Monday, April 12, 2010

12 April 2010 ဒိုင်ယာရီ

http://ifile.it/ghewztq12 April 2010 Yeyintnge Diary

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဒီရေမြင့်သစ် မြင့်တက်ချိန် (သို့) စစ်အာဏာရှင်တို့ အခက်…

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဒီရေမြင့်သစ် မြင့်တက်ချိန် (သို့)
စစ်အာဏာရှင်တို့ အခက်…

စိုးနေလင်း
Saturday, April 10, 2010


သေချာတယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်မှန်တယ်။ ပူးသတ်မယ် တို့လွှတ်တော်ထဲနေရာယူပြီးမှ တဖြည်းဖြည်း ပြောင်းလဲယူမယ်ဆိုပြီး ရွေးကောက်ပွဲဝင်တာမှန်တယ်လို့ ပြောတဲ့သူတွေ ပါတီတွေဟာ သမိုင်းသင်ခန်းစာတွေအရရော၊ ခုလက်ရှိ အာ ဏာရယူအုပ်စိုးနေတဲ့ စစ်အစိုးရကအသေအချာဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သူတို့ရဲ့ စိတ်ရင်းသဘောထားမှန်အရရော စိတ်ကူးယဉ်တာပဲဖြစ်ပါလိမ့်မယ်။ ဖြစ်ကိုမဖြစ်နိုင်ဘူး ၊သေချာတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘူး။ အဲဒီ အခြေခံဥပဒေကို အခြေခံပြီး ကျင်းပမှာဖြစ်တဲ့ ၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲကိုမ၀င်နိုင်ဘူး။ တရားမျှတမှုမရှိ၊ ဒီမိုကရေစီအခြေခံတွေနဲ့ ကိုက်ညီမှု မ ရှိတဲ့ ရွေးကောက်ပွဲ ဥပဒေအရ ပါတီမှတ်ပုံတင်မှု မလုပ်တော့ဘူးလို့ ဗဟိုအလုပ် အမှုဆောင်တွေ၊ ဗဟိုကော်မီတီဝင်တွေရဲ့ အစည်းအဝေးမှာ ကန့်ကွက်သူမရှိ ဆုံး ဖြတ်အတည်ပြုခဲပြီးပါပြီ။

မြန်မာနိုင်ငံ ပြည်သူလူထုကြီးတရပ်လုံးရဲ့ သဘောဆန္ဒလို့ပြောရင်လည်း မှားမယ် မဟုတ်ပါဘူး။ ပြည်သူလူထုကြီးတရပ်လုံးဟာ စစ်အစိုးရရဲ့ မတရားတဲ့လုပ်ရပ် တွေ၊ မတရားတဲ့ အမိန့်အာဏာတွေ၊ မတရားတဲ့ ကိုယ်ကျိုးစီးပွားရှာဖွေမှုတွေကို စိတ်ပျက်လက်ပျက်ဖြစ်နေပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းငြိမ့်လိုက်ရင် ဘာဖြစ်တော့မယ်ဆိုတာလည်း သိနေကြပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကများ ပါတီရပ်တည်ရေးတခုတည်းအတွက် လိုက် လျှော သဘောတူလိုက်လေမလားဆိုပြီး ရင်တမမ ဖြစ်နေခဲ့ကြတာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းခါငြင်းဆန်ဖို့ ဆုံးဖြတ်လိုက်တော့မှပဲ သက်မကြီးချ နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်တွင်းက ပြည်သူလူထုကြီးရော၊ ပြည်ပအတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအားလုံးကပါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို တခဲနက်ထောက်ခံခဲ့ကြပါတယ်။ မြန်မာနိုင်ငံအရေးကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြတဲ့ နိုင်ငံတကာကသံတမန်တွေနဲ့ နိုင်ငံခြားတိုင်းပြည် အတော်များများကလည်း စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေဟာ အမျိုးသားပြန် လည်သင့်မြတ်ရေး ဖြစ်မလာနိုင်သလို အလုံးစုံပါဝင်နိုင်ပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်တဲ့အတွက် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားဂုဏ်ပြုခဲ့ကြပါတယ်။

တကယ်တော့ ပြည်သူလူထုကြီးတရပ်လုံး လိုလားတောင့်တနေတဲ့ တိုက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါ်လိုက်တာပါပဲ။ လက်နက်မဲ့ငြိမ်းချမ်းစွာ တုန့်ပြန်စိန်ခေါ်လိုက်တာပါ။ အတိုင်းအတာတခုထိလည်း ဖြစ်လာနိုင်ခြေရှိတဲ့ စစ်အစိုးရရဲ့ တုန့်ပြန်မှုတွေကို ထည့်သွင်းစဉ်းစားပြင်ဆင်မှုလုပ်ထားပြီးပြီလို့ ယူဆပါတယ်။ မစဉ်းစားမပြင်ဆင်ပဲထားလို့လည်း မဖြစ်ပါဘူး။ မြန်မာနိုင်ငံစစ်အစိုးရဟာ ဘယ်လိုအစိုးရမျိုးလဲဆိုတာ ပြည်သူလူထုသိနှင့်ပြီးဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်းသိပြီးဖြစ်ပါတယ်။ နေရင်းထိုင်ရင်း ဘာမှမလုပ်ဘဲတောင် ပြသနာမရှိ ပြသနာရှာပြီး နှိပ်ကွပ်ဖမ်းဆီးချင်နေတဲ့ စစ်အစိုးရဟာ သူတို့တရားဝင်နန်းသိမ်းပွဲခံယူဖို့လုပ်နေတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ကပျက်ယပျက်လုပ်တာပဲလို့ ယူဆလိုက်ရင်တော့ ဘယ်လောက်စိတ်ဆိုးဒေါသဖြစ်လိုက်လေမလဲ၊ စဉ်း စားကြည့်ရင်သိနိုင်ပါတယ်။ အလွန်အာဃာတတရားကြီး၊ အငြှိုးအတေးကြီး၊ အလွန်ကောက်ကျစ်စဉ်းလဲရက်စက်တတ်တဲ့ စစ်အစိုးရ ဟာ ဘယ်လိုများလက်တုန့်ပြန်ဖို့ အကောက်ကြံပြင်ဆင်နေလေမလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်နှိုက်ရော ဝန်ရံပေးရမယ့် ဒီမို ကရေစီအင်အားစုတွေအနေနဲ့ရော၊ ကျောထောက်နောက်ခံပြု ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမယ့် ပြည်သူလူထုကြီးအနေနဲ့ရော အ သေအချာစဉ်းစား တွက်ဆပြင်ဆင်ထားကြရပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစကတည်းက ရန်သူလိုသဘောထားပြီး ဖြို ဖျက်ပစ်ချင်နေတဲ့ စစ်အစိုးရဟာ သူ့ရဲ့အာဏာကိုအံတုရင်ဆိုင်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဘယ်လိုထိုးခွဲဖြိုလှဲမလဲ။ စဉ်း စားပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။ ရန်သူစစ်အစိုးရရဲ့ အားကောင်းချက်အားနည်းချက်တွေကို အသေအချာသိရှိနားလည်အောင် လေ့လာသုံးသပ်ထားဖို့ လိုအပ်သလို မိမိရဲ့အားအနည်းဆုံးပျော့ကွက် အားအကောင်းဆုံးအချက်တွေကိုလည်း မှန်မှန်ကန်ကန်လေ့ လာသိရှိထားဖို့ လိုအပ်ပါလိမ့်မယ်။

လူထုကြားမှာထဲထဲဝင်ဝင်ရှိနေ လုပ်ကိုင်စည်းရုံးဆောင်ရွက်နေကြတဲ့ အဖွဲ့ဝင်တွေ၊ ကျေးရွာ၊ တိုက်နယ်မြို့နယ်ခေါင်းဆောင်တွေက စ လို့ အသက်အရွယ်ကြီးပေမယ့် သွားလာလှုပ်ရှားပြောဆို ညွှန်ကြားလို့ရနေသေးတဲ့ ဗဟိုခေါင်းဆောင်တွေအထိ စဉ်စားပြင်ဆင်ထား ကြရပါလိမ့်မယ်။ အာဏာရှင်စနစ်အောက်မှာ အစိုးရကိုအတိုက်အခံလုပ်အံတုရင်ဆိုင်ရတဲ့နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေဟာ အာဏာကိုချုပ်ကိုင်ထားတဲ့ အစိုးရရဲ့ဖိစီးနှိပ်ကွပ်မှုမျိုးစုံနဲ့ ရင်ဆိုင်ရမှာကတော့ အသေအချာပါပဲ။ အင်္ဂလိပ်နယ်ချဲ့ခေတ်က အပြော များခဲ့တဲ့ စကားလေးတခုဖြစ်တဲ့ “သခင်ပေါက်စ ထောင်ခြောက်လ” ဆိုတဲ့စကာလေးလိုပါပဲ။ စစ်အစိုးရ အဆက်ဆက်လက်ထက်မှာ တော့ “နိုင်ငံရေးသမားပေါက်စ နှစ် ၅၀ ထောင်ကျ” လို့ ပြောရလောက်အောင်ကို စစ်အာဏာရှင်အစိုးရဟာ ရက်ရက်စက်စက် ဖိနှိပ် နေခဲ့ပါတယ်။

ဒါပေမယ့် စစ်အစိုးရကဖိနှိပ်မှုတွေ ပြင်းပြင်းထန်ထန်ရက်ရက်စက်စက်လုပ်ပြီး ပြည်သူလူထုကိုအကြောက်တရားနဲ့ အုပ်ချုပ်လာခဲ့တာ သူတို့စပြီးအာဏာသိမ်းကတည်းကပါ။ သိပ်တော့လည်းမဆန်းပါဘူး။ နိုင်ငံရပ်ခြားက မြန်မာနိုင်ငံရေးလှုပ်ရှားမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သုတေသနပြုနေကြတဲ့ ပညာရှင်တွေ လေ့လာသူတွေ အံ့သြလောက်အောင်တွေ့ရှိခဲ့တဲ့အချက်ကတော့ ဒီလောက်ရက်ရက်စက်စက် နှိပ်ကွပ် ထောင်ဒဏ်တွေ ပြင်းပြင်းထန်ထန်ချနေတာတောင် စစ်အစိုးရကိုအာခံဆန့်ကျင်သူတွေ လျှော့နည်းမသွားတဲ့အပြင် ဆန့်ကျင် ဘက်အားဖြင့် ပိုလို့တောင်များပြားလာတာကို မြင်သာထင်ရှား တွေ့နေရတာပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို လူထုကယုံကြည် အပ်နှံတာဝန်ပေးခံထားရတဲ့ နိုင်ငံရေးပါတီကြီးတခုက ပါတီဝင်တွေ၊ အဆင့်ဆင့် ပါတီခေါင်းဆောင်တွေနဲ့ ထိပ်ဆုံးပါတီခေါင်းဆောင် တွေအထိ ပြည်သူလူထုနဲ့တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက် စွန့်လွှတ်အနစ်နာခံနိုင်တဲ့သတ္တိကို စကတည်းက မွေးမြူပိုင်းဖြတ်ထားပြီး ဖြစ်ရပါလိမ့်မယ်။ ပြည်သူလူထုကြီးကို ဒီမိုကရေစီပန်းတိုင်ကိုရောက်ရှိအောင် လမ်းပြဦးဆောင်ပေးဖို့၊ လိုအပ်ရင်ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးဖို့တာဝန်လည်း ရှိပါတယ်။

ခုဆိုရင်စစ်အစိုးရရဲ့သဘောထားမှန်ကို ကြာကြာဝါးလို့ခါးမှန်းသိလာကြပြီဖြစ်တဲ့ ပြည်သူလူထုဟာ တစတစ သူတို့ရဲ့ သည်းခံခွင့် လွှတ်နိုင်မှုတွေ ကျဆင်းလျှော့ပါးလာပြီး သည်းမခံနိုင် ခွင့်မလွှတ်နိုင်ဖြစ်လာ၊ ဆန့်ကျင်အာခံတွန်းလှန်ဖို့ ကြိုးစားလာကြတာ တွေ့နေ ရပါပြီ။ ဖိနှိပ်မှုရှိရင်ဆန့်ကျင်မှုရှိမယ်။ ဖိနှိပ်မှုကြီးရင် ဆန့်ကျင်မှုကြီးမယ်။ သဘာဝကျပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒီအတိုင်းဖြစ်နေပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်ပွဲခေါ်ပြီး ပြတ်ပြတ်သားသားစစ်အစိုးရကို ဆန့်ကျင်အာခံဖို့ တောင်းဆို လာကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ ဦးဆောင်မယ်ဆိုရင် တညီတညွတ်တည်း ပူးပေါင်းပါဝင် လှုပ်ရှားဖို့အထိ ဆုံးဖြတ်ပြင်ဆင်လာကြပြီလို့ ပြောရင်မှားမယ်မဟုတ်ပါဘူး။ တွေဝေနောက်တွန့်နေသူတွေ ချီတုံချတုံဖြစ်နေသူတွေ လည်း ရှိနေကြအုံးမှာပါပဲ။ အဲဒီလိုလူမျိုးတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စည်းရုံးစုစည်းဖို့ကြိုးစားရပါလိမ့်မယ်။ ပြည်သူလူထု ကြီး တရပ်လုံးကစစ်အစိုးရကို ခေါင်းခါငြင်းဆန်လာအောင် ပူးပေါင်းဆောင်ရွက်မှုမလုပ်အောင် စစ်အစိုးရ၊ စစ်အစိုးရအသိုင်းအ၀ိုင်း၊ အလိုတော်ရိတွေကို လူမှုရေး၊ စီးပွားရေးနယ်ပယ်နဲ့ နယ်ပယ်အသီးသီးက ဖယ်ကြဉ်ရှောင်ရှားကြဖို့ ဦးဆောင်လမ်းပြရပါလိမ့်မယ်။

စစ်အာဏာရှင်အစိုးရက မကြာမတင်မှာ သူတို့ရဲ့ရွေးကောက်ပွဲမှာ ဆူးညှောင့်ခလုပ်ဖြစ်လာနိုင်ခြေရှိသူတွေအားလုံးကို နှိပ်ကွပ် ဖယ် ရှင်းမှုတွေ စပြီးလုပ်ဆောင်လာတော့မယ်ဆိုတာ သေချာပါတယ်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးတည်တိုက်ခိုက် လာပါတော့မယ်။ ပြည်တွင်းပြည်ပက ဝန်းရံလို့ရသမျှအင်အားစုတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံပေးဖို့ ကြိုးစားကြရပါ လိမ့်မယ်။

သေချာတယ် ဒီအချိန်ဟာ စစ်အာဏာရှင် အခက်ဖြစ်တယ်။
သေချာတယ် ဒီအချိန်ဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အချက်ဖြစ်တယ်။

အဓိကကတော့ ပြည်သူလူထုကြီးတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှု အင်အားပဲဖြစ်ပါတယ်။
လူထုတိုက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖယ်ရှားရှင်းလင်းပစ်ကြပါစို့။ ။

စိုးနေလင်း

photo by .. http://sittnyeinaye.blogspot.com/

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှူးတို့အား တွေ့ဆုံ ဆွေးနွေးခွင့်ပြုပါရန် ထပ်မံတင်ပြတောင်းခံခြင်း။

http://ifile.it/6wcel5ssnld-2ndrequest

ဝါးလုံးရှည်နဲ့ရမ်းတဲ့ ရွေးကောက်ပွဲဥပဒေ

E-mail Print

ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် စာရေးတယ်လို့ကြားရတယ်။ ဘာအကြောင်း ကိစ္စတွေ ပါသလဲ။

“ကျနော်တို့ SNLD အနေနဲ့ ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူးစိုင်းညွှန့်လွင်တို့ နှစ်ယောက်ကို လက်ရှိ အလုပ် လုပ်နေတဲ့ အတွင်းရေးမှူးများအဖွဲ့ကနေပြီးတော့မှ တွေ့ဆုံဆွေးနွေးခွင့်ရဖို့အတွက် နအဖ ဥက္ကဌဆီလိပ်မူ ပြီးတော့ ဒုတိယအကြိမ် မြောက် စာရေး တောင်းခံတာဖြစ်တယ်။ ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာ စာရေးပြီးတောင်း ခံတယ်။ တလပြည့်တဲ့ မတ်ခ်ျ ၆ ရက်နေ့အထိ တစုံတရာ အကြောင်းပြန်ကြား ချက်မရတဲ့အတွက်ကြောင့်မို့လို့ ကျနော် တို့နိုင်ငံရေးပါတီမိတ်ဆွေများဖြစ်တဲ့ UNA အဖွဲ့ဝင် ပါတီဝင်လူကြီးများနဲ့ တွေ့ဆုံပြီးရှင်းပြတယ်”

ဘာကြောင့် အခုကျမှ အလောတကြီး တွေ့ဆုံဖို့ တောင်းရတာလဲ။

“ကျနော်တို့ ဥက္ကဌ နဲ့ အတွင်းရေးမှူးကိုဘာဖြစ်လို့တွေ့ဆုံခွင့်တောင်းတာလဲဆိုတော့ ၂၀၁၀ ခုနှစ်ဟာ ဗမာ ပြည် ဒီမိုကရေစီ ဖေါ်ဆောင်ရေးနဲ့ တိုင်းရင်းသားသွေးစည်းညီညွတ်မှုအတွက် အရေးကြီးတဲ့ အခင်းကျင်းတရပ် စုပေါင်း ဖေါ်ဆောင်သွားရမဲ့ ကာလတခုဖြစ်တယ်။ အဲဒီလို ယူဆထားတာနဲ့အညီ ဒီမိုကရေစီဖေါ်ဆောင်ရေး နဲ့ တိုင်းရင်းသား သွေးစည်းညီညွတ်မှုကိစ္စရပ်တွေမှာ SNLD အနေနဲ့ ဘယ်လိုရှုဒေါင့်ကနေပြီးတော့ တဘက်တ လှမ်း ပါဝင်ဆောင်ရွက် ပေးနိုင်မလဲဆိုတာကို ဥက္ကဌ နဲ့ အတွင်းရေးမှူး ၂ ယောက်ကို သွားရောက်တွေ့ဆုံဆွေးနွေး ပြီးမှသာလျှင်ဆုံးဖြတ် နိုင်တယ်။ အဲဒီလိုဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုရခြင်းဘဲဖြစ် ပါတယ်”

အခုအခြေအနေမှာ တွေ့ခွင့်အလားအလာရှိမလား။ တွေ့ခွင့်မပေးရင် ဘာဆက်လုပ်မှာလဲ။

“တွေ့ခွင့်ပေးမပေးဆိုတာကတော့ ဒီခွင့်ပြုမဲ့ ပုဂ္ဂိုလ်ပေါ်မူတည်တယ်။ တကယ်လို့ကျနော်တို့ တွေ့ဆုံခွင့်တောင်း ဆို ထားတဲ့အတိုင်း တွေ့ခွင့်မရဘူးဆိုရင်တော့ ဒီ့ထက်ပိုပြီးအသေးစိတ် ပိုပြီးထိရောက်တဲ့ နည်းလမ်းရှာကြံ ပြီးတော့မှ UNA မိတ်ဆွေပါတီများနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်”

ဥက္ကဌနဲ့ အတွင်းရေးမှူးကို SNLD-EC များ တွေ့ခွင့်တောင်းဆိုနေတဲ့အချိန်မှာ နအဖ က ရွေးကောက်ပွဲ ဥပဒေထုတ် ပြန်ကြေငြာတယ်။ အဲဒီရွေးကောက်ပွဲဥပဒေကို ဘယ်လိုရှုမြင်သုံးသပ်မိပါသလဲ။


“ရွေးကောက်ပွဲ ဥပဒေက မနေ့တုန်းက ကော်မရှင်အပိုင်းနဲ့ ဆိုင်တယ်။ ဒီနေ့တော့ ပါတီဖွဲ့စည်းမှုအပိုင်းပါလာ တယ်။ အဲဒီကိစ္စနှင့် ပတ်သက်လို့ ကျနော်တို့ ဖတ်ရှုလေ့လာနေဆဲဖြစ်တယ်။ နောက် သက်ဆိုင်ရာ နဃ အဖွဲ့ ၀င်များနဲ့ ဆွေးနွေးတိုင်ပင်နေဆဲ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပါတီဖွဲ့စည်းရေးကိစ္စ၊ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက် လို့ ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ ဘာမှ ပြတ်ပြတ်သားသား မပြောနိုင်သေးပါဘူး။ တခုသေချာတာ ကတော့ ကျနော်တို့ ဥက္ကဌ၊ အတွင်းရေးမှူး ပြန်မလွတ်သေးဘူး။ ထို့အတူဘဲ ယုံကြည်ချက်ကြောင့် နိုင်ငံရေးအကျဉ်းကျနေတဲ့ နိုင်ငံရေးခေါင်းဆောင် တွေကို လွတ်မလာသေးဘူး။ အဲဒီပုဂ္ဂိုလ်တွေကို လွတ်ပေးစေ ချင်တယ်။ အဲလိုလွတ်ပေးပြီးတော့မှ အရင်ကျနော်တို့ ပြောနေကျ သုံးပွင့်ဆိုင်ဆွေးနွေးရေးလုပ်ရမယ်။ အဲလို သုံးပွင့်ဆိုင် ဆွေးနွေးပြီးမှသာလျှင် ရွေးကောက်ပွဲကိစ္စကို ကျနော်တို့ဘက်က စတင်ဆောင်ရွက် သွားနိုင်မှာ ဖြစ်တယ်”

စစ်အစိုးရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေအရဆိုရင် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီတွေ အားလုံး မှတ်ပုံတင်ရ တော့မယ်။ SNLD အနေနဲ့ ပြန်တင်မှာလား တင်မလား/မတင်ဘူးလား။ မတင်ရင် တရားမ၀င်တဲ့ ပါတီဖြစ်သွားမယ်။ အဲလိုဆိုဘာဆက်လုပ်မှာလဲ။

“ဒီကိစ္စက ကျနော်တို့ ညှိနှိုင်းနေဆဲဖြစ်တယ်။ ဒီပုံစံကြည့်ခြင်းအားဖြင့်တော့ အဓိပ္ပါယ်မရှိဘူး။ ယုံကြည်ချက် ကြောင့် နိုင်ငံရေးအကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် တို့ကို တမင် တကာဖယ်ထုတ်တဲ့ပုံစံမျိုးဖြစ်တယ်။ တခြားပုဂ္ဂိုလ်တွေ အတွက်လဲ အလားတူပါဘဲ။ နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ် တဲ့သက်ဆိုင်တဲ့ ပုဂ္ဂိုလ်အားလုံးကို ၀ါလုံးရှည်နဲ့ ပထုတ်လိုက်တဲ့သဘော။ ဒီဥစ္စာက မဖြစ်သင့် တဲ့ ကိစ္စတရပ်ဘဲလို့ - ကျနော် လောလောဆယ်မှတ်ချက်ပေးလိုတယ်”

ဘာဖြစ်လို့ ၀ါလုံးရှည်နဲ့ ပထုတ်တယ်လို့ ပြောနိုင်ပါသလဲ။

“နအဖ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေ အခန်း ၂ ဖွဲ့စည်းခြင်း ဆိုတဲ့ နံပါတ် ၄ အပိုဒ်ငယ် ခ မှာ ထင်ပေါ် ကျော်ကြား သည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ယူဆသူဖြစ်ရမည် - ဆိုတဲ့အချက်က လုံးဝ တဘက်သတ်ဆန်တယ်။ နအဖ မှ ထင်ပေါ်ကြော်ကြားတဲ့ ပုဂ္ဂိုလ် ဆိုပြီး မြင်ချင်တဲ့ပုဂ္ဂိုလ်ကို မြင်မယ်၊ မမြင်ချင်တဲ့ပုဂ္ဂိုလ်ကျတော့ ဒီထဲမှာ ပါဝင်ခွင့်မရတော့ဘူးလား။ အဲဒါ့ကြောင့် ဒီကော်မရှင်ကတော့တဘက်သတ်ကော်မရှင် လို့ဘဲ သုံးသပ်လိုပါတယ်”

ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်ပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက် မသတ်မှတ်နိုင်သေးတဲ့ကိစ္စကို ဘယ်လိုကြားသိထားပါ သလဲ။

“ရွေးကောက်ပွဲရက် အတိအကျ မသတ်မှတ်သေးတဲ့ကိစ္စက ကျနော်ထင်တယ် ရှေ့လျှောက်မယ့် အနာဂတ်ကို နအဖ ကိုယ်တိုင် ပြတ်ပြတ်သားသား မဆုံးဖြတ်ရသေးတဲ့ သဘောမျိုးမှာရှိတယ်။ ဒါကြောင့်မို့ ဘယ်နေ့ဘယ်ရက် ကျင်းပမယ် ဆိုတာ သူကိုယ်တိုင်မကြေငြာနိုင်သေးတာဖြစ်မယ်”

တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ဖွဲ့ ပါဝင်တဲ့ UNA ကကော နအဖ ထုတ်ပြန်ချက်အပေါ် ဘယ်လိုဆုံးဖြတ်ချက် တွေချမှတ် ထားသလဲ။

“တိုတိုတုတ်တုတ်ပြောရမယ်ဆိုရင်တော့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးမလုပ်ဘဲနဲ့ ရွေးကောက်ပွဲကို တဘက် လုပ်သွား မယ်ဆိုရင် SNLD အနေနဲ့ လုံးဝ ပါဝင်ပတ်သက်မှာမဟုတ်ဘူး။ အဲ့ကြောင့် တိုင်းရင်းသားမဟာမိတ် အဖွဲ့ဖြစ်တဲ့ UNA အနေနဲ့ လဲ အလားတူသဘောထား/ရပ်တည်ချက်ရှိလိမ့်မယ်လို့ ကျနော်တို့ ကြားသိထား ရပါတယ်။”

နောက်ဆုံးအနေနဲ့ ဘာမှာချင်သေးလဲ။

“ထွေထွေထူးထူးတော့မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲဥပဒေကလဲ အပြည့်အစုံ မထွက်သေးဘူး။ နောက်ပြီးရွေးကောက်ပွဲဆိုတဲ့ဟာက လာမယ်လာမယ်ပြောပြီး အသံသာကြားနေရပြီး ဘယ်တော့လုပ်မယ်ဆိုတာ မကြားရသေးတဲ့အတွက် တစုံတရာဖြည့်ပြောဖို့ မရှိသေးပါဘူး။”


http://www.mongloi.org/burmese/

လူထုနဲ့အတူ ရင်ဆိုင်ရပ်တည်ခြင်း

ပြီးခဲ့တဲ့လ (၂၉)ရက်နေ့က လူမျိုးစုံပြည်သူတရပ်လုံးရဲ့ ဆန္ဒနဲ့ထပ်တူထပ်မျှဖြစ်တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို NLD က ပြတ်ပြတ်သားသား အတိအကျ ထုတ်ဖော်ချမှတ်လိုက်တဲ့ အတွက် နှစ်ထောင်းအားရ ဖြစ်မိသလို အဖွဲ့ချုပ်ဝင်အားလုံးရဲ့ သတ္တိ၊ ဇွဲလုံ့လနဲ့ အမှန်တရားကို မြတ်နိုးခြင်းတို့အတွက် အထူးပဲ ကျေးဇူးတင်ရပါတယ်။ နောက်တချက်က လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အပေါ် ဘယ်လောက်ထိ ယုံကြည်တယ်၊ လေးစားတယ်၊ အားကိုးချစ်ခင်တယ် ဆိုတာကို လက်တွေ့ ထုတ်ဖော်ပြသလိုက်တာလို့လည်း ပြောရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ရဲ့နောက်မှာ ကျနော် ကျမတို့တွေ ရှိပါတယ်။ ရဲရဲသာ ဦးဆောင်ပါ၊ လိုက်ပါနာခံဖို့ အဆင် သင့်ပါပဲလို့ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

မှတ်ပုံမတင်ဘူးလို့ အပြတ်ပြောလိုက်တာဟာ တဖက် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက ဆင်ထားတဲ့ အကွက်ထဲမဆင်းဘဲ ခက်ခဲပြီး အရင်းအနှီးကြီးတဲ့ တန်ပြန်တိုက်စစ်ကို ရုတ်တရက် စစ်ဆင်လိုက်တာလို့လည်း ပြောရမယ် ထင်ပါတယ်။ ဘာကြောင့်ဆို စစ်ကောင်စီက အဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ၀င်ပြိုင်စေချင်တယ်လို့ ယူဆမိပါတယ်။ ဟိုတခါ ၁၉၉၀တုန်းက ဒေါ် အောင်ဆန်းစုကြည်မပါဘဲ ၀င်ပြိုင်တာမှာ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရသွားခဲ့တဲ့ အတွေ့ အကြုံ သင်ခန်းစာကလည်း ရှိထားပြီးသားဆိုတော့ ဒီတခါ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ အဖွဲ့ချုပ် က၀င်ပြိုင်ရင်ဘယ်လိုလုပ်ရမယ် ဆိုတာ အသေအချာ ဟာကွက်မရှိ စီစဉ်ဆောင်ရွက်ထားပြီးသား ဖြစ်မှာမို့ပါ။

ဟော အခု အဖွဲ့ချုပ်က မှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲလည်း မ၀င်ဘူးလို့ ဆိုလိုက်တော့ သူတို့ အတွက် အတော့်ကို အံ့သြ တုန်လှုပ်သွားမလားပါပဲ။ မှန်းချက်နဲ့ နှမ်းတွက်မကိုက်ဘူး ဖြစ်သွားတယ် ထင်ပါတယ်။ ပိုပေါ်လွင်ထင်ရှားသွားတာက စစ်ကောင်စီအတွက် ပြိုင်ဘက် အတိုက်အခံအင်အား စု မရှိတော့ပဲ ဖြစ်သွားစေတာပါ။ ဒီအချက်က ဒီမိုကရေစီသဘော တရားအရ အတော်လေး အကြပ် အတည်း ဖြစ်သွားစေပါတယ်။ သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ၂၀၀၈အခြေခံဥပဒေကို သူတို့ စိတ်ကြိုက် ရွေးချယ်ပေးထားတဲ့ အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေသာ ၀င်ရောက် ယှဉ်ပြိုင်အရွေးခံမှာ ဖြစ်တဲ့ အတွက် ရယ်စရာ ပွဲတခုလို ဖြစ်သွားပါတယ်။ အလားတူ ကုလအပါအ၀င် နိုင်ငံတကာ အသိုင်း အ၀န်းကလည်း ဘယ်လိုမှ အသိအမှတ်ပြု လက်ခံလိမ့်မှာ မဟုတ်ပါဘူး။

အမှန်ကတော့ ဒီဥပဒေ (၅) ရပ်ထဲမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဟာ အဖွဲ့ချုပ်အတွက် အတော်လေးကို အကျဉ်းအကျပ်ထဲ ကျရောက်အောင် တွန်းပို့လိုက်တာပါပဲ။ မှတ်ပုံတင်လိုက်ပြန် ရင်လည်း ၁၉၉၀ရလဒ်ကို ဖျက်သိမ်း လိုက်သလိုဖြစ်ပြီးတော့ လူမျိုးစုံပြည်သူတရပ်လုံးရဲ့ ယုံကြည် ကိုးစားမှုကို အသိအမှတ်မပြု စော်ကားလိုက်သလိုဖြစ်သွား ပါတယ်။ မတင်ဘူးလို့ ငြင်းလိုက်ပြန် တော့လည်း အနှစ် (၂၀) ကျော် ရပ်တည်လာခဲ့တဲ့ နိုင်ငံရေးပါတီကို ဖျက်သိမ်းလိုက်သလို ဖြစ်သွား စေတဲ့အတွက် နိုင်ငံရေးစင်မြင့် ပျောက်ဆုံးသွားသလို ဖြစ်သွားပါတယ်။ အဲဒါကြောင့် တင်-မတင် ဆိုတဲ့ကိစ္စဟာ တော်တော့်လေးကို ဆုံးဖြတ်ရခက်တဲ့ အနေအထား ရောက်သွားရပါတယ်။ နည်း နည်းလေးမှ အတိမ်းအစောင်းမခံတဲ့ အနေအထားမျိုးပါ။ သမိုင်းတရားခံ ပြည်သူ့သစ္စာဖောက်နဲ့ ပြည်သူ့သူရဲကောင်း ရွေးချယ်ရတဲ့ပွဲမျိုးပါ။

နောက်ဆုံးတော့ ဒီသမိုင်းတင်မယ့် သမိုင်းဝင်ဆုံးဖြတ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစုသဘောတူညီမှုနဲ့ ဆုံးဖြတ်နိုင်လိုက်တာပါ။ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်တည်ကာ ကွယ်ပြီး ပြည်သူနဲ့အတူ ဒီမတရားတဲ့အမိန့်ဥပဒေ တွေကို ဆက်လက် တိုက်ဖျက်သွားပါမယ်လို့ တော်လှန်ရေး ၀န်ခံကတိပေးလိုက်တာလည်း မဟုတ်ပေဘူးလား။ ပြည်သူ လူထုတရပ်လုံးအပေါ် အဖွဲ့ချုပ်ရဲ့သစ္စာတရားကို ထုတ်ဖော်ပြသလိုက်တာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်က ဒီသမိုင်းဝင်ဆုံးဖြတ်ချက်အပေါ် ၀မ်းသာအားရ ဖြစ်ရပါတယ်လို့ (၇/၄/၁၀) ရက်ကထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဆိုလိုတာကတော့ နိုင်ငံရေးသီလတပါးဖြစ်တဲ့ ပြည်သူ အပေါ်သစ္စာရှိခြင်းဆိုတဲ့အချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်ထုက လုပ်ရပ်နဲ့သက်သေပြ လိုက်တာ ဖြစ်တဲ့အတွက် ကျေနပ်မိတယ်၊ အားရမိတယ်လို့ ပြောတာပါပဲ။ တကယ့်ကို အမြော် အမြင်ကြီးတဲ့၊ ပြည်သူ့ဆန္ဒသဘောထားအပေါ် သစ္စာစောင့်သိရမယ်လို့ ကောင်းကောင်းနားလည် ထားတဲ့ လူထုခေါင်းဆောင်ပီသလွန်းပါတယ်။ ဒါကြောင့်လည်း လူမျိုးစုံပြည်သူတရပ်လုံးက သူ့ အပေါ် လေးစားချစ်ခင်အားကိုး ယုံကြည်ကြတာ မဆန်းလှပါဘူး။

ပြည်သူအပေါ် အခိုင်အမာ ယုံကြည်တယ်ဆိုတာကို လူထုခေါင်းဆောင်က လက်တွေ့ သက်သေပြ လိုက်တာပါပဲ။ ပြည်သူသာ အမိ ပြည်သူသာ အဖ ဆိုတဲ့ စကားဆောင်ပုဒ်လို ပြည်သူလူထုမပါဘဲနဲ့ တော်လှန်ရေးတရပ်ကို ထိရောက်အောင်မြင်အောင် မစွမ်းဆောင်နိုင်ဘူးဆိုတာကို နက်နက်ရှိုင်း ရှိုင်း အသိအမှတ်ပြုပါတယ်လို့ ပြောလိုက်တာပါပဲ။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြား ချက် (၆)ချက်ကို ဆွေးနွေးချင်ပါတယ်။

နံပါတ် (၁) အချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင် ကြေညာချက်ကို ကိုင်စွဲထားရမည် - ဒီအချက်ကလည်း အတော်ရှင်းလင်းပါတယ်။ ဒီ၂၀၀၈ ဖြစ်ပေါ် ဖြတ်သန်းလာတဲ့ ဖြစ်စဉ်အဆင့်ဆင့်ကို ပြန်ကြည့်ရင်ပဲ စစ်တပ်က တဖက်သတ် ရေးဆွဲထားတာ ဆိုတာ ကွက်ကွက်ကွင်းကွင်းကြီးကို မြင်တွေ့နေရပါတယ်။ စစ်အုပ်စုက အတင်းအဓမ္မ နည်းမျိုးစုံ သုံးပြီး မရမက အတည်ပြုထားတဲ့အတွက် လုံးဝ လက်ခံနိုင်ဖို့ မရှိဘူး၊တပြိုင်နက် တည်းမှာ အမျိုး သားပြန်လည် ရင်ကြားစေ့နိုင်ရေးအတွက် နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမှသာ တိုင်းပြည်ရဲ့ အရပ်ရပ်အခြေ အနေတွေကို မှန်ကန်စွာ ဖြေရှင်းနိုင်မယ်ဆိုတာကို ရေးသားဖော်ပြထားတဲ့ ရွှေဂုံတိုင် ကြေညာချက်ကို ဆက်လက် ကိုင်စွဲထားမှသာ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ငြိမ်းချမ်း တဲ့နည်းလမ်းကသာ အဆုံးအရှုံး အထိအခိုက် အနည်းဆုံးနဲ့ဖြေရှင်းနိုင်မယ် လို့ ပြောထားတာပါ။

နံပါတ် (၂) အချက်က တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝ လက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။ ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေဟာ ဥပဒေကြောင်း ဥပဒေသဘောအရ ဥပဒေမမြောက်ပါဘူး၊ အ ကြောင်းကတော့ ဥပဒေတရပ်မှာ အခြေခံအချက်တချို့ ရှိပါတယ်။ ထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ရှေ့ကိုမျှော်ကိုးပြီး နိုင်ငံသူနိုင်ငံသားအားလုံးအတွက် ထုတ်ပြန်တဲ့သဘောမျိုး ဖြစ်ရမှာဖြစ်ပြီး လူ တဦးတယောက်အတွက် ရည်ရွယ်ပြီး ထုတ်ပြန်တာမျိုး မဖြစ်ရပါဘူး။ တဦးတယောက်အတွက်ကို ရည်ရွယ်ထုတ်ပြန်ထားတယ်လို့ ယူဆစရာမျိုး မဖြစ်စေရပါ။ နောက်တချက်က နောက်ပြန်အကျိုး မသက်ရောက်စေရ ဖြစ်ပါတယ်။ တဦးတယောက်ဟာပြစ်ဒဏ်ချမှတ် ခံရပြီးဖြစ်ရင် ဒီနောက်ထုတ် ပြန်တဲ့ ဥပဒေဟာ သူ့အပေါ်ထပ်မံအပြစ်ဒဏ် စီရင်လို့မရပါဘူး။ အခုဟာက ထောင်အတွင်း ပြစ်ဒဏ်ချမှတ်ခံပြီးသူတွေကို နောက်ထပ် ပြစ်ဒဏ်စီရင်သလိုမျိုး ဖြစ်နေပါတယ်။ နောက်တခုက ဒီဥပဒေတွေဟာလွတ်လပ် မျှတသင့်တော်မှု ရှိရပါမယ်၊ အခုဟာက ပါတီအဖွဲ့အစည်းတခုကို တိုက်ရိုက်ပိတ်ပင် တားဆီးထားတာဖြစ်တဲ့အတွက် သင့်တော်မျှတမှု လုံးဝမရှိပါဘူး။

အဲဒါကြောင့် တရားမျှတမှုမရှိ တဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေအတိုင်း လက်ခံပြီး မှတ်ပုံတင် လိုက်မှသာ နဂိုမှတ်ပုံတင် ပြီးသား တရားဝင်ပြီးသားကိစ္စဟာ ပျက်ပျယ်သွားမှာ ဖြစ်ပါတယ်။ ဒါ ကြောင့် အခုလို မှတ်ပုံမတင်ခြင်းဟာ ဥပဒေသဘောအရ ပါတီဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တယ်၊ တရားဝင်နိုင်ငံရေးပါတီဖြစ်တယ် ဆိုတာကို အတိအလင်းဖော်ပြလိုက် တာဖြစ်တဲ့ အတွက် မှတ်ပုံတင်ဖို့ကို လုံးဝမလိုပါဘူး။ တင်လိုက်မှသာ ပျက်သွားမှာ ဖြစ်ပါတယ်။

နံပါတ် (၃) အချက်ကတော့ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက် ၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ် - ဒီအချက်ကတော့ ရှင်းလွန်းပါတယ်။ အဖွဲ့ချုပ်ဟာ အားလုံးနဲ့ သက်ဆိုင်တယ်၊ ပြည်သူလူထုတရပ်လုံးနဲ့သက်ဆိုင် တယ်လို့ ပြောတာသာဖြစ်ပြီး မိမိရဲ့အမွေပိုင် ပစ္စည်းမဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ အဲဒီတော့ မိမိဆန္ဒအတိုင်း လုပ်ချင်သလို လုပ်လို့မရ ပါဘူး၊ မဖြစ်ပါဘူး ဆိုတာပါပဲ။ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့လိုပါတယ်လို့ ပြောတာပါ။

နံပါတ် (၄) ကတော့ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝ မကြိုက် လက်မခံ - ဒီအချက်ကလည်း မြင်သာမယ်လို့ ထင်ပါတယ်၊ အဖွဲ့ချုပ်အတွင်းမှာ အုပ် စုဖွဲ့ ဂိုဏ်းဂဏဖွဲ့ချင်တဲ့သူတွေ ရှိနေတယ်၊ ဒါမျိုးဟာ ပါတီကို အင်အားယုတ်လျော့သွားစေတယ်၊ ပြည်သူလူထုတွေကို စိတ်ဝမ်းကွဲပြားစေတယ်၊ အတွေးအခေါ် ရှုပ်ထွေးသွား စေတယ်၊ အဆိုးဆုံးက ရန်သူအကြိုက်ဖြစ်စေတယ်၊ ရန်သူကို အဖွဲ့ချုပ် ပျက်စီးရာပျက်စီးကြောင်းအတွက် ထိုးခွဲဖို့ကို လမ်း ပြသလို ဖြစ်နေတယ်၊ ဒါကြောင့် လုံးဝ မကြိုက် လက်မခံပါလို့ သတိပေးပြောကြားထားတာပါ။

နံပါတ် (၅) ကတော့ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက် ဆောင်ရွက်သွားမည် - ဒီအချက်ကတော့ အထူးပြောစရာ မရှိပါဘူး။ မိမိနဲ့ အတူ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုမှာ ပြည်သူ လူထုအားလုံးက တတ်နိုင်တဲ့ဘက်က ပူးပေါင်းလုပ် ဆောင်ကြပါ၊ လုပ်ဆောင်ဖို့လည်း တာဝန်ယူကြပါလို့ ဆိုလိုတယ် ထင်ပါတယ်။

နောက်ဆုံးအချက်ကတော့ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီး ခြင်းမဟုတ် - ဒါကိုတော့ ဒီလိုနားလည်မိပါတယ်။ အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲကနေ ပြည်သူ လူထုက တပြည်လုံးအတိုင်းအတာအနေနဲ့ ရွေးချယ်လိုက်တဲ့ အနိုင်ရပါတီဖြစ်တဲ့အတွက် ဘယ်သူ မှ ဖျက်သိမ်းလို့ မရဘူး၊ ပြည်သူလူထုရဲ့ တရားဝင်မင်းန်ဒိတ်ရထား တဲ့ပါတီဖြစ်တယ်။ အာဏာပိုင် တွေက အာဏာကို တလွဲအသုံးချပြီး ဖျက်သိမ်းရင်တောင်မှ ဘယ်တော့မှ မပျက်နိုင်ဘူး၊ ဖျက်သိမ်း လို့လည်း မရသလို ဖျက်သိမ်းပိုင်ခွင့်လည်း မရှိပါဘူး၊ ကိုယ်တည်ထောင်ထားတဲ့ပါတီကို ကိုယ် ကိုယ်တိုင်ဖျက်မှ သာ ပျက်မှာဖြစ်ပါတယ်။ ဒါကြောင့် အားလျှော့စရာ မရှိပါဘူး၊ အခြားစကားတွေ ကြောင့်ေ၀၀ါးစရာ မဖြစ်ကြဘဲနဲ့ မိမိတို့ လုပ်စရာရှိတာကို ဆက်လက်လုပ်သွားကြပါလို့ ပြည်သူ တွေကို သိစေချင်တာပါ။

နောက်ပြီးတော့လည်း အဖွဲ့ချုပ်က ဧပြီလ(၆)ရက်နေ့မှာ ပြည်သူသို့ပန်ကြားချက်ကို ထုတ်ပြန်ခဲ့ပါ သေးတယ်။ မြန်မာနိုင်ငံရဲ့ အဓိက နိုင်ငံရေးပါတီကြီးက ပြည်သူလူထုကို တောင်းပန်တဲ့အရေး အသားမျိုးကို ဒီကာလလိုအခြေအနေမျိုးမှာ ရေးသား ထုတ်ပြန်တာဟာ အင်မတန် နှစ်လိုဖွယ် ကောင်းလှပါတယ်။ ပြည်သူသာ အမိ ပြည်သူသာ အဖ ပြည်သူသည်သာ အခရာပါလို့ ထပ်မံဖော်ပြ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ စိတ်ကျေနပ်စရာပါ။

လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ လုပ်ရပ်လို့ နားလည်မိပါတယ်။ အင်မတန်မှ သိမ်မွေ့နူးညံ့တဲ့ လူထု ဆက်ဆံရေးနည်းနာတခုပါ။ ဒီအတိုင်း အရိုးစင်းဆုံးနဲ့သာ ပြည်သူလူထုကြီးကို ရဲရဲဦးဆောင်သွားပါ။ ပြည်သူတရပ်လုံးကလည်း အားမာန်အပြည့်နဲ့ အဖွဲ့ချုပ်ကို ၀န်းရံပံ့ပိုးသွားရမယ်ဆိုရင် မကြာသော ကာလမှာ ကျနော်တို့တတွေအားလုံးရဲ့ အလိုချင်ဆုံး အန္တိမပန်းတိုင်ကို တက်လှမ်းရောက်ရှိသွား မယ်ဆိုတာ အခိုင်အမာ ပြောချင်ပါတယ်။ ဒီလိုသာဆို ကျနော်တို့တွေ အောင်ပွဲခံပြီပေါ့။

ပြောမယ်ဆိုရင်တော့ အရက်ကိုးမောင်းတိုက်ထားလို့ မုန်ယိုနေတဲ့ စစ်ဆင်ရိုင်း စစ်ဘီလူးကြီးကိုလူမျိုးစုံပြည် သူလူထုတရပ် လုံးရဲ့ စွမ်းပကားနဲ့သာ ရိုက်လှဲဝပ်ဆင်းသွားစေမှာပါ။ ဒါဟာ သေချာဆုံး အချက်ပါပဲ။ နမိတ်ပြခေါင်းလောင်းသံ၊ တော်လဲသံ၊ ပြိုလဲသံတွေကိုလည်း ကြားနေရပြီ မဟုတ်ပါ လား။ နွေးထွေးချိုမြိန်တဲ့ အာရုဏ်ဦး ရှေ့ပြေးနမိတ် အရိပ်လက္ခဏာတွေလည်း မြင်တွေ့နေရပါပြီ။ အောင်ပွဲဟာ တိုက်ရဲသူအတွက် ဖြစ်တည်မွေးဖွားလာတာပဲ မဟုတ်ပါလား။ တိုက်ပွဲဆီ ထွက်ခွာဖို့ပြင်ဆင် စောင့်ဆိုင်းနေရင်း…..လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ လေးချိုးလေးကို သတိရမိလိုက်ပါတယ်။

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့စကား မကိုးစားလျှင်
ပြည်သူ့နှလုံး မသိမ်းကျူံးလျှင်
ဓါးသွားလည်းကြွေ လှံလည်းခွေအံ့

ငရဲ

Strategic Interaction အကြောင်း တစေ့တစောင်း

http://ifile.it/uesdr2cStrategic Interaction by Khin Ma Ma Myo

နအဖ စစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား ( ကိုရီးယား )






လေးစားစွာဖြင့်

http://flyingpeacock.blogspot.com/

2010 Election Update

http://ifile.it/nfgdei72010 04 09 - Announcement on the Last Date of Submiss
http://ifile.it/rxh817z2010 04 09 - Announcement on the Last Date of Submiss

လူပါးတော်တော် ၀ (ရေး ထက်အောင်ရှိုင်း ဆို စက္က)

You are the Shit Than Shwe from Thadar May on Vimeo.