Friday, April 16, 2010

ပြည်တွင်း ဂျာနယ် များမှ သတင်းထောက် သုံးဦး နှင့် လူ တစ်ရာကျော် ကိုဖမ်းဆီးထား

ဗုံးပေါက်ကွဲမှု အပြီး လုံခြုံရေးတာဝန်ယူ နေသည့် ရဲတပ်ဖွဲ့ ဝင်များ ဓာတ်ပုံ -DPA

သင်္ကြန်အကြတ်နေ့ က ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ် လမ်းရှိ မျှော်စင်ကျွန်း ၀င်ပေါက်အနီး X2O မဏ္ဍပ်အနီးတွင်လက်ပစ်ဗုံး ဟု ယူဆရသည့် ဗုံးသုံးလုံးပေါက်ကွဲမှု ကြောင့် လူ၂၄ ဦးသေဆုံးမှု သည် စစ်အစိုးရ၏ လက်ချက်ဖြစ်သည်ဟု ရန်ကုန် မြို့ ခံ အများစုက ယူဆကြသည်။

ဗုံးပေါက်ကွဲခဲ့သည့် X2O မဏ္ဍပ်ရှိရာနေရာသို့ သွားရောက်ကြည့် ရှုသူများ နှင့် ဓာတ်ပုံမှတ်တမ်း ရိုက်ကူးမှု
ပြုသူများကို ဖမ်းဆီးထားပြီး ထိုအထဲတွင် ပြည်တွင်း ဂျာနယ်များမှ သတင်းထောက် သုံးဦးလည်း ပါဝင်သည်
ဟု သိရသည်။
သတင်းထောက်သုံးဦးအနက် နှစ်ဦး အား ၎င်းတို့ ၏ သက်ဆိုင်ရာဂျာနယ်များမှ လိုက်လံ တာဝန်ယူသောကြောင့်
ပြန်လည် လွတ်မြောက်လာပြီး ကျန်ရှိသည့် တစ်ဦးအား ယနေ့ မနက် အစောပိုင်းတွင် မင်္ဂလာတောင်ညွှန့် ရဲစခန်မှ တစ်ဆင့် ပြန်လည် လွှတ်ပေးလိုက်သည် ဟု သတင်းရရှိသည်။

လာရောက်ကြည့် ရှုသူ အချို့ အား ဖမ်းဆီးထားမှု ရှိရာ ပြန်လွှတ်ပေးခြင်း မရှိသေးပဲ X2O မဏ္ဍပ် ၏ တာဝန်ခံ ကိုညီညီဆိုသူ အားလည်း စစ်ဆေးမေးမြန်းရန် အတွက် ဖမ်းဆီးထားသည် ။ ထို့ ပြင် X20 မဏ္ဍပ် တွင် ရေကစားသူများ အားလုံးကို လည်း လိုက်လံ စစ်မေးမှု ပြုသည်။

အကြတ် နေ့  ဗုံးပေါက်ကွဲမှု သည် ၂၀၀၅ ခုနှစ် မေလက ရန်ကုန် မြို့ မင်္ဂလာတောင်ညွှန့် မြို့ နယ်ရှိ ရန်ကုန် ကုန်သွယ်မှုဗဟိုဌာန ဗုံးပေါက် မှု ပြီးနောက် ပထမဆုံး အကြိမ်လူ အမြောက် အမြားသေဆုံးသည့် ဗုံးပေါက်ကွဲမှု ဖြစ်သည်။ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ မြန်မာ စစ်အစိုးရ ထိန်းချုပ်ထားသည့် ရုပ်သံမှ အဖျက်သမားများ၏ လက်ချက် ဖြစ်သည် ဟု စွပ်ဆွဲထားသော် လည်း နိုင်ငံရေး အရ အကျပ်အတည်း ဆိုက်နေသည့် နအဖ ၏ လက်ချက်သာဖြစ်သည်ဟု ရန်ကုန် မြို့ ခံ တို့ က သုံးသပ်ကြသည်။

ဗုံးပေါက်ကွဲမှု ကြောင့် မဟာသင်္ကြန် နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် ရေပက်ကစားသူ နှင့် လည်ပတ်သူများနည်းပါး သွားသော်လည်း မော်တော်ကားဖြင့်လည်ပတ်သူများ ရှိနေဆဲ ဖြစ်သည်
ဟု ကျောင်းမြောင်းရှိ လူငယ်များက Freedom News Group သို့ ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ချိန်တွင် X2O မဏ္ဍပ် အနီးရှိနေသူ တစ်ချို့ က တောင့်အေစ် ကား ခဲရောင် အပေါ် (Sunroof)
မှ လူနှစ်ယောက် ထွက် လာကာ လက်ပစ်ဗုံး ဟု ယူဆရသည့် အရာများ ပစ်ထည့်ပြီး နောက် ချက်ခြင်းပေါက်
ကွဲမှု ဖြစ်သည် ဟု ဆိုသည်။

ထိုသို့ ပစ်ထည့် ပြီးနောက် ထိုကားမှာ သိမ်ဖြူကားမောင်းကွင်း ဘက်သို့ ဦးအောင်မြတ် လမ်းအတိုင်း မောင်းချသွားသည် ဟု မျက်မြင်များကပြောသည်။

ယနေ့ ထုတ် မြန်မာ့ အလင်းသတင်းစာမှ ဗုံးပေါက်ကွဲမှု သတင်း


အတက်နေ့ က ပြန်လည်ရေကစားနေစည့် X20 မဏ္ဍပ် ဓာတ်ပုံ-ရိုက်တာ

သင်္ကြန်အတက်နေ့ က X20 မဏ္ဍပ်ရှေ့ တွင် ရေကစားမှုပြုလုပ်နေစဉ် စောင့်ကြည့်နေသည့် တာဝန်ကျ လုံခြုံရေးတပ်ဖွဲ့ ဝင်များ ဓာတ်ပုံ-အေပီ

ယမန် နေ့ က ဗုံးပေါက်ကွဲမှု တွင် ဒဏ်ရာရရှိသူများကို ဆေးရုံကြီးသို့ အရေးပေါ်သယ်ဆောင်လာစဉ်(AP Photo/Myanmar News Agency)

ဒဏ်ရာရရှိသူတစ်ဦးကိုသယ်ဆောင်သွားစဉ် (AP Photo/Myanmar News Agency)

ရန်ကုန်ဆေးရုံကြီးတာဝန်ကျဆရာဝန်တို့ ကဒဏ်ရာရရှိလာသည့် လူနာများကို ကူညီပေးနေစဉ်  (AP Photo/Myanmar News Agency)

ရန်ကုန်ဆေးရုံကြီးတာဝန်ကျဆရာဝန်တို့ ကဒဏ်ရာရရှိလာသည့် လူနာများကို ကူညီပေးနေစဉ် (AP Photo/Myanmar News Agency)

သင်္ကြန် အကြတ်နေ့ ကရေပက်ခံထွက်နေသူများ AP -Photo


http://freedomnewsgroup.com/

အခြေအမြစ် မခိုင်လုံသော သတင်းများအား တုန့်ပြန်ချက်

ရက်စွဲ။ ။ ဧပြီလ (၁၅) ရက်၊ ၂၀၁၀ ခုနှစ်



အခြေအမြစ် မခိုင်လုံသော သတင်းများအား တုန့်ပြန်ချက်



() ရန်ကုန်မြို့၊ ကရ၀ိတ်အနီး ကန်တော်ကြီးစောင်း ရေကစားမဏ္ဍပ်တွင် ဗုံးများ ပေါက်ကွဲပြီး လူအများသေကြေ ထိခိုက်ဒဏ်ရာ ရမှုနှင့် ပတ်သက်၍ Aung Zaw အမည်ခံသူ မှ aungzawaywd@yahoo.com> အီးမေးလ်အား အသုံးပြုကာ (ဗုံးဖောက်ခွဲသော အဖွဲ့အစည်းမှာ ပြည်ပ အခြေစိုက် NCUM ( www.ncum.info ) အဖွဲ့ မှ ဖြစ်ကြောင်း သိရသည်။ ဖောက်ခွဲရေး သမား () ဦးအား မဲဆောက်မှ တဆင့် ရန်ကုန်သို့ ၁၃//၂၀၁၀ နေ့တွင်စေလွှတ်ကြောင်း မဲဆောက် နိုင်ငံရေး အသိုင်း အ၀ိုင်းမှ ပြောကြား ပါသည်။ NCUM အဖွဲ့ရဲ့ လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချကြပါ) ဟူသော သတင်းအား 8888peoplepower@yahoogroups.com အပါအ၀င် အီးမေးလ်အုပ်စုများသို့ လိုက်လံဖြန့်ဝေလျက် ရှိပါသည်။


() အထက်ပါ သတင်းအချက်အလက်တွင် ပါဝင်သော ပြည်ပ အခြေစိုက် NCUM ဆိုသည်မှာ မှန်ကန်ခြင်း မရှိပါ။ မြန်မာအမည်ဖြင့် ပြည်ထောင်စုအမျိုးသားကောင်စီ- မြန်မာနိုင်ငံ ဟု အမည်တွင်သော Nation Council of the Union of Myanmar (NCUM) အဖွဲ့အစည်းသည် ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး၊ ပြည်ပတွင် အလုပ်မှုဆောင်အဖွဲ့ငယ်သာ ထားရှိသည့် အဖွဲ့ဖြစ်သည်။


() NCUM အဖွဲ့ စတင် ပေါ်ပေါက်လာချိန်မှစတင်၍ အဖွဲ့အစည်း၏ Manifesto ကို ကြေငြာထားခဲ့ရာတွင် ဥယျောဇဉ်၌ မည်သို့သော အကြမ်းဖက်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှု သဏ္ဍာန်မျိုးစုံကိုမဆို ကန့်ကွက်ဆန့်ကျင်သည်” ဟု ပါရှိပြီး ဖြစ်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်သော အဖွဲ့အစည်း၏ ရပ်တည်ချက်မှာ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းလျက်ရှိသည်။


() ကိုအောင်ဇော်၏ စွပ်စွဲချက်တွင် ပါဝင်သော အချက်ဖြစ်သည့် ဖောက်ခွဲရေးသမား () ဦးဆိုသည်နှင့် ပတ်သက်၍ မိမိတို့ အဖွဲ့အစည်းသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေတတ်သော ဖောက်ခွဲရေးနှင့် အကြမ်းဖက်ရေးကို ဆန့်ကျင်သည့် အဖွဲ့ဖြစ်သဖြင့် မည်သည့် ဖောက်ခွဲရေးသမားများ ကိုမှ လေ့ကျင့်သင်တန်းပေးခြင်းနှင့် ပြည်တွင်းသို့ စေလွှတ်ခြင်းများ မရှိကြောင်း အခိုင်အမာ ပြောကြားလိုသည်။


() ထို့အပြင် ကိုအောင်ဇော်၏ စွပ်စွဲချက်အား ကိုးကားထားသော မဲဆောက်နိုင်ငံရေး အသိုင်းအ၀ိုင်းဆိုသည်မှာ မည်သူမည်ဝါဟု သတင်းအပြည့်အစုံ ဖော်ပြထားခြင်း မရှိသဖြင့် အခြေအမြစ် မရှိသော ကောလဟလ သတင်း တရပ်သာ ဖြစ်သည်။


() သို့ဖြစ်ရာ အခြေအမြစ် မရှိသော ကောလဟလ သတင်းများကို အခြေခံ၍ အွန်လိုင်းပေါ်တွင် သတင်းများဖြန့်ဝေသော ကိုအောင်ဇော် အမည်ခံသူ၏ လုပ်ရပ်သည် မိမိတို့အဖွဲ့အစည်း၏ နိုင်ငံရေး ရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို တိုက်ရိုက်ထိပါး စော်ကားခြင်းဖြစ်သည်။ အခြေအမြစ်မရှိသော သတင်းများဖြင့် လူပုဂ္ဂိုလ်ကိုသော်လည်းကောင်း၊ အဖွဲ့အစည်းတရပ်ကိုသော်လည်းကောင်း စွပ်စွဲမှုများ ပြုလုပ်ခြင်းသည် ဥပဒေကြောင်းအရ အရေးယူ တရားစွဲဆိုနိုင်သော ပြစ်မှုများ ဖြစ်သဖြင့် ရပ်တန်းက ရပ်ရန်နှင့် မိမိတို့အဖွဲ့အစည်းသည် နိုင်ငံရေးရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စော်ကားလာသည့် မည်သို့သော လုပ်ဆောင်ချက်မျိုးကိုမဆို လက်ခံမည် မဟုတ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။


ရွှေစင်ထွန်း

ပြည်ပတာဝန်ခံကိုယ်စားလှယ်

ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)

Tel: (+1) 301-523-9292


ခင်မမမျိုး

ညွှန်ကြားရေးမှူး (မဟာဗျူဟာနှင့် မူဝါဒရေးရာဌာန)

ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)

Tel: (+44) 778-406-3636

www.ncum.info

ဗုံးပေါက်ကွဲ မှုနှင့် အနီးဆုံး တွင် ရှိနေသော X2O မဏ္ဍပ် အပါ အ၀င် မဏ္ဍပ် အချို့ သင်္ကြန် နောက်ဆုံး နေ့တွင် ရေပြန် ကစားနေ


ဧပြီလ ၁၅ ရက် သင်္ကြန် အကြတ်နေ့က ဖြစ်ပွား ခဲ့သည့် ဗုံးပေါက်ကွဲ မှုနှင့် အနီးဆုံးတွင် တည်ရှိသော X2O ရေကစား မဏ္ဍပ် အပါအ၀င် ကန်တော်ကြီး ပတ်လမ်း (ကန်ရိပ်သာလမ်း)အတွင်းရှိ ရေကစား မဏ္ဍပ်အချို့ သင်္ကြန် နောက်ဆုံးနေ့ တွင် ရေပြန် ကစား နေကြောင်း တွေ့ရှိ ရသည်။ သို့သော် အဆိုပါ မဏ္ဍပ် များတွင် ဗုံးပေါက်ကွဲမှု မဖြစ်ပွားမီ သင်္ကြန် ရက်များက ကဲ့သို့ ရေကစား သူများပြားမှု မရှိကြောင်းလည်း တွေ့ရသည်။ ထို့အပြင် အချို့ မဏ္ဍပ် များမှာမူ လုံးဝ ပိတ်သိမ်း ထားပြီး ရေကစားခြင်း မပြုတော့ကြောင်း တွေ့ရသည်။









''ကျွန်တော်က X2O မဏ္ဍပ်မှာ ရက် အားလုံး ရေကစားဖို့ လက်မှတ် ၀ယ်ထား တာပါ။ မနေ့က ဖြစ်ရပ်ကြောင့် ဒီနေ့ရေ ကစား မဏ္ဍပ်ဖွင့် မဖွင့် မသေချာ သလို ကျွန်တော် ကိုယ်တိုင် ကလည်း ကစားချင်စိတ် မရှိတော့ဘူး။ ဒါပေမယ့် တစ်နှစ်မှ တစ်ခါ ပျော်ရတဲ့ သင်္ကြန် ဆိုတော့လဲ ပျော်ချင် ပါးချင်တဲ့ စိတ်က ရှိသေးတာပေါ့။ ဒါပေမယ့် ကိုယ့် အသက်အန္တရာယ်ထက်တော့ အရေးကြီးတာ ဘာမှ မရှိပါဘူးဗျာ။ အခု သူငယ်ချင်းတွေနဲ့ မဏ္ဍပ်မှာ မထိုင်တော့ဘဲ လျောက်လည်ဖို့ ထွက်လာ ရင်းနဲ့ မဏ္ဍပ် ပြန်ဖွင့်နေတယ် ဆိုတာ ကြားလို့ လာကြည့် တာပါ''ဟု X2O ရေကစားမဏ္ဍပ်တွင် All Days လက်မှတ် ၀ယ်ထားသူ တစ်ဦးက ပြောကြားသည်။

''ကျွန်တော်တို့ ထင်တာက ကန်တော်ကြီး ပတ်လမ်းမှာ ရှိတဲ့ မဏ္ဍပ် အားလုံးနီးပါး ရေကစားမှာ မဟုတ်ဘူးလို့ ထင်ထားတာ။ ဒီဘက် ရောက်တော့ မဏ္ဍပ်တွေ တချို့ ဖွင့်နေတယ် ပြောလို့ ၀င်ကြည့် တာပါ။ မဏ္ဍပ် နှစ်ခု၊ သုံးခု လောက်ကတော့ ရေကစားတာ ရပ်ပြီး စက်တွေ သိမ်းနေတာ တွေ့ရတယ်။ ဖွင့်တဲ့ တချို့ မဏ္ဍပ်တွေ ကျတော့ လဲ ရေကစားတဲ့သူ မပြော ပလောက်တဲ့ အရေ အတွက်ပဲ ရှိတာ တွေ့ရတယ်။ ဒီလမ်းထဲေ ရပက်ခံ လာတဲ့ ကားလဲ သိသိ သာသာကို မရှိသလောက် နည်းသွားတယ်''ဟု သင်္ကြန် အတက်နေ့ (ဧပြီလ ၁၆ ရက်နေ့) ကန်တော်ကြီး ပတ်လမ်း အတွင်း ၀င်ရောက် လည်ပတ်သူ တစ်ဦးက ရှင်းပြ ခဲ့သည်။

ယခုနှစ် သင်္ကြန် ကာလ တွင် ယခင် နှစ်များ ကကဲ့သို့ အင်းယားလမ်း အတွင်း မဏ္ဍပ် ဆောက်လုပ်ခြင်း ကို ခွင့်မပြု ခဲ့ဘဲ ရန်ကုန် တစ်မြို့လုံးတွင် မဏ္ဍပ်အကြီး ဆောက်လုပ်ခွင့် ၄၆ ခု ခွင့် ပြုခဲ့ရာတွင် ကန်တော်ကြီး ပတ်လမ်းတွင် ရေကစား မဏ္ဍပ် အကြီး ၁၆ ခုဖြင့် အများဆုံး ဖြစ်ကြောင်း သိရသည်။ ကန်တော်ကြီး ပတ်လမ်း အတွင်းရှိ မဏ္ဍပ်အကြီး များမှာ ပေ ၆၀ နှင့် ပေ ၁၀၀ ကြားရှိသော ရေကစား မဏ္ဍပ်များ ဖြစ်ကြောင်း သိရသည်။

သင်္ကြန် နောက်ဆုံး နေ့တွင် ရန်ကုန်မြို့ရှိ ကမ္ဘာအေး စေတီလမ်း၊ ပြည်လမ်း နှင့် မြို့တွင်း ဧရိယာ များရှိ ရေကစား မဏ္ဍပ်များတွင် ပုံမှန် အတိုင်း ရေကစား နေကြ သော်လည်း ရန်ကုန်မြို့ရှိ လမ်းမကြီးများ ပေါ်တွင်မူ ရေပက်ခံ ထွက်သည့် ကားများ သိသိ သာသာ နည်းပါး သွားကြောင်း Weekly Eleven တွင်ဖော်ပြထားပါသည်။
http://www.hanthawaddy.org/

ဗုံးပေါက်ကွဲ မှုကြောင့် သေဆုံးခဲ့ ရသူ များ၏ ရုပ် အလောင်း များကို ဧပြီလ ၁၆ ရက် နံနက် ပိုင်းတွင် ရေဝေး သုဿာန် သို့ ပို့ဆောင်


ဧပြီလ ၁၅ ရက် သင်္ကြန် အကြတ်နေ့ မွန်းလွဲ ၃ နာရီအ ချိန်ခန့်တွင် ကန်တော်ကြီး ပတ်လမ်းရှိ X2O မဏ္ဍပ် အရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ် ကြောင့် သေဆုံးသူ များ၏ ရုပ် အလောင်း များကို သင်္ဂြိုလ် နိုင်ရန် အတွက် ဧပြီလ ၁၆ ရက် နံနက် ၈ နာရီမှ စ၍ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ရေခဲတိုက်မှ တစ်ဆင့် ရေဝေး သုဿာန်သို့ ပို့ဆောင် ထားကြောင်း သိရှိ ရသည်။''အဲဒီနေ့က ကျွန်မတို့ အိမ်ရှေ့မှာ သာကူ ကျိုတယ်၊ မုန့်လုံး ရေပေါ် လုံးပြီး အလှူဒါန လုပ်တယ်။ ၂ နာရီ ခွဲလောက်မှာ အလှူက ပြီးတယ်။ ကျွန်မရဲ့ အမျိုးသားက သူ့ဦးလေးရယ်၊ တူရယ် စုစုပေါင်း သုံးယောက်က စတိတ်ရှိုး သွားကြည့်မယ် ဆိုပြီး ကန်တော်ကြီး ပတ်လမ်းကို သွားတယ်။ လေး နာရီလောက်မှာ အိမ်ကို ဦးလေးနဲ့ တူရယ်ပဲ ပြန်ရောက် လာတယ်။ ကျွန်မရဲ့ အမျိုးသားက ပါမလာ တော့ဘူး။ အဲဒီတော့ ကျွန်မတို့က ချက်ချင်း ဆေးရုံတွေမှာ လိုက်ရှာတယ်။ သင်္ကြန် အတက်နေ့ နံနက်ပိုင်းမှာ ရန်ကုန် ဆေးရုံကြီး ရေခဲတိုက်ကို သွားရှာတော့ တွေ့ရတယ်။ သူဆုံး သွားတော့ ကျွန်မ နဲ့ အတူအသက် ၁၀ နှစ် အရွယ်ရှိတဲ့ သမီးလေး တစ်ယောက်ပဲ ရှိတော့တယ်''ဟု ဗဟန်းမြို့နယ် ကြားတောရ လမ်းရှိ သေဆုံးသူ၏ အမျိုးသမီးက ပြောပါသည်။ အဆိုပါ သေဆုံးသူ အမျိုးသားမှာ အသက် ၃၅ နှစ်ဝန်းကျင် ရှိကြောင်းသိရသည်။

ထို့အပြင် ကန်တော်ကြီး ပတ်လမ်းရှိ X2O မဏ္ဍပ် အရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဒဏ်ရာ ရရှိသူ များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အခန်း ၅-၆၊ ၃-၄၊ ၁၅-၁၆၊ ၁၃-၁၄၊ ၉-၁၀ တို့၌ ကုသ ပေးလျက် ရှိကြောင်း နှင့် ဒဏ်ရာ ရသူ များ၏ မိသားစု ၀င်များ အနက် တစ်ဦး စီကို ၀င်ရောက်ခွင့် ပြုထားကြောင်း သိရှိ ရပါသည်။

''ကျွန်မရဲ့သားက မနေ့က သူငယ်ချင်းေ တွနဲ့ လျောက်လည် ကြတယ်။ အပြန်မှာ သူ ပါမလာဘူး။ ပျောက်နေတဲ့ အတွက် ဆေးရုံကြီးကို လာကြည့် တာပါ။ ဒဏ်ရာ ရလူ စာရင်းတွေကို ကပ်ထားပြီး၊ လူနာ တစ်ယောက်ကို တစ်ဦးသာ ၀င်ကြည့်ခွင့် ပေးပါတယ်။ ကျွန်မရဲ့ သားကို ဆေးရုံကြီးရဲ့ အခန်း ၅-၆ မှာ တွေ့ပါတယ်။ ဒီအခန်းမှာ ယောက်ျားလေးက ၄၇ ယောက်၊ မိန်းကလေးက ၁၆ ယောက် ရှိတယ်လို့ စာရင်း ကပ်ထား တာကို တွေ့ရတယ်''ဟု ဒဏ်ရာ ရရှိသူ တစ်ဦး၏ မိခင်က ပြန်လည် ပြောကြား ကြောင်း Weekly Eleven တွင်ဖော်ပြထားပါသည်။
http://www.hanthawaddy.org/

ကွင်းပြောင်ပြောင်ကကြပ်ပြေးသင်္ကြန်

ဗုံးပေါက်ကွှဲမှုနဲ့ပျောက်နေတဲ့ကွင်းဆက်


http://ifile.it/vzhjpcfBone...

မျိုးစေ့

မျိုးစေ့

ကမ္ဘာမြေပြင်ရဲ့သဘာဝတရားတွေကိုရင်ဆိုင်ကြရင်း -----

သီးနှံမျိုးစေ့တွေကရှင်သန်နေကြတယ်

တချို့သီးနှံတွေကမျိုးစေ့ကောင်းလို့

ဖွံ့ထွားရှင်သန်နေကြတယ်

တချို့သီးနှံ့တွေကဥယျာဉ်မှုးကောင်းလို့

ဈေးကွက်မှာလည်းရောင်းပန်းလှကြတယ်

တချို့သီးနှံ့တွေကအဟာရမလုံလောက်ကြလို့

ပိန်လှီကာကြီးထွားလာတယ့့်  ။

ပြဿနာတခုရဲ့အဖြေကိုရှာကြရာဝယ် -----

အစ၊အလယ်၊အဆုံး သုံးခုစလုံးကို

သုံးသပ်တွေးတောကာရယ်

တွက်ချက်လုပ်ဆောင်ကြသင့်တယ့့်  ။

ခြံထဲကသီးပင်တွေကို -----

ရောင်းကွက်မှာမျက်နှာပန်းလှပြီး

အဟာရဖြစ်စွာစားသုံးနိုင်အောင်

ပြုစုပျိုးထောင်ကာဂရုစိုက်ရမှာကတော့

ဥယျာဉ်မှုးတို့ရဲ့တာဝန်ပင့့်  ။

ဇာနည်မောင်