Thursday, April 22, 2010

22 April 2010 ဒိုင်ယာရီ

http://ifile.it/k4amri3April22 Yeyintnge Diary

ယုတ်မာသော နအဖ စစ်အစိုးရ ၏ သမိုင်းဆိုးမှ နောက်တိုးအမဲကွက် သို့ သွေးစွန်းသော မြန်မာ့ ရိုးရာအတာသင်္ကြန်

ပုဂံခေတ်မှစတင်၍ ကျင်းပခဲ့သော အတာသင်္ကြန် သမိုင်းတွင် မရှိခဲ့သော ပြည်သူများသေဆုံး ဒဏ်ရာ ရ သွေးထွက်သံယို ဖြစ်စဉ်ကြီးသည် ယခု နအဖ မင်းဆိုးမင်းညစ်ခေတ်တွင် ဖြစ်ပွားခဲ့ပါပြီ......ထို ဗုံးပေါက်ကွဲမူကို စနစ်တကျစီစဉ်သူမှာလည်း နအဖ ပင်ဖြစ်ကြောင်း အောက်ပါအချက်များပေါ်မူတည်၍ ကောက်ချက်ချနိုင်ပါသည်...

(၁) ဖောက်ခွဲရခြင်းအကြောင်းရင်း
(က) နိုင်ငံရေးထွက်ပေါက်ဖော်ဆောင်ခြင်း
NLD ပါတီမှရွေးကောက်ပွဲမဝင်ဟု ဆုံးဖြတ်ကာ ရှိရင်းစွဲအင်အားစုများကလည်းပါတီမှခွဲမထွက်... ပါတီမပြိုကွဲ စည်းလုံးညီညွတ်စွာရှိ၍ ယင်းတို့ရွေးကောက်ပွဲသို့ နိုင်ငံတကာအသိအမှတ်ပြုနိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမား တစ်ပါတီ တစ်ဦးတစ်ယောက် မှပါဝင်ခြင်းမရှိရာ အကြပ်ရိုက်နေချိန်ဖြစ်ပါသည်....သို့ဖြစ်ရာ တိုင်းပြည် မတည်ငြိမ် မငြိမ်းချမ်းသေး၍ ရွေးကောက်ပွဲကို အချိန်ဆွဲရပါသည်ဟု အကြောင်းပြလိုခြင်း

(ခ) နိုင်ငံရေး ပြိုင်ဖက်များကို အောက်လမ်းနည်းဖြင့် အလဲထိုးလိုခြင်း
ယခင် နဝတ ခေတ်သတင်းစာရှင်းလင်းပွဲများကဲ့သို့ ဇတ်လမ်းများဝေဝေဆာဆာ ဖြင့် နောက်ဆုံးဇတ်ပေါင်းခန်းတွင် သူ တို့သာကယ်တင်ရှင် ဘီလူး ကျန်လူများအားလုံးလူကြမ်းသာ ဖြစ်၍ ဖမ်းဆီးထိန်းသိမ်းရကြောင်းမဟုတ်ဇတ်များမကြာမီ လာပါလိမ့်မည်...NLD ပါတီနှင့်အလွှာအသီးသီး မှလူပ်ရှားတက်ကြွသူများကို ဖမ်းဆီးပွဲများပြုရန်အကြောင်းပြချက်ရှာခြင်းဖြစ်ပါသည်..

(ဂ) ၂၀၁၀ တွင် လူထုအုံကြွမူဖြစ်ပွားလာမည့် အလားအလာကို ကြိုတင်တွက်ချက်ထားသော နအဖ သည် ပြည်သူများအကြမ်းဖက်မူကို ရွံရှာစက်ဆုတ်စေရန် (သို့မှသာ လူထုအုံကြွမူဖြစ်ပေါ်လာပါက သူတို့မိုက်ရိုင်းစော်ကားနှိမ်နှင်းသမျှ ပြည်သူကအကြမ်းဖက်လက်တုံ့မပြန်ခေါင်းငုံခံမည်)
ကီရစ်ကစ္စတန်နိုင်ငံ (Kyrgyzstan) မှာ ဆန္ဒပြသူတွေကလုံခြုံရေးတပ်ဖွဲဝင်တွေရဲ့အကြမ်းဖက်မူကို တုံ့ပြန်ပြီး ၂၄နာရီအတွင်းပြည်သူ့အာဏာ တည်ဆောက်နိုင်တဲ့သတင်း... ထိုင်းအစိုးရစစ်တပ်အကြမ်းဖက်မူကို ရှပ်နီများ ကပြန်လည်တုံ့ပြန်တိုက်ခိုက် တဲ့ ဆန္ဒပြတိုက်ပွဲများသတင်းကို သူတို့ကြောက်ရွံ့ ၍အကြမ်းဖက်မူသည်မကောင်းကြောင်း ဝါဒဖြန့်လိုခြင်း....ယခုမီဒီယာများတွင် သင်္ကြန်ဗုံးကွဲ သတင်းကို အငမ်းမရ မဖုံးနိုင်မဖိနိုင် ပေါ်ပေါ်တင်တင် ဝါဒဖြန့်ခိုင်းနေခြင်းမှာ ထင်ရှားလွန်းလှပါသည်......

(၂) အချိန်ရွေးချယ်ခြင်း
(က) မဟာသင်္ကြန်ပွဲတော်လူစည်းကားချိန် ကိုရွေးချယ်သည်...ကျန်ရက်များတွင်စီစဉ်က တရားခံမည်သူဖြစ်ကြောင်း ရောချ၍ မရနိုင်....
(ခ) ဆေးရုံ အရေးပေါ်ဆရာဝန်များ ကြိုတင်ပြင်ဆင်နိုင်ရန် အတွက်သင်္ကြန်ကိုခေါင်းစဉ်တပ်၍ပြင်ဆင်ထားနိုင်သည်..ယခုလဲပြင်ဆင်ထားခဲ့သည်..
(၃) နေရာရွေးချယ်ခြင်း
(က)နှစ်စဉ်ကျင်းပရာ အင်းယားလမ်းကိုပိတ်၍ ကန်တော်ကြီးတွင်ကျင်းပစေခြင်း (အင်းယားလမ်းတွင် ဗုံးပေါက်ကွဲမည်ဆိုပါက အင်းလျားလမ်းသည်လမ်းကျဉ်းဖြစ်၍ ဗုံးခွဲမည့်သူ အတွက်ကားများပိတ်ဆို့ကာ ပြေးပေါက်မရှိ....ချိန်ကိုက်ဗုံးထောင်မည်ဆိုပါကလည်း အတွင်းလူများ ပါဝင်ကာ လူပိုသိ၍ လျှို့ဝှက်ချက်များပိုမိုပေါက်ကြားနိုင်သည်..)ယခုပေါက်ကွဲမူဖြစ်ပွားရာနေရာသည်လမ်းသုံးခွဆုံ ပြေးလမ်းသာသောနေရာဖြစ်သည်.....

(ခ)အင်းယားလမ်းတွင်ဗုံးပေါက်ပါကသေကြေဒဏ်ရာ ရမည့်သူများကို လျင်မြနှ်စွာ ကယ်ထုတ်နိုင်ခြင်းမရှိ ....ရဲနှင့်စစ်တပ်လဲနောက်ကျမှအခင်းဖြစ်ပွားရာသို့ရောက်ရှိနိုင်မည်...အစိုးရ ပင်ကိုကပင်နံမည်ကောင်း မရှိသောနံမည်ပျက်မည်...ယခုဖြစ်စဉ်တွင်လုံခြုံရေးတပ်ဖွဲ့ဝင်များ....လူနာတင်ယာဉ်များလျင်မြန်စွာရောက်ရှိဟူ၍ အသားယူနိုင်သည်...

(ဂ)အင်းယားလမ်းသည်မြန်မာ့ဒီမို
ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိမ်နှင့် နီးကပ်၍ နိုင်ငံတကာသတင်းများထုတ်ပြန်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ထည့်သွင်းဖော်ပြမည်မှာ သေချာသလောက်ပင်ရှိ၍ဖြစ်သည်...သို့ဖြစ်မည်ကိုသူတို့မလိုလား

(၄) လှည့်စားချက်များ.....


(က) နအဖ ၏ စစ်ဒေသမှူး အစပြုသော အာဏာပိုင်အဖွဲအစည်းမှလူများစွာ ထိခိုက်ဒဏ်ရာရ သေဆုံးသော အခါ တရားခံသည် နအဖ ပင်ဖြစ်ကြောင်းစွပ်စွဲရန် ခက်ခဲပြီး ဆန့်ကျင်ဘက်အဖွဲ့အစည်းများကို လက်ညိုးထိုးရန် အခွင့်အလမ်းပိုမိုရရှိသည်.....
စဉ်းစားရန်အချက်မှာ လုပ်ကြံမူတွင်ပစ်မှတ်ရှိ... မရှိ.... ရှိက ပစ်မှတ်သည်မည်သူနည်း
မျောက်လောင်းဖိုးလပြည့် လော..... စစ်ဒေသမှူးလော.... မကောင်းသူထိပ်ကောင်းသူထိပ်ပြည်သူလော......
(ခ)ဗုံးသုံးလုံးကို စစ်ဒေသမှူးနှင့်လုံခြုံရေးအဖွဲ့ဝင်များရှေ့တွင် ခွဲနိုင်သော ထွက်ပြေးလွတ်မြောက်နိုင်သောယုတ်မာသောအစွမ်းရှိအဖျက်သမားများသည် ယခုသင်္ကြန်တွင် အဝေးကပင်လန်းလန်းလန်းလန်းဖြင့် မြင်နိုင်သော မျောက်လောင်းဖိုးလပြည့်ကို လုပ်ချင်ပါက ခဲနှင့်ထုရုံဖြင့်ပင် သူအဖိုးအရင်ငရဲရောက်နှင့်နိုင်ပါသည်..သူအားဗုံးဖြင့်လုပ်ကြံပါက ယခုအချိန်အရိုးပင်ရှာမရနိုင်ပါ.....

စစ်ဒေသမှူးကိုလုပ်ကြံလိုပါကလည်း ညဘက် စားသောက်ဆိုင်သို့မဟုတ် KTV တွင် တုတ်တစ်ချောင်းသာ လိုပါလိမ့်မည်..ယခုဖြစ်စဉ်တွင်စစ်ဒေသမှူးမှာ စတေးခံရသော သားကောင်ပင်ဖြစ်မည်.....

မကောင်းသူထိပ်ကောင်းသူထိပ်ပြည်သူဆိုပါက ဗုံးခွဲ ရန် အချိန်များစွာ ရှိရာ စစ်ဒေသမှူးနှင့်လုံခြုံရေးအဖွဲ့ဝင်များရှေ့တွင်ခွဲရန်မလို.....

သို့ဖြစ်ရာယခုဗုံးကွဲမူတွင်ပစ်မှတ်မရှိ လိမ်လည်လက်ဖြားသောစိတ်ဓါတ်စစ်ဆင်ရေးကျွမ်းကျင် ဗိုလ်သန်းရွှေ ညွှန်ကြား.. ဗိုလ်မောင်အေးခေါင်းညိမ့်..အခါတော်ပေးဗိုလ်အောင်သောင်း...အိပ်ဆွဲ ဗိုလ်မြင့်ဆွေနှင့် တပည့်လူယုံသုံးဦးခန့် စုစုပေါင်းလူ ခြောက်ဦးခုနှစ်ဦး ခန့်ဖြင့်သာ ပြည်သူကိုလှည့်ဖြားသတ်ဖြတ် ရန်စီစဉ်ခဲ့သော ယုတ်မာသော နိုင်ငံရေးကစားကွက်သာဖြစ်နိုင်ကြောင်းခိုင်မာစွာကောက်ချက်ချ တင်ပြအပ်ပါသည်.......

အောင်မျိုးနိုင်