Friday, April 9, 2010

9 April 2010 ဒိုင်ယာရီ

http://ifile.it/ndqec3w9 April 2010 Yeyintnge Diary

အသည်းနှင့်ရင်းရွေ့

ကိုစ
Friday, April 09, 2010


မေလဆန်းစ တညမှာ မိုးတွေရွာပါတယ်။ သဲကြီးမဲကြီး မဟုတ် ပေမဲ့ အတော်အတန်ရွာသည်။ အပူလွန် နေ့ရက်များ ကုန် လွန်ရော့ထင့်။ ပြီးတော့ ဒီမိုးထဲကပဲ ပိတောက်တွေကို ပွင့် လန်းကြစေတော့မည်။

ဟုတ်သည်။ ပိတောက်တွေ ပွင့်ကြပြီ။ မြန်မာပြည်သူတွေက ပိတောက်ကို တန်ဖိုးထားကြသည်။ အမျိုးသမီးများက ဦး ခေါင်းမှာ တယုတယ ပန်ဆင်ကြသည်။ မြတ်စွာဘုရားကို မြတ် မြတ်နိုးနိုး ကပ်လှူပူဇော်ကြသည်။

၎င်းပိတောက်များကပင် အပူလွန်ခန္ဓာနှင့် ညှိုးလျကမ္ဘာမြေ အတွက် ငြိမ်းချမ်းအေးမြမှုအပေါင်းကို သယ်ဆောင်လာသည့် နိမိတ်လက္ခဏာများပင် ဖြစ်ကြသည်။

ကျနော့်အိမ်မှာ ပိတောက်ပင်တပင်ရှိပါသည်။ သက်တန်းအားဖြင့် ၁၆ နှစ်ဝန်းကျင်ရှိပြီး ယခု ယင်းအပင်ကြီးသည်။ အ၀ါရောင် ပွင့်ဖတ် များဖြင့် လေယူရာယိမ်းနွဲ့ပြီး လှချင်တိုင်းလှနေပါတော့သည်။ အပင်ကြီးအောက်တွင် မိသားစုစီးပွားရေးအဖြစ် မုန့်ဟင်းခါးဆိုင်ရှိသည်။ မုန့်လာစားသူများ ဖြတ်သွားဖြတ်လာကြသူများက ပိတောက်ပင်ကြီးကို တကြည့်ကြည့်နှင့်။ အပွင့်များက ပွင့်ဖတ်ကြီးလေသည်။

ကျနော်တို့ အိမ်ကလူများက မခူးကြပါ။ အပင်ကြီးကို ခုတ်လည်းမခုတ်ပါ။ အနည်းငယ်သာ ဘုရားတင်ပြီး သူ့အတိုင်းပဲထားနေကြ။

ဆရာတက္ကသိုလ်ဘုန်းနိုင်က ပိတောက်ပွင့်သည့်ရက်ရောက်လျှင် လာလေ့ရှိသည်။ အပွင့်တွေဝေနေသော အပင်ကြီးကို ဓာတ်ပုံရိုက် တတ်သည်။ နိုင်ငံခြားသားများလည်း ဓာတ်ပုံရိုက်ခြင်း၊ ဗွီဒီယို မှတ်တမ်းတင်ခြင်းများ လုပ်လေ့ရှိသည့်အတွက်ကြောင့် အပင်ကြီးကိုသူ့ အတိုင်းပင် အလှဆင်၍ မြင်ရသူအပေါင်း၏ စိတ်ကိုအေးချမ်းစေဖို့ ထားထားကြ၏။

သို့သော်သည်နှစ်မှာတော့ ပင်လုံးကျွတ်ပန်းများနှင့်ဝေနေသည့် ပိတောက်ပင်ကိုကြည့်ရင်း စိတ်ကူးတချို့ရရှိခဲ့သည်။ ယင်းအတွေးများ အကောင်အထည်ဖေါ်နိုင်ရန်အတွက် ၁၉၉၀ - ရွေးကောက်ပွဲကို ပစ်မှတ်ထားလိုက်သည်။ ကျနော်တို့ပြည်သူတွေရဲ့ မျှော်လင့်ချက်။ ပို မိုကောင်းမွန်တဲ့ ဘ၀တွေကို ယူဆောင်ပေးနိုင်သော ပါတီက NLD ပင် ဖြစ်ပါလိမ့်မည်။ သူ့ အမှတ်တံဆိပ်က ခမောက်။ ခမောက်ဆို တာက ပူပြင်းလောက်မြိုက်နေသည့် နွေ၏ရင်ခွင်ထဲက ဘ၀တွေကို ကြည်လင်အေးမြမှုတွေ ပေးဆပ်မည့် ပိတောက်ပွင့်များနှင့် တူလှ ပေသည်။ ပိတောက်ပန်းလို အေးချမ်းတော့မည်။

ကျနော့်အိမ်က စမ်းချောင်းလမ်းထိပ်တွင်ရှိသည်။ စမ်းချောင်းလမ်းသည် စည်ကား၏။ လူသွားလူလာ တော်တော်များသည့် လမ်းတခု ဖြစ်သည်။ စားသောက်ဆိုင်များ၊ ကားမှတ်တိုင်၊ အငှားကားများ ရပ်နားရာနေရာ၊ ဆိုက်ကားဂိတ်ကြီး တခုရှိသည့် နေရာဖြစ်သည်။ ကျ နော့်အိမ်မှာက မုန့်ဟင်းခါးဆိုင် ရှိသည်။ ထို့ကြောင့် ကျနော့် သူငယ်ချင်းများနှင့် ဆုံနေကြပင်ဖြစ်သည်။ ကျနော့် သူငယ်ချင်းများ ရောက်လာပြီး၊ ကျနော်ကလည်း အိမ်မှာရှိသည့် တူများ၊ တူမများနှင့် သူတို့သူငယ်ချင်းများကို လိုက်ခေါ်စေလိုက်သည်။ လင်းစအချိန် မှာပင် ကျနော်တို့ လူ ၁၅ ယောက်ခန့် စုမိလေပြီ။

ကျနော်က တူတွေကို ပိတောက်ပန်းခူးဖို့ အပင်ပေါ်တက်ခိုင်းပြီး၊ မိန်းကလေးတွေနှင့် ကျနော်သူငယ်ချင်းများကို ပန်းများလိုက်ကောက် ကြမည်ဟုပြောလိုက်သည်။ ကျနော့်တူများက ခါတိုင်းနှစ်တွေမှာ ဒီအတိုင်းထားနေကြမို့လို့ “လေးလေး ဘွားဘွားကြီး အော်လိမ့်မယ်” ဟုပြောလေသည်။ ကျနော်က ရပါတယ်ကွာ အလုပ်ရှိလို့ ခူးခိုင်းတာပါ။ မင်းတို့ ဒီလိုတွေးကြည့် ဒါဟာ နမိတ်ကောင်းပဲကွ၊ ခမောက် တွေနိုင်ကြဖို့ ပိတောက်တွေလှိုင်လှိုင်ပွင့်ကြရတာ။ အမေလည်း ခမောက်ပဲကွ ပြဿနာမရှိပါဘူးဟု ပြောတော့မှ တူတွေက “အိုကေ” ဟုဆိုကာ တက်ပြီးခူးကြလေသည်။

အပင် အောက်ရောက်လာသော ပန်းတွေကို ကျနော်တို့က လိုက်ကောက်ပြီး ဖြတ်သွားဖြတ်လာသောသူတွေကိုပေးဖို့ လိုက်စုရင်းက “ဒီလိုပြောပြီးမှပေးကွ၊ ပိတောက်တွေလှိုင်မှတော့ ခမောက်တွေနိုင်ရမှာပေါ့၊ ခမောက်တွေနိုင်ဖို့ ပိတောက်တွေလှိုင်တာလို့ပြောပြီးဝေ ကြ” ကွာ ဟေး…ဟုတ်တယ်၊ ဒါအမှန်ပဲဟု ပြောကြရ၊ ပိတောက်ပန်းများဝေကြ၊ ပြောကြနှင့် နံနက် ၈:၃၀ လောက်မှာ ပန်းတွေလဲ ကုန်သွားပြီဖြစ်သည်။ တူတွေက အာတွေ့သွားပြီး “လေးလေး လွှတ်တော်ဝင်းထဲမှာ မခူးရသေးတဲ့ ပိတောက်ပင်တွေရှိတယ်။ ကျနော် တို့ သွားခူးပြီး ဝေကြရအောင်။

သည်လိုနှင့် မေလ ၂ ရက်နေ့ကိုရောက်လာပါပြီ။ အားလုံးကအတိုင်းအဆမရှိ တုန်ခါသောရင်နှင့်အတူ အားလုံးကတက်ကြွလန်းဆန်း နေကြပါသည်။

ကျနော့်မှာ အကို ၅ ယောက်ရှိသည်။ ဒုတိယမြောက်အကိုက မွေးရာပါတိမ်စွဲရောဂါကြောင့် သူ့၏ညာဘက်မျက်စိကို ငယ်စဉ်ကတည်း ကပင် ခွဲစိတ်ကုသခဲ့ရသောကြောင့် ဘယ်ဘက်မျက်စိတလုံးသာ အကောင်းအတိုင်းကျန်ပါတော့သည်။ ထို့ကြောင့် အဖေက ငယ်စဉ် ကထဲကပင် အိမ်၌ ဆရာမခေါ်၍ စာရေးစာဖတ်သင်ပေးခဲ့သည်။ သို့သော် စာအရေးအသား မကျွမ်းကျင်သော်လည်း စာကိုကောင်းစွာ ဖတ်နိုင်ပါသည်။ မှတ်ဥာဏ်လည်း အလွန်ကောင်းပါသည်။ အိမ်မှာရှိသော မိသားစုဝင်တိုင်း၏ မွေးနေ့မွေးရက် အချိန်နာရီ၊ ဖွားဇာတာ ကအစ အကုန်မှတ်မိတတ်၏။

သူ့နှင့်ရက်ကွက်ထဲက စာရေးဆရာမြတ်ထွန်းသစ် (ဆရာဦးလှဌေး) က အတော်ရင်းနှီးကြသည်။ ဆရာရေးသည့် စာအုပ်တွေကို သူက တခုတ်တရသိမ်းတတ်၏။ ဆရာကလည်း သူ့အပေါ်မှာ နားလည်စာနာမှု အပြည့်ရှိပါသည်။

အဲဒီနေ့က ကျနော်က သူငယ်ချင်းတွေနဲ့ အတူတူ ကျနော်အကိုကိုပါ မဲရုံသို့ခေါ်သွားသည်။ ပဒုမ္မာကွင်းထဲမှာ မဲရုံဆောက်ထား၏။ ကျ နော်တို့ အိမ်ဘေးလမ်းတဘက်တွင် ဗိုလ်ချုပ်အောင်ကြီး အိမ်ရှိသည်။ ထိုအိမ်အောက်ထပ်တွင် သူ့ပါတီဖွင့်ထားပြီး သူ့ပါတီက ကျနော် တို့မြို့နယ်အတွက် ဒေါက်တ်ာလူမော်က ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲအတွက် ရွေးချယ်ထားသည်။ NLD ခမောက်ကိုယ်စား လှယ်က ဦးခင်မောင်ဆွေပါ။

ကျနော်တို့ကလဲ သူ့အိမ်ရှေ့မှဖြတ်သွားဖြတ်လာလူတွေကို ခမောက်နော် ခမောက်ဟု တီးတိုးပြောကြပြီး မဲရုံသို့သွားရာလမ်းမှာလဲ တွေ့ သမျှလူကို ခမောက်နော် ခမောက်လို့ပြောပြီး မဲရုံသို့ ချီတက်ကြပါတယ်။ မဲရုံကိုရောက်တော့ ကျနော်က ဆန္ဒမဲထည့်အပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကိုက မျက်စိမမြင်လို့ လွဲမှားပြီးမထည့်မိစေရန် ကျနော့်အနေနှင့် စောင့်ကျပ်ပေးဖို့လိုကြောင်း ပြောပြီး ကျနော် လဲ အကိုနဲ့အတူ မဲရုံတွင်းသို့ဝင်ခဲ့ပါတယ်။ တာဝန်ရှိသူတွေကလဲ ခွင့်ပြုပေးပါတယ်။ ကျနော်က အကို့ကို ခမောက်နော် ခမောက်လို့ ပြောတော့ “အကိုကလဲ အေးပါကွသိပါတယ်” လို့ပြောပြီး ညာဘက်မျက်စိတလုံးထဲနဲ့ သေချာကြည့်ပြီး ခမောက်နေရာမှာ တံဆိပ်နှိပ် လိုက်ပါတယ်။ ပြီးတော့မှ ကျနော်က မဲပုံးထဲကို ထည့်ပေးလိုက်ပါတယ်။

ပြန်အထွက်မှာတော့ သူငယ်ချင်းတွေအားလုံးကလဲ ငါတို့တော့ ခမောက်ပဲဟေ့လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြပါတယ်။ ဒီတော့ ကျနော် က “ငါကမင်းတို့ အားလုံးထက်ပိုတယ်၊ ငါတမဲခွဲထည့်ခဲ့တာကွ” လို့ အားလုံးကိုနောက်ခဲ့ပါတယ်။

အနှစ် ၂၀ ကျော်သွားပါပြီ၊ ဒါပေမဲ့ အဲဒီအချိန်လေးကိုပြန်တွေးမိတိုင်း မနေ့တနေ့ကလိုပဲ ရင်ခုန်နေရဆဲပါ။ ပူပြင်းလောင်မြိုက်နေသော နွေခါးခါး ရဲ့ ရင်ခွင်ထဲမှာ ပိတောက်တွေပွင့်ရဦးမှာပါ။ မနက်ဖြန်များစွာမှာ၊ ကျနော်တို့ အားလုံးရဲ့ ရင်ထဲမှာ၊ ပိတောက်တွေပွင့်နိုင်ဦးမှာ လား။

အဲဒီ ပိတောက်တွေဟာ… …
ခမောက်တွေအနိုင်ရဖို့အတွက်၊ ခမောက်တွေဆက်နိုင်ဖို့အတွက် … ရင်ခုန်သံ အသစ်အသစ်နဲ့ ခမောက်တွေအတွက်…။

ကိုစ
http://www.naytthit.com/ShortStory/2010/april10/soehtite-april9.html

ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းဖြင့် အင်အားတရပ် ဖြစ်လာနိုင်

ဘီ.ကေ ဆန် (B.K.Sen) | သောကြာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၂၀ မိနစ်

မြန်မာနိုင်ငံတွင် ၁၉၉ဝ ခုနှစ်နောက်ပိုင်း အနှစ် ၂ဝ ကျော်အတွင်း စစ်အစိုးရမှ ပထမဆုံးအကြိမ် ကျင်းပပေးမည့် ၂ဝ၁ဝ ပါတီစုံ ရွေးကောက်ပွဲသည် မသေချာ မရောရာမှုများ ပြည့်နှက်နေသဖြင့် မြန်မာနိုင်ငံသည် ရှုပ်ထွေးနက်နဲသော အကျပ်အတည်းတွင် ကျရောက်နေသည်။

အခြေအနေ အရပ်ရပ်အား မျှမျှတတ ဝေဖန်သုံးသပ်ရပါလျှင် စစ်အစိုးရ ခေါင်းဆောင်များကိုသာ အပြစ်တင်ရပေလိမ့်မည်။ စစ်ခေါင်းဆောင်များသည် ညှာတာမှုကင်း၍ ရက်စက်သော နည်းလမ်းများဖြင့် နိုင်ငံရေး အာဏာအား ရယူထားခဲ့သဖြင့် ပြည်သူလူထုထံ နိုင်ငံရေးအာဏာကို ပြန်လည်အပ်နှင်းရန်မှာ ၎င်းတို့၏ တာဝန်ပင် ဖြစ်သည်။ စစ်ခေါင်းဆောင်များသည် ၁၉၉ဝ ခုနှစ်က ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်အား အကောင်အထည်ဖော်ပေးရန် ငြင်းဆန်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ လူထုလှုပ်ရှားမှု၏ ဖိအားနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဖိအားပေးမှုများကြောင့် စစ်အစိုးရသည် မြန်မာနိုင်ငံအား စစ်အုပ်ချုပ်ရေးစနစ်မှ အရပ်သား အုပ်ချုပ်ရေးစနစ်သို့ ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ရေးအတွက် ဟုဆိုကာ စေ့စပ်ဆွေးနွေးမှုများကို မျက်နှာပန်း ပြရုံသက်သက် လုပ်ဆောင်လာခဲ့သည်။ သို့သော် အကွက်ချ ဇာတ်တိုက်ထားသော ဆောင်ရွက်မှုများနှင့် ဗန်းပြရုံသက်သက် လုပ်ဆောင်ချက်များကြောင့် ၎င်းတို့၏ ဇာတိရုပ်အမှန် ပေါ်ထွက်လာခဲ့ရသည်။

စစ်အစိုးရသည် အတိုက်အခံများဘက်မှ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့သည့် အချက်အလက်များအား ယခုအချိန်ထိ ငြင်းဆန်နေခဲ့သည်။ စစ်အစိုးရသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အတိုက်အခံများနှင့် စေ့စပ်ဆွေးနွေး ညှိနှိုင်းမှုများ မပြုလုပ်ခဲ့ပေ။ ထို့ပြင် စစ်အစိုးရသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရာပေါင်းများစွာသော အတိုက်အခံများအား အကျဉ်းချထားဆဲ ဖြစ်သည်။

ဝေဖန်ထောက်ပြမှုများကို မထီမဲ့မြင်ပြု၍ စစ်အစိုးရသည် ဝိုင်းဝန်းပြစ်တင်ရှုတ်ချခြင်း ခံနေရသော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ဆက်လက်စွဲကိုင်ကာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ရှေ့ဆက်ရန် ပြင်ဆင်နေပေသည်။ ထို့ပြင် ၎င်းတို့သည် နိုင်ငံရေး အကျဉ်းသားများအား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည့် ရွေးကောက်ပွဲ ဥပဒေများ ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် ရေနစ်သူအား ဝါးကူထိုးသကဲ့သို့ ပြုမူခဲ့သည်။

စစ်အစိုးရ၏ တမင်အကွက်ချ ရည်ရွယ်ထားသော လုပ်ရပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ပါတီတွင်း မဲခွဲဆုံးဖြတ်ခဲ့ရသည့် အခြေအနေအထိ ဦးတည်သွားစေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သကဲ့သို့ ဖြစ်သွားစေရန် တွန်းပို့လိုက်သကဲ့သို့ ရှိသည်။

ယခုလက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ တရားနည်းလမ်း မကျမှုတို့ကို နားလည်ရန်အတွက် မြန်မာနိုင်ငံ၏ အခြေခံဥပဒေများနှင့် ရွေးကောက်ပွဲများ၏ သမိုင်းကြောင်းကို ခြေရာခံ လေ့လာရန် လိုသည်။ ယခင်က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲ ဥပဒေများသည် ယခုတကြိမ်နှင့် အလွန်ခြားနားနေပေသည်။ ယခင်က ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများသည် နိုင်ငံရေးပါတီများသာ ဖြစ်ပြီး စစ်တပ်မှ ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။ ယခုအကြိမ်တွင်မှူ စစ်တပ်သည် ဥပဒေပြုသူနှင့် ဘုရင်သဖွယ် ဖြစ်နေခဲ့သည်။

သမိုင်းက ပြနေသည်မှာ အာဏာရှင် တော်တော်များများသည် ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်လိုက်တိုင်း အာဏာဆုံးရှုံးကာ အကြီးအကျယ် ကျရှုံးလေ့ရှိကြသည်။ ထို့ကြောင့် အချို့ပါးနပ်သော အာဏာရှင်များသည် ဒီမိုကရေစီ မဆန်သော နည်းလမ်းများအား အသုံးပြုလျက်ပင် ၎င်းတို့၏ နိုင်ငံရေး ပါဝင်ပတ်သက်မှုအား စနစ်တကျ တပ်ဆုတ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ဖြစ်ရပ်များသည်လည်း ထိုဖြစ်ရပ်များနှင့် ဆင်တူနေပေသည်။ လက်ရှိ အာဏာရ စစ်အစိုးရသည် ရွေးကောက်ပွဲအား အကန့်အသတ်များစွာ သတ်မှတ်၍ ကျင်းပပြုလုပ်ပေးလိုက်ခြင်းအားဖြင့် ပြောင်းလဲမှု လမ်းကြောင်းများအား စိတ်ကြိုက်ထိန်းချုပ်ကာ အပြောင်းအလဲ ကာလအား ရှည်လျားစွာ ဆွဲဆန့်ရန် ကြိုးစားနေပေသည်။ အလားတူ ဖြစ်ရပ်မျိုး ကင်ညာနှင့် မက္ကဆီကိုတွင်လည်း ဖြစ်ပွားခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် အတိုက်အခံများအား ရွေးကောက်ပွဲကို သပိတ်မှောက်စေသည်အထိ ဦးတည်စေခဲ့သည့် အချက်အလက်များ ရှိခဲ့သည်။ နိုင်ငံအတွင်း လုံခြုံစိတ်ချရ၍ လွတ်လပ်သော ပတ်ဝန်းကျင် အနေအထားမျိုး ရှိရေးမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခု ကျင်းပရန်အတွက် မရှိမဖြစ် လိုအပ်ချက်တခုဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝ ကျော် ရှိနေဆဲဆိုသည့် အချက်မှာ ထိုမရှိမဖြစ် လိုအပ်ချက်အား ဆန့်ကျင်နေပေသည်။

ထို့ကြောင့် ထိုနိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခြင်းသည် စစ်အစိုးရအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စများ ဖြစ်သည်။ ဒုတိယ လိုအပ်သော အချက်မှာ မျှတသော နိုင်ငံရေးကစားကွင်းတခု ဖန်တီးရေးအတွက် စစ်တပ်သည် နိုင်ငံရေးပါတီ တခုကဲ့သို အခွင့်အရေးမျိုး မယူသင့်ပေ။ ထို့ပြင် လွတ်လပ်စွာ စည်းဝေးခွင့်နှင့် စုစည်းခွင့်များ၊ လွတ်လပ်သော သတင်းဌာနများ၊ လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲအား လွတ်လပ်စွာ လေ့လာခွင့်များ၊ နိုင်ငံရေးပါတီများအပေါ် တန်းတူအခွင့်အရေး ပေးမှုများနှင့် သမာသမတ်ကျသော တရားစီရင်ရေး စနစ်တို့သည်လည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေးအတွက် မရှိမဖြစ် လိုအပ်ပေသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေတွင် ထိုအခြေခံ လိုအပ်ချက်များအား တခုမှ ဖြည့်ဆည်းပေးထားခြင်း မရှိပေ။ ထို့ကြောင့် ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်းသည် နောက်ဆုံးပိတ် ရွေးချယ်စရာတခု ဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်မှု ဖြစ်စဉ်သည် မဲပေးမည့်သူများက ရွေးကောက်ပွဲ တရားမျှတမှု မရှိသည့် အခါတိုင်း အသုံးပြုနိုင်သော ငြိမ်းချမ်းသည့် နိုင်ငံရေးလက်နက်တခု ဖြစ်သည်။

နိုင်ငံရေးပါတီများနှင့် အတိုက်အခံ အင်အားစုများ၏ ကြေညာချက်များအရ ရွေးကောက်ပွဲ ဥပဒေများအပေါ် ဆန့်ကျင်ကန့်ကွက်မှုများ တိုးပွားလာနေကြောင်း တွေ့ရသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရထားခဲ့သည့် အင်အားအကြီးဆုံးသော အတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှု မရှိသည့်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် မဟုတ်ဟု ကြေညာခဲ့သည်။ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များကလည်း NLD ၏ ရပ်တည်ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြသည်။ တိုင်းရင်းသားပါတီ ၁၂ ခု ပူးပေါင်းထားသော ၁၉၉ဝ ရွေးကောက်ပွဲတွင် ၆၇ နေရာ နိုင်ငံတကာ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ (United Nationalities Alliance) ကလည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် အပစ်အခတ်ရပ်စဲရေး အဖွဲ့များစွာကလည်း စစ်အစိုးရ၏ လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်သို့ ကူးပြောင်းရေး ရာဇသံကို ဆက်လက် ငြင်းဆန်နေကြဆဲဖြစ်သည်။ ထို့ပြင် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များကလည်း ရွေးကောက်ပွဲ ဥပဒေများအပေါ် ဝေဖန်ခဲ့ကြပြီး ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတလိမ့်မည်ဟု မထင်ကြောင်း ဝေဖန်ပြောကြားခဲ့ကြသည်။ ခြုံငုံ၍ သုံးသပ်ရလျှင် ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချနိုင်မှုနှင့် အများလက်ခံနိုင်မှု ဆုံးရှုံးနေပြီး အကယ်၍သာ အတိုက်အခံ အင်အားစုများအနေဖြင့် စည်းလုံးမှု ရှိခဲ့ပြီး ရွေးကောက်ပွဲအပေါ် ကျယ်ပြန့်စွာ သပိတ်မှောက်နိုင်ခဲ့လျှင် ရွေးကောက်ပွဲ၏ တရားဝင်မှုအပေါ် ထိုးနှက်နိုင်ပေလိမ့်မည်။

ထွက်ပေါ်လာသည့် မေးခွန်းတခုမှာ သပိတ်မှောက်ပြီးလျှင် ဘာလုပ်ကြမလဲဆိုသည့် မေးခွန်းဖြစ်သည်။ စစ်အစိုးရသည် ဆန္ဒပြပွဲများအား ထိပ်တိုက်ရင်ဆိုင်ရာ၌ သွေးဆာတတ်သည့် သဘာဝရှိကြောင်း ပြသခဲ့ပြီး ဖြစ်သည်။ စစ်အစိုးရ၏ အုပ်ချုပ်မှု အာဏာကို အဆုံးသတ်နိုင်စေရန်အတွက် လူထုလှုပ်ရှားမှုများ ပြုလုပ်ခြင်းနှင့် ရွေးကောက်ပွဲတွင် မဲမပေးကြရန် လှုံ့ဆော်ခြင်းသည်သာ ရွေးချယ်စရာ နည်းလမ်းများ ဖြစ်ပေလိမ့်မည်။ အဓိကကျသည့်အချက်မှာ နောက်ဆုံးပိတ် အဆုံးအဖြတ်ပေးနိုင်မည့် မဲဆန္ဒရှင်များအပေါ်တွင် အတိုက်အခံများက စည်းရုံးဝါဒဖြန့်နိုင်သည့် အရည်အသွေး ရှိခြင်း၊ မရှိခြင်း အပေါ်တွင် မူတည်နေပေသည်။

ပြည်တွင်းနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်မှုများသည် စစ်အစိုးရအား စိတ်ပျက်ကာ ကြံရာမရ ဖြစ်သွားစေနိုင်ပြီး အောက်တန်းကျသော နည်းလမ်းများ၊ တရားမျှတမှု မရှိသော နည်းလမ်းများဖြင့် ဆန့်ကျင်မှုများကို တုံ့ပြန်လာပေလိမ့်မည်။ အင်အားသုံး၍ ဖိနှိပ်ချုပ်ချယ်ခြင်းသည် စစ်အစိုးရ၏ လက်ထဲတွင် ကျန်ရစ်ခဲ့သည့် တခုတည်းသော နည်းလမ်း ဖြစ်လာပေလိမ့်မည်။ အကယ်၍ ထိုနည်းလမ်း အောင်မြင်ခဲ့လျှင်မူ စစ်အစိုးရအနေဖြင့် အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် ဖြစ်သော်လည်း မထိန်းချုပ်နိုင်ခဲ့လျှင် စစ်အစိုးရအနေဖြင့် အလျှော့ပေးလိုက်ရကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားလာလိမ့်မည် ဖြစ်သည်။

ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်းသည် မြန်မာ့နိုင်ငံရေးအပေါ် ကြီးမားစွာ အရှိန်သက်ရောက်နိုင်ပြီး နောက်ဆုံးရလဒ်ကတော့ အချက်အလက်များစွာပေါ်တွင် မူတည်နေသည်။ ထို့ကြောင့် စစ်အစိုးရအတွက်ရော၊ အတိုက်အခံများအတွက်ပါ စိန်ခေါ်မှုများ စောင့်ကြိုနေလျက် ရှိတော့သည်။
http://www.mizzimaburmese.com/edop/songpa/5204-2010-04-09-10-03-08.html

နိုင်ငံတကာ ဖိအားတွေ ဘယ်ရောက်သွားပြီလဲ။

Dear Leaders/Colleagues,

Quote; Human rights groups are calling on Indonesia to urge Burma to ensure its coming election is free and fair at a meeting of Southeast Asian leaders.

Unquote;

Where is the pressure from ASEAN, UN and WEST etc. to change election law, to be inclusive?

မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ပြင်ဖို့၊ အားလုံးပါဝင်နိုင်ဖို့ နိုင်ငံတကာ ဖိအားတွေ ဘယ်ရောက်သွားပြီလဲ။

Or just to bag SPDC for free and fair in dictator’s standard.

ဒါမှမဟုတ် အာဏာရှင်တွေရဲ့ အတုအယောင် လွတ်လပ်မျှတပါတယ်ဆိုရုံ ရွေးကောက်ပွဲဖြစ်ဖို့ ဝိုင်းတောင်းပန်နေမှာလား။

Where is voice that concern/to change for Nargis Constitution?

မတရားတဲ့ နာဂစ်ဖွဲ့စည်းပုံ ပြင်ဖို့ အသံတွေကော ဘယ်ရောက်သွားပြီလဲ။

Has the call been obsolete in that much quickly?

ဒီအသံတွေက အံ့သြစရာကောင်းလောက်အောင် ဒီလောက်မြန်မြန်ဆန်ဆန်ကြီး ပျောက်ကွယ်သွားပြီလား။

Who care what suffered in Burma?

မြန်မာပြည်သူတွေ ခံစားနေရတာကို ဘယ်သူက ဘယ်လောက် ဂရုစိုက်ကြမှာလဲ။

Are we rhetoric-happy dream-walkers or realists?

ကျုပ်တို့သည် အိပ်မက်တွေထဲမှာ ဟိန်းလိုက် ဟောက်လိုက် ခြိမ်းလိုက် ချောက်လိုက် လုပ်နေရတာကိုဘဲ ပျော်နေကြသလို ဖြစ်မနေဘူးလား။ ဖြစ်ချင်တာတွေနှင့် ဖြစ်နေတာတွေကို ပကတိ အရှိအတိုင်း ခွဲခြားသိမြင်သူများလား။

Cooler heads prevail.

ခေါင်းအေးအေးနှင့် အနုလုံ ပဋိလုံ စဉ်းစားဖို့ လိုပါပြီ။

Aung Tin

Rights Groups Want Indonesia to Press Burma on Democratic Reform

Brian Padden | Jakarta08 April 2010

Human rights groups are calling on Indonesia to urge Burma to ensure its coming election is free and fair at a meeting of Southeast Asian leaders.

Indonesian President Susilo Bambang Yudhoyono has said that Indonesia will promote democracy. And human rights groups in Asia want him to make good on that pledge by pressing Burma's military government to hold free and fair elections.

Mr. Yudhoyono meets Thursday and Friday in Vietnam the leaders of Burma and the other members of the Association of Southeast Asia Nations.

Elaine Pearson, with Human Rights Watch, wrote an open letter to the Indonesian foreign minister calling on him to press for reform in Burma. She says Indonesia has both the experience and credibility to influence the Burmese leadership.

"Because Indonesia is the leading member of ASEAN and it has been a strong and principled voice on the human rights situation in Burma, and because of its own history and transition from a military-led government to a democracy. Really this puts Indonesia in a very strong position to be listened to by the Burmese generals," she said.

Burma has been ruled by the military for most of the past six decades. The government plans to hold elections this year but has yet to set a date.

The last time the country's leaders agreed to hold elections was in 1990. The opposition National League for Democracy won, but the military refused to recognize the results of the race.

The NLD is boycotting the coming elections over election laws they say are restrictive and undemocratic. The laws prohibit registered parties from having political prisoners in their ranks.

The NLD's leader, Aung San Suu Kyi, has been detained for most of the past 20 years, as have several other party officials.

ASEAN members are divided on how to respond to Burma, which is under European Union and United States sanctions because of its poor human rights record. ASEAN has a policy of not interfering in the internal affairs of its members.

Yuyun Wahyuningrum, with the aid group Oxfam says, at this week's summit, the political security community will for the first time discuss possible sanctions for members that violate the ASEAN human rights charter.

But she says since ASEAN operates by consensus, it is unlikely they will take any punitive actions.

"In one way or another they will talk about sanctions, but I am not sure about the result because being a family and being living in harmony is one of the principles in ASEAN," she said.

Still, she is hopeful that over time diplomatic engagement and increasing pressure from democratic neighbors like Indonesia can help Burma make a peaceful transition to democracy.

http://www1.voanews.com/english/news/Human-Rights-Groups-Want-Indonesia-to-Press-Burma-on-Democratic-Reform--90201797.html

Use Your Liberty to Promote Ours


Videos Posted by Myo Thein
http://bdcburma.org/


Same..

ယခင် ရွှေဝါရောင်အရေးအခင်း...ယခု ကီရစ်ကစ္စတန်နိုင်ငံ (သို.) အကြမ်းမဖက် သော်လည်း လက်တုံ့ပြန် ခြင်း

Kyrgyzstan နိုင်ငံတွင် လျှပ်စစ်မီတာခ နှင့် စက်သုံးဆီ ဈေးများ ကို တိုးမြှင့် လိုက်ရာမှ လူထု အုံကြွမှု ဖြစ်
ဆန္ဒပြသူများက ပြန်လည် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ ဝင်များ အထိနာ
ဆန္ဒပြသူ များ က စစ်ကား တစ်စီး ကို သိမ်းပိုက်ထား
ရဲစခန်း နှင့် ရုပ်မြင်သံကြား ဌာန နှစ်ခု ကို သိမ်းပိုက် ထား
အတိုက်အခံပါတီ မှ ခေါင်းဆောင်များက ဤသို့ ချက်ခြင်း လာရောက် ၍ တရားဟောကာ ပြည်သူအား ဦးဆောင်မှုပေး
ဗုဒ္ဓဟူးနေ့ က ဆန္ဒပြပွဲ တွင် လူ တစ်ရာကျော် သေဆုံးပြီး နှစ်ရာနီးပါး ဒဏ်ရာရရှိ။
သမ္မတ နန်းတော်ရှေ့ တွင် ဆန္ဒပြသူများ
လည်း ပစ်သတ်ခံရကာ ရဲတပ်ဖွဲ့ ဝင် အချို့ ကို လည်း ဆန္ဒပြသူ များ ကဖမ်းဆီး
၂၄ နာရီ အတွင်း အစိုးရအဖွဲ့ အားဖြုတ်ချနိုင်ပြီး အတိုက်အခံ အမျိုးသမီး အာဏာရရှိ


ကီရစ်ကစ္စတန်နိုင်ငံ (Kyrgyzstan)ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေကြောင့် လက်ရှိအစိုးရပြုတ်ကျကာ ကြားဖြတ်အစိုးရ တက်လာပြီး အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ၆ လ အတွင်း ရွေးကောက်ပွဲ ကျင်းပပေးသွားမယ်လို့ ကြေညာလိုက်ပါပြီ....
ဒီလို လျှပ်စစ်မီတာခ နှင့် စက်သုံးဆီဈေးတက်လို့ ဆန္ဒပြ တဲ့ပထမဆုံးနိုင်ငံတွေထဲမှာ မြန်မာပြည်ပါ ပါ တယ်...၂၀၀၇ စက်တင်ဘာ..
ဘာလို့ဒီလို မအောင်မြင်ရတာလဲ...အကြမ်းဖက်နှိမ်နှင်းခံရ လို့ .....လက်တုံ. မပြန်နိုင်ခဲ့လို့ ....
ကျောင်းသားအရေးအခင်း ၂၀၀၆ ဒီဇင်ဘာ ...လှည်းတန်း ....(ပြည်သူ အချို့မသိလိုက်ကြ ) ...ဒီလိုဘဲဖြစ်ခဲ့တာပါဘဲ...
မအောင်မြင်တာတွေသုံးသပ်ပြီး ယခုဖြစ်ပေါ်လာတော့မဲ့ လူထုလူပ်ရှားမူကြီးကို ပြင်ဆင်ကြပါစို့......
ငြိမ်းချမ်းရေးကိုလိုလားပေမဲ့ အာဏာရူးတွေနဲ့သူတို့ရဲ့ လက်ကိုင်တုတ်တွေကို ဒီလို (Kyrgyzstan)ပြည်သူတွေ လက်တုံ့ ပြန်တာ ဟာ အကြမ်းဖက်တယ်လို့မသတ်မှတ်နိုင်ပါဘူး ငြိမ်းချမ်းရေးကိုတည်ဆောက်တာဖြစ်တယ်....Kyrgyzstan မှာ သေဆုံးသွားကြတဲ့ ပြည်သူတွေဟာ ဒီနေ့ဘဲ ပြည်သူု. သူရဲကောင်းတွေ အဖြစ် တိုင်းသိပြည်သိ ကြေညာနိုင်ပြီဖြစ်ပါတယ်...မြန်မာပြည်ဟာ ဒီလို အောင်မြင်မူနဲ့ များစွာလွှဲချော်ခဲ့ ရတယ် ကျဆုံးခဲ့ရတဲ့ လူမသိ သူမသိ ရဟန်းရှင်လူ ပြည်သူကျောင်းသားကလေးငယ် က အစ သူရဲကောင်းများစွာတို့ ရဲ့ စာရင်းဟာသက်ဆိုင်သူများရဲ့နှလုံးသားထဲမှာသာ သိမ်းစည်း ထားနေရဆဲဖြစ်ပါတယ်.....လွတ်လပ်ရေးဆိုတာ အသက်သွေးချွှေး အနည်းငယ် သို့ များစွာပေးဆပ်ရတယ်ဆို တာမျက်မှောက်သက်သေ တစ်ခုပါ ဘဲ....ကျွှန်တော်တို့မြန်မာပြည် နအဖ တွေရဲ့ စစ်ကျွန် ဘဝ အောက်ကနေပြီး လွတ်လပ်ရေးရဖို့ လက်တွေ့ဘာလုပ်ကြရမလဲ...
ကျွန်တော်စက်တင်ဘာရွှေဝါရောင် အရေးအခင်းတုံး က ကြုံတွေ့ဖူးတာလေးတစ်ခုကို ချိန်ထိုးပြီးစဉ်းစားမိပါတယ်....
ကျွန်တော်စက်တင်ဘာရွှေဝါရောင် အရေးအခင်းတုံး က တာမွေကျောင်းရှေ့ ပစ်ခတ်ပြီး သေဆုံး ဒဏ်ရာ ရသူတွေ သယ်ထုတ်လို့ လူထု ရုတ်ရုတ် သဲ သဲ ဖြစ်နေချိန် ရောက်ရှိသွားခဲ့ ပါတယ်....ဒီဘက်မှာ ပစ်ခတ်လို့ သေကုန်ကျ ပြီ ....ရွှေဂုံတိုင်လမ်းမ ကတော့ တိုးယိုပေါက် တာမွေဘက်ထိ ဘတ်စ်ကား တွေ ပုံမှန်ပြေးဆွဲနေတုံး ဘဲ....
လူတွေကမဆိုင်သလိုဘဲ ...ဖြစ်ရမှာက လမ်းမတွေပိတ် .....စစ်အစိုးရပြုတ်ကျရေးကြွေးကြော် ......ဆက်လက်ပြီးအရှိန်မြင့် ..ဆန္ဒပြ သပိတ်စခန်းတွေဖွင့် .....ကျွန်တော်လဲညံ့တဲ့အထဲပါဝင်ခဲ့ပါတယ် အဲ့ဒီ အချိန်မှာ တက်ကြွတဲ့ လူငယ်များရဲ့ ကားတွေ က သွေးသံရဲ ရဲ ဖြစ်နေသူတွေကိုတင်ဆောင်ပြီး လူအုပ်ကြားကထိုးဖောက်ပြီး ဆေးရုံမောင်းသွားကြတယ်...ဆူးလေ မှာ နိုင်ငံခြားသားတစ်ယောက်သေနတ်မှန်သေ သွားပြီ ဆိုတဲ့ သတင်းရောက်လာတယ်.......ကျွန်တော် ရွှေညောင်ပင်မီးပွိုင့်ထိပ် ရပ်နေစဉ် လူတွေက လာ နေပြီ လာနေပြီ ဆိုပြီး အုံးအုံးကြွက်ကြွက် ဆိုင်တွေထဲကို ဝင်ပြေးကျတယ်.....ကျွှန်တော်လှမ်းကြည့်တော့ ဟိုးခပ်လှမ်းလှမ်း တာမွေရုပ်ရှင်ရုံဘက်ကနေ စစ်ကားတွေ လမ်းဘေး ဝဲယာ စစ်ပြေပြင်အသွင် နဲ့ လက်နက်တွေချိန်ပြီး ဖြေးဖြေး မောင်းလာတယ်..... ကျွန်တော်အပါအဝင်လူတစ်ချို. မပြေးပါ.... ရပ်ပြီး စစ်ကားတွေကိုပေကြည့်နေတယ်....ကျွှန်တော်သိပါတယ် သူတို့တွေရဲ့ မျက်လုံးထဲမှာ လဲ ကျွှန်တော့်လိုဘဲ မင်းတို့လား ကွ ကျောင်းထဲက ကလေးတွေကို ခုလေးတင် သေနတ်နဲ့ဝင်ပစ်သွား တာ ဆိုပြီး စပ်ဆုတ် ရွံရှာ စွာ ကြည့်နေမှာ သေချာ ပါတယ်......နေလောင်ထားလို့လူ့မျက်နှာ အသား အရည် မရှိ အဟာရပြတ် လို့ ပါးရိုး အပြိုင်းပြိုင်းထ နေ တဲ့ လူ့ငရဲသား စစ်သားတွေ ရဲ့ သေနတ်ပြောင်းတွေဟာ ကျွှန်တော့်တို့ ဆီ ထိုးချိန် သွားပြီးချိန် ရွှေညောင်ပင်မီးပွိုင့်ထိပ်မှာဘဲ ကားတွေရပ်ပြီး သေနတ်တွေတဖြောင်းဖြောင်းမိုးပေါ်ထောင်ပစ်ပြီးလူထု ကိုထပ် မိုက်ရိုင်းပြပြန်ပါတော့တယ်....လူထု အားလုံး ဘာမှ မ လုပ်တတ်ခဲ့ပါ ဘူး....
ဟုတ်ပြီ ဒီတစ်ခါငါတို့ အလှည့်ရောက်ရမယ် ......အကြမ်းဘက်မူကိုဘယ်လိုတန်ပြန်မလဲ......ကျွှန်တော်အကြမ်းဘက်သမားမလုပ်ချင်ပါဘူး ...ဒါပေမဲ့ ပြည်သူတွေအတွက်လိုအပ်ရင် ....လုပ်ပေးနိုင်ခဲ့ရင် ...ကျွှန်တော်လုပ်တော့မယ်....ကိုယ့်ကိုယ်ကို ကာကွယ်မူ ....လက်တုံ့ပြန်မူ ......
ကျွန်တော့်ရဲ့ယခုရေးသားချက်များသည် အကြမ်းဖက်မူကို ကြိုတင်ကြံစည် ခြင်းမ ရှိ ... ပြည်သူများကိုယ်ရေးကြုံ သက်လုံကောင်းရန်သာဖြစ်ပါသည်....ယခုနည်းလမ်းများကို နအဖ လက်ကိုင်တုတ်များဘက်မှ ကြိုတင်ကာကွယ်စဉ်းစားပြီးဖြစ်ပါသည်..သို့သော်ပြည့်သူ့အင်အားကိုသူတို့မကာကွယ်နိုင်ပါ....စွမ်းနိုင်သူများ ကျွန်တော့်ထက် ပြီးပြည့်စုံစွာ နည်းစနစ်များဖြင့်ရေးသားပေးစေလိုပါသည်....
(၁) ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေဆီကို အကြမ်းဖက်သတ်ဖြတ်ရန် စစ်ကား ရဲကား များ သွားရောက်ချိန် လမ်းမ တိုင်းက ပြည်သူများဟာ လမ်းပိတ်အောင်လုပ်ရပါမယ်.....ရန်ကုန်မှာ အကျယ်ဆုံး ပြည်လမ်းမ ကို ဘတ်စ်ကားရှည် လေးစီးကန့်လန့်ဖြတ် ရပ်ကြည့် ပါ ...နောက်ရောက်လာတဲ့ကားများနဲ့ အဲ့ဒီလမ်းမ မပိတ်ဘဲရှိနိုင်မှာ လား .....ထိုကြောင့်တက်ကြွသောလူများဖြင့်လမ်းမတွင်သွားနေသော ကားများကို ရပ်တန့်ရန်ဆောင်ရွက်နိုင်ရမည်....အခင်းဖြစ်ရာဝင်ရောက်လာချိန်မှာ သူတို့၏ အဝန်းအဝိုင်းကိုထပ်မံ ကျဉ်းကြပ်အောင်လုပ်ဆောင်ရမည်...
ရပ်ကွက် သက်ဆိုင်ရာလမ်းများကို လူထုအားနဲ့ လျင်မြန်စွာ ပိတ်ဆို့....
(၂)သူတို့လက်နက်ကိုကိုယ့်လက်နက်ဖြစ်အောင် သူတို့လူကိုယ့်လူဖြစ်အောင် လုပ်ရမှာဖြစ်တယ်....သူတို့ရဲ့လက်နက်များကိုပစ်ခတ်ခွင့်မပေးနိုင်ရင်အကောင်းဆုံးဖြစ်ပေမဲ့....သူတို့ကား မှာ ကျည်ဆံသောင်းသိန်းချီပြီးပါလာပါစေ ..ကျည်ကန့်သတ်ချက်ရှိပါတယ် ..ဒီကား ကြီး ဒီနေရာက လုံးဝ လူပ်ရှားလို့ မရတဲ့ အချိန်မှာ သူတို့လမ်းပိတ်မိနေချိန်မှာ ..... သူတို့ရဲ့ ရင်ထဲမှာ ကျည်တစ်တောင့်တောင်သုံးချင်စိတ်မရှိ ထွက်ပြေးချင်စိတ်သာ ရှိမှာ အသေအချာ ပါ.....ဆိုတော့လမ်းမများ ကိုပိတ်ဆို့ပါ ...သစ်သား သစ်ပင် ရ ရာ သုံး ပါ... ဒီထက်စွမ်းနိုင်ရင် သံဆူးကြိုး သို့ ရရာ ပျဉ်ပြားကိုသံချောင်းရိုက်ပြီး သူတို့ရဲ့ ကားတာယာကို ထိုးဖောက်ဖို့သူတို့ရဲ့လမ်းမှာ တားဆီးရမှာဖြစ်ပါတယ်...သွပ်ရိုက် သံများလမ်းပေါ်ကြဲတာ အကောင်းဆုံးဖြစ်နိုင်ပါတယ်....
(၃) ထို့ကြောင့် သက်ရှိရန်သူ စစ်သား ရဲသား အပြင် သက်မဲ့ရန်သူ ဖြစ်တဲ့ သူ တို့ရဲ့ မော်တော်ယာဉ် ...ဆက်သွယ်ရေးစက်တို့ ဟာလည်း ပစ်မှတ်ဖြစ်ပါတယ်....အထက်ပါအချက်များအောင်မြင်ပါက ရန်သူသည် လမ်းမများတွင်ထင်သလို မလူပ်ရှားနိုင်တော့ပါ.....ထိုအချိန်သံချပ်ကာ ကားသုံးပါက ယင်းသည်လည်းမီးအာမခံကားမဟုတ်ပါ.......
(၄) ကားတွေ ပေါ်မှာ လက်နက်ခဲယမ်းတွေပါပါတယ်....လူထုအားနဲ့ တစ်ယောက်ဆေးလိပ်တစ်တို့ပစ်တင်ရုံနဲ့ သူတို့ မီးဟုန်း ဟုန်းတောက်မှာ ဖြစ်ပါတယ်.......စက်တင်ဘာ အရေးအခင်းက မြို့လည်တိုက်ပေါ်က ရေနွေးပူနဲ့လောင်းချတယ်လို့ မှတ်သားဖူးပါတယ်...အဝတ် ဓါတ်ဆီစွတ်... မီးရှိ့ ပြီး ကားပေါ်ပစ်တင်... လမ်းဘေးကျောက်ခဲ ..သစ်သားတိုင် ယုတ်စွ အဆုံး ငရုတ်ဆုံ ငရုတ် ကျည်ပွေ့ က အစ လက်နက်ဖြစ်ပါတယ်...
သေဆုံးသွားခဲ့ရသော အာဇာနည်များ အကျဉ်းကျခံနေရဆဲ သူရဲကောင်းများ နာဂစ် မုန်တိုင်း ရဲ့သားကောင် အပြစ်မဲ့ပြည်သူ ကလေးငယ် သိန်းပေါင်းများစွာတို့ရဲ့ အကြောင်းကိုစဉ်းစားပြီး တိုက်ပွဲဝင်ပါ....
ဒီနေ့အဆင့်မြင့်အိုင်တီ ရဲ့ ကျေးဇူးနဲ ကုန်မာဆိုင်မှာ ဝယ်လို့ရ တဲ့ အရာ အားလုံးဟာ လုပ်သေနတ်...ဗုံးလုပ်ရင်ဖြစ်ပေမဲ့ .....မစမ်းသပ်သင့်ပါ.....
(၅) ယာဉ်မောင်းနဲ့ လက်နက်ကြီးကိုင် စစ်သား သို့ ရဲဟာ ပစ်မှတ်ဖြစ်ပါတယ်....လူထုအင်အားနဲ့ ဝိုင်းဝန်းပိတ်ဆို့ရင် ရန်သူမခံနိုင်ပါ.....
သူတို့မှာလဲကြောက်စိတ်ရှိပါသည်.....လူထုမှာ လက်နက်ရှိက အနားသို့ပင်ကပ်ရဲမည်မဟုတ်ပါ......
သူတို့ထွက်ပြေးလက်နက်ချရင်လဲ မိမိ အရပ်သားဖက်မှ အကြမ်းမဘက်ဖို့ လိုအပ်ပါတယ်...
ဆွမ်းကြီးလောင်းလိုသူများ အဲ့ဒီအချိန်မှာ အများအပြားထွက်ပေါ်လာတတ်ပါတယ်.....
(၆) စစ်တပ် နှင့် ရဲ ဟာ ပြည်သူကို သတ်ဖြတ် ညှင်းဆဲပေ မဲ့ ပြည်သူက ခွင့်လွှတ်တတ်တယ်ဆိုတာ လက်တွေ့ ပြ ပါ ..မိမိ ဘက်က စစ်ကား တစ်စီး စာ လွှတ်ငြိမ်းချမ်းသာခွင့်ပေးရုံနဲ့ အင်အားသိန်းချီစစ်တပ်ကြီး ဟာ သေနတ် ပြောင်း ပြန်လှည့်ပြီး အာဏာ ဖီဆန်ကြမှာ ဖြစ်ပါတယ်....
(၇) ဒေါ်အောင်ဆန်းစုကြည် မရှိ သေးချိန်မှာ NLD မှခေါင်းဆောင်များက ချက်ခြင်း လာရောက် ၍ တရားဟောကာ ပြည်သူကို ဦးဆောင်မှုပေးဖို့လိုအပ်ပါတယ် ... စက်တင်ဘာအရေးအခင်းမှာ နိုင်ငံရေး ဦးဆောင်မူလိုအပ်ချက် ရှိခဲ့ပါတယ်...အကြမ်းဖက်မူကို မတုံပြန်နိုင်ခဲ့ပါ...
ဦးဆောင်ပြီး မထတမ်း သပိတ် စခန်းတစ်ခုမဖွင့်နိုင်ခဲ့ ပါ....
မြန်မာပြည်နိုးထရန်အချိန်တန်နေပါပြီ.....
၂၀၁၀ ရွေးကောက်ပွဲ မလိုအပ်ပါ......
နအဖ လဲ အကြပ်တွေ. နေပါပြီ ...
အရေးတော်ပုံနီးကပ်နေပါပြီ .....
မြန်မာပြည်သူများကြိုးစားရင် မကြာမီ အောက်ပါအတိုင်း ရင်ထဲက ဆန္ဒတွေကိုကြွေး ကြော် နိုင်တော့မှာ ပါ
ဒီမိုကရေစီရ ရှိရေး ဒို့အရေး ဒို့အရေး
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဒို့အရေး ဒို့အရေး
ပြည်သူ့လွတ်တော်ခေါ်ယူရေး ဒို့အရေး ဒို့အရေး
တိုင်းရင်းသားများ ညီညွှတ်ရေး ဒို့အရေး ဒို့အရေး
ပြည်သူ့စစ်သား ကျန်းမာပါစေ
အာဏာရူး နအဖ ကျဆုံးပါစေ
၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ အလိုမရှိ
အရေးတော်ပုံ အောင်ရမည် အောင်ရမည်
နိုင်ငံတကာသတင်းများမှာလဲ အောက်ပါအတိုင်းမကြာမီတွေ. ရမှာပါ.........
-မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲ ဥပဒေကိုစစ်အစိုးရမှ မတရားထုတ်ပြန်သောကြောင့် မြို့ကြီးများတွင်လူထု အုံကြွမှု ဖြစ်
-ဆန္ဒပြသူများက ပြန်လည် ပစ်ခတ်မှုကြောင့် စစ်တပ် နှင့် ရဲတပ်ဖွဲ့ ဝင်များ အထိနာ
-ဆန္ဒပြသူ များ ဘက်သို့ တိုးတက်သော အမြင်ရှိသည်. စစ်ခေါင်းဆောင်များကူးပြောင်း ရပ်တည်
-အတိုက်အခံပါတီ NLD မှခေါင်းဆောင်များက ချက်ခြင်း လာရောက် ၍ -တရားဟောကာ ဆန္ဒပြစခန်းများဖွင့်လှစ်၍်ပြည်သူအား ဦးဆောင်မှုပေး
-နေပြည်တော်မှရေဒီယိုရုပ်မြင်သံကြားဖြင့်တိုင်းပြည်အာဏာကိုချုပ်ကိုင်ထားဆဲဖြစ်ကြောင်းဗြောင်လိမ်နေသော်လည်း စစ်တပ်ရင်း တပ်ဖွဲများမှမြို့ နယ်တိုင်းတွင် တစ်မြို့ ပြီး တစ်မြို့ ပြည်သူ့.ရင် ခွင်တွင်းသို့ဝင်ရောက်
-နအဖထိပ်တန်းခေါင်းဆောင်များနေပြည်တော်ကြပ်ပြေးတွင်ပိတ်မိ....တရုတ်ပြည်သို့ခိုလုံခွင့်တောင်းခံနေကြောင်းသတင်းများထွက်ပေါ်
- ၂၄ နာရီ အတွင်း အစိုးရအဖွဲ့ အားဖြုတ်ချနိုင်ပြီး အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြည်သူအပ်နှင်းသောအာဏာရရှိ
အောင်မျိုးနိုင်

ဟံသာဝတီဂျာနယ် အတွဲ (၁၀၆)

http://ifile.it/kp9u83rHanthawaddy Journal Volume - 106