Monday, April 19, 2010

နောက်လမှာဗုံးထပ်ပေါက်အုံးမှာလားဆိုတော့..


Australia Scholarship for learners

Dear colleagues

We are pleased to advise you that, as foreshadowed by the Australian Minister for Foreign Affairs Stephen Smith in his statement to the Australian Parliament on 8 February this year, applicants from Myanmar can now apply for scholarships to study in Australia. We invite you to share this information with your colleagues and key contacts. Attached is an advertisement for these scholarships.

The Australian Leadership Awards (ALA) Scholarships is one of the scholarship programs under the Australia Awards initiative which was launched by Australian Prime Minister Kevin Rudd in November 2009. The Scholarships are offered to high achievers from the region to undertake postgraduate study in Australia, at Masters and Doctorate levels.In Myanmar, priority will be given to study programs addressing the following areas: health, water and sanitation, rural development and food security, basic education, protection of vulnerable populations, economic growth, gender, disability or environment.

Applications for ALA scholarships commencing in the 2011 academic year close on June 30. More information on these scholarships can be found at the following website: www.ausaid.gov.au/scholar/ala.cfm

Email queries about these scholarships should be sent to ala@ausaid.gov.au

Regards

Shaanti Sekhon
First Secretary (Humanitarian Assistance Coordinator)
Australian Agency for International Development (AusAID)
Australian Embassy
88 Strand Road Yangon, Myanmar
Phone:+95 (0) 1 251810 ext 204 I Fax: +95 (0) 1 246159 I Mobile: +95 (0) 95022347
Email: shaanti.sekhon@dfat.gov.au
Web: www.ausaid.gov.au

နအဖ၏ ဗျူဟာ (၄) ရပ်

Letter - 2

ကန့် ဘလူမြို့ နယ် သစ်တောကြိုးဝိုင်းအတွင်းက တောင်သူတွေရဲ့  လူနေအိမ်တွေ တောင်ယာတဲတွေ နွားတဲတွေကအစ အတင်းအဓမ္မ ဖယ်ရှား

http://3.bp.blogspot.com/_9wCCVa8-Ojk/S8rsMCnqoaI/AAAAAAAAKgU/zfhozFZU8mQ/s1600/forced+order+letter.jpg

အတင်းအဓမ္မဖယ်ရှားခံရတဲ့ တောင်သူလယ်သမားတွေရဲ့  အမည်နဲ့  သူတို့ ပိုင်ဆိုင်တဲ့ လယ်မြေဧကများ

http://3.bp.blogspot.com/_9wCCVa8-Ojk/S8rsLrEMlMI/AAAAAAAAKgM/4B9u6lh-cKY/s1600/ordinary+people.jpg

19 April 2010 ဒိုင်ယာရီ

http://ifile.it/pinh0y519 April 2010 Yeyintnge Diary

မြန်မာနိုင်ငံတွင်း သို့ လှို့ ဝှက် ၀င်ရောက် သွားခဲ့သည့် ဘီဘီစီ အစီအစဉ် တင်ဆက်သူ ဆိုင်မွန် ရိဗ် ဘေးမသီရန်မခ ဘဲ ပြန်လည် ထွက်ခွာ နိုင်ခဲ့

http://freedomnewsgroup.com
BBC 2 ၏ Tropic of Cancer အစီအစဉ် တင်ဆက်သူ ဆိုင်မွန် ရိဗ် မှာ မြန်မာ နိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ် သို့ တရားမ၀င် ၀င်ရောက် ခဲ့ပြီးနောက် အောင်မြင်စွာဖြင့် ပြန်လည် ထွက်ခွာ နိုင်သည်ဟု သတင်းရရှိသည်။ဆိုင်မွန် ရိဗ် သည် ချင်းပြည်နယ် တွင်း ရက်အတန်ကြာ စခန်းချနေထိုင်စဉ် မြန်မာ စစ်တပ် စစ်ကြောင်းတစ်ခု နှင့် နီးကပ်လာချိန်တွင် ပြန်လည် ထွက်ခွာခဲ့သည် ။ဆိုင်မွန် ရိဗ် သည် အာဖရိက ၊မက္ကဆီ ကို နိုင်ငံများ တွင် သက်စွန့် ဆံဖျား ဗီဒီယို မှတ် တမ်းတင်ပြီး Tropic of Cancer အစီအစဉ် ကို တင်ဆက်ခဲ့သူဖြစ်သည် ။၎င်း သည် ချင်းပြည်နယ် အတွင်း ၀င်ရောက် စဉ် ထန်တလန် နှင့် ဟားခါး မြို့ နား ထိရောက်ခဲ့သည်ဟု သိရသည်။သူသည် ကမ္ဘာအရပ်ရပ် ရှိ အန္တရာယ်များသော ဒေသများ သို့ အကြိမ်ကြိမ် ရောက် ဖူးသော်လည်း မြန်မာစစ်အစိုးရ၏ ရက်စက်မှု ကို ကြားဖူးထ၍ ကြက်သီးမွေးညင်းထရသည် ဟု ပြောသည်။သူ၏ ခရီးစဉ် တွင် အိန္ဒိယ က မြန်မာ စစ်အစိုးရ အား လက်နက် ထောက်ပံ့နေမှု နှင့် ပတ်သက်၍သဲလွန်စများရခဲ့သည် ဟု ဆိုသည်။

မျက်ရည်များနှင့် စိုရွှဲခဲ့ရသည့် ရန်ကုန်အတာသင်္ကြန်

ဧရာဝတီ Monday, April 19, 2010

ယင်းနေ့သည် ဧပြီလ ၁၅ ရက်၊ မဟာသင်္ကြန် အကြတ်နေ့ ဖြစ်သည် အတွက် ကန်တော်ကြီး ပတ်လမ်း (ကန်ရိပ်သာလမ်း) အတွင်းရှိ ရေကစား မဏ္ဍပ်များတွင် ရေကစား နေသူများ၊ လမ်းသွား လမ်းလာများနှင့် ဈေးသည်များ ရှုပ်ယှက်ခတ်နေသည်။

ဗုံးပေါက်ကွဲပြီး နောက်တနေ့ သင်္ကြန်အတက်နေ့တွင် ခြောက်သွေ့စွာ ရေကစားနေသည့် X2O မဏ္ဍပ်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

ထိုနေရာက ရန်ကုန်မြို့၏ လူအစည်ကားဆုံး သင်္ကြန်မဏ္ဍပ် အများစုလည်းရှိသည်။ အကျနေ့နှင့် အကြတ်နေ့ မနက်ပိုင်းက သင်္ကြန်ပွဲတော်ဆင်နွှဲခဲ့ပြီး သဖြင့် ဇာတ်ရှိန်တက်နေသော လူငယ်၊ လူလတ် အရွယ်စုံတို့မှာ နေ့လယ် ၂ နာရီခွဲကျော်တွင် တဖွဲဖွဲ ရောက်လာကြသည်။

သင်္ကြန်မဏ္ဍပ်များတွင် DJ သမား ဖွင့်ပေးသော မြူးမြူးကြွကြွ သံစဉ်များဖြင့် လူငယ်အုပ်ကြီးက အပူအပင်ကင်းစွာ၊ လွတ်လပ်စွာ ကခုန်နေကြသည်။

ရန်ကုန်မြို့အနှံ့ လည်ပတ်နေသော ရေပက်ခံ ကားများပေါ်မှ လူငယ်လူရွယ်များနှင့် ဆင်ခြေဖုံး ရပ်ကွက်များမှ ရေကစား မဏ္ဍပ် များကို လာရောက်ကြည့်ရှု ရေပက်ခံကြသူများသည် မဏ္ဍပ်ကြီးများပေါ်မှ ဖွင့်လှစ်သော သံစဉ်များကြားထဲ စီးမျော ကခုန်နေရင်း နှစ်တနှစ်၏ ပင်ပန်းမှုများကို ဖြေဖျောက်နေကြသည်။

ဆူညံနေသော သီချင်းသံများကြောင့် တယောက်စကား တယောက်ကြားရန် ခက်ခဲနေသည်ကြားမှ “ရေသန့်၊ ဘီယာဗူးတွေရမယ်” ဆိုသည့် အသံများကို ခပ်သဲ့သဲ့ ကြားနေရသည်။

ထိုစဉ် အုံခဲနေသော လူအုပ်ကြီးကြားမှ ရုတ်တရက် “အုန်း” ဆိုသည့် ပေါက်ကွဲသံကြီး တသံနှင့်အတူ ကားလမ်းမပေါ်တွင် ကခုန်နေသော လူအုပ်ကြီးမှာ အသံကုန်အော်ဟစ်ကာ ဘေးဘီသို့ပြေးထွက်စဉ် စက္ကန့်ပိုင်းအတွင်း ထပ်မံပေါက်ကွဲသံ “ အုန်း” “အုန်း” ဆိုသည့် အသံကြီး နှစ်သံထွက်လာပြန်သည်။ သွေးသံရဲရဲနှင့် လူများကတ္တရာလမ်းပေါ်တွင် လဲကျသူ လဲကျ၊ ပြေးထွက်သူ များက ပြေးထွက်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

“အုန်း၊ အုန်း အုန်းဆိုတဲ့ စက္ကန့်ပိုင်းခြားပြီး ဗုံး သုံးလုံးပေါက်တာ၊ ပထမ အုန်းဆိုတဲ့အသံကြားတော့ သေနတ်ပဲထောင် ပစ်တာလား ဆိုပြီး လှည့်အကြည့် နောက်ထပ်အုန်း ဆိုတဲ့အသံနဲ့အတူ လူတွေလေထဲကို လွင့်စင်ကုန်တာ တွေ့လိုက်ရတယ်။ ကျနော်လည်း ကန်တော်ကြီးထဲပြေးအ၀င် နောက်တလုံး အသံကြားလိုက်တာပဲ” ဟု ဗုံးပေါက်ကွဲသည့် မဏ္ဍပ်အနီးရှိ Face to Face ရေကစား မဏ္ဍပ်တွင် ရေကစားခဲ့သည့် အသက်၂၃ နှစ်အရွယ် အမျိုးသားတဦးက ဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၇၀ ရှိခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက နောက်ပိုင်းတွင် တရားဝင် ကြေညာခဲ့သည်။

ကရ၀ိက် ဥယျာဉ်ကမ္ဘာရှေ့တည့်တည့်ရှိ X2O ရေကစားမဏ္ဍပ်တွင် လွန်ခဲ့သော ၁၀ မိနစ်ခန့်က ဆူညံနေသော သီချင်းသံများနှင့် ပျော်ပါး ကခုန်နေသော လူအုပ်ကြီးမှာ တိတ်ဆိတ်ပျောက်ကွယ်သွားခဲ့သည်။ ကတ္တရာလမ်းပေါ်ရှိ အမျိုးအစားစုံ ဖိနပ်များ၊ သွေးအိုင်ပေါ်လဲကျနေသည့် လူများအဖြစ် မြင်ကွင်းက ပြောင်းလဲသွားခဲ့သည်။

အချိန်ကြာကြာ လူအများ သတိလွတ်ကာ အံ့သြကြောက်လန့်ငြိမ်သက်သွားရာမှ အသိတရားပြန်လည်ဝင်ရောက်လာပြီး “ကျမ အစ်ကိုရှိလို့ သွားပါရစေ” “ကျနော့် သူငယ်ချင်း ခေါ်လို့မရတော့ဘူး။ သူ့ကိုကယ်ပေးကြပါ” စသည့် ငိုကြွေးအော်ဟစ်သံများ ပြန်လည် ထွက်ပေါ်လာသည်။

“သွေးအိုင်ထဲကနေပြီး ကိုယ့်လူကိုယ် လာဆွဲထုတ်ကြတာ။ ဆေးရုံကားတွေ မလာခင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးရုံ ပို့ဖို့ လုပ်နေတုန်း မပေါက်သေးတဲ့ဗုံး ထပ်တွေ့တယ်၊ အဲဒီဗုံးသာ ထပ်ပေါက်ရင် ကယ်ပေးနေတဲ့လူတွေ ထပ်သေကုန်မှာ” ဟု ကန်တော်ကြီး ကရ၀ိက်ဥယျာဉ်ကမ္ဘာ ဂိတ်စောင့်ဝန်ထမ်းတဦးက ပြောနေပြန်သည်။

ဗုံးပေါက်ကွဲသည့် X2O ရေကစား မဏ္ဍပ်နှင့် နီးကပ်သော ဟားဟား၊ 64.9၊ Black Culture၊ Black Jackစသည့် ရေကစားမဏ္ဍပ်များကို ညနေ ၄ နာရီတွင် ပိတ်လိုက်သည်။

“ကျနော်တို့ကို သိမ်ဖြူကွင်းထဲကနေ ဆင်းပြီးပြန်ခိုင်းလိုက်တယ်။ ကျနော် ဘယ်လိုလုပ်ပြန်နိုင်မလဲ။ ကျနော့် သူငယ်ချင်းတွေ X2Oဘက်ကိုသွားကြတယ်၊ အခုထိသူတို့ဆီ ဖုန်းခေါ်လို့ မရဘူးဖြစ်နေတယ်။ ဆက်နေရင် နံပတ်တုတ်နဲ့ ခေါင်းရိုက်ခွဲမယ်လို့ လုံထိန်းတွေက ပြောတယ်။ ခွဲလည်း ခွဲတော့ဗျာ၊ မပြန်နိုင်ဘူး” ဟု 64.9 ရေကစားမဏ္ဍပ်တွင် ရေကစားသည့် ဗဟန်းမြို့နယ်တွင် နေထိုင်သူ လူငယ်တဦးက ပြောသည်။

ဗုံးပေါက်ကွဲမှု သတင်းသည် ကန်တော်ကြီးပတ်လမ်းတွင် ရေကစားနေသူများ၏ မိသားစုများရှိရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

မြို့နယ်အသီးသီးမှ မိဘများသည် ရန်ကုန်ဆေးရုံကြီးရှေ့တွင် စုပြုံရောက်ရှိနေကြသည်။

“၀င်ခွင့်ပေးပါရှင်၊ ကျမသား ပါလား သိချင်လို့ပါ” ဆိုသော အသံများနှင့် ဆူညံနေသည်။

ဗုံးပေါက်ကွဲပြီး နောက်တနေ့ သင်္ကြန်အတက်နေ့တွင် ခြောက်သွေ့စွာ ရေကစားနေသည့် X2O မဏ္ဍပ်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရပ်ကွက်များတွင် အပြစ်တင်ရှုတ်ချပြောဆိုနေကြသည်။

နိုင်ငံပိုင်ရုပ်သံလိုင်းများတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းများကို ၅ မိနစ်ခြားတခါ လွှင့်ပေးမှုကြောင့် လူတိုင်း ရင်ထဲတွင် နာကျင်ခံစားကြရင်း ပြောမဆုံးဖြစ်ကာ သင်္ကြန်အကြတ်နေ့ည ကုန်ဆုံးခဲ့ရသည်။

မြန်မာ့ရိုးရာ အတာသင်္ကြန် နောက်ဆုံးနေ့ဖြစ်သော အတက်နေ့သည် အကြို၊ အကျ၊ အကြတ်နေ့များထက် ရေကစားသူ ပိုမိုများသည့် ထုံးစံ ရှိသော်လည်း အတက်နေ့နံနက် ၁၀ နာရီခန့်အထိ ကန်တော်ကြီး ကန်ပတ်လမ်း ရေကစားမဏ္ဍပ် ၁၇ ခုတွင် လူများကို မတွေ့ရတော့ပေ။

“မဏ္ဍပ်ပေါ်က လူတွေလည်း ထိခိုက်တော့ သင်္ကြန်အတက်နေ့မှာ အပြင်မထွက်ရဲကြတော့ဘူး။ မဏ္ဍပ်တွေကို ရေလာပက်မယ့် သူတွေမရှိတော့ဘူးလေ။ သင်္ကြန်အတက်နေ့ မနက်ခင်းမှာ တော်တော်ကိုခြောက်ကပ်သွားတာ၊ ၁၀နာရီ ၁၁ နာရီ လောက်မှာ မဏ္ဍပ်တွေ ပြန်ဖွင့်ရမယ်လို့ သက်ဆိုင်ရာကပြောတယ်။ မဏ္ဍပ်တခုမှ လူ ၃၀၀၊ ၄၀၀ ရှိတာ နောက်ဆုံးနေ့က လူ ၅၀ တောင်မပြည့်တော့ဘူး” ဟု Black Culture ရေကစားမဏ္ဍပ် အဖွဲ့ဝင်တဦးက ဆိုသည်။

သင်္ကြန် အတက်နေ့တွင် လူငယ်လူရွယ်များ အစွမ်းကုန် ပျော်တတ်ကြသော်လည်း ယခုနှစ်တွင် လူငယ် အတော်များများ အိမ်ထဲ၌သာ အချိန်ဖြုန်းခဲ့ကြသည်။

သင်္ကြန်နောက်ဆုံးနေ့ကို လူငယ်များသည်လည်း စိုးရိမ်စိတ်ပေါင်းများစွာဖြင့် ဆင်နွှဲခဲ့ကြရသည်။

“ပုံမှန်အတိုင်း မဏ္ဍပ်တွေပြန်ဖွင့်ရတယ်။ ဒါပေမယ့် နောက်ဆုံးနေ့ကို ည ၆ နာရီအထိပဲ မဏ္ဍပ်ပေါ်မှာနေခွင့်ပေးတော့တယ်။ လုံခြုံရေးကတော့ အရမ်းတင်းကျပ်သွားတယ်။ လမ်းတွေကို ပိတ်ဆို့ပြီး လူတဦးချင်း ရှာတာမျိုးတွေ လုပ်တယ်။ လူတော့ သိပ်မလာရဲကြတော့ဘူးလေ။ ဗုံးပေါက်ပြီး လူတွေသေထားတော့ မိဘတွေကလည်း ဘယ်လွတ်တော့မလဲ” ဟု ရေပက်ခံ ထွက်လည်သူ တဦးကဆိုသည်။

ကန်တော်ကြီး ကန်ပတ်လမ်းရှိ ရေကစားမဏ္ဍပ်များ၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းပေါ်ရှိ ရေကစားမဏ္ဍပ်များသည် သင်္ကြန်အတက်နေ့တွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မဏ္ဍပ်အပေါ်နှင့် အောက်ရှိလူများ ၁ မိနစ်ငြိမ်သက်၍ ဆုတောင်းပေးကြသည်။

ဝမ်းနည်းမှု၊ ကြေကွဲမှုများနှင့် တနှစ်ကူးခဲ့ရလေပြီ။
http://www.irrawaddy.org/bur/index.php/articles/2-articles/3009-2010-04-19-12-42-49

NLD LA accused of planting bombs during Thingyan in SPDC's mouthpiece

NLD LA was accused of bombing during Thingyan festival in the newspaper 'Mirror'.
http://ifile.it/vjnrxd0NLD LA Accused of Bombing

စက်မှုထိပ်သီးများ မြန်မာ့အရေး ဖိအားပေးဖို့ ကနေဒါရောက်အဖွဲ့များတိုက်တွန်း(Letter to the Prime Minister on G8 summit)

စက်မှုထိပ်သီးများ မြန်မာ့အရေး ဖိအားပေးဖို့ ကနေဒါရောက်အဖွဲ့များတိုက်တွန်း
2010-04-19
ဇွန်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ပြုလုပ်မဲ့ စက်မှု ထိပ်သီးနိုင်ငံများ အစည်းအဝေးတွေကနေမြန်မာစစ်အစိုးရကို ထိရောက်တဲ့ ဖိအားပေးမှုတွေ လုပ်နိုင်ရေး ကနေဒါရောက်မြန်မာ့အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေက ကနေဒါ ဝန်ကြီးချုပ်ကို စာရေးသား တောင်းဆိုလိုက်ပါတယ်။G8 နဲ့ G20 အလှည့်ကျ သဘာပတိအနေနဲ့ အိမ်ရှင်အဖြစ် တာဝန်ယူ လက်ခံကျင်းပမဲ့ကနေဒါနိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ ပြစ်မှုတွေကို စုံစမ်းရေးကိစ္စ ထောက်ခံဖို့နဲ့နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ရေးကိစ္စ စတာတွေကို ကနေဒါက ထောက်ခံဆွေးနွေးဖို့ကနေဒါဝန်ကြီးချုပ်ဆီကို ဧပြီလ ၁၆ ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုလိုက်ပါတယ်။အဓိကအနေနဲ့ စစ်အစိုးရဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကိုတဖက်သတ် ကျင်းပမယ်ဆိုရင် ကမႝာ့ ခေါင်းဆောင်တွေဖက်က အသိအမှတ်မပြုဘူးဆိုတာကိုပြတ်ပြတ်သားသား ထုတ်ဖော်ပြောဖို့ တောင်းဆိုထားတယ်လို့ CanadianCampaign for Free Burma အဖွဲ့ ခေါင်းဆောင် ဦးကျော်ဇောဝေက ပြောပါတယ်။G8 စက်မှုထိပ်သီးနိုင်ငံများအနေနဲ့ ကြေညာချက်ထုတ်ပြန်ရုံ မကပဲ၊ မြန်မာစစ်အစိုးရကကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တင်ဖို့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ လုပ်ဆောင်သင့်တယ်လို့ သူက ပြောပါတယ်။ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ကျင်းပခဲ့တဲ့ G8အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီး တွေ အစည်းအဝေးမှာလည်း မြန်မာ့အရေးကို ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ဥက္ကဋ္ဌရဲ့ ကြေညာချက်မှာလည်း မြန်မာနိုင်ငံကစစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိကြောင်း၊ တရားမျှတမှု ရှိဖို့နဲ့နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးသင့်ကြောင်း တိုက်တွန်းထားပါတယ်။ မြန်မာ့ အရေးလှုပ်ရှားသူတွေရဲ့ တိုက်တွန်းချက်မှာ ကနေဒါဝန်ကြီးချုပ်အနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ CRPPပြည်သူ့လွှတ်တော် ကိုယ်စားပြု အဖွဲ့ခေါင်းဆောင်တွေကို သံတမန်ရေးနည်းလမ်းနဲ့ အဆက်မပြတ်ထိတွေ့ဆက်ဆံဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။အိတ်ဖွင့်ပေးစာကို ကနေဒါနိုင်ငံအခြေစိုက် မြန်မာရဟန်းတော်များအဖွဲ့ချုပ်အပါအဝင် မြန်မာ ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားအရေး လှုပ်ရှားနေတဲ့အဖွဲ့ ၇ဖွဲ့နဲ့ ပူးပေါင်း ရေးသားပေးပို့ခဲ့တာပါ။
http://www.rfa.org/burmese/news
http://ifile.it/0nvetc8Letter to the Prime Minister on G8 Summit
We are gearing up efforts to keep international spotlight on the military-run state in the run up to the G8 Summit scheduled to be held in late June in Canada.

On auspicious Burmese New Year Day, seven Canada-based campaign groups sent a joint letter to the Canadian Prime Minister Stephen Harper urging him to make effective use of the G8 Summit to forcefully advance the issue of Burma.

Those are the International Burmese Monks Organization (Canada), Burma Ethnic Nationalities Network – Canada, Burmese Muslim Association (Canada), Burmese Students Democratic Organization Canada, Canadian Campaign for Free Burma, Free Burma Federation and National League for Democracy LA Canada Branch.

We believe that as a host country and Chairman of the Summit, Canada has tremendous leverage in setting the agenda that can set the stage for important world affairs in the next years. G8 Summit presents a perfect opportunity to bypass a veto by China and Russia on international efforts to move forward the Burma agenda.
Burma was one of country-specific discussions at the G8 Foreign Ministers Meeting last month in Canada, a precursor to the G8 Summit.

Please contact me at 416 358 2318 if you have any questions.

Thanks.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သက်ကြီးပူဇော်ပွဲနဲ့ ငါးလွှတ်ပွဲ









http://burmatoday.net/ မှရယူပါသည်။

နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာပင်ဖြစ်ရတယ်။


စစ်ကျွန်အဖြစ်မှလွတ်မြောက်ရန် တိုက်ပွဲဝင်နေကြသော ယုံကြည်ချက် ညီအစ်ကိုတော်အပေါင်းတို့ခင်ဗျား

၂၀၁၀ အတာသင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် နောက်ထပ် သေဆုံးမှုများမှာ ပိုမိုတိုးပွားလာနေပါသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် နအဖ စစ်အစိုးရ၏ လက်အောက်ခံ စစ်တပ်မှ အရာရှိအရာခံများ ၊ မယက ဥက္ကဌ ၊ စည်ပင်ဝန်ထမ်း ၊ရယကများနှင့် အပြစ်မဲ့သော ပြည်သူများ သေဆုံးခဲ့ပါသည်။ နအဖစစ်အစိုးရ၏ လက်အောက်ခံများ သေဆုံးခြင်းမှာ ၀မ်းနည်းဖွယ်ရာ မရှိသော်လည်း ကျွန်တော်များ ဒီမိုကရေစီဘက်တော်သား အပေါင်းတို့မှ လူသားချင်း စာနာသောအားဖြင့် ကောင်းမွန်သော ဘုံဘ၀များသို့ ရောက်ရှိစေရန် ဆုတောင်းပေးခဲ့ကြပါသည်။ သေဆုံးသွားကြကုန်သော အပြစ်မဲ့ပြည်သူ များအတွက်မူ ရင်ထဲအသည်းထဲမှ လှိုက်လှုက်လှဲလှဲ ၀မ်းနည်းကြရပါသည်။ နောက်နောင်ဘ၀များတွင်လည်း စစ်အစိုးရ၏ နှိပ်စက်ညှဉ်းဆဲ သတ်ဖြတ်ခြင်းခံရသော အဖြစ်ဆိုးများမှ ကင်းဝေးကြစေရန် ဆုတောင်းမေတ္တာ ပို့သအမျှပေးဝေ ခဲ့ကြပါသည်။

ယနေ့အထိ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေမှာ အယောက်၄၀ကျော်ပြီ ဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ရရှိပါသည်။ ၁၉.၄.၂၀၁၀နေ့အထိ ရေဝေးသုဿန်တွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများကို သဂြိုဟ်ခဲ့ရာ ၁၀ဦးတိတိ ရှိပြီဖြစ်ကြောင်း၊ ထိန်ပင်သုဿန်၌ သဂြိုဟ်မှု ဦးရေမည်မျှရှိသည်ကို အတိအကျ မပြောဆိုနိုင်သေးကြောင်း၊ ဒဏ်ရာရထားသူ များမှာလည်း နောက်ထပ် သေဆုံးနိုင်ဖွယ်ရာရှိကြောင်း ကြားသိခဲ့ရပါသည်။ ယနေ့မွန်းလွဲပိုင်း ၂ နာရီ တွင် ရေဝေးသုဿန်၌ မီးသဂြိုလ်ခဲ့သော သေဆုံးသူ လူငယ်လေးမှာ မောင်ပိုင်ပိုင်ဦး အသက်(၁၈)နှစ်ဖြစ်ကြောင်း၊၄င်းလူငယ်လေးသည် ဗုံးပေါက်ကွဲမှုကြောင့် ဦးခေါင်းနောက်စေ့တွင် ဒဏ်ရာရရှိခဲ့ပြီး ၁၇.၄.၂၀၁၀ နေ့လည် ၁း၄၅ အချိန်တွင် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ သေဆုံးသွားခြင်းဖြစ်ပါသည်။


ဗုံးပေါက်ကွဲမှု၏ နောက်ဆက်တွဲသတင်းများမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင်သန်းရွှေ၏ မြေး ဗိုလ်ချုပ်မှုးလေး ဖိုးလပြည့်အား စစ်ဖက်မှ ဗိုလ်ချုပ်တစ်ဦး၏ သားဖြစ်သူမှ လုပ်ကြံခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိပါသည်။ ယင်းပေါက်ကွဲမှု မဖြစ်ပွားခင် ၂ရက်အလိုတွင် စရဖ ထောက်လှမ်းရေးအဖွဲ့မှ သတင်းကြိုတင်ရကြောင်း၊ ယင်းဖေါက်ခွဲရေးဗုံးကို X20 မဏ္ဍာပ်ပေါ်မှနေ၍ LINCONL ကုမ္ပဏီမှဆေးလိပ်များ၊ အရက်ပုလင်းများ ကြဲချရာတွင် ရော၍ပစ်ချကြောင်း၊ ဖေါက်ခွဲမှုပြုလုပ်သူများမှာ နအဖစစ်အစိုးရ စွပ်စွဲပြောဆိုနေသော တိုင်းရင်းသားအဖွဲ့အစည်း၊ ကျောင်းသားအဖွဲ့အစည်းများ မဟုတ်ဘဲ နအဖစစ်အစိုးရ စစ်တပ်မှ လူများအချင်းချင်း လုပ်ကြံမှုဖြစ်ပါကြောင်း ခိုင်လုံသေချာတိကျသော သတင်းရပ်ကွက်များမှ ပေးပို့လာပါသည်။

လေးစားဦးညွှတ်လျှက်

Burma paparazi
http://www.demowaiyan.co.cc/
http://ifile.it/h6o5yip
Updated News About Burma Bomb Blast (News Article) April 19, 2010

Dubai က ရွှေရောင်သံစဉ်(၃)

http://ifile.it/8hsj4afDxb Volume 3

အမျိုးသားပြန်လည်သင့် မြတ်ရေး လမ်းကြောင်းပေါ်က ဒီမိုကရေစီစိတ်ဓါတ် နှင့်  အရှိတရား

http://ifile.it/o5fnil3 Go Straight !