Thursday, April 8, 2010

8 April 2010 ဒိုင်ယာရီ

http://ifile.it/hfga5i98 April 2010 Yeyintnge Diary

ညီညွတ်ရေးလက်နက်ကို ဘက်ပေါင်းစုံက ကိုင်စွဲကြပါစို့

ညီညွတ်ရေးလက်နက်ကို ဘက်ပေါင်းစုံက ကိုင်စွဲကြပါစို့
ရွှေပြည်စိုး
ဧပြီ ၉၊ ၂၀၁၀
အာဏာရှင်ဆိုတာ-
အာဏာရှင်ဆိုတာ သူတို့အာဏာတည်မြဲရေးကိုသာ ကြည့်တယ်။ ဘယ်မိဘဆွေမျိုး၊ ဘယ်ကျေးဇူးရှင်၊ ဘယ်မျက်နှာကိုမှ မထောက်၊ ဘယ်သူတားလို့မှ မရ၊ အာဏာမြဲဖို့ ထောက်ခံသူ၊ အထောက်အပံ့ပြုသူကို မဟာမိတ်လို သဘောထားတယ်။ ဆန့်ကျင်ဘက်မှန်သမျှကို ရန်သူလို သဘောထားပြီး မညှာမတာ သုတ်သင်ရှင်းလင်းပြစ်တယ်။ ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ရင် အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို သိရှိနိုင်ပါတယ်။
အာဏာရှင်တွေထဲမှာ စစ်အာဏာရှင်တွေက ပိုဆိုးပါတယ်။ ပြည်ပရန်ကို ကာကွယ်ဖို့၊ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်ဟာ စစ်အာဏာရှင်တွေရဲ့ သူတို့လက်ခုပ်ထဲကရေလို ဖြစ်နေတာကိုး။ ဒါကြောင့် စစ်အာဏာရှင်တွေဟာ အခြားအာဏာရှင်တွေထက် ဆိုးတာပါ။
အလားတူ မြန်မာနိုင်ငံမှ စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးနဲ့ ချမ်းသာကြွယ်ဝရေးကိုသာ အဓိကထား လုပ်ကြပါတယ်။ ဒါကြောင့် တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခရောက်နေကြရတာ ဖြစ်တယ်။
မြန်မာနိုင်တငံလုံးရှိ နိုင်ငံရေး စီးပွားရေး တခုလုံးကို စစ်တပ်က ထိန်းချုပ်ထားလို့ တပ်မတော် အသိုင်းအ၀ိုင်းကလွဲရင် ကျန်လူတန်းစားအားလုံးဟာ ဘ၀ပျက်နေကြရတယ်။ ခုဆိုရင် ကျမ္မာရေး၊ ပညာရေး၊ လူမှုရေး၊ အကျင့်စာရိတ္တ—တွေအားလုံးကို စစ်တပ်က ဖျက်ဆီးလို့ ပျက်စီးကုန်ပြီ။ နအဖ ဥက္ကဋ္ဌကြီးကိုယ်တိုင် အပါအ၀င် အဖွဲ့ဝင်အားလုံးနဲ့ ဌာနှဆိုင်ရာ အာဏာပိုင်တွေကအစ ကြံ့ဖွတ်စွမ်းအားရှင်အဆုံးတို့ဟာ ဖြတ်စား၊ လာဘ်စား၊ ခြောက်လှန့်စားလွန်းလို့ သာမန်ပြည်သူတွေ မွဲပြာကျရကုန်ပြီ။ ဒီစစ်အာဏာရှင်တွေ ရှိနေသမျှကာလပတ်လုံး ပြည်သူအားလုံးဟာ ဒီလိုဒုက္ခအပေါင်းနဲ့ ရင်ဆိုင်နေကြရမှာ ဖြစ်တယ်။ ဒါကြောင့် ဒီစစ်အာဏာရှင်တွေကို အမြစ်ပါမကျန် ဖြုတ်ပြစ်ဖို့ လိုနေပါပြီ။

စည်းလုံးဖို့ လိုပြီ။
သူတို့ကိုဖြုတ်ချဖို့အတွက် လက်နက်မဲ့၊ လက်နက်ကိုင် အပါအ၀င် ဒီမိုကရေစီ ဘက်တော်သားအားလုံး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲ မထားကြပဲ စည်းလုံးညီညွတ်စွာ လက်တွဲပြီး ကျရာနေရာ ရရာလက်နက်နဲ့ ချိန်ကိုက်ပြီး ဆန့်ကျင် တိုက်ခိုက် ခြေမှုန်းသွားကြရမှာ ဖြစ်တယ်။ ဒါမှသာ စစ်အာဏာရှင်တွေရဲ့ မတရားကြီးစိုးမှုအောက်က လွတ်မြောက်မှာ ဖြစ်တယ်။

ပထမအချီ မပီပြင်
ပထမ ၈၈ လူထုအုံကြွမှုကြီးမှာ ဒီမိုကရေစီအင်အားစု အချင်းချင်း စည်းလုံးမှု မရှိလို့ ရဟန်း ရှင် လူ ကျောင်းသား ပြည်သူ ၃၀၀၀-ကျော် အသက်သွေးမြေ ကျခဲ့ရတယ်။ ဒါပေမယ့် စစ်ဖိနပ်အောက်က မလွတ်မြောက်သလို ဒီမိုကရေစီအတွက် အသက်စွန့်ရကျိုး မနပ် ဖြစ်သွားရပါတယ်။ ဒီပထမအကြိမ် လူထုအုံကြွမှုကြီး ကျဆုံးရတဲ့အကြောင်းကို ပြန်သုံးသပ်တဲ့အခါ ဒီမိုကရေစီ အင်အားစုချင်း မစည်းလုံး မညီညွတ်၊ လက်နက်ကိုင် အင်အားစုတွေ ပါဝင်ပူးပေါင်းမှု မရှိတာရယ်ကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီတုန်းက ရဟန်း ရှင် လူ ကျောင်းသား ပြည်သူ စက်ရုံ အလုပ်ရုံ ၀န်ထမ်း၊ ရုံးဝန်ထမ်းများနဲ့ န၀တ လက်အောက်ခံ စစ်မှုထမ်း တချို့ ပါဝင်လာပေမယ့် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြည်သူတွေနဲ့ ပါဝင်ပူးပေါင်းလာခြင်းမရှိတာဟာ ကျဆုံးခြင်းရဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။

ဒုတိယအချီ မပီပြင်
တဖန် ၂၀၀၇-ခုမှာ သံဃာ့အုံကြွမှုကြီး တပြည်လုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်လာပြန်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ကြတဲ့ သံဃာများကို စစ်တပ်က ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်တဲ့အတွက် ဗုဒ္ဓဘာသာဝင် ပြည်သူအများက မခံမရပ်နိုင် ဖြစ်ကာ သံဃာတော်များဘက်က ပါဝင်လာခြင်း ဖြစ်ပါတယ်။ သံဃာတော်များဘက်က အင်အားပိုမိုကြီးမားလာတာနဲ့အမျှ စစ်အာဏာရှင်တွေ ပို၍ စိုးရိမ်လာတယ်။ ဒါကြောင့် ဒေါ်ကြိုင်ကြိုင် အပါအ၀င် ဗိုလ်သန်းရွှေရဲ့ မိသားစုဝင်များ မြန်မာနိုင်ငံမှာ မနေရဲတော့ပဲ ဒူဘိုင်း စော်ဘွားနိုင်ငံဆီကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်။
အဲဒီချိန်မှာ အစိုးရ၀န်ထမ်းတွေ နအဖလက်အောက်ခံ စစ်တပ်တွေ၊ လက်နက်ကိုင် တိုင်းရင်းသားတွေက သံဃာများဘက်က စည်းလုံးညီညွတ်စွာ ပူးပေါင်းလိုက်ပါက တိုတောင်းတဲ့ကာလအတွင်းမှာ စစ်အာဏာရှင်စနစ် ကျဆုံးသွားမှာ ဖြစ်တယ်။ ဒါပေမယ့် ၄င်းတို့က ပါဝင်ပူးပေါင်းလာခြင်းမရှိ ၄င်းတို့နဲ့ မဆိုင်သလို ငြိမ်နေလိုက်တော့ စစ်တပ်ရဲ့ အလွယ်တကူ ခြေမှုန်းခြင်းခံလိုက်ရပါတယ်။ သံဃာများနဲ့ ပြည်သူများစွာ အသက်သွေးမြေကျခဲ့ရပေမယ့် ပြည်သူတရပ်လုံး မျှော်မှန်းထားတဲ့ ဒီမိုကရေစီ ပန်းတိုင်နဲ့ လွဲချော်သွားခဲ့ရပြန်ပါတယ်။
ဒါဟာ လက်နက်မဲ့ လက်နက်ကိုင် ဒီမိုကရေစီ အင်အားစုများရဲ့ မညီညွတ် မပီပြင်မှုကြောင့် ဒုတိယအကြိမ် ထပ်မံ ပြိုကွဲခဲ့ရပါတယ်။

သင်ခန်းစာယူ ဒို့အားလုံး ညီတူ
ပထမနဲ့ ဒုတိယအကြိမ် အုံကြွမှု ပြိုကွဲရခြင်းအကြောင်းမှာ အထက်ပါ ဖော်ပြထားတဲ့အတိုင်း ဒီမိုကေရစီ အင်အားစုများဘက်က အချင်းချင်း စည်းလုံးမှု၊ ညီညွတ်မှု၊ ညှိနှိုင်းမှု၊ နားလည်မှု ---စသည်တို့မရှိခြင်းကြောင့် ဖြစ်တယ်။ ဒါကို သင်ခန်းစာယူကြပါ။ ပြန်သုံးသပ်ကြပါ။ အချင်းချင်း နားလည်မှု ယူကြပါ။ ဆက်သွယ်ကြပါ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲ----တွေ ဖျောက်ကြပါ။ မကြာမီကာလအတွင်းမှာ တတိယအရေးအခင်းကြီး ဖြစ်ပေါ်လာပါတော့မယ်။ အဲဒါကလဲ စစ်အာဏာရှင်တွေ ရာသက်ပန်အာဏာတည်မြဲရေးအတွက် ဖုတ်ပူမီးတိုက်လုပ်နေတဲ့ ၂၀၁၀-ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ခုထဲက ကြိုတင်ပြင်ဆင်ထားဖို့လိုနေပါပြီ။

စစ်အာဏာရှင်တွေရဲ့ လောက်စာလုံး တလုံးနဲ့ ငှက်သုံးကောင် ပစ်ချနည်း
စစ်အာဏာရှင်တွေဟာ ရာသက်ပန် အာဏာတည်မြဲရေးအတွက် လောက်စာလုံးတလုံးတည်းနဲ့ ငှက်သုံးကောင် ပစ်ချ-တဲ့ နောက်ဆုံးပေါ်နည်းကို ကျင့်သုံးလာတာ တွေ့ရပါတယ်။ ဥပမာ-၂၀၁၀-ရွေးကောက်ပွဲ အကြောင်းပြပြီး
(၁) ဒီမိုကရေစီ အင်အားစုတွေကို အမြစ်ပါမကျန် ဖြိုခွဲဖို့။
(၂) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပြီးအပြတ် ခြေမှုန်းပြစ်ဖို့။
(၃) အဲဒီကမှ အတုအယောင် ရွေးကောက်ပွဲနဲ့ အောင်ပွဲခံဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် လောက်စာလုံး တလုံးတည်းနဲ့ ငှက်သုံးကောင် ပစ်ချနိုင်တဲ့ အစဉ်အလာ မရှိပါဖူး။
အလားတူပဲ အတုအယောင် ရွေးကောက်ပွဲကို ဗန်းပြပြီး တချိန်တည်းမှာ နိုင်ငံရေး ပါတီတွေကို ဖြိုဖျက်ဖို့၊ နအဖနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖြိုခွဲဖို့ မဖြစ်နိုင်ပါဖူး။
ခုဆိုရင် ၁၉၉၀-ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပါတီတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေက ၂၀၀၈-ဥပဒေကို လက်မခံသလို ၂၀၁၀-ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်နေကြပါတယ်။ ငြိမ်းအဖွဲ့တွေထဲက အများစုကလည်း ၂၀၀၈-ခုဥပဒေကို လက်မခံ၊ ပါတီမထောင် ရွေးကောက်ပွဲ မ၀င်၊ နယ်ခြားစောင့် တပ်ပြောင်းရေးကိုပါ ငြင်းဆန်နေကြတယ်
ပြည်တွင်းရှိ သာမန်ပြည်သူတွေကို လက်နက်၊ အာဏာ၊ အသပြာနဲ့ ခြိမ်းခြောက် အကျပ်ကိုင်လို့ ရနိုင်ပေမယ့် နိုင်ငံရေးပါတီတွေ ငြိမ်းအဖွဲ့တွေကို အကျပ်ကိုင်လို့မရပါ။ ဒါကြောင့် ငြိမ်းအဖွဲ့တွေ အသွင်ပြောင်းရမယ့်ရက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတယ်။ ခြိမ်းခြောက်လိုက် တရုတ်အစိုးရကို ချဉ်းကပ်လိုက် စစ်အင်အား တိုးချဲ့ပြလိုက်နဲ့ ဟန်ရေးပြနေပေမယ့် ၀-ကချင် စတဲ့ အင်အားကောင်းတဲ့ ငြိမ်းအဖွဲ့တွေက သူတို့ရဲ့ ရပ်တည်ချက်ကို မပြောင်း။
နအဖ-က အဲလိုလုပ်တာဟာ ဘို့တဘို့ထဲသာရှိတဲ့ စစ်အာဏာရှင်တွေအတွက်သာဖြစ်တယ်။ ခုနောက်ဆုံး နှစ်ပေါင်း ၂၀-လောက်ကတည်းက မြန်မာအစိုးရက ပို့ထားတဲ့ ၀-နယ်ဖွံ့ဖြိုးရေး ၀န်ထမ်း ၈၀-ခန့် ပြန်ခေါ်ယူသွားပါတယ်။( ဒီဗွီဘီ ၂၃-၃-၂၀၁၀)။ ဒါတင်မက တရုတ်နိုင်ငံသားများကို ၀-ဒေသနဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသများမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ နအဖက တရုတ်အစိးရကို တားမြစ်ပေးဖို့လည်း တောင်းဆိုထားတယ်။ (ခေတ်ပြိုင် ၂၆-၃-၂၀၁၀) ဒါပေမယ့် ငြိမ်းအဖွဲ့တွေက သူတို့ပြောထားတဲ့စကားကို မဖျက်ပါ။
ဒီလောက်ဆို စစ်အာဏာရှင်တွေဟာ ဘယ်လောက်ယုတ်မာတယ်ဆိုတာ သိလောက်ပါပြီ။ နအဖ-က ငြိမ်းအဖွဲ့တွေကို အနှေးနဲ့အမြန် တိုက်တော့မယ်ဆိုတာ မှန်းလို့ရပါတယ်။

စည်းလုံးခြင်းသည် အင်အား
ခုလိုချိန်ခါမျိုးမှာ ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ အင်အားစုတွေ စည်းလုံးညီညွတ်ဖို့လိုပြီ။ အကြောင်းမှာ စစ်အာဏာရှင်တွေ မတရား ကြီးစိုးမှုကြောင့် တတိုင်းပြည်လုံး ဆင်းရဲဒုက္ခတွင်း တနေ့ထက်တနေ့ နစ်မွန်းနေပြီ၊ မကြာမီကာလအတွင်းမှာ တသက်လုံး တဘ၀လုံး နစ်မြှုတ်ကြတော့မှာ ဖြစ်တယ်။ ဒါကြောင့် ဒီအချိန်ကစပြီး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ မထားပဲ အားလုံးလက်တွဲပြီး တက်ညီလက်ညီနဲ့ ဘုံရန်သူ နအဖ စစ်အာဏာရှင်တွေကို အပြုတ်တိုက်ဖို့ တိုက်တွန်းပါတယ်။ ညီညွတ်သော ပြည်သူ့အင်အားနဲ့ စုပေါင်းတိုက်ရင် ဒီစစ်အာဏာရှင်တွေဟာ ဘယ်လိုမှ ခံနိုင်မှာမဟုတ်ပါ။ ဒါကြောင့် စည်းလုံးမှုရှိကြဖို့ သတိပေးရခြင်း ဖြစ်ပါတယ်။

ပြည်ပ ဒီမိုကရေစီ အင်အားစု
ပြည်ပရောက် မြန်မာဒီမိုကရေစီ အင်အားစုများက စစ်အာဏာရှင်တွေ အမြစ်ပြုတ်ခြေဖျက်ဖို့ တတ်နိုင်တဲ့ဘက်က ကူညီဖို့၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သင့်တော်မဲ့အချိန်ကိုသာ စောင့်နေကြတာ ဖြစ်တယ်။ နိုင်ငံတကာ ဒီမိုကရေစီ အင်အားစုများကလည်း မြန်မာ့ဒီမိုကရေစီရေးကို ကူညီပန့်ပိုးဖို့ လက်မနှေးကြပါ။ အချိန်ကိုသာ ကြည့်နေကြတာ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်စွာ တက်ညီလက်ညီနဲ့ စ-ဖို့သာ လိုပါတော့တယ်။

ဒီတချီ အပီလုပ်ဖို့ လိုပြီ
ဒီတချီဟာ နောက်ဆုံးအချိန်ဖြစ်လို့ နအဖ-က တိုက်လာမှ ကာကွယ်တဲ့အနေနဲ့ ပြန်တိုက်မယ်ဆိုတဲ့မူကို ပုံသေကိုင်မထားသင့်ပါ။ အကယ်၍ နအဖ-က တသက်လုံး လာမတိုက်ဖူးဆိုရင် ဒီအတိုင်းပဲ နေကြတော့မှာလား။ လက်နက်ရှိသူများအနေနဲ့ အကြောင်းမဟုတ်ပေမဲ့ လက်နက်မဲ့ ပြည်သူတရပ်လုံးဟာ နအဖတွေရဲ့ မတရား အနိုင်ကျင့်စော်ကားမှုကို တသက်လုံး နေ့စဉ်နဲ့အမျှ ခံစားနေကြရတော့မှာ ဖြစ်တယ်။ ဒီလိုမခံစားရလေအောင် ဆုံးရှုံးနေတဲ့ လွတ်လပ်ရေး၊ ဆုံးရှုံးနေတဲ့ ဒီမိုကရေစီ၊ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိအောင် ဘုံရန်သူ နအဖ စစ်အားဏာရှုင်တွေကို စည်းလုံးညီညွတ်သော ပြည်သူ့အင်အားဖြင့် တွန်းလှန်ဖို့ တိုက်တွန်းပါတယ်။
ဒီတချီ ဆင်နွှဲရမယ့် တွန်းလှန်တိုက်ပွဲဟာ မီးကုန်ယမ်းကုန် တိုက်ရမယ့် နောက်ဆုံးတိုက်ပွဲအဖြစ် သတ်မှတ်ရပါလိမ့်မယ်။ ဒါကြောင့် ဒီတချီဟာ နအဖ စစ်အာဏာရှင်တွေကို အပီအပြင် တွန်းလှန် တိုက်ထုတ်ပြစ်ရမယ့်အချီဖြစ်လို့ ကျား-မ မရွေး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ မထားကြပဲ အချင်းချင်း ညှိနှိုင်းပြီး စည်းလုံးညီညာစွာဖြင့် လက်တွဲကာ တိုက်ပွဲဝင်ကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်။

လေးစားစွာဖြင့်
ရွှေပြည်စိုး
http://moemaka.com/index.php?option=com_content&task=view&id=6197&Itemid=1

လျှပ်စစ်မီတာခ နှင့် စက်သုံးဆီဈေး မြင့်တက်မှုကြောင့် လူထုအုံကြွမှု ဖြစ်ပေါ်ရာမှ ကီရ်ဂျက်စတန် သမ္မတ တိုင်းပြည်မှ ထွက်ပြေးရ

Upheaval in Kyrgyzstan as Leader Flees

ကာဇက်စတန် ဘစ်ရှ်ကမ့် တွင် ဆန္ဒပြမှု ဖြစ်ပွားရာ အတိုက်အခံပါတီ မှ ခေါင်းဆောင်များက ဤသို့ ချက်ခြင်း လာရောက် ၍ တရားဟောကာ ပြည်သူအား ဦးဆောင်မှုပေး သည်။ (AP Photo/Ivan Sekretarev)


ဆန္ဒပြသူများက ပြန်လည် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ ဝင်များ အထိနာစဉ် ဓာတ်ပုံ - နယူးယောက်တိုင်း

ဆန္ဒပြသူ များ က စစ်ကား တစ်စီး ကို သိမ်းပိုက်ထား စဉ် ဓာတ်ပုံ- CNN

၂၀၀၅ ခုနှစ်က ကျူးလစ် တော်လှန်ရေး ဖြင့် အာဏာရရှိလာသည့် အာရှအလယ်ပိုင်း နိုင်ငံ တစ်ခု ဖြစ်သော ကာဇက်စတန်
သမ္မတ ကာမန်ဘက် ဘာကီယဗ် သည် ယမန်နေ့ က မြို့ တော် ဘစ်ရှစ် ကတ် တွင် ဖြစ်ပွားသည့် ပြင်း ထန် သော လူထုအုံကြွှမှု များ
ကြောင့် ယနေ့ နိုင်ငံမှ ထွက်ပြေးရသည် ဟု သတင်း ရရှိသည်။(LIVE Video ကြည့်ရှုနိုင်သည်)ဗုဒ္ဓဟူး နေ့ က ဖြစ်ပွား ခဲ့သည့်  ဆန္ဒပြပွဲ များ တွင် လူ တစ်ရာကျော် သေဆုံး ၍ သုံးရာကျော် ဒဏ်ရရှိသည်။

ယခင် နိုင်ငံခြားရေးဝန်ကြီး ဟောင်း နှင့် အတိုက် အခံတစ်ဦး ဖြစ် သူ မစ္စတာ Omurbek Tekebaev က
ကြားဖြတ် အစိုးရ ကို အောင်မြင်စွာ ဖွဲ့ စည်း လိုက် နိုင်ပြီ ဖြစ်ကြောင်း ယနေ့ ည သတင်းထုတ်ပြန်သည်။ ဆန္ဒပြသူများ သည် အစိုးရ ရုံး တစ်ချို့ 
ရဲစခန်း နှင့် ရုပ်မြင်သံကြား ဌာန နှစ်ခု ကို သိမ်းပိုက် ထားသည်။

ထိုသို လူထု အုံကြွမှု ဖြစ်ရခြင်း မှာလျှပ်စစ်မီတာခ နှင့် စက်သုံးဆီ ဈေးများ ကို တိုးမြှင့် လိုက်ရာမှ အင်္ဂါနေ့ ကစ၍
နိုင်ငံမြောက် ပိုင်း မြို့ တော် တာလာစ် တွင် ဆန္ဒပြမှု များ ဖြစ်ပွားခဲ့ပြီး မြို့ တော် ကို ကူးစက် လာခြင်း ဖြစ်သည်။

တနင်္ဂနွေ နေ့ က ဆန္ဒပြမှု တွင် လူ သုံးသိန်းကျော် ပါဝင် ဆင်နွှဲ ပြီး သမ္မတ နန်းတော်ရှေ့ တွင် ဆန္ဒပြသူများ
လည်း ပစ်သတ်ခံရကာ ရဲတပ်ဖွဲ့ ဝင် အချို့ ကို လည်း ဆန္ဒပြသူ များ ကဖမ်းဆီးခဲ့သည်။

စနေ နေ့ က ကုလ အထွေထွေ အတွင်း ရေးမှုး ကာဇက် စတန် သို့ လာရောက် မလည်ပတ်
ခင် နေ့ များ က အတိုက်အခံ ခေါင်းဆောင် တစ်ချို့ ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်။

အမေရန်ကန် အစိုးရ က မူ ဘာကီယဗ် သည် အာ ဏာ ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည် ဟု ပြောသည်။
သမ္မတ သည် နိုင်ငံတောင် ပိုင်း Osh မြို့ သို့ ထွက်ပြေးသွားသည် ဟု သတင်းများက ဆိုသည်။

ကာဇက်စတန် နိုင်ငံတွင် အမေရိကန် လေတပ် စခန်း နှင့် နေတိုး တပ်များရှိသည်ပြီး အာဖဂန် နစ္စတန် စစ်ဆင်ရေး များ
အတွက် အဓိက ထောက်ပံ့ရေး လမ်းကြောင်း ဖြစ်သည်။


ဗုဒ္ဓဟူးနေ့ က ဆန္ဒပြပွဲ တွင် လူ တစ်ရာကျော် သေဆုံးပြီး နှစ်ရာနီးပါး ဒဏ်ရာရရှိသည်။


ဆန္ဒပြသူများက ပြန်လည်ပစ်ခတ်မှုကြောင့် ရဲ များ ကစဥ့်ကလျှား ထွက်ပြေးရစဉ် ဓာတ်ပုံ-နယူးယောက်တိုင်း

၂၄ နာရီ အတွင်း အစိုးရအဖွဲ့ အားဖြုတ်ချနိုင်ပြီး အတိုက်အခံ အမျိုးသမီး အာဏာရရှိ

Quantcast


Only One Day Revolution Took Power

ရဲတပ်ဖွဲ့ ၏ လက်နက်များ ကိုဆန္ဒပြသူ များက ဤသို့ ရိုက်နှက်ပြီး လုယူ

၂၀၀၅ ခုနှစ် က ကာဇက်စတန် တွင် ပေါ်ပေါက်ခဲ့သည့် ကျူးလစ် တော်လှန်ရေး ၏ အဓိက ခေါင်း
ဆောင် အမျိုးသမီး တစ်ဦးဖြစ်သည့် ရိုဇာ အိုတန်ဘေယီဗာ သည် သမ္မတဖြစ်သူ ဘာကီယဗ် နိုင်
ငံ မှ ထွက်ပြေးသွားပြီးနောက် ကြားဖြတ် အစိုးရ အဖွဲ့ ကို ဦးဆောင် ဖွဲ့ စည်း နိုင်ခဲ့ကြောင်း
ဘစ်ရှ်ကတ် မှ လာသည့် အင်တာဖက်စ် သတင်းတွင် ဖော်ပြထားသည်။

သူမသည် ကာဂျက် စတန် ၏ မာဂရက် သက် ချာ ဟု ကျော်ကြားသူ ဖြစ်သည်။

ဆန္ဒပြသူများက ရဲများ ကို ရိုက်နှက်နေစဉ် (အနောက် အုပ်စုများ ၏ ငွေကြေး အထောက်အပံ့ မပါသော တော်လှန်ရေး များက ဤသို့ မြန်မြန်ဆန်ဆန် ပင် ပွဲသိမ်းသည်) အနောက် အထောက်အပံ့ပါက ကြားပွဲစားက အချိန် ဆွဲ ထားသဖြင့် မြန်မြန် ဆန်ဆန် အောင်မြင်မှုမရရှိချေ

အိုတန်ဘေဗီယာသည် ဒဿနိက ဗေဒဖြင့် ၁၉၇၂ ခုနှစ် တွင် မော်စကို မှ ဘွဲ့ ရရှိခဲ့သူ တစ်ဦး
ဖြစ်ပြီး အင်္ဂလန် ၊အမေရိကန် နှင့် ကနေဒါ နိုင်ငံ များ တွင် သံအမတ် အဖြစ် တာဝန်ထမ်းဆောင်
ခဲ့ပြီး ကျူးလစ် တော်လှန်ရေး အပြီး တွင် နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခေတ္တ တာဝန်ထမ်းဆောင်
ခဲ့သည်။

ပြေးပေါက်ပိတ်နေသည့်ရဲတပ်ဖွဲ့  (AP Photo/Ivan Sekretarev)

အသက် ၅၉ နှစ်အရွယ်ရှိ ရိုဇာ သည် ယနေ့ သမ္မတ အဖြစ် စတင် တာဝန် ထမ်းဆောင် သည်။
ရိုဇာ သည် ဆိုရှယ် ဒီမိုကရက် တစ် ပါတီ ၏ ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ဗုဒ္ဓဟူး နေ့ နံနက်က
ရိုဇာ ၏ အတိုက်အခံ ဆိုရှယ် ဒီမိုကရက်တစ် ပါတီ မှ ခေါင်းဆောင် များကို ဘာကီယဗ် အစိုးရ အဖွဲ့ 
ဖမ်းဆီးခဲ့ရာ မှ လျှပ်စစ်မီတာ ခ နှုန်း များ တက်သဖြင့် ပေါက်ကွဲနေ သော ပြည်သူများ က သမ္မတ နန်းတော်
ကို သွားရောက် ၀ိုင်းကြခြင်း ဖြစ်သည်။

စစ်ကားတစ်စီးကို ဆန္ဒပြသူများ ကသိမ်းပိုက်ထားစဉ်

မြို့ တော် တွင် ဖြစ်ပွားခဲ့သည့် ကနဦး ဆန္ဒပြမှု ကို လူလေးဆယ်က စတင် ဦးဆောင် ခဲ့သည်။
သူ၏ ကြားဖြတ် အစိုးရ အဖွဲ့ သက်တမ်း ကို ခြောက်လ သတ်မှတ် ထားရှိသည် ဟု ယနေ့ သတင်း
ထုတ်ပြန်သည်။နိုင်ငံတွင်းရှိ အမေရိကန် လေတပ်စခန်း မာနစ် ကို လည်း သူက အာမခံချက်ပေးထားသည်။

Omurbek Tekebayev နှင့် Almazbek Atambaye စသည့် အတိုက်အခံခေါင်းဆောင်များ ကို ဧပြီလ ၆ ရက်နေ့ တွင် ဖမ်းဆီးပြီးနောက် ပြည်သူများက ဤသို့ အုံကြွ မှု စသည်  ပုံတွင် စစ်ကား နှင့် ရဲကား များကို ဆန္ဒပြသူများကို သိမ်းပိုက်ထားသည် (AP Photo/Ivan Sekretarev)

Omurbek Tekebayev နှင့် Almazbek Atambaye စသည့် အတိုက်အခံခေါင်းဆောင်များ ကို ဧပြီလ ၆ ရက်နေ့ တွင် ဖမ်းဆီးပြီးနောက် ပြည်သူများက ဤသို့ အုံကြွ မှု စသည် ပုံတွင် စစ်ကား နှင့် ရဲကား များကို ဆန္ဒပြသူများကို သိမ်းပိုက်ထားသည် (AP Photo/Ivan Sekretarev)

သမ္မတ အဖြစ် တာဝန်ယူပြီး နောက် ရိုဇာ က “အခု ပြည်သူ့  အစိုးရက နိုင် ငံရေး အာဏာ ကိုရရှိ
သွားပြီ ဟု ပြောသည်။စစ်တပ် ခေါင်းဆောင် များက လည်း ကြားဖြတ် အစိုးရ သစ် ကို ထောက်ခံသည်ဟုပြောသည်။

ယမန် နေ့ က နိုင်ငံ တ၀ှမ်းရှိ မြို့ ရှစ်မြို့ ထက် မနည်း ဆန္ဒပြမှု များ ဖြစ်ပွားခဲ့သည်။သမ္မတ ဘာကီယဗ် အာဏာရှိစဉ်အတွင်း လာဘ်စားမှု နှင့် အကျင့်ပျက်မှု များပေါ်ပေါက်ခဲ့သည်။ဘာကီယဗ်သည် နိုင်ငံတောင်ပိုင်း Osh မြို့ သို့ ထွက်ပြေးသွားပြီ ဖြစ်သည်။

ဘာကီယဗ် သည် မတ်လ အတွင်း အတိုက်အခံ သတင်းစာ တစ်စောင် အပါအ၀င် သတင်းဌာန လေးခုကို ပိတ်ခဲ့သည်။





http://freedomnewsgroup.com/

စိတ်ကူးယဉ်မနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ပြင်

စိတ်ကူးယဉ်မနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ပြင်

ကျော်ဗလ (သုံးသပ်ချက်)

၈/ ဧပြီ ၂၀၁၀


အခုအခါမှာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေး/မ၀င်ရေးဆိုတဲ့ ပြဿနာကို မြန်မာ့နိုင်ငံရေးအင်အားစုအားလုံး စဉ်းစားကြရမှာ ဖြစ်သလို အန်အယ်လ်ဒီအနေနဲ့လည်း အဆုံးအဖြတ်ပေးရတော့မှာဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ အဓိကရွေးချယ်ရမှာက ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်ခံမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ချထားနိုင်ဖို့ပါပဲ။ ဒါ နိုင်ငံရေးပါတီတိုင်း အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့တွေမှာ ကြုံရတတ်တဲ့ ပါတီတွင်း အတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ် တိုက်ပွဲသာဖြစ်ပါတယ်။

ဒီအတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ် တိုက်ပွဲအတွင်းမှာ အပြုသဘောဆောင်တဲ့ ဒီမိုကရေစီနည်းကျ ဆွေးနွေးငြင်းခုန်ကြရင်း ပါတီအတွက် လမ်းစဉ် လုပ်ငန်းစဉ်တွေ ပီပြင်စွာချမှတ်နိုင်ရင် ရှေ့လုပ်ငန်းစဉ်တွေပါ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် ပါတီတွင်း လမ်းစဉ်နှစ်ရပ်တိုက်ပွဲကို ဒီမိုကရေစီနည်းကျစွာ စည်းလုံးမှုရှိစွာ ဆင်နွှဲနိုင်မှ ပါတီတွင်းညီညွတ်ရေးကို တဆင့်တိုး တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။ ပါတီစည်းလုံးညီညွတ်မှုရှိမှလည်း ရှေ့မှာရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီထဲမှာ အခုလို လမ်းစဉ်ဆိုင်ရာ အမြင်ကွဲလွဲမှုတွေ ဘာကြောင့်ရှိလာတာလဲ၊ ဘယ်လိုသဘောထားနဲ့ ကျော်လွှားကြမှာလဲ။ ခြုံပြောရရင် အမြင်ကွဲလွဲမှုတွေ ရှိလာတာဟာ နအဖက သွေးခွဲသပ်လျှိုရေးသဘောထားကို ကျင့်သုံးပြီး နိုင်ငံရေးအရ ထိုးနှက်မှုနဲ့ စည်းရုံးရေးအရ ဖြိုခွဲမှုတွေ လုပ်ဆောင်လာတာကြောင့်လို့ အဓိက ကောက်ချက်ချကြရမှာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် နအဖရဲ့လုပ်ရပ်တွေကြောင့် ပါတီတွင်းမှာ ဖြစ်ပေါ်လာနေတဲ့ နိုင်ငံရေးအရ တွေဝေယိမ်းယိုင်မှုတွေ၊ စိတ်ကူးယဉ်မှုတွေကိုတော့ ပြတ်ပြတ်သားသား တွေးခေါ်မှုတိုက်ပွဲ ဆင်နွှဲသွားကြရပါလိမ့်မယ်။

အန်အယ်လ်ဒီပါတီထဲမှာ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ အတွေးအခေါ်တိုက်ပွဲကတော့ ပါတီရပ်တည်ရေးဆိုတာအတွက် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးဆိုတဲ့ အမြင်နဲ့ ဒီမိုကရေစီလည်းမကျ တရားမျှတမှုလည်းမရှိတဲ့ ရွေးကောက်ပွဲကို မ၀င်ရောက်ရေးဆိုတဲ့ အမြင် (၂) ရပ်တိုက်ပွဲပါပဲ။ ဒီအမြင် (၂) ရပ်ရဲ့ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ဖို့ နအဖက ထုတ်ပြန်တဲ့ အမိန့်ဥပဒေ ပြဋ္ဌာန်းချက်တွေကို သုံးသပ်စိတ်ဖြာပြရုံနဲ့တော့ မလုံလောက်ပါဘူး။ အန်အယ်လ်ဒီပါတီ ဖြတ်သန်းခဲ့တဲ့ အနှစ် (၂၀) ခရီးကိုပါ ပြန်ပြောင်းသုံးသပ် အကဲဖြတ်ဖို့ လိုပါလိမ့်မယ်။

တကယ်တော့ အန်အယ်လ်ဒီပါတီဟာ အနှစ် (၂၀) ဖြတ်သန်းခဲ့ရတယ်ဆိုပေမယ့် ပါတီတရပ်အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရခဲ့တာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ ပတ်ဝန်းကျင်လေးလောက်ပဲ ရှိခဲ့ပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးချိန်ကတည်းက န၀တဟာ ဥပဒေအမိန့်အမျိုးမျိုးထုတ်ပြီး အန်အယ်လ်ဒီပါတီကို ဖျက်ဆီးချေမှုန်းဖို့ တလျှောက်လုံး လုံးပန်းတိုက်ခိုက်ခဲ့တာပါ။ န၀တရဲ့ အဓိက ဦးတည်ချက်က အန်အယ်လ်ဒီခေါင်းဆောင်မှုကို ဖြိုခွဲဖို့ပါ။ အဓိက ပစ်ကွင်းကတော့ တတ်သိပညာရှင်များအင်အားစု ဖြစ်ပါတယ်။

ဒါကြောင့်လည်း တတ်သိပညာရှင်များအဖွဲ့ထဲက ဒေါ်အောင်ဆန်းစုကြည်ကအစ ဦးဝင်းတင်တို့အထိ ပုဒ်ထီးပုဒ်မတပ်ပြီး နှစ်ရှည်ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြတယ်။ ဆရာမောင်သော်ကတို့လို ညှဉ်းပန်းနှိပ်စက်ခံရပြီး အာဇာနည်ဖြစ်သွားသူတွေလည်း မနည်းလှဘူး။ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် ကိုယ်ကျိုးစွန့်ဖို့ ဆုံးဖြတ်ထားခဲ့တဲ့ ဦးတင်ဦး၊ ဦးကြည်မောင်တို့လို မျိုးချစ်ပုဂ္ဂိုလ်တွေကိုလည်း တတ်သိအင်အားစုတွေလိုပဲ ဖမ်းဆီးနှိပ်စက် ကာလရှည်ထောင်ချခဲ့ကြတာပါပဲ။ အန်အယ်လ်ဒီ အဖွဲ့ထဲမှာ န၀တအပေါ် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသဖွယ် ရိုကျိုးမယ်ဆိုတဲ့ ယူနီဖောင်းချွတ်တချို့နဲ့ နိုင်ငံရေးဇာတ်ပျက်တချို့ပဲ ခေါင်းဆောင်အဖြစ် ကျန်ရစ်ခဲ့ပါတော့တယ်။

ဒါကြောင့် ခြုံပြောရရင် အန်အယ်လ်ဒီပါတီမှာ ဆိုင်းဘုတ်သာရှိပြီး နိုင်ငံရေးမရှိတော့တာ ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ကာလ တလျှောက်လုံး အန်အယ်လ်ဒီပါတီရဲ့ လှုပ်ရှားမှုဆိုတာ နအဖရဲ့ ဥပဒေ၊ အမိန့် ညွှန်ကြားချက်တွေကို အကောင်အထည် ဖော်ပေးခဲ့ရတာပဲ များပါတယ်။ နအဖ အလိုမကျ မျက်မာန်တော်ရှပြီဆိုရင် ဆုတောင်းပွဲလုပ်နေတဲ့ နော်အုံးလှတို့လို ပါတီဝင်တွေကအစ အန်အယ်လ်ဒီခေါင်းဆောင်များက သိမ်းကျုံးထုတ်ပစ်တတ်ကြပါတယ်။ ဒါလည်း သိပ်တော့မဆန်းလှပါဘူး။ နအဖ ကျင်းပတဲ့ အမျိုးသားညီလာခံ တက်ခွင့်ရချင်တော့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေကိုတောင် ပါတီက ထုတ်ပစ်တဲ့ ခေါင်းဆောင်ကြီးတွေပဲ၊ ဒါလောက်တော့ ရှိမှာပေါ့။

ပိုဆိုးတာကတော့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းအရေးအခင်းနဲ့ လုပ်ကြံဖို့ ကြိုးစားပြီးနောက်ပိုင်းမှာ နအဖက ပါတီဆိုင်းဘုတ်တွေဖြုတ်ဖို့ ညွှန်ကြားတာကို တစုံတရာ မဆန့်ကျင် မတွန်းလှန်ဘဲ အလွယ်တကူ လက်ခံလိုက်ကြတာပါပဲ။ အဲဒီအချိန်မှာ နအဖက ဆိုင်းဘုတ်ပဲ ဖြုတ်ခိုင်းတာပါ။ အန်အယ်လ်ဒီခေါင်းဆောင်တွေက တပြည်လုံးမှာရှိတဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားခဲ့တာ ၂၀၀၉ ခုနှစ် ရွှေဂုံတိုင်အစည်းအဝေးအထိပါပဲ။ ဒီတော့လည်း အန်အယ်လ်ဒီပါတီရဲ့ လှုပ်ရှားမှုဆိုတာ အခါကြီး ရက်ကြီးတွေရောက်ရင် အုတ်လမ်းမှတ်တိုင်က ရုံးမှာ လူလေးငါးဆယ်လောက် အခမ်းအနား ပြင်ဆင်ကြ၊ မိန့်ခွန်းပြောကြ၊ ကြေညာချက်ထုတ်ကြတာလောက်ပဲ ရှိပါတော့တယ်။ ဒါကြောင့်လည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက သူ့ရဲ့မိန့်ခွန်းတခုမှာ “အန်အယ်လ်ဒီပါတီကို ကြောက်စရာမရှိသလို ဂရုစိုက်စရာလည်း မလိုပါဘူး။ ဒါပေမယ့် သူ့နောက်မှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂရှိနေလို့သာ သတိထားနေရတာ” လို့ မှတ်ချက်ချထားတာ ဖြစ်ပါလိမ့်မယ်။ နအဖအနေနဲ့ကတော့ အန်အယ်လ်ဒီကို အဆိပ်မရှိတော့တဲ့ ရေမြွေလို သဘောထားနေခဲ့ပုံရပါတယ်။

တကယ်တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် အန်အယ်လ်ဒီပါတီအပေါ် မျှော်လင့်ချက်ထားနေကြတာ အုတ်လမ်းမှတ်တိုင်မှာ ရုံးထိုင်နေကြတဲ့ နိုင်ငံရေး ခေါင်းဖြူစွယ်ကျိုး ခေါင်းဆောင်တွေအပေါ် ယုံကြည်အားထားနေကြလို့ မဟုတ်ပါဘူး။ အန်အယ်လ်ဒီပါတီအတွက် သဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ အောက်ခြေက အပယ်ခံတွေ ပါတီဝင်တွေ၊ ထောင်ထဲမှာ စွန့်လွှတ်ပေးဆပ်နေကြတဲ့ ရဲဘော်တွေ၊ ပြည်ပက အသွင်အမျိုးမျိုးနဲ့ ထောက်ခံအားပေးနေကြတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကြောင့်သာ မြွေဟာ ခေါင်းကျိုးနေပေမယ့် ခန္ဓကိုယ်က လူးလွန့်လှုပ်ရှားနေခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းကျိုးနေမှတော့ နိုင်ငံရေးခန္ဓာအိမ်ဟာ တွန့်လိမ်နေတာကလွဲလို့ လိုရာကို မရောက်နိုင်တော့ပါဘူး။

၂၀၀၇ ခုနှစ် သံဃာအရေးအခင်းမှာဆို ပွဲကြည့်ပရိသတ်လုပ်နေကြတဲ့ နိုင်ငံရေးခေါက်ရိုးကျိုး သက်ကြားအိုကြီးတွေကို ‘ခေတ်သစ်နီရိုး’ တွေလို့တောင် ဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြသူများက စိတ်နာနာနဲ့ နာမည်ပေးခဲ့ကြပါသေးတယ်။ ဒါကြောင့်လည်း ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ အန်အယ်လ်ဒီခေါင်းဆောင်မှု ဖြုတ်ချရေး၊ ကွဲအက်ရေး၊ ခွဲထွက်ရေးလေသံတွေ ပါတီတွင်းမှာ ဆူညံစွာ ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ သဘာဝကျစွာ ထွက်ပေါ်တဲ့ ဒီအသံတွေကို ဆူညံတယ်ဆိုပြီး အဓမ္မဖိအားသုံး ပိတ်ပင်ထားမယ်ဆိုရင် ပေါက်ကွဲလွင့်စင်သွားနိုင်ပါတယ်။ ဒီမိုကရေစီ နည်းကျစွာ စည်းရုံးရေးဘောင်အတွင်းမှာ အတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ်တိုက်ပွဲကို စနစ်တကျ ဆင်နွှဲသွားဖို့သာ လိုပါလိမ့်မယ်။

တကယ်တော့ ယက်တောအမှုဆိုတာ ဒီပဲယင်းအရေးအခင်းလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် စီမံထားတဲ့ နိုင်ငံရေးလုပ်ကြံမှုတခုပါပဲ။ ဒါပေမယ့် ဒီကိစ္စဆိုးထဲကပဲ အကျိုးရှိတဲ့ ကိစ္စကောင်းတချို့ ထွက်ပေါ်လာခဲ့ပါတယ်။ အနည်းဆုံး ဒီအမှုကိစ္စကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ တစုံတရာ ဆက်သွယ်ညှိနှိုင်းခွင့်တွေ ရလာခဲ့ကြပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ နိုင်ငံတကာဖိအားတွေကို လျှော့ချနိုင်ဖို့ ဦးဝင်းတင်နဲ့ အန်အယ်လ်ဒီပါတီဝင်အချို့ကို ထောင်က လွှတ်ပေးလိုက်ရတယ်။ နောက်ပိုင်းမှာ အချုပ်ရက်စေ့နေတဲ့ ဦးတင်ဦးကိုလည်း လွှတ်ပေးရပြန်တယ်။ ဒီလိုအကြောင်းအချက်တွေအောက်မှာ အန်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေး ပြန်လည်ရှင်သန်ထမြောက်ရေးလှုပ်ရှားမှုတွေ နိုးကြားအားကောင်းလာခဲ့တယ်။ တိုင်းစည်း၊ မြို့နယ်စည်းတွေ ပါဝင်တဲ့ အစည်းအဝေးတရပ် ကျင်းပပြီး ‘ရွှေဂုံတိုင်ကြေညာစာတမ်းကြီး’ ကို ထုတ်ပြန်နိုင်ခဲ့တယ်။

ဒီလို နိုင်ငံရေးအရ ပြန်လည်ရှင်သန်ထမြောက်လာမှုနဲ့အတူ ပါတီစည်းရုံးရေးဘ၀ကိုလည်း ပြန်လည်စုစည်း တည်ဆောက်လာနိုင်ခဲ့တယ်။ အန်အယ်လ်ဒီပါတီရဲ့ စီအီးစီကို ပြန်လည်တိုးချဲ့ဖွဲ့စည်းနိုင်ရုံမျှမက တိုင်းအသီးသီး ကိုယ်စားလှယ် (၁၂၀) ပါဝင်တဲ့ ဗဟိုဦးစီးကော်မတီကိုပင်လျှင် အသစ်ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒီလို နိုင်ငံရေးအရ ပြန်လည်ရှင်သန် ထမြောက်လာခြင်းဟာ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ပါ မှန်ကန်တဲ့ နိုင်ငံရေးသဘောထားတွေအောက်မှာ အသက်ဝင် ရှင်သန်လာခဲ့ခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ‘နိုင်ငံရေးသေနေရင် ပါတီလည်း သေလိမ့်မယ်’၊ ‘နိုင်ငံရေးရှင်သန်ရင် ပါတီလည်း ရှင်သန်လှုပ်ရှားနေလိမ့်မယ်’ လို့ ကောက်ချက်ဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။

ဒီလို အန်အယ်လ်ဒီပါတီ နိုင်ငံရေးအရ ပြန်လည်နိုးကြား အားကောင်းလာမှုကို ထိုးဖောက်ဖြိုခွဲဖို့ နအဖကလည်း ရွေးကောက်ပွဲဥပဒေဆိုတဲ့ ချိန်ကိုက်ဗုံးတလုံးကို ဖောက်ခွဲလိုက်ပုံရပါတယ်။ နအဖရဲ့ ရည်ရွယ်ချက်ဟာ တစုံတရာ ထိရောက်တယ်လို့ ဆိုရမလိုပါပဲ။ ‘ရွေးကောက်ပွဲ’ ဆိုတဲ့ အသံကြားလိုက်တာနဲ့ စင်ထိုးပေးရင် ကွေးနေအောင် တက်ပြီး ကချင်တဲ့ နိုင်ငံရေး ကျားအို ကျားသေတွေ၊ အပေါက်ကောင်းကို ချောင်းနေတဲ့ အခွင့်အရေးသမားတွေ အုံကျင်းဖွဲ့ပြီး ထွက်လာခဲ့ကြပါပြီ။ ဒီလို စည်သံ၊ ဗျောသံတွေကြားမှာ ခေါင်းပေါင်းစ တလူလူနဲ့ ညီလာခံဝင်ဖို့ တောင်ရှည်ပုဆိုးပြင်နေတုန်း၊ ဗြုန်းဆို အင်းစိန်တောရထဲ ၀င်သွားခဲ့ကြရတဲ့ ပုဂ္ဂိုလ်တချို့လည်း အမတ်ဖြစ်ချင်စိတ်တွေ တလိပ်လိပ် တက်လာနေကြမှာ အသေအချာပါပဲ။ တကယ်တော့ ဒီစိတ်ကူးတွေဟာ ‘မသာကုတင်ကို ရာဇပလ္လင်’ ထင်နေကြတဲ့ နိုင်ငံရေး နလပိန်းတုံးတွေရဲ့ အရူးအိပ်မက်တွေပါ။

၂၀၁၀ ရွေးကောက်ပွဲကို ၁၉၉၀ ရွေးကောက်ပွဲလို ဖြစ်မယ်လို့ ထင်နေကြတာ အရူးချီးပန်း စိတ်ကူးယဉ်နေကြတာပါ။ နအဖက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်တော့မှ ၁၉၉၀ လို အဖြစ်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း စစ်အာဏာရှင်စနစ် အဓွန့်ရှည်စေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကို (၁၅) နှစ်ကြာအောင် အသေးစိတ် အချိန်ယူ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ်နဲ့ ဖိနပ်ကိုင်တွေ သေချာပေါက် အနိုင်ရအောင် အာဏာ၊ အသပြာ၊ စည်းရုံးရေးနဲ့ မက်လုံးမျိုးစုံပေးပြီး ပြင်ဆင်လာခဲ့တာ (၃) နှစ်လောက် ရှိခဲ့ပါပြီ။ ‘နိုင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်’ ဆိုတဲ့ ၁၉၆၁ ခုနှစ်က တည်မြဲဖဆပလရဲ့ ကြွေးကြော်သံဟာ လေလုံးထွားရုံလောက်ပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ နအဖက ‘မနိုင်လည်း နိုင်အောင်’ လုပ်မှာ ရာနှုန်းပြည့်သေချာပါတယ်။ ဒါကြောင့် အမတ်ဖြစ်ဖို့ စိတ်ကူးယဉ်နေတဲ့ ပုဂ္ဂိုလ်မှန်သမျှ ၂၀၁၀ နိုင်ငံရေးသတ်ကွင်းထဲမှာ ကားစင်တင် တံကျင်လျှိုခံရပါလိမ့်မယ်။ စိတ်ကူးယဉ်စရာ ဘာမှမရှိပါဘူး။ တပြည်လုံး ‘ဘွိုင်းကောက်ဋီကာ’ ရွတ်ပြီး No ဟစ်ကာ ဆန့်ကျင်ကန့်ကွက် တိုက်ပွဲဝင်ကြဖို့ပဲလိုပါတယ်။ ။

http://www.khitpyaing.org/articles/2010/April/8410.php

NLD ၏ ရပ်တည်ပုံအသစ်

NLD ၏ ရပ်တည်ပုံအသစ်


(ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် သမိုင်းဝင် ဆုံးဖြတ်ချက် ချပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဘာဆက်လုပ်မည်၊ ဘယ်လိုယန္တရားဖြင့် လည်ပတ်မည်ကို သိချင်နေသူများအတွက် အဖွဲ့ချုပ်လူငယ်များက ဖြေကြားပေးလိုက်သော ဆောင်းပါးဖြစ်သည်။)

မှတ်ပုံတင်ခြင်း မပြုရန် တညီတညွတ်တည်း ဆုံးဖြတ်ပြီးနောက် နယ်မှ ဗဟိုဦးစီးအဖွဲ့များ၊ ကိုယ့်နေရင်း ဒေသများသို့ ပြန်ကြပြီဖြစ်သော်လည်း၊ NLD ရုံးချုပ်တွင် ယခင်ကထက်ပင် စည်ကားလျက်ရှိနေသည်ဟု သိရပါသည်။ ရောက်လာသမျှသော အဖွဲ့ဝင်များ၏ ရင်ထဲတွင် ဘယ်လိုဆက်လုပ်ကြရမှာလဲဟူသော မေးခွန်းက ရှိနေမည်မှာ မလွဲပါ။ မတ်လ ၃ဝ ရက်နေ့မှစ၍ နေ့စဉ် အဆက်မပြတ် လာရောက်နေကြသော နိုင်ငံခြား သံတမန်များကလည်း ဤမေးခွန်းကိုပင် မေးကြသည်ဟု ဆိုပါသည်။ ဤမေးခွန်းကို ဖြေရန် မကြိုးစားမီ ယခုရော ဘယ်လိုလုပ်နေကြသလဲဟု ဆန်းစစ်ရန် လိုသည်ဟု ထင်ပါသည်။

ဒီပဲယင်းလုပ်ကြံမှုနောက် ၂ဝဝ၄ ခုနှစ် ဧပြီလတွင် ဗဟိုအဖွဲ့ချုပ်ရုံးကို ဖွင့်ပြီးကတည်းက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ မကွေးတိုင်း၊ ပြည်နယ်စည်း အားလုံးတို့သည် ရုံးချုပ်မှာသာ ရုံးထိုင်အစည်းအဝေး လုပ်နေခဲ့ကြသည်မှာ ယနေ့ နောက်ဆုံးအခြေအနေအထိပင် ဖြစ်ပါသည်။ ကျန် တိုင်း/ပြည်နယ်စည်း အားလုံးတွင်လည်း မန္တလေးတိုင်းစည်း တခုတည်းသာ ပုံမှန်နီးပါး အမှီအခိုကင်းစွာ လှုပ်ရှားနိုင်ပါတော့သည်။ မြို့နယ်စည်းများမှာလည်း ဆက်သွယ်ရေးအဖွဲ့ သာသာလောက်သာ ရှိပါတော့သည်။ နိုင်ငံရေးလှုပ်ရှားမှုကိုထား၍ အခမ်းအနား၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို မလုပ်နိုင်သည့်အပြင် အဖွဲ့ချုပ်၏ တရားဝင် စာရွက်စာတမ်းများပင် ပုံမှန်လက်ကမ်းရန် မတတ်နိုင်ကြပါ။ ဤသို့ဆိုလိုက်၍ ဒီပဲယင်း လုပ်ကြံမှုပြီးကတည်းက အခုအချိန်ထိ ၇ နှစ်ကာလအတွင်း NLD များ ဖြစ်ဖြစ်မြောက်မြောက် ဘာမှ မလုပ်ခဲ့ဟုဆိုလျှင် မှားပါလိမ့်မည်။

အပြင်းအထန် ဖိနှိပ်နေသည့်ကြားမှပင် Signature campaign များ၊ ဆုတောင်းပွဲများ၊ အခမ်းအနားများ လုပ်ခဲ့ကြပါသည်။ အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သားကိစ္စများတွင်လည်း ယနေ့တိုင် တက်ကြွစွာ လုပ်နေခဲ့ကြပါသည်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး စလယ်ဆုံး ကာလသုံးပါးလုံးတွင် အဖွဲ့ချုပ်အဖွဲ့ဝင်များက ပါဝင်လှုပ်ရှားရန်၊ ခေါင်းဆောင်ရန် နောက်မကျခဲ့ကြပါ။ သို့သော် ထိုသို့လှုံ့ဆော်လှုပ်ရှား၊ ပါဝင်ခေါင်းဆောင်ခဲ့ကြသူများမှာ အဖွဲ့ချုပ်၏ ပုံမှန်ဖွဲ့စည်းပုံ ယန္တရားနှင့် ကင်းလွတ်ပြီး လုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။

အချို့က အဖွဲ့ချုပ်ဗဟိုက မသိအောင် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး၊ အချို့က အဖွဲ့ချုပ် ညွှန်ကြားချက်များကို ချိုးဖောက်ပြီး ဗြောင်ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါသည်။ အားလုံးသိပြီးကိစ္စ ဖြစ်နေ၍ ဥပမာများ၊ နမူနာများ ပေးနေရန် မလိုပါ။ NLD နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြားမှ အနေအထားကို ကြည့်လျှင်လည်း ထိုနည်းတူစွာပင် ဖြစ်ပါသည်။ အဖွဲ့ချုပ် ဗဟိုအနေနှင့် ပြည်ပဒီမိုကရေစီအင်အားစုများကို မဆိုထားဘိ၊ ကုလသမဂ္ဂနှင့်ပင် ပုန်းကွယ်၍ ဆက်သွယ်ဆက်ဆံခဲ့ရပါသည်။ ပြင်ပမှာ စည်းရုံးလှုပ်ရှားနေရသော သူများသာမက၊ ရန်ကုန်ရှိ သံတမန်များထဲမှာပင် အဖွဲ့ချုပ်၏ သဘောထား တစုံတရာကို သိလိုလျှင်၊ ဘယ်သူ့ကို မေးရမှန်းမသိ၊ ဘယ်လိုဆက်သွယ်ရမှန်းမသိ ဖြစ်နေသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။

ထို့ကြောင့် လွန်ခဲ့သော ဒီပဲယင်းလွန် ကာလအတွင်းက အဖြစ်အပျက်များကို ပြန်လည်သုံးသပ်လျှင် အဖွဲ့ချုပ်၏ ပုံမှန်ဖွဲ့စည်းပုံသည် အသွင်ပျက်နေသည့်အပြင် အရေးဟယ်၊ အကြောင်းဟယ်ဆိုလျှင် အသုံးမကျ၊ အဖွဲ့ဝင် တဦးချင်း (သို့မဟုတ်) နီးစပ်ရာ စုစည်းထားသော၊ ပုံမှန်မဟုတ်သော အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့်သာ လှုပ်ရှားခဲ့ရသည်ဟု မြင်နိုင်ပါသည်။ ထို့ပြင် အဖွဲ့ချုပ်၏ တရားဝင် ရပ်တည်မှုဆိုသည်ကလည်း တကယ် ဖြစ်လာပြီဆိုပါက ဘာမှ အကာအကွယ် မပေးနိုင်သည်ကို၊ ဧရာဝတီတိုင်း ဘိုကလေးမြို့က အဖွဲ့ချုပ်ဆိုင်းဘုတ် အတင်းဆွဲချခံခဲ့ရခြင်းက သက်သေပြနေပါသည်။

ထိုမျှသာမကပါ၊ အခြေအနေနှင့် မကိုက်ညီတော့သည့် ထိုအသွင်ပျက် ဖွဲ့စည်းပုံအပိုင်းအစများ အတွင်းမှာပင် လူနှင့် နေရာ လျော်ညီမှု ရှိမရှိကလည်း သံသယဖြစ်စရာ ကောင်းပါသည်။ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် လူသိအများဆုံးဟု ဆိုရမည့် မစုစုနွေးသည် သာမန်အဖွဲ့ဝင်ဘဝမှ မြှင့်တင်ပေးခြင်းမရှိဘဲ အဖွဲ့ချုပ်ထဲမှ ထုတ်ပစ်ဖို့ လုပ်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည်မှာလည်း အများအသိပင် ဖြစ်ပါသည်။ ထိုထိုသော အကြောင်းများကြောင့် အဖွဲ့ချုပ်၏ ခေါင်းဆောင်မှု အခန်းကဏ္ဍဆိုသည်မှာ၊ တကယ့် အခြေအနေများတွင် ဘယ်ရောက်နေမှန်းမသိ ဖြစ်ရသည်မှာ မဆန်းလှပါ။

အဖွဲ့ချုပ် လက်ရှိဖွဲ့စည်းတည်ဆောက်ပုံ အနေအထား၏ ထိရောက်မှု မရှိခြင်းကို Vote "No" Campaign ကို ကြည့်လျှင် သိသာပါသည်။ ဆန္ဒခံယူပွဲကျင်းပသည့် အချိန်တွင် ရွှေဝါရောင်တော်လှန်ရေးပြီး၍ ၈ လ ခန့်သာ ရှိသေးသည်။ မတရား လုပ်နေမှန်း ပြည်သူလူထုကလည်း သိပါသည်။ သို့လျက်နဲ့ပင် Vote "No" Campaign သည် လိုအပ်သော အရှိန်အဟုန်ကို မရောက်ခဲ့ပါ။ အပေါ်က အောက်ကို ခိုင်း၊ အောက်က အပေါ်မှ ခေါင်းဆောင်ပြီး လာလုပ်ပါဟု ဆိုရင်းနှင့် ပြီးသွားခဲ့ပါသည်။ အဖွဲ့အစည်း၏ လှုပ်ရှားမှုအသွင်ဖြင့် စခဲ့သော်လည်း၊ တဦးချင်း စွမ်းဆောင်နိုင်မှုအပေါ်မှာ မူတည်၍သာ အောင်မြင်မှုအချို့ ရခဲ့ပါသည်။

ရွှေဝါရောင် တော်လှန်ရေးကာလက၊ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် ဗဟို၏ သဘောထားကို စောင့်မနေဘဲ မိမိတို့ ယုံကြည်ရာကို ယုံကြည်ချက်တူရာ ကျန်ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ မိမိတို့ကို အားပေးနေသော ပြည်သူများနှင့် အခြေအနေအရ လိုအပ်သလို ပူးပေါင်းညှိနှိုင်းပြီး လှုပ်ရှားခဲ့ကြပါသည်။ အဖွဲ့ချုပ် အဖွဲ့ဝင်တို့ကလည်း လိုအပ်လျှင် အပြင်လူတို့၏ ခေါင်းဆောင်မှုနောက်တွင် လိုက်ရန် ဝန်မလေးခဲ့သောကြောင့်၊ တလကျော်ကျော် အချိန်တိုလေးအတွင်း နိုင်ငံရေးပရောဟိတ် အားလုံးလောက်က မဖြစ်နိုင်တော့ပါဟု ဟောထားသော အုံကြွမှုတရပ် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ပါသည်။ ထိုအုံကြွမှုကိုလည်း ဘယ်သူကမှ စည်းရုံးမထားသော လူငယ်လေးများက နည်းပညာသစ်များကို သုံး၍ အာဏာပိုင်များ ဆက်သွယ်ရေး လမ်းကြောင်းများမှတဆင့် ကမ္ဘာကို သိစေခဲ့ပါသည်။

ထိုအချက်များကိုကြည့်၍ ဘယ်လိုဆက်လုပ်ကြမလဲဟူသော မေးခွန်းကို ဖြေရပါလျှင် အရေးအကြောင်းရှိလျှင်၊ လုပ်နေကျအတိုင်း လုပ်ကြတာပေါ့ဟု ဖြေချင်ပါသည်။ အတိအကျ ပြောပါဆိုလျှင်တော့ …

(က) အဖွဲ့ချုပ် စထောင်ကတည်းက ရှိခဲ့သော အထက်အောက်ဆက်ဆံရေး Vertical (သို့) Hierarchical organizational model (သို့) ပိရမစ်ပုံစံ ဖွဲ့စည်းပုံ (သို့) Max Weber ၏ Bureaucratic model ကို နှမြောမနေပါနှင့်။ ထိုပုံစံသည် ပုံပျက်နေပြီ ဖြစ်သည့်အပြင် အသုံးမတည့်တော့ပါ၊ လွှင့်ပစ်လိုက်စမ်းပါ။

(ခ) အကြောဆုံချက် (Node) နှင့် ချိတ်ဆက် (Link) များကို အခြေခံသော ကွန်ယက် (Network organization) ကို တပြေးညီဆက်သွယ်ရေး (Horizontal) ပုံစံဖြစ်အောင် အဖွဲ့ချုပ်တွင် လက်ရှိ ကျန်နေသူများနှင့် ပြန်လည်ဖွဲ့စည်းပါ။ မှတ်ပုံတင်ရန် မလိုပါ။ တရားလည်း ဝင်ပါသည်။

(ဂ) အဖွဲ့ထဲက လက်ရှိများသာမက၊ ထွက်ထားသူ၊ ထုတ်ထားသူ၊ အပြင်က လှုပ်ရှားသူ၊ အားပေးသူ၊ ယုံရသူ၊ မယုံရသူ စသည့် နယ်စည်းခြားနားခြင်းများကို လျှော့ပြီး ဒီမိုကရေစီရေး လှုပ်ရှားသူများ (ဒီ/လှုပ်) နှင့် စိတ်ဝင်စားသူ၊ အားပေးသူ အားလုံး ဆက်သွယ်ရေးလမ်းကြောင်း (Communication links) များ ဖွင့်ပါ။ မိမိကွန်ယက် (Network) နှင့် ချိတ်ဆက်ပါ၊ ဆက်သွယ်ရန် နည်းမျိုးစုံကို သုံးပါ။

(ဃ) ထို့နောက်တွင် Node တခုစီက မိမိတို့ ယုံကြည်ရာကို မိမိတို့ဘာသာ အမှီအခိုကင်းစွာ ဆောင်ရွက်နိုင်ပါသည် (သို့) အဆက်အသွယ်ရှိသော အခြား Node များနှင့် ညှိနှိုင်းပူးပေါင်း၍ Synchronize (တပြေးညီ) လှုပ်ရှားမှု လုပ်ပါ။

(င) တပြည်လုံး၏ Network အားလုံး၏ ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟု ခံယူထားပါ။ Node များတွင် အပေါ်/အောက်ဟူ၍ မရှိသော်လည်း ဗဟိုနှင့် အဝန်းဒေသ (Center and Peripheral) ဟူ၍ ရှိမည်ဖြစ်ပါသည်။

( www.youthrecord.co.cc တွင် အဖွဲ့ချုပ်လူငယ်များ၏ ဆောင်းပါးများကို ဖတ်ရှုရရှိနိုင်ပါသည်။)
http://www.mizzimaburmese.com/edop/songpa/5194-nld--.html

ကိုယ်လုပ်မှ ကိုယ်ဖြစ်မှာ

ကိုယ်လုပ်မှ ကိုယ်ဖြစ်မှာ


ဒီကနေ့ ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ပြောရရင် စိတ်ဆိုးစရာတွေလည်းရှိ၊ စိတ်မောစရာတွေလည်းရှိ၊ အားမရတာတွေလည်းရှိ၊ ဒေါသဖြစ်စရာတွေလည်းရှိ၊ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပစ်ချင်တာတွေလည်းရှိ၊ အသိတရားကို အမှီပြုပြီး စိတ်ရှည်ရှည်ထားရမယ်လို့ ခံစားချက်ဖြစ်ရတဲ့ အချိန်တွေလည်းရှိ၊ စသဖြင့် စိတ်အတွေးတွေ အမျိုးမျိုး ဖြစ်နေရပါတယ်။ ဒါပေမဲ့ သေချာတဲ့ အချက်တခုကတော့ ကျနော်ဟာ ကျနော့်ကိုယ်ကို ပညာရှင် (သို့) လေ့လာသူ (သို့) သုတေသနလုပ်သူ (သို့) ဘေးကနေ အခြေအနေကို အကဲခတ်သူအဖြစ် မမြင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ဒီရေမြေ ဒီနိုင်ငံမှာ မွေးဖွားကြီးပြင်းလာတဲ့ လူတယောက်ဖြစ်လေတော့ ဒီနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ ကျနော်တို့ သာမန်ပြည်သူပြည်သားတွေထဲက တဦးလိုပဲ ကိုယ့်ကိုယ်ကို ခံစားမိလို့ ဖြစ်ပါတယ်။ ကျနော်ဟာ တခြားသူတွေလိုပဲ သမရိုးကျ အသက်ရှင်နေထိုင်ဖို့ လုပ်ကိုင်စားသောက်နေရတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံက နိုင်ငံသားတဦးပါ။

နိုင်ငံရေးမှာ ခံစားချက်ကို ရှေ့တန်းမတင်သင့်ဖူးလို့ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံရေးဆိုတာဘာလဲ၊ ခံစားချက်ဆိုတာဘာလဲ၊ နိုင်ငံရေးနဲ့ လူတွေရဲ့ ခံစားချက်အကြားမှာ ဘာတွေများ ကွာဟနေလို့လဲ၊ နိုင်ငံရေးဆိုတာ ကျောက်တုံးကျောက်ဆိုင်တွေအတွက် လုပ်တာလား။ သက်ရှိလူသားတွေအတွက် လုပ်တာလားဆိုတာကိုလည်း ပြန်မကြည့်သင့်ဘူးလား။ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာကို ကျနော် အတိအကျ မပြောလိုပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာကို ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် ဖွင့်ကြတာမို့ မပြောလိုပါ။ ဒါပေမဲ့ လူရိုးရိုးတဦးအနေနဲ့ ပြောရမယ့် အချက်တွေ ရှိလာပါတယ်။

ကျနော့်အဖွားအိမ် အပါအဝင် အိမ်ပေါင်းမြောက်မြားစွာ အဖျက်ခံခဲ့ရပါတယ်။ ကျနော့်အဖွားအိမ်ကို လမ်းချဲ့မလို့ဆိုပြီး ကိတ်မုန့်လှီးသလို တဝက်တိတိ လှီးဖြတ်သွားတဲ့ အစိုးရကို ကျနော် မကြိုက်ပါ။ ကျနော့်အဖွား အိမ်ကြီးဟာ ခါတိုင်းလို မဟုတ်တော့ဘဲ ထောင်လိုကြီး ဖြစ်ကျန်နေရစ်ပါတယ်။ အဲဒီစိတ်နဲ့ ကျနော့်အဖွား သေဆုံးခဲ့ပါတယ်။ အဲသလို အစိုးရမျိုးကို လေးစားဖို့ဆိုကတော့ ဝေလာဝေးပါ။ အဲဒီနေရာမှာ ဖြစ်လာတဲ့ ကျနော့်ခံစားချက်ကို နိုင်ငံရေးနည်းနာအရ ဦးစားမပေးသင့်ဘူးလို့ တဦးဦးက ပြောလာရင် အဲသလို ပြောလာတဲ့သူက ဘာကို ဦးစားပေးဖို့ အစီအစဉ်ရှိသလဲ။ ကျနော်တို့ အားလုံး သိဖို့ မလိုအပ်ဘူးလား။

ဒီနေရာမှာ နိုင်ငံရေးဗျူဟာကြောင့်၊ နည်းနာကြောင့် သည်းခံပါလို့ ပြောလာမယ့် နိုင်ငံရေးသမား (သို့) ပညာရှင် (သို့) လေ့လာအကဲခတ်သူ ဆိုသူတွေကိုလည်း ကျနော် မကြိုက်နိုင်ပါ။ သူတို့ကို ကျနော်မကြိုက်တာ မှားပါသလား။ သူတို့ကို ကျနော်မကြိုက်လို့ ကျနော့်ကို နိုင်ငံရေးအမြင် တိုလေခြင်းလို့ ဝိုင်းပြောရင်လည်း ကျနော် မမှုပါ။ ကျနော်တို့ နစ်နာနေတာကို၊ နစ်နာခဲ့တာကို ကျနော် ပြောခြင်းသာ ဖြစ်ပါတယ်။ နစ်နာမှုကို ခံစားနေရတဲ့ နိုင်ငံသားတွေကို ခင်ဗျားတို့ နစ်နာနေတာတွေကို သိပါတယ်။ ဒါပေမဲ့ နိုင်ငံရေး နည်းပရိယာယ်အရ အသာထားဦးလို့ ပြောလာရင် တရားပါ့မလား။ မြန်မာလူမျိုး ပညာရှင်ဆိုသူတွေက ဒီစကားမျိုးကို ခဏခဏ ပြောပါတယ်။ ဘာကြောင့်လဲ။

၂ဝဝ၈ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ လယ်ဧက ၅ သောင်းကို စစ်အစိုးရက သိမ်းပြီး ဘင်္ဂလားဒေ့ခ်ျက စပါးစိုက်မယ့် ကုမ္ပဏီကို လွှဲပေးလိုက်တော့ ကျနော့်ရင်ထဲမှာ ကျနော့်အဖွားအိမ်ကို စစ်အစိုးရ တဝက်တိတိ လှီးဖြတ်တုန်းက ခံစားချက်မျိုး တဖန် ပြန်ပေါ်လာပါတယ်။ ကျနော့်အဖွား မသေခင် ခံစားရတဲ့ ခံစားချက်မျိုး အဲဒီ ရခိုင်လယ်သမားတွေ ခံစားရမယ်ဆိုတာ ကျနော် တပ်အပ်ပြောနိုင်ပါတယ်။ အဲသလိုပါပဲ၊ မြစ်ဝကျွန်းပေါ်က လယ်သာမားတွေရဲ့ မြေယာဆုံးရှုံးမှု၊ ရှမ်းပြည်က ရှမ်းတွေ အစဉ်အဆက်ပိုင်လာတဲ့ သစ်တောတွေကို မြန်မာစစ်အစိုးရက ခုတ်ယူနေတာတွေ၊ ဒါတွေကို ခံစားရတဲ့ အဲဒီလူတွေ၊ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေရဲ့ ခံစားချက်တွေကို ဘယ်သူတွေ နားလည်ပါသလဲ။ နားလည်အောင်လည်း ကြိုးစားပါသလား။ ပညာရှင်ဆိုသူတွေ လေ့လာစောင့်ကြည့်သူတွေ နိုင်ငံရေးပရိယာယ်အရ စောင့်ကြည့်သည်းခံမယ်လို့ ဆိုသူတွေ သူတို့ပြောတဲ့ စကားတွေထဲမှာ အဲသလို နစ်နာနေတာတွေကို တမတ်ဖိုးလောက်တောင် ထည့်ပြောတာ မကြားရသေးပါ။ ဘာကြောင့်လဲ။

အခု မြန်မာနိုင်ငံပြင်ပနဲ့ ပြည်တွင်းထဲမှာ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ့်သူတွေ၊ ပညာရှင်ဆိုသူတွေ၊ တတိယလိုင်းဆိုသူတွေ၊ သည်းခံစိတ်ရှည်ပါဦးလို့ ပြောသူတွေ၊ ဘာမှမရှိတာထက် ရှိတာကို အရင်ယူထားပါဦး ဆိုသူတွေကို ပြန်ကြည့်လိုက်ပါ။ အဲဒီလူတွေဟာ ကျနော့်အဖွားလို၊ ရခိုင်လယ်သမားတွေလို၊ မြစ်ဝကျွန်းပေါ်က စပါးစိုက်တဲ့ တောင်သူတွေလို၊ သစ်တောတွေ အခုတ်ခံရတဲ့ သစ်တောပိုင်ရှင် ရှမ်းအမျိုးသားတွေလို သူတို့ နစ်နာခံစားခဲ့ရတာ မရှိလှပါ။ ရှိရင်လည်း ဒီဂရီ အပြင်းအပျော့ ကွာကောင်းကွာပါလိမ့်မယ်။ ဘာတချက်မှ မနစ်ခဲ့တဲ့၊ မဆုံးရှုံးခဲ့တဲ့ သူတွေက မြန်မာနိုင်ငံသားတွေကို ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအောက်မှာ စိတ်ရှည်ဖို့၊ သည်းခံဖို့၊ သူတို့ နည်းနာတွေကို စောင့်ကြည့်ဖို့ ပြောနေကြပါတယ်။ အဲဒီလို ပြောနေသူ လူတချို့ထဲမှာ ထောင်နှစ်ရှည်လများ အကျခံရပေမယ့် စစ်တပ်ကို စိတ်မနာသူတွေ၊ စိတ်မနာတဲ့အပြင် စစ်တပ်နဲ့ ပေါင်းလုပ်ဖို့ ပြောနေသူတွေ ဒီစာရင်းထဲမှာ ပါဝင်နေပါတယ်။ ကိုယ်ခံထားရတာကိုတောင် အမှတ်သည်းခြေမရှိဘဲ စစ်တပ်နဲ့ ပေါင်းလုပ်ဖို့ ပြောနေသူတွေဟာ တစုံတရာ အကျိုးစီးပွားတခုခု သူတို့အတွက် နောင်မှာ ရှိနေသလားလို့ ပြောရရင် ပြောတဲ့သူ မလွန်ပါ။

တတိယလိုင်းလို့ ဆိုသူတွေ၊ မြန်မာပညာရှင်လို့ ဆိုသူတွေ၊ မြန်မာ့ရေးရာ ကျွမ်းကျင်သူလို့ဆိုသူ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသားတချို့၊ အဲဒီလူတွေမှာ တသီးပုဂ္ဂလအရ ဘာတွေနစ်နာခဲ့သလဲ၊ စောကြောဖို့လိုမယ်လို့ ထင်ပါတယ်။ နစ်နာစရာမရှိဘဲ တစုံတရာ အကျိုးအမြတ်တွေ ရှိနေလို့ပဲ အဲဒီလို ပြောတာဖြစ်တယ်လို့ ဆိုရရင် လွန်အံ့မထင်။ အဲဒီလူတွေဟာ မြန်မာပြည်ထဲမှာ၊ သတင်းမီဒီယာ လောကထဲမှာလည်း ပါသလို လူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း ထူထောင်ထားပါတယ်။ စီးပွားရေး အဖွဲ့အစည်း၊ အသင်းအပင်းတွေမှာလည်း ပါဝင်နေကြပါတယ်။ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲလည်း ဝင်ဦးမယ်၊ စစ်တပ်ကို စိတ်ရှည်သည်းခံဖို့လည်း ဆက်တိုက်ပြောနေတာ နားမဆန့်အောင် ကြားနေရပါတယ်။ သူတို့မှာ လူမှုရေး၊ စီးပွားရေး ဘာတခုမှ နစ်နာခဲ့တာ မရှိပါ။ မရှိလို့ ပြောအားကောင်းနေတယ်ဆိုရင်လည်း မမှားပါ။

သူတို့ထဲက တဦးဦးကို အကြောင်းကြောင်းကြောင့် စစ်တပ်က ပက်ပက်စက်စက် လုပ်မှ၊ ဆက်ဆံမှ စစ်တပ်ဆိုတာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်တယ်ဆိုတာကို ဝန်ခံကြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလူတွေကလည်း ပါးနပ်တဲ့အတွက် တော်ရုံတန်ရုံလောက်တော့ စစ်တပ်ရဲ့ ဖိနှိပ်တာကို ခံစားရမယ် မဟုတ်ပါ။ အဲဒီလို ပါးနပ်တဲ့အတွက်လည်း နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေကို ခရီးထွက်နေနိုင်တာ မဟုတ်လား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ဘယ်ခေါင်းဆောင်ကများ သူတို့လို နိုင်ငံခြား တိုင်းပြည်တွေမှာ ကွန်ဖရင့်တက်ဖို့ ဝင်လိုက်ထွက်လိုက် ခရီးသွားနိုင်ပါသလဲ။ ထိုင်းနိုင်ငံမှာ ရောက်နေတုန်း သတင်းမီဒီယာတွေနဲ့လည်း ထိတွေ့ခွင့် ရပြန်ပါတယ်။ ရန်ကုန်က အန်အယ်ဒီ ခေါင်းဆောင်တွေ သူတို့လို နိုင်ငံခြားထွက်လို့မရပါ။ နိုင်ငံခြားရောက်တုန်း အင်တာဗျူးတွေ လုပ်ခွင့်မရှိပါ။ ခံစားချက်ချင်းက ကွာဟလွန်းလှပါတယ်။ ဘာကြောင့်လဲ။

သူတို့ဘဝမှာ တခါမှ တပဲဖိုး၊ တမတ်ဖိုး လူမှုရေးအရ၊ စီးပွားရေးအရ မနစ်နာခဲ့တဲ့သူတွေက နစ်နာခဲ့သူတွေ၊ နစ်နာနေသူ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေကို နိုင်ငံရေးနည်းနာအရ စိတ်ရှည်ဖို့၊ သည်းခံဖို့ ပြောနေတိုက်တွန်းနေတာဟာ ကျင့်ဝတ်အရ မှန်နိုင့်ပါ့မလား။

တဖက်မှာ ပြန်ကြည့်ရင်လည်း နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဟာ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေကို သူတို့ဘာကြောင့် ရွေးကောက်ပွဲဝင်ရတာကို ဘာတခုမှ ရေရေရာရာ မရှင်းလင်းနိုင်ပါ။ ဘာဖြစ်လို့ ရွေးကောက်ပွဲဝင်သလဲ။ ဆင်းရဲမွဲတေမှုရဲ့ အောက်ဆုံးအထစ်မှာ ရောက်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေကို ဆင်းရဲမွဲတေမှုအတွင်းကနေ အဆင့်တခုအထိ လျော့ကျအောင် လုပ်ပေးမယ်လို့လည်း ကတိမပေးပါ။ စုတ်ပြတ်နေတဲ့ ပညာရေးစနစ် ပြန်လည်မြှင့်တင်ပေးဖို့ သူတို့ ရွေးကောက်ပွဲဝင်ရကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း မပြောပါ။ လူ့သက်တမ်း တိုလာနေတဲ့ နိုင်ငံသားတွေ ကျန်းမာရေး ပိုမိုကောင်းလာစေဖို့ သူတို့ ရွေးကောက်ပွဲ ဝင်ရတာပါလို့လည်း မကြေညာပါ။ ဒါဆိုရင် ဘာ့အတွက် ရွေးကောက်ပွဲ ဝင်ကြပါသလဲ။ နောင်မှာ နိုင်ငံရေးစနစ် ပြောင်းလဲဖို့အတွက် ရွေးကောက်ပွဲ ဝင်ရပါတယ်လို့ ပြောတယ်ဆိုရင်၊ နိုင်ငံရေးစနစ်ဆိုတာ နိုင်ငံသားတို့ တိုးတက်ဖွံ့ဖြိုးဖို့အတွက် မဟုတ်ဖူးလားလို့ ပြန်မေးရပါလိမ့်မယ်။ နိုင်ငံရေးစနစ်ဆိုတာ နိုင်ငံရေးစနစ်အတွက်ပဲ ဖြစ်တယ်လို့ ပြောရင်တော့ သူတို့အတွင်းစိတ်ကို ကျနော်တို့ တန်းကနဲ သိမြင်နိုင်ပါတယ်။

တချိန်တုန်းက မြန်မာနိုင်ငံမှာ အနုပညာသမားတွေ၊ စာပေသမားတွေ သူတို့လောကမှာ အငြင်းအခုန်ဖြစ်ခဲ့တာ တခုရှိပါတယ်။ ဘာလဲဆိုတော့ အနုပညာဟာ အနုပညာအတွက်လား (သို့မဟုတ်) အနုပညာဟာ ပြည်သူ့အတွက်လားဆိုတဲ့ ငြင်းခုန်ချက် ဖြစ်ပါတယ်။ အခု ကျနော်တို့ ဆက်ပြီးတွေ့ရမှာကတော့ နိုင်ငံရေးဟာ နိုင်ငံရေးအတွက်လား (သို့မဟုတ်) နိုင်ငံရေးဟာ နိုင်ငံသားတို့အတွက်လားဆိုတဲ့ ငြင်းခုန်ချက် ဖြစ်ပါတယ်။

သေချာတာတခုကတော့ ကိုယ်ချင်းစာ သိနားလည်မှု ဖြစ်ပါတယ်။ တခါမှ မခံရ၊ မနစ်နာတဲ့ သူတွေဟာ ခံနေရတဲ့၊ နစ်နာနေရတဲ့ သူတွေကို ဘယ်တော့မှ ကိုယ်ချင်းစာစိတ်နဲ့ မကြည့်ဘူးဆိုတာပါပဲ။ အထူးသဖြင့် နိုင်ငံရေးဇာတ်ခုံမှာ ဒီအတိုင်း ဖြစ်လေ့ရှိပါတယ်။ ကျနော် အပါအဝင် ပြည်ထောင်စု မြန်မာနိုင်ငံသားတွေ ကိုယ့်အားကိုယ်ကိုးပြီး ဆက်လုပ်ဖို့ပဲ ရှိပါတယ်။
http://www.mizzimaburmese.com/edop/songpa/5193-2010-04-08-06-55-09.html

ရွေးကောက်ပွဲအပြီး ပြည်တွင်းစစ် တကျော့ပြန်ဖြစ်မည်လော

ရွေးကောက်ပွဲအပြီး ပြည်တွင်းစစ် တကျော့ပြန်ဖြစ်မည်လော


စစ်အစိုးရက လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို သူတို့၏ အငြင်းပွားဖွယ် နယ်ခြားစောင့်တပ် ကိစ္စအတွက် အကြောင်းပြန်ရန် နောက်ထပ် နောက်ဆုံးရက် သတ်မှတ်ပေးလိုက်ပြန်ပြီဖြစ်သည်။ ထိုအဖွဲ့များက ယခုထိ အဆိုပါ အစီအစဉ်ကို လက်ခံရန် ငြင်းဆန်နေသဖြင့် ထိုသို့သာ လက်မခံဘဲ နေလိုက်ပါက ထိုအဖွဲ့များ မည်ကဲ့သို့ ဖြစ်လာမည်ဆိုသည့် မေးခွန်းများ ပေါ်ထွက်လာနေသည်။

ထိုသို့အကြောင်းပြန်ရန် မူလက ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းကို နောက်ဆုံးရက် သတ်မှတ်ပေးခဲ့သော်လည်း ယခုအခါ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N၊ ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA နှင့် ရှမ်းပြည်နယ် အထူးဒေသ (၄) မိုင်းလားအဖွဲ့တို့ကို ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရမည်ဟု ရက်သတ်မှတ်ပေးလိုက်ပြန်သည်။ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံပါက အဆိုပါအဖွဲ့များသည် မတရားသင်း ကြေညာခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

နယ်မြေတည်တံ့ခိုင်မြဲရေး ဆိုသည့်အချက်ကို အထူးအရေးပါသော အချက်အဖြစ် စစ်အစိုးရက သူတို့ တွေးခေါ်မြော်မြင်မှုတွင် ပင်မဒေါက်တိုင်တရပ်အဖြစ် ထားရှိသည်။ သဘောတရားအရဆိုသော် ဤတိုင်းရင်းသား အကျပ်အတည်းကိစ္စကို ၂ဝဝ၈ ခုနှစ် မေလတွင် ကျင်းပခဲ့သော ပြည်သူ့ဆန္ဒခံယူပွဲ မတိုင်မီ အပြတ်ရှင်းရန် ဖြစ်သည်။ သို့သော် မဖြစ်ခဲ့။ ထို့ကြောင့် ယခုတော့ အရေးပါသည့် ဦးဆောင်မှုတာဝန်ကို ယူထားပြီဖြစ်သော စစ်အစိုးရ၏ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက အာခံဆဲဖြစ်သော အဆိုပါ အဖွဲ့အားလုံးကို နိုင်ငံရေးအင်အား အကုန်သုံး၍ ကိုင်တွယ်ဖြေရှင်းတော့မည့်ပုံ တွေ့နေရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံမတင်ဘဲ လက်ရှိ နိုင်ငံရေးပါတီတရပ် အနေဖြင့်ပင် ဆက်နေသွားရန် ဆုံးဖြတ်ရွေးချယ်လိုက်သဖြင့် ပါတီကို မတရားသင်းအဖြစ် တရားဝင်ကြေငြာလိုက်သည်နှင့်တပြိုင်နက် အဖွဲ့ဝင်အများအပြား ဖမ်းဆီး ခံရမည့် အန္တရာယ်လဲရှိနေပြန်သည်။ စစ်အစိုးရစီစဉ်ညွှန်ကြားသည့် နိုင်ငံတည်ဆောက်ရေး စီမံကိန်းတွင် မပါဝင်ဘဲ ဘေးထွက်ထိုင်ရန် ဆုံးဖြတ်လိုက်မည့် လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များအတွက်မူ ထို့ထက်ပင် ပို၍ဆိုးနိုင်သည့် အခြေအနေဆိုးများနှင့် ကြုံရလိမ့်မည်။

ထိုအဖွဲ့အများအပြားသည် နှစ်ပေါင်းရှည်ကြာ အပစ်အခတ်ရပ်စဲထားခဲ့ကြသည်။ အင်အား ၃ သောင်းရှိ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ဆိုလျှင် နှစ်ပေါင်း ၂ဝ နီးပါးမျှ အပစ်ရပ်ထားခဲ့သည်။ သို့သော် မတရားသင်း ကြေညာခံရသည်နှင့်တပြိုင်နက် အလွန်ကြီးမားသော ခေတ်မီရေး စီမံကိန်းများနှင့် တည်ဆောက်ထားသော မြန်မာ့တပ်မတော်ကို ဖက်ပြိုင်တိုက်ခိုက်ရတော့မည်။ အဆိုပါ ခေတ်မီရေး စီမံကိန်းများကို ဗိုလ်ချုပ်ကြီးနေဝင်းနှင့် သူ၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့ ခေတ်လွန်တွင် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့အကြောင်း ပြောမည်ဆိုလျှင် မီးကုန်ယမ်းကုန် ဘက်စုံစစ်ပွဲကြီး မဆင်နွှဲမီ အရေးပါသည့် မြန်မာ့အိမ်နီးချင်း ၂ နိုင်ငံဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို တိုင်ပင်ညှိနှိုင်းရဦးမည်ဖြစ်သည်။ သို့သော် ယခုနှစ်တွင် ကျင်းပရန် ပြင်ဆင်ထားသော ရွေးကောက်ပွဲများကြောင့် နိုင်ငံရေး အတိုက်အခံများအပေါ် သူတို့ ကိုင်တွယ်ဆက်ဆံပုံကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံပြီး သူတို့ဘက်က အသာစီးရနေပြီဟု စစ်တပ်က ထင်မြင်ယူဆပါက ယခုအခါ တဲတဲလေးမျှသာ ရှိနေသာ အပေါ်ယံ ရွှေမှုံကြဲ ငြိမ်းချမ်းရေး ရယူထားသည့် ဒေသများတွင် ပြင်းထန်သည့် စစ်ဇုန်များ ပြန်လည်ပေါ်ပေါက်လာမည်ကို ၂ဝ၁ဝ တွင် မြင်တွေ့ကြရတော့မည်။

တမီလ်ကျားများအပေါ် သီရိလင်္ကာအစိုးရက ကြမ်းတမ်းစွာ ကိုင်တွယ်နှိမ်နင်းခဲ့သည်ပုံနှင့် စစ်ဆင်ရေးများအတွင်း အထူးပင် ကြမ်းတမ်းရက်စက်စွာ ဆောင်ရွက်ခဲ့သည်ကို မှတ်တမ်းမှတ်ရာ အထောက်အထား အပြည့်အစုံ ရှိနေသည့်တိုင် နိုင်ငံတကာ အသိုင်းအဝိုင်းက ထိရောက်စွာ ဘာမှတုံ့ပြန်မပြောခဲ့သည်ကိုလည်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများ မေ့လျော့မသွားသေးပါ။ နိုင်ငံ့အကြီးအကဲသည် စစ်ရေးအတွေ့အကြုံ စစ်ရေးအမြင် ရှိရမည်ဟု၎င်း၊ အခြားစစ်တပ်ကို ပင်းထားသည့် ပြဋ္ဌာန်းချက် အမြောက်အမြားကို ဖွဲ့စည်းပုံဥပဒေတွင် ထည့်သွင်းပြဌာန်းထားသည့်အတွက် ထိုသို့ နောက်တကျော့ပြန် တိုက်ခိုက်ရာတွင် အရပ်သားများ၏ ထောက်ခံမှုကို အပေါ်ယံကလေးရှပ်၍ ရယူရန်မှာ ခက်ခဲလှလိမ့်မည် မဟုတ်ပေ။

မြန်မာ့တိုင်းရင်းသားရေးရာသည် စစ်အစိုးရအတွက် သူတို့ ကပြနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရင်ဆိုင်ယှဉ်ပြိုင်နေရခြင်းတည်းဟူသော ဇာတ်ပွဲတွင် အမြဲပင် ဒုတိယနေရာမှ ရှိနေသည်။ ယခုလို ရွေးကောက်ပွဲ ကျင်းပရန် အချိန်အနည်းငယ်မျှသာ လိုတော့သောအချိန်တွင် ဖြစ်လာနိုင်စရာ အများကြီးရှိသည်။ လက်နက်ကိုင် ငြိမ်းအဖွဲ့များက နယ်ခြားစောင့်တပ် အစီအစဉ်တွင် မပါဝင်ဘဲ ဘေးထွက်ထိုင်နေလိုက်ပါက တိုင်းရင်းသားရေးရာ အမယ်ဘုတ် ချည်ခင်မှာ လွတ်လပ်ရေးရပြီးစ ကာလတုန်းကလိုပင် ဇာတ်စင်အလယ် မီးရောင်အောက်သို့ တဖန် ပြန်လည်ရောက်ရှိလာလိမ့်မည်။
http://www.mizzimaburmese.com/edop/editorial/5196-2010-04-08-10-29-20.html

The Voice Weekly Journal Vol. 6-23, April 12-18, 2010

http://www.mediafire.com/?e5mu05ydyec
http://ifile.it/fv8gn2jThe_Voice_6-23

ဘ၀လမ်း

“ ဘ၀လမ်း ”

ရပ်တန့်နေလို့မရဘူ့း့ 

ခရီးတွေဆုံးအောင်အထိဆက်ရအုံးမယ်

ဘ၀ဆိုတာမျိုးကရှည်လျှားတယ်

ထွေပြားတယ်၊ဒုက္ခအခက်အခဲတွေလည်းများတယ်

ရိုးရိုးသားသားနဲ့ခရီးဆက်ချင်လည်း

တခါတလေမှာကြုံလာရမယ့်

အခက်အခဲတွေအတွက်

ခံနိုင်ရည်အင်အားတွေရှိရမယ်

မယုတ်မာပဲ

အန္တရာယ်ကိုလှည့်စားတတ်တဲ့

မာယာပရိယာယ်တွေသုံးတတ်ရမယ့့်  ။

အတိတ်ဆိုတာမျိုးက့ 

ကိုယ်သွားလေရာမှာအရိပ်လိုလိုက်နေလို့

ခြောက်ပြစ်ကင်းတွေမဟုတ်ကြပေမယ့်

ရာဇ၀င်ဆိုးတွေသမိုင်းမှာမကျန်ခဲ့အောင်

ကိုယ်ပိုင်အသိတရားနဲ့

ရေရှည်အတွက်တွေးကာ

စဉ်းစားဆင်ခြင်လုပ်ဆောင်သင့်တယ့့်  ။

အတွေးအခေါ်တချက်မှားကာ့ 

လက်တွေ့လုပ်ရပ်ပါမှားသွားခဲ့ရင်တော့

ကိုယ်အမှားပြုခဲ့တဲ့အမှု

သောကရဲ့နောက်ကွယ်က

ဗျာဗါဒတွေပါဆက်ဝင်လာတတ်တယ့့်  ။

ဇာနည်မောင်