ခိုင် လက်ချက်ဖြင့် ၂နှစ်အကျဉ်းကျခံနေရပြီး... လွတ်ရက်စေ့နေပေမယ့် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး....

အတိဒုက္ခရောက်နေကြတဲ့ ကရင်ပြည်သူများ

NLD ဘာလုပ်မလဲ

ပါတီမှတ်ပုံမတင်ရန်၊ ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်ပြီးပြီ။ ပြီးတော့ ဘာလုပ်မလဲ။ မလုပ်လို့တော့ မရတော့ဘူး။ နှစ်ခုဘဲ မြင်တယ်။ ပထမ က စင်ပြိုင်အစိုးရ၊ ဒါက Confrontation အရှင်းဆုံး။ နောက်တခုက Non-cooperation ထိပ်တိုက် ရင်ဆိုင်မှု မလုပ်ဘူး။ ကောင်းပြီ၊ ဘယ်နည်းဖြစ်ဖြစ် လူထုထောက်ခံတယ်။ လိုတာက တပ်မတော်။ ကဲ ဒီနေ့ ဘယ်တပ်မတော်သား၊ ဘယ်တပ်ရင်း၊ ဘယ်တပ်မက ပြည်သူဘက်ကို ပါမလဲ၊ စောင့်ရှောက် ကာကွယ်မလဲ၊ ဒါဘဲ လိုတယ်။ အကြံပြုလိုတာက Non-cooperation, PHASE 2 PLAN, Process က -

Phase 1 ၏ ရည်မှန်းချက်သည် သုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်ခဲ့သည်။ မအောင်မြင်ခဲ့။ တပွင့်ဖြစ်သော နအဖသည် မည်သည့်အခါမျှ ဆွေးနွေးပွဲစားပွဲသို့လာရန် စိတ်ကူးမျှပင် မရှိ။ ၂၀၀၈ တွင် ၄င်း၏ အခြေခံဥပဒေကို အတည်ပြုလိုက်နိုင်ပြီး ၂၀၁၀ တွင် ရွေးကောက်ပွဲပြုလုပ်ကာ တရားဝင်အစိုးရဖြစ်လာရန် အဆင်သင့် ဖြစ်နေ သည်။ ၄င်း ၂၀၀၈ တွင် တော်လှန်ရေး အပိုင်း (၁) Phase one အလိုအလျောက် နိဂုံးချုပ်သည်။

Phase two ၏ ရည်မှန်းချက်သည် ဒုတိယပင်လုံ ဖြစ်ရမည်။ နအဖ က ဘာကြီးဖြစ်နေနေ။ ၄င်းအား ဖုတ်လေသည့် ငပိ ရှိသည်ဟုပင် မအောက်မေ့ဘဲ ဒုတိယပင်လုံသို့ ချီတက်ရန် ဖြစ်သည်။ ပြည်သူလူထု အသီးသီးတို့သည် မိမိကိုမိမိအားကိုး၊ မိမိကိုမိမိ အုပ်ချုပ်ရန် ဖြစ်သည်။ Phase 1 သည် ပြည်ပကို အခြေပြု၍ Phase 2 သည် ပြည်တွင်းကိုသာ အခြေပြုရမည်။

နံပါတ် (၁) လုပ်ဆောင်ရန်မှာ ပြည်သူများ နအဖနှင့် ကင်းရှင်းရေး -

ပါတီဆိုလျှင် နအဖက ရန်သူ သတ်မှတ်သည်။ သို့ဖြစ်၍ ပြည်သူများအား Associations များ ဖွဲ့ပေးရမည်။ Association များသည် စာပေ၊ သမိုင်း၊ ယဉ်ကျေးမှု ထိမ်းသိမ်းမြှင့်တင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုသာ လုပ်ဆောင်ရမည်။ သို့ဖြစ်လျှင် နအဖနှင့် ထိပ်တိုက်တွေ့ရန် ကင်းလွတ်မည်။

နံပါတ် (၂) လုပ်ဆောင်ရန်မှာ ပြည်သူများ မိမိကိုမိမိ အားကိုးရေး -

ဒေသအလိုက် Development များလုပ်ဆောင်နိုင်ရန် ပြည်ပ NGO များနှင့် Association များ တွဲဘက်ပေးရမည်။ နအဖကို အားကိုးရန်မလိုဘဲ လူထုက မိမိကိုမိမိ အားကိုးလာရမည်။

နံပါတ် (၃) လုပ်ဆောင်ရန်မှာ ပြည်သူများ သတ္တိရှိလာရေး -

လက်နက်ကိုင်တပ်များ ထားရှိရမည်။ ယင်းသည် နအဖကို အနိုင်တိုက်ခိုက်ရန် ရည်ရွယ်သည် မဟုတ်၊ ပြည်တွင်းစစ်ကို ဦးတည်ခြင်း မဟုတ်၊ အမှန်တရားကို ထုတ်ဖော်၊ ပြောဆို၊ လုပ်ဆောင်ရဲသော ပြည်သူလူထုကို စောင့်ရှောက် ကာကွယ်ရန် ဖြစ်သည်။ အာဏာရှင်၏ တပ်မတော်ကို အစားထိုးရန် ဒီမိုကရေစီတပ်မတော်ကို ယခုကတည်းက ထူထောင်ခြင်း ဖြစ်ရမည်။ ဒေသတပ်ဖွဲ့များကို ပြည်နယ်တပ်ဖွဲ့၊ ပြည်နယ်တပ်များကို ပြည်ထောင်စု တပ်မတော် အဖြစ် စုစည်းရမည်။

နံပါတ် (၄) လုပ်ဆောင်ရန်မှာ ပြည်သူများ မိမိကိုမိမိ အုပ်ချုပ်ရေး -

ပြည်ထောင်စုကောင်စီတွင် ပြည်နယ်ကောင်စီများစုစည်း၍ ပြည်နယ်ကောင်စီတွင် ဒေသကောင်စီများ စုစည်းရ မည်။ မည်သည့်ဒေသန္တရ၊ ဒေသမဆိုအား ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာ ပေးအပ်ရမည်။ လူထုက ယင်းကောင်စီ သို့ တာဝန်ပေးအပ်သော ကိုယ်စားလှယ်များကို သက်ဆိုင်ရာတပ်ဖွဲ့များက အပြည့်အ၀ ကာကွယ် စောင့်ရှောက်ရမည်။ နအဖ၏ အမိန့်၊ အာဏာ၊ ဥပဒေကို တခုမျှလိုက်နာရန် မလိုဘဲ မိမိတို့ကောင်စီ၏ ပေးအပ်သော အခွင့်အရေး နှင့် တာဝန်ဝတ္တရားတို့ကိုသာ လေးစားလိုက်နာခြင်း ရှိလာရမည်။

နံပါတ် (၅) လုပ်ဆောင်ရန်မှာ ပြည်သူများကိုယ်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းရေး -

ဤကာလတလျှောက် ရှစ်ပြည်နယ် စုစည်းရေးကို လုပ်ဆောင်ရမည်။ ပြည်သူများကိုယ်တိုင် သဘောတူညီ ရေးဆွဲသော ပြည်ထောင်စုဥပဒေပေါ်ပေါက်လာခဲ့သော် ဒုတိပင်လုံ၌ ပြန်လည် ဆုံတွေ့၍ အတည်ပြု ပြဌာန်း နိုင်ပြီ ဖြစ်သည်။ ရှစ်ပြည်နယ်ဖြင့် နေသားကျလာသော သက်တန်း၌ ပြည်နယ်သစ်များ တိုးမြှင့်လက်ခံရေးကို ဖွဲ့စည်းပုံက အာမခံရမည်။

ဆလိုင်းကီးလဲအောမ်း

JAPAN နိ.ုင်ငံ NAGOYA မြို့  ရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု

Click to play this Smilebox slideshow: NAGOYA(MOVEMENT)

ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် JAPAN နိုင်ငံ NAGOYA မြို့ 
ရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှလက်မှတ်ရေးထိုးတောင်းဆိုမှု အားယနေ့ (၄.၄.၂၀၁၀)တွင်အောင်မြင်စွာပြုလုပ်ခဲ့ကြပါသည်..။

4 April 2010 ဒိုင်ယာရီ

http://ifile.it/us68h1e4 April 2010 Yeyintnge Diary

၉၀ရလဒ်မပြီးဆုံးသေး


http://burmese.dvb.no/news.php?id=10469

ဘာလဲ ဘယ်လဲ ဗမာပြည်က ရွေးကောက်ပွဲ

ဘာလဲ ဘယ်လဲ ဗမာပြည်က ရွေးကောက်ပွဲ

မောင်စွမ်းရည်

ဧပြီ ၃၊ ၂၀၁၀

ဗမာပြည်မှာ နှစ်ပေါင်း ၂၀ ကြာ စစ်အစိုးရ စစ်အာဏာရှင် အုပ်စိုးလာပြီး အခုမှ “အများသဘောကျ ရွေးကောက်ပွဲ လုပ်တော့မယ်လို့ ကြေညာတယ်။ ရွေးကောက်ပွဲ ဥပဒေ ထွက်လာတယ်။ နိုင်ငံခြားတိုင်းပြည်တွေကရော၊ ဗမာပြည်ထဲက အချို့နိုင်ငံရေးသမားဟောင်း များကရော၊ နိုင်ငံရေးသမားအသစ်စက်စက်များကရော ကိုယ့်ရှု့ထောင့်နဲ့ကိုယ် ရွေးကောက်ပွဲဝင်ဖို့သင့်ကြောင်း ပြောလာကြပါတယ်။

နိုင်ငံခြားသားတွေကတော့ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီ အစိုးရတို့ ခြားနားချက်ဟာ “ရွေးကောက်ပွဲ လို့ပဲ မြင်တယ်။ နှစ်ပေါင်း ၂၀ ကြာမှ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ၀မ်းသာကြတယ်။ ရွေးကောက်ပွဲဆိုတာ “၀င်ရမှာပေါ့ လို့ပဲ မြင်တာဟာ သဘာဝကျပါတယ်။ ပြည်တွင်းက “၀င်ကြပေါ့ လို့ ပြောကြတာဟာလဲ အမြင်အမျိုးမျိုးပါပဲ။

(၁) ရိုးအီငြီးငွေ့နေရာက “အပြောင်းအလဲတခု ဖြစ်သွားလို့၊

(၂) တခြား “ထွက်ပေါက် မရှိလို့၊

(၃) အရွေးခံရပြီး လွှတ်တော်ထဲရောက်မှ ကိုယ်လိုရာကို တဖြည်းဖြည်း အရေးဆိုပြီး ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်လို့၊

(၄) သူများတွေ မ၀င်ချင်တဲ့အချိန်၊ ကိုယ် ၀င်လိုက်ရရင် “ငါတို့တော့ အချောင်အမတ် ဖြစ်ရချေသေးရဲ့ မျှော်လင့်လို့ စသဖြင့် “၀င်အမြင် အမျိုးမျိုးရှိကြောင်း သိရပါတယ်။

“မ၀င်အမြင် ရှိကြတဲ့ နိုင်ငံရေးသမားများက အထက်ပါ “၀င်အမြင်အားလုံးကို သဘောမတူကြဘူးလို့ ကြားသိရပါတယ်။ ဆန့်ကျင်ကြပါတယ်။


(၁) အငြီးပြေ အပြောင်းအလဲတခု ဖြစ်သွားခြင်း

အခုလို နှစ်ပေါင်း ၂၀ လောက် အာဏာရှင်လက်အောက် နေရတာဟာ ပြည်သူတွေအဖို့ ငြီးငွေ့တာတော့ အမှန်ပါပဲ။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာ ဘာမှ မတိုးတက်ဘဲ “တနိုင်ငံလုံး အကျဉ်းသားဘ၀ နဲ့ ထိတ်လန့်တကြားနေလာကြရတာ ကြာခဲ့ပြီကိုး။

“အပြောင်းအလဲ လိုချင်တယ်ဆိုရင် မှန်တာပေါ့။ တိုးတက်တဲ့ အပြောင်းအလဲ လား။ “ဗြိစုံ ဗြုံစိ အပြောင်းအလဲ လား။ ပိုဆိုးမယ့် အပြောင်းအလဲ လား။ ဆုတ်ယုတ်မယ့် အပြောင်းအလဲ လား။ ဒါကို စဉ်းစားဖို့လဲ လိုပါတယ်။ ဆုတ်ယုတ်မှာလား၊ တိုးတက်မှာလား၊ အရင်အတိုင်းလားဆိုတာ ကြို ပြောမရတာလဲ ရှိ၊ ကြို ပြောလို့ရတာလဲ ရှိပါတယ်။

ခု ထွက်လာတဲ့ ရွေးကောက်ပွဲဥပဒေဟာ စစ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ နိုင်ငံတော်အခြေခံဥပဒေကို အမှီပြုပြီး ထုတ်တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီတော့ အခြေခံဥပဒေကို ပြန်ကြည့်ပြီး ပြောမှသာ အပြာင်းအလဲ “ဖြစ်၊ မဖြစ် ဆိုတာ ပေါ်လွင်ပါတယ်။ ရှေ့ကိုလဲ မျှော်မှန်းကြည့်လို့ ရတန်သလာက် ရပါတယ် တဲ့။

အခြေခံဥပဒေဆိုတာ ဘယ်သူတွေက ဘယ်လိုအခွင့်အရေးနဲ့ ရွေးဆွဲတာလဲ။ “ဘယ် အခွင့်အာဏာ နဲ့ ရေးဆွဲတာလဲဆိုတာ အလွန် အရေးကြီးပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ရဲ့ အခြေခံဥပဒေဟာ ဒီမိုကရေစီနည်းအရ အများသဘောကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲမှသာ သဘာဝကျပါမယ်။ အဓိပ္ပါယ်က ပြည်သူတွေက အာဏာအပ်နှင်းခံရတဲ့ ပုဂ္ဂိုလ်များက အခြေခံဥပဒေကို ရေးဆွဲရပါမယ်။

ခုဟာက စစ်အာဏာရှင် ဗိုလ်ချုပ် (တွေ) ကပဲ ရေးဆွဲတာဖြစ်ပါတယ်။ စစ်အာဏာရှင်ဟာ တရားဝင်အစိုးရမဟုတ်ပါ။ ပိုဆိုးတာက တရားဝင် ရွေးကောက်ထားတဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြု၊ စစ်အာဏာရှင်တစုရဲ့ အကျိုးအခွင့်ကိုသာ ကာကွယ်ပြီး စစ်အာဏာရှင်ကသာ ထင်ရာစိုင်းပြီး ရေးဆွဲထားတဲ့ဥပဒေ ဖြစ်ပါတယ်။

အများသိပြီးဖြစ်တဲ့အတိုင်း စစ်အာဏာရှင် ရေးဆွဲထားတဲ့ အခြေခံဥပဒေထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်း (တမတ်သား) ဟာ ရွေးကောက်ပွဲ မ၀င်ပဲ စစ်တပ်က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်စစ်ဗိုလ်များသာ ဖြစ်ရမယ် တဲ့။ ရွေးကောက်ပွဲ မ၀င်ပဲ စစ်တပ်က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်စစ်ဗိုလ်များ ဖြစ်ရမယ် တဲ့။ ပို ဆိုးတာက ဒီ ကိုယ်စားလှယ်များကို သမ္မတ၊ ၀န်ကြီးချုပ် စတဲ့ ထိပ်ဆုံးက အကြီးဆုံးရာထူးတွေကိုသာ ပေးအပ်ရမယ် တဲ့။ ၂၅ ရာခိုင်နှုန်းနဲ့ ကျန် ၇၅ ရာခိုင်နှုန်းတို့ နှိုင်းယှဉ်ရင် ၇၅ ရာခိုင်နှုန်းက များတာပေါ့လို့ ထင်စရာ ပဲ။ ဒါပေမဲ့ တကယ့်အာဏာတွေက စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ လက်ထဲမှာပဲ ရှိပါတယ်။

အဲဒီ စစ်ဗိုလ်တွေဟာ မှားယွင်းမှု ရှိခဲ့ရင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလသုံးပါးစလုံးအတွက် လွှတ်တော်က (နိုင်ငံတော်က) အရေးယူခွင့် မရှိစေရ တဲ့။ အရေးယူစရာရှိရင် စစ်တပ်ကသာ အရေးယူရမယ် တဲ့။ အဲဒီမှာပဲ “နိုင်ငံတော်ရဲ့အာဏာ” က “ပဲ့ သွားခဲ့ပါပြီ။ “စစ်ဗိုလ်တွေသာလျှင် ဆိုတဲ့ သဘော ဆောင်သွားပါပြီ တဲ့။

အခြေခံဥပဒေနဲ့တကွ အခြား အပြောင်းအလဲတခုခု လုပ်ဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ် (အမတ်) ၇၅ ရာနှုန်းက ထောက်ခံရမယ် တဲ့။ ဒီ ၇၅ ရာနှုန်းဟာ စစ်ဗိုလ်ချုပ် ၂၅ ရာနှုန်းရဲ့ အတိုက်အခံတွေချည်း မဟုတ်နိုင်ပါဘူး။ စစ်တပ်ကထဲ့ထားတဲ့ စစ်တပ်လက်အောက်ခံ ပါတီအဖွဲ့အစည်း (ဥပမာ ကြံ့ဖွံ့) က အမတ်တွေလဲ ပါနိုင်ပါတယ်။ အမတ်တယောက်လျှော့သွားရင် ၇၅ ရာနှုန်း မပြည့်တော့ပါဘူး။

ဒီမိုကရေစီလွှတ်တော်မှာ “စစ်တပ်ကိုယ်စားလှယ် လို့ သီးခြား၂၅ ရာနှုန်း (တမတ်သား) တောင်းစရာ မလိုပါ။ ဒီလိုဆိုရင် စာရေးဆရာတွေကလဲ တမတ်သား၊ လယ်သမား တမတ်သား၊ အလုပ်သမား တမတ်သား၊ ရဲက တမတ်သား၊ ကျောင်းဆရာ တမတ်သား၊ ဆရာဝန် တမတ်သားဆိုပြီး အားလုံးကပဲ တမတ်သားစီ တောင်းခွင့် ရှိရပေမှာပေါ့။ စစ်တပ်တခုတည်းကသာ ဘာ့ကြောင့် “တမတ်သား တောင်းထားရသလဲ။ ထိပ်ဆုံးက ဘာ့ကြောင့် နေခွင့်ယူထားရသလဲ။ ဒီလိုဆိုရင် ဗိုလ်နေ၀င်းရဲ့ ဦးနေ၀င်း အရပ်သားအစိုးရနဲ့ ဘာ ထူးသလဲ။ ဗိုလ်သန်းရွှေနဲ့ ဦးသန်းရွှေ၊ ငရဲမင်းနဲ့ ယမမင်း၊ ဂ ကောက်ကောက်နဲ့ ကွေးကွေး၊ ဘာများပြောင်းလဲသွားမှာလဲ တဲ့။ နိုင်ငံရေး ဝေဖန်သူတွေက မေးကြပါတယ်။ ဆိုလိုတာက ဒီ ရွေးကောက်ပွဲ ပြီးသွားရင်လဲ ဘာမှ ပြောင်းလဲမှု မရှိ။

(၂) ထွက်ပေါက်တခု ပေါ်လာခြင်း

ထွက်ပေါက် နဲ့ ပတ်သက်ပြီး ဗမာ ပြောရိုးပြောစဉ်မှာ “ရှေ့ပေါက်၊ “နောက်ဖေးပေါက်၊ “မလွယ်ပေါက်၊ “ခွေးတိုးပေါက် စတဲ့ စကားတွေ ရှိပါတယ်။ ခု စစ်အာဏာရှင်ပေးတဲ့ ထွက်ပေါက်ကို ဘယ်လို နာမယ်ပေးချင်ပါသလဲ မသိပါ။

တခြား ထွက်ပေါက် မရှိဘူးဆိုတာ အမှန်ပဲလား။ အာဏာရှင်က ဖွင့်ပေးတဲ့ ထွက်ပေါက်ဟာ ပြည်သူ ထွက်ချင်တဲ့ ထွက်ပေါက် ဟုတ်ပါရဲ့လား။ ပြည်သူက ဒီ ထွက်ပေါက်မျိုးကပဲ ထွက်ချင်သလား။ တခြား ထွက်ချင်တဲ့ ထွက်နိုင်တဲ့ ထွက်ပေါက် မရှိတော့ဘူးလား။ ဘာလား၊ ညာလား စသဖြင့် အမျိုးမျိုး တွေးကြ ရေးကြပါတယ်။

ကောင်းပါပြီ။ ဒီ ထွက်ပေါက်ကပဲ ထွက်ကြမယ်ဆိုပါတယ်။ ဒီ ထွက်ပေါက်က ဘယ်ရောက်မှာလဲ။ အတိုဆုံး ပြောရရင် စစ်တပ် ဖွင့်ပေးတဲ့ ထွက်ပေါက်ဟာ စစ်အာဏာရှင်ရဲ့ စစ်ဖိနစ်အောက်ကိုပဲ ပြန်ရောက်မှာပါ တဲ့။ ဒီ ထွက်ပေါက်ကို ခွင့်တာဟာ “မလိမ့်တပတ် မဟုတ်တာ မဟုတ်။ “ဗြောင် လုပ်တာပါပဲ။ ဒီလိုလုပ်တဲ့အတွက် ဘာ အကျိုးရှိသလဲ။

ပြည်သူအဖို့ အကျိုးမထူး။ စစ်အာဏာရှင်အဖို့ အကျိုးထူးပါတယ် တဲ့။ ဒီလို ဝေဖန်ကြပါတယ်။

ဒီ ရွေးကောက်ပွဲ လုပ်ခြင်းအားဖြင့် အရင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲဟာ ဖျက်သိမ်းပြီးသား ဖြစ်သွားမယ်။ ပြည်သူ ရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလဲ လွှတ်တော် မဖြစ်မြောက်လိုက်ဘဲ ဖယ်ရှားပြီးသား ဖြစ်သွားမယ်။ နှစ်ပေါင်း ၂၀ ကျော်လောက် တရားမ၀င် “အာဏာရ စစ်အစိုးရ လဲ တရားဝင် ဖြစ်သွားပြီး သူတို့က ကြိုက်သလို (ဆွဲခွင့် မရှိဘဲ ဆွဲထားတဲ့) အခြေခံဥပဒေလဲ အတည် ဖြစ်သွားမယ်။ ဒါ့ကြောင့် ဘယ်သူ့အတွက ထွက်ပေါက် လဲ။ ပြည်သူအတွက် ထွက်ပေါက် လုံးဝ မဟုတ်။ အာဏာရှင်အတွက် တရားဝင်ဖြစ်အောင် လုပ်ထားတဲ့ “ထွက်ပေါက် ဖြစ်ပါတယ် တဲ့။

တခြားဖြစ်နိုင်တဲ့ထွက်ပေါက်ကို အဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာချက်နဲ့ “သော့ လုပ်ထားပါတယ်။ အကျပ်အတည်းက လွတ်အောင်လို့ပါပဲ။ အာဏာရှင်တွေ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ဒီမိုကရေစီနဲ့ တူအောင် နည်းနည်းလေးပဲ ပြင်ပေးပါ၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပါ၊ တွေ့ဆုံ ဆွေးနွေးပါ စသည်ဖြင့် ဖြစ်ပါတယ်။ အာဏာရှင်ဘက်က တခုမှ လိုက်လျောခြင်း မရှိသလောက်ပါ ပဲ။ (ဦးတင်ဦး လွတ်လာတာလေးက လွဲလို့)။

ဒါ့ကြောင့် ရွေးကောက်ပွဲ နိုင်ခဲ့လို့ အများစု ထောက်ခံမှုရတယ်လို့ အများက ယူဆတဲ့ အဖွဲ့ချုပ်ရဲ့ တလေးတစား တောင်းဆိုမှုကို ငြင်းပယ်ခံရတဲ့ “ရွှေဂုံတိုင်ရွှေသော့ နဲ့ ဖွင့်နိုင်မယ့် ထွက်ပေါက်က ထွက်လို့ မရတော့ပါ။

တခြားနည်းကတော့ “ပြည်သူစွမ်းအား ဆိုတဲ့ သော့နဲ့ ဖွင့်ဖို့ ရှိပါတော့တယ် တဲ့။ ဒီလိုဆိုတော့ ရွေးကောက်ပွဲ မ၀င်တော့ဘူးဆိုတဲ့သေဘာက အားသားရင် မျှော်လင့်ရတဲ့ ထွက်ပေါက်က “ပြည်သူစွမ်းအား ထွက်ပေါက် ပါပဲ တဲ့။

(၃) လွှတ်တော်ထဲရောက်မှ ကိုယ်လိုရာ ပြုပြင်သွားနိုင်ခြင်း

ဒါမျိုးကို ကိုလိုနီလက်ထက်ကစပြီး ဗမာတွေ အတွေ့အကြုံရှိခဲ့ပါပြီ။ ဂျီစီဘီအေခေတ်က “ပူးသတ်ဝါဒနဲ့ ကြွေးကြော်ပြီး ဘုရင်ခံရဲ့ အစိုးရအဖွဲ့ထဲ ပူးပေါင်း ၀င်ရောက်သွားတဲ့ ၀ံသာနုဂိုဏ်းကလို ပါပဲ တဲ့။ “ပူးသတ် ဆိုပေမဲ့ ကိုယ်ပဲ “ပူးသတ် ခံရပြီ ကိုယ်ပဲ ဘုရင်ခံနဲ့အတူ “ပူး သေ“ သွားရတာပါပဲ တဲ့။ သူများဖွဲ့တဲ့ အစိုးရအဖွဲ့ထဲဝင်ရင် သူများအောက်ကပဲ ရောက်ရမှာ မလွဲပါဘူး တဲ့။

(၄) အချောင်အမတ် ဖြစ်ခြင်း

ဒါကတော့ အမတ် ဖြစ်လိုသူများအတွက်တော့ မှန်နေတာပါပဲ။ သူတို့အတွက် “ထွက်ပေါက် ပါ ပဲ တဲ့။ ပြည်သူ့အတွက် မဟုတ်ပါဘူး တဲ့။

ခု ရွေးကောက်ပွဲဥပဒေကထွက်လာတာ အချိန် နောက်ကျပါတယ်။ ပါတီတွေ ဖွဲ့ဖို့လဲ နောက်ကျပါတယ်။ ပြည်သူ့အသံကို ကိုယ်စားပြုရမယ့်ပါတီတရပ်ဟာ တပြည်လုံးကို အချိန်ယူ စည်းရုံးရပါအုံးမယ်။ ပါတီက ခုမှ ဖွဲ့ရမှာပါ။ ပါတီရဲ့လမ်းစဉ်ကလဲ ခုမှ ရေးဆွဲ၊ ခုမှ ကြေညာရမှာပါ။ အသစ်ဖွဲ့မယ့် ပါတီက ၀ါဒလမ်းစဉ်ကို တင်ပြရင် ရွေးကောက်ပွဲကော်မရှင်အသစ်ကလဲ မှတ်မု့တင်ခွင့် ပြုပါ့မလား။ ဥပမာ “စစ်အာဏာရှင် အမြစ်ဖြုတ်ရေး လမ်းစဉ် ကို တင်ပြ ကြေညာခွင့် ရမှာလား တဲ့။ ပါတီ ဖွဲ့ဖို့၊ စည်းရုံးဖို့ တနှစ်တောင် အချိန် မပေးတဲ့အပြင် ဖွဲ့စည်းပြီးသား ပါတီများလဲ ထပ်မံပြီး ပါတီသစ်တွေလိုပဲ မှတ်ပုံတင်ရအုံးမတဲ့။ အဖွဲ့ချုပ်ဟာ နှစ်ပေါင်း ၂၀ ကြာမှ ထပ်ပြီး မှတ်ပုံတင်ရအုံးမယ့် သဘော ပါ။

ပါတီဖွဲ့ပြီးရင် အနည်းဆုံး၃နေရာကယှဉ်ပြိုင်ရမယ်။ မပြိုင်ရင် ပါတီ ပယ်ဖျက်မယ် တဲ့။ ရွေးကောက်ပွဲ ၀င်ရင် အခြေခံဥဒေကို (စစ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ ဥပဒေ ကို) အကာအကွယ် ပေးပါ့မယ်လို့လဲ လက်မှတ်ထိုးရအုံးမှာ တဲ့။ လွှတ်တော်ထဲရောက်မှ “အခြေခံဥပဒေကို ပြင်ချင်ပါတယ် လို့ ပြောလို့ မရတော့ဘူး ပေါ့။ အစကတည်းက “မီးသေအောင် အာဏာရှင်က လုပ်ထားတော့ ရွေးကောက်ပွဲ ၀င်မယ့် အမတ်လောင်း (ပါတီကိုယ်စားလှယ်တွေ) က “မီးငြှိမ်း ပြီးမှ “၀င် လို့ရမယ့် အဓိပ္ပါယ် ပါပဲ။

“သဘောကွဲလွဲခွင့် မရှိရင် ရွေးကောက်ပွဲ လုပ်နေစရာ မလိုတော့ပါဘူး တဲ့။

အားလုံးကို ခြုံလိုက်ရင် အာဏာရှင် ရေးဆွဲထားတဲ့ အခြေခံဥပဒေအရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဥပဒေဟာ အာဏာရှင်အလိုကျ ရွေးကောက်ပွဲသာ ဖြစ်မှာပါ တဲ့။ ဗိုလ်သန်းရွှေက တောင်ရှည်ပုဆိုးကြီး ၀တ်ပြီး ဦးသန်းရွှေ ဖြစ်လာတာကလွဲလို့ ဘာမှ ထူးမှာ မဟုတ်ပါဘူး တဲ့။

ဗြိစုံနဲ့ ဗြုံစိ၊ အရာကြီးနဲ့ ဘာဘူကြီး၊ ဗိုလ်ရွှေနဲ့ ဦးရွှေ၊ ငရဲမင်းနဲ့ ယမမင်း သာ။

မစိုးရိမ်ဆရာတော်ကြီးက မိန့်တော်မူဖူးတယ်။ သံဃာတောင် သတ်တဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ “ဥပဒေ နဲ့ “ရွေးကောက်ပွဲ ကို ဖတ်ဖို့ မလို၊ စဉ်းစားဖို့ မလို၊ ထောက်ခံဖို့ မလို။ သူတို့ကို သံဃာတွေက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ထားတယ်။ သူတို့ ကံကြီးထိုက်ကြမယ်။ သူတို့ကို ထောက်ခံသူများလည်း ကံကြီးထိုက်နိုင်တယ် တဲ့။ ကံကြီးထိုက်မယ့် အပြုအမူကို ရှောင်ကြပါစို့။

မောင်စွမ်းရည် ၂၀၁၀ မတ် ၂၇

(Burma Today က ဖော်ပြပြီးသည်ကို ပြန်လည်ဖော်ပြပါတယ်။)

http://moemaka.com/index.php?option=com_content&task=view&id=6165&Itemid=1

ပြည်သူ့ဂုဏ်ရည် အစီအစဉ်သို့ ဂုဏ်ပြုရန်အမည်စာရင်း လက်ခံရရှိသမျှ

ပြည်သူ့ဂုဏ်ရည် အစီအစဉ်သို့ ဂုဏ်ပြုရန်အမည်စာရင်း လက်ခံရရှိသမျှ တင်ပြချက်
စာအမှတ် ၃/ ၂၀၁၀ - နေ့စွဲ - ဧပြီ ၃၊ ၂၀၁၀
၁။ မတ်လ ၂၄ ရက်နေ့က စတင်ပြီး Citizen of Burma Award - ပြည်သူ့ဂုဏ်ရည် အစီအစဉ်ကို ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်းလူမှုလုပ်ငန်း စွမ်းဆောင်သူများအနက် မိမိတို့ ဆန္ဒပြုလိုသူကို အွန်လိုင်းနှင့် အီးမေးများမှ တဆင့် တင်သွင်းရန် ဖိတ်ခေါ်ခဲ့သည်။ လက်ရှိပါဝင်ဆောင်ရွက်နေကြသော ပြည်သူ့ဂုဏ်ရည်အစီအစဉ် ဖြစ်မြောက်ရေးအဖွဲ့ဝင်များကလည်း မိမိတို့နေထိုင်ရာ မြို့ရွာဒေသအလိုက် ဆန္ဒသဘောထားများ လိုက်လံမေးမြန်းကောက်ခံခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိကြသည်။ များမကြာမီတွင် စာရင်းကောက်ခံရရှိသမျှကို မြို့နယ်များအလိုက်ဖြစ်မြောက်ရေးကိုယ်စားလှယ်များထံ စုပေါင်းတင်ပြပြီး ၎င်းတို့ထံမှ ဆန်ကာတင် ၅ ဦး စာရင်း ရယူမည့် အချိန်လည်း ရောက်ရှိလာတော့မည် ဖြစ်သည်။
၂။ ယခုလက်ရှိ မတ်လကုန်အထိ လက်ခံရရှိသော အမည်စာရင်းတင်သွင်းမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ၎င်းအမည်စာရင်းရှင်တို့၏ ထူးခြားမှုအကျဉ်းကိုလည်း ရရှိသော အချက်အလက်များပေါ်မူတည်၍ အောက်ပါအတိုင်း တွဲဖက် တင်ပြလိုက်ပါသည်။
၃။ ၎င်း တို့မှာ -
၁။ သီတဂူဆရာတော် ဦးဉာဏိသရ - နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ဒုက္ခသည်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျင် တဦးချင်း အနေဖြင့် ငွေကြေး၊ အရင်းအနှီးအများဆုံးကို ပြည်သူလူထုထံက စနစ်တကျ အလှူခံကာ ဒုက္ခသည်များအား စနစ်ကျစွာဖြင့် ထောက်ပံ့ ပေးနိုင်ခဲ့သည့် ဗုဒ္ဓဘာသာ ဆရာတော် တပါးဖြစ်သည်။ ၁၉၈၀ ခုနှစ်များကတည်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းအခြေပြုပြီး သောက်သုံးရေ အလှူ၊ ဆေးကုသမှု ဒါနအလှူ နှင့် လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းအလုပ်များကို အားပေး ထောက်ပံ့သူ၊ လှုံဆော်စည်းရုံးသူ၊ တည်ထောင်ဆောင်ရွက်သူတဦးအဖြစ် ထင်ရှားသည်။
၂။ ဦးနာယက၊ မန္တလေး - ဖောင်တော်ဦးဘုန်းတော်ကြီးကျောင်း - ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၁၀ စုနှစ် တခုကျော် ဦးဆောင် အကောင်အထည်ဖော်သူဖြစ်သည်။ အလှူရှင်များ၊ အဖွဲ့အစည်းများ၊ စေတနာရှင်လုပ်အားပေးများဖြင့် ဘုန်းတော်ကြီးကျောင်းအခြေပြု နေ့ကျောင်းနှင့် အဆောင်ကျောင်းများတွင် ပညာသင်ဦးရေ ၅ ထောင်ကျော်ကို ပညာသင်ပေးနေသည်။ ပြည်နယ် အစွန်အဖျား အနှံ့က ကလေးသူငယ်များကိုလည်း စောင့်ရှောက်ပျိုးထောင်မှု ပေးလျက်ရှိသည်။ ဘုန်းတော်ကြီးသင်ကျောင်းများမှတဆင့် အဆင့်မြင့်ပညာရေးဆက်နိုင်အောင်လည်း အားပေးဆောင်ရွက်နေသူဖြစ်သည်။
၃။ ဦးဇေယျာပဏ္ဏိတ၊ မိုးညှင်းသိဂီကျောင်းတိုက် ဆရာတော် ( ပိုင်းလော့ဆရာတော်)၊ တောင်ဒဂုံမြို့သစ် ၊ ရန်ကုန် - နာဂစ်မုန်တိုင်း အပြီး ကွမ်းခြံကုန်း၊ ဒေးဒရဲအပိုင် ကျေးရွာများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ စားရေရိက္ခာ ထောက်ပံ့ရေး၊ ဆေးဝါးကုသရေးလုပ်ငန်းများ ဦးဆောင်ကူညီမှုများ ပေးအပ်ခဲ့သည်။ ရွာသားများနှင့် ကလေးသူငယ်များကို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးဖြေသိမ့်မှုများ ဆောင်ရွက်ပေးရုံသာမက ရွာသားများအား ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ ကြံဆ ဆောင်ရွက်လာနိုင်အောင် စည်းရုံးဦးဆောင်နိုင်ခဲ့သည်။
၎။ ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၊ မှော်ဘီမြို့၊ မင်္ဂလာကျောင်းတိုက် - ၂၀၀၇ နောက်ပိုင်း တရားပွဲများတွင် ယနေ့မြန်မာလူမှုအဖွဲ့အစည်းကို ဝေဖန်ထောက်ပြမှုများဖြင့် ထင်ရှားသူ ဗုဒ္ဓဘာသာတရားပြ ဆရာတော်ဖြစ်သည်။ သုမင်္ဂလာအကျိုးတော်ဆောင်လုပ်ငန်းကို ထူထောင်ပြီး နာဂစ်ကူညီမှုလုပ်ငန်းများ၊ ပညာဒါနလုပ်ငန်းများ၊ ကျန်းမာရေးနှင့် အထွေထွေလူမှုရေးလုပ်ငန်းများအတွက် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်သူ ဖြစ်သည်။
၅။ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း - ရုပ်ရှင်သရုပ်ဆောင်အလုပ်ကိုပါ အထိခိုက်ခံပြီး ရန်ကုန် - နာရေးကူညီမှုအသင်းကြီးကို ဦးဆောင် ဆောင်ရွက်သူ၊ ထိုနာရေးကူညီမှုအသင်းနှင့်အတူ စာကြည့်တိုက်၊ ဆေးခန်း စသည့် ကုသိုလ်ဖြစ် လုပ်ငန်းများကိုပါ ဆက်လက် တာဝန်ယူဆောင်ရွက်နေသူ၊ နိုင်ငံ၏ ခေတ်နောက်ပြန်ဆွဲသည့် အယူအဆ အလေ့အကျင့်များကို နာရေးကူညီမှုလုပ်ငန်း ၀တ္တရားများဆောင်ရွက်ရင်း ထုတ်ဖော်ပြောဆိုပြီး ပြောင်းလဲမှုသို့ ဆွဲခေါ်သူ
၆။ မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)၊ နာရေးကူညီမှုအသင်း - မိမိ၏ မိသားစု၊ ခင်ပွန်းနှင့်အတူ လူမှုရေးလုပ်ငန်းများတွင် မြှုပ်နှံလုပ်ကိုင်သူ။ နာဂစ်မုန်တိုင်းကယ်ဆယ်ရေးကိစ္စများတွင် ငွေကြေး၊ လုပ်အား၊ စွမ်းအင်များကို ထိရောက် မြန်ဆန်မှု ရှိအောင် စီမံခန့်ခွဲနိုင်သူ။ စိတ်ဓာတ်ကြံ့ခိုင်သော ခေါင်းဆောင်မှုပေးနိုင်သည့် အမျိုးသမီးတဦး
၇။ သန်းမြင့်အောင် (စာရေးဆရာမ)၊ နာရေးကူညီမှုအသင်း - စာရေးသားခြင်းအလုပ်ကို အချိန်ပြည့် မလုပ်ကိုင်နိုင်တော့ဘဲ နာရေးကူညီမှုလုပ်ငန်းနှင့်တကွ အခြား အားနည်းသူ ကလေးသူငယ်များ (HIV သင့်ကလေးသူငယ်များ) စောင့်ရှောက်ရေး၊ ရန်ပုံငွေ ရှာဖွေရေး၊ စာပေလောက၊ အနုပညာလောက အသိုင်းအ၀ိုင်းများ၏ ၀ိုင်းဝန်းပါဝင်ဆောင်ရွက်လာရေး စသည့်လုပ်ငန်းများကို စုစည်းဆောင်ရွက်နိုင်သူ။ ၎င်း၏ စာပေရေးသားမှုများတွင်လည်း မြန်မာပြည်၏ အထူးလိုအပ်မှုများ ကြီးမားကျယ်ပြန့်လှသည့် လူမှုရေးဒုက္ခဘေးကို စာဖတ်သူများ စာနာစိတ်၊ သဒ္ဓါစိတ်၊ စေတနာ့ဝန်ထမ်းစိတ်များ ပေါ်ပေါက်လာစေဖို့ အားထုတ်ရေးသားနိုင်သည့် စာရေးဆရာ
၈။ ဖြူဖြူသင်း၊ အင်န်အယ်ဒီပါတီဝင်၊ HIV လူနာများ ကူညီစောင့်ရှောက်ခြင်း - ၂၀၀၂ တွင် ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်အဖွဲ့သို့ လမ်းညွှန်မှုများနှင့်အတူ ကုလအစီအစဉ်ဖြင့် အေအိုင်ဒီအက်စ်- အိတ်ခ်ျအိုင်ဗီ ပညာရေးသင်တန်းကို တက်ရောက်ခဲ့သည်။ ၎င်းနောက် HIV လူနာများ၊ ကလေးသူငယ်များကို ကူညီစောင့်ရှောက်ခြင်းကို ဇောက်ချပြီး လုပ်ကိုင်ခဲ့သည်။ နိုင်ငံရေး အနှောက်အယှက်များကြားမှ ယနေ့ထက်ထိ အဆိုပါလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်သူဖြစ်သည်။ အခြားအင်န်ဂျီအိုလုပ်ငန်းအများအပြားရှိသည့်ကြားက ဖြူဖြူသင်းနှင့် မိတ်ဆွေများသည် လူနာများ၏ လိုအပ်ချက်များကို အခက်အခဲများကြားထဲက ရဲရင့်စွာ ထုတ်ဖော်ပြောဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ကိုယ့်အားကိုယ်ကိုး စွန့်စားဆောင်ရွက်နေရသူ
၉။ ဇာဂနာ၊ လူရွှင်တော်၊ ဒါရိုက်တာ၊ စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ - ၂၀၀၈ မေ - နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆရာတော်၊ သံဃာတော်များ၊ အနုပညာရှင်များ၊ ပြည်သူများ၊ လူငယ်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့သည်။ ပရိသတ်ကိုလည်း မီဒီယာများကတဆင့် အမြန်ဆုံး သတင်းပို့ ရှင်းပြနိုင်ခဲ့သည်။ စစ်အစိုးရကို နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသဖြင့် ဖမ်းဆီးထောင်ချခံရသည်။ ထောင်ဒဏ် ၅၈ နှစ် ကျခံနေရသည်။ လူမှုရေးလုပ်ငန်းများအတွက် အလှူရှင်များ၊ လုပ်အားပေးစေတနာရှင်များနှင့် ပရိသတ်အားလုံးကို စည်းရုံးနိုင်သူ၊ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်သူ၊ ရဲရင့်ပွင့်လင်းစွာ ပြောဆိုတင်ဆက်နိုင်သူ အနုပညာရှင်တဦးအဖြစ် ထူးခြားသည်။
၁၀။ ဦးအေးမြင့်၊ (ဦးအေးမြင့်မောင်) လမ်းပြကြယ်ဥပဒေအကျိုးဆောင်အဖွဲ့ - ၂၀၀၃ ခုနှစ်ကတည်းက အဓမ္မလုပ်အားပေးခိုင်းစေခြင်းခံရသူ လယ်သမားများ၊ အလုပ်သမားများနှင့် ရွာသားများအတွက် စစ်အာဏာပိုင်များနှင့် ရင်ဆိုင်ဖြေရှင်းခြင်း၊ ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်မှုများ ပေးခြင်းတို့ကို ဆောင်ရွက်သူ ရှေ့နေတဦး။ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ( အိုင်အယ်လ်အို) ထံ စာရင်းများ၊ အချက်အလက်များ ပြုစုတိုင်ကြားခဲ့သဖြင့် စစ်အစိုးရက ထောင်အကြိမ်ကြိမ်ချမှတ်ပြီး အရေးယူခြင်း ခံရသူ ဖြစ်သည်။ ၎င်းအပြင် အသက်မပြည့်ဘဲ စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခြင်း ခံရသူ ကလေးစစ်သားများကို ကာကွယ်စောင့်ရှောက်ခြင်းကိုလည်း ဆောင်ရွက်နေသူ ဖြစ်သည်။ ၎င်း၏ ရှေ့နေလိုက်ခွင့်လိုင်စင်ကို စစ်အစိုးရက ရုတ်သိမ်းခဲ့ပြီး ဖြစ်သည်။
၁၁။ မြန်မာဘလော့ဂ်ဂါဆိုဇိုင်ယတီ၊ MBS (Myanmar Blogger Society) - အင်တာနက်နှင့် ကွန်ပျူတာအခြေစိုက် ပညာဒါနလုပ်ငန်း၊ စေတနာ့ဝန်ထမ်းလူမှုရေးလုပ်ငန်းနှင့် တကိုယ်ရည်တိုးတက်မှုများကို စေတနာ့ဝန်ထမ်းဆောင်ရွက်သော အဖွဲ့တခု ဖြစ်သည်။ ၂၀၀၇ တွင် ပထမဦးဆုံး မြန်မာဘလော့ဂ်ဂါများ ဆွေးနွေး ကျင်းပခဲ့သည်။ ၂၀၀၈ မေ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူခံခြင်း၊ လုပ်အားပေးခြင်းများ ပြုလုပ်ခဲ့သည်။ ၂၀၀၈ မှ ၂၀၁၀ အတွင်း ရန်ကုန် မြန်မာအိုင်စီတီပတ်ခ်က အခြေတည်ပြီးနောက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပခုက္ကူမြို့များတွင် အခမဲ့နည်းပညာသင်တန်းများ ပြုလုပ်ခဲ့သည်။ အွန်လိုင်းမှတဆင့် အီးဘွတ်များ၊ အခမဲ့ဝန်ဆောင်မှုများလည်း ဆောင်ရွက်လျက်ရှိသည့် အစုအဖွဲ့တခု ဖြစ်သည်။
၁၂။ လူမှုထူးချွန်ဆုရ ဦးအောင်မြင့်စိုး - တသီးပုဂ္ဂလတဦးအဖြစ် သွေး နှင့်မျက်ကြည်လွှာလှူခြင်း၊ HIV,AIDS ဝေဒါနာရှင်များအား စောင့်ရှောက်ကူညီခြင်း၊ UNICEF နှင့်ပူးပေါင်းပြီး ကလေးသူငယ်များအား ကူညီပံပိုးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်သူ တဦးဖြစ်သည်။ လက်ရှိအစိုးရထံမှ လူမှုထူးချွန်ဂုဏ်ထူးဆောင်အဆင့် ၁ ၊ ၂ ၊ ၃ အဆင့်များ ပေးအပ်ချီးမြင့်ခြင်းခံရသည်။
၁၃။ ဗြဟ္မာစိုရ်အသင်း၊ မန္တလေးမြို့၊ နာရေးနှင့် လူမှုရေးကူညီမှုအသင်း - လက်ရှိ ရန်ကုန်တွင် ထင်ရှားသော နာရေးကူညီမှုအသင်း၏ ရှေ့ဦးကတည်းက တည်ရှိနှင့်ပြီးဖြစ်သည့် မန္တလေးမြို့တွင် မြို့မိ မြို့ဖများ၊ လူငယ်လုပ်အားပေးများနှင့် ဖွဲ့စည်း ထူထောင်ထားသော နာရေးကူညီမှုအသင်းဖြစ်သည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက် တင်ပြပါမည်။
၁၄။ ဂရုဏာလူမှုကူညီရေးအသင်း၊ မူဆယ်မြို့၊ ရှမ်းပြည်နယ် - ပညာရေး၊ ကျန်းမာရေး၊ နာရေးနှင့် လူနာစောင့်ရှောက်မှု စေတနာဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နေသော အသင်း ဖြစ်သည်ဟု ဆိုပါသည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက် တင်ပြပါမည်။
၁၅။ ဒေါက်တာစောဝါးထူး၊ မော်လမြိုင်မြို့ အနာကြီးရောဂါပြုစုစောင့်ရှောက်ရေးဆေးရုံ - အနာကြီးရောဂါသည်များအား ပြုစုစောင့်ရှောက်ဆေးကုသမှုပေးသည့် ဆေးရုံအုပ် ဆရာဝန်ကြီးကို ဆန္ဒပြုတင်ပြထားပါသည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက်တင်ပြပါမည်။
၁၆။ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် - အထွေထွေရောဂါနှင့် မျက်စိကု ကုသိုလ်ဖြစ်ဆေးရုံကိုလည်း ဆန္ဒပြုထားကြပါသည်။ အချက်အလက်များ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြီး ဆက်လက် တင်ပြပါမည်။
၁၇။ ဦးမြင့်အေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ ကြည့်မြင်တိုင်၊ ရန်ကုန် - အဓမ္မလုပ်အားပေးများအား ကာကွယ်စောင့်ရှောက်ရေး၊ ကလေးစစ်သားများကို ကယ်တင်စောင့်ရှောက်ခြင်း၊ လူ့အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို နယ်များ၊ ကျေးလက်များအထိ ဆင်းပြီး ဆောင်ရွက်သူ။ ကော့မှူးမြို့နယ် အဓမ္မလုပ်အားပေးများဘက်က ရပ်တည် တရားစွဲဆိုအောင်နိုင်သူ စုစုနွေးအရေးတွင် အိုင်အယ်အိုထံ သတင်းပေးပို့ပြီး ၀ိုင်းဝန်း လက်တွဲ ဆောင်ရွက်ခဲ့သူ တဦးဖြစ်သည်။
၎။ အထက်ပါ အမည်စာရင်းအပြင် ဧပြီလ ၉ ရက်နေ့အထိ ဆက်လက်ရရှိနေမည့် အမည်စာရင်းများကို အားလုံးထံသို့ အထက်ပါအတိုင်း အကျဉ်းချုပ်ပြန်လည် တင်ဆက်နေမည် ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ အကျယ်ဖော်ပြချက်တို့ကိုမူ “ဂုဏ်ယူဖွယ်ရာမြန်မာများ ကဏ္ဍ” တွင် အသေးစိတ်ဖတ်ရှုနိုင်အောင် တက်ဆက်ပေးမည် ဖြစ်သည်။ ဧပြီလ ၁၀ နှင့် ၁၁ ရက်တွင် မြို့နယ်များအလိုက် ဖြစ်မြောက်ရေးကိုယ်စားလှယ်အဖွဲ့အသီးသီးက ၎င်းတို့၏ ဆန္ဒအရှိဆုံး ၅ ဦးကို ရွေးချယ်ကြမည် ဖြစ်သည်။ ဧပြီလ ၁၂ ရက်မှ ၂၁ ရက်အထိ နောက်ဆုံး ဆန်ကာတင် ၅ ဦးကို ပရိသတ်အားလုံးထံက အင်တာနက်မဲပေးသည့် စနစ်ဖြင့် ပြည်သူ့ဂုဏ်ရည် အဖြစ် ဂုဏ်ပြုနိုင်ရန် ရွေးချယ်မည် ဖြစ်သည်။ ဧပြီလ ၂၄ တွင် ၂၀၀၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်သည့် အခမ်းအနားကို အိမ်ရှင်အဖြစ် အယ်လ်အေမိသားစုများက ကျင်းပကြမည် ဖြစ်သည်။ ထိုအခမ်းအနားတွင် မဲအများဆုံး ဆန္ဒပြုခံရသူကို ကြေငြာမည် ဖြစ်သည်။

ပြည်သူ့ဂုဏ်ရည် အစီအစဉ် - ဂုဏ်ပြုရန် အနိမ့်ဆုံး ဆုချီးမြှင့်နိုင်မည့် ပမာဏ - ဒေါ်လာ ငါးထောင်
စာအမှတ် ၂/ ၂၀၁၀ - နေ့စွဲ ဧပြီ ၂၊ ၂၀၁၀
မိတ်ဆွေများခင်ဗျား …
ယခုပူးပေါင်းဆောင်ရွက်ကြမည့် မြို့နယ်များနှင့် ဖြစ်မြောက်ရေးကိုယ်စားလှယ်အဖွဲ့များ၏ အခြေခံသဘောတူညီချက်အဖြစ် တမြို့လျင် အနည်းဆုံး ဒေါ်လာငွေ ၅၀၀ စီ ထည့်ဝင်ကြရန်နှင့် စုစုပေါင်း အနိမ့်ဆုံး ဆုပမာဏကို အမေရိကန်ဒေါ်လာ ငါးထောင် အဖြစ် အကြမ်းအားဖြင့် သတ်မှတ်ထားပြီ ဖြစ်ပါတယ်။

လက်ရှိ ပူးပေါင်းကြမည့် မြို့ ၉ မြို့ထံက ဖြစ်မြောက်ရေးကိုယ်စားလှယ်အဖွဲ့များအတွက် ရန်ပုံငွေအလှူခံဖြတ်ပိုင်း စာအုပ်များကိုလည်း ပုံနှိပ်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ စာရင်းစစ်များရဲ့ တောင်းဆိုချက်အရ အမည်ဖော်မပြလိုသူ အလှူရှင်များကိုပါ အလှူခံဖြတ်ပိုင်းလက်ခံကို ပေးအပ်ရမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အလှူရှင်များကလည်း အမှတ်စဉ်နံပါတ်များ ပုံနှိပ်ထားတဲ့ အလှူခံဖြတ်ပိုင်းမူရင်းကို တောင်းဆိုသိမ်းဆည်းကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ်။ ၀င်ငွေခွန်တွင် အလှူငွေအဖြစ် ပြန်လည် တင်ပြလိုသူများအတွက် 501 C ( 3 ) Tax ID No. ကိုလည်း တောင်းယူမှတ်တမ်းထားနိုင်ပါတယ်။ အွန်လိုင်းက လှူဒါန်းပါဝင်လိုသူများအတွက်လည်း ယခု ဂူးဂဲရဲ့ အလှူခံစနစ်ဖြင့် အလှူငွေကို လက်ခံနေပြီ ဖြစ်ပါတယ်။

ရန်ပုံငွေ ရှာဖွေရေးအတွက် အထောက်အကူပြု ပို့စကဒ်များကို ဖြန့်ချိမှာ ဖြစ်တဲ့အတွက် ပထမပို့စကဒ်အဖြစ် ပန်းချီကိုမျိုးရဲ့ ဒီဇိုင်းနဲ့ ပို့စကဒ်ကို ပုံနှိပ်ပြီး မြို့နယ်များအလိုက် ဖြစ်မြောက်ရေးကိုယ်စားလှယ်များထံ ပေးပို့မှာ ဖြစ်ပါတယ်။ မြန်မာရိုးရာ သင်္ကြန်ပွဲများမှာ၊ မိတ်ဆုံပွဲများမှာ အဆိုပါ ပို့စကဒ်များ ဖြန့်ဝေခြင်း၊ ရန်ပုံငွေရရှိအောင် တိုက်တွန်းနိုးဆော်ခြင်းများ ဆောင်ရွက်မှာ ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်။
အားလုံးရဲ့ကိုယ်စား
ဦးကိုလေး(အယ်လ်အေ) 626-383-6901 ကိုဝေလ(နယူးယောက်) 718-505-0080 ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717 ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485
http://www.citizenofburma.org/

၁၀၀ကျော်ကျော်မြန်မာ့မီးအား..

မေးလ်မှရရှိပါသည်။

The Voice weekly 6-22

http://ifile.it/0u9qon2The Voice 6-22. E-Book Final