Saturday, May 15, 2010

15 May 2010 ဒိုင်ယာရီ

15 May 2010 Yeyintnge's Diary

အနာဂတ် ကောင်းများနဲ့ ...

ခင်ငြိမ်းသစ်
Saturday, May 15, 2010


အာဏာသိမ်း စစ်အစိုးရက ၁၉၉၀ မေလ မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကတိပေးလိုက်တော့ မိုးဦးကျ သံပြိုင်အော်တဲ့ ဖား တွေလိုပဲ အပြိုင်အဆိုင် ပါတီထောင်ကြပါတယ်။

တချို့ ပါတီတွေက အခြေအနေအရ ယုံကြည်ချက်နဲ့ တည် ထောင်ကြပေမယ့် တချို့ ပါတီတွေကတော့ ဘာပဲဖြစ်ဖြစ် တ နေရာရရင် နဲလားဆိုတဲ့သဘောနဲ့ တည်ထောင် ကြပါတယ်။ ကျောင်းသားတွေလည်း ပါတီထောင်ခဲ့ကြပြီး အထင်ရှားဆုံး ကျောင်းသားပါတီက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဖြစ် ပြီး၊ ၁၉၆၂ ခု တပ်ဦးကျောင်းသားတွေကလည်း ပြည်သူ့တိုး တက်ရေးပါတီ တည်ထောင်ခဲ့ပါတယ်။ ပြည်သူ့ပါတီထဲမှာ အ ထင်ရှားဆုံးပါတီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ဖြစ်ပါ တယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ် ကျောင်းသားပါတီကတော့ ရွေးကောက်ပွဲမှာ မြို့နယ်တချို့မှာ ဝင်ပြိုင်ခဲ့ပေမယ့် မနိုင်ခဲ့ပါဘူး။ လူအ များကြီးလည်း ဝင်မပြိုင်နိုင်ပါဘူး။ အသက် ၂၅ နှစ်ပြည့်ပြီး ဘွဲ့ရတဲ့ ကျောင်းသားလူငယ်ကလဲ ပါတီမှာ ရှားပါတယ်။ ငွေကြေးအရ လည်း ဝင်နိုင်ဖို့ ခက်ပါတယ်။ ကျောင်းသား တချို့ကတော့ ၃ ချောင်းထောက်မှု အရ NLD ကိုပဲ ထောက်ခံကြပါတယ်။ ပြည်သူ့တိုး တက်ရေးပါတီ (PPP) က ရွေးကောက်ပွဲ မတိုင်ခင်မှာဘဲ မတရားအသင်း ကြေညာခံခဲ့ရပါတယ်။

ဘယ်သူမဆို ပါတီဝင် ဖြစ်ခွင့်ရှိတဲ့ ပါတီကတော့ NLD ပဲဖြစ်ပါတယ်။ ပြည်သူ့ရင်ထဲ မေတ္တာရှိရင်းစွဲ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တာမို့လို့ ပါတီ စတင်ဖွဲ့စည်းကတည်းက ပြည်သူတွေက NLD ကိုပဲ မဲပေးဖို့ ရည်ရွယ် ခဲ့ကြပါတယ်။ NLD ဟာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့လည်း ပြည်သူတွေက ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့်လဲ အ ချောင်သမား တချို့က ပြည်သူ့အချစ်တော် ဒေါ်စု ရဲ့ အရိပ်ကိုခိုပြီး လွတ်တော်ထဲဝင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ကျမတို့ သင်္ဃာန်းကျွန်း မြို့နယ်ဟာ မြို့နယ်ကြီးတခုဖြစ်လို့ မဲဆန္ဒနယ် ၂ ခု ခွဲထားပါတယ်။ သင်္ဃာန်းကျွန်းမြို့နယ်မှာ အဓိက ပါတီ တခုဖြစ်တဲ့ NLD ရဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးက ကော့ကရိတ် ဦးသိန်းညွန့် နဲ့ မြန်မာတိုင်းရင်းဆေးဆရာ ဦးမြင့်ဆွေ တို့ဖြစ်ပါ တယ်။ သူတို့နှစ်ဦးလုံးဟာ ဒေါက်တာ ဝင်းနိုင်နဲ့ အလွမ်းသင့်သူတွေပါ။ အမှန်တကယ် အနစ်နာခံလုပ်သူတွေ မဟုတ်ပါဘူး။ ကျမတို့ အပိုင်းက ပြည်သူတွေရွေးတဲ့ ကိုယ်စားလှယ်လောင်းက ဦးထွန်းမြင့် (ကျူရှင်ဆရာ) ဖြစ်ပါတယ်။ ဆရာက ၁၉၆၂ ခု နှစ်က တပ်ဦး ကျောင်းသားတဦးဖြစ်ပြီး ၈၈ အရေးတော်ပုံကြီးကိုလည်း အဖက်ဖက်က ကူညီနေသူ ဖြစ်ပါတယ်။ မဆလခေတ် တလျှောက်လုံးလည်း ပါတီတောင်မဝင်ခဲ့ဖူးပါဘူး။ ဆရာက မဆလ ကို သူ မယုံကြည်လို့ ပါတီမဝင်တဲ့အကြောင်းကို အရေးအခင်း မတိုင်မီက ပြောပြဖူး ပါတယ်။

ကော့ကရိတ် ဦးသိန်းညွန့် ကတော့ …

၁၉၆၂ ခုနှစ်က ရဲခေါင်ကျောင်းသားအုပ်စု ဖြစ်ပါတယ်။ ရဲခေါင်ဆိုတာ ဦးကျော်ငြိမ်း မွေးထားတဲ့ ကျောင်းသားတွေပါ။ ဦးသုဝေလဲ ရဲ ခေါင်တဦး ပါပဲ။ ၁၉၈၈ သြဂုတ် ၉ ရက်နေ့က အ.ထ.က (၃) သင်္ဃန်းကျွန်းက ကလေးတွေ ချီတက်ဆန္ဒပြတာကို ဖုံးဆက်ပြီး စစ်တပ် ကို အကြောင်းကြားခဲ့သူပါ။ သူ့ရဲ့ သတင်းပေးချက်ကြောင့် ရောက်လာတဲ့ စစ်တပ်ကပစ်လိုက်လို့ ၄ တန်း ကျောင်းသူလေးတောင် သေဆုံးခဲ့ပါတယ်။ သူ့သားကြတော့ သေမှာစိုးရိမ်လို့ အိမ်ထဲမှာ သော့ပိတ်ထားပါတယ်။ မဆလ ပါတီရဲ့ စည်းရုံးရေး ဗဟိုကော်မတီဝင် ဖြစ်ပါတယ်။ သြဂုတ် ၂၂ ရက်ကနေ စက်တင်ဘာ ၁၉ ရက်နေ့အထိ ပုန်းရှောင်နေခဲ့သူပါ။

ကျမတို့ဘက် အချမ်းက ကိုယ်စားလှယ်လောင်း ဦးမြင့်ဆွေကတော့ ကျောက်မြောင်းမှာနေထိုင်သူ ဖြစ်ပြီး တိုင်းရင်းဆေး ဆရာတဦး ပါ။ ကိုယ်စားလှယ်လောင်းကို တွေဖူးချင်လို့ ကျမတို့ ကျောင်းသားအုပ်စု သူ့ဆီသွားတွေ့ကြတော့ သူက ကြောက်လို့ ပုန်းနေတဲ့လူပါ။ အားကိုးလောက် ပါပေတယ်။

ကိုယ်စားလှယ်လောင်း ပြဿနာဖြစ်တော့ ရပ်ကွက်ကလူတွေက ဌာနချုပ်ကို သွားပြီးပြောပြကြပါတယ်၊ ဌာနချုပ်က ရပ်ကွက်ရဲ့ ဆန္ဒ ကို ငြင်းပယ်ခဲ့ပါတယ်။ အဲဒီလို ငြင်းပယ်ခဲ့ သူက ဒေါက်တာ ဝင်းနိုင် ဖြစ်ပါတယ်။ အဲဒီ အချိန်က NLD မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် တို့လို ခေါင်းဆောင်တွေ က ဖမ်းဆီးခံနေရချိန် ဖြစ်ပါတယ်။

တစည ပါတီအတွက် ကိုယ်စားလှယ်လောင်းကတော့ ဒေါက်တာ ကျော်စိန် ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းချင်း ပညာအရည် အ ချင်းက အစ ဒေါက်တာကျော်စိန်က အများကြီး သာပါတယ်။ ကျမတို့ ရွေးချယ်ရမည့် အမတ်လောင်းက ရေးတတ်ဖတ်တတ်လောက် ပါပဲ။ ဒါပေမဲ့ ပြည်သူတွေက NLD သာဖြစ် ခွေးကို အမြီးဖြတ်ထားရင်တောင်မှ ထည့်မှဖြစ်မယ်ဆိုတဲ့ အမျိုးသားရေးအသိနဲ့ မဲပေးကြ တာပါ။ လွတ်တော်ထဲမှာ ပါတီတွေ သိပ်များသွားရင် ဘာမှလုပ်လို့ မဖြစ်မှာ စိုးရိမ်ကြပါတယ်။

ဒီလိုနဲ့ မဲဆွယ်စည်းရုံးတဲ့ အချိန်ရောက်လာပါတယ်။ တစညက ရပ်ကွက်တွေထဲ ကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင်ဆင်းပြီး မဲ ဆွယ် စည်းရုံး ကြပါတယ်။ NLD အတွက်တော့ ပြည်သူတွေ ကိုယ်တိုင်ပဲ တာဝန်သိသိ စည်းရုံးကြရပါတယ်။ ၁၉၉၀ ခု ထဲမှာပဲ မှော်ဘီ က မယ်ရွေးပွဲမှာ NLD ရဲ့ ယူနီဖောင်းဝတ်၊ ခမောက်ဆောင်းပြီး ပြိုင်ပွဲဝင်တဲ့ ကောင်မလေးက ဆုရသွားတဲ့ သတင်းကလဲ ဟိုးဟိုး ကျော်ခဲ့ပါတယ်။

စစ်တပ်က ဘက်မလိုက်ဘူး ဆိုပေမဲ့ NLD က မလုပ်နိုင်တာကို တစည က လုပ်နိုင်ခဲ့ပါတယ်။တစညက ပါတီပိုင်ယာဉ်တွေ အသုံးပြု ပြီး စည်းရုံးရေး ဆင်းနိုင်ခဲ့ပါတယ်။ တကယ်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီပိုင် ပစ္စည်းဆိုတာ ပြည်သူပိုင် ပစ္စည်းတွေ ပါပဲ။ NLD အတွက်တော့ ပါတီ အသစ်မို့လို့ ပါတီပိုင်ယာဉ်ဆိုတာ မရှိပါဘူး။

ကျမတို့ ရပ်ကွက်ထဲကို တစညက ဒေါက်တာကျော်စိန် စည်းရုံးရေး ဆင်းမယ်ဆိုတော့ ရပ်ကွက်ထဲက ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုပြီး တိုင်ပင်ကြပါတယ်။ ကျမတို့ ငယ်ဆရာ ဦးကြည်တူးက ငွေ ၅၀၀ ကျပ် ထုတ်ပေးပြီး ခမောက်တွေ ဝယ်ခိုင်းခဲ့ပါတယ်။ ကျမတို့ မောင်နှစ်မ ၂ ယောက်နဲ့ မောင်မောင်ကြွယ် (ကချင်ဘက်တွင် အသတ်ခံရသူ) က ခမောက် ၂၁ လုံး ဝယ်ပေးလိုက်တော့ ဆရာက ကျမတို့ကို ရပ်ကွက်ထဲမှာ ခမောက်မရှိသေးတဲ့ အိမ်တွေကို ဝေခိုင်းပါတယ်။ နောက်ပြီး အမှာစကားလည်း ပါးလိုက်ပါသေးတယ်။ ဒေါက်တာကျော်စိန် ရပ်ကွက်ထဲလာရင် ဆဲဖို့မလိုဘူး၊ အိမ်ရှေ့မြင်သာတဲ့ နေရာမှာ ခမောက်ကို ချိတ်ထားလိုက်၊ ပြီးရင် အိမ်တခါးသာ ပိတ်ထားလိုက်တဲ့။

ရပ်ကွက်ထဲက လူတွေကလည်း ဆရာဦးကြည်တူး ပြောသလိုပဲ သေချာလုပ်ကြပါတယ်။ ကျမတို့က အိမ်ထဲကနေ ချောင်းကြည့်နေ တော့ ဒေါက်တာကျော်စိန် က ခေါင်းငုံပြီး လမ်းလျောက်သွားတာ မြင်ရပါတယ်။ ကျမ အဖေကတော့ လူတော်ဆိုတာ ဘယ်တော့မှ မှား ပြီးမရွေးဘူးတဲ့လေ။

ရွေးကောက်ပွဲနေ့မှာ ကျမ အပါအဝင် ပြည်သူတွေက NLD ကိုပဲ မဲပေးကြပါတယ်။ ကိုယ်စားလှယ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်လို့၊ ဒီမိုကရေစီစနစ်ကို မျက်နှာမူနိုင်ဖို့၊ အားလုံးက ညီညီညွတ်ညွတ် မဲပေးကြပါ တယ်။

စစ်တပ်က အာဏာလွဲမပေးတော့ ဂန္ဒီခန်းမ အစည်းအဝေးကို ကျင်းပပါတယ်။ ကျမတို့ ရဲ့ ကိုယ်စားလှယ်ကြီးကို စိတ်မချလို့ ကျမတို့ က ဂန္ဒီအစည်းအဝေး တတ်မတတ်သိချင်လို့ သူ့အိမ်ကိုသွားတော့ ဦးမြင့်ဆွေက ကြောက်လို့ ပုန်းနေပါတယ်။ သူ့သမီးက ထွက်လာပြီး ဖေ့ဖေ့ကို အတင်းမတိုက်တွန်းပါနဲ့ ကျမအဖေက ကျန်းမာရေး သိပ်မကောင်းဘူးတဲ့၊ ကျမတို့နဲ့ အတူတူသွားတဲ့ အထဲက တယောက် က စိတ်ချဉ်ပေါက်လာတော့ ဒါဆိုဘာကြောင့် ရွေးကောက်ပွဲဝင်တာလဲ၊ နေမကောင်းရင် အိမ်မှာနေပါလားတဲ့။

ကျမတို့ ဆရာ ဦးထွန်းမြင့်က ဦးသိန်းညွန့်ထံသွားပြီး ရပ်ကွက်ကလူတွေရဲ့ ဆန္ဒကိုသွားရောက် တင်ပြပါတယ်။ ဆရာနဲ့ ဦးသိန်းညွန့် နဲ့ ၂ ယောက်ထဲ ပြောဆိုခဲ့ပေမယ့် အဲဒီညမှာပဲ ဆရာ့ကို စစ်ထောက်လှမ်းရေးတွေက လွတ်တော်ခေါ်ယူရန် အမတ်ကို အကြပ်ကိုင်မှုနဲ့ ဖမ်းဆီးခံရပါတယ်။

ကျမတို့ ရပ်ကွက်က အမတ်မင်းလည်း ဂန္ဒီအစည်းအဝေးကို မသွားခဲ့ပါဘူး။ နောက် ၃ နှစ်လောက်အကြာ သူကွယ်လွန်တော့ ကျမတို့ က သူ့အိမ်ကို သွားခဲ့ပါတယ်။ NLD က တချို့လည်း ရောက်နေပါတယ်။ ကျမ ကြားမိတာကတော့ သူ ရွေးကောက်ပွဲ ဝင်ချင်လွန်းလို့ သူ့ကိုထောက်ခံပေးတဲ့ ဦးသိန်းညွန့်ကို ပိုက်ဆံပေးရတယ်တဲ့။ ဘယ်လောက်လဲ ဆိုတာကိုတော့ ကျမ မသိပါဘူး။ ဒါပေမဲ့ အမတ် တောင်မလုပ်လိုက်ရဘဲ သေသွားတော့ သူ့မိန်းမ နှမြောနေပုံရပါတယ်။ ဒေါက်တာ ဝင်းနိုင်တို့ ပါတီမှာလုပ်ခဲ့တဲ့ တောက်လျောက် လှုပ်ရှားတက်ကြွတဲ့ လူငယ်တွေကို ပါတီထဲကနေ ထုတ်ပစ်တာ မနဲတော့ပါဘူး။ ဦးသိန်းညွန့်ကြောင့် ပါတီတွင်းကလူငယ်တွေ ထောင် ကျသွားတာ ရှိပါတယ်။ ကျမအနေနဲ့တော့ ဦးသိန်းညွန့်ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး။

အခုတော့ အဲဒီလိုလူတွေ NLD ကနေထွက်ခွာသွားကြပါပြီ။ ဒါကောင်းတဲ့ လက္ခဏာလို့ ကျမ ယူဆပါတယ်။ ဒီလူတွေ ပါတီခွဲထောင် တာ ဘာမှမဆန်းပါဘူး၊ NLD ကို သူတို့ဝင်တယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည် ကို ယုံလို့လည်းမဟုတ်ပါဘူး၊ ဒီမိုကရေစီကို ယုံ လို့လည်း မဟုတ်ပါဘူး။ အချောင်အာဏာလိုချင်တဲ့ အာဏာရူးတွေ မို့လို့ပါ။ တကယ်လို့ အဲဒီအချိန်က တစည အားကောင်းရင် တစည ထဲရောက်သွားမည့် လူတွေပါ။

အခုတော့ NLD မှာ ကျန်ခဲ့တဲ့ လူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို အမှန်တကယ် လေးစားလိုက်နာမည့် လူတွေ ပါ။ သာမှလာတဲ့ လူတွေမဟုတ်ဘဲ အတူတူ အနာခံတတ်သူတွေပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍကို လွယ်လွယ်နဲ့ ဘယ် သူမှ ဖျောက်ဖျက်လို့ မရပါဘူး။ တနေ့တော့ NLD ဟာ အောင်ပွဲခံအုံးမှာပါ။ NLD အတွက် အနာဂတ်ကောင်းတခုကို ရအုံးမှာဆိုတာကို ကျမတို့ ပြည်သူတွေက လေးလေးနက်နက် ယုံကြည်ပါတယ်။

ခင်ငြိမ်းသစ်

http://www.naytthit.com/articals/2010/may10/knt-may14.html

ဒီရွာနဲ့တင်ကုန်မယ်ထင်တယ်..

U win Tin interview - P1


shwenanda — May 15, 2010 —

အကျင့် သိက္ခာစိန်ခေါ်မှုကြီး

နိုင်ငံရေးအမွန်းကျပ်ဆုံးအချိန်ကာလမှာဖြစ်ပေါ်လာတဲ့ 

ကျင့် သိက္ခာစိန်ခေါ်မှုကြီးတရပ်

ယနေ့ ကာလမှာ လူအများစုဟာ မြန်မာပြည်လွတ်လပ်ရေ့းနှင့့်စည်းလုံးညီညွတ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းဘယ်လိုစဉ်းစား ချဉ်းကပ်၍ တောင်းဆိုမှုတွေပြုလုပ်ခဲ့ ရသလဲ သူဟာဘယ် လိုလူစားလည်း၊ သူ့ ရဲ့ အတွေးအခေါ်တွေဟာ ဘာတွေလည်း ဆိုတာကို ပြန်လည် ထင်ဟပပေါ် လွင်အောင်စဉ်းစားဆင်ခြင်သူ သိတ်မရှိကြတော့ ပါဘူး၊

ဒါပေမဲ့  ဘာဖြစ်လို့ ကျနော်တို့ အများစုဟာ သူရဲ့ နိုင်ငံရေးအတွေးအခေါ်ခံယူချက်၊ အခြေခံကိုယ် ကျင့် တရားတွေကိုမရကြတာလဲ၊ ကျနော်တို့ နားထောင်နေပြီး မကြားတာလား၊ (သို့ ) ကျနော် တို့ ဖတ်ပြီးနားလည်တာလား၊ (သို့ ) ကျနော်တို့ ကြိုက်တာလေးတွေကိုယ်ပဲ ခေါင်းထဲမှာမှတထားကြတာလားလို့ မေးစရာတွေဖြစ်လာပါတယ်၊

သူဟာသူ့ ဘ၀တခုလုံးကို မြန်မာပြည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အင်္ဂလိပ်ထံမှ နိုင်ငံရေး လွတ်လပ်ခွင့် ရရှိဖို့ အတွက်ရုန်းကန်ကြိုးစားမှုမှာ မြှုပ်နှံထားခဲ့ တယ်၊ တချိန်တည်းမှာပဲ သူရဲ့ စိတ်

ဓါတ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်လာအောင်လည်း မြှုပ်နှံသွားခဲ့ တယ်၊ မကြာခဏဆိုသလိုပဲ သူရဲ သစ္စာတရားနှင့် လုံးဝ အပြစ်ကင်းစင်မှု ရှာပုံတော် ဘ၀ခရီး အကြောင်းကို ဖွင့် ဟပြောဆို လေ့ ရှိတဲ့ အပြင်၊ သူဟာဖြူစငတဲ့ အတွေးတွေ၊ အပြောအဆိုတွေ၊ လုပ်ဆောင်မှုတွေကို ရိုးဖြောင့်  နိုင်ရနိပြုကြိုးပမ်းအားထုတ်ခဲ့ တယ် မြန်မာပြည်မှာရှိ သောပြည်သူတွေဟာ သူ့ ရဲ့ကိုယ်စိတနှစ်လုံး အပြစ်ကင်းစင်ပြီးတိုးတက်အောင်မြင်မှု၊ တိုင်းပြည်ပေါ်မှာထားတဲသူ့ ရဲ့သန့် ရှင်း သောမေတ္တာ၊ စငကြယ်တဲ့ ရည်ရွယ်ချက် ပုံသဏ္ဍန်တွေကို မြက်ဝါးထင်ထင်တွေ့ မြင်ခဲ့ ကြတယ်၊

မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်းမှာပင် ခေတ်လူငယ်များ စိတ်ပိုင်း ဆိုင်ရာအသိတ ရား ခေါင်းပါးနေသည်ကို စိုးရိမ်မိကြောင်း၊ အကယ်၍ လောကဓံ လှိုင်းများကိုကျုပ်တို့ ရင်ထမှာ ကြံ့ ကြံ့ ခိုင် ရင်ဆိုင်တွန်းလှန်နိုင်စွမ်းရှိပါက မကြာခင်မှာပဲ ထိုအသိတရား များလုံးဝကွယ် ပျောက်ပြီး စိတ်ဓါတ်လုံးလုံးပျက်ပြားသွားသော အဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ပူပန်မိ ကြောင်းကိုလည်း မကြာခဏ သူဖေါ်ပြလေ့ ရှိတယ်၊

မြန်မာ့ နိုင်ငံရေးနဲ့ စည်းလုံးညီညွတ်ရေးအပေါ်မှာ သူရဲ့ စိတ်ဓါတ်တွေ ပိုပြီးကောင်းမွန်လာအောင်

ဘ၀ကိုမြှုပ်နှံခဲ့ တယ်ဆိုတာဘာမှသံသယရှိစရာမလိုဘူး၊သူ၏သမီးအရင်းဒေါ်အောင်ဆန်းကြည် အပါအ၀င်မြောက်များစွာသော ပြည်သူတွေဟာ သူ့ ကို နှစ်သက်လေးစားကြည်ငြိုခဲ့ ကြတာပဲ၊

စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ လုပ်ဆောင်နေတဲ့ အချိန်တိုင်းမှာ ဖြူစင်တဲ့ရည် ရွယ်ချက်နဲ့ သတ္တိရှိရှိလုပ်ဆောင်ပြဖို့ လိုကြောင်း သူမထုတ်ဖေါ်ပြောခဲ့ တယ်၊ သူမဟာမကြာခဏ ဆိုသလိုပဲ မြန်မာပြည်လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ “စိတ်ဓါတ်တော်လှန်ရေး” အကြောင်းကို ရည်ညွန်း ပြောဆိုရေးသာခဲ့ ပါတယ်၊ “တကယ်စစ်မှန်တဲ့ တော်လှန်ရေးဟာစိတ် ဓါတ်တော်လှန်ရေး ” ပဲလို့ သူမတသမတ်တည်းပြောဆိုခဲ့ တယ်၊ မတရားအုပ်စိုးသူတွေအောကမှလွတ်မြောက်ဖို့ အတွက်ဆိုရင် မိမိကိုယ်ကို စိတ်ဓါတ်ပိုင်းဆိုင်ရာ အရင်လွတ်မြောက်မှဖြစ်တယ်၊ လူအရင်မလွတ်မြောက်ခင် စိတ်ကအရင်လွတ်မြောက်မှုရှိနေရမယ်၊ “ အကြောက်တရားဟာ အ လေ့ အထတခုပဲ” ဒါပေမဲ့ ကျနော်တို့ အကြောက်တရားကနေ သတ္တိကိုပြုစုပြိုးထောင်လို့ ရတယ်၊ ဘာဖြစ်လို့ လည်းဆိုတော့ ကြောက်တရားကသုံးလို့ ရလို့ ပဲ။

ဒါပေမဲ့ ကျနော်တို့ ဟာသူမပေးတဲ့ သဘောတရားရေးဆိုင်ရာစကားတွေရဲ့ အဓိပါယ်ကိုကြားကြရဲ့  လား၊ နားလည်ကြရဲ့ လား၊ ကျနော်တို့ လုပ်ရမဲ့ အတိုက်အခံလှုပ်ရှားမှုတွေထဲမှာ သူမပြောတဲ့  စိတ်ဓါတ်တွေရှိနေရမယ်ဆိုတာကိုရောမြင်တွေ့ ကြရဲ့ လား၊

ဝမ်းနဲစွာဖြင့် ပြောရရင် အဖြေကတော သေသေချာနားမလည်ကြဘူးဆိုတာပါပဲ။

ပြီးခဲ့ တဲ့ တိုးတက်မှုအခြေအနေနှင့် စစ်အာဏာရှင်အုပ်စု၏ ဖိနှိပ်ချုပ်ချယ်တဲ့  ၂၀၀၈ အခြေခံဥပ ဒေ အပေါ်တုံ့ ပြန်မှုတွေကိုကြည့် ရင် ကျနော်တို့ တွေဟာ သူမပြောတဲ့ စကားတွေကို မကြားမိပါ ဘူး၊ စကားတွေ၏ ဆိုလိုရင်းကိုသေသေချာချာနားမလည်ပါဘူးဆိုတာ မကြာသေးခင်ကစက်ဆုပ် ဖွယ်ဖြစ်သော ရွေးကောက်ပွဲ ဥပဒေဖြင့်  ပါတီမှတ်ပုံတင်ခြင်း တွေကသက်သေပြနေပါတယ်ကျ နော်တို့ ဗိုလ်ချုပ်အောင်ဆန်း နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့ စိတ်ဓါတ်နဲ့ အကျင့် သိက္ခာတွေကို ရင်မှာထွေးပိုက်ပြီး စစ်အာဏာရှင်ကိုဆန့် ကျင်တဲ့ လှုပ် ရှားမှုတိုင်းမှာထဲ့ သွင်းလုပ်ဆောင်ကြပါစို့ ၊

အတိုက်အခံလို့ ဆိုကြတဲ့ နိုင်ငံရေးပါတီအများစုလည်းမှတ်ပုံတင်ထားကြတာတွေ့ ရပါတယ်၊သူ တို့ တွေဟာ မတရားတဲ့ ဥပဒေတွေ မမျှတတဲ့ လုပ်ငန်းစဉ်တွေ အောက်မှာ အညံ့ ခံကြတာပဲ၊ အဲ

ဒီမတရားမှုတွေဟာ စဉ်းစားဆင်ခြင်နိုင်တဲ့ လူ့ စိတ်ဝိညာဉ်သဘောအရတော့  စက်ဆုတ်ရွံရှာစ ရာတွေပဲဖြစ်တယ်၊သူတို့ ကို ၀ိညဉ်စိတ်ဓါတ်တွေပါ ကမ္ဘာ့ အကြမ်းကြုတ်ဆုံးစစ်အာဏာရှင လက် အောက်မှာ အညံ့ ခံ ပေးအပ်လိုက်တဲ့ သူတွေအဖြစ်ကျနော်တို့ မြင်တွေ့ နိုင်ပါတယ်

နိုင်ငံခြားသားတွေနဲ့ နိုင်ငံခြားအစိုးရတွေ အထူးသဖြင့် အမေရိကန်အစိုးရက နအဖ နှင့် တိုက်ရိုက် ဆက်ဆံရေးမူဝါဒရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) မတရားတဲ့ ဥပဒေတွေနဲ့ မမျှတတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာနိုင်ငံရေးအံတုမှုကို လုပ်ရဲ သော သတ္တိ စာရိတ္တဗလကိုချီးကျူးအားပေးခဲ့ တဲ့ အပြင်၊ စစ်အုပ်စု ကတော့ အရေးပါသူတွေနဲ့ ဆွေး နွးတိုင်ပင်ခြင်း မရှိဘဲ တဖက်သတ်လုပ်ဆောင်ဖို့ ရွေးချယ်သွားခဲ့ပါပြီ” အဲဒါကြောင့်ပဲ ဒီရွေး ကောက်ပွဲဟာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုရမှာ မဟုတ်ဘူးလို့ ” အဆုံးသတ်ပြော ဆိုလိုက်ပါတယ်၊ ဒါ့ အပြင် “စစ်အုပ်စုဟာရွေးကောက်ပွဲမလုပ်ခင်ကျန်နေသေးတဲ့ အချိန်မှာ အား လုံး ပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တွေကို ချက်ချင်းလုပ်ပါလို့ လည်းတိုက်တွန်းခဲ့သေးတယ်၊

ဒါပေမဲ့ ကျနော်တို့ ရဲ့ အတိုက်အခံဆိုသူများကတော့  သူတို့ ရဲ့ အတွင်းစိတ်သဏ္ဍန်အရ အမှားနဲ့  အမှန်ကို စဉ်းစားနိုင်သော်လည်းပဲ နအဖ ခင်းပေးတဲ့ လမ်းအတိုင်း မှားမှန်းသိလျှက်နှင့်  အမှန်တ ရားကိုကျောခိုင်းပြီးသွားနေပါပြီ၊ ယုတ်မာသည့် စိတ်ထားရှိပြီး ကြောက်စရာကောင်းတဲ့ စစ်အာ ဏာရှင်အုပ်စုထံမှာ သူတို့ ရဲ့ ဝိညာဉ်တွေကို ပေးအပ်အညံ့ ခံ၍ စစ်အာဏာရှင်တို့ နှင့် ပူးပေါင်းတဲ့  လမ်းကိုရွေးလိုက်ကြပါပြီ၊ ပြည်တွင်းနှင့် နိုင်ငံတကာက အသိအမှတ်မပြုနိုင်တဲ့  ရွေးကောက်ပွဲကို ပါဝင်ဖို့ နောက်ထပအတိုက် အခံဟုဆိုအပ်သော ပါတီများလည်းမှတ်ပုံတင်နေကြပါသေးတယ်၊ မြန်မာပြည်က စိတ်ထားယုတ်ပြီး ကြောက်စရာကောင်းတဲ့ စစ်အာဏာရှင် အုပ်စုသက်ဆိုးရှည်ဖို့  အတွက် အဲဒီမှတ်ပုံတင်တဲ့ ပါတီတွေကအစာကြွေးနေကြခြင်းပဲဖြစ်ပါတယ်၊

မဟတ္တမ ဂန္ဒီ (Mahatma Gandhi) ပြောတာမှန်တယ်၊ “လူတယောက် ရဲ့ လွတ်လပ်မှုဟာအဲဒီ လူရဲ့ အားနည်းချက်(သို့ ) သူရဲဘောနဲမှုကြောင့် ပဲ ဆုံးရှုံးတယ်” ကျနော်တို့ ဒီမိုကရေစီလှုပ်ရှား မှုမအောင်မြင်ရတဲ့ အကြောင်းရင်းဟာ နအဖရဲ့  သေနတ်တွေကြောင့် မဟုတ်ပါဘူး၊ အတိုက်အခံ နိုင်ငံရေးသမားတွေရဲ့ သူရဲဘောကြောင်မှုနဲ့ စိတ်ဓါတ်ရေးရာမှာအားနည်းချက်တွေကြောင့် ပဲဖြစ် တယ်။ အဲဒီလိုအတိုက်အခံမျိုးတွေကြောင့် ပဲ တန်ဘိုးကြီးစွာနဲ့ ရခဲ့ တဲ့ မြန်မာပြည်၏ နိုင်ငံရေး လွတလပ်ခွင့် ဟာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင်အုပ်စုလက်အောက်မှာဆုံးရှုံးသွားခဲ့ ရတယ်၊ အဲဒီ အချိန်ကစပြီး အမျိုးသားဂုဏ်သိက္ခာလည်း ကမ္ဘာ့ အလည်မှာဆုံးရှံးခဲ့ ရတယ်၊

ကျနော်တို့ အဲဒီလိုဆုံးရှံးမှုသမိုင်းမျိုးထပ်အဖြစ်မခံနိုင်တော့ ပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ထိုအခြေအနေမျိုးကိုစဉ်းစားတွေးခေါ်ပြီးဖြတ်သန်းလိုက်တာပဲဖြစ်တယ်၊ မြန်မာပြည်မှာဖြစ် ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ ကျနော်တို့ ရဲ့ စိတ်ဓါတ်တွေတိုးတက်ကောင်းမွန်လာစေဖို့  ကတော့ ကျနော်တို့ ဖာသာကျနော်တို့ ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်လို့ သူမကတသမတ်တည်း သတိပေးနေပါတယ်၊ ဒါမှမဟုတ်ရင်တော့  မြန်မာပြည်ဟာ သူရဲဘောကြောင်ပြီးစိတ်ဓါတ်ရေးရာ အားနဲတဲ့ သူတွေကိုယ်ပဲ အာဏာရှင်ကဆက်ပြီးအုပ်ချုပ်သွားမဲ့ သဘောရှိနေပါတယ်၊

ကျနော်တို့ မျိုးဆက်ရဲကြီးမားတဲ့ အကျင့် သိက္ခာစိန်ခေါ်မှုကြီးတရပ်ကတော့ ဆိုက်ရောကလာပါ ပြီ၊ ဒီအချိန်ဟာကျနော်တို့ အထူးသတိပြုရမဲ့ အချိန်ပါပဲ၊ လွတ်လပ်ရေး ဖခင်ဗိုလ်ချုပ်အောင်ဆန်း နှင့် အမျိုးသားခေါင်းဆောင်ကြီးများ၏ အမှာစကားတွေကို ကျနော်တို့ ၏အာဏာရှင်ဆန့် ကျင် ရေး လှုပ်ရှားမှုတွေထဲမှာ ထဲ့ သွင်းပြီးလုပ်ဆောင်ရမယ့် အချိန်ပဲ၊

ရွှင်လမ်းဝမ်းမြောက်ခြင်းနဲ့ စိတ်ချမ်းသာမှုကို အောင်ပွဲရမှ ခံစားလို့ ရတာမဟုတ်ပါဘူး၊ အမှန်တ ရား အတွက် ရုန်းကန်တိုက်ပွဲဝင်နေဆဲချိန်၊ တိုက်ပွဲကာလအတွင်းမှာပင် ခံစားရရှိနိုင်ပါတယ်၊ ခင် ဗျားဟာ လွတ်လပ်နေတဲ့ လူတယောက်အဖြစ်နဲ့ လွတ်မြောက်ရေးကိုတိုက်နေရမှာဖြစ်ပါတယ်၊ ခင်ဗျားနှစ်လုံးသားက ခိုင်ခိုင်မာမာယုံကြည်ပြီးမှတိုက်တဲ့ တိုက်ပွဲဖြစ်ဖြစ်၊ ကြိုးစာမှုပဲဖြစ်ဖြစ်လုပ် ဆောင်လာတဲ့ အခါ မိမိဘ၀ရဲ့ အဓိပ`ါယ်အနှစ်သာရဟာ ဘာလည်းဆိုတာကို မိမိကိုယ်တိုင်ရှာ ဖွေတွေ့ ရှိမှာဖြစပါတယ်၊ အဲဒီလိုရှာဖွေတွေ့ ရှိပြီးတဲ့ အခါမှသာ ခင်ဗျား “အမှန်တရား”ကိုရှာတွေ့  နိုင်မှာပဲဖြစ်ပါတယ်၊

ဇော်နိုင်ဝင်း

သြစတြေးလျှ

u4097123@alumni.anu.edu.au

မေလ ၁၁၊ ၂၀၁၀

မှတ်ချက်၊ ကျနော် ရေးတဲ့ ဆောင်ပါး a moral challenge in time of political crisis အင်္ဂလိပ်လိုကို မြန်မာလိုဖတ်ချင်သူများပိုမိုနားလည်စေရန်အတွက် ရည်ရွယ်၍ ကိုစိုးလွင်

( ဆစ်ဒနီမြို့ ) မှ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်၊

အကြမ်းဖက်မှုဝေါဟာရ နိုင်ငံရေးနှင့် ၀ါဒဖြန့်ချိမှုများ

Article 1-1 (Completed )

~ မြန်မာပြည်သူများအား လူသားချင်း စာနာသည့်အနေဖြင့် သောက်သုံးရေများ လှူဒါန်းပေးကြပါ ~"

The Voice Weekly JournalVol. 6-27, May 17-23, 2010.

voice 6-27.pdf Voice 6 27